သက်ရှည်ပက်ကျိများအား လွှတ်ပေးခြင်း
Vol. 22 Ch. 219
မည်သည့် အချိန်က စတင်လိုက်မှန်းတော့ မသိ။ သို့ပေမယ့် တိရစ္ဆာန်များအား လွှတ်ပေးသည့် လှုပ်ရှားမှုတို့က နိုင်ငံထဲတွင် ပေါ်ပြူလာဖြစ်လာသည်။
အချိန်တိုင်းလိုလို တိုင်းတစ်ပါး မျိုးစိတ်တို့က နိုင်ငံထဲ အများအပြား ဝင်ရောက်လာနေကြောင်း သတင်းတင်ပြချက်တို့အား အွန်လိုင်းပေါ်တွင် မြင်တွေ့နေရသည်။
မဟုတ်လည်း လူသားများအပေါ် သိသာထင်ရှားသည့် ခြိမ်းခြောက်မှုတို့ ပေးစွမ်းနေသည့် တိရစ္ဆာန် သတ္တဝါတို့အကြောင်း ဖြစ်၏။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]သည် အဆိပ်ရှိသည့် ငါးရောင်စပ် မြွေပွေး ရာချီအား သူနှင့် နေရာချင်းနီးသည့် ရုက္ခဗေဒ ဥယျာဉ်အတွင်းသို့ စေလွှတ်ပေးခဲ့သည်။
ကုသိုလ်ရသော်ငြားလည်း ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းတော့ မရှိ။ ရုက္ခဗေဒဥယျာဉ်သို့ ရောက်ဖူးသူတိုင်း ထိုနေရာသို့ အဓိက သွားရောက်လည်ပတ်သူတို့က ကလေးသူငယ်များ ဖြစ်သည်ကို သိကြသည်။
“ အိမ်ကအဖေဆိုလည်း တိရစ္ဆာန်လွှတ်ရတာကို အရမ်း ဝါသနာပါတာ … အဲ့ကိစ္စနဲ့ စကားများရပေါင်းလည်း မနည်းဘူး … ဒါလည်း နားမဝင်ဘူး ….”
“ ဂုဏ်ယူပါတယ် … မင်းက မင်းအဖေရဲ့ ချစ်လှစွာသော မိသာစုလေးထဲကနေ မောင်းထုတ်ခံရတော့မယ် ….”
“ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင် ရေဘူးထဲက ရေတွေပဲ သွန်ပစ်ဖို့ ပြောရင်ကော … အနည်းဆုံးတော့ ပတ်ဝန်းကျင်အပေါ် ဘာထိခိုက်မှုမှ မရှိဘူးလေ ….”
“ တိရစ္ဆာန်အစား ရေလွှတ်တဲ့လူ တကယ်ပဲ ရှိရောရှိလို့လားဟ ….”
“ စောက်မြည်းကတုံးကြီးက အော်မီထော်ဖောရွတ်ပြီး လူတွေကို ဒုက္ခပေးနေတယ် … “
“ အားလုံးကို လွှတ်ပေးသင့်တယ်ဆိုမှတော့ မင်းကိုယ်မင်းလည်း မြစ်ထဲလွှတ်ပေးလိုက်ပါလားကွ ……”
“ ဒေါက်တာချန် … ဒါ ဒီအဘိုးကြီး လုပ်ခဲ့ဖူးတာ ဒီတစ်ခုတည်းသော မဟုတ်ဘူးမလား ….”
တစ်ချို့ ဉာဏ်လျင်သည့် ကြည့်ရှုသူတို့က ချက်ချင်းပဲ တုံ့ပြန်လာခဲ့ကြသည်။
ချန်ယွီ့က လူရာနှင့်ချီသည် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]နှင့် စာရင်းရှင်းချင်နေကြကြောင်းကို ပြောခဲ့သည်။
သိသာစွာဖြင့် … တိရစ္ဆာန် လွှတ်ပေးခြင်း ဟူသည့် အကြောင်းပြချက် ပေး၍ လူမဆန်သည့် လုပ်ရပ်တို့ ပြုလုပ်နေသည်မှာ တစ်ခုတည်းသော မဟုတ်လောက်ပေ။
သူ့ကြည့်ရှုသူများထံက မေးခွန်းကို ခေါင်းညိတ်ရင်း ချန်ယွီ့ ပြောလိုက်၏။ “ သူ့မြို့လိပ်စာပါတဲ့နေရာမှာ ‘မိကျောင်းခေါင်းတိုငါး’ဆိုပြီး ရှာကြည့်လိုက် …”
“ မင်းတို့သိချင်တဲ့ အဖြေကို ရလိမ့်မယ် …”
(alligator gar ကို မိကျောင်းခေါင်းတိုငါးဆိုပြီး ပြန်ထားတယ်။ မှန်ရဲ့လားတော့ မသိဘူးဗျ။ တစ်ချက်ပြောခဲ့ပေးပါဦး။ စာစဉ်ရဲ့ ကွန်းမန့်ဆက်ရှင်မှာ ပြောခဲ့လို့ရပါတယ် )
ဤစကားကြားတော့ မရေမတွက်နိုင်သည့် လူတို့က အင်တာနက်ဘရောက်စာထဲ ရှာဖွေကြည့်ကြတော့သည်။
ခေတ္တကြာပြီးနောက် ကြည့်ရှုသူတို့မှာ ဒေါသကြောင့် ပေါက်ကွဲခါနီး ဖြစ်ကုန်သည်။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]လုပ်ခဲ့သည့် လုပ်ရပ်အကြောင်းကို သိလိုက်ရတော့ သူတို့အားလုံး ရှော့ခ်ရသွားခဲ့ကြသလို ဒေါသလည်း ထွက်နေမိကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] နေထိုင်သည့် မြို့ရှိ ပန်းခြံတစ်ခုတွင် ကန်ထဲရှိ ရေအများအပြားကို စုပ်ထုတ်ပစ်ခဲ့ရသည်။
ပန်းခြံက ရာနှင့်ချီသည့်ဝန်ထမ်းများနှင့် တစ်ဒါဇင်ကျော်သည့် ရေစုပ်ထရပ်ကားတို့အား စုစည်း၍ ပန်းခြံ၏ လူလုပ်ရေကန်ထဲရှိ ရေထုထည် ၃ သိန်း ကျုဗစ်မီတာခန့်အား စုပ်ထုတ်ခဲ့ရ၏။
အကြောင်းပြချက်ကတော့ ထူးဆန်းသည့် ငါးတစ်ချို့ ဖမ်းဖို့ရာအတွက်ပင်။
ထူးဆန်းသည့် ငါးတွင် ထူးဆန်းသည့် နာမည်ရှိ၏။ မိကျောင်းခေါင်းတိုငါးဟူ၍ပင်။
သတင်းအချက်အလက်များအရ မိကျောင်းခေါင်းတိုငါးတို့မှာ ကြီးမားသည့် ပြင်ပငါးမျိုးစိတ် တစ်မျိုး ဖြစ်၏။
၃ မီတာခန့်မျှ ရှည်လျားပြီး အင်မတန်လည်း ရုန့်ရင်းကြမ်းတမ်းသည်။
ဖမ်းနေစဉ်အတောအတွင်း ဝန်ထမ်းအများအပြားမှာ ငါးကိုက်ခံခဲ့ရ၏။
မိချောင်းခေါင်းတိုငါးများက ကန်ထဲသို့ ဝင်ရောက်ချိန်တွင် ပြိုင်ဘက်ကင်းဖြစ်နေပြီး ဂေဟစနစ်ကိုလည်း ကုစားမရနိုင်အောင် ဖျက်စီးပစ်နိုင်စွမ်းရှိသည်။
သူ့ခန္ဓာကိုယ်တွင် အဆိပ်အတောက်နှင့် ကပ်ပါးကောင်တို့ အများအပြား ရှိ၏။
နားလည်ခြင်း မရှိပါဘဲ ထိုငါးအား ဖမ်းဆီးစားသောက်ခြင်းက လူသားတို့၏ ခန္ဓာကိုယ်အပေါ် ပြင်းထန်သည့် အကျိုးဆက်တို့ သက်ရောက်လာနိုင်သည်။
သတင်းတင်ပြသူက မိကျောင်းခေါင်းတိုငါးတို့မှာ ကျူးကျော်မျိုးစိတ်များဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ဤသို့သော ဖြစ်ရပ်များတွင် တူညီသည့် ဝိသေသလက္ခဏာတစ်ရပ်ရှိ၏။
လူများက အနှီ မိကျောင်းခေါင်းတိုငါးများကို ကန်ထဲတွင် လွှတ်ပေးခဲ့ခြင်းပင်။
“ မိကျောင်းခေါင်းတိုငါးအပြင်ကို ဒီလူနာက လူအုပ်စုဖွဲ့ပြီး applesnail ၊ သက်ရှည်ပက်ကျိလို့ လူသိများတဲ့ ပက်ကျိတွေကိုလည်း လယ်ကွင်းတွေထဲ အများကြီး လွှတ်ပေးခဲ့သေးတယ် … ဘာလို့ဆိုတော့ အဲ့ဒီ ပက်ကျိရဲ့ နာမည်မှာ ‘ သက်ရှည်’ဆိုတဲ့ နာမည်ပါနေတာကြောင့်တဲ့ ….”
( သက်ရှည်ပက်ကျိကို ရောင်းရင်းတို့ သိပါတယ်။ သူ့ဥက ပန်းနုရောင်လေးလေ။ အရင်က FB မှာတောင် ဒီလိုအရာမျိုးတွေ့ရင် ချက်ချင်းနင်းချေသတ်ပစ်ဖို့ သတိပေးတာတွေတောင် ဖတ်လိုက်ရသေးတယ်။ စိုက်ပျိုးရေးအတွက် တကယ့်အဖျက်ကောင်တွေပါ။ )
“ သူ့ကိုယ်သူ ဘုန်းကြီးလို့ အမည်ခံပြီး ကျောင်းဆောက်ပြီးကတည်းက တိရစ္ဆာန် လွှတ်ပေးတဲ့ ကုသိုလ်ယူ လှုပ်ရှားမှုတွေ ဒါဇင်နဲ့ချီပြီး လုပ်ခဲ့တယ် …”
“ အဲ့ဒီထဲ တစ်ဝက်လောက်က ဒေသတွင်း ဧရိယာရဲ့ ဂေဟစနစ်အပေါ် ကြီးမားထဲ ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ် ….”
ချန်ယွီ့က [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] လုပ်ခဲ့သည့် တိရစ္ဆာန်လွှတ်ပွဲတော်များအကြောင်း ပြောပြလိုက်သည်။ ကြည့်နေကြသည့် ကြည့်ရှုသူတိုင်း မျက်နှာသွင်ပြင်များ နီရဲပြီး ရှူးရှူးရှားရှားတွေ ဖြစ်နေမိကြ၏။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ရှိသည့် နေရာသို့ အပြေးသွားပြီး ပါးဖြတ်ရိုက်ဖို့ကိုပင် စိတ်မရှည် ဖြစ်လာသည်။
ပြင်ပလူများကပင် ထိုသို့ ဖြစ်နေသည်ဆိုပါက ထိုဒေသခံများဆိုလို့ကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
သက်ရှည်ပက်ကျိများကို နိုင်ငံထဲသို့ စား၍ရသည့် ပက်ကျိဟူ၍ မိတ်ဆက်ပေးခဲ့သော်လည်း ၎င်း၏ အရသာက အင်မတန် ဆိုးရွားလွန်းလှ၏။
တစ်ချိန်တည်းတွင် ထိုပက်ကျိတို့က ကောက်ပဲသီးနှံအညွှန့်တို့အား လွယ်လင့်တကူ စားသုံးနိုင်သည်။ စိုက်ပျိုးရေးလုပ်သည့် တောင်သူဦးကြီးတိုင်းက သက်ရှည်ပက်ကျိများကို အင်မတန် ရွံမုန်းကြသည်။
ဘာကြောင့်ဆိုတော့ အနှီပက်ကျိတို့က စပါးကို အဓိကထားပြီး စားရတာ နှစ်သက်သောကြောင့်ပင်။
“ အော်မီထော်ဖော်… ကြည့်ရှုသူ ဒကာ၊ဒကာမတို့ .. မင်းတို့က သိပ်သရုပ်ပျက်တာပဲ ….”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]
က လက်ဖဝါးနှစ်ဖက်ကို အတူပူးကပ်လိုက်ပြီး လေးနက်သည့် ဟန်ပန်ဖြင့် “ လောကကြီးထဲ နေထိုင်ကြတဲ့ သတ္တဝါတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ဗီဇအကျင့်ဆိုတာ ရှိတယ် … ဗုဒ္ဓက ကြင်နာတယ် … လောကသတ္တဝါတွေကို ကယ်တင်ပေးတယ် ….”
“ သူတို့ရဲ့ သဘာဝကြောင့်နဲ့ မင်းတို့က ဘာကြောင့်များ သူတို့လေးတွေကို စွန့်ပစ်ရက်နိုင်ရတာလဲ ….”
“ သက်ရှည်ပက်ကျိတွေက ကောက်ပဲသီးနှံတွေကို စားသောက်တယ် … မိကျောင်းခေါင်းတိုငါးတွေက ကန်ထဲက ငါးတွေကို စားတယ် … ဘာလို့ဆို မသိလို့ပဲ ၊ မသိခြင်းဟာ အပြစ်မမည်ပါဘူး ဒကာ၊ဒကာမတို့ ….”
“ ကိုယ်တော်က ကိုယ်တော့်ရဲ့ ဆည်းကပ်သူတွေကို ဦးဆောင်ပြီး သူတို့လေးတွေကို လွှတ်ပေးတယ် … ကိုယ်တိုင်အတွက် ကုသိုလ်ရသလို တစ်ဖက်တစ်လမ်းကနေ အဲ့ဒီသက်ရှိလေးတွေရဲ့ ဗောဓိနှလုံးသားကို လှုံ့ဆော်ပေးဖို့လည်း ဖြစ်တယ် …”
“ ဘုန်းကြီးတို့ လူသားတွေရဲ့ အကုသိုလ်တွေဟာ သိပ်နက်ရှိုင်းလွန်းတယ် ….”
“ အဲ့ဒီ ကန်ထဲမှာ စားခံလိုက်ရတဲ့ ငါးတွေကကျတော့ အရင်ဘဝက မကောင်းမှုတွေ ကျူးလွန်ခဲ့တဲ့ လူသားတွေပဲ ….”
ကြည့်ရှုသူများမှာ အချင်းချင်း ပြန်ကြည့်မိလိုက်ကြသည်။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ ပြောစကားအရဆိုပါက သူလုပ်နေသည့် ကောင်းကျိုးမပေးသည့် လုပ်ရပ်များအားလုံးက မှန်ကန်နေပြီး မကောင်းမှုလုပ်သည့် လူသားတို့က အနှီ ငါးများ ဖြစ်လာသလို ၊ ဒါမှမဟုတ် အခြားသေးမွှားသည့် တိရစ္ဆာန်လေးများ ဖြစ်လာပြီး ကျူးကျော်မျိုးစိတ်တို့၏ စားသောက်စရာ ဖြစ်သွားခဲ့သည်။
‘ဝဋ်’ဆိုတဲ့ အရာက ဒါမျိုးကို ခေါ်တာလား …
“ ဒကာတော်ချန် … မင်းပြောခဲ့တာ ကိုယ်တော်က ကိုယ့်ဒကာတွေနဲ့ တိရစ္ဆာန်လွှတ်ပေးတာကို မကောင်းတဲ့ လုပ်ရပ်လို့ ဒကာတော် ပြောခဲ့တယ်နော်…”
“ ကိုယ်တော်က ကိုယ့်ဒကာ၊ ဒကာမတွေကို ကုသိုလ်ရစေချင်လို့ ကူညီပေးနေရုံသပ်သပ်ပဲ … သတ္တဝါတိုင်းက သက်ရှိတွေပဲ … ခွဲခြားတယ်ဆိုတာ မဖြစ်သင့်ဘူး ….”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]သည် ပေါက်ကရများ ဆက်ပြောနေပြီး သူ မှန်သည်ထင်ရာကို ချက်ကျလက်ကျနှင့် ပြောဆိုနေဆဲပင်။
ကြည့်ရှုသူတို့မှာ မည်သို့မျှ သည်းမခံနိုင်ကြတော့ချေ။
“ ဂေဟစနစ် ဖျက်စီးဖို့ ကျူးကျော်မျိုးစိတ်တွေ လွှတ်ပေးပြီး လူကို ထိခိုက်စေတာက ကုသိုလ်ရဖို့ပေါ့ ဟုတ်လား … ကျန်တဲ့ ဒုစရိုက်သမားတွေတော့ ငရဲကျမကျတော့ မသိဘူး ၊ ခင်များကြီးကတော့ ငရဲ ၁၈ ထပ်ကို တစ်ထပ်ပြီး တစ်ထပ်ကျမှာ သိလား စောက်မြည်းကတုံးကြီး ….”
“ တကယ်လို့ ခင်များ ကုသိုလ်လိုချင်တယ်ဆိုလည်း စေတနာ့ဝန်ထမ်းအလုပ် တစ်ခုခု လုပ်ပါလား ….”
“ ဟင်း … လူတွေ လူတွေ … တယ်လည်း ကြောင်သူတော်နိုင်ကြပါလားနော်…”
“ ပြောရရင် မိကျောင်းခေါင်းတိုငါး တော်တော်များများက အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးကြတာ … သူတို့ပိုင်ရှင်တွေက သူတို့ကို ဆက်ပြီးလည်း မကျွေးမွေးနိုင်တော့ဘူး … ဒါပေမယ့် သူများကိုလည်း မပေးချင်တဲ့ အချိန်မှာ သူတို့တွေက ရေထဲလွှတ်ပေးဖို့ကို ရွေးချယ်လိုက်ကြတာပေါ့ … စိတ်ထဲမှာတော့ ကိုယ်ပျော်ရာ အရပ်ကို သွား … ကုသိုလ်ရတယ်ပေါ့ …”
“ ပြီးတော့လည်း ပြောရရင် မိကျောင်းခေါင်းတိုငါးတွေ မွေးတာက တရားမဝင်တာ မဟုတ်ဘူး … တရားဝင်ပဲ တင်သွင်းလာတာ … နိုင်ငံခြားမျိုးစိတ်တွေလို့ သတ်မှတ်လို့ရတယ် … ကျူးကျော်မျိုးစိတ်တော့ မဟုတ်ဘူး ….”
“ အဓိကက ပြစ်ဒဏ်စီရင်တဲ့ အပိုင်းပဲ …. အဲ့ဒီငါးတွေကို ရေထဲပြန်လွှတ်ကြတဲ့ လုပ်ရပ်ကို သက်ဆိုင်ရာကလည်း ဘာအပြစ်မှမပေးဘူး ….”
“ ဒီလိုလူစားမျိုးတွေက နောက်ကွယ်မှာ တကယ့်ကို တစ်ကိုယ်ကောင်းဆန်ကြတဲ့ မျိုးမစစ်တွေ ….”
“ တိရစ္ဆာန်လွှတ်ပေးတဲ့ပွဲတွေမှာ ဝင်နွှဲကြတဲ့လူတွေကလည်း ချမ်းသာပြီး အားယားနေကြတဲ့ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေပဲ များတယ် … သူတို့ ငယ်တုန်းက မကောင်းမှုတွေ မှန်သမျှ အကုန်လုပ်၊ ဆိုးလို့ဝတော့ အရွယ်လေးကလည်း ရပြီ … အဲ့မှာ ဗုဒ္ဓကို စပြီး ယုံကြည်လာကြတော့တာပဲ…”
“ ပြောချင်တာက ဒီလိုလုပ်ရပ်မျိုး လုပ်ကြတဲ့လူတွေက ပိန်းတိန်းပြီး ပျင်းရိအားယားနေကြတဲ့ကောင်တွေပဲ …”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ နှုတ်ခမ်းထောင့်စွန်းတို့ ဆတ်ခနဲ တစ်ချက် တုန်ယင်သွားခဲ့သည်။ သူ ဒေါသထွက်ချင်သော်ငြားလည်း ဖန်တီးထားသည့် ကိုယ်ဟန်လေး ပျက်ယွင်းသွားမှာကို စိုးရွံ့နေမိသည်။
“ မဟုတ်ဘူး မဟုတ်ဘူး … ကိုယ်တော့်ကို ယုံကြည်သူတွေထဲမှာ အသက်ကြီးပိုင်းတွေပဲရှိတာ မဟုတ်ဘူး … ဒကာတို့လို လူငယ်တွေလည်း အများကြီးပါတယ် …”
“ ဒီလူတွေက တိရစ္ဆာန်တွေလွှတ်ပေးပြီး ကုသိုလ်စုဆောင်းနေတာ အတော်တောင် ရနေပြီ … သူတို့ရဲ့ ကျန်းမာရေးတွေ တိုးတက်လာရုံတင်မကဘူး … သူတို့ မိသားစုဝင်တွေလည်း အကျိုးအမြတ်တွေ ရတယ် …”
“ ကိုယ်တော့်ရဲ့ ယုံကြည်သူတစ်ယောက်ဆိုရင် သူဆို အရင်က စိတ်ကျရောဂါကို ခံစားနေရတာ … ဗုဒ္ဓဘာသာထဲ ကူးပြောင်းလာပြီးကတည်းက စိတ်ကျရောဂါလည်း ပျောက်သွားရုံတင် မကဘူး … သူ့ရဲ့ အကျင့်စရိုက်ကလည်း နွေးနွေးထွေးထွေးနဲ့ တောက်ပလာတယ် …”
“ လောကလူသားတွေက ပညာမဲ့ပြီး မသိနားမလည်ကြဘူး … အမှားတွေကို ဘာမဟုတ်တဲ့အတိုင်း လုပ်တတ်ကြတယ် …”
“ ကိုယ်တော်လျှောက်ရမယ့် လမ်းက အရှည်ကြီး ကျန်နေသေးတယ် … ဗုဒ္ဓရဲ့ အယူဝါဒတွေ ပြန့်ပွားရမယ်ဆိုတဲ့ ကြီးမြတ်တဲ့ တာဝန်ကို ထမ်းဆောင်ဖို့အတွက်ပေါ့ ….”
သူ့စကားဆုံးသည်နှင့် အမျိုးသမီးငယ်လေး တစ်ဦး၏ အသံက လိုက်စထွင်းခန်းထဲသို့ ထွက်ပေါ်လာသည်။
“ ဆရာတော် … လူစုံနေပါပြီရှင့် … ကျွန်မတို့ ဘယ်အချိန်လောက် စထွက်ကြမလဲ ….”
အသံနောက်တွင် သေးသွယ်ပြီး သွက်လက်ဖျက်လတ်သည့် မိန်းမငယ်လေးတစ်ဦးက စခရင်ထက်၌ ပေါ်လာခဲ့သည်။
“ အားဟွေ့ … နင် ရောက်လာတာ အချိန်ကိုက်ပဲ … ဒကာတော်ချန်က ငါတို့လုပ်တဲ့ ကောင်းမှုတွေကို မေးခွန်းထုတ်နေတယ် … သူ့လိုက်စထွင်းထဲက ကြည့်ရှုသူ တော်တော်များများရောပဲ …”
“ နင် ဘယ်လိုတွေ ဖြစ်ခဲ့တယ်ဆိုတာ ပြောပြပြီး ဗုဒ္ဓရဲ့ ကရုဏာတော်ကို လူတိုင်းသိအောင် ပြောပြလိုက်စမ်းဟာ …”
“ ငါ အပြင်ထွက်ပြီး စေတနာရှင်တွေကို နောက်လာမယ့် စစ်ဆင်ရေးကိစ္စအကြောင်း သွားပြောလိုက်ဦးမယ် …”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အားဟွေ့၏ နားထဲသို့ စကားအနည်းငယ်ခန့်ကို တီးတိုးပြောလိုက်သည်။
အားဟွေ့က ခေါင်းတဆတ်ဆတ်ညိတ်ရင်း [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ထွက်ခွာသွားသည်အား ကြည့်ရှုနေခဲ့လေသည်။