← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

Chapter 65

ရှချန်းချန်း၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။

ထိုမိန်းကလေး၏ မျက်နှာသွင်ပြင်က ရှလူလူနှင့် မတူပေ။ သို့သော် ထိုမျက်လုံးများက ရှိရှိသမျှ အမှတ်ရစရာများကို ရှချန်းချန်းထံသို့ ပြန်လည်ရောက်ရှိစေသည်။

ရှချန်းချန်းသည် စနစ်ကို အသံ တုန်ယင်စွာဖြင့် မေးလိုက်သည်။

"သူတို့က တစ်ယောက်တည်းလား"

ရှချန်းချန်း သေဆုံးပြီးနောက် စိတ်ကူးယဉ်ကမ္ဘာသို့ သွားနိုင်မည်ဆိုလျှင် လူလူလည်း သွားနိုင်မည်လား။

"မဟုတ်ဘူး"

စနစ်က ရှချန်းချန်း၏ စိတ်ကူးယဉ်မှုများကို ချေဖျက်ပစ်သည်။

"ဒီစနစ်က ရှလူလူရဲ့ မှတ်ဉာဏ်တွေကို စစ်ဆေးပြီးပြီ၊ သူက ဒီကမ္ဘာထဲက ဇာတ်ကောင်ပဲ၊ host ရေ ကမ္ဘာကြီးက အရမ်းကျယ်တယ်၊ နိုင်ငံတစ်ဝန်းမှာ ရှလူလူဆိုပြီး နာမည်တူ လူတစ်ရာကျော်ရှိတယ်၊ ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ"

ရှချန်းချန်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူမ၏ နှလုံးသားထဲတွင် နာကျင်မှု လှိုင်းလုံးကြီး လှိမ့်တက်လာလေသည်။

"ချန်းချန်း၊ မင်း လူလူကို သိလား"

ရှုချယ်က ရှချန်ချန်၏ အတွေးများကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။

"ဒါပေမဲ့ မင်းတို့နှစ်ယောက် ဆုံဖူးမယ်မထင်ဘူး၊ လူလူက သင်တန်းသူလေ၊ မကြာသေးခင်ကမှ အဖွဲ့ဖွဲ့ဖို့ အရွေးခံရတာ"

ရှုချယ်က ရှလူလူ၏ ပခုံးကို ညင်သာစွာပုတ်သည်။

"ဒီနှစ်မှာ လူလူက အတော်ဆုံးပဲ၊ ဟုတ်တယ်မလား"

ရှုချယ်၏ လေသံက နူးညံ့နေသည်။ သူသည် ရှလူလူ၏ ပခုံးကိုပုတ်လိုက်သည့်အခါတွင်လည်း ကိုယ်ထိလက်ရောက် ထိတွေ့မှုမရှိအောင် ရည်ရွယ်၍ ရှောင်ရှားလိုက်သည်ကို တွေ့ရသည်။ သို့သော် ရှုချယ်မှ ရှလူလူကို ထိလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု လျှပ်ခနဲဖြစ်ပေါ်လာပြီး ရှချန်းချန်းဘက်သို့ အလိုလို အနည်းငယ် ကိုယ်ကို တိမ်းစောင်းလိုက်သည်။

ဤလှုပ်ရှားမှုမှာ အလွန်သိမ်မွေ့သောကြောင့် မည်သူမျှ သတိမပြုမိကြပေ။

ရှချန်းချန်းက ပတ်ဝန်းကျင်ရှိ အခြားမိန်းကလေးများကို ကြည့်လိုက်သည်။ သူတို့သည် အစောပိုင်းတွင် သူမ၏ လက်မှတ်ကို ပျော်ရွှင်စွာ တောင်းခံနေကြသည်။ သို့သော် ရှုချယ်ကို တွေ့သည်နှင့် သူတို့၏ မျက်နှာများမှာ ပြုံးနေကြသော်လည်း တောင့်တင်းနေသော ခန္ဓာကိုယ်နှင့် မျက်လုံးထဲမှ ကြောက်ရွံ့မှုတို့ကို ဖုံးကွယ်မထားနိုင်ချေ။

ရှချန်းချန်းတစ်ယောက် သံသယဖြစ်လာသည်။

သူတို့ ရှုချယ်ကို ကြောက်နေကြတာလား။

ရှုချယ်သည် ဆက်လက်၍ ညင်သာနေဆဲဖြစ်သည်။ ရှလူလူ ခေါင်းငြိမ့်သည်ကို မြင်သောအခါ သူသည် ရှချန်းချန်းဘက်သို့ လှည့်ကာ ပြောသည်။

"ချန်းချန်း၊ ဒါရိုက်တာဝူက အစီအစဉ်မှာ ပါဝင်မဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးဖို့ ညီလာခံခန်းမထဲမှာ စောင့်နေတုန်းပဲ၊ အရင်သွားပြီး နှုတ်ဆက်လိုက်ပါလား"

ချန်ချင်းသည် ရှချန်းချန်းထံသို့ ကိုယ်ကို ကိုင်းလိုက်ပြီး သူမတစ်ဦးတည်းသာ ကြားနိုင်မည့် အသံဖြင့် ပြောလိုက်သည်။

"ဒါရိုက်တာ ရှ၊ ကျွန်တော့်ကို စာချုပ်ဖျက်သိမ်းဖို့ အပြည့်အဝ အာဏာပေးမယ်ဆိုရင် ဒါရိုက်တာဘက်က မျက်နှာသွားပြဖို့ မလိုပါဘူး"

ရှချန်းချန်းက ရှလူလူကို တစ်ချက် ထပ်ကြည့်ပြီး ခဏတာ ရပ်တန့်ကာ ချန်ချင်းအား ခေါင်းခါပြသည်။

"အစီအစဉ် ပြောင်းလဲသွားပြီ၊ Starry Sky ရဲ့ အဆင့်မြင့်အရာရှိချုပ်တွေကို သွားတွေ့ရအောင်"

ညီလာခံခန်းမသည် အနီရောင်၊ အဖြူရောင်များဖြင့် လွှမ်းမိုးထားပြီး လှုပ်ရှားမှုအပြည့် ရှိနေသည်။ လူကြိုက်များသော အနုပညာရှင်များ၏ ပိုစတာများကို နံရံတွင် ချိတ်ဆွဲထားပြီး Starry Sky ၏ စွမ်းဆောင်ရည်ကို ပြသနေသည်။

အသက်ငါးဆယ်ဝန်းကျင်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သေသပ်စွာ မီးပူတိုက်ထားသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဘီဟာဗိုက်အား အဖြူရောင်ရှပ်အင်္ကျီနှင့် ခါးပတ်အောက်တွင် ဖုံးအုပ်ထားပြီး ညီလာခံခန်းမ၏ အဓိကထိုင်ခုံတွင် ထိုင်နေလေသည်။

ကျန်းကောသည် ထိုလူ၏ နောက်တွင် ရိုသေစွာ ရပ်နေသည်။

ရှချန်းချန်းနှင့် ချိန်ချင်း ဝင်လာသည်ကို မြင်သည့်အခါ ထိုလူသည် ချက်ချင်း ထရပ်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ချန်းချန်း၊ မတွေ့ရတာကြာပြီ"

စနစ်က ထွက်လာလေသည်။

"Host ဒါက ဝူရှင်းဘန့်ပဲ Star Entertainment ရဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ပဲ"

ရှချန်းချန်းသည် ဝူရှင်းဘန့်၏ ဓာတ်ပုံများကို အွန်လိုင်းတွင် တွေ့ဖူးသည်။ ပို၍ နီးကပ်စွာ ကြည့်လိုက်သောအခါ သူ၏ မျက်နှာသွင်ပြင်များသည် သိပ်မကွာခြားကြောင်း တွေ့ရသည်။ သို့သော် သူ၏အသွင်အပြင်မှာ အနည်းငယ် ချောဆီရွှဲနေသယောင်ပင်။

"ဒါရိုက်တာ ဝူ၊ မင်္ဂလာပါ"

ရှချန်းချန်းက ဝူရှင်းဘန့်၏ လက်ကို ယဉ်ကျေးစွာ ဆွဲလိုက်သည်။

သူတို့သုံးဦး နေရာယူလိုက်ကြသည်။ ကျန်းကောက ဝူရှင်းဘန့်၏ နောက်၌ ရိုသေစွာ မတ်တပ်ရပ်နေဆဲပင်။

ဝူရှင်းဘန့်သည် ရှချန်းချန်းအား မြူဆွယ်မနေတော့ဘဲ အဓိကအရာကို တည့်တိုးပြောလိုက်သည်။

"ချန်းချန်း၊ မင်း စာချုပ်ဖျက်သိမ်းချင်တယ်လို့ ရှောင်ကျန်းဆီက ကြားတယ် အားမနာပါနဲ့ဗျာ၊ ဒါ ရှောင်ကျန်း အသိဉာဏ်မဲ့လို့ပါ ငါ မင်းကို စကားတွေနဲ့ စိတ်အနှောင့်အယှက်ပေးခဲ့တာဘဲ၊ မင်းက ငါတို့ Starry Sky ရဲ့ ထိပ်တန်းကြယ်တစ်ပွင့်ပဲ၊ ငါတို့နှစ်နှစ်လောက် အတူတူ အလုပ်လုပ်ခဲ့ကြတာ၊ ဘာပဲဖြစ်ဖြစ် ငါတို့ထိုင်ပြီး စကားပြောလို့မရဘူးလား၊ စာချုပ်ကို

ဘာအားနာမှုမှမရှိဘဲ ချက်ချင်း ဖျက်သိမ်းမယ်ဆိုတာ.. ဒါက တကယ်တော့ နားကြားမကောင်းဘူးလေ"

ထိုသို့ပြောနေရင်းပင် သူသည် ရှချန်းချန်းနှင့် ချန်ချင်းအတွက် ဖူချန်၏ တာဟုန်ပေါင် လက်ဖက်ရည်တစ်ခွက်စီ ငှဲ့ပေးသည်။ ရှချန်းချန်းသည် တာဟုန်ပေါင်ကို အေးဆေးစွာ သောက်လိုက်သည်။

လက်ဖက်ရည်၏ရနံ့သည် လေထဲတွင် ပျံ့လွင့်နေပြီး စွဲမြဲသောအရသာတစ်ခု ကျန်ရစ်ခဲ့သည်။ အကယ်၍ ဤနေရာသည် မနှစ်သက်ဖွယ်နေရာ မဟုတ်ပါက သူမ အနည်းငယ်ပို၍ သောက်ကောင်းသောက်နိုင်ပေလိမ့်မည်။

ရှချန်းချန်းသည် ပျင်းရိသော အနေအထားဖြင့် လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာ ပွတ်နေသည်။

“ဆရာရှုက ကျွန်မကို "Galaxy Girls Season 2" မှာ ပါစေချင်တယ်လို့ ကြားတယ် အဲဒါက တကယ်လား"

ဝူရှင်းဘန့်က ခေတ္တရပ်တန့်သွားသည်။ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်တစ်ခု လျှပ်ခနဲဖြစ်ပေါ်သွားသော်လည်း သူ၏မျက်နှာက အပြုံးမပျက်ပေ။

“ချန်းချန်း၊ မင်းကုမ္ပဏီရဲ့ အစီအစဉ်ကို မကျေနပ်ဘူးလား"

ရှချန်းချန်းသည် လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး အလေးအနက်ထား ပြောသည်။

"ပြည်တွင်းဖျော်ဖြေရေးဈေးကွက်က အိုင်ဒေါတွေအတွက် အထောက်အကူမဖြစ်ဘူး၊ သင်တန်းသူဘဲဖြစ်ဖြစ်၊ သရုပ်ဆောင်ဘဲဖြစ်ဖြစ် ပြိုင်ပွဲမှာ ပါတာက နာမည်ရဖို့အတွက်ပဲ နောက်ဆုံးပန်းတိုင်ကတော့ သရုပ်ဆောင်ဖြစ်ဖို့ပဲ၊ ကျွန်မက နာမည်ကြီးပြီးသားလူတစ်ယောက်လေ ဇာတ်ကောင်တစ်ခုကို မရလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မိန်းကလေးအဖွဲ့တစ်ဖွဲ့ရဲ့ ပြိုင်ပွဲမှာ ကျွန်မ ပါဖို့ လိုလို့လား”

"ကျွန်မတို့ ခြေတစ်လှမ်းလောက် နောက်ဆုတ်မယ်ဆိုရင်တောင်မှ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းစဉ်က အချိန်ကြာတယ်၊ ကျွန်မတို့ရဲ့ စာချုပ်က လနည်းနည်းပဲ ကျန်တော့တယ်၊ ပိုက်ဆံအမြန်ဆုံး ရှာနိုင်မယ့် နည်းလမ်းက ကြော်ငြာလက်ခံတာ၊ ကြော်ငြာရိုက်တာတွေ မဟုတ်ဘူးလား"

ဘယ်လိုပဲကြည့်ကြည့် မိန်းကလေးအဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့က ကောင်းတဲ့ရွေးချယ်မှု မဟုတ်ဘူးယ

"ဘာလို့လဲဆိုတော့ ငါတို့မှာ ပိုကြီးတဲ့ ရည်မှန်းချက်တွေရှိတယ်"

ဝူရှင်းဘန့်သည် သူ၏မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်လိုက်ပြီး မျက်နှာထားက ပို၍ လေးနက်လာသည်။

“မင်းပြောသလိုပဲ ပြည်တွင်းဖျော်ဖြေရေးလုပ်ငန်းက အိုင်ဒေါတွေအတွက် မသင့်လျော်ဘူး၊ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်က သရုပ်ဆောင်ဖြစ်လာဖို့ပဲ၊ ဒါကြောင့် Starry Sky က အိုင်ဒေါဈေးကွက်တစ်ခုကို တည်ဆောက်ပြီး သူတ်ု့တွေကို သီးသန့်စင်မြင့်တစ်နေရာ ပေးဖို့လိုတယ်"

"ငါတို့ သီချင်းဆိုတဲ့ အစီအစဉ်အမျိုးအစားတစ်ခုကို စတင်တော့မယ်"

ဝူရှင်းဘန့်၏ အသံက တဖြည်းဖြည်း မြင့်လာသည်။

"အဲလူတွေကို သူတို့ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်တွေကို ချပြနိုင်တဲ့ နေရာတစ်ခု ပေးမယ် ဒါပေမဲ့ အဲမတိုင်ခင်မှာ ငါတို့ "Galaxy Girls" အတွက် အားပေးကူညီဖို့ လိုတယ်၊ "Galaxy Girls" ရဲ့အဆုံးမှာ သူတို့တွေအတွက် အသင့်တော်ဆုံး စင်မြင့်တစ်ခုကို ဖန်တီးမယ်၊ ဒါက ပိုကောင်းတယ်လို့ မင်းမထင်ဘူးလား"

ဝူရှင်းဘန့်၏ လေသံသည် ပိုမို စိတ်လှုပ်ရှားလာပြီး ညီလာခံခန်းမထဲတွင် ပဲ့တင်ထပ်နေသည်။ ဤနေရာတွင် လက်ခုပ်သံများ ရှိသင့်သည်။ သို့သော် ကျန်းကောက ဘေး၌ ရိုးသားစွာ ရပ်နေကာ ချန်ချင်းသည်တော့ ဤအကြောင်းအရာကို နားမလည်ပေ။ ရှချန်းချန်းတစ်ဦးတည်းသာ အနည်းငယ် ပြုံးနေသည့်မျက်နှာက 'ကျွန်မ မယုံဘူး' ဟု ပြောနေပုံရသည်။

"ချန်းချန်း၊ ဒါက ငါတို့ Starry Sky က မင်းကို ပေးတဲ့ အကြီးမားဆုံးသော စေတနာပဲ"

ဝူရှင်းဘန့်သည် "Galaxy Girls" တွင် ပါဝင်ရန်အတွက် စာချုပ်ကို ရှချန်းချန်း၏ ရှေ့သို့ တွန်းပေးလိုက်သည်။

"ငါတို့နဲ့အတူ လိုက်ခဲ့ပြီး Starry Sky မှာ နိုင်ငံတော်တစ်ခုကို ဖန်တီးလိုက်ပါ"

ရှချန်းချန်းသည် စာချုပ်ကို အလေးမစိုက်စွာ လှန်လှောကြည့်နေပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။

မည်သူမျှ စကားမပြောသောကြောင့် ညီလာခံခန်းမတွင် အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။ ဝူရှင်းဘန့်နှင့် ကျန်းကောက ရှချန်းချန်းကို စိုက်ကြည့်နေကြသည်။ သူမသည် စာချုပ်ကို သာမန်အားဖြင့် လှန်လှောကြည့်နေသော်လည်း နှုတ်ခမ်းထောင့်များက တင်းမာကာ အောက်သို့ဖိကိုက်ထားသည်ကို တွေ့ရသည်။

သူတို့၏ နှလုံးသားများကဲ့သို့ပင် တဖြည်းဖြည်းဖြင့် အောက်တုံးသို့ နစ်မြုပ်သွားသည်။

ရုတ်တရက်ဆိုသလို ရှချန်းချန်းက ရယ်လိုက်သည်။

"တော်တော် စိတ်ဝင်စားဖို့ကောင်းပုံရတယ်"

ဝူရှင်းဘန့်၏ မျက်လုံးများ လင်းလက်လာပြီး သူသည် အံ့အားသင့်စွာနှင့် ရှချန်းချန်းကို စိုက်ကြည့်နေသည်။ ထို့နောက် တံတွေးကို မျိုချလိုက်သည်။

"ချန်းချန်း၊ ဒါဆို မင်း "Galaxy Girls" မှာ ပါဝင်ဖို့ စီစဉ်နေတာလား"

"ကျွန်မ ရှေ့နေကို စာချုပ်ကို လေ့လာခိုင်းလိုက်မယ်"

ရှချန်းချန်းက ထရပ်လိုက်ပြီး "Galaxy Girls" အတွက် စာချုပ်ကို ချန်ချင်းထံသို့ လွှဲပေးသည်။

“မမျှော်လင့်ထားတဲ့ အခြေအနေမျိုး မရှိဘူးဆိုရင် ဝူ၊ ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်မှာပါ"

ဝူရှင်းဘန့်တစ်ယောက် အလွန်ပျော်ရွှင်နေပြီး ရှချန်းချန်း၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

"ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါစေ၊ ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါစေ"

ဝူရှင်းဘန့်သည် ရှချန်းချန်းကို Star Entertainment ကုမ္ပဏီ၏ တံခါးဝအထိ လိုက်ပို့သည်။ ရှချန်းချန်း ကားထဲသို့ ဝင်သည်အထိ ဝူရှင်းဘန့်တစ်ယောက် ပြုံးနေဆဲပင်။ Bentley ကား ထွက်ခွာသွားသည်နှင့် ဝူရှင်းဘန့်၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။

"ဟေး၊ ခက်ခက်ခဲခဲ ကိုင်တွယ်ရမယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးတော့ အလှကြိုက်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ"

ဝူရှင်းဘန့်သည် ဘေးရှိ ကျန်းကောအား မထီမဲ့မြင် ကြည့်သည်။

"ဒါက ပန်းအိုးသက်သက်ပဲ၊ မင်းက လပေါင်းများစွာ ရှာခဲ့ပြီး ဘာတစ်ခုမှ မအောင်မြင်ဘူး"

ကျန်းကောက ခေါင်းငြိမ့်၍ ခါးကို ကိုင်းညွတ်လိုက်သည်။

ကျန်းကောစ်ယောက် ရှုပ်ထွေးနေလေသည်။ ရှချန်းချန်းသည် ယမန်နေ့က အလွန်ပင် တင်းမာပြီး ဩဇာအာဏာပြခဲ့သည်။ သို့သော် ယနေ့တွင် အဘယ်ကြောင့် ဤမျှ ကွဲပြားခြားနားနေရသနည်း။

တကယ်တမ်းတော့ နာမည်လေးနည်းနည်းရတာနဲ့ သူလို အေးဂျင့်တွေကို နှိမ့်ချပြီး ကြည့်တာမျိုးပါပဲလေ ဒါပေမဲ့ စွမ်းအားအပြည့်နဲ့ ချမ်းသာကြွယ်ဝတဲ့ မစ္စတာဝူလို သူဌေးကြီးတစ်ယောက်ကို ရင်ဆိုင်ရတော့လည်း သူ့အပေါ် အချေအတင်လုပ်ပြန်တာဘဲ။

နောက်ဆုံးတော့ သူမက ခန္ဓာကိုယ်ရောင်းစားပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့ မိန်းမပျ်တစ်ယောက်ပါပဲ အာ။

ဝူရှင်းဘန့်နှင့် ကျန်းကောတို့သည် ညီလာခံခန်းမသို့ ပြန်သွားကြသည်။

ရှုချယ်သည် စားပွဲတစ်ခုတွင် မှီ၍ သူ မကြာသေးမီက ချိတ်ဆွဲထားသည့် ဓာတ်ပုံပိုစတာအသစ်ကို ချီးမွမ်းနေလေ၏။

ဝူရှင်းဘန့်က သူ၏ဦးခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ကျန်းကောကို ပြောလိုက်သည်။

"မင်း အရင်ထွက်သွား"

ကျန်းကော ထွက်ခွာသွားပြီးနောက် ဝူရှင်းဘန့်သည် ညီလာခံခန်းမတံခါးကို ပိတ်လိုက်ပြီး ညီလာခံခန်းမ၏ ပြင်ပကို မျက်နှာမူထားသည့် လိုက်ကာများကိုပင် ပိတ်လိုက်သည်။

"မင်း ရှချန်းချန်းကို ဂရုစိုက်ပေးခဲ့လား"

ရှုချယ်က ပျော်ရွှင်စွာ မေးသည်။

ဝူရှင်းဘန့်က လှောင်ပြောင်လိုက်သည်။

"ငါ ဖြေရှင်းလိုက်ပြီ ဘယ်လိုလုပ် မကိုင်တွယ်နိုင်ရမလဲ၊ သူက အသက်နှစ်ဆယ်ကျော်လေးပဲရှိသေးတဲ့ ကောင်မလေးတစ်ယောက်ပါ၊ အမျိုးသမီးကြယ်ပွင့်တစ်ယောက်လို သရုပ်ဆောင်နေတာ နောက်ဆုံးတော့ လှပတဲ့ အသွင်အပြင်နဲ့ အသုံးမကျတဲ့ ကျားအိုတစ်ကောင်ပဲ"

ဝူရှင်းဘန့်၏ မျက်လုံးက မှောင်မိုက်သွားကာ သူသည် ရှုချယ်အနီးသို့ တိုးကပ်လိုက်ပြီး အသက်ရှူ၍

"မစ္စတာလော့က ငါ့ကို အခုပဲ ဆက်သွယ်လာတယ်၊ ချန်မင်ကျယ် အဖမ်းခံရပြီးနောက်ပိုင်း ငါတို့လွှတ်လိုက်တဲ့ လူတွေရဲ့ အရည်အချင်းက အရမ်းညံ့လွန်းလို့ အကြီးအကဲတွေ မပျော်ဘူးလို့ ပြောတယ်”

ရှုချယ်က သူ၏ ဘယ်ဘက်လက်သူကြွယ်တွင် ရှိသော အပြာရောင်စိန်လက်စွပ်ဖြင့် ကစားနေသည်။

"ငါတို့ လွှတ်တဲ့သူတွေက အားလုံး အိုင်ဒေါတွေချည်းပဲ၊ သူတို့ရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်က သရုပ်ဆောင်တွေနဲ့ ယှဉ်ရင်တော့ မကောင်းပါဘူး၊ အဲဒါကြောင့် ချန်မင်ကျယ်နဲ့ ယှဉ်လို့မရတာ မထူးဆန်းဘူး ဒါပေမဲ့ ရှချန်းချန်းရဲ့ အရည်အချင်းက အတော်လေးကောင်းတယ်"

"အကြီးအကဲတွေက သူ့ကို အရမ်းကြိုက်တယ်”

ဝူရှင်းဘန့်က အားရပါးရ ရယ်မောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ရှချန်းချန်းက မနာခံဘူး၊ စာချုပ်လည်း သက်တမ်းတိုးချင်ပုံမရဘူး၊ သူ့ကို ကိုင်တွယ်ဖို့ အရင်နည်းလမ်းကိုပဲ သုံးလိုက်ပါ အဲဒါဆို အကြီးအကဲတွေ ပျော်ရုံမကဘူး ငါတို့လည်း ပိုက်ဆံဖြုန်းနေတာကို ဆက်ထိန်းထားနိုင်မယ်"

"စိတ်မပူပါနဲ့"

ရှုချယ်၏ နူးညံ့သိမ်မွေ့သော အကြည့်သည် ပျောက်ကွယ်သွားသည်။ သူ၏မျက်လုံးများက အရိုးအဆစ်များအထိ ထိုးဖောက်နိုင်လောက်အောင် မှောင်မိုက်နေလေသည်။

“ငါ့ပါးစပ်ထဲက အသားကို ဘယ်တော့မှ ထွေးထုတ်မှာမဟုတ်ဘူး"

*

Bentley သည် အဝေးပြေးလမ်းမတစ်လျှောက် အရှိန်အဟုန်ဖြင့် မောင်းနှင်ပြီး ယွီလန်ယွမ်ဥယျာဉ်သို့ ပြန်သွားသည်။ ရှချန်းချန်းက ကား၏ နောက်ဘက်ထိုင်ခုံတွင် သက်တောင့်သက်သာ လှဲလျောင်းနေပြီး မျက်လုံးများကို မှိတ်ထားသည်။

ရှေ့ထိုင်ခုံတွင် ဟုန့်ပေါ်ချောင်းက သူမ တာဝန်ပေးထားသည့် ယာဉ်မောင်းနေရာတွင် ထိုင်နေသည်။ သူ၏ မျိုးရိုးအမည်မှာ ရှုဖြစ်သည်ဟု သိရပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည်၊ တိတ်တိတ်ဆိတ်ဆိတ်နှင့် တည်ငြိမ်သည့် ယာဉ်မောင်းဖြစ်ကြောင်းလည်း သိထားရသည်။

ရှချန်းချန်းသည် သူမ၏နားထင်များကို ပွတ်သပ်၍ ပြတင်းပေါက်ကို ချလိုက်ရာ လေပြေ‌လေညှင်းက ကားအတွင်းခန်းထဲသို့ ဝင်ရောက်လာသည်။ ရှုအိုသည် လေပြင်းနည်းနိုင်သမျှနည်းအောင် ကားကို ဖြည်းညှင်းစွယ မောင်းပေးသည်။

တိမ်တိုက်များသည် အပြာရောင်ကောင်းကင်အောက်တွင် ဝေ့ဝဲနေလေ၏။ အဖြူရောင်စုတ်တံက အပြာရောင်ကောင်းကင်ပေါ်တွင် ပန်းချီကားတစ်ချပ်ကို ရှုပ်ထွေးနေသော်လည်း စနစ်တကျ ရေးဆွဲထားသည့်ပုံပေါ်နေသည်။

"Host ဘာလို့ "Galaxy Girls" မှာ ပါချင်တာလဲ"

ရှချန်းချန်း အိပ်မနေသည်ကို မြင်သည့်အခါ စနစ်က အာရုံစိုက်လျက် ပေါ်ထွက်လာသည်။

"မင်း အစီအစဉ်မှာ ပါချင်ရင်တောင် တျန်းရှန့်ကို အရင်ပြောင်းလို့ရသေးတယ်၊ ငါ အမြဲတမ်း အာရုံရနေတာက ဝူရှင်းဘန့်က မင်းကို မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အစီအစဉ်ထဲ ပါစေချင်တာပဲ"

ရှချန်းချန်းသည် သူမ၏ မျက်လုံးများကိုမှိတ်ထားပြီး မျက်နှာပေါ်သို့ လေပြေများ တိုက်တတ်နေသည်ကို ခံစားနေရသည်။

"ဘာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိတာလဲ၊ ငါ့ကို အဲ ဆက်စီဆန်ဆန် ကကွက်တွေ ကစေချင်နေတာမလား"

"ဘာ!"

စနစ်၏ စက်သံသည် အံ့အားသင့်မှုအပြည့်နှင့် အနည်းငယ်ရှက်ရွံ့နေသည်။

"အဲဒါ၊ အဲဒါ ရှလူလူနဲ့ တခြားသူတွေ အခုပဲ ကခဲ့တဲ့ ကကွက်လား၊ အားအဟားအဟား အဲဆက်စီဆန်ဆန် ကကွက်မျိုးဆို မင်းဘာလို့ သဘောတူလိုက်တာလဲ"

"ကတာက နောက်ဆုံးပန်းတိုင် မဟုတ်ဘူး၊ ဒါပေမဲ့ ကျားမလေးတစ်ကောင်ကို မသင်ပေးဘဲနဲ့ ကျားတစ်ကောင်ကို ဘယ်လိုလုပ် လိုက်နိုင်မှာလဲ"

ရှချန်းချန်းက ဂရုမစိုက်ပေ။

"ဘယ်သူက အဆုံးသတ်မှာလဲ၊ ဘယ်သူက သိုးကို သွေးချောင်းစီးအောင် လုပ်မလဲဆိုတာကို ကြည့်ချင်တယ်"

"အဲဒါ ငါပြောခဲ့တဲ့အရာပဲ"

စနစ်က ရှချန်းချန်း၏ စွမ်းရည်ကို အလွန်ယုံကြည်သည်။ သို့သော် သူ၏လေသံက စိုးရိမ်ပူပန်မှုအပြည့်ပင်။

"ဒါပေမဲ့...မင်း သီချင်းဆိုနိုင်ပြီး ကနိုင်ပါ့မလား"

ရှချန်းချန်းက မျက်တောင်ခတ်၍ ရုတ်တရက် ထိုင်လိုက်ကာ မဝံ့မရဲဖြင့်မေးသည်။

"ကတာ ခက်လို့လား"

စနစ်က နားလည်လိုက်ကာ သက်ပြင်းချ၍ ပြန်မေးခွန်းထုတ်လိုက်သည်။

"ဟုတ်ပြီ မင်း အရင်က က ဖူးလား"

ရှချန်းချန်းသည် သက်တောင့်သက်သာရှိသော ကကွက်ဝတ်စုံကို ဝတ်ဆင်ထားကာ တျန်းရှန့်ဖျော်ဖြေရေး၏ အကလေ့ကျင့်ခန်းစတူဒီယိုမှ မှန်နံရံရှေ့တွင် ရပ်နေသည်။ ဟုန့်ပေါ်ချောင်းနှင့် ထန်ဝေ့လော့တို့က သူမ၏ ရှေ့တွင် ရပ်နေကြသည်။

"မစ္စရှ၊ ကျွန်တော် မစ္စရဲ့ အရင်ဖျော်ဖြေမှုတွေကို ကြည့်ဖူးတယ်၊ မစ္စက အသံကောင်းလည်း ပိုင်ဆိုင်ထားတယ် ချမ်းသာတဲ့မိသားစုက သမီးတစ်ယောက်အနေနဲ့ ဘဲလေးအက သင်ထားတဲ့ အတွေ့အကြုံလည်း ရှိတယ်၊ ဒါကြောင့် မိန်းကလေးအဖွဲ့ ရွေးချယ်မှုရဲ့ ပထမဆုံးအဆင့်က မစ္စရှအတွက် ခက်ခဲမှာ မဟုတ်ပါဘူး"

ဟုန့်ပေါ်ချောင်း၏ မျက်လုံးများက ယုံကြည်မှုအပြည့်ဖြင့် တောက်ပနေသည်။

"ကျွန်တော် ထန်ဝေ့လော့ကိုလည်း မစ္စရှကို လေ့ကျင့်ပေးဖို့ တောင်းဆိုထားပါတယ်၊ စိတ်မပူပါနဲ့ A အဆင့်ကို ရကိုရမှာပါ"

"ဒါဆို..."

ရှချန်းချန်းက မရဲတရဲဖြင့် မေးလိုက်သည်။

"ကျွန်မတို့ ဘယ်ကနေ စရမလဲ"

ထန်ဝေ့လော့က ခေတ္တ စဉ်းစားကာ

“မစ္စရှရဲ့ ခန္ဓာကိုယ်ပျော့ပြောင်းမှုကို အရင်ဆုံးကြည့်ရအောင်၊ ခြေဆန့်ကားတာရော ဘယ်လိုလဲ"

ပြောလျက်ဖြင့် ထန်ဝေ့လော့သည် အကဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေထောက်ကားကာ သစ်သားကြမ်းပြင်ပေါ်တွင် ဖြောင့်တန်းစွာ ထိုင်လိုက်သည်။ သူသည် အမြင့် ၁.၈၃ မီတာရှိပြီး ခေါင်းနှင့် ကိုယ်အချိုးအစား ကောင်းမွလှန်သည်။

ခြေထောက်ကား၍ ထိုင်လိုက်သည်နှင့် အကလေ့ကျင့်ခန်းစတူဒီယို၏ တစ်ဝက်ခန့်သည် ခြေထောက်များနှင့် ပြည့်သွားသည်။

ရှချန်းချန်း:

"မစ္စရှ ဘာလို့ မစမ်းကြည့်တာလဲ"

ဟုန့်ပေါ်ချောင်းက စိတ်အားထက်သန်စွာ တိုက်တွန်းသည်။

"မစ္စက ဘဲလေးအကသမားဆိုတော့ ခန္ဓာကိုယ်အရမ်းပျော့ပြောင်းမှာ သေချာတယ်"

ရှချန်းချန်းသည် စိုးရိမ်လာသည်။

"host ရေ မူရင်းပိုင်ရှင်က ဘဲလေးအကသမားမလို့ ခန္ဓာကိုယ်က တကယ်ကို ပျော့ပြောင်းတယ် မင်းလုပ်နိုင်တယ် လုပ်နိုင်ပါတယ်!"

ဟုန့်ပေါ်ချောင်းနှင့် ထန်ဝေ့လော့တို့သည် သူမကို မျှော်လင့်ချက်များဖြင့် ကြည့်နေကြသည်။ အားပေးမှုကို ရရှိသောအခါ ရှချန်းချန်းက အားရပါးရ ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ပြီ ကျွန်မ လုပ်နိုင်ပါတယ်"

သုံးစက္ကန့်အကြာတွင် ရှချန်းချန်း၏ နှလုံးကွဲအက်သံများ အကလေ့ကျင့်ခန်းစတူဒီယိုမှ ပဲ့တင်ထပ်လာသည်။

ရှချန်းချန်း: "အားးးး ကျွန်မ မလုပ်နိုင်ဘူး"

"အကယ်၍ ကတာက ရွေးချယ်စရာ မဟုတ်ဘူးဆိုရင် သီချင်းဆိုတာကို စမ်းကြည့်လိုက်ပါ"

ဟုန့်ပေါ်ချောင်းက အကြံပေးသည်။

“မစ္စရှ ခင်ဗျား Strawberry TV ရဲ့ လပြည့်ညပွဲမှာ အရင်ကဆိုဖူးသားပဲ အသံ အရမ်းကောင်းတယ်”

သူ၏ ညာဘက်မျက်လုံးအောက်တွင် အဝိုင်းတစ်ခု ပေါ်နေသည်။ ယင်းသည် ရှချန်းချန်းကို အတင်း ထိန်းထားပေးလျက် သူမ၏ လက်သီးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

"ဟုတ်တယ်မလား ဟုတ်တယ်မလား ဟုတ်တယ်မလား"

စနစ်က နှစ်သိမ့်သည်။

"ကတာ မကောင်းပေမဲ့ သီချင်းဆိုတာ ကောင်းတယ်၊ ကောင်းကောင်း မဆိုနိုင်ရင်တောင် အသံပြုပြင်တာအတွက် သန်းတစ်သန်းပေးလို့ရတယ်မလား"

ရှချန်းချန်းက တံတွေးမျိုချလိုက်သည်။

ဟင်း...မူရင်းပိုင်ရှင်က အရမ်းကောင်းကောင်း ဆိုနိုင်ခဲ့တာ သူမက ပြောင်းလဲဝင်ရောက်လာတဲ့ ဝိဉာဉ်တစ်ယောက်ဆိုတော့ ဘယ်လောက်တောင် ဆိုးရွားနိုင်မှာမို့လို့လဲ။

ထန်ဝေ့လော့က ပို့ပေးထားသော သီချင်းစာသားစာရွက်ကို ကြည့်ကာ ရှချန်းချန်းတစ်ယောက် သူမ၏နှလုံးသားဖြင့် သီဆိုရန် ဆုံးဖြတ်လိုက်သည်။ သူမ သီဆိုနေရင်းနှင့် ဟုန့်ပေါ်ချောင်းနှင့် ထန်ဝေ့လော့တို့၏ တုံ့ပြန်မှုကို စောင့်ကြည့်နေသည်။

သူတို့သည် အမြဲလိုလို ပြုံးနေကြသည်။ သူတို့၏မျက်ခုံးများက ကွေးနေပြီး သူတို့၏အပြုံးများက ပျော်ရွှင်မှုအပြည့်ပင်။ အာ့ သူမ တကယ်ဆိုနိုင်တာပဲ။

ရုတ်တရက် ကျင်ရိဖန်က အောက်ထပ်မှ အော်လိုက်သည်။

“မင်း တကယ်ပဲ အပေါ်ထပ်မှာ သီချင်းဆိုနေတာလား၊ အသံက ကျွန်တော့်အမေ ရတနာလုပ်တဲ့ လွှအသံနဲ့ တူနေတယ် အရမ်းကျယ်လွန်းတယ်၊ အသံအေးအေးလေး ဆိုပေးလို့မရဘူးလား၊ ကျွန်တော့်အလုပ်ကို အနှောင့်အယှက်ဖြစ်တယ်"

ရှချန်းချန်း: "..."

နောက်စက္ကန့်တွင် သူမသည် ကုလားထိုင်ကို ဆွဲကိုင်ပြီး အကလေ့ကျင့်ခန်းစတူဒီယိုမှ ပြေးထွက်သွားသည်။ ထန်ဝေ့လော့နှင့် ဟုန့်ပေါ်ချောင်းတို့က သူမအား အမြန်ဆုံး တားလိုက်သည်။

"မစ္စရှ စိတ်အေးအေးထားပါ"

"ဘော့စ်ရှ၊ ရပ်လိုက်ပါ"

"ကျွန်မကို လွှတ်၊ ကျွန်မရဲ့ သီချင်းဆိုသံက လွှအသံနဲ့ တူတယ်လို့ ပြောရဲတယ်ပေါ့လေ၊ အဲအောက်တန်းစား ကျင်ရိဖန်ကို အသားတုံးဖြစ်အောင် လှီးပစ်မယ်၊ ရှင်တို့ သူ့ကို ဘယ်လိုအရင်းအမြစ်တွေ ပေးမှာလဲ၊ သူ့ကို လယ်ယာလုပ်ခိုင်းပြီး သာယာရိုးရိုးရှင်းသောဘဝ မှာ ပုံမှန်ပါခိုင်းလိုက်၊ ဆယ်နှစ်ကြာတဲ့အထိ မျက်နှာမပြစေနဲ့"

ထန်ဝေ့လော့: "..."

ဟုန့်ပေါ့ချောင်း: "..."

ဥက္ကဌရှဲ့က ဒေါသကြီးသည့် လူတစ်ယောက်ဖြစ်ကြောင်း လက်ထောက် ရှောင်ကျိုးက ပြောဖူးသည်။

ဘော့စ်ရှကလည်း ဒေါသကြီးတဲ့နေရာမှာ အတူတူပဲလို့ မထင်ခဲ့ဘူး။

ကျင်ရိဖန်ကို လက်တုံ့ပြန်ရန် အစီအစဉ်သည် ထန်ဝေ့လော့နှင့် ဟုန့်ပေါ်ချောင်းတို့က တားဆီးထားသောကြောင့် ပျက်ယွင်းသွားရသည်။ နောက်တစ်နာရီကြာသည့်တိုင် အကလေ့ကျင့်ခန်းစတူဒီယိုသည် ရှချန်းချန်း၏ လွှသံများ သို့မဟုတ် သူမ၏ ခြေထောက်ကားလေ့ကျင့်မှုကြောင့် အသဲနှလုံးကွဲအက်သံများနှင့် ပြည့်နှက်နေခဲ့သည်။

ရှချန်းချန်းသည် ခြေကားလေ့ကျင့်ခြင်း သို့မဟုတ် သူမ၏ လွှသံကို နားထောင်နေရသော ထန်ဝေ့လော့နှင့် ဟုန့်ပေါ်ချောင်းတို့အနက် မည်သည်က ပိုဆိုးသည်ကို ပြောပြနိုင်စွမ်းမရှိပေ။

နောက်ဆုံးတော့ ရှချန်းချန်းတစ်ယောက် အရှုံးပေးလိုက်သည်။

အကယ်၍ အရှုံးပေးရန် ဆန္ဒရှိပါက မဖြစ်နိုင်တာ မရှိပေ။

သီချင်းဆိုတာနဲ့ ကတာက သူမအတွက် မဟုတ်ဘူးဆိုတော့ ပါပါရာဇီတစ်ယောက်အနေနဲ့က ပိုပြီး သင့်တော်လိမ့်မယ်။

အရှုံးပေးပြီးနောက် အရာအားလုံးသည် ချမ်းသာသုခနှင့် ပြည့်စုံနေသကဲ့သို့ပင်။

နေအလင်းက ထိန်ထိန်သာနေခဲ့ကာ ငှက်များသည်လည်း တေးသီနေကြသည်၊ လမ်းပေါ်ရှိ ဖြတ်သွားဖြတ်လာ လူငယ်လေးများကလည်း အင်မတန် ချောလှကြသည်။

အောက်ထပ်က ကျင်ရိဖန်ရဲ့ အသံတောင် ပိုပြီး သာယာလာသလိုပဲ။

သူမ၏ ရုံးခန်းတွင် ထိုင်နေစဉ် ရှချန်းချန်းသည် သစ်သားကုလားထိုင်ဟောင်းပေါ်တွင် သက်တောင့်သက်သာ လှည့်၍ ထိုင်နေသည်။

စနစ်က သတိပေးသည်။

"host ရေ အခု ငါတို့ ဘာလုပ်သင့်လဲ၊ ဝူရှင်းဘန့်နဲ့ တခြားသူတွေက မင်းကို အစီအစဉ်ရဲ့ဌာနချုပ်ကို ရောက်အောင် မတရား ကြိုးစားခဲ့ကြတာ မသင်္ကာစရာ တစ်ခုခုတော့ ရှိရမယ်၊ ငါတို့ အစီအစဉ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး အထောက်အထားတွေ စုဆောင်းနိုင်အောင် နည်းလမ်းတစ်ခုခုတော့ ရှာရမယ်"

"ငါက အလားအလာရှိတဲ့ အိုင်‌ဒေါ တစ်ယောက်အနေနဲ့ ဝင်လို့မရဘူးဆိုရင် တခြား အထောက်အထားတစ်ခုနဲ့ ဝင်ကြည့်ရုံပဲပေါ့"

ရှချန်းချန်းက ကျေနပ်စွာ ပြောလိုက်သည်။

"လမ်းတွေက ရောမကို ဦးတည်တာပဲ၊ ဒါက အိုင်ဒေါတစ်ယောက်ဖြစ်ရုံသက်သက် မဟုတ်ဘူး"

"ဘယ်လိုအမှတ်အသားကို အသုံးပြုချင်တာလဲ"

စနစ်က မေးသည်။

ကုလားထိုင်ဟောင်း၏ လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားပြီး ရှချန်းချန်းသည် သူမ၏ စားပွဲပေါ်ရှိ စာချုပ်ကို ကြည့်လိုက်၏။ သူမ၏ မက်မွန်သီး မျက်လုံးများတွင် ကောက်ကျစ်စဉ်းလဲမှုနှင့် ထက်မြက်မှု အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

သူမက ကျေနပ်စွာ ပြုံးလိုက်သည်။

“ငါက တျန့်ရှန်းရဲ့ ဥက္ကဌပဲ၊ ဥက္ကဌတစ်ယောက်အနေနဲ့ အစီအစဉ်တစ်ခုမှာ ပါဝင်ဖို့ ဘယ်လိုအမှတ်အသားက အကောင်းဆုံးဖြစ်မယ်လို့ နင်ထင်လဲ"

ဆည်းဆာချိန် ကျရောက်လာသည်နှင့်အမျှ နေဝင်ချိန်အလင်းရောင်သည် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားပြီး ကောင်းကင်သည် တဖြည်းဖြည်း မှေးမှိန်လာသည်။

ည၏ အမှောင်သည် မြို့ထဲသို့ တဖြည်းဖြည်း ကျရောက်လာပြီး နီယွန် မီးလုံးများသည် ညကို ထိန်လင်းနေစေသည်။

ရှချန်းချန်းသည် "Galaxy Girls" အတွက် သူမ၏ အလုပ်ကို အပြီးသတ်ပြီးနောက် သူမ၏ ဘန်တလေကားဖြင့် အင်ပါယာသစ်တောဥယျာဉ်သို့ ပြန်လာသည်။

ပြန်ပြီး ရေချိုးမယ်၊ သက်တောင့်သက်သာလေး အိပ်ချင်တယ်။

အဝေးမှ ရှဲ့ကျစ်ရှင်းအား ယွီလန်ယွမ်ဥယျာဉ်၏ ဝင်ပေါက်ဂိတ်တွင် ပိတ်ဆို့ခံထားရသည်ကို တွေ့ရပြီး ကျင်ရိဖန်သည် လက်ထဲ၌ ငှက်မွှေးဖုန်သုတ်တံတစ်ချောင်းကို ကိုင်ထားသည်။

ဘယ်လိုထူးဆန်းတဲ့ မြင်ကွင်းပါလိမ့်။

အဒေါ်လျူ၊ စားဖိုမှူးကျန်း၊ စားဖိုမှူးမာနှင့် ယာဉ်မောင်းတို့က ဘေးတွင် ရပ်နေကြသည်။ ထိပ်တိုက် ရင်ဆိုင်နေကြသော လူနှစ်ယောက်ကို လေးနက်သော မျက်နှာထားများဖြင့် ကြည့်နေကြသည်။ သူတို့တစ်ဦးချင်းစီ၏ မျက်နှာများက ဝမ်းနည်းနေပြီး အလွန်စိုးရိမ်နေပုံရသည်။

သို့သော်လည်း သူတို့သုံးဦးစလုံးသည် လက်ထဲရှိ ကွာစေ့များကို သဘာဝအတိုင်း မျှဝေစားနေကြသည်။

အဒေါ်လျူက အလေးအနက်ထား ပြောသည်။

"ဒီကွာစေ့တွေက မလောက်ဘူးလို့ ကျွန်မထင်တယ်"

စားဖိုမှူးကျန်းက ကတိပေးသည်။

“မဟုတ်လောက်ဘူး၊ ကျွန်တော့် ညီဝမ်းကွဲရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ဆိုရင် ခင်ဗျားကို ခုခံဖို့ မလုံလောက်ဘူး"

စားဖိုမှူးမာက ခန့်မှန်းသည်။

"ဘယ်သူပြောနိုင်မှာလဲ ယုန်တွေတောင်မှ ဒေါသထွက်ရင် ကိုက်လိမ့်မယ် ကျွန်တော့် ဝမ်းကွဲအစ်ကို ဒေါသထွက်ရင်‌ရော ကိုက်တတ်လား"

ရှချန်းချန်းက ရှုပ်ထွေးသွားသည်။

အင်ပါယာသစ်တောဥယျာဉ်၏ ဂိတ်တွင် ကျင်ရိဖန်က သူ၏ ငှက်မွှေးဖုန်သုတ်တံကို ဝှေ့ယမ်းလိုက်သည်။ သူ၏မျက်လုံးများက ဒေါသဖြင့် ပြူးကျယ်နေလေ၏။

"ရှဲ့ကျစ်ရှင်း ဒါက အသက်ခုနစ်သက်ပဲ၊ မင်းရဲ့မိန်းမက အခုလိုဖြစ်နေတာကို မင်း ဘယ်လိုတောင် အဲ....အဲလိုမျိုး လုပ်နိုင်ရတာလဲ၊ ရှင်းရှင်းပြောရရင် မင်းလုပ်ရပ်တွေ မှားနေတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ ဗီလာတွေ

အများကြီးရှိတာပဲ၊ ဒီည အိမ်မပြန်ပါနဲ့တော့”

ရှဲ့ကျစ်ရှင်း: “...”

သူက ရှချန်းချန်းကို ဘာလုပ်ခဲ့တာလဲ။ ဒါက မွေးနေ့ပွဲတစ်ခုပဲ၊ ဘာလို့ သူက မိစ္ဆာဖြစ်နေရတာလဲ။

ရှဲ့ကျစ်ရှင်း၏ မျက်နှာက မှောင်မိုက်နေသည်။ ကျင်ရိဖန်နှင့် အငြင်းပွားရန် စိတ်မပါပေ။

“မင်း ငါ့ကို တကယ်ပဲ တားချင်တာလား"

"ဒါပေါ့”

ကျင်ရိဖန်သည် ငှက်မွှေးဖုန်သုတ်တံကို ဝှေ့ယမ်းကာ

"ငါ မင်းကို ကြောက်တယ်လို့ မထင်နဲ့၊ ငါက တိုက်ကွမ်ဒို ခါးပတ်နက်ဘဲ ရသစုံအစီအစဉ်တွေက ကြွက်သားအားပြိုင်ပွဲတွေမှာ တစ်ခါမှ မရှုံးဖူးဘူး၊ သူတို့အားလုံးက ငါ့ကို သိပ်သန်မာတာပဲလို့ ပြောကြတယ်၊ အရေးအကြီးဆုံးကတော့ ငါက မင်းထက် ငယ်ပြီး သန်မာတယ်၊ ဒါကြောင့် ငါက..."

"အာ့!"

လက်သီးတစ်ချက်ဖြင့် ကျင်ရိဖန်ကို ထိုးလိုက်ရုံဖြင့် ကျင်ရိဖန်တစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ သူ၏ခြေလက်များလည်း တုန်ယင်နေသည်။

"စိတ်ရှုပ်စရာပဲ”

ရှဲ့ကျစ်ရှင်းက သူ၏နားများကို ပွတ်လိုက်သည်။

"ဘာလို့ ဒီလောက် စကားများနေရတာလဲ"

သူသည် သူ၏ ခြေထောက်ကို မြှောက်ပြီး အင်ပါယာသစ်တောဥယျာဉ်သို့ ဝင်ရန် ပြင်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ကျင်ရိဖန်သည် ရုတ်တရက် ရှဲ့ကျစ်ရှင်း၏ ပေါင်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

"မဟုတ်ဘူး မင်း ဒီနေ့ အိမ်ပြန်လို့မရဘူး၊ ဝမ်းကွဲအစ်ကို အစ်ကိုရဲ့ကလေးတွေအတွက် စဉ်းစားပြီး ပြောနေတာ”

ရှဲ့ကျစ်ရှင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့မှာ ဘယ်က ကလေးတွေ ရှိလို့လဲ"

ရှချန်းချန်းက ချဉ်းကပ်လာသည့်အခါ

ကျင်ရိဖန်က သူမကို အမြန်ပင် လက်ညှိုးထိုးပြသည်။

“မင်း ကိုယ်တိုင်ပြောခဲ့တာ၊ ငါ့ရဲ့ ဝမ်းကွဲမရီးမှာ ကလေးခုနှစ်ယောက် ကိုယ်ဝန်ရှိတယ်တဲ့၊ သူတို့နာမည်တွေတောင် ရွေးပြီးပြီ"

ရှဲ့ကျစ်ရှင်းတစ်ယောက် ခေါင်းရှုပ်သွားသည်။ သူ မော့ကြည့်လိုက်ူည့်အခါ ရှချန်းချန်းသည်လည်း ရှုပ်ထွေးနေပုံပင်။

သူ၏ လည်စေ့က လိမ့်သွားသည်။

"မင်း ကိုယ်ဝန်ရှိနေတာလား"

"တကယ်လား"

ရှချန်းချန်းက ရှုပ်ထွေးနေသည်။

"ကျွန်မက ဘယ်လိုလုပ်မသိတာလဲ"

ကျင်ရိဖန်: "...?"

ရှဲ့ကျစ်ရှင်းက လှည့်လိုက်ပြီး သူ၏ ထိုးဖောက်မြင်နိုင်သည့် မျက်လုံးများဖြင့် ကျင်ရိဖန်ကို စိုက်ကြည့်လိုက်သည်။

"မင်းက နာမည်တွေ ရွေးပြီးပြီလို့ ပြောတာလား ငါ့ကို ပြောစမ်း၊ ဘာတွေလဲ"

ကျင်ရိဖန်က မတ်တပ်ရပ်ကာ လက်ချောင်းများဖြင့် ရေတွက်သည်။

"ပထမဆုံးက တာ့ပေါင်၊ ဒုတိယက အာ့ပေါင်၊ တတိယက စန်းပေါင် အဲလိုတွေလေ"

ရှဲ့ကျစ်ရှင်းက ရုတ်တရက် သဘောပေါက်သွားသည်။

သူ၏ နဖူးပေါ်တွင် အမည်းရောင်မျဉ်းများ ကျလာသည်။ ဘေးတွင် ရပ်နေသော ရှချန်းချန်းသည် သူပြောနေသော စကားကို ရှင်းလင်းစွာ နားလည်ပြီး အလွန်အမင်း ပျော်ရွှင်နေပုံရသည်။

“ဝမ်းကွဲအစ်ကို၊ ဘာလို့ ရယ်နေတာလဲ"

ကျင်ရိဖန်က အလေးအနက်ထား ပြောသည်။

*ကျွန်တော်က တကယ်ပြောနေတာ ဆရာဝန်ကိုတောင် မေးခဲ့ပြီးပြီ၊ သူတို့က အဲဒါ မှားတယ်လို့ ပြောနေကြတယ်"

"ကျွန်တော့်ရဲ့ ချစ်လှစွာသော ဝမ်းကွဲအစ်ကိုရေ ငါတို့ကလေးအကြောင်း ပြောနေတာ မဟုတ်ဘဲ ကြောင်အကြောင်း ပြောနေတာ ဖြစ်နိုင်မလား"

ရှချန်းချန်းသည် ယွီလန်ယွမ်ဥယျာဉ်ရှိ အမှတ် ၁၈ ကို ညွှန်ပြလိုက်သည်။ ကျင်ရိဖန်က သူမ၏ လက်ညှိုးကို လိုက်ကြည့်လိုက်သောအခါ ပန်းခြံထဲတွင် ဝဖြိုးဖြိုးဖြင့် ခြေထောက်တိုတိုလေးများရှိပြီး ရံဖန်ရံခါဆိုသလို သူ၏ ခေါင်းလောင်းပုံ တင်ပါးလေးများကို လှုပ်ကာ ပန်းများအကြား လျှောက်သွားနေသည့် ကြောင်တစ်ကောင်ကို တွေ့လိုက်ရသည်။

ကျင်ရိဖန်က မျက်လုံး လှန်လိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကွမ်ကျုံးက အထီး..."

စကားဝါကျ၏ အလယ်တွင် ရပ်တန့်သွားသည်။

ကွမ်ကျုံးသည် အထီးဖြစ်သည်၊ သို့သော် ယင်းက သူ့အား ကြောင်မတစ်ကောင်ကို ကိုယ်ဝန်ကို မရစေနိုင်ဟု မဆိုလိုပေ။

ကြောင်တစ်ကောင်အတွက် တစ်ကြိမ်တည်းဖြင့် သားပေါက်ခုနစ်ကောင် မွေးဖွားခြင်းက ပုံမှန်ပင်။

သို့သော် လူသားတစ်ယောက်အတွက် တစ်ကြိမ်တည်း၌ ကလေး ခုနစ်ယောက်မွေးဖွားခြင်းက အတော်လေး ပုံမှန်ကိစ္စမဟုတ်ပေ။

ကျင်ရိဖန်: "..."

ကျင်ရိဖန်တစ်ယောက် တိတ်ဆိတ်သွားသည်။

သူသည် အားလုံးကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ ရှဲ့ကျစ်ရှင်းနှက့်တကွ ရှချန်းချန်း၊ အဒေါ်လျူနှင့် အခြားသူများအထိ အားလုံးက သူ့အား မရယ်မိ‌စေရန် ထိန်းချုပ်ထားကြသည်။

ဒါဆို အရူးက တကယ်တမ်းကျတော့ သူပေါ့လေ။

ကျင်ရိဖန်၏ မျက်နှာက နီရဲသွားကာ အလွန်ရှက်ရွံ့နေလေသည်။ ပရိသတ်များက သူ့အား အရူးအလှလေးဟု အမြဲပြောကြသော်လည်း ယင်းကို ဝန်ခံရန် ဆန္ဒမရှိခဲ့ပေ။ ယခု၌ သူတို့ပြောသည်က မမှားယွင်းပေဟု ထင်မှတ်လာလေသည်။

ကျင်ရိဖန်တစ်ယောက် ဝမ်းနည်းလာသည်။

"ဝမ်းကွဲမရီး ကျွန်တော် တကယ်ပဲ အရူးဖြစ်နေတာလား ဝူး ဝူး ဝူး"

"အဆင်ပြေပါတယ်"

ရှချန်းချန်းက ကျင်ရိဖန်ထံသို့ လျှောက်လာပြီး ပခုံးကို ညင်သာစွာ ပုတ်၍ နှစ်သိမ့်လိုက်သည်။

"အနည်းဆုံးတော့ မင်း ကိုယ့်ကိုယ်ကိုယ် သေချာ နားလည်ထားပြီးသားပဲ၊ မင်းမှာ ကိုယ်ပိုင်အသိဉာဏ်ရှိသေးတယ်”

ကျင်ရိဖန်: ???

နှစ်သိမ့်မှု မရရှိပေ။

ရှဲ့ကျစ်ရှင်းက နှစ်ကြိမ် ချောင်းဟန့်လိုက်ပြီး သူတို့၏ စနောက်မှုများကို စကားစဖြတ်ပစ်လိုက်သည်။

"အခု နားလည်မှုလွဲတာ ရှင်းသွားပြီဆိုတော့ ငါ အင်ပါယာသစ်တောဥယျာဉ်ကို ပြန်လို့ရပြီလား"

ကျင်ရိဖန်၏ စိတ်အနှောင့်အယှက်များသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူသည် အသိဉာဏ်မရှိဘူးဆိုသည့် အချက်ကို မြန်မြန်ပင် ဘေးဖယ်ပစ်လိုက်သည်။ သူသည် ယောင်္ကျားသားတစ်ယောက်ကဲ့သို့ ရှဲ့ကျစ်ရှင်း၏ ပခုံးများကို လက်ဖြင့် ဖက်လိုက်သည်။

"ဒါပေါ့၊ ဒါပေါ့ ကလေး ခုနှစ်ယောက် အကြောင်းက လိမ်တာဆိုတော့ ဝမ်းကွဲအစ်ကို ဝင်လို့ရပြီပဲ”

"အဲဒါဘဲ မဟုတ်သေးဘူး၊ ဒီညမှာ ဝမ်းကွဲအစ်ကိုနဲ့ မရီးရဲ့ ဆက်ဆံရေးကို ဆက်လုပ်လို့ရသေးတယ်၊ ကျွန်တော့်အမေက တစ်ညတာ ချစ်ခြင်းမေတ္တာက ရွှေပေါင်း တစ်ထောင်တန်တယ်လို့ ပြောတယ်၊ အချိန်ကလည်း ကုန်တော့မှာ ဒါကြောင့် မစ်ရှင်က အရေးကြီးတယ်"

စိတ်အေးဆေးတည်ငြိမ်ခဲ့ကြသော ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းတို့သည် ရုတ်တရက်ဆိုသလို မျက်နှာများ နီမြန်းသွားကြသည်။

ရှဲ့ကျစ်ရှင်း: "ငါ အဲလို ဆိုလိုတာမဟုတ်ဘူး”

ကျင်ရိဖန်: "ဒါပေမဲ့ ကျွန်တော်ကတော့ အဲလိုဆိုလိုတာ”

ရှချန်းချန်း: "..."

အင်ပါယာသစ်တောဥယျာဉ်သို့ ဝင်ရောက်ပြီးနောက်

ကျင်ရိဖန်သည် ရှဲ့ကျစ်ရှင်းကို ဆက်လက်အားပေးသည်။

“ဝမ်းကွဲအစ်ကို၊ ကျွန်တော် ဒီည အစ်ကို့ကို အနှောင့်အယှက်မပေးဘူး၊ ဧကရာဇ် ကွမ်ကျုံးက ကြောင်မတစ်ကောင်ကို ခုနစ်ခါတောင် ကိုယ်ဝန်ရစေခဲ့တယ်၊ ဒါကြောင့် ငါ့ဝမ်းကွဲအစ်ကိုကတော့ ကြောင်တစ်ကောင်ကို မရှုံးနိုင်ဘူးလို့ ယုံကြည်တယ်"

ရှဲ့ကျစ်ရှင်း: ???

သူက ဘာလို့ ကလေးမွေးတဲ့ကိစ္စမှာ ကြောင်တစ်ကောင်နဲ့ ပြိုင်နေရတာလဲ။ ဘာတွေလဲဟ။

မဟုတ်ဘူး၊ နီးတောင်မနီးစပ်ဘူး ဒါက ဘယ်လိုလုပ် မွေးဖွားမှုနဲ့ ပတ်သက်သွားရတာလဲ။

အနီးအနားတွင် အဒေါ်လျူနှင့် အခြားသူများက သူတို့၏ ဖရဲသီးစားပွဲကို အဆုံးသတ်ခဲ့ကြပြီး ညစာပြင်ဆင်ရန်အတွက် အင်ပါယာသစ်တောဥယာဉ်သို့ ပြန်သွားကြသည်။

သူတို့ သုံးယောက်စလုံးက ရှဲ့ကျစ်ရှင်းဘေးမှ ဖြတ်သွားစဉ် အားပေးသည့်အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

အဒေါ်လျူ: "တစ်ကြိမ် ကိုယ်ဝန်ဆောင်ရင် ကလေး ခုနစ်ယောက်"

မာစတာကျန်း: "သခင်၊ သခင် လုပ်နိုင်ပါတယ်"

မာစတာမာ: "ဆက်လုပ်ပါ"

ရှဲ့ကျစ်ရှင်း: "..."

သူ၏ မျက်နှာသည် အလိုအလျောက် ပို၍ပင် နီရဲလာလေသည်။

ပါးစပ်ပိတ်ကြစမ်း!!

ညစာစားပြီးနောက် ရှဲ့ကျစ်ရှင်းသည် ရှဲ့အုပ်စု၏ အရေးကိစ္စများကို ဆက်လက်ကိုင်တွယ်ရန် သူ၏ စာကြည့်ခန်းသို့ ပြန်သွားသည်။ ထိုအတောအတွင်းတွင် ရှချန်းချန်းက တတိယထပ်ရှိ အသံနှင့်အမြင်အခန်းသို့ ပြေးသွားသည်။ ပရိုဂျက်တာကို ဖွင့်ကာ Galaxy စီးရီး၏ ပထမအစီအစဥ်နှစ်ခုကို ကြည့်ရှုသည်။

ယနေ့သည် ငြိမ်းချမ်းပြီး အေးချမ်းသောညနေခင်းဖြစ်သင့်သည်။ သို့သော် အဒေါ်လျူက မုန့်များ လာရောက်ကျွေးသည်ဖြစ်စေ သို့မဟုတ် ရှချန်းချန်း၏ ရှေ့၌ အေးဆေး သွားလာပြနေသော ကျင်ရိဖန်ဖြစ်စေ၊ ရှချန်းချန်း ဘေးမှ သူတို့ ဖြတ်သွားသည့်အခါတိုင်း မျက်လုံးများတွင် သတင်းပါးလွှာတစ်ခု အမြဲပါရှိနေသည်။

"တစ်ကြိမ် ကိုယ်ဝန်ဆောင်ရင် ကလေး ခုနစ်ယောက်၊ ကြိုးစားကြစို့"

ရှချန်းချန်း: "..."

ရှဲ့ရှင်းယောင်က ကျင်ရိဖန်ကို ကူညီခိုင်းရုံသာမက အဒေါ်လျူနှင့် အခြားသူများကိုပါ ညွှန်ကြားထားသည်ဟု ထင်ရပေသည်။

ရှချန်းချန်းသည် ၎င်းကို ဆက်လက် သည်းမခံနိုင်တော့ပေ။ သူမ၏ အခန်းသို့ ပြန်၍သာ အိပ်ရာဝင်ချင်နေသည်။

ဤအချိန်တွင် ရှဲ့ကျစ်ရှင်းသည် ကျင်ရိဖန်၏ တိုင်တွန်းမှုကြောင့် မာစတာအိပ်ခန်းတံခါးသို့ ရောက်လာသည်။

သူ၏ လက်ထဲတွင် မာစတာကျန်းက ပြုလုပ်ပေးထားသော ကိတ်မုန့်ငယ်လေးတစ်ခု ရှိသည်။ ထိုကိတ်မုန့်ပေါ်တွင် ကလေးငယ်လေး ခုနစ်ယောက်ပုံ ရေးဆွဲထားသည်။

ရှချန်းချန်း: "..."

သူတို့နှစ်ဦးသည် ကျင်ရိဖန်၊ အဒေါ်လျူနှင့် အခြားသူများ၏ မျှော်လင့်နေသည့် အကြည့်များအောက်တွင် အခန်းထဲသို့ ပြန်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

အခန်းထဲတွင် ရှချန်းချန်း၏ အကြိုက်ဆုံးဖြစ်သော ဒေါ်လာနှစ်သန်းတန် မွေ့ယာနှင့်အတူ ကုတင်တစ်လုံးသာ ရှိသည်။

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းနှင့် မည်သို့ခွဲဝေရမည်ကို စဉ်းစားနေဆဲဖြစ်ရာ ရှဲ့ကျစ်ရှင်းသည်တော့ ဗီဒိုထဲမှ စောင်ကြီးနှစ်ထည်ကို ကျွမ်းကျင်စွာ ဆွဲထုတ်၍ ကြမ်းပြင်ပေါ်၌ အိပ်ရာပြင်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။

အေးမြသော ဆောင်းဦးလေသည် ပြင်သစ်ပြတင်းပေါက်ရှေ့တွင် ချိတ်ဆွဲထားသော ဆည်းလည်းများကို လေတိုက်ခတ်နေလေ၏။ ဆောင်းဦးမိုးသည်လည်း ရွာသွန်းနေပြီး မူလက အေးမြသော ရာသီဥတုသည် ဆောင်းဦးမိုးကြောင့် ပို၍ ချမ်းစိမ့်စိမ့်ပင်ဖြစ်လာသည်။

ရှာချန်းချန်းသည် ရှဲ့ကျစ်ရှင်း ကြမ်းပြင်ပေါ်၌ ချထားသော စောင်ကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းသည် သူ အချိန်မရ၍ မလဲနိုင်သေးသော နွေရာသီစောင်ဖြစ်နိုင်သည်။ ၎င်းသည် ပါးလွှာသော အလွှာပါးတစ်ခုသာဖြစ်ပြီး အေးစက်နေပုံပေါ်သည်။

ရှဲ့ကျစ်ရှင်းက လျင်မြန်သွက်လက်စွာ ရွေ့လျားမှုအနည်းငယ်ဖြင့် အိပ်ယာကို ပြင်လိုက်သည်။

ရှချန်းချန်းက သူ၏ ကျောကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ နောက်ဆုံး၌ စကားစလိုက်သည်။

"ရှဲ့ကျစ်ရှင်း"

ရှဲ့ကျစ်ရှင်းက ရပ်တန့်သွားသည်။ သူ၏ ခေါင်းကို လှည့်လိုက်ပြီး ရှချန်းချန်းကို ကြည့်လိုက်သည်။ သူ၏ မှောင်မိုက်သော မျက်လုံးများတွင် နူးညံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ဘာဖြစ်လို့လဲ"

ရှချန်းချန်းသည် ခေတ္တ တုံ့ဆိုင်းသွားကာ ရှဲ့ကျစ်ရှင်း၏ မျက်လုံးများကို ရှောင်ဖယ်လိုက်သည်။

"တကယ်တော့ ရှင် ကြမ်းပြင်ပေါ်မှာ အိပ်ဖို့မလိုပါဘူး"

ထိုလူက အံ့အားမှင်သက်သွားသည်။

ထိုမိန်းကလေးက တံတွေးကို မျိုချလိုက်သည်။ သူမ၏ မျက်နှာသည် နီရဲနေပြီး အသံသည် ခြင်တစ်ကောင်၏ တိုးညှင်းသော အသံကဲ့သို့ပင်။

"ရှင် ကုတင်ပေါ်မှာ အိပ်လို့ရပါတယ်"

မှောင်မိုက်ပြီး အေးစက်သောညတွင် ထိုလူ၏ လည်ချောင်းသည် ယားယံလာသည်။

သူ၏ ဝမ်းဗိုက်အောက်ပိုင်းသည် အလိုလို တင်းမာလာပြီး သွေးသည်လည်း ဆူပွက်လာလေ၏။

အေးစက်ပြီး ဖြူဖျော့နေသော နားရွက်များက ယခုအခါ နီရဲနေပေသည်။

Chapter 66

ညအချိန်သည် ရေလိုပင် အေးမြနေခဲ့ပြီး ဆောင်းဦးရာသီ၌ ရွာသွန်းလေ့ရှိသော မိုးမှာလည်း ညင်သာစွာ ရွာသွန်းနေလေသည်။

နှစ်ယောက်လုံးသည် အိပ်ရာ၏ ခေါင်းရင်းနှင့် ခြေရင်း တစ်ဖက်စီတွင် ထိုင်နေကာ မည်သည့်စကားမျှ မပြောဘဲ တိတ်ဆိတ်နေကြသည်။

ရှဲ့ကျစ်ရှင်း ဖွင့်ပြောပြီးနောက် ရှချန်းချန်းသည် သူတို့၏ ဆက်ဆံရေးအကြောင်းအား လေးလေးနက်နက် စဉ်းစားခဲ့လေသည်။

ရှဲ့ကျစ်ရှင်းမှ သူမအား သဘောကျသလောက် သူမသည် ထိုမျှ သဘောမကျနိုင်ကြောင်း ခံစားမိလေသည်။ သ်ို့သော် သူမသည် ဤကမ္ဘာပေါ်တွင် ရှဲ့ကျစ်ရှင်းမှလွဲ၍ တစ်ခြား မည်သူမျှ ချစ်နိုင်တော့မည်မဟုတ်ကြောင်း ပြောရဲလေသည်။

နောင်အနာဂတ်တွင် သူတို့၏ လျို့ဝှက်လက်ထပ်ထားသည့် အကြောင်းကို ဖော်ထုတ်ခံရပါက ရှဲ့ကျစ်ရှင်းဘက်မှ လမ်းခွဲမည့်စကားမပြောသရွေ့ သူမသည်လည်း ကွာရှင်းဖို့ စိတ်ကူးမရှိပေ။

ရှဲ့ကျစ်ရှင်း၏ မျက်လုံးများမှာ ရီဝေနေခဲ့ပြီး သူ၏ စိတ်ထဲမှ မတည်ငြိမ်မှုများကို ထိန်းချုပ်ထားကာ မျက်ခွံများမှာလည်း အောက်သို့ စိုက်ကျနေခဲ့သည်။

“ မင်း…. သေချာလား”

သူသည် နူးနူးညံ့ညံ့ဖြင့် ပြောလိုက်ပြီး နောက်ဆုံး စကားလုံး ၃လုံးအား မရည်ရွယ်ထားဘဲ ဆွဲ၍ ပြောလိုက်ခြင်းကြောင့် ထိုစကားလုံး ၃လုံး၏ မူလအဓိပ္ပာယ်မှာ ပျောက်သွားခဲ့လေသည်။

ရှဲ့ကျစ်ရှင်း၏ ဖြူဖွေးနေသော ပါးပြင်မှာ ရုတ်တရက် နီရဲသွားခဲ့သည်။

“ ကျွန်မက ဒီတိုင်း အိပ်ဖို့ပဲပြောတာပါ လျှောက်တွေးမနေနဲ့ ကျွန်မက ရှင်ကြမ်းပြင်ပေါ်မှာအိပ်ရင် အေးပြီး ကျန်းမာရေးအတွက်စိုးရိမ်လို့ပြောတာ”

ရှဲ့ကျစ်ရှင်းသည် ရုတ်တရက်ပင် တစ်စုံတစ်ခုကို နားလည် သွားသည့် ပုံစံဖြင့် ပြုံးလိုက်လေသည်။

“ ကိုယ်ကလည်း အိပ်ဖို့အကြောင်းပဲပြောတာပါ”

သူ၏ အသံအနေအထားမှာ တည်ကြည်နေခဲ့ပြီး သူပြောသည့်စကားထဲ၌ ဖုံးကွယ်ထားသည့်အရာများ မပါရှိပေ။ သို့သော် “ အိပ်ဖို့” ဟူသော စကားလုံးကြောင့် ရှချန်းချန်းမှာ အနည်းငယ် ရှက်သွေးဖြာသွားလေသည်။

သူတို့သည် အိပ်ရာပေါ်တွင် အိပ်ရန် ဆုံးဖြတ်ပြီးနောက် နှစ်ယောက်လုံးမှာ ဝန်လေးနေသည့်ပုံစံဖြင့် အိပ်ရာပေါ်သို့ တက်လာခဲ့ကြသည်။

နှစ်မီတာ ကျယ်သော ကုတင်ကြီးသည် သူတို့နှစ်ယောက်အား အလွယ်တကူပင် ဝင်ဆံ့ခဲ့ပြီး သူတို့နှစ်ယောက်ကြားတွင် အချင်းချင်းမထိမိစေရန် မျဉ်းကြောင်းလေးတစ်ကြောင်း ရှိနေလေသည်။

ညနက်လာခြင်းကြောင့် သစ်ရွက်ပေါ်များထံသို့ မိုးရေစက်များ ညင်ညင်သာသာဖြင့် တပေါက်ပေါက်ကျနေသည့်အသံများသာ ကျန်ရှိနေလေသည်။

ရှချန်းချန်းသည် ကျုံးကုန့်နှင့်အတူ မနက်စောစော လက်ဖက်ရည်သောက်ချင်သော်လည်း သူမသည် အိပ်မပျော်သောကြောင့် ဟိုလှိမ့် ဒီလှိမ့်ဖြင့် လှိမ့်နေလေသည်။

သူမ၏စိတ်ထဲတွင် ယနေ့၌ ဖြစ်ပျက်ခဲ့သော များပြားသည့် အဖြစ်အပျက်များကြောင့် တိတ်ဆိတ်နေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ဝူရှင်းဘန့်၏ ဆေးမှတ်တမ်းများ starry skyအောက်တွင် တွေ့ခဲ့ရသော မိန်းကလေးတစ်ယောက် နှင့် “ Galaxy Girls” အတွက် စာချုပ်ပင် ဖြစ်သည်။

အချိန်အတော်အတန်ကြာပြီးနောက် သူမ၏ဘေးတွင်ရှိသော ရှဲ့ကျစ်ရှင်းထံမှစကားသံထွက်လာခဲ့သည်။

“ အိပ်နေပြီလား”

ရှချန်းချန်းသည် သူမ၏ မျက်လုံးများကို ပိတ်ထားလေသည်။

“ ရှင်ဘယ်လိုထင်လဲ”

အချိန်အတော်အကြာ တိတ်ဆိတ်သွားပြီးနောက် ရှဲ့ကျစ်ရှင်းမှ ပြောလာခဲ့သည်။

“ မင်းက Starry Skyနဲ့ စာချုပ်ဖျက်သိမ်းဖို့ အစောကြီးကတည်းက ဆုံးဖြတ်ပြီးပြီလို့ ချန်ချင် ကပြောတယ် ဒါပေမဲ့ အမျိုးသမီး idolတစ်ယောက်ကို မြင်ပြီးတဲ့နောက်မှာ ရှိုးကိုပါဝင်ဖို့ သဘောတူလိုက်တာဆို ဘာလို့လဲ”

ရှချန်းချန်း Starry Skyမှ ထွက်သွားပြီးနောက် ချန်ချင်သည် ရှဲ့ကျစ်ရှင်းအား ဆက်သွယ်ခဲ့လေသည်။

ချန်ချင်သည် ရှချန်းချန်းကိုယ်စား Starry Sky နှင့် စာချုပ်ဖျက်သိမ်းသည့် ကိစ္စကို ကိုင်တွယ်နေခြင်းဖြစ်သောကြောင့် သဘာဝကျကျပြောရမည်ဆိုလျှင် သူမသည် ရှဲ့ကျစ်ရှင်းထံသို့ ထိုအရာအား ပြောပြစရာမလိုတော့ပေ။

သို့သော် သူငယ်ချင်းတစ်ယောက်အနေဖြင့် ရှချန်းချန်းသည် ထိုအမျိုးသမီးidolကို မြင်လိုက်ပြီးနောက် စိတ်အခြေအနေမကောင်းတော့သည့်အကြောင်းအား ရှဲ့ကျစ်ရှင်းကို ပြောပြခဲ့ခြင်းဖြစ်သည်။

သူမသည် ပြိုလဲကျလုနီးနီး ခံစားနေရသော်လည်း သူမကိုယ်သူမ ပြန်၍ ထိန်းချုပ်ထားလိုက်သည်။

သူ့ကို မြင်ပြီးတော့ ရှချန်းချန်းရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေပြည့်သွားတဲ့အပြင် ပြိုလဲကျလုနီးနီးဖြစ်အောင်လုပ်နိုင်သွားတဲ့ သူက ဘယ်သူများလဲ။

တစ်ညလုံး အိပ်မပျော်နိုင်ဘဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ဖြစ်အောင် လုပ်တဲ့သူက ဘယ်သူလဲ။

သူ၏ဘေးနားတွင် ရှိသော မိန်းကလေးသည် မည်သည့်အဖြေမျှ မပေးဘဲ အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည်။

သူမ၏ နားထဲ၌ ကျန်ရှိနေသော အရာမှာ ဆောင်းဦးရာသီည၏ တဖြောက်ဖြောက်ကျနေသော မိုးစက်မိုးပေါက်သံများပင် ဖြစ်ပြီး ထိုအသံများမှာ ထပ်ခါထပ်ခါပင် ကြားနေရသောကြောင့် စိတ်ရှုပ်နေလေသည်။

အချိန်အတော်ကြာသွားပြီးနောက် ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း အိပ်ပျော်သွားလောက်ပြီဟု ထင်နေချိန်တွင် သူ၏ဘေးတွင်ရှိသော မိန်းကလေးထံမှ ရုတ်တရက် အသံထွက်လာခဲ့လေသည်။

“ ရှဲ့ကျစ်ရှင်း ကျွန်မရှင့်ကို ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်”

မမျှော်လင့်ထားသည့် အခြေအနေကြောင့် ရှဲ့ကျစ်ရှင်းမှာ ရုတ်တရက် ကြောင်သွားလေသည်။

“ ဇာတ်လမ်းတစ်ပုဒ်လား”

ရှချန်းချန်း၏ အသံမှာ မယုံနိုင်လောက်အောင်ပင် တည်ငြိမ်နေခဲ့ပြီး မုန်တိုင်း မလာမှီ တစ်ညအလိုတွင် အမှောင်ထုများသည် မုန်တိုင်းအားလုံးအား လွှမ်းမိုးထားသည့် ပုံစံဖြင့် တူလှသည်။

“ အဲ့တာက အဝေးမှာရှိနေတဲ့ အပြိုင်လောက က ပုံပြင်လေးတစ်ပုဒ်ပါ”

ထိုဇာတ်လမ်းမှာ ရိုးရှင်းလှ၏။

အဓိက ဇာတ်လိုက်များမှာ ညီအစ်မ နှစ်ယောက်ဖြစ်သည်။ အစ်မအကြီးဆုံးမှာ ကောလိပ်၌ သတင်းစာနှင့် မီဒီယာအကြောင်းကို သင်ယူခဲ့သည်။

ဘွဲ့ရပြီးနောက် သူမသည် စစ်ပွဲဖြစ်နေသည့် နိုင်ငံငယ်လေးသို့ သွား၍ စစ်သတင်းပေးအဖြစ် သုံးနှစ်ကြာအောင် လုပ်ကိုင်ခဲ့သည်။

ကံကောင်းစွာဖြင့် သူမသည် စစ်ပွဲအတွင်းတွင် အသက်ရှင် ကျန်ရစ်ခဲ့ပြီး ထိုအခြေအနေများအကြောင်းကို အကျယ်တဝင့် ရေးသားခဲ့သည်။

သူမ အိမ်ပြန်ရောက်သည့်အခါ၌ နိုင်ငံအတွင်း၌ အကြီးဆုံး သတင်းစာတိုက်တွင် ဂုဏ်သိက္ခာရှိရှိဖြင့် အလုပ်တစ်ခုရခဲ့လေသည်။

သူမ၏ ညီမငယ်လေးသည် စာနှင့်ပတ်သတ်သည့်အကြောင်းအရာများကို နားမလည်ပေ။ သူမသည် သီချင်းဆိုခြင်းနှင့် အက ကရသည်ကို နှစ်သက်ပြီး idol တစ်ယောက် ဖြစ်ချင်နေခဲ့လေသည်။

သူတို့သည် ပညာတက်သည့် မိသားစုများဖြစ်ပြီး သူတို့၏ မိဘနှစ်ယောက်လုံးသည်လည်း ပါမောက္ခများ ဖြစ်ကြသည်။

သူတို့မိဘများသည် သူတို့အစ်မကြီး၏ သတင်းထောက်ပညာကို လေးစားခဲ့သော်လည်း ညီမငယ်လေး၏ idol အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အထင်အမြင်သေးနေခဲ့သည်။

သူတို့၏ မျက်လုံးထဲတွင် idol တစ်ယောက်ဟူသည်မှာ ခန္ဓာကိုယ်ပေး၍ အသက်မွေးဝမ်းကြောင်းလုပ်ရသည်ထက် မပိုပေ။

ထိုအကြောင်းကြောင့်ပင် မိဘများသည် ညီမငယ်လေးအား အိမ်မှ နှင်ထုတ်ခဲ့လေသည်။

သို့သော် ညီအစ်မနှစ်ယောက်သည် အမြဲအဆက်အသွယ်ရှိနေခဲ့သည်။

အစ်မကြီးသည် သူ့ညီမလေး၏ အသက်မွေးလမ်းကြောင်းလုပ်ငန်းကို အထင်အမြင် မသေးခဲ့သည့်အပြင် လူမှုရေးသတင်းများကိုလည်း သူမနှင့်အတူ မျှဝေခဲ့ကြသည်။

ညီမငယ်လေးမှာ မိတ်ကပ်အကြောင်းများကို သဘောကျနှစ်သက်ခဲ့ပြီး အထူးသဖြင့် special effects မိတ်ကပ်ပင် ဖြစ်သည်။ သူမသည် တစ်ခါတစ်ရံ သူမ၏ အစ်မကြီးကို မိတ်ကပ်ပြင်ပေးခဲ့ပြီး ထို့ကြောင့်ပင် သူမ အန္တရာယ်များသည့် နေရာများကို မည်သူမျှသတိမထားမိအောင် လှည့်စား၍ စုံစမ်းနိုင်ခဲ့သည်။

ထိုညီမနှစ်ယောက်သည် ထိုနည်းလမ်းအတိုင်းနေထိုင်နေကြသည် အများအမြင်တွင် တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေသည့်ပုံပေါ်သော်လည်း တကယ်တမ်းတွင် သူတို့၏ ဘဝအကြောင်းအရာများကို လျှို့ဝှက်စွာဖြင့် မျှဝေကာ နေထိုင်နေကြလေသည်။

ထိုညတစ်ညတွင် ညီမငယ်လေးသည် သူမအနားသို့ ရုတ်တရက်ရောက်လာခဲ့ပြီး ညီမငယ်လေး၏ မျက်လုံးများ တောက်ပနေကာ သူမ၏ ဆန္ဒကိုလိုက်လျောပေးရန် မေးမြန်နေလေသည်။

ထိုညနေခင်းတွင် ကျန်းချန်းမြို့၌ အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိနေခြင်းဖြစ်၍ အစ်မကြီးသည် တိုင်းပြည်နှင့် လူမျိုးအတွက် အင်တာဗျူးကာ သူ၏လှုပ်ရှားမှုများကို ပြန်လည်ရေးသားထုတ်ဝေရမည်ဖြစ်သည်။

ထိုအရာမှာ အလွန်အရေးကြီးသော အခွင့်အရေးတစ်ခုပင်။

အစ်မကြီးသည် ညီမငယ်လေးအား တကယ် လိုက်လျောပေးရန် လိုအပ်သလား ဟု ထပ်ခါထပ်ခါ မေးနေခဲ့သည်။ ညီမငယ်လေးသည် စကားပြန်ပြောလိုက်ပြီး သူမ၏ အသံမှာ အက်ကွဲနေလေသည်။

အရေးပါသည့် ပုဂ္ဂိုလ်အား ရာထူးမြင့်သည့် အကြောင်းနှင့် သူမ၏ အစ်မကြီးသည်လည်း ထိုလူအား အင်တာဗျူးဖို့ အခွင့်အရေးရရန်အတွက် ခက်ခက်ခဲခဲကြိုးစားထားကြောင်းကို သူမ သိလေသည်။

ဘဝတွင် သင်တို့၏ ကံကြမ္မာများကို ပြောင်းလဲနိုင်သည့် များပြားလှသော ကိစ္စအမျိုးမျိုးရှိနေပြီး ထိုတစ်ခုစီတိုင်းသည် စိန်ခေါ်မှုပင် ဖြစ်သည်။

“ ကျဲ ကျွန်မ ကိုယ်တိုင်လုပ်နိုင်ပါတယ်” ဟု ညီမငယ်လေးမှ ပြုံး၍ ပြောလာခဲ့သည်။

ထိုညတွင် ညီမငယ်လေးသည် ဟိုတယ်သို့ တစ်ယောက်တည်း သွားခဲ့လေသည်။

သူမသည် ဟိုတယ်သို့ရောက်သွားပြီးနောက် ထိုနေရာမှာ မန်နေဂျာ အကွက်ဆင်ထားကြောင်းကို နားလည်သွားခဲ့သည်။

သူတို့သည် သူမအား အဝတ်အစားမပါသည့် ပုံများကို ရိုက်ကူး၍ ခြိမ်းခြောက်ချင်နေခဲ့ပြီး ကုမ္ပဏီ၏ order များနှင့် ချမ်းသာသော ရင်းနှီးမြုပ်နှံသူများ၏ ဆန္ဒကို လိုက်လျောပေးရန် အတင်းဖိအားပေးနေလေသည်။

ညီမငယ်လေးမှာ ငြင်းဆန်ချင်နေသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။

အားသန်လှသည့် ယောကျာ်းကြီးနှစ်ဦးသည် သူမအား ဆိုဖာပေါ်တွင် ထိန်းချုပ်ထားခဲ့သည်။ သူမသည် ငို၍ မည်မျှပင် ရုန်းကန်နေပါစေ ဒါမှမဟုတ် အကူအညီတောင်းနေပါစေ ထိုအရာများမှာ အသုံးမဝင်တော့ပေ။

ညီမငယ်လေးသည် ထိုအချိန်၌ သူမ၏ ဘဝမှာ ပြီးဆုံးသွားပြီဟု ခံစားလိုက်ရလေသည်။

သို့သော် သူမအား အဝတ်တွေဆွဲချွတ်တော့မည့်အချိန်တွင် တံခါးမှာ အကန်ခံလိုက်ရပြီး “ ဘုန်း” ဆိုသည့် အသံနှင့်အတူ ပွင့်လာကာ သူမ၏ အစ်မကြီးသည် ထိုနေရာတွင်ရပ်နေသည်ကို မြင်လိုက်ရသည်။

သူမသည် အရေးကြီးလှသည့် အင်တာဗျူးကို မသွားခဲ့ပဲ သူမအား လာရှာခြင်း ဖြစ်သည်။

နာကြည်းချက်များနှင့် ဝမ်းနည်းမှုများသည် သူမ၏ စိတ်ထဲ၌ စုပုံလာခဲ့ပြီး ညီမငယ်လေးမှာ မျက်ရည်များ စီးကျလာခဲ့သည်။ သူမသည် တုံ့ဆိုင်းခြင်း မရှိဘဲ အစ်မကြီးထံသို့ ပြေး၍ ဖက်လိုက်လေသည်။

ရှဲ့ကျစ်ရှင်း : “ ဒါဆို နောက်ထပ်ဘာဖြစ်သွားသေးလဲ”

“ နောက်ထပ်လား”

ရှချန်းချန်းသည် ခဏတာ စဉ်းစားပြီးနောက် ပြောလာခဲ့သည်။

“ ဇာတ်လမ်းရဲ့ ကျန်နေတဲ့အပိုင်းက ရိုးရှင်းပါတယ် အစ်မကြီးက အရေးပါတဲ့အင်တာဗျူးအခွင့်အရေးကို မသွားလိုက်ရပေမဲ့လည်း သူက မန်နေဂျာရဲ့ ယုတ်မာမှုတွေကို ဖော်ထုတ်လိုက်တော့ သူမက ပိုပြီးအောင်မြင်ကျော်ကြားဖို့ အခွင့်အရေးရသွားတယ် သူမရဲ့ ညီမငယ်လေးကလည်း အလုပ်အရမ်းကြိုးစားပြီး အရမ်းတော်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာတာလေ”

“ တကယ်ကောင်းတာပဲ”

ရှဲ့ကျစ်ရှင်းသည် သူ၏ လက်များကို ခေါင်းအနောက်သို့ ခုထားလိုက်ပြီး “ ကိုယ် ဒီ ဇာတ်သိမ်းကို အရမ်းကြိုက်တယ်” ဟု ပြောလာခဲ့သည်။

“ ဟုတ်တယ်” ဟု ရှချန်းချန်းပြောသည့် အသံမှာ တိုးလွန်းလှပြီး ထိုစကားမှာ ရှဲ့ကျစ်ရှင်းအား ပြန်ဖြေနေသလော ဒါမှမဟုတ် သူမကိုယ်သူမ ပြန်ပြောနေသည်ကိုပင် အတိအကျမပြောနိုင်ပေ။

“ ကျွန်မလည်း ဇာတ်သိမ်းကို ကြိုက်တယ်”

အခန်းမှာ ထပ်မံ၍ တိတ်ဆိတ်သွားခဲ့ပြီး သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အသက်ရှုသံကို ကြားနေရလေသည်။

ရှချန်းချန်းသည် ကလေးတစ်ယောက်လိုပင် စောင်ထဲ၌ ကွေးနေလေသည်။

ပြတင်းပေါက်အပြင်၌ ဆောင်းဦးရာသီ၏ မိုးစက်များမှာ တပေါက်ပေါက်ကျနေဆဲပင်။

ညတွင်ရှိနေသော အအေးဓာတ်မှာ မပျောက်သွားသေးပေ။

အချိန်အနည်းငယ်ကြာပြီးနောက် စနစ်မှာ စကားပြောလာခဲ့သည်။

စနစ် : “ Host ရေ မင်းကလိမ်နေတာပဲ”

“ ကျွန်တော် အဲ့ဇာတ်သိမ်းကို မြင်ခဲ့တယ် မင်းပြောသလိုမဟုတ်ဘူး”

ရှချန်းချန်းမှာ အချိန်ခဏတာ တိတ်ဆိတ်နေခဲ့သည်။

“ ဘာလို့လဲဆိုတော့ ငါက ပျော်ရွှင်စရာ အဆုံးသတ်လေးတွေပဲ ကြိုက်လို့လေ”

ဇာတ်လမ်းတစ်ပုဒ်ဆိုရင်တောင် ပျော်ရွှင်စရာအဆုံးသတ် ရှိသင့်တယ် မဟုတ်လား”

ဇာတ်လမ်းတွေသည် အမြဲတမ်း ပျော်ရွှင်စရာရှိနိုင်လေသည်။

သို့သော် လက်တွေ့ဘဝတွင် မိမိတို့ ဆုတောင်းထားသည့်အတိုင်း တစ်ခါမှ ဖြစ်မလာခဲ့ပေ။

ထိုနေ့တွင် အစ်မကြီးသည် ညီမလေးထံသို့ အချိန်ကိုက် မရောက်ခဲ့ပေ။

သူမသည် အရေးပါသည့် ပုဂ္ဂိုလ်အား အင်တာဗျူးပြီးနောက် ရေးသားထုတ်ဝေရန် လုပ်မည့်အချိန်၌ onlineပေါ်တွင် သူမ ညီမလေး၏ blacklist သွင်းခံရခြင်းကို မြင်လိုက်ရလေသည်။

ခွေးမ ၊ မိန်းမပျက် ၊ အမျိုးသားအနုပညာရှင်တွေကိုမြူဆွယ်တဲ့ကောင်မ ၊ အပျော်မယား…

အစ်မကြီးသည် မိန်းကလေးတစ်ယောက်အားဆဲဆိုးရန်အတွက် ထိုမျှ များပြားသည့် စကားလုံးများရှိသည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ထို့နောက် သူမအား ရဲအရာရှိမှ ဖုန်းခေါ်လာခဲ့သည်။

ရင်ခွဲရုံထဲတွင် သူမ၏ ညီမငယ်လေးကို မြင်လိုက်ရသည်။

သူမ၏ ညီမငယ်လေးမှာ အိပ်ပျော်နေခြင်း ဖြစ်သည်။ သူမ၏ မျက်နှာမှာ လှပနေဆဲ ဖြစ်သော်လည်း ကြောက်ရွံ့မှုများမှာ ထင်ဟပ်နေဆဲဖြစ်သည်။

ရဲအရာရှိသည် သူမဟာ အမျိုးသား အနုပညာရှင်တစ်ယောက်အား အဝတ်မပါသည့်ပုံများဖြင့် မြူဆွဲခဲ့သည့်အကြောင်း ပေါ်ပေါက်သွားခဲ့ပြီး onlineပေါ်၌ ဝေဖန်ခဲ့ကြခြင်းကြောင့် သတ်သေသွားခဲ့သည်ဟု ကောက်ချက်ချခဲ့ကြသည်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာ အဲ့အတိုင်း ဖြစ်နိုင်ပါ့မလား။

စနစ် :“ လူတိုင်းက အဲ့အကြောင်းကို မစုံစမ်းဖို့ပြောတယ် တကယ်လို့ ဆက်လုပ်ရင် တောက်ပတဲ့အနာဂတ်တွေက ပျက်ဆီးသွားမှာတဲ့”

“ ဒါပေမဲ့ သူက သတင်းထောက်အလုပ်ကနေထွက်ပြီး ပါပါရာဇီဖြစ်လာပြီးတော့ အနုပညာလောကထဲ ဝင်လာတယ် ၊ သူက အေဂျင်စီရဲ့ အကြောင်းစုံကို သိရုံသာမကဘဲ အဲ့နေ့က သူ့ညီမလေးကို အတင်းအိပ်ခိုင်းတဲ့သူက သူအင်တာဗျူးခဲ့တဲ့ “ နိုင်ငံနှင့် လူမျိုးအတွက်” ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်နေတာကို ရှာတွေ့သွားတယ်”

လက်တွေ့ဘဝမှာ အလွန်ဆိုးရွားလွန်းခဲ့လေသည်။

ထိုအရာမှာ အထင်နှင့်အမြင် တစ်ခြားစီ ဖြစ်ခဲ့လေသည်။

ယနေ့ နေ့လည်ခင်းတွင် ရှချန်းချန်းသည် ရှလုလုအား starry sky ၏ အောက်ထပ်တွင် တွေ့လိုက်ရသည်။

ထိုမိန်းကလေးသည် သူမ၏ ညီမလေးနှင့် မတူသည့်အပြင် သူတို့သည်လည်း တူညီသည့်လူတစ်ယောက်မဟုတ်ကြောင်း ရှချန်းချန်းမှ သိခဲ့လေသည်။

သို့သော် ထိုအချိန်တွင် ရှလုလုမှ သူမအား ကြည့်သော် အကြည့်သည် တစ်ခါက သူမ၏ ညီမလေး အခက်အခဲကြား ရောက်သွားခဲ့၍ အကူအညီလိုနေသည့် ညီမလေး၏ အကြည့်နှင့် တူလှသည်။

အိပ်ရာမှာ နွေးထွေးလာခဲ့သည်။

သို့သော် ရှချန်းချန်း၏ စိတ်ထဲ၌ အအေးဓာတ်များ ကျန်ရှိနေခဲ့သည်။

သူမသည် စောင်ခြုံကာ ကွေးနေခဲ့ပြီး မထိန်းချုပ်နိုင်တော့ဘဲ တုန်ရီနေခဲ့သည်။

ထိုအချိန်၌ တစ်ယောက်ယောက်မှ ပူးကပ်လာသည်ဟု ခံစားလိုက်ရသည်။

ရှချန်းချန်းသည် ဘေးသို့လှည့်လာ၍ သူမ၏ နောက်ကျောဘက်သို့ တိုးလာခဲ့ပြီး အနောက််မှ ရှချန်းချန်းအား တင်းကြပ်စွာ ဖက်ထားလိုက်သည်။

သူမသည် ရှဲ့ကျစ်ရှင်း အဘယ့်ကြောင့် အိပ်မပျော်သည်ကို မသိသော်လည်း သူ၏ အလွန်နူးညံ့သည့် အသံလေးကိုသာ ကြားလိုက်ရသည်။

“ ချန်းချန်း ကိုယ် ဒီမှာရှိတယ်”

“ Galaxy Girls” ၏ second season အား အောက်တိုဘာလကုန်တွင် ကျင်းပရန် အချိန်ဇယားဆွဲထားခဲ့သည်။

ထုတ်လုပ်ရေးအဖွဲ့များသည် idol ရာချီကို interview ၍ အလွန်ပင် အလုပ်ရှုပ်နေခဲ့ပြီး နောက်ဆုံးတွင် ပြိုင်ပွဲ၌ ပါဝင်ရန်အတွက် အယောက်တစ်ရာသာ ရွေးချယ်ခဲ့လေသည်။

မိန်းကလေးများအားလုံးသည် closed-door training အတွက် ထုတ်လုပ်ရေးအဖွဲ့မှ စီစဉ်ပေးထားသည့် training campတွင် စုဝေးနေခဲ့ကြသည်။

တစ်လကြာပြီးနောက် သူတ်ို့သည် ပွင့်ပွင့်လင်းလင်းဖြင့် ဖျော်ဖြေကြမည်ဖြစ်ပြီး ယခုအချိန်သည် ထိုမိန်းကလေးများ၏ အရည်အချင်းများကို စစ်ဆေးရမည့်အချိန်ပင် ဖြစ်သည်။

Closed-door training လုပ်နေသည့် အချိန်အတွင်း မိန်းကလေးများ၏ ဖုန်းများကို သိမ်းယူထားမည်ဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့သားများသည် ကြည့်ရှုသူများအတွက် 24နာရီလုံး ထုတ်လွှင့်မည့် ကင်မရာများကို training campထဲ၌ တပ်ဆင်ထားလေသည်။

“ Galaxy Girls” ၏ မှတ်တမ်းတင်မှုများကို ထုတ်လွှင့်ပြီးနောက် များပြားလှသော ပရ်ိတ်သတ်များကို ဆွဲဆောင်နိုင်ခဲ့လေသည်။

ပါဝင်ယှဉ်ပြိုင်သူ အများစုမှာ သိပ်မကျော်ကြားကြသော်လည်း ပရိတ်သတ်များသည် ရွှီချဲနှင့် ရှချန်းချန်းကိုသာ အဓိက အားပေးရန် လာခဲ့ခြင်း ဖြစ်သည်။

[ အားးး PD ရွှီချဲ! သူက ငါ့ရဲ့ နံပါတ် ၁ idolပဲ ချစ်တယ်နော် ]

[ ဝိုးးး ငါတို့ရဲ့ ချဲချဲကို ထပ်ပြီး မြင်ရပြီး တစ်ခြား idolတွေက သရုပ်ဆောင်နေကြပေမဲ့ ငါတို့ရဲ့ ချဲချဲကတော့ အရင်အတိုင်း ဖြောင့်မတ်နေတုန်းပဲ]

[ ငါကြားတာကတော့ ချန်းကျဲလည်း “ Girls of the Galaxy” မှာ ပါဝင်မယ်လို့ ကောလဟာလထွက်နေတယ်တဲ့]

[ လာနောက်နေတာလား ရွှီချဲက နည်းပြတစ်ယောက်ဆိုပေမဲ့ ရှချန်းချန်းကရော သူလည်း နည်းပြပဲလား သူကရော သီချင်းဆိုပြီး ကတက်တာလား ]

[ ကောလဟာလ အရ ချန်းကျဲက ပြိုင်ပွဲဝင်တစ်ယောက်တဲ့]

( မြေအောက်ရထားပေါ်မှာ အဘိုကြီးတစ်ယောက် ဖုန်းကြည့်နေတဲ့ပုံ)

[ ချန်းကျဲက မင်းသမီးတစ်ယောက် ဖြစ်ချင်တာ မဟုတ်ဘူးလား သူက အသက်မွေးဝမ်းကြောင်းလုပ်ငန်းပြောင်းပြီး idolလုပ်တော့မလို့လား]

[ ငါ ဘာမှနားမလည်တော့ဘူး ဒါပေမဲ့ ရှချန်းချန်းက အရမ်းလှတယ် ငါသူ့ကိုမြင်ရတာ အရမ်းပျော်တာပဲ ]

[ ဒါက ယုတ္တိမရှိဘူးလေ သရုပ်ဆောင်တွေက သရုပ်ဆောင်တွေပဲဖြစ်သင့်တယ် idol တွေအပေါ် လေးစားမှုလေး မပြနိုင်ဘူးလား]

“ Girls of the Galaxy” second season တွင် ရွှီချဲ ပါဝင်ခြင်ရကြောင်း online ပေါ်တွင် ကောင်းမွန်သည့် မှတ်ချက်အများစု တွေ့ရသော်လည်း ရှချန်းချန်း ပါဝင်မှုကြောင့် တုံပြန်မှု အစုံကို မြင်တွေ့ရလေသည်။

idolများ၏ တိုးတက်မှုကို ကြည့်ရတာနှစ်သက်သော ပရိတ်သတ်များသည် ယခုရှိုးတွင် ရှချန်းချန်းပါဝင်ခြင်းမှာ သူမ၏ပုံရိပ်နှင့် မကိုက်ညီနိုင်သည်ဟု ထင်နေခဲ့ကြသည်။

သို့သော်လည်း ပရိတ်သတ်အချိူ့သည် ရှချန်းချန်းမှာ idol ဖြစ်ချင်စိတ်အပြည့်အဝရှိနေသည်ဟု သံသယရှိနေခဲ့ကြသည်။ တစ်ခြားနည်းဖြင့်ဆိုလျှင် သူမ၏ ကျော်ကြားမှုရှိနေလျက်နှင့် အဘယ့်ကြောင့် ဤရှိုးတွင် ပါဝင်မည်နည်း။

သူက ဒီပြိုင်ပွဲမှာရှိသရွေ့ သူသေချာပေါက် ကြိုးစားမှာလို့ ယုံကြည်ကြတယ်!

“ Galaxy Girls” ၏ ထုတ်လုပ်ရေးအဖွဲ့သည် ထိုမေးခွန်းအား ပြန်မတုံ့ပြန်သေးပေ။

ထို့အစား သူတို့သည် second season ကို စတင်ရိုက်ကူးသည့်အချိန်မှစ၍ ရွှီချဲသည် နည်းပြတစ်ဦးဖြင့် ပါဝင်မည်ဖြစ်ကြောင်းကိုသာ ကြေညာခဲ့သည်။

ရှချန်းချန်း ပါဝင်မည်ဟူသော သတင်းကို ဖြန့်ခဲ့သူမှာ မည်သူဖြစ်ကြောင်း မသိကြပေ။

ဒါပေမဲ့ ထုတ်လုပ်ရေးအဖွဲ့က ရှင်းပြဖို့ စိတ်ကူးမရှိတဲ့အပြင် onlineပေါ်မှာ ရှချန်းချန်းကို ကြိုက်တဲ့သူနဲ့ မကြိုက်တဲ့သူတွေ ငြင်းခုံနေတာကြောင့် ပိုပြီး လူကြည့်များလာတော့တယ်။

ဒါက ကြိုတင်ပြောလို့မရတဲ့ သဘာဝတစ်ခုဖြစ်တာမလို့ အားလုံးကို ဆွဲဆောင်နေတဲ့အရာတစ်ခုပဲလေ!

သို့သော်လည်း ထုတ်လုပ်လေးအဖွဲ့များ အတော်ကြာ ပျော်ရွှင်နေပြီးနောက် online ပေါ်တွင် ဗီဒီယိုနှစ်ခု ပေါ်လာခဲ့သည်။

ပထမဗီဒီယိုထဲတွင် ရှချန်းချန်းသည် အက studio ထဲတွင် ဖြစ်ပြီး အမျိုးသားတစ်ယောက်သည် သူမအား အကြောလျှော့ခိုင်းထားသည်ကို နာကျင်နေသောကြောင့် ဝက်တစ်ကောင် အသတ်ခံတော့မည့်အချိန်တွင် အော်ဟစ်နေသကဲ့သို့ပင် ဖြစ်နေသည်။

ဒုတိယ ဗီဒီယိုထဲတွင် ရှချန်းချန်းသည် သီချင်းဆိုနေခဲ့ပြီး သူမ၏ အသံမှာ ဝက်တစ်ကောင် ဆိုးဆိုးရွားရွား အော်သံနှင့် တူနေပြန်လေသည်။

ဗီဒီယိုထဲတွင် ထိုအမျိုးသားကို ဝါးထားခြင်းကြောင့် ရှချန်းချန်း၏ မျက်နှာတစ်ခုတည်းကိုသာ မြင်ရလေသည်။

ထိုဗီဒီယိုထွက်လာပြီးနောက် လူများအားလုံးသည် အချိန်အတော်အကြာ တိတ်ဆိတ်နေခဲ့ကြသည်။

[ ဟမ်….]

[ မင်းအခုထိ idol ဖြစ်ချင်နေသေးတာလား မသိရင် ငါတို့နားနဲ့မျက်လုံးတွေကို အဓမ္မကျင့်နေသလိုပဲ]

[ မင်းရဲ့ အခြေခံ အရည်အချင်းတစ်ချို့ကို ပြပေးလို့ ရမလား ၊ ဒါက ငါမြင်ဖူးသမျှ သတင်းတွေထဲမှာ လက်မခံနိုင်ဆုံးအရာပဲ]

[ ဒါဆိုရင်… ချန်းကျဲက အနားယူပြီးတော့ ထပ်ပြီး ပြသာနာရှာပြန်ပြီလား မလုပ်ပါနဲ့ မြင့်မြတ်ပြီး အထာကျတဲ့ ချန်းကျဲကိုပဲ ပြန်ပေးပါ ဟုတ်ပြီလား]

[ ချန်းကျဲက ကျိန်စာမိနေတာများလား ကုမ္ပဏီကလည်း နှစ်ခါတောင်မစဉ်းစားဘဲ ဘာလို့ သူ့ကို ဒီလို အရင်းအနှီးတွေထုတ်ပေးနေတာလဲ]

...

Onlineပေါ်တွင် ရှချန်းချန်းသည် အမျိုးမျိုးသော ဝေဖန်တိုက်ခိုက်မှုများကို ခံနေရလေသည်။

အထူးသဖြင့် သူမ၏ အဆိုနှင့်အက လေ့ကျင့်နေသော ဗီဒီယိုနှစ်ခု ထွက်ပေါ်သွားပြီးနောက် online ဆွေးနွေးချက်များတွင် လူအများသည် သူမအား ပြိုင်ပွဲမှ နုတ်ထွက်သွားရန် ဒါမှမဟုတ် ထုတ်လုပ်ရေးအဖွဲ့မှ သူမအား ထုတ်ပယ်ရန် ပြောဆိုနေကြလေသည်။

Online ပေါ်တွင် ဝေဖန်တိုက်ခိုက်၍ ငြင်းခုံနေကြခြင်းကြောင့် ရှချန်းချန်းသည် ဝူရှင်းဘန့်ထံသို့ ဆက်သွယ်ခဲ့သည်။

“ မစ္စတာဝူ ဒီအခြေအနေတွေကို တစ်ချက်ကြည့်ကြည့်ပါဦး ကျွန်မ ဒီရှိုးမှာ မပါတာ ပိုကောင်းမယ်လို့ မထင်ဘူးလား”

“ မဟုတ်ဘူး မဟုတ်ဘူး ဒီ အင်တာနက်ပေါ်က ကီးဘုတ်ဖိုက်တာတွေအကြောင်းမသိဘူးလား” ဟု ဝူရှင်းဘန့်မှ ထပ်ကာ ထပ်ကာ ဆွဲဆောင်နေလေသည်။

“ ချန်းချန်း ကျွန်တော် မင်းကို ယုံတယ် ဒါက သီချင်းဆိုတာရယ် အကကရုံပဲ မဟုတ်လား ဒါဆို လက်ရယ် ခြေထောက်ရယ် ပါးစပ်ရယ် ပါတဲ့သူတိုင်း လုပ်နိုင်တဲ့မဟုတ်လား ဒီ training campက သုံးလတောင်လေ ဒီလ အချိန်အကြာကြီးမှာ သင်ယူဖို့ အချိန်တွေရှိပါတယ် မင်းပြောင်းလဲသွားမယ်လို့ ကျွန်တော်ယုံကြည်တယ်”

ရှချန်းချန်း: "..."

ဒါပေမဲ့ ကျွန်မကိုယ် ကျွန်မ မယုံဘူးလေ။

ရှချန်းချန်းမှ ဖုန်းချလိုက်လေသည်။

စနစ်: “ Host ရေ အဲ့အသရေပျက်စေတဲ့ ဗီဒီယိုနှစ်ခုကို တင်လိုက်တာက မင်းဆိုတာကို ရှင်းခုံက တစ်ခါမှ တွေးခဲ့ဖူးမှာတောင်မဟုတ်ဘူး သူတို့က မင်းရဲ့ မကောင်းသတင်းတွေကို ဖျက်ဖို့အတွက် လူထုဆက်ဆံရေးအဖွဲ့ကို ပိုက်ဆံတွေပေးပြီး ခိုင်းတဲ့အထိ ရူးနေကြတာပဲ ဒီပုံစံအတိုင်းဆိုရင် သူတို့က မင်းကို ဒီရှိုးထဲ ပါဝင်ခိုင်းဖို့ တကယ် ဆုံးဖြတ်ထားတာပဲ”

ရှချန်းချန်းသည် သေးငယ်သော အင်ပါယာသစ်တောဥယျာဉ်ထဲတွင် ဇိမ်ကျကျဖြင့် ထိုင်နေကာ ငှက်ကလေးများ၏ သီဆိုသံများ၊ ပန်းကလေးများ၏ မွေးပျံ့သောရနံ့များနှင့် နွေးထွေးသော နေရောင်ခြည်လေးကို ထိုင်၍ ခံစားနေလေသည်။

“ ဒီလို မကောင်းတဲ့ အရာတွေကို ဖော်ထုတ်လိုက်တဲ့ နဂိုရည်ရွယ်ချက်က သူတို့ရဲ့သဘောထားကို စမ်းသပ်ချင်လို့လဲ ဒီလို အခြေအနေအရဆိုရင် သူတို့ ငါ့ကို ဒီအစီအစဉ်မှာ ပါဝင်ဖို့ အတင်းတွန်းအားပေးနေတယ်ဆိုတာက ငါပါဝင်လိုက်ရင် အကျိုးအမြတ် အများကြီးရနိုင်တယ်ဆိုတဲ့သဘောပဲလေ”

“ ဒါပေမဲ့ သူတို့က မင်းကို sexyဆန်တဲ့ အကမျိုးတွေပဲ ကခိုင်းချင်တာ မဟုတ်လား” ဟု ပြောကာ စနစ်မှာ စဉ်းစားမရဖြစ်နေလေသည်။

“ ဘာလို့ စိတ်ရှုပ်ခံနေမှာလဲ ဒီအကျိုရအမြတ်က အရမ်းနည်းလွန်းတယ်”

“ တုန်ကျီရေ နင်က Aiတစ်ခုပဲလေ နင် ရေရှည်အတွက် ကြိုပြီး စဉ်းစားသင့်တယ်” ဟုပြောကာ ရှချန်းချန်းသည် သူမ၏ မျက်လုံးများကို ပိတ်လိုက်သည်၊

“ သူတို့ကို ငါ့ကို sexy ဆန်တဲ့အကတွေ တကယ် ကပြစေချင်တာမဟုတ်ဘူး သူတို့က ငါနဲ့ စာချုပ်အသစ်ချုပ်ဖို့ ဒါကို အသုံးချချင်နေတာ အဲ့အကျိုးအမြတ်က မကောင်းတဲ့ကိစ္စတွေ ဖယ်ရှားတာထက်တောင် ပိုများရင်များနေဦးမယ် ဒါမှမဟုတ် တစ်ယောက်ယောက်က ဒါကို လုပ်ဖို့ ပြောထားတာလည်း ဖြစ်န်ိုင်တယ် ပြီးတော့ သူတို့က အဲ့လူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်ပေးနိုင်ရင် အဲ့လူက သူတို့ရဲ့အနာဂတ်အတွက် ဒီထက်ပိုကောင်းတဲ့ အကျိုးအမြတ်တွေကို ယူလာပေးနိုင်တယ်နေမှာပေါ့”

စနစ်မှာ အံ့ဩမှင်သက်သွားခဲ့သည်။

“ အစီအစဉ်လေးထဲမှာ ပါဝင်ရုံပဲကို အဲ့လောက်တောင် အပြောင်းအလဲအများကြီး ဖြစ်သွားတာလား မင်းတို့ လူတွေကလည်း ရှုပ်ထွေးလိုက်တာ”

“ လူတွေရဲ့ နှလုံးသားထဲမှာ ဖုံးကွယ်ထားတဲ့ အရာတွေရှိတယ်”

ရှချန်းချန်းသည် သခွါးသီး နှစ်ဖတ်ကို ယူလိုက်ကာ သူမ၏ မျက်လုံးပေါ်သို့ တင်လိုက်လေသည်။

“ ဘာပဲဖြစ်ဖြစ် ငါ အဲ့အစီအစဉ်မှာ ပါလိုက်ရင်အရာအားလုံး ရှင်းလင်းသွားလိမ့်မယ်~”

မိန်းကလေးတစ်ယောက်သည် “ Galaxy Girls” အစီအစဉ်အဖွဲ့သားများစီစဉ်ထားသော မှတ်တမ်းတင်သည့် အခန်းထဲတွင် ကင်မရာကို ကြည့်ကာ သူမ၏ လေ့ကျင့်ရေး အတွေ့အကြုံများကို ပြန်လည်ပြောပြနေလေသည်။

“ အားလုံးပဲ မဂ်လာပါ ကျွန်မက ၂နှစ်ခွဲကျော် သင်တန်းတက်ခဲ့တဲ့ စုန့်ယွီနင် ပဲဖြစ်ပါတယ် ကျွန်မ ဒီ “ Galaxy Girls” မှာ ပါဝင်ရတဲ့အတွက်ကြောင့် အရမ်းကို စိတ်လှုပ်ရှားနေမိပါတယ် ပြီးတော့ ကျွန်မ ဒီ လေ့ကျင့်ရေး ၃လအတွင်းမှာ ပိုပြီးကောင်းမွန်စွာနဲ့ တိုးတက်လာပြီးတော့ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

အနီးအနားတွင် ထုတ်လုပ်ရေး အဖွဲ့၏ ဓာတ်ပုံဆရာများမှာ ရိုက်ကူးနေကြပြီး ဝန်ထမ်းများမှာလည်း တီတိုး တီတိုး ပြောနေခဲ့ကြသည်။

“ စုန့်ယွီနင်က ဒီနှစ်မှာ အရည်အချင်အရှိဆုံးသူပဲ”

“ငါ သူရဲ့ လေ့ကျင့်ရေး ဗီဒီယိုကို မှတ်တမ်းတင်ရိုက်ကူးတုန်းက မြင်ခဲ့တာ သူက ကင်မရာနဲ့ ဘယ်လိုဆက်သွယ်ရမလဲသိတယ် သူ့ပုံစံက စင်ပေါ်ကနေ ကြည့်ရှုသူတွေကိုဆက်သွယ်နေတဲ့ပုံစံအတိုင်းပဲ”

“ ပြီးတော့ သူ့ကို ကြည့်လိုက်ဦး သူက ကင်မရာရှေ့မှာ မရှက်တက်ဘူးပဲ သူက ရင့်ကျက်တဲ့ အနုပညာရှင်တစ်ယောက်လိုပဲ”

“ ကုမ္ပဏီကြီးတွေရဲ့ အနုပညာရှင်တွေက မတူကြဘူးလေ ဒီတစ်ခါတော့ သူက သေချာပေါက် ပွဲဦးထွက်နိုင်တော့မယ်လို့ထင်တယ်”

“ သူက ပွဲဦးထွက် နိုင်ရုံတင်မကဘူး ရှချန်းချန်းသာ ဒီကိုမလာခဲ့ရင် သူက ပထမနေရာပဲလို့ ငါလောင်းရဲတယ်”

စုန့်ယွီနင်သည် ရိုက်ကူးရေးပြီးသွားပြီးနောက် ဝန်ထမ်းများအား ယဉ်ကျေးစွာဖြင့် နှုတ်ဆက်ခဲ့လေသည်။ များပြားလှသည့် ဝန်ထမ်းအဖွဲ့သားများမှာ သူမ၏လက်မှတ်ရရန် အပြေးလာခဲ့ကြခြင်းကြောင့် သူမသည် ပြုံး၍ သဘောတူခဲ့သည်။

သူတို့ မှတ်တမ်းတင်သည့် အခန်းထဲမှ ထွက်သွားပြီးနောက် စုန့်ယွီနင်၏ အပြုံးမှာ ရုတ်တရက်ပင် မှေးမှိန်သွားခဲ့သည်။ သူမ၏ ကြွက်သားများမှာ တောင့်တင်းသွားခဲ့ပြီး သူမ၏မန်နေဂျာကို ဖုန်းခေါ်လိုက်လေသည်။

“ မိန်ဟောင်ကော ကျွန်မရဲ့ မှတ်တမ်းတင်တဲ့ အစီအစဉ်က ပြီးသွားပြီး ဒီ training camp နားမှာရှိနေတဲ့ ပါပါရာဇီတွေက ကျွန်မရိုက်ကူးရေးလုပ်နေတာကို သေချာပေါက် မှတ်တမ်းတင်သွားကြမှာပဲ ဒီပြိုင်ပွဲမှာ ကျွန်မပါဝင်မဲ့အကြောင်းကို ထုတ်လွှင့်ရမဲ့ အစီအစဉ်ရှိတာ မမေ့နဲ့ဦးနော်”

“ ထုတ်လွှင့်ဖို့အတွက် အကုန်စီစဉ်ပြီးပါပြီ” ဟု ဖုန်း၏ အခြားတစ်ဖက်မှ မိန်ဟောင်၏ အသံမှာ ထွက်လာခဲ့သည်။

“ ဒါပေမဲ့ ရေပန်းစားတဲ့ ရှာဖွေမှုမှာ ပါနိုင်မလားဆိုကတော့ ပြောဖို့ခက်နေတယ်…”

စုန့်ယွီနင်မှာ စဉ်းစားမရဖြစ်သွားခဲ့သည်။

“ ကျွန်မက အခု ဟန်နိုင်ငံမှာ အရမ်းအောင်မြင်ကျော်ကြားနေပြီလေ ဒီနှစ်ရဲ့ ပြိုင်ပွဲဝင်တွေက ဘယ်လိုလုပ် ကျွန်မကို ကျော်သွားနိုင်မှာလဲ ကျွန်မ ဒီအစီအစဉ်မှာ ပါဝင်တဲ့ဆိုတဲ့သတင်း ထုတ်လွှင့်လိုက်တာနဲ့ ကျွန်မအကြောင်းကို အများဆုံး ဆွေးနွေး ကြရမှာ မဟုတ်ဘူးလား”

“ အယ်….” မိန်ဟောင်မှာ စက္ကန့်အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။

“ ဘာလို့လဲဆိုတော့ ဒီနှစ်မှာ မမျှော်လင့်ထားတဲ့ သူတွေ ပါနေလို့ပါ..”

စုန့်ယွီနင်မှာ မျက်မှောင်ကြုတ်လိုက်သည်။

သူမသည် “ Girls of the Galaxy” second season အတွက် ပြင်ဆင်နေသည်ဟု သတင်းရရှိလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။

ယခင်နှစ်တွင် သူမသည် အကလေ့ကျင့်နေသည့်အချိန်တွင် ခြေချော်သွားကာ အဆစ်လွဲသွားခဲ့ခြင်းကြောင့် first season တွင် မပါဝင်ခဲ့ရပေ။

ဒီတစ်ကြိမ်တော့ သူလက်လွှတ်ခံမှာမဟုတ်ဘူး!

စုန့်ယွီနင်က သူ့ရဲ့ ပရိတ်သတ်အင်အားတွေ ကျော်ကြားမှုတွေကြောင့် ပထမနေရာကိုရဖို့အတွက် မိနစ်အနည်းငယ်ပဲလိုတယ်လို့ ထင်ခဲ့တာ!

သို့သော် Galaxy Girls နှင့်ပတ်သတ်သည့် ခေါင်းစဉ်များအား ဖွင့်ကြည့်လိုက်သည့်အခါ၌ ရှချန်းချန်း၏အကြောင်းများကို ဆွေးနွေးနေကြခြင်းဖြစ်သောကြောင့် သူမမှာ အလွန်စိတ်ထိခိုက်သွားခဲ့သည်။

ဒါက ဘာတုန်း! ရှချန်းချန်းက အောင်မြင်ပြီးသား မင်းသမီး မဟုတ်ဘူးလား

သူက ဘာလို့ girl group စမ်းသပ်စစ်ဆေးမှု မှာ ပါဝင်နေရတာလဲ။

သူတို့လို idolတွေကို တမင်သက်သက် အနိုင်ကျင့်နေတာမဟုတ်လား။

ရှချန်းချန်းရဲ့ လေ့ကျင့်ရေး ဗီဒီယိုတွေကို ကြည့် ကြည့်လိုက်ဦး သူ့ကို ဒီလိုမျိုး ဆိုပြီးကဖို့ ဘယ်သူက သတ္တိတွေပေးလိုက်တာလဲ!

Fish Leongများလား။

စုန့်ယွီနင်မှာ အလွန်ပင် ဒေါသထွက်နေခဲ့သည်။

သို့သော် Galaxy စမ်းသပ်စစ်ဆေးမှုများသည် နိုင်ငံအတွင်းမှ အကောင်းဆုံး idolများကို ရွေးချယ်ရန်မှာ အပြင်ပန်းသဘောသာဖြစ်ပြီး တကယ်တမ်းတွင် ကျော်ကြားမှူအပေါ်အခြေခံသည့် အကြောင်းကို သူမသည်လည်း မပြောင်းလဲနိုင်ပေ။

စုန့်ယွီနင်သည် Galaxy Girls ၏ အနည်းဆုံး ထိပ်ဆုံး သုံးနေရာတွင် ပါဝင်နိုင်သည့် အရည်အချင်းရှိသည်ဟု ခံစားနေရလေသည်။

သို့သော် သူမ၏ ကျော်ကြားမှုကြောင့် ပြိုင်ပွဲမစခင် အချိန်ကတည်းကပင် နံပါတ်တစ်နေရာ၌ ရပ်တည်နိုင်မည်ဟု ယုံကြည်ချက်ရှိနေခဲ့သည်။

ဒါပေမဲ့လည်း စုန့်ယွီနင်က အရည်အချင်းရှိတဲ့ idolတစ်ယောက်အနေနဲ့ ဒီကျော်ကြားမှုက ပုံမှန်ပဲလို့ ခံစားလိုက်ရပြန်တယ်!

ဒါပေမဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ရှချန်းချန်းကရော ဘာလို့ လူကြိုက်များရတာလဲ!

စုန့်ယွီနင်သည် onlineပေါ်မှ ဆွေးနွေးမှုများ ၊ Galaxy Girls နှင့် ရှချန်းချန်းနာမည်မှာ အမြဲချိတ်ဆက်နေခြင်ရတို့ကြောင့် သူမမှာ စိုးရိမ်မှုများဖြစ်လာခဲ့သည်။

မနီးမဝေးနေရာတွင် ရွှဲချဲသည် သူ၏ နည်းပြအဖြစ်ပါဝင်မှုကို ကိုယ်တိုင်မိတ်ဆက်ကာ မှတ်တမ်းတင်ရိုက်ကူးပြီးနောက် စုန့်ယွီနင်ကို မြင်လိုက်ကာ နွေးထွေးစွာ ပြုံးပြ၍ နှုတ်ဆက်လိုက်လေသည်။

“ ရွှဲလောင်ရှီး” စုန့်ယွီနင်သည် ခဏတာ တုံ့ဆိုင်းသွားခဲ့ပြီးနောက် ဆက်ပြောလာခဲ့သည်။

“ အင်တာနက်ပေါ်မှာပြောနေကြတဲ့ ရှချန်းချန်း… ရှလောင်ရှီးက ဒီရှိုးမှာ ပါမယ်ဆိုတဲ့သတင်းက အမှန်ပဲလား”

“ ဟုတ်ပါတယ်” ဟု ရွှီချဲမှ ပြုံးလိုက်လေသည်။

“ ချန်းချန်းက အရမ်းကျော်ကြာပြီး သူ့မှာ သူပရိတ်သတ်နဲ့သူရှိတယ် တကယ်လို့ သူက ဒီရှိုးမှာ ပါဖို့ဆန္ဒရှိရင် ကျွန်တော်တို့ ထုတ်လုပ်ရေးအဖွဲ့ကလည်း သူ့ကို ကြိုဆိုရမှာပေါ့”

“ ဒါပေမဲ့ သူ့ရဲ့ အဆိုနဲ့အက အရည်အချင်းတွေက ဘယ်လိုလဲဆိုတာ သိပြီးပြီလား”

စုန့်ယွီနင်မှာ အလွန်ပင် မပျော်မရွှင်ဖြစ်နေခဲ့သည်။

အနားတစ်ဝိုက်တွင် ဝန်ထမ်းနှင့် ကင်မရာများ မရှိတော့သောကြောင့် သူ၏ နူးညံ့သိမ်မွေ့သော idol ပုံရိပ်ကို ထိန်းမထားတော့ပေ။

“ ကျွန်မက သရုပ်ဆောင်တွေ ပါဝင်တာကို ကန့်ကွက်ဖို့တော့ စိတ်ကူးမရှိပါဘူး၊ ဒီမှာ သုံးလ ကနေ ငါးလလောက် လေ့ကျင့်ထားတဲ့ သင်တန်းသား အသစ်လေးတွေရှိတာ ထားပါတော့ ဒါပေမဲ့ သူကရော ဒါက အရမ်းလွန်လွန်းတယ် သူက အသစ်လေးတွေရဲ့ အရည်အချင်းတွေကို ခိုးယူနေချင်နေတာ မဟုတ်လား နောက်လာမည့် လအနည်းငယ်မှာ ‘Galaxy Girls’ ရေပန်းစားနေတဲ့အချိန်ကျရင် ရှချန်းချန်းက သေချာပေါက် ထိပ်ဆုံးခေါင်းစဉ်ဖြစ်မယ်လို့ ကျွန်မခန့်မှန်းနိုင်တယ်”

ရွှီချဲသည် စုန့်ယွီနင်၏ ပုခုံးအား အသာအယာပုတ်လိုက်ပြီး အခက်တွေ့နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“ ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိဘူးလေ ထုတ်လုပ်ရေးအဖွဲ့ကလည်း သူ့ကို မထုတ်ပစ်နိုင်ဘူး ဒါမှမဟုတ်ရင်လဲ…”

ရွှီချဲသည် တမင်တကာပင် ထိုမေးခွန်းအား စိတ်ထင့်သွားစေရန် ရပ်ထားလိုက်လေသည်။

“… training campမှာ သူမရဲ့ဆိုးရွားတဲ့ အရည်အချင်းတွေကြောင့် အထီးကျန်သွားပြီး သူ့ဘာသာသူ သည်းမခံနိုင်တော့ဘဲ ထွက်သွားရင်ရော ဒါပေမဲ့ အဲ့လိုကိစ္စကတော့ မဖြစ်သင့်ပါဘူး ကျွန်တော်တို့က စိတ်ထားကောင်းတဲ့သူတွေပဲမဟုတ်လား ကျွန်တော်တို့တွေ သေချာပေါက်သူများကို အထီးကျန်အောင် မလုပ်ပါဘူး ဟုတ်တယ်မလား”

စုန့်ယွီနင်မှာ ငြိမ်သက်သွားခဲ့သည်။

သူမ၏ မျက်နှာလှလှလေးပေါ်တွင်ရှိသော အမူအရာမှာ အချိန်တိုင်း ပြောင်းလဲနေခဲ့သည်။

နောက်ဆုံးတွင် သူမသည် တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်သည့် ပုံပေါ်နေခဲ့သည်။

“ ရွှီလောင်ရှီး ပွဲဦးထွက်လို့ရမည့်နေရာတွေက သိပ်မရှိပါဘူး ပြီးတော့ အဲ့နေရာတွေကို တကယ့် အစစ်အမှန်လိုအပ်နေတဲ့သူတွေအတွက်ပဲ ထားသင့်တာပါ တကယ်လို့ ထုတ်လုပ်ရေးအဖွဲ့က ဒီလိုကိစ္စတွေကို ပါဝင်မစွက်ဖက်ဘူးဆိုရင်တော့ ကျွန်မတို့ကိုယ်တိုင်ပဲ ဒီကိစ္စတွေကို ဖြေရှင်းလိုက်တော့မယ်”

စုန့်ယွီနင်သည် မှတ်တမ်းတင်သည့် အခန်းထဲမှ ထွက်သွားခဲ့သည်။

ရွှီချဲသည် ထွက်သွားသော သူမ၏ နောက်ကျောကောကြည့်ရင်း သူ၏ နှုတ်ခမ်းပေါ်၌ မရိုးသားသော အပြုံးတစ်ခုပေါ်လာခဲ့သည်။

ဘေးနားတွင်ရပ်နေသော ကျန်းကောမှာ အနည်းငယ် စဉ်းစားမရဖြစ်နေခဲ့သည်။

“ ဒါရိုက်တာဝူ နောက်ဆုံးတစ်ခေါက်မှ ရှချန်းချန်းကို ဒီအစီအစဉ်မှာ ပါဝင်ဖို့ ခေါ်လာနိုင်မဟုတ်လား အဲ့တာကိုဘာလို့ တွန်းထုတ်ချင်နေသေးတာလဲ တကယ်လို့ သူက တကယ်ကြီး အထီးကျန်လို့ နုတ်ထွက်သွားရင်ရော”

“ မင်းသိတာ ဘာရှိလို့လဲ” ဟု ရွှီချဲမှ မရိုးသားသည့် အသံအနေအထားဖြင့် ပြောလာခဲ့သည်။

“ training campက လုံးဝ ပိတ်ထားမှာလေ ပြီးတော့ ပြိုင်ပွဲဝင်တွေရဲ့ ဖုန်းတွေကိုလည်း သိမ်းထားမှာ ငါက ရှချန်းချန်း အနိုင်ကျင့်ခံရပြီး အထီးကျန်နေတာကိုပဲလိုချင်တာ အဲ့လိုဖြစ်နေတဲ့အချိန်မှာ ငါက သူ့ကို စိတ်ပူပြီး ကာကွယ်ပြလိုက်ရင် ငါတို့နဲ့သူနဲ့ဆက်ဆံရေးကို ပိုပြီးကောင်အောင် လုပ်နိုင်မယ်မဟုတ်လား”

ကျန်းကော၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။

“ အရင်တစ်ခေါက်တုန်းက မင်းဘာလို့ ဝမ်လီနာ ရဲ့ အကြောင်းတွေကို စုံစမ်းခိုင်းလဲဆိုတာ မထူးဆန်းတော့ပါဘူး ပြီးတော့ မင်း သူ့ကို အောင်အောင်မြင်မြင်နဲ့ ဖြုတ်ချခဲ့တာပဲလေ အခုတော့ အဲ့နည်းလမ်းပဲ သုံးနေတာလား”

“ မိန်းမတွေက…” ဟုပြောကာ ရွှီချဲမှာ ခပ်ရေးရေးပြုံးလိုက်လေသည်။

“သူတို့က ထိန်းသိမ်းဖို့လိုအပ်တယ်”

ရက်အနည်းငယ်ကြာပြီးနောက် မျှော်လင့်စောင့်စားမှု အမြင့်ဆုံးဖြစ်သည့် “ Galaxy Girls” ၏ second season မှာ စတင်ခဲ့လေသည်။

ဒါရိုက်တာကျန်းသည် training campသို့ စောစောရောက်ရှိလာခဲ့ပြီး ကင်မရာများကိုတပ်ဆင်ကာ ပြိုင်ပွဲဝင်များကို ကြိုဆိုနေခဲ့သည်။

ယခုတွင် တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာတစ်ခုထဲကိုသာ ဖွင့်ထားခြင်းဖြစ်ပြီး ကြည့်ရှုသူများမှာ ထို သေးငယ်သည့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ တဝုန်းဝုန်းဖြင့် ဝင်လာခဲ့ပြီး ကျဲများထွက်ပေါ်လာမည့်အချ်ိန်ကို စောင့်မျှော်နေခဲ့ကြလေသည်။

[ ငါတို့ရဲ့ နင်နင်ကို အားပေးလိုက်ရအောင် နင်နင်က အကောင်းဆုံးပဲ]

[အစတုန်းကတော့ မနှစ်က နင်နင်ပါမယ်ထင်နေတာ ဒါပေမဲ့ သူနေမကောင်းတော့ မပါလိုက်ရဘူး]

[ ဘယ်လိုပဲဖြစ်ဖြစ် နင်နင်က သေချာပေါက် ပွဲဦးထွက်ရတော့မှာ ငါတို့တွေအတူတူ ကောင်းမွန်တဲ့လမ်းကို လျှောက်ကြစို့]

[ ရော့ရော့နဲ့ နင်နင် နှစ်ယောက်လုံးကို ပွဲဦးထွက်စင်ပေါ်မှာတွေ့ရတော့မှာ ငါအရမ်းစိတ်လှုပ်ရှားနေပြီ]

[ရှချန်းချန်းက Starry Skyရဲ့ သင်တန်းသားတွေနဲ့အတူတူ ရှိနေတာလားမသိဘူး]

[ ဒီနှစ် Stary Skyမှာ မမျှော်လင့်ထားတဲ့ သူတစ်ယောက်ပါတယ်ဆိုတာက ရှလုလုတဲ့ သူ့ရဲ့ တရုတ်ရိုးရာအက က အရမ်းမိုက်တာတဲ့]

[ သူကတာက ဘယ်လိုပဲလှနေပါစေ ရှချန်းချန်းရဲ့ ဝက်သတ်တဲ့အကနဲ့ တွဲပေးလိုက်မယ်ဆ်ိုရင် အရမ်းကိုဆိုးရွားတဲ့ ကပ်ဆိုးကြီးလို ဖြစ်နေတော့မှာပဲ]

ပြိုင်ပွဲဝင်များသည် training camp အဝင်ပေါက်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့သည်။

သူတို့သည် သုံးယောက်၊လေးယောက်၊ ငါးယောက်၊ ခုနှစ်ယောက် ဒါမှမဟုတ် ရှစ်ယောက်တစ်ဖွဲ့ ဖွဲ့လိုက်ကြပြီး အများစုမှာ ကုမ္ပဏီတစ်ခုတည်း ဒါမှမဟုတ် အဖွဲ့တစ်ခုတည်းမှ အတူတူရပ်နေခဲ့ကြသည်။

အစပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြသေး၍ ရောက်လာသည့်အခါ၌ အချင်းချင်း ယဉ်ကျေးစွာဖြင့် ရိုးရိုးရှင်းရှင်း နှုတ်ဆက်လိုက်ကြသည်။

ထို့နောက် ဝမ်ရှိန်မီဒီယာ၏ ကားရောက်လာခဲ့ပြီး စုန့်ယွီနင်နှင့် ဖန်ရော့ရော့တို့ ပေါ်လာခဲ့ကြသည်။

“ အားး! စုန့်ယွီနင်က အရမ်းလှတာပဲ ငါဒီလိုနူးညံ့သိမ်မွေ့တဲ့သခင်မလေးတွေကို အရမ်းချစ်တာ”

“ ဝိုးးး ဖန်ရော့ရော့ကလည်း အရမ်းချောတာပဲ girl group တွေထဲမှာ ဒီလောက်ချောတဲ့မိန်းကလေးမျိုး မမြင်ဖူးဘူး”

“ တစ်ယောက်က နူးညံ့ပြီး တစ်ယောက်က ခက်ထန်တယ် တစ်ယောက်က အဖြူ တစ်ယောက်က အမဲ ၊ သူတို့က ငါမြင်ဖူးသမျှ girl group တွေထဲမှာ အလိုက်ဖက်ဆုံးပဲ”

စုန့်ယွီနင်သည် စောစောပိုင်း၌ သူမ၏ မျက်လုံးများကို မှိတ်ထားကာ ကားထဲတွင် အနားယူနေခဲ့ပြီး သူမ၏မျက်နှာအမူအရာမှာ အေးဆေးတည်ငြိမ်နေခဲ့သည်။

သို့သော် သူမ ကားပေါ်မှ ဆင်းလိုက်သည့်အခါတွင် သူမသည် ရုတ်တရက်ပင် idol အသွင်လုပ်ယူလိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာလည်း နူးညံ့သည့် သခင်မလေးတစ်ယောက်လိုပင် ချက်ချင်းပြောင်းလဲလိုက်လေသည်။

သူမ၏ ဘေးနားတွင် ရပ်နေသော ဖန်ရော့ရော့မှာ သူနှင့် လုံးဝ ပြောင်းပြန် ဖြစ်နေခဲ့သည်။

ဖန်ရော့ရော့သည် သူမ၏ဖုန်းထဲမှ ထန်ဝေ့လော့၏ အက ဗီဒီယိုကို ကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးများမှာ ကြယ်လေးများလိုပင် တောက်ပလာခဲ့ပြီး စိတ်လှုပ်ရှာသွားကာ စုန့်ယွီနင်၏လက်ကို သတိမထားမိဘဲ ညှစ်မိသွားလေသည်။

ကားတံခါးပွင့်သွားသောအခါ၌ သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး သူမ၏ မျက်လုံးထဲတွင် “ ငါနဲ့ဝေးဝေးနေကြ” ဟူသည့် အကြည့်မျ်ိုးနှင့် ပြည့်နေခဲ့သည်။

တစ်ယောက်သည် နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်ပြီး အခြားတစ်ယောက်သည် အကွာအဝေးတစ်ခုမှာနေ၍ တစ်ခြား girl group အဖွဲ့ဝင်များကို ရိုရိုသေသေ နှုတ်ဆက်ခဲ့ကြလေသည်။

ဖန်ရော့ရော့သည် အံကြိတ်ကာ တိုးတိုးလေး ပြောလာခဲ့သည်။

“ ငါနားမလည်တော့ဘူး ဘာလို့ ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာပုံစံကို မပြောင်းလဲခဲ့တာလဲ”

စုန့်ယွီနင်၏ စကားမှာ တိုးလွန်းလှပြီး စကားလုံးတိုင်းသည်လည်း သူ၏နူးညံ့သော အပြုံးများထဲမှ ညှစ်ထုတ်ထားသလိုပင် ဖြစ်နေသည်။

“ ငါက နင့်အကြောင်း ဘယ်လိုလုပ်သိမှာလဲ ငါရဲ့ ပုံစံကို နူးညံ့သိမ်မွေ့တဲ့သခင်မလေးအဖြစ် သေချာပေါက်လုပ်မှာပဲ သန်မာပြီး နူးညံ့တဲ့သခင်မလေးတွေက အရမ်းကျော်ကြားတယ်လေ အိုကေ”

စုန့်ယွီနင်သည် အဖြူရောင်ရှပ်နှင့် အနက်ရောင် လည်စည်းကိုဝတ်ထားကာ တည်ငြိမ်အေးဆေးသည့် ပုံစံရှိသော ဖန်ရော့ရော့ကို ကြည့်လိုက်လေသည်။

“ နင့်ရဲ့ အထာကျပြီး ယောကျာ်းလေးပုံစံကြောင့် ကျော်ကြားနေတာလို့ ဘယ်သူပြောခဲ့လဲ တကယ်လို့ နင်သာ ပရိတ်သတ်တွေကို ချိုချိုသာသာဆက်ဆံလိုက်ရင် ကလေးတွေတောင် လန့်ပြေးကုန်မယ်”

ဖန်ရော့ရော့: "..."

သူက ချောမောပြီး တည်ငြိမ်တဲ့မျက်နှာရှိပေမဲ့ သူ့ရဲ့ သွေးသားထဲမှာ အရမ်း မိန်းမသားဆန်တဲ့ စိတ်နဲ့ပြည့်နေတာလေ အရမ်းကိုပြည့်နေတာ!

အဖွဲ့များသည် အနောက်တွင်ရပ်နေကြပြီး ပတ်ဝန်းကျင်မှာလည်း အတော်လေး တိတ်ဆိတ်နေခဲ့သည်။

ပြိုင်ပွဲဝင်အသစ်များမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ကြပြီး သူတို့အား လူတိုင်းမှ နှုတ်ဆက်ကြလေသည်။

ဖန်ရော့ရော့သည် သူ၏ အေးစက်သည့် အကြည့်ဖြင့် အနားတစ်ဝိုက်ကို စိုက်ကြည့်ပြီးနောက် စုန့်ယွီနင်အနားသို့တိုးလာကာ တိုးတိုးလေးပြောလာသည်။

“ Starry Skyမှာပါတဲ့ girl group တွေအကုန် ဒီမှာရောက်နေပြီ ဒါပေမဲ့ ရှချန်းချန်းက မလာသေးဘူး သူမလာတော့တာများလား”

စုန့်ယွီနင်၏ နူးညံ့သိမ်မွေ့သောမျက်နှာပေါ်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“သူမလာရင် ပိုကောင်းတာပေါ့ မဟုတ်ရင် သူဒီစင်ပေါ်ကို ရောက်လာတဲ့အချိန်မှာ နောင်တရသွားအောင် ငါလုပ်ပြမယ်”

သူမစကားဆုံးသည်နှင့်တစ်ပြိုင်နက် သူတို့၏နောက်မှ ကားဘရိတ်အုတ်သံမှာ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

လူတိုင်းသည် နောက်သို့လှည့်ကြည့်လိုက်သည့်အခါ၌ training camp၏ တံခါးရှေ့တွင် အနက်ရောင် Bentley ကား ရပ်ထားသည်ကို မြင်လိုက်ရသည်။

စုန့်ယွီနင်သည် စိုက်ကြည့်လိုက်ပြီနောက် ပြောလာခဲ့သည်။

“ ဒီရှိုးမှာ ပါဝင်ရုံလေးပဲကို ဒီ ၁၀မီလီယမ်ကျော်တဲ့ Bentley ကားနဲ့လာပြီး ဂုဏ်ဆာနေတာ ဘယ်သူလဲ”

နောက်စက္ကန့်အနည်းငယ်ကြာတော့ driver ရှုက လေးလေးစားစားနဲ့ အနောက်တံခါးကို ဖွင့်လိုက်တာကို မြင်လိုက်ပြီးတော့ တောက်ပနေတဲ့ ရှပ်အကျီနဲ့ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားတဲ့ ရှချန်းချန်းက Bentley ကားပေါ်ကနေ ဆင်းလာတယ်!

All Chapters