← Chapters

အမေနဲ့ ချွေးမရဲ့ တိုက်ပွဲ

Vol. 22 Ch. 216

အမေနဲ့ ချွေးမရဲ့ တိုက်ပွဲ

Vol. 22 Ch. 216

သူကိုယ်တိုင်က သုတေသန ဌာန၏ သုတေသန ပညာရှင် တစ်ဦး ဖြစ်ပြီး သူ့အဖေကလည်း တက္ကသိုလ် ပါမောက္ခဖြစ်သည်။

သူ့အမေက ဆေးရုံ၏ ဌာန ဒါရိုက်တာ တစ်ဦးဖြစ်၏။

သူတို့ သုံးယောက်၏ လစာငွေများကို ပေါင်းစည်းလိုက်မည်ဆိုပါက တစ်လလျှင် ယွမ် ခြောက်သောင်းခန့်မျှ စုမိနိုင်သည်။

သူ ဤနှစ်များတစ်လျှောက် စုထားသည့် စုငွေများကိုပါ ထည့်သွင်း တွက်ချက်ကြည့်မည်ဆိုပါက ယွမ် နှစ်သန်းခန့် လက်ထဲ အဆင့်သင့်ရှိသည်။

ကလေးကို ခွဲစိတ်ကုသပေးဖို့ လုံလောက်၏။

“ နင်တို့ … နင်တို့ ….”

ခင်ပွန်းနှင့် သားဖြစ်သူက ချွေးမဘက်ကနေ ရပ်တည်ပေးလိမ့်မည်ဟု သူမ ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့ချေ။

“ မျက်နှာအိုကြီးကို ကြည့်စမ်း … အစိမ်းရောင်တောင် သမ်းနေပြီ ….”

“ ကောက်ကျစ်တဲ့ ယောက္ခမ : နင်တို့နှစ်ယောက်က ဇာတ်ညွှန်းအတိုင်း မသွားဘူးဆိုရင် ဒီ ရိုက်ကွင်းက ဘယ်လိုလုပ် အသက်ဝင်တော့မှာလဲ ….”

“ [အိမ်က ချစ်စရာ ကလေးလေး]က အတော်လေးကို မာရည်ကြောရည် နိုင်တယ် ပြောမယ် …”

“ ခေတ်သစ် အမျိုးသမီးထုကြီးအတွက် စံပြအမျိုးသမီးပဲ …”

“ ငါသာဆိုလို့ကတော့ ငါ့ကိုယ်ငါတောင် မမြင်နိုင်တဲ့အထိ ထိုင်ငိုနေလောက်တယ် … ငါ့အစ်မ၊ နင့်စိတ်ကို အမြန်ဆုံး ပြင်ဆင်လိုက်နိုင်တာ အံ့ဩလို့ကို မဆုံးဘူး ….”

“ ကိုယ့်ခြေထောက်ကိုယ် သေနတ်နဲ့ ပြန်ပစ်မိတယ်ဆိုတဲ့ စကားက ဘာကို ပြောချင်လဲ သိလား … အခု သူ့ယောက္ခမက အကောင်းဆုံး ဥပမာပဲ …”

ကြည့်ရှုသူများက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

[အိမ်က ချစ်စရာ ကလေးလေး]၏ ကောက်ကျစ်ယုတ်မာသည့် ယောက္ခမတွင် အကြံအစည် အကြီးကြီးတစ်ခု ရှိခဲ့သည်။

[အိမ်က ချစ်စရာ ကလေးလေး] ကိုယ်ဝန် ခြောက်လရှိချိန်တွင် နွေခေါင်ခေါင်မိုးကြိုးပစ်ချသည့်နှယ် သတင်းဆိုးကြီး တစ်ပုဒ်ကို ကြေညာဖို့ ဖြစ်၏။

ထို့နောက်တွင် ကိုယ်ဝန်ဖျက်ချသည့် ခွဲစိတ်မှုကို အခွင့်ကောင်းယူ၍ ချွေးမဖြစ်သူ၏ ခန္ဓာကိုယ်ကို တစ်သက်လုံး မိခင် မဖြစ်နိုင်တော့အောင် ပြုလုပ်လိုက်မည်။

ယခုမူကား …

အစီအစဉ် စတင်ရုံမျှသာ ရှိသေးသော်လည်း ဖျက်စီးခံလိုက်ရပြီ ဖြစ်၏။

“ အမေ .. အမေ့မြေးရဲ့ အနာဂတ်အတွက် အခုချက်ချင်း စပယ်ရှယ်လစ် တစ်ယောက်ကို ဆက်သွယ်ထားလိုက်ပါဦး …”

“ ကလေးမွေးပြီးမှဆိုရင် အချိန်မီမှာ မဟုတ်ဘူး …”

[အိမ်က ချစ်စရာ ကလေးလေး]သည် ကုလားထိုင်တွင် ထိုင်ချ၍ ခေါင်းငုံ့ပြီး လက်သည်းများအား အချင်းချင်းဆိတ်လျက် ယောက္ခမဖြစ်သူကို ရှက်ကိုးရှက်ကိုးလေသံဖြင့် စပယ်ရှယ်လစ်တစ်ယောက်အား ဆက်သွယ်ဖို့ ပြောလိုက်သည်။

သို့မှသာလျှင် … ကလေး မွေးဖွားလာသည့်အချိန်၌ သူ (သို့) သူမသည် မှန်ကန်သည့် ခွဲစိတ်မှုကို ချက်ချင်း ပြုလုပ်နိုင်မှာ ဖြစ်၏။

သူမက မိသားစု သေးသေးလေးက ပေါက်ဖွားလာခဲ့တာ ဖြစ်ပြီး ကောလိပ်ဘွဲ့ရရုံမျှသာ ဖြစ်သဖြင့် လုပ်ငန်းစဉ်တို့က မည်သို့ ရှိသလဲဆိုတာကို မသိပေ။

သို့ပေမယ့် ဆေးပညာ ကျွမ်းကျင်သူကို ငှားရမ်းဖို့ ကိစ္စကြီး ဖြစ်ကြောင်းကိုတော့ သိပြီး သူမ၏ အသိဉာဏ်ဗဟုသုတနှင့် ပြည့်စုံလှသော ယောက္ခမကြီးနှင့်သာ လွှဲပေးထားဖို့ ဆုံးဖြတ်လိုက်သည်။

ထိုစကားကြားသည်နှင့် အစားအသောက်များ သောက်စားနေကြသည့် ကြည့်ရှုသူတို့မှာ သူတို့စားစရာများ မှုတ်ထုတ်မိသွားခဲ့ကြ၏။

ချန်ယွီ့ပင် မနေနိုင်ဘဲ ခေါင်းခါယမ်းလျက် ရယ်မောမိသွားခဲ့သည်။

[အိမ်က ချစ်စရာ ကလေးလေး]တော့ တန်ပြန်တိုက်ခိုက်မှုတို့ စလုပ်နေပြီ ဖြစ်၏။

သူမက ချက်ချင်းပဲ စိတ်အခြေအနေကို ပြန်လည် ချိန်ညှိကာ ယောက္ခမဖြစ်သူကို ဆွံ့အသွားအောင် ပြုလုပ်နိုင်လိုက်သည်။

“ နင့်ကြီးတော် ဒေါက်တာကိုပဲ ရှာ …”

ယောက္ခမဖြစ်သူ သံပူမီးခဲနှယ် မျက်နှာနီရဲလာပြီး ကျိန်ဆဲလိုက်လေသည်။

“ နင်က နားကန်းနေတာလား … ငါပြောတာကို မကြားလို့လား …”

“ ငါတို့ ကလေးကို ခွဲစိတ်ရင်တောင် ကလေးက အသက်ရှင်ချင်မှ ရှင်နိုင်မှာ ….”

“ နင့်ဖို့ ဘာ စပယ်ရှယ်လစ်မှလည်း ရှာမပေးနိုင်ဘူး … သေဖို့ ကံပါလာတဲ့ ကလေးအတွက်နဲ့ ငါ့အိမ်ကိုလည်း မရောင်းပေးနိုင်ဘူး …”

“ ငါနဲ့ အခုချက်ချင်း ဆေးရုံလိုက်ခဲ့ … နင့်ဗိုက်ထဲက အဲ့ဒီကလေးကို ဖျက်ကို ဖျက်ချပစ်ရမယ် …”

ဤစကားကြားတော့ [အိမ်က ချစ်စရာ ကလေးလေး]သည် မျက်ခုံးပင့်ပြီး မေးလိုက်သည်။ “ ယောက်ျား ၊ အဖေ … ရှင်တို့ရော ဘယ်လိုမြင်လဲ … ကျွန်မကို ကိုယ်ဝန်ဖျက်ချစေချင်ရဲ့လား …”

“ အမေ … ကလေးက အခု ခြောက်လရှိနေပြီလေ … သူ အခုနေ ဖျက်ချလိုက်ရင် သူ့ခန္ဓာကိုယ်လည်း ထိခိုက်သွားမှာပေါ့ …”

သူ့ မိန်းမ ကိုယ်ဝ စရှိပါပြီဆိုကတည်းက တင်းရှန်းသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား စောင့်ရှောက်သည့် စာအုပ်အများအပြားကို ဖတ်ရှုထားခဲ့သည်။

ကိုယ်ဝန်ဖျက်ချခြင်းက အင်မတန် အန္တရာယ်များပြီး လရင့်နေသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ ဖျက်ချဖို့က ပို၍ပင် အန္တရာယ်များလှသည်။

ကလေး၏ မွေးရာပါ နှလုံးရောဂါကို ကုသဖို့ ခက်ခဲသော်လည်း ကုသ၍ မရနိုင်သည့် ရောဂါတော့ မဟုတ်ပေ။

ဖခင် တစ်ယောက် အနေဖြင့် အခွင့်အရေး ၀.၁ ရာခိုင်နှုန်း ရှိနေသရွေ့ လက်လျှော့သွားမှာ မဟုတ်ပေ။

“ မင်းလည်း မိခင်ပဲ … သားဖွားမီးယပ် ကျွမ်းကျင်ဆိုလည်း ဟုတ်တယ် … တခြားသူတွေ နားမလည်တာကတော့ ထားပါတော့ … မင်းက ဘယ်လိုဖြစ်ပြီး နားမလည်နိုင်ရတာလဲ …”

“ ဘာလို့ ချွေးမလေးကို ကိုယ်ဝန်ဖျက်ချဖို့ပဲ တွန်းအားပေးနေရတာလဲ …”

[အိမ်က ချစ်စရာ ကလေးလေး]၏ ခမည်းခက်က မိန်းမဖြစ်သူကို စကားအနည်းငယ်ပြောပြီး စောနက နှစ်ယောက် ရန်ဖြစ်သည့် အကြောင်းကို ဆိုလာပြန်သည်။

“ သူမင်းကို ရိုက်နှက်တယ်ဆိုတာက သူ့အမှားဟုတ်တယ် … ဒါပေမယ့် အကြောင်း တစ်ခုခု ရှိမယ်ဆိုတာတော့ ကျိန်းသေတယ် …”

“ မင်းလည်း ဒီလောက် နှစ်တွေအကြာကြီး သားဖွားမီးယပ်ဆရာမ လုပ်လာခဲ့တာ စက်မှာ ပြဿနာရှိနေတာကို ဘယ်လိုဖြစ်ပြီး သတိမပြုမိနိုင်ရတာလဲ …”

“ အခုကျတော့မှ ချွေးမလေးကို သူ့ဗိုက်ထဲက ကလေးက မွေးရာပါ နှလုံးရောဂါ ရှိနေပါတယ်လို့ လာပြာနေတော့ ငါသာဆိုရင်လည်း ရူးသွားမှာပဲ …”

“ တင်းကျန်းကော် … ရှင်ပြောတဲ့ လေသံအတိုင်းဆိုရင် ဒါ ကျွန်မရဲ့ အမှားပေါ့ ဟုတ်လား …”

ယောက္ခမဖြစ်သူက သူမ၏ ခင်ပွန်းကို ဒေါသတကြီး ဆူငေါက်လိုက်ပြီး “ ရှင်က ဒီလိုပြောတော့ ကျွန်မက အလကား ရိုက်ခံပေးလိုက်ရမယ်ပေါ့ ….”

“ ကျွန်မ ဒီဟာမကို တောင်းပန်ဖို့ရော လိုသေးလား … တောင်းပန်ပေးရဦးမှာလား ဟင် …”

ခင်ပွန်းဖြစ်သူ တင်းကျန်းကော်၏ စကားလုံးတို့က သူမအား အသွေးထဲ အသားထဲကကိုပင် ဒေါသများ ထွက်လာစေသည်။

“ မင်းမှားတယ်လို့ ငါ မပြောပါဘူးကွာ … ဒီတိုင်း … ဘာပဲဆိုဆို ငါတို့ ချွေးမလေးက ကိုယ်ဝန်ကြီးနဲ့လေ … ငါတို့ ပြန်ရောက်လို့ လူစုံမှ မင်း သတင်းကို‌ ပြောပြလို့ရော မရဘူးလား …”

“ ဗိုက်ထဲက မြေးလေး တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ …”

တင်းကျန်းကော်က သက်ပြင်းချလိုက်သည်။

နှစ်ယောက်က မည်သူ့ဘက်မှ မလျှော့မပေးချင်ကြပေ။

ချွေးမက ယောက္ခမကို ရိုက်နှက်သည်မှာ မှားယွင်းသည်။ သို့ပေမယ့် ယောက္ခမကလည်း မည်မျှ စိတ်ဆိုးဒေါသထွက်နေစေကာမူ အနည်းဆုံးတော့ သူမ မျက်စိရှေ့က အခြေအနေကို စဉ်းစားချင့်ချိန်သင့်သည် မဟုတ်လော။

[အိမ်က ချစ်စရာ ကလေးလေး]က ကိုယ်ဝန်သည်ပင်။

ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် သူမက မည်သို့ လက်ပြန်ပါနိုင်ရသနည်း။

“ အောင်မယ်လေး မိုးနတ်မင်းကြီးရယ် … ကျွန်မ ဘာအမှားတွေများ ကျူးလွန်မိလို့ ကိုယ့်အမေကို ဂရုမစိုက်တဲ့ ဒီလိုသားမျိုးကို မွေးခဲ့မိရတာလဲ …”

“ အခုတော့ ကျွန်မရဲ့ ယောက်ျားကတောင် ကျွန်မဘက်မှာ ရှိမနေတော့ဘူး … ကျွန်မ သေသာ သေလိုက်ချင်တော့တယ် ….”

[အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမသည် အိမ်ကြမ်းပြင်တွင် ဒူးထောက်လျက် အများသူငါကြားအောင် အော်ဟစ်ငိုကြွေးနေလျက် ရှိသည်။

မကြာမီ တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာသည်။

တင်းကျန်းကော်က တံခါးသွားဖွင့်ကြည့်လိုက်တော့ အိမ်နီးချင်း အများအပြားက အပြင်ဘက်တွင် ရောက်ရှိနေကြ၏။

[အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမက မျက်လုံးလှိမ့်လိုက်ပြီး ချက်ချင်းပဲ အကြံအစည်တစ်ခု ထွက်ပေါ်လာသည်။

တစ်ခဏတွင် သူမက သေလမ်းရှာနေပြီး နောက်တစ်ခဏ၌ သူမက မိသားစုကို အနိုင်ကျင့်ပါသည်ဟု စတင် ယိုးစွပ်နေတော့သည်။

“ လူတိုင်းပဲ … ကျေးဇူးပြုပြီး ကျွန်မဘက်ကနေ တစ်ချက်လောက် ဝင်ပြီးပဲ စဉ်းစားကြည့်ကြစမ်းပါ … သူ ကိုယ်ဝန်စရပါပြီဆိုကတည်းက ကျွန်မ သူ့အပေါ် နေ့တိုင်းနေ့ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ် …”

“ သူလိုချင်သမျှလည်း ဝယ်ပေးတယ် …”

“ အပြင်ထွက်တိုင်းလည်း ဘေးနားကနေ 'ကျွန်'မကြီး တစ်ယောက်လိုမျိုး လိုက်လုပ်ပေးခဲ့တယ် …”

“ ဟုတ်တယ် … စက်ရဲ့အမှားအယွင်းအတွက် ကျွန်မမှာ တာဝန်ရှိတယ် … ဒါပေမယ့် ကျွန်မက ဒေါက်တာလေ … စက်ပြင်ဆရာမှ မဟုတ်တာ …”

“ ကျွန်မတို့မှာ နေ့တိုင်းနေ့ ဒီလောက် လူနာအများကြီးကို ကိုင်တွယ်နေရတာ စက်တွေ ပုံမှန်အလုပ်လုပ်လား ၊ မလုပ်လား အာရုံစိုက်နိုင်မယ့် အင်အားမှ မရှိတော့တာ …”

“ ရလဒ်မှားနေမှန်း သိသိချင်း အိမ်ကို ချက်ချင်းပြန်လာခဲ့တယ် …”

“ ဒါကို ကျေးဇူးကန်းတဲ့ဟာမက အမှန်ကို အမှားလုပ်ပြီး ကျွန်မကို ပါးရိုက်တယ် …”

“ ကျွန်မက သူ့ကို စကားနည်းနည်းပါးပါးပဲ ပြန်ပြောခဲ့တာပါ … ဒါကို ခြေထောက်တွေနဲ့ကန်ပြီး မျက်နှာကိုလည်း ရှင်တို့ မြင်တဲ့အတိုင်းပဲ …”

“ ကျွန်မရဲ့ မျက်လုံးတွေဆိုလည်း ကြည့်စမ်းပါဦး … သူလုပ်တာနဲ့ ကန်းတော့မယ် …”

“ လူကိုလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ကုတ်ဖဲ့သေးတယ် … ကျွန်မ ဘယ်လို ချွေးမမျိုးနဲ့ လာဆုံမိတာလဲ … ၊ မဟုတ်ဘူး … ဒီကောင်မက မြေခွေးမ … “

“ သူ ကျွန်မအပေါ် ဒီလိုတွေ လုပ်ခဲ့တယ်နော်… ရတယ် ထားလိုက်… ဒီအကြောင်း မပြောသေးနဲ့ … ကျွန်မက ကြင်ကြင်နာနာနဲ့ ကလေးကို ဖျက်ချဖို့ အကြံပေးနေတာတောင် သူကတော့ ကလေးကို မွေးဖို့ပဲ ခေါင်းမာနေတယ်တဲ့လေ….”

“ မွေးရာပါ နှလုံးရောဂါနဲ့ ကလေးတွေက မွေးလာပြီးရင် အသက်ရှင်နိုင်ချေ အင်မတန် နည်းတယ် … မရေမတွက်နိုင်တဲ့ ခွဲစိတ်မှုတွေ လုပ်ရတယ် … ပိုက်ဆံတွေလည်း အများကြီး သုံးရမယ် … ဒါတောင် နောက်ဆုံးကျရင် ကလေးကို ဆုံးရှုံးလိုက်ရဦးမှာပဲ … ဒါ တကယ်ရော မိသားစုဝင်ဟုတ်လို့လား …”

[အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမက သရုပ်ဆောင်ရာ၌ အင်မတန် ထူးချွန်သည်။ သူမ၏ စကားလုံးတို့က နားထောင်သူများအား သူမအပေါ် စာနာသနားစိတ်တို့ ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်သည့် အစွမ်းရှိသည်။

အမှန်တရားကို မသိကြသည့် အိမ်နီးချင်းတို့က သူမ ဘက်ကနေပြီး ရပ်တည်ပေးကြလေသည်။

သူတို့တွေက [အိမ်က ချစ်စရာ ကလေးလေး]ကို အဆိုပါ သတင်းဆိုးအား လက်မခံနိုင်လျှင်ပင် ကိုယ့်ယောက္ခမကိုယ် ယခုလို ရိုက်နှက်ရကောင်းလားဟု ဝိုင်းဝန်း အပြစ်တင်ကြတော့၏။

[အိမ်က ချစ်စရာ ကလေးလေး]မှာ အနည်းငယ် တုန်လှုပ်အံ့အားသင့်သွားခဲ့၏။

သူမ၏ ယောက္ခမက ယခုလို ရုပ်ရှင်မျိုး ရိုက်လာမည်ကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း အိမ်နီးချင်းများကပါ သူမအပေါ် ဆန့်ကျင်လာလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။

ဤရှိုးကို လာကြည့်ကြသည့် အိမ်နီးချင်းအရေအတွက်က တစ်ဒါဇင်ကျော်သည်။ ထိုမျှများပြားသည့် လူအုပ်ထဲသို့ သူမ၏ ရှင်းပြချက်လေးက တိုးပေါက်ဝင်နိုင်မှာ မဟုတ်ချေ။

“ မြေခွေးမ … နင် စောနက စကားတွေ အရမ်းများနေတာ မဟုတ်ဘူးလား … အခုကျတော့ ဘာလို့ ဘာမှမပြောတော့တာ …”

“ နင့်ကိုယ်နင် မှားမှန်း သိတော့ အပြစ်ရှိသလို ခံစားနေရတယ်ပေါ့လေ ဟုတ်လား ….”

အိမ်နီးချင်းများ၏ အကူအညီဖြင့် [အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမက တစ်ဖန် မတ်တပ်ပြန်ရပ်လာသည်။

သူမက [အိမ်က ချစ်စရာ ကလေးလေး]ကို ဒေါသတကြီးနှင့် ကြိမ်းမောင်းလိုက်ပြီး နှလုံးသားထဲရှိ မကျေမချမ်းဖြစ်မှုတို့အား ပေါက်ကွဲပြနေလျက် ရှိသည်။

“ တော်ကြတော့ …”

[အိမ်က ချစ်စရာ ကလေးလေး]က အော်ဟစ်လိုက်ပြီး သူမ၏ ကတ်ကို စားပွဲပေါ် ချပြဖို့ရာ ဆုံးဖြတ်လိုက်တော့သည်။

ခေတ္တကြာပြီးနောက် လူတိုင်းက အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။ သူတို့တွေ ရှုပ်ထွေးနေကြလေသည်။

[အိမ်က ချစ်စရာ ကလေးလေး]၏ အဆိုအရ သူမ၏ ယောက္ခမသည် ကလေးတွင် မွေးရာပါ နှလုံးရောဂါ ရှိသည့် ကိစ္စရပ်ကို အစကတည်းက သိရှိထားပြီး ဖြစ်၏။

သို့ပေမယ့် သူမက လျှို့ဝှက်ထားခဲ့သည်။ ဘာကြောင့်ဆိုတော့ ကလေး ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးလာသည်အထိ စောင့်ဆိုင်းချင်သောကြောင့် ဖြစ်၏။

မိခင်က ကလေးအပေါ် ခံစားချက်သံယောဇဉ်တို့ အမြစ်တွယ်လာသည်နှင့် သူမက ဤသတင်းဆိုးကို သုံးပြီး သူမအား တိုက်ခိုက်မည်။

သူမကိုယ်တိုင်ကလည်း [အိမ်က ချစ်စရာ ကလေးလေး]၏ ကိုယ်ဝန်ဖျက်ချဖို့ကိစ္စကို ကိုယ်တိုင်တာဝန်ယူလုပ်ဆောင်ပေးမှာ ဖြစ်ပြီး ထိုအချိန်၌ နောက်တစ်ကြိမ် ကိုယ်ဝန်ယူနိုင်ခြင်း မရှိစေရန် ခန္ဓာကိုယ်အား ဖျက်စီးပစ်မှာ ဖြစ်သည်။

“ နင် ကောက်ကျစ်လိုက်တဲ့ မြေခွေးမ၊ လူလိမ်မ … ငါ့ကို ဘယ်လိုတောင် စော်ကားပုတ်ခတ်နေတာ ….”

[အိမ်က ချစ်စရာ ကလေးလေး]က ကြမ်းပြင်ကို ခြေဆောင့်ပြီး ကျိန်ဆဲလိုက်သည်။

“ စော်ကားပုတ်ခတ်တယ် ဟုတ်လား … အမှန်တရားကို ရှင်ကိုယ်၌က အသိဆုံးဖြစ်မှာပေါ့ …”

[အိမ်က ချစ်စရာ ကလေးလေး]က ယောက္ခမဖြစ်သူကို မုန်းတီးသည့် မျက်ဝန်းတို့ဖြင့် ကြည့်၍ …

ခင်ပွန်းဖြစ်သူ တင်းရှန်းအား ကွန်ပျူတာရှေ့သို့ ဆွဲခေါ်ပြလိုက်သည်။

All Chapters