← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

Chapter 81

ဖန်စစ်ဟန်၏ ကိုယ်တိုင်ဇာတ်လမ်းဆင်ခဲ့သော မူးယစ်ဆေးသုံးစွဲမှု အရှုပ်တော်ပုံသည် အွန်လိုင်းပေါ်တွင် ကြီးမားသော ဂယက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။

အင်တာနက်သုံးစွဲသူများအား ရဲဘော်ရဲဘက်အဖြစ် အသုံးချခြင်းသည် အလွန် စက်ဆုပ်ဖွယ် ကောင်းသော်လည်း သူသည် မူးယစ်ဆေးသုံးစွဲမှုအား သတင်းဖြန့်ရန်သပ်သပ် အသုံးပြုခဲ့သည်။ ဤအရာသည် မည်မျှဆိုးရွားလိုက်သနည်း။ စီးပွားရေး ဈေးကွက်အတွက် ပြက်လုံးတစ်ခု သက်သက်ဖြစ်နိုင်လေသလား။

နောက်ပိုင်းတွင် ဝမ်ရှင်းမှ တောင်းပန်ချက် ဗီဒီယိုတစ်ခု ပြုလုပ်ခဲ့ပြီး အပြစ်အားလုံး သူတစ်ယောက်တည်းသာ ခံယူခဲ့သည်။ ဖန်စစ်ဟန်သည် ထျန်ရှန်းသို့ ဝင်ရောက်ခဲ့သောကြောင့် ဖန်စစ်ဟန် ၏အဖွဲ့ဝင်အဖြစ် သူ့အတွက် အရှိန်အဟုန်တစ်ခု လိုလားခဲ့သောကြောင့် ဤနည်းလမ်း အသုံးပြုခဲ့သည်ဟု သူရှင်းပြခဲ့သည်။ သူသည် ပရိသတ်နှင့် marketing account များအား လှည့်စားခဲ့မိသဖြင့် အလွန်ပင် နောင်တရကြောင်း ဖော်ပြခဲ့သည်။ သူ အပြည့်အဝတာဝန်ယူမည်ဖြစ်ပြီး ဖန်စစ်ဟန်၏ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်မည်ဖြစ်သည်ဟု ပြောခဲ့သည်။

ဝမ်ရှင်း၏ နှလုံးသားထဲမှတောင်းပန်မှုသည် ဖန်စစ်ဟန်၏ ပရိသတ်အများစုအား စိတ်လှုပ်ရှားစေခဲ့သည်။

သို့သော် ဤအဆိုပြုချက်သည် အင်တာနက်သုံးစွဲသူများအား ယုံကြည်စေရန် ခက်ခဲကြောင်း သက်သေပြခဲ့သည်။

အင်တာနက်သုံးစွဲသူများသည် လှည့်စားခံရသည့်အတွက် အမျက်ထွက်နေကြဆဲဖြစ်သည်။ သူတို့အတွက်မူ ဖန်စစ်ဟန်နှင့် ဝမ်ရှင်း ဆိုသည်မှာ ခွဲခြား၍မရပေ။ ဝမ်ရှင်း တစ်ဦးတည်းသာ တာဝန်ရှိပြီး ဖန်စစ်ဟန်အား အမှောင်ထဲတွင် ထားရှိခဲ့သည်ဟူသော အကြောင်းအရာမှာ သူတို့ကြားရှိ ကြံစည်မှုတစ်ခုသာဖြစ်သည်။ ဤအဆိုပြုချက်သည် ဖန်စစ်ဟန်၏ ပရိသတ်များအတွက် ထွက်ပေါက်တစ်ခုပေးရန် နည်းလမ်းတစ်ခုသာဖြစ်သည်။

ဖန်စစ်ဟန်၏ လူကြိုက်များမှုသည် တစ်ညအတွင်း ထိုးကျသွားခဲ့သည်။ အင်တာနက်သုံးစွဲသူများသည် သူ ဒူးထောက်တောင်းပန်ထားသော ဗီဒီယိုကို ရယ်စရာဗီဒီယိုအဖြစ် တည်းဖြတ်ခဲ့ပြီး ဗိုင်ရပ်စ်ကဲ့သို့ပျံ့နှံ့သွားခဲ့သည်။

ထျန်ရှန်း ဥက္ကဋ္ဌရုံးခန်းတွင် ဟုန့်ပေါ်ချောင် သည် ဖန်စစ်ဟန် အား သက်သောင့်သက်သာရှိစေခဲ့ပြီး သူ၏စကားများသည် အင်တာနက်သုံးစွဲသူများအတွက်ဖြစ်ပြီး တရားခံအား ကယ်တင်ရန် စတေးခြင်းဖြစ်သည်ဟု ရှင်းပြခဲ့သည်။ ဖန်စစ်ဟန် အသက်ရှင်နေသမျှ အထောက်အပံ့ မကုန်မချင်းစိုးရိမ်စရာမလိုပေ။

ဟုန့်ပေါ်ချောင်မ‌ှာ ကျွမ်းကျင်သော လှည့်ကွက်များဖြင့် ကစားတတ်သူ တစ်ဦးဖြစ်ပြီး ထျန်ရှန်း PR သည် ဖန်စစ်ဟန် အား အပြစ်ဖုံးပေးရန် စီမံချက်များစွာကိုလည်း စီစဉ်ခဲ့သည်ဟုဆိုသည်။ နောက်ရက်မှစ၍ ဖန်စစ်ဟန်၏ လုပ်ငန်းဆိုင်ရာ သဘောတူညီချက်အားလုံး ဖျက်သိမ်းပြီး သူ့အား ကြင်နာသော လုပ်ဆောင်မှုမျိုးစုံတွင် ပါဝင်ရန် စီစဉ်ပေးမည်ဖြစ်ကာ ကြင်နာမှုများမှတစ်ဆင့် သူ့အပေါ် ပြည်သူ့ထင်မြင်ချက် ပြောင်းလဲနိုင်မည်ဟု မျှော်လင့်ထားသည်။

သေချာပါသည်။ ဖန်စစ်ဟန်မှာ တာဝန်ရှိသူဖြစ်ပြီး ကြင်နာသော လှူဒါန်းမှုများအတွက် ငွေများသည် ဖန်စစ်ဟန်၏ ကိုယ်ပိုင်ဝင်ငွေများ ဖြစ်ရမည်။

ဖန်စစ်ဟန်၏မျက်လုံးများတွင် အံ့ဩမှုကို ထိန်းမထားနိုင်ခဲ့ပေ။

သူ၏ ဒူးထောက်တောင်းပန်မှု၊ သူ၏ လူကြိုက်များမှု ပျက်စီးရခြင်း၊ လုပ်ငန်းသဘောတူညီချက်များအား ဖျက်သိမ်းရမည့်အပြင် သူ၏ကိုယ်ပိုင်အိတ်ကပ်ထဲမှ ကြင်နာမှုအတွက် ငွေပေးချေရန် လိုအပ်သေးသည်လား။

ဒါက ဘာလဲ။

ဖန်စစ်ဟန်မှာ အလွန်ဒေါသထွက်နေသည်။

သို့သော် အနုပညာရှင်တစ်ဦး၏ အကျင့်ပျက်ချစားမှုများ ဖော်ထုတ်ခံရပြီးနောက် ဂုဏ်သိက္ခာ ပြန်၍အဖတ်ဆယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကြင်နာသောလုပ်ဆောင်မှုများ လုပ်ရမည် ဖြစ်ကြောင်းလည်း သူသိရှိထားသည်။

အနည်းဆုံးအားဖြင့် ကြည့်ရှုသူများ၏ ဆန့်ကျင်ဘက်ထင်မြင်ချက်အား ပြောင်းလဲရမည်ဖြစ်ပြီး ထိုအရာသည် အခြေအနေအား ပြောင်းပြန်လှန်မှုတစ်ခု ယူဆောင်လာပေးရန် ဖြစ်နိုင်ချေရှိသည်။

သူ၏မကျေနပ်မှုများအား ထိန်းထားလျက် ဖန်စစ်ဟန်သည် ဟုန့်ပေါ်ချောင်နှင့် လှူဒါန်းရေး စာချုပ်များစွာကို ထပ်မံချုပ်ဆိုခဲ့သည်။ ညနေခင်းနှောင်းပိုင်းတွင် သူသည် သူ၏ပင်ပန်းနွမ်းနယ်သောခန္ဓာကိုယ်အား သယ်ဆောင်ကာ ယွမ်ဟန် ဟိုတယ်သို့ ပြန်သွားခဲ့သည်။

ယနေ့ ဖြစ်ပျက်ခဲ့သောအရာများအား စဉ်းစားနေခဲ့သည်။

အားလုံး ဝမ်ရှင်း၏အမှားဖြစ်သည်။ သူသည် မူးယစ်ဆေးသုံးစွဲမှုဖြင့် သတင်းပို့ခံရသော်လည်း သူသည် ၂၄ နာရီအကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည် ဝမ်ရှင်း၏ ထုတ်ဖော်ပြောဆိုမှုမရှိပါက ဤမျှ ဒုက္ခရောက်မည် မဟုတ်ပေ။

ပြီးတော့ သူက ဒီလောက်မြင့်တဲ့လစာလည်း တောင်းဆိုသေးတယ်။

ဖန်စစ်ဟန် ပို၍ပို၍ အမျက်ထွက်လာခဲ့သည်၊

သူ၏ လိုအင်န္ဒများ ထပ်မံတိုးပွား လာသည်။ သို့သော် သူ့တွင် ဘိန်း မရှိတော့၊ မူးယစ်ဆေးဝယ်ရန် နည်းလမ်းလည်း မရှိတော့ပေ။

ဖန်စစ်ဟန် ပို၍ အမျက်ထွက်လာခဲ့ပြီး ဧည့်ခန်းအတွင်းရှိ အနုပညာလက်ရာပစ္စည်း တစ်ခုအား ကောက်ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"..ခလွမ်း..."

ဟိုတယ်ဧည့်ခန်းအတွင်း ဖန်စစ်ဟန်သည် အရာတ္ထုများအား ဂရုမစိုက်ဘဲ ပစ်ချသံနှင့်အတူ သူ၏ ဒေါသထွက် ဟစ်အော်သံများ ထွက်ပေါ်လာခဲ့သည်။ ဖြတ်သွားဖြတ်လာလူတိုင်း တုန်ရီသွားကြပြီး အနားမှ ခပ်သုပ်သုပ် ထွက်ခွာသွားကြသည်။

ထိုအတောအတွင်း ဖန်စစ်ဟန်၏ ဒူးထောက်ချသည့်ဗီဒီယိုအား ရိုက်ကူးခဲ့သော သတင်းထောက်များနှင့် marketing account များသည် ဝမ်းမြောက်ဝမ်းသာစိတ်များဖြင့် ပြည့်နက်နေခဲ့ကြသည်။

ထိုကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာ အရာများဖြင့် ပြန်လည်ထူထောင်နိုင်ခဲ့ခြင်း ဆိုသည်မှာ ၎င်းတို့၏ ပထမဆုံးအတွေ့အကြုံဖြစ်သည်။

Marketing account များသည် ရံဖန်ရံခါတွင် အနုပညာရှင်များထံမှ လှည့်စားခံရပြီး တရားစွဲဆိုခံရသည်။ မကြာခဏဆိုသလို ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ကြရသည်။

သူတို့၏ တစ်သက်တာတွင် ပြစ်မှုများမှ သူတို့ ပြန်လည်ရှင်းလင်းခွင့် ရမည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။

ဤအရာအားလုံးအတွက် လိမ်ညာသူများကို ဖော်ထုတ်သူအား ကျေးဇူးတင်ရမည်ဖြစ်သည်။ သူ၏ နည်းပညာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ဗီဒီယိုများမရှိပါက ဝမ်ရှင်းသည် ကိုယ့်ဇာတ်လမ်းကိုယ်ရေးကာ သရုပ်ဆောင်ခဲ့သည်ဟု မည်သို့ ကောက်ချက်ချနိုင်မည်နည်း။

Marketing account တစ်ခုအနေဖြင့် အတင်းအဖျင်းဘုရင်မ သည် လိမ်ညာသူများကို ဖော်ထုတ်သူအား စိတ်ထဲမှချီးကျူးဂုဏ်ပြုခဲ့သည်။

သူမ၏ ဖခင်သည် မူးယစ်ဆေးစွဲမှုကြောင့် မိသားစု၏ စုဆောင်းငွေများအား ဖြုန်းတီးခဲ့ပြီး ငယ်ရွယ်စဉ်တွင် ကျောင်းထွက်ခဲ့ရကာ ကြီးမားသော အခက်အခဲများကို ခံစားခဲ့ရသည်။

နောက်ပိုင်းတွင် သူမ၏သည်းခံမှုသည် အတင်းအဖျင်းဘုရင်မ အား ဖျော်ဖြေရေးလောကထဲသို့ ပါပါရာဇီတစ်ဦးအဖြစ် ဝင်ရောက်စေခဲ့သည်။

ငွေရှာရန်အတွက် သူမသည် ခေတ်စားနေသော ခေါင်းစဉ်တိုင်းအား လိုက်စူးစမ်းသည်။ သို့သော် ရံဖန်ရံခါတွင် လုပ်ကြံဖန်တီးထားသော အကြောင်းအရာများအား မျှဝေရသည်။

သို့သော် မူးယစ်ဆေးသုံးစွဲခြင်းသည် သူမ၏ အနိမ့်ဆုံးလိုင်းဖြစ်သည်။

ဖန်စစ်ဟန်၏ မူးယစ်ဆေးသုံးစွဲမှုသတင်းအား မြင်ရသောအခါ အတင်းအဖျင်းဘုရင်မသည် ချက်ချင်းပင် ထိုအကြောင်းအရာကို ဖော်ထုတ်ပြီး သူ့အား အကြမ်းတမ်းဆုံးသော စကားလုံးများဖြင့် အပြစ်တင်ရှုတ်ချခဲ့သည်။

အတင်းအဖျင်းဘုရင်မသည် မူးယစ်ဆေးသုံးစွဲမှုရှိနေမည်ဟု အလွန် အာရုံရနေခဲ့ပြီး ဖန်စစ်ဟန်အား နီးကပ်စွာ စောင့်ကြည့်ခဲ့သည်။ ဖန်စစ်ဟန် ဇာတ်စင်ပေါ်တွင်ရှိနေစဉ်အတွင်း တုန်ရီမှုများစွာသည် မူးယစ်ဆေးသုံးစွဲမှု၏ သက်ရောက်မှုများ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိရှိရသည်။

အစောပိုင်းတွင် သူမ၌ သက်သေအထောက်အထား မရှိသော်လည်း ယခုတွင် တစ်စုံတစ်ဦးက သူ့အား သတင်းပို့ထားပြီ ဖြစ်သောကြောင့် သူမသည် ဖန်စစ်ဟန်အား ဖော်ထုတ်ရမည်သာဖြစ်သည်။

မူးယစ်ဆေးစွဲသူ တစ်ဦးတစ်ယောက်ကိုမျှ ခွင့်လွှတ်မည်မဟုတ်ပေ။

မထင်မှတ်ထားဘဲ ဝမ်ရှင်း၏ လှုပ်ရှားမှုများသည် ဖန်စစ်ဟန်အား အပြစ်မရှိသကဲ့သို့ ဖုံးအုပ်သွားစေခဲ့ပြီး အတင်းအဖျင်းဘုရင်မမှာမူ ပရိသတ်များထံမှ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံရခဲ့သည်။

ထိုအချိန်က အတင်းအဖျင်းဘုရင်မသည် သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမသည် တစ်စုံတစ်ယောက်အား မှားယွင်းစွာ စွပ်စွဲမိခဲ့လေသလား။

မဟုတ်ခဲ့ချေ။

ဖျော်ဖြေရေးဘလော့ဂါမှ ဖန်စစ်ဟန်၏ မူးယစ်ဆေးသုံးစွဲမှုအား အတည်မပြုခင် အချိန်အထိ လိမ်ညာသူများကိုဖော်ထုတ်သူမှ ဝမ်ရှင်း၏ ကိုယ်တိုင်ရေးဇာတ်လမ်းအား မဖော်ထုတ်အချိန်ထိပင်၊။

ထို့နောက် သူမ မှန်ကန်ကြောင်း သိရှိခဲ့ရသည်။

လိမ်ညာသူများကို ဖော်ထုတ်သူသည် သူမအား သူမ၏ မူလအကြောင်းအရာများနှင့် ပြန်လည်ချိတ်ဆက်ပေးပြီး Marketing account တစ်ခုလည်ပတ်ရန် သူမ၏ ကတိကဝတ်အား ခိုင်မာစေခဲ့သည်။ မူးယစ်ဆေးသုံးစွဲသော အနုပညာရှင်တိုင်းကို သပိတ်မှောက် ဆန့်ကျင်ရန်ဖြစ်သည်။

ဖန်စစ်ဟန် ဒူးထောက်တောင်းပန်ပြီးနောက် Marketing account အုပ်စုသည် တက်ကြွစွာ လှုပ်ရှားမှုများ စတင်ခဲ့သည်။ ကုံသန်းနှင့် လိမ်ညာသူများကို ဖော်ထုတ်သူတို့သည် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု ရှိသည်ကို သိရှိရသောအခါ လူတိုင်းသည် ကုံသန်းအား လိမ်ညာသူများကို ဖော်ထုတ်သူအား အုပ်စုထဲသို့ထည့်ရန် တိုက်တွန်းခဲ့ကြသည်။

ကုံသန်းသည် အမြဲတမ်း ရှချန်းချန်း နှင့်ဆက်သွယ်ရန် သူ၏ ဖုန်းကိုသာ အသုံးပြုခဲ့သည်။ ထို့ကြောင့် သူသည် ရှချန်းချန်း၏ ဖုန်းနံပါတ်အား အုပ်စုစာတိုပေးပို့မှုထဲသို့ ထည့်သွင်းခဲ့သည်။

အံ့သြစရာမှာ အုပ်စုစာတိုပေးပို့မှုထဲတွင် ရှချန်းချန်း၏ ဖုန်းနံပါတ်သည် ရှိနေပြီးဖြစ်ကြောင်းပြသခဲ့သည်

ကုံသန်း ချက်ချင်းပင် စာတိုအား စစ်ဆေးကာ သူမ၏အမည်ပြောင်အား ကြည့်ရှုခဲ့သည်- [အဖြူရောင် အတင်းအဖျင်းယုန်]

ကုံသန်း- ???

ဒီနာမည် ရင်းနှီးနေသလိုပဲ။

ကုံသန်း ရှာဖွေရန်ကြိုးစားခဲ့သော်လည်း မရှာဖွေနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် အဖြူရောင် အတင်းအဖျင်းယုန်၏ စာတိုမှတ်တမ်းအား လှန်လှောကြည့်ရှုခဲ့သည်။

သူ ရှာမတွေ့မချင်း မပြောတတ်ခဲ့ပေ။

ကုံသန်း ရှော့ရသွားသည်။

အဖြူရောင် အတင်းအဖျင်းယုန်ဆိုတာ ချီပိုင် ခိုးကူးတာ ဖော်ထုတ်တုန်းက မိန့်ဟောင် အတွက် ကြော်ငြာခ ပိုတောင်းဆိုဖို့ သူတို့ကို မြှောက်ပြီးခဲ့တဲ့ မန်ဘာအသစ်လေးလား။

ဤအကောင့်နှင့် ဆက်စပ်နေသော ဖုန်းနံပါတ်သည် ရှချန်းချန်း၏ ဖုန်းနံပါတ် ဖြစ်နေရခြင်း အကြောင်းရင်းမှာ အဘယ်နည်း။

ကုံသန်း မျက်လုံးပြူးလာကာ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။

သူသည် အုပ်စုစာတိုထဲတွင် အဖြူရောင် အတင်းအဖျင်းယုန် အကြောင်း ကောလာဟလများ ပြောဆိုခဲ့ဖူးသည်။

ဖျော်ဖြေရေးဘလော့ဂါ- [ လောင်ရှီးလား]

အတင်းအဖျင်းဘုရင်မနှင့် အခြားသူများသည် ဖုန်းစက်ခရင်အား ခိုးကြည့်ရင်း အံ့ဩသွားကြသည်။

[Bage၊ မင်းဘာလို့ အဖြူရောင် အတင်းအဖျင်းယုန်ကို လောင်ရှီးလို့ ခေါ်နေတာလဲ]

[Bage၊ ယုန်ဖြူက ကလေးငယ်လေးတစ်ယောက်ပဲဟာ သူ့ကိုမကြောက်ပါနဲ့]

[ဟားဟား၊ Bageရာ မင်းလုပ်တာ ငါ့မယ် အဖြူရောင် အတင်းအဖျင်းယုန်က လိမ်ညာသူများကို ဖော်ထုတ်သူလို့ ထင်သွားတာပဲ]

[ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ယ၊ ယုန်ဖြူက ငါတို့ထဲကို ရောက်နေတာ လနဲ့ချီ‌ ရှိနေပြီ၊ သူက ဘယ်လိုလုပ်ပြီး ကျီကျီ ဖြစ်နိုင်မှာလဲ၊ သူသာ ကျီကျီဆိုရင် ငါ လိုက်ဗ်လွှင့်ပြီး ကင်မရာကို စားပြမယ်]

[ငါက ကီးဘုတ်စားပြီး လိုက်ဗ်လွှင့်ပြမယ်]

[ငါက ချီးစားပြီး လိုက်ဗ်လွှင့်ပြမယ်]

...

အုပ်စုစာတိုပေးပို့မှုတွင် ရယ်မောသံများဖြင့် ပြည့်နက်သွားခဲ့ပြီး လူတိုင်းသည် ကုံသန်း အမှတ်မှားနေသည်ဟုထင်ကာ သရော်ခဲ့ကြသည်။

ခဏတာရယ်မောပြီးနောက် သတင်းတစ်ပုဒ် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

အဖြူရောင် အတင်းအဖျင်းယုန် - [အားလုံးမင်္ဂလာပါ ငါက လိမ်ညာသူများကိုဖော်ထုတ်သူပါ၊ ကျေးဇူးပြုပြီး နောက်ပိုင်းကျရင် ကူညီပေးပါဦးနော်]

ထို့အပြင် အတင်းအဖျင်းလိုက်ဖြန့်သည့် ဦးနှောက်မရှိသူသည် အုပ်စုထဲတွင် လိမ်ညာသူများကိုဖော်ထုတ်သူ၏ Weibo အကောင့် စက်ခရင်ရှော့ကိုပင် သက်သေအဖြစ် တင်ခဲ့သည်။

Marketing group တိတ်ဆိတ်သွားခဲ့သည်။

တိတ်ဆိတ်မှုသည် နှုတ်ဆက်မှု၏ အသံဖြစ်သည်။

တိတ်ဆိတ်မှုသည် ယနေ့ည၏ သာယာမှုပင်ဖြစ်သည်။

ခဏအကြာတွင် marketing group လှုပ်ရှားမှုစတင်ခဲ့သည်။ အုပ်စုအတွင်း မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်နေခဲ့သည်။ အုပ်စုထဲရှိ သက်သေအထောက်အထားများအား ကြည့်ရှုနေသော marketing account များ ဦးနှောက်ကုန် ကုန်ကြလေပြီ။

လိမ်ညာမှုများကိုဖော်ထုတ်သူ ကိုယ်တိုင်သည် အုပ်စုထဲတွင်ရှိနေပြီး ၎င်းတို့ မသတိထားမိခဲ့သော အသုံးပြုသူ အကောင့်တစ်ခုအား အသုံးပြုနေသည်။ အဖြူရောင် အတင်းအဖျင်းယုန်သည် လွန်ခဲ့‌သောလက လိမ်ညာသူများကို ဖော်ထုတ်သူ၏ ထုတ်ဖော်ပြောဆိုမှုများအား သရော်နေခဲ့သည်ကို အမှတ်ရမိသည်။

"လိမ်ညာသူများကို ဖော်ထုတ်သူရဲ့ ထုတ်ဖော်ပြောဆိုမှုတွေက အလွန်စိတ်လှုပ်ရှားစရာကောင်းတယ်၊ သူကျန်းရှောင်လု ဝက်ဘ်ဆိုက်မှာရှိတဲ့ စိတ်ကူးယဉ်ဝတ္ထုတွေများ လွန်လွန်ကဲကဲ ဖတ်နေသလား"

အတင်းအဖျင်းဖျော်ဖြေရေးဒါရိုက်တာသည်လည်း ပြီးခဲ့သည့်အပတ်က သူ၏ တင်ပါးဆုံတွင် လိပ်ခေါင်းရောဂါဖြစ်သဖြင့် အုပ်စုထဲတွင် ညည်းညူနေခဲ့သည်ကို အမှတ်ရမိသည်။ အဖြူရောင် အတင်းအဖျင်းယုန် သည် စိတ်အားထက်သန်စွာဖြင့် လိပ်ခေါင်းကုသမှုအတွက် ဆေးရုံမျိုးစုံအား အကြံပြုပေးခဲ့သည်။ Marketing accounts အချို့သည်လည်း ၎င်းတို့၏မကြာသေးမီက အာချောင်ခဲ့မှုများအား ပြန်လည် သတိရသွားကြသည်။

အဖြူရောင် အတင်းအဖျင်းယုန်သည် လိမ်ညာသူများကိုဖော်ထုတ်သူ ဖြစ်ခဲ့ပါက သူတို့သည် ကင်မရာများ၊ ကီးဘုတ်များနှင့် မစင်များစားသည့် တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်ကြမည်ဟု အာချောင်ထားခဲ့ကြသည်။

မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့သည် လိမ်ညာသူများကို ဖော်ထုတ်သူအား အုပ်စုထဲသို့ဖိတ်ကြားပြီး ချီးမွမ်းကာ ဆရာတင်၍ ကပ်ငြိလိုခဲ့ကြသည်။ မျှော်လင့်မထားသည်မှာ လိမ်ညာသူများကို ဖော်ထုတ်သူသည် အုပ်စုထဲတွင် ရှိနေပြီးဖြစ်သည်။

သူသည် လပေါင်းများစွာ စောင့်ကြည့်နေခဲ့ကြသည်။

လောင်ရှီး အဘယ်သို့ ပြုလုပ်နိုင်ရသနည်း။

သူ့တွင် ကိုယ်ကျင့်တရားဆိုင်ရာ ထိန်းသိမ်းမှုမရှိပေ။

Marketing accounts များအပေါ်တွင် တိတ်ဆိတ်မှုများ လွှမ်းခြုံသွားခဲ့ပြီး လူတိုင်း စိတ်ဓာတ်ကျသွားကြသည်။

နောက်ဆုံးတွင် marketing accounts များထဲမှ တစ်ဦးသည် တုန်ရီနေသော စာတိုတစ်ကြောင်း ပို့လာခဲ့သည်၊၊

“လောင်ရှီး၊ မင်း... စောင့်ကြည့်‌နေခဲ့တာ မဟုတ်လား"

ရှချန်းချန်း အံ့အားသင့်သွားခဲ့သည်။ သူမတွင် နေ့စဉ် အလွန်များပြားလှသော အလုပ်များစွာနှင့် သူတို့အားစောင့်ကြည့်ရန် အချိန် မည်သို့ရနိုင်မည်နည်း။

သူမ၏ဖုန်းရှိ အုပ်စုစာတိုများစွာကို စနစ်မှ စီမံခန့်ခွဲခဲ့သည်။ သို့သော် ရှချန်းချန်း စဉ်းစားမိသည်မှာ ဤ သူငယ်ချင်းဟာ သူမအား အုပ်စုစာတိုများတွင် ပိုမိုပါဝင်ရန် တောင်းဆိုနေခြင်းဖြစ်သည်။

သူမသည် marketing accounts များနှင့် ပူးပေါင်းလိမ့်မည်ဟု မျှော်လင့်သည်။ ၎င်းတို့နှင့် ပိုမိုနီးကပ်စေရန် မျှော်လင့်သည်။ ထို့ကြောင့် ရှချန်းချန်းသည် သူမ၏ဖုန်းအား တို့ထောက်ကာ

"အင်း၊ ငါ စကားများများ မပြောပေမဲ့ မင်းတို့ရဲ့မှတ်ချက်တွေ အားလုံးကိုဖတ်ပြီးပြီ တစ်ခုချင်းစီကို ဖတ်ပြီးပြီ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

Marketing accounts- !!!

သူ အားလုံးကိုဖတ်ပြီးပြီ ကယ်ကြပါဦး!!

Marketing accounts များ ငိုကြွေးနေကြသည်။

လောင်ရှီးက အကုန်လုံးကိုကြည့်ပြီးပြီ၊ အားလုံးကိုကြည့်ပြီးပြီ။

လူတိုင်းသည် သူတို့၏ ယခင်က ညည်းညူခဲ့မှုများအား သတိရကာ တုန်ရီနေခဲ့ကြသည်ာ အတိတ်အား ပြန်ကြည့်လျှင် နာကျင်ရလွန်းသည်။

ခဏအကြာတွင် marketing accounts များသည် ငြိမ်မနေတော့ဘဲ စကားစလာကြသည်။

အတင်းအဖျင်းဘုရင်မ - " လောင်ရှီး၊ Jiang Xiaolu.com [ကျန်းရှောင်လု ဒေါ့ကွန်း] မှာရှိတဲ့ စိတ်ကူးယဉ် ဝတ္ထုတွေက တကယ်ကောင်းတယ် သိလား ၊ ဒီဝက်ဘ်ဆ်ိုက်ကို ဖတ်တဲ့သူတိုင်းမှာ အံ့သြစရာကောင်းတဲ့ အကြိုက်တွေရှိကြတယ်၊ သူတို့က အကြွင်းမဲ့ ထက်မြက်ပြီး တော်တော် တော်ကြတယ် အရမ်းကောင်းတယ် "

ရှချန်းချန်း- "?!"

အတင်းအဖျင်းဖျော်ဖြေရေးဒါရိုက်တာ- “လောင်ရှီး၊ ငါ လိပ်ခေါင်းဖြစ်တာ ပျောက်သွားပြီ၊ ကျန်းချန်ရဲ့ နံပါတ်တစ်

အစာအိမ်နဲ့ စအိုရောဂါအထူးကု ဆေးရုံမှာ ကုသမှု ခံယူခဲ့တာ၊ ရလဒ်တွေကအံ့သြစရာပဲ တော်တော်ကောင်းတယ်

Like.jpg"

ရှချန်းချန်း- "?!"

Marketing Account A- [လောင်ရှီး ဒီကင်မရာက အရမ်းကောင်းတယ်၊ အရသာရှိတယ်၊ ပြီးအောင်ကြိုးစားပြီး စားမယ်]

Marketing Account B- [ကီးဘုတ် +1! ကလစ်၊ ကလစ်၊ ကလစ် ငါကြိုးစားနေတယ်]

Marketing Account C- [ဒီမစင်ပုံ... ငါ၊ ငါကြိုးစားနေတယ်၊ အော့….၊ လောင်ရှီး စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် နည်းနည်းဖြစ်သွားတာ သည်းခံပေးပါ.. အော့...]

ရှချန်းချန်း-???

ရှချန်းချန်းသည် သူမ၏ဖုန်းပေါ်ရှိ အုပ်စုစာတိုပေးပို့မှုအား နည်းမလည်စွာ ကြည့်ရှုနေသည်။ သူမသည် သူမ၏ ခေါင်းကို ကုပ်ကာ စနစ်အား

"ငါ ဒီအုပ်စုစာတိုဂရုကို ခဏခဏ မစစ်ခဲ့မိဘူး၊ ဒီ marketing accounts တွေ ဘာလို့ဒီလိုထူးဆန်းနေရတာလဲ"

လိမ်ညာသူများကို ဖော်ထုတ်သူအကြောင်း marketing account တစ်ခုစီ၏ မကြာသေးမီက ခန့်မှန်း သရော် အာချောင်မှုများအား စက်ခရင်ရှော့ ရိုက်ကာ marketing account များဆီသို့ အဖြူရောင် အတင်းအဖျင်းယုန်နှင့် လိမ်ညာသူများကို ဖော်ထုတ်သူသည် တစ်ဦးထဲဖြစ်ကြောင်း တိတ်တဆိတ် ပို့ထားခဲ့သော စနစ်မှ : "...အာ၊ ငါကတော့ အတော်လေး ပုံမှန်ပါပဲလို့ထင်တယ် ဟီးဟီးဟီးဟီး၊ လူတိုင်းက ချစ်စရာကောင်းတယ်လေ၊ ဟုတ်တယ်မလား"

ရှချန်းချန်းသည် ဖုန်းစစ်ဆေးနေသော မြေအောက်ရထားပေါ်ရှိ လူကြီး၏ မျက်နှာအမူအရာဖြင့် ဖန်သားပြင်ပေါ်ရှိ စာတိုမှတ်တမ်းအား ကြည့်ရှုကာ သူမကိုယ်သူမ သံသယဝင်လာခဲ့သည်။

"ချစ်စရာကောင်းတယ်ပေါ့"

ဝမ်ရှင်း ကိစ္စ အဆုံးသတ်သွားခဲ့သည်။

သို့သော် ရှချန်းချန်း အမြင်တွင် ဝမ်ရှင်း သည် အများပြည်သူ၏ ဒေါသအား ယာယီငြိမ်းသတ်နိုင်ရန် အချိုသတ်ခြင်းသာဖြစ်ပြီး၊ အမှန်တကယ် ဖြစ်ရမည့်အရာ မဟုတ်သေးပေ။

စနစ်- "host အခုဆို မူးယစ်ဆေးကိစ္စကို ဖျက်ဆီးလိုက်ပြီးပြီ၊ ဖန်စစ်ဟန် က ၂၄ နာရီကျော်ကြာ မူးယစ်ဆေးသုံးနေတာ၊ သူ မူးယစ်ဆေး သုံးနေတယ်ဆိုတာ ဘယ်လိုသက်သေပြနိုင်မလဲ"

ရှချန်းချန်းသည် ယွီလမ်ယွမ်၏ဧည့်ခန်းသို့ ပေါ့ပေါ့ပါးပါးပြန်ရောက်ရင်း ပြောသည်။

"ဖန်စစ်ဟန် တကယ်ပဲ မူးယစ်ဆေးသုံးတာ ရပ်နိုင်မယ်ဆိုရင် သူ့ကိုဖော်ထုတ်ဖို့မလိုပါဘူး"

စိတ်မကောင်းစရာမှာ တစ်ချိန်က မူးယစ်ဆေးစွဲဖူးသူတစ်ဦးသည် စွဲလမ်းသွားပါက ရပ်တန့်ရန် မလွယ်ကူခြင်းဖြစ်သည်။

သူ၏ ရရှိနိုင်သည်ထက် ပိုမိုလိုချင်ခြင်းသည့် ဆန္ဒများသည် ဖန်စစ်ဟန်အား အဆက်မပြတ်စိတ်ဆိုးစေပြီး သူ့အား ပို၍ တောင့်တစေသည်။

ရှချန်းချန်းတွင် ဤဗုံးသည် မကြာမီ ပေါက်ကွဲတော့မည်ဟု နှလုံးသားထဲမှခံစားရသည်။

“ငါးစာ ရှိရင် ပိုမြန်မြန် ပေါက်ကွဲမယ်ထင်တယ်”

စနစ်သည် နားမလည်နိုင် ဖြစ်သွားသည်။

"ဟမ် ငါးစာ "

ရှချန်းချန်းသည် သူမ၏ဖုန်းအားထုတ်ယူကာ ရှထျန်ဟွာမှ သူမထံ ပို့ပေးခဲ့သော အီးမေးလ်တစ်စောင်အား ဖွင့်ကြည့်ခဲ့သည်။

"မဒမ်ဖန် ရဲ့မွေးနေ့ပွဲ မကြာခင် ရောက်တော့မှာမလား"

မဒမ်ဖန်၊ ဖန်စစ်ဟန် ၏အဖွား၊ ကျန်းချန်၏ ချမ်းသာသော မိသားစုများထဲမှ တစ်ဦးဖြစ်သည့် မဒမ်ဖန်၏ နှစ် ခုနစ်ဆယ်မြောက် မွေးနေ့ကျင်းပပွဲသည် ကြီးကျယ်ခမ်းနားသောကိစ္စရပ်တစ်ခုဖြစ်သည။ အသက် ခုနစ်ဆယ်ရောက်ရန်မှာ ရှားပါးပြီး ဖန် မိသားစုသည် ဤဖြစ်ရပ်အား အလွန် အမြတ်တနိုးထားသည်ဟုဆိုသည်။ လတ်တလော ကာလအတွင်း ချမ်းသာသောအသိုင်းအဝိုင်းတွင် အကြီးကျယ်ဆုံးသောဖြစ်ရပ်မှာ မဒမ်ဖန်၏ မွေးနေ့ပွဲဖြစ်သည်ဟု ဆိုနိုင်သည်။

စနစ်၏အသံထဲတွင် သရော်သံပါရှိပြီး အနည်းငယ် ပျော်နေသည့်ပုံလည်းပါသည်။

"ဒီပါတီမှာ မင်းထပ်ပြီး ယောက်ယက်ခတ်သွားအောင် လုပ်ဦးမယ်လို့ ငါ ကြိုသိနေတယ် "

အပြင်ဘက်တွင် ခြေသံများကြားရပြီး ဆရာရွီ ဧည့်ခန်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာသည်။ သူသည် ရှချန်းချန်း၏ နောက် တစ်မီတာအကွာတွင် ရပ်ကာ အနည်းငယ် ကိုင်းညွှတ်လိုက်သည်။

“မဒမ်၊ ကျွန်တော်တို့ ဟိုကောင်လေးကိုရှာတွေ့ပါပြီ"

ရှချန်းချန်း ခေါင်းညိတ်လိုက်သည်။ ဆရာရွှီ လက်ဝဲယာခတ်ပြလိုက်သောအခါ ဗလတောင့်တောင့် ကိုယ်ရံတော်နှစ်ဦးသည် အားနည်းနေသော ကောင်လေးတစ်ယောက်အား ဧည့်ခန်းထဲသို့ သယ်ဆောင်လာခဲ့သည်။

ထိုကောင်လေးတွင် ဒဏ်ရာများပြည့်နက်နေပြီး သူ၏ အဝတ်အစားများသည် သွေးများဖြင့် စွန်းထင်းနေသည်။ သူ၏ ခြေထောက်များသည် ပျော့ခွေယိုင်နေဟန်ရှိပြီး ကိုယ်ရံတော်နှစ်ဦး လက်လွှတ်လိုက်သောအခါ ကြိုးပြတ်သောစွန်ပမာ မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။

ထို‌ကောင်လေးမှာ ချီယွီ ဖြစ်သည်။

ရှချန်းချန်း ထိတ်လန့်သွားပြီး ရုတ်တရက် ထရပ်လိုက်သည်၊

"မင်းတို့ သူ့ကို ရိုက်ထားတာလား မင်းတို့ သူ့ကို အရမ်း ပြင်းပြင်းထန်ထန် ရိုက်လိုက်ကြတာလား"

ဆရာရွှီသည် နားမလည်ဟန်ဖြင့် သူ့ခေါင်းကို ကုပ်ကာ

"မဒမ် ၊ ကျွန်တော်က ပုံမှန်အငြိမ်းစား စစ်သားတစ်ယောက်ပါ၊ ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက်ကို ရိုက်နိုင်မှာလဲ၊ ကျွန်တော်တို့ သွားကယ်တဲ့အချိန် ကတည်းက သူဒီလိုပဲဖြစ်နေတာ"

ရှချန်းချန်း ရှေ့သို့တိုးပြီး ချီယွီအား နောက်တစ်ကြိမ် နီးကပ်စွာကြည့်ရှုကာ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ဖန်စစ်ဟန် တစ်စုံတစ်ယောက်အားငှား၍ ရိုက်ခိုင်းထားခြင်းဖြစ်သည်။

ဖန်စစ်ဟန်သည် သူ့ကိုယ်ပိုင်ကိစ္စများနှင့် အလုပ်များနေချိန်တွင် ချီယွီအား ဒုက္ခရောက်စေရန် တစ်စုံတစ်ယောက်ကို စေလွှတ်ခိုင်းစေရန် စိတ်ကူးရှိခဲ့မည်ဟု မျှော်လင့်မထားခဲ့ပေ။

ရှချန်းချန်းသည် ချီယွီအား နောက်တစ်ကြိမ် ထပ်ကြည့်ရှုခဲ့သည်။ ရိုက်နှက်မှုသည် တကယ်ပင် ပြင်းထန်သည်။ သူ့ပါးစပ်ထဲမှ သွားတစ်ချောင်း နှုတ်ယူခံခဲ့ရသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် ပတ်တီးစည်းထားသည်။ ဖြစ်နိုင်သည်မှာ ဆရာရွှီသည် ရှချန်းချန်းနှင့် မတွေ့မီ သူ့အား ပတ်တီးစည်းပေးခဲ့ခြင်း ဖြစ်သည်။

ချီယွီ ခေါင်းမော့လာချိန်တွင် ရှချန်းချန်းအား မြင်လိုက်ရသောအခါ မျက်ခုံးကျုံ့လိုက်မိသည်၊

"ဆရာမ ရှ"

ရှချန်းချန်း နှင့် ချီယွီတို့သည် အကျွမ်းတဝင်မရှိသော်လည်း ဖန်စစ်ဟန် နှင့် မူရင်းပိုင်ရှင်သည် Star Sky တွင် အတူတကွအလုပ်လုပ်ခဲ့ကြပြီး မူရင်းပိုင်ရှင်နှင့် ချီယွီ တို့သည် အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးသည်။

ရှချန်းချန်းသည် ရှချိုးချိုး အဖြစ်ဟန်ဆောင်ရာတွင် အသုံးပြုခဲ့သော ဆံပင်တုနှင့် မျက်မှန်များအား ထုတ်ယူကာ ရိုးရှင်းစွာအလှဆင်ခဲ့သည်။

ချီယွီသည် မျက်လုံးကို ဇွတ်အတင်းကာ ရှချန်းချန်းအား ကြာရှည်စွာ စိုက်ကြည့်နေပြီးမှသာ သူမကို မှန်းဆမိသွားသည်။

သူ၏ အသံသည် အားနည်းပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။

"ရှ...ရှချိုးချိုး"

ရှချန်းချန်းသည် မျက်မှန်နှင့် ဆံပင်တုအား ချွတ်လိုက်သည်။

"မရူးစမ်းပါနဲ့ ”

"မင်း... မင်းက ငါ့ကို ဒုက္ခပေးဖို့ လာတာလား"

ချီယွီသည် တကိုယ်လုံး တုန်လှုပ်နေကာ နောက်သို့ အနည်းငယ် ဆုတ်သွားသည်။

"ငါ မင်းကို ထိခိုက်‌စေဖို့ မရည်ရွယ်ခဲ့ပါဘူး၊ မင်းရဲ့အခြေအနေကို ရဲက မိသွားတယ်ဆိုရင်တောင် မင်းက မူးယစ်ဆေးဝါး မသုံးတဲ့သူဖြစ်ပြီး မင်းဝယ်တဲ့အရာက ဘာဆိုတာ မင်းမသိဘူးဆိုရင် မင်းအဆင်ပြေသွားမှာ”

"ဒါပေမဲ့ ငါ... ငါကတော့ မတူဘူး၊ ငါ့မှာ တခြားရွေးချယ်စရာမရှိတော့ဘူး..."

ချီယွီ၏ အသံသည် တဖြည်းဖြည်း တိုးလျလာပြီး တုန်ရီနေသည်။

ရှချန်းချန်း ဒူးထောက်ထိုင်ကာ ချီယွီအား တိုက်ရိုက်ကြည့်လိုက်သည်။ သူမ၏မျက်လုံးစုံသည် မြူခိုးများဖြင့် ဖုံးလွှမ်းနေဟန်ရှိသည်။

ချီယွီသည် ရှချန်းချန်းမှာ အလွန်ရိုးရှင်းသော သူဟု အမြဲထင်ခဲ့သော်လည်း ယခုအခါတွင် သူမ၏ မျက်လုံးများအား ကြည့်ကာ သူမကို နားလည်အောင် ကြိုးစားနေဆဲဖြစ်သည်။

"မင်းရဲ့လှည့်ကွက်ထဲ ငါပါသွားတယ်ဆိုတာ ပထမဆုံးအကြိမ် သိလိုက်ရတုန်းက ငါ တကယ်စိတ်ဆိုးသွားခဲ့တာ"

ဟု ရှချန်းချန်း ညင်သာစွာ ပြောသည်၊

"ဒါပေမဲ့ အခု မင်းကိုဒီလိုမျိုး မြင်ရတော့ နားလည်သွားပါပြီ၊ ဖန်စစ်ဟန်ကို ဖယ်ရှားပြီးသွားပြီ၊ အနည်းဆုံး မူးယစ်ဆေးဝါး သုံးစွဲမှုရှိသမျှတော့ ဖြစ်နိုင်တော့မှာမဟုတ်ဘူး သူ့ကို ဆက်ပြီး ဘယ်လိုလုပ်မလဲ"

ဖန်စစ်ဟန်အကြောင်း ပြောလိုက်သောအခါ ချီယွီ၏ မျက်လုံးများတွင် ချက်ချင်းဆိုသလို ရက်စက်မှုများ ဖုံးလွမ်းသွားခဲ့သည်။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ ထို နက်ရှိုင်းညိုမှိုင်းသော မျက်ဝန်းများထဲတွင် မီးလောင်ကျွမ်းနေသလိုပင်။

"ငါသူ့ကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး”

ချီယွီ အံကြိတ်ကာ ပြောသည်၊

"သူက ငါ့ဘဝကို ဖျက်ဆီးလိုက်တဲ့သူပဲ၊ ငါသူ့ကို ဘယ်တော့မှ ခွင့်လွှတ်ပေးမှာမဟုတ်ဘူး"

ချီယွီနှင့် ဖန်စစ်ဟန်တို့သည် နှစ်ပေါင်းများစွာ ကတည်းက သိကျွမ်းခဲ့ကြသည်။

ယနေ့ခေတ်တွင် ဖန်စစ်ဟန်သည် ဖန်မိသားစု၏ ဒုတိယသားဖြစ်သသည်ဟု ထင်မှတ်နေခဲ့ကြသော်လည် အမှန်တကယ်မှာ ဖန်စစ်ဟန်သည် ဖန်မိသားစု၏ တရားမဝင်သား တစ်ဦးသာဖြစ်သည်။

အလယ်တန်း ကျောင်းသားဘဝတုန်းက ချီယွီနှင့် ဖန်စစ်ဟန်သည် တစ်တန်းတည်း အတူတူ တက်ခဲ့ကြသည်။ ဖန်စစ်ဟန်အား ဖန်မိသားစုမှ ပြန်မခေါ်ခင်အချိန်ထိ ဖြစ်သည်။ သို့သော် ချီယွီသည် ဖန်စစ်ဟန်မှာ ဖန်မိသားစု၏ တရားမဝင်သား ဖြစ်ကြောင်း မတော်တဆ သိလိုက်ရသည်။

ထိုနေ့မှစ၍ ချီယွီသည် ဖန်စစ်ဟန်ဖန်တီးထားသော ဆုံးခန်းမရှိသည့် ငရဲတွင်းထဲသို့ ကျရောက်ခဲ့ရသည်။

ယနေ့အထိ သူသည် ထိုငရဲတွင်းထဲမှ လွတ်မြောက်ရန် မတတ်နိုင်ခဲ့‌ပေ။

“တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြစ်ရမယ့်နေ့တုန်းက

ဖန်စစ်ဟန် ငါ့ရဲ့ဝင်ခွင့်လက်မှတ်ကို မီးရှို့ပစ်လိုက်တယ်၊ တက္ကသိုလ်ဝင်ခွင့်ရဖို့ ငါ တစ်နှစ်ပြန်တက်ခဲ့ရတယ် နောက်ပြီး ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲနေ့က ခရစ်စမတ်နေ့နဲ့ တိုက်နေခဲ့တယ်၊ ဆောင်းရာသီရဲ့ ဆီးနှင်းခဲတွေ နေရာအပြည့် ဖုံးလွှမ်းနေပြီးသား ဖြစ်နေတဲ့အချိန်မှာ သူ ငါ့ကို တက္ကသိုလ်မှာရှိိတဲ့ ရေကန်ထဲ ထပ်တွန်းချပစ်ခဲ့တယ်”

"ဖန်စစ်ဟန်က ဖန်မိသားစုရဲ့ တရားမဝင်သား ဆိုတာကို အခြားသူတွေသိသွားမှာ သိပ်ကြောက်တာ၊ ဒီလျှို့ဝှက်ချက်ကို သိတဲ့သူတိုင်းကို သူအရမ်းမုန်းတယ်၊ ဒါကြောင့်ပဲ သူက ငါ့ကို နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်ခဲ့တာ ၊ သူ တရားမဝင်သား ဖြစ်ကြောင်းကို ငါဖော်ထုတ်ပြီး သူ့ကို ဆွဲချမှာ ကြောက်လို့ပဲ"

ချီယွီ ခါးခါးသီးသီး ရယ်မောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ဘဝကို ဖျက်ဆီးခဲ့ပြီးပြီ ၊ ငါက ဘာကိစ္စနဲ့ သူ့ကို အဆင်ပြေပြေ နေခွင့်ပေးရမှာလဲ ၊ မင်းတတ်နိုင်ရင် ငါတို့အားလုံးကို မီးတွင်းထဲ ဆွဲချသွားလိုက်၊ ဖိနပ်မပါတဲ့သူက ဖိနပ်စီးထားတဲ့သူကို ဘာကြောက်ဖို့လိုမှာလဲ၊ ငါက ဘာကို ကြောက်နေရမှာလဲ"

ရှချန်းချန်းသည် ချီယွီအား တိတ်ဆိတ်စွာ ကြည့်နေသည်။

ချီယွီသည် တစ်ချိန်က အနာဂတ်ရောင်ခြည် ဝပြောသူ၊ ဘဝအတွက် လှပသော မျှော်လင့်ချက်များ ရှိခဲ့ဖူးသူဖြစ်နိုင်သည်။

သူသည် ကြင်နာတတ်သောသူလည်း ဖြစ်သည်။

သို့သော် အဆုံး၌ သူသည် အဆိုးဆုံးသော လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။

"မင်းက ငါ့ကို ရဲလက်အပ်မှာလား"

ချီယွီသည် ရှချန်းချန်းအား မော့ကြည့်လျက်

"မူးယစ်ဆေးဝယ်တာကို မိရင် အချုပ်ချခံရမှာကို သိတယ် ၊ ရဲလက်အပ်မှာဆိုလည်း အပ်လိုက်စမ်းပါ၊ ဒါပေမဲ့ ငါပြန်လွတ်လာရင် ဖန်စစ်ဟန်ကို အလွှတ်ပေးမှာမဟုတ်ဘူး"

ရှချန်းချန်းသည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်သို့တင်ထားကာ ချီယွီအား စိတ်ဝင်စားဖွယ် ကြည့်ရှုနေသည်။

“မင်းပုံစံက ဒီလောက်အခြေအနေဆိုးနေတာ ငါကမင်းကို ရဲလက်အပ်ပြီး ဘာလုပ်ရမှာလဲ၊ ငါ့အတွက် ဘာအကျိုးရှိလို့လဲ ၊ ငါမင်းကို ရဲလက်အပ်မှာမဟုတ်ဘူး မင်းကိုကူညီပေးမလိုပဲ”

ရှချန်းချန်းသည် အတုယူ ဖန်တီးထားသော ‘ဘိန်းဆေးဘူး’ အတု တစ်ဘူးအား ထုတ်ယူကာ ချီယွီ ၏ ရှေ့တွင်ထားလိုက်သည်။

ထိုအရာသည် သူမ အစီအရင်ခံစာတင်စဉ်က အရာရှိကျောက် ထံမှ တမင်တကာ တောင်းခံခဲ့သော ဘူးဖြစ်သည်။

ချီယွီ မျက်မှောင်ကြုတ်သွားသည်။

"မြို့မြောက်ပိုင်းက မူးယစ်ဆေးတွေကို ဖျက်ဆီးပစ်လိုက်ပြီးပြီ၊ မင်းဆီမှာ ဒါက ဘယ်လိုလုပ်ပြီး ရှိနေတာလဲ”

သူသည် လည်ချောင်းခြောက်သံဖြင့် မျက်မှောက်ကြုတ်လျက် အော်ဟစ်ပြောဆိုနေသည်။

“မင်းက ဒီဆေးဘူးကို သုံးပြီး ဖန်စစ်ဟန်ကို မူးယစ်ဆေးသုံးစွဲဖို့ ဆွဲဆောင်မယ်၊ ပြီးရင် သူ့ကိုထပ်ဖော်ထုတ်မယ်ဆိုတဲ့ သဘောလား”

ရှချန်းချန်း လှည့်ကွက်ဆန်ဆန် ပြုံးလိုက်သည်။

"ငါ အဲလို မပြောရသေးဘူးနော်၊ ဒါပေမဲ့ မင်းတကယ်ပဲ ဒါကို ဖန်စစ်ဟန်ဆီပေးချင်ရင်တော့ ငါမတားပါဘူး"

"ဟုတ်တယ်၊ သူ့ကိုမပေးခင်မှာ မင်း သူ့ကို ပြောရမှာ တစ်ခုရှိတယ်၊ 'ဒါက မင်းမှာရှိတဲ့ နောက်ဆုံးဆေးဘူးပဲ' ဆိုတာကို စကားလုံးတစ်လုံးမှ လွတ်မသွားစေနဲ့”

ချီယွီသည် ရှချန်းချန်းအား သံသယဝင်မိသည့်ပုံဖြင့် ကြည့်နေသည်။

ရှချန်းချန်း၏ စကား အဓိပ္ပာယ်အား သူနားမလည်နိုင်၊ အဘယ်ကြောင့် ဤမျှ ထပ်ခါထပ်ခါ ထည့်ပြောနေရသနည်းး။

သို့သော်လည်း ဖန်စစ်ဟန်အပေါ် အငြိုးကြီး‌ သောစိတ်ကြောင့် ချီယွီ ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ချီယွီအား ဆရာရွှီမှ ခေါ်ဆောင်သွားခဲ့သည်။ သူ့တွင် ခန္ဓာကိုယ်အတွင်း သွေးယိုစိမ့်မှုလည်း ရှိနေသဖြင့် မင်သဲ့ဆေးရုံသို့သွား၍ ကုသမှုခံယူရန် လိုအပ်နေသည်။

ချီယွီနှင့် ဆရာရှီ ထွက်ခွာသွားပြီးနောက် စနစ်သည် တစ်ဖန်ပြန်ပေါ်လာခဲ့သည်။

"Host၊ မဒမ်ဖန်ရဲ့ မွေးနေ့ပွဲက ရက်နည်းနည်းပဲ လိုတော့တာနော်၊ ဖန်မိသားစုရဲ့ အိမ်ဟောင်းက ဟန်မိသားစုရဲ့ အိမ်ဟောင်းနဲ့ ညာဘက်ကပ်လျက် မှာ ရှိနေတာ သတိထားမိတယ်"

စနစ်သည် စိတ်လှုပ်ရှားဖွယ်ရာ သတင်းအား မျှဝေသည့်သဘောဖြင့် ဆက်ပြောသည်။

"ဟန်ကျားလင်းဆိုတဲ့ကောင် ပြန်လာဦးမယ် ထင်တယ်"

ရှချန်းချန်းသည် ဤနာမည်ကို မကြားရတော့သည်မှာ ကြာမြင့်လှပြီဟု ခံစားမိသည်။

"ထူးဆန်းတာက ဟန်ကျားလင်း ဒီတစ်လော ငါ့ကို နှောင့်ယှက်တာ မရှိတော့ဘူးပဲ၊ ငါ့ရဲ့ ဆက်သွယ်ရေးနည်းလမ်းတွေကို ပိတ်ထားလိုက်လို့ သူ ငါ့ကို ရှာမတွေ့တော့တာများလား"

စနစ် : "ငါသိတယ်၊ ငါသိတယ် ၊ ဟန်ကျားလင်း မလာတာမဟုတ်ဘူး၊ သူ မလာနိုင်တာ၊ အရင်တုန်းက ဟိုမွန်းစတားကြီးက သူ မင်းကိုနှောက်ယှက်နေတာ မြင်တော့ တမင်တကာ တောင်အာဖရိကက ဟန်အုပ်စုကုမ္ပဏီကို ဒုက္ခပေးဖို့ လွှတ်လိုက်တာ၊ ဟန်ကျားလင်း က အကျပ်အတည်းကိုဖြေရှင်းဖို့ တောင်အာဖရိကကိုသွားနေရတယ်၊ ဒါကြောင့် မင်းဒီလို ခဏအေး‌ဆေးနေလို့ရနေတာ”

"ရှဲ့ကျစ်ရှင်း က သူ့ကိုလွှတ်လိုက်တာလား"

ရှချန်းချန်း ထိုစကားအား ကြားလိုက်ရသောအခါ ကျေနပ်သောပုံစံဖြစ်သွားသည်။

"ကောင်းတယ်၊ ငါအေးဆေးတိတ်ဆိတ်မှုလေးတွေ အများကြီးရခဲ့တယ် "

စနစ် သက်ပြင်းချလိုက်သည်။

"မင်း ကြာကြာအေးဆေးနေလို့မရတာ သနားစရာပဲ၊ မဒမ်ဖန် က ဟန်ကျားလင်းရဲ့ အဒေါ်ကြီးလေ၊ ဟန်ကျားလင်း က သူမရဲ့မွေးနေ့ကိုဂုဏ်ပြုဖို့ ပြန်ရောက်နေပြီ"

ဟန်မိသားစု၏ အိမ်ခြံဝင်းထဲတွင် မဒမ်ဟန်၊ လုရှုယာ နှင့် မိသားစုထဲမှ အမျိုးသမီးများ စောင့်နေကြသည်။

ခမ်းနားထည်ဝါသော ဘန်တလေကားတစ်စီး ခြံဝင်းထဲသို့ စိုက်ဝင်လာကာ ယာဉ်မောင်းသည် နောက်တံခါးအား မြန်မြန်ဆန်ဆန် ဆင်းဖွင့်လိုက်သည်။

ဟန်ကျားလင်း ထွက်လာလေသည်။

ရက်ပေါင်းများစွာ မတွေ့ရသဖြင့် သူ၏ အသားအရေ ပိုမဲလာသကဲ့သို့ ခံစားရသည်။ သစ်ပင်များ၏ အေးမြသော အရိပ်များအား မျက်နှာမူရပ်နေသော သူ့ မျက်နှာအမူအရာသည် အလင်းအမှောင်ကြားတွင် ပို၍ ကြံ့ခိုင်သန်မာသည်ဟု ထင်ရသည်။

မဒမ်ဟန် သည် အလွန်စိတ်မကောင်းဖြစ်နေခဲ့သည်။ တစ်လတာကြာ ဟန်ကျားလင်း အား မမြင်ရသဖြင့် သူ၏ခန္ဓာကိုယ်မှာ ပိန်လာသည်ဟု ထင်မြင်မိသည်။ နိုင်ငံခြားတွင် အလုပ်များပြီး ကောင်းစွာ စားသောက်အိပ်စက်ခြင်း မရှိဟု တွေးမိရာ မဒမ်ဟန် ၏ မျက်လုံးများတွင် မျက်ရည်ဝဲလာခဲ့သည်။

ဟန်ကျားလင်းသည် အေးဆေးတည်ငြိမ်စွာဖြင့်

"အဖွား၊ အမေ၊ ကျွန်တော် ပြန်လာပြီ"

မဒမ်ဟန် နှင့် လုရှုယာတို့မှာ ခေါင်းညိတ်ကာ

"ပြန်လာတာ ကောင်းတယ်၊ ပြန်လာတာ ကောင်းတယ်"

သုံးဦးသား စကား အနည်းငယ် ပြောပြီးနောက် ဧည့်ခန်းထဲသို့ ပြန်ဝင်သွားကြသည်။

ဧည့်ခန်းအတွင်း၌ မုန့်ရှင်းသည် ဟန်ကျားလင်း ပြန်ရောက်လာသည်ကို မြင်တွေ့ရသည်နှင့် ချက်ချင်း ရင်သပ်ရှုမောကာ ထလိုက်သည်။ သူမသည် ဟန်ကျားလင်း နှင့် သိပ်ရင်းနှီးခြင်းမရှိသော်လည်း သူ၏ ချောမောလှပသော မျက်နှာကို မြင်သည့်အခါတိုင်း ရှက်သွေးဖြာတတ်သည်။ တီဗီထဲတွင်သာ မြင်ဖူးသော ဤမျှချောမောသော ယောက်ျားကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

ဤလူ၏ ကလေးအား ကိုယ်ဝန်လွယ်ပေးထားရသည်ကို တွေးမိရာ မုန့်ရှင်း၏ မျက်နှာ ပို၍နီမြန်းလာခဲ့သည်။

ဟန်ကျားလင်းသည် မုန့်ရှင်း၏ ဗိုက်အား လှမ်းကြည့်လိုက်ပြီး မျက်လုံးများ အေးစက်သွားခဲ့သည်။

မဒမ်ဟန် ပျော်ပျော်ကြီးပြောလိုက်သည်။

"ခုနှစ်လရှိပြီ၊ နောက်နှစ်လဆို ကလေးမွေးတော့မယ်”

ဟန်ကျားလင်းသည် မုန့်ရှင်အား ကြည့်လိုက်ကာ သူ၏အသံသည် မည်ကဲ့သို့ ဖော်ပြရမည် မသိလောက်အောင် အေးစက်နေသည်။

"ကလေးမွေးပြီးရင် ငွေတစ်ထုပ် မင်းကိုပေးမယ်၊ ပြီးရင် အဲနေ့ကစပြီး ဒီကလေးနဲ့ မင်းမဆိုင်တော့ဘူး"

မုန့်ရှင်း ရှော့ခ်ရသွားသည်။ မည်သို့ပင်ဆိုစေကာမူ ခုနှစ်လတာလုံး သယ်ဆောင်ထားရသော ကလေးဖြစ်သည့်အတွက် သူ့အပေါ်တွင် အနည်းငယ်တော့ ခံစားချက်ရှိသည်။ သို့သော် မုန့်ရှင်းသည် မိမိ မိသားစုသည် ဟန် မိသားစုကဲ့သို့ ချမ်းသာကြွယ်ဝခြင်းကို အိပ်မက်ထဲတွင်ပင် မက်ဖူးမည်မဟုတ်ကြောင်း သိရှိသည်။ သူမသည် နားလည်ကြောင်း ပြသရန် ကြောက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်ရသည်။

လုရှုယာသည် ဘေးမှစိုးရိမ်စွာဖြင့် မေးမြန်းလိုက်သည်။

"ကျားလင်း၊ ကလေးအမေအစားထိုးတာက ကိုင်တွယ်ရလွယ်တယ်၊ ဒါပေမဲ့ ယဲ့ရှီဝမ် ကရော"

လုရှုယာ ဂနာမငြိမ် ဖြစ်နေသည်။ သူမ အကြောက်ဆုံးမှာ ဟန်ကျားလင်းသည် ယဲ့ရှီဝမ်အား လက်လွှတ်လိုက်ရန် မတတ်နိုင်ခြင်းပင် ဖြစ်ပြီး ထိုသို့ဆိုလျှင် တကယ်ပင် ဖြေရှင်းရခက်မည်ဖြစ်သည်။

သို့သော် ဟန်ကျားလင်း၏ အသံမှာ ပိုမို လေးနက်လာပြီး ပို၍အေးစက်လာခဲ့သည်။

"အမေ၊ ပြီးခဲ့တဲ့တစ်ခါကတည်းက ယဲ့ရှီဝမ် နဲ့ကျွန်တော့် ကိစ္စက ပြီးသွားပြီလို့ ရှင်းရှင်းလင်းလင်းပြောခဲ့တယ်၊ ကလေးမွေးပြီးတာနဲ့ သူနဲ့ဆက်ဆံရေး အပြီးတိုင်ဖြတ်တော့မယ်၊ နောက်ထပ်ဆက်သွယ်မှာ မဟုတ်တော့ဘူး”

လုရှုယာ၏ မျက်လုံးများတွင် ဝမ်းမြောက်ဝမ်းသာ ရောင်ပြန်ဟပ်လျက်

“တကယ်လား”

"တကယ်ပါ”

ဟန်ကျားလင်းသည် ခိုင်မာစွာ ကြေညာလိုက်သည်။

"ကျွန်တော်ချစ်ခဲ့တဲ့ တစ်ဦးတည်းသောသူက ချန်းချန်းပါ”

လုရှုယာ နှင့် မဒမ်ဟန် တို့သည် စိတ်လှုပ်ရှားမှုဖြင့် မျက်နှာချင်းဆိုင်ကြည့်မိကြသည်။

မကြာသေးမီက ရှချန်းချန်း၏ "Galaxy Girls" တွင် ပါဝင်မှုသတင်းများ ထွက်ပေါ်လာခဲ့ပြီး ရှအုပ်စု၏ ရှယ်ယာ ၂၉% ကို ဆက်ခံထားကြောင်း သတင်းလည်း တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

လူတိုင်းသည် သူမအား ပညာမတတ်သော အပျိုကြီးတစ်ဦးဟုသာ ထင်မှတ်ထားကြသော်လည်း သူမသည် ရှအုပ်စု၏ ကြီးမားသော ရှယ်ယာအများအပြားကို အမှန်တကယ် ဆက်ခံထားပြီး ယခုဆိုလျှင် အကြီးဆုံး ရှယ်ယာရှင်ဖြစ်နေလေပြီ။

ရှချန်းချန်းသည် ယခုဆိုလျှင် ကျန်းချန်မြို့၏ အဖိုးအထိုက်တန်ဆုံး အမျိုးသမီးဖြစ်နေပြီး ထို့အပြင် ဟန်မိသားစု၏ စိတ်တိုင်းကျ မြေးတော်ရမည့်သူလည်း ဖြစ်လာတော့မည်။

ဟန်ကျားလင်း၏ ရှချန်းချန်း အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာသည် မဒမ်ဟန် နှင့် လုရှုယာ တို့အား အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်စေသည်။ ထို့အပြင် ယခင်က ရှချန်းချန်း သည် ဟန်ကျားလင်းအား မည်မျှကြိုက်နှစ်သက်ခဲ့ကြောင်းကိုလည်း သူတို့အားလုံး သိရှိထားကြသည်။

ဤလက်ထပ်ပွဲသည် ဖြစ်နိုင်ခြေရှိသည်။

ဟန်ကျားလင်းသည်လည်း ခေါင်းညိတ်ကာ

"ကျွန်တော် အခု ပြန်ရောက်လာပြီ အချိန်ကြာလာတာနဲ့အမျှ ချန်းချန်းရဲ့ နှလုံးသားကို ပြန်ယူနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်၊ ချန်းချန်းရဲ့ ချစ်သူက ကျွန်တော်တစ်ဦးတည်းပဲ ဖြစ်ရမယ်"

ရုတ်တရက်….အနောက်ဘက်မှ ဖန်ခွက်ကျကွဲသံ ကြားလိုက်ရသည်။ လူအားလုံးသည် အသံထွက်ရာဘက်သို့ လှည့်ကြည့်မိကြရာ ယဲ့ရှီဝမ် သည် ဧည့်ခန်းတံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ကြရသည်။

ဟန်ကျားလင်း မျက်မှောင်ကြုတ်၍ ဒေါသတကြီး အောင်လိုက်သည်။

"ယဲ့ရှီဝမ်၊ မင်းဒီမှာဘာလုပ်နေတာလဲ”

လုရှုယာ နှင့် မဒမ်ဟန်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ဟန်ကျားလင်းသည် ယဲ့ရှီဝမ်အား အချိန်ကြာမြင့်စွာ နှစ်သက်ခဲ့သည်။ ဟန်ကျားလင်း ယဲ့ရှီဝမ် အား ဤသို့ ဒေါသတကြီး ပြောဆိုသည်မှာ ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်သည်။

ယဲ့ရှီဝမ်၏ ပခုံးများ တုန်ရီနေပြီး မျက်ခွံများ ကျဆင်းကာ မျက်လုံးများ အနည်းငယ် တောက်ပြောင်နေကာ သေးငယ်သော အပွင့်တစ်ပွင့်ကဲ့သို့ ပေါ်နေသည်။

"ကလေး... ခုနှစ်လရှိပြီလေ အဲဒါကြောင့် သူ့ကို လာကြည့်တာ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါကကျွန်မရဲ့ကလေးပဲ”

ဟန်ကျားလင် ရယ်မောလိုက်သည်။

“မင်းမှာ တခြားအတွေးတွေ မရှိဘူးဆိုတာ သေချာတယ်နော်၊ မဟုတ်ရင် မင်းကို ငါ လွတ်ပေးမှာ မဟုတ်ဘူး "

ယဲ့ရှီဝမ် ငိုကြွေးလိုက်သည်။

“ကျားလင်း၊ ရှင် ကျွန်မကို တကယ်ပဲ မယုံကြည်တော့ဘူးလား၊ ဒါက ငါတို့နှစ်ယောက်ရဲ့ကလေး၊ ကျွန်မဘယ်လိုလုပ်….ဘာလုပ်ရမှာလဲ"

"မင်းကိုယုံလို့ပဲ မင်းရဲ့လှည့်စားမှုတွေကို ဒီလောက်ကြာအောင် ခံနေခဲ့တာ၊ မင်းမရှိရင် ငါနဲ့ ချန်းချန်း အတူရှိနေတာ ကြာပြီ"

ဟန်ကျားလင်းသည် စကားလုံးတစ်လုံးချင်းစီကို အံကြိတ်ကာ ပြောဆိုလိုက်ပြီး သူ၏မျက်လုံးထဲရှိ အမုန်းတရားသည် ယဲ့ရှီဝမ် အား နှစ်မြုပ်သွားလုနီးပါးဖြစ်နေသည်။

"ယဲ့ရှီဝမ်၊ မင်းက ငါ့ကလေးရဲ့ သွေးတစ်ဝက် ပါမနေခဲ့ရင် ၊ မင်းလို တန်ဖိုးမရှိတဲ့ တရားမဝင်သမီးတစ်ယောက်က ငါနဲ့စကားပြောဖို့ အခွင့်အရေး ရှိမယ်ထင်သလား"

ယဲ့ရှီဝမ် ၏ ဦးနှောက်ထဲတွင် "ဘုန်း" ဟူသောအသံ ကြားလိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးများ ခဲသွားသကဲ့သို့ ရပ်တန့်သွားခဲ့သည်။

မဟုတ်ဘူးလား၊ သူမသည် ဟန်ကျားလင်း အား ကယ်တင်ခဲ့သော မိန်းကလေးမဟုတ်ပါလား ၊ မဟုတ်ခဲ့ဘူးလား။

ယဲ့ရှီဝမ် သူ့အား လှည့်စားခဲ့ကြောင်း သိရှိသွားပြီလား၊ ဤအကြောင်းကြောင့်ပဲ ဟန်ကျားလင်းသည် သူမအား ဤမျှလောက် မုန်းတီးနေခြင်းလား။

"ကျားလင်း..."

မဒမ်ဟန် သည် အမျိုးသမီးတစ်ဦးအနေဖြင့် ဆက်ကြည့်ရန် မတတ်နိုင်တော့ပေ။

"ယဲ့ရှီဝမ်က အိမ်ကို မကြာခဏလာခဲ့ပြီး မုန့်ရှင်းကို ကောင်းကောင်းဂရုစိုက်ပေးခဲ့တယ်၊ မင်းဒီလောက် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုဖို့ မလိုပါဘူး..."

ဟန်ကျားလင်းသည် အေးစက်စွာ အသံပြင်းပြင်းနှင့် ပြောသည်။

"အဖွား၊ အဖွားသူ့ရဲ့ လှည့်ကွက်တွေကို နားမလည်ပါဘူး၊ သူ့ရဲ့ သနားစရာ ပုံစံကိုပဲ မြင်ပြီး လှည့်စားခံမနေပါနဲ့"

ယဲ့ရှီဝမ် ပို၍ပို၍ မျှော်လင့်ချက်ကင်းမဲ့လာပြီး အသံထဲတွင် မျက်ရည်များပါလာသည်။

“ကျားလင်း၊ ကျွန်မအဲတုန်းက လုပ်ခဲ့တာက ရှင့်ကို အရမ်းချစ်လို့ပါ၊ ရှင် ကျွန်မကို ဟန်မိသားစုထဲမှာ မတွေ့ချင်ဘူး၊ ကလေးနဲ့ နီးစပ်ချင်တာကိုလည်း မလိုချင်ဘူးဆိုတာ ကျွန်မသိပါတယ်..."

ယဲ့ရှီဝမ် သည် မုန့်ရှင်း၏ ကိုယ်ဝန်ဗိုက်အား နှစ်လိုဖွယ်ကြည့်ရှုရင်း သူမ မျက်နှာမှာ ဝမ်းနည်းဖွယ်ရာ အပြည့် ဖြစ်နေသည်။

"ကျွန်မထွက်သွားမယ်၊ နောက်တစ်ခါ ရှင့်ကို ထပ်ပြီး အနှောက်အယှက်ပေးမှာ မဟုတ်ဘူး"

ဟန်ကျားလင်း သံသယဝင်မိသည့်ပုံဖြင့် မေးမြန်းလိုက်သည်။

“တကယ်လား"

"တကယ်ပါ"

ယဲ့ရှီဝမ် ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ ကလေးမမွေးခင်မှာ ကျွန်မကို မုန့်ရှင်းနဲ့အတူ ပိုပြီးနေခွင့်ပေးပါလား၊ သူက ဗိုက်ထဲမှာ ရှိနေသေးတယ်ဆိုရင်၊ မုန့်ရှင်း နဲ့အတူရှိနေရင်း သူနဲ့အတူရှိနေသလို ခံစားရမှာ”

"ကျွန်မကတိပေးပါတယ်၊ ကလေးမွေးပြီးတာနဲ့ ကျွန်မ ရှင့်ရဲ့ ကမ္ဘာကနေ တကယ် ထွက်သွားမှာပါ၊ နောက်ထပ် ရှင့်ကို ဘယ်တော့မှ အနှောက်အယှက်မပေးပါဘူး”

ဟန်ကျားလင်း ခဏတာ စဉ်းစားနေမိသည်။

သို့သော် ဤသည်မှာ အကောင်းဆုံး ဖြေရှင်းနည်းဖြစ်သည်ဟု သူ့အနေဖြင့် ဝန်ခံရမည်။

ချန်းချန်းသည် သူ့အား ဂရုစိုက်ရန် ငြင်းဆန်နေခြင်းမှာ ယဲ့ရှီဝမ် နှင့် ဆက်စပ်နေသော အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နိုင်သည်။ ယဲ့ရှီဝမ် ကိစ္စအား ဖြေရှင်းလိုက်နိုင်လျှင် သူနှင့် ချန်းချန်း တို့၏ အနာဂတ်သည် ရောင်ခြည် ဝင်းဝါ လင်းလက်နေပေလိမ့်မည်။

ထို့ကြောင့် ဟန်ကျားလင်း ခေါင်းညိတ်ကာ

"ကောင်းပြီ ငါမင်းကို ခွင့်ပြုတယ်” ဟု ပြောလိုက်သည်။

ယဲ့ရှီဝမ် သည် ချက်ချင်းပင် ဝမ်းသာမှုဖြင့် မျက်ရည်များကျလာခဲ့သည်။

မဒမ်ဟန် နှင့် လုရှုယာ တို့သည်လည်း ဤအဆုံးသတ်ကို ကြားရသည့်အခါ အလွန်ပင် ဝမ်းမြောက်နေကြသည်။ ဧည့်ခန်းတစ်ခုလုံး ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။ ယဲ့ရှီဝမ် ထွက်ခွာတော့မည်ကို ဝမ်းသာကြသည်လား၊ ဟန်ကျားလင်း ပြန်ရောက်လာသည်ကို ဝမ်းသာကြသည်လား ခွဲခြားရန် ခဲယဉ်းနေသည်။

လူအားလုံး ဝမ်းသာနေကြသည့်အချိန်တွင် ယဲ့ရှီဝမ် သည် မုန့်ရှင်း အား စောင်းကြည့်လိုက်သည်ကို မည်သူမျှ သတိမထားမိကြပေ။

သူမ၏ မျက်လုံးများတွင် ရက်စက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

Chapter 82

မဒမ်ဖန်၏ မွေးနေ့ပွဲမှာ မကြာသေးမည်ရက်များအတွင်း ကျန်းချန်မြို့ရှိ ကြွယ်ဝသည့် မိသားစုများကြား၌ အခမ်းနားဆုံးပွဲပင်ဖြစ်သည်။

ထိုသို့သော ပွဲများ၌ ပို၏အရေးပါမှုထက် ပို၍ သာလွန်သည့် လူမှုရေးဆိုင်ရာ အစိတ်အပိုင်းတစ်ခုရှိတတ်သည်။ တက်ရောက်သူအချို့မှာ မဒမ်ဖန်၏ မွေးနေ့အား ဆင်နွဲချင်သော်ညား အများစုမှာ ကွန်ရက်တစ်ခုအတွက် ပလက်ဖောင်းအား ရှာဖွေကြလေသည်။

ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်း နှစ်ဦးလုံးမှာ ဖိတ်ကြားခံရသော်ညား ၎င်းတို့နှစ်ဦးသည် အတူသွားကြမည် မဟုတ်ပေ။ ရှဲ့ကျစ်ရှင်းသည် ရှဲ့လုပ်ငန်းစု ကိစ္စရပ်များအား တက်ရောက်ဖို့လိုအပ်သည်ဖြစ်၍ ရှချန်းချန်းသည် ဖန်မိသားစု နေအိမ်သို့ တစ်ဦးတည်း သွားရမည်ဖြစ်သည်။

ပွဲသို့ရောက်ချိန်တွင် ရှချန်းချန်းသည် ဖန်မိသားစု၏ အတွင်းရေးမှူးအား မွေးနေ့လက်ဆောင် ကမ်းပေးလိုက်သည်။

ရှမိသားစုနှင့် ဖန်မိသားစုမှာ သွေးအရလည်း မတော်စပ်သကဲ့သို့ ၎င်းတို့တွင် ထူးထူးခြားခြားပူးပေါင်းခဲ့ခြင်းများလည်း မရှိပေ။ ယေဘုယျအားဖြင့်ပြောရလျှင် ရှချန်းချန်းသည် မဒမ်ဖန်၏ မွေးနေ့အား ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပေးရန် မလိုအပ်ပေ။

သူမ သွားတော့မည့် အချိန်တွင် သူမ၏အနောက်ဘက်မှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာကာ

“မစ္စရှ အဘွားက မင်းကို ဖိတ်ခဲ့တာပါ”

ရှချန်းချန်းသည် လှည့်လိုက်ကာ သူမ၏အနောက်တွင် မျက်နှာထားတင်းတင်းနှင့် အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏အရပ်မှာ 184 စင်တီမီတာ ရှိကာ သွယ်လျသည့် ခြေလက်များ ရှိလေသည်။ ခဲရောင်ဝတ်စုံအား ဝတ်ဆင်ထားကာ သူ့အား ချဥ်းကပ်ဖို့ရာ လွယ်ကူသည့်ပုံ မပေါက်ပေ။

ထိုအမျိုးသားသည် သူ့ကိုသူ မိတ်ဆက်လိုက်သည်။

“ကျွန်တော်က ဖန်စစ်ယွမ်ပါ ဖန်မိသားစုရဲ့ အကြီးဆုံးသားပါ”

ဖန်စစ်ယွမ်မှာ ဖန်လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်ကာ ဖန်စစ်ဟန်၏ သွေးတစ်ဝက် အစ်ကိုဖြစ်သည်။ ထိုအမျိုးသားနှစ်ဦးမှာ အတော်လေးဆင်တူသော်ညား ဖန်စစ်ယွမ်၏ အစိတ်အပိုင်းများမှာ ပို၍ ထင်ရှားကာ သဘာဝအတိုင်း လွှမ်းမိုးနိုင်သည့် ရောင်ဝါများရှိနေလေသည်။ သူ၏ ဘေး၌ရပ်နေရခြင်းမှာ မမြင်နိုင်သည့် ဖိနှိပ်မှုများမား ခံစားရစေလေသည်။

ဖန်စစ်ယွမ်သည် သူ့ကိုယ်သူမိတ်ဆက်ပြီးနောက် သူမအား ဝင်လာဖို့ရာ လက်ဟန်ခြေဟန်ပြလေသည်။

ရှချန်းချန်းသည် သူမ၏အကြီးများထံမှ ဖိတ်ခေါ်မှုအား မငြင်းဆိုနိုင်ကာ ခေါင်းညိတ်လိုက်သည်။ သူမတို့နှစ်ဦးသည် မဒမ်ဖန်ဆီသို့ တိတ်ဆိတ်စွာလျှောက်သွားခဲ့ကြသည်။

မဒမ်ဖန်နှင့် မဒမ်ဟန်မှာ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေကြလေသည်။ သူမတို့ ရှချန်းချန်း ဝင်လာသည်ကို မြင်သောအခါ ၎င်းတို့၏ မျက်ခုံးများ တွန့်သွားကြလေသည်။

“ချန်းချန်း ရောက်နေပြီပဲ”

မဒမ်ဟန်သည် ချစ်မြတ်နိုးမှုနှင့်အတူ ပြောလိုက်ကာ ရှချန်းချန်းအား နှုတ်ဆက်လိုက်သည်။

“လာလာ အဘွားနဲ့ လာထိုင်”

မူလပိုင်ရှင်မှာ ဟန်ကျားလင်အား ကြိုက်နှစ်သက်သောကြောင့် သူ၏ မိသားစုနှင့် ရင်းနှီးကာ မဒမ်ဟန်သည် သူမအား အမြဲချစ်ခင်ခဲ့လေသည်။

ရှချန်းချန်းသည် မဒမ်ဟန်ဘေးရှိ တစ်မိတာအကွာလောက်ရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

အမျိုးသမှးနှစ်ဦးသည် ရှချန်းချန်းအား ကြည့်လိုက်ကာ သူမတို့နှစ်ဦး သူမအား ကြည့်လေ ကြည့်လေ ပို၍ သဘောကျလာလေပင်ဖြစ်သည်။

“ချန်းချန်းအတော်လေး အရွယ်ရောက်လာပြီပဲ၊ သူမအတော်လေး ပြောင်းလဲသွားတယ်”

မဒမ်ဖန်မှ ချီးကျူးလေသည်။

“မင်းအမြဲတမ်း ကျားလင်းကို သဘောကျတယ်လို့ ပြောနေခဲ့တာမလား၊ မင်းတို့ကအခု အသက်တူတူလောက်ရှိတော့မယ် ဆိုတော့ အဲဒါကို စဥ်းစားဖို့အချိန်ပဲ”

မဒမ်ဖန်သည် ပြုံးကာ ပြောလိုက်သည်။

“ဟုတ်တယ် ချန်းချန်း၊ ကျားလင်းက မင်းအကြောင်းတွေကို အိမ်မှာ မကြာခဏပြောတတ်တယ်၊ တကယ်လို့ မင်းတို့သာအတူရှိသွားမယ်ဆိုရင် အဲဒါက အဘွားရဲ့ အိမ်မက်ဖြစ်မှာပဲ”

မဒမ်ဖန်သည် ပြောလေသည်။

“မင်းတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်တဲ့အတွဲပဲ ချောမောပြီးတော့ လှကြတယ်၊ ဒီနေ့က အဘွားရဲ့မွေးနေ့လေ ဒီသဘောတူညီချက်ကို လုပ်ပြီးတော့ အပျော်တွေနှစ်ဆတိုးအောင် ဘာလို့ မလုပ်ကြရမှာလဲ”

မဒမ်နှစ်ဦးမှာ အချင်းချင်း အပြန်အလှန်ပြောနေကြကာ ရှချန်းချန်းနှင့် ဟန်ကျားလင်းအား ပြန်လည် အတူရှိစေဖို့ရာ လုပ်နေကြသည်။

ရှချန်းချန်းသည် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားကာ ပြန်ပြောတော့မည် အချိန်တွင် သူမ၏ အနောက်မှ ကြည်လင်ပြတ်သားသည့် အမျိုးသမီးတစ်ဦး၏ အသံမှာ ထွက်ပေါ်လာခဲ့သည်။

“အဲဒါက ဘယ်လိုအတွဲအဖက်မျိုးလဲ၊ အဲလို ပုပ်ပွနေတဲ့သခွားသီးက ငါရဲ့ချန်းချန်းလေးနဲ့ မလိုက်ဖက်ဘူး”

လုယန်ရန်သည် လက်ဆောင်နှင့်အတူ မွေးနေ့အား ဆင်နွဲရန်လာခဲ့သည်။ အဝေးမှနေ၍ သူမသည် တစ်စုံတစ်ဦးမှာ ရှချန်းချန်းနှင့် ဟန်ကျားလင်းအား တွဲပေးဖို့လုပ်နေသည်ကို ကြားလိုက်ရသည်။ သူမအမြန်သွားလိုက်တာ တွဲပေးဖို့လုပ်နေကြသည်မှာ မဒမ်ဟန်နှင့် မဒမ်ဖန် ဖြစ်သည်ကို တွေ့သွားလေသည်။

သူမသည် ဟန်ကျားလင် ယဲ့ရှီဝမ်အား propose လုပ်ခဲ့သည်ကို မြင်ခဲ့ရသည်။

သူတို့က ကလေး ယူကြတော့မယ့်ဟာကို အခု သူမတို့တွေက သူတို့ကိုတွဲခိုင်းဖို့ လုပ်နေကြပြီးတော့ ရှချန်းချန်းကို မိထွေးလုပ်ခိုင်းချင်နေကြတာလား။ သူတို့တွေ ဘယ်လိုတောင် လုပ်ရဲရတာလဲ။

ရှချန်းချန်းသည် ပဟေဠိဖြစ်စွာမေးခဲ့သည်။

“လုယန်ရန် ငါကဘယ်တုန်းက နင့်အပိုင်ဖြစ်သွားရတာလဲ”

လုယန်ရန်: ???

လုယန်ရန်သည် ရှချန်းချန်း ထိုနေရာတွင် ရှိနေသည်ကို သတိပြုမိသွားသော်ညာ

ညီအစ်မရေ အာရုံစိုက်နေတဲ့ အရာကလွဲနေပြီ မဟုတ်လားလား။ အာ အခုက မင်းရဲ့မိသားစုနဲ့ ငါ့ရဲ့မိသားစုကို အာရုံစိုက်ရမဲ့ အချိန်ပဲ။

လုယန်ရန်၏ မျက်နှာမှာ နီမြန်းသွားလေသည်။

“ငါက ငါက ဒီတိုင်း နင်နဲ့ အဲဒီပုပ်ပွနေတဲ့ သခွားသီး အတူရှိနေမှာကို မခံစားနိုင်ရုံပါ”

မဒမ်ဟန်သည် တင်းမာစွာ ပြောလိုက်သည်။

“မစ္စလု ကျေးဇူးပြုပြီး လေးစားသမှုရှိပေးပါ”

မဒမ်ဖန်သည်လည်း ဝင်၍ ပြောလေသည်။

“မစ္စလုဖ ချန်းချန်းက ငါတို့ရဲ့ ကျားလင်းကို သဘောကျနေတာလေ၊ ငါတို့ ဘာတတ်နိုင်မှာလဲ”

“အပိုတွေ ရှချန်းချန်းက ဘယ်လိုလုပ် ဟန်ကျားလင်းကို ကြိုက်နေရမှာလဲ” ကျင်ရိဖန် အလျင်အမြန်ထွက်လာကာ

“သူမက သေချာပေါက်..”

ကျင်ရိဖန်သည် အမှန်အား ပြောလိုက်တော့မည် အချိန်တွင် ရှချန်းချန်းသည် မဒမ်ဟန်၏ ဘေးတွင် ရပ်နေသည်ကို သူမြင်သွားခဲ့သည်။ သူမ၏ မျက်နှာမှာ မဲမှောင်နေကာ သူ့အား စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။

ကျင်ရိဖန်သည် တုန်တုန်ယင်ယင်နှင့် ထိန်းလိုက်လေသည်။

မဒမ်ဟန်၏ အမူအယာမှာ အေးခဲသွားခဲ့သည်။

“သူမ ဘယ်သူ့ကို ကြိုက်တာလဲ မင်းပြောဦးလေ”

ကျင်ရိဖန် အနည်းငယ် စကားထစ်နေသော်ညား ဆက်ပြောလေသည်။

“ဘာပဲဖြစ်ဖြစ် ရှချန်းချန်းက ဟန်ကျားလင်ကို ကြိုက်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဟန်ကျားလင်းမှာ ယဲ့ရှီဝမ်ရှိပြီသားလေ၊ သူတို့ကလေးကတောင် မွေးတော့မဲ့ဟာကို ဘာဖြစ်လို့ သူတို့နှစ်ယောက်ကို တွဲပေးဖို့ ကြိုးစားနေသေးတာလဲ”

မဒမ်ဟန်သည် နှာမှုတ်လိုက်လေသည်။

နောက်ဆုံးတော့လည်း သူတို့နှစ်ယောက်က အရေးမပါတဲ့ ကလေးနှစ်ကောင်ပါပဲ။

မဒမ်ဟန်သည် ရှချန်းချန်း၏ ပုခုံးအား ညင်သာစွာ ပွတ်သပ်ပြီး သူမကို နှစ်သိမ့်ပေးလိုက်သည်။

“ချန်းချန်း၊ အဘွားတို့ရဲ့ ကျားလင်းက အဲအချိန်တုန်းက စိတ်ရှုပ်နေပြီးတော့ ယဲ့ရှီဝမ်ဆီနေ လှည့်စားခံခဲ့ရတာပါ၊ ယောက်ျားလေးတွေက သူတို့ရဲ့ ငယ်ရွယ်ချိန်မှာ အမှားမလုပ်ဖူးတာ ရှိကြလို့လား၊ မင်းအရင်တုန်းက သူ့ကိုအတော်လေး သဘောကျခဲ့တာပဲ၊ သူ့ကို ဘာလို့ မခွင့်လွှတ်ပေးရမှာလဲ”

“မခွင့်လွှတ်ပေးဘူး”

ရှချန်းချန်း ပြန်မဖြေနိုင်ခင်မှာပင် နောက်ထပ် ဩကာ ဆွဲဆောင်မှုရှိသည့် အသံတစ်သံမှာ စကားဝိုင်းအား နှောင့်ယှက်လေသည်။

ရှချန်းချန်းသည် ရယ်မောရုံသာ တတ်နိုင်လေသည်။ ဒီနေ့ သူမအတွက် လူတော်တော်များများ ကူပြောပေးနေကြတာပဲ။

မဒမ်ဟန်၏ မျက်နှာမှာမူ အစိမ်းရောင်ပြောင်းသွားလေသည်။ သူမသည် ရှချန်းချန်းနှင့် သူမ၏ မြေးအား အတူရှိစေချင်ရုံဖြစ်သော်ညား အဘယ်ကြောင့် ယနေ့တွင် လူများစွာ ဝင်နှောင့်ယှက်နေရသနည်း။

သူတို့တွေ စီစဥ်ထားကြတာလား။ သူတို့တွေက တစ်ယောက်ပြီး တစ်ယောက် လာနေကြတာ။

အသစ်ရောက်လာသူသည် လူအုပ်ရှေ့တွင် ပေါ်လာပြီး ၎င်းတို့အား ငုံ့ကြည့်လိုက်သည်။ သူ၏အရပ်မှာ 186 စင်တီမီတာရှည်ကာ ဖြောင့်တန်းသည့် ပုခုံးများနှင့်အတူ သန်မာသည့် နောက်ကျောရှိပြီး ဖိနှိပ်နိုင်စွမ်းအလွန် ရှိသည်ဟု ထင်ရလေသည်။

ရှထျန်ဟွာ။

မဒမ်ဟန်မှာ ပြောစရာစကားပင် ပျောက်ရှသွားခဲ့သည်။

ကလေးနှစ်ယောက်ဖြစ်သည့် လုယန်ရန်နှင့် ကျင်ရိဖန်၏ စကားများမှာ ပေါ့ပေါ့ပါးပါးပင်ဖြစ်ကာ မဒမ်ဟန်သည် ဘယ်သောအခါမှ အလေးအနက်မထားခဲ့ပေ။ သို့ပေမဲ့ သူမအရှေ့ရှိ သူမှာ ရှချန်းချန်း၏ အစ်ကိုပင်ဖြစ်သည်။ သူမ သူ့အစ်ကိုထံမှာ မျက်နှာရနိုင်၊ မရနိုင်ဆိုသည်မှာ ဟန်မိသားစုအတွက် အလွန်ပင်အရေးကြီးလေသည်။

သို့သော်ညား မဒမ်ဟန်သည် ရှထျန်ဟွာမှာ ရှလုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်ကာ ဥာဏ်ရည်ထက်မြက်သူ ဖြစ်သည်ဟု ယုံကြည်ထားခဲ့သည်။ သူမသည် သူမှာ လုယန်ရန်နှင့် ကျင်ရိဖန်ကဲ့သို့ အသိဥာဏ်မဲ့နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မဒမ်ဟန် ပြုံးလိုက်ကာ

“ထျန်ဟွာ ဖြစ်နေခဲ့တာပဲ၊ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ရှလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဖြစ်သွားခဲ့တာ၊ သူက တကယ့်ကို ငယ်ရွယ်ပြီးတော့ အလားအလာရှိတဲ့သူပဲ၊ မင်း အဘွားတို့ရဲ့ ကျားလင်းနဲ့ပတ်သက်ပြီးတော့ အထင်လွဲနေတာနေမှာပါ၊ အဘွားတို့တွေရှင်းပြပေးနိုင်ပါတယ်”

ရှထျန်ဟွာသည် မဒမ်ဟန်မှာ ရှချန်းချန်း၏ လက်အားပွတ်သပ်ပေးနေသည်ကို မြင်လိုက်ကာ ရှထျန်းချန်းအား သူ့ဘက်သို့ တမင်သက်သက် ဆွဲလိုက်လေသည်။

ရှချန်းချန်းမှာ လန့်ဖြန်သွားကာ

“ကော”

ရှထျန်ဟွာသည် အပေါ်အောက်ကြည့်လိုက်ကာ ရှချန်းချန်း ဒါဏ်ရာမရထားသည်ကို မြင်၍ စိတ်သက်သာရာရသွားခဲ့သည်။

သူသည် သူ၏နောက်ကျအား အနည်းငယ်ကွေးလိုက်ပြီး ရှချန်းချန်းအနားသို့ တိုးကာ တီးတိုးလေးပြောလိုက်သည်။

“စိတ်မပူပါနဲ့ ကောမင်းကို ကာကွယ်ပေးပါ့မယ်”

ပြီးနောက် ရှထျန်ဟွာ လှည့်လိုက်ကာ မဒမ်ဟန်၏အကြည့်နှင့် ပြန်ဆုံလေသည်။ ထို တင်းမာနေသည့် မျက်နှာပေါ်တွင် ပါးနပ်သည့် အပြုံးတစ်ခု ပေါ်လာလေသည်။

“မဒမ်ဟန်၊ မဒမ်အခုလေးတင် ပြောလိုက်တာက မဒမ်ကဟန်ကျားလင်းနဲ့ ကျွန်တော်ရဲ့ ညီမကိုနေရာချထားပေးချင်တာပေါ့၊ အဲဒါဆို မဒမ်က ကျွန်တော့်ညီမလေးက အရမ်းလှတယ်လို့ ထင်တာလား၊ သူမက နတ်သမီးလေးလိုကိုလှတာ အရမ်းလှလွန်းလို့ သူမက ငါးတွေကိုတောင် ရေအောက်ထဲ နစ်သွားအောင် လုပ်နိုင်တယ်၊ ပျားတွေတောင် မြေကြီးပေါ်ကျကုန်ပြီးတော့ လမင်းကိုတောင် ရှက်လွန်းလို့ ပုန်းသွားစေနိုင်တယ်၊ ကျွန်တော်ကတော့ ဒီစကားလုံးတွေက သူမရဲ့ အလှကို ဖော်ပြဖို့ မလောက်မှာ စိုးမိတယ်”

ရှချန်းချန်း:???

ကော ဘာလို့ ညီမကို ရုတ်တရက် မြှောက်ပင့်လာရတာလဲ။ ညီမကတော့ ညီမရဲ့ညီမအကြောင်းကို လူအများကြီးက ပြောနေကြရင် ရှက်မိမှာ။

မဒမ်ဟန်မှာ လန့်ဖြန့်သွားကာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့ ချန်းချန်းက အလှလေးပါပဲ၊ သူမက ဖျော်ဖြေရေးနယ်ပယ် တစ်ခုလုံးမှာတောင် အလှဆုံး အမျိုးသမီးအဖြစ် ရွေးချယ်ခံရတယ်လို့ အဘွား ကြားသေးတယ်”

ရှထျန်ဟွာ ထပ်ပြောလိုက်သည်။

“ကောင်းပြီ၊ အဲဒါဆို ကျွန်တော် ညီမလေးကအချမ်းသာဆုံးလို့ရော ထင်လား၊ ဘာပဲဖြစ်ဖြစ် သူမက ရှလုပ်ငန်းစုရဲ့ ရှယ်ယာ 29 ရာခိုင်နှုန်းကို အမွေဆက်ခံထားတာပဲလေ၊ ကျန်းချန်မှာ သူမထက်ပိုပြီး ငယ်ရွယ်ပြီးတော့ ချမ်းသာတဲ့သူမျိုးကို ထပ်ရှာလို့ တွေ့နိုင်မှာမဟုတ်ဘူး”

မဒမ်ဟန်သည် ထပ်မံ ခေါင်းညိတ်လိုက်ကာ

“ဟုတ်တာပေါ့၊ ချန်းချန်းကလှရုံတင်မရဘူး အတော်လေးလည်း စွမ်းဆောင်နိုင်စွမ်းရှိတယ်လေ၊ သူမက ပရောဂျက်တော်တော်များများမှာ ရင်းနှီးမြုပ်နှံခဲ့ပြီးတော့ အဲဒါတွေအကုန်လုံးက အတော်လေး အောင်မြင်ခဲ့တယ်လို့ အဘွားကြားပါတယ်၊ အဘွားတို့ တစ်မိသားစုလုံး ချန်းချန်းကို အတော်လေး ကြိုက်ကြတာပါ”

ရှထျန်ဟွာသည် ကျေနပ်စွာပြောလိုက်သည်။

“မဒမ်လည်း သိပါတယ် ကျွန်တော့် ညီမလေးက နတ်သမီးလေးတွေထက်တောင် လှပြီး မရေမတွက်နိုင်တဲ့ ပိုက်ဆံတွေလည်းရှိပြီးတော့ သူမရဲ့ ပိုက်ဆံရှာနိုင်တဲ့ စွမ်းရည်ကလည်း အတော်လေးမြင့်တယ်လေ”

“အဲဒါကို မဒမ်က ဘယ်လိုမျက်နှာမျိုးနဲ့ မဒမ်ရဲ့ ဟန်ကျားလင်းလို့ ရုပ်ဆိုးပြီး ပိုက်ဆံကလည်း နည်းနည်းလေးပဲ ရှိပြီးတော့ ဒေဝါလီခံရတော့မဲ့ ဟန်ထျန်းကို ဦးစီးနေရတဲ့သူနဲ့ ကျွန်တော်ရဲ့ ညီမလေးကို တွဲခိုင်းချင်ရတာလဲ၊ မဒမ်ဆိုရင်ရော သူ့လိုလူနဲ့ တွဲပေးမှာလား”

မဒမ်ဟန်: ???

မင်းက ရှချန်းချန်းကို ဒီလောက်အကြာကြီး ချီးကျူးနေခဲ့ပြီးတော့ ဒါကိုပြောဖို့ အုတ်မြစ်ချနေခဲ့တာလား။

မဒမ်ဟန်၏ အမူအယာမှာ ရုတ်တရက် ဆိုးရွားသွားကာ သူမ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူမ၏ လေသံမှာ လေးနက်လာလေသည်။

“ရှထျန်ဟွာ ငါကဘယ်လိုပဲဖြစ်ဖြစ် မင်းထက်အကြီးပဲ၊ လေးလေးစားစားပြောဆိုပါ”

ရှထျန်ဟွာ လှောင်ပြောင်လိုက်ကာ

“လေးစားမှုဆိုတာ လူနဲ့လည်း ဆိုင်သေးတယ်၊ မဒမ်က မဒမ်ရဲ့ တရားမဝင်ကလေးရှိနေတဲ့ မြေးကို ကျွန်တော့်ညီမဆီ ဇွတ်ပေးချင်တယ်ပေါ့၊ မဒမ်ကရော ကျွန်တော့်ညီမကို လေးစားခဲ့လို့လား”

“အရင်တုန်းက ရှချန်းချန်း ကျန်းချန်မှာနေခဲ့တုန်းက အထီးကျန်ပြီးတော့ အားကိုးရာမဲ့ခဲ့ရတယ် ဒါပေမဲ့ အခု ကျွန်တော်ဒီမှာ ရောက်နေပြီ၊ ကျွန်တော် မဒမ် သူမကို အနိုင်ကျင့်နေတာကို ခွင့်မပြုပေးနိုင်ဘူး”

မဒမ်ဟန်၏ မျက်နှာမှာ ဒေါသများဖြင့် နီမြန်းသွားလေသည်။

သို့ပေမဲ့ ဟန်ကျားလင်း၌ ကလေးရှိသည် ဆိုသည့်အချက်မှာ အမှန်ပင်ဖြစ်သည်။ မဒမ်ဟန်သည် လက်မထပ်ခင် လိင်ဆက်ဆံခြင်းအား ဂရုမစိုက်သော်ညား မုန့်ရှင်း၏ ဗိုက်ထဲရှိ ကလေးအား စွန့်ပစ်လိုက်ဖို့ရာလည်း သူမအတွက် မဖြစ်နိုင်ပေ။

သူမသည် တိတ်ဆိတ်စွာ ခံစားရုံသာတတ်နိုင်လေသည်။

လုယန်ရန်နှင့် ကျင်ရိဖန်၏ မျက်လုံးများမှာ ထိုစကားကို ကြားလိုက်သည်နှင့် ပြူးကျယ်သွားခဲ့သည်။

ရှထျန်ဟွာနှင့် မဒမ်ဟန်ကြားရှိ တင်းမာမှုမှာ ရှင်းလင်းစွာ တောက်လောက်နေကြသော်ညား သူတို့နှစ်ဦးမှာ ကလေကချေကလေးများကဲ့သို့ အားပေးနေကြတာ မည်သည်ကိုမှ ဂရုမစိုက်ကြပေ။

လုယန်ရန်: “ ဝါး ကောအရမ်းချောတာပဲ”

ကျင်ရိဖန်: “ကော အရမ်းမိုက်တာပဲ၊ ကောစကားပြောလိုက်တိုင်း အချိန်အတိုင်းမှာ ကျွန်တော် တအားကျေနပ်တာပဲ၊ ထပ်ပြောလို့ရသေးရင် ပြောပါဦး အဲအဘွားကြီးက စိတ်ဆိုးတော့မှာ”

မဒမ်ဟန်: ???

မဒမ်ဟန်: “ငါဒေါသထွက်လွန်းလို့ မင်းတို့ကို ဂရုမစိုက်နိုင်တော့ဘူး”

မဒမ်ဟန်နှင့် ရှထျန်ဟွာ ရန်ဖြစ်ကြတော့မည့် အချိန်တွင် မဒမ်ဖန်သည် ဝင်ပါလိုက်ကာ ကိစ္စများအား အဆင်ပြေ ချောမွေ့သွားစေသည်။

ရှထျန်ဟွာ၏ အနောက်တွင် ရှမိသားစုရှိကာ လုယန်ရန်၏အနောက်၌ လုမိသားစုရှိပြီး ကျင်ရိဖန်၏အနောက်၌ ရှဲ့မိသားစုရှိလေသည်။ ထိပ်ထန်းမိသားစုအားလုံး ရှိနေကြကာ အားလုံးမှာ အင်အားကြီးပြိုင်ဘက်များဖြစ်သည်။ အိမ်ထောင်ရေးမှာ ရွေးချယ်စရာမဖြစ်ခဲ့လျှင်တောင် အနာဂတ် ပူးပေါင်းမှုများမှာ ရှိနိုင်သည်ဖြစ်၍ ကိစ္စများအား အလွန်အမင်း မဆိုးရွားသွားစေဖို့ရာ ပိုကောင်းလေသည်။

လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး မတွေ့ချင်ကြတော့သည်ဖြစ်ကာ မဒမ်ဖန်၏ နောက်ကိုသာ လိုက်သွားကြလေသည်။

ရှထျန်ဟွာသည် ရှချန်းချန်းအားခေါ်ကာ လုယန်ရန် ကျင်ရိဖန်နှင့်အတူ ၎င်းတို့လေးဦးသည် ဧည့်ခန်းမှ ထွက်သွားကြလေသည်။

၎င်းတို့ ပွဲခန်းမ၏အပြင်ဘက်ကို ရောက်သည်နှင့် တစ်ပြိုင်နက် ရှထျန်ဟွာလှည့်လိုက်ကာ ရှချန်းချန်းအား ဆူပူချင်နေလေသည်။

“အဘွားကြီးပြောတာတွေကို ဘယ်လိုချေပရမလဲ မသိဘူးလား”

သို့ပေမဲ့ သူဘာမှ မပြောလိုက်နိုင်ခင်တွင် သူသည် ရှချန်းချန်း၏ လှပသည့်မျက်နှာလေးအား ကြည့်လိုက်ကာ သူမ၏ မဲနက်သည့် မျက်တောင်လေးများမှာ အုန်းရွက်လေးများသို့ ဖြစ်နေကာ အနည်းငယ် တုန်ယင်နေလေသည်။

ဝူး ဝူး ဝူး ငါ့ညီမလေးက လှလိုက်တာ သူ သူမကို မဆူရက်ဘူး။

လုယန်ရန်သည် ဦးဆောင်လိုက်ကာ

“ရှချန်းချန်း နင်အ,သွားတာလား၊ ဟန်ကျားလင်းက ပုပ်ပွနေတဲ့သခွားသီးကြီးပဲ၊ နင့်ရဲ့ ချစ်စိတ်မွှန်နေတဲ့ ဦးနှောက်ကို ထပ်ပြီး မလွှမ်းမိုးစေနဲ့”

ရှချန်းချန်းသည် သူမ ငိုရမလား ရယ်ရမလား ပင်မသိတော့ပေ။

“နင်တို့တွေပဲ ငါ့ကို စကားပြောဖို့ အခွင့်အရေးမပေးခဲ့ကြတာလေ၊ ဟုတ်ပါပြီ”

သူမ စကားပြောတော့မည့် အချိန်တိုင်း တစ်ဦးမဟုတ် တစ်ဦး ဝင်ပြောကြလေသည်။ သူမ စကားလေးပြောတော့မည် လုပ်လိုက်သည်နှင့် နောက်ထပ် လူတစ်ဦးမှာ ဝင်လာလေသည်။ ရှချန်းချန်းသည် ၎င်းတို့ ထိုအကြောင်းအား တိုင်ပင်ထားကြသလားကိုပင် သိချင်လာလေသည်။

“ဘာပဲဖြစ်ဖြစ် ညီမလေးကငယ်သေးတယ်”

ရှထျန်ဟွာ လေးနက်စွာပြောလိုက်ကာ

“အဲချစ်ကြိုက်တဲ့ကိစ္စကြီးကို ဖယ်ထားရအောင်”

ငါ့ညီမလေးက လှလွန်းတယ်။ ငါ့တို့မိသားစုက ဂေါ်ဖီထုပ်လေးကို ဝက်တွေတူးသွားမှာကို မခံစားနိုင်ဘူး။

လုယန်ရန်သည် ထောက်ခံမှုနှင့်အတူ ခေါင်းညိတ်လိုက်သည်။

“လှပတဲ့မိန်းကလေးက မင်းရဲ့ အလှတရားရဲ့ အလုပ်အကိုင်အပေါ်မှာပဲ ဂရုစိုက်ပါ၊ ပိုက်ဆံရှာရတာက မကောင်းလို့လား၊ ငါကတော့ ရှဲ့ကျစ်ရှင်းရဲ့ တည်ရှိမှုက နင့်ကို နောက်ပြန်ဆွဲနေတယ်လို့ ခံစားရတယ်”

ရှထျန်ဟွာသည်လည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်လေသည်။

“ဟုတ်တယ် ညီမလေးပျင်းနေရင် အစ်ကိုကိုလာရှာပါ၊ အစ်ကိုမင်းကို ရင်းနှီးမြုပ်နှံဖို့ ပိုက်ဆံပေးပါ့မယ်”

ရုတ်တရက် ရှထျန်ဟွာသည် တစ်စုံတစ်ခုအား သဘောပေါက်သွားကာ လုယန်ရန်အား မျက်လုံးပြူးကြီးများနှင့် ကြည့်လိုက်လေသည်။

“မင်း ရှဲ့ကျစ်ရှင်းက နင့်ကို နောက်ပြန်ဆွဲနေတယ်လို့ ဆိုတာက ဘာကိုဆိုလိုတာလဲ၊ ရှဲ့ကျစ်ရှင်းနဲ့ ငါ့ရဲ့ညီမလေးကြားက ဆက်ဆံရေးက ဘာတွေလဲ”

လုယန်ရန်သည် ပုခုံးတွန့်လိုက်သည်။

“ရှဲ့ကျစ်ရှင်းက ရှချန်းချန်းရဲ့ကောင်လေးလေ၊ ကောမသိဘူးလား ထျန်ဟွာကော”

“ကောင်လေးတင်မကဘူး”

ကျင်ရိဖန် ထပ်ထည့်ပြောလေသည်။

“ခင်ပွန်းလေ”

ရှထျန်ဟွာ ဒေါသကြီး တုံ့ပြန်လေသည်။ လုယန်ရန်မှာ အံ့ဩသွားခဲ့သည်။

“လက်ထပ်ပြီးသားပေါ့”

ကျင်ရိဖန်သည် စိတ်ကျေနပ်သွားလေသည်။

“သူတို့တွေ လက်ထပ်ထားတာ ခြောက်လတောင်ရှိပြီ”

ရှထျန်ဟွာ ဒေါသတကြီးတုံ့ပြန်လေသည်။ ရှထျန်ဟွာ၏ ခေါင်းတစ်ခုလုံးမှာ ဗလာဖြစ်သွားကာ သူရဲ့ ချစ်စရာအကောင်းဆုံး ညီမလေးက လက်ထပ်ပြီးသွားပြီလား။ ဘာဖြစ်လို့ သူ သူ့အစ်ကိုက အဲတာကို မသိရတာလဲ။

ရှထျန်ဟွာ၏ အသံမှာ အက်ရှနေကာ

“ချန်းချန်း၊ မင်းဘာလို့ အစ်ကိုကို ဒီလိုအရေးကြီးတဲ့ ကိစ္စကြီးကို မပြောပြရတာလဲ”

ရှချန်းချန်းသည် သူမ၏ ခေါင်းအား ရှက်ရွဲ့စွာ ကုပ်ကာ “ဟီးဟီးဟီး” သူမသည် အစကမသိခဲ့သောကြောင့် လုယန်ရန်သည် အံ့ဩနေလေသည်။

“ရှင်က ရှချန်းချန်းရဲ့ ဝမ်းကွဲမဟုတ်ဘူးလား၊ ရှင်မသိဘူးပေါ့”

ကျင်ရိဖန် ထပ်ပြောလိုက်သည်။

“မင်းရဲ့ အစ်ကိုက အတုတော့မဟုတ်ဘူးမလား”

“ဖူး” ဆိုသည့် အသံနှင့်အတူ ရှထျန်ဟွာမှာသူ ဓါးထိုးခံလိုက်ရ သကဲ့သို့ ခံစားနေရလေသည်။ ဝမ်းနည်းနေသည့် အခိုးအလွှာတစ်ခုသည် သူ၏ ပယင်းရောင်မျက်လုံးအား ဖုံးလွှမ်းနေကာ

သူမသိဘူး။ သူ့ရဲ့ ချစ်စရာအကောင်းဆုံး ညီမလေးက လက်ထပ်ပြီးပြီ။ ပြီးတော့ သူကမသိဘူးပေါ့။

ရှထျန်ဟွာသည် အနည်းငယ် ခံစားသွားရကာ လူတိုင်း၏ အနောက်ဘက်၌ စက်ဝိုင်းလေးများ ဆွဲနေလေသည်။

ရှချန်းချန်းသည် ရှထျန်ဟွာမှာ ညီမလေး စွဲလမ်းနေသည့် သူဖြစ်သည်ကို အမှတ်ရသွားလေသည်။ သူသည် မူလပိုင်ရှင်အား အမြဲတစေ ဂရုစိုက်ခဲ့ကာ သူသည် မူလပိုင်ရှင်မှာ ပြဿနာဖြစ်နေသည်ကို သိသည်နှင့်တစ်ပြိုင်နက် အိမ်သို့ ပြန်လာခဲ့သည်။ ထိုကြောင့်သူသည် မူလပိုင်ရှင်မှာ လက်ထပ်ခဲ့ကြီး သူ့အား ဖုံးကွယ်ထားခဲ့သည်ကို သိလျှင် ဝမ်းနည်းနေမည်မလား။ ရှချန်းချန်းသည် သူ့အား အလျင်အမြန် နှစ်သိမ့်ပေးခဲ့သည်။

“အစ်ကို ညီမ အတော်လေးအလုပ်ရှုပ်နေခဲ့လို့ပါ၊ ပြီးတော့ လူတော်တော်များများက ရှဲ့ကျစ်ရှင်းနဲ့ လျို့ဝှက်လက်ထပ်ထားတယ် ဆိုတဲ့အကြောင်းကို မသိကြပါဘူး”

ရှထျန်ဟွာ၏ မျက်လုံးမှာ ပျော်ရွှင်မှုနှင့်အတူ တောက်ပသွားလေသည်။

“တကယ်လား”

သို့ပေမဲ့ သူသည် လုယန်ရန်နှင့်ကျင်ရိဖန်အား ကြည့်လိုကြပြီး သိမ်မွေ့စွာပြောလိုက်သည်။

“သူတို့အားလုံးသိတယ်လေ”

“ညီမကတိပေးပါတယ်”

ရှချန်းချန်းသည် ကျိန်ဆိုသည့် လက်အမူအယာအား လုပ်လိုက်လေသည်။

“ရှဲ့ကျစ်ရှင်းနဲ့ ညီမကလွဲပြီးတော့ ကောက အဲဒါကိုသိတဲ့ တတိယလူပါ၊ နောက်ထပ် အဲဒါကိုသိမဲ့ စတုတ္ထလူထပ်ရှိလာမှာမဟုတ်ပါဘူး”

ရှထျန်ဟွာ၏ မျက်လုံးများမှာ ရုတ်တရက် လင်းလက်သွားလေသည်။

အဲဒါကို သိရတဲ့ တတိယလူဆိုတော့ အဲဒါက သူက သူ့ညီမလေးအတွက် တတိယအရေးကြီးဆုံး လူဖြစ်တယ်လို့ ဆိုလိုတာလား။ ဝိုး ကောင်းလိုက်တာ အဲလိုတွေးလိုက်တော့ ခုနကနစ်နာမှုတွေကို လက်ခံနိုင်သွားပါပြီ။

ရှထျန်ဟွာ၏ ချောမောသည့်မျက်နှာမှာ ချက်ချင်းပင် လင်းသွားလေသည်။

ထိုအချိန်၌ ရှဲ့ရှင်းယောင်နှင့် ကျင်ဟုန်ဟိုင်မှာ မွေးနေ့ပွဲသို့ ရောက်လာကြလေသည်။ ကျင်ရိဖန်၊ ရှချန်းချန်းနှင့် အခြားသူများ အတူရပ်နေကြသည်ကို မြင်သောအခါ သူသည် စ၍နှုတ်ဆက်လိုက်လေသည်။

“ချန်းချန်း၊ ရှဲ့ကျစ်ရှင်းက မင်းကို တျန်းရှန့်ပေးလိုက်တယ်လို့ ငါကြားတယ် အဲဒါကောင်းတာပဲ၊ ငါကမင်းတို့ နှစ်ယောက်ကြားမှာ ကတောက်ကဆရှိနေတယ်လို့ ထင်ခဲ့တာ မင်းတို့တွေ အဆင်ပြေပြေရှိနေကြတာ၊ အဆင်ပြေပြေရှိနေကြတာ ကောင်းပါတယ်” ကျန်ဟုန်ဟိုင်မှာ အပြုံးလေးနဲ့အတူ ပြောလိုက်လေသည်။

“သူတို့တွေ လက်ထပ်ထားတာ ခြောက်လတောင်ရှိနေပြီပဲ၊ သူတို့တွေ အဆင်ပြေပြေနေနေကြမှာပါ”

ရှဲ့ရှင်းယောင်နှင့် ကျန်ဟုန်ဟိုင်မှာ တိုးညှင်းစွာပြောနေကြကာ ထိုနေရာအတွင်းရှိ လူများသာ ကြားနိုင်ကြလေသည်။ ရှထျန်ဟွာမှာလည်း သေချာပေါက် ကြားရလေသည်။

“ဒီဇိုင်နာရှဲ့နဲ့ ဥက္ကဋ္ဌ ကျန်းလည်းသိကြတယ်ပေါ့၊ အစ်ကိုက မင်းရဲ့နှလုံးသားထဲမှာ တတိယအရေးကြီးဆုံးသူ မဟုတ်ဘူးဘဲ၊ စတုတ္ထအရေးကြီးဆုံးသူတောင် မဟုတ်ဘူး”

သူသည် ရှချန်းချန်းအား ပြောလိုက်ကာ ထပ်မံ ခံစားနေရပြန်လေသည်။

ရှချန်းချန်း: “...”

ရှချန်းချန်းသည် အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

“ငါးယောက်မြောက်ပါ တကယ်တကယ် ကောကငါးယောက်မြောက်ပါ၊ ညီမကတိပေးပါတယ် ဘယ်သူမှ ထပ်မရှိတော့ပါဘူး”

ထိုအချိန်တွင် ဟုန်ပေါ်ချောင်သည် ရီကျစ်ခိုင်၏ ဒရမာအသစ်အတွက် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် ရောက်ရှိလာခဲ့သည်။ ရှချန်းချန်းကိုမြင်လိုက်သည်နှင့် သူသည် စနှုတ်ဆက်လာခဲ့သည်။

“မဒမ်၊ မဒမ်ဒီကိုရောက်နေတာပဲ ဥက္ကဋ္ဌရှဲ့ကိုရော ဘာလို့မတွေ့တာလဲ”

ရီကျစ်ခိုင် နောက်ပြောင်လိုက်ကာ “မင်းတို့ ထပ်ပြီးရန်ဖြစ်ပြန်ပြီလား၊ ခင်ပွန်းနဲ့ ဇနီးသည်မှာ တစ်ညကျော်တဲ့ ရန်ငြိုးတွေမရှိပါဘူး၊ အိပ်ရာပေါ်မှာတော့ ရန်ဖြစ်နေကြပေမဲ့ အပြင်မှာတော့ အဆင်ပြေအောင်လုပ်နေကြတာပဲလေ၊ ချန်းချန်း မင်းလည်းစသင့်တယ် အဲဒါက ရှဲ့ကျစ်ရှင်းနဲ့ ဆက်ဆံဖို့ ပိုလွယ်လိမ့်မယ်”

ရှချန်းချန်း: “...”

ရှထျန်ဟွာသည် စက်ဝိုင်းများဆွဲနေကာ ကျိန်ဆဲလိုက်သည်။

“နောက်ထပ် နှစ်ယောက်လာပြန်ပြီ၊ တကယ်တော့ ငါက ခုနစ်ယောက်မြောက်ပဲ”

ရှချန်းချန်းသည် ကျိန်ဆိုလိုက်ကာ

“ညီမကတိပေးပါတယ် ခုနစ်ယောက်ပဲရှိမှာပါ၊ လုံးဝ ရှစ်ယောက်မြောက်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး”

ထိုအချိန်တွင် ဆရာရွှီသည် ရှချန်းချန်း၏ ဘေးနားသို့ အလျင်အမြန်လာခဲ့သည်။

“မဒမ် ဆရာက ကျွန်တော်ကို သူ့မှာလာဖို့ အချိန်မရှိလောက်ဘူးလို့ ပြောခိုင်းလိုက်ပါတယ်”

ရှထျန်ဟွာသည် ဒေါသနှင့်အတူ ခုန်ပေါက်လိုက်လေသည်။

“သူက မင်းကို အခုလေးတင် မဒမ်လို့ခေါ်လိုက်တာ၊ ပြီးတော့ ရှဲ့ကျစ်ရှင်းကို ဆရာတဲ့ သူလည်းသိတယ်မလား၊ ဟုတ်လား မဟုတ်ဘူးလား”

ရှစ်ယောက်မြောက်..

ရှထျန်ဟွာသည် စိတ်ပျက်လက်ပျက်ဖြင့် ကောင်းကင်အား မော့ကြည့်လိုက်သည်။

ဆရာရွှီသည် ပဟေဠိဖြစ်သွားကာ

“ကျွန်တော်တစ်ယောက်ပဲ မဒမ်လို့ ခေါ်တာမဟုတ်ပါဘူ၊ အဒေါ်လျူ ဆရာကျန်း ဆရာမာ အထူးလက်ထောက်ကျိုး အားလုံးက မဒမ်လို့ခေါ်ကြတာပါ”

ကိုးယောက်မြောက် ဆယ်ယောက်မြောက် ဆယ်တစ်ယောက်မြောက်…

ဓါးသည်လည်း တစ်ချောင်းပြီးတစ်ချောင်း စကားတစ်ခွန်းပြီး တစ်ခွန်း “ဖူး ဖူး ဖူး” နှင့် ရှထျန်ဟွာ၏ နှလုံးသားအား ဓါးနှင့်ထိုးနေလေသည်။

လူတွေအများကြီး သိကြတယ်။

ဒါပေမဲ့ သူမသိဘူး။

ရှထျန်ဟွာ: မျက်လုံးထဲတွင် မျက်ရည်များရှိလေသည်။

ရှထျန်ဟွာ: မှားသွားပြီ။

ရှထျန်ဟွာ’ ငိုနေလေသည်။

သူ့ညီမလေးရဲ့ နှလုံးသားထဲမှာ သူက အဒေါ်လျူ၊ ဆရာကျန်းပြီးတော့ အထူးလက်ထောက်ကျိုးလောက် မကောင်းခဲ့ဘူးပေါ့။

ရှထျန်ဟွာသည် ရှချန်းချန်းအား နောက်ကျောပေးလိုက်ကာ မြေပြင်ပေါ်တွင် စက်ဝိုင်းမှာဆွဲနေပြီး သူ့ဘာသာသူ ရေရွတ်နေလေသည်။

“ငါကလွဲပြီး အားလုံးသိကြတယ်၊ ချန်းချန်း ဘယ်လိုလုပ် လုပ်ရက်နိုင်ရတာလဲ၊ ငါကမင်းရဲ့ အစ်ကိုပါ၊ ငါတို့တွေက သွေးသားတော်စပ်တယ်လေ”

ရှချန်းချန်း: “....”

ငါဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ထင်ပေမဲ့ ဘာလို့ငါက လူယုတ်မာလို ခံစားနေရတာလဲ။

မစ္စဖန်၏ မွေးနေ့ပွဲမှာ ဆက်လက်ကျင်းပလေသည်။

ဧည့်သည်များမှာ ပို၍ ပို၍ ပင်များလာခဲ့ပြီး အမျိုးမျိုးသော ပရောဂျက်များအား ဆွေးနွေးရန်အတွက် သုံးယောက် သို့မဟုတ် ငါးယောက် အဖွဲ့များအား ဖွဲ့ကြလေသည်။

ရှထျန်ဟွာသည် အလုပ်ကိစ္စများအား ဆွေးနွေးရန် ပါတနာတစ်ဦးဆီမှ အဆွဲခံလိုက်ရကာ လုယန်ရန်နှင့် ကျင်ရိဖန်မှာမူ ဖျောဖြေရေးနယ်ပယ်၏ အတင်းအဖျင်းများအား ဆွေးနွေးနေရင်း ငြင်းခုံနေကြလေသည်။

ရှချန်းချန်းသည် သူမစားပွဲထိုးဆီမှ ရထားသည့် ဖန်ခွက်အား လှုပ်ယမ်းလိုက်ပြီး ဘေးဘီသို့ ကြည့်နေလေသည်။

ဖန်စစ်ဟန်သည်လည်း မွေးနေ့ပွဲသို့ ရောက်နေပြီဖြစ်သည်။

တစ်ချိန် ချောမောခဲ့သည့် ရော့ခ်အဆိုတော် တစ်ဦးမှာ ယခုတွင်တော့ ညိုမှိုင်းနေသည့် မျက်နှာ၊ မျက်ကွင်းညိုညိုများနှင့် မျက်လုံးအောက်၌ မျက်ကွင်းညိုကြီးများရှိလေသည်။

သူမှာ ကုန်းကွကွဖြစ်နေကာ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး အလွန်စိတ်တိုနေသည့် ပုံပေါက်လေသည်။

သူ၏ ဖုန်းမှာ ရုတ်တရက် မြည်လာကာ ဖန်စစ်ဟန်သည် စစ်ကြည့်ဖို့ရာအတွက် လော့ခ်ဖြည်လိုက်လေသည်။

ချီယွီ: [ ဖန်စစ်ဟန် ငါ့လက်ထဲမှာ တစ္ဆေဘိန်း တစ်ပုလင်းကျန်သေးတယ်]

ဖန်စစ်ဟန်သည် ရုတ်တရက် မတ်မတ်ရပ်လိုက်ကာ နဂိုကညိုမှိုင်းကာ သရုပ်ပျက်နေသည့် သူ၏မျက်လုံးမှာလည်း ယခုအခါတွင်တော့ လောဘများနှင့် ပြည့်နေလေသည်။

သူသည် ချီယွီအား ချက်ချင်းပင် မက်ဆေ့ချ်ပို့လိုက်သည်။

[မင်းဘယ်မှာလဲ]

ချီယွီသည် တည်နေရာပြ မက်ဆေ့ချ်အားပို့လိုက်သည်။

[ငါ့ကိုဒီနေရာမှာ လာရှာ]

ဖန်စစ်ဟန်သည် ဟိုကြည့်ဒီကြည့် ကြည့်လိုက်ကာ ည့်သည်များသည် စကားပြောဆိုကြကာ သို့မဟုတ် မဒမ်ဖန်နှင့်အတူ မွေးနေ့ပွဲဆင်နွှဲပေးနေကြ၍ မည်သူမှ သူ့အား သတိမထားမိခဲ့ပေ။

ဖန်စစ်ဟန်သည် သူ၏ခေါင်းအား ငုံ့ချလိုက်ကာ မွေးနေ့ပွဲခန်းမမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

မဝေးသည့်နေရာမှာ ရှချန်းချန်းသည် ထိုအရာအား မြင်လိုက်လေသည်။

ဖန်စစ်ဟန် ချီယွီ၏ မက်ဆေ့ချ်အား လက်ခံရချိန်တွင် သူမသည်လည်း ချီယွီနှင့် ဖန်စစ်ဟန် စကားပြောမှတ်တမ်းမှာ ချီယွီ့ မက်ဆေ့ချ်အား လက်ခံရရှိလေသည်။

ရှချန်းချန်း၏ နှုတ်ခမ်းများသည် တွန့်သွားကာ အပြုံးတစ်ပွင့်ဖြစ်သွားခဲ့သည်။

ကြည့်ရတာတော့ ရှိုးကောင်းတစ်ခု စတော့မယ်ထင်တယ်။

ဖန်စစ်ဟန်ထံ ချီယွီပို့ပေးလိုက်သည့် တည်နေရာမှာ ဖန်အိမ်တော်ဟောင်းနှင့် မနီးမဝေးရှိ လူမနေသည့် ဗီလာ၌ဖြစ်သည်။

ထိုနေရာတစ်ဝိုက်မှာ ကျန်းချန်၏ အနောက်တိုင်းစတိုင် အိမ်နေရာများဖြစ်သည်။ ဖန်နှင့်ဟန်မိသားစု၏ အိမ်များကဲ့သို့ ပိုင်ရှင်အိမ်များလည်းရှိပြီး တစ်ချို့မှာမူ ရောင်းဖို့ရာစောင့်ဆိုင်းနေသည့် လစ်လပ်နေသည့် အိမ်များလည်းရှိလေသည်။

ညနက်၌ လရောင်သည် သစ်ရွက်များပေါ်မှာ ဖြတ်၍ အိမ်ခြံဝင်းပေါ်သို့ ဖြာကျနေလေသည်။ လေတိုက်သွားကာ သစ်ကိုင်များအား လှုပ်ယမ်းသွားစေပြီး အရိပ်များအား လှုပ်နေလေသည်။

အိမ်အလွတ်ထဲ၌ ပရိဘောဂများအား အဝတ်စဖြူကြီးနှင့် အုပ်ထားပြီး ခပ်ဆိတ်ဆိတ်ဖြစ်နေလေသည်။

ချီယွီသည် လက်သီးဆုပ်ထားလေသည်။

သူ၏ အနောက်ဘက်မှ အသံတစ်ခုထွက်လာကာ တံခါးဖွင့်သည့် အသံပင်ဖြစ်သည်။

ချီယွီသည် ဆတ်ခနဲလှည့်ကြည့်လိုက်ကာ ဖန်စစ်ဟန်သည် တံခါးပေါက်၌ ရပ်နေသည်ကို မြင်လိုက်ရသည်။

လေလေးတိုက်ခတ်သွားကာ လရောင်မှာ ပြတင်းပေါက်မှ တစ်ဆင့်ဝင်လာကာ ၎င်းတို့ နှစ်ဦးကြားထဲသို့ ကျလာလေသည်။

ချီယွီသည် အသံဩဩနှင့် “ရောက်လာပြီပဲ” ဟုပြောလိုက်သည်။

ဖန်စစ်ဟန်သည် ရုတ်တရက် မော့ကြည့်လိုက်ကာ ချီယွီအား အေးစက်သည့်အကြည့်ဖြင့် ကြည့်နေလေသည်။

“ဆေးဘယ်မှာလဲ”

ချီယွီသည် သူ၏ အိတ်ကပ်ထဲမှ တစ္ဆေဘိန်းပုလင်း တစ်ပုလင်းအား ဆွဲထုတ်လိုက်သည်။

ဖန်စစ်ဟန်၏ မျက်လုံးထဲတွင် လောဘကြီးသည့် အရိပ်အယောင်များ တောက်ပလာကာ တစ္ဆေဘိန်းအား ပြန်ယူရန်အတွက် အရှေ့သို့ အလျင်အမြန် တိုးလာလေသည်။

သူသည် ဆေးအားရှူရှိုက်ပစ်လိုက်တော့မည့် အချိန်တွင် သူ၏အနောက်မှ တံခါးအား ကန်ကျောက်နေသည့်အသံ ထွက်လာခဲ့သည်။

ဝမ်ရှင်းသည် တံခါးဝတွင် ရပ်နေလေသည်။

ချီယွီ၏ မျက်လုံးအိမ်များသည် ကျဥ်းမြောင်းလာကာ

“မင်းကရော ဒီကိုဘာလို့ ရောက်နေတာလဲ”

ဝမ်ရှင်း၏ မျက်နှာမှာ တင်းမာသွားခဲ့သည်။

“စစ်ဟန် မင်း အမှားတစ်ခုကို နှစ်ခါလုပ်မလို့လား”

ဖန်စစ်ဟန်သည် ရုတ်တရက် ဘာဖြစ်နေသည်ကို သဘောပေါက်သွားကာ ချီယွီအား ကြည့်လိုက်သည်။

“မင်းက အရင်တစ်ခေါက်တုန်းက ငါ့ကို တိုင်ကြားခဲ့တဲ့သူပဲ၊ မင်းဒီတစ်ခေါက်ရော တိုင်ချင်သေးတာလား”

ဖန်စစ်ဟန်သည် အလျင်အမြန်ရှေ့သို့တိုးကာ ချီယွီ၏ ဖုန်းအား ယူလိုက်လေသည်။ ချီယွီသည် အသည်းအသန်ရုန်းကန်ခဲ့သော်ညား ဖန်စစ်ဟန်နှင့် ဝမ်ရှင်းမှာ နှစ်ယောက်ပေါင်းဖြစ်ပြီး သူ၏လက်နှစ်ဖက်မှာ လက်လေးဘက်အားအား မနိုင်ခဲ့ပေ။ ဖန်စစ်ဟန်သည် ဖုန်းအား ဆွဲယူလိုက်လေသည်။

ဖန်စစ်ဟန်သည် ဖုန်းအား ဖွင့်လိုက်ကာ ရဲခေါ်ဆိုရန် နံပါတ်အား မြင်လိုက်ရသည်။

“မင်းခွေးကောင်လေး၊ မင်းငါ့ကို ထပ်ပြီး အခွင့်ကောင်းယူဖို့ ကြိုးစားနေတာပဲ”

ဖန်စစ်ဟန်ပြောလိုက်ပြီး ချီယွီအား အပြင်းအထန် ကန်ကျောက်လေသည်။

ချီယွီသည် နာကျင်စွာဖြင့် သူ၏ ဝမ်းဗိုက်အောက်ပိုင်းအား ဆုပ်ကိုင်လိုက်သည်။ သူသည် ဒါဏ်ရာမှ သက်သာလာရုံရှိသေးကာ ဒါဏ်အား မခံနိုင်တော့ပေ။ သို့ပေမဲ့ ဖန်စစ်ဟန်မှာ သူ့အား အပြင်းအထန် ကန်ကျောက်ကာ အကြိမ်ပေါင်းများစွာပင် ကန်ခဲ့လေသည်။

ချီယွီသည် နာကျင်မှုအား တောင့်ခံထားပြီး သူ၏ မျက်လုံးများမှာ စိတ်ပိုင်းဖြတ်လိုက်လေသည်။

ဝမ်ရှင်းသည် ကြည့်ရင်း ကြည့်ရင်းနှင့် တစ်ခုခုမှားနေသည်ကို ခံစားမိသွားလေသည်။

သူသည် အခန်းအား စစ်ဆေးလိုက်သည်။ ရုတ်တရက် လရောင်ကြားရှိ မှိန်ဖျော့ဖျော့ အလင်းရောင်မှာ သူ၏ အာရုံအား ဖမ်းစားလိုက်လေသည်။

တစ်ခြားတစ်ဖက်ရှိ ချီယွီမှာမူ ဖန်စစ်ဟန်ဆီမှ ရိုက်နှက်ခံနေရကာ နာကျင်မှုအား တောင့်ခံထားဆဲဖြစ်သည်။ ဝမ်ရှင်းသည် အလျင်အမြန် အရှေ့သို့ တက်သွားကာ ပရိဘောဂအနောက်၌ ဝှက်ထားသည့် ဖုန်းအား ထုတ်လာခဲ့သည်။

ချီယွီ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွားပြီး သူ၏ သွေးများမှာ အေးခဲသွားပုံပေါ်လေသည်။

ဖုန်းမှာ ရိုက်ကူးနေကာ ဖန်စစ်ဟန် ချီယွီအား ရိုက်နှက်နေသည့် မြင်ကွင်းမှာ ဖုန်းထဲတွင် ကျန်နေလေသည်။

ဖန်စစ်ဟန်၏ မျက်လုံးများမှာ ပို၍ပင် ပြင်းထန်လာကာ သူသည် ချီယွီအား ပြင်းထန်စွာ ကန်ကျောက်လိုက်ပြီး ဒေါသကြီး အော်ဟစ်နေလေသည်။

“ချီယွီ မင်းကများ ရိုက်ကူးရဲတယ်ပေါ့၊ ရိုက်ကူးရဲတယ်ပေါ့၊ ငါမင်းကို သေအောင် ကန်ပစ်ဦးမယ် သေအောင် ကန်ပစ်ဦးမယ်”

ပွဲခန်းမထဲရှိ ရှချန်းချန်းမှာ ဗီဒီယိုအား ကြည့်နေလေသည်။ ဝမ်ရှင်း ထိုဝှက်ထားသည့် ဖုန်းအား ရှာတွေ့သည့် မြင်ကွင်းကိုလည်း ရိုက်ကူးထားကာ ဝမ်ရှင်းဖုန်းအား ယူလိုက်သည်ကိုလည်း သူမမျက်လုံးနှင့်ပင် မြင်လိုက်ရလေသည်။

ပြီးနောက် ဖုန်းမျက်နှာပြင်မှာ မဲမှောင်သွားခဲ့သည်။

တစ်ခုခု ဖြစ်နေပြီ။

ရှချန်းချန်းသည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။

သူမ ဖန်စစ်ဟန်အား ထိုကဲ့သို့ လျှောက်လုပ်မခံနိုင်တော့ပေ။ အကယ်၍ သူမသာ ဆက်လွှတ်ထားပေးမည်ဆိုလျှင် တစ်စုံတစ်ဦးမှာ အမှန်တကယ်ပင် အသတ်ခံရတော့မည် ဖြစ်သည်။

သူမသည် သိပ်မဝေးသည့် လစ်လပ်နေသည့် ဗီလာဆီသို့ အမြန်သွားကာ သူမပါတီထဲမှ မထွက်ခွာခင်တွင် လူငယ်လေးတစ်ဦးဆီမှ အတားခံလိုက်ရလေသည်။

ဖန်စစ်ယွမ်သည် ရှချန်းချန်း၏ အရှေ့၌ ရပ်နေကာ သူ၏အရပ်မှာ 184 စင်တီမီတာရှိပြီး အလွန်ပင် လွှမ်းမိုးနိုင်လေသည်။

“မစ္စရှ စကားပြောချင်သလား”

“တောင်းပန်ပါတယ် ကျွန်မမှာ အချိန်မရှိလို့ပါ”

ရှချန်းချန်းသည် ဖန်စစ်ယွမ်အား တွန်းထုတ်လိုက်ကာ မည်သည့် စကားမှမပြောပဲ ထွက်ခွာဖို့ပြင်လေသည်။

“မစ္စရှ၊ မစ္စ ဘေးကဗီလာကိုသွားပြီး လူကယ်ချင်တာဆိုရင်တော့ မစ္စကို လက်လျှော့လိုက်ဖို့ပဲ အကြံပေးချင်တယ်”

ရှချန်းချန်းသည် အေးခဲသွားကာ ဖန်စစ်ယွမ်အား မယုံနိုင်စွာ ကြည့်လိုက်လေသည်။

သူမ မြိုသိပ်လိုက်ကာ လေသံ တိုးတိုးလေးနှင့် မေးလိုက်လေသည်။

“ရှင် သိတာလား”

ဖန်စစ်ယွမ် ခေါင်းညိတ်လေသည်။

ရှချန်းချန်းသည် နားမလည်နိုင်ကာ ချက်ချင်းပြောလိုက်လေသည်။

“ဒါပေမဲ့ ရှင် ဖန်စစ်ဟန်နဲ့ အဆင်မပြေဘူး မဟုတ်ဘူးလား၊ ဘာဖြစ်လို့ သူ့ကို ကူညီနေတာလဲ”

“ငါတကယ်ပဲ ဖန်စစ်ဟန်လို တရားမဝင်သားကို သဘောမကျပါဘူး”

ဖန်စစ်ယွမ်သည် အေးစက်သည့် လေသံနှင့်ပြောလေသည်။

“ဒါပေမဲ့ မိသားစုရဲ့ အရှက်ကွဲစရာတွေက လူသိရှင်ကြား မဖြစ်သင့်ဘူး၊ အဲဒါကြောင့် ငါမင်းလို့ အပြင်လူ တစ်ယောက်က သွားခွင့်မပေးနိုင်ဘူး”

ဖန်စစ်ယွမ် ပြောလိုက်သည်နှင့် ရှချန်းချန်း၏ဘေးတွင် လုံခြုံရေးနှစ်ဦးပေါ်လာကာ သူမ၏ လမ်းကြောင်းအား ပိတ်ထားလေသည်။

ရှချန်းချန်း၏ မျက်နှာမှာ မဲမှောင်သွားလေသည်။

“မစ္စတာဖန် ရှင်က ကျွန်မရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိတ်ပင်ဖို့ ကြိုးစားနေတာလား”

“ရှလုပ်ငန်းစုရဲ့ အကြီးဆုံးရှယ်ယာရှင်ကို ချုပ်ချယ်တယ်တဲ့လား၊ မလုပ်ရဲပါဘူး”

ဖန်စစ်ယွမ်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ဒါပေမဲ့ မစ္စကို မိနစ်အနည်းငယ်လောက် အချိန်ဆွဲထားတာလောက်က ကိစ္စမရှိဘူးမလား မစ္စရှ”

မိနစ်အနည်းငယ်ကြာပြီးနောက် ချီယွီ၏ အခြေအနေမှာ ပြေလည်သွားသင့်ပြီဖြစ်သည်။

ဖန်စစ်ယွမ်သည် သူ၏နည်းဗျူဟာအား နောက်တစ်ကြိမ်သုံးလိုက်ကာ အမူအယာအား တွက်ချက်နေလေသည်။

“မစ္စရှ အခုလို ကျွန်တော်နဲ့ စကားပြောဖို့ အချိန်ရှိပြီလား”

ရှားပါးသည့် သစ်သားမှာ လေ့လာမှုကြောင့် တောက်လောင်နေကာ နှင်းဆီရနံ့မှာ လေထုထဲ၌ သင်းပျံ့နေပြီး အနံ့မှာ ကောင်းမွန်ကာ အနည်းငယ် ချိုမြိန်ပြီး သစ်သား၏ နွေးထွေးသည့် အနံ့မျိုးရလေသည်။

ဖန်စစ်ယွမ်သည် ရှချန်းချန်းအား လက်ဖက်ရည်တစ်ခွက် လုပ်ဖို့ရာ ကူညီခဲ့သည်။

သူ၏ နည်းစနစ်မှာ ကျွမ်းကျင်ကာ တည်ငြိမ်လေသည်။ သူသည် ပုန်းကွယ်နေသည့် ညွှန်ကြားသူကဲ့သို့ပင် ဖြစ်ကာ အခြေအနေအား ထိန်းချုပ်နေလေသည်။

ရှချန်းချန်းသည် သူမ၏ လက်ဖက်ရည်အား လုံးဝ စိတ်မဝင်စားကာ မေးလိုက်သည်။

“ကျွန်မ ချီယွီနဲအတူ တွဲလုပ်နေတယ်ဆိုတာကို ရှင်ဘယ်လိုလုပ် သိတာလဲ”

“မစ္စရှ ကောင်းကောင်းလေး ဖုံးကွယ်ထားခဲ့ပါတယ်”

ဖန်စစ်ယွမ် ပြောလိုက်ပြီး လတ်လတ်ဆတ်ဆတ်ကြိုထားသည် လက်ဖက်ရည်အား ရှချန်းချန်း၏ အရှေ့သို့ တွန်းပို့လိုက်သည်။

“မစ္စရဲ့ ပါတနာက အရမ်းမကောင်းနေတာတော့ ဝမ်းနည်းစရာပဲ”

ချင်ယွီသည် အခင်းမဖြစ်မီ ပါတီအတွင်းသို့ စားပွဲထိုးအယောင်ဆောင်ကာ ဝင်သွားခဲ့သည်။ ဤသည်မှာ ရှချန်းချန်းနှင့် ဖန်စစ်ဟန်အား ၎င်းတို့မသိစေပဲ စောင့်ကြည့်ရန်ဖြစ်သည်။

သူသည် ရှချန်းချန်းအား လုံးဝ မယုံကြည်နိုင်သော်ညား ဖန်စစ်ဟန်အား လုံးဝ ဖြုတ်ချချင်လေသည်။

ကံမကောင်းစွာနှင့် ဓါးခုတ်ကောင်များ ပုစဥ်းများအား နောက်ယောင်ခံလိုက်ချိန်တွင် ငှက်များသည် ၎င်းတို့ အနောက်တွင် ရှိနေမည်ဖြစ်သည်။ သူ၏ လှုပ်ရှားမှုတိုင်းအား ဖန်စစ်ယွမ်၏လူများမှာ စောင့်ကြည့်နေကြသည်။

“မင်းက တည်ငြိမ်ပြီးတော့ ပွဲမှာ အေးအေးဆေးဆေးနေပြီး ကျွန်တော်အဘွားနဲ့ ဟန်မိသားစုရဲ့ မွေးနေ့ အိမ်ထောင်ရေးအကြောင်းတွေ ပြောဖို့စိတ်အခြေအနေရှိနေပေမဲ့ မစ္စတာချီကတော့ အရမ်းမတည်ငြိမ်နေနိုင်ခဲ့ဘူးလေ၊ သူက ပွဲထဲကို အကြိမ်ပေါင်းများစွာ ခိုးဝင်ခဲ့ပြီးတော့ မစ္စနဲ့ ဖန်စစ်ဟန်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာလေ၊ သူရဲ့ ခိုးကြောင်ခိုးဝှက် အမူအယာကြောင့်မလို့ မစ္စလည်း ဒီကိစ္စထဲမှာ ပါဝင်လောက်မယ်လို့ သံသယရှိသွားစေခဲ့တာ”

“ကျွန်တော်မှန်းကြည့်ရသလောက်တော့ ဖန်စစ်ဟန်လက်ထဲကနေ မစ္စတာချီကို ကယ်လိုက်တာ မစ္စပဲထင်တယ်၊ ကျွန်တော် အရမ်းသိချင်လို့ပါ မစ္စတာ ဘာလို့ အဲလိုလုပ်ခဲ့တာလဲ”

“အဲဒါက အရေးကြီးလို့လား” ရှချန်းချန်းသည် ခါးသီးစွာပြုံးလိုက်သည်။

“ရှင်နိုင်နေပြီးသားပဲလေ”

“အမှန်ပဲ”

ဖန်စစ်ဟန်သည် အေးဆေးစွာပြောလိုက်ပြီး သူ၏ အေးဆေးသည့် အသံ၌ အနည်းငယ် ဂုဏ်ယူမှုအနည်းငယ်ပါကာ

“အတိုချုံးပြောရရင် ဒီကိစ္စက ဖန်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်နေတာပဲ၊ ကျွန်တော်နဲ့ ဖန်စစ်ဟန် ဘယ်လိုပဲ ယှဥ်ပြိုင်နေကြပါစေ ဖန်မိသားစုရဲ့ ဂုဏ်သိက္ခာက အရေးအကြီးဆုံးပဲလေ”

ရှချန်းချန်းသည် ထိုအရာအား နားထောင်ပြီးနောက် ထူးဆန်းသည့် ခံစားချက်တစ်ခု ဝင်လာလေသည်။

သူမသည် ဖန်စစ်ယွမ်အား ကြည့်လိုက်ကာ သူမ၏ ခေါင်းအား ခါလိုက်လေသည်။

“မဟုတ်ဘူး ရှင်ကျွန်မနဲ့ ချီယွီ ပူးပေါင်းတာကို သိပြီးသားပဲ၊ ရှင် ချီယွီကို အရင်အချိန်တွေ ကတည်းက ဖမ်းလိုက်လို့ရတယ် အခုအချိန်အထိ စောင့်နေစရာမလိုဘူးလေ”

ဖန်စစ်ဟန်သည် တရားမဝင်ကလေးဖြစ်သော်ညား သူသည် ဂျူနီယာအထက်တန်းပြီးချိန်တွင် ဖန်မိသားစုထံသို့ ပြန်လည်အခေါ်ခံခဲ့ရသည်။ မစ္စဖန်သည် အိမ်ထောင်ကွဲသည့် ကိစ္စအား မနှစ်သက်သော်ညား သူမသည် ကလေးအား သူမနှလုံးသားထဲမှ တစ်ဆင့် နှစ်သက်နေဆဲဖြစ်သည်။ ထိုအခြေအနေမှာဆိုလျှင် ဖန်စစ်ဟန်မှာ ဖန်စစ်ယွမ်အတွက် ခြိမ်းခြောက်မှုပင်ဖြစ်သည်။

ဖန်စစ်ယွမ်မှာ ဖန်မိသားစုရဲ့ ဂုဏ်သိက္ခာအတွက် ဖန်စစ်ဟန်ကို ဖယ်ရှားနိုင်မဲ့ အခွင့်အရေးကို လက်လွှတ်လိုက်မဲ့ သူလား။

ဤလူအား မည်ကဲ့သို့ပင် ကြည့်လိုက်ပါစေ သူသည် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်အား ပစ်သတ်ချင်သည့် အစွန်းထွက် အတ္တဝါဒီတစ်ဦးနှင့် တူလေသည်။

ရှချန်းချန်း၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။

ဟုတ်တယ် ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်သတ်ဖို့ အချိန်ပဲ။

“မစ္စဖန် ကျွန်မနားလည်သွားပြီ”

ရှချန်းချန်းသည် ဖန်စစ်ယွမ်အား တောက်ပနေသည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။

“ရှင် ကျွန်မနဲ့ ချီယွီ ပူးပေါင်းလောက်မယ်လို့ သိသွားတဲ့အချိန်မှာ ရှင် ကျွန်မနဲ့ ချီယွီကို တစ်ချိန်တည်းမှာ စောင့်ကြည့်နေခဲ့တယ်၊ ချီယွီဖုန်းက ဖန်စစ်ဟန်ဆီမှာ ဖျက်ဆီးခံလိုက်ရတာ သေချာပေမဲ့ ရှင့်လူတွေကတော့ အဲမှာ ရှိနေဦးမှာပဲ”

“ရှင်က ကျွန်မနဲ့ ချီယွီကို ဖန်စစ်ဟန် ဆေးသုံးတယ်ဆိုတဲ့ သက်သေမရစေချင်ပေမဲ့ ရှင်ရချင်တယ်၊ ရှင်အဲ ဗီဒီယိုကို မဒမ်ဖန်ကို ပြချင်တယ်၊ အဲနည်းနဲ့ဆိုရင် ရှင် ဖန်စစ်ဟန်ဆေးသုံးနေတယ် ဆိုတာကိုလည်း သက်သေပြနိုင်ပြီးတော့ ဖန်မိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းနိုင်မှာ”

ဖန်စစ်ယွမ်သည် လက်ဖက်ရည် ထည့်နေရင်း အေးခဲသွားခဲ့သည်။ သူသည် ရှချန်းချန်းအား မော့ကြည့်လိုက်ကာ အချိန်အတော်အတန်ကြာပြီးနောက် သူပြုံးလိုက်သည်။ သူ၏ ရယ်သံမှာ ခပ်ဩဩနှင့် နားထောင်ကောင်းလေသည်။

“မစ္စရှ၊ မဒမ်ဟန်နဲ့ ဟန်ကျားလင် မင်းကို တအား သဘောကျကြတာ အံ့ဩစရာမရှိဘူး၊ တကယ်လို့ ကျွန်တော်သာ မင်းက ဒီလိုလူမျိုးဆိုတာကို သိခဲ့ရင် ကျွန်တော်လည်း မင်းကို ချစ်မိသွားလောက်တယ်”

ရှချန်းချန်းသည် တမင်သက်သက်ပင် နောက်ပြန်ဆုတ်လိုက်သည်။

“....”

အဲဒါက မလိုအပ်တာပဲ။

“သနားစရာပဲ”

ဖန်စစ်ယွမ် သက်ပြင်းချလိုက်သည်။

“အဲဒါက အခုမှ မင်းသိဖို့အတွက် နောက်ကျသွားပြီ”

အရာအားလုံးမှာ အစီအစဥ်အတိုင်း ဖြစ်နေပြီဖြစ်သည်။ အနည်းငယ်ဝေးသည့် လစ်ဟာနေသည့် ဗီလာထဲ၌ ဖန်စစ်ဟန်သည် တစ္ဆေဘိန်း ပုလင်းအဖုံးအား ဖြေးညှင်းစွာဖွင့်လိုက်ကာ

ဖန်စစ်ဟန် ဆေးသုံးနေသည့် မြင်ကွင်းအား ရိုက်ကူးနိုင်သ၍ ဖန်စစ်ယွမ်နိုင်မည်ဖြစ်သည်။

ရှချန်းချန်းနှင့် ချီယွီလုပ်ခဲ့သမျှ အစီအစဥ်များမှာ သူ၏ အောင်မြင်မှုအတွက် ပြင်ဆင်ချက်များပင် ဖြစ်သည်။

ငှက်နှင့် ဂုံးများ ရန်ဖြစ်နေစဥ်တွင် တံငှာသည်မှာ အမြတ်ထွက်လေသည်။

အခြားသူများ ချမှတ်ထားသည့် အောင်ပွဲ၏ အသီးအပွင့်အား ယူခြင်းမှာ ဖန်စစ်ယွမ်၏ အနှစ်သက်ဆုံးအရာပင်ဖြစ်သည်။

“တကယ်လား”

ရှချန်းချန်း ပြုံးလိုက်ကာ သူမ ရုတ်တရက် သက်တောင့်သက်သာ ဖြစ်သွားပြီး သူမ၏ လက်ဖက်ရည်အား အရသာရှိရှိ သောက်လိုက်ကာ ဖုန်းထဲမှ အချိန်အား ကြည့်လိုက်လေသည်။

ဖုန်းဗီဒီယိုဆက်သွယ်မှု ပြတ်တောက်သွားပြီး ဆယ်မိနစ်ပင်ရှိပြီ ဖြစ်သည်။

“မစ္စတာဖန် ရှင်ကျွန်မကို တကယ်တော့ ကောင်းကောင်းမသိသေးပါဘူး”

ရှချန်းချန်းသည် ပုံမှန်အတိုင်းပြောလိုက်ကာ သူမ၏ လက်ချောင်းများမှာ ခွက်အား ပွတ်သပ်နေရင်း အလွန်ပင် ဂရုမထားပုံပေါက်နေကာ

“ကျွန်မက တစ်ကျော့ပြန် ပြန်လုပ်ရတာ အကြိုက်ဆုံးပဲ၊ အဲဒါကြောင့် ကျွန်မရဲ့ အရှေ့မှာ တအားယုံကြည်ချက်တွေ ရှိမနေပါနဲ့၊ အဆုံးသတ်မှာ ဘယ်သူက အောင်နိုင်သူ ဖြစ်မယ်ဆိုတာ ပြောရခက်တယ်လေ”

ဖန်စစ်ယွမ်သည် အံ့အာသင့်သွားပြီး ပြောလိုက်သည်။

“မစ္စရှ တစ်ကျော့ပြန်လာနိုင်သေးတယ်ပေါ့၊ အရမ်း ယုံကြည်ချက်တွေ ပြည့်ဝနေတာပါ့ပဲ”

ရှချန်းချန်း မျက်မှောင်ကြုတ်သွားကာ

“ရှင်လိုချင်တာက ဖန်စစ်ဟန် ဆေးသုံးနေတဲ့ သီးသန့်ဗီဒီယို တစ်ခုထက် မပိုပါဘူး”

“ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ ဖန်စစ်ဟန်က ဒီညဆေးသုံးမှာ မဟုတ်ဘူး”

All Chapters