နှလုံးရောဂါဆိုတာ ပြဿနာ အသေးလေး
Vol. 22 Ch. 215
“ မဟုတ်ဘူး … ဒါလုံးဝ မဖြစ်နိုင်ဘူး …”
စာရွက်ပါ အကြောင်းအရာများကို ဖတ်ရှုကြည့်ပြီးနောက် [အိမ်က ချစ်စရာ ကလေးလေး]၏ အမျိုးသားမှာ မည်သည့်စကားတို့မျှ မဆိုနိုင်လောက်သည်အထိ ရှော့ခ်ရနေမိသည်။
“ ငါ့မြေးလေးမှာ ဘယ်လိုဖြစ်လို့ မွေးရာပါ နှလုံးရောဂါ ရှိနေနိုင်မှာလဲ …”
ခမည်းမခက် ဖြစ်သူသည်လည်း အလားတူ ရှော့ခ်ရနေမိသည်။ သားအဖ နှစ်ဦးလုံး၏ အမူအရာများက တစ်ပုံစံတည်း ဖြစ်နေသည်။
ကနေဦးတွင် ရှုပ်ထွေးနေရာမှ ရှော့ခ်ရမှုအသွင်သို့ ကူးပြောင်းသွားခဲ့၏။
စာရွက်ပေါ်တွင် [အိမ်က ချစ်စရာ ကလေးလေး]၏ ကလေးတွင် ပြင်းထန်အဆင့် မွေးရာပါ နှလုံးရောဂါရှိနေကြောင်း ရှင်းလင်းစွာ ရေးသားထားသည်။
ဒေါက်တာဘက်က ကိုယ်ဝန်ကို ဖျက်ချပစ်ဖို့ရာ အကြံပြုထားလေသည်။
“ ဟမ့် …”
“ ယောက်ျား ၊ ရှင်ရော အဖေရော ကျွန်မရဲ့ ကလေးမှာ ဘာလို့ မွေးရာပါ နှလုံးရောဂါရှိနေလဲ သူ့ကို မေးသင့်တယ် …”
[အိမ်က ချစ်စရာ ကလေးလေး]က ယောက္ခမဖြစ်သူကို ဆိုလိုနေခြင်းပင်။
“ အမေ … ဘာတွေ ဖြစ်နေတာလဲ ….”
ယောက်ျားဖြစ်သူမှာ မည်သို့မျှ နားမလည်နိုင်တော့ပေ.
[အိမ်က ချစ်စရာ ကလေးလေး]သည် ကိုယ်ဝန်ဆောင် ကျန်းမာရေး စစ်ဆေးမှုကို အကြိမ်များစွာ ပြုလုပ်ခဲ့ဖူးပြီး အကြိမ်တိုင်းတွင်လည်း ပုံမှန်ပင်။
ကိုယ်ဝန် ခြောက်လရှိသည့် အချိန်တွင်မှ ကလေးတွင် မွေးရာပါ နှလုံးရောဂါ ရှိနေသည်ဟူ၍ အဘယ်ကြောင့် ရလဒ် ထွက်ပေါ်လာရသနည်း။
ဤသည်က အင်မတန်ကို ယုတ္တိမတန်သည့် ကိစ္စရပ်ကြီး ဖြစ်သည်။
သူ့မိခင်က သားဖွားမီးယပ်ဌာနတွင် ဆယ်စုနှစ်များစွာကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးလည်း ဖြစ်၏။
ယခင် စစ်ဆေးမှုများ၌ အဘယ်ကြောင့် မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ရသနည်း။
“ ဆေးရုံက စက်တွေမှာ ပြဿနာ ရှိနေလို့ပဲ … မင်း မိန်းမ အရင် စစ်ဆေးတုန်းက ပြဿနာ ရှိနေတဲ့ စက်နဲ့ စစ်ဆေးခဲ့တာကြောင့်ပဲ …”
“ ရလဒ်တွေက အကုန် အမှားတွေချည်းပဲ ….”
[အိမ်က ချစ်စရာ ကလေးလေး]သည် တစ်စုံတစ်ရာကို သိရှိထားသည်ဟု သူမ ခံစားနေရ၏။ မဟုတ်ပါက သူမအပေါ် လှုပ်ရှားဝံ့သည့် သတ္တိတို့ ရှိလာမှာ မဟုတ်ပေ။
သို့ပေမယ့်လည်း လေးပေါ်တွင် မြားတင်၍ လွန်းကို ဆွဲပြီးဖြစ်သဖြင့် ပစ်လွှတ်ဖို့သာ ရှိတော့သည်။
[အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမက သူမ၏ ခင်ပွန်းနှင့် သားကို သူမ အရင်ကတည်းက ဖန်တီးထားသည့် ပေါက်ကရများအား ပြောပြလိုက်သည်။
မကြာသေးမီက ဆေးရုံ၏ အင်ဂျင်နီယာ ဝန်ထမ်းသည် စက်ပစ္စည်းထိန်းသိမ်းမှု ပြုလုပ်ရန်အတွက် စက်ကို စစ်ဆေးခဲ့၏။ ထိုအချိန် ပြဿနာ တစ်ရပ်ရှိနေသည်ကို သတိထားမိသွားခဲ့သည်။ နည်းပညာ အမှားအယွင်းကြောင့် ပြဿနာအကြောင်းကို ဆေးရုံဘက်သို့ မတင်ပြခဲ့ပေ။
နောက်ဆုံးတစ်ခေါက် [အိမ်က ချစ်စရာ ကလေးလေး] ဆေးစစ်သည့်အချိန်တွင်မှ ရလဒ်တွင် သူမ သားအိမ်ထဲရှိ ကလေး၌ မွေးရာပါ နှလုံးရှိကြောင်း ရလဒ်တို့ ပြသလာသည်။
ထိုအခါမှပဲ သူမ၏ ယောက္ခမသည်လည်း ယခင် စစ်ဆေးမှုများအားလုံးက မှားယွင်းနေသည်ကို သတိပြုမိသွားတော့သည်။
မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်ညာနေသည့် ယောက္ခမဖြစ်သူကို ကြည့်ရင်း [အိမ်က ချစ်စရာ ကလေးလေး]က နှာခေါင်းရှုံ့လိုက်၏။
သူမလက်ကို ပင့်ပြီး ဝမ်းဗိုက်အား ညင်သာစွာ ပွတ်သပ်လိုက်သည်။
ဤစုန်းမအိုကြီးအား မည်သို့ ကိုင်တွယ်ရမလဲဆိုတာကို အတွေးနက်နေလေသည်။
“ ကျုပ် အဲ့ကောင်တွေကို တရားစွဲမယ် …”
[အိမ်က ချစ်စရာ ကလေးလေး]၏ ခင်ပွန်းက ထိုအကြောင်းကို ကြားပြီးနောက် ဒေါသထွက်သွားခဲ့သည်။ သူ့လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ပြေးထွက်သွားခဲ့၏။
“ ငါ ဌာနကို ကွန်ပလိန်း တက်ပြီးသား … နင် သွားရှာနေစရာ မလိုတော့ဘူး ….”
ယောက္ခမဖြစ်သူက သူ့သား၏ လက်မောင်းကို ဆွဲပြီး သူမ မည်သို့မည်ပုံ ရိုက်နှက်ခံခဲ့ရကြောင်း စကားအကြောင်းအရာ ပြန်ပြောင်းလိုက်သည်။
“ အဲ့တာကို နင့် ဇနီးက ဒီရလဒ်ကို လက်မခံနိုင်ဘဲ ငါ လုပ်တယ်ထင်နေတယ်တဲ့လေ … ကြည့်စမ်း … နင့်အမေကို ဘယ်လိုတွေတောင် ရိုက်နှက်ထားလဲလို့ ….”
“ ဒီမိန်းမကို ငါ ဘယ်လိုမှ သည်းမခံနိုင်တောဘူး …”
“ တင်းရှန်း … နင် ငါ့ကို အမေလို့ ခံယူနေသေးရင် ဒီ မိန်းမနဲ့ ချက်ချင်း ကွာရှင်းပစ်စမ်း …”
တင်းရှင်း ၊ [အိမ်က ချစ်စရာ ကလေးလေး]၏ ခင်ပွန်းဖြစ်သူသည် နှလုံးသားကို ဓားတစ်စင်းနှင့် မွှန်းခံရသည့်နှယ် နာကျင်ခံစားနေရသည်။
သူ့အမေ နာကျင်နေသည်ကိုလည်း မမြင်ရက်၊ မိန်းမဖြစ်သူနှင့်လည်း မကွာရှင်းလို။
“ ဘယ်လိုတွေကြောင့်မို့ ဒီလိုတွေ ဖြစ်လာရတာလဲကွာ …” ခမည်းမခက်က သက်ပြင်းချလိုက်သည်။
“ ဒါတွေ အကုန် ရှင့်ကြောင့် …”
“ ကျုပ်တို့သားက ဒီကောင်မနဲ့ မသင့်လျော်ပါဘူးလို့ ဟိုတုန်းကတည်းက ပြောခဲ့တယ် … ဒီလို စရိုက်ဆန်တဲ့ ကောင်မနဲ့ လက်ထပ်ပေးလိုက်တော့ ကျွန်မ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ဆံခံနေရလဲ ရှင်မြင်ပြီမလား ….”
“ ကျွန်မ စကားကို နားထောင်ပြီး ရှင်သာ ပြောတဲ့အတိုင်းလုပ်ခဲ့ရင် … ၊ ဟမ့် ….”
“ အခုတော့ နှုတ်သီးကောင်း လျှာပါးမက အိမ်ပေါ်တက်လာပြီး အားကျွတ်ကျွတ် ….”
ယောက္ခမဖြစ်သူမှာ စိတ်ခံစားချက်တို့ ပြင်းထန်နေပြီး မတော်တဆ မျက်နှာပေါ်ရှိ အနာများအား ထိခိုက်မိသလို ဖြစ်သွားခဲ့ကာ နာကျင်မှုကြောင့် ရုတ်ချည်း မြည်တမ်းလိုက်မိသည်။
“ ဟန်နီ … မင်း ဒီရလဒ်ကို လက်မခံနိုင်ဘူးဆိုတာ ကိုယ်သိတယ် … ဒါပေမယ့် ဘယ်လိုပဲ ပြောပြော မင်း ကိုယ့်အမေကိုတော့ သံသယ မဝင်သင့်ဘူးလေကွာ …”
တင်းရှင်းက ခါးသီးသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
“ မင်း အမေ့ကို ဘယ်လိုလုပ်ထားလဲ ကြည့်လိုက်ဦး … မြန်မြန် ပြန်တောင်းပန်လိုက် ….”
“ ကျွန်မ ဘာအမှားမှလည်း မလုပ်ထားတာကို ဘာကိစ္စ တောင်းပန်ရမှာ ….”
[အိမ်က ချစ်စရာ ကလေးလေး]က အယောင်ဆောင်အပြုံးဖြင့် “ ပြီးတော့ ဒီစကားကို တစ်ခါတည်း ပြောလိုက်မယ် … ကျွန်မ ကွာရှင်းမပေးနိုင်ဘူး …”
“ ဗိုက်ထဲက ကလေးကိုလည်း ဖျက်ချပစ်မှာ မဟုတ်ဘူး ….”
“ နင်က ကလေးကို ဖျက်မချဘူးဟုတ်လား … ခွေးမ … နင် ရူးနေလား ….”
ယောက္ခမဖြစ်သူမှာ ကိုယ့်နားကို မယုံကြည်နိုင် ဖြစ်နေမိသည်။
[အိမ်က ချစ်စရာ ကလေးလေး]သည် သူမဗိုက်ထဲရှိ ကလေးတွင် မွေးရာပါ နှလုံးရောဂါ ရှိနေပြီး ပြင်းထန်အဆင့် ဖြစ်ကြောင်းကိုလည်း သိရှိထားသည်။
သို့တိုင် ကလေးကို မွေးဖွားဖို့ပဲ ခေါင်းမာနေသည်။
ဒီစောက်ကောင်မလေးက မိခင်စိတ်တက်ပြီး ရူးသွားတာလား …
“ တကယ်လို့ …. တကယ်လို့ မင်းက ကလေးနဲ့ မခွဲရက်ဘူးဆိုရင် ဒါဆိုလည်း မွေးလိုက်ပေါ့ကွာ ….”
ယောက္ခမ ဖြစ်သူ ထင်မှတ်ထားသည်နှင့် ဆန့်ကျင်စွာ သားဖြစ်သူကလည်း ထိုအချက်ကို ခေါင်းညိတ်ပြလာခြင်းပင်။
စိတ်ဝင်စား စောင့်ကြည့်နေကြသည့် ကြည့်ရှုသူများက တင်းရှန်းသည် လူမှန်တစ်ယောက် ဖြစ်ကြောင်းကို သိလိုက်ကြရ၏။
ယခုလို ဖြစ်ရပ်မျိုး ကြုံတွေ့လာချိန်တွင် အပြစ်ကို မိန်းမလုပ်သူ အပေါ်သို့ မသိစိတ်အလျောက် ပုံချမိကြသည့် မာမားဘွိုင်း အများအပြား ရှိကြသော်လည်း တင်းရှန်းကတော့ ကျိုးကြောင်းဆီလျော်သည့် အမျိုးသားတစ်ယောက် ဖြစ်၏။
သူ့ဇနီးက ကလေးကို မွေးဖို့ ဆုံးဖြတ်ထားကြောင်း ကြားသိတော့ ဘာစကားမျှ မဆိုခဲ့ချေ။
ထိုသို့သော ခင်ပွန်းကောင်းမျိုးက မရှိဖို့ မဖြစ်နိုင်သော်လည်း အင်မတန် ရှားသည်ကတော့ သေချာသည်။
“ မိုက်လိုက်တဲ့သား … ဒီစောက်ကောင်မရဲ့ ဦးနှောက်ထဲမှာက ရေတွေနဲ့ ပြည့်နေတာ … နင်လည်း တုံးအသွားတာလား … ငါနင့်ကို ပညာတွေ သင်ပေးခဲ့တာ ဘာအတွက်လဲ ... ”
[အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမက ရုန့်ရင်းကြမ်းတမ်းစွာ ဟစ်အော်လိုက်သည်။
“ သူ့ဗိုက်ထဲက ကလေးမှာ မွေးရာပါ နှလုံးရောဂါ ရှိနေတာနော်… ဒီရောဂါက ကလေးနဲ့ သေတဲ့အထိ တစ်သက်လုံး အတူ ရှိသွားမှာ …”
“ မွေးလာခဲ့ပြီးရင်လည်း ကလေးက နှလုံးခွဲစိတ်မှုတွေ တစ်ကြိမ်ပြီး တစ်ကြိမ် လုပ်ရဦးမယ် …
“ အကြိမ်တိုင်းမှာ ကလေးက ငရဲတံခါးပေါက်ဝမှာ လှည့်ပတ်သွားလာနေရမှာ … အသက်ရှင်နိုင်မယ့် ရာခိုင်နှုန်းကလည်း အင်မတန်နည်းတယ် …”
တင်းရှန်း စကားပြောတော့မည့် အချိန်မှာပဲ [အိမ်က ချစ်စရာ ကလေးလေး]က ဦးအောင် ပြောဆိုလာခဲ့သည်။
“ ကျွန်မ ဗိုက်ထဲက ကလေးက ကျွန်မရဲ့ အသွေးနဲ့ အသားနဲ့ … ဒီကလေးရဲ့ သေရေးရှင်ရေးကို တခြား ဘယ်သူကမှ လာပြီး ဆုံးဖြတ်ချက် ချပိုင်ခွင့် မရှိဘူး …”
“ သူ့မှာ ပြင်းထန်တဲ့ မွေးရာပါ နှလုံးရောဂါ ရှိနေတော့ရော ဘာဖြစ်လဲ ….”
“ ဆေးပညာက အခုခေတ်မှာ အများကြီး တိုးတက်နေပြီ … ကင်ဆာတောင် ကုလို့ရနေတာ နှလုံးရောဂါဆိုတာ ပြဿနာ အသေးလေးပဲ …”
“ ပြဿနာ အသေးလေး ဟုတ်လား …”
[အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမမှာ ဒေါသကြောင့် နှာတံ ကွေးကောက်လုနီးပါး ဖြစ်လာခဲ့သည်။
အကယ်၍ ယင်းကသာ ပြဿနာ အသေးလေး ဆိုပါက ဤလောကကြီးထဲ ကြီးကြီးမားမား ပြဿနာပင် ရှိတော့မှာ မဟုတ်ချေ။
သူမအား ရှော့ခ်ရစွာ ကြည့်နေမိသည့် ယောက္ခမဖြစ်သူအား ကြည့်ရင်း [အိမ်က ချစ်စရာ ကလေးလေး]က ထူးဆန်းသည့် မျက်နှာအမူအရာကို ဆင်မြန်းလိုက်သည်။
သူမ၏ ယောက္ခမက ဆေးရုံကြီး တစ်ခု၏ သားဖွားမီးယပ် ဒါရိုက်တာ တစ်ဦး ဖြစ်သည်။
ဆရာဝန် ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သဖြင့် နာမည်ကျော်ကြားသည့် ဒေါက်တာများနှင့် ကျွမ်းကျင်သူများကို ကြားဖူးမည်မှာ ကျိန်းသေသည်။
သူမကလေး မွေးမည့်အချိန်၌ ယောက္ခမဖြစ်သူကို နာမည်ကြီး ဒေါက်တာ တစ်ယောက် ရှာပေးဖို့ အပူကပ်ရဦးမည်။
သူမနဲ့ မွေးဖို့တော့လား … ဟက် …
“ ကျွန်မ တခြားဆရာတွေ ပြောသံကြားတာ တကယ်လို့ အဲ့လို နှလုံးရောဂါကို အမြစ်ပြတ် ကုသချင်ရင် ခွဲစိတ်မှု အမျိုးမျိုး လုပ်ဖို့ လိုမယ် … ကုသစရိတ်ကလည်း သန်းနဲ့ချီတယ် …”
“ တကယ်လို့ ပိုက်ဆံ မလောက်ရင် ကျွန်မတို့တွေ ဒီအိမ်ကြီးကို ရောင်းလို့လည်း ရတာပဲ …”
“ ဒါငါ့အိမ်ဟဲ့ … နင့်ကို ဘယ်သူက ရောင်းပိုင်ခွင့် ပေးလိုက်လို့လဲ …”
ယောက္ခမဖြစ်သူသည် [အိမ်က ချစ်စရာ ကလေးလေး]ကို သေသည်ထိ လည်ပင်းညှစ်သတ်ချင်စိတ်တို့ ဖြစ်နေမိသည်။
အရူးတစ်ယောက်ပင် ဤဟာမလေးက သူမကို ရည်ရွယ်ချက်ရှိရှိ ဒေါသပြီး သေအောင် ပြုလုပ်နေမှန်း မြင်နိုင်သည်။
“ အမေပြောတာ မှန်ပါတယ် … အိမ်က အမေ့ဟာ ၊ ဒါပေမယ့် ဗိုက်ထဲက ကလေးကတော့ အမေ့မြေးလေ … အမေ့မြေးကို ကုသလို့ရပါလျက်နဲ့ မကုသဘဲ ပစ်ထားချင်လို့လား …” [အိမ်က ချစ်စရာ ကလေးလေး]က တည်ငြိမ်စွာ မေးလိုက်သည်။
“ ရောင်း … ကလေးကို ကုဖို့ အားလုံး ရောင်းလိုက် …”
ခမည်းခမက်က ရုတ်ချည်း ကြားဖြတ်ပြောလာသည်။
“ သမီး … နင် မှန်တယ် … အခုခေတ် ဆေးပညာတွေက တိုးတက်နေပြီ … မကုသနိုင်တဲ့ ရောဂါဆိုတာ မရှိတော့ဘူး …”
“ တစ်မိသားစုလုံး အလုပ်အတူ ကြိုးစားနေသရွေ့ ကလေးကို တစ်ဖန်ပြန်ပြီး ကျန်းကျန်းမာမာ ဖြစ်အောင် လုပ်ပေးနိုင်တယ် ….”
ခင်ပွန်းသည် တင်းရှန်းကလည်း သူမအား စိတ်ခွန်အား ပေးလာသည်။ “ ဟန်နီက လောလောဆယ် တခြား ဘာမှ မစဉ်းစားသေးနဲ့ဦး … ကိုယ်တို့ရဲ့ကလေးကို ဂရုစိုက်ဖို့ပဲ အာရုံစိုက်ထား ဟုတ်ပြီလား …”
“ ဘာတွေပဲ ဖြစ်လာပါစေ ၊ ကလေးက ကိုယ်တို့နှစ်ယောက်ရဲ့ ကလေးပဲလေ …”
ထိုသို့ပြောပြီးနောက် တင်းရှန်းက [အိမ်က ချစ်စရာ ကလေးလေး]၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
စိတ်ထဲတွင်တော့ သူ့ကိုယ်သူ သူရဲဘောကြောင့်သည့် လူတစ်ယောက် ဖြစ်ခဲ့သည့်အတွက် ကိုယ့်ကိုယ်ကို ကျိန်ဆဲနေမိ၏။
စစ်ဆေးမှု ရလဒ်ကို မြင်တွေ့သည့် အချိန်၌ မိန်းမဖြစ်သူကို ကိုယ်ဝန်ဖျက်ချရန် ဖျောင်းဖျဖို့ တကယ်ပဲ တွေးတောနေခဲ့မိသည်။
ဟုတ်တယ် ... ဖခင် တစ်ယောက်က ဘယ်လိုများ အဲ့လိုအတွေးမျိုး တွေးရက်နိုင်ရတာလဲ …
ကံကောင်းစွာဖြင့် သူ အပြင်သို့ ထုတ်မပြောခဲ့မိ၍ပင်။
သူသာ ပြောခဲ့မိပါက … သူ့မိန်းမ တစ်သက်လုံး သူ့ကို ခွင့်လွှတ်ပေးမှာ မဟုတ်ချေ။
သူသည်လည်း သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မှာ မဟုတ်ချေ။
ပိုက်ဆံဆိုသည်က ရုပ်၀တ္ထုပစ္စည်းမျှသာ ဖြစ်သည်။ သူ့ကလေးကို ကုသနိုင်မည်ဆိုသရွေ့၊ သူ ဘယ်တော့မှ လက်လျှော့သွားမှာမဟုတ်။ အရှက်သိက္ခာကိုချပြီး ပိုက်ဆံချေးငှားရမည်ဆိုလျှင်ပင်။