← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

Chapter 75

ရုံးခန်းထဲ၌ လော့ဟိန်မှာ မျက်မှောင် တင်းတင်းကြုတ်ထားလေသည်။

ဇိမ်ခံသဘော်ကြီးအပေါ်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်များသည် လွန်ခဲ့သည့် ၁၂နာရီကတည်းကပင် ပြီးသွားပြီဖြစ်သော်လည်း သူ့ဖုန်းမှာမူ အဆက်မပြတ် မြည်နေခဲ့သည်။

သူ၏ လက်ထောက်သည် စိတ်လောနေသည့်အပြင် မျက်နှာပေါ်၌ ကြောက်ရွံ့တုန်လှုပ်နေသည့် အမူအရာများပေါ်နေလေသည်။

“မစ္စတာလော့၊ ရဲတွေက ဒီတစ်ခေါက် လှုပ်ရှားတာ မြန်လွန်းတယ်၊ ပြီးတော့ အထက်အရာရှိတွေရဲ့ ညွှန်ကြားချက်တွေအရတော့ အဖမ်းခံထားရတဲ့ သူဌေးအကုန်လုံးကို အာမခံနဲ့တောင် ထုတ်လို့မရဘူးတဲ့”

လော့ဟိန်၏ အမူအရာမှာ ဒေါသများဖြင့် လေးလေးနက်နက်စဉ်းစားနေခဲ့ပြီး အက်ကွဲနေသည့်အသံဖြင့် မေးလာခဲ့သည်။

“ဇိမ်ခံသဘော်ပေါ်မှာ မပါလာတဲ့ သူဌေးတွေကျရော”

လက်ထောက်သည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချကာ ခေါင်းခါလိုက်လေသည်။

“ဖမ်းခံထားရတဲ့ သူဌေးတွေက ဘာမှမပြောရင်တောင်မှ ရဲတွေက ဆက်ရှာကြလို့ တွေ့သွားကြမှာပဲ၊ သူတို့က အလိုတူ အလိုပါတွေပဲလေ၊ အဲဒါကြောင့် အဆက်အသွယ်ရှိကြတယ်၊ အခု ကျွန်တော်တို့နဲ့ အဆက်အသွယ်ရှိတဲ့ သူဌေးတွေအကုန်လုံးကိုတော့ ရဲစခန်းခေါ်သွားကြပြီ၊ ကျွန်တော်တို့ အချိန်အကြာကြီး ကျန်းချန်မြို့မှာ တည်ဆောက်ထားတဲ့ ကွန်ရက်ကြီးက လုံးလုံးပျက်စီးသွားတာပဲ..”

လော့ဟိန်သည် စိတ်ပျက်အားလျော့စွာဖြင့် သူ၏ မျက်လုံးများကို မှိတ်လိုက်လေသည်။

သူသည် ကျန်းချန်မြို့၌ ဆယ်စုနှစ်တစ်ခုကြာအောင်ပင် အပတ်တကုတ်ကြိုးစားခဲ့ရပြီး နောက်ဆုံး၌ အဖြူနှင့် အမဲ လောကနှစ်ခုလုံးကို အောင်မြင်စွာဖြင့် လွှမ်းမိုးနိုင်ခဲ့ကာ ထိုလောက၌ ငွေအမြောက်အများ ရှာနိုင်ခဲ့လေသည်။

သို့သော် တစ်ခုတည်းသော ရှုံးနိမ့်မှုသည် အရာအားလုံးအား ဤမျှပျက်စီးလုနီးပါး ဖြစ်သွားစေမည်ဟု သူ မထင်ထားခဲ့ပေ။

လိမ်ညာသူများကိုဖော်ထုတ်သူ၏ ထုတ်ဖော်ချက်များမှာ သူအားကာကွယ်ပေးနေသည့် စီးပွါရေးလုပ်ငန်းရှင်များအား အပြည့်အဝ ဖျက်ဆီးပစ်လိုက်သလိုပင်။

သူတို့၏ ကာကွယ်ပေးမှုအောက်တွင် ကျန်ရှိနေသော စီးပွါးရေးလုပ်ငန်းများအား ရှာ၍မတွေ့ခြင်းသည်လည်း ကံကောင်းခြင်းတစ်မျိုးပင်ဖြစ်သည်။

ထိုကာကွယ်ပေးနေသည့် စီးပွါရေးလုပ်ငန်းရှင်များ မရှိတော့ပါက ထိုစီးပွါးရေးလုပ်ငန်းများမှာ ဖော်ထုတ်ခံရမည်ဖြစ်ပြီး အနာဂတ်၌ ဖွံ့ဖြိုးတိုးတက်မှုများမှာ ရပ်တန့်သွားခဲ့မည်ဖြစ်သည်။

လော့ဟိန်သည် ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး အလွန်စိတ်တိုနေသည့် အကြည့်များဖြင့် ကြည့်ကာ သူ၏ အလုပ်စားပွဲခုံကို လက်သီးဖြင့် ထိုးချလိုက်သည်။

ထို စားပွဲခုံပေါ်ရှိ ဖန်မျက်နှာပြင်တစ်ခုလုံးသည် ချက်ချင်းပင် ရေခဲမှုန်လေးများကဲ့သို့ ကြေကွဲသွားခဲ့သည်နှင့်အတူ ဖန်ကွဲသံများ ထွက်လာခဲ့သည်။

လိမ်ညာသူများဖော်ထုတ်သူက တကယ့်အဖျက်ကောင်ပဲ။

ချန်မင်ကျယ် ကိစ္စကနေ Galaxy Girls ကိစ္စ၊ ပြီးတော့ ရွှီချဲကိစ္စထိတောင် သူတို့က ဘာလို့ သူ့ရဲ့အစီအစဉ်တွေကို ထပ်ခါထပ်ခါ ဖျက်ဆီးနေရတာလဲ။

အဲ acc ရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာကိုရှာပြီး တွေ့တဲ့အချိန်ကျရင် တစ်စစီ ဆွဲဖြဲပြစ်မယ်။

“သူဌေး လော့၊ အဲသူဌေးတွေအကုန် ဖော်ထုတ်ခံလိုက်ရပြီ ဒါပေမဲ့ အဓိက အချက်က သူတို့ ကျွန်တော့်တို့ကို ဖော်လိုက်ရင်ရော”

လက်ထောက်မှ အလွန်စိတ်ရှုပ်နေသည့်ပုံပေါ်ကာ ကြောက်ရွံ့တုန်လှုပ်နေသည့် အသံဖြင့် ပြောလာခဲ့သည်။

“တကယ်လို့ ကျွန်တော်တို့သာ ဖော်ထုတ်ခံလိုက်ရရင် သွားပြီပဲ”

လော့ဟိန်၏ အသံမှာ စိတ်ပျက်အားလျော့နေသည့်အသံဖြစ်နေခဲ့သည်။

“သူတို့ မလုပ်ရဲပါဘူး၊ ရွှီချဲနဲ့ အဲသူဌေးတွေရဲ့ မိသားစုတွေက ဒီမှာပဲရှိနေကြသေးတာ၊ ငါတို့ရဲ့ နည်းလမ်းတွေကို သိနေသရွေ့ သူတို့ လွယ်လွယ်လေးနဲ့ ထုတ်ပြောကြမှာမဟုတ်ဘူး”

“ပြီးတော့ ဒီအနုပညာရှင်တွေကို လိင်ကိစ္စအတင်းဖိတာတွေက ငါတို့နဲ့ ပတ်သတ်နေတာကို ရှာမတွေ့ခဲ့ရင်တော့ ရက်အနည်းငယ်လောက်ပဲ ထောင်ကျမှာ၊ တကယ်လို့ သူတို့သာ ဒီအကြောင်းတွေဖော်လိုက်ရင်တော့..”

လော့ဟိန်၏ အကြည့်များမှာ ရုတ်တရက်ပင် ခက်ထန်လာခဲ့သည်။

“အဲဒါက သေဒဏ်ပဲ၊ ထောင်ကျတာနဲ့ သေဒဏ် နှစ်ခုကြားမှာ ဘာရွေးရမလဲဆိုတာကို သူတို့ ကောင်းကောင်းသိပါတယ်”

လော့ဟိန်သည် ခေါင်းမော့လာ၍ လက်ထောက်အား ပြောလိုက်လေသည်။

“ဒီကျန်းချန်မှာ ကာကွယ်ပေးမဲ့သူ မရှိတော့လို့ စီးပွါးရေးတွေက ဆက်လုပ်လို့မရတော့ဘူး၊ order နည်းနည်း လုပ်ပြီးသွားရင် အင်တာနက်ကဖေး ပိတ်ပြီး တစ်ခြားနေရာပြောင်းကြမယ်”

လက်ထောက်သည် နားလည်သည့်သဘောဖြင့် ခေါင်းငြိမ့်လိုက်ပြီးတော့ စိုးရိမ်စွာဖြင့် မေးလာခဲ့သည်။

“ဒါပေမဲ့ ဘယ်သူက အဲနည်းပညာရှင်တွေကို ပို့မှာလဲ သူဌေး၊ ကျွန်တော်တို့ ရှဲ့လုပ်ငန်းစုနဲ့ ပူးပေါင်းချင်တာက သူတို့ရဲ့ ပို့ဆောင်ရေးအရည်အသွေးတွေကို စိတ်ဝင်စားလို့ပါ၊ ဒါပေမဲ့ ရှဲ့ကျစ်ရှင်းက သစ္စာဖောက်ဆိုတော့ ကိစ္စတွေက ရှင်းနေပါပြီ၊ အခုချိန် ကျန်းချန်မှာ ပို့ဆောင်ရေး ကုမ္ပဏီအကောင်းစားတွေ သိပ်မရှိပါဘူး”

လော့ဟိန်သည် မျက်မှောင်ကြုတ်လိုက်ပြီး နည်းလမ်းများကို စဉ်းစားနေခဲ့သည်။

သူသည် ရုတ်တရက်ပင် တစ်စုံတစ်ခုကို တွေးမိသွားခဲ့ပြီး သူ၏မျက်လုံးတွင် ကောက်ကျစ်စဉ်းလဲသည့်အကြည့်တစ်ခု ပေါ်လာခဲ့သည်။

“ဥက္ကဌရှ ကျန်သေးတယ်မလား”

“ဥက္ကဌရှလား”

လက်ထောက်မှ ခေါင်းရှုပ်သွားကာ မေးလာခဲ့သည်။

“သူက ကျွန်တော်တို့နဲ့ မပူးပေါင်းချင်လို့ ရှောင်နေတာ နှစ်တွေကြာနေပြီမဟုတ်လား၊ ကျွန်တော်တို့ကို ကူညီပါ့မလား”

လော့ဟိန်မှ လှောင်သလိုလိုဖြင့် ရယ်လိုက်လေသည်။

“အဲအဘိုးကြီးကို အရင်တုန်းက ငါအများကြီး ကူညီပေးခဲ့တာပါ၊ ငါတို့က တစ်လှေတည်း စီးနေတဲ့သူတွေပဲ၊ သူက ငါတ်ို့နဲ့ ဝေးဝေးရှောင်နေနိုင်မယ်လို့ ထင်နေတာလား၊ သူ့ကို သွားရှာလိုက်”

****

ဇိမ်ခံသင်္ဘောကြီးပေါ်တွင် လေပြေလေညှင်းလေးများ တိုက်ခတ်နေပြီး ထိုလေထဲတွင် ပင်လယ်ရေ၏ အငံဓာတ်ရနံ့များနှင့် စိုစွတ်သည့် ပင်လယ်ရေရနံ့များ ပါဝင်နေလေသည်။

ပင်လယ်နှင့် ကောင်းကင်ကြီးတို့ ဆုံစည်းသည့်အခါ၌ အထပ်ထပ်ရှိသော လှိုင်းများ ပေါ်လာခဲ့ပြီး ထိုလှိုင်းများမှာ တောက်ပနေလေသည်။

ဇိမ်ခံသင်္ဘောပေါ်ရှိ စားပွဲခုံပေါ်၌ရှိနေသော နမူနာအိတ်ကလေးထဲတွင် ပန်းရောင်ဆေးပြားတစ်ခုရှိနေ၏။

ထိုအရာ၏ ဘေးနားတွင် လင်ရှီချန်၊ ရှလုလုနှင့် ရှပိုင်လုတို့ အသီးသီး၏ ဆီးစစ်ထားသော ရလဒ်များရှိနေသည်။

ရှချန်းချန်းသည် အရာရှိကျောက်၏ ထင်မြင်ချက်ကို ရင်ဆိုင်ရန်အတွက် အသက်ပြင်းပြင်းရှုလိုက်လေသည်။

“အရာရှိကျောက်၊ ဒီဆီးစစ်ဆေးမှုရလဒ်တွေက ဆင်တူနေတယ်ဆိုတာနဲ့ပဲ ကျွန်မ မားမားကို သတ်ခဲ့သူဆိုပြီး သက်သေပြဖို့ မလုံလောက်သေးပါဘူး၊ ကျွန်မအထင်ရဆိုရင် ရှင် ဆေးဘက်ဆိုင်ရာပညာရှင်တစ်ယောက်ကိုခေါ်ပြီး ဒီဆီးစစ်ဆေးချက်ရလဒ်တွေကို ကြည့်ခိုင်းလိုက်ရင် ဖြစ်နိုင်တဲ့အကြောင်းတရား အခု ၁၀၀လောက်ကို ပြောနိုင်လောက်တယ်၊ ပြီးတော့ ဒီဟာက တရားနည်းလမ်းမကျဘူးလေ”

“သက်သေက ဒီတစ်ခုတည်းရှိတယ်ဆိုရင်တော့ ကျွန်တော်ဒီလို သေသေချာချာ ပြောရဲမှာ မဟုတ်ပါဘူး”

အရာရှိကျောက်၏ မျက်လုံးများမှာ တောက်ပနေပြီး သူ၏ ထင်မြင်ချက်အပေါ် အလွန်ယုံကြည်ချက်ရှိနေပုံပေါ်နေသည်။

“အဓိက အကြောင်းအရင်းကတော့ အဲတုန်းက အခြေအနေကြောင့်ပဲ၊ မင်းမားမား ဒီပြသာနာတွေ မကြုံရခင်က ကျွန်တော်ဆီ လာခဲ့သေးတယ်၊ အဲတုန်းက သူပြောတာကတော့ မင်းပါးပါးရဲ့ အကြောင်းကို ရှာတွေ့ပြီဆိုပြီး..”

သူ၏ စကားမဆုံးခင်မှာပင် ဇိမ်ခံသဘော်ပေါ်၌ ခြေသံများ ကြားလာရပြီး အရာရှိကျောက်၏ စကားကို ဖြတ်ပြောလိုက်သည်။

ရှချန်းချန်းနှင့် အရာရှိကျောက်တို့ လှမ်းကြည့်လိုက်သည့်အခါ၌ သခင်လေးရွှီမှ ယောကျာ်လေးတစ်ယောက် ခေါ်လာသည်ကို မြင်လိုက်ရသည်။

ထိုနေရာ၏ ရှုထောင့်ကြောင့် ထိုယောကျာ်လေး၏ အသွင်အပြင်မှာ ဇိမ်ခံသဘော်ကြီး၏ အရိပ်နှင့် ဖုံးလွှမ်းနေလေသည်။ သူတို့သည် ထိုယောကျာ်လေးအား မမြင်ရသေးဘဲ သူ၏အသံကိုသာ အရင်ဆုံးကြားလိုက်ရလေသည်။ သူ၏ အသံသည် အနည်းငယ်တိုး၍ ဆွဲဆောင်မှုရှိသည့်အပြင် နားဝင်ချိုလေသည်။

“ချန်းချန်း မင်း အန်တီအကြောင်းသိချင်တာကို ဘာလို့ ကိုယ့်ကို လာမမေးတာလဲ”

သူသည် ဇိမ်ခံသဘော်၏ အရိပ်အောက်မှထွက်လာသည့်အခါ၌ ရှချန်းချန်းမှာ သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်၊

သူမသည် အလွန်အံ့ဩသွားခဲ့ပြီး ပြောစရာပင်ပျောက်သွားခဲ့သည်။

“ကော”

ထိုနေရာသို့ ရောက်လာသည့်မှာ အခြားသူ မဟုတ်ပေ ရှထျန်ဟွာပင် ဖြစ်၏။ သူ၏ မျက်နှာပေါ်၌ အထက်တန်းလွှာဆန်ဆန်ပုံစံရှိနေသေးသည်။

သူသည် ရှချန်းချန်းဘေး၌ရှိနေသော အရာရှိကျောက်ကို မြင်လိုက်သည့်အခါ၌ ခဏတာ အံ့ဩမှင်သက်သွားသော်လည်း သူ၏ တည်ငြိမ်အေးစက်သည့် အထက်တန်းလွှာပုံစံအား ပြန်လည်လုပ်ယူလိုက်ပြီး အရာရှိကျောက်အား ခေါင်းငြိမ့်ပြလိုက်လေသည်။

ရှချန်းချန်းသည် ထိုလူနှစ်ယောက်၏ အမူအရာများကို လိုက်ကြည့်နေလေသည်။

သူတို့သည် အချင်းချင်း စကားမပြောကြသော်လည်း အချိန်အတော်ကြာ ရင်းနှီးနေခဲ့သည့်သူများဖြစ်သည့်ပုံ ပေါ်နေ၏။

ထို့နောက် ရှထျန်ဟွာသည် သူ၏ဘေးတွင် ခိုးကြောင်ခိုးဝှက်လုပ်နေသော လူတစ်ယောက်အား ရုတ်တရက် ဆွဲခေါ်လိုက်လေသည်။

ထိုလူသည် အလွန်ပင်ကြောက်ရွံ့နေပြီး တစ်ခုခုကို သတိထားနေသည့်ပုံပေါ်နေသည်။

သူသည် လူအများအရှေ့သို့ ဆွဲခေါ်ခံလိုက်ရသည့် အချိန်၌ အလွန်ပင်ကြောက်နေကာ တဆတ်ဆတ်တုန်ရီနေခဲ့သည်။

“ကျွန်တော်က သူခိုးမဟုတ်ပါဘူး တကယ်ပြောတာပါ၊ သူခိုးမဟုတ်ပါဘူး” ဟု ထိုလူမှ ကြောက်လန့်တကြားဖြင့် ပြောလာခဲ့သည်။

သူသည် ရှချန်းချန်းအား မြင်လိုက်သည့်အခါ၌ ချက်ချင်းပင် လှိမ့်၍ တွားသွားသည့်ပုံစံဖြင့် ရှချန်းချန်း၏ ခြေထောက်နားသို့ သွားလိုက်လေသည်။

“သူဌေးရှရေ၊ ဒီမစ္စတာရှက ကျွန်တော်မစ္စရှပိုင်လုအိမ်ကို ခိုးဝင်တဲ့သူခိုးဆိုပြီး သံသယရှိနေလို့ပါ၊ သူဌေး ဒါကို ကူပြီး ရှင်းပြပေးပါဦး၊ ကျွန်တော် တကယ်သူခိုးမဟုတ်ပါဘူး၊ မစ္စရှပိုင်လုရဲ့ ကိစ္စတွေကို စုံစမ်းဖို့ သူဌေးပဲကျွန်တော့်ကို ခိုင်းထားတာလေ”

ရှချန်းချန်းသည် သူ့အရှေ့တွင်ရှိသော လုံးဝမရင်းနှီးသည့်မျက်နှာကိုကြည့်ကာ သူမ၏စိတ်များရှုပ်ထွေးနေခဲ့သည်။

“Hostရေ Host၊ သူက ငါတို့လူပဲ၊ မုန့်ရှင်းရဲ့ ကိစ္စတွေကို စုံစမ်းဖို့ ငှါးခဲ့တဲ့ ကိုယ်ပိုင်သီးသန့်စုံထောက်ပဲလေ၊ ပြီးတော့ သူအလုပ်ကို ကောင်းကောင်းလုပ်တယ်လို့ Host မထင်ခဲ့ဘူးလား၊ အဲဒါကြောင့် ကျွန်တော် ရုပ်ဖျက်ပြီး သူ့ကို ရှပိုင်လုရဲ့ကိစ္စတွေ စုံစမ်းဖို့ ခိုင်းလိုက်တာ”

ရှချန်းချန်းသည် သတိရသွားခဲ့ပြီး ထိုအရာမှာ အမှန်ပင် ဖြစ်သည်။

မူလတွင် ကိုယ်ဝန်အငှါးဆောင်ပေးသည့် သူမှာ ယဲ့ရှီဝမ်နှင့် သူမသူငယ်ချင်းတို့၏ အိမ်ယာတွင် ပုန်းနေသည်ဟု ရှချန်းချန်းမှ သံသယရှိသော်လည်း မည်သူဖြစ်သည်ကို အတည်ပြုရန်မှာ အချိန်များစွာသုံးရမည်ဖြစ်သောကြောင့် ရှချန်းချန်းသည် စနစ်အား လုပ်ခိုင်းလိုက်ခြင်းဖြစ်သည်။

စနစ်သည် အရေးပါသော အထောက်အကူပြုသည့် AI တစ်ခုဖြစ်သော်လည်း သူ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် ရှချန်းချန်းအား မကူညီနိုင်ပေ ထို့ကြောင့် အတွင်းရေးမှူးပုံစံဟန်ဆောင်ကာ စုံစမ်းစစ်ဆေးရန်အတွက် ကိုယ်ပိုင်စုံထောက်များ ငှါးထားခြင်းဖြစ်သည်။

သူမ၏အရှေ့တွင် ရှိနေသော သူ လီရှုသည် ကိုယ်ပိုင်သီးသန့်ငှါးထားသည့် စုံထောက်တစ်ယောက်ဖြစ်ပြီး ယခင်က မုန့်ရှင်းအား ပစ်မှတ်ထားခဲ့သူပင် ဖြစ်သည်။

ရှချန်းချန်း အတွေးမှာ သူသည် အတော်လေး လိမ္မာပါးနပ်သူဖြစ်ပြီး စနစ်၏ ဖော်ပြချက်များအရ သူသည် လျှို့ဝှက်စုံစမ်းရာတွင် အလွန်တော်သော်ကြောင့် မည်သည့်မေးခွန်းမှ မမေးခဲ့ဘူးပေ။

ထို့နောက် ရှချန်းချန်းသည် ရှယုံဒယ်၏ သမီးအရင်း မဟုတ်ကြောင်း သိသွားပြီးနောက်တွင် သူမသည် လီရှူအား ရှပိုင်လု၏ အတိတ်ကကိစ္စများကို စုံစမ်းရန် ခိုင်းခဲ့လေသည်။

“ကောရေ ကျွန်မက မားမားရဲ့ ကိစ္စတွေကို သိချင်လို့ သူ့ကို စုံစမ်းခိုင်းခဲ့တာပါ”

ရှချန်းချန်းမှ ရှထျန်ဟွာကို ရှင်းပြလိုက်လေသည်။

အခြေခံသဘောတရားအရ ကိုယ်ပိုင်စုံထောက်များသည် သူတို့ဖောက်သည်များ၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းပေးရလေသည်။

သို့သော် သူ့ဖောက်သည်၏ ဝမ်းကွဲအစ်ကိုမှ သူ့အား ဖမ်းမိသွားခြင်းဖြစ်ပြီး အကယ်၍ သူသည် ဝန်မခံခဲ့ပါက သူခိုးအဖြစ်စွပ်စွဲ၍ ရဲလက်အပ်ခံရမည်ဖြစ်သည်။

သူသည် ရှချန်းချန်း ခိုင်းသည်ဟု ပြောလိုက်ခြင်းမှာ နားလည်ပေးနိုင်လေသည်။

သူမပြောလိုက်သောစကားသည် ရှထျန်ဟွာအား ယုံကြည်နိုင်စေလောက်သည့် မခိုင်မာသောကြောင့် အေးဆေးတည်ငြိမ်စွာဖြင့် ဆက်ပြောလာခဲ့သည်။

“ဘာလို့လဲဆိုတော့ ကျွန်မက ရှယုံဒယ်ရဲ့ သမီးအရင်းမဟုတ်ဘူးဆိုတာ သိနေလို့ပဲ”

“မင်းသိနေတာလား”

ရှထျန်ဟွာ၏မျက်နှာပေါ်၌ ထူးဆန်းသည့် အမူအရာတစ်ခု ဖြစ်သွားခဲ့သည်၊

ရှချန်းချန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး “ဒါဆို ကောလည်းသိနေတာလား” ဟု မေးလိုက်လေသည်။

ရှထျန်ဟွာမှာ ပြောစရာစကားပျောက်သွားခဲ့သည်။

ထိုအချိန်တွင် သူမ၏ဘေးတွင်ထိုင်နေသော အရာရှိကျောက်၏ အကြည့်များမှာလည်း အနည်းငယ် တွေဝေနေသည်ကို ရှချန်းချန်းမှ ရိပ်မိသွားခဲ့သည်။

ရှချန်းချန်းသည် ခဏငြိမ်သက်သွားပြီးနောက် မျက်ခုံးပင့်လိုက်တာ မေးလာခဲ့သည်။

“အရာရှိကျောက် ရှင်ရော သိနေတယ်လို့တော့ မပြောနဲ့နော်”

အရာရှိကျောက်သည် မလုံမလဲဖြင့် သူ၏နှာခေါင်းကို ပွတ်လိုက်လေသည်။

“ကျွန််တော်ပြောချင်တာက အဲဒါကလေ မင်းရဲ့ နောက်ခံအကြောင်းနဲ့ တစ်ခုခုပတ်သတ်နေတယ်”

ရှချန်းချန်းသည် အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

ဒါဆိုရင် သူက ရှယုံဒယ်ရဲ့ သမီးအရင်း မဟုတ်ဘူးဆိုတာကို သိပြီးတဲ့နောက်မှာ မူလပိုင်ရှင်က သူ့မားမားရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့ အတော်လေး စိတ်နှစ်ထားခဲ့တဲ့အပြင် ရှပိုင်လုရဲ့ ဖောက်ပြန်တဲ့ကိစ္စတွေကို ရှမိသားစုက လူတွေပြောနေကြမှာ ကြောက်နေတာ။ တကယ်တမ်းကျ အကုန်လုံးက သိနေခဲ့ကြတာလား။

ဒါမှမဟုတ်…

ရှချန်းချန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

ထိုအရာမှာ သူမ ထင်သလောက် မရိုးရှင်းတော့ပေ။

ရှပိုင်လုက ဖောက်ပြန်ခဲ့တာလား။

ရှထျန်ဟွာသည် အခေါက်ခေါက်အခါခါပြောင်းလဲနေသော ရှချန်းချန်း၏မျက်နှာပေါ်မှ အမူအရာကို ကြည့်၍ အလွန်ပင် စိတ်ဝင်စားနေခဲ့သည်။

“ချန်းချန်း မင်းနားလည်မှုလွဲနေတယ်၊ အန်တီက ဖောက်ပြန်ခဲ့တာမဟုတ်ဘူး၊ အဲဒါက သဘောတူထားတဲ့ဆက်ဆံရေးပဲ”

ရှပိုင်လု၏ ဇာတ်လမ်းမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းကပင် ဖြစ်သည်။ ယခင်အချိန်တုန်း၌ ရှချန်းချန်းမှာ မမွေးဖွားလာသေးသည့်အပြင် ကျန်းချန်းမြို့တွင်လည်း “ ပထမမိသားစု” ဟု ခေါ်သည့် အရာများလည်း မရှိပေ။

ကျန်းချန်၏ အင်အားအကြီးဆုံးနှင့် ကြွယ်ဝအချမ်းသာဆုံး မိသာစုလေးခုထဲတွင် ရှဲ့၊ဟန်၊ရှ နှင့် လုမျိုးရိုးများ ပါရှိကြသည်။

ရှပိုင်လုသည် ရှမိသားစု၏ တစ်ဦးတည်းသောသမီးဖြစ်ပြီး အနာဂတ်တွင် ရှလုပ်ငန်းစု၏ အမွေဆက်ဆံမည့် သူပင်ဖြစ်သည်။

သူမအား ပိုးပန်းသည့် ယောကျာ်းလေးများသည် ရှိမိသားစု၏ အိမ်တံခါးကိုပင် ပြိုလဲလုနီးပါး ရှိနေခဲ့သည်။

ရှယုံဒယ်သည်လည်း သူတို့ထဲမှ တစ်ယောက်အပါအဝင်ပင်ဖြစ်သည်။

ရှယုံဒယ်၏ မိဘများမှာ ရှမိသားစု၏ အလုပ်သမားဟောင်းများဖြစ်ပြီး သဘော်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ကြခြင်းဖြစ်သည်။

ဥက္ကဌရှသည် ကုမ္ပဏီအတွက် သူ၏ အကူအညီပေးမှုများကို ကျေးဇူးတင်သည့်အနေဖြင့် ရှယုံဒယ်ကို သူ့သားအဖြစ် မွေးစားခဲ့သည်။

ဥက္ကဌရှသည် သူ့အား ငွေကြေးထောက်ပံ့ပေးခဲ့ခြင်ရကြောင့် ရှယုံဒယ်သည် သူ၏ မျိုးရိုးနာမည်ကို ကြည်ကြည်ဖြူဖြူပင် ပြောင်းလဲခဲ့လေသည်။

ရှပိုင်လုနှင့် ရှယုံဒယ်တို့သည် ငယ်ချစ်ဦးများဖြစ်ကြပြီး အတူတူကြီးပြင်းလာခဲ့ကြသည်။ သူတို့၏ နီးကပ်နေသည့် ဆက်ဆံရေးကြောင့် ယခင်က သူတို့အား အတွဲတစ်တွဲအဖြစ် သတ်မှတ်ခဲ့ကြသည်။

ရှထျန်ဟွာ : “ တကယ်တော့ အဲလို့မဟုတ်ဘူး”

“ကော ငယ်ငယ်တုန်းက ဘာမှသိပ်နားမလည်ပေမဲ့ ပါးပါးပြောတာကတော့ အန်တီက သူ့ကို လိုက်ပြီးပိုးပန်းတဲ့သူတွေကို ရှောင်ချင်လို့ ရိုးရိုးရှင်းရှင်းနဲ့ပဲ ရှယုံဒယ်ကို အကူအညီတောင်းခဲ့တာတဲ့”

ရှပိုင်လုသည် ရှယုံဒယ်အား အကူအညီတောင်းခဲ့ပြီး ရှယုံဒယ်သည် သူတို့ဆက်ဆံရေးကို နားလည်မှုလွဲနေကြောင်း သိသော်လည်း စိတ်ထဲမထားခဲ့ပေ။ ထိုအရာသည် နှစ်ဦးနှစ်ဖက်အကျိုးရှိသောဆက်ဆံရေးတစ်ခုပင်ဖြစ်၏။

မမျှော်လင့်ထားမိဘဲ ဥက္ကဌသည်လည်း သူတို့၏ဆက်ဆံရေးအား နားလည်မှုလွဲနေခဲ့သည်။

သူသည် ရှပိုင်လုအား အဝေးသို့ပို့၍ လက်ထပ်ပေးမည့်အစား သူတို့အား အတူတူလက်ထပ်ပေးလိုက်၍ ရှမိသားစုထဲတွင်သာ ထားရခြင်းသည် ပိုကောင်းသည်ဟု တွေးလိုက်လေသည်။

သူမ ပါးပါး၏ စိတ်ကူးကို သိသွားပြီးနောက် ရှပိုင်လုသည် ရှယုံဒယ်နှင့် ရှင်းရှင်းလင်းလင်း ပြောဆိုရန်ရွေးချယ်ခဲ့ပြီး ရှေ့ဆက်၍ ဟန်မဆောင်နိုင်တော့ကြောင်း ငြင်းပယ်ခဲ့လေသည်။

တိုက်ဆိုင်စွာဖြင့်ပင် သူမသည် နိုင်ငံခြားတွင် စီမံကိန်းတစ်ခု လုပ်ဆောင်ရမည့်အချိန်ဖြစ်သောကြောင့် သူမသည် နိုင်ငံခြားသို့သွား၍ ထိုဆက်ဆံရေးကို ပစ်ပယ်ထားရန် ရွေးချယ်လိုက်သည်။

နိုင်ငံခြား၌ ရှထျန်ဟွာမိသားစုပိုင်သည့် မြေကွက်ရှိလေသည်။

ရှပိုင်လုသည် သူမ နိုင်ငံခြားတွင်ရှိနေသည့် တစ်လျှောက်လုံး ရှထျန်ဟွာတို့ အိမ်တွင်သာနေခဲ့လေသည်။

သူမသည် မူလ၌ စိတ်အပန်းဖြေရန်နှင့် စီမံကိန်း ပြီးဆုံးသွားရန်သာ စိတ်ထဲရှိသော်လည်း မမျှော်လင့်ထားဘဲ နိုင်ငံရပ်ခြား၌ အချစ်တစ်ခုကို ရှာတွေ့သွားခဲ့သည်။

ထိုလူသည် မူလပိုင်ရှင်၏ ဖခင်အရင်း ရှန်ဟယ်ဖြစ်ပြီး ပန်းချီဆရာတစ်ဦးလည်း ဖြစ်သည်။

ရှယုံဒယ်သည် ရှပိုင်လုအား ပိုးပန်းခဲ့ပြီး ကြွယ်ဝချမ်းသာသည့် သခင်လေးများဖြစ်ကြသည့် ရှဲ့၊ဟန်၊လု တို့၏ နှောက်ယှက်ခြင်းများမှ တိတ်တဆိတ်ကာကွယ်ပေးခဲ့သည်။

သို့သော် သူသည် မထင်မှတ်ဘဲ ငွေကြေးမချမ်းသာသည့် ပန်းချီပညာရှင်တစ်ယောက်ထံ၌ ကျရှုံးခဲ့ရလေသည်။

ခံစားချက်များသည် တစ်ခါတစ်ရံ၌ သင့်လျော်မှုမရှိပေ။

သူတို့သည် ကောင်းမွန်သော အတွဲတစ်တွဲဖြစ်ရန် ဒါမှမဟုတ် တစ်သက်တာ လက်တွဲဖော်ဖြစ်ရန်အတွကိ မလိုအပ်ပေ။

လူအုပ်များထဲမှ တစ်စုံတစ်ယောက်၏ ရိုးရှင်းသော အကြည့်တစ်ချက်သည် တစ်သက်တာ မှတ်မိစေရန်အတွက် လုံလောက်နေခဲ့သည်၊

ရှန်ဟယ်သည် သာမန်ပန်းချီဆရာတစ်ဦးဖြစ်ပြီး ဤကဲ့သို့ ပန်းချီဆရာများကို ပြင်သစ်နိုင်ငံ၏ လမ်းကြားများထဲ၌ အမြောက်အများ ရှာတွေ့နိုင်သော်လည်း ရှပိုင်လု၏ အမြင်ထဲတွင် ထိုလူမှာ အကောင်းဆုံးပင် ဖြစ်၏။

လအနည်းငယ် အတူတူနေပြီးနောက် သူတို့သည် ချစ်ကျွမ်းဝင်ခဲ့ကြပြီး ရှပိုင်လုသည် မူလပိုင်ရှင်ကို ကိုယ်ဝန်လွယ်ထားခဲ့ရပြီဖြစ်သည်။

ထိုချိန်အတွင်း၌ ရှန်ဟယ်သည် အချစ်ကြောင့် ပန်းချီလက်ရာမှာ တိုးတက်လာခဲ့ပြီး သူသည် အလျင်အမြန်ပင် ပန်းချီလောက၌ ကျော်ကြားသည့် ပန်းချီဆရာတစ်ဦး ဖြစ်လာခဲ့သည်။

သူတို့ဘဝ၏ ပြောင်းလဲမှုကြီးတစ်ခုမှာ လေလံပွဲတစ်ခုဖြစ်ပြီး ရှန်ဟယ်၏ နောက်ဆုံး ပန်းချီလက်ရာမှာ ယွမ် ၅မီလီယမ်ဖြင့် လေးလံတင်ရောင်းနိုင်ခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုမှ ယွမ် ၅မီလီယမ်နှင့် ယခုခေတ် ယွမ် ၅မီလီယမ်မှာ လုံးဝမယှဉ်နိုင်ပေ။

ထိုလေလံပွဲကြောင့် ရရှိသည့် အောင်မြင်မှုသည် ရှန်ဟယ်အား ထိပ်တန်း ပန်းချီရောအဖြစ် အခြေခိုင်သွားစေခဲ့ပြီး ရှပိုင်လုကို လက်ထပ်ခွင့်တောင်းရန်အတွက် ယုံကြည်ချက်ရသွားခဲ့လေသည်။

သူသည် အသစ်စက်စက်ဝယ်လာသည့် စိန်လက်စွပ်ဖြင့် သူမအား လက်ထပ်ခွင့်တောင်းရန် စိတ်လှုပ်ရှားစွာဖြင့် ထွက်လာခဲ့သည်။

သို့သော် မမျှော်လင့်ထားဘဲ သူ၏ကားသည် တောင်ပေါ်၌ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ရှန်ဟယ်နှင့် သူ၏ကားသည် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားခဲ့သည်။

ပြည်တွင်းရဲအရာရှိများသည် ရှန်ဟယ်၏ ကားထဲ၌ အရက်ပုလင်း တစ်ခု ရှာတွေ့ခဲ့ခြင်းကြောင့် သူသည် အလွန်ပျော်ရွှင်နေ၍ အရက်သောက်ကာ ကားမောင်ခဲ့သည်ဟု ကောက်ချက်ချခဲ့ကြသည်။

ပန်းချီပညာရှင်များသည် စိတ်ကူးစိတ်သန်းများ ပြင်းထန်တက်ပြီး သတ်မှတ်ချက်များကို ကန့်သတ်မထားတက်ခြင်းကြောင့် အရက်သောက်၍ ကားမောင်းခြင်းကို နားလည်နိုင်ကြလေသည်။

သို့သော် ရှပိုင်လုသည် ထိုပြောင်းလဲသွားသည့် အခြေအနေကို လက်မခံနိုင်ခဲ့ပေ။

ထိုအချိန်၌ သူမတွင် ကိုယ်ဝန်လေးလ ရှိနေပြီဖြစ်ပြီး ကိုယ်ဝန်ဆောင်သည် လက္ခာများ ပြနေပြီဖြစ်၏။

ရှန်ဟယ်သေဆုံးမှုနှင့် ပတ်သတ်သည့် သတင်းကြားလိုက်ရသည့်အခါ၌ သူမမှာ မေ့လဲသွားခဲ့သည်။

သူမအား ရှထျန်ဟွာလေးမှ တွေ့ရှိသွား၍ ဆေးရုံသို့ အလျင်အမြန်ခေါ်သွားခဲ့သော်လည်း ထိုအချိန်အတွင်း ရှပိုင်လု၏ စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ ပျက်စီးပြိုလဲကျနေခဲ့သည်။

တရုတ်ပြည်မှ အပြန်ပြေးလာခဲ့သည် ရှယုံဒယ်သည် သူမအား နေ့ရောညပါစောင့်ရှောက်ခဲ့ပြီး သူမနှင့် ရှန်ဟယ်တို့၏နောက်ဆုံးကြိုးမျှင်လေးကို ထိန်းသိမ်းထားရန်အတွက် မူလပိုင်ရှင်ကို မွေးဖွားရန် အားပေးခဲ့သည်။

ထိုချိန်အတွင်း၌ မူလပိုင်ရှင်သည် ရှလုပိုင်အား အသက်ရှင်သန်စေခဲ့သည့် တစ်ခုတည်းသော ယုံကြည်ချက်လေးပင် ဖြစ်သည်။

“ဒါဆို ဘာဆက်ဖြစ်သွားတာလဲ၊ ဘာလို့ ကျွန်မ မားမားက ရှယုံဒယ်နဲ့ထပ်ပြီး လက်ထပ်ခဲ့တာလဲ” ဟု ရှချန်းချန်းမှ စဉ်းစားမရသောကြောင့် မေးလာခဲ့သည်။

ရှထျန်ဟွာသည် အချိန်ခဏတာ စေ့စေ့စပ်စပ်စဉ်းစားလိုက်လေသည်။

“ဖြစ်နိုင်တာကတော့ အန်တီက ညီမလေးကို မိခင်တစ်ယောက်တည်းပဲ ရှိတဲ့ သားသမီးမဖြစ်စေချင်ဘဲ သူက ညီမလေးကို အိမ်ထဲမှာ မိသားစု စုံစုံလင်လင်နဲ့ ထားချင်ခဲ့တာနေမယ်”

ရှပိုင်လုမွေးဖွားပြီးနောက်တွင် သူမ၏ မားမား ဆုံးပါးသွားခြင်းကြောင့် သူမအား ဥက္ကဌရှတစ်ယောက်တည်းသာ ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ဖခင်နှင့် သမီးကြားတွင်ရှိသော ဆက်ဆံရေးမှာ အားနည်းလာခဲ့သည်။ အကယ်၍ ထိုသို့သာမဖြစ်ခဲ့လျှင် အစပိုင်း၌ ရှလုပိုင်သည် ရှယုံဒယ်အား သဘောကျနေသည်ဟု သူတွေးခဲ့မည်မဟုတ်ပေ။

ရှယုံဒယ်သည် ရှပိုင်လုအား ဂရုစိုက်ပေးနေခဲ့သည့်အချိန်အတွင် သူမအား သဘောကျနှစ်သက်နေခြင်းကြောင့် ဆက်လက်၍ ပိုးပန်းနေခဲ့ပြီး မူလပိုင်ရှင်အား သူ၏ တရားဝင်သမီးလိုပင် ဆက်ဆံမည်ဟု ပြောခဲ့လေသည်။

ရှပိုင်လုသည် ထိုအရာကို ရင်ထဲထိသွားခဲ့ပြီး သူ၏ လက်ထပ်ခွင့်တောင်းခြင်းကို လက်ခံခဲ့သည်။

သူတို့ မဂ်လာပွဲအား နိုင်ငံရပ်ခြားတွင်သာ ကျင်းပခဲ့ပြီး ကျန်းချန်မြို့ရှိ ချမ်းသာသော အသိုင်းအဝိုင်းမှ လူများသည် ရှပိုင်လုနှင့် ရှယုံဒယ်တို့ အမြဲ အတူတူရှိနေကြသည်ဟု ယုံကြည်ခဲ့ကြပြီး သူတို့နှစ်ယောက်လုံးသည် ထိုကလေးနှင့် ပြန်လာခဲ့ကြခြင်းကြောင့် လူတိုင်းသည် သဘာဝအလျောက်ပင် မူလပိုင်ရှင်အား ရှယုံဒယ်၏ ကလေးဟု ထင်ခဲ့ကြသည်။

ရှပိုင်လုနှင့် ရှယုံဒယ်တို့သည် ထိုအရာအား ဆုံးပါးသွားပြီဖြစ်သော ဥက္ကဌရှအပါအဝင် လူတိုင်းကို ဖုံးကွယ်ခဲ့ကြသည်။

အချိန်များသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ၂၄နှစ်ကျော် ကုန်ဆုံးသွားခဲ့လေပြီ ဖြစ်၏။

ရှထျန်ဟွာသည် ကော်ဖီကို တစ်ငုံချင်း သောက်နေခဲ့ပြီး အေးစက်ခြင်းနှင့် black coffee ၏ခါးသက်သော အရသာတို့သည် သူ၏ပါးစပ်ထဲ၌ ပြည့်သွားခဲ့သည်။

“ကော အဲတုန်းက အရမ်းငယ်တော့ ကိစ္စတွေအများကြီးကို မမှတ်မိတော့ဘူး၊ ကောရဲ့ပါးပါးက ဒီကိစ္စတွေကို လွန်ခဲ့တဲ့ ၂ပတ်လောက်ကမှ ပြောပြခဲ့တာ၊ သူပြောတာကတော့ အန်တီက ဒီလျှို့ဝှက်ချက်ကို ညီမလေးကိုရော မသိအောင် ဖုံးကွယ်ထားခဲ့စေချင်ပြီး ညီမလေးကို မိဘနှစ်ပါး စုံစုံလင်လင်နဲ့ နေစေချင်ခဲ့တာ၊ ရှယုံဒယ်က အန်တီကို အရမ်းချစ်တော့ ညီမလေးကိုလည်း ကောင်းကောင်းဆက်ဆံမယ်လို့ သူထင်နေခဲ့တာ၊ ဒါပေမဲ့ အဲလူယုတ်မာကောင်က အန်တီကို ပိုးပန်းနေတဲ့အချိန်မှာ နောက်မိန်းမနဲ့ကလေးတစ်ယောက်ရှိနေမယ်လို့ မထင်ခဲ့ဘူး၊ အဲဒါကြောင့် ပါးပါးက ညီမလေးကို ရှယုံဒယ် နှိပ်စက်တာတွေခံရမှာ စိုးရိမ်လို့အမှန်တရားတွေပြောပြလိုက်ဖို့ ပြောခဲ့တာ”

ရှထျန်ဟွာမှ ဝမ်းနည်းကြေကွဲနေသည့် ပုံစံဖြင့် ပြောလာခဲ့သည်။

ရှချန်းချန်းသည် ကျေးဇူးတင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။

မူလဝတ္ထုထဲတွင် ရှယုံဒယ်နှင့် မူလပိုင်ရှင်တို့ကြားတွင်ရှိသော ဆက်ဆံရေးအား ရှင်းပြထားခဲ့သည်။

ရှယုံဒယ်သည် မူလပိုင်ရှင်အပေါ် ကြင်နာသည့်ပုံစံပေါ်နေသော်လည်း အမှန်တကယ်တွင် သူမအား ဂရုမစိုက်ခဲ့ပေ။

အခြားသူများသည် ရှယုံဒယ်မှာ မွေးစားသားဖြစ်ခြင်းကြောင့် ထိုသို့ဖြစ်ရသည်ဟု ကောက်ချက်ချခဲ့ကြသည်။ သူသည် မူလပိုင်ရှင်ကို မြင်လိုက်သည့်အချိန်တိုင်း မွေးစားသားဟူသော အခြေအနေကိုပြန်လည်တွေးမိခဲ့ပြီး ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာကို ထိခိုက်သွားစေခဲ့သည်ဟု ယူဆခဲ့ကြသည်။

ယခုတွင် ထိုကဲ့သို့သော အကြောင်းပြချက်များ မရှိတော့ပေ။

အမှန်တကယ်တွင် သူမသည် သမီးအရင်း မဟုတ်ခဲ့ခြင်းကြောင့်ပင် ဖြစ်လေသည်။

ရှထျန်ဟွာသည် ရှပိုင်လုနှင့် ရှန်ဟယ်တို့၏ နောက်ကြောင်းကို ပြန်လည်ပြောပြပြီးနောက် သူသည် အရာရှိကျောက်ဘက်သို့လှည့်ကာ မေးလာခဲ့သည်။

“အရာရှိကျောက်၊ ခင်ဗျားခုနကပြောတဲ့ ကျွန်တော့် အန်တီဆုံးသွားတာက မတော်တဆမဟုတ်ဘူးဆိုတာလေ အဲဒါ ဘာသဘောလဲ”

သဘာဝအရ ရှချန်းချန်းသည် ရှယုံဒယ်၏ သမီးအရင်းမဟုတ်ကြောင်းကို ရှထျန်ဟွာ၏ မိသားစုတစ်ခုတည်းသာ သိသင့်သည်။

သို့သော် အရာရှိကျောက်၏ အမူအရာအား အကဲဖြတ်ကြည့်ပြီးနောက်တွင် သူသည် ကြိုသိနေခဲ့ပြီး သူသည် ထိုအရာအား ရှထျန်ဟွာထက် ပို၍ စောစောစီးစီးသိနေခဲ့ခြင်းပင်ဖြစ်သည်။

“မစ္စတာရှ၊ မစ္စရှပိုင်လု မတော်တဆမှုဖြစ်တဲ့အချိန်တုန်းက ခင်ဗျားက ၁၆နှစ် ရှိနေပြီမလား၊ ကျွန်တော်မှတ်မိပါသေးတယ် အဲတုန်းက ခင်ဗျားတို့ရဲ့ မိသားစုလည်း စျာပနပွဲမှာရှိနေတာလေ၊ ပြီးတော့ ခင်ဗျားအန်တီရဲ့ ကားမတော်တဆအမှုကို စုံစမ်းခဲ့တဲ့ စုံထောက်တွေထဲမှာ ကျွန်တော်လည်း ပါနေတယ်ဆိုတာကို သိသင့်တယ်”

ရှထျန်သွားသည် ထိုအရာကို သတိရသွားခဲ့သည်။ ထိုသို့မှမဟုတ်လျှင် သူသည် အရာရှိကျောက်အား ပထမအကြိမ်တွေ့တွေ့ချင်း ဤမျှ ရင်းနှီးနေသည်ဟု ခံစားနေရမည်မဟုတ်ပေ။

အရာရှိကျောက်: “တကယ်တော့ ရှပိုင်လုမဆုံးခင်က သူ ကျွန်တော့်ဆရာနဲ့ လာတွေ့ခဲ့တယ်”

“သူပြောတာကတော့ ရှန်ဟယ်ရဲ့ သေဆုံးမှုက မတော်တဆမဟုတ်ဘဲ သံသယဖြစ်စရာကောင်းတယ်တဲ့၊ ဒါပေမဲ့ အဲဒါက ဘာသဲလွန်စမှ မရှိလို့ ထင်မြင်ချက်တစ်ခုပဲ ဖြစ်ခဲ့တာ၊ ကျွန်တော် ဆရာအရင်နှစ်တွေတုန်းက မစ္စတာရှကို ကူညီခဲ့ပေးဖူးလို့ဆိုပြီး မစ္စရှပိုင်လုကိုလည်း ကူညီပေးခဲ့တယ်၊ ဒါပေမဲ့ ကံမကောင်းချင်တော့ အချိန်အတော်အကြာ ရှာပြီးတဲ့အထိ ဘာသဲလွန်စမှ မရခဲ့ဘူး”

“လွန်ခဲ့တဲ့ ၁၄နှစ် မတိုင်ခင်လောက်မှာ ရှပိုင်လုက ဆရာ့ကို ရုတ်တရက်ဖုန်းခေါ်လာပြီး သဲလွန်စတစ်ခုရှာတွေ့လို့ ဆရာနဲ့တွေ့ချင်တယ်လို့ ပြောတယ်တဲ့”

“ဘာသဲလွန်စလဲ”

ရှချန်းချန်းနှင့် ရှထျန်ဟွာတို့မှာ စိတ်ရှုပ်စွာဖြင့် မေးလိုက်လေသည်။

အရာရှိကျောက်သည် သက်ပြင်းချကာ သူ၏ ခေါင်းအား အကူအညီမဲ့စွာဖြင့် ရမ်းလိုက်လေသည်။

“ကျွန်တော်တို့လည်း မသိရဘူး၊ ဘာလို့လဲဆိုတော့ ရှပိုင်လုက ကျွန်တော်ဆရာနဲ့တွေ့ဖို့လာနေတဲ့လမ်းမှာ ကားမတော်တဆမှု ဖြစ်သွားတာလေ”

ရှချန်းချန်းမှာ မှင်သက်သွားခဲ့သည်။

ဝတ္ထုထဲတွင် ရှပိုင်လု ကားမတော်တဆမှုဖြစ်၍ ဆုံးပါးသွားသည်ကို ဖော်ပြထားပြီး ထို မတော်တဆမှုဖြစ်ရသည့် အကြောင်းအရင်းမှာ အိပ်ဆေးများအလွန်အကျွံသောက်သုံး၍ အိပ်ငိုက်ခြင်းကြောင့် ဖြစ်သွားခဲ့သည်ဟု ရေသားထားခြင်းဖြစ်သည်။ မှုခင်းဆေးပညာစစ်ဆေးချက်အရလည်း ရလဒ်မှာ အတူတူပင် ဖြစ်၏။

ဒါပေမဲ့ အခုစဉ်းစားကြည့်မယ်ဆိုရင် တိုက်ဆိုင်တာတွေများနေတာ မဟုတ်လား။

အရာရှိကျောက်: “အဲဒါကြောင့် မစ္စရှ ခင်ဗျားရဲ့မိခင် သေဆုံးမှုက မတော်တဆမဖြစ်နိုင်ဘူး၊ အဲဒါက လူသတ်မှု ဖြစ်ဖို့ များတယ်၊ အဲအချိန်တုန်းက ဆေးတစ်မျိုးကို သောက်ပြီးရင် အဲသောက်လိုက်တဲ့ဆေးက ၂၄နာရီအတွင်း ခန္ဓာကိုယ်ထဲမှာ အာနိသင်ပြယ်သွားမယ်လို့ ကျွန်တော်တို့ မသိခဲ့ဘူး၊ အခုတော့ အဲဒါကို ရှာတွေ့ခဲ့ပြီ၊ ပြီးတော့ အဲဒါက ခင်ဗျားမိခင် အသတ်ခံရတဲ့ သက်သေတစ်ခုလည်း ဖြစ်နိုင်တယ်”

“အရာရှိကျောက်၊ အရာအားလုံးက မရိုးရှင်းလောက်တော့ဘူး”

ရှချန်းချန်းသည် အရာရှိကျောက်၏ အနည်းငယ်အိုနေသော မျက်လုံးများကို ကြည့်၍ တစ်လုံးချင်းစီ ပြောလာခဲ့သည်။

“ ကျွန်မရဲ့ ပါးပါးလည်း အဲတုန်းက ကားမတော်တဆမှုနဲ့ ဆုံးပါးသွားတာ၊ ဒီလိုအမြင်နဲ့ကြည့်မယ်ဆိုရင် ကျွန်မရဲ့ ပါးပါး သေဆုံးမှုကလည်း မတော်တဆမှု မဟုတ်ဘူးဆိုတာ သေချာနေပြီ”

အရာရှိကျောက်သည် ရှပိုင်လုနှင့် ရှန်ဟယ်တို့ သေဆုံးရသည့်အကြောင်းမှာ ရွှီချဲ၏လက်ထဲတွင်ရှိသော ဆေးနှင့် ပတ်သတ်မှုရှိသည်ဟု သံသယဝင်နေခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့ ဆေးများသည် စျေးကွက်ထဲ၌ အလွယ်တကူရနိုင်ပြီး အထူးသဖြင့် ယခုနှစ်တွင် ဖြစ်သည်။

ဥပမာပြောရမည်ဆိုလျှင် လင်းရှောင်မှ မိုယွီထျန်းအား သတိမေ့စေရန် သုံးလိုက်သော ဆေးနှင့် ဟွိုက်ယန်မှ ရှချန်းချန်းထံသို့ ပေးသော ဆေးမှာ အမျိုးအစားအတူတူပင် ဖြစ်သည်။

တစ်ခုတည်းသော သဲလွန်စမှာ ရှပိုင်လုနှင့် ရှန်ဟယ်တ်ို့ခေတ်တွင် ထိုဆေးသည် အမြောက်အများ ထုတ်လုပ်၍ မရခြင်းကြောင့် ထိုပျက်ပြယ်သွားသည် ယခုထက် အချိန်ပို၍ ကြာမည်ပင် ဖြစ်သည်၊

ထိုဆေးကို အသုံးပြု၍ ရှပိုင်လုနှင့် ရှန်ဟယ်အား သတ်ခဲ့သည့် လူသတ်သမားသည် နောက်ကွယ်တွင် ထိုဆေးအား ထုတ်လုပ်သူနှင့် အနီးကပ်ဆက်ဆံရေးရှိမည်မှာ သေချာလှ၏။

အင်ပါယာဥယျာဉ်သို့ ပြန်သည့် လမ်းတစ်လျှောက်တွင် ရှချန်းချန်းသည် Bentley ကား၏ အနောက်ခုံတွေထိုင်ကာ သူမ၏ မျက်လုံးများကို မှိတ်ထားလေသည်။

သူမသည် နေ့လည်စာ စား၍ အိမ်ပြန်ရန် စီစဉ်ထားသော်လည်း သူမသည် အရာရှိကျောက်၊ ရှထျန်ဟွာတို့နှင့် ညနေခင်းရောက်သည်အထိ စကားပြောဖြစ်မည်ဟု မထင်ခဲ့ပေ။

ကောင်းကင်တစ်ခုလုံးမှာ တဖြည်းဖြည်း မှောင်မဲလာခဲ့ပြီး အရှေ့ဘက်တွင်ရှိသော ကောင်းကင်မှာ မူလကပင် မဲမှောင်နေပြီဖြစ်သည်။

“Host ရေ မင်းဘာလို့ မတော်တဆဖြစ်တာကို တမင်ရည်ရွယ်ထားတယ်လို့ ငါ ခံစားနေရတာပါလိမ့် ၊ အဲဒါကို အရာရှိကျောက်နဲ့ တစ််ခြားလူတွေကို ဖုံးကွယ်ထားတာလား” ဟု စနစ်မှ ခုန်ထွက်လာ၍ ပြောလာခဲ့သည်။

“အရာရှိကျောက်က မင်းကို လူသတ်သမားအဖြစ် ဘယ်သူ့ကို သံသယရှိလဲ မေးခဲ့တာမလား ၊ မင်း ရှယုံဒယ်ကို သံသယဝင်နေတာ တော်တော်ကြာနေပြီမဟုတ်လား၊ ဘာလို့ မဖြေခဲ့တာလဲ”

“အဲဒါက သံသယဝင်တာမဟုတ်ဘူး”

ရှချန်းချန်းသည် သူမ၏ မျက်လုံးများကို မှိတ်ထား၍ စိတ်ထဲမှတစ်ဆင့် စနစ်အား ပြန်ဖြေလိုက်လေသည်။

“ရှယုံဒယ်က ရှပိုင်လုနဲ့ ရှန်ဟယ်ကို သတ်ခဲ့တဲ့သူဆိုတာ 100% သေချာတယ်”

ရှချန်းချန်းတွင် ထိုသို့တွေးရန်အတွက် အခြေခံအကြောင်းတရားများရှိလေသည်။ အကယ်၍ ထိုအရာမှာ တကယ့်အစစ်အမှန် ကမ္ဘာကြီးဖြစ်နေပါက သူမသည် ထိုကဲ့သို့ အတည်အကျ ပြောရဲမည် မဟုတ်ပေ။

သို့သော်လည်း ဤကမ္ဘာသည် ဝတ္ထုထဲကအတိုင်း ဖွဲ့စည်းထား ခြင်း ဖြစ်သည်။

ဝတ္ထုထဲတွင် အရာအားလုံးသည် အဓ်ိက ဇာတ်ဝင်ခန်းကို ပံ့ပိုးပေးရန်အတွက် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

ဝတ္ထုဇာတ်လမ်းထဲတွင် ဖွဲ့စည်ထားပုံမှာ အကျိူးအကြောင်း မရှိဘူးဟု ထင်ရသော်လည်း အဓိက စနစ်သည် အရာအားလုံးအား ရှေ့နောက်ညီစေရန် ဆက်စပ်ပေးထားခြင်း ဖြစ်သည်။

လက်တွေ့ဘဝတွင် အရေးပေါ်ဖြစ်လာနိုင်သည့် အကြောင်းတရားများစွာ ရှိနိုင်လေသည်။

အဘယ့်ကြောင့်ဆိုသော် လူတိုင်း၏ ဘဝလမ်းကြောင်းတွင် အကြောင်းအကျိုး သတ်ရောက်မှု နိယာမ များ ရှိနေခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် သက်ရောက်မှုများကြောင့် မတော်တဆမှုများ ဖြစ်လာနိုင်လိမ့်မည်။

လက်တွေ့ဘဝတွင် မရေမတွက်နိုင်သော လူအများ၏ အသက်များဖြင့် စုစည်းထားခြင်းဖြစ်သည်။

ဝတ္ထုထဲတွင် အဓိကဇာတ်ကောင်၏ ဘဝတစ်ခုတည်းကိုသာ သတ်မှတ်ထားခဲ့သည်။

AI နှင့် ပြုလုပ်ဖွဲ့စည်းထားသော ကမ္ဘာတွင် အရေးကြီးဆုံး အရာမှာ အဓိကဇာတ်ကောင်၏ အကြောင်းအကျိုး သက်ရောက်သော နိယာမပင် ဖြစ်သည်။

အခြားသူများ၏ ဘဝများသည် အဓိကဇာတ်ကောင်အား ထောက်ပံ့ပေးရန်ဖြစ်ပြီး အများအားဖြင့် ကိရိယာတစ်ခုဟုသာ သိရှိကြလေသည်။

ရှပိုင်လု၏ အတိတ်တစ်ခုလုံးတွင် “ရှယုံဒယ်က ယဲ့ရှီဝမ်ကို ရှချန်းချန်းထက် ပိုပြီး မျက်နှာသာပေးတယ်” ဟူသော ဝတ္ထု၏ အကြောင်းပြချက်ကို ပြည့်စုံစေရန် ဒီဇိုင်းဆွဲထားခဲ့ပြီး ရှချန်းချန်းသည် ရှယုံဒယ်၏ သမီးအရင်း မဟုတ်ကြောင်းကိုလည်း ချဲ့ထွင်၍ ရေးသားထားခဲ့သည်။

အကယ်၍ ရှယုံဒယ်သည် လူသတ်သမားမဟုတ်ခဲ့ပါက ရှန်ဟယ်နှင့် ရှပိုင်လုတို့၏ သေဆုံးမှုများသည် ဤမျှ တိုက်ဆိုင်မှုများရှိမည် မဟုတ်ပေ။

ဥပမာအနေဖြင့် မွေးဖွားလာခြင်း ၊ အိုမင်းလာခြင်း ၊ နာကျင်လာခြင်း နှင့် သေဆုံးခြင်း စသည့် အရာများသည် ဝတ္ထု၏ ယူဆချက်များကို ပို၍ ကောင်းစေသော အရာများဖြစ်သည်။

ထိုအစီအစဉ်များသည် ရှယုံဒယ်မှာ လူကောင်းတစ်ယောက်မဟုတ်ကြောင်းကို မသိစိတ်ဖြင့် အလိုအလျောက် အရိပ်ပြနေခဲ့ခြင်း ဖြစ်သည်။

“ငါ ရှယုံဒယ်က လူသတ်သမားဆိုတာကို သေချာနေတာက နောက်ထပ် အကြောင်းအရင်းတစ်ခုရှိသေးတယ်”

ရှချန်းချန်းသည် သူမ၏ မျက်လုံးများကိုဖွင့်ကာ ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။

“ရှင်းခုံက ငါ့ကို Galaxy မှာ ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပါခိုင်းတာကို မှတ်မိသေးလား”

စနစ်: “အဲဒါက ပြီးသွားပြီလား”

“သူတို့က မင်းကို ခြိမ်းခြောက်ဖို့အတွက် အဝတ်မပါတဲ့ဓာတ်ပုံတွေရိုက်ချင်နေတာ ဒါပေမဲ့ မင်းက ရင်းနှီမြုပ်နှံသူတစ်ယောက်အနေနဲ့သွားပြီး သူတို့ ရည်ရွယ်ချက်တွေက်ို ဖျက်ဆီးခဲ့တာ မဟုတ်လား”

“ရှင်းခုံက နည်းနည်း သတ္တိကောင်းနေတယ်လို့မထင်ဘူးလား” ဟု ရှချန်းချန်းမှ လှောင်သလိုလိုဖြင့် ပြောလာခဲ့သည်။

“သူတို့က ငါ့ကို ရှလုပ်ငန်းစုရဲ့ ရှယ်ယာ 29% ပိုင်ဆိုင်တဲ့သူလို့ မသိရင်တောင်မှ သူတို့က ငါ့လို ချမ်းသာတဲ့မိန်းကလေးတစ်ယောက်ကို လွယ်လွယ်နဲ့ မတိုက်ခိုက်သင့်ဘူး”

ရှချန်းချန်းနှင့် ရှယုံဒယ်တို့တွင် ကောင်းမွန်သည့် ဆက်ဆံရေး မရှိကြသော်လည်း အများအမြင်တွင် သူမသည် ရှယုံဒယ်၏ သွေးသားအရင်း ဖြစ်နေခဲ့သေးသည်။

ကိုယ့်ရဲ့ သမီး ဒုက္ခရောက်နေတယ်ဆိုရင် ပုံမှန်ဆို ဖခင်တွေက သူတို့ရဲ့ ငွေကြေးအရင်းအနှီးတွေ အကုန်သုံးပြီး သူတို့ရဲ့ သမီးတွေကို မတရားခံနေရတာကနေ ကူညီကြမှာမဟုတ်လား။

ရှင်းခုံရဲ့ အပြုအမူတွေသည် ရှလုပ်ငန်းစုအား အလေးအနက်မထားကြောင်းကို ပြသနေသည့်အပြင် ရှလုပ်ငန်းစုကိုတောင်ပင် စိန်ခေါ်ချင်နေခဲ့သည်။

ပြီးတော့ တကယ်လို့ ရှလုပ်ငန်းစုသာ ရှင်းခုံကို ဖျက်ဆီးချင်တယ်ဆိုရင် အဲသူဌေးတွေရဲ့ အထောက်အပံ့တွေရှိနေတာကြောင့် သိပ်ပြီး ခက်ခဲမှာမဟုတ်ဘူး။

“ဘာလို့လဲဆိုတော့ ရှဲ့ကျစ်ရှင်းပြောခဲ့တဲ့ ရွှီချဲနောက်ကွယ်မှာရှိနေတဲ့ သူဌေးလော့ဟိန်က ငါ့ကို ရှယုံဒယ်ရဲ့ သွေးသားအရင်း မဟုတ်မှန်း သိနေလို့ပဲ”

ရှချန်းချန်း၏ အကြည့်များမှာ အေးစက်နေခဲ့ပြီး သူမ၏ အသံအနေအထားမှာလည်း ထေ့ငေါ့၍ ပြောနေခဲ့ခြင်း ဖြစ်သည်။

“သူဘာလို့ သိနေတာလဲဆိုတာကို တွေးကြည့်လိုက်ရင် နင်ပိုပြီး နားလည်သွားမှာ”

စနစ်သည် ခဏတာ စဉ်းစားသွားခဲ့ပြီး ရုတ်တရက် သဘောပေါက်သွားကာ မှင်သက်သွား၍ ပြောစရာစကား ပျောက်သွားခဲ့သည်။

“အဲအချိန်တုန်းက ရှယုံဒယ်ကို အဲဆေးပေးခဲ့တဲ့ တစ်ဦးတည်းသောသူက လော့ဟိန်ဖြစ်နေလို့ပဲ၊ သူက အဲဒါကြောင့် မင်းကို ရှယုံဒယ်ရဲ့ သွေးသားအရင်းမဟုတ်မှန်းသိနေတာပဲ”

အဲဒါကြောင့် အဲအချိန်တုန်းက လော့ဟိန်ရဲ့ အမြင်မှာ ရှချန်းချန်းကို ပြန်ပေးဆွဲပြီး အဝတ်အစားမပါတဲ့ ပုံတွေကို ရိုက်ချင်တာက ရှလုပ်ငန်းစုကို ဆန့်ကျင်လို့ မဟုတ်ဘဲနဲ့ ရှယုံဒယ်ရဲ့ ရန်သူတစ်ယောက်ကို ရှင်းပစ်ဖို့ ကူညီပေးနေခဲ့တာပဲ။

သို့သော်လည်း ရှချန်းချန်းမှ ရှဲ့လုပ်ငန်းစု၏ ရှယီယာအမွေများရထားမည်ဟု သူမထင်ထားခဲ့ပေ ထို့ကြောင့် ထိုသတင်းကို ကြားပြီးနောက် သူသည် ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။

ရှချန်းချန်းနဲ့ ရွှီချဲတို့က “Happy Weekend”မှာ ရိုက်ကူးချင်တယ်လို့ တင်ပြလိုက်တော့ သူ့အတွက် နေရာမရှိတော့ဘူးလေ။

အကယ်၍ သူတို့ကိုသာ ဖိအားမပေးခဲ့ဘူးဆိုရင် သူတို့က ရှလုပ်ငန်းစုနဲ့ ရန်သူတွေ မဖြစ်ချင်ပါဘူး။

သို့သော် ရှချန်းချန်းသည် ထိုအကြောင်းအရာများအား အရာရှိကျောက်ကို ပြောပြမည်မဟုတ်ပေ။

ရဲအရာရှိများ၏ လုပ်ငန်းများမှာ ကိစ္စများကို စုံစမ်းရှာဖွေရန်ပင် ဖြစ်သည်။

အရာရှိကျောက်သည် ရဲအရာရှိတစ်ဦးတာဝန်ထမ်းဆောင်နေခဲ့သည်မှာ အနှစ် ၂၀ကျော် ကြာခဲ့ပြီ ဖြစ်သည်။ သူ၏ အတွေ့အကြုံများဖြင့် သူသည် ရှယုံဒယ်အား သေချာပေါက် ခန့်မှန်းနိုင်မည် ဖြစ်သည်။

ရှချန်းချန်းသည် သူ့အား ထိုအရာများကို ပြောပြရန် မလိုအပ်ပေ။

ရှချန်းချန်း၏ မျက်နှာပေါ်၌ လှောင်ပြောင်သည့် အပြုံးတစ်ခုပေါ်လာခဲ့သည်။

“တကယ်တော့လေ ရှယုံဒယ်ထက် ငါ အဲဆေးအကြောင်းကို ပိုသိချင်တာ”

“ ဆေးလား”

စနစ်မှ စဉ်းစားမရသည့် ပုံစံဖြင့် ပြောလာခဲ့သည်။

“ အဲဆေးမှာ ထူးခြားတာတွေရှိလို့လား”

“တုန်ကျီရေ နင့် ဦးနှောက် ပိစိလေးနဲ့ စဉ်းစားကြည့်ဦး၊ အဲဆေးကို သုံးပြီး ခန္ဓာကိုယ်ထဲမှာ ၂၄နာရီအတွင်း အာနိသင်ပြယ်သွားတာက အသုံးမဝင်တဲ့ အရာတစ်ခုပဲမဟုတ်လား”

စနစ်:???

“လုံးဝအသုံးမဝင်တာတော့ ဘယ်ဟုတ်မလဲ” ဟု စနစ်မှ လေးလေးနက်နက်ဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်သည်။

“ရှန်ဟယ်နဲ့ ရှပိုင်လုရဲ့ သေဆုံးမှုရယ်၊ မိုယွီထျန်းရဲ့ အဓ္ဓမ ပြုကျင့်မှုနဲ့ စွပ်စွဲခံရတဲ့ အကြောင်းတွေကို ကြည့်ကြည့်လေ၊ တကယ်လို့ အဲဆေးသာ မရှိရင် အောင်မြင်ကြမှာမဟုတ်ဘူး”

ရှချန်းချန်း : “ဟုတ်တယ်၊ အဲလူတွေအတွက်တော့ ဒီဆေးက အရမ်းတန်ဖိုးရှိတယ်၊ ဒါပေမဲ့ လော့ဟိန်အတွက်ကျ ဒီဆေးကို ထုတ်ဖို့ အကူအညီတောင်းတာက အကုန်အကျနည်းတဲ့ အရာတစ်ခုပဲ၊ ပြီးတော့ သိပ်ပြီး ကျေးဇူးတင်စရာလည်း မလိုဘူးလေ၊ ဘာလို့လဲဆိုတော့ အကယ်၍ ဆေးသုံးတဲ့လူတွေကို ဖမ်းမိသွားရင်တောင် သူတို့ရဲ့သက်ရောက်မှုက သိပ်မကြီးဘူးလေ”

“ဒါဆိုရင် ဘာလို့ သူတို့က ဒီဆေးတွေကို ထုတ်နေတာလဲ” ဟု စနစ်မှ နားမလည်သည့် ပုံစံဖြင့် မေးလာခဲ့သည်။

“အစကတော့ သံသယပဲ ဝင်ခဲ့တာ၊ ဒါပေမဲ့ အရာရှိကျောက်ပြောတယ်လေ အဖမ်းခံထားရတဲ့ သူဌေးတွေအကုန်လုံးက လော့ဟိန်ရဲ့ နာမည်တစ်လုံးမှ ထုတ်မပြောခဲ့ဘူးတဲ့၊ အဲဒါကြောင့် လော့ဟိန်ရဲ့ အဓိက စီးပွါးရေးလုပ်ငန်းက အကျိုးအမြတ်အရမ်းရနေတယ်ဆိုတာ သေချာတယ်၊ ပြီးတော့ သူဌေးတွေက သူတို့ရဲ့ အထောက်အထားတွေကို ဖော်ထုတ်လိုက်လေ သူတို့ရဲ့ အပြစ်တွေက ပိုတိုးလာလေ ဖြစ်နေမှာပဲ”

ရှချန်းချန်းသည် ပြုံး၍ ပြောလာခဲ့သည်။

“ဒီကမ္ဘာမှာ ကြီးမားတဲ့ အကျိုးအမြတ်တွေ ၊ အချိန်ပေးဆပ်မှုတွေ ပြီးတော့ ဒီသူဌေးတွေရဲ့ လိုအပ်ချက်တွေကို ထုတ်ဖော်ဖို့အတွက် လိုအပ်နေတဲ့ တစ်ခုတည်းသော အရာက..”

“ အဲဆေးတွေပဲ”

Chapter 76

ညနက်လာသည်နှင့်အမျှ လခြမ်းသည် သစ်ပင်ထပ်များပေါ်သို့ လရောင်များဖြာချပေးနေခဲ့သည်။

အင်ပါယာသစ်တောဥယျာဥ်၏ ဘေးပတ်ဝန်းကျင်မှာ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ Bentleyကား တစ်စီးသည် ညအချိန်၌ သစ်ပင်တန်းလမ်းအားဖြတ်ကာ အမှတ် ၁၈ အင်ပါယာဥယျာဥ်၏ အဝင်ဝသို့ ဖြည်းညှင်းစွာဝင်ရောက်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် စနစ်သည် ရှယုံဒယ်နှင့်လော့ဟိန်၏ လျို့ဝှက်ချက်အား ရှာဖွေတွေ့ရှိခဲ့၍ စိတ်လှုပ်ရှားနေခဲ့တာ ရှချန်းချန်း၏ အနောက်ထပ်အစီအစဥ်အား ဆက်လက်မေးမြန်းနေခဲ့သည်။

“Host ငါတို့တွေ အခု ရှယုံဒယ်နဲ့လော့ဟိန်က မူးရစ်ဆေးထုတ်လုပ်မှုမှာ ပါဝင်တယ်ဆိုတာ သိထားပြီးပြီ၊ ငါတို့ သူတို့ကို ဖော်ထုတ်ကြမှာလား ရဲလက်ထဲအပ်ကြမှာလား”

နောက်ထပ် ကြီးမားသည့် ဖော်ထုတ်မှုကြီးအားတွေးလိုက်ရုံနှင့် စနစ်၏ မျက်လုံးမှာ လင်းလက်သွားလေသည်။

သူသည် ရှချန်းချန်းအား နာမည်ကြီးတစ်ဦး ဖြစ်လာဖို့ရာ တွန်းအားမပေးတော့ပေ။ အတင်းအဖျင်းများအား ဖော်ထုတ်ခြင်းမှာ ပို၍ပျော်စရာကောင်းလေသည်။ သူသည် အတင်းအဖျင်းများအား စားသုံးနိုင်ရုံသာမက ဖော်လိုဝါများလည်း အလျင်အမြန် တိုးနိုင်လေသည်။ သူ့ယခင်က Host များအားလုံးမှာ ယခု ရှချန်းချန်းကဲ့သို့ အောင်မြင်မှုမျိုးအား မည်သူမှမရခဲ့ဖူးပေ။

စနစ်သည် သူ၏လက်အား စိတ်လှုပ်ရှားစွာဖြင့် ပွတ်သပ်လိုက်သည်။ ထိုနှုန်းအတိုင်းသာဆိုလျှင် သူသည် အိမ်တစ်လုံးဝယ်ကာ လက်ထပ်နိုင်မည့် လမ်းကြောင်းပေါ်ပင်ရောက်နေပြီဖြစ်သည်။

“ဒါပေမဲ့ ငါသူတို့ကို ဖော်ထုတ်ဖို့အတွက် အစီအစဥ်မရှိဘူး”

ရှချန်းချန်းသည် မျက်လုံးမှိတ်လိုက်သည်။

စနစ်: “???”

“ဘာလို့လဲ”

စနစ်မှာ နားမလည်နိုင်ပေ။

ရှချန်းချန်းသည် လေးနက်စွာ ပြောလိုက်ကာ သူမ၏ အသံမှာ အဓိပ္ပါယ်များနှင့် လေးလံနေလေသည်။

“တုန်ကျီ ငါကပါပါရာဇီ တစ်ယောက်လေ၊ ငါရဲ့အလုပ်က ဖျော်ဖြေရေးနယ်ပယ်က အတင်းအဖျင်းတွေကို ထုတ်ဖော်ဖို့အတွက်ပဲ၊ ရှယုံဒယ်နဲ့လော့ဟိန်ရဲ့ကိစ္စက ဒီတိုင်းအတင်းအဖျင်းတွေ မဟုတ်တော့ဘူး၊ အဲဒါက အရာရှိကျောက်နဲ့အရာရှိတင်းတို့ရဲ့ အလုပ်ပဲ၊ တစ်ယောက်ယောက်ရဲ့အလုပ်ကို ခိုးတာက သူတို့အမေကို သတ်လိုက်တာနဲ့ တူတူပဲ၊ တကယ်လို့ငါသာ အရာရှိကျောက်နဲ့သူ့လူတွေရဲ့ အလုပ်ကိုယူလိုက်မယ်ဆိုရင် သူတို့တွေဘာလုပ်ကြမှာလဲ”

စနစ်: ???

စနစ်သည် သေချာစွာတွေးတောလိုက်သည်။ အလုပ်တာဝန်ခွဲဝေမှုပုံစံမှာ ရှုင်းလင်းကာ မှန်ကန်သည့်ပုံပေါက်လေသည်။ လိမ်ညာသူများကိုဖော်ထုတ်သူမှ ထုတ်ဖော်သည့် အတင်းအဖျင်းများသည် နောက်ဆုံးတွင်တော့ လူမှုရေးသတင်းများ ဖြစ်လာသော်ညား ၎င်းသည် အစပိုင်းတွင် ဖျောဖြေရေးနယ်ပယ်၏ သတင်းများဖြစ်နေဆဲဖြစ်သည်။

စနစ်သည် နောင်တနေဆဲဖြစ်ကာ

“ဒါပေမဲ့ ငါတို့မှာ ဒီလောက်ကောင်းတဲ့ သတင်းအချက်ကြီးရှိနေတာကို အဲဒါကိုထုတ်မပြလိုက်ရရင် ရှက်စရာပဲမလား”

ရှချန်းချန်းသည် ဂရုမစိုက်စွာပင် ပုခုံးတွန့်လိုက်သည်။

“ဘာမှနောင်တရစရာ မရှိဘူး၊ ကျော်ကြားမှုနဲ့ဩဇာအာဏာတွေက လူတစ်ယောက်အတွက် အရေးကြီးတဲ့အခါမှာ ထုတ်ဖော်ပစ်လိုက်တာက အဓိပ္ပါယ်ရှိတယ်၊ တကယ်လို့ အဲကျော်ကြားမှုက သူတို့ကိုဖျက်ဆီးပစ်နိုင်တဲ့ လက်နက်မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ဖော်ထုတ်နေရမှာလဲ၊ လော့ဟိန်နဲ့ရှယုံဒယ်အတွက်က ရဲအဖမ်းခံလိုက်ရရင်ကို ကပ်ဘေးကြီးတစ်ခုဖြစ်နေမှာ၊ တုန်ကျီ အရာအားလုံးကို လုပ်ဖို့မစဥ်းစားနေတဲ့ တစ်ခါတလေမှာ မင်း ရဲဝန်ထမ်းတွေကိုလည်း ယုံကြည်ပေးရမယ်”

Bentley ကားသည် တံခါးဝ၌ ရပ်သွားခဲ့သည်။ ရှချန်းချန်းသည် သူမ၏ရှည်လျားသည့် ဆံပင်ကောက်များအား သေသပ်အောင်လုပ်လိုက်ကာ ထွက်လာခဲ့သည်။

ဧည့်ခန်းအထိသို့လျှောက်သွားကာ အဒေါ်လျူသည် ရှချန်းချန်း၏ ကုတ်အင်္ကျီအား တလေးတစား ယူလိုက်ပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။

“မဒမ် ပြန်လာပြီပဲ၊ ဆရာ့ရဲ့ဝမ်းကွဲကတော့ အိမ်မှာရှိပါတယ်၊ မဒမ်ခင်ပွန်းကတော့ မပြန်လာသေးပါဘူး၊ စားဖိုမှူးကို ညစာပြင်ဖို့ပြောထားရတော့မလား”

ရှချန်းချန်းသည် ဧည့်ခန်း၏ နာရီအား မော့ကြည့်လိုက်သည်။ အချိန်မှာ ခုနစ်နာရီပင် ကျော်နေပြီဖြစ်သည်။

သူမ၏ခင်ပွန်း စိတ်ကောက်ကောက် မကောက်ကောက် သူမ ညစာစားရဦးမည် ဖြစ်သည်။

“သွားပြင်လိုက်ပါ”

အဒေါ်လျူသည် တလေးတစားဖြင့် ညစာပြင်ဆင်ဖို့ရာ မီးဖိုချောင်ထဲသို့ သွားလေသည်။

ရှချန်းချန်း၏အသံအား ကြားချိန်တွင် ကျင်ရိန်ဖန်သည် ဆိုဖာပေါ်တွင် ဂိမ်းဆော့နေလေသည်။ သူလိမ့်လိုက်ကာ ဆိုဖာ၏နောက်မှီအားမှီလိုက်ပြီး သူမအား စူးစူးဝါးဝါး စိုက်ကြည့်နေလေသည်။

“မရီး မနေ့ကမရီး ဘာလို့အိမ်ပြန်မလာတာလဲ၊ ကျွန်တော်ရဲ့ဝမ်းကွဲအစ်ကိုရောပဲ၊ မရီးတို့အပြင်သွားပြီးတော့ ကျွန်တော်ရဲ့နောက်ကွယ်မှာ တစ်ခုခုလုပ်နေကြတာလား”

ယခင်ညက အဓိပ္ပါယ်မရှိသည့် အဖြစ်အပျက်အား ပြန်တွေးမိသွားချိန်တွင် ရှချန်းချန်း၏ နားရွက်များမှာ ပန်းရောင်သန်းလာခဲ့သည်။

“လူကြီးတွေရဲ့ကိစ္စမှာ ကလေးတွေဝင်မပါပါနဲ့”

“ကလေးတွေဆိုတာ ဘာကိုပြောချင်တာလဲ”

ကျင်ရိဖန်သည် ပြန်အော်လိုက်သည်။

“ကျွန်တော်က အသက်နှစ်ဆယ်ပြည့်ပြီးတဲ့အတွက် အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ပါ၊ ကျွန်တော်အမေက မရီးတို့နှစ်ယောက်ကို စောင့်ကြည့်ဖို့ပြောထားတာ၊ ပြီးတော့ မရီးတို့နှစ်ယောက်ကို ကိုင်တွယ်ရတာ ကျွန်တော်အတွက် တော်တော်လေးခက်ခဲတယ်၊ ကျွန်တော့်ကို အမှန်အတိုင်းပြောပါ၊ ကျွန်တော်စောင့်ကြည့်တာကို ရှောင်ဖို့အတွက် ဟိုတယ်ကိုသွားခဲ့တာလား”

ရှချန်းချန်းမှာ လန့်ဖြန့်သွားကာ သူမ၏မျက်နှာမှာ နီရဲနေလေသည်။ သူမခေါင်းထဲရှိ စနစ်မှာ အလျင်အမြန် မှတ်ချက်ပေးလိုက်သည်။

“ဝိုး ဖန်ဖန်လေး နောက်ဆုံးတော့ သဘောပေါက်သွားပြီပဲ သူ Host ဟိုတယ်ကို သွားခဲ့တယ်ဆိုတာကို သိသွားပြီ”

စနစ်သည် တမင်သက်သက်ပင် နောက်ဆုံးစကားလုံးသုံးလုံးအား ဆွဲပြောသွားကာ ရှချန်းချန်းအား ပို၍ပင် ရှက်သွေးဖြာစေခဲ့သည်။

ရှချန်းချန်း၏ အပြစ်ရှိသည့်ပုံစံအား မြင်၍ ကျင်ရိဖန်သည် သူ၏ခန့်မှန်းမှုမှာ ကွက်တိပင်ဖြစ်ကြောင့် ခံစားလိုက်ရလေသည်။ သူသည် ဒေါသတကြီးဖြင့် ခါးထောက်လိုက်ကာ

“ကျွန်တော်သိသားပဲ၊ မရီးတို့နှစ်ယောက် တမင်သက်သက် အခန်းနှစ်ခန်းဘိုကင်ယူပြီးတော့ အတူတူမအိပ်ကြဘူးမလား၊ မရီးတို့က လင်မယားတွေလေ အဲလိုလုပ်တာ မဟုတ်သေးဘူးနော်”

ရှချန်းချန်း:???

စနစ်:???

ရှချန်းချန်းသည် ကျင်ရိဖန်အား ရှုပ်ထွေးမှုများနှင့် ကြည့်လိုက်လေသည်။

“မင်းတကယ်ပဲ ငါနဲ့ရှဲ့ကျစ်ရှင်းက မနေ့ညက အိမ်မှာမရှိတာကို တမင်သက်သက် အခန်းနှစ်ခန်းဘိုကင်တင်ပြီးတော့ တစ်အိပ်ရာတည်း တူတူမအိပ်ကြဘူးလို့ ထင်တယ်ပေါ့”

“မရီးရော မထင်ဘူးလား”

ကျင်ရိဖန် ဒေါသထွက်သွားလေသည်။

“ကျွန်တော်မရီးတို့အခန်းထဲက ကြမ်းပြင်ပေါ်မှာ မွေ့ရာတစ်ခုတွေ့တယ်၊ အဲဟွားမေ့ဟိုတယ် ညတုန်းကလည်း မရီးတို့နှစ်ယောက်ကြားမှာ ဘာမှမဖြစ်ခဲ့ဘူးဆိုတာ ကျွန်တော်သိတယ်၊ အဲထူးဆန်းတဲ့အသံတွေက ဒီတိုင်းအတုတွေပဲ၊ မရီးတို့က ဒီတိုင်း စုံတွဲအတုတွေပဲ၊ မရီးတို့တွေ ကျွန်တော်နဲ့ကျွန်တော်အမေကို ညာခဲ့ကြတာမလား”

ရှချန်းချန်းသည် တိတ်ဆိတ်သွားခဲ့သည်။ ကျင်ရိဖန်သည် ဥာဏ်ကောင်းကာ သူသည် ထိုဟွားမေ့ဟိုတယ်မှ ထူးဆန်းသည့်အသံများမှာ အတုဖြစ်သည်ကို သဘောပေါက်သွားပုံ ပေါ်လေသည်။ အကယ်၍ သူသာသဘောမပေါက်သွားခဲ့ဘူးဆိုလျှင် သူ၏ IQ မှာအမြဲတမ်း လိုနေသကဲ့သို့ ခံစားနေရလေသည်။ သူသည် တွင်းနက်ကြီးကဲ့သို့ပင်ဖြစ်သည်။ အကယ်၍ သူ၌ အဖြေမှန်ရှိနေလျှင်ပင် သူ့တွင် အခြားမှားယွင်းသည့် အတွေးမှားအား တွေးနိုင်သည့် အရည်အချင်းရှိလေသည်။ ရှချန်းချန်းသည် ထိုရှက်သွေးဖြာစရာကိစ္စအား ကျင်ရိဖန်နှင့် ဆက်မဆွေးနွေးတော့ပေ။

အခြားတစ်ဖက်တွင် ဆရာကျန်း၏ ညစာမှာ အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ရှဲ့ကျစ်ရှင်းသည်လည်း အလုပ်ပြီး၍ အိမ်သို့ပြန်ရောက်လာပြီဖြစ်သည်။ သူမ ရှဲ့ကျစ်ရှင်းအား မြင်လိုက်ချိန်တွင် ရှချန်းချန်းသည် မနေ့ညက အပေါ်အောက်ကိစ္စများအား တွေးမိကာ သူမ၏မျက်နှာမှာ ထပ်မံနီရဲသွားလေသည်။ ရှဲ့ကျစ်ရှင်းသည်လည်း မနေ့ညက ဖြစ်ပျက်ခဲ့သည့်အရာများအား တွေးနေသည့်ပုံ ပေါ်လေသည်။ သူသည် သူ၏အပြုံးအား ဖုံးကွယ်ရန်အတွက် ချောင်းနှစ်ခါဆက်တိုက် ဆိုးလိုက်သည်။

ကျင်ရိဖန်မှာမူ သူ၏မျက်လုံးကြီးကြီးများဖြင့် ၎င်းတို့နှစ်ဦးအား ပြူးကြောင်ကြောင် စိုက်ကြည့်နေလေသည်။

ငါ့ဝမ်းကွဲရဲ့ သူဇနီးသည်ကို လိုက်ဖို့လမ်းက အဝေးကြီးကိုသွားဖို့ ကျန်သေးတာပဲ။ အရင်တုန်းက သူပြန်လာတဲ့အချိန်တိုင်း ငါ့ဝမ်းကွဲရဲ့ဇနီးက သူဆီသွားပြီး လက်မောင်းကိုလက်ချိတ်လိုက်ပြီးတော့ ချိုသာတဲ့အသံလေးနဲ့ “လောင်ကုန်း ရှင်ပြန်လာပြီပဲ” လို့ အမြဲပြောတယ်။ အခုတော့ သူမကဘာမှတောင် မပြောတော့ဘူး။သူတို့တွေအရင်တုန်းက ဒီတိုင်း သရုပ်ဆောင်နေကြတာပဲ။ ငါ့ဝမ်းကွဲက အချိန်အကြာကြီးလိုက်နေတာကိုတောင် ငါ့မရီးကို အခုထိ မလိုက်နိုင်သေးတာ သနားစရာပဲ။

ထမင်းစားစားပွဲ၌ ရှချန်းချန်း၏ အမူအယာမှာ ပုံမှန်ပြန်ဖြစ်သွားကာ သူမသည် ရှဲ့ကျစ်ရှင်းနှင့်အတူ Starry Sky ၏ ပြိုလဲမှုအကြောင်းအား ပုံမှန်အတိုင်းဆွေးနွေးနေလေသည်။ Starry Sky ၏ ပြိုလဲမှုမှာ ယခုတလော ဖျော်ဖြေရေးနယ်ပယ်၏ ကြီးမားသည့် သတင်းသစ်တစ်ပုဒ်ဖြစ်သည်။ အပျော်စီးသင်္ဘော၏ လိင်ပိုင်းဆိုင်ရာအမှုအခင်းကိစ္စနှင့် ဝမ်လီနာ၏ ဖွင့်ဟဝန်ခံချက်မှာ Starry Sky စတော့စျေးများအား ကျဆင်းသွားစေခဲ့သည်။

Starry Sky ၏ အကြီးပိုင်းအရာရှိများမှာ ရဲဝန်ထမ်းများထံမှ စစ်မေးခံနေရပြီး ဒဏ်ရိုက်ကာ ပြန်လွှတ်ပေးလေသည်။ နောက်ဆုံးတွင်တော့ Starry Sky မှာ ဆက်လက်မလုပ်ဆောင်နိုင်တော့ကာ ဒေဝါလီခံရကြောင်း ကြေညာခဲ့သည်။ နောက်ဆုံးတွင်တော့ ဤသည်မှာ အရည်အချင်းရှိသည့် အနုပညာရှင်အများအပြားရှိသည့် အလယ်အလတ်အဆင့် Entertainment တစ်ခုဖြစ်သည်။ ရှချန်းချန်းသည် ရှလုလုအပါအဝင် မိန်းကလေးအနည်းငယ်အား မျက်စိကျနေလေသည်။ Starry Sky ၏ အိုင်ဒေါများမှာ သရုပ်ဆောင်များထက် ပို၍အင်အားတောင့်ကာ ထိုမိန်းကလေးများသည် လေ့ကျင့်ရေးသင်တန်းသူများ ဖြစ်နေဆဲဖြစ်၍ ၎င်တို့အား စာချုပ်ချပ်ဖို့ရာမှာ သိပ်မခက်ခဲလောက်ပေ။

“မင်းဆုံးဖြတ်ပါ”

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ ပြောစကားအား ဂရုမစိုက်သကဲ့သို့ ပုံမှန်ပင် ပြောလိုက်သည်။ သို့ပေမဲ့ ၎င်းတို့နှစ်ဦးသာလျှင် နှစ်ဦးသားထိုင်ချလိုက်ပြီးနောက် ရှဲ့ကျစ်ရှင်းသညိ ရှချန်းချန်း၏ လက်အားစားပွဲအောက်တွင် ကိုင်ထားသည်ကို သိကာ သူ့ လက်ချောင်းထိပ်လေးများသည် သူမ လက်ဖဝါးနှင့် လက်ချောင်းထပ်လေးများအား ထိကာ ညင်သာစွာဖြင့် ထပ်ကာထပ်ကာ ပွတ်သပ်ပေးနေလေသည်။ ဤသည်မှာ လက်လေးကိုင်ထားရုံသာဖြစ်ပြီး သူမတို့သည် ဤထက်ပိုဆိုးရွားသည့် အရာများအား လုပ်ဖူးသော်ညား ကျင်ရိဖန် အရှေ့၌ ထိုသို့လုပ်နေရခြင်းမှာ ရှချန်းချန်း၏ နှလုံးအား ပို၍ပင်လျင်မြန်စွာ ခုန်လာစေခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ စိတ်လှုပ်ရှားစွာ ရှက်သွေးဖြာမှုအား ပျော်ရွှင်နေပုံရကာ ပုံမှန်အတိုင်း ရယ်မောလိုက်သည်။

“အဲဒါကို မင်းပဲဆုံးဖြတ်လိုက်ပါ”

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းအား ကြည့်လိုက်သည်။

ဗီလိန်ကြီးရေ၊ ထူးဆန်းတဲ့ဟာကြီး တစ်ခုကိုလုပ်နေတဲ့အချိန်မှာ ဘာမှမဟုတ်သလို ဟန်ဆောင်မနေနဲ့လေ။ ဖန်ဖန်လေးကသာ သူ့ရဲ့ခေါင်းကိုငုံ့လိုက်လို့ရင် စားပွဲအောက်က ဟာတွေအကုန်လုံးကို မြင်သွားမှာလေ ဟုတ်ပြီလား။

သူ့ဘေးရှိ ကျင်ရိဖန်မှာ ကြီးမားသည့် ကြက်ပေါင်ကြီးအား ကိုက်ဆွဲနေကာ သူ၏ကြီးမားသည့် မျက်လုံးများသည် ရှဲ့ကျစ်ရှင်းမှတစ်ဆင့် ရှချန်းချန်းဆီသို့ လိုက်ကြည့်နေလေသည်။

ဘုရားရေ ငါ့ဝမ်းကွဲရဲ့ဇနီးက ဘာလို့ ငါ့ဝမ်းကွဲကို ထပ်ပြီး စူးစူးရဲရဲကြီး စိုက်ကြည့်နေရတာလဲ။

ကြည့်ရတာတော့ ငါ့ရဲ့ဝမ်းကွဲက သူ့ဇနီးကို လိုက်ဖို့အတွက် အများကြီး ကြိုးစားရဦးမယ် ထင်တယ်။ ငါ့အမေ သူ့ကိုလာပြီး ကူညီခိုင်းတာ မှန်တာပဲ။ ငါဝမ်းကွဲအစ်ကိုက တကယ့်ကို သစ်သားတုံးကြီးလိုပဲ။ မဟုတ်ဘူး မဟုတ်ဘူး။

တစ်ခြားတစ်ဖက်ရှိ ကျင်းရိဖန်၏ အတွေးများအား ကြားနိုင်သည့် စနစ်မှာမူ တိတ်ဆိတ်သွားခဲ့သည်။

စနစ်: အတန်းဖော် ကျင်ရိဖန်၊ မင်းတကယ်ပဲ မင်းဝမ်းကွဲနဲ့ဝမ်းကွဲဇနီးရဲ့ အကြောင်းကို မသိဘူးပဲ။

ညစာစားပြီးနောက် ရှချန်းချန်းသည် ဒါရိုက်တာကျန်းထံမှ “Galaxy Girls” ၏ပထမဆုံးအပိုင်းမှာ တည်းဖြတ်ပြီး ဖြစ်မြောက်မက်ဆေ့ချ်အား လက်ခံရရှိခဲ့သည်။ ရှချန်းချန်းသည် အလွန်ပင် စိတ်ဝင်စားနေခဲ့ကာ ရုပ်မြင်သံကြားအခန်းထဲ၌ ပရိုဂျက်တာဖန်သားပြင်အား အသုံးပြု၍ ၎င်းကို ပြန်လည်သုံးသပ်ရန် ရည်ရွယ်ထားပြီး Star Girls များ၏ ဖျော်ဖြေမှုအား တစ်ချက်ကြည့်ဖို့ရာ လုပ်ထားလေသည်။

သူမသည် သက်သောင့်သက်သာရှိသည့် သူမ၏ ကောက်ကြောင်းများအား ပေါ်လွင်စေသည့် ပိုးထည်ညအိပ်ဝတ်စုံနှင့် ရိုးရှင်းသည့် B အမှတ်တံဆိပ်ခြုံထည်အား အပေါ်မှထပ်ဝတ်ကာ အိမ်နေရင်းအဝတ်အား လဲဝတ်လိုက်သည်။

သူမ ရုပ်မြင်သံကြားအခန်းထဲသို့ ရောက်ချိန်တွင် မီးအလင်းရောင်ကာထားမှုကြောင့် လုံးဝမဲမှောင်နေခဲ့သည်။ ရှချန်းချန်းသည် မီးဖွင့်ရန်အတွက် လက်လှမ်းလိုက်ချိန်တွင် လက်တစ်ဖက်သည် ရုတ်တရက် သူမအား အခန်းထဲသို့ဆွဲခေါ်ကာ တံခါး၌ ဖိကပ်ထားလေသည်။

သူမ၏ ခန္ဓာကိုယ်အား အားကောင်းသည့် လက်များဖြင့် တင်းကြပ်စွာ ဖက်တွယ်ထားကာ ရှချန်းချန်းသည် အံ့ဩမှုနှင့်အတူ တိုးတိုးလေ အော်လိုက်မိလေသည်။ စူးရှအေးမြသည့် သစ်ကြားပိုးခေါက်အနံ့သည် သူမ၏ အာရုံအား ပြည့်နှက်စေခဲ့သည်။

တံခါးပေါက်ကြားထဲမှ အလင်းတန်းလေး ထိုးပေါက်လာပြီး သူမ မျက်လုံးများသည်လည်း အမှောင်နှင့်နေသားကျ လာသည်နှင်အမျှ ထိုအမျိုးသား၏ ပုံသဏ္ဍာန်မှာပို၍ ထင်ရှားလာကာ သူ့အသွင်အပြင်မှာလည်း ပို၍ ထင်ရှားလာခဲ့သည်။

ရှဲ့ကျစ်ရှင်း၏ လက်ချောင်းထိပ်လေးများသည် ရှချန်းချန်း၏ ပါးပြင်၊ သူမ၏ နှာခေါင်းထိပ်လေးမှစ၍ သူမ နှုတ်ခမ်းထောင့်လေးအထိ ညင်သာစွာ ထိတွေ့လိုက်ကာ နောက်ဆုံးတွင်တော့ သူမ နှုတ်ခမ်းအား ညင်သာစွာပွတ်သပ်လေသည်။

သူ၏အသံမှာ နိမ့်နေကာ ရန်လိုသည့် ဆွဲငင်ဓါတ်များနှင့် ဆော့ကစားချင်သည့် အပြုံးမျိုးနှင့် ဖြစ်နေလေသည်။

“မဒမ်၊ အခုလေးတင် ထမင်းစားခန်းထဲမှာ လုံးဝလေးနက်နေခဲ့တာနော်၊ မဒမ် သရုပ်ဆောင်တာ အရမ်းကောင်းတာပဲ”

ရှချန်းချန်းသည် သူမ နှုတ်ခမ်းများ တုန်ယင်နေသည်ကို ခံစားလိုက်ရကာ သူမ၏ နှလုံးသားမှာလည်း ယားယံနေလေသည်။ သူမသည် ရှက်ရွံ့စွာပြုံးလိုက်ပြီး

“အဲဒါတွေ အကုန်လုံးက ရှင့်ကျေးဇူးတွေကြောင့်ပဲ မဟုတာလား၊ ကျွန်မရဲ့ခင်ပွန်းက ကျွန်မနဲ့အတူ သရုပ်ဆောင်ပေးနေတော့ ကျွန်မလည်း ကျွန်မရဲ့ တကယ့်ပုံစံအမှန်ကို ဖုံးကွယ်ထားနိုင်ခဲ့တာပေါ့ ဟုတ်တယ်မလား၊ ကျွန်မရဲ့လောင်ကုန်းက တကယ့်ကို တော်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ”

“မင်းဘာလို့ ကိုယ်နဲ့ တမင်သက်သက်ကြီး စည်းခြားပြီး နေနေရတာလဲ”

ရှဲ့ကျစ်ရှင်းသည် အနည်းငယ် ပဟေဠိဖြစ်ကာ မေးလိုက်သည်။

“မင်းက ကိုယ်တို့ရဲ့ လျှို့ဝှက်အိမ်ထောင်ရေးကို အဖော်ထုတ်ချင်ဆုံးလူ မဟုတ်ဘူးလား”

သူမသည် ထိုကိစ္စအား ဖော်ထုတ်ဖို့ရာ လုံးဝစိတ်ပိုင်းဖြတ်ထားခဲ့ဖူးသည်။ သူမသည် သူ့အား စိတ်အနှောင့်အယှက်ပေးဖို့ရာပါ လိုလာခဲ့ပြီး သို့ပေမဲ့ ယခုသူမ အဘယ်ကြောင့် ထိုကဲ့သို့ သီးသန့်ဖြစ်လာရသနည်း။

ရှချန်းချန်း၏ မျက်လုံးများသည် တောက်ပလာကာ

“ရှင်ပဲ အရင်တုန်းက အချိန်မတိုင်သေးခင်အထိ ကျွန်မကို ဖော်ထုတ်ခွင့်မပြုဘူးဆို၊ အခု အချိန်ကျပြီလား”

ရှဲ့ကျစ်ရှင်းသည် အနည်းငယ် ခေါင်းညိတ်လိုက်ကာ ကျေနပ်နေလေသည်။

သူသည် ရှချန်းချန်း ထိုသတင်းအား ဖော်ထုတ်ပြချိန်တွင် သူမ သူ့အားအမှန်တကယ် ချစ်သည်ဟု ဆိုလိုစေချင်ပြီး စာချုပ်ချုပ်ဆိုထားသည့် အတွဲသာ မဖြစ်စေဖို့ရာ မျှော်လင့်လေသည်။ ထိုကြောင့် ရှချန်းချန်း သူ့အား သဘောကျသည်ဟု သူသေချာသွားချိန်တွင်မူ သူသည် တစ်ကမ္ဘာလုံးအား ရှချန်းချန်းသည် သူ၏အပိုင်ဖြစ်ကြောင်း သိစေချင်လေသည်။

ပရိတ်သတ်များသည် အနာဂတ်တွင် သူနှင့်ရှချန်းချန်းအား “ဘယ်လိုတောင် လိုက်ဖက်တဲ့ အတွဲလဲ” ဟု ၎င်းတို့နှစ်ဦး အတူရှိချိန်တွင် ပြောကြတာ စွဲလမ်းနေကြမည်ကို တွေးမိပြီး ရှဲ့ကျစ်ရှင်း မပြုံးပဲ မနေနိုင်ပေ။

အတန်းဖော်ကျိုး: [ရှချန်းချန်းနဲ့ သရုပ်ဆောင်ရှဲ့အတွက် လက်မအကြီးကြီးထောင်ပါတယ်၊ အား.. သူတို့က လုံးဝကို လိုက်ဖက်တဲ့အတွဲပဲ ╰(*°▽°*)╯]

အတန်းဖော်ကျိုး: [ဝိုး … ဒါက သေချာပေါက် ဖျော်ဖြေရေးနယ်ပယ်အတွင်းမှာ အလှပဆုံးအတွဲပဲ၊ အရမ်းချိုမြိန်တာပဲ အရမ်းချိုမြိန်တာပဲ (*^-^*)]

အတန်းဖော်ကျိုး: [ငါသူတို့နှစ်ယောက်ကို အကျဥ်းချထားလိုက်ပြီလို့ ကြေညာတယ်၊ သော့ကတော့ ငါ့ဆီမှာပဲ o(〃'▽'〃)o]

ကြည့်လိုက်ပါဦး သူမှတ်ချက်တွေကို ခြယ်လှယ်ပြီးရေးထားတဲ့ မှတ်ချက်တွေပါ ရေးထားပြီးပြီ။

သို့ပေမဲ့ ရှချန်းချန်းသည် တစ်ခဏမျှတွေးနေကာ တံခါးကိုမှီလိုက်ပြီး မျက်လုံးမှိတ်ပြလိုက်သည်။

“ဒါပေမဲ့ ကျွန်မထင်တာကတော့ အခု အားလုံးကို မဖော်ထုတ်ကြပဲနေရအောင်လေ၊ ဟုတ်ပြီလား”

အတန်းဖော်ကျိုး၏ ပျော်ရွှင်နေသည့် အမူအယာမှာ ပျောက်ကွယ်သွားကာ မှားယွင်းသည့် ဗီလိန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဘာလို့လဲ”

သူ့လည်စေ့မှာ လှုပ်ရှားသွားကာ သူ၏အသံထဲတွင် မကျေနပ်မှုများ အနည်းငယ်ပါနေလေသည်။

“အဲဒါက ဒီတိုင်း အခုကအချိန်ကောင်း မဟုတ်သေးလို့ပါ”

ရှချန်းချန်းသည် လေးနက်စွာ ခွဲခြမ်းစိတ်ဖြာလိုက်ကာ

“ရှင်က အင်တာနက်မှာ နာမည်ပျက်သတင်းမရှိတဲ့ အပျော်အပါးလိုက်စားတဲ့ အမျိုးသားနတ်ဘုရားလေ၊ ရှင့်ရဲ့ လျှို့ဝှက်အိမ်ထောင်လေးကို ဖော်ထုတ်တာက ဖျော်ဖြေရေးနယ်ပယ် တစ်ခုလုံးကို လန့်ဖြန့်သွားစေလိမ့်မယ်၊ ဒါပေမဲ့ အခုတော့ ရှင်က ဖောက်ပြန်တယ်ဆိုတဲ့ ကောလေးတွေ ထွက်ပေါ်နေတယ်လေ၊ ပြီးတော့ရှင့်မှာ ဖျော်ဖြေရေးနယ်ပယ်က မဟုတ်တဲ့ ရှရှဆိုတဲ့ ကောင်မလေးရှိသေးတယ်လေ”

“အတိုချုံးပြောရရင် မစ္စတာရှဲ့၊ ရှင်ကမဖြူစင်တော့ဘူး”

ရှဲ့ကျစ်ရှင်း:???

“ကျွန်မအခု အဲဒါကို ဖော်ထုတ်လိုက်မယ်ဆိုရင် အဲဒါက ဖော်ထုတ်မှု သေးသေးလေးပဲမလား”

ရှချန်းချန်း သူမ၏ မေးအား တွေးတောနေရင်း ပွတ်သပ်နေကာ

“ဒါပေမဲ့ အဲဒါဆိုရင် လူတွေက ရှင့်ရဲ့လျှို့ဝှက်အိမ်ထောင်ရေးကို အံ့ဩကြတော့မှာ မဟုတ်တဲ့ ကျွန်မရဲ့လျှို့ဝှက်အိမ်ထောင်ရေးကို အံ့ဩကြတော့မှာပေါ့ ဟုတ်တယ်မလား၊ တကယ်လို့ရှင်သာ ပန်းလေးလေးပွင့်ထဲက ကျွန်မကို ဖယ်ရှားလိုက်မယ်ဆိုရင် ရှင့်ရဲ့လျှို့ဝှက်အိမ်ထောင်ရေးက လိမ်ညာသူများကိုဖော်ထုတ်သူရဲ့ အနိမ့်ဆုံးအဆင့်ကို မှီဖို့တောင် မလုံလောက်ဘူး”

ရှဲ့ကျစ်ရှင်း:???

အရမ်းကောင်းတယ်။ သူ အရင်တုန်းက ရှချန်းချန်းဘေးမှာရှိတဲ့ အကြီးဆုံးဖရဲသီး ဖြစ်ခဲ့ဖူးတယ်။ စာရင်းရဲ့ထပ်ဆုံးမှာ ရှိနေတဲ့ ဖရဲသီးမျိုးပေါ့။

မမျှော်လင့်ထားစွာနဲ့ သူကမဖြူစင်တော့ဘူး။

ယခုတွင်မူ ရှချန်းချန်းမပါပဲ သူသည် လိမ်ညာသူများကိုဖော်ထုတ်သူ၏ သတ်မှတ်ချက်ကိုပင် မပြည့်မီနိုင်တော့ပေ။

ရှချန်းချန်းသည် ပြတ်ပြတ်သားသားမပြောသော်ညား သူမ ရှဲ့ကျစ်ရှင်းအားကြည့်သည့် အကြည့်မှာ “ရှင်ကကျွန်မရဲ့ ဖရဲသီးဖြစ်ဖို့ မတန်တော့ဘူး၊ ရှင်ကကျွန်မရဲ့ ဖရဲသီးဖြစ်ဖို့ မတန်တော့ဘူး၊ ရှင်ကကျွန်မရဲ့ ဖရဲသီးဖြစ်ဖို့ မတန်တော့ဘူး” ဟူသည့် အကြည့်များနှင့် ပြည့်နေလေသည်။

သရုပ်ဆောင်ရှဲ့သည် ထောင်စွန်း၌ထိုင်ကာ သူ၏မျက်နှာပေါ်တွင် စက်ဝိုင်းများ ရေးဆွဲချင်နေလေသည်။

“အို”

ရှချန်းချန်းသည် သူ၏ပါးအား ပွတ်လိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။

“လောင်ကုန်း ကျွန်မတို့တွေ လျှို့ဝှက်ဆက်ဆံရေးကို အရင်ထားထားလို့ရတယ်လေ၊ လျို့ဝှက်ပြီးချစ်ရတာက အရမ်းလည်း ပျော်စရာကောင်းတယ်လေ၊ အရမ်းစိတ်လှုပ်ရှားနေပြီ လောင်ကုန်း စိတ်မဆိုးပါနဲ့”

သို့ပေမဲ့ ရှဲ့ကျစ်ရှင်းသည် ထိုစကားများအား နားမထောင်နိုင်လောက်ဟုပင် ခံစားနေရကာ အလွန်ဝမ်းနည်းနေလေသည်။ သူသည် စိတ်ဓါတ်ကျကာ ထွက်သွားချင်ပါသော်ညား ရုတ်တရက် ကျင်ရိဖန်၏အသံမှာ အပြင်ဘက်မှ ထွက်လာခဲ့သည်။

“မရီး ကျွန်တော်လည်း Galaxy Girls ရဲ့ ပထမအပိုင်းကိုကြည့်ချင်တယ်၊ ကျွန်တော်က ပထမစင်မြင့်မှာ ဟုတ်တယ်မလား၊ ကျွန်တော်သီချင်းဆိုတာ ကောင်းရဲ့လား ဆိုတာကို ကျွန်တော်ကြည့်ချင်သေးတယ်”

ကျင်းရိဖန်သည် ခပ်သွက်သွက်လျှောက်လာကာ သူသည် ရုပ်မြင်သံကြားအခန်း၏ တံခါးသို့ ခြေနှစ်လှမ်းလှမ်းလျှင် ပင်ရောက်ပြီဖြစ်ကာ ဝင်ဖို့ရာအတွက် တံခါးအား တွန်းဖွင့်လုဆဲဆဲပင်ဖြစ်သည်။

ရုပ်မြင်သံကြားအခန်းထဲရှိ မီးအလင်းရောင်မှာ မှိန်ဖျော့နေပြီး ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား နံရံကပ်ထားသည့် ပုံစံမှာ ထိုအတိုင်းပင် ရှိနေဆဲဖြစ်သည်။ ကျင်ရိဖန် တွန်းလိုက်ချိန်တွင် တံခါးသည် ရှချန်းချန်း၏ နောက်ကျောကိုသာ ထိမိသွားကာ သူသည် အရှေ့သို့ဝင်မလာနိုင်ပေ။ ရှဲ့ကျစ်ရှင်းသည် ရုတ်တရက် သူ့မျက်လုံးအား မှိတ်လိုက်ကာ တံခါးအား ဆတ်ကနဲ ပြန်တွန်းလိုက်သည်။

ကျင်ရိဖန်: ???

ကျင်ရိဖန်သည် သူ့ခေါင်းအား စောင်းလိုက်ကာ သူ၏နဖူးတွင်မူ မေးခွန်းအမှတ်အသား ပေါ်လာခဲ့သည်။

“မရီး အထဲမှာ ဘာလုပ်နေတာလဲ”

ရုပ်မြင်သံကြားအခန်းထဲရှိ ရှချန်းချန်း၏ နဖူးပေါ်တွင်လည်း မေးခွန်းအမှတ်အသားတစ်ခု ပေါ်နေကာ တီးတိုးပြောလိုက်သည်။

“ရှဲ့ကျစ်ရှင်း ရှင်ဘာလုပ်နေတာလဲ”

တံခါးပေါက်ကြားများမှ ဖောက်ဝင်လာသည့် အလင်းတန်းများကြောင့် ရုပ်မြင်သံကြားအခန်းထဲတွင် တော်တော်များများအား မြင်နိုင်သော်ညား ရှဲ့ကျစ်ရှင်း ခလုတ်အားနှိပ်လိုက်ချိန်မှာမူ တစ်ခန်းလုံး အမှောင်ကျသွားခဲ့သည်။

အမြင်အာရုံမရှိတော့ခြင်းသည် အခြားအာရုံများအား ပို၍ခံစားလွယ်လာစေသည်။

ရှချန်းချန်း သူမ၏အေးစက်နေသည့် နားရွက်များကြား ရုတ်တရက် လေပူများ တဟုန်ထိုးဝင်လာသည်ကို ခံစားလိုက်ရပြီး ထိုအမျိုးသား၏ ရုတ်တရက် ချဥ်းကပ်မှုသည် လျှပ်စီးကြောင်းကဲ့သို့ တုန်ခါနေသည့် နှလုံးခုန်သံအား ဖြစ်ပေါ်စေခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် မရေရာသည့်လေသံဖြင့် တည်ငြိမ်စွာပြောလိုက်သည်။

“မဒမ်၊ မဒမ်ပဲလျို့ဝှက်ဆက်ဆံရေး လိုချင်တယ်လို့ ပြောခဲ့တာမလား၊ အခုက လျို့ဝှက်ဆက်ဆံရေး ရှိဖို့ရာအတွက် အကောင်းဆုံးအချိန်ပဲလေ”

ဘာကြီး ဘာကြီး ဘာကြီး။

ဘာဖြစ်လို့ လူတွေကအပြင်မှာ ဒီလိုကိစ္စမျိုးကို လုပ်ကြတာလဲ။

သူမ၏ အရေပြားအနီးရှိ ပူနွေးသည့်အသက်ရှူသံမှာ ရှချန်းချန်းအား ထုံလာစေကာ အတွင်းထဲမှယားယံလာစေပြီး သူမ၏ခြေထောက်များမှာ အနည်းငယ် အားနည်းလာသကဲ့သို့ ခံစားလိုက်ရသည်။

သူမ မည်သည့်အရာကိုမှ မမြင်နိုင်ပါသော်ညား ရှဲ့ကျစ်ရှင်း၏ ပြင်းထန်သည့်အသက်ရှူသံမှာ ဆန့်ကျင်ဘက်လိင်မှ လေးလံသည့်ဟော်မုန်းများနှင့် ပြည့်နှက်နေပြီး ပို၍နီးကပ်လာသည်ကို သူမခံစားမိကာ သူမ နှလုံးခုန်သံအား ပို၍မြန်လာစေခဲ့သည်။

ရုတ်တရက် အေးစက်ကာနူးညံ့သည့် အလွှာတစ်ခုမှာ သူမ နှုတ်ခမ်းနှင့် သွားများအား ဖုံးလွှမ်းသွားပြီး အထပ်ထပ်အခါခါ ပွတ်တိုက်၍ အနိုင်ယူကာ သူမ၏ ပုလဲရောင်သွားများအား အလွယ်တကူဖွင့်လိုက်ပြီး မြို့ကိုသိမ်းပိုက်ကာ နယ်မြေကိုပါသိမ်းပိုက်လိုက်ပြီး တွန်းလှန်နိုင်ဖို့ရာ အင်အားကြီးလွန်းနေခဲ့သည်။

ရှချန်းချန်းသည် သူမ တိမ်တွေထဲ၌ ရှိနေသကဲ့သို့ ခံစားလိုက်ရကာ မတ်မတ်ပင် မရပ်နိုင်တော့ပေ။ သူမ၏ ခြေထာက်များမှာ ပျော့သွားကာ တံခါးမှကိုမီထားရာမှ လဲကျမတတ်ပင်ဖြစ်သွားသည်။ ရှဲ့ကျစ်ရှင်းသည် အလွန်ပင်လျင်မြန်ကာ သူသည်လည်း မည်သည့်အရာကိုမှ မမြင်နိုင်သော်ညား သူသည် ရှချန်းချန်း၏ သေးသွယ်သည့်ခါးအား ကွက်တိပင် ပွေ့ဖက်နိုင်လိုက်ကာ သူမအား သူ့လက်မောင်းကြားတွင် ပွေ့ဖက်ထားခဲ့သည်။

အပြင်ဘက်ရှိ ကျင်ရိဖန်မှာ ရုပ်မြင်သံကြားအခန်းထဲ၌ ဖြစ်ပျက်နေသည့်အရာများအား မသိပဲ ဆက်လက် အော်ဟစ်နေဆဲဖြစ်သည်။

“မရီး မရီး ဘာလုပ်နေတာလဲ၊ ဘာလို့ ကျွန်တော်ကိုပေးမဝင်တာလဲ၊ ကျွန်တော်လည်း နမူနာဖိုင်ကို ကြည့်ချင်တယ်လေ၊ ပေးဝင်ပါ”

ရှချန်းချန်းသည် အပြင်းအထန်အနမ်းခံလိုက်ရကာ အသက်ပင်မရှူနိုင်ဖြစ်သွားရပြီး သူ့အား တစ်ဦးတည်းစကားပြောခိုင်းထားလေသည်။

လေများရှူသွင်းလိုက်ချိန်တွင် သူမ၏ရင်ဘတ်မှာ ပြင်းထန်စွာမြင့်တက်သွားကာ သူမခန္ဓာကိုယ်ပေါ်ရှိ ပိုးသားညအိပ်ဝတ်စုံအား တုန်ခါသွားစေခဲ့သည်။

သူမ နှုတ်ခမ်းအားနမ်းလိုက်ချိန်တွင် ရှဲ့ကျစ်ရှင်း၏ မျက်လုံးထဲတွင် မဲ့ပြုံးလေးတဖျတ်ပေါ်ထွက်လာခဲ့ကာ သူမကို နီရဲသွားစေပြီး ဖြူဖွေးသည့် အသားအရေပေါ်တွင် နီရဲသည့်ဇီးပန်းပွင့်များအား ချန်ထားခဲ့လေသည်။

ရှချန်းချန်းသည် ပုလဲလုံးလေးကဲ့သို့ သွားများဖြင့် နှုတ်ခမ်းအား ကိုက်လိုက်ကာ သူမ၏နူးညံ့သည့်အသံအား မထွက်လာစေရန်တားဆီးထားလေသည်။ သူမသည် ပြန်ဖြေပြီး ကျင်ရိဖန်အား ထွက်သွားဖို့ရာပြောချင်သော်ညား သူမ၏ အသက်ရှူသံမှာ ပြင်းထန်လွန်း၍ ကားလုံးများမှာ လည်ပင်းတွင်သာ တစ်သွားခဲ့ပြီး မရည်ရွယ်ပဲ နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်နိုင်သည့် အရာတစ်ခုခုကို ပြောမိသွားမည်ကို စိုးရိမ်နေခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် သူမအား ဖိနှိပ်ထားကာ အပြင်ဘက်ရှိ ကျင်ရိဖန်အား ဂရုစိုက်ပုံမရကာ သူ၏တိုက်ခိုက်မှုအား ဆက်လက်လုပ်ဆောင်နေခဲ့သည်။

“တံခါးလော့ခ်များ ပျက်သွားတာလား”

ကျင်ရိဖန်သည် တံခါးဝ၌ သူ၏မေးစေ့အားပွတ်နေကာ စူးစမ်းနေလေသည်။ အဒေါ်လျူအား လှေကား၌တွေ့လိုက်သောအခါ သူအော်ခေါ်လိုက်သည်။

“အဒေါ်လျူ တတိယထပ်က ရုပ်မြင်သံကြားအခန်းက ဖွင့်လို့မရဘူး၊ အဒေါ်မှာ သော့ရှိလား”

“ဖွင့်လို့မရဘူးလား”

အဒေါ်လျူသည် သံသယဖြစ်နေပုံပေါ်သည်။ ရုပ်မြင်သံကြားအခန်းသည် လော့ခ်မချထားပေ အဘယ်ကြောင့် ရုတ်တရက် လော့ခ်ကျသွားရသနည်း။

“သခင်လေး ခဏလောက်စောင့်ပေးပါဦး၊ ကျွန်မသော့အပို သွားယူလာခဲ့ပါမယ်”

အခန်းထဲရှိ ရှုပ်ထွေးနေသည့် လေထုမှာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ရုပ်မြင်သံကြားအခန်းထဲရှိ အသံလုံစနစ်မှာ အလွန်ပင်ကောင်းမွန်လေသည်။ ရှချန်းချန်းသည် တံခါး၌အတင်းအကြပ် ဖိကပ်ခံထားရလေသည်။ သူမရှင်းရှင်းလင်းလင်း မကြားနိုင်လျှင်ပင် ဤအစိုင်အခဲ၏ တုန်ခါမှုမှတစ်ဆင့် အခန်းထဲသို့ ကျင်ရိဖန်ဝင်ရောက်နိုင်ရန် ကြိုးစားနေသည်ကို သူမခံစားနိုင်လေသည်။

“ရှဲ့ကျစ်ရှင်း ရပ်လိုက်တော့၊ အဒေါ်လျူနဲ့တခြားသူတွေ ဝင်လာကြတော့မယ်”

ရှချန်းချန်းသည် အလွန်ပင်မောပန်းနေကာ သူမခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မောပန်းနွမ်းနယ်နေပြီး သူမ၏ ဆူပူမှုမှာ လိုချင်တပ်မက်မှုများနှင့် ပြည့်နှက်နေလေသည်။ သို့ပေမဲ့ ဤသည်မှာ သူမ၏တုန်လှုပ်ခြောက်ခြားနေသည့် စိတ်နေစိတ်ထားနှင့် ရှင်းရှင်းလင်းလင်းပြောနိုင်သည့် တစ်ခုတည်းသောအရာပင်ဖြစ်သည်။

ခုခံမှုနှင့်ငြင်းပယ်မှုသည် ယောက်ျားတစ်ဦး၏ အနိုင်လိုချင်သည့် ဆန္ဒအား နှိုးဆွပေးနိုင်သည်။

ရှဲ့ကျစ်ရှင်း၏နှုတ်ခမ်းသည် သူမ နှုတ်ခမ်းထောင်လေးဆီသို့ တရွေ့ရွေသွားကာ သူမအား ထူးခြားသည့်ချစ်ခြင်းမေတ္တာများဖြင့် နမ်းရှိုက်လိုက်ပြီး ပုံမှန်အတိုင်းပြောလိုက်သည်။

“အို သူဝင်မလာသေးဘူးလား”

သူမတို့သည် အပြင်မှ အသံများအား မကြားနိုင်သော်ညား သော့များ တံခါးအတွင်း၌လှိမ့်နေသည့် သတ္တုသံကိုတော့ ကြားနိုင်လေသည်။

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းထံမှ အချုပ်ခံထားရကာ သူမ၏နောက်ကျောမွေးများပင် ထောင်လာလေသည်။

အခု တအားနောက်ကျသွားပြီ ရှဲ့ကျစ်ရှင်းသည် သူမအား မလွတ်ပေးပေ။

တံခါးလော့ခ် လှည့်သွားသည့်အချိန်တိုင်း ရှချန်းချန်း၏ နှလုံးခုန်သံမှာလည်း ပို၍ပြင်းထန်လာလေသည်။ သူမသည် သူမဘေးရှိ ဆိုဖာအား သူမ၏လက်ငါးချောင်းဖြင့် တင်းကြပ်စွာဆုပ်ကိုင်ထားကာ ထိန်းမထားနိုင်လောက်သည် အထိပင်ဖြစ်သည်။

အပြင်ဘက်ရှိ အဒေါ်လျူသည် သော့အားထည့်၍ နှစ်ခါလှည့်လိုက်ကာ ရှုပ်ထွေးသွားပြီး မေးလိုက်လေသည်။

“မဟုတ်သေးပါဘူး တံခါးကလော့ခ်မှ မချထားတာ”

“လော့ခ်မချထားဘူးလား”

ကျင်ရိဖန်မှာ ပြောစရာစကားများပင် ပျောက်ရှသွားခဲ့သည်။ “

“အဲဒါဆို ဘာလို့ဖွင့်မရတာလဲ”

၎င်းတို့နှစ်ဦးသည် အဘယ်ကြောင့်ဖွင့်မရသည်ကို နားမလည်နိုင်၍ ကျင်ရိဖန်သည် ရက်စက်စွာ ချဥ်းကပ်လိုက်ပြီး

“ဒါကဖွင့်လို့မရဘူး ပြီးတော့ ငါ့ရဲ့မရီးကအထဲမှာ ပိတ်မိနေတယ်၊ ငါဝင်ဖို့ရာအတွက် တံခါးဖျက်လိုက်မယ်”

လူငယ်သည် ငယ်ရွယ်၍သန်မာလေသည် ဤသည်မှာ တံခါးအားဆောင့်တွန်းသင့်ကိစ္စလေးပင်ဖြစ်သည်။

ကျင်ရိဖန်သည် သူ၏ခွန်အားများအား စုစည်းလိုက်ကာ သူ၏ ခြေထောက်များထဲသို့ စုစည်းလိုက်ပြီး ရုပ်မြင်သံကြားအခန်း၏ တံခါးအား ကန်ဖို့ရာ ချိန်ရွယ်ထားလေသည်။

အခန်းထဲရှိ ရှချန်းချန်း၏ နှလုံးခုန်သံမှာ ပို၍ပင်လျင်မြန်လာခဲ့သည်။

ယခုလေးတင် အဒေါ်လျူ တံခါးလော့ခ်အားဖွင့်လိုက်၍ ရုပ်မြင်သံကြားအခန်း၏ တံခါးမှာအနည်းငယ် လျော့တိလျော့ရဲဖြစ်နေလေသည်။ ရှချန်းချန်းသည် ကျင်ရိဖန်၏ တံခါးကို ဆောင့်တွန်းမည်ဆိုသည့်စကားအား ရှင်းရှင်းလင်းလင်းကြားလိုက်လေသည်။

သူမသည် ရှဲ့ကျစ်ရှင်း၏ မာကျောသော ရင်ဘတ်ကြွက်သားများအား ရိုက်နှက်လိုက်ကာ သူ့အား အမြန်ရပ်ခိုင်းစေချင်နေလေသည်။

သို့ပေမဲ့ ထိုအမျိုးသားမှာ မည်သည်အရာကိုမှ မကြားသကဲ့သို့ ဟန်ဆောင်ကာ ၎င်းတို့နှစ်ဦးကြားရှိ အနမ်းကိုသာ ပို၍နက်ရှိုင်းစေခဲ့သည်။ သူ၏လျှာသည် သူမစိတ်ပြေလျော့သွားသည်ကို တမင်သက်သက်ပင် အခွင့်ကောင်းယူကာ သူမအား ခုခံနိုင်စွမ်းမဲ့အောင်လုပ်ပြီး သူမအား ခိုကိုးရာမဲ့စေလေသည်။

ရှချန်းချန်းသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး ထုံနေကာ ရှဲ့ကျစ်ရှင်း၏ လက်မောင်းများအား ရေကဲ့သို့ တင်းကြပ်စွာဆုပ်ကိုင်ထားလေသည်။

ဘယ်ကို မြင့်မြတ်တဲ့ အပျော်အပါးလိုက်စားတဲ့ အမျိုးသားနတ်ဘုရားလဲ။ အဲ အင်တာနက်ပေါ်က ပရိတ်သတ်တွေက ဒီတိုင်းလျှောက်ပြောနေကြတာပဲ။ ဒီလူက လူသားပုံစံနဲ့ သားရဲတစ်ကောင်ပဲ။ ပြီးတော့ ကမ္ဘာကြီးရဲ့ လူယုတ်မာတစ်ယောက်ပဲ။

ရှချန်းချန်းသည် ထိုအခိုက်အတန့်တွင် ငိုချင်သွားခဲ့သည်။

အပြင်ဘက်ရှိ ကျင်ရိဖန်သည် အားစုစည်းလိုက်ကာ ဝင်လာဖို့ရာ တံခါးဖျက်ဖို့ ပြင်လိုက်လေသည်။

ထိုအချိန်တွင် ရှဲ့ကျစ်ရှင်းသည် ရုတ်တရက် နက်ရှိုင်းသည့် အနမ်းအား ရပ်လိုက်ကာ ရှချန်းချန်း၏ နှုတ်ခမ်းကိုသာ ထိလိုက်ပြီးနောက် သူ့ လက်အား သူမ၏ခါးပတ်လည်သို အလျင်အမြန် တင်လိုက်ပြီး တစ်ခြားလက်တစ်ဖက်မှာ ရုပ်မြင်သံကြားအခန်း၏ တံခါးအား အလျင်အမြန် ဖွင့်လိုက်သည်။

ကျင်ရိဖန်သည် သတိလွတ်သွားကာ သူမအား ဝင်တိုက်မိသွားလေသည်။ သူတွင် အရှိန်ထိန်းဖို့ရာ အချိန်မရှိခဲ့သည့်အပြင် အားယုတ်မှုကြောင့် သူသည် ရုပ်မြင်သံကြားအခန်း၏ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

“အ့”

ကျင်ရိဖန် ညည်းညူလိုက်ကာ လက်ပိုက်ထားလိုက်သည်။

“မရီး ကျွန်တော် မရီးကိုအကြာကြီးခေါ်တယ်လေ ဘာလို့ပြန်မဖြေကြတာလဲ၊ ဝမ်းကွဲအစ်ကို အစ်ကိုကရော ဘာလို့ ဒီကိုရောက်နေတာလဲ”

ကျင်ရိဖန်သည် ရှဲ့ကျစ်ရှင်းအာ ထိုနေရာတွင် မြင်လိုက်ကာ ကြမ်းပြင်မှအလျင်အမြန် ထလိုက်ပြီး သူ၏ခေါင်းသေးသေးထဲ၌ ပဟေဠိများနှင့် ပြည့်နှက်သွားခဲ့သည်။

ရှချန်းချန်း သူမ၏အခြေအနေမှ ပြန်လည်ကောင်းမွန်လာအောင် လုပ်နေဆဲဖြစ်ပြီး သူမ နားရွက်များမှာ နီမြန်းနေကာ သူမသည် သူမ၏ ပုခုံးအား မမြင်နိုင်အောင်ကာဖို့ရာအတွက် ခြုံထည်အား အလျင်အမြန်ကောက်လိုက်သည်။

ရှဲ့ကျစ်ရှင်းသည် ချောင်းနှစ်ခါဟန့်လိုက်ကာ

“ပရိုဂျက်တာက ပျက်နေလို့ ငါပြင်ပေးဖို့ လာခဲ့တာ”

“အစ်ကို ပစ္စည်းတွေကို ဘယ်လိုပြင်ရမလဲ ဆိုတာသိတယ်လား”

ကျင်ရိဖန် မေးခွန်းထုတ်လိုက်သည်။

“အစ်ကိုက ပရိုဂျက်တာကို ဘယ်လိုသုံးရမယ်ဆိုတာကိုတောင် မသိတာ အသိအသာကြီးလေ”

အဒေါ်လျူသည် ၎င်းတို့နှစ်ဦးအား ကြည့်လိုက်ကာ ချက်ချင်းပင်နားလည်သွားခဲ့သည်။ ချိုမြိန်သည့် အန်တီတစ်ဦး၏ အပြုံးနှင့်အတူ သူသည် ကျင်ရိဖန်၏ အင်္ကျီအစအား ဆွဲလိုက်လေသည်။

“ဝမ်းကွဲလေး ဖရဲသီးဖျော်ရည် မသောက်ချင်ဘူးလား၊ အဲဒါက ဇာတ်ကားကြည့်ရင်း သောက်ဖို့အကောင်းဆုံးပဲ၊ အဒေါ် မင်းအတွက် ဖျော်ပေးပါ့မယ်၊ မင်းကတော့ အောက်ဆင်းလာပြီး ဖရဲသီးနှစ်လုံးကို လာကူသယ်ပေးပါဦး”

“အောက်မှာ ဆရာကျန်းရှိတယ်လေ၊ အဒေါ်သူ့ကို အကူအညီတောင်းလို့ရပါတယ်”

ကျင်ရိဖန်သည် သူ၏ဝမ်းကွဲမှာ ပစ္စည်းများအား အမှန်တကယ်ပြင်နိုင်သည် ဆိုသည့်ကိစ္စအား အလွန်ပင် အံ့ဩနေလေသည်။

“အဲလူအိုကြီးက မင်းလို ငယ်ရွယ်ပြီးချောမောတဲ့ သူလိုမျိုး သန်မာပါ့မလဲ”

အဒေါ်လျူမှာ ငြင်းခုံလိုက်သည်။

“အဒေါ်ရဲ့ဝမ်းကွဲလေးက ငယ်ရွယ်ပြီးတော့ ခွန်အားတက်ကြွတယ်လေ၊ ဒီလိုကြွက်သားတွေနဲ့ မင်းကြည့်ရတာ အမိုက်စားပဲ၊ မင်းဘာဖြစ်လို့ အဒေါ်လို အဘွားအိုတစ်ယောက်ကို မကူညီနိုင်ရမှာလဲ”

ကျင်ရိဖန်သည် အစပိုင်းတွင် စိတ်မဝင်စားသော်ညား အဒေါ်လျူ၏ ပြောစကားများအား ကြားပြီးနောက် သူ၏မျက်နှာမှာ နီမြန်းသွားပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများမှာ မထိန်းနိုင်အောင်ပင် ပင့်တက်သွားလေသည်။ မထိန်းနိုင်သောကာ သူသည် အတည်ပေါက်ပင် ဟန်ဆောင်ကာ

“ကောင်းပြီလေ၊ ကျွန်တော်ရဲ့ကြွက်သားတွေက အဲလောက်တောင် ကြည့်ကောင်းတာလား”

အန်တီလျူသည် မျက်လုံးဖွင့်လျက်ပင် ညာလိုက်လေသည်။

“ဒါပေါ့၊ ရှဲ့ကျစ်ရှင်းရဲ့ကြွက်သားတွေထက်တောင် ကြည့်ကောင်းတာ”

ကျင်ရိဖန်၏ နှုတ်ခမ်းများတွန့်ကွေးသွားခဲ့သည်။

“အဒေါ်ပြောနေမှတော့ မိသားစုရဲ့ အသန်မာဆုံး ယောက်ျားသားတစ်ယောက်အနေနဲ့ ကျွန်တော် အဒေါ်ကိုလိုက်ရွေ့ကူပါ့မယ်”

ထိုနှင့် ကျင်ရိဖန်သည် သူ၏ကြွက်သားများအား ထုတ်ကြွားဖို့ရာ စိတ်အားထက်သန်နေခဲ့ပြီး အန်တီလျူအား သူ့ကို အောက်ထပ်သို့ ပျော်ပျော်ကြီး လှည့်စားခေါ်သွားခံလိုက်လေသည်။

ကျင်ရိဖန်၏ နောက်ကျောပျောက်ကွယ်သွားသည်ကို ကြည့်လိုက်ရင်း ရှချန်းချန်းသည် စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်အား ချလိုက်လေသည်။

ဤသည်မှာ နှလုံးခုန်နှုန်းအတွက် များစွာသော စမ်းသပ်မှုများပင်ဖြစ်သည်။ သူမခိုးထွက်သွားသည့်အချိန်၌ပင် ရှချန်းချန်း သူမ၏နှလုံးခုန်သံ ထိုမျှအထိမြန်သည်ကို မခံစားခဲ့ဖူးပေ။

သူမ၏အနောက်ဘက်ရှိ ရှဲ့ကျစ်ရှင်းမှာ ရုပ်မြင်သံကြားအခန်းတံခါးဘောင်အား မှီနေရင်း ပုံမှန်အတိုင်းပြောလိုက်လေသည်။

“အန်တီလျု အဓိပ္ပါယ်မရှိတာတွေ ပြောသွားတာပဲ”

ရှချန်းချန်းသည် လန့်ဖြန့်သွားခဲ့သည်။

“ဘာလဲ”

“သေချာပေါက် ကိုယ့်ရဲ့ကြွက်သားတွေက ပိုသန်မာတာ အသိအသာကြီးပဲကို”

သူထပ်ထည့်ပြောလိုက်သည်။

“မင်းကိုယ့်ကြွက်သားတွေကို ထိဖူးတာပဲ မင်းသိပါတယ်”

ရှချန်းချန်း:???

သူမ မသိချင်ဘူးလေ။

ဒီဝမ်းကွဲကို အနိုင်လိုချင်စိတ်ကြီးက ဘာကြီးလဲ။

ရှဲ့ကျစ်ရှင်းသည် ညင်သာစွာပြုံးလိုက်သည်။ သူသည် ရုတ်တရက် အရှေ့သို့ တိုးလာကာ ရှချန်းချန်း၏ခါးအား လက်တစ်ဖက်ဖြင့်ဖက်လိုက်ပြီး နောက်လက်တစ်ဖက်မှာမူ သူမပါးစပ်ထောင့်ရှိ သွားရည်စီးကြောင်းအား သုတ်ပေးလိုက်သည်။

“ဒါပေမဲ့ မဒမ် ပြောတာမှန်ပါတယ်၊ လျှို့ဝှက်ဆက်ဆံရေးအချစ်ဇာတ်လမ်းတွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ”

***

နောက်တစ်နေ့တွင် ရှချန်းချန်းသည် တျန်းရှန့် သို့မဟုတ် ပိုင်ကွားကိုပင် မသွားပေ။

အဓိကအကြောင်းအရင်းမှာ သူမ ပင်ပန်းနေသောကြောင့်ဖြစ်သည်။

အကြွေးများသည် ပြန်ဆပ်ရမည်ပင်ဖြစ်သည်။

အကြောင်းအရင်းတစ်ချို့ကြောင့် ရှဲ့ကျစ်ရှင်းသည် မနေ့ညတွင် ရုတ်တရက် စန်းနျန်းနျန်းတောင်ပေါ်၌ ရှချန်းချန်းနှင့်မုန့်ရုယန်တို့ သူမစွမ်းဆောင်နိုင်ကြောင့် ကောလဟလများ ဖြန့်ဝေခဲ့သည့် အချိန်အား အမှတ်ရသွားခဲ့သည်။

ထိုကြောင့် ထိုအရာမှာ ကောလဟလသာဖြစ်ကြောင့် အတည်ပြုပေးရန်အတွက် ရှဲ့ကျစ်ရှင်းသည် တစ်ညလုံးသုံးခဲ့လေသည်။

မိုးလင်းမှသာ နားသွားခဲ့သည်။

ရှချန်းချန်းသည် အိပ်ရာပေါ်တွင် လဲလျောင်းနေကာ သူမ၏ခန္ဓာကိုယ်လေးသည် တစ်ပိုင်းစီပြုတ်ထွက်သွားတော့မည် ဟုပင်ခံစားနေရလေသည်။ နောက်ဆုံးတွင်တော့ မနေ့ညက ကြိုးစားထားမှုကြောင့် ရှဲ့ကျစ်ရှင်းသည် နှစ်နာရီအကြာတွင် အလုပ်မှပြန်လာခဲ့ကာ ဝတ်စုံပြည့်နှင့် နက်ပြာရောင် နက်ခ်တိုင်အားဝတ်ကာ ဘာမှမဖြစ်သကဲ့သို့ပင်ဖြစ်သည်။

ဗီလိန်တစ်ဦးအား မျှော်လင့်ထားသကဲ့သို့ပင်။ အလုပ်ဘုရင်အား မျှော်လင့်ထားသကဲ့သို့ပင်ာ

ရှချန်းချန်းသည် တစ်ခဏမျှ အနားယူလိုက်ကာ ညနေခင်းတွင် နေ့လယ်စာစားပြီးနောက် အဒေါ်လျူသည် သူ့အားခေါ်လာကာ သူ့တွင် အွန်လိုင်းသတင်းများအား စကန်ဖတ်ဖို့ရာအတွက် အင်အားရှိသွားပြီဖြစ်သည်။ Star Sky သည် နောက်ဆုံးတွင်တော့ ဒေဝါလီခံသွားကြောင်းကို ကြေညာလိုက်ပြီဖြစ်သည်။

တစ်ချိန်က ပြည်တွင်းဖျော်ဖြေရေးနယ်ပယ်တွင် နံပါတ်တစ် အိုင်ဒေါစီးပွားရေးဖြစ်လာရန် ရည်မှန်းထားခဲ့ဖူးသည့် ကုမ္ပဏီမှာ နောက်ဆုံးတော့ ပြိုလဲသွားခဲ့ပြီဖြစ်သည်။

Star sky တွင် အနုပညာရှင်များစွာရှိကာ အနုပညာရှင်အသေးလေးများသည် အခြားကုမ္ပဏီများနှင့် စျေးနည်းနည်းဖြင့် စာချုပ်ချုပ်လိုက်သည်။ ရှလုလုနှင့် Star Sky မှ မိန်းကလေးအဖွဲ့မှာမူ ၎င်းတို့သည် အစီအစဥ်များ ပြုလုပ်ထားပြီးဖြစ်သောကြောင့် ထျန်ရှန်းနှင့်စာချုပ်ချုပ်ဆိုထားကြပြီးဖြစ်သည်။

တိုက်ဆိုင်စွာဖြင့် ရှချန်းချန်း၏ နှစ်လသာကျန်တော့သည့် စာချုပ်မှာလည်း တျန်းရှန့်သို့ လွဲပြောင်းလိုက်သည်။

တျန်းရှန့်၏ တရားဝင်ဝေ့ပေါ်အကောင့်မှ ရှချန်းချန်းနှင့် စာချုပ်ချုပ်ဆိုလိုက်သည်ကို ကြေညာလိုက်သောအခါ ဖျော်ဖြေရေးနယ်ပယ်မှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

[ရှင်းခုံက ချန်းကျဲကို ပြိုင်ပွဲအဖြစ်လွှတ်ဖို့အတွက် စဥ်းစားနေခဲ့တာမလား၊ သူတို့ဦးနှောက်ကဘာဖြစ်နေတာလဲ၊ ကျေးဇူးပြုပြီး တျန်းရှန့်က ပိုကောင်းအောင်စီမံပေးပါ]

[ငါအစက ချန်းကျဲကအနားယူပြီးတော့ မိသားစု အမွေကိုဆက်ခံတော့မယ်လို့ ထင်နေခဲ့တာ၊ ဘာဖြစ်လို့ သူမ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ဆက်ရှိနေသေးတာလဲ]

[ငါကတော့ ချန်းကျဲက မထွက်လောက်ဘူးဆိုထင်တယ်၊ ဒါပေမဲ့ ပရိုဂျူဆာအဖြစ် ပြောင်းလုပ်ပြီးတော့ သူမရဲ့ ကျော်ကြားမှုကိုအသုံးပြုပြီး ပရောဂျက်အသစ်တွေကို ကြေညာသွားမယ်လို့ ထင်တယ်]

[ဟားဟားဟား အပေါ်ကလူက Galaxy Girls နဲ့ ရှန်းကျွယ်ကို ထည့်မပြောသွားရုံ တမယ်ပဲ]

[အဲဒါလည်းကောင်းတာပဲ၊ အနည်းဆုံးတော့ ချန်းကျဲ ရင်းနှီးမြုပ်နှံတဲ့ ပရောဂျက်တွေက တကယ်ကောင်းတာပဲလေ၊ ချန်းကျဲရင်းနှီးမြုပ်နှံသူအဖြစ် လုပ်တာကလည်း ကောင်းတာပါပဲ]

အင်တာနက်သုံးစွဲသူများသည် ရှချန်းချန်း၏ ကုမ္ပဏီအသစ်နှင့် ပတ်သက်၍ အလွန်စိတ်ကျေနပ်နေကြသည်။ ရှင်းခုံ၏ နဂိုထိပ်တန်းကြယ်ပွင့်မှာ တျန်းရှန့်သို့ရောက်သွားကာ ကြည့်ရသည်မှာ ပိုကောင်းသည့် အိမ်သို့ ရောက်သွားသကဲ့သို့ပင်ဖြစ်သည်။

အခြား အင်တာနက်သုံးစွဲသူများမှာမူ ရှင်းခုံ၏ ထိပ်တန်းရော့ခ်အဆိုတော် ဖန်စစ်ဟန်အကြောင်း သိချင်နေကြလေသည်။

ဖန်စစ်ဟန်သည်လည်း Starry Sky ၏ ထောက်တိုင်တစ်ခုဖြစ်ကာ ရွှီချဲနှင့် နာမည်ကြီးမှုမှာ အပြိုင်အဆိုင်ပင်ဖြစ်သည်။ ယနေ့ခေါတ် ရော့်ခ်ဂီတ မျိုးဆက်တွင် သူသည် ဒုတိယလိုက်သူပင်ဖြစ်သည်။

ရော့ခ်ဂီတမှာ အနည်းငယ်ထူးခြားသည့် ဂီတအမျိုးအစားဖြစ်သော်ညား ဖန်စစ်ဟန်၏ ကျော်ကြားမှုများ ကြီးမားလွန်းကာ ကုမ္ပဏီများစွာသည် သူနှင့်စာချုပ်ချုပ်ချင်ကြလေသည်။

ထိုကုမ္ပဏီများကြားထဲ၌ ဟန်ထျန်း Entertainment မှာ ဖန်စစ်ဟန်အား စာချုပ်ချုပ်ချင်စိတ် အပြင်းထန်ဆုံးပင်ဖြစ်သည်။

ကြီးမားသည့် ထောက်တိုင်နှစ်ခုဖြစ်သည့် ယဲ့ရှီဝမ်နှင့်ဟွိုက်ယန်အား ဆုံးရှုံးပြီးနောက် ဟန်ထျန်းသည် ထိပ်တန်းအဆင့်နှစ်မှ ပြုတ်ကျသွားခဲ့သည်။ ကုမ္ပဏီတွင် အရင်းအမြစ်များရှိချိန်တွင် အဆင့်အတန်းရှိသည့် အနုပညာရှင်များချို့တဲ့ကာ ဖြုန်းတီးခဲ့မိသည့် အခြေအနေမှာ အမှန်ပင် ရှက်ဖွယ်ကောင်းလှသည်။

ထိုကြောင့် ဟိန်ထျန်းသည် Star Sky ပြိုလဲသွားသည်ကို ဝမ်းသာအားရဖြစ်ပြီး ဤအခွင့်အရေးအား အရင်းအနှီးရယူနိုင်ဖို့ရာ မျှော်လင့်လေသည်။

“ဒါပေမဲ့ အခုအတွက်ကတော့ ဖန်စစ်ဟန်က ငါတို့နဲ့စာချုပ်ချုပ်ဖို့အတွက် ပိုပြီးစိတ်ဝင်စားမယ်လို့ထင်တယ်”

လေ့လာမှုတွင် ရှချန်းချန်းနှင့် တျန်းရှန့်၏ အကြီးပိုင်းစီမံခန့်ခွဲရေးများမှာ စာချုပ်ချုပ်ဆိုသည့် ကိစ္စအား ဆွေးနွေးနေကြလေသည်။ ရှချန်းချန်းအပြင် ဖန်စစ်ဟန်မှာ Star Sky ၏ အလားအလာအရှိဆုံး အနုပညာရှင်ဖြစ်ကြောင်း တျန်းရှန့်၏ အထက်ပိုင်းလူကြီးများသည် တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြသည်။

ရှချန်းချန်းသည် သူမ၏ထိုင်ခုံတွင် ငြိမ်သက်စွာထိုင်နေပြီး သူမ၏ ဘောပင်အား စားပွဲပေါ်သို့ အနည်းငယ် တောက်လိုက်လေသည်။

“ဖန်စစ်ဟန်ရဲ့အေဂျင့်က ကျွန်မတို့ကို ဆက်သွယ်လာပြီလား”

“ဆက်သွယ်လာပါပြီ”

ဟုန်ပေါ်ချောင် ပြောလိုက်သည်။

“ဖန်စစ်ဟန်က တျန်းရှန့်နဲ့ ပူးပေါင်းဖို့အတွက် အတော်လေးစိတ်ဝင်စားပါတယ်၊ ပြီးတော့ သူ့ရဲ့စျေးကိုတောင် လျှော့ပေးချင်နေတာပါ”

ရှချန်းချန်း ရယ်မောလိုက်ကာ

“သူကတကယ်ပဲ မိုးရွာမဲ့နေ့အတွက် ပြင်ဆင်ထားတာပဲ”

မိုးရွာမဲ့နေ့အတွက် ပြင်ဆင်ထားတယ်။ ဘာအတွက် ပြင်ဆင်ထားတာလဲ။

ဖုန်းခေါ်ဆိုမှုအတွင်းရှိ အကြီးပိုင်းအရာရှိအားလုံးသည် အံ့ဩသွားကြလေသည်။

ရှချန်းချန်းသည် ရှင်းပြဖို့ရာ စိတ်မဝင်စားပေ။ သူသည် ဟုန်ပေါ်ချောင်အား

“သူ့ကို စာချုပ်ချုပ်စတာက ပြဿနာမရှိပါဘူး၊ ပြီးတော့အဲဒါက နှစ်ရာ့ရှစ်ဆယ်ရာခိုင်နှုန်း ခွဲတာပဲ၊ ငါတို့ရဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ အမြင့်ဆုံးစံနှုန်းပဲ”

“မလိုပါဘူး”

ဟုန်ပေါ်ချောင်သည် ပဟေဠိဖြစ်နေလေသည်။

“သူက ကျွန်တော်တို့နဲ့ပူးပေါင်းဖို့အတွက် သူ့စျေးကိုလျှော့ဖို့တောင် ဆန္ဒရှိနေတာပါ၊ မစ္စရှ ကျွန်တော်တို့ အနုပညာရှင်တွေထပ်မလိုတော့ပါဘူး”

ဟုန်ပေါ်ချောင်သည် ထိပ်တန်းအနုပညာရှင်များနှင့် စာချုပ်ချုပ်ဖို့ရာ အမြဲတစေတွန့်ဆုတ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ တိုးတက်နိုင်စွမ်းသိပ်မရှိသော်ညား ကော်မရှင်ခများမှာ များပြားသောကြောင့်ဖြစ်သည်။

စွန့်ပစ်ပစ္စည်းများအား ရတနာအဖြစ်သို့ပြောင်းချင်မှာ ဟုန်ပေါ်ချောင်၏ လူများအား ဦးဆောင်ရန်အတွက် အကြိုက်နှစ်သက်ဆုံး နည်းလမ်းပင်ဖြစ်သည်။

“ရပါတယ် ဒီကိစ္စမှာ သူ့ကိုကြမ်းတမ်းနေစရာမလိုပါဘူး၊ စာချုပ်ကိုကြေညာလိုက်ရင် သူ့ကို ကောင်းမွန်တဲ့ပုံရိပ်တစ်ခု တည်ဆောက်ဖို့ ကူညီပေးမှာပါ၊ ကော်မစ်ရှင်ရဲ့ စံနှုန်းတွေကို ငါတို့နဲ့ လျှော့နိုင်ပေမဲ့ ဖျက်သိမ်းလိုက်တဲ့ နစ်နာမှုတွေနဲ့ ပတ်သက်ပြီးတော့..”

ရှချန်းချန်းသည် မဲ့ပြုံးပြုံးလိုက်ကာ

“အနုပညာရှင်တစ်ယောက်က အပျက်သဘောဆောင်တဲ့ သတင်းတွေထွက်ပြီးလို့ အဲဒါတွေက ကိုယ်ကျင့်တရား ဒါမှမဟုတ် တရားဥပဒေနဲ့ ဆိုင်တဲ့ဟာတွေဆိုပြီး အတည်ပြုလိုက်မယ်ဆိုရင် ဖျက်သိမ်းတဲ့ နစ်နာကြေးအနေနဲ့ သူတို့က ယွမ်သန်းတစ်ရာပေးဆောင်ရမယ်”

“ယွမ်သန်းတစ်ရာ”

အကြီးပိုင်းအရာရှိများ၏ မျက်လုံးများမှာ ပြူးကျယ်ကုန်ကြသည်။

ရှချန်းချန်း: “ဖန်စစ်ဟန်တင်မကဘူး အနာဂတ်မှာချုပ်မဲ့ စာချုပ်တွေအားလုံးနဲ့ သက်တမ်းတိုးတာတွေအပါအဝင် အားလုံးကို ဒီစံနှုန်းအတိုင်း ထိန်းထားမယ်”

အကယ်၍ သူသာမကျော်ကြားဘူးဆိုလျှင် သူသည် အသုံးမဝင်သည့် အရာသာဖြစ်သည်။

တျန်းရှန့်က တတ်နိုင်ပါသေးတယ်။

ထိပ်တန်းကြယ်ပွင့်တစ်ပွင့် ပြိုလဲခြင်းသည် ကုမ္ပဏီတိုင်းအတွက် ဆိုးရွားသည့် ထိုးနှက်ချက်ပင်ဖြစ်သည်။

အစည်းအဝေးပြီးနောက် ရှချန်းချန်းသည် သူမဘေးရှိ ကွမ်ကျုံးအား ကောက်ချီလိုက်သည်။ ခြေတံတိုလေးများနှင့် ယောင်ကျူနောက်လိုက်ပြီး သူတို့သည် သူတို့၏ ခွေးနှင့်ကြောင်နှင့်အတူ ပန်းခြံထဲတွင် အေးအေးလူလူ လမ်းလျှောက်ထွက်ခဲ့ကြသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ကျန်းချန်သည် ရှချန်းချန်းအားဆက်သွယ်ကာ မိန်ဟွေ့သည် အမွှာလေးဖြင့် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ပြောခဲ့သည်။ ရှချန်းချန်း၏ ခုနစ်မွှာပူး မွေးမည့် အိမ်မက်မှာ ကွဲကြေသွားခဲ့သည်။ သို့ပေမဲ့ နှစ်ကောင်မှာလည်း အံ့အားသင့်ဖွယ်ကောင်းလေသည်။ ကွမ်ကျုံးသည် သူ၏ခွေးပေါက်လေးအား အောင်အောင်မြင်မြင် ရသွားပြီဖြစ်ကာ အဒေါ်လျူမှာ ၎င်းတို့အား တိရစ္ဆာန်ဆေးရုံသို့ အမြန်ခေါ်သွားခဲ့သည်။

မကြာသေးခင်က သူ၏ဥ‌လေးအား ဆုံးရှုံးသွားသောကြောင့် စိတ်ဓါတ်ကျနေကာ သူ့မျက်လုံးများမှာ ရှဲ့ကျစ်ရှင်းနှင့် ကျင်ရိဖန်အား ကြည့်လိုက်သောအခါ ပို၍ပင်လွမ်းဆွတ်လာလေသည်။

ရှချန်းချန်းသည် ဥယျာဥ်မြက်ခင်းပေါ်တွင် ထိုင်လိုက်ကာ ကွမ်ကျုံးသည် သူမ၏ ဘယ်ဘက်လက်၍ရှိနေပြီး ယောင်ကျူသည် ညာဘက်လက်၌ ရှိနေကာ အဆုံးမရှိသည့် ကြက်သွေးရောင် ကောင်းကင်ကြီးအား ငေးကြည့်ရင်း ကျေနပ်အားရမှုအား ခံစားနေရလေသည်။

“Host မနေ့တုန်းက ဗီလိန်နဲ့စကားပြောတုန်းက Star Sky မိန်းကလေးအဖွဲ့ကို စာချုပ်ချုပ်ဖို့ပြောသေးတယ် မဟုတ်ဘူးလား၊ host ဘာလို့ ဖန်စစ်ဟန်ကို ရုတ်တရက် ထည့်လိုက်ရတာလဲ”

စနစ်သည် ဖရဲသီးတစ်လုံးအား အနံ့ခံနေမိ၍ ထွက်ပေါ်လာ မျက်နှာမှာ စိတ်ဝင်စားမှုများနှင့် ပြည့်နှက်နေလေသည်။

“အဲဒါက ဖရဲသီးများဖြစ်နိုင်လားနော်”

ရှချန်းချန်းသည် ကွမ်ကျုံး၏ အမွေးပွသည့်ခေါင်းလေးအား ပွတ်သပ်ပေးကာ ဖြေးဖြေးလေးပြောလိုက်သည်။

“မင်းမေ့နေတာပဲ ဖန်စစ်ဟန်က ဝတ္ထုထဲက ဇာတ်ကောင်တစ်ကောင်လေ”

ဖန်စစ်ဟန်အား ဝတ္ထု၏နောက်ဆုံးအပိုင်း၌ ဖော်ပြထားလေသည်။

ဖန်စစ်ဟန်သည် မူးယစ်ဆေးသုံးစွဲမှုနှင့် တိုင်ကြားခံရဖူးကာ ရဲဖမ်းဆီးသည်ကိုပင် ခံခဲ့ရဖူးသော်ညား ဆီးစစ်ဆေးမှုမှာ မသုံးဟုပင်ပြနေခဲ့သည်။

“သူက ဝတ္ထုထဲမှာ ဖြူစင်တဲ့သူပဲ အဲဒါကြောင့် သူကအရမ်းသန့်စင်တယ်၊ သတင်းပေါက်ကြားတုန်းက ငါတို့တွေ သူ့ကိုမစဥ်းစားမိခဲ့ကြဘူး”

စနစ်သည် ဆက်လက်ပြောဆိုနေခဲ့သည်။

ရုတ်တရက် သူသည် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလာရသည်။

ဖန်စစ်ဟန်သည် မူးယစ်ဆေးသုံးသည်ဟု သံသယအရှိခံရကာ ဆီးစစ်ချက်လုပ်ခဲ့သော်ညား ရလာဒ်မှာ မသုံးဖြစ်နေခဲ့သောကြောင့် သူသည် တရားသေလွတ်မြောက်ခဲ့သည်။

“သာမန်အခြေအနေအရ ဆီးစစ်ချက်က လူတစ်ယောက်ရဲ့ ငါးရက်နဲ့ဆယ်ရက်အကြားက ဆေးသုံးစွဲမှုကိုပဲ ခြေစာခံနိုင်တာ”

ရှချန်းချန်းသည် ကွမ်ကျုုံး၏ နှာခေါင်းလေးအား ဖိလိုက်ပြီး ဖြေးညှင်းစွာပြောလိုက်သည်။

“တကယ်လို့ ငါတို့ရဲ့ လော့ဟိန်ကို ထင်မြင်ချက်ကမှန်နေခဲ့ရင်ရော၊ ပြီးတော့ သူကတကယ်ပဲ နှစ်ဆယ့်လေးနာရီအတွင်း ချေဖျက်နိုင်တဲ့ မူးယစ်ဆေးကို လေ့လာနေတာဆိုရင်ရော”

“အဲဒါဆိုရင် ဖန်စစ်ဟန်က သေချာပေါက် မူးယစ်ဆေးစွဲနေတဲ့ သူတစ်ယောက်ပဲ”

ရှချန်းချန်းသည် လိမ္မာပါးနပ်စွာ ပြုံးလိုက်သည်။

သူမဘယ်လိုလုပ် ဒီလိုကောင်းတဲ့ ဖရဲသီးတစ်လုံးကို လက်လွတ်ခံနိုင်မှာလဲ။

All Chapters