← Chapters

လောင်းကစား ဝက်ဘ်ဆိုဒ်များအပေါ် အခွင့်ကောင်းယူသည့် လုပ်ဖော်ကိုင်ဖက်

Vol. 21 Ch. 208

လောင်းကစား ဝက်ဘ်ဆိုဒ်များအပေါ် အခွင့်ကောင်းယူသည့် လုပ်ဖော်ကိုင်ဖက်

Vol. 21 Ch. 208

လက်ရှိ၌ ရဲအရာရှိ စုစုပေါင်း ခုနစ်ဦး ရှိသည်။

လူတိုင်းက အားကုန်ထုတ်၍ အတူပူးပေါင်းပြီး တံခါးကို အမျိုးမျိုးအဖုံဖုံ ဖျက်စီးသော်ငြားလည်း တံခါးက မလှုပ်မယှက်မျှသာ ရှိနေခဲ့သည်။

သို့ပေမယ့် အနှီလူငယ်လေးကတော့ သာမန်လျှံကာ တစ်ချက် တွန်းထုတ်ရုံမျှဖြင့် ဝုန်းဆိုပြီး တံခါးက ပျက်စီးသွားခဲ့လေသည်။

လူတိုင်း၏ စူးစမ်းချင်နေသည့် မျက်ဝန်းများကို လျစ်လျူရှုပြီး ချန်ယွီ့က ခေါင်မိုးထိပ်သို့ ပေါ့ပေါ့ပါးပါးပဲ လျှောက်လှမ်းသွားခဲ့သည်။

“ မလာခဲ့နဲ့ … ရှင် လာရင် ကျွန်မ တကယ်ပဲ ခုန်ချလိုက်မှာ…”

အနောက်တွင် ခြေသံများကြားတော့ မိန်းမငယ်လေးက ရုတ်ချည်း နောက်လှည့်လာခဲ့သည်။

“ အိုကေ အိုကေ အိုကေ … ငါမလာဘူး … “

“ ငါ ဒီမှာပဲ ရပ်နေမယ် ….”

မိန်းမငယ်လေးနှင့် ဒါဇင်မီတာခန့် အကွာတွင် ရပ်တန့်ပြီး ချန်ယွီ့ ညင်သာစွာ ပြုံးလျက် မေးလိုက်၏။ “ ဒီလောက်ဆို အဆင်ပြေလား …”

“ ထွက်သွား … ကျွန်မ လောကကြီးထဲကနေ တိတ်တိတ်လေးပဲ ထွက်သွားချင်တယ် …”

“ ရှင်တို့ကိုလည်း တောင်းပန်တယ် … ကျွန်မကို ထပ်ပြီးတော့ မနှောင့်ယှက်ကြပါနဲ့တော့ ဟုတ်ပြီလား …”

မိန်းမငယ်လေးက ဟိန်းဟောက်ပြောဆိုရင်း အပြစ်ရှိစိတ်နှင့် နာကျင်မှုတို့က သူမ၏ ကိုယ်အတွင်းထဲတွင် လှိုင်းထလာခဲ့သည်။

မည်သူကမျှ မသေလိုကြပေ။ တစ်ချို့ဆို ထာဝရ ရှင်သန်နိုင်မည့် နည်းလမ်းကို လိုက်ရှာနေကြသူများပင်ရှိ၏။ သို့ပေမယ့် မိန်းမငယ်လေးတွင်မူကား ရွေးချယ်စရာဟူ၍ မရှိပေ။

သူမအဖို့ … အသက်ရှင်နေခြင်းက သေသည်ထက်ပင် နာကျင်လွန်းလှ၏။

သေဆုံးမှုက လက်တစ်ဖျစ်စာ အချိန်မျှသာ ကြာမြင့်မှာ ဖြစ်ပြီး ဆက်လက် အသက်ရှင်နေထိုင်မည်ဆိုပါက နာကျင်မှုကို အချိန်ကြာမြင့်စွာ အောင့်အီးသည်းခံဖို့ လိုအပ်သည်။

သူမ၏ မိသားစု၊ သူငယ်ချင်းများနှင့် ဘဏ်များက နေ့တိုင်းနေ့ သူမထံသို့ မရပ်မနား ဖုန်းတွေ ခေါ်နေသည်။

တဒင်္ဂရူးသွပ်မှုလေးကြောင့် သူမ အကြွေးအမြောက်အများ ယူခဲ့မိသည်။

သူမ မိဘများ၏ နှစ်ရှည်လများ မစားရက်၊ မသောက်ရက် စုခဲ့သည့် ပင်စင်ငွေများအား အချိန်ခဏလေးအတွင်း ဖြုန်းတီးခဲ့မိသည်။

ကြံရာမရ ဖြစ်သည့် အဆုံးတွင်တော့ သူမတွင် အခြား ရွေးချယ်စရာ မရှိ။ သေလမ်းတစ်ခုကို ရွေးချယ်ရန်သာ ကြံတော့သည်။

“ အဖေ … ၊ အမေ … ၊ သမီးတောင်းပန်ပါတယ် .. ၊ နောင်ဘဝဆိုတာ ရှိခဲ့ရင် သမီးကို ပျိုးထောင်ပေးခဲ့တဲ့အတွက် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ် ….”

မိန်းမငယ်လေးက မျက်လုံးစုံမှိတ်ပြီး လက်နှစ်ဖက်ကို ပြန့်ကားလျက် အဆုံးစီရင်ဖို့ အဆင်သင့် ဖြစ်နေခဲ့၏။

သို့ပေမယ့် …

နောက်တစ်စက္ကန့်၌ မိန်းမငယ်လေးမှာ မျက်လုံးဖွင့်ကြည့်လိုက်ပြီး မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့က ဖြစ်ပေါ်လာသည်။

သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှပင် လှုပ်ရှားမရခဲ့ပေ။

အကြိမ်ရေ အနည်းငယ်မျှ ကြိုးစားကြည့်ပြီးနောက် မိန်းမငယ်လေးက သူမ၏ ခြေထောက်များကို လှုပ်ရှားဖို့ မစွမ်းသာကြောင်း အတည်ပြုလိုက်နိုင်လေသည်။

“ ဘာတွေ ဖြစ်နေတာလဲ … ငါ ဘာလို့ မရွေ့နိုင်ရတာလဲ …”

ချန်ယွီ့က အိတ်ထောင်ထဲ လက်နှိုက်လျက် မိန်းမငယ်လေးအနားသို့ ချဉ်းကပ်လာခဲ့သည်။

“ မလာခဲ့နဲ့ …” ချန်ယွီ့ နောက်သို့လှည့်ပြီး ရဲအရာရှိများထံသို့ ပြောလိုက်သည်။

“ ကျုပ်က စိတ်ကျန်းမာရေး ဆရာဝန်ပဲ … ကျုပ် သူနဲ့ တစ်ယောက်ချင်း သီးသန့်စကားပြောချင်တယ် …”

ဤစကားကြားတော့ အနောက်မှ နီးကပ်စွာ လိုက်ပါလာနေသည့် ရဲအရာရှိများ၏ ခြေလှမ်းတို့ ချက်ချင်းပဲ ရပ်တန့်သွားခဲ့သည်။

“ ရှင့်ရဲ့ ကြင်နာမှုကိုတော့ ကျေးဇူးတင်ပါတယ် ဒေါက်တာ .. ဒါပေမယ့် ရှင် ကျွန်မကို ဟန့်တားနိုင်မှာ မဟုတ်ဘူး …”

မိန်းမငယ်လေး၏ မျက်နှာမှာ ဖြူလျော်နေခဲ့သည်။

“ ကျွန်မ ဒီနေ့ မသေနိုင်ဘူးဆိုရင်တောင် မနက်ဖြန် ၊ မဟုတ်လည်း တခြားနေ့တွေ့ကျရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်မယ့် နည်းကို ရှာဖွေနေဦးမှာပဲ ….”

“ အင်း … မင်းက တစ်ကိုယ်ကောင်းဆန်လွန်းတဲ့အတွက် သေဖို့ တန်တယ် …”

ချန်ယွီ့၏ စကားလုံးတို့က ရှော့ခ်ရဖို့ ကောင်းလှ၏။ မိန်းမငယ်လေးကို တစ်ကိုယ်ကောင်းဆန်သူအဖြစ် သမုတ်ခဲ့လေသည်။

သူမလို လူစားမျိုးအတွက် ဆက်ပြီး အသက်ရှင်စရာ အကြောင်းမရှိပေ။

“ မဟုတ်ဘူး … ငါက တစ်ကိုယ်ကောင်းမဆန်ဘူး … ငါ ဘာကြောင့် သေချင်နေလဲ နင်မသိဘူး .. ငါ့ကို လာပြီး ဝေဖန်ဖို့ နင့်မှာ ဘာအခွင့်အရေးရှိလဲ ….”

မိန်းမငယ်လေးက ကျယ်လောင်စွာ ခွန်းတုံ့ပြန်လာခဲ့သည်။

“ မင်း အကြောင်း ငါ အားလုံးသိနေတယ်လို့ ပြောရင် မင်း ဘယ်လိုထင်မလဲ …” ချန်ယွီ့ တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်၏။

“ ငါနဲ့ အေးအေးဆေးဆေး စကားပြောဖို့ ဆန္ဒရှိမှာလား …”

“ ရှင်လည်း ကျွန်မရဲ့ အကြွေးရှင်ပဲလား …” မိန်းမငယ်လေးက ခါးသက်စွာ မေးလာခဲ့သည်။

“ မဟုတ်ဘူး ….”

“ ငါက စိတ်ကျန်းမာရေး ဆရာဝန် …” ချန်ယွီ့ ပြောပြီးနောက် ခေါင်းယမ်း၍ “ မင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ရတဲ့ အကြောင်းအရင်းကို စိတ်ပညာနဲ့ အကြမ်းဖျင်း သုံးသပ်ကြည့်ပြီးသွားပြီ …”

“ မင်း ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားနေတာက အကြွေးတွေ အများကြီး တင်နေတာကြောင့်ပဲ ….”

“ အကြွေး စုစုပေါင်း ပမာဏက ယွမ် တစ်သန်းကျော်တယ် …”

“ မင်းမိသားစုရဲ့ စီးပွားရေး အခြေအနေက ဒီအကြွေးတွေကို ဆပ်ပေးဖို့ မစွမ်းသာဘူး …”

“ တကယ်လို့ မင်း သေသွားမယ်ဆိုရင် မင်းအတွက် အရာအားလုံးက ပြီးဆုံးသွားလိမ့်မယ် … ဒါပေမယ့် သေသွားတဲ့ လူတစ်ဦးရဲ့ အကြွေးကတော့ ပျောက်ပျက်သွားမှာ မဟုတ်ဘူး …”

“ မင်းက ဒီအကြွေးတွေကို မင်းမိဘတွေ ခေါင်းပေါ် တွန်းပို့ပြီး မင်းကိုယ်စား သူတို့ကို ဆပ်စေချင်နေတာပဲ …”

“ မင်းကို တစ်ကိုယ်ကောင်းဆန်တဲ့လူလို့ ပြောတာ ငါမှားသလား ….”

ချန်ယွီ့ လေသံမာမာနဲ့ မေးမြန်းလိုက်၏။

မိန်းမငယ်လေးမှာ ချန်ယွီ့၏ စကားများကို မငြင်းဆန်နိုင်ခဲ့ချေ။

“ တစ်ချက်ကြည့်လိုက်စမ်း …” ချန်ယွီ့ စကားကို ဆက်ပြော၏။ “ အောက်မှာ အနည်းဆုံး လူ တစ်ရာလောက် ရှိနေတယ် …”

“ မင်းကို မသေဖို့ ဖျောင်းဖျနေတဲ့ လူက သုံးပုံတစ်ပုံတောင် မရှိဘူး … ကျန်တဲ့လူတွေက ပျင်းလို့ ပွဲလာကြည့်တဲ့လူတွေနဲ့ စထွင်မာတွေပဲ …”

“ မင်းသေသွားတာကနေ တစ်ဆင့် သူတို့လိုချင်တဲ့ ကျော်ကြားမှုတွေ ၊ ကလစ်(လက်မ)တွေ ရနိုင်မယ် …”

“ မင်းက အသက်ရှင်နေတုန်းတော့ ကိုယ့်မိဘအပေါ် ဘာပျော်ရွှင်မှုမှ မယူလာပေးဘဲ ဒီ လူစိမ်းတစ်အုပ်အတွက်ကျတော့ ပျော်ရွှင်မှုတွေ ဆောင်ကြဉ်ပေးတယ် …”

“ ဒါ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်တော့ဘာလဲ….”

“ မင်းမိဘတွေက အခုဆို အသက် ခြောက်ဆယ်နီးနေပြီ… မင်းသေသွားခဲ့င် တခြားလူတွေထက်ပိုပြီး ခံစားရမှာ သေချာတယ် …”

“ အောက်မှာ သေသွားတဲ့ မင်းရဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို အွန်လိုင်းပေါ်တင်ပြီး view ရှာမယ့် လူတွေ အများကြီးပဲ …”

“ အဲ့ဒီ ဗွီဒီယိုတွေ မြင်တဲ့အခါကျရင် မင်းမိဘတွေက ပိုပြီးတောင် ဝမ်းနည်းမိဦးမယ် …”

“ တော်တော့ … ရပ်လိုက်တော့ …. ထပ်မပြောနဲ့ …”

မိန်းမငယ်လေးက ငယ်သံပါသည်အထိ အော်ဟစ်လိုက်၏။

သူမလည်း ယခုလိုမျိုး မဖြစ်ချင်ပေ။

သို့ပေမယ့် သူမ မသေဘူးဆိုပါက … သူမ ဘာများ တတ်နိုင်ဦးမည်နည်း။

“ လောင်းကစားဆိုတာ ခဏတာ ပျော်ရွှင်မှုပဲ …” ချန်ယွီ့ အေးစက်စွာ ဆိုလိုက်ပြီး “ ဒါပေမယ့် အဲ့တာက သင်္ချိုင်းကို အမြန်ရောက်စေမယ့် ဖြတ်လမ်းဆိုလည်း ဟုတ်တယ် …”

“ ငါမင်းကို တစ်ဖန် ပြန်စတင်ဖို့ အခွင့်အရေး ပေးမယ်ဆိုရင် မင်း လောင်းကစား လုပ်ဖို့ ရွေးချယ်ဦးမှာလား ….”

“ ဟင့်အင်း … လုံးဝ မလုပ်ဘူး …”

“ တကယ်လို့ ကျွန်မသာ နောက်ထပ် အခွင့်အရေး ရှိခဲ့မယ်ဆိုရင် နောက်တစ်ကြိမ် ထပ်ပြီး ရူးမိုက်မိတော့မှာ မဟုတ်ဘူး … တခြားလူတွေ ဘာပေါက်ကရတွေပြောပြော နားဝင်မိမှာ မဟုတ်တော့ဘူး …” အမျိုးသမီးက အဆုတ်ပေါက်ကွဲလုနီးပါး ဟစ်အော်လိုက်သည်။

ကောင်းကင်လျှို့ဝှက် နည်းဗျူဟာမှတစ်ဆင့် ချန်ယွီ့ ဤမိန်းမငယ်လေး၏ အတိတ်ကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။

မိန်းကလေး၏ နာမည်က စုန့်ဝေ့ဖြစ်ပြီး မိဘများကလည်း သူမအပေါ် ချစ်ခင်ကာ မဆိုးသည့် အလုပ်တစ်ခုလည်း ရှိသည်။

သူမ၏ လစဉ်ဝင်ငွေက ယွမ်တစ်သောင်းကျော်သည်။ ကုမ္ပဏီကလည်း ဝန်ထမ်းများအတွက် နေစရာများ ထောက်ပံ့ပေးသေး၏။

ရွှင်ပြတက်ကြွသည့် သူမ၏ စိတ်နေစရိုက်ကြောင့် စုန့်ဝေ့သည် သူမ၏ အခန်းဖော်များနှင့် အတော်လေး လိုက်လျောညီထွေရှိလေသည်။

သူမတွင် ဝင်ငွေက သူမအောက် တစ်ဝက်လျော့နည်းပေမယ့် တန်ဖိုးကြီး လက်ဝတ်တန်ဆာများ၊ ဘရန်းအိတ်များ ကိုင်နိုင်သည့် လုပ်ဖော်ကိုင်ဖက် တစ်ဦး ရှိသည်။

စုန့်ဝေ့က ကုမ္ပဏီ၏ HR တာဝန်ခ့ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်၏ မိသားစုက မချမ်းသာကြောင်းကို ကောင်းကောင်းကြီး သိသည်။

လုပ်ဖော်ကိုင်ဖက်၏ ရုပ်ရည်ကလည်း သာမန်မျှသာ ဖြစ်၏။

စပွန်ဆာရဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။ သို့တိုင် အနှီ တန်ဖိုးကြီးပစ္စည်းတို့အား မည်သို့ ကိုင်ဆောင်နိုင်နေရသနည်း။

စူးစမ်းချင်စိတ်ဖြင့် စုန့်ဝေ့လည်း မေးခွန်းနည်းနည်းပါးပါး မေးရင်း ပါးစပ်ဆော့ကြည့်လိုက်သည်။

လုပ်ဖော်ကိုင်ဖက်ကလည်း စုန့်ဝေ့ကို ဝက်ဘ်ဆိုဒ်တစ်ချို့အကြောင်း ဝေမျှပြီး သူမ ယခုလို လက်ဝတ်တန်ဆာများ ဝယ်နိုင်နေသည်က ထို ဝက်ဘ်ဆိုဒ်များမှ ငွေများ နိုင်သောကြောင့် ဟူ၍ပင်။

လူကြီးမင်းတို့ တွေးတာမမှားပေ။ ယင်းက အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်၏။

“ မင်းရဲ့ အဲ့ဒီ လုပ်ဖော်ကိုင်ဖက်ကို တော်တော်လေး မုန်းတီးနေမှာပေါ့ ဟုတ်တယ်မလား …” ချန်ယွီ့ တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်၏။

“ ကျွန်မ သူ့ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲစုတ်ပစ်ချင်မိတဲ့အထိပဲ …”

စုန့်ဝေ့က အံတင်းတင်းကြိတ်ရင်း ပြောလိုက်၏။

“ ခဏ … ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်က ကျွန်မကို လိမ်သွားမှန်း ရှင်ဘယ်လိုသိနေတာလဲ …”

စုန့်ဝေ့မှာ ရုတ်တရက်ဆိုသလို ဤကိစ္စအား သူမတစ်ဦးတည်းကသာ သိရှိထားကြောင်း အမှတ်ရသွားခဲ့သည်။

အခြား မည်သူ့ကိုမျှ မပြောပြခဲ့ဖူးချေ။

ချန်ယွီ့က မည်သို့ သိနေရသနည်း။

“ ငါ ပြောခဲ့ပါတယ် …” ချန်ယွီ့က ညင်သာစွာ ပြုံးလျက် ရှင်းပြလိုက်ပြီး “ ငါက စိတ်ကျန်းမာရေး ဆရာဝန် … လူနာရဲ့ အခြေအနေကို သိနေတာ ဆန်းသလား …”

“ ဘာလို့ မဆန်းရမှာ ….” စုန့်ဝေ့ မသိစိတ်အလျောက် လွှတ်ခနဲ ပြန်မေးလိုက်မိသည်။

“ စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးက တစ်ချို့အရာတွေကို စိတ်ပညာရှုထောင့်ကနေ ဝေဖန်ပိုင်းခြားပြီး လူတွေရဲ့ နှလုံးသားကို ထွင်းဖောက်ပြီး မြင်နိုင်တယ် …”

“ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်က ပျက်စီးမယ့်လမ်းကို ပြသခဲ့တယ်ဆိုပေမယ့် ….” ချန်ယွီ့ သာမန်လျှံကာပဲ ဖြည့်စွက်ပြောလိုက်သည်။ “ အဲ့လမ်းကို ရောက်အောင် လျှောက်ခဲ့တာကတော့ မင်းကိုယ်တိုင်ပဲ ….”

“ လောင်းကစားလုပ်တဲ့ ဆယ်ကြိမ်မှာ ကိုးကြိမ်က ရှုံးတယ် … တကယ်လို့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်က မင်းလို လောင်းကစား စွဲနေတဲ့လူသာဆိုရင် သူ့မှာ အဲ့ဒီ တန်ဖိုးကြီး ပစ္စည်းတွေ ဝယ်ဖို့ ဘယ်နားက ပိုက်ဆံရှိနိုင်မှာ …”

“ သူက အဲ့ဝက်ဘ်ဆိုဒ်ရဲ့ ကြံရာပါ မို့လေ …” စုန့်ဝေ့က နှစ်ခါပင် မစဉ်းစားဘဲ ပြောလိုက်သည်။

“ မင်း အတွေးလွန်နေပြီ ... တကယ်လို့ သူသာ ဝက်ဘ်ဆိုဒ်ကဆိုရင် ကုမ္ပဏီမှာ လောင်းကစားရဲ့ ကျေးကျွန်ဖြစ်လာတဲ့သူက ဘာကိစ္စ မင်းတစ်ယောက်တည်း ဖြစ်နေမှာလဲ ….”

“ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကလည်း လောင်းကစား လုပ်တယ်ဆိုပေမယ့် သူ့နည်းလမ်းတွေကတော့ မတူဘူး …”

“ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း အားကောင်းတယ် … ဆယ်ကြိမ်မှာ ကိုးကြိမ်လောက်က ရှုံးမယ်ဆိုတာ သူ ကောင်းကောင်းကြီး သိတယ် …”

“ တစ်ချို့ ဝက်ဘ်ဆိုဒ်တွေက အသစ်လေးတွေကို အစပိုင်းမှာ ချိုချဉ်လေးတွေ ကျွေးတတ်တာကိုလည်း သိတယ် … အဲ့ဒီ အသစ်လေးတွေ စွဲလမ်းလာပြီး သူတို့ကိုယ်သူတို့ မရပ်တန့်နိုင်တော့တဲ့ အချိန်ကျမှ ဖြည်းဖြည်းချင်း မင်းရဲ့ ပိုက်ဆံအိတ်ကို ဗလာကျင်းတဲ့အထိ ဝါးမျိုးသွားကြမှာ ….”

“ ဒီအခြေအနေကို မင်းရဲ့ လုပ်ဖော်ကိုင်ဖက်က အခွင့်ကောင်းယူခဲ့တယ် …”

“ ပမာဏတစ်ခုအထိ အနိုင်ရပြီးတဲ့ အခါတိုင်း အနိုင်ရထားတဲ့ ငွေတွေကို ချက်ချင်းပြန်ထုတ်ပြီး အကောင့်ကို ဖျက်ပစ်တယ် … ပြီးတာနဲ့ တခြား လောင်းကစား ဝက်ဘ်ဆိုဒ်အသစ်ဆီ သွားတယ် …”

“ သူ ဒီအကြောင်း မင်းကို သတိပေးဖူးပါတယ် … ဒါပေမယ့် မင်းက နားထဲ မဝင်ခဲ့ဘူးလေ …”

All Chapters