← Chapters

ချွေးမနဲ့ ယောက္ခမကြားက ပြဿနာ

Vol. 22 Ch. 212

ချွေးမနဲ့ ယောက္ခမကြားက ပြဿနာ

Vol. 22 Ch. 212

[အိမ်က ချစ်စရာကလေးလေး]သည် ကြည့်ရှုသူများက ဘာကြောင့် ဤသို့ ဖြစ်လာရလဲဆိုတာကို နားလည်နေသည်။ သူမ အဆင်မပြေသည့် မျက်နှာထားဖြင့် ရှင်းပြလိုက်၏။ “ ကျွန်မတို့နှစ်ယောက် စတွဲကတည်းက ယောက္ခမက ကျွန်မအပေါ် အမြဲ အထင်သေးတယ် …”

“ ကျွန်မလို သာမန်ဘွဲ့ရ အမျိုးသမီးက သူ့သားလို ထူးချွန်တဲ့သူနဲ့ မတန်ဘူးလို့ ထင်နေတာလေ …”

“ ကျွန်မကို လက်ထပ်လိုက်တာက သူတို့ မြေးရဲ့ အိုင်ကျူနဲ့ အလားအလာတွေကို ထိခိုက်စေမယ်လို့ ထင်နေတာ …”

“ ကျွန်မ ပထမဆုံးအကြိမ် ခင်ပွန်းဖြစ်သူရဲ့ အိမ်ကို လိုက်သွားတော့ သူ့အမေက တစ်ချိန်လုံး အေးတိအေးစက် မျက်နှာ စူပုပ်ပုပ်ကြီးနဲ့ …”

“ စားပြီးတော့ သူ့ဆီ အပြေးသွားပြီး ပန်းကန်တွေ ကူဆေးပေးရင်း မတော်တဆ ပန်းကန် ခွဲမိလိုက်တာ ချက်ချင်းပဲ ထူးဆန်းတဲ့ အမူအရာနဲ့ ….”

“ ကျွန်မက ထူးချွန်တဲ့လူမဟုတ်ပေမယ့် ထူးချွန်တဲ့လူလိုမျိုး ဘဝင်မြင့်နေတယ်တဲ့လေ …”

“ ပန်းကန်လေး တစ်လုံးတောင် သေချာ မကိုင်နိုင်တဲ့လူက အလုပ်လည်း လက်ကြောတင်းမှာ မဟုတ်ဘူးဆိုပြီး လှောင်ပြောင်ခဲ့သေးတယ် …”

“ ခင်ပွန်းသည်ရဲ့ မျက်နှာကြောင့်မို့ ကျွန်မလည်း ဘာမှ ပြန်ပြောမနေတော့ဘူး … နှုတ်ပိတ်ပြီးပဲ နေလိုက်ပြီး တောင်းပန်လိုက်တယ် ….”

“ နောက်ပိုင်း သွားလည်တဲ့ အချိန်တွေမှာလည်း ကျွန်မကို ပြဿနာ နည်းမျိုးစုံနဲ့ရှာပြီး ကျွန်မတို့နှစ်ယောက်ကို ခွဲဖို့ လုပ်တယ် …”

“ ခမည်းခမက်တောင် သူ့ရဲ့ လွန်ကြူးတဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့တဲ့ အထိပဲ …”

“ ကံကောင်းချင်တော့ ကျွန်မရဲ့ ခင်ပွန်းက မေမေ့သားလေး ဟုတ်မနေခဲ့လို့သာပေါ့ … မိဘတွေ ဖိအားပေးနေတဲ့ကြားထဲက ကျွန်မကို လက်ထပ်ခွင့်တောင်းခဲ့တယ် …”

“ နောက်ဆုံးကျတော့ ကျွန်မတို့နှစ်ယောက် အတူ လက်ချင်းချိတ်ပြီး မင်္ဂလာခန်းမကြီးထဲ လမ်းလျှောက်နိုင်ခဲ့တယ် …”

“ မင်္ဂလာဆောင်တဲ့ နေ့ကျပြန်တော့လည်း ယောက္ခမက ကျွန်မကို မျက်နှာပျက်အောင်လို့ဆိုပြီး မင်္ဂလာပွဲကို မလာရုံတင် မကသေးဘူး … ခမည်းခမက်ကိုပါ လာဖို့ တားမြစ်လိုက်သေးတယ် …”

သတို့သား၏ မိဘများ မရှိသည့် မင်္ဂလာပွဲအကြောင်း ပြန်စဉ်းစားမိတော့ [အိမ်က ချစ်စရာကလေးလေး]၏ မျက်နှာသည် ဒေါသထွက်လွန်း၍ တဆတ်ဆတ် တုန်ယင်နေခဲ့သည်။

မျိုးဆက်သစ် အမျိုးသမီး တစ်ဦးအနေဖြင့် သူမသည် သူမကိုယ်သူမ စိတ်ပျက်အားလျော့ခြင်း မရှိခဲ့ပေ။ သတို့သား၏ မိဘများ ရောက်မလာခဲ့သည့်တိုင် မင်္ဂလာပွဲကို ဆက်ပြီး ကျင်းပခဲ့၏။

မည်သို့ပင်ဆိုစေကာမူ သူတို့တွေ မင်္ဂလာပွဲကို လာခြင်း၊ မလာခြင်းက ပြဿနာ မရှိ။ သူမတို့ နှစ်ဦးက မင်္ဂလာမှတ်ပုံတင်ထားပြီးသား ဖြစ်၏။

အကယ်၍ ယောက္ခမက သူမကို အရှက်ခွဲလိုလျှင် သူမကလည်း ထိုသို့ အဖြစ်ခံမည့် အစား ယောက္ခမကို မလာခိုင်းလိုက်သည်ကပဲ ပိုကောင်းသည်။

“ ငါသာ အဲ့လို ယောက္ခမမျိုးနဲ့ တွေ့လို့ကတော့ နောင်ကျရင် လူတိုင်းကို အခက်တွေ့အောင် လုပ်ပစ်မယ် …”

“ အဲ့လို ယောက္ခမျိုး တကယ်ပဲ ရှိတယ်ပေါ့ … ငါ့ ယောက္ခမကတော့ ငါ့အပေါ် အများကြီး ကောင်းတယ် …”

“ ငါ့မိဘတွေကတော့ ငါ သူတို့အတွက် ချွေးမရှာပေးနိုင်ရင်ကိုပဲ မင်္ဂလာပွဲမှာ ပျော်လွန်းလို့ ငိုနေလောက်ပြီ …”

“ ခမည်းခမက် မိသားစုဘက်က မလာတော့ သူ့အမေ ဘယ်လိုခံစားနေရမလဲ မသိဘူးနော်…”

“ အဲ့လို ယောက္ခမျိုးနဲ့ တစ်အိမ်တည်း အတူနေမယ့်အစား သေလိုက်တာကတောင် ပိုကောင်းဦးမယ် …”

“ သွေးအားနည်းတဲ့ ရောဂါကို ကုသချင်တယ်ဆိုရင် ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို ကြည့်ကို ကြည့်သင့်တယ် … လောကကြီးထဲက ထူးဆန်းတဲ့ ကိစ္စမျိုးစုံကိုလည်း မြင်နိုင်တယ် … ဒေါသထွက်ရင်းနဲ့ မင်းရဲ့ သွေးတွေ ဆူပွက်ဆောင့်တက်လာလိမ့်မယ်”

လူတော်တော်များက ဤသည်ကို သူတို့ကိုယ်တိုင် ဖိနပ်ဝင်လျှို၍ ခံစားကြည့်ပြီးမှ ပြောနေကြခြင်းပင်။

ချွေးမနှင့် ယောက္ခမ မတည့်သည့် ပြဿနာဆိုသည်မှာ ရှေးအစဉ်အဆက်ကတည်းကကို တည်ရှိလာသည့် ပြဿနာ တစ်ရပ်ဖြစ်သည်။

အထူးသဖြင့် ပညာတတ် အသိုင်းအဝိုင်း မိသားစုတွင် ဖြစ်၏။ စည်းမျဉ်းစည်းကမ်းတို့က ခေါင်းရှိ ဆံပင်ထက်ပင် ပေါများလွန်းလှသည်။

“ ကျွန်မတို့ လက်ထပ်ပြီးတော့ ယောက္ခမရဲ့ မကောင်းတဲ့ အမြင်သဘောထားက ပိုပြီးတောင် ဆိုးလာတယ် …”

“ တကယ်လို့ ဒီအတိုင်း ဆက်ဖြစ်နေရင် ယောက္ခမကြောင့်နဲ့ ကျွန်မတို့ လင်မယား ကွဲကြရမှာကိုတောင် စိုးရိမ်မိတဲ့အထိပဲ …”

“ ဒီအိမ်ထောင်ရေးလေးကို ထိန်းထားနိုင်ဖို့အတွက်ဆိုပြီး ကျွန်မနဲ့ အမျိုးသားတို့ နှစ်ယောက်တိုင်ပင်ပြီး အိမ်ဝယ်လိုက်တယ် … ပြီးတာနဲ့ အဲ့မှာပြောင်းနေကြဖို့ စဉ်းစားထားကြတယ် …”

“ နောက်ဆုံးတော့ အမျိုးသားက ဒီနှစ်ထဲမှာ အိမ်ဝယ်နိုင်လိုက်တယ်လေ …”

သူမနှင့် ခင်ပွန်းသည်တို့ နှစ်ဦးတည်း ပိုင်ဆိုင်သည့် အိမ်ဖြစ်သဖြင့် သူမ၏ ဘဝတွင် မျှော်လင့်ချက် အလင်းရောင်လေးကို ပြန်လည်မြင်လာရသည်။

သူမ၏ စိတ်ခံစားချက်သည်လည်း သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပြီး များမကြာမီ ကိုယ်ဝန်ရလာခဲ့၏။

မိုးနတ်မင်းက သူမ၏ စိတ်ရှည်သည်းခံမှုအတွက် လျော်ကြေးပေးခြင်း ဖြစ်မည်ဟု ခံစားမိပြီး အိမ်လည်း ပိုင်ဆိုင်ပြီ ဖြစ်သည့်အတွက် သူမမှာ နှစ်ထပ်ကွမ်း ပျော်ရွှင်နေမိသည်။

ယောက္ခမကတော့ လင်မယားတွေ အိမ်ဝယ်သည့် ကိစ္စကို အမြဲတစေ ကန့်ကွက်ခဲ့သည်။

ဤသည်က ပိုက်ဆံဖြုန်းတီးမှုဟု သူမ မျက်လုံးထဲ မြင်နေသည်။

သူတို့တွင် စတုရန်းမီတာ ၃၀၀ ကျော်သည့် အိမ်အကြီးကြီး ရှိနေပါလျက်နှင့် အဘယ်ကြောင့် အိမ်အသေးလေး တစ်လုံးဝယ်ပြီး ထိုအိမ်သို့ ပြောင်းရွေ့နေထိုင်မည်နည်း။ ထိုအရာက မလိုအပ်ပေ။

ဤသို့ဖြင့် ချွေးမနှင့် ယောက္ခမကြားရှိ အထိကရုဏ်းကလည်း ပိုပိုပြီး ပြင်းထန်လာသည်။

ယောက္ခမဖြစ်သူ သူမနှင့် မျက်လုံးချင်းဆုံလိုက်တိုင်း မကျေမချမ်း ၊ ရွံရှာမုန်းတီးနေသည့် မျက်ဝန်းတို့အား ယခုထိတိုင် မျက်လုံးထဲက မထွက်သေးပေ။

[အိမ်က ချစ်စရာကလေးလေး]သည် သူမ၏ ရင်သွေးလေးတွေ မွေးရာပါ နှလုံးရောဂါ မရှိကြောင်းကို ယုံကြည်သည်။ အကုန်လုံးက ယောက္ခမဖြစ်သူ၏ လှည့်ကွက်များသာ ဖြစ်၏။

ကလေးမွေးပြီးနောက်တွင် မိမိတို့ လင်မယားက အိမ်အသစ်သို့ ပြောင်းရွေ့ကြမည်။ အိမ်အတွက် ယောက္ခမက နေ့တိုင်းနေ့ ပြဿနာ ရှာနေသည်မှာ သူ့သားအရင်းကို အလွှတ်မပေးခဲ့ပေ။

သားဖြစ်သူအား ‘မ’ဘက်လိုက်ပြီး မိုက်ဘက်ပါ၍ အမေဖြစ်သူကိုပင် ကလန်ကဆန် ပြုလုပ်သည်ဟု လှောင်ပြောင်လေသည်။

[အိမ်က ချစ်စရာကလေးလေး]ကိုလည်း နှုတ်သီးကောင်း လျှာပါးမ၊ မြေခွေးမဟူ၍ ပေါ်တင် တိုက်ခိုက်ခဲ့သည်။

သူမက သားဖြစ်သူ၏ နှလုံးသားကို ခိုးယူသွားခဲ့ရုံမျှက သားဖြစ်သူ၏ ခန္ဓာကိုလည်း ခိုးယူသွားခဲ့သည်။

“ဒေါက်တာချန် … ဒါ ကျွန်မ ယောက္ခမရဲ့ လိမ်ဆင်တွေ ဟုတ်တယ်မလား …”

[အိမ်က ချစ်စရာကလေးလေး]က ခံပြင်းဒေါသနှင့် မေးမြန်းလိုက်၏။

“ အရင်ဦးဆုံး သူက ကျွန်မကို ပျော်ရွှင်တဲ့ မေမေတစ်ယောက် ဖြစ်ခိုင်းတယ် … ပြီးတာနဲ့ ရင်သွေးရဲ့ ကျန်းမာရေး စစ်ဆေးတဲ့ စာရွက်အတုတွေ ဖန်တီးပြီး ကလေးမှာ မွေးရာပါ နှလုံးရောဂါ ရှိနေတယ်ဆိုပြီး ပြောမယ် …”

“ ပြီးရင် အခွင့်သာတဲ့အခိုက်မှာ ကျွန်မကို အမှန်တရား ပြောပြပြီး တစ်သက်လုံး နောင်တတွေ ပွေ့ပိုက်ပြီး နေသွားခိုင်းဖို့ လုပ်နေတာပဲ “

ချွေးမနှင့် ယောက္ခမ၏ ဆက်ဆံရေးက တစ်ဦးကိုတစ်ဦး သည်းမခံနိုင်တော့သည်အထိကို ရောက်ရှိနေပြီ ဖြစ်သည်။

[အိမ်က ချစ်စရာကလေးလေး]က အမှန်တရားကို သိရှိသွားတော့ရော ဘာအရေးနည်း။

“ အမျိုးသမီး တစ်ယောက်ရဲ့ အသည်းနှလုံးက သိပ် အဆိပ်ပြင်းတာပဲ …”

“ ဝါးလုံးရှည်နဲ့ ပတ်ရမ်းမနေနဲ့ … သူ့ယောက္ခမကိုက တမူထူးနေတာ … ကျန်တဲ့ မိန်းမတွေနဲ့ မဆိုင်ဘူး …”

“ [အိမ်က ချစ်စရာကလေးလေး]ရဲ့ ယောက္ခမက ပြန်မွေးဖွားလာတဲ့ စနှိုးဝှိုက်ရဲ့ မိထွေးများလား … အရမ်း ရက်စက်လွန်းတယ် …”

“ သူတို့ မြေးလေးရဲ့ အနာဂတ်ကို လက်စားချေဖို့အတွက် ကိရိယာတစ်ခုလို သုံးတဲ့လူက လူမဖြစ်ထိုက်ဘူး ….”

“ မိန်းကလေး … ဝမ်းနည်းမနေနဲ့ … အခုသိလိုက်ရပြီဆိုတော့ တခြား ဆေးရုံမှာ ဆေးသွားစစ်လိုက် … မင်းတို့ဆီမှာ သားဖွားမီးယပ်ဌာနရှိတဲ့ ဆေးရုံက တစ်ခုတည်း ရှိမယ်လို့ မယုံဘူး …”

များပြားလှသည့် အမျိုးသမီး ကြည့်ရှုသူတို့က [အိမ်က ချစ်စရာကလေးလေး]အား နှစ်သိမ့်သည့် စကားတို့ ပေးပို့နေကြသည်။

“ အားလုံးကို ကျေးဇူးတင်ပါတယ် … ဒီခု တိုင်ပင်ဆွေးနွေးပြီးရင် ကျွန်မ တခြားဆေးရုံကို ပြောင်းလိုက်ပါ့မယ် … အဲ့ ကောက်ကျစ်တဲ့ဟာမကြီးရဲ့ အကြံအစည်တွေ မအောင်မြင်စေရဘူး …”

[အိမ်က ချစ်စရာကလေးလေး]က ခိုင်မာသည့် လေသံဖြင့် ဆိုလိုက်၏။

သူမ ယောက္ခမ၏ ရည်ရွယ်ချက်များကို ရက်စက်သည့် အမြင်ဖြင့် ထင်ကြေးမပေးလိုသော်ငြားလည်း လက်ရှိ အခြေအနေအကြောင်း မတွေးတောဘဲ မနေနိုင်ချေ။

လောကကြီးထဲ အနာကျင်ရဆုံးက မိခင်တစ်ဦးအဖို့ ကိုယ့်ရင်သွေးကို လက်ဖြင့် သတ်ရခြင်းပင်။

[အိမ်က ချစ်စရာကလေးလေး]သည် အခြားရွေးချယ်စရာ မရှိပါဘဲ ယောက္ခမဖြစ်သူက ဤသို့သော ရက်စက်သည့် နည်းလမ်းဖြင့် သူမ အပေါ် လက်စားချေခြင်း ဖြစ်မည်ဟု ကောက်ချက်ချလိုက်လေသည်။

“ မင်းရဲ့ ယောက္ခမက မင်းကို လက်စားချေချင်တာ မှန်တယ် … ဒါပေမယ့် နည်းလမ်းကတော့ မင်း အခု ထင်နေတာနဲ့ မတူဘူး …”

ချန်ယွီ့၏ စကားက [အိမ်က ချစ်စရာကလေးလေး]၏ ခေါင်းထက်သို့ ရေခဲရေနှင့် လောင်းချလိုက်သည့်နှယ်ပင်။

သူမ ကျောချမ်းသွားခဲ့ပြီး မေးလိုက်သည်။ “ ဒေါက်တာချန် … ကလေးကို ကျွန်မရဲ့ သဘောနဲ့ ကိုယ်ဝန်ဖျက်ချခိုင်းတာက လက်စားချေဖို့ အရက်စက်ဆုံး နည်းလမ်း မဟုတ်ဘူးလား …”

“ ဧကန္တ … ကျွန်မရဲ့ ယောက္ခမမှာ တခြား လက်စားချေမယ့် နည်းလမ်းတွေ ရှိနေသေးတာလား ….”

“ အရက်စက်ဆုံး လက်စားချေဖို့ နည်းလမ်းက မင်းကို ကိုယ်တိုင် သဘောဆန္ဒနဲ့ ကိုယ်ဝန်ဖျက်ချခိုင်းဖို့ မဟုတ်ဘူး …” ချန်ယွီ့က စကားကို တစ်လုံးချင်း ဖြည်းဖြည်းပြောလိုက်ပြီး “ အဲ့ဒီအစား မင်းကို လူမဟုတ် ၊ သရဲမဟုတ်တဲ့ ဘဝမျိုး ရောက်အောင် ပို့ဖို့ပဲ ….”

“ ဟင် …”

[အိမ်က ချစ်စရာကလေးလေး]သည် ပင့်သပ်ရှိုက်မိသွားခဲ့ပြီး သူမ၏ နုနယ်သည့် နှလုံးသည်လည်း မရပ်မနား ခုန်ပေါက်နေလေသည်။

သူမက ယောက္ခမ၏ ရည်ရွယ်ချက်များကို ဖြစ်နိုင်ချေရှိသည့် အဆိုးရွားဆုံး ဦးတည်ရာဘက်ခြမ်းသို့ စဉ်းစားတွက်ချက်ကြည့်ခဲ့တာ ဖြစ်သည်။

သို့ပေမယ့် … ယောက္ခမ၏ နည်းလမ်းက သူမ စိတ်ကူးထားသည်ထက်ပင် ပို၍ ရက်စက်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

“ သူ မင်းအပေါ် လက်စားချေချင်တာ ဆိုတဲ့ တစ်ချက်တော့ မင်း ခန့်မှန်းတာ မှန်တယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် သူ့ရဲ့ နည်းလမ်းနဲ့ သူလိုချင်တဲ့ နောက်ဆုံးရလဒ်နေရာမှာတော့ မင်းမှားတယ် …”

“ ထားပါ … ငါ မင်းကို အစကနေပြီး တစ်ခုချင်း ပြောပြပေးမယ် ….”

စကား ခေတ္တ ရပ်ပြီးနောက် ချန်ယွီ့ ဆက်ပြောလိုက်သည်။ “ မင်းရဲ့ ယောက္ခမဆီသွားပြီး ကိုယ်ဝန်ဆောင်ကျန်းမာရေး စစ်ဆေးတဲ့ အချိန်ကစပြီး မင်းရဲ့ ကလေးမှာ ပြင်းထန်တဲ့ မွေးရာပါ နှလုံးရောဂါ ရှိနေတာကို သူက သိပြီးသား …”

“ ကလေးက နှလုံးချွတ်ယွင်းချက်နဲ့ မွေးဖွားလာမယ် …”

“ မွေးရာပါ နှလုံးရောဂါကို သုံးဆင့် ခွဲခြားလို့ရတယ် … ပထမ နှစ်ဆင့်မှာ ကလေးက မွေးဖွားပြီး ကုသခံယူလို့ရတဲ့အတွက် ကလေးကို စိတ်ချလက်ချ မွေးလို့ရတယ် …”

“ ဒါပေမယ့် မင်းရဲ့ အခြေအနေကတော့ အဆိုးဆုံးပဲ …”

“ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်အရဆိုရင် … သူမင်းကို ဒီအကြောင်း စသိကတည်းက ကလေးကို ဖျက်ချပစ်ဖို့ အကြံပေးသင့်တာ …”

“ ဒါပေမယ့် သူ မလုပ်ခဲ့ဘူး…”

“ သူ့ရဲ့ အလုပ်အကိုင်ကို အသုံးချပြီး စစ်ဆေးတဲ့ မှတ်တမ်းတွေကို ကလီကမာ လုပ်ခဲ့တယ် …”

“ မင်း ကိုယ်ဝန်စရှိကတည်းက အခုချိန်ထိ စစ်ဆေးလာတဲ့ မှတ်တမ်းတွေ အကုန်လုံးက လိမ်ညာလက်ဆော့ထားတဲ့အရာတွေ … တစ်ခုမှ မမှန်ဘူး …”

“ စစ်ဆေးမှု ရလဒ်ထဲမှာ ကလေးက ပုံမှန်ပဲ… ဘာ ရောဂါမှမရှိဘူးလို့ ပြနေတယ် …”

“ ဒါက ပထမအကွက် ၊ သူ့ရဲ့ အစီအစဉ်ထဲက အရက်စက်ဆုံး အကွက်လို့လည်း ပြောလို့ရတယ် …”

All Chapters