ရှချန်းချန်းဟာ ပါပါရာဇီတစ်ယောက် ဖြစ်သည်။ သူမရဲ့ အရင်ဘဝတုန်းက မမောနိုင်မပန်းနိုင် နေ့တိုင်း အလုပ်လုပ်ခဲ့ပြီး နေ့တိုင်း ဓာတ်ပုံတွေ ရိုက်ယူခဲ့သည်။ —— ငါနောက်ဆုံးတော့ ဖရဲသီးပူပူနွေးနွေး (အတင်းအဖျင်း)တစ်ခုကို ဓာတ်ပုံရိုက်နိုင်ခဲ့ပြီကွ။ ဒါပေမဲ့ အရမ်း ခြေကုန်လက်ပန်း ကျနေသလိုပဲ။ ဒီလိုနဲ့ ရှချန်းချန်းတစ်ယောက် စာအုပ်တစ်အုပ်ထဲ ကူးပြောင်းသွားပြီး အမျိုးသမီး အနုပညာရှင်တဖြစ်လဲ အမြှောက်စာခံ ဗီလိန်မတစ်ယောက် ဖြစ်လာခဲ့သည်။ —> ထိပ်တန်းအဆိုတော်တစ်ယောက်က သူမ လျှို့ဝှက်လက်ထပ်ထားတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ကြောင်းနဲ့ ကလေးတစ်ယောက်ကို ကိုယ်၀န်လွယ်ထားရပြီ ဖြစ်ကြာင်း ထုတ်ဖော်ပြောကြား! —> အနုပညာလောကရဲ့ အချစ်ဆုံးစုံတွဲလို့ နာမည်ကြီးတဲ့စုံတွဲက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကွာရှင်းထားပြီးသားဖြစ်နေ! —> အဆိုတော်တစ်ယောက်ရဲ့ သီချင်းကို ခိုးချပြီး နာမည်သိပ်မကြီးတဲ့ အမျိုးသမီး အနုပညာရှင်တစ်ဦးကို မဖွယ်မရာလုပ်! ဖရဲသီးတွေကတော့ အများကြီးပဲ! ငါဘယ်ဟာကို အရင်ဖော်လို့ ဖော်ရမှန်းတောင် မသိတော့ဘူး! ဒါက ပါပါရာဇီတစ်ယောက်အတွက်တော့ နိဗ္ဗာန်ဘုံပဲ! System က လေးနက်တဲ့လေသံနဲ့ ပြောလာခဲ့သည်: Host... မူရင်းဝတ္ထုရဲ့ ဇာတ်ပို့တစ်ယောက်အနေနဲ့ သင့်ရဲ့တာဝန်က အနုပညာလောကထဲ ၀င်ပြီး ကြာပန်းဖြူဇာတ်လိုက်မနဲ့ ပြိုင်ရမယ်။ ပြီးတော့ ဇာတ်ကြောင်း ကောင်းကောင်းမွန်မွန် ချောချောမွေ့မွေ့ ဆက်သွားနိုင်ဖို့အတွက် ဇာတ်လိုက် မျက်နှာသာပေးတာ ခံရအောင် ကြိုးစားရမယ်! ရှချန်းချန်း : ? ? ? ရှချန်းချန်း : နင်ရူးများနေတာလား။ ဒီလောက်အတင်းအဖျင်းတွေ အများကြီးသိနေတာကို အနုပညာလောကရဲ့ ဖရဲသီးအကောင့်တစ်ကောင့် ဖွင့်ပြီး ပိုက်ဆံရှာတာက ပိုမကောင်းပေဘူးလား။ ……… လအနည်းငယ်အကြာမှာတော့ ရှချန်းချန်းရဲ့ အရန်အကောင့် “အလိမ်ဖော်သူ” က နာမည်ကြီးလာပြီး follower သန်း၁၀၀ကျော် ရရှိလာကာ အင်တာနက်ပေါ်က နံပါတ် ၁ အတင်းအဖျင်း နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာခဲ့သည်! နာမည်ကြီးဆယ်လီ အများအပြားရဲ့ ပုံရိပ်တွေထိုးကျသွားခဲ့! သူမ like လုပ်ထားတဲ့ posts တွေကလည်း hit ဖြစ်လာခဲ့! Fan A: ကျီကျီက ငါ့ Idol ရဲ့ post ကို Like လုပ်ထားတယ်! အားးးးးးးး ငါ့ Idol လေးတော့ နာမည်ကြီးလာတော့မယ်! ! ! Fan B: ဖာ့ခ်! ကျီကျီက ငါ့ Weibo Post ကို forward လုပ်ထားတယ်!!! ခွေးစတစ်ကာတောင် ပို့ထားလိုက်သေး! ဒီသေနာကောင်တော့ ဖျော်ဖြေရေးလောကမှာ ဆက်ရှိလို့ မဖြစ်တော့ဘူး! —ကျီကျီက ဖျော်ဖြေရေးလောကမှာ Thorရဲ့တူကြီးလိုပဲ၊ သတင်းတွေက အမှန်ဖြစ်ကြောင်း အာမခံလို့ရ! ရောင်းပြီးဝန်ဆောင်မှုကလည်း အာမခံလို့ရ! * ရှဲ့ကျစ်ရှင်း၊ အနုပညာလောကရဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့တဲ့ အသက်အငယ်ဆုံး အနုပညာရှင်။ ရုပ်ရည်၊ ငွေကြေး၊ အရှိန်အဝါ၊ ထင်ပေါ်ကျော်ကြားမှု အားလုံးပြည့်စုံသူ။ အနုပညာသက်တမ်း ငါးနှစ်အတွင်း ဘာအမဲစက်မှမရှိ၊ အားလုံးသန့်ရှင်း။ ပါပါရာဇီတွေ အကုန်လုံးက ရှဲ့ကျစ်ရှင်းရဲ့ ဖရဲသီးကို ရိုက်ယူနိုင်ခဲ့တာကို ဂုဏ်ယူနေကြသည်။ သူတို့က ရှဲ့ကျစ်ရှင်းရဲ့ ပုံရိပ်ပြိုလဲတာနဲ့ အကုန်ခွာပြဲကုန်ပြီး ဖျော်ဖြေရေးလောက ပျက်စီးသွားလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေကြသည်။ ရှချန်းချန်းက ဆိုဖာပေါ်လှဲလျက် postတင်ဖို့ စာရိုက်နေသည်: ရှဲ့ကျစ်ရှင်းက လက်ထပ်ထားပြီးသားလား?! သူ့မိန်းမကရော အနုပညာရှင်ပဲလား?! ကတောက်စ် ဖရဲသီးအကြီးစားကြီးပဲ! ငါဖော်ချင်တယ်! သူမရဲ့နောက်ကနေ တောင့်တင်းလှတဲ့ လက်တစ်ဖက်က ရှချန်းချန်းရဲ့ ခါးပေါ်ရောက်လာပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ရှဲ့ကျစ်ရှင်း : ဇနီးလေး ဘာတွေဖော်ဦးမလို့လဲ။ ရှချန်းချန်း : ? ? ? —ရုပ်ရှင်ဧကရာဇ်ရဲ့ဇနီးက ပါပါရာဇီတစ်ယောက်လား?

