← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

Chapter 87

မျက်စိတစ်မှိတ်အတွင်း အဖွဲ့၏ ပထမဆုံး တင်ဆက်မှု ညသို့ ရောက်ရှိလာသည်။

ဒါရိုက်တာကျန်းသည် ငွေကြေး အမြောက်အမြား အကုန်ကျခံပြီး ကျန်းချန်း၏ အကြီးဆုံး အားကစားကွင်းကို ငှားရမ်းထားသည်။ ထုတ်လုပ်ရေးအဖွဲ့၏ တစ်ဝက်ကို ဇာတ်စင်ပြင်ဆင်ရန် တာဝန်ပေးထားသည်။ ဒါရိုက်တာကျန်းသည် ပရော်ဖက်ရှင်နယ် ကကွက်ဒီဇိုင်းအဖွဲ့လည်း ငှားရမ်းထားပြီး ကောင်မလေးများအား အကောင်းဆုံး ဇာတ်စင်ကို ပေးရန် ကတိပြုထားသည်။

ပထမဆုံး တင်ဆက်မှုညတွင် ကောင်းကင်ယံ၌ ကြယ်ပွင့်များ တောက်ပြောင်နေပြီး၊ မျက်စိစူးရန် ခက်ခဲအောင် လှပသည်။

ရှချန်းချန်းသည် သူမ၏ ဘန်တလေကားထဲတွင် ထိုင်နေပြီး အားကစားကွင်းဆီသို့ မောင်းနှင်လျက် ရှိသည်။

ဤလမ်းသည် စီးပွားရေး ရပ်ကွက်များ သို့မဟုတ် ရုံးအဆောက်အဦးများ မရှိသောကြောင့် ပုံမှန်အားဖြင့် ယာဉ်ကြောပိတ်ဆို့မှု မရှိသော်လည်း ယနေ့တွင် ကွင်းတစ်ဝိုက် ရှည်လျားစွာ ဆက်နေသော ကားတန်းကြီး ဖြစ်ပေါ်နေသည်။

နေရာတိုင်းတွင် ပရိသတ်အုပ်စုများအား တွေ့နိုင်ပြီး အခြား ပြိုင်ပွဲဝင်များအတွက် အားပေးစကားများ ရေးထားသော ဝတ်စုံများနှင့် အရောင်စုံလင်ပြီး တောက်ပသော အလင်းဆိုင်းဘုတ်များအား ကိုင်ထားကြသည်။

"Host၊ host သူတို့အားလုံးက ကောင်မလေးတွေကို ကြည်ဖို့ လာကြတာ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ် "

စနစ်သည် မိန်းကလေးများ၏ ပထမဆုံးတင်ဆက်မှုအတွက် ဝမ်းမြောက်မှုဖြစ်ကာ အားပေးအားမြောက် ပြုနေသည်။

ရှချန်းချန်းသည် ကားမှန်မှတစ်ဆင့် အပြင်ရှိ စိတ်လှုပ်ရှား ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော ပရိသတ်များအား ကြည့်ရှုလိုက်သည်။

ပွဲတော်နေရာသို့ ဝင်ရောက်ပြီးနောက် ဝန်ထမ်းများသည် သူမအား VIP ဧရိယာသို့ ခေါ်ဆောင်သွားပြီး သူမနှင့် ဟုန့်ပေါ်ချောင်း တို့သည် ဖျော်ဖြေရေးကုမ္ပဏီ၏ VIP ဧရိယာတွင် အတူထိုင်ကြသည်။

ပရိသတ်များနှင့် ဧည့်သည်များ အားလုံးနီးပါး ရောက်ရှိပြီးဖြစ်သည်။ ပွဲတော်နေရာ တစ်ဝိုက်တွင် တူညီသော အရောင်ရှိသည့် ဆိုင်းဘုတ်များဖြင့် ပရိသတ်များ၏ ပြိုင်ပွဲဝင်များအပေါ် အားပေးထောက်ခံမှုကို ပြသထားသည်။

ဇာတ်စင်၏ အလယ်တွင် ငါးမီတာ အမြင့်ရှိသော LED ပြသမှုများ ချိတ်ဆွဲထားသည်။ ကင်မရာ ဆယ်လုံးကျော်ဖြင့် ရိုက်ကူးထားပြီး LED ပြသမှုပေါ်တွင် အလှည့်ကျ ပြောင်းလဲပြသသည်။

နောက်ဆုံးတန်းရှိ ပရိသတ်များသည် ပြသမှုကို ထို LED စက်ခရင်ပေါ်တွင် ကြည့်ရှုနိုင်ပြီး ပွဲတော်သို့ တက်ရောက်နိုင်ခြင်း မရှိသူများသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုမှ တစ်ဆင့် ပွဲတော်နေရာအတွင်းရှိ လှုပ်ရှားမှုများကို မျက်စိကျနိုင်သည်။

ရှချန်းချန်း ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ကင်မရာသည် သူမဆီသို့ လှည့်လာသည်။ သူမ၏ ရိုးရှင်းသော်လည်း ဩဇာကြီးသော အနက်ရောင် ဝတ်စုံသည် မှုန်ဝါးနေသော မှန်ဘီလူးထဲတွင်ပင် တောက်ပြောင်နေသည်။ နီရဲနေသော နှုတ်ခမ်းနီ၊ ဖြူစင်နေသော သွားများဖြင့် ပြုံးကာ ကင်မရာဘက်သို့ ကြည့်လိုက်သည့် အချိန်တွင် သူမသည် အံ့သြဖွယ် အလှတရား ဖြစ်နေသည်။

အနားတွင် ရပ်နေသော ဟုန့်ပေါ်ချောင်သည်လည်း စက်ခရင်တွင် ပေါ်လာသည်။ LED ဖန်သားပြင်ပေါ်တွင် သူတို့၏ ပုံရိပ်များ ဖြတ်သန်းသွားသည်။

"နာမည်ကြီး မင်းသမီး ရှချန်းချန်း" နှင့်

"တျန်းရှန့် ဖျော်ဖြေရေး၏ CEO ဟုန့်ပေါ်ချောင်"

မှတ်ချက်များ ရှားပါးနေရာမှ ရုတ်တရက် များပြားလာသည်-

[ အားး ငါ့ဇနီးလေးကို မြင်လိုက်ရတယ်ကွာ ငါ့ဇနီးလေး နမ်းမယ် ]

[ ချန်းချန်း ရဲ့ အလှက အရင်ကတည်းက ကျွန်တော့် အရမ်းဆွဲဆောင်နေဆဲပဲ ချန်းချန်းကို အားပေးကြရအောင် ]

[ ဘာလို့ လူတွေအားလုံးက ဖန်သားပြင်ကို လျက်နေကြတာလဲ၊ ငါကျ ကြီးပွားချမ်းသာတဲ့ အမျိုးသမီးနဲ့ ဖက်ဖို့ပဲလိုချင်တာ၊ ချမ်းသာတဲ့အမျိုးသမီးလေး သူမကို ထိခွင့်ပေးပါ၊ ငါလည်း ညတွင်းချင်း ချမ်းသာချင်တယ် ]

[ဟားဟား ချွင်းချက်အနေနဲ့ပြောရရင် အရင်က တျန်ရှန့် CEO ရဲ့မျက်လုံးတွေ သေးတယ်လို့ မထင်ခဲ့မိဘူး ဒါပေမဲ့ အခု ချန်းချန်း ရဲ့ မျက်လုံးတွေနဲ့ယှဉ်ရင် ဝက်ခြံ သေးသေးလေး နှစ်လုံးလိုပဲ ]

[ ဟုန့်ပေါ်ချောင်က သနားစရာကောင်းနိုင်တယ် အားနည်းရင်နည်းနိုင်တယ် အကူညီမဲ့ရင် မဲ့မယ် ဒါပေမဲ့ အဲဝက်ခြံတွေကိုတော့ ထုခွဲပစ်နိုင်တယ်ကွ ]

[ နင်တို့ ဟုန့်ပေါ်ချောင် အကြောင်း ဒီလိုမပြောကြပါနဲ့၊ ဟုန့်ပေါ်ချောင်ရဲ့ မျက်လုံးတွေက သေးပေမဲ့ အလှတရားကို မြင်နိုင်စွမ်းရှိတယ်၊ သူက ရှဲ့ကျစ်ရှင်းကို ရှာတွေ့ရှိခဲ့တဲ့လူလေ ]

[ဒါပေမဲ့ သူ့မျက်လုံးက ဆက်သေးနေတုန်းပဲ...]

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ မှတ်ချက်များကိုလည်း LED ဖန်သားပြင်ပေါ်တွင် ပရိုဂျက်တာဖြင့် ပြသထားသည်။

လူတိုင်းသည် ရှချန်းချန်း နှင့် ဟုန့်ပေါ်ချောင်၏ မျက်လုံး ကွာခြားချက်နှင့် စနောက်နေကြသော ထိန်းမနိုင် သိမ်းမရ မှတ်ချက်များအား မြင်တွေ့ကြရသည်။

ဟုန့်ပေါ်ချောင်: "ငါ ဖန်သားပြင်ပေါ် ရောက်မယ်လို့ပဲ ထင်ခဲ့တာ ဒါပေမဲ့ ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး..."

ည ၇ နာရီခန့်တွင် ဧည့်သည်အားလုံး နေရာယူထားကြပြီး ဖြစ်သည်။ ကင်မရာသည် မကြာခဏ ဧည့်သည်များအား ဖြတ်သန်းပြသကာ ဧည့်သည်များသည် ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်ကြပြီး ၎င်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု့‌နေသော ပရိသတ်အတွက် နှုတ်ဆက်ခြင်း လက္ခဏာဖြစ်သည်။

ဇာတ်စင်ပေါ်တွင် ဆလင်ဒါပုံစံ ဇာတ်စင်ငယ်တစ်ခု မြင့်တက်လာပြီး ပတ်လည်တွင် မီးရှူးမီးပန်းအနည်းငယ် ထွန်းညှိလိုက်သည်။ အဓိက အစီစဉ်တင်ဆက်သူ ကျင်ရီဖန် သည် အဖြူရောင်ဝတ်စုံဖြင့် အမြင်အာရုံများကို ဖမ်းစားနေသည်။

ပရိသတ်များသည် ချက်ချင်းပင် အော်ဟစ်သံများဖြင့် ပေါက်ကွဲထွက်သွားပြီး၊ သူတို့၏ဆန္ဒသည် အားကစားကွင်း တစ်ခုလုံးကို လှုံ့ဆော်ပေးနေသည်။

[ အားးးးးး ဖန်ဖန် ငါ့ရဲ့ဖန်ဖန် ]

[ အိုးးး ဖန်ဖန် မင်းဒီနေ့ အရမ်းလှနေတယ်၊ မင်းသားလေး တစ်ယောက်လိုပဲ]

[ ဖန်ဖန် ဘယ်အချိန်မှာ တေးဂီတပွဲ လုပ်မလဲ၊ အမေ လာအားပေးမယ် ]

ကျင်ရိဖန် သည် ယဉ်ကျေးသည်။

ပထမဆုံးအကြိမ်အဖြစ် ဤမျှ ကြီးမားသောအစီအစဉ်အား တင်ဆက်ရာတွင် သူသည် မာနမကြီးဘဲ နှိမ့်ချစွာဆက်ဆံပြီး VIP ဧည့်သည်များနှင့် မိတ်ဆက်ကာ စပွန်ဆာများ၏ ကြော်ငြာများအကြောင်းကို စနစ်တကျ တင်ဆက် ပြောကြားခဲ့သည်။

အရာအားလုံး ချောမွေ့စွာ သွားနေပြီး တစ်ခုတစ်လေ မှားယွင်းမှုပင် မရှိချေ။

သူ့၏ နောက်ဆုံးတင်ဆက်သူ လုပ်ခဲ့စဉ် အချိန်အား ပြန်သတိရကြည့်လျှင် ကျေးလက်ဒေသရှိ တောင်တန်းများအတွင်း “သာယာရိုးရှင်းသော ဘဝ" တွင်ဖြစ်သည်။

ထိုစဉ်က သူသည် ဝက်ခြံ၊ ကြက်ခြံနှင့် မြေဩဇာတွင်းများဘေးတွင် ရပ်နေကာ ကြော်ငြာ အစီစဉ်များအား စာဖတ်သလိုရွတ်ပြခဲ့ဖူးသည်။

ကမောက်ကမများ ဖြစ်ပွားခဲ့သော်လည်း သူသည် ကျောက်တုံးကဲ့သို့ ငြိမ်သက်စွာထိုင်နေကာ တုန်လှုပ်ခြင်းမရှိခဲ့ပေ။

ယခုအခါတွင်မူ သူ့အတွက် လွယ်ကူသောအလုပ်ဖြစ်နေပြီး ကျင်ရိဖန် အစီအစဉ်ညွှန်ကြားချက်များ ပြီးဆုံးသွားပြီးနောက် ပြိုင်ပွဲဝင် နှစ်ဆယ်သည် သူတို့ကိုယ် သူတို့ မိတ်ဆက်ခဲ့ကြသည်။

ဤ ကလစ်များသည် ပြိုင်ပွဲဝင်များ လေ့ကျင့်ရေးကာလ သုံးလအတွင်း မှတ်တမ်းတင်ခဲ့သော ဗီဒီယိုကလစ်များ ဖြစ်သည်။ ၎င်းတို့ထဲမှ အများစုသည် အမည်မသိ၊ နာမည်ကြီး မဟုတ်သော သရုပ်ဆောင်များဖြစ်ပြီး လက်ရှိနေရာသို့ ကြိုးစားတက်လာခဲ့ကြသည်။

ပြိုင်ဆိုင်မှုမှာ ကြမ်းတမ်းသော်လည်း ကြိုးစားအားထုတ်မှုနှင့် ပါရမီဖြင့် ရှင်သန်နိုင်ခြေရှိသည်။

ကောင်မလေးများသည် သုံးလတာ ကာလပတ်လုံး မရပ်မနား ကြိုးစား အားထုတ်နေခဲ့ကြသည်။ နံနက်မှ ညအထိ လေ့ကျင့် ခဲ့ကြသည် ကကွက်တိုင်းကို ပြန်လည် သုံးသပ်နေခဲ့ကြသည်၊ ဖျော်ဖြေမှုတိုင်းအတွက် သီချင်းများကို ထပ်ခါ ထပ်ခါ လေ့လာနေခဲ့ကြသည်။

ရှချန်းချန်း မှန်သည်။ ဤအစီအစဉ်သည် နာမည်ကြီး ပြိုင်ပွဲဝင်များအား ဦးစားပေးခြင်း မရှိသလို ကြိုးစားအားထုတ်နေသော ကလေးများကိုလည်း လျစ်လျူရှုထားခြင်း မရှိပေ။

ယနေ့တွင် သူတို့သည် လူတိုင်းအား ကျေနပ်ဖွယ်အဖြေကို ပေးနိုင်ခဲ့သည်။

နောက်ဆုံးအင်တာဗျူးတွင် ပြိုင်ပွဲဝင်အားလုံးသည် ရှချန်းချန်း အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြသည်။ အထူးသဖြင့် ယခင်က Star Sky အဖွဲ့ဝင်များဖြစ်သည်။ ရှချန်းချန်း သည်သာ သူတို့အား ပြန်လည်ရှင်သန်ခွင့် ပေးခဲ့သူဟု အားလုံး သဘောတူညီခဲ့ကြသည်။

ရှချန်းချန်း သည် သူတို့၏ ကောင်းကင်တမန်ပင် ဖြစ်သည်။

စုန့်ယွီနင် တစ်ဦးတည်းသာ နောက်ကွယ်မှ ဗွီဒီယိုအား ကြည့်ရှုရင်း နှုတ်ခမ်း မဲ့ထားလျက်

“ဟမ့် နင်တို့တွေ ရှချန်းချန်း အကြောင်း တကယ် ဘာမှမသိကြဘူးဘဲ”

“ သင်္ဘောပေါ်က ဇာတ်လမ်းကို စဉ်းစားကြည့်စမ်းပါ၊ သူက မတွန့်ဆုတ်ဘဲ ဖန်ပုလင်းတစ်လုံးကို ကောက်ယူပြီး လူဆိုးရဲ့ခေါင်းကို ရိုက်ပြစ်ခဲ့တာ၊ သူမက ကောင်းကင်တမန်မဟုတ်ဘူး မကောင်းဆိုးဝါးပဲ ‌မကောင်းဆိုးဝါး၊ ချန်မင်ကျယ် ရွှီချဲ ၊ ဖန်စစ်ဟန်၊ ပြီးတော့ မူးယစ်ဆေးဝါးဘုရင်ကြီး လော့ဟိန်ကိုပါ ဖြုတ်ချခဲ့တဲ့ အမျိုးသမီးပဲ "

“သူမက အရမ်း ကြောက်စရာကောင်းတယ်၊ မင်းရဲ့ဂုဏ်သတင်းကို ပျက်ပြားစေပြီး မိနစ်ပိုင်းအတွင်း ထောင်ထဲ ထည့်ပစ်နိုင်တာ၊ ဟုတ်တယ်မလား”

ဗီဒီယိုကလစ် ပြီးဆုံးသွားသည်။

သို့သော် စုန့်ယွီနင် မျက်စိတခဏ မှိတ်ခဲ့သည်။ သူမ သတိထားမိသည်။ ပြိုင်ပွဲဝင်အားလုံးသည် ဗီဒီယိုကလစ်ထဲတွင် ရှချန်းချန်း အား ကျေးဇူးတင်ကြောင်း ပြောခဲ့ကြသည်။ သူမ မှလွဲ၍…

တိုက်ရိုက်ထုတ်လွှင့်မှုတာဝန်ခံ ကင်မရာမှူးသည် အခြေအနေတစ်ခုအား သတိထားမိကာ ကင်မရာကို စုန့်ယွီနင်၏ မျက်နှာရှေ့သို့ အမြန်ရွှေ့လိုက်ပြီး အခြားကင်မရာကိုမူ ရှချန်းချန်း၏ မျက်နှာရှေ့သို့ ရွှေ့ကာ နှစ်ဖက်ခွဲ ပြသလိုက်သည်။

ကျင်ရိဖန်သည်လည်း ပါးနပ်စွာဖြင့် စုန့်ယွီနင် ရှေ့တွင် မိုက်ကရိုဖုန်းအား ကပ်ထားလိုက်သည်။

"နင်နင် ခုဆိုရင် လူတိုင်းက ရှချန်းချန်း ကို ကျေးဇူးတင်ကြောင်း ပြောသွားကြတယ်၊ မင်း တစ်ယောက်တည်းကပဲ ကျေးဇူးတင်ကြောင်း မပြောသွားတာ အင်တာနက်ပေါ်မှာလည်း မင်းတို့နှစ်ယောက် မတည့်ဘူးလို့ ပြောနေကြတော့ ဒါတကယ်ပဲလား"

စုန့်ယွီနင် :"...”

စုန့်ယွီနင် ဖြေဆိုတော့မည့်အချိန်တွင် မမျှော်လင့်ဘဲ LED ဖန်သားပြင်ပေါ်ရှိ ရှချန်းချန်းသည် သူမထံ ကရုဏာတရားပြည့်ဝသော မျက်လုံးများဖြင့် ပြုံးနေသည်ကို မြင်လိုက်ရသည်။

သူမသည် ‌လူးဆိုးကောင်၊ ခွေးကောင်အား ထုတ်ဖော်ပြောဆိုခဲ့စဉ်က ထားရှိခဲ့သော အေးဆေးတည်ငြိမ်သည့် မျက်နှာအမူအရာနှင့် အတူတူပင်ဖြစ်သည်။

စုန့်ယွီနင် : "..."

စုန့်ယွီနင်သည် မိုက်ကရိုဖုန်းအား ဆုတ်ကိုင်ကာ ငြင်းခုံလိုက်သည်၊

“ဘယ်သူက ကျွန်မ ရှလောင်ရှီးကို မကြိုက်ဘူးလို့ ပြောတာလဲ၊ ဒါက အရမ်း သိသာလွန်းတဲ့ စွပ်စွဲချက်ပဲ ကျွန်မ ရှလောင်ရှီးကို အကြိုက်ဆုံးပါ၊ ရှလောင်ရှီးက ကျွန်မစိတ်ထဲက အေးချမ်းသာယာတဲ့ လကမ္ဘာကြီးပဲ၊ သူမက ကျွန်မ လေးစား အားကျရတဲ့သူပါ၊ ကျွန်မဘဝရဲ့ အချစ်‌စစ်လေးလိုပဲ"

ကျင်ရိဖန်:?

ရှလုလု: ???

ဖန်းရော့ရော့: ???

နင်းနင်း စိတ်ရင်းအမှန်နဲ့ ပြောနေတာများလား။

ဝန်ထမ်းသည် မှန်ကန်သောအချိန်တွင် ရှချန်းချန်းထံ မိုက်ကရိုဖုန်းအား ပေးအပ်လိုက်သည်။ ရှချန်းချန်း စုန့်ယွီနင်အား ပြုံးပြလိုက်သည်။

"ဟုတ်တယ်၊ ငါလည်း နင်နင်ကို သဘောကျပါတယ်၊ နင်းနင်းအတွက် ကောင်မလေးတွေကို ကြည့်ဖို့ ဒီပွဲညမှာ ပါဝင်ဖို့ လာခဲ့တာ၊ နင်နင်ကလည်း ငါ့ကို ကြိုက်တယ်ဆိုတာ သိရလို့ အရမ်းဝမ်းသာပါတယ် "

[ ချန်းချန်း တကယ်ပဲ နင်နင်အတွက်နဲ့ လာခဲ့တာလား ]

[ ငါကြားထားတာရှိတယ် ချန်းချန်းက အစက "ယွီကွမ်း" ရှိုးပွဲ‌ဆီ သွားဖို့လုပ်ထားတာ၊ ဒီညမှ ဒီပွဲကို ပါဝင်ဖို့ ရုတ်တရက် အစီစဉ် ပြောင်းလိုက်တာ၊ ဒါဆို တကယ်ပဲ နင်နင် အတွက်လာခဲ့တာလား ]

[ ထိပ်တန်း အမျိုးသမီးသရုပ်ဆောင်နဲ့ ပေါ်ပြူလာဖြစ်လာတဲ့ ကြယ်ပွင့်ကလေး၊ အပြင်ပိုင်းမှာတော့ ရန်သူလို၊ တကယ်တမ်းကျ အချစ်ဇာတ်လမ်းလေး အိုးမိုင်ယူရီ ငါတော့ စွဲလမ်းမိသွားပြီ ]

[ အလှဘုရင်မ နှင့် တောက်ပနေသောကြယ်ပွင့်ကလေး၊ အိုးး ငါတော့ကြိုက်တယ်]

အနားရှိ ပြိုင်ပွဲဝင်အားလုံးသည် စုန့်ယွီနင်အား အားကျသည့် အကြည့်ဖြင့် ကြည့်နေကြသည်။

"ရှလောင်ရှီးက သူ နင်နင်ကြောင့် လာခဲ့တာတဲ့ "

" ရှလောင်ရှီး အရင်က အစီအစဉ်မှာ ပါဝင်တုန်းက နင်နင် ကို အထူးဂရုစိုက်ပေးခဲ့တာ၊ ဒါဆို နင်နင်နဲ့ သူက တကယ့်ကို အပြန်အလှန် ခင်မင်ကြတာပဲ "

"အင်း နင်နင်ကို အားကျမိတယ်"

စုန့်ယွီနင်:"..."

ငါ့အတွက်လာတာ မင်းတို့အားလုံး လုံးဝနားမလည်ကြဘူးပဲ ၊ ရှချန်းချန်း က ငါ့ကို ကြီးကြပ်ဖို့လာတာ၊ သူမရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ထွက်သွားမှာ စိုးရိမ်နေတာ တကယ့် အချစ်ဇာတ်လမ်း မဟုတ်ဘူးဟ။

အိုး … သူမဟာ နားလည်မှု လွဲမှားခံနေရတဲ့ သနားစရာ ကောင်မလေး တစ်ယောက်ပါပဲလား။

ဧည့်သည်ဧရိယာထဲတွင် ရှချန်းချန်းသည် မိုက်ကရိုဖုန်းကိုင်လျက် စုန့်ယွီနင်အား အားပေးနေဆဲဖြစ်သည်

"Galaxy Girls အဖွဲ့ရဲ့ အေဂျင်စီစာချုပ်က တျန်းရှန့် လက်ထဲမှာပဲရှိသေးတာ၊ နင်နင် ကြိုးစားထား၊ မင်း ပွဲဦးထွက်ခွင့်ရလာရင် ငါတို့ ညီအစ်မတွေ လုပ်ကြမယ် "

[ အားးး ချန်းချန်းက နင်နင်ကို စောင့်နေတာ မဆန်းပါဘူး၊ ကျဲချန်းချန်းက တျန်းရှန့် နဲ့ စာချုပ်ချုပ်ထားတာ အားလုံး နင်နင် အတွက်ပဲ ]

[ စာချုပ် အကန့်အသတ်က တစ်နှစ်ပဲဖြစ်ဖြစ်၊ သူမက သူမနဲ့အတူရှိချင်နေတာ ]

[ ငါ ထပ်သိလိုက်ပြန်ပြီ၊ အိုး လီလီပန်းနံ့လေးတွေ သင်းပျံ့နေတာပဲ ]

စုန့်ယွီနင်:"..."

ရုတ်တရက် သူမ ပွဲဦးထွက်ချင်စိတ် ပျောက်ဆုံးသွားသည်။

ငါဘာလုပ်ရမလဲ။

မကျေမနပ် ဖြစ်နေသော်လည်း စုန့်ယွီနင် သည် ဇာတ်စင်ပေါ်တွင် အံ့သြဖွယ် ကောင်းလောက်အောင် စေ့စေ့စပ်စပ် လုပ်ဆောင်နေဆဲဖြစ်သည်။

ပြိုင်ပွဲဝင် နှစ်ဆယ်အား ဇာတ်စင်သုံးခု ခွဲထားသည်။

စုန့်ယွီနင် ၏ ခန့်ညားကာ နတ်သမီးပုံစံ ရေခဲနှင့် နှင်း ဖျော်ဖြေမှုသည် ကြည့်ရှုသူများကို သရဲတိုင်းပြည်ဆီ ခေါ်ဆောင်သွားသကဲ့သို့ ခံစားရစေသည်။

ဖန်းရော့ရော့ ၏ အမြင့်စား စည်းချက်များဖြင့် အနက်ရောင် ရက်ပ်ဂီတသည် ဇာတ်စင်အား ချက်ချင်းပင် လှုံ့ဆော်ပေးသည်။

ရှလုလု၏ ရိုးရာ အကဟန်သည် ကြည့်ရှုသူများရှေ့တွင် ထန်မင်းဆက်ခေတ်၏ ခန့်ညားမှုကို ပြန်လည်ဖော်ဆောင်နေသည်။

[ နင်နင်က သူ့အမူအရာကို ပြောင်းပစ်လိုက်တာ၊ အား ရေခဲဘုရင်မတစ်ပါးပဲ၊ အရမ်း အံ့သြဖို့ကောင်းတယ် ]

[ ရော့ရော့ ရဲ့ရက်ပ်ဂီတက မိန်းကလေး အိုင်ဒေါတွေထဲမှာ ထိပ်တန်းကပဲ၊ သူ့ရဲ့ စည်းချက်ခံစားမှုက တကယ်ကို အံ့သြဖို့ကောင်းတယ် ]

[ လုလု က ရှေးဟောင်း အမျိုးသမီးအလှအပနဲ့ အလိုက်ဖက်ဆုံးပဲ၊ ဘုရားရေ ဒီလိုက်ဖက်ညီမှုက အံ့သြဖို့ကောင်းလိုက်တာ ]

ဖျော်ဖြေမှုများ ပြီးဆုံးသွားပြီး ပြိုင်ပွဲဝင် နှစ်ဆယ်သည် ဇာတ်စင်ပေါ်သို့ နောက်တစ်ကြိမ် ပြန်တက်လာကြသည်။

ကွင်းအတွင်း၊ အပြင် နှစ်ခုလုံးတွင် မဲများတိုးမြင့်လာပြီး ချန်ပီယံအသစ်တစ်ဦး ကြေညာတော့မည်ဖြစ်သည်။

တီဗီရှိုးအား သုံးလတိတိ အားပေး ကြည့်ရှုခဲ့ ကြပြီးနောက် ပရိသတ်များသည် နောက်ဆုံး အနိုင်ရမည့်သူသည် စုန့်ယွီနင် နှင့် ရှလုလု နှစ်ဦးထဲမှ တစ်ဦး ဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။

စုန့်ယွီနင် ၏ စွမ်းရည်များသည် ပိုမိုဟန်ချက်ညီပြီး အားနည်းချက်လုံးဝမရှိဘဲ သူမသည် အမြဲတမ်း စိတ်ကူးယဉ်ဆန်စွာ ဇာတ်စင်ဖျော်ဖြေမှုအား ဖန်တီးနိုင်သည်။ ထိုအချိန်တွင် ရှလုလု ၏ ရိုးရာအကဟန်သည် အသက်ရှုမှားစေပြီး မေ့မရနိုင်အောင် လှပသည်။

သူတို့နှစ်ဦး၏ မဲများသည် LED ဖန်သားပြင်ပေါ်တွင် မြင့်တက်လာခဲ့သည်။ ရှလုလု၏ မဲများသည် နောက်ဆုံးတွင် ၂၉၃ သန်းတွင် ရပ်တန့်သွားပြီး၊ စုန့်ယွီနင်၏ မဲများသည် သန်း ၃၀၀ ကျော်သွားသည်။

ပတ်ဝန်းကျင်ရှိ မီးရှူးမီးပန်းများ နောက်တကြိမ် ပေါက်ကွဲထွက်လာပြီး ချန်ပီယံအသစ်တစ်ဦး မွေးဖွားလာခဲ့လေသည်။

ရှလုလု ၏ ဖျော်ဖြေမှုသည် အမှန်တကယ် ကောင်းမွန်သော်လည်း စုန့်ယွီနင် နှင့် နှိုင်းယှဉ်ပါက ဇာတ်စင်အတွေ့အကြုံ အနည်းငယ် ချို့တဲ့သဖြင့် စင်ပေါ်တွင် စုန့်ယွီနင် ကဲ့သို့ သက်တောင့်သက်သာနှင့် လွတ်လပ်စွာ မရှိခဲ့ပေ။

ဤအချက်ကြောင့် ရှလုလု သည် သူမ၏ ရှုံးနိမ့်မှုကို လက်ခံခဲ့သည်။

ချန်ပီယံဆုတံဆိပ်အား ကိုင်ထားလျက် စုန့်ယွီနင်၏ မျက်လုံးများတွင် မျက်ရည်များဝဲ့နေသည်။

လွန်ခဲ့သော သုံးလက သူမသည် ရှချန်းချန်း နှင့် ထိပ်ဆုံးနေရာ အတွက် ယှဉ်ပြိုင်နေဆဲဖြစ်သော်လည်း သုံးလကြာပြီးနောက် သူမသည် တကယ်ပဲ ထိပ်ဆုံးသို့ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ

[ အားးးးး နင်နင်၊ နင်နင်က ချန်ပီယံပဲ ]

[ ပထမဆုံး ဖျော်ဖြေမှုတုန်းက ချန်းချန်းက နင်နင် ကို ထိပ်ဆုံးနေရာယူဖို့ တွန်းအားပေးခဲ့တယ်၊ အခု ညမှာတော့ နင်နင် က ကတိအတိုင်း ထိပ်ဆုံးနေရာကို ရယူခဲ့တယ်၊ ငါပြောချင်တာကို နားလည်ကြတယ်မလား ]

[ ဒါဟာ အချစ်ပဲ၊ အရမ်းစွဲလမ်းသွားပြီ ]

စုန့်ယွီနင်: ???

မဟုတ်ဘူး... သူမက သူမရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ ထိပ်ဆုံးနေရာကိုရတာ၊ ရှချန်းချန်း ရဲ့ကတိတွေ စကားတွေနဲ့ ဘာမှမဆိုင်ပါဘူး။

ပွဲညသည် ခမ်းနားစွာ ပြီးဆုံးခဲ့သည်။

ပြိုင်ပွဲဝင်ကိုးဦး အဖွဲ့ဖွဲ့၍ စတင်ခဲ့သည်။ ကျန်ရှိနေသော ၁၁ ဦးသည် အောင်မြင်ခြင်း မရှိသော်လည်း သူတို့၏ ထူးချွန်သော ဖျော်ဖြေမှုများကြောင့် ကုမ္ပဏီများစွာ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

ရှချန်းချန်းသည် ကော့တေးသောက်ရန်အတွက် အားကစားကွင်းအနီးရှိ ဟိုတယ်တစ်ခုအား အထူး ငှားရမ်းထားသည်။ ၎င်းသည် မိန်းကလေးကိုးဦး၏ ပွဲထွက်ခွင့်အား ဂုဏ်ပြုရန်နှင့် အောင်မြင်ခြင်းမရှိသော မိန်းကလေးများအား သူမ တည်ဆောက်ထားသော ပလက်ဖောင်းမှတစ်ဆင့် ကုမ္ပဏီသစ်များနှင့် ဆက်သွယ်နိုင်ရန် အခွင့်အလမ်း ပေးရန်ဖြစ်သည်။ သူတို့တွင် နောက်ထပ် စတင်နိုင်သည့် အခွင့်အရေးရှိမည်ဟု မျှော်လင့်ချက်ဖြင့် ဖြစ်သည်။

ထိုညနေခင်းတွင် အောင်မြင်ခြင်းမရှိသော ပြိုင်ပွဲဝင် ၁၁ ဦးအပြင် ယခင် အထုတ်ခံခဲ့ရသော ပြိုင်ပွဲဝင်များလည်း ပွဲသို့ ပြန်လာခဲ့ကြသည်။

ရှချန်းချန်းအား ရှလုလု နှင့် အခြားသူများသည် စင်နောက်သို့ အစောကြီး ဆွဲခေါ်သွားခဲ့ပြီး ဟုန့်ပေါ်ချောင်သည် တျန်းရှန့် ဖျော်ဖြေရေး၏ CEO အဖြစ် တာဝန်ယူကာ နိုင်ငံတကာ အဆင့်မီ အနုပညာရှင်များအား ရှာဖွေရန် ဆက်လက် လုပ်ဆောင်နေသည်။

"ဟယ်လို ဟုန့်ပေါ်ချောင် ဥက္ကဌ"

အမျိုးသမီးတစ်ဦး၏ အသံ ရုတ်တရက် နောက်မှ ထွက်ပေါ်လာသည်။ ဟုန့်ပေါ်ချောင် လှည့်ကြည့်လိုက်သောအခါ သူ့နောက်တွင် ရပ်နေသော အသက်နှစ်ဆယ့်ငါးနှစ်ခန့် ရှိဟန်တူသည့် ဘရန်းများဖြင့် အလှပြင်ထားသည့် အမျိုးသမီးတစ်ဦးအား တွေ့မြင်ရသည်။ သူမသည် C-အမှတ်တံဆိပ်၏ ဖျော့တော့သော အဝါရောင် အင်္ကျီဝတ်ထားပြီး ပုလဲများ ခြယ်သထားသော ခါးပတ်အား တပ်ဆင်ထားသည်။

သူမသည် အခြားအဆင်တန်ဆာများ နည်းနည်းပါးပါးသာ ဝတ်ဆင်ထားသော်လည်း သူမ၏ လှုပ်ရှားမှုတိုင်းသည် နူးညံ့သိမ်မွေ့ပြီး ခန့်ညားမှုကို ဖော်ပြနေသည်။

ကင်မရာမှ ဤပုဂ္ဂိုလ်အား ဖြတ်သန်းပြသခဲ့စဉ်က ဟုန့်ပေါ်ချောင်သည် သူမ၏ နာမည်အား မှတ်မိခဲ့သည် ဝမ်ရှိန်မီဒီယာမှ လော့ရှီလင်။

လော့မိသားစုသည် ယခင်က ကျန်းချန်း၏ အထက်တန်းလွှာ အသိုင်းအဝိုင်းများထဲမှ တစ်စု ဖြစ်ခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်က ၎င်းတို့သည် ဖွံ့ဖြိုးရေးစင်တာများအား ပင်လယ်ရပ်ခြားသို့ ပြောင်းရွှေ့ခဲ့ပြီး တရုတ်နိုင်ငံတွင်း၌ ဝမ်ရှိန်မီဒီယာ တစ်ခုသာ ကျန်ခဲ့သည်။ ဝမ်ရှိန်မီဒီယာသည် မကြာသေးမီနှစ်များအတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့သဖြင့် လော့ဥက္ကဌ သည် သူ၏သမီး လော့ရှီလင်အား ဗြိတိန်မှ ပညာသင်ကြားပြီးနောက် ကျန်းချန်းသို့ ဝမ်ရှိန်မီဒီယာအား စီမံခန့်ခွဲရန် ပြန်လာစေခဲ့သည်။

အထက်တန်းလွှာ အသိုင်းအဝိုင်း၏ လျှို့ဝှက်ချက်များနှင့် ရင်းနှီးသော ပပါရာဇီများသည် သတင်းအချက်လက်အား တွင်းနက်ထဲထိ ဝင်နှိုက်ခဲ့ကြသည်။ ကျန်းချန်ရှိ အထက်တန်းလွှာ အသိုင်းအဝိုင်းရှိ မိန်းကလေးများအကြောင်း ဆွေးနွေးသည့်အခါ ရှချန်းချန်း၏ အားသာချက်မှာ သူမ၏ အလွန်လှပသော အသွင်အပြင် ဖြစ်သည်။ လုယန်ရန်၏ အားသာချက်မှာ သူမမိသားစု၏ ကြွယ်ဝမှုပင် ဖြစ်သည်။

လင်းရှောင်မှာ စိတ်မနှံ့သူဖြစ်ပြီး ယဲ့ရှီဝမ်သည် တရားမဝင် သမီးဖြစ်သောကြောင့် အထက်တန်းလွှာဟူသော ဘွဲ့၊ ဂုဏ်နှင့် မထိုက်တန်ပေ။

သို့သော် လော့ရှီလင်သည် အသွင်အပြင်တွင်သာမက ကိုယ်ပိုင် အရည်အချင်းတွင်လည်း ထူးချွန်သည်။ အမည်ကျော် တက္ကသိုလ်မှ ဘွဲ့ရပြီး မိသားစုလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအား လက်ခံကာ စီမံခန့်ခွဲနိုင်သည့်အပြင် တောင်တန်းဒေသရှိ ကလေးများကို ကူညီရန် ပရဟိတအသင်း တစ်ခုကိုလည်း တည်ထောင်ခဲ့သည်။

သူမသည် ပြည်သူ့အတွက်မူ လှပ၍ ဖြူစင်သော စံပြ အထက်တန်းလွှာ အမျိုးသမီး ဖြစ်သည်။

သူမနှင့် နှိုင်းယှဉ်ပါက ရှချန်းချန်း နှင့် အခြား အထက်တန်းလွှာ မိန်းကလေးများ မှေးမှိန်သွားသည်။

ဟုန့်ပေါ်ချောင်သည် လော့ရှီလင်အား သတိထားမိကာ ခေါင်းအနည်းငယ်ညွှတ်၍ ယဉ်ကျေးစွာပြောသည်၊

"ဟယ်လို မိန်းကလေးလော့”

လော့ရှီလင်လည်းပဲ ပြန်၍ ခေါင်းညွှတ်ပြလိုက်ပြီး သူမ၏ လှုပ်ရှားမှုတိုင်းတွင် အထက်တန်းလွှာ မိန်းကလေးတစ်ဦး၏ ခန့်ညားမှုနှင့် ပညာရှိမှုကို ဖော်ပြနေသည်။

"ဒီည ပွဲအပြီးမှာ ယွီနင် နဲ့ ရော့ရော့က တျန်းရှန့် ဆီ အစီရင်ခံစာတင်ပါလိမ့်မယ်၊ ရှင့်ရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်”

စုန့်ယွီနင် နှင့် ဖန်းရော့ရော့ တို့သည် ဝမ်ရှိန်မီဒီယာ၏ အနုပညာရှင်များ ဖြစ်ကြသည်။

"ဟုတ်ကဲ့ပါ မိန်းကလေးလော့က အခုလို ထူးချွန်တဲ့ ပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးလို့ ကျွန်တော်တို့က ကျေးဇူးတင်ရမှာပါ "

ဟုန့်ပေါ်ချောင် မြှောက်ပင့် ပြောဆိုလိုက်သည်။ ဖျော်ဖြေရေးလောကတွင် ကျင်လည်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် ယဉ်ကျေးသောစကား ပြောဆိုရာတွင် ကျွမ်းကျင်လာခဲ့ပြီး ဖြစ်သည်။

နှစ်ဦးနှစ်ဖက် နှုတ်ဆက်စကားများ ထပ်မံဖလှယ်ကြသည်။ စကားဝိုင်းသည် အဓိကအားဖြင့် ပွဲဦးထွက်တော့မည့် ပြိုင်ပွဲဝင်များနှင့် ၎င်းတို့၏ အနာဂတ် ဖွံ့ဖြိုးရေးဆိုင်ရာ သာမန် အသေးစိတ် အချက်အလက်များကို ဗဟိုပြုထားသည်။

"စကားမစပ် တစ်ခုလောက် ပြောပါရစေ"

လော့ရှီလင်၏ မျက်နှာသည် ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းထားသော်လည်း အနည်းငယ် ရှက်ရွံ့သည့် အရိပ်အယောင်ပါရှိသည်။

“ကျစ်ရှင်းကို ကျွန်မဘက်က ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ၊ သူက ကျွန်မရဲ့ပရဟိတလုပ်ငန်းတွေကို ဒီလောက်ဂရုစိုက်ပြီး ကျွန်မရဲ့ပရဟိတအသင်းကို ဒီလောက်လှူလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”

ဟုန့်ပေါ်ချောင် တုန်လှုပ်သွားခဲ့သည်။

လော့ရှီလင် နှင့် မစ္စတာရှဲ့ တို့ ရင်းနှီးကျွမ်းဝင်ကြသလား။ သူမသည် ကျစ်ရှင်း ဟု နာမည်နှင့် တိုက်ရိုက် ခေါ်ဝေါ် နေသည် မဟုတ်လော။

လော့ရှီလင် တွင် ပရဟိတအသင်းတစ်ခုရှိကြောင်း ဟုန့်ပေါ်ချောင် သိထားသည်။ ယခင်က ရှချန်းချန်း၏ အမိန့်ဖြင့် သူသည် ဖန်စစ်ဟန် အား ပရဟိတလုပ်ငန်းများစွာ လုပ်စေခဲ့သည်။ ထိုထဲတွင် လော့ရှီလင်၏ ပရဟိတအသင်းအား ငွေကြေးထောက်ပံ့ခြင်းလည်း ပါဝင်သည်။

သို့သော် ထိုငွေများသည် ဖန်စစ်ဟန် မှလှူဒါန်းခဲ့ခြင်းဖြစ်ပြီး လှူဒါန်းရန် ပရဟိတအဖွဲ့အစည်းအား ဟုန့်ပေါ်ချောင်မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရှချန်းချန်း သည် တျန်းရှန့် ၏နောက်ကွယ်မှ အကြံပေးပုဂ္ဂိုလ်ဖြစ်သည်။

အစအဆုံး ဆက်စပ်ကြည့်လျှင် သူမသည် မစ္စတာရှဲ့ နှင့် မည်သည့် ဆက်နွယ်မှုမျိုး ရှိနေသနည်း။

ရှချန်းချန်းသည် တျန်းရှန့်၏ ဥက္ကဌဖြစ်ကြောင်း မည်သည့်အခါတွင်မျှ အများသိရှိစေခြင်း မရှိခဲ့ပေ။ အထက်တန်းလွှာ အသိုင်းအဝိုင်းတွင်လည်း ရှဲ့ကျစ်ရှင်းသည်သာ ဥက္ကဌဟု ယုံကြည်ထားကြဆဲဖြစ်သည်။ အင်တာနက် အသုံးပြုသူများသည်လည်း ဟုန့်ပေါ်ချောင်အား တျန်းရှန့်၏ ပိုင်ရှင်အဖြစ် ယုံကြည်နေဆဲဖြစ်သည်။

လော့ရှီလင် အထင်မှားကာ မစ္စတာရှဲ့သည် သူမအားဂရုစိုက်သဖြင့် သူမ၏ ပရဟိတအဖွဲ့အစည်းသို့ ငွေကြေးလှူဒါန်းသည်ဟု ထင်မှတ်နေသလော။

မရှက်တတ်လိုက်တာ!

" မိန်းကလေးလော့ မင်း တစ်ခုခု အထင်လွဲနေပြီထင်တယ် "

ဟုန့်ပေါ်ချောင် ပြုံးရယ်လိုက်သောအခါ သူ၏မျက်လုံးများမှာ မမြင်ရလောက်အောင် ပူးကပ်သွားသည်။

" မစ္စတာရှဲ့က တျန်းရှန့်ကို သူ့ရဲ့ ရည်းစားဆီကို လွဲပေးထားတာမလို့ လှူဒါန်းမှုအကြောင်း သူမသိဘူး၊ ကျေးဇူးတင်စကား ပြောချင်ရင် မစ္စတာရှဲ့ ရဲ့ ရည်းစားကို ပြောရမှာ မဟုတ်လား၊ ကျွန်တော်က‌နေ သူမဆီ ပြောပေးရမလား "

လော့ရှီလင် ရုတ်တရက် တုန်လှုပ်သွားပြီး သူမ၏ မျက်နှာအမူအရာသည် ချက်ချင်း ရှက်ရွံ့သွားခဲ့သည်။

ဖြစ်နိုင်သည်မှာ သူမသည် စိတ်လွန်ကဲနေခဲ့သလား။ ရှဲ့ကျစ်ရှင်း သည် ပရဟိတအကြောင်း ဘာမှမသိဘဲ သူမအားကူညီရန် ရည်ရွယ်ချက်လည်း မရှိခဲ့လေသလား။

သို့သော် အချိန်ခဏ အတွင်းမှာပင် လော့ရှီလင် သည် ယုံကြည်မှုရှိသော မျက်နှာအမူအရာအား ပြန်လည်တည်ဆောက်ကာ အနည်းငယ် မော့ကြည့်သည့်အမူအရာကို မထိန်းနိုင်ခဲ့ပေ

"ကျစ်ရှင်း က တျန်းရှန့် ကို သူ့ရည်းစားဆီ လွှဲပြောင်းပေးလိုက်တယ်ဆိုတာ 'ရှရှ' ဆိုတဲ့အမျိုးသမီးလား၊ မိတ်ကပ်ပညာရှင်တစ်ယောက် သူမက ကုမ္ပဏီကိုရော စီမံခန့်ခွဲတတ်လို့လား "

“ အင်း မိန်းကလေးလော့ မင်းက နာမည်ကြီးတက္ကသိုလ်ကနေ MBA ဘွဲ့ရထားတာပဲ၊ ကျွန်တော်တို့ ရှ ဒါရိုက်တာကတော့ မင်းလောက် ဘယ်သိမလဲ”

ဟုန့်ပေါ်ချောင် နှိမ့်ချစွာပြောသည်၊

"သူမ တာဝန်ယူပြီးကတည်းက တကယ့် စွမ်းဆောင်ရည်မျိုး တစ်ခုမှ သိသိသာသာ မပြခဲ့ဖူးဘူး"

လော့ရှီလင်၏ နှုတ်ခမ်းသည် အနည်းငယ် မသိမသာ ကွေးတက်သွားသည်။

ဟုန့်ပေါ်ချောင် ဆက်ပြောသည်၊

"သူမက 'ရှန်းကျယ်' (The Immortal Secret) ရင်းနှီးမြှုပ်နှံခဲ့တယ်၊ ရုံတင်ငွေ ယွမ် ၃ ဘီလီယံအထိ အာမခံချက်ရထားတယ်၊ ဖန်ဝေလော့လိုမျိုး ထိပ်တန်းအနုပညာရှင်ကို ခုနှစ်ယောက် ရှစ်ယောက်လောက်လည်း ထပ် မွေးထုတ်ပေးနိုင်တယ်၊ တျန်းရှန့် ရဲ့ ထိပ်ဆုံးနေရာကိုလည်း ဆက်ထိန်းထားနိုင်တယ်၊ ထျန်ရှန်းရဲ့ စွမ်းဆောင်ရည် ၄ ဆတိုးလာတယ်၊ ဒါတွေက ရှ ဥက္ကဌ လုပ်ထားတာကို အခြေခံထားတာ ဆိုပေမယ့်လို့ မင်းရဲ့ဝမ်ရှိန်နဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်သေးပါဘူး "

လော့ရှီလင်:"..."

လွန်ခဲ့သောနှစ် နှစ်ပတ်လည် အစည်းအဝေးတွင် ဝမ်ရှိန်မီဒီယာသည် ယခုနှစ်အတွက် "ဝင်ငွေ ၄ ဆတိုးပြီး ထိပ်ဆုံးရောက်ရန်" ဟူသော ရည်မှန်းချက်အား ဖော်ပြခဲ့သည်။

သို့သော် ချီပိုင်၏ ကူးယူမှုဆန့်ကျင်ရေး အမှုတွင် ရှုံးနိမ့်ခဲ့မှုကြောင့်နှင့် ချီပိုင်သည် ဝမ်ရှိန် ၏ စတော့ရှယ်ယာရှင် တစ်ဦး ဖြစ်နေဆဲဖြစ်သဖြင့် ဝမ်ရှိန်သည် အကြီးအကျယ် ရှုံးနိမ့်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

ထို့နောက် ဝင်ငွေ ၄ ဆတိုးခြင်းအား ဆက်လက်ဆောင်ရွက် နေကြဆဲဖြစ်သည်။

ဟုန့်ပေါ်ချောင် ဤသို့ ပြောလိုက်ခြင်းသည် လော့ရှီလင်အား ဒေါသထွက်စေရန် တမင်သက်သက် ပြုလုပ်ခြင်း မဟုတ်ပါလား။ ကုမ္ပဏီအား မစီမံနိုင်ဟု၊ ဝမ်ရှိန်မီဒီယာကို လေးဆအထိ အောင်မြင်အောင် မလုပ်နိုင်ခဲ့ဟု တမင် ပြောနေခြင်းလားမဟုတ်ပါလား။

လော့ရှီလင် မျက်နှာပျက်သွားသည်။

သူမသည် မိတ်ကပ်ပညာရှင်လေး တစ်ဦးသာဖြစ်သည်။ ရှဲ့ကျစ်ရှင်းသည် မျက်စိကန်းနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ဟုန့်ပေါ်ချောင်သည် အဘယ်ကြောင့် သူ့အား ဤမျှ ကာကွယ်ပေးနေရပါသနည်း။

ဟုန့်ပေါ်ချောင်သည် ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြလျက် ရှန်ပိန်ခွက်အား ကိုင်ကာ ကျေနပ်အားရ ဖြစ်နေဟန်ဖြင့် ထွက်ခွာသွားသည်။

အနီးအနားတွင် ရပ်နေသော ရှုကျစ်ချင်းမှာမူ ဖြစ်ရပ်အစုံကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ သူမသည် စုန့်ယွီနင်၏ စီနီယာအစ်မ ဖြစ်ပြီး စုန့်ယွီနင်ကိုယ်တိုင် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမ၏ အကြီးအကဲဖြစ်သူ လော့ရှီလင်သည် တျန်းရှန့်ကုမ္ပဏီ၏ CEO နှင့် ရန်ဖြစ်နေသည်ကို တွေ့မြင်လိုက်ရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်မိသည်။

ရှုကျစ်ချင်း အလွန်အမင်း ရှက်ရွံ့သွားပြီး သူမ၏ နှုတ်ခမ်းရှိ အပြုံးများမှာ မချိုသာတော့ပေ။

ဤကဲ့သို့ ဒရာမာမျိုးစုံဖြင့် ပြည့်နှက်နေသော အခြေအနေကို မည်သူက လိုလားပါမည်နည်း။ လော့ရှီလင်၏ အကူအညီ မလိုအပ်ပါက ဤကဲ့သို့ ရှက်ဖွယ်ကောင်းသော မြင်ကွင်းကို သူမ အဘယ်ကြောင့် လာရောက် ကြည့်ရှုနေရမည်နည်း။

လော့ရှီလင် လှည့်ကြည့်လိုက်ရာ မျက်နှာတွင် နေရခက်နေသော အပြုံးတစ်ခုဖြင့် ရှုကျစ်ချင်းအား မတော်တဆ တွေ့သွားပြီး သူမ၏ မျက်နှာသည် ရုတ်တရက် ခက်ထန်သွားသည်။

" ဘာရယ်နေတာလဲ”

ရှုကျစ်ချင်းမှာ သူမသည် လူမှုရေးယဉ်ကျေးမှုအရ ပြုံးပြရုံမျှသာ ဖြစ်သည်ဟု ပြောလိုက်ချင်သည်။

ရှုကျစ်ချင်းသည် အလွန်အမင်း ရယ်မောထားရသဖြင့် တောင့်တင်းနေသော မျက်နှာကြွက်သားများအား ပွတ်သပ်ကာ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။

ဤအချိန်သည် စကားပြောရန် အကောင်းဆုံးအချိန် မဟုတ်ကြောင်း သူမ သိသော်လည်း လော့ရှီလင်၏ စိတ်သည် မကြာမီ ပြန်ကောင်းလာမည့် ပုံစံမျိုး မတွေ့ရဟုလည်း သူမ ခံစားမိသည်။

" လော့လောင်ရှီး ကျွန်မ ခဏတာ လာမေးတာပါ၊ ကျွန်မ အရင်တစ်ခေါက်က ပြောခဲ့ဖူးတဲ့ ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး လော့လောင်ရှီး ဘယ်လိုထင်မြင်လဲနော်"

ရှုကျစ်ချင်းသည် လက်ရှိ၌ ငွေ လိုအပ်နေပြီး ပမာဏမှာလည်း များပြားသောကြောင့် လုပ်အားခ ကြိုတင်ထုတ်ယူခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်မည်ဟု ဆုံးဖြတ်ခဲ့သည်။

အခြားသူများသည် သူမအား နာမည်ကြီး မင်းသမီးတစ်ဦးအဖြစ် မှတ်ယူထားကြသော်လည်း စာချုပ် ချုပ်ဆိုစဥ်အခါက သူမ မည်မျှ အဆင်မပြေခဲ့သည်ကို သူမ ကိုယ်တိုင်သာ သိသည်။

စာချုပ်ပါ ၈၀/၂၀ ခွဲဝေမှုတွင် ဝမ်ရှိန်မီဒီယာမှ အများစု ရယူသွားပြီး သူမအတွက်မူ ငွေအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ သူမ၏ လက်ရှိအခြေအနေအရ လျှော်ကြေးပေး၍ အလုပ်ပြောင်းရန် မဖြစ်နိုင်သေးပေ။

" ဒီရက်ပိုင်း ကျွန်မ အလုပ်ရှုပ်နေတယ်၊ အဲကိစ္စ နောက်မှပြောရအောင် "

ဟုန့်ပေါ်ချောင်၏ စကားများကြောင့် လော့ရှီလင်သည် စိတ်အခြေအနေ အလွန်ဆိုးဝါးနေသည်။ ရှုကျစ်ချင်းအား ပြန်၍ လှည့်ပင်မကြည့်ဘဲ ပန်းရောင် နေကာမျက်မှန် တပ်ကာ မာနကြီးစွာဖြင့် ခေါင်းမော့လျက် လှည့်ထွက်သွားသည်။

ရှုကျစ်ချင်း၏ ရင်ထဲတွင် သွေးများ အေးခဲသွားသည်။ ချေးငွေတောင်းဆိုသော စာတိုသည် သူမ၏ ဖုန်းထဲတွင် ရှိနေဆဲပင်။ ယနေ့ည၌ ငွေမရရှိပါက မည်သို့ ပြုလုပ်ရမည်ကို သူမ မသိတော့ပေ။

ပါတီနောက်ကွယ်ရှိ စင်မြင့်ပေါ်တွင် အသီးသီးသော ပြိုင်ပွဲဝင်များသည် ဖျော်ဖြေရေးဝတ်စုံများ ချွတ်ကာ အသစ်စက်စက် ဂါဝန်များ ပြောင်းလဲဝတ်ဆင် နေကြသည်။ ဤမျှနှင့်ပင် မပြီးသေး သူတို့သည် ရှချန်းချန်းထံမှ အဖွဲ့လိုက် လက်ဆောင်အဖြစ် ရာသီခွင်စီးရီးမှ တန်ဖိုးကြီး လည်ဆွဲတစ်စုံစီ ကိုလည်း ရရှိခဲ့ကြသည်။ မိန်းကလေးများသည် ဤကဲ့သို့ လှပသော လက်ဝတ်ရတနာ လည်ဆွဲအား ပထမဆုံးအကြိမ် လက်ဆောင် ရရှိခဲ့ကြသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားကာ မျက်ရည်ကျ သည်ထိပင်။

" ရှလောင်ရှီး၊ လောင်ရှီးက ကျွန်မတို့အပေါ် အရမ်း ကြင်နာတာပဲ "

ရှချန်းချန်းသည် ကောင်မလေးများ၏ ခေါင်းများအား ပွတ်သပ်ပေးလျက်၊

"ဒီနေ့ည တစ်ညတော့ ပျော်ပျော်နေကြ ဒါပေမဲ့ မနက်ဖြန်ဆိုရင် ငါ့အတွက် ပိုက်ဆံရှာ‌ပေးရမဲ့ အချိန်တွေ စပြီနော် ”

" ရှလောင်ရှီးအတွက် ပိုက်ဆံရှာပေးရမယ် ဟုတ်လား "

စုန့်ယွီနင် အံ့ဩသွားသည်။

" ကျွန်မတို့ အဖွဲ့ရဲ့ စာချုပ်က တျန်းရှန့် ကုမ္ပဏီနဲ့ ချုပ်ဆိုထားတာ မဟုတ်ဘူးလား”

ဤအရာသည် ရှချန်းချန်းနှင့် မည်သို့ သက်ဆိုင်ပါမည်နည်း။

ဒါရိုက်တာကျန်း ဝင်ရောက်လာကာ ရှင်းပြရန် ပြင်ဆင်လိုက်သည်။

"မင်းတို့ မသိသေးကြဘူးလား ရှလောင်ရှီးက တျန်းရှန့်ရဲ့ ဥက္ကဋ္ဌ ပဲလေ၊ သူမက ဒီအစီအစဉ်အတွက် တျန်းရှန့်အမည်နဲ့ ရင်းနှီးမြှုပ်နှံခဲ့တာ၊ ဒါကြောင့် မင်းတို့အဖွဲ့ရဲ့ စာချုပ်က တျန်းရှန့်ရဲ့ လက်ထဲမှာ ရှိနေတာပေါ့”

ဤအကြောင်းအရာအား ကြားလိုက်ရသောအခါ ကောင်မလေးများ၏ မျက်လုံးများ တောက်ပြောင်သွားကြသည်။

" ဒါဆိုရင် သဘောက ကျွန်မတို့က ရှလောင်ရှီးလက်အောက်က အနုပညာရှင်တွေ ဖြစ်သွားကြတာပေါ့နော်”

" ပျော်စရာပဲ၊ အဲလိုဆိုရင် ရှလောင်ရှီးနဲ့ ခဏခဏ တွေ့ရတော့မယ်”

ပျော်ရွှင်စွာဖြင့် ပါတီသို့ တက်ရန် အဝတ်အစားများ လဲလှယ်နေသော စုန့်ယွီနင်တစ်ဦးတည်းသာ ထိုစကားအား ကြားလိုက်ရသည့်အခါ ရုတ်တရက် ထိတ်လန့်သွားသည်။

လောကကြီးတွင် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း ။ ရှချန်းချန်းသည် အနားယူထားပြီး ဖြစ်ကာ တျန်းရှန့်တွင် ပါဝင်သည့်တိုင် မကြာခဏ တွေ့ရမည် မဟုတ်ဟု သူမ ထင်ခဲ့သည်။ ယခုအခါတွင်မူ သူတို့သည် မကြာခဏ တွေ့ရမည့်ပုံ ရှိနေပြီလော။

ကယ်ကြပါ၊ သူမယခင်ဘဝက မည်သည့်အပြစ်များ ကျူးလွန်ခဲ့မိပါသလဲ။

ရှချန်းချန်းသည် စုန့်ယွီနင်အား ပြုံး၍ ကြည့်လိုက်သည်။

“နင်နင်၊ ငါ တျန်းရှန့်ရဲ့ ဥက္ကဋ္ဌ ဖြစ်နေတဲ့အပေါ် မင်းအနေနဲ့ ကန့်ကွက်စရာ တစ်စုံတစ်ရာ ရှိလို့လား"

သူမ ပြုံးနေသော်လည်း စုန့်ယွီနင်အတွက်မူ သူမ၏ ထိုအပြုံးသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းနေလေသည်။

စုန့်ယွီနင် ရုတ်တရက် ထရပ်လိုက်ပြီး ကိုယ်ကို ၁၈၀ ဒီဂရီခန့် ကိုင်းညွှတ်ကာ ဦးညွှတ်လိုက်သည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ရှလောင်ရှီး ကျွန်မ အမြင်မှာတော့ လောင်ရှီးက ဉာဏ်ပညာထက်မြက်ပြီး အမြော်အမြင်ကြီးတဲ့ စစ်ဗိုလ်ချုပ်တစ်ဦး၊ စစ်မှန်တဲ့ သိုင်းပညာရှင်၊ စိတ်ဓာတ်ခိုင်မာသူတစ်ဦး၊ ဉာဏ်ရည်ထက်မြက်ပြီး သတ္တိရှိတဲ့ ပုဂ္ဂိုလ်၊ ကောင်းကင်ဘုံက နဂါးနဲ့ ဇာမနီငှက်လိုမျိုး ကျော့ရှင်းလှပတဲ့ အမျိုးသမီးတစ်ယောက်ပါ၊ လောင်ရှီးလို ပုဂ္ဂိုလ်မျိုးကပဲ တျန်းရှန့်ရဲ့ ဥက္ကဋ္ဌ မဟုတ်ရင် တခြားဘယ်သူမှ ဒီဟာတွေနဲ့ မထိုက်တန်ပါဘူး”

ရှချန်းချန်းသည် သူ၏ပါးစပ်အား လက်ဖြင့် အုပ်ကာ ပြုံးပြလိုက်သည်။

“ငါတို့ နင်နင်က ဒီလောက် ချိုသာတဲ့စကားတွေ ပြောတတ်မှန်း မသိခဲ့ဘူး”

စုန့်ယွီနင်သည် နေရခက်ကာ

“လောင်ရှီးစိတ်တိုင်းကျအောင် ပြောနေတာလို့ ထင်နေတာလား တကယ်က လောင်ရှီးရဲ့ ပုံစံကြောင့် ပြောထွက်လာတာတွေပါ”

ပြိုင်ပွဲဝင်အားလုံး အဝတ်အစားလဲပြီးဖြစ်ကာ ပါတီသို့ သွားရန် အသင့်ရှိနေကြပြီ ဖြစ်သည်။

ဖန်းရော့ရော့သည် ပျော်ရွှင်စွာဖြင့် စုန့်ယွီနင်အား ရှချန်းချန်းပေးသော လည်ဆွဲကို ဝတ်ဆင်ပေးလိုက်သည်။ စုန့်ယွီနင် မှန်ထဲ၌ ကြည့်လိုက်ရာ ယခုလည်ဆွဲသည် ရက်အနည်းငယ်က လက်ဝတ်ရတနာ ဒီဇိုင်နာ ရှဲ့ရှင်းယောင် ဒီဇိုင်းဆွဲထားသော ရာသီခွင် လည်ဆွဲများ ဖြစ်ကြောင်း သိလိုက်ရသည်။

ရာသီခွင်တစ်ခုစီအတွက် ဒီဇိုင်း ၁၂ မျိုးရှိပြီး တစ်ခုချင်းစီသည် ထူးခြား ကွဲပြားကာ တစ်ခုတည်းသာရှိသည်။ အရေးကြီးဆုံးမှာ တစ်ခုစီ၏ တန်ဖိုးသည် အနည်းဆုံး သန်းတစ်ရာခန့် ရှိနေခြင်း ဖြစ်သည်။

စုန့်ယွီနင်သည် ရှချန်းချန်းအား မကြည့်ဘဲ မနေနိုင်တော့ပေ။

တျန်းရှန့် ဖျော်ဖြေရေးကုမ္ပဏီ၏ ဥက္ကဋ္ဌသည် ပြိုင်ပွဲဝင်တစ်ဦးချင်းစီအား သန်းတစ်ရာကျော် တန်ဖိုးရှိသော လည်ဆွဲကို ဤမျှလွယ်ကူစွာ ပေးနိုင်လျှင် သူမသည် အလွန်ချမ်းသာနေမည် မဟုတ်ပါလား။

သူမသည် ရှချန်းချန်း၏ လက်စားချေမှုအား ကြောက်ရွံ့သကဲ့သို့ ရှချန်းချန်း၏ ပန်းအိုးအကွဲ သူမ၏ သေးငယ်သော ခေါင်းလေးပေါ်သို့ ကျလာမည်လည်း စိုးရိမ်သည်။သို့သော် စုန့်ယွီနင်သည် ရဲစွမ်းသတ္တိများ စုစည်းကာ ရှချန်းချန်း၏ လက်အား ဆွဲလိုက်သည်။

“ရှလောင်ရှီး... လောင်ရှီးက တျန်းရှန့်ရဲ့ ဥက္ကဋ္ဌဆိုတော့ တော်တော်ချမ်းသာမှာပဲနော် ဟုတ်တယ် မလား”

“ဟုတ်တယ်”

ရှချန်းချန်း ပခုံးတွန့်လျက် ပြောသည်။

“ဘာလို့ ရုတ်တရက်ကြီး ဒါကို ထမေးတာလဲ”

စုန့်ယွီနင် ခဏတိတ်ဆိတ်သွားပြီးနောက် အံကျိတ်ကာ ပြောလိုက်သည်။

“ဒါဆို...လောင်ရှီး... ကျွန်မကို ငွေနည်းနည်းလေး... ချေးပေးနိုင်မလား”

“မင်းလည်း ငွေလိုနေတာလား”

ရှချန်းချန်း အံ့သြသွားသည်။ သူမသည် လက်ပိုက်ကာ စုန့်ယွီနင်အား အပေါ်အောက် ကြည့်လိုက်သည်။

“မင်းတို့ ဝမ်ရှိန်မီဒီယာက အနုပညာရှင်တွေ ဘာဖြစ်နေကြတာလဲ၊ ဘာလို့ အားလုံးက ငွေ လိုနေကြတာလဲ”

***

ညသည် နက်ရှိုင်းလာသည်နှင့်အမျှ ကြယ်များသည် မဲမှောင်နေသော တိမ်တ်ိုက်များနောက်၌ မှိန်ဖျော့သွားကာ ၎င်းတို့၏ တောက်ပမှုများ ဆုံးရှုံးသွားကြသည်။ မြို့တော်၏ မီးများသည်လည်း တစ်ခုပြီးတစ်ခု မှေးမှိန်းတိမ်ကောသွားကာ မြို့တော်အား မူလ အမှောင်ထုထဲသို့ ပြန်လည် ပို့ဆောင်လိုက်သည်။

လက်ထောက်သည် ကားကို မြေအောက် ကားပါကင်တွင် ရပ်ထားလိုက်သည်။ ရှုကျစ်ချင်းသည် ကားနောက်ခန်းမှ ထွက်လာပြီး လမ်းတစ်လျှောက်လုံး တရွတ်တိုက် လမ်းလျှောက်လာခဲ့သည်။ လက်ထောက်သည် သူမအား အပေါ်ထပ်အထိ လိုက်ပို့ပေးလိုသော်လည်း ရှုကျစ်ချင်းသည် သူမ၏ဖုန်းအား ကြည့်ကာ အချိန်နောက်ကျနေပြီ ဖြစ်သည်ကို တွေ့ရှိသဖြင့် လက်ထောက်၏ ပခုံးကို ပုတ်၍ သူ့အား အရင်သွားခိုင်းလိုက်သည်။

သူမသည် တိုက်ခန်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ သူမ၏ ဗိုက်ထဲတွင် ပျို့အန်ချင်သလို ခံစားနေရသည်။ ညက ရှုကျစ်ချင်းသည် အေဂျင်စီကြီးများ၊ ရင်းနှီးမြှုပ်နှံသူကြီးများစွာနှင့် တွေ့ဆုံခဲ့ရပြီး ဝိုင်အများအပြား သောက်ခဲ့ရသည်။

ကံမကောင်းစွာပင် သူမသည် တစ်ပြားတစ်ချပ်မျှ ချေးငွေ ရရှိခဲ့ခြင်း မရှိပေ။

သူမသည် ဖုန်းအား တင်းတင်းဆုပ်ကိုင်ထားမိသည်။ ဖုန်းထဲရှိ အကြွေးတောင်းနေသော စာတိုများသည် သေဒဏ်စာရင်းများကဲ့သို့ပင် သူမအား အသက်ရှူကျပ်စေပြီး လွတ်မြောက်ရန် မဖြစ်နိုင်တော့ဟု ခံစားရစေသည်။

နောက်ဆုံးတွင် သူမသည် အိမ်သို့ ပြန်ရောက်လာခဲ့သည်။ ဧည့်ခန်းအတွင်းတွင် မှောင်မိုက်နေကာ ဘာမှ မမြင်ရပေ။

ရှုကျစ်ချင်း သက်ပြင်းချလိုက်မိသည်။ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်တစ်ဝက်ခန့် ဆုံးရှုံးသွားသကဲ့သို့ ခံစားရသည်။

သူမသည် ဧည့်ခန်းရှိ မီးများအား ဖွင့်လိုက်သည်။

နောက်တစ်စက္ကန့်အကြာတွင် ရှုကျစ်ချင်း၏ စူးရှသော အော်ဟစ်သံသည် ဧည့်ခန်းအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ပြင်းထန်စူးရှပြီး ည၏ တိတ်ဆိတ်မှုအား ဖျက်စီးလိုက်သည်။

ရှုကျစ်ချင်းသည် သူမ၏ မျက်လုံးရှေ့မှောက်ရှိ မြင်ကွင်းကို ကြောက်လန့်တကြား ကြည့်ရှုနေမိသည်။ မျက်ရည်များသည် ထိန်းချုပ်မရဘဲ မျက်လုံးထောင့်မှ စီးဆင်းကျလာကာ သူမ၏ အဆင့်မြင့် ဝတ်စုံအား စိုစွတ်သွားစေသည်။

ဧည့်ခန်းမှ အခြားအခန်းသို့ သွားသော တံခါးပေါ်တွင် နှစ်မီတာကျော် အမြင့်ရှိသော သူမ၏ ဓာတ်ပုံကြီးတစ်ခု ချိတ်ဆွဲထားသည်။ ယခုအခါ ထိုဓာတ်ပုံပေါ်တွင် အနီရောင်ဆေးဖြင့် ကြီးမားစွာ ရေးထိုးထားသော စကားလုံးနှစ်လုံး ရှိနေသည်။

“ပိုက်ဆံ ပြန်ဆပ်”

Chapter 88

“ရှလောင်ရှီး၊ လောင်ရှီး အထင်လွဲနေပြီ၊ အကြွေးတင်နေတာက ကျွန်မ မဟုတ်ပါဘူး”

ရှချန်းချန်းသည် “ပိုက်ဆံပြန်ပေး” ဆိုသည်။ စကားလုံးများရေးထားသည့် ရှုကျစ်ချင်း၏ ကြီးမားသည့် ပိုစတာအရှေ့၌ ရပ်နေလေသည်။

မနေ့က စုန့်ယွီနင်သည် သူမအား ပိုက်ဆံဘာကြောင့် ချေးရသည်ဆိုသည်။ အကြောင်းအား ရှင်းပြကာ အကြောင်းအရင်းမှာ သူမအမှန်တကယ် လိုအပ်၍ မဟုတ်ဘဲ တစ်ကုမ္ပဏီထဲတွင် အလုပ်လုပ်သည့် ရှုကျစ်ချင်းအတွက်ပင် ဖြစ်သည်။

ယနေ့တွင် စုန့်ယွီနင်သည် ရှုကျစ်ချင်းအား ချမ်းသာသည့်အမျိုးသမီး ရှချန်းချန်းနှင့် မိတ်ဆက်ပေးဖို့ရာ ရည်ရွယ်ထားခဲ့သော်ညား မမျှော်လင့်ထားစွာဖြင့် သူမသည် ဆေးများအခြယ်ခံထားရသည့် ရှုကျစ်ချင်း၏ အိမ်အား ရောက်သွားခဲ့သည်။

ရှချန်းချန်းသည် ပိုစတာပေါ်ရှိ ထိတ်လန့်ဖွယ် စကားလုံးများအား စူးစမ်းနေပြီး သူမ မေးအားပွတ်နေလေသည်။

“ဒါက ပိုင်နက်ကျူးကျော်တာလို့ ယူဆလို့ ရနေပြီမလား၊ ငါတို့တွေ ရဲတိုင်လို့ ရတယ်လေ”

“မဖြစ်ဘူး”

ဆိုဖာပေါ်တွင် ထိုင်နေသည့် ရှုကျစ်ချင်းမှာ ရှချန်းချန်း သူမ၏ ဖုန်းအား ထုတ်ပြီးသွားပြီကို မြင်လိုက်၍ အလျင်အမြန် တားလိုက်သည်။

ရှုကျစ်ချင်းသည် ခေါင်းငုံ့ထားပြီး သူမ၏ အသံမှာ အပြစ်ရှိသံပေါက်လာလေသည်။

“မစ္စရှ၊ မစ္စရဲတိုင်လို့ မဖြစ်ဘူး”

“ကျစ်ချင်းကျဲ အခုဘယ်အခြေအနေမှာ ရှိနေပြီလဲသိလား”

စုန့်ယွီနင်မှာ ပြောစရာစကားပင် မဲ့သွားခဲ့သည်။

သူမသည် ရှုကျစ်ချင်း အကြွေးရှင်များဆီမှ အကြမ်းဖက်ခံနေရသည်မှာ အချိန်တစ်ခုရှိနေပြီကို သိသော်ညား သူမသည် ၎င်းတို့ ထိုမျှအထိလုပ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် အိမ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ကာ ဆေးများခြယ်သွားခဲ့ပြီ ဖြစ်သည်။

သူတို့တွေ အနာဂတ်မှာ ပိုပြီးကြောက်ဖို့ကောင်းတဲ့ ကိစ္စတွေ မလုပ်လာလောက်ဘူးလို့ ဘယ်သူပြောနိုင်လို့လဲ။

ရှုကျစ်ချင်းသည် တိတ်ဆိတ်နေကာ ပြန်လည်မဖြေကြားပေ။

ရှချန်းချန်းသည် လက်နောက်ပစ်ထားပြီး ရှုကျစ်ချင်း၏ တိုက်ခန်းအား ကြည့်နေလေသည်။ ကျန်းချန်၏ အတွင်းပိုင်၌ တည်ရှိသည်ဖြစ်၍ ဤတိုက်ခန်းမှာ အတော်လေးတန်ဖိုးရှိသော်ညား ရှုကျစ်ချင်း၏ ပိုင်ဆိုင်မှုမဟုတ်ပေ။ ၎င်းမှာ ဝမ်ရှိန်မှ သူ၏ ထိပ်တန်းအနုပညာရှင်များအတွက် ထောက်ပံ့ပေးသည့် အဆောင်ဖြစ်သည်။

သီအိုရီအရ ဖျော်ဖြေရေးကုမ္ပဏီများသည် သူတို့၏ အနုပညာရှင်များအား ပိုမိုကောင်းမွန်သည့် လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာအား ကာကွယ်ရန်အတွက် ပိုင်ဆိုင်မှု စီမံခန့်ခွဲပေးခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။

သို့ပေမဲ့ ရှုကျစ်ချင်းမှာ “ပန်းလေး လေးပွင့်” ထဲမှ တစ်ပွင့်ဖြစ်ကာ သူမကဲ့သို့ အမျိုးသမီးအနုပညာရှင်မှာ အဘယ်ကြောင့် ပိုင်ဆိုင်မှုမရှိရသနည်း။

ရှုကျစ်ချင်းသည် စိတ်ပျက်နေပုံရကာ လွန်ခဲ့သော နှစ်ရက်က ရှချန်းချန်း သူမကို တွေ့ခဲ့သည်ပုံထက် ပို၍ စိတ်ပျက်အားငယ်နေသည့် ပုံပေါက်သည်။ သူမသည် စကားပြောထွက်ဖို့ရာအတွက် အကြိမ်ပေါင်းများစွာ တုံ့ဆိုင်းပြီးနောက် နောက်ဆုံးတွင်တော့ အံကြိတ်ထားရာမှ ပြောလိုက်သည်။

“မစ္စရှ၊ နင်နင်ပြောတာတော့ မစ္စက အရမ်းချမ်းသာတယ်တဲ့၊ မစ္စကျွန်မကို ပိုက်ဆံနည်းနည်းချေးပေးနိုင်မလား”

သူမသည် ယခုတလောတွင် အကြိမ်ပေါင်းများစွာ အငြင်းခံထားရသည်ဖြစ်၍ သူမသည် များစွာမမျှော်လင့်ထားခဲ့ပေ။

“ဘယ်လောက်လိုတာလဲ” ရှချန်းချန်း မေးလိုက်သည်။

“နှစ်ဆယ်…သန်းနှစ်ဆယ်ပါ” ရှုကျစ်ချင်း တီးတိုးပြောလိုက်သည်။

သန်းနှစ်ဆယ်မှာ နာမည်ကြီးအမျိုးသမီးကြယ်ပွင့်အတွက် များပြားသည့် ပမာဏမဟုတ်ပေ။ ရှချန်းချန်းသည် ရှုကျစ်ချင်း၏ “ရှန်းကျယ်” နှင့် စာချုပ်မှာ သန်းနှစ်ဆယ်အတိ ဖြစ်သည်ဟု အမှတ်ရသွားလေသည်။

ရှုကျစ်ချင်း ဘယ်လိုတွေများ ဖြုန်းလိုက်လို့ သူမ အခု သန်းနှစ်ဆယ်တောင် မထုတ်နိုင်တော့တာလဲ။

“မင်းမှာဘာလို့ အကြွေးတွေ ဒီလောက်တောင် တင်နေတာလဲလို့ မေးလို့ရမလား” ရှချန်းချန်း မေးလိုက်သည်။

ရှုကျစ်ချင်းသည် တိတ်နေကာ သူမ၏ လက်ချောင်းများသည် သူမ၏ လက်ဖဝါးအား မထိန်းနိုင်ပဲ ဆွဲဆိတ်မိနေကာ သူမ၏ လက်သည်းများ ကွာကျလာမတတ်ပင်ဖြစ်သည်။

“ကျွန်- ကျွန်မ”

ရှုကျစ်ချင်းသည် ပြောစရာစကား ရှာမရဖြစ်နေလေသည်။

သူမသည် ဆိုဖာ၏ထောင့်၌ ထိုင်လိုက်ပြီး ပြင်သစ်စတိုင်ပြတင်းပေါက်မှ တစ်ဆင့် နေရာင်ခြည်ဝင်လာကာ ထောင့်နားတွင် အရိပ်ကျသွားစေသည်။

ရှချန်းချန်းသည် သူမ၏ မျက်လုံးအား အနည်းငယ် မှေးကျဥ်းလိုက်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

သူမသည် ရုတ်တရက် အရှေ့သို့တိုးလာကာ ချည်သားဆိုဖာကြားရှိ chip တစ်ခုအား ဆွဲထုတ်လိုက်လေသည်။

“ကျစ်ချင်းကျဲ၊ ကျဲဒါကို ဘယ်လိုရလာတာလဲ”

စုန့်ယွီနင်၏ မျက်လုံးများမှာ ပြူးကျယ်လာခဲ့သည်။

“ကျဲ လောင်းကစားလုပ်နေတာလား”

“ငါ့ဟာမဟုတ်ဘူး၊ ငါ့ဟာမဟုတ်ဘူး”

ရှုကျစ်ချင်းသည် ရှချန်းချန်းလက်ထဲမှ chip အား ပြန်ဆွဲယူလိုက်လေသည်။

“အဲဒါဆိုရင် ကျဲဘာလို့ ပိုက်ဆံဒီလောက်အများကြီးကို အကြွေးတင်နေရတာလဲ”

ရှုကျစ်ချင်း တိတ်ဆိတ်နေကာ သူမ၏ ခေါင်းအား ငုံ့ထားလေသည်။

တစ်ခဏမျှ ကြာပြီးနောက် သူမ ထပ်မံခေါင်းညိတ်လိုက်ကာ

“မင်းကတော့ အဲဒါကဒီတိုင်း လောင်းကစားပဲလို့ ထင်မှာပေါ့”

စုန့်ယွီနင်သည် ရှုကျစ်ချင်းအား ကြည့်လိုက်ကာ သူမ၏ မျက်လုံးများမှာ နီရဲနေပြီး သူမ မျက်နှာပေါ်တွင် စိတ်ပျက်နေသည့် ပုံပေါ်နေသည်။

စုန့်ယွီနင်သည် ရှုကျစ်ချင်းအား သူမ လွန်ခဲ့သော သုံးနှစ် ဝမ်ရှိန်နှင့် စာချုပ်ချုပ်ခဲ့ချိန်တွင် တွေ့ခဲ့လေသည်။ သူမသည် ရှူကျစ်ချင်း၏ လူမသိသူမသိ နာမည်ကြီးလေးမှ တစ်ဆင့် ယခုနာမည်ကြီး အနုပညာရှင် တစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့မြင်ခဲ့ရသည်။ သူမသည် သူမရေတွက်နိုင်သည့် ပရိတ်သတ်များထံမှ “သာမန်မိန်းကလေး” နှင့် “ပလတ်စတစ်ဆာဂျရီမိန်းကလေး” ဟု လှောင်ပြောင်ခံရသည့် အချိန်အားလည်း မြင်တွေ့ခဲ့ကာ ယခုအခါတွင်တော့ သူမသည် ဇာတ်ရုပ်သုံးရုပ်အား တစ်ပြိုင်နက်တည်း သရုပ်ဆောင်ပြခဲ့ပြီး ပရိတ်သတ်များ၏ နှလုံးသားအား သိမ်းပိုက်နိုင်ခဲ့သည်။

အမျိုးသမီး အနုပညာရှင်တစ်ဦး နာမည်ကြီးလာချိန်တွင် သူတို့သည် ပို၍ ပို၍ သရုပ်ဆောင် ကောင်းလာကြလေသည်။

သို့ပေမဲ့ ရှုကျစ်ချင်းမှ အနုပညာရှင်များ စုနေရသည့် တိုက်ခန်းမှ တစ်ဦးတည်းအခန်းသို့ ပြောင်းသွားခြင်းမှလွဲ၍ ဘာမှ ပြောင်းလဲသွားပုံမပေါ်ပေ။

သို့ပေမဲ့ ရှုကျစ်ချင်းသာ လောင်းကစားလုပ်နေသည်ဆိုလျှင် အရာအားလုံး အဓိပ္ပါယ်ရှိသွားမည် ဖြစ်သည်

ရှချန်းချန်းသည် တိုက်ခန်းအား စူးစမ်းနေကာ ရှိုးအားကြည့်နေသည့် အပြင်လူတစ်ဦး ကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့နှစ်ဦး အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်ကို မြင်ပြီးနောက် ရှချန်းချန်း ရုတ်တရက် မေးလိုက်သည်။

“ရှုလောင်ရှီး၊ ကျွန်မကြားတာ “Happy Weekend” ကလောင်ရှီးကို နောအပတ်ရိုက်ကူးရေးမှာ ပါဝင်ဖို့ ဖိတ်ထားသေးတယ်ဆို၊ လောင်ရှီးသွားချင်တာ သေချာလို့လား”

ရှုကျစ်ချင်း ခေါင်းညိတ်လိုက်သည်။

“သေချာတာပေါ့၊ ဒါက ဝက်ဘ်စီးရီးအတွက် ပရိုမိုးရှင်းတစ်ခုပဲလေ၊ ပြီးတော့ ရိုက်ကူးရေးအဖွဲ့သားတွေ အားလုံးလည်း အဲမှာရှိနေမှာ”

ရှုကျစ်ချင်းတွင် လွန်ခဲ့သော နှစ်နှစ်ကရိုက်ကူးထားသည် ဝက်ဘ်စီးရီးတိုလေး တစ်ခုရှိလေသည်။ ကိစ္စတစ်ခုကြောင့် အတည်ပြုခြင်းမခံလိုက်ရသော်ညား လတ်တလောတွင် အတည်ပြုခံလိုက်ရ၍ သူမ “Happy Weekend” တွင်ပါဝင်ဖို့ရာ ဖိတ်ကြားခံလိုက်ရခြင်း ဖြစ်သည်။

ရှချန်းချန်းသည် သူမ၏ မေးအားပွတ်လိုက်ကာ တွေးတောနေသည်။

အဲဒါဆို ရှုကျစ်ချင်း ဝတ္ထုထဲမှာ ပြန်ပေးဆွဲခံရတဲ့ အချိန်က ဒီအချိန်နားလောက်မှာပဲပေါ့။

“မစ္စရှရော အဲအပိုင်းမှာ ပါချင်လို့လား”

ရှုကျစ်ချင်း မေးလိုက်ကာ သူမ၏ လေသံမှာ အံဩမှုများနှင့် ပြည့်နှက်နေလေသည်။

“ကျွန်မ ဝင်လို့ရအောင် လုပ်ပေးနိုင်ပါတယ်”

“Happy Weekend” မှာ နိုင်ငံဂုဏ်သတင်းကြီးမားသည့် နာမည်ကြီး ရသစုံရှိုးတစ်ခုဖြစ်ကာ ဤသည်မှာ ကောင်းမွန်သည့် အခွင့်အရေးတစ်ခု ဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။

“ကျွန်မ အွန်လိုင်းပေါ်မှာ ထွက်လာမဲ့ အလုပ်တွေမရှိဘူးလေ၊ ကျွန်မက ဘာလို့ ရသစုံရှိုးမှာ ပါဝင်ရမှာလဲ”

ရှချန်းချန်းသည် ဂရုမစိုက်စွာပင် ပခုံးတွန့်လိုက်သည်။

ရှုကျစ်ချင်းမှာ လန့်ဖြန့်သွားကာ သူမ မျက်လုံးထဲရှိ ပျော်ရွှင်မှုလေးမှာ မှိန်ဖျော့သွားခဲ့သည်။

“မစ္စရှ အကြွေးကိစ္စကလေ..”

စုန့်ယွီနင်သည် ရှုကျစ်ချင်း၏ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ပုံစံအား ကြည့်၍ ပို၍ပင် စိုးရိမ်လာခဲ့သည်။ သူမသည် ရှချန်းချန်း၏ ရဲဝင့်စွာ ပုတ်လိုက်ပြီး

“ရှောင်ရှား လောင်ရှီး ကျစ်ချင်းကျဲကို ပိုက်ဆံချေးပေးမယ်လို့ ကတိပေးပြီးပြီမလား၊ ဘယ်လိုလုပ် စကားမတည်ရတာလဲ”

“ပိုက်ဆံအကြွေးတင်နေတာက မင်းမဟုတ်ဘူးလေ”

ရှချန်းချန်းသည် ပြောစရာစကားပင်မဲ့၍ ပြောလိုက်သည်။

“မင်းကဘာလို့ ရှုလောင်ရှီးထက်ကို စိုးရိမ်နေတာလဲ၊ မင်က အာမခံပေးမဲ့သူ လုပ်မှာမလို့လား”

“ကျွန်- ကျွန်မ”

စုန့်ယွီနင်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး အံကြိတ်လိုက်သည်။

“ကျွန်မ အာမခံပေးပါ့မယ်”

ရှချန်းချန်းသည် သူမ၏ ခေါင်းအားခါလိုက်သည်။

မင်းက ငယ်နေသေးတယ်။

ရှချန်းချန်းသည် ရှုကျစ်ချင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ငါမင်းကို အကြွေးရှင်တွေကို ပြန်ဆပ်ဖို့အတွက် ပိုက်ဆံချေးပေးလို့ရတယ် ဒါပေမဲ့ တစ်ခုတော့ရှိတယ်”

“ပြောပါ” ရှုကျစ်ချင်းသည် အလျင်အမြန်ပြောလိုက်သည်။

“အဲအကြွေးရှင်တွေရယ်၊ ကာစီနိုက လူတွေရယ်နဲ့ အဆက်အသွယ်မလုပ်နဲ့တော့”

“ဟုတ်တယ် ဟုတ်တယ်” စုန့်ယွီနင် ဝင်ပြောလိုက်သည်။

“လောင်းကစားလုပ်တာက စွဲတတ်တယ် ရှုကျစ်ချင်းကျဲ၊ ကျဲ လောင်းကစား ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးရမယ်”

ရှုကျစ်ချင်းသည် ချက်ချင်းလက်မခံလိုက်ဘဲ ရှချန်းချန်းအား ရှုပ်ထွေးနေသည့် အမူအယာဖြင့် ကြည့်နေလေသည်။ ရှချန်းချန်းနှင့် စုန့်ယွီနင်မှာ စကားတစ်ခုတည်းအား ပြောနေကြသကဲ့သို့ ဖြစ်သော်ညား ရှချန်းချန်း၏ ကြည်လင်သည့် မျက်လုံးများအား ကြည့်၍ ရှုကျစ်ချင်းမှာ သူမ၏ စကားလုံးများနောက်တွင် တစ်ခုခုရှိလိမ့်မည်ဟု ခံစားလိုက်ရလေသည်။

သို့ပေမဲ့ သူမသည် ငွေအား အရေးတကြီး လိုအပ်နေပြီး ထိုအရာအား တွေးနေဖို့ရာ အင်အားမရှိခဲ့ပေ။ သူမသည် ခေါင်းညိတ်ပြရုံသာ တတ်နိုင်ကာ

“မလုပ်တော့ပါဘူး၊ ကျွန်မ လောင်ရှီးကို ပိုက်ဆံပြန်ပေးပြီးတာနဲ့ ဘယ်တော့မှ လောင်းကစားထပ်မလုပ်တော့ပါဘူး”

နောက်ပိုင်းတွင်တော့ ရှချန်းချန်းနှင့် ရှုကျစ်ချင်းမှာ ချေးငွေလုပ်ငန်းစဥ်များ ပြီးမြောက်သွားပြီး သူမအကောင့်ထဲ့သို့ သန်းနှစ်ဆယ် လွဲလိုက်လေသည်။

စနစ်သည် အကောင့်ထဲမှ ရုတ်တရက်ပျောက်သွားသည့် ကိန်းဂဏန်းများအား နောင်တနှင့်ကြည့်နေလေသည်။

“တကယ်လို့ ရှုကျစ်ချင်းက ဒီပိုက်ဆံနဲ့ အကြွေးဆပ်လိုက်မယ်ဆိုရင် ငါတို့တွေ အကြွေးရှင်တွေ ပြန်ပေးဆွဲတဲ့ အခန်းကို ရိုက်ကူးရတော့မှာ မဟုတ်ဘူး”

ထိုအချိန်တွင် ရှချန်းချန်းနှင့် စုန့်ယွီနင်မှ ရှုကျစ်ချင်း၏ တိုက်ခန်းမှ ထွက်လာခဲ့သည်။ နောက်လှည့်၍ သူမသည် ဒါဇင်ပေါင်းများစွာ မြင့်မားသည့် အထပ်ရှိ ရှုကျစ်ချင်း၏ နေရာအား လှမ်းကြည့်လိုက်သည်။

“ပိုက်ဆံပြန်ဆပ်လိုက်ပြီးတော့ အားလုံး ပြီးသွားတော့မှာ”

ရှချန်းချန်းသည် ပါးနပ်စွာပြုံးလိုက်သည်။

“မင်းဘယ်တော့မှ မသိနိုင်ဘူးလေ”

ရှုကျစ်ချင်းသည် တိုက်ခန်း၏ ပြင်သစ်စတိုင် ပြတင်းပေါက်တွင် ရပ်နေကာ ရှချန်းချန်းနှင့် စုန့်ယွီနင် ထွက်ခွာသွားသည်ကို ကြည့်နေလေသည်။ ကော်ဖီစားပွဲပေါ်တွင် လောင်းကစားရပ်တန့်မည်ဟု ရေးထားသည့် စာချုပ်အား သူမနှင့် ရှချန်းချန်း လက်မှတ်ထိုးထားသည့် စာချုပ်ရှိလေသည်။

သူမ၏ မျက်နှာပေါ်တွင် အပြုံးမရှိခြင်းကြောင့် ရှုကျစ်ချင်း၏ မျက်နှာမှာ ညို့မှိုင်းနေပြီး သူမသည် လေးနက်ကာ ပုံမှန်ဖြစ်နေသည့်ပုံ ပေါက်လေသည်။

ရှုကျစ်ချင်းသည် ရှချန်းချန်း၏ ပန်းရောင် Ferrari ပျောက်ကွယ်သွားခြင်းကို မြင်လိုက်သည်နှင့် အဖြူရောင်ဗြောင်ရှပ်အား ပြောင်းဝတ်ကာ ဦးထုပ်နှင့် မက်စ်တပ်လိုက်ပြီး တိုက်ခန်းမှ ထွက်ခွာသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှချန်းချန်းသည် တိုက်ခန်းနှင့်မဝေးသည့် လမ်းဘေး၌ Ferrari အား ပါကင်ထိုးထားလေသည်။

“လောင်ရှီး ကုမ္ပဏီကို ပြန်သွားမလို့ မဟုတ်ဘူးလား”

စုန့်ယွီနင်သည် ဘေးဘီကို ကြည့်လိုက်ကာ

“လောင်ရှီးဘာလို့ ဒီမှာ ပါကင်ထိုးရတာလဲ”

“မင်းပြောကြည့် ရှုကျစ်ချင်း ကာစီနိုကို တကယ်ပဲ ထပ်မသွားတော့ဘူးလား”

ရှချန်းချန်းသည် သူမ၏ ပါးစပ်ထဲသို့ ပီကေတစ်ခုအား ထည့်လိုက်ပြီး ရှုကျစ်ချင်း၏ နေရာ၏ဝင်ပေါက်အား နောက်ကြည့်မှန်မှ တစ်ဆင့် ကြည့်နေလေသည်။

“သေချာပေါက်ပဲပေါ့”

စုန့်ယွီနင်သည် သူမ၏ ရင်ဘတ်အား ပုတ်လိုက်ကာ

“ကျစ်ချင်းကျဲက အမြဲ သူမရဲ့စကားကို တည်ပါတယ်၊ သူ လောင်းကစားထပ်မလုပ်တော့ဘူးလို့ ကတိပေးလိုက်မယ်ဆိုရင် သူ သေချာပေါက် လောင်းကစား ထပ်လုပ်တော့မှာ မဟုတ်ဘူး”

ထိုစကားအား ပြောပြီးသည်နှင့် ဝင်ပေါက်ဝ၌ အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဍာန်မှာ ပေါ်လာခဲ့သည်။ သူမသည် မက်စ်တပ်၍ ဦးထုပ်ဆောင်းထားသည် ဖြစ်၍ သူမ၏ မျက်နှာအား ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်ညား သူမ၏ ပုံသဏ္ဍာန်အရ သူမသည် ရှုကျစ်ချင်းနှင့် အတော်လေး ဆင်တူလေသည်။

စုန့်ယွီနင်သည် သူမအား ချက်ချင်းပင် မှတ်မိသွားကာ သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဘယ်လုပ် ဖြစ်နိုင်ရတာလဲ၊ ကျစ်ချင်းကျဲက အခုလေးတင် ကျွန်မတို့ကို ကတိပေးလိုက်တာကို”

“ဘယ်သူသိနိုင်မှာလဲ”

ရှချန်းချန်း ပခုံးတွန့်လိုက်သည်။

“သူ့နောက်ကို လိုက်ပြီး ကြည့်ကြရအောင်”

ကျန်းချန်၏ မြောက်ဘက်၏ အသစ်ဖွင့်လစ်ထားသည့် ဂိမ်းဆိုင်တစ်ဆိုင် ရှိလေသည်။

ပိတ်ရက်တိုင်း ဂိမ်းဆိုင်မှာ ပြည့်ကျပ်နေကာ ဖက်ထုတ်များကဲ့သို့ပင် ဖြစ်ပြီး ကလေးငယ်များနှင့် ပြည့်နေလေသည်။

ရှုကျစ်ချင်းသည် ဝန်ထမ်းမှာ ပျင်းရိ၍ တီဗီကြည့်နေပြီး နေကြာစေ့စားနေသည့် ကောင်တာအနားသို့ ကပ်သွားသည်။

“ကျွန်မတို့တွေ ဒီမှာ အကြွေစေ့တွေ လက်မခံပါဘူး၊ အဲမှာ အကြွေစေ့လဲပေးတဲ့ နေရာရှိပါတယ်”

ရှုကျစ်ချင်းသည် စီးပွားရေးကဒ်အား ဝန်ထမ်း၏ ရှေ့သို့ တွန်းပို့လိုက်သည်။

“ငါ ဂိမ်းတွေမဆော့ချင်ဘူး၊ ငါ မင်းရဲ့ဘော့စ်ကို တွေ့ချင်တယ်”

ဝန်ထမ်းသည် ကဒ်အား တစ်ချက်ကြည့်လိုက်ပြီး သူမ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားလေသည်။ သူမသည် ရှုကျစ်ရှင်အား စိုက်ကြည့်လိုက်ပြီး နေကြာစေ့များအား ထွေးထုတ်လိုက်သည်။

“ကျွန်မနောက်ကို လိုက်ခဲ့ပါ”

ဂိမ်းဆိုင်မဇာ ဂိမ်းစက်အမျိုးမျိုး၏ အသံများနှင့် ပြည့်နှက်နေလေသည်။ ရှုကျစ်ချင်းသည် ဝန်ထမ်း၏ အနောက်သို့ အထဲပိုင်းအထိ လိုက်ဝင်သွားခဲ့သည်။ ပို၍ ဝေးဝေးဝင်သွားလေလေ လူနည်းလာလေလေပင် ဖြစ်သည်။

သူတို့သည် ထောင့်၌ စောင့်ကြည့်ရေးကင်မရာ တပ်ဆင်ထားသည့် ဖုန်များနှင့် ဖုံးလွှမ်းနေသည့် သံတံခါးဝသို့ ရောက်လာကြလေသည်။

ဝန်ထမ်းသည် ဘေးဘီသို့ ကြည့်လိုက်ပြီး မည်သူမှ မရှိသည်ကို မြင်သောအခါ ကင်မရာအား လက်အမူအရာ လုပ်ပြလိုက်လေသည်။

တံခါးမှာ ပွင့်သွားခဲ့သည်။

ရှုကျစ်ချင်းသည် ဝန်ထမ်းအနောက်သို့ လိုက်၍ အထဲသို့ ဝင်သွားခဲ့သည်။

တံခါးနောက်ကွယ်ရှိ မြင်ကွင်းမှာ ဒရမ်မာဆန်ဆန် ပြောင်းလဲသွားခဲ့သည်။ အပြင်ဘက်မှာ လူငယ်များနှင့် ပြည့်နှက်နေသည့် လှုပ်ရှားသက်ဝင်သည့် ကစားကွင်းဖြစ်ပြီး ထိုတံခါး၏ အနောက်မှာမူ မှောင်မိုက်ကာ မှုန်မှိုင်းနေသည့် ကာစီနိုဖြစ်သည်။ ထိုနေရာတွင် ဖြုန်းတီးမှုနှင့် ဆူညံသံများ ရှိလေသည်။ မရေတွက်နိုင်သည့် လောင်းကစားဝိုင်း များစွာ၌ chip ပြားအများအပြားမှာ အတိုအပြတ်ဝတ်ဆင်ထားသည့် ဒိုင်များဆီသို့ တွန်းပို့ခံလိုက်ရကာ ထိုအခိုက်အတန့်တစ်ခုလေးမှာ ကောင်းကင်ဘုံ ဖြစ်သွားနိုင်ပြီး နောက်တစ်ခဏမှာ ငရဲဖြစ်သွားနိုင်လေသည်။

လောင်းကစားသမားမှာ အကုန်ထည့်လိုက်ပြီး ဒိုင်ပေးသည့် ကဒ်များအား စေ့စေ့ကြည့်နေပြီး သူကဒ်၏ နံပါတ်များအား ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးမှာ ချက်ချင်းပင် မဲမှောင်သွားခဲ့သည်။ တစ်ခဏလေးမှာပင် သူသည် စားပွဲဝိုင်း၏ အကြီးမားဆုံး အောင်နိုင်သူဖြစ်နေရာမှ တစ်ပြားမှပင် မရှိသည့် အမျိုးသားတစ်ဦး ဖြစ်သွားခဲ့သည်။

သူ၏ မျက်လုံးများသည် ဒေါသနှင့် ပြူးကျယ်လာကာ ရူးမတတ်ပင်ဖြစ်သည်။

“မင်းတို့တွေ ညစ်နေကြတာပဲ၊ မင်းတို့တွေ သေချာပေါက် ညစ်နေကြတာပဲ”

လောင်းကစားသမားမှာ ရူးသွပ်နေသည့် ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ကြီးမားသည့် ချမ်းသာကြွယ်ဝမှုအား ကိုယ်စားပြုသည့် chips များအား သယ်ဆောင်ဖို့ရာ ကြိုးစားလေသည်။ သို့ပေမဲ့ ခြေနှစ်လှမ်းမျှသာ လှမ်းပြီးချိန်တွင် အနက်ရောင်ဝတ်ထားသည့် အမျိုးသားနှစ်ဦး အလျင်အမြန် ပေါ်လာကာ သူ့အား တိုက်ခိုက်လိုက်ပြီး မြေပြင်ပေါ်တွင် ချုပ်ထားလိုက်သည်။

ဒေါ်လာမီလီယံနှင့်ချီသည့် chips ပြားများသည် မြေပြင်ပေါ်သို့ ကျသွားကာ သန်းနှင့်ချီသည့် ချမ်းသာကြွယ်ဝမှုများသည် လောင်းကစားသမားများ၏ ခြေဆထာက်များဆီသို့ လှိမ့်သွားကာ သူတို့၏ နှလုံးများအား ခုန်လာစေခဲ့သည်။ သို့သော်ညား မည်သူမှ chips ပြားများအား မခိုးယူရဲကြပေ။

ဆွဲဆောင်မှုရှိသည့် ရင်ပြတ်အင်္ကျီနှင့် မီနီစကပ်အား ဝတ်ဆင်ထားသည့် သွယ်လျသည့် အမျိုးသမီးတစ်ဦး ပေါ်လာကာ သူမ၏ ဒေါက်ဖိနပ်မှာ မြေပြင်ပေါ်တွင် တဒေါက်ဒေါက်ဖြစ်နေစေသည်။ သူမသည် လောင်းကစားသမားအား ကန်လိုက်ကာ မြေပြင်ပေါ်တွင် ချုပ်ထားလိုက်သည်။

“မင်းက ငါ့ရဲ့နယ်မြေမှာ ပြဿနာလာရှာရဲတယ်ပေါ့”

သူမသည် အားကုန် ထိုးလိုက်လေသည်။ ရှုကျစ်ချင်းသည် လောင်းကစားသမား၏ သွားများပျံထွက်လာသည်ကိုပင် မြင်လိုက်ရကာ သူ၏ စေးကပ်သည့် သွေးများ မြေပြင်ပေါ်သို့ စီးဆင်းလာသည့် မြင်ကွင်းမှာ သူမအား လန့်ဖြန့်သွားစေခဲ့သည်။

“ဒီလူကို ဒီကနေထုတ်လိုက်” ရှုယန် အော်လိုက်သည်။

ပိန်ပါးသည့် လောင်းကစားသမားမှာ ယခုတွင် ရိုက်နှက်ခံရ၍ ပင်ပန်းနေပြီး အနက်ရောင်ဝတ်ထားသည့် အမျိုးသားများဆီမှ ရွှဲ့ဗွက်ကဲ့သို့ ဆွဲထုတ်ခံလိုက်ရသည်။

ရှုယန်သည် မထီမဲ့မြင်ပြုကာ လက်ခုပ်တီးလိုက်ပြီး အခြားဒိုင်များနှင့် လောင်းကစားသမားများအား ဂိမ်းအား ဆက်ဆော့ရန် လက်ဖြင့် အချက်ပြလိုက်လေသည်။

အနောက်သို့ လှည့်လိုက်ပြီး သူမ၏အရှေ့ရှိ လုံခြုံစွာဝတ်တင်ထားသည့် ရှုကျစ်ချင်းအား တဏှာ အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“မစ္စရှု ရောက်လာပြီပဲ”

“ချူကျွင်း ဘယ်မှာလဲ”

ရှုကျစ်ချင်း ဖိအားပေးလိုက်သည်။

“ချူကျွင်းရော ဘယ်လိုလဲ၊ သူကို ဒီလိုမျိုး အနိုင်ကျင့်မနေဘူးမလား”

ရှုယန်ပြုံးလိုက်ကာ

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မစ္စရှုက ဖောက်သည် အကြီးစားကြီးလေ၊ မစ္စကျွန်မတို့ကို ပိုက်ဆံပြန်ဆပ်နိုင်သ၍ ကျွန်မတို့ ဘယ်လိုလုပ် မစ္စရဲ့လူကို အနိုင်ကျင့်ရဲမှာလဲ”

ရှုကျစ်ချင်းသည် စတိုခန်းထဲသို့ ဝင်သွားခဲ့သည်။ သူမသည် အမျိုးသားတစ်ဦး ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးများစွန်းထင်းနေလေသည်။

သူမ၏ နှလုံးသားမှာ တင်းကြပ်လာပြီး သူမသည် ထိုအမျိုးသားအား ထရန်အတွက် ကူညီပေးလိုက်သည်။

“ချူကျွင်း ရှင်အဆင်ပြေရဲ့လား”

ထိုအမျိုးသား၏ ချောမောသည့် မျက်နှာမှာ ဖုန်မှုန့်များနှင့် စွန်းထင်းနေလေသည်။ သူ၏ နှုတ်ခမ်းမှာ ဖြူဖျော့နေကာ ကွဲအက်နေပြီး သူ၏ အသိစိတ်မှာ ဝေဝါးနေပြီ ဖြစ်သည်။

“ငါနင့်ကို ငါပိုက်ဆံချေးပြီးတော့ ပြန်ဆပ်မယ်လို့ ပြောတယ်လေ”

ရှူကျစ်ချင်းသည် ရှုယန်အား အော်လိုက်သည်။

“နင် သူ့ကို ဘာလို့ ဒီလိုတောင် နှိပ်စက်ထားရတာလဲ”

ရှုယန်သည် လက်ပိုက်ထားကာ တံခါးဘောင်အား အေးဆေးပင် မှီထားလေသည်။

“မစ္စရှု၊ ကျွန်မတို့ သဘောတူခဲ့တဲ့ ငွေပြန်ပေးချေမဲ့နေ့က လွန်ခဲ့တဲ့နှစ်ရက်ကလေ၊ မစ္စကသာ အချိန်မီ မပေးခဲ့တဲ့သူလေ၊ သူ ဒီလိုအခြေအနေဖြစ်နေတာ ငါတို့ဘော့စ်က ဂရုဏာထားထားပေးတာပဲ”

ရှုကျစ်ချင်းသည် လန်ချူကျွင်း၏ မျက်နှာအား ပွတ်သပ်နေပြီး ရင်နာနေလေသည်။

“ကျစ်ချင်း ကိုယ်အဆင်ပြေပါတယ်”

လန်ချူကျွင်းသည် နှစ်ခါမျှ ခေါင်းဆိုးလိုက်ကာ သွေးများပင် ထွက်ကျလာခဲ့သည်။

“ဒါတွေအကုန်လုံးက ကိုယ့် အမှားတွေပါ၊ ကိုယ်မင်းကို ဆွဲထည့်ခဲ့မိတာပါ”

“ရှင်ရောပဲလေ၊ ရှင်ကအန်တီ့ရဲ့ကုသမှုအတွက် ပိုက်ဆံရှာဖို့ ကြိုးစားနေခဲ့တာလေ”

ရှုကျစ်ချင်း ဝမ်းနည်းစွာ ပြောလိုက်သည်။ သူမသည် သူမ၏ အသံအား တိုးလိုက်ကာ

“သူတို့တွေက ရှင့်ကို ကာစီနိုဆီ လှည့်စားပြီး ခေါ်ခဲ့တာ အသေအချာပဲလေ၊ သူတို့တွေက တမင်သက်သက် ရှင့်ကို လှည့်စားဖို့ ကြိုးစားနေကြတာ”

“သူမက ကိုယ့်အမေလေ”

လန်ချူကျွင်း ခါးသက်စွာပြုံးလိုက်သည်။

“ကိုယ်သူမကို လျစ်လျူရှုလိုက်လို့ မရဘူးလေ”

ရှုကျစ်ချင်းသည် ရှုယန်အား ကြည့်ကာ အံကြိတ်လိုက်ပြီး သူမ၏ ဘဏ်ကဒ်အား ထုတ်လာခဲ့သည်။

“ဒီမှာ သန်းနှစ်ဆယ်၊ ဒါက ချင်ကျွင်းရဲ့ အကြွေးတွေကို ဆပ်ဖို့ လုံလောက်တာထက် ပိုတယ်၊ အခုအချိန်ကစပြီး သူ့ကို မနှောင့်ယှက်နဲ့တော့”

ဘဏ်ကဒ်အား မြင်လိုက်ချိန်တွင် ရှုယန်၏ အေးစက်သည့်မျက်နှာမှာ အပြုံးများနှင့် ပြည့်သွားလေသည်။ သူမသည် သူမ၏ သွယ်လျသည့် ကျောက်စိမ်းရောင် လက်ချောင်းများအား ဖြန့်လိုက်ကာ ဘဏ်ကဒ်အား တလေးတစားယူလိုက်လေသည်။

“မစ္စရှုက တကယ်ကို အကြီးစားဖောက်သည်ပါပဲ၊ မစ္စက တစ်ပတ်အတွင်းမှာကို သန်းနှစ်ဆယ်ရှာနိုင်ခဲ့တာပဲ၊ လူတော်တော်များများ နာမည်ကြီးချင်ကြတာ အံ့ဩစရာမရှိတော့ပါဘူး၊ နာမည်ကြီးတစ်ယောက်ဖြစ်ရတာ တကယ် အကျိုးကျေးဇူးတွေများတာပဲ”

ရှုကျစ်ချင်းသည် ရှုယန်အား ပြန်ဖြေဖို့ရာ ဂရုမစိုက်ပေ။ သူမသည် အားနည်းနေသည့် ချူကျွင်းအား မတ်တပ်ရပ်နိုင်ဖို့ရန် ကူပေးကာ ထွက်သွားဖို့ ပြင်လေသည်။

ရှုယန်သည် သူမ၏ ဆံပင်အား ညင်သာစွာပွတ်သပ်လိုက်သည်။

“ဒါပေမဲ့ မစ္စရှု ဘယ်လိုလုပ်ကြမလဲ၊ သန်းနှစ်ဆယ်က အရင်းပဲရှိသေးတယ် အတိုး ဆယ်သန်းကျန်သေးတယ်”

ရှုကျစ်ချင်းမှာ လန့်ဖြန့်သွားခဲ့သည်။

“အတိုး ဆယ်သန်းတောင်လား၊ နင်ဓါးပြပဲ တိုက်လိုက်ပါတော့လား!”

ရှုယန်သည် ရှုကျစ်ချင်းအား ပြုံးပြလိုက်သည်။

သူတို့တွေက အကြွေးရှင်တွေပဲလေ။ အကြွေးရှင်တွေ လုပ်တယ်ဆိုတာ ဓါးပြတိုက်တာပဲ မဟုတ်ဘူးလား။

ရှုကျစ်ချင်းသည် သူမ၏ အသံအား လျှော့လိုက်လေသည်။

“ငါ့မှာ အလောက် ပိုက်ဆံအများကြီး မရှိသေးဘူး”

ရှုယန် သက်ပြင်းချလိုက်သည်။

“အဲဒါဆိုရင် ငါသူ့ကိုခေါ်သွားခွင့် မပေးနိုင်ဘူး”

စကားပြောပြီးနောက် ရှုယန်၏ မြေခွေးမျက်လုံးမှာ ပြတ်သားကာ အေးစက်သည့် ပုံစံသို့ ပြောင်းသွားလေသည်။ အနက်ရောင်ဝတ်ထားသည့် အမျိုးသားနှစ်ဦးမှာ စတိုခန်းထဲသို့ အလျင်အမြန်ဝင်လာပြီး ရှုကျစ်ချင်း၏ လက်ထဲမှ လန်ချူကျွင်းအား ဆွဲယူလိုက်သည်။

လန်ချူကျွင်းမှာ အစကတည်းက ဒါဏ်ရာရထားသည်ဖြစ်ပြီး သူ့အား ဆွဲနေခြင်းမှာ သူ၏ဒါဏ်ရာများအား ဆွဲဆန့်နေသကဲ့သို့ပင် ဖြစ်သည်။ သူသည် အကြမ်းပတမ်းချောင်းဆိုးလာပြီး သူ၏ မျက်နှာစာ ပို၍ပင် ဖြူဖျော့လာခဲ့သည်။

“နင်တို့တွေ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ၊ နင်တို့တွေ ဥပဒေချိုးဖောက်နေတာပဲ”

ရှုကျစ်ချင်းသည် အနက်ရောင်ဝတ်ထားသည့် အမျိုးသားများအား တားဆီးချင်ပါသော်ညား ကံမကောင်းစွာဖြင့် သူမသည် ပိန်ပါးသည့် မိန်းကလေးဖြစ်နေကာ သူမ၏ ပေါင်များမှာ ၎င်းတို့၏ လက်မောင်များလောက်ပင် မထူထဲပေ။ သူမ၏ အားကုန်မှာ ထိုသန်မာသည့် အမျိုးသားနှစ်ဦး၏ အရှေ့၌ ရေပုံးထဲမှ ရေတစ်စက်မျှသာ ဖြစ်လေသည်။

လန်ချူကျွင်းသည်လည်း ထိုအနက်ရောင် ဝတ်ဆင်ထားသည့် အမျိုးသားများဆီမှ လွတ်မြောက်ရန် ကြိုးစားနေသော်ညား လက်သီးပြင်းပြင်း တစ်ချက်ဖြင့် အထိုးခံလိုက်ရသည်။ သွေးများသည် ပါးစပ်ထဲသို့ရောက်လာကာ သူမျက်နှာပျက်သွားလေသည်။

“ငါပြန်ဆပ်ပါ့မယ် ငါပြန်ဆပ်ပါ့မယ်”

ရှုကျစ်ချင်းသည် လန်ချူကျွင်းခံစားနေရသည်ကို မကြည့်နိုင်ကာ မျက်ရည်များသည်လည်း ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့သည်။

“သူ့ကို နာကျင်အောင် မလုပ်ပါနဲ့”

ရှဲ့ကျစ်ချင်းသည် နင်နေသည့် အသံနှင့်ပြောလိုက်သည်။

“ဆယ်သန်း ဆယ်သန်းမလား၊ ငါနင့်ကို သေချာပေါက် ပြန်ဆပ်မှာပါ”

ရှချန်းချန်းနှင့် စုန့်ယွီနင်မှာ ကစားကွင်း မြေအောက်ကားပါကင်ထဲရှိ Ferrari ကားပေါ်တွင် ထိုင်နေကာ ကာစီနိုထဲရှိ အသံဖိုင်တစ်ခုအား ၎င်းတို့၏ ဖုန်းထဲတွင် ဖွင့်ထားလေသည်။ ထို အသံဖိုင်မှာ ရှချန်းချန်းမှ ရှုကျစ်ချင်း၏ ဦးထုပ်အစွန်း၌ ဖွက်ထားခဲ့သည့် အသံဖမ်းစက်မှတဆင့် လာနေခြင်းဖြစ်သည်။

စုန့်ယွီနင်သည် နားထောင်နေရင်း ပို၍ ပို၍ပင် ကြောက်ရွံ့လာကာ အထူးသဖြင့် ရှုကျစ်ချင်းသည် လန်ချူကျွင်းအား ပိုက်ဆံကူဆပ်ပေးချင်နေသေးသည်ကို သူမကြားသည့် အချိန်၌ပင်ဖြစ်သည်။ သူမ မသိစိတ်ဖြင့် လက်သီးများအား ဆုပ်ထားမိလေသည်။

“အဲဒါဆိုရင် တကယ့်လောင်းကစားသမား အကြွေးတင်နေတဲ့သူက လန်ချူကျွင်းပေါ့၊ ကျစ်ချင်းကျဲက အဲလူယုတ်မာကို အကြွေးဆပ်ဖို့ ကူပေးနေတာပေါ့”

ရှချန်းချန်း ခေါင်းညိတ်လိုက်သည်။

“အသံဖိုင်အရတော့ အဲလိုပဲထင်တယ်၊ ဒါပေမဲ့ သူတို့ပဲ အတိအကျကို သိတာလေ”

အတင်းပြောဘုရင်မနှင့် ရှချန်းချန်းမှာ သတင်းအား ပထမဆုံး ဖော်ထုတ်နိုင်ချိန်တွင် သူတို့သည် ရှုကျစ်ချင်းနှင့် လန်ချူကျွင်းမှာ တွဲနေကြသည်ဟု ပြောခဲ့ကြသည်။ ထိုအချိန်တွင် ရှချန်းချန်းသည် ဤသည်မှာ ရိုးရှင်းသည့် မောင်နှမ ချစ်ခင်မှုဟု ထင်ခဲ့သော်ညား သူမသည် ထိုအရာ၏ နောက်တွင် ကြီးမားသည့် အကြောင်းအရာတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော်ညား ရှချန်းချန်းအား အမှန်တကယ် ပဟေဠိဖြစ်စေနေသည်မှာ ဝတ္ထု၏ ဖော်ပြချက်တွင် ရှုကျစ်ချင်းမှာ အကြွေးရှင်များဆီမှ ပြန်ပေးဆွဲခံလိုက်ရခြင်းဖြစ်သည်။

ဒါပေမဲ့ အကြွေးရှင်တွေက ငွေညှစ်ဖို့ ပြန်ပေးဆွဲတာ မဟုတ်ဘူးလား။ ရှုကျစ်ချင်းမှာ ပိုက်ဆံချေးစရာ ဘယ်သူမှ မရှိဘူးလေ။ အဲဒါကို သူတို့ ပြန်ပေးဆွဲတာက ဘယ်သူလဲ။ ဒါမှမဟုတ် ပြန်ပေးဆွဲတာက ငွေညှစ်ဖို့ မဟုတ်ပဲ တခြားရည်ရွယ်ချက် အတွက်လား။

“ရှုကျစ်ချင်းနဲ့ လန်ချူကျွင်းအကြောင်း မင်းဘယ်လောက်သိလဲ”

ရှချန်းချန်းသည် စုန့်ယွီနင်အား မေးလိုက်သည်။

စုန့်ယွီနင် သက်ပြင်းချလိုက်သည်။

“လန်ချူကျွင်းနဲ့ ကျွန်မက ဝမ်ရှိန်မှာ တစ်ချိန်တည်း စာချုပ်ချုပ်ခဲ့ကြတာပါ၊ အဲဒါကြောင့်၊ ကျွန်မသူတို့အကြောင်း အကုန်လုံး နီးပါးသိတယ်”

“ရှလောင်ရှီး၊ လောင်ရှီး ကျဲကျစ်ချင်းလို ထိပ်တန်းအမျိုးသမီး အနုပညာရှင်တစ်ယောက်က လန်ချူကျွင်းလို့ နာမည်မရှိတဲ့ အဆင့် ၁၈ အနုပညာရှင်တစ်ယောက်ကို ဘယ်လိုသဘောကျသွားမှန်း နားမလည်နိုင်တာ သိပါတယ်၊ ဒါပေမဲ့ လောင်ရှီးသာ ကျဲကျစ်ချင်းရဲ့ အတိတ်ကို သိမယ်ဆိုရင် လောင်ရှီး အံ့ဩတော့မှာ မဟုတ်ပါဘူး”

ရှုကျစ်ချင်းသည် မူလအစကတည်းက ပန်းလေးလေးပွင့်ထဲမှ တစ်ပွင့်ဖြစ်ခဲ့ခြင်း မဟုတ်ပေ။

တကယ်လို့ ကျွန်မ သူမရဲ့အတိတ်ကို ပုံဖော်ရမယ်ဆိုရင် “ရုပ်ဆိုးတဲ့ ဘဲကလေး” ရဲ့ ပုံပြင်နဲ့ အတော်လေး ဆင်တူမှာပင်။

ရှုကျစ်ချင်းသည် ဝဖြိုးသည့် မိန်းကလေး တစ်ဦးဖြစ်ခဲ့ဖူးလေသည်။

သူမသည် အတန်းထဲရှိ လူအယောက်ငါးဆယ်ကြားတွင် အဝဆုံးနှင့် ရုပ်အဆိုးဆုံးဖြစ်လေသည်။ အလယ်တန်းမှာ မိန်းကလေးများ၏ ဖွံ့ဖြို့ချိန်ဖြစ်ပြီး တည်ငြိမ်သည့် ဟော်မုန်းအဆင့်နှင့် စာမေးပွဲဖိအားများကြောင့် ရှုကျစ်ချင်း၏ ဝိတ်မှာ ထိန်းမနိုင်၊ သိမ်းမရ တက်လာခဲ့သည်။

အသက်ကြီးသူများ၏ မျက်လုံးထဲတွင် အဝလွန်ခြင်းမှာ ကောင်းစားခြင်း တစ်ခုပင်ဖြစ်သည်။

သို့ပေမဲ့ သက်တူရွယ်တူ ကလေးငယ်များကြားတွင်မူ အဝလွန်ခြင်းမှာ တစ်ဦးမှ တစ်ဦးအား တိုက်ခိုက်ဖို့ရာအတွက် အသုံးပြုနိုင်သည့် လက်နက်တစ်ခုပင်ဖြစ်သည်။

စော်ကားမှုနှင့် ဆဲဆိုမှုတို့မှာ အခြေအမြစ်မရှိပဲ ဤသည်မှာ “မင်းက ဝပြီး ရုပ်ဆိုးလို့ အနိုင်ကျင့်ခံရ၊ ဟာသလုပ်ခံရတာ တန်တယ်” ဆိုသလိုပင်။

“ဝတဲ့ကောင်မ၊ ဝက်မ ဝက်မ”

“ဘုရားရေ သူ ဘယ်လိုတောင် ဒီလောက်ထိ ဝနိုင်ရတာလဲ၊ သူထိုင်လိုက်ရင် ကျောင်းထိုင်ခုံတောင် ကျိုးသွားလောက်တယ်”

“သူက ဝက်တစ်ကောင်လို ဝနေတာကိုတောင် တစ်နေ့လုံးစားနေသေးတယ်၊ ငတ်ပြတ်နေတဲ့ သရဲတစ်ကောင် ဝင်စားတာပဲ ဖြစ်ရမယ်”

ရှုကျစ်ချင်းသည် သူမအား လှောင်ပြောင်နေသည့် ထိုအသံများအား နေ့တိုင်းကြားခဲ့ရသည်။ ဝနေခြင်းမှာ ခွင့်မလွှတ်နိုင်သည့် ပြစ်မှုတစ်ခုကဲ့သို့ပင်ဖြစ်သည်။

ထိုအချိန်တွင် သူမ၏ ထိုင်ခုံဖော်ဖြစ်သည့် အလွန်ချောမောသည့် ကောင်လေးတစ်ဦးသာ သူမအား ဘယ်သောအခါမှ မဆူပူခဲ့ခြင်းဖြစ်သည်။

ဆယ်ကျော်သက် မိန်းကလေးများသည် အတော်ပင် အထိခိုက်မခံနိုင်ကာ စိတ်ကူးယဥ်ရခြင်းအား အတော်လေး သဘောကျကြလေသည်။

၎င်းတို့မှာ ရှက်တတ်ကာ အခြားသူများအား မချစ်ကြသော်ညား သူတို့ လှောင်ပြောင်ခံရချိန်တော့ စိတ်ကူးယဥ်မိကြလေသည်။ အကယ်၍ သူတို့၏ အပြင်ပန်းပုံသဏ္ဍာန်အား ဂရုမစိုက်သည့် သူရှိခဲ့လျှင် သူမအနိုင်ကျင့်ခံရချိန်တွင် သူမအတွက် ရပ်တည်ပေးမည့်ဟု ရှိနိုင်ခဲ့လျှင် သူမနှင့်အတူ ရှိလိုသည့် လူတစ်ဦးသာရှိခဲ့လျှင် အတော်လေး ကောင်းမွန်မည်ဖြစ်သည်။

တစ်ခါက လှောင်ပြောင်ခံရချိန်တွင် သူမ၏ ထိုင်ခုံဖော်မှာ အမှန်တကယ်ပင် ရှုကျစ်ချင်းအတွက် ရပ်တည်ပေးကာ သူမအား ကာကွယ်ပေးခဲ့သည်။

ရှုကျစ်ချင်းသည် သူမ၏ ထိုင်ခုံဖော်ကောင်လေးမှာ သူမ နှလုံးသားထဲမှ တောင်းတနေသည့် ကောင်လေးဖြစ်မည်ဟု တစ်ခါကထင်ခဲ့ဖူးလေသည်။

ထိုကြောင့် ဒုတိယည၌ ရှုကျစ်ချင်းသည် သတ္တိစုစည်းကာ ထိုကောင်လေးအား ဖွင့်ပြောခဲ့သည်။

ဖွင့်ပြောခြင်းသည် အတူရှိရန်အတွက် အမှန်တကယ် မလိုအပ်ပေ။ ထိုအချိန်က ရှုကျစ်ချင်း၏ အပြင်မှာ ထိုဖွင့်ပြောမှုမှာ ကျေးဇူးတင်မှုနှင့် ပိုတူလေသည်။

တစ်လောကလုံးက ငါ့ကိုလှောင်ပြောင်နေတဲ့ အချိန်မှာ ငါ့အတွက် ရပ်တည်ပေးပြီး ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

သို့ပေမဲ့ အခြားသူများမှာ ထိုကဲ့သို့ မထင်ကြပေ။

ဖွင့်ပြောသည့် အချိန်တွင် အမှောင်ထဲမှာ ဒါဇင်နှင့်ချီသည့် အတန်းဖော်များစွာ ထွက်လာခဲ့သည်။ သူတို့သည် ရှုကျစ်ချင်းအား ဝန်းရံလိုက်ကြပြီး သူမအား သက်သက်မဲ့ လှောင်ပြောင်ခဲ့ကြသည်။

“ဟားဟားဟားဟား ငါပြောသားပဲ၊ ရှုကျစ်ချင်းက သူ့ရဲ့ ထိုင်ခုံဖော်ကို ကြိုက်နေတာပါဆို သေချာပေါက်ပဲ၊ စမ်းသပ်မှုလေးတစ်ခုပြီးတော့ ပေါ်ထွက်လာတော့တာပဲ”

“နင့်ကိုနင် ဘာလို့ မှန်ထဲမှာ မကြည့်ကြည့်ရတာလဲ၊ နင်ကများ ဖွင့်ပြောရဲသေးတယ်”

“ငါကတော့ ဒီလိုမျိုး ဝက်သေကြီးဆီကနေ အကြိုက်ခံရမှာ ရွံ့တောင်ရွံ့တယ် အော့”

ရှုကျစ်ချင်းသည် အလွန်ပင် ကူကယ်ရာမဲ့နေလေသည်။ သူမသည် ထိုလူများ ဘာကြောင့် ရုတ်တရက် ပေါ်လာသည်ကိုမသိကာ သူမ၏ ဖွင့်ပြောမှုအား သိရှိပြီး သူမအား နောက်တစ်ကြိမ် ယုတ်မာစွာ လှောင်ပြောင်နေခဲ့ပြန်သည်။

သူမသည် ဤအန္တာရယ်ရှိသည့် လေထု၌ သူမ၏ တစ်ခုတည်းသော အသက်ကယ်မြက်ခြောက်လေးအား ဆွဲလိုက်ပြီး သူမ၏ အရှေ့ရှိ ထိုင်ခုံဖော်အား သနားစရာကောင်းစွာနှင့် မျှော်လင့်တကြီး ကြည့်နေလေသည်။

သူမသည် သူမ၏ ထိုင်ခုံဖော်မှာ သူမအတွက် တစ်ကြောင်းနှစ်ကြောင်းလောက် ကူရှင်ပြပေးဖို့ရာ မျှော်လင့်နေခဲ့ပြီး သာမန်စကားလေးတစ်ခွန်း ဆိုလျှင်ပင် လုံလောက်လေသည်။

သို့ပေမဲ့ သူမ၏ ထိုင်ခုံဖော် သူမအား ယခင်က ကာကွယ်ပေးခဲ့ဖူးသည့် ထိုင်ခုံဖော်မှာ အခြားတစ်ယောက်ကဲ့သို့ ပြုမူနေကာ အတန်းထဲမှ ပန်းလေးအား ပွေ့ဖက်ထားပြီး သူမအား မထီမဲ့မြင် အကြည့်ဖြင့် ကြည့်နေလေသည်။

သူပြောလိုက်သည်။ : “ဖက်တီးမရှု မင်းကငါ့ကို သဘောကျဖို့ ထိုက်တန်လို့လား”

ထိုအခိုက်အတန့်၍ ရှုကျစ်ချင်းသည် သူမ၏ ကမ္ဘာကြီးမှာ ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သူမသည် နဂိုကကြောက်ရွံ့နေတတ်သည့် ခရုလေးတစ်ကောင် ဖြစ်သော်ညား သူမသည် သူမအား ကြင်နာပေးခဲ့ဖူးသည့် တစ်ဦးတည်းသော အမျိုးသားအား ကျေးဇူးတင်ကြောင်း ပြရန်အတွက် သတ္တိစုစည်းခဲ့လေသည်။ သို့ပေမဲ့ သူမ ပြန်လည်ရရှိသည့် အရာမှာ တူညီသည့် ခံစားချက် မဟုတ်သည့်အပြင် အဆင့်မရှိသည့် လှောင်ပြောင်မှုပင် ဖြစ်သည်။

ထိုနေ့ပြီးနောက် ရှုကျစ်ချင်းသည် ကျောင်းထွက်ကာ ကောလိပ်ဝင်ခွင့်စာမေးပွဲအား မဖြေဆိုခဲ့ပေ။ သူမသည် လပေါင်းများစွာ စိတ်ရှုပ်ထွေးနေခဲ့ပြီး သူမ၏ မိဘများ သူမအား မည်မျှပင် ဆူပူကြိမ်းမောင်းပါစေ သူမသည် ထိုကျောင်းသို့ ခြေတစ်လှမ်းပင် မချချင်တော့ပေ။

ထိုကျောင်း ထိုအတန်းမှာ ရှုကျစ်ချင်း၏ အိမ်မက်ဆိုးပင် ဖြစ်သည်။

သူမ၏ အရိုးထဲမှ အရှုံးပေး ဝန်မခံချင်သည့် မိန်းကလေး နှင့် ထိုကဲ့သို့ ဝမ်းနည်းစရာ အရှုံးနှင့် မထွက်သွားချင်ခြင်းနှင့် အသဲကွဲခြင်း၏ ထိုးနှက်မှုတို့ကြောင့် ရှုကျစ်ချင်းသည် ဝိတ်လျှော့ဖို့ရာ စိတ်ပိုင်းဖြတ်လိုက်လေသည်။

သူမသည် သူမ၏ ယခင်ခန္ဓာကိုယ် တစ်ဝက်လောက်ပင် ဝိတ်ကျသွားခဲ့သည်။ နှစ်ဝက်ကြာပြီးနောက် ရှုကျစ်ချင်းမှန်ရှေ့တွင် ထပ်မံရပ်ချိန်တွင် သူမသည် ဝနေသည့် အမျိုးသမီး မဟုတ်တော့ဘဲ အလွန်ပိန်ပါးသည့် ပုံသဏ္ဍာန်နှင့် မိန်းကလေးဖြစ်သွားလေသည်။

“ရှုကျစ်ချင်းမှာ အရမ်းလှတဲ့ ခန္ဓာကိုယ် ကောင်းကောင်းရှိခဲ့တာပဲ”

ရှချန်းချန်း ပြောလိုက်ကာ

“သူမ ဝိတ်ကျသွားတဲ့အခါမှာ အရမ်းလှသွားမှာ”

စုန့်ယွီနင် ခေါင်းညိတ်လိုက်သည်။

ပိန်သွားသည့် စုန့်ယွီနင်မှာ အလွန်ပင် လှပလေသည်။ ဖျော်ဖြေရေးနယ်ပယ်ကဲ့သို့ လှပသည့် အမျိုးသမီးများစွာ ရှိသည့်နေရာမှာပင် သူမ၏ အလှမှာ သာမန်အဆင့် ရှိနေသေးသည် ဖြစ်သည်။

သူမသည် ကျောင်းတစ်နှစ်ပြန်တက်ကာ အဓိက ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အကယ်ဒမီသုံးခုသို့ ဝင်ခွင့်ရခဲ့သည်။ နှစ်တစ်နှစ်၏ အကောင်းဆုံးကျောင်းသူ တစ်ဦးအနေနှင့် သူမထိုနယ်ပယ်ထဲ ဝင်လိုက်ပြီး စောစီးစွာပင် ရုပ်ရှင်ရိုက်ခဲ့ရသည်။

သူမသည် လူသစ်ဖြစ်သောကြောင့် ရှုကျစ်ချင်းသည် သေးငယ်သည့် ဇာတ်ရုပ်အချို့အား သရုပ်ဆောင်ခဲ့ရသည်။ သို့ပေမဲ့ သူမသည် အလုပ်ကြိုးစားဖို့ရာ ဆန္ဒရှိပြီး သူမ၏ သရုပ်ဆောင်စွမ်းရည်မှာ အသက်ဝင်၍ ဖျော်ဖြေမှုမှာ အတော်လေးကောင်းမွန်ကာ သူမသည်လည်း ပရိတ်သတ်အချို့ ရရှိခဲ့သည်။

ရှုကျူရှင်း အသက် ၂၃ နှစ်အရွယ်တွင် အထက်တန်းကျောင်းမှ ကျောင်းသားဟောင်းများ ပြန်လည်ဆုံတွေ့ပွဲလုပ်ကာ သူမသည် ကျောင်းသားဟောင်းထဲမှ ဂုဏ်ထူးဆောင်တစ်ဦးဖြစ်၍ ဖိတ်ကြားခံခဲ့ရသည်။ အတန်းပြန်လည်တွေ့ဆုံပွဲတွင် သူမ၏ ထိုင်ခုံဖော်ဟောင်းမှာ ရှုကျစ်ချင်း၏ ယခု ချိုမြိန်ကာ ချစ်စဖွယ်ကောင်းသည့် ပုံစံအား မြင်၍ ရင်ထဲထိသွားခဲ့သည်။ ရုတ်တရက် သူသည် သူမအား ထောင့်သို့ တွန်းလိုက်ပြီး ဖွင့်ပြောလေသည်။

ရှုကျစ်ချင်းသည် ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့သည်။

သူမသည် ထိုအမျိုးသား၏ စကားများအား ပြန်ပြောခဲ့သည်။

“ရှင့်လိုလူမျိုးက ကျွန်မနဲ့ တန်လို့လား”

ထိုအမျိုးသားမှာ ဒေါသထွက်သွားခဲ့သည်။

ထိုအချိန်တွင် ရှူကျစ်ချင်းပါဝင်သည့် နန်းတွင်းဒရမ်မာမှာ ပြသနေကာ သူမသည် အံ့မခန်းလှပကာ ရက်စက်ကြမ်းကြုတ်သည့် အမျိုးသမီး ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားခဲ့သည်။

ရှုကျစ်ချင်းမှာ ထိုဇာတ်ရုပ်အား ထူးထူးခြားခြားကောင်းမွန်အောင် သရုပ်ဆောင်ထားကာ ကောင်းလွန်၍ အဓိကသရုပ်ဆောင်အား လွှမ်းမိုးမိသွားသည် အထိပင်ဖြစ်သည်။ ထိုကြောင့် သူမအား ဝေဖန်ရန်အတွက် ဝေ့ပေါ်သို့ မဟုတ်မမှန်သတင်းဖြန့်သူများ ရောက်လာခဲ့သည်။ ၎င်းတို့သည် ဇာတ်ရုပ်အား ဝေဖန်ရုံသာမက သူမ၏ အသွင်အပြင်ကိုပါ ဝေဖန်ခဲ့ကြီး သူမသည် ထိပ်တန်းအလှလေးနေရာအား သရုပ်ဆောင်ဖို့ရာ မထိုက်တန်ဟု ပြောခဲ့သည်။

ထိုအချိန်တွင် အတန်းဖော်တစ်ဦးမှာ ရှုကျစ်ချင်း၏ ယခင်က ဝခဲ့သည့် ပုံအား မျှဝေခဲ့သည်။

ရှုကျစ်ချင်း၏ အွန်လိုင်းပေါ်မှ လှောင်ပြောင်မှုများသည် ပလတ်စတစ်ဆာဂျရီ လုပ်ခဲ့သည်ဟု စွပ်စွဲမှုများ ဝမှုနှင့် ရုပ်ဆိုးမှုများပါ ပါလာပြီး ပို၍ ပြင်းထန်လာခဲ့သည်။

ထိုအချိန်တွင် စုန့်ယွီနင်သည် ရှုကျစ်ချင်း၏ ဘေး၌ ရှိပေးခဲ့ကာ နှစ်သိမ့်ပေးခဲ့ပြီး “အဲဒါတွေအကုန် မကြာခင်မှာ အဆင်ပြေသွားမှာပါ” ဟု ပြောခဲ့သည်။

သို့ပေမဲ့ ရှုကျစ်ချင်းမှာ လက်ခံဖို့ရာအတွက် ခက်ခဲခဲ့သည်။

လက်ခံနိုင်သည့် အခိုက်အတန့်တိုင်းသည် သူမအား စီနီယာအထက်တန်းနှစ်၏ ညတစ်ညသို့ ပြန်လည်ဆွဲခေါ်သွားကာ လက်စားချေချင်စိတ်များနှင့် ပြည့်နှက်နေသည့် ကမ္ဘာသို့ ပြန်ရောက်သွားခဲ့သည်။

ငယ်ရွယ်စဥ်က အတွေ့အကြုံများသည် လူတစ်ဦးအား ပုံဖော်သွားလေသည်။

အချို့သော နောင်တရစရာများမှာ တစ်သက်လုံး အချိန်ယူကာ ကုစားရမည်ဖြစ်သည်။ သို့မဟုတ် ဘယ်သောအခါမှ ကုစားနိုင်မည် မဟုတ်ပေ။

ရှုကျစ်ချင်း လန်ချူကျွင်းအား တွေ့ချိန်မှာ သူမ၏ အဆိုးရွားဆုံး အနိမ့်ပါးဆုံး အချိန်၌ ဖြစ်သည်။

လန်ချူကျွင်းအား မည်ကဲ့သို့ ဖော်ပြမည်နည်း။

သူသည် လွန်ခဲ့သည့် ငါးနှစ်မှ ရှုကျစ်ချင်းအတွက် မဆိုင်းမတွ ရပ်တည်ပေးခဲ့သည့် ထိုင်ခုံဖော်ကဲ့သို့ ဖြစ်ကာ အမှန်တကယ်ပင် လှပပြီး ရှုကျစ်ချင်း စိတ်ကူးယဥ်ခဲ့ဖူးသည့် ဖြောင့်မတ်သည့် လူငယ်လေးပင်ဖြစ်သည်။

ရှုကျစ်ချင်းသည် သတိထားနေကာ သံသယရှိပြီး ချိတုံချတုံ ဖြစ်ခဲ့သည်။ သို့သော်ညား လန်ချူကျွင်းသည် ရှုကျစ်ချင်းအား သူ၏ အကြွင်းမဲ့အချစ်အား အကြိမ်ပေါင်းများစွာ ကမ်းလှမ်းခဲ့ပြီး သူမအား အကြိမ်ပေါင်းများစွာ ကာကွယ်ပေးခဲ့ပြီး သူမအတွက် အကြိမ်ပေါင်းများစွာ လက်မောင်းဖွင့်ထားပေးခဲ့သည်။

သူသည် အသက်အကြောင်း၊ သူမ၏ အတိတ်အကြောင်း သို့မဟုတ် အွန်လိုင်းဆဲဆိုမှုများအကြောင်း မည်သည်ကိုမှ ဂရုမစိုက်ပေ။

စုန့်ယွီနင်၏ မျက်လုံးထဲတွင်တော့ လန်ချူကျွင်းမှာ ရှုကျစ်ချင်းငယ်စဥ်က နောက်ကောက်ကျန်ခဲ့သည့် လူငယ်လေး ဖြစ်နိုင်လေသည်။

စုန့်ယွီနင်သည် သက်ပြင်းရှည်ကြီး ချလိုက်ကာ “လန်ချူကျွင်းနဲ့ ကျွန်မက သင်တန်းသား တစ်ဖွဲ့တည်းကပါ သူကအတော်လေး ကောင်းတဲ့သူပါ၊ တကယ်လို့ သူ့ရဲ့အမေသာ အတော်လေး မဖျားနေခဲ့ဘူးဆိုရင် သူအဲကာစီနိုက လူတွေဆီကနေ လှည့်စားခံရမှာ မဟုတ်ဘူး၊ ကျွန်မကတော့ သူလောင်းကစား လုပ်လိမ့်မယ်လို့ မထင်ဘူး”

သူသည် ရှုကျစ်ချင်းအား အမြဲတမ်း ကြင်နာခဲ့သူဖြစ်ကာ အဘယ်ကဲ့သို့ ဆိုးရွားသည့် သူဖြစ်မည်နည်း။

လူ့သဘောသဘာဝအရ စုန့်ယွီနင်နှင့် ရှုကျစ်ချင်း နှစ်ဦးစလုံးမှာ လန်ချုကျွင်း၏ ကောင်းသည့်ဘက်အား ယုံကြည်ပေးဖို့ရာ ရွေးချယ်ခဲ့သည်။ သူအား ယခုအခြေအနေသို့ ရောက်အောင် တွန်းအားပေးခဲ့သည်မှာ ပြင်ပ ပတ်ဝန်းကျင်ဖြစ်သည်။

သူသည် ထိုကဲ့သို့ ဖြစ်မည် မဟုတ်ပေ။

“ရှုကျစ်ချင်းက မင်းကို လန်ချူကျွင်းအမေ အပြင်းအထန်ဖျားနာနေတဲ့ အကြောင်းကို ပြောပြခဲ့တာလား” ရှချန်းချန်း ရုတ်တရက် မေးလိုက်သည်။

စုန့်ယွီနင် ခေါင်းညိတ်လိုက်သည်။

“ကျွန်မတို့ လူသစ်တွေလေ၊ ဝမ်ရှိန်နဲ့စာချုပ်က 20/ 80 ရာခိုင်နှုန်းဆိုတော့ ပေးချေပြီးတဲ့နောက်မှာဆိုရင် ဘာမှ သိပ်မကျန်တော့ဘူး၊ လန်ချူကျွင်းရဲ့ အမေက အပြင်းအထန်ကို ဖျားနေတာကို သိတာက သူ ကျဲကျစ်ချင်းဆီကတောင် ပိုက်ဆံချေးခဲ့တာ မလို့လေ”

စုန့်ယွီနင် ထပ်မံ သက်ပြင်းချလိုက်ကာ

“တကယ်လို့ အဲတုန်းကသာ ကျွန်မတို့ ပိုက်ဆံလုံလုံလောက်လောက် ရနိုင်ခဲ့မယ်ဆိုရင် ကျဲကျစ်ချင်းလည်း အကြွေးရှင်တွေဆီကနေ ပစ်မှတ်အထားခံရမှာ မဟုတ်ဘူး”

ရုတ်တရက် ရှချန်းချန်း၏ ဖုန်းမှာ မြည်လာခဲ့သည်။

သူမ ကြည့်လိုက်ကာ ဤသည်မှာ စျေးကွက်ရှာဖွေရေးအဖွဲ့မှ မက်ဆေ့ချ်ဖြစ်ကြောင်း တွေ့လိုက်ရပြီး အကြောင်းအရာမှာ လန်ချူကျွင်း၏ အချက်အလက်ပင်ဖြစ်သည်။

ရှချန်းချန်းသည် ပါပါရာဇီများမျှဝေထားသည့် ဖိုင်အား ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။

“သူက သူ့အမေ ပြဿနာတက်နေတယ်လို့ ပြောတာကို မင်းယုံတယ်ပေါ့”

“လောင်ရှီး ဘာကိုဆိုလိုတာလဲ” စုန့်ယွီနင် မေးလိုက်သည်။

“လန်ချူကျွင်းက အဖေတစ်ဦးတည်းရှိတော့တဲ့ မိသားစုက ကလေးပဲ၊ သူ့အမေက သူအသက် ဆယ်နှစ်တုန်းက ဆုံးသွားခဲ့တာ”

ရှချန်းချန်းသည် တစ်လုံးချင်းပြောလိုက်သည်။

“အဲဒါကြောင့် သူ့မှာ ဘယ်လိုလုပ် အသည်းအသန် ဖျားနေတဲ့အမေ ရှိနိုင်မှာလဲ”

All Chapters