အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
Chapter 63
နီညိုရောင် အရောင်အဆင်းရှိသော တိမ်လွှာများပေါ်သို့ မဲမှောင်နေသည့် တိမ်လွှာများမှာ ဖုံးလွှမ်းသွားခဲ့ပြီး မိုးကောင်ကင်ကြီးမှာ မဲမှောင်သွားခဲ့၏။
ညနေ ခြောက်နာရီ၌ ကျန်းကောသည် ဟိန်းတျန့် ဟွားမိန်ဟိုတယ်၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။
သူသည် အမြန်ရောက်ချင်သောကြောင့် အမြန်ရထားစီး၍ ခရီးဆက်လာခဲ့ပြီး ဟွားမိန်ဟိုတယ်လို့ ရောက်ရန် အငှါးကားတစ်စီးအား အလျင်အမြန် ငှါးခဲ့လေသည်။
အကယ်၍ သူသည် ခရီးချိန်ကြာရှည်နေပါလျှင် ရှချန်းချန်း ပျောက်သွားမည်ကို ကြောက်လန့်နေခဲ့၏။
သူ ဟိုတယ်သို့ ရောက်သည့်အချိန်၌ ကျန်းကောတွင် ဖုန်မှုန့်များဖြင့် ဖုံးနေခဲ့ပြီး သူ၏ ခေါင်းမှာလည်း ချာချာလည်နေလေသည်။
သို့သော် ကံကောင်းစွာဖြင့်ပင် သူ ခန်းမထဲ၌ check-in လုပ်နေသည့်အချိန်၌ ရှချန်းချန်းကို မြင်လိုက်လေသည်။
သူမသည် ခါးတွင် အဖြူရောင် ပိုးသား ခါးပတ်နှင့် ရိုးရှင်းသည့် အနက်ရောင် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။
သူမမှာ ဆွဲဆောင်မှုရှိ၍ ကြော့ကြော့မော့မော့ ပုံစံ ရှိနေလေသည်။ အနက်ရောင် mask နှင့် နေကာမျက်မှန်ကိုလည်း ဝတ်ဆင်ထားပြီး ဘေးတွင် လက်ထောက်များနှင့် ပရိတ်သတ်များမရှိသော်လည်း သူမသည် ကြယ်ပွင့်လေးတစ်ပွင့်ကဲ့သို့ တောက်ပနေဆဲ ဖြစ်သည်။
အနီးနားတွင် အနက်ရောင် ဝတ်ဆင်ထားသော စားပွဲထိုးများသည် သူမ၏ ခရီးဆောင်အိတ်များအား Bentley ကားထဲသို့ ထည့်ပေးနေလေသည်။
သူမအား လချီ၍ ရှာဖွေခဲ့ရခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိုးရိမ်ပူပန်မှုများနှင့် ဒေါသများသည် ချက်ချင်းပဲ ထွက်ပေါ်လာခဲ့ပြီး ကျန်းကောသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ လျှောက်သွားခဲ့၏။
“ရှချန်းချန်း မင်းက ဒီမှာပဲ၊ မင်းက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ဆက်သွယ်ဖို့အချက်အလက်တွေကို block ထားရဲတာလဲ၊ မင်း အနုပညာလောကထဲမှာ ဆက်နေချင်သေးရဲ့လား”
သူ ရှေ့ကိုတိုးလာပြီး ရှချန်းချန်းကို Bentleyကားထဲက ဆွဲခေါ်ရန်လုပ်လိုက်သည့်အချိန်မှာ အနက်ရောင် ဝတ်ထားသော စားပွဲထိုးက ဓားတစ်လက်လိုပဲ ထက်ထက်မြက်မြက်နှင့် သူ့အရှေ့တ္ငင် ချက်ချင်းပေါ်လာပြီး ကျန်းကောကို မြေကြီးပေါ် သို့လဲကျသွားစေရန် တွန်းထုတ်လိုက်သည်။
ကျန်းကောသည် မြေကြီးပေါ်သို့ လဲကျသွားခဲ့ပြီး သူ၏ နှာခေါင်းမှာ အလွန်မာသည့် ကြမ်းပြင်ဖြင့် ရိုက်မိသွားလေသည်။ သူကြည့်လိုက်သည့်အချိန်၌ နှာခေါင်းသွေးများမှာ စီးကျလာခဲ့သည်။
ရှချန်းချန်းသည် သူမ၏ နေကာမျက်မှန်အား အောက်သို့ချ၍ သူမ၏ အရှေ့တွင်ရှိသော လူကို စိုက်ကြည့်လိုက်ပြီးနောက် ရယ်၍ ပြောလိုက်လေသည်။
“ရှင်က ဘာလို့ ဒီမှာရှိနေတာလဲ”
ကျန်းကောသည် လမ်းတစ်လျှောက်လုံး ခရီးဆက်လာရခြင်းကြောင့် သူ၏ ဒေါသများကို ပေါက်ကွဲရန်နေရာမရှိ၍ ရှချန်းချန်းကို လိုက်ရှာခဲ့ခြင်း ဖြစ်သည်။
သူသည် ရှချန်းချန်းအား သေလောက်အောင်ပင် ဆူချင်သော်လည်း သူမ၏ ဘေးနားတွင်ရှိသော ကြွက်သားများနှင့် ပြည့်နေသည့် စားပွဲထိုးများကို မြင်လိုက်ရသည့်အခါ၌ ကျန်းကောမှာ ခက်ခက်ခဲခဲ မြိုချလိုက်ရလေသည်။
ပြောရမည်ဆိုလျှင် သူတို့သည် စားပွဲထိုးများမဟုတ်ဘဲ ရှချန်းချန်း၏ ကိုယ်ရံတော်များ ဖြစ်ကြလေသည်။
ကျန်းကောသည် ရှချန်းချန်းအား စ၍ ဂရုစိုက်ပေးခဲ့သည့်အချိန်ကတည်းကပင် သူမအား အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့ခြင်းဖြစ်သည်။
ပထမအချက်မှာ ရှချန်းချန်းသည် မကောင်းသည့်သတင်းများ အရမ်းများသောကြောင့် သူမအား ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပါသော်လည်း မည်သည့်ပရိတ်သတ်မှ သူမအား ကာကွယ်ပေးမည်မဟုတ်ပေ။
ဒုတိယအချက်မှာ ရှချန်းချန်းသည် ရှမိသားစု၏ သမီးဖြစ်သော်လည်း ရှယုံဒယ်သည် သူမ အနုပညာလောကထဲသို့ ဝင်ရောက်သွားခြင်းကို သဘောမကျ၍ မည်သည့် အကူအညီမှ မပေးခဲ့ပေ။
ထပ်၍ ပြောရမည်ဆိုလျှင် ယဲ့ရှီဝမ်သည် လျှို့ဝှက်စွာဖြင့် ရှချန်းချန်းအား ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံရန် လှုံ့ဆော်ပေးနေခဲ့ခြင်းကြောင့် ကျန်းကောသည် ရှချန်းချန်းအား အမြဲ အပေါ်စီးကနေ ဆက်ဆံခဲ့လေသည်။ ထိုအကျင့်များသည် ယခုအချ်ိန်ထိပင် မပြောင်းလဲသေးပေ။
သို့သော် ရှချန်းချန်း၏ ဘေးနားတွင် ရှိသော ဓားကဲ့သို့ လျင်မြန်သည့် ကိုယ်ရံတော်များကြောင့် ကျန်းကောမှာ အသိစိတ်ဝင်လာစေခဲ့သည်။
သူ၏ အရှေ့တွင်ရှိနေသော ထိုအမျိုးသမီးသည် အင်တာနက်ပေါ်တွင် blacklistဖြစ်နေသည့် တတိယအဆင့် အမျိုးသမီးဇာတ်ဆောင် တစ်ယောက်မဟုတ်သလို ရှမိသားစု၏ ပစ်ပယ်ခံထားရသော သမီးတစ်ယောက်လည်း မဟုတ်တော့ပေ။ သူမသည် တောက်ပနေသည့် ကြယ်ပွင့်လေး တစ်ပွင့်ဖြစ်ပြီး ရှမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူလည်း ဖြစ်သည်။
သူမသည် သူ ကောင်းကောင်းမွန်မွန်အလေးထား ဆက်ဆံရမည့်သူတစ်ဦးပင် ဖြစ်သည်။
ထို့ကြောင့်ပင် ကျန်းကောသည် သူ၏ မကျေမနပ်မှုများနှင့် ဒေါသများကို မြိုသိပ်လိုက်ပြီး မျက်နှာသာရစေရန် ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ဆုံးဖြတ်လိုက်လေသည်။
“ချန်းချန်း ကျွန်တော်က မင်းရဲ့ မန်နေဂျာပါ ဘာလို့ ဆက်သွယ်ရမဲ့ အချက်အလက်တွေကို blockထားရတာလဲ၊ မင်းက Star အနုပညာကုမ္ပဏီရဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေသေးတာကို မမေ့နဲ့ဦး၊ ကြေညာရိုက်ဖို့တွေရယ် ကုမ္ပဏီနဲ့ စာချုပ် ချုပ်တဲ့ကိစ္စတွေ လည်း လုပ်ဖို့ ကျန်နေသေးတယ်”
ရှချန်းချန်းမှာ အံ့ဩ မှင်သက်သွားခဲ့သည်။
“ကျွန်မ ကြေညာတွေရိုက်ဖို့ ရှိနေသေးတာလား”
ရှချန်းချန်းသည် Star အနုပညာကုမ္ပဏီမှ ထွက်မလာခင်တွင် သူမ၏ အချိန်စာရင်းကို ပြန်ကြည့်ခဲ့လေသည်။
မူလပိုင်ရှင်သည် online ပေါ်တွင် blacklistတင်ခံရခြင်းဖြစ်သောကြောင့် ကိုယ်စားလှယ်သည် သူမအား မည်သည့် ကြေညာမှ ရိုက်ကူးခွင့် မပေးဘဲ တ်ိတ်တိတ်ကလေးသာ နေခိုင်းခဲ့သည်။
ထို့နောက် မူလပိုင်ရှင်သည် ရှဲ့ကျစ်ရှင်းနှင့် စေ့စပ်ခဲ့ခြင်းကြောင့် ရှချန်းချန်းသည် “ရှန်းကျယ်” ဇာတ်ကားတွင် ဒုတိယ အမျိုးသမီးဇာတ်လိုက် နေရာရရှိခဲ့လေ၏။
ကျန်းကော၏ မျက်လုံးများမှာ အလွန်ပင် တောက်ပလာခဲ့သည်။
“ဘယ်သူက မရှိဘူးလို့ပြောလဲ အခု မင်းက အရမ်းအောင်မြင်နေပြီ၊ ရသစုံရှိုးရိုက်ဖို့အတွက်ရယ် ပြီးတော့ အဖွဲ့သားတွေက မင်းနဲ့အတူတူ ရိုက်ကူးချင်လို့ စောင့်နေကြတယ်”
“အို!”
ရှချန်းချန်းမှာ သတိရသွားခဲ့သည်။
“ကျွန်မ မေ့သွားတာ၊ ကျွန်မက အခု ထပ်ပြီး အောင်မြင်နေပြီပဲ”
“မင်း အခုမှ သတိရသွားတာတော့ မဟုတ်ဘူးမလား” ဟု စနစ်မှ ပြောင်သလိုလိုဖြင့် ပြောလာခဲ့သည်။
“မင်း ကျန်းကောကို တမင် blockထားပြီး Starry Sky နဲ့ စာချုပ်သက်တမ်းကုန်တဲ့အထိ အချိန်ဆွဲနေတယ်လို့ ဘာလို့ခံစားနေရတာပါလိမ့်”
ရှချန်းချန်းမှာ ရှက်ရှက်ဖြင့် ပြုံးလိုက်လေသည်။
“ဟီးဟီး နင် သိရင်လည်း တိုးတိုးနေလေ၊ နည်းနည်း အသိဉာဏ်လေး ရှိစမ်းပါ”
“ချန်းချန်း”
ကျန်းကောသည် လေးလေးနက်နက်ဖြင့် ဆွဲဆောင်တော့သည်။
“အရင်တုန်းကတော့ ဒါက ကုမ္ပဏီရဲ့ အမှားပါ ဒါပေမဲ့ အခု ကုမ္ပဏီက မင်းအတွက် ကောင်းတဲ့ ရင်းနှီးမြုပ်နှံမှုတွေ စီစဉ်ပေးနေပြီလေ၊ မင်းက အနာဂတ်မှာ ကုမ္ပဏီရဲ့ အအောင်မြင်ဆုံး အမျိုးသမီးသရုပ်ဆောင်တစ်ယောက် ဖြစ်လာမှာ၊ အဲ့
လောက် သဘောထား မသေးပါနဲ့ ပြီးတော့ ကျွန်တော့်ကို Wechatမှာ ပြန်အပ်ပါဦး၊ ပြီးရင် အစီအစဉ်တွေအကြောင်း စကားကောင်းကောင်းပြောရအောင်လေ”
ရှချန်းချန်းသည် ပြန်ဖြေရန်လုပ်လိုက်သော်လည် သူမ၏ အရှေ့တွင်ရှိသော ကားပြတင်းပေါက်မှာ တစ်ဝက်လောက် ကျလာခဲ့ပြီး ရှဲ့ကျစ်ရှင်း၏မျက်နှာတစ်ဝက်လောက် ပေါ်လာခဲ့လေသည်။ ရှဲ့ကျစ်ရှင်းသည် ထိုကားထဲမှ ထွက်လာရန်စိတ်ပြင်းပြနေသော ကျင်းရိဖန်ကို တားထားလေသည်။
ရှဲ့ကျစ်ရှင်း:“သူက စာချုပ်ထပ်ချုပ်ဖို့အတွက် မင်းကို လှည့်စားနေတာလေ”
Bentley ကားပေါ်တွင် ဘေးချင်းကပ်ရပ်ထိုင်နေသော ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း ကြားရုံမျှသာ ညင်ညင်သာသာဖြင့် ပြောလာလေသည်။
“Starry Skyက ကုမ္ပဏီကောင်းတစ်ခုမဟုတ်ဘူး၊ သူတို့စာချုပ်ကို ရပ်လိုက်တာက ပိုကောင်းတယ်နော်”
ရှချန်းချန်းသည် သဘောတူလိုက်ကာ ခေါင်းငြိမ့်လိုက်လေသည်။
သူမသည် လှည့်လိုက်၍ ကျန်းကော၏ မျက်လုံးထောင့်များကို စိုက်ကြည့်လိုက်ပြီး ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည်။
“တကယ်လို့ ကျွန်မ ရှင်နဲ့အတူ Starry Skyကို ပြန်မလိုက်ခဲ့ရင်ရော”
ကျန်းကော၏ မျက်နှာမှာ ချက်ချင်းပင် မဲမှောင်သွားတော့သည်။
ရိုးရိုးသာမန်အနုပညာရှင်တွေက သူတို့ရဲ့စာချုပ်ကို ပြန်ပြီး ထပ်မချုပ်ကြတော့ဘူးလေ၊ ရှချန်းချန်းက အလားအလာရှိတဲ့ ကြယ်ပွင့်လေး လေးယောက်ထဲက တစ်ယောက်ပဲလေ။
ထို့အပြင် ဒါရိုက်တာဝူနဲ့ သူဌေးသည် ရှချန်းချန်းအား အဓိကထား၍ မေးခိုင်းခဲ့ပြီး သူသည် ရှချန်းချန်းအား Starry Sky သို့ ပြန်မခေါ်ခဲ့နိုင်ပါက မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။
ကျန်းကောမှာ သူ၏မျက်လုံးကို လှိမ့်လိုက်လေသည်။
“ချန်းချန်း ငါတို့မှာ စာချုပ်ရှိပါတယ်၊ တကယ်လို့ မင်းက Starry Skyကို ပြန်လိုက်ဖို့ စိတ်ကူးမရှိတော့ဆိုရင် ငါတို့က ရွေးချယ်စရာမရှိတော့တာမလို့ စာချုပ်ထဲက စည်းကမ်းတွေအတိုင်း ဆောင်ရွက်ရတော့မှာပါ၊ ဆုံးရှုံရမည့်သူက မင်းပဲနော်၊ ဒဏ်ကြေးအနေနဲ့ 5မီလီယမ် ပေးရလိမ့်မယ်”
ရှချန်းချန်းသည် ယခင်က ထိုအရာမှာ အနည်းငယ် ပြသာနာများမည်ဟု ထင်ခဲ့သော်လည်း ဒဏ်ကြေးငွေ ပမာဏကို ကြားလိုက်ရသည့်အခါ၌ မျက်လုံးများမှာ အရောင်တောက်လာခဲ့ပြီး ချက်ချင်းပင် သူမ၏ဖုန်းကို ဆွဲယူလိုက်သည်။
“ဘာလို့ စောစောကတည်းက မပြောတာလဲ၊ 5မီလီယမ်ပဲမလား၊ Wechat လား Alipay လား”
ကျန်းကော : “…..?”
“ ငါ… အဲလိုဆိုလိုတာမဟုတ်ဘူးလေ”
ကျန်းကောသည် အနည်းငယ် အရှက်ရသွားသည့်ပုံ ပေါ်နေခဲ့သည်။
သူက ရှချန်းချန်းကို ဒဏ်ကြေးငွေနဲ့ ခြိမ်းခြောက်ချင်ရုံသက်သက်ပဲလေ။ သူက ဘာလို့ တကယ်ကြီး ပေးရတာလဲ။ 5 မီလီယမ်က အရမ်းနည်းလွန်းပြီးတော့ သူကလည်း ယဉ်ကျေးမှုမရှိသလို ဖြစ်သွားလား။
“မဟုတ်ဘူး ငါမှားသွားတာ 5 မီလီယမ်မဟုတ်ဘူး” ဟု ကျန်းကောမှ မျက်လုံးကို ကလယ်ကလယ်လုပ်၍ လိမ်ပြောလိုက်လေသည်။
“ရှချန်းချန်း ဒါက မင်းရဲ့ အခု ကျော်ကြားမှုအပေါ် မူတည်ပြီး စာချူပ်ဖျက်သိမ်းခရဲ့ ဆယ်ဆ ပေးရမှာ အဲတော့ 50 မီလီယမ်၊ 50 မီလီယမ်ပဲ”
ရှချန်းချန်းသည် သူမ၏ online banking appကို ဖွင့်ရန်လုပ်နေရာမှ ရပ်လိုက်လေသည်။
“ရှင်က ကျွန်မကို အယုံလွယ်တဲ့သူလို့ ထင်နေတာလား၊ ကျွန်မရှင့်ကို 5 မီလီယမ် ပြန်ပေးဖို့တောင် မသေချာသေးတာကို ရှင်က 50 မီလီယမ်ပေးဖို့ လာပြောနေတယ်၊ ရှင်က ကျွန်မကို ခြိမ်းခြောက်ပြီး ငွေညှစ်နေတာပဲ”
ကျန်းကောမှာ ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။
ယခင်အချိန်များ၌ သူသည် ရှချန်းချန်းအား မကြာခဏ လှည့်စားတက်ပြီး ယခင်က သူသည် ထိုသို့ ပြောလိုက်ကာ ရှချန်းချန်းမှ အရူးလုပ်ခြင်း ခံရလေသည်။
သို့သော် ယခုတွင် သူမမျက်လုံးများထဲတွင် တောက်ပ၍ ချွန်ထက်လှသော အကြည့်များရှိနေပြီး ထို အညိုရောင် ဗာဒံပုံစံရှိသော မျက်လုံးများသည် သူ၏ အတွင်းစိတ်အား မြင်နေရသလိုပင် ခံစားနေရပြီး ကျန်းကောမှာ နားလည်ရခက်သော အခြေအနေဖြစ်နေခဲ့သည်။
“မေ့ထားလိုက်တော့”
ရှချန်းချန်းသည် သူမ၏ဖုန်းအား ချထားလိုက်သည်။
“ရှင်က မန်နေဂျာတစ်ယောက်အနေနဲ့ ဒဏ်ကြေးငွေ ပမာဏ အတိအကျကို သိလောက်မှာမဟုတ်ဘူး၊ မနက်ဖြန်ကျရင် ကျွန်မ ရှေ့နေကိုခေါ်လာပြီး ရှင့်အိမ်ကိုလာခဲ့မယ် အဲအချိန်ကြမှ ပိုက်ဆံတွက်ကြတာပေါ့”
“ဒါပေမဲ့….”
ရှချန်းချန်းသည် စကားလမ်းကြောင်းကို ပြောင်းလိုက်လေသည်။
“ခုနတုန်းက ကျွန်မ စိတ်အခြေအနေကောင်းနေတော့ ဒဏ်ကြေးငွေ 5 မီလီယမ် တောင်းရင်တောင် ပေးလိုက်ဦးမှာ ဒါပေမဲ့ အခုတော့ ကျွန်မက စိတ်အခြေအနေမကောင်းတော့ဘူး၊ ရှင်တ်ို့ အနုပညာရှင်တွေကို နှိမ်တာတွေ အလုပ်တွေရပ်ခိုင်းပစ်တာတွေ အတင်းအရက်သောက်ခိုင်းတာတွေ ပြီးတော့ တစ်ခြားအရာတွေရောပဲ အဲကြမှ ကျွန်မတို့သေချာ ဆွေးနွေးကြတာပေါ့၊ ကျွန်မကပဲ ရှင်တို့ကို ဒဏ်ကြေး ပေးရမလား ရှင်တို့ကပဲ အနုပညာရှင်တွေကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေအတွက် လျော်ကြေးပေးရမလားပဲ အဲဒါက ပြောဖို့ခက်ပါတယ်”
ညနေခင်း၏ လေပြေများသည် ဆောင်းဦးရာသီ၏ အေးမြမှုများကို သယ်ဆောင်လာလေသည်။
ရှချန်းချန်းမှာ ပြုံးနေသော်လည်း ကျန်းကောသည် သူမ၏ မျက်လုံးများကို ကြည့်လိုက်သည့်အခါ၌ ထိတ်လန့်စရာကောင်းသည်ဟု ခံစားနေခဲ့ရသည်။
သူသည် သူမအား ၂နှစ်တောင်အောင်ပင် လမ်းပြပေးခဲ့သော်လည်း ယခုတွင် တစ်ခါမျှ မတွေ့ဆုံဖူးသည့် အနုပညာရှင်တစ်ဦးကဲ့သို့ ဖြစ်နေလေသည်။
ရှချန်းချန်းသည် Bentley ကားပေါ်သို့ တက်သွားခဲ့သည်။
Bentley ကားထဲတွင် ရှဲ့ကျစ်ရှင်းနှင့် ကျင်ရ်ိဖန်တို့သည် သူမအား အချိန်အတော်ကြာ စောင့်နေခဲ့လေသည်။
အရှေ့ခုံတွင်ထိုင်နေသော ကျင်းရိဖန်မှ အရင်ပြောခဲ့သည်။
“မရီး ဒါက ဘယ်လို မန်နေဂျာမျိုးလဲ တကယ့်ကို အမှိုက်လိုကောင်ပဲ၊ မရီး တျန်းရှန့်ကို ပြောင်းသင့်တယ်နော်၊ ဒီမျောက်လိုအစ်ကိုကို ခေါ်သွားခွင့်ပြုလိုက်ပါ ဒီStarry Sky က အသုံးမကျတဲ့နေရာပဲ”
ရှဲ့ကျစ်ရှင်းသည် ကျင်ရိဖန်ပြောသည်ကို သဘောတူခဲ့ သော်လည်း “Starry Sky အနုပညာကုမ္ပဏီက အတော်လေး ပြသာနာများတယ်”
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းပြောသော စကား၏ အဓိပ္ပာယ်ကို အမှန်အကန် နားလည်လိုက်လေသည်။
“ရှင်ပြောချင်တဲ့သဘောက Starry Sky အနုပညာကုမ္ပဏီမှာ ပြသာနာရှိနေတာလား”
ရှဲ့ကျစ်ရှင်းမှ ခေါင်းငြိမ့်လိုက်လေသည်။
“ကိုယ်တို့ လက်ထပ်စာချုပ်မှာ လက်မှတ်မထိုးခင်က အထူးလက်ထောက်ကျိုးကို Starry Sky အကြောင်း စုံစမ်းခိုင်းခဲ့တယ်၊ ပြသာနာက ဘာလဲဆိုတာ ကိုယ်တို့ ရှာမတွေ့ခဲ့ပေမဲ့ Starry Sky ရဲ့ ပြသာနာက တော်တော်ကြီးတယ်လို့ ခံစားနေရတယ်”
“ကျွန်မမှာ အကြံတစ်ခုရှိတယ်” ဟုပြောကာ ရှချန်းချန်းသည် Bentley ကားကူရှင်ပေါ်သို့ သက်တောင့်သက်သာဖြစ်စေရန် လှဲချလိုက်သည်။
သူမသည် ယခင်က ဝတ္ထုကို ဖတ်ကြည့်သည့်အချိန်တွင် မူလပိုင်ရှင်၏ အမြင်အရ ရှင်းခုံသည် တစ်ခုခုလွဲချော်နေသည်ဟု သတိထားမိသော်လည်း ဝတ္ထုထဲတွင် မည်သည်က လွဲနေကြောင်းက်ို တိတိကျကျမဖော်ပြထားသည့်အပြင် နောက်ဆုံးတွင် ရှင်းခုံနှင့် ပတ်သတ်သည့် မကောင်းသတင်းများလည်း ဖော်ထုတ်ခံရခြင်း မရှိခဲ့ပေ။
သို့သော် ရှဲ့ကျစ်ရှင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အနည်းဆုံးမှာ ရှင်းခုံသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်းကို သိသွားခဲ့ရသည်။
“ဒါပေမဲ့ ကျွန်မ မှတ်မိပါသေးတယ်၊ ရှဲ့လုပ်ငန်းစုနဲ့ ရှင်းခုံက အတူတူပူးပေါင်းပြီး လက်တွဲကြခဲ့သေးတယ်မလား” ဟု ရှချန်းချန်းမှ ထပ်၍ မေးလာခဲ့သည်။
“ကိုယ် သူတို့နဲ့ မပူးပေါင်းခဲ့ဘူး” ဟု ရှဲ့ကျစ်ရှင်းမှ ရှင်းပြလာခဲ့သည်။
ရှဲ့ကျစ်ရှင်း : “လွန်ခဲ့တဲ့တစ်နှစ်ကတည်းက ရှဲ့ချန်းရယ်နဲ့ သူတို့ စာချုပ်မှာ လက်မှတ်ထိုးထားကြတာ ပြီးတော့ ရှဲ့လုပ်ငန်းစုကို လက်လွှဲယူလိုက်တော့ သူတို့နဲ့ ပူးပေါင်းထားတာကို ရပ်ပစ်လိုက်တာ၊ အဲဒါကြောင့် ရှဲ့ချန်းရယ်နဲ့ သူတို့ဘာတွေ ပူးပေါင်းလုပ်ခဲ့တာလဲဆိုတာကို သေချာမသိဘူး”
ရှဲ့ကျစ်ရှင်း: “ဒါပေမဲ့ အရင်လတုန်းက Starry Skyရဲ့ ဒါရိုက်တာက ကိုယ်နဲ့ပူးပေါင်းဖ်ို့ စိတ်ဝင်စားသေးတယ်ဆိုပြီး ပြောလာသေးတယ်၊ ကိုယ်က အသေးစိတ်မသိတော့ ဖုယန်ရုန်ကို သူတို့စီမံကိန်းရဲ့ ငွေ အဝင်အထွက်ကို စုံစမ်းခိုင်းလိုက်တာ သူတို့ရဲ့အမြတ်က တော်တော်များတယ်”
“သူတို့ရဲ့ အမြတ်ကများတယ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်းသင့်တယ်မဟုတ်လား၊ ကျွန်တော်တို့ ငွေတွေအများကြီးရမှာလေ” ဟု ကျင်ရိဖန်မှ ကြားဖြတ် ဝင်ပြောလာခဲ့သည်။
ရှချန်းချန်းသည် မသေချာသောကြောင့် ငြိမ်ငြိမ်ကလေးသာ နေနေခဲ့သည်။
“ဒီရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလောကက အမြတ်များများရတာကတော့ ပုံမှန်ဖြစ်နေကျအရာပါပဲ၊ ဒါပေမဲ့ လောင်းကစားနဲ့ မတည်ငြိမ်တဲ့ကိစ္စတွေလည်း တော်တော်များတယ်၊ ပြီးတော့ အခြား အကျိုးအမြတ်များတဲ့လောက ကလည်း တရားမဝင်တဲ့လုပ်ငန်းတွေချည်းပဲ”
မည်သည့် တရားမဝင်သည့်လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း မည်သူမှမသိပေ။
မည်သူတစ်ဦးမှ သတိမထားမိလိုက်ခင်မှာပဲ Bentley ကားသည် အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်ရှိနေခဲ့လေသည်။
ကျင်ရိဖန်သည် ကားအရှေ့ခုံတွင်ထိုင်ကာ ယခုတလော သူထောက်ခံပေးထားသည့် မိုဘိုင်း ဂိမ်းကို ကစားနေလေသည်။ ရှဲ့ကျစ်ရှင်းသည် သူ၏အနောက်တွင် ထိုင်ကာ ရွှေရောင်ကွပ်ထားသည့် မျက်မှန်ကို တပ်ဆင်ထား၍ ကုမ္ပဏီ၏ emailများကို ပြန်ဖြေနေလေသည်။
ရှချန်းချန်းသည် ဆိုဖာပေါ်၌ ပစ်လှဲ၍ အိပ်နေလေသည်။
ကားပြတင်းပေါက်၏ အပြင်တွင်ရှိသော ကောင်းကင်မှာ မှောင်ရီလာကာ မဲမှောင်နေသည့် ညတစ်ညဖြစ်ပြီး မြို့၏ မီးခိုးငွေ့အညစ်အကြေးများကြောင့် မည်သည့်ကြယ်မှ မမြင်ရပေ။
အဆုံးမရှိပုံ ပေါ်နေသော လမ်းများသည် လူများအား အမြဲအိပ်ငိုက်နေစေခဲ့သည်။
Bentley ကားသည် မည်မျှမောင်းနှင်ခဲ့ခြင်းကိုပင် မသိခဲ့တော့ပေ။
ရှချန်းချန်းသည် ပြတင်းပေါက်၏ အပြင်ဘက်တွင်ရှိသော မြင်ကွင်းကို ကြည့်နေခဲ့ပြီး သူမသည် တစ်စုံတစ်ခုအား စဉ်းစားနေသည့် ပုံပေါ်နေ၍ သူမ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေခဲ့သည်။
စနစ်သည် ခုန်ထွက်လာခဲ့ပြီး သူမအား နှစ်သိမ့်ပေးလိုက်သည်။
“Host ရေ၊ မင်းက starry sky နဲ့ ပတ်သတ်ပြီး တစ်ခုခု ဆိုးရွားတဲ့ပြသာနာတွေ ရှာမတွေ့မှာ စိုးရိမ်နေတာလား၊ စိတ်မပူပါနဲ့ မင်းမှာ ငါ ရှိပါတယ်”
“ဟမ်”
အချိန်အတော်အကြာ တွေဝေနေသော ရှချန်းချန်းသည် နောက်ဆုံး၌ စိတ်ရှုပ်နေသည့် မျက်နှာဖြင့် တုံ့ပြန်လာခဲ့သည်။
စနစ်သည် အချိန်ခဏတာ မှင်သက်သွားခဲ့သည်။
“မင်း Starry skyရဲ့ မကောင်းတဲ့ပြသာနာတွေ ဖော်ထုတ်ဖို့ စဉ်းစားနေတာမဟုတ်ဘူးလား”
အနည်းငယ်ကြာသည့်အခါ၌ ရှချန်းချန်းသည် ဖုန်းကို ကိုင်ထား၍ ဖုန်းမျက်နှာပြင်ပေါ်တွင် အဒေါ်လျူနှင့်ပြောထားသည့် chatကို စနစ်မှ မြင်လိုက်လေသည်။
ရှချန်းချန်း : [ အဒေါ်လျူ ညလယ်စာကို ဘာစားရင် ကောင်းမယ်လို့ ထင်လဲ၊ ဖားပြုတ်ကြော်လည်း ကောင်းတယ် ဒါပေမဲ့ ငါးပေါင်းကလည်း သူ့နာမည်နဲ့သူ စားဖို့ တန်တာပဲလေ]
စနစ်: ???
စနစ်: “ကျွန်တော်က မင်းကို နိုင်ငံရယ် လူတွေရယ်အတွက် စိုးရိမ်နေတယ်ထင်နေတာ၊ ဒါပေမဲ့ မင်းက ညလယ်စာ ဘာစားရမလဲဆိုတာကို ငြင်းနေတာလား”
“အဲဒါက မနက်ဖြန်အတွက် ကိစ္စပါ” ဟု ရှချန်းချန်းသည် ယုံကြည်ချက်ရှိရှိဖြင့် ငြင်းခုံနေသော်လည်း ရုတ်တရက်ပင် သူမ၏မျက်နှာမှာ ပြန်၍ ညိုးငယ်သွားခဲ့လေသည်။
“ငါ ဘယ်လိုလုပ်ရမလဲ၊ ငါနှစ်ခုလုံး စားချင်တယ်လေ ဒါပေမဲ့ အခု အရမ်းနောက်ကျနေပြီ၊ စာဖိုးမှူးကျန်းက တစ်ခုလောက်ပဲ လုပ်ပေးနိုင်တော့မှာ၊ နောက်တစ်ခုလုပ်ပြီးလို့ စားရမဲ့ အချိန်ကျရင်လည်း ငါက ဗိုက်ပြည့်နေပြီလေ”
စနစ်:“…”
“တကယ်လို့ ညလယ်စာ စားပြီး ဗိုက်ပြည့်သွားရင်တောင် အချိုပွဲစားဖို့ စဉ်းစားရဦးမယ်”
ရှချန်းချန်းသည် ယွီလန်ယွမ် ပန်းခြံ၏ စာဖိုးမှူးနှင့် ပြောထားသော chatအား ထပ်၍ ဖွင့်လိုက်လေသည်။
“ငါစဉ်းစားလိုက်ပါဦးမယ်၊ karst ချောကလက်ကိတ် စားရင်ကောင်းမလား၊ သရက်သီး ပူတင်းကိတ်စားရင်ကောင်မလား”
( T/N karst ချောကလက်ကိတ်ဆိုတာက ဂျုံမပါတဲ့ ကိတ်မုန့်တစ်မျိုးပါ)
စနစ်: “…”
“မင်း Wechatမှာ အဲစာတွေကို ပြီးအောင်မပို့ခင် ငါမင်းကိုအရမ်း ဝမ်းနည်းစရာကောင်းတဲ့ အရာတစ်ခု ပြောပြမယ်” ဟု စနစ်မှ လေးလေးနက်နက်ပုံစံဖြင့် ပြောလာခဲ့သည်။
ရှချန်းချန်းမှာ ဂရုမစိုက်ပေ။
“ဖားပြုတ်ကြော်နဲ့ ငါးပေါင်းကို တစ်ချိန်တည်းမှာ စားလို့မရတာထက် ပိုပြီး ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စရှိသေးတာလား”
“ရှိတယ် အဲဒါက…”
စနစ်၏ အသံထဲတွင် အနည်းငယ် ပြောင်ချော်ချော်ဖြစ်နေသည့် လေသံ ဖြစ်နေလေသည်။
“ဒီည မင်းရဲ့ အဒေါ်လျူနဲ့ စာဖိုးမှုးကျန်းက ယွီလန်ယွမ်မှာ မရှိကြဘူး”
ရှချန်းချန်း: ???
စနစ်မှ စကားပြောပြီးနောက် အန်တီလျူနှင့် စာဖိုမှူးကျန်းတို့မှ ပြန်လာသည့်စာများကို ရှချန်းချန်းမှ ဖွင့်ကြည့်လိုက်လေသည်။
“မဒမ် စိတ်ကောင်းမပါဘူး၊ သခင်လေးက ဒီနေ့ ကျွန်တော်တို့ကို နားရက်ပေးထားတာပါ”
ရှချန်းချန်းက မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။
ဒါဆို ဘယ်လိုလုပ်ကြမလဲ။
ရှချန်းချန်းသည် သူမ၏ဘေးတွင် အလုပ်လုပ်နေသော ရှဲ့ကျစ်ရှင်းကို ကြည့်လိုက်လေသည်။
“အဒေါ်လျူနဲ့ တစ်ခြားသူတွေအကုန်လုံး ယွီလန်ယွမ်မှာ မရှ်ိကြဘူးလား”
ရှဲ့ကျစ်ရှင်းသည် မျက်မှောင်ကြုတ်လိုက်ကာ သူ၏ မျက်မှန်ကို မ တင်လိုက်ပြီး ရှချန်းချန်းကို စိုက်ကြည့်လိုက်လေသည်။
“မင်း ယွီလန်ယွမ် ပြန်မလာတာ ကြာပြီဆိုတော့ ကိုယ် သူတို့ကို နားရက်ပေးထားတာလေ”
ရှချန်းချန်း : “ကွမ်ကျုံးနဲ့ ယောင်ကျူတို့ရော”
ရှဲ့ကျစ်ရှင်း : “သူက အိမ်မွေးတိရစ္ဆာန် ဆိုင်မှာလေ”
ရှချန်းချန်း : “ကျွန်မရဲ့ ညလယ်စာကရော”
ရှဲ့ကျစ်ရှင်း : “အဲဒါက ကိုယ့်ဟာကို စီစဉ်ရတော့မှာပေါ့”
ရှချန်းချန်း : “မဟုတ်ဘူးလေ၊ ချမ်းသာတဲ့ အမျိုးသားရဲ့ အိမ်မှာ ဘယ်သူမှမရှိကြဘူး ပြီးတော့ ချမ်းသာကြွယ်ဝတဲ့ သခင်မလေးက ညလယ်စာကို ကိုယ့်ဟာကို ပြင်ရမှာတဲ့လား၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဖား ပြုတ်ကြော်နဲ့ ငါးပေါင်း မစားရတဲ့ညတွေကို မုန်းတယ်”
(T/N - ဖား - ပြုတ် ဆိုပြီး ဖားကိုပြုတ်ထားတာလို့ ခွဲဖတ်ပေးပါနော်၊ ဖားပြုတ်ဆိုပြီး ဖတ်မိမှာစိုးလို့ရယ် )
ရှချန်းချန်းသည် လက်သီးများကို ဆုပ်ထားလေသည်။
သူမသည် ဝမ်းနည်းသွားကာ ကား၏ ပြတင်းပေါက်ဘက်ကို ကြည့်လိုက်အခါ၌ ရှုခင်းများမှာ မရင်းနှီးသည့် နေရာဖြစ်ပြီး အသွားအလာများလည်း နည်းသထက် နည်းလာခဲ့သည်။
ရှချန်းချန်းမှာ မျက်မှောင်ကြုတ်လိုက်လေသည်။
“ဒါက ကျန်းချန်ကို ပြန်တဲ့လမ်းမဟုတ်ဘူးလေ”
ရှဲ့ကျစ်ရှင်း : “ကျန်းချန်ကို မပြန်ဘူး”
“ကမ်းခြေကို သွားနေတာ”
မိနစ်အနည်းငယ်ကြာပြီးနောက် Bentley ကားသည် ပင်လယ်ကမ်းခြေ၏ တံတားပေါ်သို့ ရောက်ရှိလာခဲ့သည်။
ဟိန်းတျန့်နှင့် ကျန်းချန်အား ပင်လယ်အော်ဖြင့် ပိုင်းခြားထားလေသည်။ အဝေးပြေးလမ်းမပေါ်မှ မောင်းနှင်လာလျှင် ကွေ့ပတ်မောင်းရန်လိုအပ်သောကြောင့် ယခုတစ်ခေါက်တွင် ရှဲ့ကျစ်ရှင်းသည် driverအား ဆိပ်ကမ်းသို့ မောင်းခိုင်းခဲ့လေသည်။
ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းသည် ကားထဲမှ စိတ်ရှုပ်စွာဖြင့် ထွက်လာခဲ့ကြသည်။
ထိုအရာသည် ပင်လယ်ဆိပ်ကမ်းတွင်ရှိသော သီးသန့် တံတားတစ်ခုဖြစ်လေသည်။ ထိုမြင်နေရသည့် ဆိပ်ကမ်းတံတားတစ်လျှောက်လုံးမှာ မှောင်မဲနေလေသည်။
မိုးကောင်းကင်တစ်ခုလုံးမှာ မှောင်မဲနေခဲ့ပြီး ရေများလည်း နောက်နေခြင်းကြောင့် မည်သည့်အရာကိုမှ မမြင်ခဲ့တော့ပေ။
အရှေ့ထိုင်ခုံတွင် ထိုင်နေသော ကျင်ရိဖန်သည် အကြောဆန့်လိုက်ပြီး ဘေးတစ်ဝိုက်ကို လှည့်ပတ်ကြည့်လိုက်လေသည်။
“ငါတို့ ရောက်လာပြီလား၊ ကျန်းချန်းက အဲလောက် မနီးဘူး မဟုတ်လား”
သူသည် ကားပေါ်မှ ဆင်းရန် ကြိုးစားလိုက်သည့်အခါ၌ driverမှ အလျင်အမြန်ပင် တံခါးကို lock ချလိုက်လေသည်။
“ဒါဘာလုပ်တာလဲ”
ကျင်ရိဖန်သည်လည်း စိတ်ရှုပ်သွားခဲ့သည်။
“ငါ့ကို ဆင်းခွင့်မပေးတာလား”
Driver : “ကျွန်တော်တောင်းပန်ပါတယ်”
“သခင်လေးရဲ့ချစ်လှစွာသော အစ်ကိုဝမ်းကွဲ သခင်လေးရှဲ့က ဒီလိုစီစဉ်ထားတာမလို့ပါ”
ထိုသို့ပြောပြီးနောက် ချက်ချင်းပင် ကားကို အရှိန်မြှင့်၍ ကျင်ရိဖန်ကို ခေါ်ထုတ်သွားခဲ့သည်။
“ဟေး ဟေး ဟေးး ဘယ်ကိုသွားနေတာလဲ”
ကျင်ရိဖန်သည် ကားပြတင်းပေါက်ကို ချကာ ကားထဲမှ လှမ်းအော်လိုက်လေသည်။
“မားမားက မင်းကို ထိန်းသိမ်းဖို့ ငါ့ကိုပြောထားတာ၊ ရှဲ့ကျစ်ရှင်း ဒါဘာလုပ်တာလဲ၊ မရီးကို ထပ်ပြီး တစ်ခုခုန်ှိပ်စက်ဖို့လုပ်မလို့လား မင်းထပ်မလုပ်နဲ့တော့လို့ ငါပြောနေတယ်နော်၊ ဘေဘီလေးတွေ 7ယောက်လောက်တောင်ရှိနေပြီ လူဆန်ဆန်ပြုမူပါတော့”
ရှချန်းချန်း???
ရှဲ့ကျစ်ရှင်း:???
ရှချန်းချန်းသည်လည်း စိတ်ရှုပ်သွားခဲ့လေသည်။
“ရှဲ့ကျစ်ရှင်း ရှင်ဘာတွေလုပ်ဦးမလို့လဲ…”
သူမ စကားပြော၍ မဆုံးသေးခင်မှာပင် ရုတ်တရက် “ဘန်း” ဟူသည့် အသံထွက်ပေါ်လာခဲ့ပြီး ယခင်က တိတ်ဆိတ်၍ မှောင်မိုက်နေသောနေရာသည် ချက်ချင်းပင် နေ့လည်ခင်းတစ်ခုလို လင်းထိန်လာခဲ့သည်။
အထပ်လေးထပ်ပါရှိသော ဇိမ်ခံသဘော်ကြီးသည် ပင်လမ်းနားတွင် ရပ်ထားခဲ့ပြီး ထိုအရာသည် ပင်လယ်ပေါ်တွင် ဆောက်ထားသည့် villa တစ်ခုလိုပင် ဖြစ်နေကာ အလွန်နှစ်သက်ဖွယ်ကောင်းလှလေသည်။
ထို့နောက် ရာချီရှိသော droneများသည် သဘော်ကြီးထဲမှ ထွက်လာခဲ့ပြီး တစ်ခုစီတိုင်းတွင် အရောင်မျိုးစုံပါရှိသည့်အပြင် လေထဲ၌ ပုံစံမျိုးစုံ ရွေ့လျားနေခဲ့ပြီး နောက်ဆုံးတွင် ကြည်နူးဖွယ်ရာကောင်းသော စာကြောင်းတစ်ခုပေါ်လာခဲ့သည်။
ရှချန်းချန်းမှာ မှင်သက်သွားခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် ရုတ်တရက်ပင် သူမ၏လက်အား ညင်ညင်သာသာဖြင့် ကိုင်လိုက်လေသည်။
“ချန်းချန်း ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ”
မွေးနေ့သည် တစ်ပတ်နောက်ကျသွားသော်လည်း ပျော်ရွှင်စရာမွေးနေ့ဖြစ်နေဆဲပင်။
Bentley ကား၏ အင်ဂျင်သံများကြောင့် ကျင်ရိဖန်၏ အော်သံများမှာ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
ထိုဆိပ်ကမ်းနေရာလေးသည် သူတို့၏ ကိုယ်ပိုင်ကမ္ဘာလေး ဖြစ်သွားခဲ့သည်။
ထိုသို့ သာယာကြည်နူးဖွယ်ကောင်းသည့်အချိန်တွင် စနစ်သည် မနေနိုင်တော့၍ ထွက်ပေါ်လာခဲ့သည်။
“Host Hostရေ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေနော်၊ Host ဒီ ဝတ္ထုထဲကို ကူးပြောင်းလာတဲ့အချိန်မှာ ဒါက ပထမဆုံးမွေးနေ့ပဲ”
ရှချန်းချန်းသည် သူမ၏စိတ်ထဲ၌ ပျော်ရွှင်သွားခဲ့ပြီး စနစ်အား ပြန်ပြောလိုက်သည်။
“မင်း အဲဒါကို သိတာ တော်တော်ကြာနေပြီလား”
“ဟီးဟီးဟီးဟီး~”
စနစ်သည် ရှက်ရှက်ဖြင့် ပြုံးလိုက်လေသည်။
“ဗီလိန်အစ်ကိုကြီးက မင်းကို surprise လုပ်ပေးချင်တယ်ဆိုလို့ ငါက သေချာပေါက် ပူပေါင်းပေးရမှာပေါ့၊ ဒီ droneတွေက ဗီလိန်အစ်ကိုကြီး လွှတ်တာဆိုပေမဲ့ ငါက IT အဖွဲ့ကို ထိန်းချုပ်ထားတာလေ၊ အခု ငါ ဒါတွေကို ထိန်းချုပ်ထားတာ အဆင်ပြေရဲ့လား”
“Host ရေ မင်းဘာတွေမြင်ချင်လဲ၊ ငါ မင်းကို အကုန်ပြပေးမယ်”
စနစ်သည် ထိုသို့ပြောပြီးနောက် droneများမှာ ပုံစံအမျိုးမျိုးပြောင်းသွားခဲ့ပြီး ထိုအထဲတွင် ဖား-ပြုတ်ကြော် ၊ ငါးပေါင်း ၊ karst ချော်ကလတ်ကိတ်နှင့် သရက်သီး ပူတင်းတို့ပါဝင်လေသည်။
ရှချန်းချန်းသည် လေထဲတွင် ပြောင်းလဲနေသည့် အမျိုးမျိုးသော ပုံစံများကိုကြည့်၍ မရယ်ဘဲ မနေနိုင်တော့ပေ။
“ငါခန့်မှန်းရသလောက်တော့ မင်းက ငါအဲဟာတွေမစားရလို့ ပျော်နေတာမလား”
“အူးး အူးးး ငါမရတော့ဘူး”
ဟု စနစ်မှ မကျေနပ်သည့်ပုံစံဖြင့် ညည်းညူလိုက်သည်။
“ဖုန်ယန်ရုန်၊ IT အဖွဲ့က ငါ့ကိုရှာတွေ့သွားပြီး error တစ်ခုလို ဆက်ဆံနေကြတယ်၊ ငါ အခုလွတ်လာပြီ နောက်ဆုံးစာကြောင်းက ဗီလိန်အစ်ကိုကြီးကိုယ်တိုင် အတည်ပြုထားတာနော်၊ Hostရေ မျက်တောင်မခတ်လိုက်နဲ့”
drone များသည် စနစ်၏ ထိန်းချုပ်မှုအောက်များမှ လွတ်သွားခဲ့ပြီး အလင်းရောင်များလည်း ချက်ချင်းပင် ပိတ်သွားခဲ့ကာ ကောင်းကင်တစ်ခုလုံး အမှောင်ကျသွားခဲ့သည်။
ကျယ်ပြန့်လှသည့် ကောင်းပင်ကြီးသည် အကန့်အသတ်မရှိသည့် ပင်လယ်ကြီးနှင့် ပေါင်းစပ်သွားကာ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။
အချိန်အနည်းငယ်ကြာပြီးနောက် droneများသည် အသင့်နေရာယူကာ ရုတ်တရက် မီးများပြန်လင်းလာခဲ့သည်။
လေထဲ၌ မူလတွင်ရှိသော ပုံစံအားလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီး စာကြောင်းတစ်ကြောင်းသာ ကျန်ရှိခဲ့လေသည်။
ကိုယ် မင်းကို သဘောကျတယ်။
“ရှချန်းချန်း ကိုယ် မင်းကို သဘောကျတယ်”
ရုတ်တရက် ဖွင့်ပြောခံရခြင်းကြောင့် ရှချန်းချန်းမှာ သတိလက်လွတ်ဖြစ်သွားခဲ့သည်။
သူမ၏ဘေးတွင်ရှိသော အမျိုးသားသည် သူမ၏လက်အား တင်းတင်းဆုပ်ကိုင်ထားပြီး ညလေထုထဲတွင် သူ၏အသံမှာ နက်ရှိုင်းနေ၍ ဆွဲဆောင်မှုရှိနေလေသည်။
“မင်း အခု အဖြေမပေးချင်သေးလည်း ရပါတယ်”
သူသည် ပို၍ နီးကပ်စွာတိုးလာခဲ့ကာ သူ၏ စကားသံများသည် သူမ၏ နားထဲတွင် စွဲကျန်နေခဲ့ပြီး ပူရှိန်းရှိန်း ဆေးရွက်ကြီး အနံ့များသည် သူမ၏ အတွေးများကို ယစ်မူးသွားစေခဲ့သည်။
“ကိုယ်က မင်းကို ဒီအတိုင်း သိစေချင်လို့ပါ”
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းမှ သူ့အပေါ်ထားရှိသည့် ခံစားချက်များသည် အခြားသူအပေါ် သူမထားရှိသည့် ခံစားချက်များနှင့် မတူကြောင်းကို ရိပ်မိထားခဲ့၏။
သို့သော် ထိုခံစားချက်သည် တစ်ယောက်ယောက်ကို သဘောကျသည့်အဆင့်ထိပင် မရောက်သေးပေ။
မူလ၌ ရီကျစ်ခိုင်၏ ညွှန်ကြားပေးမှုများအရ ရှဲ့ကျစ်ရှင်းသည် သူ၏ ခံစားချက်များကို စောစောထုတ်မပြသင့်ပေ။
အချစ်ရေးရာကိစ္စများတွင် အရင်ချစ်မိသူမှာ ရှုံးနိမ့်ရလေသည်။
သို့သော် ရှဲ့ကျစ်ရှင်းသည် အလွန် ရှုံးနိမ့်နေသည်ဟု ခံစားနေခဲ့ရသည်။
အဲဒါကြောင့် သူ့ကို အသိပေးလိုက်ရင်ရော ဘာဖြစ်နိုင်မလဲ။
သူသည် သတိမထားမိဘဲ ရှချန်းချန်း၏ လက်အား ပို၍ တင်းကြပ်အောင် ကိုင်လိုက်လေသည်။
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းအပေါ် သဘောကျသည်၊ မကျသည်ကို တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။
ရှဲ့ကျစ်ရှင်းသည် အရမ်းချောမောသည် ထို့ကြောင့် သူ၏ ပုံမှန် ပရောပရည်လုပ်သည့် စကားများသည် သူမ၏ နှလုံးသားကို အကြောင်းပြချက်မရှိဘဲ မကြာခဏ ခုန်နေစေခဲ့သည်။
သို့သော် ဤစိတ်ကူးယဉ် ဝတ္ထုအကြောင်း ပို၍ သိလာသည့်အခါတွင် သူမ၏ အရှေ့တွင် ရပ်နေသော သူမှာ အကောင်းဆုံး စာရွက်ပေါ်မှ ပုံလေးတစ်ခုပင် ဖြစ်သည်။
စာရွက်ပေါ်မှ ပုံလေးတစ်ခု၏ fan girlလုပ်သည်မှာ အဆင်ပြေသော်လည်း မည်သူမျှ စာရွက်ပေါ်မှ ပုံလေးတစ်ပုံနှင့် တစ်ဘဝလုံး ကုန်ဆုံးရန် စိတ်ကူးကြမည်မဟုတ်ပေ။
သို့သော် ရှချန်းချန်းသည် “ကိုယ် မင်းကို သဘောကျတယ်” ဟု ဖွင့်ပြောခံလိုက်ရခြင်းကြောင့် သူမ ရင်ခုန်သွားခဲ့သည်ကို ဝန်ခံနိုင်လေသည်။
ရှချန်းချန်းသည် ညကောင်းကင်ပေါ်မှ စကားလုံးလေးလုံးကို ကြည့်လိုက်ပြီး သတိထားမိဘဲ ရှဲ့ကျစ်ရှင်းနားသို့ အနည်းငယ် တိုးလာခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် အနက်ရောင်အင်္ကျီကို ဖြတ်လာသည့် အေးစက်နေသည့် ပိုးသားအကျီ၏ ထိတွေ့မှုကို ခံစားလိုက်ရပြီး ထိုထိတွေ့မှုမှာ ကျောက်စိမ်းပြားလိုပင် အေးစက်နေခဲ့ပြီး ထိုအရာပေါ်တွင် အနီရောင်မက်မွန်ပွင့်လေးတစ်ခု ချန်ထားခဲ့ချင်သည့်စိတ်ဖြစ်ပေါ်လာစေလေသည်။
သူ၏ နှုတ်ခမ်း ထောင့်စွန်းများမှာလည်း သတိမထားမိဘဲ ကွေးညွှတ်သွားခဲ့သည်။
လေထဲတွင်ရှိသော droneများသည် ပုံဖော်ပြသ၍ ပြီးသွားကြသောကြောင့် နောက်ဆုံးတွင် ဇိမ်ခံသင်္ဘောကြီးထဲသို့ ပြန်ဆင်းသက်သွားကြတော့သည်။
ရှချန်းချန်းသည် ဇိမ်ခံသင်္ဘောကြီးကို စိုက်ကြည့်လိုက်ပြီး တမင်တကာ ပြောလာလေသည်။
“ဒီ ဇိမ်ခံသဘော်လေးပဲလား”
စနစ်က စုစုပေါင်း လက်ဆောင် သုံးခုပေးမှာလို့ ပြောခဲ့တာမဟုတ်ဘူးလား။
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ ခေါင်းကို ပွတ်၍ ပြောလာလေသည်။
“မင်း သင်္ဘောပေါ်ရောက်ရင် သိလိမ့်မယ်”
နှစ်ယောက်လုံးသည် ဇိမ်ခံသင်္ဘော၏ ကုန်းပတ်သို့ ရောက်ရှိလာခဲ့သည်။
ကုန်းပတ်အပေါ်၌ အလွှာ သုံးလွှာပါရှိသည့် ကိတ်မုန့်တစ်လုံးရှိနေပြီး အလွှာတစ်ခုစီတိုင်းတွင် မတူညီသည့်အရသာရှိသော အသီးများ ၊ ပူတင်းများကို ညှပ်ထည့်ထားလေသည်။
အမျိုးမျိုးသော စားကောင်းသောက်ဖွယ်များ ခင်းကျင်းထားပြီး ဘေးတစ်ဝိုက်တွင် ဖားပြုတ်ကြော် ၊ ငါးပေါင်းနှင့် ကုန်းပေါင်ကြီးကြက်ကြော်တို့လည်း ပါရှိလေသည်။
ရှချန်းချန်းမှာ ပြုံးလိုက်လေသည်။
“ဒါတွေအကုန်လုံး အတူတူစားလို့ မဖြစ်ဘူးလေ”
ရှဲ့ကျစ်ရှင်းမှ ပုခုံးတွန့်ပြလိုက်လေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းကြိုက်ရင် ပြီးတာပဲလေ မဟုတ်လား”
ထိုစားကောင်းသောက်ဖွယ်များ၏ ဘေးတွင် မတူညီသည့် ဖဲပြားအရောင်များနှင့် ချည်ထားသည့်လက်ဆောင် ပုံး သုံးပုံးရှိနေခဲ့သည်။
ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏လက်ကို ကိုင်ထားလျက် ထိုလက်ဆောင်ပုံးများထံသို့ သွားလိုက်လေသည်။
စနစ်သည် သူမအား ထိုလက်ဆောင်နှစ်ခုအကြောင်းကို ကြို၍ ပြောပြထားပြီဖြစ်၍ ကြိုသိနေသော်လည်း သူသည် စိတ်လှုပ်ရှားသည့်ပုံစံ ဟန်ဆောင်လိုက်လေသည်။
“ဒါက ရှင် ကျွန်မကို ပေးတဲ့လက်ဆောင်တွေ ဟုတ်တယ်မလား”
ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ ပျော်ရွှင်မှုကြောင့် အနည်းငယ် ဘဝင်ခိုက်သွားသော်လည်း တမင်တကာ တည်ငြိမ်သည့် အသံဖြင့် ပြောလာခဲ့သည်။
“ဖွင့်ပြီး ကြည့် ကြည့်လိုက်လေ”
ရှချန်းချန်းသည် ပထမပုံးကို ဖွင့်လိုက်သည့်အခါ၌ သော့နှစ်ချောင်း ထွက်လာခဲ့လေသည် ၊ တစ်ချောင်းမှာ ဇိမ်ခံသဘော်အတွက်ဖြစ်ပြီး နောက်တစ်ချောင်းမှာ ကျန်းချန်တွင် ရပ်ထားသည့် ကိုယ်ပိုင်ဂျက်လေယာဉ်အတွက် ဖြစ်သည်။
စနစ်သည် စိတ်အားထက်သန်စွာဖြင့် ပေါ်လာခဲ့သည်။
“ကြည့်လိုက် ကြည့်လိုက်၊ ငါ ပြောမှန်တယ် မဟုတ်လား”
ရှချန်းချန်း၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။
“အို ကျွန်မ လောင်ကုန်းက အရမ်းချမ်းသာတာပဲ”
အရမ်းသဘောကျတာပဲ။
ဒုတိယလက်ဆောင်တစ်ခုမှာ လင်းယွီ Villa ၏ ပိုင်ဆိုင်ကြောင်း စာချုပ်ဖြစ်လေသည်။
ရှချန်းချန်းသည် အလွန်ပင် ကျေနပ်နေခဲ့သည်။ ထိုအရာသည် အချိန်အတော်အကြာ သံသရာလည်နေပြီးနောက် နောက်ဆုံးတွင် သူမထံပြန်ရောက်ရှိလာမည်ဟု မတွေးခဲ့ဖူးပေ။
တတိယ လက်ဆောင်မှာ..
ရှချန်းချန်းမှာ စိတ်လှုပ်ရှားလာခဲ့သည်။
စနစ်သည် ယခင်က တစ်ခြားလက်ဆောင်များကို ပြောပြခဲ့သော်လည်း တတိယလက်ဆောင်အား တမင်တကာ လျှို့ဝှက်ထားခြင်း ဖြစ်သည်။
တတိယလက်ဆောင်က ဘာများဖြစ်နေမလဲ။
သူ အဲတုန်းက ဘာလို့ မပြောရဲတာလဲ။
စနစ်သည် လက်ဆောင်ပုံးကို scanဖတ်လိုက်ပြီးနောက် “ ဟမ်” ဟု ပြောလာခဲ့သည်။
“ဘာဖြစ်လို့တုန်း” ဟု ရှချန်းချန်းသည် သူမ၏စိတ်ထဲမှ စနစ်ကို မေးလိုက်သည်။
စနစ်: “ ဒါက ရှဲ့ကျစ်ရှင်း အရင်တစ်ခေါက်တုန်းက ပေးချင်နေတဲ့ တတိယလက်ဆောင်မဟုတ်ဘူးလား”
“အရင်တစ်ခေါက်တုန်းက နောက်ဆုံးလေလံစွဲခဲ့တဲ့ ပန်းရောင်စိန်လက်စွပ်လေ”
ရှချန်းချန်းသည် အံ့ဩသွားခဲ့ပြီး ရုတ်တရက်ပင် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။
ယခင်ညတွင် ရှဲ့ကျစ်ရှင်းသည် အိပ်ရာပေါ်သို့ လှဲချ၍ အလုပ်လုပ်နေခဲ့သည်။ ရှချန်းချန်းသည်လည်း အိပ်မပျော်သောကြောင့် အိပ်ယာပေါ်တွင် လှဲကာ သူမ၏ tabletကို ယူ၍ သူမအားပေးထားသည့် အမျိုးမျိုးသော တန်ဖိုးမြင့်သည့် လက်ဝတ်ရတနာ brandများကို ကြည့်နေခဲ့သည်။
သူမသည် အနက်ရောင်စိန်ဆွဲကြိုးမှာ ၁၀၀ မီလီယမ်တန်သည်ဟု မြင်လိုက်သည့်အခါ၌ ရှချန်းချန်းမှာ အာမေဍိတ်အသံတစ်ခု ထွက်လာခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် လှည့်ကြည့်လိုက်သည့်အခါ၌ tabletပေါ်တွင် ပေါ်နေသော ကြီးမားလှသည့် အနက်ရောင် စိန်ဆွဲကြိုးကို သတိထားမိသွားခဲ့သည်။ သူသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မေးလာခဲ့လေသည်။
“မင်း ပန်းရောင်စိန်ကို မကြိုက်ဘူးလား”
“ ကျွန်မ ဘယ်အချိန်ကစပြီး ပန်းရောင်စိန်တွေကို ကြိုက်တာလဲ” ဟု ရှချန်းချန်းမှ စဉ်းစားမရသည့် ပုံစံဖြင့် မေးလာခဲ့သည်။
“ကျွန်မက အမြဲတမ်း အရွယ်အစားကြီးပြီး စျေးကြီးတဲ့ လက်ဝတ်ရတနာတွေအကုန်လုံးကို ကြိုက်တာမဟုတ်လား၊ အဲဒါက တန်ဖိုးရှိနေသရွေ့ အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊အပြာ ဒါမှမဟုတ် ခရမ်းရောင် အကုန်လုံး အဆင်ပြေပါတယ်၊ ဘယ်သူက ပန်းရောင်ပဲ ဖြစ်ရမယ်လို့ ပြောလို့လဲ”
ရှဲ့ကျစ်ရှင်း :"..."
ရှဲ့ကျစ်ရှင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး မှင်သက်နေခဲ့သည်။
“ဒါဆိုရင် ဘာလို့ ပန်းရောင်စိန်လက်စွပ်ကို ဟန်ကျားလင်းနဲ့ပြိုင်ပြီး လေးလံဆွဲခဲ့တာလဲ”
“ပန်းရောင် စိန်လက်စွပ်လား”
ရှချန်းချန်းသည် သူမ၏ ခေါင်းအား တစ်ဖက်သ်ို့ စောင်းလိုက်ပြီး ခဏတာစဉ်းစားပြီးနောက် ပန်းရောင်လက်စွပ်မှာ မည်သည့်ပုံစံရှိသည်ကို သတိရသွားလေသည်
သူမသည် ရှက်ပြုံးလေး ပြုံးလာခဲ့သည်။
“ကျွန်မက အဲအရူးကောင် ဟန်ကျားလင်းကို ပရဟိတ အတွက် ပိုက်ဆံပိုသုံးစေချင်လို့ လှည့်စားလိုက်တာပါ၊ အဲဒါအပြင် ဘယ်သူက ၃၀မီလီယမ်တန် စိန်ကို ၁၀၀မီလီယမ်နဲ့ ဝယ်မှာလဲ တကယ်ကို အရူးကောင်ပဲ၊ အို ဒါနဲ့လေ အဲတုန်းက ဟန်ကျားလင်းမှာ အဲဒါကိုဝယ်ဖို့ ပိုက်ဆံမလောက်ဘူး ဒါဆို သူ့ရဲ့ အရူးတစ်ယောက်က အဲပန်းရောင်စိန်ကို ဝယ်ပေးလိုက်တာထင်တယ်နော်”
ရှဲ့ကျစ်ရှင်း: "..."
သူသည် ရှက်သွား၍ ပါးပြင်များမှာ နီရဲလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်များလည်း တောင့်တင်းလာကာ စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းငြိမ့်လိုက်လေသည်။
ဇိမ်ခံ သင်္ဘောပေါ်၌ ရှချန်းချန်းမှာ အလွန်ပျော်နေခဲ့သည်။
ရှဲ့ကျစ်ရှင်း မနေ့ညက စိတ်ညစ်နေတဲ့ပုံဖြစ်နေတာက အံ့ဩစရာမဟုတ်တော့ပါဘူး။ သူအရူးလုပ်ခံလိုက်ရတာ သိသွားလို့ ဝမ်းနည်းသွားတဲ့ပုံပဲ။
စနစ်: “ဒါပေမဲ့ ဗီလိန်ကြီးကလည်း အရမ်း တော်တာပဲ”
“ငါ စုံစမ်းလိုက်တော့ သူက ပန်းရောင်စိန်ကို ၁၃၀ မီလီယမ်ထိ ထပ် စျေးတင်ပြီး ရောင်းလိုက်တာတဲ့”
ရှချန်းချန်းမှာ မယုံနိုင် ဖြစ်သွားလေသည်။
“ ဘယ်ကနေ လာတဲ့ အရူးလဲ၊ အဲလောက်တောင် အ, တာလား”
“ အဲလူက ဟန်ကျားလင်းပဲ..” ဟု စနစ်သည် အသံကို အနည်းငယ် နှိမ့်ချ၍ ပြောလာလေသည်။
သူမ၏ အရှေ့တွင် တတိယလက်ဆောင် ရှိနေလေသည်။
ရှချန်းချန်းက နှလုံးခုန်နှုန်းများကို ထိန်းချုပ်ထားရတယ်။ အထဲမှာ ဘာများဖြစ်နေမလဲ။
လက်ဆောင်ပုံးကို ဖွင့်လိုက်ပြီးနောက် ရှချန်းချန်းသည် ပုံးထဲမှ စာချုပ်တစ်ခုကို မြင်လိုက်ရသည့်အခါ၌ မှင်သက်သွားခဲ့တော့သည်။
ထိုအရာမှာ အဖြူနှင့်အနက်ဖြင့် ရေးထားသည့် ရိုးရှင်းသော လက်ဆောင်တစ်ခုဖြစ်သော်လည်း ထိုအရာမှာ ပေါင်ချိန် ထောင်ချီ အလေးချိန်ရှိသည့်ပုံ ပေါ်နေခဲ့သည်။
ရှချန်းချန်းသည် သူမ၏ မျက်လုံးများပြူးလာကာ မယုံကြည်နိုင်သည့်ပုံစံဖြင့် စာချုပ်ကို ယူလိုက်လေသည်။
“ ရှင်… ကျွန်မကို ဒါပေးချင်တာလား”
တတိယလက်ဆောင်မှာ တျန်းရှန့် အနုပညာကုမ္ပဏီ၏ ရှယ်ယာများကို ခွဲဝေပေးကြောင်း သဘောတူညီသည့်စာချုပ်ဖြစ်လေသည်။
ထိုအချိန်မှစ၍ ရှချန်းချန်းသည် တျန်းရှန့်ကုမ္ပဏီ၏ ရှယ်ယာများကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်၏။
Chapter 64
ညသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့ကာ ဟိန်ထျန်းမှ ကျန်းချန်သို့ သွားရာလမ်းရှိ ကမ်းနားတံတားများသည် အမှောင်ဖုံးနေခဲ့သည်။
ပင်လယ်ရေပြင်သည် လူတစ်ယောက်၏ စိတ်ခံစားချက်ကဲ့သို့ပင် အဆုံးမဲ့ဒီရေလှိုင်းများနှင့် လှိုင်းခက်ထန်နေခဲ့ပြီး မြင့်တက်လာလိုက်၊ ကျဆင်းလာလိုက်ဖြစ်နေချေသည်။
လင်လူသည် ပင်လယ်ကမ်းစပ် လမ်းကျယ်တစ်လျှောက် ကားမောင်းနှင်နေသည်။
သူမသည် လမ်းညွှန်ကို ကြည့်၍ သေချာစွာ မောင်းနှင်နေသည်။ သို့သော် ၎င်းက “သင် ထောက်ထားသော လမ်းကြောင်းမှ သွေဖယ်သွားပါပြီ ကျေးဇူးပြု၍ ညာဘက်သို့ ကွေ့ပါ၊ ကျေးဇူးပြု၍ ညာဘက်သို့ ကွေ့ပါ” ဟု အဆက်မပြတ် ပြောနေပေသည်။
ညာဘက်ကို ကွေ့တဲ့၊ အရူးမ
ညာဘက်မှာ အဆုံးမဲ့သမုဒ္ဒရာကြီးဟ!
လင်လူတစ်ယောက် ပင်လယ်ထဲသို့ ကျကာ အသက်ပျောက်ရတော့မည်လော။ မနက်ဖြန်၌ အချစ်ဘလော့ဂါတစ်ဦး ပင်လယ်ထဲသို့ ထိုးကျခြင်းအကြောင်း ခေါင်းစီး သတင်းများ စု၍ ပေါ်လာတော့မည်လား။
လင်လူသည် အချစ်ဘလော့ဂါတစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ အချစ်ဇာတ်လမ်းပေါင်းစုံကို အမြဲလိုလို စုဆောင်းနေတတ်သည်။ ရံဖန်ရံခါ၌ သူမသည် ဖြစ်ရပ်မှန် ဇာတ်လမ်းများကို စုဆောင်းမည်၊ ရံဖန်ရံခါ၌ ရုပ်ရှင်နှင့် တီဗီရှိုးများမှ ချိုမြသော အချစ်ဇာတ်လမ်းများကို ရှာဖွေမည်၊ ရံဖန်ရံခါ၌ သူမသည် အပြင်သို့ ထွက်၍ ဇာတ်လမ်းများကို စုဆောင်းပေမည်။
သို့သော် လင်လူ၏ သွားလာရေးမှာ လတ်တလော၌ အခြေအနေ မကောင်းပေ။
ဖျော်ဖြေရေး ပါပါရာဇီအကောင့်တစ်ခု၏ ရုတ်တရက် ရေပန်းစားလာမှုကြောင့် အင်တာနက်အသုံးပြုသူများသည် “အတင်းအဖျင်းတစ်ပုဒ်၊ အတင်းအဖျင်းငါးပုဒ်” နှင့် “အချိန်စီမံခန့်ခွဲမှုဂုရုတစ်ယောက်၏ တိုက်ရိုက်လိုက်ဖ်လွှင့်မှုမှ သူ၏ဇနီးအပေါ် ဖောက်ပြန်ခြင်း” အစရှိသဖြင့် အတင်းအဖျင်းများကို ဖော်ထုတ်လာကြသည်။
အင်တာနက်အသုံးပြုသူများသည် နာမည်ကြီးများနှင့် ချမ်းသာသည့် မိသားစုများမှာ အချစ်အား ရာဇဝတ်မှုအတွက် အကာအကွယ်အဖြစ် အသုံးပြုပြီး အချစ်ဟူသည့် အမည်ခံဖြင့် ဝိနည်းနှင့်မညီသည့်၊ တရားမဝင်သည့် လုပ်ရပ်များစွာကို ကျူးလွန်လာကြသည်ကို သတိပြုမိကြသည်။ ယင်းအရာကြောင့် အချစ်အပေါ်၌ ယုံကြည်မှု ဆုံးရှုံးသွားကြသည်။
အချစ်ဘလော့ဂါတစ်ဦးအနေဖြင့် လင်လူသည် တကယ်ပင် ဆံပင် အများအပြား ကျွတ်ကာ ခေါင်းပြောင်စပြုနေလေ၏။ သူမသည် နာမည်ပျက်နေသော သူမ၏ ရေပန်းစားမှုကို ပြန်လည်ရရှိနိုင်ရန်အတွက် အထောက်အကူ ပစ္စည်းအသစ်အချို့ကို ရှာဖွေရန် လိုအပ်သည်။
ပင်းဟိုင်ဆိပ်ခံတံတားသို့ ရောက်ရှိလာခြင်းသည် မတော်တဆဖြစ်ရပ်တစ်ခုဖြစ်သည်။
လင်လူသည် မုန့်ရုယန်နှင့် ရီကျစ်ခိုင်တို့၏ ပတ်ဝန်းကျင်မှ လူပြောများနေသည်များကို အခွင့်ကောင်းယူ၍ သီးသန့်အင်တာဗျူးတစ်ခု ပြုလုပ်ရန် ရည်ရွယ်ချက်ကြီးမာစွာဖြင့် ဟိန်ထျန်းသို့ ကားမောင်းလာခဲ့သည်။
သို့သော် လင်လူတစ်ယောက် လမ်းပျောက်နေလေသည်။
တစ်မိနစ်အကြာက ကားဆီကုန်သွားသည်။
ညနက်သန်းခေါင်၌ လင်လူသည် ကားထဲမှ ထွက်လိုက်ပြီး မှောင်မဲနေသည့် ပင်လယ်ပြင်အား စိုက်ကြည့်ကာ သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံလာခဲ့လေသည်။
“ဘုရားက ငါ့ကို သတ်ချင်နေတာပဲ”
ထိုစကားများ သူမ၏ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုက်နက် “ကလန်” ဟူသည့် အသံနှင့်အတူ မှောင်မိုက်နေသော ဆိပ်ခံတံတားသည် ရုတ်တရက် အလင်းရောင်များဖြင့် ထိန်လင်းလာခဲ့ပြီး ကမ်းရိုးတန်းညကို နေ့ခင်းဘက်ကဲ့သို့ ထွန်းလင်းစေခဲ့သည်။
တစ်ချိန်တည်းတွင် မရေမတွက်နိုင်သော ဒရုန်းများသည် မိုးကုတ်စက်ဝိုင်းပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာကြပြီး ပုံသဏ္ဌာန်အမျိုးမျိုးကို ဖန်တီးခဲ့ကြသည်။
လင်လူ၏ ကျွမ်းကျင်မှုသည် သူမအား တစ်စုံတစ်ရာကို သတိပြုမိစေပြီး သူမ၏ ဖုန်းကင်မရာကို လျင်မြန်စွာ ဖွင့်လိုက်သည်။
သူမ ရှာဖွေနေသည့် ဗီဒီယိုများသည် ဤနေရာ၌ သေချာပေါက် ရှိရမည်။
ပထမ၌ ဒရုန်းများသည် “ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ” ဟု ပြောရုံမျှသာ ဖြစ်သောကြောင့် ပုံမှန်ပင်ဖြစ်သည်။
ထို့နောက် ထူးဆန်းသောအရာတစ်ခု ဖြစ်ပေါ်လာသည်။ သူမရှေ့မှ လေယာဉ်ငယ်များသည် အရသာရှိသော ဟင်းပွဲအမျိုးမျိုးကို ဖန်တီးသည်။ အခြောက်ခံထားသည့် ဖားပြုတ်၊ ငါးပေါင်း၊ Karst ကိတ်မုန့်များ…
လင်လူသည် ဗိုက်ဆာလာသည်ကို ခံစားလိုက်ရပြီး တံတွေးမျိုချလိုက်သည်။
နောက်ဆုံး၌ ဒရုန်းများသည် ခေတ္တ မှောင်သွားပြီး မြင်ကွင်းပြီးဆုံးသွားပြီဟူ၍ သူမ ထင်ခဲ့မိသည်။
နောက်တစ်စက္ကန့်တွင် ၎င်းတို့သည် ပြန်လည်အသက်ဝင်လာခဲ့ပြီး စာလုံးကြီးလေးလုံး ပေါ်ထွက်လာသည်။
“ငါ မင်းကို ချစ်တယ်”
“အားးး” လင်လူသည် စိတ်လှုပ်ရှားသွားသည်။
သကြားလုံး၊ သကြားလုံး၊ သကြားလုံး။
သူမ လမ်းမှားနေချိန်တွင်ပင် သကြားလုံးကို ရှာတွေ့နိုင်သည်ဟု မတွေးခဲ့ပေ။
ဒရုန်းဖြင့် ဝန်ခံခြင်းသည် ထူးဆန်းစွာ ကြမ်းတမ်း၍၊ နည်းပညာများစွာ ပါဝင်နေသော်လည်း အနည်းငယ်ချိုမြိန်သည်ဟု ခံစားရသည်။
ထို့ပြင် ဤနည်းပညာများစွာပြည့်စုံသည် ဥက္ကဌမှာ သူချစ်ရသည့်သူအား ကျေနပ်အောင်လုပ်ရန် ဒရုန်းများကိုသာ သုံးခြင်း မဟုတ်လောက်ပေ။ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေပြီးနောက် လင်လူသည် ဝေးလံသော ပင်လယ်ထဲမှ ပေါက်ကွဲသံကဲ့သို့ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ပင်လယ်ထဲရှိ သင်္ဘောတစ်စင်းမှ ကြီးမားသော မီးရှူးမီးပန်းသည် ကောင်းကင်သို့ တက်လာပြီး တောက်ပစွာ
ပေါက်ကွဲထွက်သွားသည်။
မီးရှူးမီးပန်း၏ အလယ်ဗဟိုမှ အရောင်အထပ်ထပ်များသည် တစ်လွှာချင်း၊ ကောင်းကင်ထက်ရှိ ကြယ်ပွင့်များကဲ့သို့ မရေမတွက်နိုင်သော မီးပွားများသည် နောက်ဆုံး၌ ပင်လယ်တစ်ခုလုံးတွင် အဓိပ္ပာယ်မရှိလောက်သည်အထိ တောက်ပနေသည့် ပုံစံတစ်ခုကို ဖန်တီးပေးသည်။
လင်လူတစ်ယောက် တံတွေးမျိုချလိုက်သည်။
အားးးးးး ဒါ..ဒါက လှလိုက်တာာ။
ဒီမီးရှူးမီးပန်းတွေက လှရုံတင်မဟုတ်ဘဲ ဈေးလည်း အရမ်းကြီးတယ်။
ဆိပ်ခံတံတား၌ ယခုအချိန်တွင် ချမ်းသာသောသူတစ်ဦးက သူ၏ အချစ်ကို ဝန်ခံနေခြင်းဖြစ်ရမည်။ သူမ အမြဲတစေ အိပ်မက်မက်နေခဲ့သော ချမ်းသာသည့် အချစ် ကုန်ကြမ်းပစ္စည်း မဟုတ်ပေလော။
အချစ်ကို မယုံကြည်တာ ဘာအဓိပ္ပာယ်ရှိလို့လဲ
ဒါက ဝေးလွန်းတဲ့ ပင်လယ်ကမ်းစပ် ဆိပ်ခံတံတားပေါ်မှာ ဒီလို ရိုးရှင်းပြီး ရိုးသားတဲ့ အချစ်ကို ဝန်ခံတာမျိုး မဟုတ်လား။
လင်လူသည် သူမ၏ ကားထံသို့ အလျင်အမြန် ပြန်သွားသည်။ သူမ ယခုလေးတင် ရိုက်ကူးခဲ့သော ဗီဒီယိုများကို စီ၍ အွန်လိုင်းပေါ်၌ တင်လိုက်သည်။
ဝန်ခံတာလား အသစ်အဆန်း မဟုတ်ပေမဲ့ ဒရုန်းတွေနဲ့ ဝန်ခံမှုကတော့ CP ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်တယ်
[ဟားဟားဟား၊ ဒရုန်းနဲ့ ဝန်ခံတာ၊ ဒါကရော ဘယ်လိုနည်းလမ်းအသစ်လဲ]
[သူဌေးက တကယ် သေချာ စဉ်းစားခဲ့တာပဲ၊ အရမ်းကောင်းတယ်]
[X, အရသာရှိတဲ့ အစားအသောက်တွေ အများကြီးပဲ၊ သူ ဝန်ခံနေတဲ့လူက ဝါးတီးသမားများလား]
[ဘာလို့ လူလူက ရိုးသားတဲ့ သူဌေးရဲ့ ဝန်ခံမှုလို့ ပြောတာလဲ၊ ဒရုန်းနဲ့ ဝန်ခံတာက နည်းပညာပိုင်းက ဂုရုတွေအတွက် မဟုတ်ဘူး]
[အနောက်က မီးရှူးမီးပန်ကြီးးတွေကို မင်း မမြင်ဘူးလား အရမ်းကြီးလွန်းလို့ ဆိပ်ခံတံတားရဲ့ အပိုင်းတွေကိုတောင် ဖုံးသွားတာ၊ ဒါက ဘောစိတစ်ယောက်ရဲ့ လက်ချက်ပဲ]
[သူဌေးက ချမ်းသာတယ်၊ ရိုမန်တစ်ဆန်တယ်၊ သူ့ရည်းစားကို ကျေနပ်အောင်လုပ်ဖို့ ကြိုးစားတယ်၊ ချစ်သူများနေ့အတွက် ပန်းဝယ်ပေးဖို့တောင် ငြင်းခဲ့တဲ့ ကျွန်မယောင်္ကျားနဲ့ အကွာကြီး၊ ဒါကြောင့် လူတိုင်းက သူဌေးကို ချစ်ကြတာပေါ့]
[ဒါ ကျွန်မတစ်ယောက်တည်းလား မစ္စချီရော သဘောတူလား၊ ဝန်ခံတာပဲရှိသေးတော့ သူတို့ မတွဲကြသေးဘူးပေါ့]
လင်လူသည် အင်တာနက်အသုံးပြုသူကို အလျင်အမြန် ပြန်ဖြေသည်။ “ကျွန်မ ဆိပ်ခံတံတားမန်နေဂျာကို မေးကြည့်လိုက်တာ သူဌေးက ဒရုန်းရယ် မီးရှူးမီးပန်းတွေနဲ့ အချစ်ကို ဝန်ခံရုံတင်မဟုတ်ဘူးတဲ့ ကောင်မလေးကို အပျော်စီးသင်္ဘောတစ်စင်း၊ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းနဲ့ ကုမ္ပဏီတစ်ခုကို လက်ဆောင်ပေးခဲ့တယ်ဆိုဘဲ၊ ကောင်မလေးက သဘောတူခဲ့လားဆိုတာတော့ ကျွန်မ မသိဘူး၊ ဒါပေမဲ့ အပျော်စီးသင်္ဘောကတော့ ရွက်လွှင့်သွားပြီ”
လင်လူသည် ထိုမှတ်ချက်ကို ပြန်လည်တင်ကာ အပျော်စီးသင်္ဘော၏ ဓာတ်ပုံကို ပူး၍ တင်လိုက်သည်။
“???”
[ဆင်းရဲတာက ငါ့ရဲ့ စိတ်ကူးကို ကန့်သတ်လိုက်ပြီ ဒရုန်းနဲ့ မီးရှူးမီးပန်းတွေကို အရမ်းကောင်းတယ်လို့ ထင်လိုက်တာ ဒါပေမဲ့ သူဌေးတွေက သူတို့ရဲ့ အချစ်ကို ဒီလိုဖော်ပြတာကိုး]
[လူလူ၊ ဒီပြီးပြည့်စုံတဲ့ စုံတွဲကို ရှာပါလို့ ကျွန်မ အမိန့်ပေးတယ် ကျွန်မ အချစ်ကို ပြန်ယုံကြည်သွားပြီထင်တယ်]
[+၁ ကျွန်မလည်း ဒီရက်ပိုင်း အွန်လိုင်းအတင်းအဖျင်းတွေကြောင့် အရမ်း စိတ်မကောင်းဖြစ်နေခဲ့တာ ချိုမြိန်တဲ့ အချစ်ဇာတ်လမ်းလေး ကြည့်ချင်တယ်]
[အိတ်တွေနဲ့ လက်ဝတ်ရတနာတွေ ပေးတာဆိုရင်တော့ သူက ချမ်းသာတဲ့မိသားစုက ပံ့ပိုးပေးတာလို့ ငါ ထင်ခဲ့လိမ့်မယ်၊ ဒါပေမဲ့ ဒီအဆင့်လောက်ဆို သူဌေးက ဒီကောင်မလေးကို တကယ်ကြိုက်တာဖြစ်ရမယ် နောက်ဆက်တွဲကို စောင့်နေတယ်]
[အပျော်စီးသင်္ဘော စုံတွဲ၊ သွား၊ သွား ကျွန်မ တခြားစုံတွဲတွေ အချစ်ကို ခံစားတာကို ကြည့်ရတာ အရမ်း သဘောကျတာပဲ]
အပျော်စီးသင်္ဘော စုံတွဲသည် မမျှော်လင့်ထားဘဲ အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားပြီး ရက်အတန်ကြာ နိမ့်ဆင်းနေခဲ့သော လင်လူ၏ သွားလာရေးကို မြှင့်တင်ပေးခဲ့သည်။
လင်လူသည် သူမ၏ နောက်ဗီဒီယိုအတွက် ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုရန် အပျော်စီးသင်္ဘော၏ မော်ဒယ်ကို ဆိပ်ခံဝန်ထမ်းနှင့် တိတ်တဆိတ် မှတ်တမ်းယူခဲ့သည်။ လင်လူသည် ဤအပျော်စီးသင်္ဘော စုံတွဲကို လိုက်ခြင်းက ခဏတာ ရေပန်းစားသော ခေတ်ရေစီးကြောင်းတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည်မှာ အသေအချာပင်။ သူမသာ သူတို့အား ဖမ်းနိုင်လျှင် လာမည့်လအနည်းငယ်အတွက် သူမ၏ KPI များကို ရရှိနိုင်သည့် အခွင့်အရေးရလာလိမ့်မည်။
ထိုအချိန်တွင် သမုဒ္ဒရာတစ်ဖက်ရှိ လင်းယုန်နိုင်ငံတွင် မြူခိုးများသည် မြူခိုးများနှင့် ဖုံးလွှမ်းနေခဲ့သည်။ နေ့လယ်ပိုင်း ဖြစ်နေသော်လည်း ကောင်းကင်သည် မီးခိုးရောင်ဖြစ်နေပြီး နေမင်းကိုပင် မမြင်ရချေ။
စိမ်းလန်းစိုပြေနေသည့် အပင်များဖြင့် ဝန်းရံထားသော လသာဆောင်တစ်ခုပေါ်တွင် အမျိုးသမီးတစ်ဦး ထိုင်နေလေ၏။ သူမ၏ ခြေထောက်တွင် ပုံဆောင်ခဲများဖြင့် စီခြယ်ထားသော ဖိနပ်ပါးကို ဝတ်ဆင်ထားပြီး ဇိမ်ကျ၍ ဈေးကြီးသည့် C အမှတ်တံဆိပ် အိမ်နေရင်းဝတ်စုံကို ဝတ်ဆင်ထားပေသည်။ ဆောင်းဦးလေ တိုက်ခတ်လိုက်ရာ ပိုးသားအင်္ကျီစသည် လေထဲတွင် တလွင့်လွင့်ဖြင့် သူမ၏ တင့်တယ်လှပသော ခန္ဓာကိုယ်ကို ဖော်ပြနေခဲ့သည်။
လသာဆောင် ဥယျာဉ်ခြံထဲရှိ စားပွဲငယ်လေးတစ်လုံးပေါ်တွင် နက်နဲသည့် ကျွမ်းကျင်မှုဆိုင်ရာ စာအုပ်မျိုးစုံဖြင့် ပြည့်နှက်နေခဲ့ပြီး ၎င်းဘေးရှိ တက်ဘလက်တစ်ခုတွင် SCI စာတမ်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုအမျိုးသမီးသည် စာတမ်းတစ်စောင်ကို ရေးသားနေခဲ့သည်။ ဤပညာရေးဆိုင်ရာ လေထုသည် သူမ၏ အဆင့်မြင့် အဝတ်အစားများနှင့် လုံးလုံး မလိုက်ဖက်လှသော်လည်း သူမနှင့် ထူးခြားစွာ လိုက်ဖက်ညီနေခဲ့သည်။ တက်ဘလက်မှ အလင်းရောင် ပေါ်ထွက်လာပြီး အမျိုးသမီးသည် တစ်ဖက်လူ ပေးပို့လာသည့် ဓာတ်ပုံကို တစ်ချက်ကြည့်လိုက်သည်။
၎င်းသည် အပျော်စီးသင်္ဘောတစ်စင်း၏ ပုံဖြစ်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။
သူမသည် ဖုန်းကို ဖြေကြားလိုက်ပြီး နက်ရှိုင်းသော၊ အမျိုးသားအသံတစ်သံက တစ်ဖက်ခြမ်းမှ ပဲ့တင်ထပ်လာသည်။
“မစ္စလော့ ကျွန်တော်တို့ ခုနလေးတင် မစ္စတာရှဲ့ ပြီးခဲ့တဲ့နှစ်က ဝယ်ခဲ့တဲ့ အပျော်စီးသင်္ဘောကို သူ့ရည်းစားကို လက်ဆောင်ပေးလိုက်တယ်လို့ သတင်းရခဲ့ပါတယ်”
အမျိုးသမီးသည် သူမ၏ နှုတ်ခမ်းကို စေ့လိုက်ပြီး စာရေးနေသည့် သူမ၏ လက်များက ရပ်တန့်သွားသည်။
“မစ္စလော့ အခု အိမ်ပြန်ဖို့လိုမလား” ဖုန်းထဲမှ လူက မေးလိုက်သည်။
အမျိုးသမီး၏ သွယ်လျသော လက်ချောင်းများသည် တက်ဘလက်ပေါ်ရှိ အပျော်စီးသင်္ဘောပုံကို ညင်ညင်သာသာ ပွတ်လိုက်သည်။ ၎င်း၏ နောက်ကွယ်တွင် “ကိုယ် မင်းကို ချစ်တယ်” ဟူသော ဒရုန်းပုံ ပေါ်လာသည်။ ၎င်းသည် အထူးတလည် ထိတ်လန့်စရာပင်။
“ဒီရည်းစားရဲ့ နောက်ခံက ဘာလဲဆိုတာ ရှာလိုက်”
အမျိုးသမီးက ပြောသည်။
“ငါ သူ့ကို သိပ်မကြာခင် ပြန်တွေ့ရမယ်”
ကောင်းကင်ယံ၌ နေမင်းက မြင့်တက်နေသည်။
ပြာလဲ့လဲ့ရေပြင်သည် အပြာရောင်ကောင်းကင်နှင့် ဆက်စပ်နေသည်။
အဝေးရှိ ပင်လယ်ငှက်အချို့သည် ကမ်းရိုးတန်းကို လျင်မြန်စွာ ဖြတ်၍ ပျံသန်းနေပြီး အတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ ရေထဲမှ ခုန်ထွက်လာသည့် ငါးသေးသေးလေးများကို ဖမ်းယူစားသုံးနေကြသည်။
ရှချန်းချန်းတစ်ယောက် ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ သူမ၏ ရှည်လျားသော ခန္ဓာကိုယ်သည် အပြင်ဖက်သို့ ဆန့်ထွက်သွားပြီး ခြေလက်များသည် စောင်အောက်မှ ထွက်ပေါ်လာကာ အစွန်းအထင်းမရှိသည့် ဖြူစင်သော အသားအရေကို ဖော်ပြနေခဲ့သည်။
ဇိမ်ခံ အပျော်စီးသင်္ဘော၏ အပေါ်ဆုံးထပ်အခန်းရှိ အသံဖြင့် ထိန်းချုပ်ထားသော လိုက်ကာများသည် အသက်ဝင်လာပြီး ရှည်လျားသော အလွှာအထပ်များကဲ့သို့ တဖြည်းဖြည်း ပွင့်ဟလာသည်။ ပင်လယ်နှင့် ကောင်းကင်၏ မြင်ကွင်းသည် နံရံပေါ်တွင် ပုံနှိပ်ထားသည့် ပန်းချီကားတစ်ချပ်ကဲ့သို့ ပေါ်ထွက်လာလေသည်။
“တုန်ကျီ၊ ဂွတ်မောနင်း”
ရှချန်းချန်းသည် သူမ၏ ခေါင်းထဲရှိ စနစ်အား ပျင်းရိစွာ နှုတ်ဆက်လိုက်သည်။
စနစ်က ညည်းတွားသည်။ “အဲလောက် မစောသေးဘူးမလား အခု ဆယ်နာရီကျော်နေပြီဟ၊ မင်း ယောင်္ကျား ပိုက်ဆံရှာကျွမ်းတဲ့ဘုရင်ကြီးတော့ ပိုက်ဆံရှာဖို့ အပြင်ထွက်သွားပြီ”
အပျော်စီးသင်္ဘောသည် တစ်ညလုံး ရွက်လွှင့်လာခဲ့ပြီး ယခု၌ ရှဲ့ကျစ်ရှင်း၏ ကိုယ်ပိုင်ဆိပ်ခံတံတားဖြစ်သော ကျန်းချန်တွင် ဆိုက်ကပ်ထားသည်။
ရှဲ့ကျစ်ရှင်းသည် ခုနစ်နာရီကျော်ကျော်၌ အိပ်ရာထကာ ရှချန်းချန်းအား နှောင့်ယှက်ခြင်းမရှိဘဲ ရေမိုးချိုး၍ ရှဲ့အုပ်စုသို့ ဦးတည်သွားသည်။
ရှချန်းချန်းသည် ကော်ဖီတစ်ခွက်ကို ကိုင်ကာ ယမန်နေ့က သူမနေခဲ့သော ကုန်းပတ်သို့ သွား၍ အေးအေးဆေးဆေး နေပူဆာလှုံနေသည်။
ထိုအချိန်တွင် ကုန်းပတ်ကို အိမ်အကူများက သန့်ရှင်းရေးလုပ်နှင့်ပြီးသားဖြစ်သည်။
အခန်းသော့နှစ်ခုသာ မရှိခဲ့လျှင် ရှချန်းချန်းသည် ပြီးခဲ့သည့်ညက အရာအားလုံးကား အိပ်မက်တစ်ခုဖြစ်သည်ဟု ထင်ခဲ့မည်ပင်။
ရှချန်းချန်းသည် သူမ၏ ခြေလက်များကို ဆန့်ထုတ်လိုက်ပြီး ကုန်းပတ်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ ပင်လယ်လေသည် သူမ၏ မျက်နှာကို တိုက်ခတ်နေခဲ့ပြီး ဆားငံဓာတ်နှင့် ပြင်းထန်သော အနံ့ကို သယ်ဆောင်လာသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်က ဟိန်ထျန်းတွင် အတင်းအဖျင်းများကို ဖြေရှင်းရန်နှင့် ရှဲ့ကျစ်ရှင်းကို ရှောင်ရှားရန် ကြိုးစားနေခဲ့ခြင်းကြောင့် ချန်းချန်းတစ်ယောက် အလွန်ပင် အလုပ်များနေခဲ့သည်။ ယနေ့တော့ နောက်ဆုံးတွင် သူမ၏ ပိုင်ဆိုင်မှုများကို ပြန်လည်စစ်ဆေးရန် အားလပ်ချိန်ရခဲ့လေသည်။
ရှချန်းချန်းတစ်ယောက် ပျော်ရွှင်နေပြီး သူမ အသစ်ဝယ်ထားသော တက်ဘလက်ကို ဖွင့်လိုက်သည်။
ဦးစွာပထမ၊ မူရင်းပိုင်ရှင်၏ ပိုင်ဆိုင်မှုများ၊ ရှဲ့အုပ်စု၏ အစုရှယ်ယာ ၃၀% ကို ရှယုံဒယ်ထံမှ ပြန်လည်သိမ်းယူခဲ့သည်။
ရှချန်းချန်းတစ်ယောက် ကျန်းချန်မှ ထွက်ခွာနေစဉ် ချိန်ချင်းသည် အစုရှယ်ယာများ၏ လွှဲပြောင်းမှုကို အတိတကျ အပြီးသတ်ခဲ့သည်။ အစုရှယ်ယာ ၁% အား ရှထျန်ဟွာထံသို့ ရောင်းချခဲ့ပြီး ကျန် ၂၉% ကို ရှချန်းချန်း၏ လက်ဝယ်တွင် သိမ်းဆည်းထားသည်။
ရှချန်းချန်းသည် ထို ၁% အစုရှယ်ယာ၏ တန်ဖိုးမည်မျှရှိသည်ကို မသိရှိခဲ့ပေ။ ယခုမှသာ သူမ၏ အကောင့်ကို စစ်ဆေးရန် အချိန်ရှိခဲ့သဖြင့် သိရှိခဲ့သည်။
ရှချန်းချန်းသည် သူမ၏ ဘဏ်ကတ်ပြားပေါ်ရှိ နံပါတ်များကို ဂရုတစိုက် ရေတွက်လေသည်။
ဆယ်ဂဏန်းများ။
ရှချန်းချန်းတစ်ယောက် အသက်ရှူရပ်သွားသည်။
ရှအုပ်စု၌ စျေးကွက်တန်ဖိုးမြင့်မားကာ ရှမိသားစုသည် ကျန်းချန်ရှိ ထိပ်တန်း အချမ်းသာဆုံး မိသားစုဖြစ်သည်ကို သူမ သိထားသည်။ သို့သော် ဤနံပါတ်များကို မြင်လိုက်သည့်အခါ “ရှထျန်ဟွာဆီ သွား” သူမသည် မြေယာကို အခြေယူ၍ သေဆုံးမှုကို စောင့်စားနေသော ချမ်းသာကြွယ်ဝသည့် ဒုတိယမျိုးဆက်တစ်ယောက်၏ ဘဝကို နေထိုင်နိုင်ရန်အတွက် ခြေလှမ်း တစ်လှမ်းပို၍ နီးကပ်လာလေ၏။
ဒုတိယပိုင်ဆိုင်မှုသည် ပြီးခဲ့သည့်ညက ရှချန်းချန်း၏ မွေးနေ့လက်ဆောင်ဖြစ်သည်။
တျန်းရှန့် ဖျော်ဖြေရေး။
အထူးလက်ထောက်ကျိုးမှ သူမအား အီးမေးလ်ပို့ထားသော တျန်းရှန့်ဖျော်ဖြေရေး၏ အချက်အလက်ကို ကြည့်လိုက်သည့်အခါ ရှချန်းချန်းသည် ဝမ်းသာအားရစွာဖြင့် ပြုံးပျော်မနေဘဲ မနေနိုင်ခဲ့ပေ။
တျန်းရှန့်သည် အနုပညာလောကတွင် ထိပ်တန်းဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း အနုပညာရှင်များ၏ အရည်အချင်းသည် အခြားကုမ္ပဏီများထက် ပို၍ သာလွန်ပေသည်။
အမှန်တကယ်၌ ဝတ္ထုထဲတွင် တျန်းရှန့်သည် ဤအချိန်တွင် ဒေဝါလီခံထားရပြီးသည့် ကုမ္ပဏီ ဖြစ်နေရမည်။ ကျင်ရိဖန်၏ သေဆုံးမှု၊ ရှဲ့ကျစ်ရှင်း၏ ထောင်ကျမှုစသည့် ဖြစ်ရပ်တစ်ခုပြီးတစ်ခုသည် နောက်ဆုံးတွင် ဤထိပ်တန်းဖျော်ဖြေရေးကုမ္ပဏီအား ပျက်စီးစေခဲ့သည်။
သို့သော် လိမ်ညာသူများကို ဖော်ထုတ်သူ၏ ထပ်ခါတလဲလဲ ထုတ်ဖော်မှုများသည် ဤရလဒ်ကို ပြောင်းလဲစေခဲ့သည်။
ထို့အပြင် တျန်းရှန့်၏ အနုပညာရှင်အများစုသည် ရှချန်းချန်းနှင့် ဆက်စပ်မှုအချို့ ရှိနေသည်။ ဥပမာအားဖြင့် ရှဲ့ကျစ်ရှင်း၊ ကျင်ရိဖန်၊ လင်ရှီချန်၊ မိုယွီထျန်၊ ထန်ဝေ့လော့တို့သည် ရှချန်းချန်း ကူညီခဲ့သည့် ပြိုလဲလုနီးပါးဖြစ်နေသော အနုပညာရှင်အားလုံးသည် နောက်ဆုံး၌ တျန်းရှန့်သို့ ရောက်ရှိသွားကြသည်။
ဤသည် ရှဲ့ကျစ်ရှင်းမှ တျန်းရှန့်အား ရှချန်းချန်းကို ပေးလိုက်ရသည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်နိုင်သည်။ ဖျော်ဖြေရေးလောကတွင် ပရော်ဖက်ရှင်နယ်များသည် သီချင်း၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလက်ရာများ၏ အရည်အသွေးကို သေချာစေနိုင်သော်လည်း ပြိုလဲမှုကြောင့် ယင်းလက်ရာများ၏ အရည်အသွေးကျဆင်းမှုကို ကာကွယ်ရန်မှာမူ ခဲယဉ်းလှပေသည်။
သို့သော် လိမ်ညာသူများကို ဖော်ထုတ်သူသည် ပြိုလဲမှုဖြစ်စေသည့် အကြောင်းအရာများကို ဖော်ထုတ်ပေးနိုင်သည်။
ပြီးခဲ့သည့်နှစ်တွင် ရှဲ့ကျစ်ရှင်းသည် ရှဲ့အုပ်စုရှိ သူ၏ အလုပ်အပေါ်၌ အာရုံစိုက်နိုင်ခဲ့ပြီး ဟုန့်ပေါ်ချောင်အား တျန်းရှန့်၏ ဥက္ကဌအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ သို့သော် တျန်းရှန့်သည် ၎င်းအား ကြီးကြပ်ရန် ဒါရိုက်တာအဆင့် အမှုဆောင်တစ်ဦး လိုအပ်နေဆဲပင်။ ဤဂုဏ်သိက္ခာရှိသော ရာထူးကို တခြားသူတစ်ယောက်အား ပေးမည့်အစား ရှချန်းချန်းမှ တခြားသူတစ်ဦးကို ပေးအပ်လိုက်ခြင်းက ပို၍ကောင်းပေသည်။
ရှချန်းချန်းသည် တျန်းရှန့်၏ အထင်ကြီးဖွယ်ကောင်းသော ဘဏ္ဍာရေးရှင်းတမ်းများကို ကြည့်သည့်အခါ သူမ၏ အပြုံးသည် ပို၍ ကြီးမားလာခဲ့သည်။ ထိုသူများသည် အနာဂတ်တွင် ငွေမည်မျှ ရှာဖွေနိုင်မည်ကို တွေးလိုက်မိသည့်အခါ သူမ ပြုံးလိုက်သည်။
တတိယပိုင်ဆိုင်မှုမှာ ရှချန်းချန်းမှ ယဲ့ရှီဝမ်အား မယားငယ်အဖြစ် မထုတ်ဖော်မှီ ရယူခဲ့သော ကိုယ်ပိုင်ဆေးရုံတစ်ခုဖြစ်သည်။
သူမသည် ရဲ့လျူဖန်း၏ မွေးဖွားမှုအတွက် သဘောတူညီချက်ရယူပြီးနောက် ပြန်လည်ရောင်းချရန် မူလက စီစဉ်ထားသော်လည်း မင်သဲ့အမည်ရှိ ကိုယ်ပိုင်ဆေးရုံတစ်ခုကို တိုက်ဆိုင်စွာဖြင့် တွေ့ရှိခဲ့ပြီး ၎င်းကို အတော်ပင် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု တွေ့ရှိခဲ့သည်။
မင်သဲ့ဆေးရုံသည် နှစ် ၂၀ ကျော်ကြာ လုပ်ငန်းလည်ပတ်ခဲ့ပြီး နာမည်ကြီးများ၊ ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများကိုပင် လက်ခံခဲ့သည်။ ၎င်း၏ အဓိကအာရုံစိုက်မှုသည် သူမတူထူးကဲသည့် အတွင်းရေးလုံခြုံအောင် ထိန်းထားနိုင်ခြင်းဖြစ်ပြီး ယနေ့အထိ မည်သည့် ပါပါရာဇီ သို့မဟုတ် သတင်းထောက်မျှ မင်သဲ့မှ လူနာများ၏ ကိုယ်ပိုင်အတွင်းရေးကို ကျူးကျော်စွက်ဖက်နိုင်ခြင်း မရှိခဲ့ချေ။
စနစ်သည် ရှချန်းချန်းအား မင်သဲ့ကို ဝယ်ယူရန် ကူညီနိုင်ခဲ့သည်မှာ မင်သဲ့သည် မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းမှုဖြင့် ပြောင်းလဲနေသောကြောင့်ဖြစ်သည်။ ယခင်ဒါရိုက်တာ ကွယ်လွန်သွားပြီး နောက်ထပ် မျိုးဆက်သစ်သည် မင်သဲ့ဆေးရုံမှ အကျိုးအမြတ်မရနိုင်ဟု ခံစားရသဖြင့် အစုအစပ်လုပ်ငန်းမှ နုတ်ထွက်ကာ အခြားလုပ်ငန်းများကို လုပ်ကိုင်လိုသည်။ ပင်ကိုအားဖြင့် ပုံသေနှုန်းထားဖြင့် ရောင်းချပေးသည့် ရှချန်းချန်းတစ်ယောက် ဝမ်းသာခဲ့သည်။
နောက်မျိုးဆက်သစ်မှ မသိထားသည်မှာ ဆေးရုံများတွင် ချမ်းသာကြွယ်ဝသော မိသားစုများ၊ နိုင်ငံရေးသမားများနှင့် စီးပွားရေးသမားများ၏ ဖုံးဝှက်ထားသော လျှို့ဝှက်ချက်များကို မကြာခဏဆိုသလို ပိုင်ဆိုင်ထားတတ်သည်။ ဤအရာက ပိုက်ဆံသာမကဘဲ မင်သဲ့၏ တကယ့်တန်ဖိုးဖြစ်သည်။
မင်သဲ့ကို ဝယ်ယူပြီးနောက် ရှချန်းချန်းသည် ဆေးရုံအား စီမံခန့်ခွဲရန်အတွက် စနစ်သို့လွှဲပြောင်းပေးခဲ့သည်။ ဤ လူလုပ်အသိဉာဏ်သည် ၎င်း၏ကတိကို စောင့်ထိန်းခဲ့သည်။ ၎င်းသည် မင်သဲ့၏ လုံခြုံရေးနှင့် ကိုယ်ပိုင်နအတွင်းရေးစနစ်များကို ပြည့်စုံစွာ အဆင့်မြှင့်တင်ခဲ့ရုံသာမက လစာမြင့်မားသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကိုလည်း ခန့်အပ်ခဲ့ပြီး မင်သဲ့ဖောက်သည်တိုင်းကို အီးမေးလ်ပို့၍
၎င်း၏ငွေကြေးကြံ့ခိုင်မှု၊ ကမ္ဘာ့အဆင့်မီ လုံခြုံရေးနှင့် အကာအကွယ်ပေးနိုင်မှုများကို အတည်ပြုခဲ့ပြီး ကိုယ်ပိုင်လုံခြုံမှုအပြည့်အဝနှင့် ပြန်လည်ရောင်းချခြင်း သို့မဟုတ် ကျူးကျော်ခြင်း မရှိကြောင်း အာမခံပေးခဲ့သည်။
မင်သဲ့၏ လုပ်ငန်းသည် လတ်တလောတွင် အရှိန်အဟုန်မြင့် တိုးတက်နေလျက်ရှိသည်။
ရှချန်းချန်းသည် အိမ်အကူတစ်ဦးမှ ယူလာပေးသော သစ်သီးကို စားလျက် မင်သဲ့၏ ဖောက်သည်စာရင်းကို ဖတ်ရှုနေသည်။
လူမှုသတင်းစာမျက်နှာများတွင်သာ ပေါ်လာသော နာမည်များစွာသည် ယခုအခါ မင်သဲ့၏ ထင်ရှားသော လူနာများစာရင်းတွင် ပေါ်လာသည်။
ရှချန်းချန်းသည် မူလက စိတ်ဝင်တစား ဖတ်နေခဲ့သော်လည်း နာမည်တစ်ခုကို မြင်သောအခါ သူမသည် ခေတ္တရပ်သွားသည်။ သူမ၏ မျက်လုံးများမှာ ကျဆင်းသွားပြီး အနည်းငယ် မှောင်မိုက်သွားသည်။
ရှချန်းချန်း၏ တက်ဘလက်တွင် ထိုလူ၏ အခြေခံအချက်အလက်များ၊ အိမ်လိပ်စာနှင့် ဆက်သွယ်ရန်နံပါတ်၊ မှတ်ပုံတင်ထားသော ဆေးခန်းအကြောင်းသာ ပါရှိသည်။
ပိုမိုအသေးစိတ်ကျသော ကိုယ်ရေးကိုယ်တာအချက်အလက်များသည် ပုဂ္ဂိုလ်ရေးအရ ပြသနေသော ဆရာဝန်နှင့် စနစ်သာ မြင်နိုင်သည်။ နောက်ကွယ်မှ သူဌေးကြီးဖြစ်သည့် ရှချန်းချန်းပင်လျှင် သိထားခြင်းမရှိပေ။
“ဝူရှင်းဘန့်လား”
စနစ်က ရှုပ်ထွေးနေသည်။
“Host၊ ဒီလူနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အရာတစ်ခုခု ရှိလို့လား”
“သူက ယောင်္ကျားတစ်ယောက်ပဲ”
ရှချန်းချန်းက ပြောသည်။
“ဒါပေမဲ့ ခြောက်လတစ်ခါ ပုံမှန် စစ်ဆေးမှုအပြင်ကို အမြဲတမ်း သားဖွားမီးယပ်ဆရာဝန်ဆီ လာလေ့ရှိတယ်”
ရှချန်းချန်းသည် ဆေးပညာနှင့်ပတ်သက်၍ များများစားစား မသိသော်လည်း သူမသိသလောက်မှာ အမျိုးသားများသည် သားဖွားမီးယပ်ရောဂါများ ခံစားရနိုင်ခြေမရှိပေ။
“သူက သူ့ဘာသာသူ ဆရာဝန်လာပြတာ မဟုတ်ဘူး”
စနစ်က ဒေတာဘေ့စ်ကို ပြန်ကြည့်သည်။
“ငါ ခုနလေးတင် ဗီဒီယိုကို စစ်ဆေးကြည့်တော့ သူက သူ့လက်ထောက်နဲ့ တခြားမိန်းကလေးတွေကို ဆရာဝန်ဆီ ခေါ်လာခဲ့တာလို့ ထင်တယ် ပြီးတော့ သူခေါ်လာတဲ့ လူက တစ်ကြိမ်နဲ့ တစ်ကြိမ် မတူဘူး”
“Host၊ ဝူရှင်းဘန့်က အပျော်တမ်းသမားပဲ”
စနစ်က ဆက်ပြောသည်။
“သူ့မှာ တကယ် မကောင်းတဲ့အရာတွေရှိရင် အဲဒါကို လိမ်ညာသူများကို ဖော်ထုတ်သူက ဖြေရှင်းပေးလို့မရဘူးလား”
“သူ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေကို စစ်ဆေးကြည့်ရင် နင် သိပါလိမ့်မယ်”
ရှချန်းချန်းသည် သူမ၏မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်သည်။
“ဝူရှင်းဘန့်၊ သူက Star Entertainment ဒါရိုက်တာတွေထဲက တစ်ယောက်ပဲ”
နေ့လယ်စာစားပြီးနောက် ရှချန်းချန်းသည် အပျော်စီးသင်္ဘောပေါ်မှ ထွက်ခွာခဲ့သည်။
အဝေးမှ သူမသည် ချိန်းချင်းနှင့် ဟုန့်ပေါ်ချောင်တို့ ဆိပ်ခံတံတားတွင် အချိန်အကြာကြီး စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
ရှချန်းချန်း ပေါ်လာသည်နှင့် ဟုန့်ပေါ်ချောင်၏ မျက်လုံးများသည် ချက်ချင်း လင်းလက်လာသည်။ သူသည် အလွန်စိတ်အားထက်သန်စွာ ချဉ်းကပ်လာပြီး မကြာသေးမီက လက်မှတ်ထိုးခဲ့သော စာချုပ်ငါးခုကို ပေးလိုက်သည်။
“ဒါရိုက်တာရှ၊ မိုယွီထျန်နဲ့ တခြားသူတွေရဲ့ စာချုပ်တွေ သက်တမ်းကုန်သွားပါပြီ၊ သူတို့ကို ကုမ္ပဏီရဲ့ အနာဂတ်ဖွံ့ဖြိုးမှုအတွက် အဓိက ပစ်မှတ်တွေအဖြစ်လည်း သတ်မှတ်ထားပါတယ်၊ ဒီမှာ သူတို့ရဲ့ စာချုပ်တွေ”
ရှချန်းချန်းတစ်ယောက် ကျေနပ်နေသည်။ သူမသည် ဟုန့်ပေါ်ချေင်အား တျန်းရှန့်၏ ထိပ်တန်းကိုယ်စားလှယ်ဖြစ်သည်ကို သိရှိထားပြီး သူသည် မှားယွင်းသော ရွေးချယ်မှု မဟုတ်သည်ကိုလည်း သိသည်။
ဟုန့်ပေါ်ချောင်: “လက်ရှိ လိမ်ညာသူများကို ဖော်ထုတ်သူရဲ့ ထုတ်ဖော်မှုကြောင့် သူတို့ငါးယောက်လုံး Baidu နှင့် Weibo ရှာဖွေတဲ့ စာရင်းအရ ထိပ်တန်းဆယ်ယောက်မှာ ရှိနေပါတယ်၊ အွန်လိုင်းပေါ် လူပြောများမှုတွေကြောင့် ဖော်လိုဝါတိုးလာတာကလည်း တော်တော်ကောင်းပါတယ်”
ရှချန်းချန်းသည် စာချုပ်များကို
လှန်လှောကြည့်သည်။
“နောက်ဆက်တွဲ အစီအစဉ်တွေက ဘာလဲ”
လက်ရာများသည် အနုပညာရှင်တစ်ဦး၏ ဘဝအတွက် အခြေခံဖြစ်သည်။ ဤအနုပညာရှင်များ၏ တိုးတက်မှုနှင့် ပရိသတ်များ၏ လက်ခံနိုင်မှုသည် ၎င်းတို့၏ စွဲမက်ဖွယ်ကောင်းသော လက်ရာများကြောင့်ပင်။
“မိုယွီထျန်က ‘’Niuhulu Strategy’ ရုပ်ရှင်ကို ဆက်ရိုက်ပါလိမ့်မယ် ကျွန်တော်တို့ စွမ်းမော့စူ၊ ချိန်းချင်းယန်၊ လုယွမ်ရှန်းနဲ့ တခြားသူတွေကိုလည်း ပရောဂျက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးနေပါတယ် ဒါပေမဲ့ ထန်ဝေ့လော့အတွက်ကတော့”
ဟုန့်ပေါ်ချောင်သည် ခေတ္တရပ်သွားပြီး သူ၏ ပဲစေ့မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“ထန်ဝေ့လော့က ဖျော်ဖြေရေးလောကကနေ အပြင်ရောက်နေခဲ့တာ အကြာဆုံးပါ နှစ်နှစ်ဆိုတာ အိုင်ဒေါတစ်ယောက်အတွက် အချိန်အကြာကြီးပဲ ရေပန်းစားမှုကို ပြန်ရနိုင်မလားဆိုတာ ပြောရခက်တယ်၊ လက်ရှိအစီအစဉ်ကတော့ သူ့အတွက် အယ်လ်ဘမ်တစ်ခု ထုတ်ပေးဖို့ရယ်နဲ့ ယိဖန်က ထုတ်လုပ်မှုကို တာဝန်ယူပါလိမ့်မယ်၊ ဒါပေမဲ့ ရလဒ်တွေက ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်လည်း မသေချာဘူး”
အိုင်ဒေါများသည် အနုပျိုဆုံးဖြစ်သည်။ စွမ်းမော့စူနှင့် ချိန်းချင်းယန်တို့ကဲ့သို့ သရုပ်ဆောင်များနှင့် အဆိုတော်များသည် သူတို့၏ စွဲမက်ဖွယ်ကောင်းသော လက်ရာများဖြင့် အချိန်ကြာမြင့်စွာ အလုပ်ကို ခံစားနိုင်သည်။ ချစ်စရာကောင်းသော အိုင်ဒေါများသည် အဆက်မပြတ် တိုးတက်ပြောင်းလဲနေပြီး ရေရှည်၌ ရေပန်းစားမှုမရှိပါက အနုပညာလောကတွင် အခြေခိုင်နိုင်ရန် ခဲယဉ်းလှသည်။
ထိုအချိန်က ‘Galaxy Boys’ သည် ထန်ဝေ့လော့ကို လုံလောက်စွာ ထုတ်ဖော်ပွဲထုတ်ခဲ့ပြီး သူ့အား ရှေ့တန်းသို့ တွန်းပို့ခဲ့သည်။ သို့သော် ယခုအခါ သူသည် ထိုကဲ့သို့ ကောင်းမွန်သော အခွင့်အရေးမျိုး မရှိတော့ချေ။
“ဒီနေ့ခေတ်မှာ အယ်လ်ဘမ်တစ်ခုကို မြှင့်တင်တာက အနုပညာရှင်ရဲ့ ရေပန်းစားမှုကို အခွင့်ကောင်းယူရုံပဲ၊ အဲဒါက အသုံးမဝင်ဘူး”
ရှချန်းချန်းသည် စာချုပ်ကို ဟုန့်ပေါ်ချောင်ထံ ပြန်ပေးလိုက်သည်။
“ကျွန်မတို့ ထန်ဝေ့လော့ရဲ့ အနာဂတ်အစီအစဉ်တွေကို ပြန်စဉ်းစားတာပေါ့”
ဟုန့်ပေါ်ချောင်သည် စာချုပ်ကို လက်ခံယူပြီး ခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော် သူ့အတွက် သင့်တော်လောက်မဲ့ အရင်းအမြစ်တွေကို ရှာလိုက်ပါ့မယ်”
ရှချန်းချန်းသည် ချိန်းချင်းဘက်သို့ လှည့်လိုက်သည်။
ချိန်းချင်းသည် အခြေအနေကို အကဲဖြတ်ကာ ယခုထိ တိတ်ဆိတ်နေခဲ့သည်။ ယခု ရှချန်းချန်းနှင့် ဟုန်ပေါ်ချောင်တို့ စကားပြောဆိုမှု ပြီးဆုံးသွားသည့်အခါ သူသည် ရှေ့သို့ တိုးလာခဲ့သည်။
“မစ္စရှ၊ ကျွန်တော် မစ္စရဲ့ Star Entertainment ရဲ့အရင်စာချုပ်ကို ပြန်ကြည့်ခဲ့ပါတယ်၊ Star ရဲ့ စာချုပ်မှာ ငွေပေးချေမှုအတွက် အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုတွေ ပါနေပါတယ် ပြီးတော့ သုံးနှစ်စာချုပ်ဖြစ်ပြီး သူတို့က မစ္စကို တစ်နှစ်နီးပါးလောက် ပစ်ထားခဲ့တာ၊ အနုပညာရှင်ဖက်က စိတ်ဆန္ဒနဲ့ ဆန့်ကျင်တဲ့ ပရောဂျက်တွေကိုလည်း ခဏခဏ လက်ခံခဲ့တာတွေ့ရတယ်ထ ဒါကြောင့် ကျွန်တော်တို့ဖက်က အနုပညာရှင်ရဲ့ အခွင့်အရေးကို ချိုးဖောက်မှုနဲ့ သူတို့ကို တရားမစွဲခဲ့တာတောင် ကံကောင်းတယ် ပြောရမယ်၊ ယွမ် သန်း ၅၀ တောင် ငွေညှစ်ချင်နေတာ မဖြစ်နိုင်တာတွေ”
“ဒါဆိုရင်တော့”
ရှချန်းချန်းသည် သူမ၏ သာလွန်သည့် အနက်ရောင် နေကာမျက်မှန်ကို တပ်လိုက်ပြီး ကျေနပ်စွာ ပြောသည်။
“ရမှတ်ကို ဖြေရှင်းဖို့အတွက် Star Entertainment ကိုသွားကြတာပေါ့”
Star Entertainment သည် ပြည်တွင်း ဒုတိယတန်းစား ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏ အိုင်ဒေါလောကအတွက် အကောင်းဆုံး လူသိများသည်။
တရုတ်ပြည်၏ ဖျော်ဖြေရေးလောကသည် သရုပ်ဆောင်များနှင့် အဆိုတော်များအပေါ် အဓိက အခြေခံထားသော်လည်း အိုင်ဒေါစျေးကွက်သည် အားနည်းနေဆဲပင်ဖြစ်သည်။ Star Entertainment သည် ဤရေစီးကြောင်းကို ဦးစွာပထမ အရင်းအနှီးပြုသည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။
နှစ်နှစ်အကြာတွင် “Galaxy Boys” အစီအစဥ်၏ အောင်မြင်မှုမှုဖြင့် ထန်ဝေ့လော့၏ နာမည်ကြီးမှုသည် တရုတ်လူငယ် အိုင်ဒေါဖြစ်လိုသူများအား စိတ်အားထက်သန်စေခဲ့သည်။
Star Entertainment သည် ထိုအချိန်က ရေပန်းစားခဲ့သော ထန်ဝေ့လော့နှင့် “Galaxy Boys” တွင် ဒုတိယရခဲ့သော ရှုချဲအပါအဝင် အိုင်ဒေါများစွာကို လက်မှတ်ရေးထိုးခဲ့သည်။
ယခင် တရုတ်ပြည်၏ ထိပ်တန်းအိုင်ဒေါ ထန်ဝေ့လော့ဖြစ်စေ၊ လက်ရှိ ထိပ်တန်းအိုင်ဒေါ ရှုချဲဖြစ်စေ Star Entertainment သည် အိုင်ဒေါလောက၌ ထိပ်ဆုံးနေရာကို ခိုင်မြဲစွာ တည်ထောင်ခဲ့သည်။
ရှချန်းချန်းနှင့် ချိန်းချင်းတို့သည် Star Entertainment သို့ရောက်ရှိလာကြသည်။
သူတို့သည် အစမ်းလေ့ကျင့်ခန်း စတူဒီယိုများ၏ ဘေးဘက်သို့ ဖြတ်သွားသည်။ သူတို့၏ သစ်သားကြမ်းပြင်များနှင့် မှန်နံရံများသည် ချွေးများထွက်နေသော လူငယ်အမျိုးသားနှင့် အမျိုးသမီးများကို ပုံရိပ်ပေါ်နေသည်။
အကစတူဒီယို တစ်ဒါဇင်ကျော်၊ ဆယ်ကျော်သက် ၂၀၀ ကျော်သည် စည်းချက်ကိုလိုက်၍ အက လှုပ်ရှားမှုများကို မရပ်မနား ထပ်ခါတလဲလဲ လေ့ကျင့်နေကြသည်။
ဤလူများအားလုံးသည် သင်တန်းသားများဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ဦး သို့မဟုတ် နှစ်ဦးသာ အဖွဲ့ဝင်ဖြစ်လာနိုင်မည်ဖြစ်ကာ ၎င်းသည် အဖွဲ့ဝင်ဖြစ်လာရုံသာဖြစ်ပြီး နာမည်ကြီးမှုကို အာမမခံနိုင်ပေ။
အကစတူဒီယိုတစ်ခုအား ဖြတ်သွားရင်း ရှချန်းချန်းသည်လည်း ခေတ္တရပ်တန့်သွားသည်။
သူမနောက်မှ ချိန်းချင်းသည်လည်း ရပ်လိုက်ပြီး သူ၏ မျက်မှန်ကို ပြင်တပ်လိုက်သည်။ အခန်းထဲတွင် ကနေသော မိန်းကလေးများကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
မှန်သည် မိန်းကလေးခြောက်ဦး၏ ပုံရိပ်များကို ပုံဖော်ထားသည်။ လှပသော ဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့၏ လှုပ်ရှားမှုများသည် တေးဂီတ၏ စည်းချက်အတိုင်း တစ်ပြိုင်တည်း လှုပ်ရှားနေပြီး စည်းချက်ညီညီနှင့် လှပနေသည်။
ရှချန်းချန်းကဲ့သို့ လူကြီးတစ်ဦးပင်လျှင် မျက်နှာနီမြန်းလာပြီး ပြန်လည်တွေးတောမိသည်။
မိန်းကလေးများ၏ ပါးများသည် ပြင်းထန်သော လေ့ကျင့်ခန်းကြောင့် နီရဲနေခဲ့သည်။ သူတို့၏ လည်ပင်းနှင့် ညှပ်ရိုးများသည် ချွေးများဖြင့် လုံးဝစိုရွှဲနေခဲ့ပြီး ချွေးများသည် သူတို့၏ ရင်သားများကြားမှ စီးကျနေခဲ့၏။ မိန်းကလေးများ၏ အဖြူရောင် ခါးပတ်အင်္ကျီများသည် ချွေးများနှင့် စိုရွှဲနေပြီး အတွင်းမှ ဇာအတွင်းခံများ၏ ပုံစံကို ဖော်ပြနေခဲ့သည်။
တစ်ဦးတည်းဆိုလျှင် ဘာမှမဖြစ်နိုင်သော်လည်း မိန်းကလေးခြောက်ဦးသည် လက်တွေ့၌ ဤအခြေအနေအားလုံးတွင် ရှိနေကြသည်။
ရှချန်းချန်းသည် တစ်ဖန် ပတ်ပတ်လည်ကို ကြည့်ရှုလိုက်သည်။
အကစတူဒီယိုများတွင် သင်တန်းသားများ၏ အကများပြီးနောက် ပြန်လည်သုံးသပ်ရန်အတွက် ကင်မရာများ တပ်ဆင်ထားသည်။ ဤကင်မရာများသည် ပုံမှန်အားဖြင့် လူ့မျက်စိနှင့် ကိုက်ညီသော မျက်လုံးအဆင့်တွင် နေရာချထားသည်။
သို့သော် ဤအခန်းရှိ ကင်မရာများသည် မြေကြီးနှင့် ကပ်နေသည်။ ဤထောင့်မှ တကယ့်အကကို မမြင်နိုင်ဘဲ မိန်းကလေးများ၏ လှုပ်ရှားမှုများနှင့် သူတို့၏ စကတ်များ၏ မထင်မှတ်ထားသော မြင်ကွင်းများကိုသာ မြင်နိုင်သည်။
စနစ်: “Host၊ ငါ စစ်ဆေးကြည့်ပြီးပြီ အာရုံစိုက်မှုရဖို့အတွက် နာမည်မကြီးတဲ့ မိန်းကလေးအဖွဲ့တွေက သူတို့ပထမဆုံးဖွဲ့စည်းတဲ့အခါ ဒီလို အကတွေကို လေ့ကျင့်ကြတယ်”
ဤသည်မှာ ဖော်ပြထားခြင်းမရှိသည့် အနုပညာလောက၏ စည်းကမ်းပင်ဖြစ်သည်။ မည်သူကမှ မှားသည်ဟု တစ်ခါမှ ပြောခဲ့ခြင်းမရှိပေ။ မည်သို့ပင်ဆိုစေ ကချင်၊ မကချင်ကို ရွေးချယ်နိုင်သည်။ မည်သူကမှ သူတို့အား အတင်းအကြပ် မစေခိုင်းနိုင်ပေ။
“ဒါပေမဲ့ ရှင်းခုံက တရုတ်ပြည်မှာ အကောင်းဆုံး အိုင်ဒေါအေဂျင်စီဖြစ်နေပြီ”
ရှချန်းချန်းသည် အေးဆေးစွာ ပြောသည်။ သူမ၏ မျက်လုံးများသည်လည်း ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။
“ရှင်းခုံတောင် ဒီလိုမျိုး လုပ်နေရင် တခြားဖျော်ဖြေရေးကုမ္ပဏီတွေ ဘာဖြစ်လာမလဲ”
“ချန်းချန်းလား”
ညင်သာသော အမျိုးသားအသံတစ်သံက ရှချန်းချန်း၏ စနစ်နှင့် စကားပြောဆိုမှုကို ဖြတ်တောက်လိုက်သည်။
ရှချန်းချန်းမှ လှည့်ကြည့်လိုက်ရာ ချောမောသော လူငယ်တစ်ဦးသည် သူမရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ငွေရောင် ဆံပင်ဆေးဆိုးထားပြီး သူ၏ မျက်ခုံးမွှေးများပင် ငွေရောင်ဖြင့် တောက်ပနေသည်။ သူ၏ နှာတံသည် ဝေးကွာမြင့်မားသော တောင်တန်းကဲ့သို့ ဖြောင့်တန်းပြီး အဝေးမှ ဓားတစ်ချောင်းကဲ့သို့ ချွန်ထက်နေခဲ့သော်လည်း အနီးကပ်ကြည့်လျှင် အနည်းငယ် မူမမှန်သော ပလတ်စတစ်ပုံစံရှိသည်။
ထိုအချိန်က “Galaxy Boys” တွင် ထန်ဝေ့လော့မှ အနိုင်ယူခဲ့သော ရွှီချဲသည် ယခုအခါ ပြည်တွင်းဖျော်ဖြေရေးလောက၌ နံပါတ်တစ် အိုင်ဒေါအဖြစ် လူသိများသည်။
“ချန်းချန်း၊ မတွေ့ရတာကြာပြီ!”
ရွှီချဲသည် ထပ်မံ၍ ညင်သာစွာ ပြုံးပြသည်။
“မင်းကို ဒီမှာ တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး၊ ရှိုးမှာ ပါဖို့ ဆုံးဖြတ်ပြီးပြီလား”
“ပြီးတော့ရော”
ရှချန်းချန်းသည် သူမ၏ ခေါင်းကို စောင်းကာ တွေးလိုက်သည်။
ကျန်းကောသည် သူမကုမ္ပဏီနှင့် စာချုပ်အား ဆက်လက်ဖြည့်ဆည်းပေးရန် ပြန်လာသင့်သည်ဟု ပြောခဲ့သည်။ ဤသည် ရွှီချဲနှင့် ပူးပေါင်းဆောင်ရွက်စေခိုင်းခြင်းလား။
သို့သော် မူရင်းပိုင်ရှင်မှ Starry Sky ကို
မဝင်ခင် Starry Sky မှ အိုင်ဒေါလုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်ရန် ဆုံးဖြတ်ရသေးခြင်း မဟုတ်ပေ။ ထို့ကြောင့် မူရင်းပိုင်ရှင်သည်လည်း သရုပ်ဆောင်စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။ သူမ ရွှီချဲနဲ့ မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။
“ကျန်းကောက မင်းကို မပြောခဲ့ဘူးလား”
ရွှီချဲသည် အကစတူဒီယိုဘေးရှိ ကောင်တာမှ ဆိုဒါငန် ပုလင်းတစ်လုံးကို ယူလာပြီး အဖုံးကို လှည့်ဖွင့်ကာ ရှချန်းချန်းအား ပေးလိုက်သည်။
ရှချန်းချန်းသည် သူမကိုယ်တိုင်လည်း အနည်းငယ် ရေဆာနေသဖြင့် ဆိုဒါကို အသင့် လက်ခံလိုက်သည်။
“သူက ကျွန်မကို ရှင်နဲ့ ဘယ်ရှိုးမှာ ပါဝင်စေချင်တာလဲ”
ရှချန်းချန်းက သောက်နေလျက် မေးလိုက်သည်။
ရွှီချဲ၏ ချောမောပြီး အစစ်အမှန်ဟုမထင်ရသော မျက်နှာပေါ်တွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
“Galaxy Girls’ အစီအစဉ် နှစ်”
သူ စကားပြောပြီးသည်နှင့် ရှချန်းချန်းသည် သူမ ခုနလေးတင် သောက်ခဲ့သော ဆိုဒါငန်ကို ရွှီချဲ၏ မျက်နှာတစ်ခုလုံးသို့ ပက်လိုက်သည်။
သူမသည် ထိုရှိုး၏ နာမည်ကို ကြားရလိမ့်မည်ဟု မမျှော်လင့်ခဲ့ဘဲ ယခုတွင် အနည်းငယ် ကြောက်လန့်နေခဲ့ပြီး တစ်ရှူးတစ်ရွက်ယူကာ ရွှီချဲအား ပေးလိုက်သည်။
“ကုမ္ပဏီက ကျွန်မကို ဘယ်မှာ ပါစေချင်တာလဲ”
ရွှီချဲ၏ တစ်မနက်လုံး လိမ်းထားသော မိတ်ကပ်မှာ ပျက်စီးသွားပြီး ချိုမြမြ၊ ငံကျိကျိ ဆိုဒါကဲ့သို့ အထိအတွေ့သည် သူ၏ အသားအရေပေါ်၌ ကျန်ရှိနေခြင်းက သူ့အား အလွန်အမျက်ထွက်စေခဲ့သည်။
သို့သော် သူသည် ရှချန်းချန်းအပေါ်တွင် ထင်မြင်ချက်ကောင်းတစ်ခုထားချင်ခဲ့သောကြောင့် သူ၏ ညင်သာသောလေသံကို ထိန်းထားပြီး ကြိတ်မှတ် ပြုံးလျက် ပြောလေသည်။
“ငါတို့က ‘Galaxy Girls’ မှာ မင်းကို ငါနဲ့ ပါစေချင်တာပါ၊ မင်းက သရုပ်ဆောင်ဖြစ်ပေမယ့် ဒီလို အိုင်ဒေါရွေးချယ်ပွဲရှိုးတွေမှာ ပါတဲ့ သရုပ်ဆောင်တွေလည်း ရှိသားဘဲ၊ သေချာပေါက် မင်းရဲ့နာမည်ကြီးမှုကို မြှင့်တင်ပေးလိမ့်မယ်”
ရှချန်းချန်း: "..."
ရှချန်းချန်းသည် မျက်လုံးလှိမ့်မနေဘဲ မနေနိုင်ပေ။
ရွှီချဲ ရူးနေခြင်းမဟုတ်လျှင် Star Entertainment မှ ရှချန်းချန်းအား အိုင်ဒေါ ရုပ်သံရှိုးတစ်ခု၌ ပါဝင်စေရန် အရင်းအမြစ်များ ပေးသည့်အတွက် ရူးနေခြင်းဖြစ်ရမည်။
သူမသည် မူလက စေ့စပ်ညှိနှိုင်းရန်၊ Star entertainment နှင့်သူမ၏ စာချုပ်ကို ဆက်လက်လုပ်ကိုင်ရင်းဖြင့် ဝူရှင်းဘန့်အကြောင်းကို တိတ်တဆိတ် မေးမြန်းရန် ရည်ရွယ်ခဲ့သည်။
၎င်းအခြေအနေတွင် ဤနေရာမှ အမြန်ဆုံးထွက်သွားခြင်းက အကောင်းဆုံးပင်ဖြစ်သည်။ ရှင်းခုံနှင့် ဝူရှင်းဘန့်တို့၏ လျှို့ဝှက်အပေးအယူများအတွက် အဆိုးဆုံးမှာမူ သူတို့ စုံစမ်းရန် အခြားနည်းလမ်းတစ်ခု ရှာနိုင်ပေမည်။
ရှချန်းချန်းသည် ချိန်ချင်းအား ကျန်းကောနှင့် တွေ့ဆုံရန် ညွှန်ကြားကာ ထွက်ခွာရန် ပြင်လိုက်သည်။
ရုတ်တရက်ဆိုသလို အကစတူဒီယိုမှ မိန်းကလေးများစွာ၏ တီးတိုးပြောဆိုသံကို သူမနောက်မှ ကြားလိုက်ရသည်။
“အိုး ဘုရားရေ၊ အဲဒါ ရှချန်းချန်းမလား အရမ်းလှတာပဲ”
“ဝိုး၊ သူက တရုတ်ဖျော်ဖြေရေးလောကမှာ အလှဆုံးအမျိုးသမီးကြယ်ပွင့် ဖြစ်ဖို့ ထိုက်တန်တာပဲ၊ ငါ သူ့ရဲ့ ချွေးပေါက်တွေကိုတောင် မမြင်ရဘူး”
“ငါတို့ တကယ်ပဲ သူမနဲ့ အဖွဲ့ဖွဲ့ပြီး Galaxy Girls မှာပြိုင်ရမှာလား၊ သူက အရမ်းနာမည်ကြီးတာ သူရှိနေတာနဲ့တင် ငါတို့ ပထမအဆင့်မှာ ထုတ်ခံရမှာမဟုတ်ဘူး”
“ရှလူလူ၊ နင် ရှချန်းချန်းကို ကြိုက်တယ်လို့ အမြဲပြောနေတာမလား၊ လက်မှတ်တစ်ခုလောက် မလိုချင်ဘူးလား”
ထိုစကားလုံးသုံးလုံးသည် ထွက်ခွာတော့မည့် ရှချန်းချန်း၏ ခြေလှမ်းများကို ရပ်တန့်စေခဲ့ကာ အေးစက်နေသော သွေးများသည်လည်း ချက်ချင်းဆိုသလို ပူနွေးလာခဲ့သည်။
ရှချန်းချန်းသည် လှည့်ကြည့်လိုက်ရာ သူမရှေ့၌ တခြားသင်တန်းသားများက တွန်းပို့ထားသော မိန်းကလေးငယ်ကို တွေ့လိုက်ရသည်။
သူမသည် ဘဲဥပုံမျက်နှာပေါက်၊ ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်ခန့်ရှိပြီး နူးညံ့သိမ်မွေ့သော ရုပ်ရည်နှင့် သွယ်လျသော ခြေလက်များကို ပိုင်ဆိုင်ထားသည်။ သူမသည် ရှချန်းချန်းကို ရှုပ်ထွေးစွာ ကြည့်နေခဲ့ပြီး မျက်နှာသည်လည်း နီရဲနေခဲ့သည်။
“ချန်းချန်းကျဲ ညီမ ကျဲကို အရမ်းကြိုက်တာ၊ လက်မှတ်လေးတစ်ခုလောက် ထိုးပေးလို့ရမလားဟင်”
ရှချန်းချန်းသည် သူမရှေ့ရှိ မိန်းကလေးကို ကြည့်လိုက်သည်။ သူမ၏ နှလုံးသားသည် ထိန်းချုပ်၍မရနိုင်သော အားတစ်ခုဖြင့် ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေပြီး သူမ၏ ပခုံးများသည်လည်း ထိန်းမရဘဲ တုန်ယင်နေခဲ့သည်။
သူမက မေးသည်။
“မင်းနာမည်က ဘာလဲ”
ထိုမိန်းကလေးသည် ခေါင်းကို စောင်းကာ သူမ၏ တောက်ပသော မက်မွန်မျက်လုံးများဖြင့် မျက်တောင်ခတ်လိုက်သည်။
“ကျွန်မ နာမည်က ရှလူလူပါ”
ရှချန်းချန်းသည် သူမ၏ နားထဲ၌ “ဘုန်း” ဟူသော အသံကို ကြားလိုက်ရပြီး စိတ်လွတ်သွားသည်။
သူမတွင် အခြားကမ္ဘာတစ်ခု၌ ညီမတစ်ယောက်ရှိသည်။
သူမ၏ နာမည်သည်လည်း ရှလူလူ ဖြစ်သည်။