← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

Chapter 85

တံခါး ပွင့်သွားခဲ့သည်။

ရှယုံဒယ်နှင့် လော့ဟိန်မှာ အခန်းထဲသို့ ဝင်သွားကာ ကြမ်းပြင်ပေါ်တွင် လှဲနေသည့် မိန်းကလေးကိုတွေ့ချိန်၌ ၎င်းတို့၏ နှုတ်ခမ်းပေါ်တွင် လူယုတ်မာ အပြုံးပေါ်လာခဲ့သည်။

ရှချန်းချန်း မေ့လဲသွားပြီးနောက် လက်ဖက်ရည်ခွက်မှာ ကြမ်းပြင်ပေါ်သို့ ကျသွားပကီး အပိုင်းပိုင်းကျကွဲသွားလေသည်။ အဝါရောင် ဖျော့ဖျော့လက်ဖက်ရည်မှာ ကြမ်းပြင်ပေါ်တွင် ဗွက်အိုက်တစ်ခု ဖြစ်သွားစေခဲ့သည်။

လော့ဟိန်သည် လက်ဖက်ရည်ခွက် အကွဲစတစ်ခုအား ကောက်ယူလိုက်ကာ လှောင်ပြောလိုက်သည်။

“သူက မင်းကို သတိထားနေတုန်းပဲ၊ မင်းထည့်ပေးလိုက်တဲ့ လက်ဖက်ရည်ကို တစ်ကျိုက်မှတောင် မသောက်ထားဘူး”

ရှယုံဒယ်မှာ မျက်မှောင်ကြုတ်လိုက်ပြီး မာနကြီးစွာ ပြောလိုက်သည်။

“သူ အခု ဆေးမိသွားတာပဲမလား၊ သူက ဒီတိုင်း ကလေးမလေးပါပဲ ငါ့လက်ထဲမှာ ကျရှုံးသွားတာပဲလေ”

ရှချန်းချန်းသာ အမှန်တကယ် လက်ဖက်ရည်အား သောက်ခဲ့လျှင် ရှယုံဒယ်သည် သူမအား လိမ်ညာနေသည့် သူဟာ သံသယဝင်သွားမည် ဖြစ်သည်။ နောက်ဆုံးတွင်တော့ သူမသည် အတင်းအဖျင်းများစွာအား ဖော်ထုတ်ခဲ့ဖူးသည် စျေးကွက်ရှာဖွေရေး အကောင့်ပင်ဖြစ်သော်ညား သူမသည် အလွယ်တကူ ချေမှုန်းပစ်လို့ရလေသည်။ သူမ၏ နှိုးကြားမှုမှာ အတော်ပင် နိမ့်လေသည်။

သို့ပေမဲ့ ရှချန်းချန်းသည် သူမ၏ လက်ဖက်ရည်အား တစ်ကျိုက်မှ မသောက်ရသေးသောကြောင့် ၎င်းတို့သည် ရှချန်းချန်းမှာ လိမ်ညာသူ ဖြစ်သည်ဟု ပို၍ပင် ယုံကြည်လာကြလေသည်။

“ငါတို့တွေ ဘာလုပ်ကြမလဲ” ရှယုံဒယ် မေးလိုက်သည်။

“အခုက နောက်ကျနေပြီ၊ ရှထျန်ဟွာက သူမ ငါ့နေရာကို လာတယ်ဆိုတာ သိတယ်၊ ပြီးတော့ ငါသူ သိသွားမှာစိုးတယ်”

“မင်းဘာတွေ ကြောက်နေတာလဲ၊ အရင်က နည်းလမ်းကိုပဲ သုံးလိုက်လေ”

လော့ဟိန်၏ မျက်လုံးများမှာ ဆိုးသွမ်းရိပ်များနှင့် တောက်ပလာလေသည်။

“သူတို့တွေ ရှချန်းချန်းရဲ့ ခန္ဓာကိုယ်ကို ရှာတွေ့တဲ့အချိန်ကျရင် ဘာမှ ဖော်ထုတ်စရာတွေ ကျန်တော့မှာ မဟုတ်ဘူး”

ရှယုံဒယ်သည် ရှချန်းချန်းအား ကောက်ပွေ့လိုက်ကာ သူတို့ သုံးဦးသည် အခန်းထဲမှ ထွက်သွားခဲ့သည်။

****

သို့ပေမဲ့ အငွေ့ထွက်သင့်သည့် အမွှေးတိုင်မှာ ယခုတွင်တော့ တိတ်ဆိတ်သွားလေသည်။

သန်းခေါင်ယံ အချိန်၌ သစ်တောမှာ တိတ်ဆိတ်နေလေသည်။

အကွေ့အကောက်များသည့် ကတ္တရာလမ်းမှာ တောင်တစ်ဝက်အထိရှည်လျားပြီး ငွေရောင်လင်းလက်နေကာ တောက်ပနေသည့် လရောင်မှာ အဝိုင်းကြီးကဲ့သို့ ဖြစ်နေပြီး ညကောင်းကင်၌ တောက်ပနေလေသည်။ ပန်းရောင် Ferrari နှင့် အနက်ရောင် BMW မှာ တစ်စီးနှင့်တစ်စီး ရှေ့နောက်ဖြစ်နေကာ ငွေရောင်လရောင်များနှင့် ဖုံးနေကာ အကွေ့အကောက် များသည့် တောင်တန်းလမ်း အတိုင်း မောင်းနှင်လာခဲ့သည်။

ကားနှစ်စီးသည် ချောက်ကမ်းပါးအနီး၌ ရပ်တန့်သွားလေသည်။ ဤသည်မှာ တောင်တက်လမ်း၏ အချွန်ထက်ဆုံးအပိုင်းဖြစ်ကာ အကာဘေး၌ ကားမောင်းသူများအား အရှိန်လျှော့ရန် ဆိုင်းဘုတ်အမျိုးမျိုးအား ထောင်ထားလေသည်။

အကာအရံ ဘေး၌ရပ်နေကာ ၎င်းတို့၏ ဘေး၌ မီတာပေါင်းများစွာ မြင့်မားသည့် ချောက်ကမ်းပါးတစ်ခုရှိနေကာ ချောက်ကမ်းပါးနံရံမှာ အပေါက်အပြဲများ ကာအကြွင်းအကျန် များနှင့်ပြည့်နေလေသည်။ ညအချိန်၌ ကျောက်တုံးမျက်နှာပြင်များအား အဖြူရောင် လှိုင်းလုံးများမှာ ထိန်းမနိုင်သိမ်းမရ တိုက်ခတ်နေကာ အသံများမှာ ဗုံးပေါက်သည့် အသံများကဲ့သို့ ဖြစ်နေကာ ကြောက်စရာကောင်းလေသည်။

ယာဥ်ထိန်းရဲမှာ အရှိန်ကန့်သတ်ချက်အား ထားထားသော်ညား နှစ်အနည်းငယ် အကြာတိုင်း ကားတစ်စီး သို့မဟုတ် နှစ်စီးမှာ ချောက်ကမ်းပါးထဲသို့ မတော်တဆ ထိုးကျသွားတတ်လေသည်။

ရှယုံဒယ်သည် လက်အိတ်ဖြူအား ဝတ်ထားကာ ပန်းရောင် Ferrari ကားအား မောင်းနှင်လာပြီး ချောက်ကမ်းပါးနှင့် မနီးမဝေးနေရာ၌ ရပ်ထားလိုက်သည်။

သူနှင့် လော့ဟိန်မှာ ထွက်လာကာ ရှချန်းချန်း၏ မေ့မြောနေသည့် ခန္ဓာကိုယ်အား အတူတကွ သယ်လိုက်ကြပြီး ကားမောင်းသူထိုင်ခုံထဲသို့ ထည့်လိုက်လေသည်။

မိန်းကလေး၏ မျက်လုံးမှာ မှိတ်ထားပြီး သူမ၏ မျက်တောင်များမှာ လရောင်နှင့်ဖုံးလွှမ်းနေကာ အိပ်ပျော်နေသည့် အလှလေးကဲ့သို့ ပင်ဖြစ်သည်။

ရှပိုင်လု ပိုင်ဆိုင်သည့် ပစ္စည်းတစ်ချို့အား အနောက်ဘက်ထိုင်ခုံ၌ နေရာချထားလိုက်ကာ ဒိုင်ယာရီစာအုပ်အား ခရီးသည် ထိုင်ခုံ၌ထားလိုက်လေသည်။ ရှယုံဒယ်သည် ရှချန်းချန်း၏ ကိုယ်ပေါ်သို့ ဝီစကီအနည်းငယ် ထပ်ဖြန်းလိုက်ကာ ခရီးသည် ထိုင်ခုံ၌ ပုလင်းအား ထားလိုက်လေသည်။

ဤသည်မှာ သူတို့ ထိုအရာအား လုပ်သည့် တတိယအကြိမ်မြောက် ပင်ဖြစ်သည်။

ရှယုံဒယ်နှင့် လော့ဟိန်၏ နဂိုက စိုးရိမ်မှုများမှာ ပျောက်ကွယ်သွားပြီး သူတို့၏ လှုပ်ရှားမှုများမှာ သွက်လက်လာလေသည်။

အရှိန်မြှင်သည့် ခြေနင်းတုံးအား ကမ်းခြေ၌ တွေ့ရတတ်သည့် ကျောက်တုံးတစ်တုံးနှင့် ဖိထားလိုက်သည်။ ဖိအားအောက်တွင် ကားမှာဖြေးညှင်းစွာ စတင်လာပြီး အပြင်ဘက်မှ ပန်းရောင်မှာ လရောင်အောက်၌ တောက်ပနေကာ ခြံစည်းရိုးဆီသို့ ဦးတည်သွားလေသည်။

ရှယုံဒယ်နှင့် လော့ဟိန်မှာ ကားအနောက်၌ ရပ်နေကာ Ferrari ကား၏ အရှိန်မှာ နှေးရာမှ မြန်လာသည်ကို ကြည့်နေကြလေသည်။

အဆုံးသတ်တော့မည် ဖြစ်သည်။

လိမ်ညာသူများကို ဖော်ထုတ်သူ၏ အရှက်ကွဲမှုနှင့် ဒေါသမှာ ၎င်းတို့အား အမြဲတစေ သက်ရောက်စေခဲ့သည်။ နောက်ဆုံးတွင်တော့ လှိုင်းလုံးကြီးများနှင့်အတူ သမုဒ္ဒရာထဲသို့ ပျောက်ကွယ်သွားမည်ဖြစ်သည်။

နောက်တစ်နေ့ ရှချန်းချန်း၏ ခန္ဓာကိုယ်အား ရှာဖွေတွေ့ရှိချိန်တွင် ၎င်းတို့သည် သူမမှာ သူမ မိခင်၏ အမှတ်တရများကြောင့် ပူးဆွေးဝမ်းနည်းကာ အရက်မူးပြီး ကားမတော်တဆမှု ဖြစ်ခဲ့သည်ဟု ရိုးရှင်းစွာ ယူဆလိုက်လို့ရလေသည်။

ထိုကဲ့သို့ ခြောက်ခြားစရာနေရာ၌ ကားမတော်တဆမှု ဖြစ်သည်ဆိုသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ရှချန်းချန်း၏ တစ်ဦးတည်းသော ဆွေမျိုးရင်း တစ်ဦးအနေနှင့် ရှယုံဒယ်မှာ သူမ၏ ရှယ်ယာများအား ရမည်မှာ အသေအချာပင်ဖြစ်သည်။ ရှယုံဒယ်၏ အကူအညီနှင့် လော့ဟိန်မှာလည်း နိုင်ငံခြားထွက်လို့ရသွားကာ ပြန်လာဖို့ရာ အတွက်လည်း အခွင့်အရေးရှိလေသည်။

အမျိုးသားနှစ်ဦးမှာ Ferrari ၏ အနောက်ဘက်အား ကြည့်နေရင်း အောင်ပွဲခံအပြုံး ပြုံးလိုက်ကြလေသည်။ ဤသည်မှာ အချိန်အတော်အတန်ကြာအတွင်း ၎င်းတို့မျှဝေခဲ့ဖူးကြသည့် ရှားပါးအပြုံးစစ်ပင်ဖြစ်သည်။

ဇိမ်ခံကားမှာ လည်ပင်းကျိုးနိုင်သည့် အရှိန်အထိပင် ရောက်နေပြီဖြစ်ကာ 100 mph အား စက္ကန့်အနည်းငယ်အတွင်း ရောက်ရှိသွားပြီး ခြံစည်းရိုးအား တိုက်မိတော့မည်ဖြစ်သည်။

ထိုအချိန် လရောင်၏ အောက်၌ စူးရှသည့် ဘရိတ်အုပ်သံ တစ်သံထွက်ပေါ်လာကာ တိတ်ဆိတ်သည့် ည၌ နားစည်အား ဖောက်လိုက်လု နီးပါးပင်ဖြစ်သည်။

လော့ဟိန်နှင့် ရှယုံဒယ်မှာ နားများအား အလိုလို ဖုံးလိုက်ကြလေသည်။

ထို့နောက် လေထဲ၌ ပျံဝဲသွားသင့်သည့် Ferrari ကားမှာ ရုတ်တရက် ကွေ့ကောက်သွားကာ ခြံစည်းရိုးအား ပွတ်တိုက်မိသွားသောကြောင့် တာယာများသည် ကတ္တရာများနှင့် ခြစ်မိတာ ငွေရောင်များ တောက်နေလေသည်။

ဤဇိမ်ခံကား၏ အစိတ်အပိုင်းများမှာ ထိပ်တန်းအဆင့်ပင်ဖြစ်သည်။ ၎င်း၏ အရှိန်အဟုန်မှာ လျင်မြန်ရုံသာမက ကား စီယာတိုင်၏ ဘရိတ်မှာလည်း မယုံနိုင်လောက်အောင် တုံ့ပြန်မှုကောင်းလေသည်။

လော့ဟိန်နှင့် ရှယုံဒယ်တို့ Ferrari ကား နောက်လိုက်ဖို့ရာ ပြင်လိုက်ချိန်တွင် ကားမှာ U ပုံစံအကွေ့ကွေ့လိုက်ပြီး ၎င်းတို့နှင့် မျက်နှာချင်းဆိုင် ဖြစ်နေလေသည်။ မြင့်မားသည့် အလင်းတန်းမှာ ရုတ်တရက် လင်းထိန်သွားပြီး နေ့အလင်းရောင်များကဲ့သို့ ဖြစ်နေကာ မျက်စိများအား မဲမှောင်သွားစေသည်။

အင်ဂျင်သံမှာ လေထုထဲ၌ ကြားနေရကာ တာယာများမှာလည်း မြေပြင်နှင့် ပွတ်တိုက်မိ၌ အဖြူရောင် မီးခိုးငွေ့များ ထွက်လာလေသည်။

လော့ဟိန်နှင့် ရှယုံဒယ်တို့၏ မျက်လုံးများမှာ အဖြူရောင်မီးအလင်းတန်းနှင့် နေသားကျသွားကာ ၎င်းတို့၏ လက်ချောင်းကြားမှတစ်ဆင့် ချောင်းကြည့်နေကြလေသည်။

သူတို့သည် Ferrari ထဲ၌ ရှိနေသည့် ရှချန်းချန်းကိုသာ အနည်းငယ် မြင်လိုက်ရလေသည်။ သူတို့၏ မျက်လုံးများမှာ အံ့ဩမှုနှင့်အတူ ပြူးကျယ်သွားခဲ့သည်။

သူတို့ မတုံ့ပြန်နိုင်လိုက်ခင်တွင် Ferrari ကားမှာ ရုတ်တရက် ပန်းရောင်ကျားသစ်တစ်ကောင်ကဲ့သို့ သူတို့ထံ ဦးတည်လာနေလေသည်။

မျက်နှာချင်းဆိုင် ကြုံရမှုကြောင့် လန့်ဖြန့်သွားကာ ဟန်ချက်ပျက်သွားပြီး သူတို့သည် မြေပြင်ပေါ်သို့ လဲကျသွားကြလေသည်။

သို့ပေမဲ့ ရှချန်းချန်းသည် လျင်မြန်စွာ ကွေ့လိုက်ပြီး ဘရိတ်အုပ်လိုက်ကာ သူတို့၏ တစ်မီတာအကွာလောက်တွင် အချိန်မီရပ်တန့်နိုင်လိုက်သည်။

သူတို့နှစ်ဦးသည် အသက်ပြင်းပြင်းရှူနေကြလေသည်။

တစ်ခြားတစ်ဖက်ရှိ ရှချန်းချန်းမှာမူ Ferrari ကားမောင်းသူ ထိုင်ခုံ၌ အေးဆေးစွာထိုင်နေကာ သူမ၏ မျက်နှာပေါ်တွင် ဂရုမစိုက်သည့် အပြုံးတစ်ခု ရှိနေလေသည်။

လော့ဟိန်နှင့် ရှယုံဒယ်မှာ ထိတ်လန့်မှုနှင့်အတူ ပြောစရာစကားပင် မရှိကြတော့ပေ။

ဘယ်လိုလုပ် ရှချန်းချန်းက အဆင်ပြေနေရတာလဲ။ ဘာဖြစ်လို့ သူမ သတိမမေ့နေရတာလဲ။

သူတို့ မတုံ့ပြန်လိုက်နိုင်ခင်တွင် အရာရှိကျောက်နှင့် အရာရှိတင်းမှာ ထောက်လှမ်းရေးအဖွဲ့ တစ်ဖွဲ့နှင့်အတူ အမှောင်ထဲမှ ထွက်လာကြကာ သူတို့အား သေနတ်များနှင့် ချိန်ထားကြလေသည်။

“မလှုပ်နဲ့”

“မင်း”

ရှယုံဒယ်နှင့် လော့ဟိန်မှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်နေကြလေသည်။

ဘာလို့ ရဲတွေက ဒီကိုရောက်နေကြတာလဲ။ သူတို့တွေ ဒီမှာ တစ်ချိန်လုံး ရှိနေကြတာလား။

အဲဒါဆိုရင် သူတို့တွေ ငါတို့ ပြစ်မှုလုပ်နေတာနဲ့ ရှချန်းချန်းကို ချောက်ကမ်းပါးပေါ်ကနေ မူးပြီးပြုတ်ကျသွားတယ်လို့ အတုလုပ်နေတာကို မြင်သွားမယ် မလား။

ရှချန်းချန်းသည် Ferrari ထဲမှ ထွက်လာကာ အရာရှိကျောက်ဆီသို့ သွားလိုက်လေသည်။

သူမ အဆင်ပြေနေသည်ကို မြင်ပြီးနောက် အရာရှိကျောက်သည် စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်အား ချလိုက်လေသည်။

“မစ္စရှ မင်းကျွန်တော့်ကို အတော်လေး လန့်အောင်လုပ်လိုက်တာပဲ သူတို့တွေ မင်းကို ကားမောင်းသူ ထိုင်ခုံဆီကို မပြီးရွေ့တုန်းက ကျွန်တော် မင်းတကယ်ပဲ သတိလစ်သွားပြီလို့ ထင်နေခဲ့တာ”

နေ့ခင်းဘက်၌ ရှချန်းချန်း ဗီလာ၏ အပေါ်ဆုံးအထပ်သို့ ဝင်သွားချိန်တွင် သူမသည် ဒိုင်ယာရီအား ဦးစွာမဖတ်ပဲ အခန်းအား ကြည့်လိုက်လေသည်။

သူမသည် ရှယုံဒယ်မှာ လက်ဖက်ရည်ခွက်အား ဆေးခတ်ထားမည်ဟု ထင်သော်ညား လက်ဖက်ရည်ခွက်မှလွဲ၍ အခြား ဆေးခတ်စရာနေရာများလည်း ရှိသေးလေသည်။

သူမသည် အခန်း၏ အပြင်အဆင်နှင့် မလိုက်ဖက်သည့် အမွှေးနံ့သာအိုးအား တွေ့လိုက်ချိန်တွင် ဤသည်မှာ ရှယုံဒယ်၏ လှည့်ကွက်များဖြစ်ကြောင်း ရှချန်းချန်း သိလိုက်လေသည်။

သူမသည် လက်ဖက်ရည်တစ်ဝက်အား အမွှေးနံသာအိုးထဲသို့ လောင်းထည့်လိုက်ကာ အမွှေးနံ့သာအား ရှူလိုက်လေသည်။ ပြီးနောက် သူသည် လက်ဖက်ရည်ခွက်အား ချခွဲလိုက်ကာ သူမသည် လက်ဖက်ရည်အား မသောက်လိုက်သောက်ညား သတိလစ်သွားခဲ့သည်ဟု ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။

သူမ၏ ရည်ရွယ်ချက်မှာ ရှယုံဒယ်နှင့် လော့ဟိန်အား ဖြားယောင်းကာ သတိလွတ်သွားစေပြီး သူမ အပေါ် ပြစ်မှုတစ်ခု ကျူးလွန်စေရန်ဖြစ်သည်။

ထိုအချိန်တွင် ရှယုံဒယ်နှင့် လော့ဟိန်မှာ သူတို့ ကျဆုံးသွားပြီကို သိကာ စိတ်ပျက်လက်ပျက်ဖြစ်နေလေသည်။

အထူးသဖြင့် လော့ဟိန်ဖြစ်သည်။

အကယ်၍ လိမ်ညာသူများကို ဖော်ထုတ်သူကြောင့်၊ ရှချန်းချန်းကြောင့်သာ မဟုတ်ခဲ့လျှင် သူအဘယ်ကြောင့် ထို့ကဲ့သို့ ကျရှုံးသွားမည်နည်း။

လော့ဟိန်၏ မျက်လုံးများမှာ ပြင်းပြင်းထန်ထန် တောက်ပနေကာ သူ၏ ခါး၌ဝှက်ထားသည့် ရှေးဟောင်းဓါးအား ရုတ်တရက် ဆွဲထုတ်လိုက်သည်။ ရဲများသူ့အား မဖမ်းနိုင်ခင်တွင် သူသည် ရှချန်းချန်းအား ဓါးနှင့် အရူးအမူးထိုးလေသည်။

“ရှချန်းချန်း တကယ်လို့ ငါသေရမယ်ဆိုရင် မင်းကိုလည်း ငါနဲ့အတူ ဆွဲခေါ်သွားမယ်!”

လေထုမှာ ရုတ်တရက် အေးခဲသွားခဲ့သည်။ လော့ဟိန်သည် ရှချန်းချန်းအနားသို့ မကပ်လိုက်နိုင်ခင်မှာပင် ဘေးမှ အလျင်အမြန်ထွက်လာခဲ့သည့် ရှဲ့ကျစ်ရှင်းထံမှ အကန်ခံလိုက်ရလေသည်။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းကို ကာကွယ်ပေးလိုက်ကာ သူ၏ နောက်၌ ရဲများ အလျင်အမြန်ထွက်လာပြီး လော့ဟိန်နှင့် ရှယုံဒယ်အား ချုပ်ထားလိုက်ကြသည်။

“ရှချန်းချန်း ငါမင်းကိုသတ်မယ်! ငါမင်းကို သတ်မယ်!”

လော့ဟိန်မှာ အော်ဟစ်နေဆဲဖြစ်ပြီး အပြင်းအထန်ရုန်းကန်နေဆဲဖြစ်သည်။

သို့ပေမဲ့ သူသည် ရဲများ၏ ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ရှဲ့ကျစ်ရှင်းသာမက ရှထျန်ဟွာသည်လည်း အလျင်အမြန်လာခဲ့လေသည်။ သူတို့နှစ်ဦးမှာ သူတို့အနောက်ဘက်ရှိ ရှချန်းချန်းအား ကာကွယ်ပေးထားကာ ရှယုံဒယ်နှင့် လော့ဟိန်၏ သူမအနား ချဥ်းကပ်လာမှုအား တားဆီးထားလေသည်။

နဂိုက ပျော်ရွှင်နေသည့် ရှချန်းချန်းမှာ သူတို့နှစ်ဦးအား မြင်လိုက်၍ လန့်သွားလေသည်။

“ကောတို့ ဘယ်လိုလုပ်ရောက်နေကြတာလဲ’

သူမသည် အရာရှိကျောက်အား တစ်ချက်ကြည့်ကာ ရှင်းရှင်းလင်းလင်းပြောလိုက်သည်။

“ကျွန်မ ရှင့်ကို ရှဲ့ကျစ်ရှင်းနဲ့ ရှထျန်ဟွာကို မပြောဖို့ မပြောခဲ့ဘူးလား၊ ရှင် ဘာလို့ သူတို့ကို ခေါ်လာခဲ့တာလဲ”

လော့ဟိန်အား ချုပ်ထားသည့် အရာရှိကျောက်၏ မျက်လုံးများမှာ အပြစ်ကင်းစင်နေပြီး

“ကျွန်တော် သူတို့ကို ခေါ်လာခဲ့တာမဟုတ်ပါဘူး၊ ရှထျန်ဟွာက ရှဲ့ကျစ်ရှင်းကို ခေါ်လာခဲ့တာပါ”

တစ်ယောက်က သူရဲ့ညီမလေးကို စွဲလမ်းနေပြီးတော့ တစ်ယောက်က အချစ်နွံနစ်နေတာလေ။ သူကဘယ်လိုလုပ် သူတို့နှစ်ယောက်ကို တားဆီးနိုင်မှာလဲ။

ရှဲ့ကျစ်ရှင်းနှင့် ရှထျန်ဟွာ၏ မျက်နှာမှာ မဲမှောင်သွားကာ တောင်တစ်ခုလုံးအား အုံမှိုင်းသွားစေလေသည်။ သူတို့သည် ရှချန်းချန်း သူမကိုယ်သူမ ဆွဲထည့်ခြင်းအား သဘောမကျသည်မှာ ထင်ရှားလေသည်။

ရှချန်းချန်းသည် ချက်ချင်းပင် အသနားခံလိုက်ကာ

“လောင်ကုန်း၊ ကော စိတ်မဆိုးပါနဲ့၊ ကျွန်မ သူတို့ကိုဖမ်းဖို့ကြိုးစားရင်းနဲ့ ဒါဏ်ရာရခဲ့သေးတယ်”

“ဒါဏ်ရာရသေးတာလား”

ရှထျန်ဟွာနှင့် ရှဲ့ကျစ်ရှင်းမှာ တစ်ပြိုင်နက်တည်း အော်လိုက်ကြကာ သူတို့၏ အသံမှာ စိုးရိမ်မှုများနှင့် ပြည့်နှက်နေလေသည်။ ရှဲ့ကျစ်ရှင်းသည် အလျင်အမြန်ပင် မေးခဲ့သည်။

“ဘယ်နေရာမှာ ဒါဏ်ရာရထားတာလဲ အဲဒါက နာနေသေးလား”

ရှချန်းချန်းသည် အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ မျက်လုံးထဲတွင် မျက်ရည်များဝဲလာကာ ငိုခါနီးပင် ဖြစ်လာသည်

“အဲဒါက အရမ်းနာတာပဲ အရမ်းနာတယ်၊ အဲဒါကို ရှင်ကကျွန်မကို ဆူနေသေးတော့ ပိုတောင်နာလာပြီ”

ရှဲ့ကျစ်ရှင်းနှင့် ရှထျန်ဟွာမှာ ချက်ချင်းပင် အပြစ်ရှိစိတ်များ ဝင်လာခဲ့သည်။

အရာရှိကျောက်ပင်လျှင် အနည်းငယ် အပြစ်ရှိစိတ်ဝင်လာလေသည်။

နောက်ဆုံးတွင်တော့ ရှချန်းချန်းမှာ လော့ဟိန်နှင့် ရှယုံဒယ်အား ဖမ်းဖို့ရာအတွက် ငါးစာအဖြစ် ကူညီပေးဖို့ရာ ရောက်လာခဲ့ခြင်းဖြစ်လေသည်။ သူတို့သည် ငါးစာအား နာကျင်စေခဲ့လေသည်။

သူမခင်ပွန်းနဲ့ အစ်ကိုက သူမကို အပြစ်တင်ကြတာ အံ့ဩစရာမရှိတော့ပါဘူး။

အရာရှိကျောက်သည် စိုးရိမ်မှုနှင့်အတူ မေးလိုက်သည်။

“မစ္စရှ ဘယ်နေရာမှာ ဒါဏ်ရာရထားတာလဲ၊ ကျွန်တော်တို့ရဲ့ ရဲကားထဲမှာ ဆေးသေတ္တာရှိပါတယ်၊ ကျွန်တော်တို့ မင်းကို ပတ်တီးစီးပေးလို့ရပါတယ်”

“ဒီမှာပါ”

ရှချန်းချန်းသည် သူမ၏ သေးသွယ်ကာ ကြာပန်းရိုးကဲ့သို့ ဖြူဖွေးသည့် လက်မောင်းအား ဂရုတစိုက် မြှောက်လိုက်ကာ အဆစ်အောက်ရှိ သူမ၏ လက်သန်းလောက်သာရှိမည့် သွေးအစွန်းလေးအား ပြလိုက်လေသည်။

“ရှင်မြန်မြန်လေး ပတ်တီးစီးပေးရမယ်”

ရှချန်းချန်းသည် အပြစ်ရှိစွာပြောလိုက်သည်။

“မဟုတ်ရင် ဒဏ်ရာက သူ့ဘာသာသူ မြန်မြန်ပျောက်သွားလိမ့်မယ်”

အရာရှိကျောက်: “.....”

အရာရှိတင်းသည် အရာရှိကျောက်အား ဆေးသေတ္တာကမ်းပေးလိုက်သည်။ သို့ပေမဲ့ ဆေးသေတ္တာမှာ အလွန်ကောင်းမွန်သည့် သွေးရပ်သွားစေနိုင်သည့် ဆေးဘက်ဆိုင်ရာ ပတ်တီးများပါဝင်လေသည်။ ပြီးနောက် ရှချန်းချန်း၏ ဒါဏ်ရာမှာ တစ်စင်တီမီတာထက်ပင် သေးငယ်ကာ လက်ဖက်ရည်ခွက်ကွဲစ ရှသည့်အနာဖြစ်ပြီး ပျောက်ပင် ပျောက်တော့မည်ဖြစ်သည်။ စာချုပ်အားရပ်စဲရန်အတွက် အရာရှိကျောက်သည် ဆေးသေတ္တာအား တိတ်တဆိတ် ဘေးသို့ ချလိုက်လေသည်။

ရုတ်တရက် အနောက်ဘက်မှာ စူးရှသည့်အကြည့်နှစ်ခု ကျရောက်လာခဲ့သည်။

အရာရှိကျောက်လှည့်လိုက်ကာ ရှဲ့ကျစ်ရှင်းနှင့် ရှထျန်ဟွာ နှစ်ဦးစလုံးမှာ သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှထျန်ဟွာက မျက်မှောင်ကြုတ်လိုက်ကာ

“အရာရှိကျောက်၊ ဘာလို့ ချန်းချန်းရဲ့ဒါဏ်ရာကို ဆေးမထည့်ပေးတာလဲ”

ရှဲ့ကျစ်ရှင်းသည် အေးစက်စွာ ပြောလိုက်သည်။

“ချန်းချန်းရဲ့ လက်က ဒါဏ်ရာဆိုးဆိုးရွားရွား ရထားပြီးတော့ သူမ သွေးတွေထွက်နေတယ်လေ၊ မမြင်ဘူးလား”

အရာရှိကျောက်သည် ဆေးသေတ္တာအား ကိုင်ထားရင်းလော့ဟိန်အား ယခုလေးတင် ချုပ်ထားရသောကြောင့် ရထားသည့် သူ၏လက်မောင်းရှိ နှစ်ဆယ်စင်တီမီတာလောက် ရှိမည့် သွေးကွက်အား ကြည့်လိုက်ကာ တိတ်ဆိတ်သွားလေသည်။

အရာရှိကျောက်သည် နောက်ဆုံးတွင်တော့ သူ၏ ကောင်းမွန်သည့် သွေးတိတ် ပတ်တီးအား အသုံးပြုကာ ရှချန်းချန်းအား ပတ်တီးစီးပေးလိုက်သည်။ ထိုအရာအား မြင်ပြီးနောက် ရှဲ့ကျစ်ရှင်းနှင့် ရှထျန်ဟွာမှာ ကျေနပ်မှုနှင့်အတူ ခေါင်းညိတ်လိုက်ကြသည်။

အရာရှိကျောက်: “....”

တစ်ခြားတစ်ဖက်ရှိ လော့ဟိန်နှင့် ရှယုံဒယ်မှာမူ လက်ထိတ်ခတ်ခံလိုက်ရကာ ရဲကားထဲသို့ တွန်းထည့်ခံနေရလေသည်။

သူတို့နှစ်ဦး၏ စိတ်ပျက်လက်ပျက် အမူအယာများမှာ မျက်နှာပေါ်တွင် ပေါ်နေလေသည်။

ရှထျန်ဟွာသည် လျှောက်လာကာ ရှယုံဒယ်၏ မျက်နှာအား ထိုးနှက်လိုက်သည်။

“ရှယုံဒယ် ဒါက ခင်ဗျား ကျွန်တော်ရဲ့ အဒေါ်နဲ့ဦးလေးကို သတ်ခဲ့တဲ့နည်းပေါ့၊ မကောင်းဆိုးရွားကောင်”

ရှယုံဒယ်သည် ပါးစပ်အပြည့် သွေးများအား ထွေးထုတ်လိုက်ကာ သူ၏ မျက်လုံးထောင့်မှတစ်ဆင့် ရှချန်းချန်းအား ကြည့်လိုက်သည်။ သူသည် သူမ “ဦးလေး” ဆိုသည့် စကားလုံးအား ကြားချိန်တွင် သူမ၏ မျက်နှာ၌ မအံ့ဩသွားသည်ကို မြင်လိုက်လေသည်။ ရှထျန်ဟွာမှာ သူမအား သူမ၏ ဘဝအတွေ့အကြုံ အကြောင်း ပြောပြထားသည်မှာ အသေအချာပင်ဖြစ်သည်။

ရှယုံဒယ်သည် ရှထျန်ဟွာအား အေးစက်စွာကြည့်လိုက်ပြီး သူ၏ မျက်လုံးများမှာ လှောင်ပြောင်ချင်နေသည့် ပုံပေါက်လေသည်။

“ဘယ်သူက ငါသူတို့ကို သတ်ခဲ့တယ်လို့ ပြောတာလဲ၊ မင်းမှာ ဘာသက်သေ ရှိလို့လဲ၊ သက်သေမရှိဘဲ ငါ့ကို မစွပ်စွဲနေနဲ့”

ရှပိုင်လုနှင့် ရှန်ဟယ် သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။ မူရင်း ဆီးစစ်ချက်နှင့်ပင် သူတို့သည် ရှယုံဒယ်အား လူသတ်သမားဟု မစွပ်စွဲနိုင်ပေ။

ထိုကြောင့် ရှချန်းချန်းမှာ အရာရှိကျောက် ဆက်လက်စုံစမ်းသည်ကို စိတ်မရှည်တော့ကာ သူမကိုယ်သူမ ငါးစာအဖြစ် အသုံးချစေချင်နေခြင်းဖြစ်သည်။ ရှယုံဒယ်နှင့် လော့ဟိန်တို့ အခြားရာဇဝတ်မှု တစ်ခုကို ကျူးလွန်ခဲ့မှသာလျှင် သူတို့သည် ရှယုံဒယ်အား တရားစီရင်ဖို့ရာ လုပ်နိုင်မည်ဖြစ်သည်။

“ကျွန်မတို့မှာ တကယ်လည်း သက်သေမရှိပါဘူး”

ရှချန်းချန်း ညင်သာစွာပြောလိုက်သည်။

“ဒါပေမဲ မစ္စတာလော့၊ ရှယုံဒယ်သာ ရှင့်ကို ကျွန်မ ရှမိသားစုရှယ်ယာတွေကို ဆက်ခံလိုက်တယ်ဆိုတာကို စောစောပြောခဲ့ရင် ရှင်လည်း ကျွန်မကို “Galaxy Girls” ထဲပါဖို့ ခေါ်သွားမှာမဟုတ်ဘူး၊ ပြီးတော့ အဲဒါရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကလည်း ဖြစ်မှာမဟုတ်ဘူး”

လော့ဟိန်၏ အမူအယာမှာ အုံ့မှိုင်းနေကာ

“ရှချန်းချန်း ငါ့ဆီကနေ တစ်ခုခုရဖို့ ကြိုးစားမနေနဲ့၊ ငါ အရူးလုပ်ခံမှာ မဟုတ်ဘူး”

“တကယ်လား”

ရှချန်းချန်း ဂရုမစိုက်စွာ ပခုံးတွန့်လိုက်ကာ

“ရှင် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ “Galaxy Girls” မှာ တစ်ခုခုမှားနေတယ်ဆိုတာကို ရှယုံဒယ်သိခဲ့တယ်၊ ရှယုံဒယ်က အဲဒါကို အသုံးချပြီးတော့ ကျွန်မနဲ့ ရှလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌနေရာကို လဲချင်နေတာပဲ”

“ရှချန်းချန်း မင်း အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့”

ရှယုံဒယ်၏ မျက်လုံးများမှာ ပြူးကျယ်လာကာ

“ငါ ဖျော်ဖြေရေးနယ်ပယ်ကို လုံးဝကို ဂရုမစိုက်တာ၊ ငါကဘယ်လိုလုပ် အဲကိစ္စကို သိရမှာလဲ”

သူသည် လော့ဟိန်အား ကြည့်လိုက်ကာ ရှင်းပြဖို့ရာ အကောင်းဆုံး ကြိုးစားလေသည်။

“သူက မင်းကို လိမ်နေတာ၊ သူက ငါ့ကို ရေနစ်အောင် ဆွဲချသွားချင်နေတာ”

ရှချန်းချန်း မျက်တောင်ခတ်လိုက်ကာ

“ရှင် တကယ်မသိဘူးလား၊ အဲဒါဆို ရှင်ဘာလို့ ကျွန်မ ရှလုပ်ငန်းစု ရှယ်ယာတွေကို အမွေဆက်ခံခဲ့တယ် ဆိုတဲ့အကြောင်းကို မစ္စတာလော့ကို ဘာလို့ မပြောရတာလဲ”

“အဲဒါက ဘာလို့လဲ ဆိုတော့… အဲဒါက…”

ရှယုံဒယ်သည် တစ်ခဏမျှ မပြောနိုင်ခဲ့ပေ။

သူသည် လော့ဟိန်၏ ချုပ်ချယ်မှုအား ဖယ်ရှားချင်၍ လော့ဟိန်အား မပြောပြခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးအမှုတွင် ပါဝင်ပတ်သက်ခြင်းပင်လျှင် ကြီးမားသည့် ပြစ်မှုဖြစ်လေသည်။ သို့ပေမဲ့ သူအမှန်အတိုင်းပြောလိုက်လျှင် သူနှင့်လော့ဟိန်မှာ အချိန်အကြာကြီး အဆက်အသွယ်ရှိနေပြီဟု ဆိုလိုလေသည်။

ရှယုံဒယ်သည် ရှချန်းချန်းအား စိုက်ကြည့်လိုက်ပြီး အံကြိတ်လိုက်ကာ

“ငါ မစ္စတာလော့ကို သေချာမသိဘူးလေ၊ ငါဘာလို့ သူ့ကို ပြောပြရမှာလဲ”

ထို အကြောင်းပြချက်မှာ လော့ဟိန်အား သေချာပေါက် မကျေနပ်စေခဲ့ပေ။

လော့ဟိန်သည် ရှချန်းချန်းအား မယုံပေ။

သို့ပေမဲ့ မယုံကြည်သည့် ရာခိုင်နှုန်းမှာ ကိုးဆယ်ကိုးရာခိုင်နှုန်းဖြစ်နေသော်ညား တစ်ရာခိုင်နှုန်းမှာ ကျန်ရှိနေသေးတာ ဆူးတစ်ချောင်းကဲ့သို့ လော့ဟိန်၏ နှလုံးသားထဲသို့ စိုက်ဝင်သွားခဲ့သည်။

သူ သံသယဝင်သွားလျှင် စိတ်ထဲ စွဲနေတတ်လေသည်။

ရှချန်းချန်းသည် လော့ဟိန်အနားသို့ ကပ်လိုက်ကာ အပြုံးလေးနှင့် ပြောလိုက်သည်။

“မစ္စလော့၊ ကျွန်မရှင့်ကို ရှင်မသိတာလေး တစ်ခုပြောပါရစေ”

လော့ဟိန်သည် ရုတ်တရက် မော့ကြည့်လိုက်ပြီး ရှချန်းချန်းအား စိုက်ကြည့်နေလေသည်။

“ဖန်စစ်ယွမ်က ရှင် လိမ်ညာသူများကိုဖော်ထုတ်သူကို တွေ့တယ်ဆိုတဲ့ အကြောင်းကို သတင်းဖြန့်တာ သိထားတယ်၊ ကျွန်မရှင် ပုန်းနေတာကြောင့်မလို့ သတင်းမရမှာ သိပေမဲ့ ရှယုံဒယ်က အခုတလော လုပ်ငန်းသစ်စနေပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေတာဆိုတော့ သူကတော့ သေချာပေါက်သိမှာပဲ”

“ကျွန်မက သူ့ကိုသတင်းသိစေချင်ပြီးတော့ ရှင့်ကိုပြောစေချင်ခဲ့တာ”

ရှချန်းချန်းသည် ရယ်မောလိုက်ကာ သူမ၏ ရယ်သံမှာ ငွေခေါင်းလောင်းလေးကဲ့သို့ပင် ချိုသာလေသည်။

“တကယ်လို့ ရှယုံဒယ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်မတို့ ရှင့်ကိုဖမ်းမိမှာ မဟုတ်ဘူး”

လော့ဟိန်သည် သူ၏ ခေါင်းတစ်ခုလုံး ဗလာဖြစ်သွား သကဲ့သို့ ခံစားလိုက်ရသည်။

ရှချန်းချန်းပြောသည့် စကားလုံးတိုင်းမှာ သူတို့နှစ်ဦးကြား သဘောထားကွဲစေဖို့ရာ ရည်ရွယ်သည်ကို သိလေသည်။

သို့ပေမဲ့ အမှန်တရားမှာ ရှယုံဒယ်သည် လူသတ်ရန်ကြိုးစားမှု သာဖြစ်သည်။ ကံကောင်းမှုအနည်းငယ်နှင့်အတူ သူသည် တစ်သက်တစ်ကျွန်းထောင်ဒါဏ် ကျခံနိုင်ရသကဲ့သို့ ဆိုင်းငံ့ထောင်ဒါဏ်ကိုပင် ရနိုင်သေးလေသည်။

သူမှာမူ မူးယစ်ဆေး ထုတ်လုပ်မှုနှင့် ဖြန့်ဝေမှုအတွက် အပြစ်ရှိကာ သေဒဏ်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။

အစကနေ အဆုံးအထိ သူသည် ရှယုံဒယ်ဆီမှ ဆွဲထည့်ခံရခြင်း ဖြစ်လေသည်။ ရှချန်းချန်းမှာ သူတို့အား တမင်သက်သက် ဆွဲဆောင်နေသည်ကို သဘောပေါက်ဖို့ရာ ရှယုံဒယ်မှာ ရူးသွပ်လွန်းလေသည်။ ရှချန်းချန်းသည် ရှလုပ်ငန်းစုအား ဆက်ခံခဲ့သည်ကို သူ့ကိုပြောဖို့ရာအတွက် ရှယုံဒယ်မှာ ရူးသွပ်လွန်းလေသည်။ ပြီးလျှင် ရှယုံဒယ်မှာ သူ၏ မယားပါသမီးအား အနီးကပ်စောင့်ကြည့်ဖို့ရာ ကျရှုံးခဲ့ကာ ယခုအခြေအနေသို့ ရောက်စေခဲ့ခြင်းဖြစ်လေသည်။

အရာအားလုံးမှာ ရှယုံဒယ်၏ အမှားပင်ဖြစ်လေသည်။

ရှယုံဒယ်က ရှင်သန်မဲ့အချိန်မှာ သူကဘာလို့ သေဒဏ်ကျခံရမှာလဲ။

အဲဒါက မတရားဘူး။

ရှယုံဒယ်၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ သူ အလျင်အမြန် ရှင်းပြလေသည်။

“လော့ဟိန်၊ ဒီခွေးမ ပြောတာကို နားမထောင်နဲ့၊ သူပြောသမျှ အရာအားလုံးက အလိမ်အညာတွေချည်းပဲ၊ မင်းအရင်တုန်းက ကိစ္စတွေကို ဖော်ထုတ်လိုက်မယ်ဆိုရင် ငါတို့ရဲ့ အမှုတွေက ပိုပြီးဆိုးသွားလိမ့်မယ်”

“မင်းရဲ့ပြစ်မှုတွေက ပိုဆိုးသွားမှာ”

လော့ဟိန် အော်ဟစ်လိုက်ကာ

“ငါက သေဒဏ်အပေးခံရပြီးသားပဲ ဘာကွာခြားလို့လဲ၊ ငါက ဘာလို့ မင်းကို ကူဖုံးကွယ်ထားပေးရမှာလဲ၊ ရှယုံဒယ် ရှန်ဟယ်ကို ဆွဲထည့်ပြီးတော့ ကားမတော်တဆမှု အတုကို ဖန်တီးခဲ့တာက မင်းလေ ပြီးတော့ မင်းကအဲ နည်းလမ်းကိုပဲ သုံးပြီးတော့ ရှပိုင်လုကို သတ်ခဲ့တာလေ၊ မင်းက ကွင်းဆက်လူသတ်သမားပဲ မင်းလည်း သေဒဏ်ပေးခံရသင့်တာပဲ၊ ဘာဖြစ်လို့ ငါတစ်ယောက်တည်းကပဲ သေရမှာလဲ”

“မင်းက အရူးပဲ”

ရှယုံဒယ် အံကြိတ်လိုက်သည်။

“မင်းကရော ငါ့ထက် သာနေလို့လား၊ မင်းရော လူမသတ်ဖူးလို့လား၊ မူးယစ်ဆေးထုတ်လုပ်တဲ့ လမ်းမှာ မင်းကငါ့ထက်တောင် သွေးတွေ စွန်းထင်းဖူးတာပဲလေ ပြီးတော့ မင်း အဲဘော့စ်တွေအတွက်လည်း လူအများကြီးနဲ့ ဆက်ဆံဖို့ ကူညီပေးခဲ့သေးတယ်လေ၊ မင်းပြောလိုက်မယ်ဆိုရင် မင်းလည်း အကြိမ်တစ်ရာလောက် သေသင့်တယ်”

ရှယုံဒယ်နှင့် လော့ဟိန်မှာ စတင်ငြင်းခုံလာကြလေသည်။

သူတို့၏ မျက်နှာများမှာ သူတို့အချင်းချင်း၏ ပြစ်မှုများအား ဖော်နေရင်း နီမြန်းလာကြလေသည်။ အကယ်၍ သူတို့သာ ရဲများထံမှ အချုပ်မခံထားရလျှင် ထိုးနှက်နေကြလောက်ပြီ ဖြစ်သည်။

အနီးအနားရှိ ရဲအရာရှိများမှာ ခွေးသားခွေးစားသည့် ထုတ်ဖော်သံများအား ကြားပြီးနောက် မျက်လုံးများ ပြူးကျယ်လာကြလေသည်။

မူလမှာ သူတို့သည် အချက်အလက်များ ရယူရန်အတွက် ညှင်းပန်းနှိပ်စက်ခြင်းအား အားကိုးခဲ့ကြသော်ညား ယခုတွင်တော့ အရာအားလုံးမှာ ဖော်ထုတ်ပြီးသားပင် ဖြစ်သွားလေသည်။ တရားရုံး၌ အသုံးပြုနိုင်သည့် ရဲသည် ဖုန်းခေါ်ဆိုမှုအား ပြန်လည်ဖြေကြားနိုင်သည့် ဗီဒီယိုလည်းရှိကာ ရဲဝန်ထမ်းများ၏ အလုပ်အား များစွာလျှော့ချပေးလိုက်လေသည်။

ရဲဝန်ထမ်းများမှာ တိတ်တဆိတ် အားပေးနေကြလေသည်။

“ထပ်ပြောပါဦး ထပ်ပြောပါဦး၊ ငါတို့ကို မင်းရဲ့ပြစ်မှုတွေအကြောင်း ပြောပြပါဦး”

အရာရှိကျောက်သည် တိတ်နေသော်ညား သူ၏ ဘေးရှိ ရှချန်းချန်းအား လှမ်းကြည့်ဘဲ မနေနိုင်ပေ။

ထိုအမျိုးသမီးမှာ အလွန်လှပကာ မျက်လုံးတောက်တောက်များ သွားဖြူဖြူများနှင့် တောက်ပသည့် ပုံစံရှိလေသည်။ သို့ပေမဲ့ သူမ အကြံအစည်နှင့် နည်းလမ်းများမှာ သူမသည် ရဲဝန်ထမ်းများနှင့် တစ်ဖက်တည်းဖြစ်ကာ ရှယုံဒယ်၏ သမီးအရင်းမဟုတ်သည်မှာ တော်သေးလေသည်။ မဟုတ်လျှင် သူမအား ရင်ဆိုင်ဖို့ရာမှာ ပို၍ပင် ခက်ခဲမည်ဖြစ်သည်။

အရာရှိကျောက်သည် တုန်တုန်ယင်ယင်ဖြစ်နေလေသည်။

ထိုအမျိုးသမီးမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှလေသည်။

သို့ပေမဲ့ သူ၏ဘေးရှိ ရှဲ့ကျစ်ရှင်းနှင့် ရှထျန်ဟွာမှာ ရှချန်းချန်းအား ကြည့်နေကြကာ တစ်ဦးမှာ ချစ်မြတ်နိုးသည့် အကြည့်နှင့်ဖြစ်ပြီး တစ်ဦးမှာ တင်းမာသည့် အကြည့်နှင့်ဖြစ်သည်။

ရှထျန်ဟွာ: အား ငါ့ညီမလေးက တကယ်ကို အံ့ဩစရာကောင်းတာပဲ။

ရှဲ့ကျစ်ရှင်း: အား ငါ့ဇနီးလေးက အကောင်းဆုံးပဲ။

အရာရှိကျောက်: “.....”

ညီမရူးနဲ့ အချစ်ရူး မျှော်လင့်ချက်မရှိတော့ဘူး။

အရာရှိကျောက်မှ ရှယုံဒယ်နှင့် လော့ဟိန်အား ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင် လိမ်ညာသူများကို ဖော်ထုတ်သူမှာ လိုင်းပြန်တက်လာခဲ့သည်။

ထိုအချိန်တွင် သူမသည် ရှယုံဒယ်နှင့် ရှချန်းချန်း၏ ဒီအန်အေစစ်ဆေးချက်၊ ရှပိုင်လုနှင့် ရှန်ဟယ်၏ အကြောင်း ပြီးလျှင် ရှယုံဒယ် ရှချန်းချန်းအား တောင်တစ်ဝက်၌ ရှိသည့် ဗီလာ၌ ချောက်ကမ်းပါးပေါ်တွင် သတ်ရန် ကြံစည်ခဲ့မှုတို့အား ဖော်ထုတ်ခဲ့လေသည်။

ရှချန်းချန်းနှင့် လိမ်ညာသူများကိုဖော်ထုတ်သူ၏ ဆက်နွယ်မှုအား အင်တာနက်သုံးစွဲသူများ မသိစေရန်အတွက် ဗီဒီယိုအား လော့ဟိန်မရိုက်မိထားသည့် အပိုင်းမှစ၍ ဖြတ်ထားလေသည်။

မျှော်လင့်ထားသကဲ့သိုပင် ထို သက်သေများမား ထုတ်ဖော်မှုသည် ဖျော်ဖြေရေးနယ်ပယ် တစ်ခုလုံးအား လန့်ဖြန့်သွားစေခဲ့သည်။

[ဘုရားရေ ဘုရားရေ ဘုရားရေ]

[သတင်းထူးဟေ့၊ ရှယုံဒယ်က ရှချန်းချန်းရဲ့ အဖေရင်းမဟုတ်ဘူး]

[ရှချန်းချန်း ဖျော်ဖြေရေးနယ်ပယ်ထဲမှာ အချိန်အကြာကြီး ခြိမ်းခြောက်ခံခဲ့ရပြီး ရှယုံဒယ်က ဘယ်တုန်းကမှ သူမကို ကူညီဖို့ မလာခဲ့တာ အံ့ဩစရာမရှိဘူး]

[ဘုရားရေ အဲဒါဆို ရှယုံဒယ်က ရှချန်းချန်းရဲ့ အဖေအရင်းကို သတ်ပြီးတော့ သူ့ကို လက်ထပ်ဖို့အတွက် ရှပိုင်လုကို သတ်ခဲ့တယ်ပေါ့၊ ဒီလူက ကြောက်စရာပဲ]

[ယဲ့ရှီဝမ် မုန့်ရှင်းကို ကိုယ်ဝန်ဖျချခိုင်းခဲ့တာပဲ ကြည့်လေ၊ ဒီသုံးယောက်ကတကယ်ကို တစ်မိသားစုတည်းပဲ]

[ချန်းကျဲကော အဆင်ပြေရဲ့လား၊ ကျီကျီက ဒီဗီဒီယိုကို ရိုက်တာဆိုတော့ သူ သူမကို ကယ်ခဲ့တာပဲ ဖြစ်ရမယ်]

[ကောလာဟလတွေမှာတော့ ချန်းကျဲက အဆင်ပြေနေတယ်လို့ ကြားတယ်၊ တကယ်လို့ ချန်းကျဲ တစ်ခုခုဖြစ်တယ်ဆိုရင် ကျီကျီက သူမကို ပြောမှာပါ]

[ဝိုး ငါ ချန်းကျဲ အဆင်ပြေနေတာ ဝမ်းသာပါတယ်၊ ငါသူမကို ဖန်သားပြင်ပေါ်မှာ အများကြီးမြင်ချင်သေးတယ်]

[ငါချန်းကျဲအတွက် ဝမ်းနည်းမိတယ်၊ သူမက အတော်လေး သနားစရာကောင်းတာပဲ]

အင်ပါယာသစ်တော ဥယျဥ်၌ ရှချန်းချန်းမှာ သူမ၏ ဝေ့ပေါ်ပို့စ်အား တင်ပြီးသွားလေသည်။

ကွန်ပြူတာ ဖန်သားပြင်ပေါ်ရှိ လိမ်ညာသူများကိုဖော်ထုတ်သူ ပို့စ်၏ မှတ်ချက်အရေအတွက်၊ ပြန်လည်မျှဝေမှုနှင့် ကြိုက်နှစ်သက်မှုမှာ မြင့်တက်နေလေသည်။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း အနောက်ဘက်မှ လျှောက်လာပြီး သူမအား အနောက်ဘက်မှ ဖက်လိုက်လေသည်။ သစ်ကြားပိုးခေါက် အနံ့သည် သည် သူမအာရုံများအား လွှမ်းမိုးသွားကာ စိတ်သက်သာရာရပြီး နွေးထွေးသွားမှုကို ခံစားရစေသည်။

ရှချန်းချန်း၏ ပုခုံးများမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေပြီး သူမ၏ မျက်လုံးများမှာ နီရဲနေကာ သူမသည် ငိုနေခဲ့သည်မှာ အသေအချာပင်ဖြစ်သည်။

သူမသည် သူမမျက်လုံးထဲရှိ မျက်ရည်များအား ဂုဏ်ယူစွာ သုတ်လိုက်လေသည်။

“တကယ်တော့ ကျွန်မ ဝမ်းမနည်းပါဘူး”

ဝမ်းနည်းနေသည်မှာ မူလပိုင်ရှင်ပင် ဖြစ်သည်။

သူမ၏ နှလုံးသားထဲတွင် သူမသည် ရှယုံဒယ်အား အမှန်တကယ် လေးစား ချစ်ခင်ခဲ့လေသည်။ သူမတို့နှစ်ဦးမှာ သွေးသားမတော်စပ်သည်ကို သိရှိပြီးနောက်ပင် သူမအား နှစ်နှစ်ဆယ်ကျော် ပျိုးထောင်ခဲ့သည့် ကျေးဇူးတရားနှောင်ကြိုးအား ခံစားနေရဆဲဖြစ်သည်။

သို့ပေမဲ့ ထိုကြင်နာမှုမှာ တောင်တစ်ဝက်ရှိ ဗီလာ၏ ချောက်ကမ်းပါးပေါ်သို့ ရိုက်ခတ်နေသည့် လှိုင်းဖြူဖြူများနှင့်အတူ မျောပါသွားခဲ့သည်။

ရှမိသားစု၏ ရန်ငြိုးအား အဆုံးသတ်သည့်အနေဖြင့် လိမ်ညာသူများကိုဖော်ထုတ်သူမှာ ဤပို့စ်အား တင်လိုက်ချိန်တွင် မူလပိုင်ရှင်မှာ နောက်ဆုံးတွင်တော့ မျက်ရည်များ ကျလာခဲ့သည်။

“ကိုယ်သိပါတယ်”

ရှဲ့ကျစ်ရှင်း၏ ဩကာ ဆွဲဆောင်မှုရှိသည့် အသံမှာ သူမ၏ နားထဲ၌ တဝဲလည်လည် ဖြစ်နေလေသည်။

“ကိုယ်ရဲ့ နှလုံးသားက မနာကျင်ပါဘူး ဒါပေမဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ်ကတော့ နာကျင်နေတယ်”

ရှချန်းချန်းမှာ လန့်ဖြန့်သွားခဲ့သည်။

ရှဲ့ကျစ်ရှင်း သေချာပေါက် သိလေသည်။

ဖြစ်နိုင်သည်မှာ လွန်ခဲ့သော မိုးရွာသည့် ညတစ်ည၌ သူမသူ့အား ရှလုလု၏ အကြောင်းအား ပြောပြချိန်တွင် သူခန့်မှန်းမိသွားခြင်း ဖြစ်နိုင်သည်။

ဝေးကွာတဲ့ အပြိုင်ကမ္ဘာနှစ်ခုက မတူညီတဲ့ အတွေ့အကြုံတွေနဲ့ ဝိဥာဥ်တွေ။

သို့ပေမဲ့ စိတ်ကူးယာဥ်ကမ္ဘာ၏ စည်းမျဥ်းများနှင့် ချည်နှောင်ခံထားရသည့် ရှချန်းချန်းမှာ အမှန်တရားအား ထုတ်မပြောနိုင်ပေ။ ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း ပွင့်ပွင့်လင်းလင်း ပြော၍ မရသည်ကို ခန့်မှန်းမိပုံရကာ သူသည်သူမအား ဖိအားမပေးခဲဖူးပေ။

ဤသည်မှာ ၎င်းတို့နှစ်ဦးကြားရှိ လျို့ဝှက်ချက် သေးသေးလေးပင် ဖြစ်သည်။

“ကိုယ် မင်းဘယ်က လာတယ်ဆိုတာကို ဂရုမစိုက်ဘူး”

ရှဲ့ကျစ်ရှင်း တီးတိုးပြောကာ

“ဒါပေမဲ့ အနာဂတ်က ဘယ်လောက် ရှည်လျားပါစေ ကိုယ်မင်းဘေးမှာ ရှိနေမှာပါ”

***

တစ်ပတ်ကြာပြီးနောက် ကျန်းချန် ပြည်သူကာကွယ်ရေး ရုံ၌ လော့ဟိန်နှင့် သူ၏ ဘော့စ်ရှစ်ယောက်အကြောင်း စစ်ဆေးမေးမြန်းပြီးနောက် လော့ဟိန်ကို ဖမ်းဆီးထားကြောင်း ကြေညာခဲ့သည်။

တရားဝင်ရှင်းပြချက်မှာ လော့ဟိန်သည် ရက်အတော်ကြာ ရှောင်ပြေးနေခဲ့သော်ညား လိမ်ညာသူများကို ဖော်ထုတ်သူ၏ အကူအညီဖြင့် ရဲများမှာ သူ့အား ဖမ်းဆီးနိုင်ခဲ့လေသည်။ ရဲဝန်ထမ်းများသည် လိမ်ညာသူများကို ဖော်ထုတ်သူအား ကျန်းချန်၏ ကြီးမားသည့်အမှုတစ်ခုအား ဖြေရှင်းဖို့ရာ ကူညီပေးခဲ့၍ ထပ်မံ ကျေးဇူးတင်ခဲ့ကြသည်။

[ဟားဟားဟား ကျီကျီကတော့ နောက်ထပ်ခိုင်မာတဲ့ ထွက်ပေါ်မှုတစ်ခု လုပ်လိုက်ပြန်ပြီပဲ]

[ကျီကျီက ရဲဝန်ထမ်းတွေအတွက် ကောင်းမွန်တဲ့ သူငယ်ချင်းပဲ၊ တရားဝင် စျေးကွက်ရှာဖွေရေးအကောင့် ဖြစ်လာလုနီးပါးပဲ]

[လိမ်ညာသူများကို ဖော်ထုတ်သူက အကောင်းဆုံးပဲ]

[လော့ဟိန် မူးယစ်ဆေးဘုရင် သူက ညီအစ်မပေါင်းများစွာကို သတ်ခဲ့တာ၊ သေဒဏ်ပေး သေဒဏ်ပေး]

[Galaxy Girls စိတ်မပူကြနဲ့ ဆိုးရွားတဲ့သူတွေကို နောက်ဆုံးတော့ ဖမ်းမိသွားပြီ]

[အား ဒီနေ့ကနေစပြီး ငါက ကျီကျီရဲ့ ပရိတ်သတ်ပဲ၊ ကျီကျီ့မှာ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ အပြည့်ပဲလေ၊ ဟားဟားဟား သူမက ငါ့ကို ဘယ်တော့မှ စိတ်ဓါတ်မကျစေဘူး]

Galaxy Girls လေ့ကျင့်ရေးနေရာသို့ Star Sky မိန်းကလေးအဖွဲ့ ပြန်ရောက်သည်အထိ လူတိုင်းမှာ ရွှီချဲ၏ အမှုအား မပြောရန် တိတ်တဆိတ် သဘောတူထားခဲ့သည်။

ထိုဖြစ်ပျက်ခဲ့သည့် အရာများမှာ ၎င်းတို့၏ ဒုတိယစိတ်ဒါဏ်ရာများပင် ဖြစ်သည်။ ပြိုင်ပွဲဝင်များမှာ အံ့ဩစရာကောင်းလောက်အောင်ပင် အံဝင်ဂွင်ကျဖြစ်ကာ လုံ့လရှိစွာ လေ့ကျင့်နေကြလေသည်။ ဘယ်သူတွင် ဖြစ်ပျက်ခဲ့ဖူးသည့် အရာများအား ဆွေးနွေးရန် အချိန်ရှိမည်နည်း။ ပြီးလျှင် ၎င်းတို့၏ ဖုန်းများမှာ သိမ်းဆည်းခံထားရကာ အပြင်ဘက်၌ ဖြစ်ပျက်နေသည့် အရာများအား သိရှိဖို့ရာ ခဲယဥ်းစေသည်။

ရှိုးတစ်ဝက်လောက် ရောက်ချိန်တွင် ပြိုင်ပွဲဝင် နှစ်ဆယ်လောက်သာ ကျန်ရှိတော့သည်။ Star Sky မိန်းကလေးအဖွဲ့မှ လေးဦးသည်လည်း ကျန်ရှိနေသေးလေသည်။

ရှချန်းချန်းအား မေးခွန်းထုတ်ပြီးနောက် ဒါရိုက်တာကျန်းမှာ ညနေဘက် လေ့ကျင့်ရေးပြီးတွင် လူတိုင်းအား လော့ဟိန်ဖမ်းဆီးခံရသည့် သတင်းကို ထုတ်လွှင့်ဖို့ရာ ရွေးချယ်ခဲ့သည်။

ယခင် Star sky မှ ပြိုင်ပွဲဝင်များမှာ ထိုသတင်းကြောင့် အလွန် စိတ်လှုပ်ရှားခဲ့ကြသည်။

သူတို့အား အချိန်အတော်ကြာ ညှင်းပန်းနှိပ်စက်ခဲ့သည့် တရားခံအစစ်မှာ နောက်ဆုံးတွင်တော့ ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သည်။

သူတို့ တကယ်ကို ဒုတိယအခွင့်အရေး ရခဲ့တာပဲ။

ဤသည်မှာ ၎င်းတို့ယခင်က မတွေးရဲဖူးသည့် အရာဖြစ်လေသည်။ ရွှီချဲ ၎င်းတို့၏ ကိုယ်တီးလုံး ပုံများအား ရိုက်ယူပြီးနောက် သူတို့သည် သူတို့၏ အနာဂတ်မှာ ပျက်စီးသွားခဲ့ပြီဟု တစ်ချိန်က ထင်ခဲ့လေသည်။

မိန်းကလေးများ မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာကာ သူတို့၏ လွတ်လပ်မှုအား အောင်ပွဲခံနေကြလေသည်။

စုန့်ယွီနင်ကဲ့သို့ ပြိုင်ပွဲဝင်များမှာ ကြည့်နေကြကာ သူတို့၏ နှလုံးသားများမှာ ဂုဏ်ပြုစကားများနှင့် ပြည့်နေလေသည်။ အဓမ္မပြည့်တန်ဆာ လုပ်ငန်းအား ကြုံတွေ့ခဲ့ရသော်ညား ၎င်းတို့ အားလုံးသည် မိန်းကလေးများဖြစ်ကာ ၎င်းတို့ အချင်းချင်းအတွက် စာနာစိတ်အပြည့်ရှိလေသည်။

သူတို့၏ အတိတ်နှင့် လိင်အသားပေးအကများအတွက် မည်သူမှ နှိမ့်ချဆက်ဆံမည် မဟုတ်ပေ။ ဤ လေ့ကျင့်ရေးနေရာ၌ လူတိုင်းမှာ ညီတူညီမျှပင်ဖြစ်သည်။ ကြိုးစားမှုနှင့် စွမ်းရည်သာလျှင် သူတို့အား ဆုံးဖြတ်ပေးနိုင်မည် ဖြစ်သည်။

ရှလုလုသည် သူမ၏ မျက်လုံးထဲမှ မျက်ရည်အား သုတ်လိုက်ကာ စင်ပေါ်ရှိ ဒါရိုက်တာအား မေးလိုက်သည်။

“ဒါရိုက်တာကျန်း နောက်အပတ်က အဖွဲ့ပွဲဦးထွက်မဲ့ အပတ်လေ၊ ရှလောင်ရှီးရော ရှိနေမှာလား”

မိန်းကလေးများသည် ဒါရိုက်တာကျန်းအား ကြည့်နေကာ အဖြေအား သိချင်နေကြလေသည်။

ဇိမ်ခံသင်္ဘော မတော်တဆမှုပြီးနောက် ရှချန်းချန်းမှာ ရှိုးအား ဟုန်ပေါ်ချောင်ဆီသို့ ပေးခဲ့ကာ ပြိုင်ပွဲဝင်များ သူမအား မမြင်ရသည်မှာ အချိန်အတော် ကြာခဲ့ပြီဖြစ်သည်။

ဟုန်ပေါ်ချောင် တာဝန်လွဲလိုက်စဥ် ရိုက်ကူးရေးနေ့အား တွေးလိုက်ချန်တွင် ရှချန်းချန်းသည် စင်မြင့်ပေါ်၌ ရပ်နေကာ သူမသည် ရင်းနှီးမြုပ်နှံသူ တစ်ဦးဖြစ်သည်ကို ကြေညာပြီး သူမသည် ရှိုး၏ စည်းမျဥ်းများအား ပြောင်းလဲမည်ဖြစ်ကြောင်း လူတိုင်း၏ အရှေ့၌ ကြေညာလေသည်။

ထိုစိတ်အားထက်သန်သည့် မြင်ကွင်းမှာ သူတို့၏ နှလုံးသားထဲတွင် ထာဝရပဲ့တင် ထပ်နေမည်ဖြစ်သည်။

အကယ်၍ မင်း နာမည်မကြီးလျှင်တောင် မင်းသာ ကောင်းမွန်သင့်သလောက်ကောင်းမွန်ပြီး ကြိုးစားသင့်သလောက် ကြိုးစားလျှင် ရှိုး၌ ဆက်ရှိနိုင်မည်ဖြစ်သည်။

ဤရှိုးသည် နာမည်ကြီးသည့် ပြိုင်ပွဲဝင်များအား အဆင့်တင်ပေးမည် မဟုတ်သကဲ့သို့ ကြိုးစားသည့်သူများအားလည်း ချန်ထားခဲ့မည် မဟုတ်ပေ။

နှစ်လကျော်လောက် ကုန်ဆုံးသွားပြီဖြစ်ကာ ဤသည်မှာ ရှချန်းချန်း ၎င်းတို့၏ ရလာဒ်များအား မြင်ရမည့် အချိန်ပင်ဖြစ်သည်။

ပြိုင်ပွဲဝင်များ အားလုံးသည် ဒါရိုက်တာကျန်းအား မျှော်လင့်တကြီး ကြည့်နေကြလေသည်။

ဒါရိုက်တာကျန်း၏ မျက်နှာမှာ ဝေခွဲမရဖြစ်နေလေသည်။

သူသည် ရှချန်းချန်းမှာ တျန့်ရှန်း၏ ဥက္ကဋ္ဌဖြစ်သည်ကို သိသည် လူအနည်းစုထဲမှ တစ်ဦးဖြစ်သည်။ ထိုကဲ့သို့ အင်အားကြီး ပုဂ္ဂိုလ်မှာ အလွန်အလုပ်များမည်ပင် ဖြစ်သည်။ သူမ လာမည်၊ မလာမည်အား သူ အဘယ်ကဲ့သို့ သိမည်နည်း။

အနီးအနားရှိ ဂီတသင်ကြားရေး ဆရာ ကျင်ရိဖန်မှာ သယ၏ မေးအား ပွတ်သပ်နေရင်း

“ရှန်းကျယ်က ထုတ်လုပ်ရေးပြီးသွားတော့ မကြာခင် ထုတ်လွှင့်တော့မယ် ထင်တယ်၊ ငါထင်တာတော့ ရှချန်းချန်းက အတော်လေး အလုပ်များနေတာ သူမမှာ အချိန်မရှိလောက်ဘူး”

ရှလုလု၏ အခြားသူများမှာ အကြည့်အား လျှော့ချလိုက်ကြပြီး သူတို့၏ အမူအယာများမှာ စိတ်ပျက်လက်ပျက် ဖြစ်နေလေသည်။

“ဒါပေမဲ့ ငါရှိနေပေးမှာပါ”

ကျင်ရိဖန် အားပေးလိုက်သည်။

“ငါမင်းတို့ကို မျှော်လင့်နေပါ့မယ် မျှော်လင့်နေပါ့မယ်”

ပြိုင်ပွဲဝင်များသည် မော့ကြည့်လိုက်ပြီး ကျင်ရိဖန်အား ကြည့်လိုက်ကာ သူတို့၏ မျက်လုံးမှာ နီရဲနေပြီး သူ့အား မကြည့်သည့် အကြည့်နှင့် ကြည့်နေကြလေသည်။

ကျင်ရိဖန်: “....”

“ဟေး ဟေး ဟေး အဲအကြည့်တွေက ဘာလဲ”

ကျင်ရိဖန် ဒေါသထွက်သွားလေသည်။

“ဘာပဲဖြစ်ဖြစ် ငါက မင်းတို့ရဲ့ ဂီတဆရာပဲလေ”

ပြီးနောက် သူသည် ထန်ဝေ့လော့အား ဘေးသို့ဆွဲခေါ်လိုက်သည်။

“ပြီးတော့ လော့လော့၊ ငါတို့ ဆရာနှစ်ယောက်က သူတို့နဲ့အတူ နှစ်လလုံးလုံး အတူရှိနေခဲ့တာကို၊ ငါတို့တွေက တစ်နေ့ပဲ လာသွားတဲ့ ရှချန်းချန်းနဲ့ မယှဥ်နိုင်ဘူးလား”

စတူဒီယိုထဲတွင် နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့သည်။

ကျင်ရိဖန်: “ဟေး ဟေး ဟေး”

ကျင်ရိဖန်သည် အလွန်ပင် မကျေမနပ်ဖြစ်သွားကာ ပြိုင်ပွဲဝင်များ၏ ချစ်ခင်မှုကို ရရန်အတွက် ဆက်လက်ယှဥ်ပြိုင်နေခဲ့သည်။

သို့ပေမဲ့ သူသည် ထန်ဝေ့လော့ သည်လည်း တိတ်ဆိတ်နေသည်ကို သတိထားမိသွားလေသည်။ သူသည် သူနှင့် လက်ကိုင်ထားရာမှပင် လွှတ်လိုက်ကာ ပြိုင်ပွဲဝင်များဘက်သို့ ပိုတိုးကပ်နေလေသည်။

ကျင်ရိဖန်: ???

ကျင်ရိဖန်သည် ထန်ဝေ့လော့၏ အင်္ကျီအစအား ဆွဲလိုက်ကာ သူ၏ မျက်လုံးများမှာ တောက်ပနေလေသည်။

“လော့လော့ ငါမင်းကို နောက်ထပ်ရွေးချယ်ဖို့ အခွင့်အရေး ပေးမယ်၊ ငါ့ကို အဖြေကောင်းကောင်းလေး ပြန်ပေးပါ၊ တကယ်လို့ ကမ္ဘာကြီးမှာ ငါနဲ့ ရှချန်းချန်းပဲ ကျန်တော့မယ်ဆိုရင် မင်းဘယ်သူကို ရွေးမှာလဲ”

ထန်ဝေ့လော့သည် ရှုပ်ထွေးနေပြီး ပြောဖို့ရာ ခက်နေလေသည်။

“ကျင်လောင်ရှီး တကယ်လို့ တစ်ကမ္ဘာလုံးမှာ မင်းပဲ ကျန်တော့မယ်ဆိုရင်တောင်မှ ငါမင်းကို ရွေးမှာ မဟုတ်ဘူး”

ရှချန်းချန်းရှိနေသည့် အခြေအနေကိုတော့ ပြောစရာပင်မလိုပေ။

ကျင်ရိဖန်: ???

စတူဒီယို အတွင်းရှိ မိန်းကလေးအယောက်နှစ်ဆယ်လုံးမှာ ကြက်သွန်ဖြူ ထောင်းသကဲ့သို့ ခေါင်းညိတ်ကြလေသည်။

ပြိုင်ပွဲဝင်များ: ထန်လောင်ရှီးပြောတာ အမှန်ပဲ၊ ရှချန်းချန်းရှိနေတဲ့ဟာကို လောင်ရှီးကိုက ဘာလုပ်ပေးရမှာလဲ။

လောင်ရှီးကျင်သည် အလွန်ကောင်းသော်ညား ချန်းကျဲသည် အကောင်းဆုံးဖြစ်နေဆဲဖြစ်သည်။

ချန်းကျဲက အကောင်းဆုံးပဲ။

ကျင်ရိဖန်သည် သူဓါးနှင့် အကြိမ်ပေါင်းများစွာ အထိုးခံလိုက်ရသကဲ့သို့ ခံစားနေရကာ သူ၏ ရင်ဘတ်ထဲမှ သွေးများထွက်လာခဲ့သည်။

ပင်ပန်းသွားပြီလား။ ထပ်မချစ်နိုင်တော့ဘူးလား။

Chapter 86

ကျန်းချန်၌ လတ်တလော မိုးအနည်းငယ် ရွာသွန်းခဲ့ပြီး ဆောင်းရာသီ၏ အေးမြမှုအား ယူဆောင်ပေးခဲ့လေသည်။ နိုဝင်ဘာလပင် ရောက်ရှိလာပြီဖြစ်ကာ လတစ်လ၏ အမျှော်လင့်ထားဆုံး ကိစ္စတစ်ခုမှာ သေချာပေါက် “Galaxy Girls” ၏ ပွဲဦးထွက်ညပင် ဖြစ်သည်။

ဒါရိုက်တာကျန်းသည် လိမ်ညာသူများကိုဖော်ထုတ်သူ နာမည်ကျော်ကြားမှုအား အသုံးချကာ “Galaxy Girls” အား သေးငယ်သည့် အွန်လိုင်းရသစုံရှိုးလေးမှ တစ်ဆင့် ကြီးမားသည့် အောင်မြင်မှုကြီး အဖြစ်သို့ မြှင့်တင်နိုင်ခဲ့လေသည်။ ကြေညာရှင်များသည် ဒါရိုက်တာကျန်းဆီသို့ နေ့စဥ်လာရောက်နေကြကာ သူ၏ ရုံခန်းတံခါးပင် ပျက်မတတ်ပင်ဖြစ်သည်။

ဒါရိုက်တာကျန်းမှာ ပျော်ရွှင်မှုနှင့် တောက်ပနေလေသည်။ ပရိတ်သတ်မဲပေးမှုနှင့် ဖျော်ဖြေမှုများမှ ရသည့် ဝင်ငွေများအား ထည့်မတွက်လျှင်ပင် ကြေညာခများမှာ သူတို့အား အဆပေါင်းများစွာ ရှာပေးခဲ့ပြီးဖြစ်သည်။

ရှိုး၏ ရေပန်းစားမှုမှာ ကျန်ရှိနေသေးသည့် ပြိုင်ပွဲဝင်များအားလည်း မြှင့်တင်ပေးခဲ့သည်။

ယခုနှစ် ပြိုင်ပွဲဝင်များမှာ စင်နောက်ကွယ်မှ ရင်းနှီးမြုပ်နှံသူများ၏ ထိန်းချုပ်မှုမှ ကင်းလွတ်ကာ သယတို့၏ ကိုယ်ပိုင်အရည်အချင်းကိုသာ အားကိုးရလေသည်။ ပရိတ်သတ်များအား ပြသထားသည့် ကသည့် ဗီဒီယိုဖြစ်စေ သီချင်းဆိုနေသည့် ဗီဒီယိုဖြစ်စေ ရိုးရှင်းစွာဖြင့် စိတ်လှုပ်ရှားစရာကောင်းနေလေသည်။

[ အား ငါတို့ရဲ့ အိုင်ဒေါတွေက ဒီလောက်တောင် အံ့ဩစရာကောင်းတာလား]

[အရေအသွေးက အတော်လေးကောင်းလွန်းတာပဲ၊ သူတို့တွေက ဟန်နိုင်ငံက သူတွေနဲ့ကို ယှဥ်နိုင်တယ်]

[သူတို့ရဲ့ အဖွဲ့တိုက် အကကိုကြည့်ပါဦး အဲဒါက သပ်ရပ်ရုံတင် မကဘူး ကောင်မလေးတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်အပိုင်းရှိတယ် အရမ်းလှတာပဲ။

[ ဗိုက်ကြွက်သားတွေကို ကြည့်လိုက်ဦး၊ အိုး ဟားဟားဟား သူမက ချစ်စရာကောင်းတဲ့ ကောင်မလေးမဟုတ်ပဲ မိမိုက်တဲ့ ကောင်မလေး ဖြစ်နေခဲ့တာပဲ]

[ရှလုလု နောက်ပြန်ကြည့်လိုက်တာက အရမ်းမိုက်တာပဲ၊ ဟန်နီ ငါ့ကိုကြည့်ပါ ငါ့ကိုကြည့်ပါ]

[ဖန်းရော့ရော့က တကယ်တော့ ချစ်စရာကောင်းနေတာပဲ၊ အဲမိမိုက်ပြီးတော့ လွှမ်းမိုးနိုင်တဲ့ မိန်းကလေးက ငါ့ကို သူမရဲ့ ချစ်စရာကောင်းမှုတွေနဲ့ သတ်နေတာပဲ]

[ငါကတော့ ဒီနှစ် မိန်းကလေးအဖွဲ့ရဲ့ ဖျော်ဖြေမှုတွေက အရင်နှစ်က ထန်ဝေ့လော့ထက်တောင် သာတယ်လို့ ထင်တာပဲ]

[အမှန်ပဲ၊ သူတို့တွေ ဖျော်ဖြေရေးမှာ နှလုံးသားနှစ်ထားသ၍ ငါတို့ရဲ့ တရုတ်အိုင်ဒေါတွေကလည်း တခြားအိုင်ဒေါတွေထက် ဆိုးမနေပါဘူး]

[ဝိုး ဒီမိန်းကလေးတွေက အတော်လေး တော်ကြတာပဲ၊ ငါကတော့ Galaxy Girls ဘက်ကို ပြောင်းတော့မယ်]

“Galaxy Girls” သည် နောက်ပိုင်းတွင် လူကြိုက်အများဆုံး ရသစုံရှိုးတစ်ခု ဖြစ်လာခဲ့သည်။

ဒါရိုက်တာကျန်းသည် ရေပန်းစားရှာဖွေမှုအတွက်ပင် ဝယ်ယူစရာမလိုပေ။

“Galaxy Girls” ပါဝင်သည့် ရှာဖွေမှုများမှာ နေ့စဉ်ရေပန်းစား စာရင်းတွင် ပါနေကာ ထိုရှာဖွေမှုများမှာ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုသည် ပရိတ်သတ်များထံမှ အလိုအလျောက် ရရှိလာခြင်းဖြစ်သည်။

အားလုံးထဲမှ စုန့်ယွီနင်နှင့် ရှလုလုကြားမှ ထိပ်ဆုံးအဆင့်အား မည်သူ ရမည်ဆိုသည့် ကိစ္စမှာ စိတ်ဝင်စားစရာပင် ဖြစ်သည်။ ထန်ဝေ့လော့၏ ပထမအဆင့် ဖျော်ဖြေမှုမှာ ထူးခြားသည့် အောင်မြင်မှုတစ်ခုဖြစ်သော်ညား အခြား ပြိုင်ပွဲဝင်များ အကြားရှိ ပြင်းထန်သည့် ယှဥ်ပြိုင်မှုများမှာလည်း အတော်လေး စိတ်ဝင်စားစရာကောင်းလေသည်။

[နင်နင်ကို အားပေးနေပါတယ်၊ ငါတို့ နင်နင်က အကောင်းဆုံးပဲ]

[လုလု ယုံကြည်ချက်ရှိရှိနဲ့ ကြိုးစားပြလိုက်ပါ၊ လုလုရဲ့ ပရိတ်သတ်တွေက လုလုနဲ့အတူ အမြဲရှိနေမှာပါ]

Galaxy Girls ၏ ကြီးမားသည့် အောင်မြင်မှုမှာ ရှချန်းချန်း၏ အောင်မြင်မှုအားလည်း လျင်မြန်လာစေခဲ့သည်။

သူမ ပြန်လည်ပေါ်ပေါက်လာချိန်မှစ၍ ရှချန်းချန်းသည် ရင်းနှီးမြုပ်နှံသူအနေနှင့် ပရောဂျက်နှစ်ခုအား ရင်းနှီးမြုပ်နှံခဲ့ကာ စိတ်ကူးယဥ်ရုပ်ရှင် “ရှန်းကျယ်” ကြေညာနှင့် အနုပညာဆိုင်ရာ အရည်အချင်းများပေါင်းစပ်ထားသည့် ရသစုံရှိုး “Galaxy Girls” တို့ပင်ဖြစ်သည်။

“ရှန်းကျယ်” သည် ထုတ်လုပ်ပြီးနောက်ပိုင်းတွင် ရှိနေဆဲဖြစ်သော်ညား ရေဒီယိုနှင့် ရုပ်မြင်သံကြားအဖွဲ့အစည်းမှ အမိုက်စားအပိုင်းများအား သုံးသပ်ထားပြီးဖြစ်ကာ မြင့်မားသည့် အဆင့်သတ်မှတ်ချက် ပေးထားပြီး နွေဦးပွဲတော်၌ ထုတ်လွှင့်ရန် စီစဥ်ထားလေသည်။

ဤထုတ်လုပ်မှုမှာ ရှချန်းချန်း၏ ပရိုဂျူဆာ တစ်ယောက်အနေနှင့် အရည်အချင်းအား သက်သေပြပေးမည် ဖြစ်သည်။

ရှချန်းချန်းသည် ထုတ်လုပ်ရေးတွင် များစွာ မပါဝင်သည်ကို လူတိုင်းသိသော်ညား ဤသည်မှာ သူမ၏ အမြော်အမြင်ရှိမှုအား ဆုံးဖြတ်ပေးမည် ဖြစ်သည်။

အချို့သော ရုပ်ရှင်ဝေဖန်ရေးသမားများသည် ရှချန်းချန်း၏ ရုပ်ရှင်မှာ Box office ၌ အနည်းဆုံး ယွမ်သုံးဘီလီယံကျော် အမြတ်ရမည်ဟု ခန့်မှန်းထားလေသည်။ ရင်းနှီးမြုပ်နှံသူနှင့် ပရိုဂျူဆာ တစ်ဦးအနေနှင့် ရှချန်းချန်း အနည်းဆုံး ယွမ်တစ်ဘီလီယံလောက် အမြတ်ရမည် ဖြစ်သည်။

ပြီးနောက် လတ်တလော နာမည်ကြီးနေသည့် “Galaxy Girls” ရှိလေသည်။ မိန်းကလေးများ၏ မဆုံးနိုင်သည့် အမှတ်တံဆိပ် ကြေညာများနှင့် ဒါရိုက်တာကျန်း၏ မဆုံးနိုင်သည့် အပြုံးအားကြည့်၍

ဒီရှိုးက ဆုံးရှုံးသွားမယ် ဆိုတာရော ဟုတ်ရဲ့လား။

ရွှီချဲ၏ ဂုဏ်သိက္ခာမှာ ပျက်စီးသွားသော်ညား ရှိုးမှာ လူသိများလာခဲ့ပြီး လော့ဟိန်ထောင်ထဲ၌ ရောက်နေချိန်တွင် ရှိုးမှာ ဆက်လက် နာမည်ကြီးနေဆဲဖြစ်သည်။

ဘယ်လိုတောင် မိုက်လွန်းတဲ့ ရသစုံရှိုးလဲ။ ပိုက်ဆံအများဆုံး ရနေတဲ့သူကတော့ ရှချန်းချန်းပဲ ဖြစ်ရမယ်။

[ဘုရားရေ ငါ့ရဲ့ ချန်းကျဲက နာမည်ကြီးတစ်ယောက် မဟုတ်ဘူး၊ သူမက ကြွယ်ဝခြင်းနတ်ဘုရားမပဲ]

[ရှလုပ်ငန်းစုက ရှယ်ယာတွေ ရှန်းကျယ်ရဲ့ Box Office က ဝင်ငွေတွေ ပြီးတော့ Galaxy Girls ကရတဲ့ ကြေညာခတွေ၊ ချန်းကျဲ ကျဲနောက်ကျရင် ဘာတွေအပေါ်မှာ ရင်းနှီးမြုပ်နှံဦးမှာလဲ၊ ငါလည်း ရင်းနှီးမြုပ်နှံချင်တယ်]

[တစ်နှစ်အတွင်းမှာပဲ ချန်းကျဲက လုံးဝအမည်ပျက်စာရင်းသွင်းထားတဲ့ အဆင့် ၁၈ အွန်လိုင်း နာမည်ကြီးအဆင့်ကနေ ကျန်းချန်ရဲ့ အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာခဲ့တာပဲ]

[ချန်းကျဲကို ယုံကြည်လိုက် မင်းတို့ ချမ်းသာလာနိုင်တယ်၊ ချမ်းသာတဲ့ အမျိုးသမီး စတစ်ကာများ]

[ချန်းကျဲက လူလွတ်ပဲမလား ချန်းကျဲက သူမရဲ့ လိင်ကို အရမ်းအလေးထားလွန်းနေတာပဲ ကျွန်မကိုကြည့်ပါ]

[ချန်းကျဲ ကျွန်မလည်း လုပ်နိုင်ပါတယ် မိန်းမ မိန်းမ]

ယခုတလောတွင် အင်တာနက်တစ်ခွင်မှာ ကံကောင်းသော ငါးကလေးအား ပြန်လည်မမျှဝေကြတော့ပေ။ အကယ်၍ မင်းပြန်လည်မျှဝေမည်ဆိုလျှင် ရုတ်တရက်ချမ်းသာသွားသည့် ချန်းကျဲကိုသာ ပြန်လည်မျှဝေလိုက်ပါ။ အဲဒါက ဘာကိုဆိုလိုတာလဲ ဆိုတော့ “သေးငယ်သည့် ပန်းတိုင်လေးအား ရောက်ရှိနိုင်လျှင် သန်းတစ်ရာမှာ ဘာမှ မခက်ခဲပေ”။

အများသူငှာ ပြောဆိုခြင်း၏ အလယ်၌ ရောက်နေသော်ညား ရှချန်းချန်း၏ ဘဝမှာ သက်သောင့်သက်သာရှိကာ သာယာနေလေသည်။

လွန်ခဲ့သောနေ့များ၌ ဘာမှလုပ်စရာမရှိ၍ သူမသည် လုယန်ရန်အား ဆွဲခေါ်ကာ သူတို့နှစ်ဦးသည် ရဟတ်ယာဥ်စီး၍ ပဲရစ်ရှိ ဖက်ရှင်ရှိုးအား ကြည့်ရန်အတွက်သွားပြီး ကြွက်သားအပြည့်နှင့် အမျိုးသားမော်ဒယ်များအား ကြည့်၍ ရင်ခုန်နေကြလေသည်။

ချမ်းသာသည့် အမျိုးသမီး၏ ဘဝမှာ လျင်မြန်စွာ ပြိုကွဲသွားလေသည်။

အွန်လိုင်းပေါ်က သူတွေအားလုံးက သူမကို အလုပ်ကြိုးစားတဲ့ ချမ်းသာတဲ့ အမျိုးသမီးလို့ ထင်နေကြတာလား။

မဟုတ်ပေ။ သူမသည် ရှဲ့ကျစ်ရှင်းကဲ့သို့ “လိပ်ဘုရင်” မဟုတ်ပေ။ သူမသည် ဘဝအား ပျော်ရွှင်စွာ ဖြတ်သန်းချင်ရုံသာဖြစ်သည်။

လတစ်ဝက်ကြာ အနားယူပြီးနောက် ရှချန်းချန်းသည် လုံးဝပင်ပျင်းရိနေကာ နောက်ဆုံးတွင်တော့ အပိုအပိုင်းအား ဖွင့်လိုက်လေသည်။ “ပြန်လည်မွေးဖွားပြီးတဲ့နောက် ငါက ဖျောဖြေရေးနယ်ပယ်မှာ နာမည်ကြီးဖြစ်သွားခဲ့တယ်” ဆိုသည့် စနစ်မှ သူမအား မကြာခင်မှ ပေးထားသည့် စာအုပ်ပင်ဖြစ်သည်။

ဟုတ်တယ် သူမနေထိုင်သည့် ဝတ္ထုကမ္ဘာ၏ အပိုအပိုင်းဖြစ်သည်။

ဝတ္ထု၏ အဓိကနောက်ဆုံး ဇာတ်ကြောင်းမှာ ယဲ့ရှီဝမ်၏ ရုပ်ရှင် “The Secret of Immortals” ဖြစ်ပြီး ရုပ်ရှင်ပွဲတော်၌ အဆုံးအဖြတ်ခံယူကာ သူမ၏ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုအား ရခဲ့လေသည်။ ဤသည်မှာ သူမ၏ အသက်မွေးဝမ်းကြောင်းနှင့် အချစ်ရေးအတွက် နှစ်ဆအောင်မြင်မှုအဖြစ် မှတ်တမ်းတင်ခဲ့လေသည်။

သို့ပေမဲ့ ခေတ်သစ်ကမ္ဘာ၌ မုန့်ရှင်း၏ မမွေးသေးသည့် ကလေးပျောက်ဆုံးသွားခြင်းကြောင့် ယဲ့ရှီဝမ်၏ အချစ်မှာ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့သည်။ “ The Secret of Immortals” မှာ သူမနှင့် ဘာမှမသက်ဆိုင်ကာ သူမ၏ သရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့ရာ အိမ်မက်မှာ ပျက်စီးသွားလေသည်။

အဓိကဝတ္ထုဇာတ်ကြောင်းမှာ လုံးဝ နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။

ရှချန်းချန်း ပျင်းနေကာ ဇာတ်ဆောင်များ၏ လှည့်ကွက်များအား အဓိပ္ပါယ်ဖွင့်ဆိုထားသည့် အပိုင်းပိုများအား လှန်လောကြည့်နေသည်။

သူမသည် မူးဝေခါနီးပင် ဖြစ်လာချိန်တွင် သူမ၏ ဖုန်းမှာ မြည်လာခဲ့ပြီး သူမအား အဖွဲ့စကားပြောဝိုင်း တစ်ခုထဲသို့ ထည့်လိုက်ခြင်းဖြစ်သည်။

နောက်အပတ်မှာ “Galaxy Girls” ၏ ပွဲဦးထွက်ညပင်ဖြစ်ပြီး ပြိုင်ပွဲဝင်တိုင်းအတွက် အမှန်တကယ်ပင် ခမ်းနားသည့် အချိန်ပင်ဖြစ်သည်။ ဒါရိုက်တာကျန်းသည် ရှားပါသည့် ကြင်နာမှုများအားပြကာ ပြိုင်ပွဲဝင်များ၏ ဖုန်းအား ပြန်ပေးခဲ့ပြီး လက်မှတ်နှစ်စောင်စီပေးကာ ၎င်းတို့၏ မိသားစုဝင်များနှင့် သူငယ်ချင်းများအား ဖိတ်ခေါ်ရန် ခွင့်ပြုပေးခဲ့သည်။

ပြိုင်ပွဲဝင်များ ၎င်းတို့၏ ဖုန်းအား ပြန်ရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ရှချန်းချန်းအား အဖွဲ့စကားပြောဝိုင်းထဲသို့ ထည့်လိုက်ကာ သူများ တက်ရောက်ဖို့ရာအတွက် စိတ်အားထက်သန်စွာ ဖိတ်ကြားခဲ့သည်။

ရှလုလု: [ရှလောင်ရှီး လောင်ရှီး အဖွဲ့ဝင်တွေ ရွေးချယ်တဲ့ ညကျရင် လာမှာလား၊ အားလုံးက လောင်ရှီးကို အရမ်းလာစေချင်နေကြတာ]

ဒါရိုက်တာကျန်း: [အဖွဲ့ဝင်ရွေးချယ်တဲ့ ညမှာ ဖျော်ဖြေမဲ့ လုလုရဲ့ တစ်ကိုယ်တော် ဖျော်ဖြေရေးက မင်းအတွက် သီးသန့်လုပ်ပေးထားတာလို့ ကြားတယ်၊ ရှလောင်ရှီး လာပြီး ကြည့်လိုက်ပါ]

ထန်ဝေ့လော့: [ဝိုး ငါတော့ စိတ်လှုပ်ရှားနေပြီ]

ဖန်းရော့ရော့: [ရှလောင်ရှီး နင်နင်လည်း ရှလောင်ရှီးအတွက် အကပြင်ဆင်ထားတယ်လို့ ပြောတယ်၊ သူမက လောင်ရှီးကို အတော်လေးလာစေချင်နေတာ လုပ်ပါ]

စုန့်ယွီနင်: [???]

စုန့်ယွီနင်: [ငါ့မှာ ပြင်ထားတာမရှိတာမဟုတ်ဘူးလေ၊ ဖန်းရော့ရော့ တိတ်တိတ်နေ]

ရှချန်းချန်းသည် အဖွဲ့လိုက်စကားပြောဝိုင်းအား ကြည့်၍ မရယ်ပဲမနေနိုင်ပေ။

အဖွဲ့ဝင်ရွေးချယ်သည့် ည၌ ပြိုင်ပွဲဝင်များ၏ ကုမ္ပဏီများအား ဖိတ်ကြားထားပြီး မီဒီယာမိတ်ဆွေ တော်တော်များများကိုလည်း ဖိတ်ကြားထားလေသည်။ “တျန့်ရှန်း ကိုယ်စားလှယ်” နှင့် “လိမ်ညာသူများကို ဖော်ထုတ်သူ” နှစ်ဦးစလုံးမှာ ဖိတ်ကြားခံထားရသည်။ ထိုကြောင့် ရှချန်းချန်းမှာ ဖိတ်ကြားမှု နှစ်ခုရှိနေပြီးသား ဖြစ်သည်။

သို့သော်ညား “ယွီကွမ်း” မှာ ရုံတင်ပြသတော့မည် ဖြစ်ကာ အကြိုကြည့်ရှူမှုကို လုပ်မည့်နေမှာ “Galaxy Girls” အဖွဲ့ဝင် ရွေးချယ်သည့် ညနှင့် တစ်ညတည်းပင် ဖြစ်နေလေသည်။

လုယန်ရန်သည် သူတို့နှစ်ဦး ပဲရစ်သို့သွားချိန်တွင် ရှချန်းချန်းအား အကြိမ်ပေါင်းများစွာ အကြိုပြသမှုအကြောင်းအား ပြောခဲ့လေသည်။

အား မသွားရင် မျက်နှာပျက်စရာပဲ။

“ယွမ်ကွမ်း” သည် ရှေးပဒေသရာဇ်စနစ်နှင့် အနာဂတ်နည်းပညာကြားရှိ တိုက်ဆိုင်မှု ဇာတ်လမ်းအား ပြောပြလေသည်။ စက်ဆုပ် အမျိုးသမီးဇာတ်ဆောင်သည် မျိုးစုံ ပျောက်ကွယ်လုနီးပါးဖြစ်သည့် အမျိုးသားဇာတ်ဆောင်အား ကယ်တင်ရန်အတွက် အနာဂတ်မှ အတိတ်သို့ ပြန်သွားခဲ့လေသည်။

နောက်ပိုင်းတွင်တော့ အမျိုးသမီးဇာတ်ဆောင်မှာ သူ့အား ကယ်တင်းရင်း သေဆုံးသွားခဲ့သည်။ အမျိုးသားဇာတ်ဆောင်သည် အမျိုးသမီးဇာတ်ဆောင်၏ ခရီးအား ရပ်တန့်ရန်အတွက် အချိန်ခရီးသွားစက်မှ တစ်ဆင့် အနာဂတ်သို့ တစ်ဖန်ပြန်သွားလေသည်။

ဤသည်မှာ ထပ်ခါထပ်ခါဖြစ်နေသည့် အချိန်ကာလတစ်ခုအား ရိုက်ကူးထားသည့် ရုပ်ရှင်ပင်ဖြစ်သည်။ ရှချန်းချန်းသည် ဝတ္ထုအား စိတ်ဝင်စားခဲ့ပြီး ၎င်းကိုကြည့်ရှုရန်အတွက် အကြိုကြည့်ရှုမှုအား အခွင့်ကောင်းယူရန်အတွက် စီစဥ်ခဲ့လေသည်။

ဒါပေမဲ့ ညီအစ်မတွေရဲ့ ပွဲဦးထွက်ညကလည်း အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတယ်။

သူမ ဘာရွေးရမလဲမသိ ဖြစ်နေလေသည်။

ထိုအချိန်တွင် ဒါရိုက်တာကျန်းမှာ ရုတ်တရက် ရှချန်းချန်းအား ပွဲဦးထွက်ညအတွက် VIP စာရင်း ဓါတ်ပုံအား ပေးပို့လာခဲ့သည်။

အဓိက VIP ဧည့်သည်များမှာ မီဒီယာသတင်းထောက်များ၊ ဖျော်ဖြေရေး ကုမ္ပဏီများ၊ ကြေညာရှင်များနှင့် အစရှိသည်တို့ ဖြစ်သည်။ စာရင်းအား ပြင်ဆင်ထားသော်ညား VIP ဧည့်သည်တစ်ဦးစီတိုင်းသည် အဖော် တစ်ဦး မဟုတ် နှစ်ဦးအား ခေါ်ဆောင်လာနိုင်လေသည်။

ရှချန်းချန်းသည် ဖျော်ဖြေရေး ကုမ္ပဏီစာရင်းအား ကြည့်ကာ သူမ၏ မျက်လုံးများ တောက်ပလာလေသည်။

ရုတ်တရက် သူမသည် ဖရဲသီးတစ်လုံးအား အနံ့ရလိုက်လေသည်။

Galaxy Girls အဖွဲ့၏ ပြိုင်ပွဲဝင်များမှာ ရှချန်းချန်းအား စိတ်အားထက်သန်စွာ ဖိတ်ခေါ်နေကြဆဲဖြစ်သည်။

ကျင်ရိဖန် ရုတ်တရက်ပေါ်လာကာ :[ လုယန်ရန် ကအခုလေးတင်ပဲ ငါ့ကို ရှချန်းချန်းက ယွမ်ကွမ်းရဲ့အကြိုပြသမှုကို တက်ရောက်မယ်လို့ပြောတယ်၊ ကြည့်ရတာတော့ သူမအဖွဲ့ဝင် ရွေးချယ်တဲ့ညကို မလာနိုင်လောက်ဘူးထင်တယ်]

အဖွဲ့မှာ ငိုနေကာ ကျင်ရိဖန်သည် သူ၏လက်အား အောင်ပွဲခံကာ ပွတ်သပ်လိုက်သည်။

ဟီးဟီးဟီး ဘယ်သူက မင်းတို့ကို ငါ့ကိုကျော်ပြီး ငါ့ဝမ်းကွဲရဲ့ ဇနီးကိုရွေးဖို့ ပြောလို့လဲ။ အခုတော့ ငါ့ဝမ်းကွဲဇနီးက မလာနိုင်တော့ဘူး။ ဟီးဟီးဟီးဟီး။

ရှချန်းချန်းသည် ရုတ်တရက် စာပြန်လိုက်သည်။ :[ ညီအစ်မတွေရဲ့ စင်မြင့်က အရေးကြီးတယ်လေ၊ ငါသေချာပေါက် သွားရမှာပေါ့]

ကျင်ရိဖန်: ???

သေချာပေါက် အဖွဲ့ဝင်ရွေးချယ်သည့်နှင့် အကြိုပြသမှု အကြားရွေးချယ်ရန် ခက်ခဲ့လေသည်။

သို့ပေမဲ့ ဖရဲသီးရှိနေခဲ့လျှင် ဖရဲသီးမှာ ပထမဦးစားပေးသာဖြစ်သည်။

ကျင်ရိဖန်သည် ရှချန်းချန်းအား တိုက်ရိုက် ဆက်သွယ်လိုက်သည်။ :[ မရီး မရီး လုယန်ရန်ကို ကတိပေးခဲ့တယ် မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်လို့ သူမဆီကို မသွားရဲရတာလဲ၊ ပြီးတော့ လုယန်ရန်ပြောတာ ယွီကွမ်းက တအားကောင်းတာတဲ့]

ရှချန်းချန်းသည် စိတ်ဆင်းရဲနေသည့် အီမိုဂျီအား ပို့လိုက်ကာ :[ မင်းပြောတာ အဓိပ္ပါယ်ရှိတယ် တစ်ယောက်ယောက်ဆီကို မသွားလိုက်တာက မကောင်းဘူး]

ကျင်ရိဖန် လှည့်ကာ ပြောလိုက်သည်။ :[အမှန်ပဲ မရီး ကိုယ့်စကားကိုယ် တည်သင့်တယ်၊ မရီး အဖွဲ့ဝင်ရွေးချယ်တဲ့ညနဲ့ အကြိုကြည့်ရှုမှု နှစ်ခုထဲက တစ်ခုကိုပဲ ရွေးလို့ရမယ်]

ရှချန်းချန်းသည် တစ်ခဏမျှ စဥ်းစားလိုက်ကာ [ဒါပေမဲ့ ကလေးတွေပဲ ရွေးချယ်မှုလုပ်တာလေ]

ရှချန်းချန်းသည် မှန်နေသကဲ့သို့ ပြောလေသည်။ [အရွယ်ရောက်ပြီးသားလူတွေကတော့ နှစ်ခုလုံးကို လုပ်ရမယ်]

ကျင်ရိဖန်: [???]

ကျင်ရိဖန်: [မရီး ကိုယ်ပွားဖန်တီးနိုင်လို့လား]

ရှချန်းချန်း: [ငါနှစ်ခုလုံးကို တက်လို့ရအောင်လို့ ဒရိုက်တာလျို့ကို ကြိုတင်ပြသတဲ့ အချိန်ကို ပြောင်းခိုင်းလို့ရတယ်လေ]

ကျင်ရိဖန်: [???]

လျို့ကျစ်မင်းသည်လည်း ကြိုတင်ပြသသည့် အချိန်အား ပြောင်းဖို့ရာ စဥ်းစားနေလေသည်။

“Galaxy Girls” သည် အလွန်ပင် နာမည်ကြီးလေသည်။ အကယ်၍ “Ultralight” နှင့် တိုက်နေမည်ဆိုလျှင် နာမည်ကြီးမှုအား ခိုးယူသကဲ့သို့ ဖြစ်သွားမည်မလား။ ထိုပရောဂျက်နှစ်ခုမှာ အမျိုးအစားမတူပေ။ ထိုကြောင့် ယှဥ်ပြိုင်နေစရာ အကြောင်းမရှိပေ။ အချိန်ခြားလိုက်တာက ပိုကောင်းမယ်မလား။

လျို့ကျစ်မင်းနှင့် ဒါရိုက်တာကျန်း နှစ်ဦးစလုံးမှာ ပြောင်းလဲမှုနှင့် ပတ်သက်၍ ပျော်နေကြလေသည်။

ကျင်ရိဖန် တစ်ဦးတည်းသာလျှင် စိတ်ပျက်သွားလေသည်။

ကျင်ရိဖန်: ဒါက ရင်းနှီးမြုပ်နှံမှုရဲ့ စွမ်းအားလား ငါတော့ သဘောမကျဘူး။

ကျင်ရိဖန်: ဒေါသတကြီးဖြင့် သူ၏ လက်ကိုင်ပဝါအား ကိုက်ထားလေသည်။

ထိုနေ့ နေ့လယ်ခင်း၌ ကျင်ရိဖန်သည် ရှချန်းချန်းအား ထပ်တွေ့လေသည်။

ရှဲ့လုပ်ငန်းစုသည် လတ်တလောတွင် ကြီးကြီးမားမား တိုးတက်နေ၍ ရှဲ့ကျစ်ရှင်းသည် စျေးဝယ်စင်တာ တစ်ခုအား ဝယ်ယူခဲ့လေသည်။ ရှဲ့ရှင်းယောင်၏ လက်ဝတ်ရတနာဆိုင်မှာ အစကောင်းခဲ့ကာ ချမ်းသာကြွယ်ဝသည့် အနုပညာရှင်များနှင့် အနုပညာရှင် များစွာဆီမှ ချီးကျူးခံခဲ့ရလေသည်။

စတိုးအသစ်၌ ကြယ်စုပုံစံ ဒီဇိုင်းရှိကာ ပြောင်လက်တောက်ပသည့် နေရာတစ်ခု ပါရှိလေသည်။ ရှဲ့ရှင်းယောင်၏ နောက်ဆုံးပေါ် ကြယ်စုလက်ဝတ်ရတနာ စုဆောင်းမှုနှင့်အတူ ထိုနေရာမှာ တောက်ပနေလေသည်။

ရှချန်းချန်းသည် ရှဲ့ရှင်းယောင်၏ ဒီဇိုင်းအားသဘောကျကာ ကြယ်စုပုံစံလက်ဝတ်ရတနာ ၁၂ set နှင့် ပုံ ၁၂ မျိုးဖြစ်ပြီး တစ်ခုစီတိုင်းမှာ ထူးခြားသည့် အသွင်ဆောင်လေသည်။ သူမသည် ထိုလက်ဝတ်ရတနာများအား ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။

“ဒီတစ်ခု လှတယ်”

“ဒီတစ်ခုကလည်း လှတာပဲ”

“တောက်ပနေတဲ့ ပစ္စည်းတွေက အကောင်းဆုံးပဲ တေက်ပနေတာလေးတွေ”

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ နောက်မှ လိုက်နေပြီး သူ၏ မျက်နှာမှာ ချစ်မြတ်နိုးမှုများနှင့် ပြည့်နှက်နေလေသည်။

“ဝယ်လိုက်”

“ဝယ်လိုက်”

“ဝယ်လိုက်”

ရှဲ့ကျစ်ရှင်း: ဇနီးလေးကြိုက်တာ အကုန်သာဝယ်။

ရှဲ့ရှင်းယောင်၏ စတိုးအသစ်မှာ နှစ်ထပ်ရှိလေသည်။ ဒုတိယထပ်မှာ ပစ္စည်းများ ပြင်ရန်အတွက်ဖြစ်ပြီး ပထမထပ်မှာ ကုန်ချောများအတွက် ဖြစ်သည်။ ဒုတိယထပ်မှာ အလွန်ပင်လျို့ဝက်သောကြောင့် နာမည်ကြီးများအနေနှင့် ၎င်းတို့၏ စိတ်ကြိုက်ပြုလုပ်ထားသည့် ပစ္စည်းများအား ဝယ်ယူချိန်တွင် ပါပါရာဇီများဆီမှ ဓါတ်ပုံအရိုက်ခံရမည်ကို စိတ်ပူစရာမလိုပေ။

ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းမှာ ဒုတိယအထပ်ရှိ ပြသထားသည့် ပစ္စည်းများအား ကြည့်နေကြလေသည်။ ကျင်ရိဖန်သည် ၎င်းတို့အနောက်မှ လိုက်ကာ ခွေးစာပါးစပ်အပြည့် အကျွေးခံနေရလေသည်။

မဟုတ်ဘူး အရင်တုန်းက သူ သူ့ရဲ့ဝမ်းကွဲက သူ့ဇနီးနဲ့ မတွဲနိုင်မှာကို စိုးရိမ်ခဲ့ဖူးတယ်။ သူ လေ့ကျင့်ရေးစခန်းမှာ တစ်လလောက်ပဲ အချိန်ဖြုန်းလိုက်တာ မဟုတ်ဘူးလား။ အဲဒါကို ဘယ်လိုဖြစ်လို့ သူ့ရဲ့ ဝမ်းကွဲက အချစ်ရူးဖြစ်သွားရတာလဲ။

ဒီအမြန်နှုန်းကြီးက ဒုံးပျံနဲ့တောင် ယှဥ်လို့ရတယ်။

ရှဲ့ရှင်းယောင်သည် သူ၏ ဘေးတွင် ရပ်နေကာ သူမ၏ မျက်နှာပေါ်တွင် အပြုံးရှိနေကာ ရှဲ့ကျစ်ရှင်း၏ ဒုံးပျံကဲ့သို့ အမြန်နှုန်းအား ကျေနပ်အားရနေခြင်းပင် ဖြစ်သည်။

ဒီလိုဖြစ်သင့်တာပဲ။ သူမရဲ့ တူလေးက အရမ်းချောတာလေ အဲဒါကို ရှချန်းချန်းနဲ့ မတွဲနိုင်ဘူးဆိုရင် ရှမိသားစုရဲ့ ချောမောလှပတဲ့ ဗီဇတွေကို ဖြုန်းတီးပစ်တာပဲမလား။ သူရဲ့ ချောမောလှပပြီးတော့ တင်းမာတဲ့ မျက်နှာအတွက် ဆုံးရှုံးမှုကြီးမလား။

သူတို့နှစ်ဦး အတော်လေး ချစ်မြတ်နိုးနေကြသည်ကို မြင်၍ ကျင်ရိဖန်သည် မကျေမနပ် နှုတ်ခမ်းဆူလိုက်ပြီး အမျိုးသားရင်ထိုးအား ညွှန်ပြလိုက်လေသည်။

“ဝမ်းကွဲအစ်ကို ကျွန်တော် ဒါလိုချင်တယ်”

ရှဲ့ကျစ်ရှင်းသည် လှည့်လာကာ ရင်ထိုးအား တစ်ချက်ကြည့်လိုက်ပြီး ချီးကျူးလိုက်သည်။

“မင်းမှာ အမြင်ကောင်းရှိတာပဲ၊ အဲဒါက အတော်လေးလှတယ်”

ကျင်ရိဖန်သည် အလွန်ဂုဏ်ယူနေသည့် ပုံပေါက်လေသည်။

တစ်ခဏမျှ စောင့်ပြီးနောက် ရှဲ့ကျစ်ရှင်းဆီမှ စကားပြန်ဘာမှမရလာခဲ့ပေ။ ကျင်ရိဖန်သည် မော့ကြည့်လိုက်ကာ ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်းအား အဖော်ပြု၍ တစ်ခြားတစ်ဖက်သို့ လက်ဝတ်ရတနာကြည့်ရန် သွားလိုက်ပြီကို တွေ့လိုက်ရလေသည်။

ကျင်ရိဖန်: “...”

မဟုတ်သေးဘူး ဒါပဲလား ဒါပဲပေါ့။

ရှဲ့ကျစ်ရှင်းက ဒါလေးလှတယ် ပြောလိုက်တာနဲ့ မင်းကသူ့ကို ဝယ်ပေးပြီးတော့ ကျွန်တော် ဒါလေးကြိုက်ပြီး ကျွန်တော် အစ်ကိုကိုလည်း ကြိုက်တယ် အဲဒါကို ဘာလို့ ကျွန်တော်အတွက်ကျ မဝယ်ပေးရတာလဲ။

ပြီးသွားပြီ။ ငါ့ရဲ့ ဝမ်းကွဲကလည်း Galaxy Girls က သစ္စာဖောက်လေးတွေနဲ့ ထန်ဝေ့လော့လိုပဲ သစ္စာဖောက်သွားခဲ့ပြီ။

သူက သူ့ရဲ့အချစ်ရေးကို သူ့ညီအစ်ကိုထက် ပိုတန်ဖိုးထားနေတာပဲ။

ကျင်ရိဖန် မှားသွားလေသည်။

ကျင်ရိဖန် မျက်ရည်များ အဖြိုင်ဖြိုင်ကျနေလေသည်။

ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းမှာ ထပ်မံ ပတ်ကြည့်နေကြလေသည်။

သေချာပေါက် ရှချန်းချန်းက စျေးဝယ်နေတဲ့သူ ဖြစ်ပြီးတော့ ရှဲ့ကျစ်ရှင်းက ရှင်းပေးတဲ့သူပေါ့။

နောက်ဆုံးတွင်တော့ ရှချန်းချန်းသည် စုံတွဲဆွဲကြိုး အရှေ့၍ ရပ်သွားလေသည်။

ရှဲ့ကျစ်ရှင်းသည် သူမအတွက် ပိုက်ဆံအများကြီး သုံးပေးခဲ့သောကြောင့် သူမသည် သူ့အတွက် လက်ဆောင်သေးသေးလေး ဝယ်ပေးဖို့ရာအတွက် တွေးလိုက်လေသည်။ သူ ပိုက်ဆံရှင်းနေချိန်တွင် သူမ ဤစုံတွဲဆွဲကြိုးအား လာယူလို့ ရနိုင်လေသည်။

“ဝန်ထမ်း ကျွန်မ ဒီဆွဲကြိုးလေးကို ကြည့်ချင်ပါတယ်”

“ဝန်ထမ်း ကျေးဇူးပြုပြီး ကျွန်မကို ဒီဆွဲကြိုးလေး ယူပေးပါဦး”

သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း ပြောလိုက်ကြလေသည်။

ရှချန်းချန်းသည် သူမဘေးရှိ အမျိုးသမီးအား လှည့်ကြည့်လိုက်သည်။ ထိုအမျိုးသမီး၏ မျက်နှာထား သူမရင်းနှီးနေသည်ဟု ခံစားနေရကာ သူမ တစ်နေနေရာ၌ မြင်ဖူးသည့် မျက်နှာမျိုးဖြစ်သည်။

“ဟယ်လို ရှလောင်ရှီး”

ပါးချိုင့်ရေးရေးနှင့် ကွေ့ညွှန်းသည့် မျက်ခုံးများကြောင့် ရှချန်းချန်း သူမရှေ့ရှိ အမျိုးသမီးကို အမှတ်ရသွားခဲ့သည်။

ရှုကျစ်ရှင်း…။

ရှုကျစ်ရှင်းသည် အကျော်ကြားဆုံး သရုပ်ဆောင်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

ရှုကျစ်ရှင်း၏ မျက်လုံးများမှာ ကြီးမား၍ ဝိုင်းစက်ကာ ညကောင်းကင်ယံထက်ရှိ မဲနက်သည့် ကျောက်မျက်ရတနာကဲ့သို့ပင် ဖြစ်သည်။ သူမပြုံးလိုက်ချိန်တွင် သူမ၏ မျက်ခုံးများ ကွေးညွှန့်သွားကာ သူမ၏ ပါးပေါ်တွင် ပါးချိုင့်ရေးရေးပေါ်လာပြီး ပျားရည်ကဲ့သို့ ချိုမြိန်မှုအား ခံစားရစေသည်။

ငယ်ရွယ်သည့် သရုပ်ဆောင်မင်းသမီး လေးယောက်အနက် ရှုကျစ်ရှင်းမှာ သူမ၏ ချိုမြိန်မှုကြောင့် လူသိများလေသည်။ ယခုခေါတ် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စျေးကွက်၌ ချိုမြိန်သည့် အိမ်မွေးတိရစ္ဆာန်ပုံစံလေးများမှာ ခေါတ်စားနေ၍ ရှုကျစ်ရှင်း၏ ပုံစံမှာ အမျိုးသမီးဇာတ်ဆောင်နေရာအတွက် အထူးပင် သင့်တော်လေသည်။ သူမ၏ ထူးချွန်သည့် သရုပ်ဆောင်စွမ်းရည်နှင့်အတူ အိုင်ဒေါဒရမ်မာ အများအပြားတွင် ပါဝင်ခဲ့ပြီး သူမ၏ ထိပ်တန်း အမျိုးသမီးသရုပ်ဆောင် လေးယောက်ထဲမှ တစ်ယောက်အဖြစ် နေရာအား အခိုင်အမာရယူထားနိုင်ခဲ့သည်။

သို့ပေမဲ့ ရှုကျစ်ရှင်း၏ ချိုမြိန်မှုမှာ အင်တာနက်သုံးစွဲသူများနှင့် သူမ၏ ပြိုင်ဘက်များအတွက် အဓိက တိုက်ခိုက်စရာဖြစ်လာခဲ့သည်။ လူတော်တော်များများသည် ချိုမြိန်မှုမှာ လှပမှုထက်ပို၍ နိမ့်ပါးသည်ဟု ယုံကြည်ကြကာ ဆွဲဆောင်မှုရှသည့် မျက်နှာများနှင့် ယှဥ်လျှင် ချစ်စရာကောင်းမှုမှာ တန်ဖိုးမရှိတော့ပေ။

မုန့်ရုယန်နှင့် ရှချန်းချန်းကဲ့သို့ ထင်ရှားကာ စွဲမက်ဖွယ်အလှတရားမျိုးနှင့် ယှဥ်လျှင် ရှုကျစ်ရှင်း၏ ချိုမြိန်မှုမှာ အနည်းငယ် သာမန်ဆန်လေသည်။ သူမ၏ မျက်နှာအစိတ်အပိုင်းများအား သေချာခွဲခြမ်းစိတ်ဖြာကြည့်လျှင် ရှချန်းချန်းနှင့် မုန့်ရုယန်ကဲ့သို့ မထင်ရှားနေပေ။

“ဟယ်လို ရှုလောင်ရှီး”

ရှချန်းချန်းသည် ရှုကျစ်ရှင်းအား ယဥ်ကျေးစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ကျွန်မ အစက ကျွန်မတို့တွေ “The Secret of Immortals” ရဲ့ ပွဲမှာ တွေ့ရလိမ့်မယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ ကျွန်မတို့ ဒီမှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”

ရှုကျစ်ရှင်းသည် ချိုမြိန်စွာ ပြုံးလိုက်သည်။

“ရှလောင်ရှီးရဲ့ ကျေးဇူးကြောင့်မလို့ ကျွန်မ “The Secret of Immortals” ထဲမှာ ပါဝင်ခွင့်ရတာပါ၊ လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မ အခုတလော အတော်လေး အလုပ်ရှုပ်နေတာကြောင့်မလို့ တောင်းပန်ပါတယ်”

သူတို့နှစ်ဦးသည် ၎င်းတို့၏ အကြည့်အား စုံတွဲဆွဲကြိုးပေါ်သို့ မရောက်ခင်တွင် ပျော်စရာအနည်းငယ်အား ဖလှယ်ခဲ့ကြသည်။

“ရှုလောင်ရှီးလည်း ဒီဆွဲကြိုးကို သဘောကျလို့လား”

ရှချန်းချန်းသည် စုံတွဲဆွဲကြိုးအား လက်ညိုးထိုးပြလိုက်သည်။

“အိုး ကျွန်မစည်းကျော်ဖို့ မရည်ရွယ်ပေမဲ့ လောင်ရှီးက လူလွတ်မလား”

ရှုကျစ်ရှင်း၏ မျက်နှာမှာ အနည်းငယ် လန့်ဖြန့်သွားသော်ညား သူမသည် အလျင်အမြန်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

“ကျွန်မက လူလွတ်ပါ ဒါကဒီတိုင်း ဒီဆွဲကြိုးလေးက လှလို့ပါ၊ စုံတွဲဆွဲကြိုးကို စုံတွဲတွေပဲ ဝတ်ရမယ်ဆိုတဲ့ စည်းမျဥ်းမရှိဘူးလေ”

ထိုသို့ပြောသော်ညား ရှချန်းချန်းသည် ရှုကျစ်ရှင်းအား လှမ်းမကြည့်ပဲ မနေနိုင်ပေ။ နာမည်ကြီး သရုပ်ဆောင်မင်းသမီးတစ်ယောက်က စုံတွဲဆွဲကြိုးဝတ်တယ်ပေါ့။ အင်တာနက်သုံးစွဲသူတွေက သူ့မှာ အချစ်ရေးတစ်ခု ရှိနေပြီဆိုပြီး ထင်ကြေးပေးမှာ မစိုးရိမ်ဘူးလား။

“မစ္စရှ၊ မစ္စရှု ဒါက ရှဲ့လောင်ရှီး ဒီဇိုင်းဆွဲထားတဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာပါ”

ဝန်ထမ်းသည် စုံတွဲဆွဲကြိုးအား ထုတ်ပြလာခဲ့သည်။

“အဲဒါ တစ်စုံတည်းပဲ ရှိပါတယ်”

“ရှုလောင်ရှီး ကြိုက်တယ်ဆိုမှတော့”

ရှချန်းချန်းသည် ကမ်းလှမ်းလိုက်ကာ သူမအား လမ်းဖယ်ပေးလိုက်သည်။

“ကျွန်မလည်း တခြားသူဆီကနေ မယူတော့ပါဘူး”

ရှုကျစ်မင်း၏ မျက်ခုံးများ ထပ်မံကွေးညွှန့်သွားကာ သူမ၏ မျက်လုံးထဲတွင် စစ်မှန်သည့် ပျော်ရွှင်မှု တစ်စွန်းတစ်စပေါ်လာခဲ့သည်။

“ကျေးဇူးပါ”

ဝန်ထမ်းသည် စုံတွဲလည်ဆွဲထဲမှ အမျိုးသမီးလည်ဆွဲအား ထုတ်ကာ ရှုကျစ်ရှင်းအား ဝတ်ဖို့ရာ ကူညီပေးလိုက်သည်။ ရှချန်းချန်းသည် နောက်ဆုတ်လိုက်ပြီး အနီးအနားရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်လေသည်။

ဤနေရာမှာ သီးသန့်ဖြစ်ဖို့ရာအတွက် ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။ ကျောက်များနှင့် ပြုလုပ်ထားသည့် ခန်းဆီးမှတစ်ဆင့် အပြင်ဘက်တွင် ဘာဖြစ်နေသည်ကို ကြည့်နိုင်ပြီး တစ်ချိန်တည်းမှာပင် အပြင်ဘက်မှလူများအား နားနေခန်းနေရာရှိ ဧည့်သည်များ၏ လှုပ်ရှားမှုများအား မြင်ဖို့ရာ ခက်ခဲစေလေသည်။ ထိုအရာမှာ သီးသန့်ဖြစ်မှုနှင့် ကြည့်ရှုနိုင်မှု နှစ်ခုစလုံးအား ထောက်ပံ့ပေးထားလေသည်။

ရှချန်းချန်းသည် သက်သောင့်သက်သာရှိသည့် တေရာတစ်ခုအား ရွေး၍ သူမ၏ ဖုန်းအား ထုတ်လိုက်လေသည်။ သူမ၏ ဒုတိယအကောင့်ဘက်သို့ ပြောင်း၍ သူမသည် စျေးကွက်ရှာဖွေရေး အဖွဲ့ထဲ၌ မေးလိုက်သည်။

[တစ်ယောက်ယောက်ရှိကြလား မျှဝေကြပါဦး]

စျေးကွက်ရှာဖွေရေး အဖွဲ့မှ တိတ်ဆိတ်နေသော်ညား လိမ်ညာသူများကို ဖော်ထုတ်သူ၏ ပို့စ်အားမြင်ပြီးနောက် စာရိုက်သူများမှာ အလျင်အမြန် များပြားလာလေသည်။

[အား ငါအသက်ရှိနေတဲ့ စက်ရုပ်နတ်ဘုရားကို တွေ့ဖူးခဲ့ပြီ]

[စက်ရုပ်နတ်ဘုရား ဘယ်အတင်းကို သိချင်တာလဲ]

[စက်ရုပ်နတ်ဘုရား လိုချင်တဲ့ ဘယ်လိုအတင်းမျိုးမဆို ကျွန်မတို့တွေ စက်နတ်ဘုရားအတွက် ရအောင် ယူပေးမှာပါ]

ရှချန်းချန်းသည် သူမ၏ ဖုန်းမျက်နှာပြင်ပေါ်ရှိ ကီးဘုတ်အား ရိုက်လိုက်ကာ:

[ရှုကျစ်ရှင်းနဲ့ ပတ်သက်ပြီး ဘာအတင်းတွေရှိလဲ၊ ဘာအတင်းပဲဖြစ်ဖြစ် ရတယ်]

[ရှုကျစ်ရှင်း၊ အသက် ၂၆ နှစ်၊ ဝမ်ရှိန်ဗီဒီယာ၏ ထိပ်တန်း သရုပ်ဆောင် မင်းသမီး၊ သာမန်ရုပ်ရည် နှင့်ကောင်းမွန်သည့် သရုပ်ဆောင်စွမ်းရည်ရှိ နာမည်ကြီးသွားပြီး ဘတ်ဂျက်နိမ့်တဲ့ အိုင်ဒေါဒရမ်မာ အများအပြားမှာ ပါဝင်ခဲ့တဲ့ ကျေးဇူးကြောင့် “ပန်းလေးလေးပွင့်” ထဲမှ တစ်ပွင့် ဖြစ်လာခဲ့]

[ရှုကျစ်ချင်းက ဝခဲ့ဖူးတယ်၊ သူမရဲ့ ငယ်ဘဝပုံတွေနဲ့ အခုပုံတွေကို ယှဥ်ကြည့်မယ်ဆိုရင် အတော်လေးကွာခြားနေတာကို တွေ့ရမှာပါ၊ သူမက အင်တာနက်သုံးစွဲသူတွေဆီကနေ ပလတ်စတစ်ဆာဂျရီ လုပ်ထားတယ်လို့ အကြိမ်ပေါင်းများစွာ စွပ်စွဲခံခဲ့ရပါတယ်၊ ကျွန်မရဲ့ ပလတ်စတစ်ဆာဂျရီ ဆေးခန်း သူငယ်ချင်းတစ်ယောက်ပြောတာကတော့ သူမက သူမရဲ့ နှာခေါင်းနဲ့ မျက်နှာကျပုံစံအတွက် နည်းနည်းလေး ပြင်ထားတယ်လို့ ပြောပါတယ်]

[ကျွန်မ ရှုကျစ်ရှင်းရဲ့ အထက်တန်းတုန်းက အတန်းဖော်တွေက သူမက အဆင့်ကောင်းပေမဲ့ နည်းနည်း လူမှုဆက်ဆံရေးမှာ ခက်ခဲပြီးတော့ introvert ဆန်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းတယ်လို့ ပြောတာကြားဖူးပါတယ် ဒါပေမဲ့ အဲဒါတွေက အတည်မပြုထားပါဘူး၊ ဒီတိုင်း ကြားဖူးတာတွေပါ]

အဖွဲ့ထဲရှိ စျေးကွက်ရှာဖွေရေးအကောင့်များ အားလုံး စကားပြောနေကြကာ ရှုကျစ်ရှင်းအကြောင်း သူတို့သိရှိသည့် အရာများအား ပေါင်း၍ ဆွေးနွေးနေကြလေသည်။

ယေဘုယျအားဖြင့် ပြောရလျှင် ရှုကျစ်ရှင်းမှာ ကလေးတစ်ဦးအနေနှင့် အတော်လေးဝခဲ့သော်ညား သူမ၏ အနုပညာစာမေးပွဲ မဖြေခင်တွင် ဝိတ်ကျသွားကာ ထိပ်တန်းရုပ်ရှင်နှင့် ရုပ်မြင်သံကြား အကယ်ဒမီသုံးခုမှ ဝင်ခွင့်ရခဲ့လေသည်။ သူမ၏ ချိုမြိန်ကာ ဖြူစင်သည့် ပုံစံကြောင့် သူမသည် ကောလိပ်အသီးသီးမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ဘတ်ဂျက်နိမ့်သည့် အိုင်ဒေါဒရမ်မာများတွင် ပါဝင်ပြီးနောက် ကျော်ကြားလာကာ ယနေ့၏ နာမည်အကြီးဆုံးသော သရုပ်ဆောင်မင်းသမီး လေးဦးထဲမှ တစ်ဦးဖြစ်လာခဲ့သည်။

သူမတွင် ခိုင်မာသည့်နောက်ခံ သို့မဟုတ် မနာလိုဖွယ်ရာ မိသားစုနောက်ခံ မရှိပဲ ရှင်းလင်းသည့် ကိုယ်ရေးရာဇဝင်ရှိလေသည်။ သူမသည် သူမကိုယ်သူမ အားကိုး၍ ယခုလက်ရှိနေရာအား တစ်ဆင့်ပြီးတစ့်ဆင့် တက်လာခဲ့သည်ဟုပင် ပြောလို့ရလေသည်။

သူမ၏ ချို့ယွင်းချက်များအား ထောက်ပြရလျှင် ဖျော်ဖြေရေးနယ်ပယ်၌ လှပသည့်အမျိုးသမီးများမှာ နေရာတိုင်းတွင်ရှိ၍ သူမ၏ ပုံစံမှာ အနည်းငယ် သာမန်ဆန်နေခြင်း ဖြစ်ပြီး သူမ၏ ကလေးဘဝက အနည်းငယ်ပြည့်ဖြိုးသည့် ပုံစံကြောင့် ပလတ်စတစ်ဆာဂျရီလုပ်သည်ဟု မကြာခဏ ဝေဖန်ခံရခြင်းဖြစ်သည်။

“Host ဒီအတင်းအဖျင်းတွေက ဘာမှယူစရာတန်ဖိုးမရှိဘူး”

စနစ် ပေါ်လာခဲ့သည်။

“အဲဒါတွေ အကုန်လုံးက ငါလိုင်းပေါ်မှာ ရှာတာတွေနဲ့ အတူတူလောက်ပဲ၊ Host ဘာလို့ ဟုန့်ပေါ်ချောင်ကို မမေးတာလဲ”

ရှချန်းချန်းသည် သူမ၏ ခေါင်းအား ယမ်းခါလိုက်သည်။

“ဟုန်ပေါ်ချောင် ငါ့ကိုပေးတဲ့ အတင်းတွေက စျေးကွက်ရှာဖွေရေးအကောင့်တွေကနေ ယူလာတာပဲ၊ တကယ်လို့ ဒီစျေးကွက်ရှာဖွေရေးအကောင့်တွေမှာ ဘာမှမရှိရင် ဟုန်ပေါ်ချောင်မှာလည်း ရှိမှာမဟုတ်ဘူး”

ရှချန်းချန်းသည် စျေးကွက်ရှာဖွေရေးအကောင့်များမှ ပေးတဲ့ အချက်အလက်များအား စီစစ်လိုက်ပြီး စျေးကွက်ရှာဖွေရေးအကောင့် တစ်ကောင့်စီတိုင်းကို ယွမ်တစ်သောင်း ဆုချခဲ့သည်။

စျေးကွက်ရှာဖွေရေး အကောင့်များသည် လန့်ဖြန့်သွားကြသည်။ သူတို့တွေက ရှုကျစ်ရှင်းနဲ့ ပတ်သက်တဲ့ အွန်လိုင်းအချက်အလက်တွေကို အကျဥ်းချုံးပြီး သူတို့တွေ ကလဲစားချေမှုတွေ အများကြီးပေးခဲ့တယ်။ သေချာပေါက် ဘော့စ်ကတော့ ဆုချီးမြှင့်ပေးတာပေါ့။

[စက်ရုပ်နတ်ဘုရားရဲ့ ပေါင်ကို တင်းတင်းဖက်ထားကြ သူ့ကို ကပ်ထားကြ]

ရုတ်တရက် အတင်းပြောဘုရင်မသည် ရှချန်းချန်းအား တိုက်ရိုက်မက်ဆေ့ချ်ပို့လိုက်သည်။

အတင်းပြောဘုရင်မ: [စက်ရုပ်နတ်ဘုရား ငါ ရှုကျစ်ရှင်းရဲ့ အတင်းကို သိထားတယ်]

သူမသည် ပုံတစ်ပုံအား အရင်ပို့လိုက်သည်။ ပုံမှာဝါးနေသော်ညား ရှုကျစ်ရှင်းသည် အခြားအမျိုးသား တစ်ဦးနှင့်အတူ ရင်းရင်းနှီးနှီးပြုမူကာ စုံတွဲတစ်တွဲကဲ့သို့ လမ်းလျှောက်နေသည်ကို ယောင်ဝါးဝါးပြထားလေသည်။

လိမ်ညာသူများကို ဖော်ထုတ်သူ: [မင်းအဲအမျိုးသားက ဘယ်သူလည်းဆိုတာ သိလား]

အတင်းပြောဘုရင်မ: [လန်ချူကျွင်း၊ အသက် ၂၁ နှစ်၊ “Galaxy Boys” ရဲ့ ပထမအပိုင်းမှာ ပါဝင်ခဲ့ပြီးတော့ အဆင့်သုံးနဲ့ တစ်ဆယ်ငါးကြားကို ဝင်ခဲ့တယ်၊ သူရဲ့ အထူးစွမ်းရည်တွေကတော့ သာမန်ပါပဲ၊ ဒါပေမဲ့ သူ့ရဲ့ရုပ်ရည်ကတော့ အမိုက်စားပဲ၊ သူက ဝမ်ရှိန်မီဒီယာ လက်အောက် အနုပညာရှင်တစ်ယောက်ပဲ]

လိမ်ညာသူများကို ဖော်ထုတ်သူ: [အဲဒါဆို ဒါက အသက်ကြီးတဲ့အမျိုးသမီးနဲ့ ငယ်ရွယ်တဲ့ အမျိုးသားကြားက အချစ်ရေးပေါ့]

လိမ်ညာသူများကို ဖော်ထုတ်သူ: [ယုန်ဖြူလေး ဖရဲသီးစားနေသည့် ပုံ]

အတင်းပြောဘုရင်မ: [ဟုတ်တယ် ငါလည်း အဲလိုဖြစ်မယ်လို့ မမျှော်လင့်ထားဘူး၊ ရှုကျစ်ရှင်းလို့ ချိုမြိန်တဲ့ မိန်းကလေးက သူမနဲ့ အဆင့်အတန်းတူတဲ့ သူကိုပဲ ရှာလိမ့်မယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ ဒီအတင်းက လုံးဝအမှန်ပဲ၊ သူတို့တွေက ကျန်းချန်မှာရှိတဲ့ ရှုကျစ်ရှင်းရဲ့ တိုက်ခန်းကို သွားနေကြတာ ဘယ်သူကများ အမျိုးသားတစ်ယောက်ကို သူ့ရဲ့တိုက်ခန်းဆီ

ဘာကိစ္စမှ မရှိပဲ ခေါ်သွားမှာလဲ]

အတင်းပြောဘုရင်မ: [စက်ရုပ်နတ်ဘုရား တကယ်လို့ ဒီအတင်းကို မျှဝေလိုက်ချင်တယ်ဆိုရင် လုပ်လိုက်ပါ၊ ဝမ်ရှင်းကို ဖော်ထုတ်ပေးမှုနဲ့ ပတ်သက်ပြီး ငါမင်းကို ကျေးဇူးမတင်ရသေးဘူး၊ ဒီအတင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ စဥ်းစားပေးပါ]

ဤအတင်းမှာ အလွန်ပင် တန်ဖိုးရှိလေသည်။

ထိပ်တန်းအမျိုးသမီး အနုပညာရှင် တစ်ဦးအနေနှင့် ရှုကျစ်ရှင်းတွင် မိန်းကလေးပရိတ်သတ်များထက် ယောက်ျားလေးပရိတ်သတ်များ ပိုများလေသည်။ အကယ်၌ သူမ၏ အချစ်ရေးသာ ဖော်ထုတ်ခံလိုက်ရလျှင် သူမ၏ ပရိတ်သတ်အများစုအား နစ်နာစေမည်ဖြစ်သည်။

သို့ပေမဲ့ လန်ချူကျွင်းသည် အိုင်ဒေါတစ်ယောက်ဖြစ်ကာ အိုင်ဒေါများသည် ချစ်မိသွားလို့မရပေ။

ဤအတင်းအဖျင်းအား ဝမ်ရှိန်သို့ ရောင်းလိုက်သည်ဖြစ်စေ ဘုရင်မကိုယ်တိုင် ဖော်ထုတ်လိုက်သည်ဖြစ်စေ အကျိုးအမြတ်ရမည့် လုပ်ငန်းပင် ဖြစ်မည်ဖြစ်သည်။

အတင်းပြောဘုရင်မသည် ထိုကဲ့သို့ ကောင်းမွန်သည့်အတင်းအား ရှချန်းချန်းအား ပေးချင်နေကာ သူမသတ္တိကောင်းနေသေးကြောင်း ပြသလေသည်။ အကယ်၍ သူမအရူးတစ်ယောက်နှင့် တွေ့လျှင် သူမသည် အတင်းကိုသာယူ ဖော်ထုတ်ပစ်မည် ဖြစ်သည်။

ရှချန်းချန်း ပြန်လည်ဖြေကြားလိုက်သည်။ :[ အရင်တစ်ခေါက်ကဟာက ဘာမှမဟုတ်ပါဘူး ဒီထုတ်ဖော်မှုက တန်ဖိုးကြီးလွန်းတယ်၊ ငါအလကား မယူနိုင်ဘူး၊ အဲဒါကြောင့် ငါးသန်းနဲ့ ငါဒီအတင်းကို ဝယ်လိုက်မယ်၊ အဲဒါကြောင့် အခုလောလောဆယ်တော့ မဖော်ထုတ်သေးနဲ့ဦး]

ငွေလွှဲလိုက်ပြီးနောက် ရှချန်းချန်းသည် ရှုကျစ်ရှင်းအား ထပ်မံကြည့်လိုက်သည်။

ရှုကျစ်ရှင်းသည် ဆွဲကြိုးအား အတော်လေးသလောကျနေသည့် ပုံပေါ်လေသည်။ သူမသည် သူမကိုယ်သူမ မှန်ထဲတွင် အချိန်အတော်ကြာအထိ စိုက်ကြည့်နေကာ မရပ်နိုင်ပေ။ သို့ပေမဲ့ ဝန်ထမ်းသည် ထိုစုဲတွဲဆွဲကြိုးမှာ ငါးသန်းတန်သည်ဟု ပြောလိုက်သောအခါ ရှုကျစ်ရှင်းသည် ရပ်သွားကာ တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။

နောက်ဆုံးတွင်တော့ သူမသည် ဆွဲကြိုးအားချွတ်လိုက်ပြီး ကောင်တာပေါ်တွင် ပြန်ထားလိုက်သည်။

“ငါးသန်းပဲတန်တာကို သူမဘာလို့ မဝယ်ရတာလဲ”

စနစ်သည် ပဟေဠိဖြစ်စွာ မေးလိုက်သည်။ “ရှုကျစ်ရှင်းရဲ့ ထိပ်တန်းကြယ်ပွင့်ဆိုတဲ့ အနေအထားက ဘယ်လိုပရောဂျက်မျိုးမှာမဆို သန်းပေါင်းများစွာကို တခဏအတွင်းမှာ ရနိုင်တယ်လေ”

ဥပမာအနေနှင့် ၎င်းတို့၏ မကြားသေးမီမှ ပူးပေါင်းလုပ်ဆောင်မှာ “ရှန်းကျယ်” တွင် ရှုကျစ်ရှင်း၏ လစာမှာ သန်းနှစ်ဆယ်ဖြစ်သည်။

“သူမမှာ ငွေသားပါလာတာ နည်းလို့များလား”

ရှချန်းချန်းသည် တွက်ချက်နေကာ လက်ပိုက်ထားပြီး သူမ၏ မျက်လုံးထဲတွင် လျှောက်လုပ်ပစ်ချင်နေသည့် အကြည့်ရှိနေလေသည်။

ရှချန်းချန်း၏ ရှုကျစ်ရှင်းအား ရုတ်တရက် စိတ်ဝင်စားလာမှုသည် သူမအား ဝတ္ထု၏ အပိုအပိုင်း၌ ဖော်ပြထားခြင်းမှ ဖြစ်လေသည်။

ရှုကျစ်ရှင်းသည် နာမည်ကြီး “Happy Weekend” ရသစုံရှိုး၌ ပါဝင်ရန်စီစဥ်ထားသော်ညား သူမရုတ်တရက် ဖျက်သိမ်းလိုက်သဖြင့် ထုတ်လုပ်ရေးအသင်းမှာ ယဲ့ရှီဝမ်အား အကူအညီတောင်းခံခဲ့ရသည်။

ထိုအပိုအခန်းမှာ ယဲ့ရှီဝမ် ထိုရှိုးတွင်ပါဝင်သည့် အကြောင်းရာ ရေးထားခြင်းဖြစ်သည်။ သို့ပေမဲ့ နောက်ဆုံးတွင်တော့ ရှုကျစ်ရှင်းရှိုးပွဲအား မတက်ရသည့် အကြောင်းအား ဖော်ပြသွားသည်။

သူမသည် အကြွေးရှင်များဆီမှ ပြန်ပေးဆွဲခံလိုက်ရခြင်းဖြစ်သည်။

ထိပ်တန်းအမျိုးသမီး အနုပညာရှင်တစ်ဦးသည် အလယ်ကောင် အကြွေးတင်၍ အကြွေးရှင်များဆီမှ ပြန်ပေးဆွဲခံလိုက်ရသနည်း။

ရှချန်းချန်းသည်လည်း အကြောင်းအရင်းအတိအကျအား မသိပေ။

သို့ပေမဲ့ ယနေ့၏ ပထမဆုံးတွေ့ဆုံမှုတွင်တော့ ရှုကျစ်ရှင်းမှာ အမှန်တကယ်ပင် ပိုက်ဆံပြတ်နေလေသည်။

သူမသည် “Galaxy Girls” ၏အဖွဲ့ဝင် ရွေးချယ်သည့် ညအား ရုတ်တရက်တက်ရောက်ဖို့ရာ ရွေးချယ်ခဲ့ခြင်းမှာ သူမ ရှုကျစ်ရှင်း၏ နာမည်အား VIP စာရင်းတွင် တွေ့ခဲ့သောကြောင့် ဖြစ်သည်။ သူမသည် သူမအား အဖွဲ့ဝင်ရွေးချယ်သည့် ည၌ ရင်းနှီးအောင်လုပ်ဖို့ရာ ရည်ရွယ်ထားခဲ့သော်ညား သူမအား အစောကြီးတွေ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရှချန်းချန်းသည် သူမ၏ လက်အား စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်ကြသည်။

ကြည်ရတာတော့ နောက်ထပ်ဖရဲသီး အကြီးကြီးတစ်လုံးထင်တယ် ဟီး ဟီး ဟီး။

All Chapters