အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
Chapter 71
အမျိုးမျိုးသော ကားများသည် ပင်လယ်ဆိပ်ကမ်းတံတားနားသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာသည် သီးသန့် တံတားတစ်ခုဖြစ်သောကြောင့် အခြား ငါးဖမ်းသည့်လှေများ လုံးဝမရှိပေ။ သူဌေးများသည် ကိုယ်ရံတော်များ၏ စောင့်ကြပ်မှုများနှင့်အတူ အပျော်စီးသင်္ဘောကြီးကို စီးကြလေသည်။
ရွှီချဲနှင့် ဝူရှင်းဘန့်တို့သည် သင်္ဘော၏ထိပ်၌ သူတို့အား ကြိုဆိုနေခဲ့ကြသည်။ သူဌေးတစ်ဦးချင်းသည် လေးစားသမှုဖြင့် ဦးညွှတ်ကာ သူတို့၏မျက်နှာများပေါ်တွင် ယဉ်ကျေးသိမ်မွေ့သော အပြုံးများဖြင့် နှုတ်ဆက်ကြလေသည်။
သူဌေးများထဲမှ တစ်ဦးသည် ရွှီချဲ၏ ပုခုံးကို ပုတ်၍ “ရှောင်းရွှီ မင်းဒီည အလုပ်ကောင်းကောင်း လုပ်နေတာပဲ” ဟု ပြောလာခဲ့သည်။
ပင်လယ်အသံများဖြင့် ဝန်းရံနေသော ညတစ်ည၏ ပုံစံမှာ အတော်လေးပင် ည်ို့ယူဖမ်းစားနေလေသည်။
ရွှီချဲသည် မြှောက်ပင့်၍ အပြောခံလိုက်ရခြင်းကြောင့် သူ၏မျက်နှာမှာ ရှက်၍ အနေရခက်သွားတော့သည်။
“သူဌေးအတွက်ဆို ဝန်ဆောင်မှုတွေက အသင့်ပါပဲ၊ သူဌေး စိတ်ကျေနပ်လို့လည်း ပျော်မိပါတယ်”
သူဌေးရှစ်ဦးစလုံးသည် သင်္ဘောပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ရွှီချဲသည် သူ၏နာရီအား တစ်ချက်ကြည့်လိုက်သည်။
“ကျွန်တော်တို့ ရောက်တော့မှာလား”
ဝူရှင်းဘန့်သည့် ရှေ့ကို စိုက်ကြည့်၍ ပြောလာခဲ့သည်။
“မစ္စတာ လော့က ပြောတယ်၊ ဒီနေ့ နောက်ထပ်တစ်ယောက်ထပ်လာဦးမှာတဲ့၊ သူတို့နောက်ဆုံးမှ ဆုံးဖြတ်လိုက်တာလို့ပြောတာပဲ”
မြို့နှင့် တံတားသို့ လာရသောလမ်းမှာ မဲမှောင်နေပြီး မည်သည့် အရာမျှမမြင်ရပေ။
“နောက်တစ်ယောက်လား”
ရွှီချဲမှာ တွေဝေသွားခဲ့သည်။
“ဒီမှာ အကုန်လုံး ရောက်နေကြတာ မြင်ပါတယ်၊ သူတို့တင်ပဲမဟုတ်ဘူးလား”
မူလအစီအစဉ်မှာ သူဌေး ၈ ယောက်အတွက်သာ ဖြစ်လေသည်။
ရွှီချဲသည် ကိစ္စတိုင်းအတွက် မိန်းကလေး ကိုးဦးအား အမြဲပြင်ဆင်ထားခဲ့သည်။
မည်သည့်အရာများဖြစ်လာမည်ကို ခန့်မှန်းရန် ခက်ခဲခြင်းဖြစ်သည်။ ဥပမာအနေဖြင့် ဆိုရမည်ဆိုလျှင် မိန်းကလေးတစ်ယောက် ဓမ္မတာလာနေချိန်တွင် သူသည် သူဌေးများအား တစ်ယောက်တည်း မနေခိုင်းရက်ပေ။
“မင်း နားမလည်ပါဘူး” ဟုပြောကာ ဝူရှင်းဘန့်သည် ရွှီချဲ၏ ပုခုံးကို ပုတ်လိုက်လေသည်။
“တကယ်လို့ ဒီနေ့ အဲသူဌေးသာလာခဲ့ရင် ငါတို့ ကျန်းချန်းမြို့မှာ လုပ်မယ့် အလုပ်ကိစ္စတွေအကုန် ပိုပြီးလွယ်ကူလာတော့မှာ”
သူသည် အလွန်အရေးပါသည့် သူဌေးတစ်ယောက်ဖြစ်မည့်ပုံပေါ်နေလေသည်။
ရွှီချဲသည် မျှော်လင့်ချက်အပြည့်ဖြင့် ဝူရှင်းဘန့်၏ ဘေးတွင် ရပ်ကာ ထပ်၍ စောင့်နေခဲ့လေသည်။
သိပ်မကြာခင်မှာပင် အဝေးတစ်နေရာမှ ကားအင်ဂျင်သံ ထွက်ပေါ်လာခဲ့ပြီး Rolls-Royce Phantom ကားသည် သူတို့၏ မြင်ကွင်းထဲ၌ ပေါ်လာခဲ့သည်။
ရွှီချဲ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။
“သူရော လာတာလား”
ဝူရှင်းဘန့်သည် သရော်သလိုလိုဖြင့် ရယ်လိုက်သည်။
“အရင်တစ်ခေါက် သူ့ကုမ္ပဏီမှာတုန်းက သူ့ရဲ့လက်ထောက်လေ ငါ့ကို ရွံ့စရာကောင်းတဲ့ အကြည့်နဲ့ လာကြည့်နေတာ၊ အဲဒါကိုတောင် သူက လာရဲသေးတယ်၊ ယောကျာ်းတွေက အကုန်အတူတူပဲ”
မကျေနပ်ချက်များကို ဖော်ပြပြီးနောက် ဝူရှင်းဘန့်နှင့် ရွှီချဲတို့သည် ယဉ်ကျေးသည့် အပြုံများကို ဟန်ဆောင်ကာ ပုံဖော်လိုက်ပြီး သူ့အားနှုတ်ဆက်ရန် ရှေ့သို့ သွားလိုက်လေသည်။
ကာတံခါးကို ဖွင့်၍ ထင်ရှားပြတ်သားသည့် အနက်ရောင်ဝတ်စုံကို ဝတ်ထားသော ယောကျာ်းလေးတစ်ဦးသည် Rolls-Royce ကား၏ အနောက်ခုံမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
ဇိမ်ခံသင်္ဘောတွင် အခန်း ၉ ခန်းသာ ရှိလေသည်။
ထို သီးသန့်အပျော်စီးသင်္ဘောသည် အကောင်းဆုံဇိမ်ခံသင်္ဘောမျိုး မဟုတ်သော်လည်း အလယ်အလတ်အမျိုးအစားဖြစ်သောကြောင့် ချမ်းသာသည့် အသိုင်းအဝိုင်းက လူများအနေဖြင့် ခရီးသွားရာ၌ မိသားစုအနည်းငယ်နှင့် သူငယ်ချင်းများအား ခေါ်ဆောင်၍ သွားရန်မှာ အသင့်တော်ဆုံးပင် ဖြစ်သည်။
သင်္ဘော၏ အတွင်းထဲ၌ ဝန်ထမ်းများအတွက် အခန်းများရှိသော်လည်း ထိုအခန်းများသည် အလင်းရောင်သိပ်မရသည့်အပြင် ရှုခင်းများလည်း မလှသောကြောင့် ဂုဏ်သိက္ခာရှိသည့် ဧည့်သည်တော်များအတွက် ထိုအခန်းများအား မယူထားခဲ့ပေ။
ရှချန်းချန်းနှင့် စုန့်ယွီနင်တို့သည် လက်ထောက်နှစ်ဦးအား အခန်းထဲတွင်ရှိသော အဝတ်ဗီဒိုထဲသို့ ထည့်ထားလိုက်ပြီး အလျင်အမြန်ပင် သန့်ရှင်းရေးလုပ်ကာ အခြားအခန်းများထဲသို့ ဂရုတစ်ိုက်ဝင်၍ ရှာဖွေကြတော့သည်။
ကိုးထပ်မြောက်အခန်းတွင် ရှချန်းချန်းသည် ပြတင်းပေါက်ဘေးနားတွင်ရပ်ကာ လိုက်ကာများကို လှန်လိုက်ပြီး အပြင်ဘက်ရှိ ဆိပ်ကမ်းဘေးတစ်လျှောက်တွင် ကားများအတန်းလိုက် ရပ်ထားသည်ကို မြင်လိုက်ရ၍ သူမမှာ မျက်မှောင်ကြုတ်မိသွားလေသည်။
“သူဌေးတွေအကုန် ဒီမှာရောက်နေပြီ၊ ငါတို့ မြန်မြန်လုပ်ရမယ်”
စုန့်ယွီနင်မှာ အလွန်ပူပင်သောက ရောက်နေသည့်ပုံပေါ်နေခဲ့သည်။
သူမသည် ဆေးသုံးထားသည့်အတိုင်းပင် ချင်းမော့အား ခါရမ်း၍ တိုးတိုးလေးပြောကာ န်ှိုးနေလေသည်။
“ချင်းမော့ ! ချင်းမော့ရေ ထတော့ ချင်းမော့”
စုန့်ယွီနင်သည် အလွန်မောပန်းလာသည်အထိ လှုပ်နှိုးနေသော်လည်း ချင်းမော့သည် နိုးလာမည့် အရိပ်အယောင်တောင် မရှိပေ။
စုန့်ယွီနင်မှာ စဉ်းစားမရဖြစ်နေလေသည်။
“ဒါက အဲလောက်မဆိုးဘူးမဟုတ်လား၊ ဟိုဘက်အခန်းက မိန်းကလေးတွေတောင် နည်းနည်းလေးလှုပ်ရုံနဲ့ နိုးလာကြတာကို..”
“သူ့ကို နှိုးမရရင်လည်း ထားလိုက်တော့”
ရှချန်းချန်းသည် အချိန်သိပ်မရတော့သည်ကို သိနေလေသည်။
သူမသည် ရှေ့သို့တိုးလာခဲ့ပြီး ချင်းမော့၏ ခေါင်းအား သူမ ပေါင်ပေါ်သို့ တင်လိုက်လေသည်။
သူမသည် ချင်းမော့၏ မျက်ခွံများကို လက်နှစ်ဖက်လုံးဖြင့်လှန်ကာ စုန့်ယွီနင်၏ လက်ထဲမှ ဖုန်းအား ပြလိုက်လေသည်။
ချင်းမော့၏ အတော်လေးလှပသောမျက်နှာသည် ရှချန်းချန်း လုပ်လိုက်သည့်အခါ၌ သရဲတစ်ယောက်ဖြင့် တူသွားတော့သည်။
ရှချန်းချန်းသည် သူမ၏ မျက်လုံးများကို ဖွင့်ပေးလိုက်ခြင်းကြောင့် ဖုန်း၏ face idမှာ ပွင့်သွားလေသည်။
စုန့်ယွီနင်သည် ရှချန်းချန်းထံသို့ ဖုန်းကို အလျင်အမြန်ပေးကာ “ရသွားပြီ” ဟု ပြောလိုက်လေသည်။
ရှချန်းချန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဖုန်းကို ယူလိုက်ပြီးနောက် ချက်ချင်းပင် အခန်းထဲရှိ လျှို့ဝှက်နေရာတစ်ခုကို ရှာလိုက်တာ တင်ထားလိုက်လေသည်။
စုန့်ယွီနင်သည် ထိုအချိန်၌ အားနေသောကြောင့် ကြမ်းပြင်တွင် အလွန်မောပန်းစွာဖြင့် ထိုင်နေလေသည်။
သူမသည် သတိလစ်နေဆဲဖြစ်သော ချင်းမော့ကို ကြည့်၍ စကားအနည်းငယ်ပြောလာခဲ့သည်။
“ငါ သူ့ကို သဘောမကျပေမဲ့ သူက Starry Skyက အနုပညာရှင်တစ်ဦးပဲလေဖ Starry Skyက အယုတ်တမာကောင်တွေ သူ မလုပ်ချင်တာတွေကို အတင်းဖိအားပေးပြီး လုပ်ခိုင်းလောက်မှာ တွေးကြည့်မိဆိုရင် အတော်လေးကြောက်စရာကောင်းတာပဲ”
ရှချန်းချန်းသည် စုန့်ယွီနင်၏ နောက်ကျောဘက်တွင်နေ၍ ဖုန်းကို နေရာချနေလေသည်။
သူမသည် စုန့်ယွီနင်မှ ချင်းမော့အကြောင်းပြောသည်ကိုသိ၍ ဟာသတစ်ခု ပြောလာလေသည်။
“နင်က အရမ်း ဂရုမစိုက်တက်တာပဲ၊ သူက နင့်ရဲ့ ပွဲဦးထွက်နေရာကို ယူချင်နေတာလေ”
“ဒါဆိုရင်ပြောပါဦး၊ ဒီအနုပညာလောကမှာ နာမည်မကြီးချင်တဲ့သူ ဘယ်သူရှိလဲ”
စုန့်ယွီနင်သည် ပုခုံးတွန့်ကာ ဂရုမစိုက်သည့် ပုံစံဖြင့် ပြောလာခဲ့သည်။
“လူတိုင်းလူတိုင်းရဲ့ ရည်ရွယ်ချက်ကတော့ နာမည်ကြီးလာဖို့ပါပဲ၊ ဒါပေမဲ့ တစ်ချို့ကတော့ ဖြတ်လမ်းကို လိုက်ကြပြီး တစ်ချို့ကတော့ ကိုယ့်ကြိုးစားအားထုတ်မှုအပေါ်ပဲ မှီခိုကြတာလေ”
ရှချန်းချန်းသည် ခဏတာ ရပ်လိုက်ပြီးနောက် ထပ်ပြောလာခဲ့သည်။
“တကယ်လို့ နင်အောင်မြင်ဖို့ ငါ ဖြတ်လမ်းတစ်ခုလုပ်ပေးမယ်ဆိုရင် နင်သဘောတူမှာလား”
“သေချာပေါက် သဘောမတူ…”
စုန့်ယွီနင် စကားမဆုံးသေးခင်မှာပင် ရှချန်းချန်းသည် သူမ၏နောက်မှ ညည်းသံတစ်ခုအား ရုတ်တရက်ကြားလိုက်ရလေသည်။
သူမသည် တစ်ခုခုလွဲနေသည်ဟု ခံစားလိုက်ရပြီး သူမ၏ ဖုန်းကို ချက်ချင်းပင် အစိမ်းရောင်အပင်များနောက်သို့ ဖွက်ထားလိုက်လေသည်။
သူမသည် ချင်းမော့၏ ဖုန်းကို ဆွဲထုတ်၍ လက်ထဲတွင် ကိုင်ထားလိုက်လေသည်။
သူမလှည့်ကြည့်လိုက်သည့်အခါ၌ ချင်းမော့သည် သူမ၏အရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရလေသည်။
ချင်းမော့သည် ဘေးနားတွင်ရှိသော စားပွဲခုံပေါ်မှ အလှဆင်ပစ္စည်းတစ်ခုကို သူမ၏လက်ထဲတွင် ကိုင်ထားလေသည်။
သူမသည် ထိုပစ္စည်းနှင့် စုန့်ယွီနင်အား သတိမေ့အောင် လုပ်လိုက်သည့် ပုံ ပေါ်လေသည်။
ရှချန်းချန်းသည် စုန့်ယွီနင်အား စိုက်ကြည့်လိုက်သည့်အခါ၌ သူမသည် သတိလစ်ရုံမျှသာ ဖြစ်သည်ကို သိလိုက်ရလေသည်။
သူမသည် ဖြေးဖြေးချင်း အသက်ရှူ၍ လေမှုတ်ထုတ်လိုက်လေသည်။
သူမသည် ချင်းမော့အား ကြည့်၍ ပြောလာခဲ့သည်။
“နင် သတ်ိလစ်နေတာမဟုတ်ဘူးလား၊ ဒါဆိုရင် ဒီအခန်းထဲမှာ ဘာလို့နေနေတာလဲ”
ချင်းမော့သည် ပြန်မဖြေဘဲ မေးခွန်းသာမေးလာခဲ့သည်။
“နင်တို့ကရော အခု ဘာလုပ်နေကြတာလဲ”
ရှချန်းချန်း၏ လက်ထဲမှရှိသော ဖုန်းထဲမှ ရဲအရာရှိမိန်းကလေးတစ်ဦး၏ အသံမှာထွက်ပေါ်လာခဲ့သည်။
“ဟယ်လို ဟယ်လို ကျွန်မတို့က ကျန်းချန်းမြို့ ပြည်သူ့လုံခြုံရေး အစိုးရဌာနကပါ..”
ချင်မော့သည် ဖုန်းအား ဆွဲယူလိုက်၍ ဖုန်းချလိုက်လေသည်။
“ရဲကို ခေါ်ချင်နေသေးတာလား ဆုတောင်းနေလိုက်”
ရှချန်းချန်းသည် အလွန်ပင် သတိထားနေရလေသည်။
သူမသည် ချင်းမော့ကို လှမ်း ကြည့်ပြီးနောက် သူမ၏ မျက်နှာမှာ အနည်းငယ် မဲမှောင်သွားခဲ့သည်။
“နင်ဘာလို့ ဒီလိုလုပ်ရတာလဲ”
ချင်းမော့သည် လှောင်ပြောင်သည့် ပုံစံဖြင့် ရယ်လိုက်ကာ သူ၏ ဆံပင်ကို ကိုင်လိုက်လေသည်။
“ဘာလို့လဲဆိုတော့ ငါဆန္ဒရှိလို့ပေါ့”
ရှချန်းချန်းမှာ မှင်သက်သွားခဲ့သည်။
ချင်းမော့သည် ထေ့ငေါ့သည့် အပြုံးဖြင့် ပြုံးလိုက်ပြီး မထီမဲ့မြင်သည့် စကားများပြောလာခဲ့သည်။
“စုန့်ယွီနင်ပြောတာမှန်တယ်၊ နာမည်ကြီးဖို့အတွက် ကိုယ့်ဟာကိုယ်ပဲ ကြိုးစားမလား ဒါမှမဟုတ် ဖြတ်လမ်းကိုပဲ လိုက်မလား ၊ ဒီမှာ ဖြတ်လမ်းရှိနေမှာပေါ့ ဘာလို့ငါက အခွင့်အရေးကို မယူဘဲနေရမှာလဲ”
လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင် ရွေးချယ်မှုများ ရှိကြသည်။
တစ်ချို့သောရွေးချယ်မှုများသည် အနိမ့်အမြင့်အတက်အကျများဖြင့် ကြိုးစားကာ ကမ္ဘာတစ်ဝှမ်းလုံး၏ အသိအမှတ်ပြုခြင်းကို ခံရခြင်းဖြစ်ပြီး အခြားတစ်နည်းမှာ အခွင့်အရေးကို အသုံးချ၍ လက်မခံနိုင်သည့် ကိစ္စများပင် ဖြစ်သည်။
ချင်းမော့၏ အမြင်တွင် သူမအတွက် ရွေးချယ်မှုတစ်ခုမှာ မည်သည်က ပိုမြင့်မြတ်သည် ဒါမှမဟုတ် မည်သည်က ရှက်စရာကောင်းသည်ဟူသော အတွေးများ မရှိတော့ပေ။
သူမ၏အမြင်တွင် နာမည်ကြီးရန်အတွက် ခန္ဓာကိုယ်ပေး၍ အနစ်နာခံခြင်းသည် ကိုယ့်အားကိုယ် ကိုး၍ ကြိုးစားနဲ့အရာနှင့် အတူတူပင်ဖြစ်သည်ကို ထင်လေသည်။
ဤကမ္ဘာသည် တန်ဖိုးတူသည့် အရာများ လဲလှယ်ရသည့် ဂိမ်းတစ်ခုပင် ဖြစ်သည်။
သင့်တွင် တန်ဖိုးရှိသည့်အရာတစ်ခုရှိနေသရွေ့ ကိုယ်လိုချင်သည့် အရာတစ်ခုနှင့် လဲလှယ်နိုင်ပြီး ထိုအရာသည် မည်သည့်ဖြစ်သည်က်ို အသေးစိတ် စုံစမ်းရန် မလိုအပ်ပေ။
သူဌေးများအားလုံးသည် သင်္ဘောပေါ်သို့ ရောက်ရှိနေပြီဖြစ်၍ သင်္ဘောကြီးသည် ဆိပ်ကမ်းမှ ထွက်ခွာလာ၍ ပင်လယ်ပြင်ကြီးထံသို့ ဦးတည်သွားနေခဲ့သည်။
သင်္ဘောထွက်ခွာသွားပြီးနောက်တွင် ပြင်းထန်သည့် လိုင်းလုံးများမှာ ပေါ်လာခဲ့ပြီး ညအခါတွင် ဆိပ်ကပ်မှထွက်ခွာသွားသည့် သင်္ဘောအား နှုတ်ဆက်နေသလိုပင် ဖြစ်နေလေသည်။
ရှချန်းချန်းအား သင်္ဘော၏ အခန်းငယ်လေးထဲသို့ တွန်းထည့်လိုက်လေသည်။သူမသည် ခလုတ်တိုက်မိသွားခဲ့ပြီး ဆိုဖာထိုင်ခုံပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
သူမ ဖန်ပန်းအိုးနှင့် ရိုက်လိုက်၍ လဲကျသွားသော အမျိုးသားလက်ထောက်တစ်ဦးနှင့် ရွှီချဲသည် သူမ၏ အရှေ့၌ ရပ်နေလေသည်။
ထို အမျိုးသား လက်ထောက်သည် သူ၏ နဖူးမှ ဒဏ်ရာအား ပတ်တီးစည်းထားခဲ့ပြီး သူသည် အိပ်ပျော်နေသည့် စုန့်ယွီနင်အား မင်းသမီးလေးတစ်ယောက်လိုပင် ချီထားလေသည်။
“မစ္စတာရွှီ ဒီအမျိုးသမီးကို ဘယ်လိုလုပ်သင့်လဲ” ဟု သူသည် လေးစားသမှုဖြင့် မေးလာခဲ့သည်။
ရွှီချဲသည် ကောက်ကျစ်သည့် အပြုံးဖြင့် ပြုံးလိုက်ပြီး အိပ်ပျော်နေသော စုန့်ယွီနင်၏ ပါးကို ညှင်သာစွာ ပွတ်လိုက်လေသည်။
“အခန်း 5 က သူဌေးက အိပ်ချင်မူးတူးဖြစ်နေတဲ့ ကောင်မလေးတွေကို ကစားရတာကြိုက်တယ်မလား၊ သူ့ကို အဲအခန်းပို့ပေးလိုက်”
“ဒါဆိုရင် နောက်ဆုံး သူဌေးတစ်ယောက်အတွက်ကရော” ဟု အမျိုးသားလက်ထောက်မှ အသံတိုးတိုးလေးဖြင့် မေးလာခဲ့သည်။
“ခဏနေရင် အကောင်းဆုံးနဲ့ အမိုက်ဆုံး စားပွဲကြီး လာပို့မယ်လို့ပြောလိုက်၊ သူ မိနစ်အနည်းငယ်လောက် စောင့်ဖို့ ဆန္ဒရှိလောက်မှာပါ” ဟု ရွှီချဲသည် ရှချန်းချန်းအား စိုက်ကြည့်၍ တိုးတိုးလေး ပြောလာခဲ့သည်။
“ ဟုတ်ကဲ့”
ထိုအမျိုးသားလက်ထောက်သည် စုန့်ယွီနင်ကိုသယ်၍ အဝေးသို့ ထွက်သွားခဲ့သည်။
အခန်းထဲ၌ ရွှီချဲနှင့် ရှချန်းချန်းသာ ကျန်ရှိနေခဲ့သည်။
ရှချန်းချန်းသည် ရွှီချဲအား တစ်ခုခုကို ကြောက်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ရွှီချဲသည် သူမ၏ ပါးပြင်အား လှမ်းထိရန်ကြိုးစားသည့်အချ်ိန်တွင် ရှချန်းချန်းသည် ခေါင်းကို လှည့်လိုက်၍ ရွှီချဲ၏လက်ကို ရှောင်လိုက်လေသည်။
ရွှီချဲသည် အလေးမထားသည့်ပုံစံဖြင့် ပြုံးလိုက်လေသည်။
“အစတုန်းကတော့ ငါ မင်းကို ဒီကိစ္စထဲ ဆွဲထည့်ဖို့ အစီအစဉ်မရှိပါဘူး ဒါပေမဲ့ မင်း ဒီကိုရောက်နေမယ်လို့ မထင်ထားဘူး၊ မင်း ဒီနေရာမှာဘာလုပ်နေတာလဲ”
“ ကျွန်မ..”
ရှချန်းချန်းသည် ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွားခဲ့ပြီး သူမ၏ မျက်လုံးကို ကစားနေလေသည်။
“ကျွန်မ နာမည်ကြီးချင်တယ် ‘ Happy Weekend’ က အရေးပါတဲ့ ရင်းနှီးမြုပ်နှံမှုဆိုတာ သိပါတယ် အဲဒါကြောင့် ကျွန်မလည်း ပါဝင်ချင်တယ်” ဟု သူမသည် အံကြိတ်၍ ပြောလာခဲ့သည်။
ရွှီချဲသည် နှစ်စက္ကန့်လောက်ပင် မှင်သက်သွားခဲ့ပြီးနောက် ရှချန်းချန်းအား ခေါင်းမှ ခြေအဆုံးစိုက်ကြည့်လိုက်လေသည်။
ခဏကြာပြီးနောက် သူသည် လှောင်သလိုလိုဖြင့် ပြောလာခဲ့သည်။
“အဲတာကတော့ မှန်ပါတယ်၊ ဒီအနုပညာအသိုင်းအဝိုင်းမှာ ဘယ်သူက နာမည်မကြီးချင်ဘဲ နေမှာလဲ၊ ကံဆိုးချင်တော့ ဒီအခွင့်အရေးက နတ်ပြည်ကို တက်ရမည့်လှေကားမဟုတ်ဘူး၊ ငရဲပြည်ကို သွားရမယ့်နေရာပဲ”
ရွှီချဲသည် အခန်း၏ လိုက်ကာကို ဆွဲဖွင့်လိုက်သည့်အခါ၌ ပြတင်းပေါက်တစ်ခုလုံးမှာ ပေါ်လာခဲ့လေသည်။
အပြင်ဘက်တွင် အဆုံးမရှိသော လှိုင်းလုံးများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေပြီး သူမအား ဝါးမြိုတော့မည့်အတိုင်းပင် ခြိမ်းခြောက်နေလေသည်။
“အခု မင်းက ငါတို့ရဲ့ ကိစ္စတွေကို သိသွားပြီဆိုတော့ မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်၊ မင်း ငါတို့နဲ့အတူ ပူပေါင်းမလား ဒါမှမဟုတ်…”
ရွှီချဲသည် ကျယ်ပြန့်လှသည့် ပင်လယ်ကြီးအား စိုက်ကြည့်နေလေသည်။
ရှချန်းချန်းသည် တသိမ့်သိမ့်တုန်နေအောင် ကြောက်နေခဲ့သည်။
“ဒီသင်္ဘောက ပင်လယ်ရဲ့ အနက်ဆုံးအပိုင်းကို မရောက်သေးဘူး မဟုတ်လား”
“မနက်ဖြန်မှရောက်မှာလေ” ဟု ရွှီချဲမှ အလေးမထားသည့် ပုံစံဖြင့် ပြောလာခဲ့သည်။
“အဲနေရာကို မရောက်တာက ကိစ္စမရှိပါဘူး၊ ဒီလောက်ကျယ်တဲ့ ပင်လယ်ကြီးထဲကို လူတစ်ယောက် နှစ်ယောက်ကျသွားရင် ငါးမန်းတွေက ချက်ချင်း လာစားသွားမှာပဲလေ၊ ဘယ်သူမှရှာတွေ့မှာတောင် မဟုတ်ဘူး”
ရွှီချဲသည် ရှချန်းချန်းအား ကောက်ကျစ်သည့်အပြုံးဖြင့် ပြုံးပြကာ ကြည့်လိုက်လေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီသင်္ဘောပေါ်မှာရှိတာကို ဘယ်သူမှမသိဘူး မဟုတ်လား”
ထို သင်္ဘောအခန်းငယ်လေးသည် အသံလုံသော်လည်း ရွှီချဲသည် ပြတင်းပေါက်ကို ဖွင့်လိုက်သည့်အခါတွင် ပင်လယ်လေများသည် အလွန်အမင်းပြင်းထန်စွာ တိုက်ခတ်နေလေသည်။
ကြီးမားသော ပင်လယ်လှိုင်းလုံးကြီးများသည် ဇိမ်ခံသင်္ဘောကြီးကို လာရိုက်ခတ်နေပြီး လူတစ်ယောက်က်ိုမျိုချချင်နေသည့် သွေးသံရဲရဲပါးစပ်ကြီးနှင့်တူလှသည်။
ရှချန်းချန်းသည် ကြောက်လန့်တကြားဖြင့် တံတွေးမြိုချလိုက်လေသည်။
“ကျွန်မရှင်တို့နဲ့ပူးပေါင်းမယ်” ဟု သူမသည် ကြောက်စိတ်ဖြင့်ပြောလာခဲ့သည်။
“ကျွန်မကို မသတ်ပါနဲ့၊ ကျွန်မ ပူးပေါင်းမှာပါ”
ရွှီချဲမှာ သူ၏ မျက်ခုံးကို ပင့်လိုက်လေသည်။
“မင်း ဒီလောက်မြန်မြန်နဲ့ အရှုံးပေးလိုက်တာလား၊ ချန်းချန်း ငါက မင်းပြန်ပြီး ရန်လုပ်ဦးမယ်ထင်နေတာ”
“ကျွန်မက အရူးမှမဟုတ်တာ၊ ဒီကမ္ဘာမှာ အသက်ရှင်တာထက် ပိုပြီး အရေးကြီးတဲ့အရာက ဘာရှိလို့လဲ” ဟု ရှချန်းချန်းမှ လေးလေးနက်နက်ဖြင့် ပြောလာခဲ့သည်။
“ရှင်တို့က မိန်းကလေးတွေကို လိုချင်နေတာမလား၊ အခု အနုပညာလောကတစ်ခုလုံးကို ကြည့်ကြည့်လိုက်လေ၊ ကျွန်မထက်ပိုငယ်ပြီး ပိုလှတဲ့သူတွေ ဘယ်သူရှိလဲ၊ “ Galaxy Girls” ပရိုဂရမ် အဖွဲ့သားတွေကိုကြည့်လိုက်လေ၊ မိန်းကလေး အယောက် ၉၀တောင် ကျန်သေးတယ်”
“ အို”
ရွှီချဲသည် စိတ်ဝင်စားလာခဲ့ပြီး ရှချန်းချန်းအနားသို့ တိုးလာခဲ့ကာ သူမ၏ မေးစေ့အား မညှာမတာဖြင့် ညှစ်ကာ မေးလာခဲ့သည်။
“ဘာကိုဆိုလိုတာလဲ”
“ ကျွန်မက “Galaxy Girls”ရဲ့ ရင်းနှီးမြုပ်နှံသူပဲ ပြီးတော့ အဲမိန်းကလေးတွေအကုန် ကျွန်မနဲ့စာချုပ် ချုပ်ထားတာပဲလေ၊ သူတို့က လွန်ခဲ့တဲ့ သုံးလကတည်းက ကျွန်မရဲ့ မျက်နှာသာပေးမှုကို မရခဲ့ဘူးလား၊ ဒီသူဌေးတွေကလည်း ဒီမိန်းကလေးနည်းနည်းလေးနဲ့ပဲ အချိန်တိုင်းအိပ်နေရတော့ ငြီးငွေ့နေကြပြီမဟုတ်လား၊ တကယ်လို့ ကျွန်မပူးပေါင်းလိုက်ရင် ရှင်တို့ ရွေးချယ်စရာ မိန်းကလေး ၉၉ယောက်ရှိလိမ့်မယ်”
“ရွှီကော၊ ကျွန်မနဲ့အတူတူလုပ်လုပ်တာကမှ အကျိူးအမြတ်အကြီးကြီးရမှာနော်”
ရှချန်းချန်းသည် ဖားလိုက်ပြီး ရွှီချဲကို နူးနူးညံ့ညံ့ဖြင့် မှီလိုက်တာ သူမ၏ လက်ကလေးများဖြင့် ရွှီချဲ၏ ရင်ဘတ်ကို ညင်ညင်သာသာ ကစားနေခဲ့သည်။
“ကျွန်မနဲ့ဆိုရင်တော့ အယောက်တစ်ရာပေါ့”
ရွှီချဲ၏ လည်စေ့မှာ လှုပ်ရှားသွားခဲ့သည်။
ရှချန်းချန်း၏ ရင်သပ်ရှုမောဖွယ်ကောင်း၍ လှပသော မျက်နှာမှာ အလွန်ညို့ဓာတ်ပြင်းသည်ဟူပင် ဆိုနိုင်သည်။
ထိုသို့ ရင်သပ်ရှုမောလှသော အလှတရားသည် သူ့အား အရှုံးပေးလုနီးပါးပင် ဖြစ်သွားစေသည်။
ရှချန်းချန်းအား အခြားသူဌေးထံသို့ ပေးရမည်ဟူသော အတွေးသည် သူ့အားရုတ်တရက် နောင်တရသွားစေခဲ့သည်။
သူသည် လျှာကိုသပ်လိုက်ပြီး ရှချန်းချန်းအား တဏှာမျက်လုံးဖြင့် ကြည့်လိုက်လေသည်။
နောက်တစ်စက္ကန့်မှာပင် ရွှီချဲ့၏ အကြည့်များမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူသည် ရှချန်းချန်း၏ လည်ပင်းမှ ဆွဲကြိုးအား ဆောင့်ဆွဲလိုက်ပြီး အလျင်အမြန်ပင် သူမကို နံရံနားဆွဲကပ်လိုက်သည်။
ရှချန်းချန်းသည် နံရံနဲ့တိုက်မိကာ ညည်းသံ ထွက်လာခဲ့သည်။
သို့သော်လည်း ရွှီချဲသည် ဆွဲကြိုးကိုကိုင်ထားကာ သူမအား စူးစူးဝါးဝါးဖြင့် ကြည့်လိုက်လေသည်။
“ရှချန်းချန်းရေ မင်းငါ့ကို အရူးများထင်နေလား၊ ခုနက ငါပြောထားတာတွေကို အသံသွင်းထားတာမဟုတ်လား”
ထိုသို့ပြောပြီးနောက် ရွှီချဲက ရှချန်းချန်းမျက်နှာကို လက်ပြန်အနေအထားဖြင့် ပါးရိုက်လိုက်သည်။
ရှချန်းချန်းသည် ယိုင်လဲကာ ဆိုဖာပေါ်သို့ ထပ်၍ ပြုတ်ကျသွားခဲ့ပြီး သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများစို့လာခဲ့သည်။
သူမသည် ရွှီချဲအား ကြောက်အားလန့်အားဖြင့် လှည့်ကြည့်လိုက်သည်။
“ရွှီချဲ ရှင်ဘာလုပ်မလို့လဲ ကျွန်မ ကျွန်မရှင့်ကိုပြောလိုက်မယ်၊ ဒါက ဥပဒေ တွေ စည်းကမ်းတွေရှိတဲ့ လူ့အသိုင်းအဝိုင်းပဲ”
“ ဟားဟားဟားဟား”
ရွှီချဲသည် အလွန်အားရကျေနပ်စွာဖြင့် ရီလိုက်သည်။
“ မင်းက ဘာအစွမ်းအစမှ မရှိဘဲ အသံကောင်းဟစ်နေတဲ့သူပဲ၊ ငါအခုလို ဖော်ထုတ်လိုက်တော့ မင်း အရမ်း ကြောက်သွားတာမလား၊ ဟားဟား ချန်းချန်း ငါမင်းရဲ့ သတ္တိကောင်းသလိုလိုနဲ့ ရှက်ပြီးကြောက်ရွံ့နေတဲ့ပုံကို အရမ်းသဘောကျတာပဲ အရမ်းဆွဲဆောင်မှုရှိတယ်၊ မင်းက အခု အဲလိုပုံစံဖြစ်နေပြီ တောက်စ် ဒါပေမဲ့ မလုံလောက်သေးဘူး”
“စိတ်မပူပါနဲ့ ငါ မင်းကို လုံးဝမသတ်ဘူး၊ မင်းလို အရမ်းတော်တဲ့ အမျိုးသမီးကောင်းလေးတစ်ယောက်ကို သတ်ပစ်လိုက်ရင် အရမ်းနှမြောဖို့ ကောင်းနေမှာပေါ့၊ ငါမင်းရဲ့ ပုံအချို့ကိုပဲ ရိုက်ချင်တာပါ တကယ်လို့ မင်း ကောင်းကောင်းမွန်မွန်နေမယ်ဆိုရင် ဒီပုံတွေကို ဘယ်သူ့ကိုမှ ပြမှာမဟုတ်ဘူး၊ မဟုတ်လို့ကတော့ အဲပုံတွေကို အကုန်လုံးမြင်အောင် ဖြန့်လိုက်မယ်၊ မင်းရဲ့ ကြည့်ရှုသူပရိတ်သတ်တွေအကုန်လုံး မင်းရဲ့ အဝတ်အစားမပါတဲ့ ခန္ဓာကိုယ်ပုံတွေကို မြင်စေရမယ်လို့ အာမခံတယ်
“မင်း အဲအရာကို စဉ်းစားကြည့်လိုက်ပါ၊ အဲအချ်ိန်ကျရင် ပရိတ်သတ်တွေက မင်းကို ဘယ်လိုထင်ကြတော့မလဲ၊ သူတို့က မင်းကို ယောကျာ်းတစ်ယောက်နဲ့ ပျော်ပါးပြီး အရှက်မရှိတဲ့ မိန်းမပျက်တစ်ယောက်လို့ ထင်ကြတော့မှာပဲလေ”
ရှချန်းချန်းသည် အလွန်ပင် ကြောက်လန့်သွားကာ ဆိုဖာပေါ်၌ ကွေးကွေးလေးထိုင်နေပြီး ပဲစေ့လောက်ရှိသော မျက်ရည်များမှာ သူမ၏ ပါးပြင်ပေါ်သို့ ကျဆင်းလာခဲ့ပြီး ထိုအရာမှာ ကြည်လင်ရှင်းတောက်၍ အဖိုးတန်သော ပင်လယ်နက်ထဲမှ ပုလဲများဖြင့် တူလှသည်။
သူမ၏ သနားစရာကောင်းသော အသွင်အပြင်သည် ရေထဲမှ ထွက်လာသော ရေသူမလေး၏ အားငယ်နေ၍ သနားစရာကောင်းသော ပုံစံလိုပင် ဖြစ်နေခဲ့သည်။
ရွှီချဲသည် ထိုအရာအား မြင်ရသည့်အခါ၌ သူ၏ စိတ်ထဲတွင် မနေနိုင်မထိုင်နိုင် ဖြစ်နေခဲ့သည်။
ရှချန်းချန်းသည် မဝံ့မရဲဖြင့် သူမ၏ခေါင်းအား မော့လာခဲ့သည်။
“ဒါဆိုရင် ရှင်က Starry Skyက အနုပညာရှင်တွေကို ဒီလိုနည်းလမ်းတွေနဲ့ထိန်းချုပ်ပြီး သူတို့မလုပ်ချင်တဲ့အရာတွေကို ဖိအားပေးပြီး လုပ်ခိုင်းတာလား”
“ဟုတ်တယ်လေ၊ သူတို့က မင်းလိုပဲ အရမ်းထိန်းချုပ်ရလွယ်တယ်၊ မိန်းမတွေအကုန်လုံးက သူတို့ကိုယ်ပိုင် ကန့်သတ်ချက်တွေရှိကြတာပဲ၊ ပုံတစ်ဒါဇင်လောက်နဲ့ သူတို့ကို ထိန်းချုပ်လို့ရတယ်”
ရွှီချဲသည် လူတစ်ယောက်အား အများအပြားရှင်းပြန်ရန် စိတ်မရှည်တက်သော်လည်း ရှချန်းချန်း၏ သနားစရာကောင်း၍ ဆွဲဆောင်မှုရှိသော ပုံစံက်ို မြင်နေရသည့်အခါ၌ သူ့ စိတ်ထဲတွင် အလွန်အမင်းကျေနပ်သွားသောကြောင့် စကားအနည်းငယ် ပိုမပြောဘဲ မနေနိုင်တော့ပေ။
“အချိန်က အရမ်းနီးနေပြီ ငါတို့တွေ စောင့်နေဖို့ အချိန်မရှိတော့ဘူး၊ သူဌေးက စိတ်မရှည်ဘဲနေလိမ့်မယ်”
ရွှီချဲသည် သူ၏ပါးစပ်ကိုသပ်လိုက်ပြီး ရှချန်းချန်းအား တဏှာအကြည့်များဖြင့် ကြည့်ကာ သူမအနားသို့ တိုးလာခဲ့လေသည်။
“မင်း ကော်ဇော်နီပေါ်မှာ လမ်းလျှောက်နေကတည်းက ငါမင်းရဲ့ဒီဇိုင်နာတွေချုပ်ပေးတဲ့ ဝတ်စုံတွေအောက်က ခန္ဓာကိုယ်ကို အမြဲမြင်ချင်နေခဲ့တာ၊ ဒီနေ့မှာ နောက်ဆုံးတော့ ငါ့ရဲ့ဆန္ဒတွေပြည့်ဝသွားပြီ”
ရှချန်းချန်းသည် အလွန်ပင် ကြောက်လန့်တုန်လှုပ်နေခဲ့ပြီး လဲကျလုနီးနီးပင် ဖြစ်နေလေသည်။
“ရှင်ဘာလုပ်မလို့လဲ ကျွန်မနားမလာနဲ့ အားး ထွက်သွား ထွက်သွား”
ရွှီချဲသည် ရှချန်းချန်းအပေါ်သို့ ခုန်အုပ်တော့မည့်အချိန်တွင် ရုတ်တရက် “ဘန်း” ဟူသော အသံနှင့်အတူ အမျိုးသားလက်ထောက်တစ်ယောက်သည် အခန်းထဲသို့ ဝင်လာခဲ့သည်။
ရွှီချဲသည် သူ့ အချိန်ကောင်းကို နှောက်ယှက်ခံလိုက်ရခြင်းကြောင့် အလွန်ပင် စိတ်ဆိုးသွားခဲ့ပြီး စိတ်တိုတိုဖြင့် မေးလိုက်လေသည်။
“ဘာတွေ အဲလောက်လောနေတာလဲ၊ ငါအလုပ်ရှုပ်နေတာ မမြင်ဘူးလား”
“ မစ္စတာရွှီ တစ်ခုခုတော့လွဲနေပြီ၊ ကျေးဇူးပြုပြီး onlineကို လာစစ်ဆေးပေးပါဦး” ဟု အမျိုးသားလက်ထောက်မှ ကြောက်လန့်တကြားဖြင့် ပြောလာခဲ့သည်။
Onlineပေါ်၌ လိမ်ညာသူများဖော်ထုတ်သူသည် ဇိမ်ခံ သင်္ဘောပေါ်တွင်ရှိသော သူဌေးကြီး ၈ ဦး၏ အခန်းများကို တစ်ချ်ိန်တည်းမှာပင် ချိတ်ဆက်၍ တိုက်ရိုက်ထုတ်လွှင့်ထားလေသည်။
စနစ်၏ ဒီဇိုင်းအရ တိုက်ရိုက်ထုတ်လွှင့်မှု ရှစ်ခုသည် screen တစ်ခုထဲပေါ်၌ ပေါင်းစည်းသွားခဲ့ပြီး လိမ်ညာသူများဖော်ထုတ်သူ weibo acc ၏ အဓိက စာမျက်နှာပေါ်တွင် ပြသထားခဲ့သည်။
အခန်းထဲ၌ မိန်းကလေးများ၏ မျက်နှာကို ဝါးထားသော်လည်း ထို လူကြီး ရှစ်ဦး၏ ပုံပန်းသွင်ပြင်များမှာ မြင်မကောင်းလောက်အောင်ထိ ပေါ်နေခဲ့သည်။
သူတို့ အခန်းထဲသို့ ဝင်လာသောအချိန်တွင် ဝတ်စုံပြည့်နှင့် နက်ကတိုင် သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကြသော်လည်း တံခါးပိတ်လိုက်သည့် အချိန်၌ သူတ်ို့၏ လူမဆန်သော ပုံစံများမှာ ထွက်ပေါ်လာပြီး တဏှာမျက်လုံးများဖြင့် မိန်းကလေးများအပေါ်သို့ ခုန်အုပ်လိုက်ကြသည်။
သူတို့သည် ကိစ္စကိုစတင်ရန်လုပ်မည့်အချိန်၌ အခန်းထဲတွင် ဖွက်ထားသော ဖုန်းများထံမှ စနစ်ရွေးချယ်ထားသည့် “ Stinky Man” သီချင်းမှာ ရုတ်တရက် ပွင့်လာခဲ့သည်။
“ငါက တာဝန်မယူတက်တဲ့ လူတစ်ဦးဆိုတာ မင်းသိပါတယ် ၊ ငါ့ရဲ့အိတ်ထဲမှာ ကြက်အူချောင်းလေးပဲရှိတယ် — ကြက်ဥချောင်းလေးပဲရှိတယ် ၊ ငါ မင်းကို မလိမ်ချင်ပေမဲ့ ငါက အသည်းနှလုံးမရှိ ပျင်းစရာကောင်းပြီး အပုပ်နံ့ထွက်နေတဲ့ လူပဲ! ငါ့ရဲ့စိတ်ကို ကြက်ဥချောင်းတစ်ခုတည်းပဲ နားလည်တယ်”
သူဌေးများ: ???
သူဌေးများ၏ ကြည်လင်နေသော စိတ်များမှာ ပျောက်ကွယ်သွားလေသည်။ သူတို့သည် တွေဝေသွားကာ ဘေးနားတစ်ဝိုက်ကို အကူညီမဲ့စွာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။
“ဘယ်သူလဲ၊ ဒါကို ဘယ်သူလုပ်တာလဲ”
သူတို့သည် သီချင်းသံများ ဆူညံနေသည့်နေရာအား ရှာဖွေခဲ့ကြပြီး နောက်ဆုံး၌ ဆူညံသံများထွက်နေသည့် ဖုန်းများကို ရှာတွေ့ခဲ့ကြသည်။ တစ်ချို့ဖုန်းများသည် TV အနောက်တွင်ဖွက်ထားခြင်း တစ်ချိူ့မှာ သစ်ပင်များအနောက်တွင် ဖွက်ထားခြင်းနှင့် တစ်ချို့မှာ အလှဆင်ပစ္စည်းအမျိုးမျိုး၏ အနောက်တွင် ဖွက်ထားကာ ဖုန်းများအားလုံးမှာ တိုက်ရိုက်ထုတ်လွှင့်နေကြလေသည်။
သူဌေးများ အားလုံး၏ နားထဲ၌ “ ဘုန်း” ဟု ပေါက်ကွဲသွားသလိုပင် ခံစားလိုက်ရပြီး သူတို့ အတွေးများမှာ အမှောင်ကျသွားတော့သည်။
ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်ရှိသော ကြည့်ရှုသူများမှာ ရူးသွပ်နေကြပြီဖြစ်သည်။
[ အားး ငါ ဘာတွေမြင်နေတာပါလိမ့်၊ ဒီလိုတွေသာ အများကြီး ကြည့်မိနေရင် မျက်စိ စွန်တော့မှာပဲ ]
[ ငါပြောပြမယ်၊ ကျီကျီရဲ့ ထုတ်ဖော်ချက်တွေက ပိုပိုပြီး ပေါက်ကွဲထွက်တော့မဲ့အတိုင်းပဲ ]
[ တကယ်တော့ ဒီနေ့ သတင်းအကြီးကြီး ရလိုက်တာပဲ၊ ဒါက အဓ္ဓမကျင့်တဲ့အမှု ဟုတ်တယ်မလား ]
[ဒီလူကြီးတွေကို အရမ်း ရင်းနှီးနေတယ် ]
[ ဟေး အပေါ်ကလူတွေ လူမှုရေးသတင်းတွေ မဖတ်ကြဘူးလား၊ ဒီလူတွေက လူမှုရေးသတင်းတွေမှာပါတဲ့ ကျန်းချန်က သူတွေလေ ]
[ဟမ် ငါတို့က အနုပညာလောကတဲ့ သတင်းတွေကို ကြားနေရတာလား၊ ဒီသတင်းက ရွံစရာကောင်းလိုက်တာ၊ ကျီကျီက လူမှုရေးကွန်ရက်ဘက်က သတင်းတွေထိပါ ချဲ့နေပြီပဲ ]
[ဒီသတင်းက တစ်ခဏလောက် ကျန်းချန်မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေမယ်ထင်တယ် ]
[ ကျန်းချန်မြို့တင်မကဘူး တရုတ်နိုင်ငံတစ်ခုလုံးကိုပါ တုန်လှုပ်သွားစေမှာ]
[ အထက်က အရာရှိတွေရေ မြန်မြန်လူလွှတ်ပေးကြပါဦး၊ ဒီ ယုန်ဆိုးတွေကို သတ်ပစ်လိုက်၊ ငါတို့ရဲ့ ယုန်ဖြူလေးအဖွဲ့ထဲမှာ ဘာလို့ ဒီလိုမကောင်းတဲ့ ယုန်ဆိုးတွေရှိနေတာလဲ]
[ ကျီကျီရဲ့ သတင်းတွေက ငါ့ကို အမြဲ စိတ်လှုပ်ရှားစေတယ်၊
@ပေ့ချိန်ပြည်သူ့လုံခြုံရေး အစိုးရဌာန
@ကျန်းချန်ပြည်သူ့လုံခြုံရေး အစိုးရဌာန
@တရုတ်အကျင့်ပျက်စားမှုတိုက်ဖျက်ရေးအစိုးရဌာန တို့ရေ အိပ်မနေနဲ့ ထပြီးအလုပ်လုပ်ကြတော့]
...
လိမ်ညာသူများဖော်ထုတ်သူ၏ ထုတ်ဖော်ချက်များမှာ ရိုးရှင်းလှသည်။
တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယို ရှစ်ခု ၊ အကူအညီမဲ့ကာ တွေဝေနေခဲ့ကြသော မိန်းကလေးရှစ်ယောက်နှင့် တဏှာစိတ်များဖြင့် ပြည့်နေသည့် အမျိုးသား ရှစ်ဦး တို့သည် ကြည့်ရှုသူပရိတ်သတ်များ နားလည်ရန်အတွက် လုံလောက်ပြီ ဖြစ်၏။
ရှင်းခုံ၏ လူထုဆက်ဆံရေးအဖွဲ့သည် Weibo၌ ထို postကို မြင်လိုက်သည့်အခါ၌ ချက်ချင်းပင် ကြားဝင်ရန် ကြိုးစားလိုက်သည်။
သို့သော် လိမ်ညာသူများဖော်ထုတ်သူ၏ followerက 50မီလီယမ်ရှိသည့်အပြင် ဟုန်ပေါ့ချောင် လျှို့ဝှက်လုပ်ဆောင်နေကြဖြစ်သော တျန်းရှန့်လူထုဆက်ဆံရေးဖြင့် ပေါင်းလိုက်သည့် အချိန်မှာ ထိုpostက ချက်ချင်းပင် ရေပန်းစားသွားပြီး Weibo ကြည့်နေကြသည့် လူတိုင်း၏ ဖုန်းမျက်နှာပေါ်သို့ ရောက်သွားကြသည်။
ကြည့်ရှုသူများသည် ထိုသူဌေးခုနှစ်ယောက်၏ နောက်ကြောင်းများကို ပြန်တူးဆွလိုက်ပြီး သူတို့ သပ်သပ်ရပ်ရပ်ဝတ်ထားသော ပုံများနှင့် သူတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပေါ်လာသော ရွံစရာအသွင်အပြင်များအား ယှဉ်တွဲပြီး တင်လိုက်သည့်အချ်ိန်၌ ချက်ချင်းပင် ရေပန်းစားသော ခေါင်းစဉ်တစ်ခုဖြစ်သွားခဲ့သည်။
မည်သည့်အရာမျှ တုံ့ပြန်ချိန်မရှိလိုက်ဘဲ ထိုသတင်းများမှာ အလျင်အမြန်ဖြင့် အင်တာနက်ပေါ်တွင် ထုတ်ဖော်ခံလိုက်ရသည်။
တိုက်ရိုက်ထုတ်လွှင့်မှုများထဲတွင် သူဌေးများက ဒေါသတကြီးဖြင့် ဖုန်းများကို ကြမ်းပြင်ပေါ်တွင် ပြစ်ပေါက်၍ ဖျက်ဆီးပြစ်ကြသည်။
သူတို့သည် မကျေနပ်နိုင်သေး၍ သူတို့၏ ရွံစရာကောင်းသော အရာများအား ဖျောက်ဖျက်လိုက်သည့် ပုံစံဖြင့် ဖုန်းကို ဖိနပ်ဖြင့် နှစ်ချက်လောက် တက်နင်းလိုက်ကြသေးသည်။
သို့သော် သူတို့၏ ဖုန်းများကို ပြစ်ပေါက်သည့် အမူအရာများသည် တိုက်ရိုက်ထုတ်လွှင့်မှုထဲ၌ ပေါ်နေဆဲ ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ရှစ်ခုထဲမှ ကင်မရာများမှာ ရိုက်ခွဲခံလိုက်ရပြီး တစ်ခုပြီးတစ်ခုပြီး မဲမှောင်သွားလေတော့သည်။
သို့သော် တစ်ချို့သော ပုံရိပ်များသည် ကြည့်ရှုသူတိုင်း၏ စိတ်ထဲ၌ စွဲကျန်ရစ်နေခဲ့သည်။
ရွှီချဲသည် အမျိုးသားလက်ထောက်ပြသည့် ဗီဒီယိုအား ကြည့်နေခဲ့သည်။
ကင်မရာများသည် တစ်ခုပြီးတစ်ခု ပျက်စီးသွားသည့်အချိန်တွင် ရွှီချဲ၏ နှလုံးသားမှာလည်း နည်းနည်းချင်းစီ တဆစ်ဆစ်ဖြင့် ကိုက်ခဲလာတော့သည်။
ထိုအရာသည် မှတ်တမ်းတင်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုဖြစ်နေသည်။
အရာအားလုံးမှာ ဖြစ်ပျက်သွားပြီဖြစ်၍ ထိုအရာမှာ ပြန်၍ ပြင်လို့မရသောအရာဖြစ်သည်။
ရွှီချဲသည် ဟန်ချက်ပျက်လုနီးပါးဖြစ်သွားကာ ယိုင်သွားလေသည်။
အမျိုးသားလက်ထောက်သည် သူ့အား ချက်ချင်းပင် ကူတွဲပေးလိုက်သည်။
မနီးမဝေးနေရာမှ အချက်ပေးဥဩသံများ ထွက်ပေါ်လာလေသည်။
ထိုအခန်း၏ ပြတင်းပေါက်မှာ ပွင့်နေသောကြောင့် အသံမှာ ရှင်းရှင်းလင်းလင်း ကြားနေရလေသည်။
ရွှီချဲသည် အထိတ်တလန့်ဖြင့် ပြတင်းပေါက်နား ပြေးကြည့်သည့်အခါ၌ များပြားလှသော ရွက်လှေများမှာ အရှိန်ဖြင့် မောင်းနှင်လာသည်ကို မြင်လိုက်ရသည်။
အနီရောင်နှင့် အပြာရောင် ရဲအချက်ပြမီးများသည် ပင်လယ်၏ အဝေးတစ်နေရာမှ ပေါ်လာခဲ့ပြီး ညအမှောင်ကို လင်းလာစေခဲ့သည်။
ရွှီချဲနှင့် ခြေထောက်နှင့်လက်များမှာ တဆတ်ဆတ်တုန်၍ အားနည်းလာခဲ့သည်။
Starry Skyမှ အနုပညာရှင်များသည် သူ၏ထိန်းချုပ်မှုအောက်တွင် အချိန်အတော်ကြာရှိနေခြင်းဖြစ်ပြီး သူသည် စုန့်ယွီနင်နှင့် ဖန်းရော့ရော့တို့၏ ဖုန်းများအား အမြဲစောင့်ကြည့်နေခြင်းဖြစ်သည်။
သူတို့ ရဲတွေကို ဘယ်လိုခေါ်လိုက်ကြတာလဲ။
တကယ်လို့ သူတို့ဖုန်းဆက်ခဲ့တယ်ဆိုရင်တောင် ရဲတွေက ဒီလောက် မြန်မြန်နဲ့ ရောက်မလာသင့်ဘူးလေ။
သူတို့ဆီမှာ သက်သေတွေ ဖမ်းဝရမ်းတွေထုတ်ထားတာမှမရှိတာ။
ရွှီချဲသည် ရှချန်းချန်းဘက်သို့ ရုတ်တရက်လှည့်၍ ကြည့်လိုက်သည်။
“အဲဒါ မင်းလုပ်တာမလား၊ ဘယ်အချိန်က ရဲတွေခေါ်လိုက်တာလဲ”
ရှချန်းချန်းသည် သူမ၏ခေါင်းကို စောင်း၍ ရိုးသာစွာဖြင့် ပြောလာခဲ့သည်။
“ကျွန်မ ရှင့်ရဲ့ သင်္ဘောပေါ်တက်ကတည်းက ရှင် သတိထားမိသင့်တယ်မဟုတ်လား၊ ရွှီလောင်ရှီး ရှင့်ရဲ့ သတိကြီးမှုကြီးက အရမ်းကြောက်စရာကောင်းလွန်တယ်၊ ရှင် ဆက်ပြီး အလုပ်လုပ်ချင်သေးတာလား၊ ကျွန်မ မပါရင်တောင်မှ ရှင့်ကို အနှေးနဲ့အမြန်ဖမ်းမိမှာပဲ”
ရွှီချဲသည် အလွန်စိတ်တိုသွားခဲ့ပြီး သူ၏မျက်လုံးများထဲတွင် စူးရှ၍ လူသတ်ချင်စိတ်များဖြင့် ပြည့်နေလေသည်။
“မင်း ရဲတွေကို ဖုန်းခေါ်လိုက်တယ်ဆိုလည်း ဘာဖြစ်လဲ၊ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူဌေးတွေကိုပဲ ဖော်ထုတ်ထားတာ ပြီးတော့ ငါက မင်းရဲ့ အသံဖမ်းစက်ကို ဖျက်ဆီးလိုက်ပြီလေ၊ ငါက မင်းနဲ့စုန့်ယွီနင်ကို ရေထဲတွန်းချလိုက်ရင် ကိစ္စပြတ်သွားပြီလေ၊ ဘယ်သူမှလည်း ငါလုပ်တယ်ဆိုတာကို သိမှာမဟုတ်ဘူး”
ရွှီချဲပြောသည်မှာ မှန်လေသည်။
သူသည် ထိုမသင်္ကာမှုမှ လွတ်မြောက်နိုင်သည့်အပြင် ကိုယ်လွတ်ရုန်း၍ နစ်နာသူအဖြစ်ပါ ပြန်၍ ဟန်ဆောင်နိုင်လေသည်။
သူသည် မိန်းကလေးများအား လေဆိပ်ကိုခေါ်သွားပြီးနောက် မိန်းကလေးများနှင့်အတူ ပြန်ပေးဆွဲခံခဲ့ရသည်။
သူ ထိုမိန်းကလေးများအား ကယ်တင်ရန်ပြန်တိုက်ခိုက်ခဲ့သော်လည်း ပြန်ပေးဆွဲသမားများသည် သူ့အား သတိမေ့လဲသွားသည်အထိ ရိုက်နှက်ခဲ့ကြသည်။
ရဲများ ရောက်လာသည့်အချိန်တွင် ပြန်ပေးဆွဲသမားများသည် ထွက်ပြေးသွားကြပြီး သူ့အား သင်္ဘောပေါ်တွင် ထားခဲ့လေသည်။
သူ့တွင် ရှလုလုနှင့် အခြားသူများ၏ ပုံများရှိနေပြီး ထိုနစ်နာသူအစစ်များမှာ သူ့အား ဆန့်ကျင့်ထားသည့် အရာများရှိနေသရွေ့နာမည်ဆိုးကို ရှင်းလင်းနိုင်ပြီး အပြစ်ကင်းကြောင်းပြသနိုင်မည်ဖြစ်သည်။
ထို့ကြောင့်ပင် ရှချန်းချန်းသည် ရဲများကို မစောင့်တော့ဘဲ ထိုအခြေအနေကို တိုက်ရိုက်ထုတ်လွှင့်၍ ဖော်ထုတ်ရန်သာ ရွေးချယ်ခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ရွှီချဲသည် သူ့အားဆန့်ကျင်သည့် ရှလုလုနှင့် အခြားသူများ၏ သက်သေများရှိနေပြီး ရွှီချဲနှင့် အခြားသူဌေးများသည် ထိုအပြစ်ဒဏ်မှ လွတ်မြောက်နိုင်ခြင်းဖြစ်လေသည်။
“အဲသူဌေးတွေက အဲအကြောင်း မဖော်တော့ဘူးတဲ့လား” ဟု ရှချန်းချန်းမှ စူးစမ်းသလိုလိုဖြင့် မေးလာခဲ့သည်။
ရွှီချဲမှ လှောင်သလိုလိုဖြင့် ပြောလာလေသည်။
“သူတို့ ငါ့ကို ဖော်ထုတ်ရင်တောင်မှ သူတို့ရဲ့အပြစ်တွေကနေ လွတ်နိုင်မှာမဟုတ်ဘူး၊ ငါ့ရဲ့နောက်မှာ အကောင်ကြီးကြီးတစ်ယောက်ရှိတယ်၊ သူတ်ို့အဲလောက် မိုက်ရူးရဲဆန်ကြမှာမဟုတ်ဘူး”
ရှချန်းချန်းသည် တစ်ခုခုကိုတွေးကာ ခေါင်းငြိမ့်လိုက်သည်။
“ဪ အဲလိုလား ဒါပေမဲ့ ရွှီလောင်ရှီး ကျွန်မရှင့်ကို သတိပေးရဦးမယ်”
ရှချန်းချန်းသည် ရုတ်တရက်မတ်တပ်ရပ်လာခဲ့ပြီး ရွှီချဲအား လှောင်ပြောင်သည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
“ပါပါရာဇီတွေမှာ အသံသွင်းတဲ့ကင်မရာတွေမပါဘူးလို့ ဘယ်တော့မှမထင်လိုက်နဲ့၊ ဒါက ပါပါရာဇီတွေကို အကြီးမားဆုံး စော်ကားမှုပဲ”
ရွှီချဲမှာ မှင်သက်သွားခဲ့သည်။
နောက်စက္ကန့်အနည်းငယ်တွင် ရှချန်းချန်းသည် သူမ၏ လက်ကောက် ၊ နားကပ်၊ သူမ၏ဂါဝန်မှ ကြယ်သီး နှင့် ဆံပင်ပေါ်မှ ကလစ်များ စသဖြင့် တစ်ခါဇင်လောက်ရှိသော ပစ္စည်းများကို အေးဆေးတည်ငြိမ်စွာဖြင့် ဖြုတ်လိုက်လေသည်။
ထိုပစ္စည်းတစ်ခုချင်းစီကို အနီးကပ်ကြည့်လိုက်သည့်အခါ၌ လျှို့ဝှက်တပ်ဆင်ထားသည့် အသံသွင်းကိရိယာများနှင့် ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာလေသည်။
ရွှီချဲ : ဒီအမျိုးသမီးက ဟမ်းစတားများလား၊ သူက ပစ္စည်းတွေဖွက်တဲ့နေရာမှာ အတော်လေး တော်တာပဲ။
ရွှီချဲနှင့် ရှချန်းချန်းတို့ ပြောသမျှ စကားတိုင်းအား ထို အသံဖမ်းစက်နှင့် အသံသွင်းထားခဲ့ခြင်းဖြစ်သည်။
ဒီလို လျှို့ဝှက်ပြီး အသံသွင်းထားတာက တရားရုံးမှာ သက်သေအဖြစ် သုံးလို့မရလည်း onlineပေါ်မှာ ပျံ့သွားတဲ့အချိန်ကျရင် ရဲတွေနဲ့ ကြည့်ရှုသူပရိတ်တွေက သူဖြူစင်တယ်ဆိုတာကို ယုံနိုင်ကြဦးမလား။
ရွှီချဲသည် ထိုအရာများကို မြင်လိုက်မှသာ သဘောပေါက်သွားခဲ့သည်။
“မင်းခုနက အသနာစခံပြီး တောင်းပန်နေတာက သရုပ်ဆောင်နေတာလား”
ရှချန်းချန်းသည် ပျော်ရွှင်စွာဖြင့် သူမ၏ မျက်နှာကို အုပ်လိုက်လေသည်။
“ကျွန်မက သရုပ်ဆောင်တဲ့နေရာမှာ အတော်လေး တော်တယ်လေ”
ရွှီချဲ၏ မျက်လုံးများမှာ မယုံကြည်နိုင်သည့်ပုံစံဖြင့် ပြူးကျယ်လာခဲ့သည်။
ရုတ်တရက်ပင် သူသည် ဖြစ်ပျက်သမျှ အရာအားလုံးကို သတိရသွားခဲ့ပြီး ရှချန်းချန်းသည်လည်း သရုပ်ဆောင်နေခြင်း ဖြစ်ကြောင်းကိုသာ သဘောပေါက်သွားခဲ့သည်။
သူ “Galaxy Girls” မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး အခုအချိန်ထိ သူလုပ်သမျှအရာအားလုံးက သရုပ်ဆောင်ထားတာလေ။
ရှချန်းချန်းက သူ့ကို ဆွဲချဖို့အတွက် ရှင်းခုံရဲ့ အစီအစဉ်တွေကို ခန့်မှန်းမိနေတာ အတော်ကြာနေလောက်ပြီ။
ရွှီချဲ၏ မျက်နှာမှာ တင်းမာလာခဲ့သည်။
“ရှချန်းချန်း ခွေးမ! နင် ငါ့ရဲ့အစီအစဉ်တွေကို ဖျက်ဆီးပစ်တယ် နင် ငါရဲ့ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တာပဲ”
ရွှီချဲက ဒေါသအရမ်းထွက်ပြီး ရှချန်းချန်းကို လည်ပင်းညှစ်ဖို့ ရှေ့က်ိုတိုးသွားတယ်။
တကယ်လို့ သူအရာအားလုံး ဆုံးရှုံးပြီး အရှုံးပေးလိုက်ရတယ်ဆိုရင် သူက ရှချန်းချန်းကို လွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ဘူး။
သို့သော် သူ ရှချန်းချန်း အရှေ့သို့ တိုးသွားသည့် အချိန်တွင် အရိပ်မဲတစ်ခုက ဖြတ်ကနဲပေါ်လာပြီး ရွှီချဲ၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။
လက်စမှာ အလွန်အားပြင်းသောကြောင့် ရွှီချဲသည် ဟန်ချက်ပျက်သွားကာ ထောင့်မှ ပန်းအိုးဖြင့် တိုက်မိပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ထိုပန်းအိုးမှာ အပိုင်းပိုင်း အစစဖြစ်သွားကာ သူ့ပေါ်သို့ ကျလာလေသည်။
သူ၏ဘေးတွင်ရှိသော အမျိုးသားလက်ထောက်သည် အံ့ဩသွား၍ ကူညီရန်ကြိုးစားလိုက်သော်လည်း ထိုလူသည် လျင်မြန်စွာ တုံ့ပြန်လာပြီး လက်ထောက်၏ မေးရိုးအား လက်သီးဖြင့် ထပ်ထိုးလိုက်လေသည်။
သူ၏ပါးစပ်ထဲမှ သွားနှစ်ချောင်းပြုတ်ထွက်လာပြီး ထိုလက်ထောက်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ရှဲ့ကျစ်ရှင်းသည် ရွံရှာမှုကြောင့် သူ၏ လက်ကို ခါလိုက်ပြီး ရှချန်းချန်းကို သူ၏အနောက်တွင်ထား၍ ကူညီပေးလိုက်သည်။
ရှချန်းချန်းသည်၏ မျက်လုံးများမှ ကွေးသွားခဲ့ပြီး ရှဲ့ကျစ်ရှင်းအနောက်မှ ကပ်လာ၍ “ လောင်ကုန်း၊ ရှင်က အကောင်းဆုံးပဲ” ဟု တီတီတာတာဖြင့် ပြောလာလေသည်။
သူမသည် ရှဲ့ကျစ်ရှင်းအား သူမ လက်နှစ်ဖက်ဖြင့် အသည်းပုံလုပ်ပြလိုက်ပြီးနောက် ပြုံးရွှင်စွာဖြင့် သူ၏လက်မောင်းကို ကိုင်ထားလေသည်။
“ရှင်ဘာလို့ အရမ်းနောက်ကျနေတာလဲ၊ ကျွန်မက ရှင် အခန်းရှာမတွေ့ဘူးထင်နေတာ”
ရှဲ့ကျစ်ရှင်းသည် မော့ကြည့်လိုက်သည့်အခါ၌ ရှချန်းချန်း၏ နှုတ်ခမ်းထောင့်မှ သွေးများ စို့နေသည်ကို မြင်လိုက်ရသည်။
သူသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ရှချန်းချန်း၏ နှုတ်ခမ်းထောင့်မှသွေးများကို နူးနူးညံ့ညံ့ဖြင့် သုတ်ပေးကာ “သူ မင်းကို ရိုက်တာလား” ဟု မေးလာလေသည်။
ရှချန်းချန်းမှာ ခဏတာမှင်သက်သွားလေသည်။
“ အာ.. အဲဒါက တကယ်တော့ ဒီတိုင်း သရုပ်ဆောင်ဖို့အတွက်ပါ”
သူစကားပြောလို့ မပြီးခင်မှာဘဲ ရှဲ့ကျစ်ရှင်းသည် ရွှီချဲကို ခပ်ပြင်းပြင်းထပ်ကန်လိုက်၏။
အခန်းထဲတွင် ရွှီချဲ၏ အသည်းခိုက်အောင်နာကျင်သည့် အော်သံများဖြင့် ပြည့်နှက်နေလေသည်။
ရှဲ့ကျစ်ရှင်း ကန်လိုက်သည့်အချိန်တွင် ရွှီချဲ၏ ခန္ဓာကိုယ်ပေါ်မှ တကျွတ်ကျွတ် မြည်သံများကို ကြားလိုက်သည့်အခါ၌ သူ့ နံရိုးများ ကျိုးသွားသည်ဟု ရှချန်းချန်းမှ ခန့်မှန်းမိလိုက်လေသည်။
ဒီဗီလိန်ကြီးက သူစိတ်ဆိုးနေတဲ့အချိန်ဆို တကယ် ကြမ်းတမ်းတာပဲ။
ရွှီချဲသည် ခက်ခက်ခဲခဲဖြင့် ခေါင်းထောင်လာခဲ့ပြီး ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းအား မယုံနိုင်သည့် မျက်နှာအမူအရာဖြင့် ကြည့်လိုက်လေသည်။
“မင်းတို့… မင်းတို့တွေက တစ်ဖွဲ့တည်းလား၊ ရှဲ့ကျစ်ရှင်း မင်းပြောတော့ ငါ့ရဲ့အစီအစဉ်တွေကို စိတ်ဝင်စားတယ်ဆို၊ မင်း..မင်း ငါတို့ကို တမင်တကာ လှည့်စားခဲ့တာလား”
ရှဲ့ကျစ်ရှင်းသည် သူ၏ မျက်လုံးများအား မကာဘဲ ခေါင်းငြိမ့်ခဲ့လေသည်။
“မင်းတို့လူတွေက အဲလောက် တုံးမယ်လို့ မထင်ထားဘူး”
ချင်းမော့ အခန်းထဲတွင် ရှချန်းချန်းသည် သင်္ဘော၏ ပြတင်းပေါက်မှ ရှဲ့ကျစ်ရှင်း Rolls-Royce ကားပေါ်မှ ဆင်းလာသည်ကို မြင်လိုက်လေသည်။
ထိုအချိန်၌ ထိုသတင်းများမှာ သေချာသွားကြောင်းကို ရှချန်းချန်းမှ သိခဲ့လေသည်။
အကယ်၍ ချင်းမော့သည် သူမနှင့် စုန့်ယွီနင်တို့ မည်သည့်နေရာတွင်ရှိကြောင်း မရှာဖွေနိုင်လျှင်တောင်ပင် သူမ မကြောက်တော့ပေ။
ရဲအရာရှိများ၏ ရွက်လှေများသည် သင်္ဘောကြီးအား ဝိုင်းထားလေသည်။ ပိုင်ရှင်များသည် သင်္ဘောငယ်လေးများဖြင့် ထွက်ပြေးရန် ကြိုးစားသော်လည်း ရဲအရာရှိများ၏ ချောင်ပိတ်၍ ဖမ်းဆီးခြင်းကို ခံရလေသည်။
ထိုအရာသည် ကျန်းချန်မြို့တစ်ခုလုံး လှုပ်ခတ်စေသည့် အဓ္ဓမပြုကျင့်သည့် ကိစ္စတစ်ခုဖြစ်ပြီး ထိုအထဲတွင် လူအများစု ပါဝင်နေခဲ့လေသည်။
သို့သော်လည်း လိမ်ညာသူများဖော်ထုတ်သူ၏ တိုက်ရိုက်ထုတ်လွှင့်၍ ဖော်ထုတ်ချက်များသည် အလွန်အသေးစိတ်တိကျလွန်းခြင်းကြောင့် ရဲအရာရှိများသည် ချက်ချင်းသွားရောက်၍ ဖမ်းဆီးခြင်း ဖြစ်လေသည်။
ဖမ်းဆီးမှုများလုပ်နေသည့်အချိန်၌ လိမ်ညာသူများဖော်ထုတ်သူသည် ဝမ်လီနာ၏ ဝန်ခံချက်နှင့် ရှချန်းချန်းနှင့် ရွှီချဲတို့ စကားပြောနေကြသည့်အရာများကို ထုတ်လွှင့်ခံပြီး မိန်းကလေးများ၏ နာမည်များကို ဖျက်ထားခဲ့လေသည်။
ဝမ်လီနာသည် သူမ၏နစ်နာချက်များနှင့် ရွှီချဲ၏ မိန်းကလေးများကို ထိန်းချုပ်သည့် နည်းလမ်းများကို onlineပေါ်တွင် ဖော်ထုတ်ခဲ့လေသည်။
[ ချီးပဲ! ကျီကျီက ဘာလို့ လူမှုရေး အရှုပ်ထုပ်တွေကို ဖော်ထုတ်ထားလဲဆိုပြီး စဉ်းစားနေတာ၊ တကယ်တော့ ဒီလိုတွေဆက်စပ်နေတာကိုး]
[ရွှီချဲလို အမှိုက်ကောင်က ဒီပြည်တွင်းအနုပညာလောကမှာ နံပါတ်တစ် idolဖြစ်နေရတယ်လို့၊ တကယ်ကို ဆိုးရွားလိုက်တာ]
[ရွှီချဲလို အမှိုက်ကောင်ကို သဘောကျမိခဲ့လို့ ငါ တကယ်အရှက်ရမိတယ်]
[အပေါ်ကတစ်ယောက်ရေ ငါ မင်းကို အပြစ်မတင်ပါဘူး၊ ဒီကောင်ရဲ့ စျေးကွက်ဖောက်တဲ့နည်းလမ်းက တကယ်ကောင်းတာကိုး၊ ဘယ်သူက သူ့ကို တကယ်အမှိုက်ကောင်လို့ ထင်ခဲ့မှာလဲ]
[ ရှင်းခုံ ကုမ္ပဏီက လူတွေကလည်း အမျိုးယုတ်တွေချည်းပဲ၊ ငါတို့ကျဲလေးတွေက အရမ်းသနားဖို့ကောင်းတယ် ]
[ အရင်က လုလုက,တာတွေကို ကြည့်ဖူးတယ် ပြီးတော့ သူတို့က ဒီလိုအကတွေပဲကနေရတာလဲပေါ့၊ တစ်ခုခုမှားနေတယ်ဆိုပြီးထင်နေခဲ့တာ၊ တကယ်တော့ ကုမ္ပဏီက အတင်းဖိအားပေးပြီး လုပ်ခိုင်းမယ်လို့ မထင်ထားဘူး]
[ ကျဲလေးတွေ သနားပါတယ်၊ ဦးရဲကြီးတို့တွေ ဒီလူယုတ်မာကောင် ရွှီချဲကို မြန်မြန်ဖမ်းပေးကြပါ]
[ အားး ငါ့ကျဲလေးတွေ ခံစားခဲ့ရတာတွေ တွေးမိတော့ ဒေါသထွက်မိတယ်၊ ရွှီချဲက သေသင့်တယ်၊ ဒီလိုမျိုး အမှိုက်ကောင်တွေက ထောင်ထဲပဲနေရမှာ၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချထားသင့်တယ် ]
Chapter 72
ဝူရှင်းဘန့်သည် လှေပေါ်သို့လိုက်မတက်ပေ။
သူသည် အခန်းအားပြင်ဆင်ရန်နှင့် ဘော့စ်များအားကြိုဖို့ရန်အတွက်သာ တာဝန်ရှိလေသည်။ ရွှီချဲသည် ကျန်သည့်အရာများအား ကိုင်တွယ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဘော့စ်များထွက်သွားသည်ကို ဝူရှင်းဘန့် တွေ့ပြီးနောက် မြို့အနောက်ဘက်ရှိ သူ့ ဗီလာသို့ ပြန်သွားခဲ့လေသည်။
သွားနေသည့်လမ်းတွင် သူသည် သူ့ လက်ထောက်ထံမှ ဖုန်းခေါ်ဆိုမှုအားလက်ခံရလိုက်ကာ လိမ်ညာသူများကိုဖော်ထုတ်သူအကောင့်မှ ဝေ့ပေါ်တွင် အခန်းတွင်းတိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေခြင်းကို တွေ့လိုက်လေသည်။
ဝူရှင်းဘန့်သည် ထိတ်လန့်သွားခဲ့သည်။
ရဲဝန်ထမ်းများသည် ဘော့စ်များအားခြေရာခံလိုက်နိုင်သည်ဖြစ်ကာ ၎င်းတို့သည်သဲလွန်စများအား လိုက်၍သူ့အားသိသွားကြမည်ဖြစ်သည်။ ရွှီချဲမှာ အခြားပြိုင်ပွဲဝင်များနှင့်အတူ ခံရသူဟုဟန်ဆောင်လိုက်၍ရသော်ညား သူသည် ဘော့စ်များအားသွားကြိုရန်အတွက် တာဝန်ယူထားရခြင်းဖြစ်သည်။ ဘော့စ်များသာ အဖမ်းခံလိုက်ရမည်ဆိုလျှင် သူအား ပထမဆုံးသံသယရှိကြမည်ပင်ဖြစ်သည်။
ဝူရှင်းဘန့်သည် အိမ်ကိုချက်ချင်းမောင်းနှင်သွားခဲ့သည်။
ကံကောင်းစွာဖြင့်ရဲဝန်ထမ်းများသည် သင်္ဘောကျင်းတွင်အလုပ်များနေကာ သူ့အား အာရုံမရှိနေပေ။ သူတွင်အထုပ်များသိမ်းကာ နိုင်ငံမှထွက်သွားရန်အတွက် အကောင်းဆုံးအခွင့်အရေးရှိလေသည်။
ဝူရှင်းဘန့် အိမ်သို့ပြန်ရောက်ချိန်တွင် သူ၏ဇနီးသည်နှင့်သမီးမှာ တီဗီရှေ့၌ထိုင်၌ ကာတွန်းကြည့်နေသည်ကိုတွေ့လိုက်ရပြီး ၎င်းတို့နှစ်ဦးမှာ အလွန်ပင်ပျော်ရွှင်နေကြပုံပေါ်သည်။
“မကြည့်ကြနဲ့တော့”
ဝူရှင်းဘန့်အတင်းပြောလိုက်လေသည်။
“အထုပ်တွေသိမ်းကြ ငါတို့တွေဒီညထွက်ကြမယ်”
မစ္စဝူသည် ရုတ်တရက်သူ၏ လက်အားလှမ်းဆွဲလိုက်လေသည်။
“ရှင် ရုတ်တရတ်ကြီး ဘာလို့ ညလယ်ခေါင်ကြီးမှာ ထွက်သွားမှာလဲ”
“အဲဒါကိုရှင်းပြဖို့အချိန်မရှိတော့ဘူး”
ဝူရှင်းဘန့်သည် မစ္စဝူ၏လက်အားခါချလိုက်ကာ စတိုခန်းထဲမှ သူ၏ခရီးဆောင်အိတ်အား ဆွဲထုတ်လာပြီး သူ့အဝတ်အစားများကို ထုပ်ပိုးလိုက်လေသည်။
မစ္စဝူသည်အနားတွင် လက်ပိုက်ကာရပ်နေပြီး သူ့အားမျောက်တစ်ကောင်ကဲ့သို့ ကြည့်နေလေသည်။
ဧည့်ခန်းထဲရှိ သူ့သမီးကြည့်နေသော ကာတွန်းကားထဲ မှဝံပုလွေ၏ ဆူညံသံအား ကြားနေရလေသည်။
မစ္စဝူ၏ ပုံမှန်ထူးခြားမနားပုံစံအားကြည့်၍ ဝူရှင်းဘန့် ဆူပူလိုက်လေသည်။
“မင်းဘာလို့အဲမှာရပ်နေသေးတာလဲ သွား အထုပ်သိမ်းတော့”
မစ္စဝူလှောင်ပြောင်လိုက်လေသည်။
“ပစ္စည်းတွေသိမ်း ဟုတ်လား၊ ရှင်းခုံက ပြဿနာတယ်နေတယ် ရှင်က လည်းခွေးရူးတစ်ကောင်ပဲ၊ ပြီးတော့ရဲတွေက ရှင့်နောက်ကိုလိုက်နေကြတာလေ ကျွန်မနောက်မှ မဟုတ်တာ၊ ကျွန်မက ဘာလို့ထုပ်ပိုးသင့်တာလဲ”
ဝူရှင်းဘန့်သည် လန့်ဖြန့်သွားကာ မစ္စဝူအား တအံ့တဩဖြင့် မော့ကြည့်လိုက်လေသည်။
သူသည် မစ္စဝူ သူမ ဖုန်းအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခြင်းကို သတိပြုမိသွားလေသည်။ ဖန်သားပြင်ပေါ်တွင်မူ လိမ်ညာသူများကိုဖော်ထုတ်သူ၏ အဓိကစာမျက်နှာအား ဝိုးတဝါးမြင်နေရလေသည်။
ဝူရှင်းဘန့်၏ အသံများပင်တုန်ယင်လာခဲ့သည်။
“မိန်းမ မင်းအကုန်လုံးကို သိသွားလောက်ပေမဲ့ အဲဒါက မင်းထင်သလိုမဟုတ်ပါဘူးကွာ၊ ကိုယ် ရှင်းပြပါရစေ”
ဝူရှင်းဘန့် အရှေသို့တိုးကာ မစ္စဝူအား ဖက်ရန် ပြင်လိုက်သော်ညား သူမသည် ဘေးသို့အမြန်ရှောင်သွားကာ မေးလိုက်လေသည်။
“ရှင်ရော အဲမိန်းကလေးတွေနဲ့ အိပ်ခဲ့တာလား”
ဝူရှင်းဘန့်အေးခဲသွားကာ သူ့ လည်စေ့မှာလည်းလှု ပ်ရှားသွားပြီး သူ၏နဖူးမှတစ်ဆင့် ပုတီးစေ့လောက်ရှိသည့် ချွေးများပင်ကျလာခဲ့သည်။
သူသည်အံကြိတ်လိုက်ကာ အနည်းငယ်စိတ်တိုသွားလေသည်။
“မင်းဘာသိလို့လဲ၊ ငါအဲဒါကို ငါတို့မိသားစုအတွက်လုပ်ခဲ့တာ၊ မင်းနဲ့ ငါတို့ရဲ့သမီးအတွက်ပဲ၊ ငါတို့ရဲ့သမီးက နိုင်ငံတကာအဆင့်မီမူကြိုတက်တာ ကျောင်းလခက တစ်လကိုသိန်းရာနဲ့ချီတယ်၊ ပြီးတော့ မင်းက နေ့တိုင်းစျေးဝယ်ထွက်ပြီး နာမည်ကြီးပစ္စည်းတွေ အမြဲဝယ်နေတာလေ၊ တကယ်လို့ ငါသာပိုက်ဆံပိုမရှာဘူးဆိုရင် မင်းကို ဘယ်လိုလုပ်ထောက်ပံ့ပေးနိုင်မှာလဲ”
“ဘယ်လို ဟာသမျိုးလဲ”
မစ္စဝူသရော်လိုက်လေသည်။
“ရှင်ဒါတွေ အကုန်လုံးကို ကျွန်မနဲ့ကျွန်မသမီးအတွက် လုပ်ပေးခဲ့တာမလား၊ ဝူရှင်းဘန့် ရှင့်မှာ အသိစိတ်လေးနည်းနည်းတောင် မရှိတော့ဘူးလား၊ ရှင် ကျွန်မအတွက်လုပ်ပေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ကျွန်မ ရှင်နဲ့အတူရှိတုန်းက ရှင်ချမ်းသာလို့လား၊ ကျွန်မ ရှင်နဲ့အတူ ယွမ်ရာနဲ့ချီတဲ့အိမ်လေးမှာ နေရတုန်းကရော ကျွန်မ ညည်းညူဖူးလို့လား”
မစ္စဝူ၏ မျက်လုံးများမှာအနည်းငယ်နီနေကာ သူမ မျက်လုံးအိမ်များထဲတွင် မျက်ရည်များနှင့်ပြည့်နှက်နေလေသည်။
“တကယ်လို့ ရှင်သာ ကျွန်မ မဟုတ်တဲ့ သူတစ်ယောက်နဲ့လက်ထပ်ခဲ့ပြီး ရာရာ မဟုတ်တဲ့ တခြားကလေးတစ်ယောက်ကိုသာ မွေးခဲ့မယ်ဆိုရင် ရှင်ဒါတွေကို မလုပ်ဘူးလား”
“ယောက်ျားတွေက အမြဲတမ်း သူတို့အလုပ်ကြိုးစားတာနဲ့ အမှားတွေက သူတို့ရဲ့မိန်းမတွေနဲ့ သား,သမီးတွေအတွက်လို့ အမြဲတမ်းပြောတတ်ကြတယ်၊ ဒါပေမဲ့ ရှင့်မှာ တခြားဇနီးနဲ့ တခြားကလေးရှိနေမယ်ဆိုရင်လည်း ရှင်ဒါကိုလုပ်နေဦးမှာပဲ၊ အစကနေအဆုံးအထိ ရှင့်အတွက်ပဲလုပ်ခဲ့တာပဲ”
ဝူရှင်းဘန့်သည် လန့်ဖြန့်သွားကာငြိမ်သက်သွားခဲ့သည်။
ငြိမ်သက်သွားရခြင်းမှာ မစ္စဝူသည် သူ့အားထိုကဲ့သို့ဆူပူကြိမ်းမောင်းခြင်းကို အံ့ဩသွား၍မဟုတ်ပေ။
ငြိမ်သက်သွားရခြင်းမှာ သူမ ပြောသည့်စကားများမှာ အလွန်ပင်မှန်နေသောကြောင့်ဖြစ်သည်။
ဝူရှင်းဘန့်သည် အသက်ပြင်းပြင်းရှူလိုက်လေသည်။ ပြဿနာများအား ပိုရှုပ်အောင်လုပ်ခြင်းမှာ အဓိပ္ပါယ်မရှိပေ။ သူသည် မစ္စဝူနှင့်ကလေးအား အဝေးသို့ခေါ်သွားရမည်ဖြစ်သည်။ သူသည် တည်ထောင်သူများထဲမှတစ်ဦးပင်ဖြစ်သည်။ သူမစ္စဝူအား စောစီးစွာလက်ထပ်ခဲ့ပြီး သူ့အမည်အောက်တွင် ဘုံပိုင်ဆိုင်မှုများစွာရှိလေသည်။ အကယ်၍ ဤအရေးကြီးသည့်ကာလ၌ သူသာမစ္စဝူနှင့်ကောင်းမွန်သည့် ဆက်ဆံရေးမရှိဘူးဆိုလျှင် အနာဂတ်တွင် တစ်ခုခုဖြစ်သွားပါက သူထံ၌ ပိုက်ဆံများမရှိတော့မည်ကို စိုးရိမ်လေသည်။
ဝူရှင်းဘန့်သည် မစ္စဝူ၏လက်အားညင်သာစွာကိုင်လိုက်ကာ
“ပြဿနာမရှာပါနဲ့ မိန်းမရာ၊ ကိုယ်တို့ US ကိုရောက်မှ အဲဒါတွေကိုဆက်ပြောကြရအောင်ပါ ဟုတ်ပြီလား၊ ကိုယ်မင်းနဲ့ ရာရာအတွက် လေယာဥ်လက်မှတ်တွေဝယ်ပြီးသွားပြီ၊ မင်းအမြဲတမ်း US ကိုသွားပြီး Big Ben ကိုကြည့်ဖူးချင်ခဲ့တာမလား၊ အခုအထုပ်တွေသိမ်းပြီးတော့ သွားကြရအောင်လေ”
မစ္စဝူသည်လှောင်ပြောင်ကာ ဝူရှင်းဘန့်၏ လက်အားခါချလိုက်လေသည်။
“ရှင်မသွားနိုင်လောက်တော့ဘူး ထင်တယ်”
ငါးနှစ်အရွယ် ရာရာမှာ အခန်းထဲသို့တုန်ယင်စွာရောက်လာပြီး ဝူရှင်းဘန့်၏ ပေါင်အား တင်းကြပ်စွာဖက်ထားလေသည်။
“ပါးပါး အိမ်ကို ယူနီဖောင်းဝတ်ထားတဲ့သူတွေ အများကြီးရောက်နေတယ်”
ဝူရှင်းဘန့်သည် လန့်ဖြန့်သွားကာ ဧည့်ခန်းသို့အလျင်အမြန်သွားလိုက်ပြီး အိမ်အကူများသည် ရဲဝန်ထမ်းနှစ်ဦးအား ကြိုဆိုနေကြသည်ကိုတွေ့သောအခါ ပို၍ပင်လန့်ဖြန့်သွားခဲ့သည်။
ဝူရှင်းဘန့် ကြောက်ရွံ့သွားခဲ့သည်။
ရဲဝန်ထမ်းများသည် ဝူရှင်းဘန့်အားမြင်လိုက်ချိန်တွင် တစ်ဦးသည် သူ၏အိုင်ဒီကဒ်အားထုတ်ပြကာ အခြားတစ်ဦးမှာ ချက်ချင်းပင်သူ၏သေနတ်အားထုတ်၍ ဝူရှင်းဘန့်ကို ချိန်ရွယ်ထားလိုက်လေသည်။
“ဝူရှင်းဘန့် မလှုပ်နဲ့၊ မင်းငါတို့နဲ့အတူ ရဲစခန်းကိုလိုက်ခဲ့ရမယ်”
ဝူရှင်းဘန့်သည် ထိတ်လန့်သွားခဲ့သည်။
သူသည်ဧ ည့်ခန်းစားပွဲပေါ်ရှိ အသီးလှီးသည့် ဓါးအားတွေ့လိုက်လေသည်။ နောက်တစ်စက္ကန့်တွင်သူသည် အသီးလှီးသည့်ဓါးအား ဆွဲယူလိုက်ကာ ရာရာကို လက်တစ်ဖက်ဖြင့်ပွေ့ချီလိုက်ပြီး ခြိမ်းခြောက်လိုက်လေသည်။
“အနားကပ်မလာကြနဲ့၊ အနားကပ်လာကြရင် ငါ သူ့ကိုသတ်ပစ်လိုက်မယ်”
ရဲဝန်ထမ်းနှစ်ဦးသည် သူတို့၏သေနတ်များကို ထုတ်ကာ ဝူရှင်းဘန့်အားချိန်ရွယ်ထားကြလေသည်။
“ဝူရှင်းဘန့် စိတ်အေးအေးထားပါ၊ သူက မင်းရဲ့သမီးလေ”
ဝူရှင်းဘန့်၏ လည်စေ့မှာလှုပ်ရှားသွားပြီးနောက်
“အဲဒါကြောင့် ငါ့ကိုအတင်းဖိအားမပေးနဲ့လေ၊ ဖိအားပေးရင် ငါဘာတွေလုပ်ပစ်နိုင်မလဲ ဆိုတာငါလည်းမသိဘူး၊ ငါထောင်ထဲဝင်လို့မရဘူး၊ ငါထောင်အကျခံလို့မရဘူး”
ဝူရှင်းဘန့်သည် သူ့ပြစ်မှုမှာ ပြင်းထန်လွန်းသဖြင့် အကယ်၍ သူသာအဖမ်းခံလိုက်ရမည်ဆိုလျှင် တစ်သက်တစ်ကျွန်းအကျဥ်းချခံလိုက်ရမည်ကို သိပြီး သူ့ ဘဝမှာအဆုံးသတ်သွားမည်ပင်ဖြစ်သည်။
သူအလုပ်ကြိုးစားလုပ်ပြီးတော့ ပိုက်ဆံတွေအများကြီးရှာထားတာကို ဘာလို့သူ့ရဲ့ ကျန်နေသေးတဲ့သက်တမ်းတစ်လျှောက်ကို ထောင်ထဲမှာကုန်ဆုံးရမှာလဲ။
သူသည် ရာရာအား နာကျင်အောင်လုပ်ဖို့ရာမရည်ရွယ်ထားပေ။ သို့ပေမဲ့သူ့တွင် ရာရာရှိနေသ၍ ရဲဝန်ထမ်းများသည် သူ့အားဘာမှမလုပ်နိုင်ဟု ယုံကြည်လေသည်။
မစ္စဝူသည် ဒေါသထွက်ပြီးစိုးရိမ်နေကာ မျက်ရည်များမှာလည်း သူမမျက်နှာပေါ်သို့ အဆက်မပြတ်စီးကျလာလေသည်။
“ဝူရှင်းဘန့် ရှင်ကရူးနေတာပဲ၊ ရှင်အခုလေးတင်ပဲ ကျွန်မတို့အတွက်အရာအားလုံးကို လုပ်ခဲ့တာလို့ပြောပြီးတော့ အခုတော့ရှင်က ရာရာကို ဓါးနဲ့ထောက်ထားပြီပေါ့”
ဝူရှင်းဘန့်၏မျက်လုံးထဲတွင် ရှက်ရွံ့မှုများနှင့်ပြည့်နှက်နေလေသည်။ သူသည် သူ့လက်မောင်ကြားတွင်ရှိနေသည့် ကလေးမလေးအား တင်းတင်းကြပ်ကြပ်ဖက်ထားကာ တိုးတိုးလေးပြောလိုက်လေသည်။
“ရာရာ၊ ပါးပါးက ရာရာ ကိုနာကျင်အောင်မလုပ်ဘူးဆိုတာကို ရာရာယုံထားရမယ်နော်၊ ပါးပါးက ရာရာ ကိုနာကျင်အောင်လုပ်မှာမဟုတ်ဘူး”
ကလေးမလေးသည် ဖြစ်ပျက်နေသည့်အရာများအားနားမလည်နိုင်ပေ။ သူမအရှေ့ရှိ ထက်မြနေသည့်အသီးလှီးဓါးအား ကြည့်၍ ငိုကြွေးလာခဲ့သည်။
“ပါးပါး၊ ပါးပါးက ရာရာ ကို ဓါးကြီးနဲ့ထောက်ထားတာ ရာရာ အရမ်းကြောက်တယ် ဟင့်!”
မစ္စဝူသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ
“ဝူရှင်းဘန့် ရာရာကိုလွတ်လိုက်ပါ ကျွန်မ သေချာပေါက် အကောင်းဆုံးရှေ့နေ့ကိုရှာပေးပါ့မယ်၊ ကျွန်မရှင့်ကို သေဒါဏ်အကျမခံပါဘူး”
“မဖြစ်နိုင်ဘူး”
ဝူရှင်းဘန့်သည်သူ၏ခေါင်းအားယမ်းခါလိုက်ကာ
“တကယ်လို့ ပိုက်ဆံသာအဲလောက်အသုံးဝင်မယ်ဆိုရင် ငါဒီလို အကြပ်အတည်းထဲကို ရောက်နေမှာမဟုတ်ဘူး၊ ငါ့ကိုသွားခွင့်ပြုပါ၊ ငါ့ကို လေယာဥ်ပေါ်တက်ခွင့်ပြုလိုက်ပါ၊ မဟုတ်ရင်တော့ ငါသူမဘယ်သူလဲဆိုတာကို ဂရုစိုက်မှာမဟုတ်ဘူး၊ ငါတကယ်လုပ်မှာ”
ဝူရှင်းဘန့်၏ဓါးမှာ ရာရာလည်ပင်းနားသို့ ပိုနီးကပ်သွားပြီး ချွန်ထက်နေသည့်အဓားပိုင်းမှာ ရာရာ၏ ဖြူဖွေးနေသော လည်ပင်းအားဖြတ်သွားပြီးနောက် နီရဲနေသည့် သွေးများမှာ ချက်ချင်းပင် ထွက်လာခဲ့သည်။
ရာရာသည်နာကျင်မှုအားခံစားလိုက်ရကာ ကျယ်လောင်စွာငိုကြွေးလေသည်။
“နာတယ် ပါးပါး၊ ရာရာနာတယ် အဲဒါကတကယ်နာတယ်”
“မငိုနဲ့”
ဝူရှင်းဘန့်သည်ရာရာ၏ ငိုသံကြောင့် စိတ်ရှုပ်သွားကာ
“တွေ့လား ငါတကယ်လုပ်မှာ၊ ငါ့အတွက် ကားတစ်စီးစီစဥ်ပေး၊ ငါလေဆိပ်ကိုသွားချင်တယ်”
မစ္စဝူသည်သူမအား စိတ်ပူပန်မှု စိုးရိမ်မှုများဖြင့် ကြည့်လိုက်လေသည်။
“ဟုတ်ပြီ၊ ရှင်သာရာရာ့ကိုသာ လွတ်ပေးမယ်ဆိုရင် ကျွန်မ ရှင်ပြောတာ ဘာမဆိုသဘောတူပေးမယ်”
ရဲများသည် ဝူရှင်းဘန့်အား သေနတ်ဖြင့်ချိန်ထားဆဲဖြစ်ကာ သတိဖြင့်လမ်းဖွင့်ပေးလိုက်ကြလေသည်။ ဝူရှင်းဘန့်သည် ရာရာအား ဓါးစာခံအဖြစ်ခေါ်သွားကာ ဗီလာအပြင်ဘက်ရှိ ကားဂိုထောင်ထံသို့ လျှောက်ထွက်သွားလေသည်။ အိမ်အကူများသည် ကားအားအသင့်ပြင်ထားပြီးဖြစ်သည်။ ဝူရှင်းဘန့်သည် ကားသော့အားဆွဲယူလိုက်ပြီး တံခါးဖွင့်လိုက်လေသည်။
သူရာရာအားကားပေါ်သို့တင်ကာ ထွက်ခွာတော့မည့်အချိန်တွင် အဝေးတွင်တပ်စွဲထားသည့် SWAT အရာရှိတစ်ဦး၏စနိုက်ပါရိုင်ဖယ်မှ မီးပွားများပျံထွက်လာခဲ့သည်။ ကျည်ဆန်သည်မီတာနှစ်ရာခန့်ပျံသန်းလာခဲ့ကာ ဝူရှင်းဘန့်၏ ညာဘက်ပေါင်အား အတိအကျပင်ဖောက်ထွက်သွားခဲ့သည်။
ဝူရှင်းဘန့် ကားပေါ်သို့မတက်လိုက်နိုင်ခင်မှာပင် သူ့ခြေထောက်များမှာ အားပျက်သွားပြီး မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်။
ရဲအရာရှိနှစ်ဦးသည်ရှေသို့ အလျင်အမြန်တိုးလာကြကာ ဝူရှင်းဘန့်ကို မြေပြင်ပေါ်တွင်ချုပ်ထားလိုက်ကြလေသည်။ ဝူရှင်းဘန့်မှာ ရုန်းကန်ရန်ကြိုးစားလိုက်သော်ညား လွတ်မြောက်ဖို့ရန်မှာ မဖြစ်နိုင်ပေ။
မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းများဖြင့် ပြည့်နေသည့် မစ္စဝူမှာလည်း အရှေသို့အလျင်အမြန်တိုးလာကာ ရာရာအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။
“အဆင်ပြေသွားပါပြီ အဆင်ပြေသွားပါပြီ၊ မေ့သမီးလေး ရာရာ အဆင်ပြေသွားပါပြီ”
ရာရာမှာတုန်ယင်နေကာ သူမဖြစ်ပျက်နေသည့်အရာများအားနားမလည်နိုင်သော်ညား သူမ၏ မျက်နှာပေါ်တွင်မျက်ရည်များစီးကျနေလေသည်။
ကျန်းချန်ဆိပ်ကမ်းတွင်မူ ရဲဝန်ထမ်းများသည် သံသယရှိသူများအားဖမ်းဆီးထားပြီး အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ထားလေသည်။ ရွှီချဲ၏ကျရှုံးမှုမှာ အင်တာနက်သုံးစွဲသူများအား သေချာပေါက်ပင်သံသယဖြစ်စေခဲ့သည်။ သဲလွန်စများကို အခြေခံ၍ ယနေ့အမှုကိစ္စတွင် ပါဝင်သည့်မိန်းကလေးများအား ခန့်မှန်းဖို့ရာမှာလွယ်လေသည်။
[Starry Sky မိန်းကလေးအဖွဲ့ရဲ့ အဖွဲ့ဝင်ခြောက်ယောက်ရယ် ချင်းမော့ရယ်က အဲမှာရှိနေဖို့များတယ်မလား၊ အဲဒါဆို တခြားတစ်ယောက်ကဘယ်သူလဲ]
[ငါတိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေတာ ကြည့်ရတာတော့သူတို့တွေက “Happy Weekend” မှာပါဝင်ဖို့လုပ်ထားကြတဲ့မိန်းကလေးတွေဖြစ်ဖို့များတယ်၊ ဒါပေမဲ့လျို့ဝှက်ဆန်းကြယ်မှုကိုမြှင့်တင်ဖို့အတွက် “Happy Weekend” က “Galaxy Girls” ကိုနာမည်တွေကိုမဖော်ပြဖို့တောင်းဆိုခဲ့တာမလို့ တိုက်ရိုက်ထုတ်လွှင့်တာကို ပိတ်လိုက်ရတာပဲ၊ ငါတကယ်ပဲ အဲဒါကဘယ်သူဆိုတာကိုသိချင်နေပြီ ]
[ခန့်မှန်းနေတာတွေ ရပ်လိုက်ကြတော့၊ ဒီလိုကိစ္စမျိုးက မိန်းကလေးတွေကို လျှို့ဝှက်ထားခွင့်ပေးသင့်တယ်၊ ရွှီချဲရဲ့ဖော်ထုတ်မှုကမ ရှောင်ရှားနိုင်ပေမဲ့ ကောင်မလေးတွေကို ထပ်ပြီးစိတ်ဒါဏ်ရာမပေးပါနဲ့တော့]
[ဟုတ်တယ်၊ ကောင်မလေးတွေက အခုတောင်စိတ်ဆင်းရဲနေကြတာကို ငါတို့တွေက သူတို့အကြောင်းကို ဆွေးနွေးနေပြီးတော့ အတင်းပြောစရာအဖြစ် လုပ်လိုက်ကြမယ်ဆိုရင် အဲဒါကိုပိုဆိုးသွားစေလိမ့်မယ်]
ထိုကောင်မလေးများ စိတ်ဒါဏ်ရာထပ်မရစေရန် အပျော်စီးသင်္ဘောပေါ် မှရဲတပ်ဖွဲ့ဝင်များကယ်တင်ခဲ့သည့် မိန်းကလေးများအား အများမြင်ကွင်းမှ အကာအရံများဖြင့် ကာကွယ်ပေးထားလေသည်။
ယနေ့ညအမှုမှာ ကြီးမားသည့် သက်ရောက်မှုရှိသည်ဖြစ်၍ ပါဝင်ပတ်သက်သူများအားလုံးသည် ရဲစခန်းသို့ ထွက်ဆိုချက်ပေးရမည်ဖြစ်သည်။
သင်္ဘောကျင်းသည် သတင်းထောက်များ၊ ပရိတ်သတ်များဖြင့်ပြည့်နေလေသည်။
သတင်းထောက်များသည် အပျော်သဘောဖြင့် လာရောက်ကြခြင်းဖြစ်ကာ ပရိတ်သတ်အများစုမှာမူ ရွှီချဲ၏ပရိတ်သတ်များပင်ဖြစ်သည်။
သူတို့သည် သူတို့၏ကောမှာ ထိုကဲ့သို့ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်အားအမှန်တကယ်ကျူးလွန်ခဲ့သည်ကိုမယုံနိုင်ပေ။ ဤသည်မှာ ထူးဆန်းသည့်အမျိုးသမီးတစ်ဦး၏ ဝန်ခံချက်သာဖြစ်ကာ အသံပြောင်းထား၍ အသံသွင်းခြင်းဖြစ်လေသည်။ ထို့ကြောင့် ရွှီချဲဟုတ်သည်မဟုတ်သည်ကိုမည်သူမှမပြောနိုင်ပေ။
[ချဲချဲရဲ့အခုတလောတိုးတက်မှု လျင်မြန်လွန်းတာကြောင့်မလို့ သူချောက်ချပါခံနေရပြီလား]
[ကျေးဇူးပြုပြီး ဒီအသံဖိုင်အစစ်လားအတုလားဆိုတာကို ဘယ်သူသိလို့လဲ၊ တစ်ဖက်ကအမျိုးသမီးရဲ့အသံက အစစ်မဖြစ်နိုင်ပေမဲ့ ရွှီချဲရဲ့အသံကလုံးဝမပြောင်းသွားခဲ့ဘူး၊ သူ့အသံနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာပဲဖြစ်ရမယ်]
[ဟုတ်တယ်၊ ချဲရဲ့အသံကိုယူသုံးခံလိုက်ရတာဖြစ်မယ် ပြီးတော့ ဝမ်လီနာကရောပဲ၊ သူချဲကိုကြိုက်နေတာလူတိုင်းသိတာပဲလေ၊ သူက သူ့ကိုအမြဲတမ်းအရှုပ်တော်ပုံတွေထဲကို ဆွဲဆွဲထည့်သွားတာလေ၊ ဒီလိုမျိုး ဆိုးရွားတဲ့စိတ်တွေ ရှိနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ စကားကိုဘယ်လိုလုပ်ယုံနိုင်ကြမှာလဲ]
[သူမရဲ့ပလပ်စတစ်ဆာဂျရီလုပ်တာက မအောင်မြင်ဖြစ်သွားပြီးတော့ အနားယူဖို့အတွက် ဖိအားပေးခံလိုက်ရတာလေ၊ အဲဒါကငါတို့ကောနဲ့ ဘာဆိုင်လို့လဲ၊ ကျေးဇူးပြုပြီးငါတို့ကောကို အကွက်မဆင်နေပါနဲ့]
Super chatနှင့် square ရှိဤမှတ်ချက်များအားမြင်လိုက်ရသည့် ကြည့်ရှူသူများသည်အံ့ဩသွားခဲ့သည်။
[ငါသိသလောက်တော့ ကျီကျီက အတင်းအဖျင်းတွေကိုအများကြီးမထုတ်ဖော်ပေမဲ့ နည်းနည်းချင်းစီအတည်ပြုထားပြီး တရားဝင် ဝေ့ပေါ်အကောင့်ကလည်း ရှင်းရှင်းလင်းလင်းပဲ ချီးကျူးထားတယ်၊ အခုအချိန်ထိသူ ပြောတာတစ်ခုမှမလွဲသေးဘူးမလား]
[ဘာပဲဖြစ်ဖြစ်ပါ ကျီကျီကိုမေးခွန်းထုတ်တဲ့သူတိုင်း ရိုက်ချခံရတာကို ငါမြင်ဖူးတယ်လေ ဟားဟားဟား]
[ပရိတ်သတ်တွေ ခေါင်းမာတာကိုရပ်လိုက်ကြပါ၊ မင်းတို့ရဲ့ကောက ကမ္ဘာကြီးရဲ့ဗလိုမဟုတ်ဘူးလေ၊ သူ့ကိုက ဘာလို့ချောက်ချရမှာလဲ၊ ကျီကျီရဲ့ဝေ့ပေါ်ပို့စ်က retweet ပေါင်းတစ်သိန်းကျော်ရှိတယ်၊ ချောက်ချခံရတာဆိုရင် မင်းတို့ရဲ့ကောကကောတိုင်ကြားပြီးပြီလား]
ရွှီချဲ: ကျွန်တော်အခုရဲစခန်းမှာပါ ကျေးဇူးပြုပြီးတိုင်ကြားချက်တွေကို ဂရုမစိုက်ပါနဲ့၊ အပေါ်ကသူက အတော်လေးရက်စက်တာပဲ ဟားဟားဟား၊ ရွှီချဲက အခုရဲစခန်းမှာအဖမ်းခံထားရပြီးတော့ စက်ချုပ်စက်နဲ့ အလုပ်လုပ်နေလောက်ပြီ တိုင်ကြားဖို့ဆိုတာမဖြစ်နိုင်ဘူး ဟားဟားဟား။
အွန်လိုင်းကြည့်ရှူသူများသည် လိမ်ညာသူများကိုဖော်ထုတ်သူအား တခဲနက်ထောက်ခံခဲ့ကြပြီး ရွှီချဲအားထောက်ခံမှုများသည်လည်း အလျင်အမြန်ပျောက်ကွယ်သွားကြလေသည်။ ပရိတ်သတ်များမည်မျှပင်ငြင်းခုံပါစေ ရွှီချဲသည် ကျဆင်းလာသည်ဆိုသည့်အချက်အား သူတို့မပြောင်းလဲနိုင်ပေ။
အထီးကျန်ဆန်ပြီး အကူညီမဲ့သကဲ့သို့ခံစားလာရကာ ရွှီချဲ၏ပရိတ်သတ်များသည်အလွန်ပင်စိတ်ပျက်နေကြလေသည်။
၎င်းတို့မှာ ကျော်ကြားသည့် အမျိုးသားအိုင်ဒေါ၏ ပရိတ်သတ်များပင်ဖြစ်သည်။
တရုတ်ဖျော်ဖြေရေးနယ်ပယ်၏ နာမည်အကြီးဆုံး အမျိုးသားအိုင်ဒေါ၏ ပရိတ်သတ်များဖြစ်ကြသည်။ သူသည်ပရိတ်သတ်များ၏ အဆင့်သတ်မှတ်ချက်၊ အချက်အလက်များအား ပြောင်းလဲစီစဥ်ခြင်းနှင့် မှတ်ချက်များတွင် မဟုတ်မမှန်ပြော၍လှည့်စားမှုများအား မကျရှုံးဖူးသော်ညား တို့ကဲ့သို့အွန်လိုင်းပေါ်ရှိ ပြန့်ကျဲနေသည့်ကျပန်းပုံများအား ရှုံးသွားခဲ့သည်။
[ဒါက ဒီတိုင်းအသံသွင်းထားတာလေးပဲလေ၊ အဲဒါကအဓိပ္ပါယ်မရှိဘူးလေ ပြီးတော့ ခိုးပြီးအသံသွင်းထားတဲ့သက်သေတွေက တရားရုံးမှာအကြုံးမဝင်ဘူးလေ၊ ဒါပေမဲ့ မျက်မြင်သက်သေတွေကရော ဒီလောက်ထိခံရသူတွေ အများကြီးရှိနေတာကို ဘာလို့ မျက်မြင်သက်သေတစ်ယောက်မှ မရှိရတာလဲ]
[ဟုတ်တယ် ငါကတော့ ချဲကောက ခံရတဲ့သူလို့ထင်တယ်၊ ကောချဲက Galaxy Girls ပြိုင်ပွဲဝင်တွေကို ရသစုံရှိုးကိုခေါ်သွားပေးနေတာမလား၊ တကယ်လို့ Galaxy ပြိုင်ပွဲဝင်တွေသာ အဖမ်းခံလိုက်ရတယ်ဆိုရင် ချဲကောကလည်း အဖမ်းခံရမှာပဲလေ]
[ချဲကောက အဲမှာအမျိုးသမီးပြိုင်ပွဲဝင်တွေကို ကာကွယ်ဖို့ရှိနေတာဖြစ်နိုင်တယ်၊ ဒါပေမဲ့ ရန်သူအဖွဲ့ကမြင်သွားပြီးတော့ သူ့ကို တမင်သက်သက် ပစ်မှတ်ထားလိုက်ကြတာများလား]
[ငါသိပြီ၊ အဲလူကမကြာသေးခင်က ပြန်လာခဲ့တာမလား၊ သူကကောချဲကိုအသုံးချပြီး သူ့အတွက် အရှိန်အဟုန်ပြန်တည်ဆောက်ဖို့ကြိုးစားနေတာက ရှင်းရှင်းလင်းလင်းပဲမဟုတ်ဘူးလား၊ အချိန်အတော်ကြာအနားယူခဲ့တဲ့ ဆယ်ရှစ်တန်းအဆင့်ကြယ်ပွင့်က “Galaxy Girls” လို ရသစုံရှိုးမှာပေါ်လာတာက အတော်လေး ထူးဆန်းမနေဘူးလား]
[ဘာပဲဖြစ်ဖြစ် ရဲအရာရှိတွေက ငါတို့ကောချဲရဲ့နာမည်ကို ရှင်းလင်းပေးလိမ့်မယ်၊ ငါတို့ကောက အပြစ်ကင်းတယ်]
ရွှီချဲ၏ပရိတ်သတ်များသည် သူတို့ ပရိတ်သတ်အစုတွင်ရှိနေကြဆဲဖြစ်ကာ သူသည် အပြစ်ကင်းသည်ဟုခိုင်မာစွာယုံကြည်နေကြလေသည်။ ရွှီချဲ၏ဆိုင်းဘုတ်များ နဖူးစည်းများနှင့် အခြားပစ္စည်းများအားသယ်ဆောင်လာကာ ဆိပ်ကမ်းတွင် အပြည့်ဖြစ်နေကြပြီး ဆိပ်ကမ်းတံတားအားရွှီချဲ၏ ကြယ်အလင်းရောင်များဖြင့် လင်းလက်သွားစေရန် လုပ်လိုက်ကြလေသည်။
၎င်းတို့သည် ရွှီချဲအား အွန်လိုင်းတွင်သံသယများ ပျံ့နှံ့နေသော်ညား သူတို့သည်သူ့ဘေးတွင်အမြဲရှိနေမည်ဟု အသိပေးချင်ခဲ့သည်။
ရှလုလုနှင့်အခြားသူများအား အမျိုးသမီးရဲအရာရှိတစ်ဦးမှ ဦးဆောင်ကာ မက်စ်များတပ်ထားကြပြီး ရဲစခန်းသို့ ရှောင်လွှဲချက်ပေးရန် သွားဖို့ပြင်နေကြလေသည်။
သူမတို့၏အနောက်တွင်မူ ရွှီချဲ့ပရိတ်သတ်များ၏ ဆိုင်းဘုတ်များရှိနေပြီး မှောင်မိုက်နေသည့် ကောင်းကင်အားလင်းထိန်စေလေသည်။ ၎င်းတို့၏ မြင်ကွင်းမှာ အလွန်ပင်တောက်ပနေလေသည်။
“ရွှီချဲ ယုံကြည်ချက်ရှိရှိ ပျံသန်းလိုက်ပါ၊ ချဲကောရဲ့ ပရိတ်သတ်တွေက အမြဲမင်းနဲ့တူတူရှိနေမှာပါ”
“ရွှီချဲ ယုံကြည်ချက်ရှိရှိပျံသန်းလိုက်ပါ၊ ချဲကောရဲ့ ပရိတ်သတ်တွေကအမြဲမင်းနဲ့တူတူရှိနေမှာပါ”
“ရွှီချဲ ယုံကြည်ချက်ရှိရှိပျံသန်းလိုက်ပါ ချဲကောရဲ့ ပရိတ်သတ်တွေကအမြဲမင်းနဲ့တူတူရှိနေမှာပါ”
ပရိတ်သတ်များ၏ ကြွေးကြော်သံအားကြားနေရဆဲဖြစ်ကာ သူတို့မှာ ရူးသွပ်သွားကြသကဲ့သိုဖြစ်နေပြီး ၎င်းတို့တစ်ချိန်ကချစ်ခဲ့ဖူးသည့်အ မျိုးသားအား အပြင်းအထန်ကာကွယ်နေကြလေသည်။
ရှလုလုသည်မီနီဘတ်စ်ပေါ်သို့ နောက်ဆုံးတက်ခဲ့သူဖြစ်သည်။ သူမသည်ရဲစခန်း၏ မီနီဘတ်စ်ပေါ်သို့တက်လုနီးပါဖြစ်နေသော်ညား သူမခြေထောက်များမှာ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။
သူမအနားရှိ ရဲမေတစ်ဦးသည် သူမအားတားလိုက်လေသည်။
“မသွားနဲ့”
သူမသည် ရှလုလုဝမ်းနည်းနေမည်ကို ခန့်မှန်းမိသော်ညား သူမသည် မသွားနဲ့ဟုသာပြောလိုက်လေသည်။
သူမသည်ခံရသူဖြစ်သည် သို့သော် သူမကိုယ်သူမ လူမြင်ကွင်းတွင်ထုတ်ဖော်၍မရနိုင်ပေ။
ဤသည်မှာသူမအား သက်သေမပြပေးနိုင်ကာ သူမ၏ စုတ်ပြတ်နေသည့်ခန္ဓာကိုယ်ပေါ်ကိုသာ နောက်ထပ်အမာရွတ်တစ်ခု ထပ်တိုးသွားစေရုံသာဖြစ်သည်။
သို့ပေမဲ့ ရှလုလုသည်တစ်ခဏမျှတုံ့ဆိုင်းသွားသည်။ နောက်တစ်ခဏတွင် သူမ၏မျက်လုံးများမှာ အခိုင်မာဆုံးဖြတ်ထားပုံပေါ်နေကာ သူမသည် ပြန်လှည့်၍ပရိတ်သတ်များထံသို့ လျှောက်သွားခဲ့သည်။
ရဲမေသည် သူမအား တားချင်ပါသော်ညား နောက်ကျသွားပြီဖြစ်သည်။
ရှလုလုသည်ရွှီချဲ၏ ပရိတ်သတ်များထံသို့ လျှောက်သွားကာ သူမ မက်စ်ကို မတုံ့ဆိုင်းနေပဲချွတ်ပစ်လိုက်လေသည်။
ထိုအနားရှိပရိတ်သတ်များမှာ အံ့အားသင့်သွားပြီး ဘေးနာရှိသတင်းထောက်များမှာလည်း သူတို့အား ကင်မရာများနှင့်ဝန်းရံလိုက်ကြလေသည်။
“မင်းတို့ မျက်မြင်သက်သေလိုချင်ကြတာမလား၊ ငါက မျက်မြင်သက်သေပဲ”
ရှလုလုသည်ကျယ်လောင်စွာပြောလိုက်သည်။
“ရွှီချဲက ငါ့ရဲ့ညစ်ညမ်းတဲ့ပုံတွေကို ရိုက်ပြီးတော့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်တဲ့အကတွေ က,ခိုင်းတဲ့သူပဲ၊ နောက်ဆုံးကျ သူကငါ့ကို အဲဘော့စ်တွေအတွက် ဝန်ဆောင်မှုပေးဖို့ပါပြောခဲ့တာ၊ ဒါတွေအကုန်လုံးက အမှန်ပဲ၊ မင်းတို့တွေ အဲအသံဖိုင်က မင်းတို့ကောကို မှားပြီးစွပ်စွဲတာလို့ထင်နေကြတာမလား၊ ဒါပေမဲ့ ငါကသူဆိုတာကို အတည်ပြုပေးဖို့လာခဲ့တာပဲ၊ ငါကမျက်မြင်သက်သေပဲ”
အားပေးကာအလံများအားဝှေ့ယမ်းနေသည့် ပရိတ်သတ်များသည် ယခုတွင်တော့တစ်ဦးကိုယ်တစ်ဦး အံ့ဩစွာကြည့်နေကြလေသည်။ ၎င်းတို့သည်ဤသည်မှာ မှားယွင်းစွပ်စွဲချက်ဖြစ်နေသည်ဟု အမှန်တကယ်ပင်ယုံကြည်ထားကြကာ လူတစ်ဦးသည်ရွှီချဲအား သက်သေထွက်ဆိုရန်အမှန်တကယ်ရောက်လာကြမည်ဟုမထင်ခဲ့ကြပေ။
“မင်းရဲ့ စကားတွေကယုံနိုင်စရာမရှိဘူး”
ပရိတ်သတ်တစ်ဦးသည် ရှလုလုအားလက်ညိုးထိုးလိုက်ကာ
“အရင်တုန်းကအွန်လိုင်းပေါ်မှာ မင်းနဲ့ငါတို့ကောက ကောလဟလထွက်ဖူးသေးတယ်၊ မင်းက ငါတို့ကောရဲ့ကျော်ကြားမှုကိုအသုံးချချင်နေတာပဲ ငါတို့တွေ မသိဘူးလို့ထင်မနေနဲ့၊ မင်းငါတို့ကောကို ဆွဲဆောင်ဖို့ကြိုးစားခဲ့ပြီး မအောင်မြင်လို့ မင်းငါ့ကိုဒီလိုတွေလာပြောနေတာပဲ နင်ခွေးမရ”
“အဲဒါဆို နင်ကငါတို့ကောကို ဆွဲဆောင်ဖို့ကြိုးစားခဲ့တဲ့ခွေးမပေါ့”
“နင်ကငါတို့ကောကို အဲလိုလိင်ပိုင်းဆိုင်ရာ ဆွဲဆောင်တဲ့အကတွေ က,ပြပြီးဆွဲဆောင်ဖို့ကြိုးစားခဲ့တဲ့အပြင် နင်ကငါတို့ကောကိုစွပ်စွဲနေတာပေါ့၊ ဘယ်လိုတောင်ယုတ်မာရတာလဲ”
“ငါတို့ နင်ပြောတဲ့စကားတွေကိုမယုံဘူး”
ရှလုလုအေးခဲသွားခဲ့သည်။
ကင်မရာရှေ့တွင်မတ်တပ်ရပ်ကာ သူမခံစားခဲ့ရသည့်အရာများအားပြောရန် သတ္တိမွေး၍အရာအားလုံးအားဖော်ထုတ်လိုက်သော်ညား လေးစားနားလည်မှုမရသည့်အပြင် ပိုဆိုးဆိုးရွားသည့်ဆဲဆိုမှုနှင့် စော်ကားမှုများရမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ချက်ချင်းပင် သူမရင်ဘတ်ထဲတွင်လပေါင်းများစွာဖိနှိပ်ထားခဲ့ရသည့် မကျေနပ်ချက်များမှာ သူမနှလုံးသားထဲသို့တိုးဝင်လာကာ သူမ၏မျက်လုံးများသည်နီမြန်းလာခဲ့သည်။
ဘာလို့လဲ သူမှဘာများမှားခဲ့လို့လဲ။
သူမ၏မျက်လုံးထဲတွင်မျက်ရည်များဝဲလာကာ ကျလုဆဲဆဲပင်ဖြစ်သည်။
“ငါကလည်း မျက်မြင်သက်သေပဲ”
အခြားမိန်းကလေးတစ်ဦး၏အသံမှာ သူမှအနောက်ဘက်မှာထွက်ပေါ်လာခဲ့သည်။ ရှလုလုသည်အနောက်သို့လှည့်လိုက်ကာ Starry Sky မိန်းကလေးအဖွဲ့မှပြိုင်ပွဲဝင်တစ်ဦးသည်လည်း သူမ၏မက်စ်အားချွတ်ကာ မီနီဘတ်စ်ပေါ်မှဆင်းလာခဲ့လေသည်။
“လုလုပြောသမျှတွေအကုန်အမှန်ပဲ၊ ငါသူမ ကိုသက်သေခံပေးနိုင်တယ်၊ ဘာလို့လည်းဆိုတော့ အဲဒါတွေ ဖြစ်တုန်းက ငါလည်းသူမဘေးမှာရှိနေခဲ့လို့ပဲ”
“ငါလည်းသက်သေခံပေးနိုင်တယ်”
အခြားမိန်းကလေးတစ်ဦးသည်လည်း မီနီဘတ်စ်ထဲမှထွက်လာခဲ့သည်။
“ငါလည်းသက်သေခံပေးနိုင်တယ်”
“ငါရောပဲ”
“ငါရောပဲ”
အခြားမိန်းကလေးများသည်လည်း ပြောဖို့ရာအလျင်အမြန်ထွက်လာကြကာ သူတို့အားတားရန် ကြိုးစားနေသည့်ရဲမေ၏ကြိုးစားမှုအား လျစ်လျူရှူထားကြလေသည်။ သူတို့အားလုံးသည် သူတို့ မက်စ်များအားချွတ်လိုက်ကြကာ ရှလုလု၏ဘေးတွင်ရပ်လိုက်ကြသည်။
သတင်းထောက်များနှင့်ပါပါရာဇီများ၏ မီးအလင်းရောင်များမှာ မှိတ်လိုက်လင်းလိုက်ဖြစ်နေလေသည်။ မိန်းကလေးများသည် ယနေ့အဖြစ်အပျက်များကြောင့် ကြောက်ရွံ့နေကြဆဲဖြစ်ပြီး သူတို့၏ပုခုံးမှာ ထိန်းမနိုင်သိမ်းမရတုန်နေကြလေသည်။
သို့ပေမဲ့ သူမတို့သည် တစ်ဦး လက်အား တစ်ဦး တင်းကြပ်စွာကိုင်ထားကြပြီး သူတို့အရှေ့ရှိရွှီချဲ၏ပရိတ်သတ်များအား တိုက်ရိုက်ပင်ကြည့်နေကာ နည်းနည်းပင်မတုန်လှုပ်သွားခဲ့ပေ။
“ငါတို့အားလုံးကမျက်မြင်သက်သေတွေပဲ”
သူမတို့သည် ရွှီချဲပြစ်မှုများ၏မျက်မြင်သက်သေများဖြစ်ကာ ခံရသူများလည်းဖြစ်လေသည်။
“အရူးတွေ”
ရဲမေသည်သူမ၏ခြေထောက်အား ဒေါသထွက်စွာဖြင့်ဆောင့်လိုက်ပြီးနောက် သူမ၏မျက်လုံးများမှာလည်း နီရဲနေလေသည်။
“မင်းတို့တွေ အဲဒါကို တရားခွင်မှာပြောလို့ရတယ်လေ၊ ဘာလို့ငါ့ရှေ့မှာပြောနေကြတာလဲ”
ရွှီချဲသည် တရားဥပဒေအရရင်ဆိုင်ရမည်ဖြစ်ပြီး သူ၏ပြစ်မှုများမှာ အပြစ်ပေးခံရမည်ဖြစ်သည်။ သို့သော်ညား အတိတ်က နာကျင်မှုမှာအချိန်နှင့်အမျှပျောက်ကွယ်သွားစရာမလိုပေ။
သူတို့၏အဖြစ်အပျက်များပြောင်ပြောင်တင်းတင်းပေါ်လွင်လာသည်နှင့် အင်တာနက်သုံးစွဲသူများသည် သူမတို့ အကြောင်းအား ဆွေးနေသည့်အချိန်တိုင်း သူတို့အားထပ်မံနာကျင်နေမိမည်ဖြစ်သည်။
“ဒါက ဒုတိယအကြိမ်နာကျင်ရတာဖြစ်နိုင်ပေမဲ့ တစ်ချို့အရာတွေကသက်သေပြမှကိုရမယ်”
စုန့်ယွီနင်သည်ကားပေါ်မှနောက်ဆုံးဆင်းလာခဲ့သူဖြစ်သည်။ လူတိုင်း အံ့အားသင့်မှုများကြားတွင် သူမသည်ရှလုလုထံသို့ ကပ်သွားကာ သူမဘေးရှိမိန်းကလေးနှစ်ဦး၏လက်အားတင်းကြပ်စွာဆွဲကိုင်လိုက်လေသည်။ သူမသည် ရှလုလုနှင့်မိန်းကလေးများအားညင်သာစွာပြုံးပြလိုက်ပြီး တစ်ချက်လှည့်၍ သူမအရှေ့ရှိပရိတ်သတ်များကို ကြည့်လိုက်ကာ အမူအယာမှာ အေးစက်နေသည့်အပြင် မချိုသာာနေတော့ပေ။
“ငါစုန့်ယွီနင် Galaxy Girls ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ပဲ”
“ငါတို့တွေက ရွှီချဲရဲ့အပြစ်ရှိမှုကိုသက်သေခံပေးမဲ့ မျက်မြင်သက်သေတွေလည်းဖြစ်တယ်”
ပရိတ်သတ်များသည် တစ်တန်းတည်းရပ်နေသည့်မိန်းကလေးခုနစ်ယောက်အားကြည့်လိုက်ကာ လုံးဝအံ့ဩနေကြလေသည်။
“မင်းတို့ရူးနေကြတာလား”
ဦးဆောင်နေသည့် ပရိတ်သတ်တစ်ဦးမှာရေရွတ်လိုက်လေသည်။
“ချဲကောကိုဖျက်စီးနိုင်ဖို့အတွက် မင်းတို့တွေဒီလိုလုပ်ကြမယ်ပေါ့”
စုန့်ယွီနင်သည်သူမအားကြည့်လိုက်ကာ သရော်လိုက်သည်။
“အဲဒါဆို မင်းကငါတို့ခုနစ်ယောက်က ငါတို့ဖြူစင်မှုကိုသုံးပြီးတော့ မင်းရဲ့ကောကို အကွက်ချဖို့လုပ်နေတယ်လို့ထင်တယ်ပေါ့၊ ဒီကမ္ဘာကြီးမှာ စိတ်ရောဂါသည်တွေအများကြီးရှိနိုင်ပေမဲ့ ငါတို့အားလုံးက စိတ်ရောဂါသည်တွေလို့မင်းထင်လို့လား၊ ဒီလိုအချိန်မျိုးမှာ မင်းကိုယ်မင်းပြန်သုံးသပ်ပြီးတော့ မင်းကိုယ်မင်း ငါတို့ကောက တစ်ခုခုမှားနေလောက်မလားလို့ ပြန်မမေးနေသင့်ဘူးလား”
ဦးဆောင်သည့်ပရိတ်သတ်မှာအေးခဲကာ ရပ်သွားပြီး သူမ၏လက်သည်းများအားကိုက်နေကာ အလွန်အဆင်မပြေသည့်ပုံပေါက်နေလေသည်။
သူမသည်စုန့်ယွီနင်နှင့်အခြားသူများဝတ်ထားသည့်အဝတ်အစားများအားသတိပြုမိလေသည်။ ဤသည်မှာ Galaxy Girls ထုတ်လုပ်ရေးအဖွဲ့မှဖြန့်ချီသည့်ဝတ်စုံဖြစ်ပြီး ထိုထဲတွင်ထိုင်ခုံကိုးဆယ်ကိုးခုံသာရှိလေသည်။ အခြားပြိုင်ပွဲဝင်များမှာ လေ့ကျင့်ရေးနေရာတွင် အဆက်အသွယ်ဖြတ်လေ့ကျင့်နေကြသည်ဖြစ်၍ သူမတို့အရှေ့တွင်ရပ်နေကြသည့် မိန်းကလေးများမှာ တိုက်ရိုက်ထုတ်လွှင့်မှုတွင်ပါဝင်နိုင်သည့် မိန်းကလေးများပင်ဖြစ်သည်။
စုန့်ယွီနင်သည်သက်ပြင်းချပြီးအေးစက်စွာပြောလိုက်လေသည်။
“ရွှီချဲနဲ့တခြားသူတွေတွက်ထားတာမှန်တယ်၊ ငါတို့တွေဆုံးရှုံးသွားရင်တောင် ငါတို့တွေ ထုတ်ပြောကြမှာမဟုတ်ဘူး၊ ငယ်စဥ်ကလေးဘဝကတည်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့မိန်းကလေးတွေလိုမျိုး ညစ်ပတ်တဲ့အကြည့်တွေကနေရော ဥပဒေချိုးဖောက်တဲ့ကိစ္စတွေကနေ ကြမ်းတမ်းတဲ့အပြုအမူတွေအထိရှိပေမဲ့ မိန်းကလေးအနည်းစုကပဲ သူ့အတွက်သူရပ်တည်ပြီးတော့ ကျွန်မလိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတယ် အဲလူကကျွန်မကိုစော်ကားခဲ့တဲ့သူပါလို့ပြောကြလိမ့်မယ်၊ ဘာလို့လဲ အဲဒါကဆီလျော်ရဲ့လား”
“ဒါပေမဲ့ ငါတို့တွေထုတ်ပြောလိုက်တဲ့အခါ ငါတို့တွေက ခံရသူလို့အထင်ခံရမှာမဟုတ်ပဲ မင်းက အသားကပ်အနက်ရောင် ဝတ်ထားတာလား၊ စကပ်တိုလေး ဝတ်ထားတာလား၊ မိတ်ကပ်ကို လှလှလေးလိမ်းထားတာလား၊ အဝတ်လှလှလေး ဝတ်ထားတာလား၊ အဲဒါတွေက အမျိုးသားတစ်ယောက်ကို ဆွဲဆောင်ဖို့ပဲမဟုတ်ဘူးလားလို့ အမေးခံရလိမ့်မယ်”
စုန့်ယွီနင်သည် သူမကိုယ်သူမရယ်မောလိုက်ကာ သူမ၏မျက်လုံးများမှာ နီရဲလာပြီး မျက်ရည်များစီးကျလာခဲ့သည်။
“ဒါပေမဲ့ ငါကခံရသူမှန်းအသိအသာကြီးပဲလေ၊ ငါတို့တွေလှလှလေးဝတ်တယ်၊ ငါတို့တွေမိမိုက်တဲ့အဝတ်တွေဝတ်တယ်၊ အဲဒါတွေက ငါတို့ကိုအနိုင်ကျင့်ဖို့ အကြောင်းပြချက်ဖြစ်လာတာလား”
“ဒီနေ့ ငါ့ကို အပျက်မတစ်ယောက်အဖြစ် အရှက်ခွဲမယ်ဆိုရင်တောင် ငါ ငါ့အတွက်ငါရပ်တည်ပြီးတော့ လူယုတ်မှာ ရွှီချဲကိုဖော်ထုတ်သွားမှာ၊ သူက ငါတို့ကို ဆွဲခေါ်သွားခဲ့တဲ့သူပဲ၊ ငါတို့ကို လူမဆန်တဲ့အရာတွေလုပ်ချင်ခဲ့တဲ့သူပဲ၊ ငါတို့တွေကခံရသူတွေပဲ၊ ဒါကငါတို့ အမှားမဟုတ်ဘူး၊ အတိတ်မှာလည်းမဟုတ်သလို အခုမှာလည်းမဟုတ်ဘူး၊ သေချာပေါက် အခုမှာတော့မဟုတ်ဘူး”
စုန့်ယွီနင်၏အသံမှာ ကြည်လင်ပြတ်သားကာပဲ့တင်ထပ်နေလေသည်။ သူမစကားပြောပြီးချိန်တွင် ထိုနေရာရှိလူများအားလုံး တိတ်ဆိတ်သွားခဲ့သည်။ သင်္ဘောကျင်းသည်လုံးဝငြိမ်သက်နေကာ လှိုင်းလုံးသံများနှင့်အတူ သူမ၏စကားလုံးများ၏ပဲ့တင်ထပ်သံအား သယ်ဆောင်လာကာ ရှင်းလင်းနေသည့်ဆိပ်ကမ်းတစ်လျောက်ပဲ့တင်ထပ်သွားစေခဲ့သည်။ သတင်းထောက်များနှင့် ပါပါရာဇီများသည် အနားတွင်စုနေကြကာ ထိုမြင်ကွင်းအားရိုက်ကူး၍ သူတို့၏ ဝေ့ပေါ်တိုက်ရိုက်ထုတ်လွှင့်မှုတွင် ထုတ်လွှင့်ထားကြလေသည်။
[ဝိုး ဝိုး ဝိုး ကျဲပြောတာမှန်တယ်၊ ငါတို့တွေ လိင်ပိုင်းဆိုင်ရာစော်ကားခံနေရချိန်မှာ ငါတို့ကဘာလို့ ငါတို့ခေါင်းကိုမော့ဖို့အတွက် ကြောက်နေရမှာလဲ၊ အဲဒါက ငါတို့အမှားမှမဟုတ်တာ]
[စုန့်ယွီနင်ရဲ့ စကားတွေကိုငါတကယ်ပဲ ကိုယ်ချင်းစာမိတယ်၊ ငါကျောင်းမှာတုန်းက ငါကပိုစောစောဖွံ့ဖြိုးခဲ့ပြီးတော့ ယောက်ျားလေးတွေဆီကနေ ရည်ရွယ်ချက်ရှိရှိ အမြဲတမ်းအကြည့်ခံခဲ့ရပေမဲ့ ငါဆရာ့ကိုမပြောရဲခဲ့ဘူး၊ ဘာလို့ဆိုငါသာပြောခဲ့မယ်ဆိုရင် သူက ငါဂျက်ကတ်ထပ်မဝတ်ထားလို့ဆိုပြီးပဲပြောလိမ့်မယ်]
[နောက်ထပ်အနေနဲ့ ကောင်မလေးတွေ အဲပုံတွေကြောင့် မင်းတို့ကိုယ်မင်းတို့ တစ်ခုခုမှားနေပြီလို့မတွေးပါနဲ့၊ တကယ်ပြဿနာက အဲဒ်တွေကို ရိုက်ကူးခဲ့တဲ့ အမျိုးသားတွေပါ]
ရဲမေသည်စုန့်ယွီနင်၏ စကားများအားကြားပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ငယ်စဥ်ကလေးဘဝကစ၍ မိန်းကလေးများသည် ရှက်တတ်ရန်သင်ယူခဲ့ရပြီး အဖော်အချွတ်များမဝတ်ဖို့ရာနှင့် ကျိုးနွံတတ်ရန်သွန်သင်ခံခဲ့ရသည်။
မိန်းကလေးတစ်ဦး၏ မဖွယ်မရာပုံများဖော်ထုတ်ခံရခြင်းမှာ ရှက်စရာကောင်းပြီး လက်မခံနိုင်ဖွယ်ရာပင်ဖြစ်သည်။ သို့ပေမဲ့ မည်သည့်မိဘမှယောက်ျားလေးများအား မိန်းကလေးများကို ညစ်ညမ်းသည့်ပုံစံနှင့်မကြည့်န်ပြော၍ ဤသည်မှာ မှားယွင်းနေသည်ဟုမသင်ပေးခဲ့ပေ။
မိန်းကလေးတစ်ဦးအား ညစ်ညမ်းသည့်မှတ်ချက်များမပေးရပေ။ ဤသည်မှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုဖြစ်ပြီး မိန်းကလေးတစ်ဦးအား မထိသင့်ပေ။ ဤသည်မှာရာဇဝတ်ပင်ဖြစ်သည်ဟု မသင်ကြားပေးခဲ့ပေ။
မိန်းကလေးများသည် နာခံမှလွန်ကဲလွန်းကာ ကြီးပြင်းလာကြလေသည်။ စုန့်ယွီနင်နှင့်အခြားသူများ၏ ပြတ်သားသည့်အကြည့်များအား တိုက်ရိုက်ရင်ဆိုင်လိုက်ရချိန်တွင် ရွှီချဲ၏ပရိတ်သတ်များမှာ အပြစ်ရှိစိတ်ဖြင့် ခေါင်းငုံ့လိုက်ကြလေသည်။ သူတို့အားလုံးသည် မိန်းကလေးများဖြစ်ကာ အချို့မှာမူ စုန့်ယွီနင်ပြောသကဲ့သို့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုအဆင့်ဆင့်အား ခံစားခဲ့ရဖူးလေသည်။ ထိုကြောင့် ၎င်းတို့သည်စုန့်ယွီနင်၏ စကားများအား လေးလေးနက်နက်ပင်စာနာမိလေသည်။
အမှန်မှာ ပရိတ်သတ်များသည်ရွှီချဲအား လုံးဝမယုံကြည်ပေ။ ၎င်းတို့တွင် သံသယအနည်းအကျဥ်းတော့ရှိကြလေသည်။ သို့ပေမဲ့ နှစ်ပေါင်းများစွာချစ်ခဲ့ရသည့်ချစ်ခြင်းမှာ သူတို့၏မျက်လုံးအား ကွယ်စေခဲ့လေသည်။ လိမ်ညာသူများကိုဖော်ထုတ်သူ၏ ရုတ်တရက်ဖော်ထုတ်မှုသည် သူတို့အမြင်အားတုန်လှုပ်သွားနေကာ ၎င်းတို့အားတခဏမျှ လွတ်မြောက်ကာငြင်းဆိုစေချင်ခဲ့သည်။
ဤသည်မှာ နှစ်ပေါင်းများစွာချစ်ခဲ့ပြီး တစ်ဦးကိုယ်တစ်ဦးလုံးဝယုံကြည်ခဲ့ရာမှ ရုတ်တရက်သူစိမ်းတစ်ဦးသည် ကိုယ့်ကောင်လေးမှာဖောက်ပြန်နေသည်ဟု ပြောလိုက်သလိုပင်ဖြစ်သည်။ မင်းသည်မည်သူပင်ဖြစ်နေကာစေမူ မင်း၏ ပထမဆုံးတုံ့ပြန်မှုမှာ ငြင်းဆိုရန် မေးခွန်းထုတ်ရန်နှင့် အတည်ပြုခြင်းတို့ပင်ဖြစ်သည်။
နောက်ဆုံးတွင်တော့ အရာအားလုံးအား ရှင်းလင်းစွာမြင်လိုက်ရပြီး စိတ်ပျက်အားငယ်စွာနှင့် ပြတ်ပြတ်သားသားစွန့်လွှတ်လိုက်လေသည်။
စိတ်ခံစားချက်အစဆိုလျှင် စွန့်လွှတ်ခြင်းသည် ဆုပ်ကိုင်ထားခြင်းထက်ပို၍သတ္တိလိုအပ်လေသည်။
သင်္ဘောကျင်းရှိ ရွှီချဲ၏ဆိုင်းဘုတ်များမှာ တစ်ခုပြီးတစ်ခုမှိန်သွားခဲ့သည်။ ထိုပရိတ်သတ်များသည် နောက်ဆုံးတွင်တော့ ထိုအကြောင်းအာ းစိတ်ပျက်လက်ပျက်နှင့်လက်ခံလိုက်ကြလေသည်။
၎င်းတို့သည် Star Entertainment မှဖန်တီးထားသည့် ပြီးပြည့်စုံသော သူတို့၏ကိုယ်ပိုင်အတွေးကမ္ဘာထဲမှ ရွှီချဲကိုသာကြိုက်ကြခြင်းဖြစ်သည်။ သူသည်မိန်းကလေးတစ်ဦးအား ခြိမ်းခြောက်ကာ နာကျင်အောင်လုပ်မည့် လူဆိုးမျိုးမဟုတ်ပေ။
ဤဆက်ဆံရေးမှာ ယခုအချိန်ထိတည်ရှိလာပြီဖြစ်ကာ ယခုအချိန်မှာ ရပ်တန့်ဖို့ရာအချိန်ရောက်ပြီဖြစ်သည်။
ရွှီချဲ၏ပရိတ်သတ်များ ဆက်လက်မေးခွန်းမထုတ်တော့သည်ကို မြင်သောအခါ ရှလုလုနှင့်အခြားသူများသည် ပြန်လှည့်၍ ဘတ်စ်ကားပေါ်သို့ပြန်ကြလေသည်။
ထိုအချိန်တွင် ရဲမေ၏ဖုန်းမှာမြည်လာခဲ့သည်။ သူမသည်တစ်ဖက်ခြမ်းရှိ အသံအားနားထောင်ပြီးနောက် သူမ၏ မူလစိတ်ဓါတ်ကျနေသည့်မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
“ကျွန်မတို့လုပ်ဖော်ကိုင်ဖက်တွေက ရွှီချဲနဲ့ဝူရှင်းဘန့်ရဲ့ အိမ်ကိုသွားခဲ့ကြပြီးတော့ သူတို့တွေမင်းတို့ကိုခြိမ်းခြောက်နေတဲ့ ပုံတွေကိုရှာတွေ့ခဲ့ပါတယ်၊ သူတို့ရဲ့ထွက်ဆိုချက်အရ အဲဒါတွေက အရန်သင့်ထားထားတဲ့မိတ္တူနှစ်စုံပါပဲ ပြီးတော့ တခြားထားထားတဲ့ မိတ္တူတွေမရှိတော့ပါဘူး၊ အဲဓါတ်ပုံနှစ်ပုံကို ကျွန်မတို့ရဲတပ်ဖွဲ့က အမျိုးသမီးရဲအရာရှိတစ်ယောက်က သိမ်းပေးထားပါတယ်၊ အဲပုံတွေက ဝရားခွင်စီရင်ပြီး ပြစ်ဒါဏ်ချမှတ်ပြီးတာနဲ့ ချက်ချင်းဖျက်စီးပစ်မှာပါ”
Starry Sky မိန်းကလေးအဖွဲ့၏ပြိုင်ပွဲဝင်များမှာ ၎င်းတို့ထိုအရာအားကြားလိုက်ချိန်တွင် အလွန်ပင်စိတ်လှုပ်ရှားသွားကြသည်။
မိန်းကလေးတစ်ဦးမှာ နင်နေကာ တုန်ယင်စွာနှင့်ပြောလိုက်လေသည်။
“အဲဒါဆို ကျွန်မသူတို့ဆီကနေထပ်ပြီး ခြိမ်းခြောက်မခံရတော့ဘူးပေါ့နော်၊ ဟုတ်တယ်မလား”
ရဲမေသည် လေးပင်စွာခေါင်းညိတ်လိုက်ကာ
“ဘယ်တော့မှပဲ”
ထိုစကားလုံးများထွက်လာချိန်တွင် မိန်းကလေးများ၏ စိုစွတ်နေသည့်မျက်လုံးများမှာ ဆက်မထိန်းနိုင်တော့ဘဲ မျက်ရည်များသည်လည်း ပြတ်သွားသည့်ကြိုးတစ်ချောင်းမှ ပုလဲများကဲ့သို့ပြုတ်ကျလာခဲ့သည်။
သူတို့သည် တစ်ဦးကိုယ်တစ်ဦး တင်းကြပ်စွာဖက်၍ ကျယ်လောင်စွာငိုကြွေးနေခဲ့ကြပြီး သူတို့၏မျက်ရည်များမှာ အဝတ်များပေါ်သို့ စိုစွတ်ကုန်စေလေသည်။