အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
Chapter 89
ကာစီနို ကြမ်းပြင်နှင့် နံရံတစ်ခုသာ ခြားထားသော ဧည့်ခန်းသည် မှောင်ရိပ်ကျနေလေသည်။ အသံလုံမှု အားသိပ်မကောင်းသည့်တိုင် တံခါးပိတ်ထားသော်လည်း ချစ်ပ်ပြားများ တချွင်ချွင်မြည်သံနှင့် လောင်းကစားသမားများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများအား ကြားနေရဆဲပင်။
ရှုယန်သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ပေါ့ပေါ့ပါးပါး လှဲလျောင်းလိုက်သည်။ သူမ၏ ပိန်သွယ်၍ အရိုးဖြိုင်းဖြိုင်းထနေသော ခန္ဓာကိုယ်သည် ရေသဖွယ် ဆိုဖာထဲသို့ နစ်မြုပ်သွားသည်။ ဆိုဖာသည် သူမ၏ ကိုယ်လုံးကိုယ်ထည် အချိုးအစားများကို ပိုမိုပေါ်လွင်အောင် ထိန်းထားသကဲ့သို့ ဖြစ်နေသည်။
“ကျွီ" ကနည်း တံခါးမြည်သံနှင့်အတူ ဧည့်ခန်းတံခါး ပွင့်သွားခဲ့ပြီး အမည်းရောင် ပုံရိပ်တစ်ခုသည် အခန်းထဲသို့ ရွေ့လျားဝင်ရောက်လာသည်။
သူ၏ သွယ်လျသော လက်ချောင်းများသည် ရှုယန်၏ ကျောအား ညင်သာစွာ ပွတ်သပ်ပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လည်ပင်းမှ တစ်ဆင့် ဖြည်းဖြည်းချင်း လျှောဆင်းသွားသည်။
ရှုယန်သည် ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရပြီး ရယ်မောမိသွားသည်။
“လန်ချူကျွင်း ရပ်လိုက်စမ်း”
ထိုလူသည် ရှုယန်အား ညင်ညင်သာသာ ပွေ့ချီလိုက်သည်။ သူ၏ ချောမွေ့သော မျက်လုံးများသည် အပြစ်လုပ်ထားသော ခွေးပေါက်စတစ်ကောင်ကဲ့သို့ သူမအား
ကြည့်နေသည်။
“ကျဲကျဲ ကျွန်တော့်ကို မချစ်တော့ဘူးလား ”
ရှုယန်သည် လန်ချူကျွင်း၏ ဖြောင့်စင်းသော နှာတံအား ခပ်ဖွဖွဆွဲလိုက်သည်။
“ရှုကျစ်ချင်း ခုနကမှ ထွက်သွားတာ မကြာသေးဘူး မင်းက ဒီအပေါ်ကို အရမ်းစိတ်မရှည်နိုင်ဘဲ တက်လာတာလား၊ အဲမမလေးရဲ့ ခံစားချက်တွေကို နာကျင်အောင် လုပ်မိမှာ မကြောက်ဘူးလား”
လန်ချူကျွင်း ပြုံးကာ ရှုယန်အား ပိုမိုတင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။
“ရှုကျစ်ချင်းက ကျဲကျဲနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
ရှုယန်သည် ရှက်ရွံ့စွာဖြင့် လန်ချူကျွင်းအား တွန်းဖယ်လိုက်သည်။
“သူက နာမည်ကြီး မင်းသမီးတစ်ယောက်ပဲ၊ အရမ်း အရမ်း ပိုလှတယ်”
လန်ချူကျွင်း၏ မျက်လုံးများထဲတွင် ရွံရှာမှုများ ဖြစ်ပေါ်လာသည်။
“သူက ပလတ်စတစ်ဆာဂျရီ လုပ်ထားပြီး ဝနေတဲ့ မိန်းမတစ်ယောက်ပဲ၊ သူ ခွဲစိတ်မှု မလုပ်ခင်က ပုံတွေ မြင်ဖူးတဲ့ ယောက်ျားတိုင်းက သူ့ကို ဆွဲဆောင်မှုရှိတယ်လို့ မထင်ဘူး ကျဲကျဲကမှ ပိုကောင်းတာ၊ ကျဲက မွေးရာပါ ပင်ကို လှတာ၊ သူ့ထက် အများကြီး ပိုလှတယ်”
ရှုယန်သည် ပျော်ရွှင်စွာဖြင့် သူမ၏ မျက်နှာအား ဖုံးကွယ်ထားပြီး မဆူဘဲ မနေနိုင်တော့ပေ။
“သူက မင်းကို အသက်ပေးနိုင်တဲ့အထိ ချစ်တာ၊ ငါ့ကို သန်းပေါင်းများစွာ အကြွေးတင်နေတဲ့ အချိန်မှာတောင် မင်းအတွက်ဆို တစ်ချက်ကလေးတောင် မျက်တောင်မခတ်ခဲ့ဘူး မင်းကတော့ သူ့ကို ဒီလိုပြောလိုက်တာပေါ့၊ မိန်းမတွေရဲ့ နှလုံးသားက ပင်လယ်လို နက်ရှိုင်းတယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ ငါ့အမြင်မှာတော့ မင်းတို့ ယောက်ျားတွေရဲ့ နှလုံးသားဟာ အန္တရာယ် အများဆုံးပဲ”
“သူက အရူးမလို့လား၊ ဘာလို့ ကျွန်တော့်ကိုယ် ကျွန်တော် အပြစ်တင်ရမှာလဲ၊ အချစ်ငတ်နေတဲ့ အဲလိုမိန်းကလေးမျိုးက အနိုင်ယူရတာ အလွယ်ဆုံးပဲ ဘာမှ မခက်ဘူး”
လန်ချူကျွင်းသည် ရုတ်တရက် ရှုယန်၏ လက်အား တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ဖျတ်ခနဲ အရောင်လက်သွားသည်။
“ကျဲကျဲ ရှုယန်လိုမျိုး တစ်ယောက်ကတော့ ကျွန်တော့်ရဲ့ နှလုံးသားကို အများဆုံး ဆွဲဆောင်နိုင်တဲ့ပုံပဲ”
ရှုယန်သည် လန်ချူကျွင်း၏ မျက်နှာကို ပွတ်သပ်ရင်း သူမ မျက်လုံးများ ဝေဝါးနေသည်။ သူ၏ ချိုသာသော စကားလုံးများအား ခံစားနေမိသည်။ ရုတ်တရက် သူမ၏ အမူအရာ ပြောင်းလဲသွားပြီး မျက်လုံးများမှာ စူးရှလာကာ လန်ချူကျွင်း၏ မျက်နှာအား ဆော့ကစားသကဲ့သို့ ပွတ်သပ်လိုက်သည်။
“ရပ်လိုက်စမ်း ကောင်လေး၊ မင်းက အကျိုးအမြတ်တွေ ပိုရအောင်နဲ့ ပိုက်ဆံနည်းနည်းပဲ ပေးချင်တာ ဟွန့်၊ လန်ချူကျွင်း ငါ မင်းကို တစ်ခါတည်း ပြောလိုက်မယ်၊ ငါက ငွေကြောင့် မျက်စိကန်းနေတဲ့ ရှုကျစ်ချင်းလိုမျိုး အရူးမဟုတ်ဘူး၊ မင်းရဲ့ ချိုသာတဲ့ ထောင်ချောက်ထဲကို ကျလိမ့်မယ်လို့ မထင်နဲ့၊ မင်း ငါတို့ သူဌေးကို ပေးရမယ့် အကြွေးက တစ်ပြားမှ လျော့လို့မရဘူး”
လန်ချူကျွင်း၏ မျက်နှာပေါ်တွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူသည် နာခံတတ်သော ခွေးကလေးတစ်ကောင်ကဲ့သို့ ပုံစံ ပြန်လည် ပြောင်းလဲလိုက်သည်။
“ကျဲကျဲ ကျွန်တော့်ကို တကယ် နားလည်မှုလွဲနေတာပဲ၊ ကျွန်တော်က ရှုကျစ်ချင်းလို ဝတဲ့ မိန်းမတွေကိုပဲ လိမ်တာ၊ ကျဲကျဲ အပေါ်မှာတော့ ကျွန်တော် တကယ်ရိုးသားပါတယ် ”
သူသည် ရှုယန်အနားသို့ တိုးကပ်သွားပြီး နောက်ကျောဘက်မှ နေကာ လက်များဖြင့် သိုင်း၍ ဖက်ထားလိုက်သည်။
“ကျဲကျဲရဲ့ သူဌေးက ဒီမှာမရှိတော့ဘူးဆိုတော့ ကျဲကျဲ တစ်ခုခု မလုပ်ချင်ဘူးလား”
သူ၏လက်သည် ရှုယန်၏ လုံးဝန်းနေသော စကပ်အတွင်းသို့ လျှောဝင်သွားသည့်အခါ ရှုယန်သည် ညည်းသံလေး ထွက်ပေါ်မိသွားသည်။
သူမသည် လန်ချူကျွင်းအား ငြင်းဆန်ရန် ကြိုးစားသော်လည်း သူသည် အလွန် နားလည်လွန်းသည်။ သူပြုမူသော လှုပ်ရှားမှုတိုင်းသည် သူမအား သက်တောင့် သက်သာ ဖြစ်စေသော နေရာတစ်ခုသို့ ရောက်ရှိသွားစေသည်။
ဧည့်ခန်းသည် ဆွဲဆောင်မှုရှိသော အငွေ့အသက်များဖြင့် ပြည့်နေသည်။
ဆိုဖာသည် ပြင်းထန်စွာ လှုပ်ခါနေပြီး တကျွီကျွီမြည်နေကာ မျက်နှာကျက်ရှိ မီးသီးမှာ အနည်းငယ် ယိမ်းထိုးနေသည်။
ညနေခင်း နေဝင်ချိန်သည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး မြို့၏ ကောင်းကင်ယံနှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။ အရောင်အသွေးစုံလင်သော မှန်သား အဆောက်အအုံမှ ရောင်ခြည်ဖြာများ စုစည်းလာကာ ည၏ မှောင်မိုက်သော အရောင်များ တဖြည်းဖြည်း ပေါ်လာသည်။
**
“မဖြစ်နိုင်ဘူး၊ ချူကျွင်းက အဲလိုလူ မဖြစ်နိုင်ပါဘူး ”
ဧည့်ခန်းထဲတွင် ရှုကျစ်ချင်းသည် ကော်ဖီခွက် ကိုင်ထားသော်လည်း သူမ၏ လက်ချောင်းများ တုန်နေသည်ကို မထိန်းနိုင်ပေ။ ဖိတ်စင်သွားသော ကော်ဖီများသည် ခွက်၏ အဖြူရောင်ဖန်သားပြင်ပေါ်တွင် စွန်းထင်းသွားပြီး ဆီးနှင်းများပေါ်ရှိ မပျောက်နိုင်သော အစွန်းအထင်းများကဲ့သို့ ဖြစ်နေသည်။
“အဲဒါ တကယ်ပါ”
စုန့်ယွီနင် စည်းရုံးရန် ကြိုးစားသည်။
“လန်ချူကျွင်းရဲ့ အမေက သူ ၁၀ နှစ်သားအရွယ်ကတည်းက ဆုံးပါးသွားတာ၊ သူ့အမေ ရောဂါဆိုးဖြစ်ပြီး ဆေးကုသဖို့ ပိုက်ဆံလိုတယ်ဆိုတာတွေနဲ့ တစ်ခြားဟာတွေ သူ့ရဲ့ အကြောင်းပြချက်တွေ အားလုံးက အလိမ်အညာတွေချည်းပဲ၊ ကျစ်ချင်းကျဲ သူက ကျဲကို လိမ်နေတာပါ”
ဤစကားအား ကြားလိုက်ရသည့်အခါ ရှုကျစ်ချင်း တောင့်တင်းသွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများ ရပ်တန့်သွားသကဲ့သို့ ခံစားရသည်။ သူမသည် စုန့်ယွီနင်အား မယုံကြည်သဖွယ် ကြည့်ရှုလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ငြင်းဆန်မှုများ အပြည့်ရှိနေသည်။
“ရှလောင်ရှီး ကျွန်မကို ပိုက်ဆံ မချေးချင်ရင်လည်း….”
ရှုကျစ်ချင်း အံကျိတ်ကာ ပြောလိုက်သည်။
“ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ ချူကျွင်းကို အပုပ်ချဖို့ မလိုအပ်ပါဘူး၊ ကျွန်မကို လှည့်စားဖို့အတွက်နဲ့ အခုလို အလိမ်အညာတွေ ဖန်တီးစရာ မလိုပါဘူး”
ရှချန်းချန်းမှာမူ ပြတင်းပေါက်နားတွင် ရှုကျစ်ချင်းအား နောက်ကျောပေးထားကာ နေဝင်ဆည်းဆာကို ကြည့်ရှုနေသည်။
နောက်သို့ လှည့်ကာ ရှုကျစ်ချင်းအား ကြည့်လိုက်သည်။
“မစ္စ ရှု၊ ကျွန်မ ပိုက်ဆံ မချေးချင်လို့ လိမ်နေတယ် ထင်နေတာလား ”
သူမ ခပ်တိုးတိုး ရယ်မောလိုက်သည်။
“သေချာစဉ်းစားကြည့်ပါဦး အဲစကားက ယုတ္တိရှိရဲ့လား”
ရှုကျစ်ချင်း စကားလုံးများ ရှာမရအောင် ဖြစ်သွားသည်။
သူမ၏ မသိစိတ်သည် လန်ချူကျွင်းအား အပုပ်ချခြင်းဆိုသည်မှာ ငွေမချေးလိုသည့်အတွက် လုပ်ကြံပြောဆိုသော အကြောင်းပြချက်တစ်ခု ဖြစ်နေသည်ဟု ခံစားမိနေသည်။
ရှချန်းချန်းသာ ငွေ မချေးလိုပါက “ကျွန်မမှာ ပိုက်ဆံမရှိဘူး”ဟု တိုက်ရိုက်ပြောနိုင်သည်မှာ အမှန်ပင်။ ဟိုလိုဒီလို အကြောင်းပြချက်များ ရှာဖွေနေစရာ မလိုပေ။
သို့သော် ဤသို့ဆိုလျှင်ပင် လန်ချူကျွင်းမှာ ထိုကဲ့သို့သောလူမျိုး မဟုတ်ဟု သူမ ခံစားနေရဆဲပင်။
ရှုကျစ်ချင်း၏ ချီတုံချတုံဖြစ်နေမှုကို မြင်တွေ့ရသောအခါ စုန့်ယွီန်သည် ရှချန်းချန်း ပို့ပေးထားသော စာရွက်စာတမ်းအား ထုတ်ယူလိုက်သည်။
“ကျစ်ချင်းကျဲ ကြည့်ပါဦး၊ ဒါက လန်ချူကျွင်းရဲ့ အမေ သေဆုံးကြောင်း လက်မှတ်ပဲ၊ သူမက လွန်ခဲ့တဲ့ ၁၁ နှစ်ကတည်းက ဆုံးပါးသွားခဲ့ပြီးပြီ”
ရှုကျစ်ချင်းသည် စုန့်ယွီန်၏ ဖုန်းအား ကြည့်ရှုလိုက်ရာ ဝါကျင့်၍ ဟောင်းနွမ်းနေသော အချက်အလက်များသည် သူမအား စူးရှစွာ ကြည့်နေသည်ကို တွေ့ရသည်။
“ အခုထိ မယုံသေးဘူးလား”
ရှချန်းချန်း ရုတ်တရက် မေးလိုက်သည်။
“သေဆုံးကြောင်း လက်မှတ်တွေက... အတုလုပ်လို့ ရတာပဲ”
ရှုကျစ်ချင်း ငြင်းဆိုလိုက်သည်။
“ပြီးတော့ ဒီသေဆုံးကြောင်း လက်မှတ်က ချူကျွင်းရဲ့ အမေပါလို့ ဘယ်လို သက်သေပြနိုင်မှာလဲ”
“နင်...!”
စုန့်ယွီနင် အလွန်ဒေါသထွက်ပြီး မည်သို့ပြောရမည်ကိုပင် မသိတော့ပေ။
ထိုအချိန်တွင် ရှချန်းချန်း၏ ဖုန်းသံမြည်လာသည်။
ရှချန်းချန်းသည် ဖူယန်ရုန်ဆီမှ အီးမေးလ်အား ကြည့်ရှုလိုက်ပြီး သူမ၏ နှုတ်ခမ်းများ ကွေးညွတ်ကာ အပြုံးတစ်ချက် ဖြစ်ပေါ်လာသည်။ ဖုန်းကို ရှုကျစ်ချင်း၏ ရှေ့မှောက်တွင် ပြကာ
“သေဆုံးကြောင်း လက်မှတ်က အတုလို့ ထင်တယ်ဆိုရင်တောင် ဒီဗီဒီယိုကတော့ အတုမဖြစ်နိုင်ဘူး မဟုတ်လား”
ဖုန်းထဲတွင် လုံခြုံရေးကင်မရာ ဗီဒီယိုတစ်ခု ပါဝင်ပြီး ထိုကင်မရာသည် ရှုကျစ်ချင်း၏ တိုက်ခန်း အဝင်ဝအား အတိအကျ စောင့်ကြည့်နေခြင်း ဖြစ်သည်။
ဗီဒီယိုထဲတွင် လန်ချူကျွင်းသည် ရှုကျစ်ချင်း၏ တိုက်ခန်း တံခါးဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာပုံကို မြင်ရပြီး အနီးအနားရှိ ဖိနပ်ဗီရိုထဲမှ ဝှက်ထားသော သော့အပိုဖြင့် တံခါးကို ဖွင့်လိုက်ပုံကို တွေ့ရသည်။
“ဒါက မင်းရဲ့ တိုက်ခန်း တံခါးရှေ့မှာ မနေ့ညက ဗီဒီယို မှတ်တမ်းပဲ၊ မင်း ထွက်သွားပြီး ပြန်ရောက်တဲ့အချိန်ထိ ကြားထဲမှာ မင်းရဲ့ တိုက်ခန်းဆီကို လာတာ လန်ချူကျွင်း တစ်ယောက်ပဲ ရှိတယ်၊ မင်းရဲ့ ဓာတ်ပုံပေါ်မှာ ‘ ငွေ ပြန်ဆပ်’ လို့ ရေးတာလဲ သူပဲ”
“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး”
ရှုကျစ်ချင်း ပြင်းပြင်းထန်ထန် ခေါင်းခါကာ ငြင်းဆိုနေသည်။
“ကျွန်မ ဒီမနက် တိုက်ခန်းရဲ့ စီမံခန့်ခွဲရေးဆီ ဗီဒီယို သွားတောင်းတုန်းက သူတို့က ဖျက်ပြီလိုက်ပြီလို့ ရှင်းရှင်းလင်းလင်း ပြောလိုက်ကြတာ”
“လန်ချူကျွင်းက တယောက်ယောက်ကို ခိုင်းပြီး ဖျက်စီးခဲ့တာ မှန်ပေမဲ့ ကျွန်မဆီမှာ အဲဒါကို ပြန်ယူနိုင်တဲ့ နည်းပညာရှင်တွေ ရှိတယ်”
ရှချန်းချန်း အေးစက်စွာ ပြောလိုက်သည်။
“ကျွန်မဆီမှာ ဗီဒီယိုတင်မဟုတ်ဘူး ဒီထက်ပိုပြီး သက်သေပြလို့ရတဲ့ အစီရင်ခံစာလည်း ရှိသေးတယ်”
ရှချန်းချန်းသည် ရှုကျစ်ချင်းအား လက်ရေးခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာတစ်ခု ထုတ်ပြလိုက်သည်။ ရလဒ်များအရ ပိုစတာပေါ်ရှိ အနီရောင် စာလုံးကြီးများနှင့် လန်ချူကျွင်း၏ မှတ်စုဟောင်းများသည် လူတစ်ဦးတည်းက ရေးသားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြနေသည်။
ရှုကျစ်ချင်း တိတ်ဆိတ်သွားပြီး သူမ၏ ပခုံးများ တုန်ယင်နေသည်။ အခန်းထဲရှိ အပူပေးစနစ်ကြောင့် ပူနွေးနေသော်လည်း ရှုကျစ်ချင်းမှာမူ လုံးဝ အေးစက်နေပြီး သူမ၏ နဖူးတွင် ချွေးများ စိုရွှဲနေသည်။
“ဘာကြောင့် လန်ချူကျွင်းက မင်းကို ချဉ်းကပ်ခဲ့လဲ ကျွန်မ မသိတော့ဘူး”
ရှချန်းချန်းက ဆက်လက်ပြောသည်။
“ဒါပေမဲ့ အနည်းဆုံး သိတာတော့ အခုချိန်မှာ မင်းအပေါ် သူ့ရဲ့ ရည်ရွယ်ချက်တွေက မရိုးသားဘူး”
ရှုကျစ်ချင်းသည် သူမ၏ လက်ထဲမှ အစီရင်ခံစာအား ပစ် ချလိုက်ပြီး စာရွက်များသည် ဧည့်ခန်းထဲတွင် ပြန့်ကျဲသွားကြသည်။
“သူ ဘာလို့ အခုလို လုပ်ရတာလဲ”
ရှုကျစ်ချင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာပြီး အမြင်အာရုံကို မြူခိုးများ ထူထပ်စွာ ဖုံးလွှမ်းသွားသကဲ့သို့ ခံစားရသည်။
"သူ ဘာလို့ ဒီလိုလုပ်ရတာလဲ..."
သူမသည် တအံ့တဩဖြင့် တိုးတိုးတိတ်တိတ် ထပ်မံရေရွတ်မိသည်။
ရှချန်းချန်းနှင့် စုန့်ယွီနင်တို့သည် ရှုကျစ်ချင်းအား ကြည့်ရှုကာ သက်ပြင်းချမိကြသည်။ သန်းပေါင်းများစွာ လိမ်လည်ခံရခြင်းထက် ပို၍ ဝမ်းနည်းစရာကောင်းသည်မှာ သူမသည် လန်ချူကျွင်းကို တစ်ခါမျှ တကယ် နားမလည်ခဲ့ခြင်းပင်။
သူမအား ကုစားပေးနိုင်မည့် ယောက်ျားလေးတစ်ဦးကို တွေ့ရှိပြီဟုသာ ထင်မှတ်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် လန်ချူကျွင်းသည် "ဝက်မ”ဟု တစ်ချိန်က လှောင်ပြောင်ခဲ့ပြီး သူမ၏ အလှကြောင့် ဒိတ်ချင်သည့် စာသင်ဖော်နှင့် မည်သို့မျှ ကွာခြားခြင်းမရှိပေ။
ရှုကျစ်ချင်း၏ မျက်လုံးများသည် နီရဲလာပြီး အဖြူရောင် နုနယ်သော မျက်နှာလေးပေါ်တွင် ပို၍ ထင်ရှားနေသည်။
"ဘာလို့လဲ"
ရှုကျစ်ချင်းသည် မေးမြန်းမိ၏။ သူမသည် စုန့်ယွီနင်အား ကျဆင်းရန် ငြင်းဆန်နေသော မျက်ရည်များ ဝဲနေသော မျက်လုံးများနှင့် တောင်းပန်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
"ကျွန်မက မထိုက်တန်လို့မျာလား”
အထက်တန်းကျောင်းသားဘဝက သူမ၏ စာသင်ဖော်၏ လှောင်ပြောင်သော အသံ၊ မထိန်းချုပ်နိုင်သော ဆိုးယုတ်မှုများနှင့် "မင်းနဲ့ မထိုက်တန်ဘူး" ဟု လှောင်ပြောင်ပြောဆိုခဲ့သည့် ည၏ မြင်ကွင်းသည် ရှုကျစ်ချင်း၏ မှတ်ဉာဏ်ထဲသို့ ရေလွှမ်းမိုးသကဲ့သို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
“ကျစ်ချင်းကျဲ၊ ယောက်ျားတွေက ကျဲကို ဘယ်လိုထင်ထင် ဘာလို့ ဂရုစိုက်နေမှာလဲ”
စုန့်ယွီနင် ရင်ကွဲနာကျစွာ အော်ဟစ်လိုက်သည်။
“ကျဲက လှပြီး သရုပ်ဆောင်လည်း အလွန်ကောင်းတာကို တခြားဘယ်သူ့ထက်မှ မနိမ့်ကျဘူး”
သို့သော် ရှုကျစ်ချင်းသည် အကြိမ်ကြိမ် ခေါင်းခါလိုက်ပြီး ဒူးခေါင်းပေါ်တွင် ခေါင်းငုံ့ကာ တင်ထားလိုက်သည်။
လူအချို့သည် မိမိကိုယ်ကို ယုံကြည်မှုရှိကြပြီး ဝေဖန်ခံရသည့် အခါတွင်ပင် ထိုအခက်အခဲများကို လျင်မြန်စွာ ရင်ဆိုင်နိုင်ကြသည်။ ၎င်းတို့တွင် ယုံကြည်မှုရှိသည်။ ထိုယုံကြည်မှုသည် သူတို့၏ ကိုယ်ပိုင်အားအင်မှ ဆင်းသက်လာခြင်းဖြစ်ပြီး အပြင်ဘက်မှ လာခြင်းမဟုတ်ပေ။
သို့သော် လူအချို့မှာ ငယ်စဉ်ကတည်းက အမြဲတမ်း ငြင်းပယ်ခံခဲ့ရသည်။
"မင်းက လှတယ် သရုပ်ဆောင်တာ ထူးချွန်တယ် ထူးချွန်တဲ့သူ" ဟု သူတို့အား ပြောသော်လည်း ထိုကဲ့သို့သော အနှစ်သာရမရှိသည့် ဝါးတားတား ချီးမွမ်းမှုများသည် သူတို့၏ နှလုံးသားထဲတွင် အမြစ်တွယ်နိုင်မည် မဟုတ်ပေ။ သူတို့သည် ထပ်ခါတလဲလဲ လှောင်ပြောင်မှုများကြားတွင် မိမိကိုယ်ကို ဆက်လက် ငြင်းပယ်နေဦးမည်သာဖြစ်သည်။
လူတိုင်းသည် ဤမျှ အရာရာ ပြည့်ဝနေခြင်း မဟုတ်။ လူတိုင်းလည်း စိတ်ဓာတ်ခွန်အား အပြည့်ရှိနေရန် မလိုအပ်ပေ။
ရှုကျစ်ချင်းသည် ဒူးခေါင်းပေါ်တွင် ခေါင်းငုံ့ တင်ထားကာ တိုးတိုးတိတ်တိတ် ရှိုက်ငိုနေသည်။ သူမ မည်မျှကြာအောင် ငိုကြွေးနေခဲ့သည်ကို မသိတော့ပေ။ ပြတင်းပေါက်အပြင်ဘက်ရှိ အဆောက်အဦများတွင် အမှောင်ထုများ ဖုံးလွှမ်းလာပြီး မီးများ တစ်ခုပြီးတစ်ခု လင်းလာကာ ဘယ်သောအခါမျှ အနားယူခြင်း မရှိသော မြို့တော်အား အလင်းပေးနေသည်။
ရုတ်တရက် ရှုကျစ်ချင်း၏ ဖုန်းမြည်လာသည်။
ပို့သူမှာ "လန်ချူကျွင်း" ပင် ဖြစ်၏။
ရှုကျစ်ချင်း လန့်သွားပြီး ချက်ချင်းပင် အကူအညီအတွက် ရှချန်းချန်းအား ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် "ဘာလုပ်ရမလဲ" ဟုရှင်းရှင်းလင်းလင်း မေးနေသည်ကို မြင်ရသည်။
“သူ ဘာပို့လဲ အရင်ကြည့်ရအောင်”
ရှုကျစ်ချင်းသည် သူမ၏ ဖုန်းအား ကြောက်ရွံ့စွာ ဖွင့်လိုက်သည်။ ဗီဒီယိုတစ်ခုဖြစ်သည်။ ဗီဒီယိုထဲတွင် လန်ချူကျွင်းသည် ကာစီနို၏ စုတ်ပြတ်နေသော ဂိုဒေါင်ထဲတွင် ဒဏ်ရာများနှင့် နာကျင်စွာ လဲကျနေပုံကို ပြသနေသည်။
စုန့်ယွီနင် မျက်မှောင်ကြုတ်လိုက်သည်။
“နောက်ထပ် ကိုယ့်ကိုယ်ကို ညှဉ်းပန်းနှိပ်စက်ပြတဲ့ လှည့်ကွက်တစ်ခုလား၊ ငွေချေးသူတွေက အဲလို လူညံ့တစ်ကောင်ကို ဘာလို့များ သေအောင် မရိုက်ကြလဲ”
ရှချန်းချန်းလည်း ဗီဒီယိုကို တစ်ချက် ကြည့်လိုက်သည်။ လန်ချူကျွင်း၏ အရေပြားအခြေအနေမှာ စုတ်ပြဲနေပြီး ရွှံ့နှင့် သွေးများ ဖုံးလွှမ်းနေသည်။
ပထမဆုံးကြည့်လိုက်ရသည်မှာ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်သည်။ အနည်းဆုံးအားဖြင့် ဗီဒီယိုထဲတွင် သူဟန်ဆောင်နေသည့်ပုံ မပေါ်ပေ။
ဤသည်မှာ ရှုကျစ်ချင်းအား ကြောက်လန့်စေရန် အတော်လေး ကြိုးစားထားဟန် ရှိသည်။
ရှုကျစ်ချင်း၏ မျက်လုံးများမှာ နီရဲနေဆဲဖြစ်ပြီး သူမ၏ မျက်နှာသည်လည်း ဝေခွဲရခက်နေဟန်ပေါ်သည်။ စွန့်လွှတ်ရခက်သော ရင်ကွဲနာကျမှုတစ်မျိုး ရှိနေသော်လည်း မလိုလားအပ်မှုနှင့် မကျေနပ်မှုများက ပိုများနေသည်။
ရုတ်တရက် ဖုန်းသံ ထပ်မံမြည်လာသည်။ WeChat ခေါ်ဆိုမှုဖြစ်သည်။
ရှုကျစ်ချင်း ကြောက်လန့်သွားပြီး ရှချန်းချန်းအား ထပ်မံကြည့်လေသည်။
“ဖြေလိုက်”
ရှချန်းချန်းမှ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အမှန်တရားကို သိပြီးနေပြီပဲ၊ ဘာလို့ သူတို့ကို ကြောက်နေရဦးမှာလဲ”
“ဟုတ်တယ် ဟုတ်တယ်”
စုန့်ယွီနင်မှ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။
“သူတို့က ကာစီနို လုပ်ငန်းလုပ်နေကြတာ၊ အတိုးကြီးကြီးနဲ့ ငွေချေးပြီး ကျွန်မတို့ကို ခြိမ်းခြောက်နေတဲ့ဟာကို ကျွန်မတို့ကို ကြောက်ရမှာက ကာစီနိုသမားတွေပဲ”
ရှုကျစ်ချင်းသည် အားပေးအားမြောက် ခံရသကဲ့သို့ ရှိသည်။ သူမသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဖုန်းကိုင်ကာ စပီကာခလုတ် ဖွင့်ထားလိုက်သည်။
တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အသံထွက်လာပြီး သူမ၏ အသံထွက်တွင် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုနှင့် ဖိအားပေးမှုများ ပေါ်လွင်နေသည်။
“မစ္စရှု အတိုး ဆယ်သန်း အတွက် ငွေရပြီလား၊ လူကို လာရွေးဖို့ ပိုက်ဆံမပေးရင်တော့ မင်းရဲ့ ခွေးကလေးကို ထပ်တွေ့ရတော့မှာ မဟုတ်ဘူးနော်”
ရှုကျစ်ချင်းက သတ္တိရှိရှိပြန်မေးလိုက်သည်။
“ကျွန်မ ပိုက်ဆံ မရှာနိုင်ရင်….ရှင်... ရှင်တို့ ချူကျွင်းကို ဘာလုပ်ကြမှာလဲ”
“ပိုက်ဆံ မရှာနိုင်ဘူး ဟုတ်လား”
ရှုယန်၏ အသံသည် ဆောင်းရာသီတွင် အေးခဲနေသော ဓားကဲ့သို့ ရုတ်တရက် အေးစက်သွားသည်။
“မစ္စရှု၊ ကျွန်မတို့ ကာစီနိုရဲ့ စည်းမျဉ်းတွေကို မင်း မသိဘူးထင်တယ်၊ အကြွေးကို ပြန်ဆပ်ရမှာက သဘာဝပဲလေ၊ ပိုက်ဆံ ပြန်မဆပ်နိုင်ရင်တော့ မစ္စတာလန်ရဲ့ ခြေထောက်ကို ချိုးပြီး ပြန်ဆပ်ရုံပဲ ရှိတော့တယ်”
“အို သနားစရာကောင်းလိုက်တာ၊ မစ္စတာလန်က အိုင်ဒေါတစ်ယောက် မဟုတ်လား၊ ရှင်တို့ သူ့ရဲ့ ခြေထောက်ရှည်တွေကို ဖြတ်လိုက်ရင် နောက်ပိုင်း သူဘယ်လို ကနိုင်တော့မှာလဲ”
“ရှင်တို့ တကယ်ပဲ သူ့ခြေထောက်တွေကို ချိုးပစ် တော့မှာလား”
ရှုယန် သိသိသာသာ စိတ်တိုလာသည်။
“မစ္စရှု ကျွန်မရဲ့ သည်းခံနိုင်မှုကို လာမစမ်းနဲ့၊ ကျွန်မတို့က ပြောတဲ့အတိုင်း လုပ်တယ်”
“အိုး...”
ရှုကျစ်ချင်း၏ မျက်နှာပေါ်တွင် တစ်ခါမျှ မတွေ့ဖူးသော မာန်မာနကြီးသည့် အမူအရာပေါ်လာသည်။ သူမသည် သက်ပြင်းချလိုက်ပြီး ခိုင်မာသောစကား ဆိုလိုက်သည်။
“ဒါဆို ချိုးလိုက်”
“ခြေထောက်တစ်ချောင်း မလုံလောက်ရင် ခြေထောက်နှစ်ချောင်းလုံး ချိုးလိုက်၊ ခြေထောက်တွေ မလုံလောက်ရင် လက်တွေကို ချိုးလည်း ရတယ်၊ ရှင်တို့ ပျော်နေသရွေ့လုပ်ပေါ့၊ ကျွန်မအတွက် စိတ်မပူပါနဲ့”
ရှုယန် "???"
ရှုယန် စိတ်လှုပ်ရှားသွားပြီး
"မစ္စရှု၊ ရှင် ဒါက ဘာကို ဆိုလိုတာလဲ"
ရှုကျစ်ချင်းသည် တမင်တကာ မျက်ကွယ်ပြုကာ ရှုယန်အား တိတ်ဆိတ်စွာ ထားလိုက်သည်။ ဤသို့ တိတ်ဆိတ်မှုကြားတွင် ရှုယန်၏ နားများ ပူလောင်လုနီးပါး ကြာမြင့်သွားချိန်တွင်မှ ရှုကျစ်ချင်း ဖြည်းဖြည်းချင်း စကားစပြောလိုက်သည်။
"မစ္စရှု... လန်ချူကျွင်းက ရှင်နဲ့အတူ ရှိနေတယ် မဟုတ်လား”
ရှုယန် ကြောင်သွားခဲ့သည်။ တချိန်တည်းမှာပင် ရှုယန်အား ချီပွေ့ကာ ပြင်းပြင်းထန်ထန် နမ်းရှိုက်နေသော လန်ချူကျွင်းလည်း ရပ်တန့်သွားခဲ့သည်။
"လန်ချူကျွင်း ငါပြောတာ နားထောင်စမ်း”
ရှုကျစ်ချင်း၏ အသံသည် ခက်ထန်လာပြီး အသံအနိမ့်အမြင့်မှာလည်း အနည်းငယ် မြင့်တက်လာသည်။ သူမသည် အပြင်းအထန် ကြိမ်းမောင်းလိုက်သည်။
"နင်က မျက်နှာနှစ်ဖက်နဲ့ ညစ်ပတ်ပြီး လှည့်စားတတ်တဲ့ ယောက်ျားဆိုတာ ငါ သိနေပြီ ဒီနေ့ကစပြီး ငါ့ဆီကနေ တစ်ပြား တစ်ချပ်မှ ရမယ်မထင်နဲ့၊ သူတို့က နင့်ရဲ့ခြေထောက်တွေကို ချိုးပြီးတော့ ငါ့ကို ခြိမ်းခြောက်ချင်တာမလား အဲလိုဆိုရင်လည်း ချိုးခိုင်းလိုက်၊ နင့်ရဲ့ ခြေထောက်တွေပဲကျိုးကျိုး လက်တွေပဲကျိုးကျိုး ငါ နင့်ကို ကူညီဖို့ အရူးအမှူး လိုက်လုပ်နေမှာ မဟုတ်တော့ဘူး၊ ငါ့ဆီကနေ နင်ယူထားတဲ့ ပိုက်ဆံမှန်သမျှ တပြားတစ်ချပ်မှမကျန်အောင် ပြန်ယူသွားမှာ လူယုတ်မာကောင် ထွက်သွား"
သူမ ဖုန်းချလိုက်သည်။
ရှုကျစ်ချင်း၏ နှလုံးခုန်သံများ အပြင်းအထန် လှုပ်ရှားနေဆဲဖြစ်ပြီး ဒေါသထဲတွင် နစ်မြုပ်နေဆဲပင်ဖြစ်သည်။
ဘေးနားမှ ရှချန်းချန်းနှင့် စုန့်ယွီနင်တို့မှာမူ ဖြစ်ပျက်သမျှအာလုံးကို အံ့အားသင့်စွာဖြင့်သာ ကြည့်ရှုနေခဲ့ကြသည်။
သူတို့ထင်ခဲ့ကြသည်မှာ ရှုကျစ်ချင်းသည် မျက်နှာငယ်လေးဖြင့် ဖုန်းပြန်ဖြေရန် မဝံ့မရဲဖြစ်မည်ဟုပင်။ သို့ရာတွင် သူမသည် ဤမျှ ဩဇာအာဏာပြည့်ဝစွာ ပြန်ပြောမည်၊ အထူးသဖြင့် ဖုန်းကို အလန့်တကြား ပိတ်လိုက်သော မြင်ကွင်းမှာ လုံးဝမိုက်ပြီး ထိုအရာများအား သူတို့ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။
သူတို့နှစ်ဦးသည် တိတ်တဆိတ် လက်မ ထောင်ပြလိုက်ကြသည်။ ချင်းကျဲ တကယ်ကို စွမ်းရည်ပြည့်ဝသည်။
သို့ရာတွင် ရှုကျစ်ချင်း၏ သတ္တိနှင့် ဒေါသသည် မိနစ်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။ ဖုန်းပိတ်ပြီးနောက်တွင် သူမသည် ကြောက်ရွံ့တတ်သော ခရုကလေးတစ်ကောင်၏ ပုံစံဖြင့် စိတ်ဓာတ်ကျသကဲ့သို့ ဒူးခေါင်းပေါ်သို့ ခေါင်းငုံ့ချလိုက်သည်။
ရှချန်းချန်း "???"
စုန့်ယွီနင်"???"
ရှချန်းချန်း စိတ်ရှုပ်ထွေးသွားပြီး
“ရှူလောင်ရှီး ခုနကတင် အရမ်း သတ္တိရှိနေခဲ့တာ မဟုတ်ဘူးလား၊ ဘာလို့ အခုလို ဖြစ်သွားရတာလဲ”
"အဲဒါက ကျွန်မ ဟန်ဆောင်နေခဲ့တာ"
မျက်ရည်များ ပြည့်နေသော မျက်နှာဖြင့် ရှုကျစ်ချင်း ပြောသည်။
"ကျွန်မ သရုပ်ဆောင်နေတဲ့ ခံစားချက်ထဲက ထွက်သွားမိလို့ စိတ်မကောင်းဖြစ်နေတာလား ဝူးး... ခုနက အမျိုးသမီးက အရမ်း ကြောက်စရာကောင်းတယ်၊ သူမက လက်တွေ ခြေထောက်တွေကိုပါ ဖြတ်တောက်ပစ်မယ်လို့ ပြောသေးတယ်၊ အဲဒါက ရာဇဝတ်မှုတစ်ခု မဟုတ်လား၊ ကျွန်မ ခုနက သူမကို အဲလောက် ဆိုးဆိုးရွားရွားရွား ပြောလိုက်မိတာ သူတို့ ကျွန်မဆီ လာပြီး လက်စားချေတော့မှာ မဟုတ်လား၊ ဝူးဝူးး... တကယ်ကို ကြောက်စရာကောင်းလိုက်တာ”
"ကျွန်မကို နောက်ထပ် တစ်မိနစ်လောက် ငိုခွင့်ပေးပါ၊ နောက်ထပ် တစ်မိနစ်လောက် ကြောက်ခွင့်ပေးပါ ဝူးဝူး..."
ရှချန်းချန်း "..."
စုန့်ယွီနင်"..."
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် အမှန်တကယ် ကြောက်စရာကောင်းလွန်းသည်။
ဒါပေမဲ့ ဖုန်းထဲမှာ လက်တွေ၊ ခြေထောက်တွေ ဖြတ်ပစ်လိုက် ဆိုတဲ့စကားကို ခုနက ရှင်ကိုယ်တိုင် ပြောခဲ့သည်မဟုတ်လော။
တစ်ဖက်ခြမ်းရှိ ကာစီနို လောင်းကစားရုံ တွင်မူ လန်ချူကျွင်း ထိတ်လန့်သွားခဲ့ပြီး လုံးဝ လန့်ဖြန့်သွားခဲ့သည်။
ရှုကျစ်ချင်း သိသွားပြီ၊ သူမ အမှန်တကယ် အကုန်လုံးကို သိသွားပြီ။
သူ သူမအတွက် အားထုတ်မှုများစွာ ရင်းနှီးခဲ့သည်။ လွန်ခဲ့သော သုံးနှစ်ကတည်းက သူမ၏ယုံကြည်မှုကို ရယူရန် ချဉ်းကပ်ခဲ့သည်။ သူ အောင်မြင်မှု၏ အသီးအပွင့်များကို မခံစားရသေးမီ ရှုကျစ်ချင်း သိသွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိပေ။
ထို သုံးနှစ်တာကာလအတွင်း လန်ချူကျွင်းသည် အမျိုးသမီးများစွာနှင့် တွေ့ဆုံခဲ့သည်။ အချို့မှာ ဖြူစင်သော မိန်းကလေးငယ်လေးများ၊ အချို့မှာ အထီးကျန်သော အလယ်အလတ်အရွယ် အမျိုးသမီးကြီးများ၊ အချို့မှာ အထီးကျန်သဖြင့် အိမ်တွင်း၌ ပိတ်မိနေသော မိန်းကလေးများ၊ သူတို့အားလုံးတွင် တူညီသောအချက်မှာ ချစ်ခြင်းမေတ္တာ ငတ်မွတ်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းပင်ဖြစ်သည်။ သူတို့ထဲတွင် အချမ်းသာဆုံး သို့မဟုတ် လန်ချူကျွင်းအတွက် ငွေအများဆုံးသုံးစွဲရန် ဆန္ဒရှိသူမှာ ရှုကျစ်ချင်းပင်ဖြစ်သည်။
လန်ချူကျွင်းတွင် ကြီးမားသော ငါးကန်တစ်ခုရှိပြီး ရှုကျစ်ချင်းမှာ ထိုငါးကန်အတွင်းရှိ အဝဆုံးသော ငါးဖြစ်သည်။ ရှုကျစ်ချင်းအား ပိုမိုဝန်ဆောင်မှုပေးနိုင်ရန် လန်ချူကျွင်းသည် အခြားငါးများကိုပင် လွှတ်ပေးခဲ့သည်။
ယခုအချိန်သည် ရှုကျစ်ချင်း၏ နာမည်ကြီးချိန်ဖြစ်သည်။ သူ ရှုကျစ်ချင်းအား ဆက်လက်ထိန်းချုပ်နိုင်သရွေ့ နာမည်ကြီး မင်းသမီးတစ်ဦးအနေဖြင့် သူမ၏ ကျော်ကြားမှုနှင့်အတူ လန်ချူကျွင်းအတွက် လုံခြုံသော အနာဂတ်တစ်ခုရှိမည်မှာ သေချာသည်။ သူ လိုသလောက် လောင်းကစားလုပ်နိုင်သည်။
သို့သော် ရှုကျစ်ချင်းသာသည် သူ၏အကြံအစည်ကို ရှာဖွေတွေ့ရှိမည်ဟု လန်ချူကျွင်း ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့ခြင်းမရှိ။ သူ လှည့်စားနေသည်ကို မည်သို့ ရုတ်တရက် သိသွားရသနည်း။
"ရှုကျစ်ချင်း ဘယ်လိုသိသွားလဲဆိုတာ စိုးရိမ်မဲ့အစား မင်း သူမဆီ ဘယ်လို ပြန်ကပ်မလဲဆိုတာ စဉ်းစားသင့်တယ်”
ရှုယန်သည် အမြန်ထရပ်လိုက်ပြီး သူမ၏ အနီရောင် ရင်စည်းစကပ်တိုနှင့် ပိုက်ကွန်ကဲ့သို့ ခြေအိတ်များကို အမြန်ဝတ်လိုက်သည်။
"မင်း သူဌေးကို ဆယ်သန်း အကြွေးတင်နေတုန်းပဲ၊ ပြန်မဆပ်နိုင်ရင် မင်းရဲ့ ခြေထောက်တွေကို တကယ် ချိုးပစ်လိမ့်မယ်”
လန်ချူကျွင်းသည် လောင်းကစားသမား တစ်ဦးဖြစ်ပြီး ကာစီနိုတွင် အကြီးအကျယ် အကြွေးတင်နေသူဖြစ်သည်။ ယခင်က သူသည် သိန်းအနည်းငယ် သို့မဟုတ် သန်းအနည်းငယ်သာ လောင်းကစားလုပ်ခဲ့သည်။ သို့သော် ရှုကျစ်ချင်း၏ အသက်မွေးဝမ်းကြောင်း တိုးတက်လာသည်နှင့်အမျှ သူ၏ လောင်းကြေးများ မြင့်တက်လာပြီး သန်းပေါင်းများစွာအထိ ရောက်ရှိလာခဲ့သည်။
သန်းတစ်ရာ။ ထိုပမာဏမှာ နက္ခတ်ဗေဒင်ပညာရှင်များ တွက်ချက်ရသည့် အဆင့်ထိ ကြီးမားလှသည်။
ကာစီနိုတွင် သန်းတစ်ရာ အကြွေးတင်နေသူတစ်ဦးသည် အသက် ရှင်နိုင်ဦးမည်လော။
ရှုယန်မှာ ငွေချေးသူဖြစ်သဖြင့် သူ့အား သတ်ဖြတ်မည်မှာ သေချာသည်။
လန်ချူကျွင်းသည် သူ့အရေးကိစ္စ၏ ကြီးမားပုံကို နားလည်သွားသည်။ သူသည် "ဖုတ်" ခနဲမြည်သံဖြင့် ရှုယန်ရှေ့တွင် ဒူးထောက်လိုက်သည်။
“ရှုယန်ကျဲ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး၊ ကျဲက ကျွန်တော့်ကို အရမ်းချစ်တာမဟုတ်လားထ ကျဲရဲ့ သူဌေးက ကျွန်တော့်ကို ရိုက်သတ်တာကို မကြည့်ရက်နိုင်ဘူးမလား”
“မင်းကို ရိုက်သတ်မှာကို တကယ် ငါမကြည့်နိုင်ဘူး”
ရှုယန်သည် လန်ချူကျွင်း၏ ချောမောသောမျက်နှာကို ပုတ်ခတ်လိုက်သည်။
“ဒါပေမဲ့ ငါ့ဘဝကို ငါ ပိုပြီး မကြည့်ရက်နိုင်ဘူး၊ ငါ့မှာ ကာစီနိုကို စီမံခန့်ခွဲဖို့ပဲ တာဝန်ရှိတာ မင်းကို ကာကွယ်ပေးနိုင်လောက်တဲ့ အင်အား ငါ့မှာမရှိဘူး၊ ပြီးတော့ ငါတို့က ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဖို့ ဆက်ဆံရေးသပ်သပ်ပဲ၊ ရင်းနှီးသလို မပြောစမ်းနဲ့”
“ရှုယန်ကျဲ”
လန်ချူကျွင်း လုံးဝ ထိတ်လန့်သွားသည်။ ဤရက်ပိုင်းအတွင်း ရှုကျစ်ချင်းနှင့် အတူရှိနေရသည့်အတွက် သူ၏ လောင်းကစားနှင့် အကြွေးများကြောင့် ယခင်က ရိုက်နှက်ခံခဲ့ရသော နေ့ရက်များအား သူ မေ့သွားခဲ့သည်။
နေ့ရောညပါ အလုပ်လုပ်ခဲ့ရသော ထိုနေ့ရက်များကို ပြန်တွေးမိသည့်အခါ လန်ချူကျွင်း ကြောက်ရွံ့သွားသည်။
“နည်းလမ်းတစ်ခုတော့ အမြဲရှိပါတယ် နည်းလမ်းတစ်ခုတော့ ရှိမှာပါ၊ ကျွန်တော် ရှုကျစ်ချင်းကို ကျွန်တော့်အတွက် ပေးဆပ်ခိုင်းနိုင်ပါသေးတယ်၊ အဲမိန်းမကို ကျွန်တော့်အတွက် ပေးဆပ်ခိုင်း နိုင်ပါသေးတယ်၊ ရှုယန်ကျဲ ကျွန်တော့်ကို မချန်ခဲ့ပါနဲ့”
ရှုယန်သည် လည်ဆွဲ ဆွဲနေရင်း ခဏရပ်တန့်ကာ သူမ၏ မြေခွေးမျက်လုံးများဖြင့် လန်ချူကျွင်းအား အပေါ်အောက် ကြည့်လိုက်သည်။
“မင်း ဘာလုပ်နိုင်မှာလဲ”
လန်ချူကျွင်း၏ မျက်လုံးများ လင်းလက်လာသည်။
“ကျဲတို့ သူဌေးက မိန်းကလေး သရုပ်ဆောင်တွေဆိုရင် ကြိုက်တယ်မလား၊ ရှုကျစ်ချင်းကလည်း မိန်းကလေး အနုပညာရှင်တစ်ယောက် ပြီးတော့ နာမည်ကြီး ပန်းတစ်ပွင့် အရင်က ဝတုတ်ကြီးဆိုပေမဲ့ အခု လှနေပြီ၊ ကျွန်တော် ရှုကျစ်ချင်းကို အသုံးပြုပြီး သူဌေးနဲ့ သန်းတစ်ရာ လဲလှယ်မည်ဆိုရင် ဘယ်လိုထင်လဲ”
“ရှုကျစ်ချင်း သဘောတူပါ့မလား”
ရှုယန်မှာ ဝေခွဲမရဖြစ်သွားသည်။
“သဘောမတူ ခဲ့ရင်တောင် သဘောတူအောင် လုပ်မယ်”
လန်ချူကျွင်း၏ မျက်လုံးများထဲတွင် မကောင်းသောစိတ်များ မြင်တွေ့နေရသည်။
“ကျွန်တော် သူမနဲ့ သုံးနှစ်ကြာ အတူရှိခဲ့တဲ့ အတောအတွင်းမှာ သူမနဲ့ ဟိုတယ် သွားတုန်းက ဗီဒီယိုတွေ အများကြီး ကျွန်တော့်မှာ ရှိတယ်၊ အခုက သူမရဲ့ နာမည်ကြီးနေချိန်ပဲ၊ ‘ရှန်းကျယ်’ ကလည်း မကြာခင် ထွက်တော့မှာ သူမ အဲလိုမျိုး ကောလာဟလတွေ ဖြစ်လာမှာကို လိုချင်မှာမဟုတ်ဘူး”
လက်ထောက် ဒါရိုက်တာ၏ ဖျော်ဖြေရေးသမားများနှင့် အကြောင်း ဖော်ထုတ်လိုက်သည့် အချိန်မှစ၍ "ရှန်းကျယ်" ၏ ရိုက်ကူးရေးအဖွဲ့သည် မိမိတို့ ဝန်ထမ်းများ၏ ဂုဏ်သိက္ခာကို အလွန်အလေးထားခဲ့သည်။
သရုပ်ဆောင်အားလုံးသည် ဖြည့်စွက် သဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ရုပ်ရှင်မထွက်မီ သို့မဟုတ် ထွက်ပြီးနောက်တွင် သူတို့နှင့်ပတ်သက်သော မကောင်းကြောင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ရိုက်ကူးရေးအဖွဲ့အား ကြီးမားသော ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန် လိုအပ်မည်ဖြစ်သည်။
"ရှန်းကျယ်” ၏ ခေါင်းဆောင်မင်းသမီးဖြစ်သော ရှုကျစ်ချင်းမှာ ယင်းကဲ့သို့သော ဒဏ်ကြေးများကို မတတ်နိုင်ပေ။ ကြီးမားသော အကြွေးများနှင့် ရင်ဆိုင်ရသည့်အခါ ရှုကျစ်ချင်းတွင် အလုပ်ထွက်ရန်မှ လွဲ၍ အခြား ရွေးချယ်စရာမရှိတော့ပေ။ ထိုအခါ သူမသည် သူဌေးတစ်ဦးမက သူဌေးတစ်ရာကိုပင် လိုက်လျောရန် သဘောတူရပေလိမ့်မည်။
ဤအချက်အား တွေးမိသည့်အခါ လန်ချူကျွင်း အောင်ပွဲခံသည့်အပြုံးဖြင့် ပြုံးလိုက်သည်။
ရှုကျစ်ချင်း သူမ အသိစိတ်ပြန်ဝင်ယုံနှင့် ဤကိစ္စမှ လွတ်မြောက်သွားနိုင်မည်ဟု ထင်နေသလော။
မဖြစ်နိုင်ပေ။
"လန်ချူကျွင်း မင်းက သိပ်ရက်စက်တာပဲ"
ရှုယန် လက်ပိုက်ကာလန်ချူကျွင်းအား ကြည့်လိုက်သည်။ သူမ၏ မြေခွေးမျက်လုံးများတွင် ချီးကျူးမှုသဘော ပေါ်နေသော်လည်း မဲ့ပြုံးများက ပိုမိုများပြားနေသည်။
"မင်းရဲ့နည်းလမ်းက မဆိုးပေမယ့် အလှဆုံး မင်းသမီးဖို့တောင် တစ်ညကို သန်းတစ်ရာဆိုတာ များလွန်းတယ် မဟုတ်လား၊ မင်း ငါတို့ သူဌေးကို လှည့်စားဖို့ ကြံနေတာလား”
"ရှုကျစ်ချင်းက တစ်ညတာအတွက် ဒီလောက် တန်ဖိုးမရှိဘူး ဆိုပေမဲ့ ကျွန်တော် သူမနဲ့ နောက်ထပ် ရက်နည်းနည်းလောက် ထပ်အိပ်ရင်တော့ ရနိုင်တယ်လေ”
လန်ချူကျွင်း ပရိယာယ်ဖြင့် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်တော့မှာ သူမကိုခြိမ်းခြောက်ဖို့ အရာတွေ အများကြီးရှိတယ်၊ သူဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
နေထွက်ပြီး လဝင်သွားသကဲ့သို့ ဒီရေများ တက်လိုက် ကျလိုက် ဖြစ်နေသည်။
ရှုကျစ်ချင်း မည်မျှကြာအောင် အိပ်ပျော်သွားသည်ကို သူမ မသိတော့ပေ။ သူမ မူးနောက်နောက်ခံစားရပြီး ခြေလက်များ နာကျင်နေသဖြင့် အလွန်အမင်း မသက်မသာဖြစ်နေသည်။
အခန်းထဲမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ လူနှစ်ဦး ပျော်ရွှင်နေသော အသံမျိုး၊ သို့တစ်ဖန် တစ်စုံတစ်ယောက်မှ သနားကြင်နာမှုအတွက် တောင်းပန်နေသော အသံမျိုး၊ ထို အသံများသည် ရှုကျစ်ချင်း၏ အိပ်စက်ခြင်းကို အနှောင့်အယှက် ပေးနေသည်။
သူမသည် မျက်လုံးများအား မှေးမှိန်စွာဖွင့်ကာ ထရန် ကြိုးစားလိုက်သည်။
မနေ့ညက သူမသည် ရှချန်းချန်းနှင့် စုန့်ယွီနင်တို့အား ပြန်လွှတ်ပြီး အားကစားဝတ်စုံလဲကာ ရပ်ကွက်ပတ်လည်တွင် ပြေးခဲ့သည်။ သူမတွင် ညဘက် ပြေးလေ့ရှိသော အကျင့်ရှိသည်။ သူမ ရုပ်ရှင်ရိုက်ကူးရေး မရှိဘဲ သို့မဟုတ် ကြေညာစရာများ မရှိပါက ညတိုင်း ရပ်ကွက်ပတ်လည်ကို အနည်းငယ် ပတ်ပြေးလေ့ရှိသည်။
ပြေးခြင်းသည် သူမအတွက် ကိုယ်အလေးချိန် ထိန်းသိမ်းရန် နည်းလမ်းတစ်ခု ဖြစ်ရုံသာမက သူမ၏ ခေါင်းထဲရှိ ရှုပ်ထွေးနေသော အတွေးများအား ဖြေလျှော့ရန် အတွက်လည်း အထောက်အကူပြုသည်။
မနေ့ညက ရှုကျစ်ချင်း သူမ၏ တတိယအကြိမ်မြောက် ပြေးခြင်းကို အဆုံးသတ်တော့မည့်အချိန်တွင် မှောင်မိုက်သော အရိပ်တစ်ခု သူမ၏နောက်မှ ရုတ်တရက် ပေါ်ထွက်လာပြီး တုတ်ဖြင့် ရိုက်ကာ သတိလစ်သွားစေခဲ့သည်။
သူမက ခေါင်းခါယမ်းလိုက်ပြီး သူမ၏ရှေ့ရှိ မရင်းနှီးသော အခန်းအား အာရုံစိုက်ကြည့်လိုက်သည်။
ခုတင် အခင်းများမှာ အဖြူရောင်ဖြစ်ပြီး အခန်းသည် သပ်ရပ်စွာ အလှဆင်ထားသည်။ သူမ၏ဘေးရှိ ညအိပ်စားပွဲပေါ်ရှိ ဖုန်းတွင် "ပလက်တီနမ် ဟိုတယ်" ဆိုသော စာလုံးများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ပလက်တီနမ် ဟိုတယ်။
သူမ ဟိုတယ်သို့ မည်သို့ ရောက်ရှိလာခဲ့သနည်း။
ရှုကျစ်ချင်းက တုန်တုန်ရီရီဖြင့် လဲကျလုနီးပါးဖြစ်နေကာ ကုတ်အင်္ကျီကို ကမန်းကတန်း ဝတ်ဆင်၍ အပြင်သို့ ထွက်လာခဲ့သည်။ ဧည့်ခန်းထဲသို့ ဝင်လိုက်သည့်အခါ တီဗီတွင် ဗီဒီယိုတစ်ခု ဖွင့်ထားသည်ကို မြင်လိုက်ရသည်။
ကင်မရာမှာ ခါယမ်းနေပြီး ပုံရိပ်မှာ ဝါးနေသည်။ လျှို့ဝှက်ရိုက်ကူးထားဟန် တူသည်။
ရှုကျစ်ချင်း ထို အသံများအား ရင်းနှီးနေသည်ဟု ခံစားရသဖြင့် မသိစိတ်အလျောက် ပိုမိုနီးကပ်စွာ လျှောက်သွားလိုက်သည်။ လူငယ်စုံတွဲတစ်တွဲသည် ရိုးရှင်းသော ချစ်တင်းနှောမူအား ဆောင်ရွက်နေပုံကို ဝိုးတဝါး မြင်နေရသည်။
ဗီဒီယို ဆက်လက်ပြသနေစဉ် ဗီဒီယိုထဲမှ မိန်းကလေး၏မျက်နှာသည်လည်း ရှုကျစ်ချင်း၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ရှုကျစ်ချင်း မျက်ရည်များ မသိစိတ်မှ စီးကျလာသည်။ ထို မိန်းကလေး၏ နာကျင်သော်လည်း ကျေနပ်နေသော ညည်းသံကို နားထောင်ရင်း သူမ၏ အသက်ရှူသံများ ရပ်တန့်သွားသကဲ့သို့ ခံစားရသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးများ လက်ချောင်းထိပ်မှ နှလုံးသားအထိ ဖြေးဖြေးချင်းစီ အေးစက်သွားသည်။
ဗီဒီယိုထဲမှ မိန်းကလေးသည် အဝတ်အစား တစ်စုံတစ်ရာ ဝတ်မထားပေ။ သူမသည် ကိုယ်လုံးတီးဖြစ်နေပြီး ဖုံးကွယ်စရာမရှိဘဲ ရှေ့တွင် ပေါ်နေသည်။
ထိုသူက သူမကိုယ်တိုင်ပင်။ ဗီဒီယိုထဲမှ မိန်းကလေးသည် သူမပင်ဖြစ်သည်။
ဤအချိန်တွင် ရှုကျစ်ချင်းအား ကျောပေးကာ ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသားက ထရပ်လိုက်သည်။
သူက သေသပ်စွာ ချုပ်လုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောသော ရုပ်ရည်ရှိသည်။ ဗီဒီယိုထဲတွင် ကိုယ်လုံးတီးရှိနေချိန်ထက် ပို၍ သင့်လျော်သောပုံ ပေါ်နေသည်။ သို့သော် မည်သို့ပင် ဆိုစေကာမူ သူသည် သေသပ်စွာ ဝတ်ဆင်ထားသော သားရဲတစ်ကောင် သာဖြစ်သည်။
လန်ချူကျွင်းသည် ရှုကျစ်ချင်းအား ကြည့်၍ လှောင်ပြောင်သော အပြုံးဖြင့် ပြုံးလိုက်သည်။
“ကျစ်ချင်း မင်းလေးနဲ့ ဒီလောက်မြန်မြန် ထပ်တွေ့ရလိမ့်မယ်လို့ ကိုယ် မထင်ထားခဲ့ဘူး”
Chapter 90
ရှုကျစ်ချင်းသည် လန်ချူကျွင်းအား ကြောက်လန့်စွာ ကြည့်လိုက်ပြီး အလိုလိုနောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်မိသွားလေသည်။
“ရှင် ဘာလုပ်ချင်တာလဲ”
“ဘာမှ မလုပ်ပါဘူး”
လန်ချူကျွင်းသည် တီဗီတွင် ထိုးထားသည့် USB အား ဖြုတ်လိုက်လေသည်။
“မင်း ကိုယ့်အတွက် တစ်ခုခုလုပ်ပေးဖို့ပဲ လိုတာပါ၊ မင်းလုပ်ပေးပြီးတာနဲ့ ဘယ်သူမှ မင်းရဲ့ ဗီဒီယိုကို မတွေ့စေရဘူးလို့ ကိုယ်ကတိပေးတယ်၊ ဒါပေမဲ့ မင်းမလုပ်နိုင်ခဲ့ရင်တော့…”
လန်ချူကျွင်းသည် ပါးနပ်သည့် အပြုံးနှင့် ပြောလိုက်ပြီး သူ၏ သမင်မျက်လုံးလေးများမှာလည်း ပုန်းကွယ်နေသည့် အဆိပ်ပြင်းမြွေတစ်ကောင် ကဲ့သို့ ဖြစ်နေပြီး ဘယ်အချိန်မှာမဆို ထွက်လာဖို့ရာအတွက် အသင့်ဖြစ်နေလေသည်။
“ဒီဗီဒီယိုကို လူတိုင်းမမြင်သွားဘူးလို့ ကိုယ်အာမမခံပေးနိုင်ဘူး”
ရှုကျစ်ချင်း၏ မျက်လုံးထဲတွင် မျက်ရည်များဝဲလာခဲ့သည်။ သူမသည် အံကြိတ်ကာ ပြောလိုက်သည်။
“ကျွန်မကို ခြိမ်းခြောက်ဖို့ မကြိုးစားပါနဲ့၊ ရှင်သာ အဲဒီဗီဒီယိုကို ဖြန့်ရဲမယ်ဆိုရင် ကျွန်မရှင့်ကို ရဲတိုင်ပစ်မှာ”
လန်ချုကျွင်း၏ မျက်လုံးများမှာ အေးခဲသွားသကဲ့သို့ ပင်ဖြစ်သည်။
“မင်းကြိုးစားကြည့်လို့ ရပါတယ် ဒါပေမဲ့ ဘယ်သူသိနိုင်မလဲ၊ ရဲတွေပဲ ကိုယ်ကို အရင်လိုက်ဖမ်းမလား ဒါမှမဟုတ် အရှုပ်အထွေးအတွက် “ရှန်းကျယ်” က အဖွဲ့သားတွေကပဲ မင်းကို လျော်ကြေးအရင်လာတောင်းမလား ကြည့်ကြသေးတာပေါ့”
ရှုကျစ်ချင်းမှာ လန့်ဖြန့်သွားခဲ့သည်။
ရှန်းကျယ်အတွက် ခန့်မှန်းထားသည့် Box Office မှာ သုံးဘီလီယံဖြစ်သည်။ အကယ်၍ ရုပ်ရှင်သာ သူမကြောင့် မထုတ်လွှင့်ဖြစ်ခဲ့လျှင် သူမ သေချာပေါက် ဆုံးမှုများအား မတတ်နိုင်ပေ။
ရှုကျစ်ချင်း၏ ခြေထောက်များမှာ အားပြတ်သွားကာ သူမ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေလေသည်။
သူမ၏ လန့်ဖြန်သွားသည့် အမူအယာအား ကြည့်၍ လန်ချူကျွင်းမှာမူ ဝမ်းသာနေလေသည်။သူသည် ရှုကျစ်ချင်းဆီသို့ သွားလိုက်ပြီး သူမ၏ ပခုံးအား ပုတ်လိုက်သည်။
“ကျစ်ချင်း သေချာလေးတွေးကြည့်ပါ၊ ကိုယ့်ကို စိတ်မကောင်းမဖြစ်စေနဲ့နော်”
ထိုသို့ပြောပြီးနောက် လန်ချူကျွင်း အခန်းထဲမှ ထွက်သွားခဲ့သည်။ ရှုကျစ်ချင်းမှာ ဒူးထောက်နေဆဲဖြစ်ပြီး သူမ၏ မျက်လုံးများအား စိတ်ပျက်လက်ပျက် မှိတ်ထားလေသည်။
အခန်းထဲမှ ထွက်ပြီးနောက် လန်ချုကျွင်း ရှုယန်အား ဖုန်းခေါ်လိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိကာ ဖြေးညှင်းသည့်အသံမှာ တစ်ဖက်မှ ထွက်လာခဲ့သည်။
“အားလုံးစီစဥ် ပြီးသွားပြီ၊ ဘော့စ်ကခဏနေရင် ရောက်လာလိမ့်မယ် ဘာမှမဖြစ်စေနဲ့”
လန်ချူကျွင်းပြုံးလိုက်သည်။
“စိတ်မပူပါနဲ့ ရှုကျစ်ချင်းက စဥ်းစားတတ်ပါတယ်၊ သူဘာလုပ်ရမယ်ဆိုတာကို သိမှာပါ”
ပလက်တီနမ်ဟိုတယ်၏ ဧည့်ခန်း၌..
ညနက်ချိန်တွင် ခမ်းနားလှသည့် ဟိုတယ်ကြီးပင်လျှင် တိတ်ဆိတ်သွားခဲ့သည်။
မက်စ်တပ်ထားသည့် အမျိုးသမီးငယ်တစ်ဦးမှာ စားပွဲခုံရှေ့တွင် ရပ်နေပြီး မန်နေဂျာယန်နှင့် ဧည့်သည်များ၏ သတင်းများအား ဆက်တိုက်စစ်ဆေးနေလေသည်။
“ရှုကျစ်ချင်း ဘယ်အခန်းမှာ နေနေတာလဲ ဆိုတာကိုသာ ငါ့ကိုပြောပြလိုက်စမ်းပါ မပြောပြနိုင်ဘူးလား၊ ငါကသူ့ရဲ့ဂျူနီယာညီမလေး စုန့်ယွီနင်ပါ၊ ငါကနောက်ယောင်ခံလိုက်တဲ့သူ မဟုတ်ပါဘူး”
စုန့်ယွီနင် သူမ၏ မက်စ်အားချွတ်လိုက်ပြီး သူမ၏ ချစ်စဖွယ်မျက်နှာလေးအား ထုတ်ပြ၍ ပြောလိုက်သည်။
မန်နေဂျာယန်မှာ အလွန်ပင် တာဝန်ယူမှုအပြည့်ရှိကာ စုန့်ယွီနင် ဘာပြောပြော သူမသည် ဧည့်သည်၏ အချက်အလက်အား ထုတ်ဖော်ပြသမည် မဟုတ်ပေ။
အကူအညီမဲ့စွာဖြင့် စုန့်ယွီနင်သည် သူမအနောက်ဘက်သို့ လှည့်လိုက်သည်။
“ကျွန်မတို့ ဘာလုပ်ကြမလဲ”
စုန့်ယွီနင်သည် သူမ၏ အနောက်ရှိ ရှချန်းချန်းအား မေးလိုက်သည်။
လွန်ခဲ့သည့် နာရီဝက်က အတင်းပြောဘုရင်မသည် လိမ်ညာသူများကို ဖော်ထုတ်သူအား သီးသန့်ဆက်သွယ်ခဲ့ပြီး ပါပါရာဇီများသည် ပလက်တီနမ်ဟိုတယ် ဘေးနားတွင်ရှိနေပြီး လန်ချူကျွင်းနှင့် ရှုကျစ်ချင်း အတူရှိနေသည့် ဗီဒီယိုတစ်ခုကို ရခဲ့သည်ဟု ပြောခဲ့သည်။ လူပေါင်းများစွာသည် ထိုဗီဒီယိုအား ရိုက်ကူးခဲ့၍ သူမတွင် တားစရာနည်းလမ်း မရှိတော့ပေ။ အင်တာနက်ပေါ်တွင် သူတို့၏ အချစ်ရေးနှင့် ပတ်သက်၍ ပွက်လောရိုက်ဖို့ရာ မကြာတော့ပေ။
ရှချန်းချန်းသည် တျန်းရှန့်တွင် ရှိနေကာ Galaxy Girls အတွက် အစည်းအဝေးကျင်းပနေခြင်းဖြစ်သည်။ အတင်းပြောဘုရင်မ၏ သတင်းအား ကြားပြီးနောက် သူမသည် သူမလုပ်နေသည့်အရာအား ချက်ချင်းပင် ပစ်ချထားခဲ့ပြီး ပလက်တီနမ် ဟိုတယ်သို့ အပြေးသွားခဲ့လေသည်။
မြေအောက်ကားဂိုထောင်၌ သူမ၏ Beetle ကားအား စက်ပင်မနိုးရသေးခင်တွင် စုန့်ယွီနင်သည် အလျင်အမြန်ဝင်လာခဲ့သည်။
“ရှလောင်ရှီး ကျဲကျစ်ချင်း ပြဿနာတက်နေလို့လား”
စုန့်ယွီနင် မေးလိုက်ကာ
“ကျွန်မလည်း လိုက်ချင်တယ်”
စနစ်သည် သက်ပြင်းချရုံသာ တတ်နိုင်လေသည်။
“နင်နင်က ကြီးပြင်းလာပြီပဲ ကြည့်ပါဦး သူ ပိုပြီး သတ္တိရှိလာပြီ”
စုန့်ယွီနင်သည် ရှချန်းချန်းနောက်သို့ တစ်လမ်းလုံးလိုက်ခဲ့သည့် ဇိမ်ခံသင်္ဘောပေါ်မှ အချိန်များအား ပြန်စဥ်းစားကြည့်လျှင် သူမသည် တုန်ယင်နေကာ လွတ်မြောက်ရန်အတွက် ပင်လယ်ထဲသို့ အကြိမ်ပေါင်းများစွာ ခုန်ချချင်ခဲ့သည်။
ယခုတွင်တော့ သူမ နေသားကျဖို့ သင်ယူပြီးသွားလေပြီ။ ရှချန်းချန်းသည်လည်း မငြင်းကာ သူမနှင့်အတွက် ဘိုလီဟိုတယ်သို့ အလျင်အမြန်သွားခဲ့သည်။
သွားနေသည့် လမ်းတွင် စနစ်ပေါ်လာကာ
“Host ရှုကျစ်ချင်းက လန်ချူကျွင်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးတော့ သူ့ရဲ့ အကြွေးတွေကို ပြန်ဆပ်ပေးဖို့ ငြင်းခဲ့တာမဟုတ်ဘူးလား၊ ဘာဖြစ်လို့ သူမ ပြန်ပေးဆွဲခံရပြန်တာလဲ”
ဤသည်မှာ ရှချန်းချန်းကော စနစ်ကော အဖြေမရှာနိုင်သည့် အရာတစ်ခုပင်ဖြစ်သည်။ ရှုကျစ်ချင်းသည် လန်ချူကျွင်း၏ ငွေတွင်းကြီးဖြစ်သည်။ ပုံမှန်အားဖြင့် လန်ချူကျွင်းသည် အားနည်းကာ သနားစဖွယ်ပုံစံ သရုပ်ဆောင်ကာ ရှုကျစ်ချင်းအား ပြန်ဆပ်ပေးဖို့ တောင်းဆိုမည်ဖြစ်သည်။
ဘာဖြစ်လို့ သူမကို ပြန်ပေးဆွဲရတာလဲ။
ရှချန်းချန်း၏ အတွေးများမှာ ခေါင်းကိုက်စရာပင်ဖြစ်ကာ သူမသည် လမ်းပြစနစ်၏ တည်နေရာအား ကြည့်လိုက်လေသည်။
ဘိုလီ ဟိုတယ်..
သူမ ဘိုလီဟိုတယ်အား နောက်ဆုံးအကြိမ် သွားခဲ့သည် အခေါက်မှာ သူမ ချန်မင်ကျယ်၏ လိင်ပိုင်းဆိုင်ရာအမှုကိစ္စအား ရိုက်ကူးနေသည့် အချိန်ကဖြစ်သည်။
ရုတ်တရက် ရှချန်းချန်းသည် တစ်ခုခုအား အမှတ်ရသွားခဲ့သည်။
ရှုကျစ်ချင်းသည် လန်ချူကျွင်း၏ ပိုက်ဆံတွင်း သက်သက်သာမဟုတ်ပေ။
သူမကိုယ်တိုင် အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်မှာ အချို့သော ဘော့စ်အများအတွက် တန်ဖိုးရှိလေသည်။
အကယ်၍ လန်ချူကျွင်းသာ ပိုက်ဆံပြန်မဆပ်နိုင်ခဲ့ဘူးဆိုလျှင် သူသည် ရှုကျစ်ချင်း၏ ခန္ဓာကိုယ်အား သူ့အကြွေးအား ကူညီပြန်ဆပ်ပေးရန်အတွက် အသုံးချမည်ဖြစ်သည်။ သူသည် ရှုကျစ်ချင်းနှင့် တွဲနေသည်မှာ သုံးနှစ်ရှိပြီဖြစ်ကာ သူ့တွင် သူမ၏ ကိုယ်တီးလုံးပုံများ ဗီဒီယိုများ များစွာရှိလေသည်။ အံ့ဩစရာမရှိတော့ဘူး။
ထိုသို့ တွေးကြည့်ပြီးနောက် ရှချန်းချန်းသည် မထိန်းနိုင်ပဲ ပြောလိုက်မိသည်။
“မကောင်းဆိုးဝါးကောင်၊ လူယုတ်မာ”
Beetle ကားအား အရှိန်တင်လိုက်ကာ ပလက်တီနမ်ဟိုတယ်သို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။
အထဲတွင် မန်နေဂျာယန်မှာ ခေါင်းမာနေလေသည်။
“မစ္စစုန့် ဒါကလူကျင့်ဝတ်ပဲလေ၊ ကျွန်တော်တို့တွေ ဘယ်ဧည့်သည်ရဲ့မှ အချက်အလက်ကို ထုတ်ပြောလို့မရဘူး၊ အဲဒါက ဧည့်သည်ရဲ့ ကိုယ်ရေးကိုယ်တာပဲ”
စုန့်ယွီနင်မှာ ကြောက်လန့်သွားခဲ့သည်။
ရှချန်းချန်းသည် ပလက်တီနမ်ဟိုတယ်၏ အရှေ့စားပွဲပေါ်တွင် ထောင်ထားသည့် နာရီအားကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။ “အချိန်ကျပြီ” စုန့်ယွီနင် လန့်ဖြန့်သွားခဲ့သည်။
“လောင်ရှီး အချိန်ကျပြီဆိုတာ ဘာကိုဆိုလိုတာလဲ”
သူမ စကားပြောပြီးသွားသည်နှင့် အရှေ့စားပွဲရှိ မန်နေဂျာယန်မှာ ဖုန်းကောလ် တစ်ကောလ်လက်ခံရရှိခဲ့သည်။ ဖုန်းချလိုက်ပြီးနောက် သူ၏ မျက်နှာမှာ မဲမှောင်သွားခဲ့သည်။ သူသည် သူ၏ အဝတ်များအား သန့်ပြန့်အောင် ဖြန့်လိုက်ပြီး ရှချန်းချန်း အနားသို့ တလေးတစား တိုးကပ်လာခဲ့သည်။
“ဒါရိုက်တာရှ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်တို့ဟိုတယ်က အခုလေးတင် ဒါရိုက်တာရဲ့ မက်ဆေ့ချ်ကို ရခဲ့ပါတယ် ကျွန်တော်ဂရုမစိုက်မိသလိုဖြစ်သွားတာပါ၊ ဘယ်အချက်အလက်လိုတာလဲ မသိဘူး၊ ကျွန်တော်တို့ ဒါရိုက်တာကို အခုပဲပေးလိုက်လို့ရပါတယ်”
စုန့်ယွီနင်၏ သေးငယ်သည့်ခေါင်းလေးမှာ မေးခွန်းသင်္ကေတများနှင့် ပြည့်နှက်သွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။
လွန်ခဲ့သည့် မိနစ်ပိုင်းလေးကပင် တင်းမာနေတဲ့ မန်နေဂျာယန်မှာ မျက်စိတစ်မှိတ်လေးမှာတင် နာခံတတ်သည့် သူတစ်ဦးဖြစ်သွားလေသည်။
မန်နေဂျာယန်သည် အချက်အလက်များ ရှာရန်အတွက် ထွက်ခွာသွားခဲ့သည်။
စုန့်ယွီနင်သည် သူမအနားသို့ အလျင်အမြန်ကပ်လိုက်ပြီး
“ရှောင်ရှား လောင်ရှီး ဘယ်လိုလုပ်လိုက်တာလဲ၊ သူကအခုလေးတင် ပြန်မဖြေနေခဲ့တာကို”
“ဘာမျညးခက်လို့လဲ”
ရှချန်းချန်းသည် ဂရုမစိုက်စွာ ပြောလိုက်သည်။
“ငါ ဒီဟိုတယ်ကို ဝယ်လိုက်တာလေ”
စုန့်ယွီနင်: ???
လောင်ရှီး ဘယ်လိုတောင် တုံးအ,ရတာလဲ။
သူမ၏ ငွေရေးကြေးရေးစွမ်းရည်မှာ အမှန်တကယ်ပင် ကြောက်လန့်စရာကောင်းလေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် မန်နေဂျာယန်သည် ရှချန်းချန်းအနားသို့ ပြန်ရောက်လာခဲ့သည်။
“ဒါရိုက်တာရှ၊ ကျွန်တော် ဒါရိုက်တာရဲ့ တောင်းဆိုမှုအတိုင်း တည်းခိုသူတွေရဲ့ အချက်အလက်ကို စစ်ဆေးခဲ့ပေမဲ့ ရှုကျစ်ချင်းဆိုတဲ့ ဧည့်သည်နာမည်နဲ့ ဒီည ဟိုတယ်မှာ တည်းခိုတာ မရှိပါဘူး”
“လန်ချူကျွင်း နာမည်နဲ့ရော”
စုန့်ယွီနင် ဖိအားပေးလိုက်သည်။
မန်နေဂျာယန်သည် သူ၏ခေါင်းအား ခါယမ်းလိုက်ကာ
“မရှိပါဘူး”
စုန့်ယွီနင်မှာ စိတ်လှုပ်ရှားနေကာ
“ဒါက ဘယ်လိုဖြစ်ရတာလဲ၊ သူတို့တွေ သူတို့ရဲ့ အိုင်ဒီကဒ်ကိုသုံးပြီး စာရင်းသွင်းကြတာ မဟုတ်ဘူးလား”
ရှချန်းချန်း၏ မျက်နှာမှာ အေးစက်နေသည်။ လန်ချူကျွင်းလုပ်မည့်အရာအတွက် အိုင်ဒီကဒ်နှင့် စာရင်းမပေးသွင်းခြင်းမှာ ပုံမှန်ဖြစ်ကာ လက်ကိုင်ဆောင်ထားသူအားလည်း ချန်ထားခဲ့မည် မဟုတ်ပေ။ သို့ပေမဲ့ ထိုကိစ္စတွင်တော့ … ရှချန်းချန်းသည် မော့ကြည့်လိုက်ပြီး ပလက်တီနမ်ဟိုတယ်အား ကြည့်လိုက်သည်။
ဤသည်မှာ ကျန်းချန်ရှိ ဇိမ်အရှိဆုံး ဟိုတယ်ကြီးတစ်ခုဖြစ်ကာ အခန်းပေါင်းရာချီ ရှိလေသည်။ ဧည့်သည်နှစ်ဦးအား ရှာဖို့ရာမှာ ကောက်ရိုးပုံထဲ အပ်ရှာနေသကဲ့သို့ပင် ဖြစ်သည်။
ရုတ်တရက် ရှချန်းချန်းသည် ဟိုတယ်ဧည့်ခန်း၏ မျက်နှာကျက်ထုတ်တန်းပေါ်ရှိ စောင့်ကြည့်ရေး ကင်မရာအား မြင်လိုက်သည်။
စုန့်ယွီနင်သည်လည်း စောင့်ကြည့်ရေး ကင်မရာအား သတိပြုမိသွားကာ
“ရှောင်ရှား စောင့်ကြည့်ရေးကင်မရာကို စစ်ဆေးချင်နေတာတော့ မဟုတ်ဘူးမလား၊ ဒါပေမဲ့သူတို့တွေက Check in အချက်အလက်တွေတောင် ဘာမှမထားသွားတာ သူတို့တွေ စောင့်ကြည့်ရေးကင်မရာကိုလည်း ဘယ်လိုရှောင်ရမယ်ဆိုတာ သိမှာပဲ၊ ကျွန်မထင်တာတော့ ဗီဒီယိုထဲမှာ ဘာမှမရိုက်ကူးမိထားလောက်ဘူး”
ရှချန်းချန်းသည် သူမ၏ နှုတ်ခမ်းထောင့်လေးအား တွန့်ကွေးလိုက်ကာ
“သူတို့တွေ သေချာပေါက် စောင့်ကြည့်ရေးကင်မရာကို တမင်သက်သက်ရှောင်သွားကြမှာပဲ၊ ဒါပေမဲ့ တစ်ချို့ကိုတော့ ရှောင်သွားလို့မရနိုင်ဘူး”
ဥပမာပြောရလျှင် ရှဲ့လုပ်ငန်းစု၏ skynet ai မှတ်မိရေးစနစ်ဖြစ်သည်။
ပလက်တီနမ်ဟိုတယ်၏ အဆင့်မြင့်ဇိမ်ခံခန်း 8419 ၌ ဖြစ်သည်။
ရှုကျစ်ချင်းသည် သူမ၏ အိပ်ရာထောင့်၌ ကွေးကွေးလေး နေနေကာ ဆွဲဆောင်မှုရှိသည့် ညအိပ်ဝတ်စုံအပါးလေးကိုသာ ဝတ်ဆင်ထားလေသည်။
လန်ချူကျွင်းသည် ယခုလေးတင်လာသွားကာ အဝတ်များနှင့် မိတ်ကပ်များအား ထားသွားပြီး ဘော့စ်လာနေပြီဖြစ်သောကြောင့် ပြင်ဆင်ထားဖို့ပြောကာ သူမသည် သူ့အား စိတ်မပျက်သွားစေချင်ပေ။
ဤသည်မှာ ရှုကျစ်ချင်း လန်ချူကျွင်းအား ထိုကဲ့သို့ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သူ၏ ချောမောသည့် မျက်နှာမှာ အတော်လေး စိတ်ပျက်စရာကောင်းနေသည်ဟု ခံစားရလေသည်။ သူယခင်က ရှုကျစ်ချင်းအား ပြခဲ့ဖူးသည့် ကြင်နာမှုများအားလုံးမှာ ပျောက်ကွယ်သွားပြီဖြစ်ကာ ရှုကျစ်ချင်းသည် သူမ သူ့အား ဘယ်သောအခါမှ မသိခဲ့သကဲ့သို့ ခံစားနေရလေသည်။
လန်ချူကျွင်းသည် သတ္တုဆေးလိပ်မီးခြစ်အား ထုတ်လိုက်ကာ အခန်းထဲရှိ အမွှေးနံဖယောင်းတိုင်အား ထွန်းလိုက်ပြီး ရောက်လာသေးသည့် ဘော့စ်အတွက် လက်ဖက်ရည်အိုးတစ်အိုး ပြင်ဆင်နေလေသည်။
တံခါးပွင့်လာကာ လန်ချူကျွင်းပြောသည့် ဘော့စ်မှာ အဆင့်မြင့်ဇိမ်ခံအခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
သူသည် လူလတ်ပိုင်းအမျိုးသား တစ်ဦးဖြစ်ကာ ငါးဆယ်နား ကပ်နေလောက်ပြီဖြစ်ပြီး မျက်နှာမှာ အဆီများနှင့်ပြည့်နေပြီး ပြည့်ဖြိုးသည့် ပုံစံရှိလေသည်။ သူသည် စျေးကြီးသည့် လက်လုပ်အနက်ရောင် ဝတ်စုံအား ဝတ်ဆင်ထားပါသော်ညား သူတို့၏ ဆိုးရွားသည့်ပုံစံအား မဖုံးကွယ်နိုင်ပေ။ သူသည် လက်ပိုက်လိုက်ကာ သူ၏ လက်မောင်းနှစ်ဖက်ပေါ်ရှိ အနုစိတ်ထားသည့် တက်တူးများအား ပေါ်လွင်စေလေသည်။ တက်တူးများအားလုံးမှာ မျက်နှာအစိမ်းရောင်နှင့် အစွယ်များရှိသည့် မကောင်းဆိုးရွားများပင် ဖြစ်ကာ လူများအား ထိတ်လန့်စေလေသည်။
ရှုကျစ်ချင်းသည် မသိစိတ်မှတစ်ဆင့် နောက်သို့တစ်ခါထပ် ကျုံ့သွားကာ ထောင့်လေးတွင်ကွေးနေပြီး မလှုပ်ရဲပေ။
လန်ချူကျွင်း၏ သဘောထားမှာ 180 ဒီဂရီပြောင်းလဲသွားပြီး သူ၏ မျက်နှာမှာ ကပ်ဖားရပ်ဖားအမူအယာများနှင့် ပြည့်နေလေသည်။
“မစ္စတာဝမ် အားလုံးအဆင်သင့် ဖြစ်နေပါပြီ”
“မစ္စတာဝမ်” ဟုခေါ်သည် အမျိုးသားသည် အခန်းထဲရှိ တုန်ယင်နေသည့် ရှုကျစ်ချင်းအား ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကျေနပ်နေသည့် အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူသည် သူ၏ လက်ကောက်ဝတ်မှ Rolex နာရီအား ချွတ်လိုက်ပြီး လန်ချူကျွင်းဆီသို့ လှမ်းပစ်လိုက်လေသည်။
“ရှုယန်ကို မင်းဆီ chips တစ်သန်းပေးခိုင်းလိုက်တယ်၊ ပျော်ပျော်နေလိုက်”
လန်ချူကျွင်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ကျေးဇူးပါ မစ္စတာဝမ်”
လန်ချူကျွင်းထွက်သွားကာ အခန်းထဲတွင် ရှုကျစ်ချင်းနှင့် မစ္စတာဝမ်သာ ကျန်လေသည်။
ကြီးမားသည့် အဆင့်မြင့်ဇိမ်ခံအခန်း၌ ရှုကျစ်ချင်းသည် လေထုမှာ ပါးလွှာနေသည်ဟု ခံစားနေရကာ သူမအသက်ရှုရပင် ခက်နေလေသည်။
ဥက္ကဋ္ဌဝမ်သည် သူမဆီသို့ လျှောက်လာကာ သူ့ ကုတ်အင်္ကျီအား ချွတ်ပစ်လိုက်ပြီး သူ၏ ကြွက်သားများနှင့် ပြည့်နေသည့် ခန္ဓာကိုယ်အား ပြလိုက်လေသည်။ သူ၏ အရေးပြားတစ်လျှောက် ရေးထိုးထားသည့် တက်တူးများမှာ အတွင်း၌ ရိုက်ထိုးထားသည့် နတ်ဆိုးများကဲ့သို့ ထင်ရပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်သကဲ့သို့ပင် ဖြစ်သည်။
ဥက္ကဋ္ဌဝမ်သည် အရှေ့သို့တိုးလာကာ ရှုကျစ်ချင်း၏ မေးလေးအား ပင့်လိုက်ပြီး ပြင်းထန်သည့် အကြည့်နှင့်အတူ သူမအား မှတ်မိသွားခဲ့သည်။
“အို မင်းက နာမည်ကြီးပဲ”
သူယခင်က အိပ်ခဲ့ဖူးသည့် မိန်းကလေးများနှင့် ယှဥ်လျှင် ရှုကျစ်ချင်း၏ မျက်နှာမှာ အကောင်းဆုံးနှင့် ပို၍လှပလေသည်။ သို့ပေမဲ့ သူမ၏ ခန္ဓာကိုယ်မှာ ပိန်ပါးလွန်းလေသည်။ ထို့အပြင် ဝန်ဆောင်မှုပေးရာတွင်လည်း သူမသည် ကျွမ်းကျင်သူများထက် နိမ့်ကျလေသည်။
သို့ပေမဲ့ ဥက္ကဋ္ဌဝမ်မှာ နာမည်ကြီးများအား သဘောကျလေသည်။
ထိုကဲ့သို့ အမြင့်သို့ပျံနေကာ ပရိတ်သတ်သန်းပေါင်းများစွာဆီမှ အချစ်ခံရသည့် အင်တာနက်နာမည်ကြီးများ သူ၏ အောက်တွင်ဖိနှိပ်ထားခံထားရသည်။ သူ၏ ထိန်းချုပ်ဖို့ရန်နှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လိုနေခြင်းမှာ အလွန်ပင် ကျေနပ်သွားလေသည်။
ထိုအမျိုးသမီးအား သေချာခွဲခြမ်းစိတ်ဖြာလေလေ သူ သူမအားပို၍ သဘောကျလာလေလေဖြစ်သည်။
ဥက္ကဋ္ဌဝမ်၏ ချုပ်နှောင်မှုကြောင့် ကြောက်လန့်သွားသည့် ရှုကျစ်ချင်းမှာ ဖြူဖျော့သွားကာ လွတ်မြောက်ဖို့ ကြိုးစားလေသည်။ ရုတ်တရက် ဥက္ကဋ္ဌဝမ်သည် သူမအား ဆံပင်မှ လှမ်းဆွဲလိုက်ကာ သူမ၏ လှပသည့် မျက်နှာအား ရိုက်လိုက်လေသည်။
“ဘာလဲ မင်းက လန်ချူကျွင်းနဲ့ကျ အဆင်ပြေပြီးတော့ ငါနဲ့ကျတော့ မရဘူးလား”
မစ္စတာဝမ်၏ မျက်လုံးများမှာ စူးရှလာခဲ့သည်။
“ငါကတော့ ငါမင်းနဲ့ပြီးသွားမယ်လို့ မထင်ဘူး ခွေးမ၊ ငါ မင်းနဲ့ လန်ချူကျွင်းရဲ့ ဗီဒီယိုတွေအားလုံးကို ကြည့်ပြီးပြီ၊ အဲဒါကို မင်းက ငါ့ရှေ့မှာ ဖြူစင်ချင်ယောင် ဆောင်ချင်နေသေးတာလား”
မစ္စတာဝမ်သည် ပြင်းပြင်းထန်ထန်ဆွဲလိုက်သောကြောင့် ရှုကျစ်ချင်းသည် သူမ၏ ဦးရေပြားစုတ်ပြဲသွားပြီ ဟုပင် ခံစားလိုက်ရကာ သူမမျက်နှာမှ မျက်ရည်များစီးကျလာခဲ့သည်။
“ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး၊ ကျွန်မကို လွှတ်ပေးပါ”
သူမတောင်းဆိုနေကာ သူမ၏ အသံနှင့်အတူ မျက်ရည်များလည်း ကျနေလေသည်။
“ရှင်ပိုက်ဆံ ဘယ်လောက်လိုချင်တာလဲ ကျွန်မအကုန်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး လွှတ်ပေးပါ”
“မင်းအခုမှ ငါ့ကိုပိုက်ဆံ ပြန်ဆပ်ဖို့ စဥ်းစားနေတာလား”
မစ္စဝမ် မဲ့ပြုံးပြုံးလိုက်သည်။
“နောက်ကျသွားပြီ”
သူသည် ရှုကျစ်ချင်းအား ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။
သူသည် အလွန်တရာ နူးညံ့သည့် မွေ့ရာပေါ်သို့ ပြုတ်ကျသွားခြင်းဖြစ်သော်ညား ရှုကျစ်ချင်းသည် သူမ ငရဲကျသွားသကဲ့သို့ ခံစားနေရကာ သူမ၏ ခြေလက်များအားလုံး ချည်နှောင်ခံထားရကာ မလှုပ်ရှားနိုင်တော့ပေ။
သူမမျက်နှာပေါ်မှ မျက်ရည်များစီးကျလာကာ ခေါင်းအုံးအား စိုစွတ်သွားစေခဲ့သည်။
ရှုကျစ်ချင်းသည် ရုတ်တရက် စီနီယာအထက်တန်းနှစ်၌ သူမ၏ အချစ်အားဝန်ခံခဲ့သည့် ညအား ပြန်တွေးမိသွားခဲ့သည်။
ဤသည်မှာ လုံးဝမတူညီသည့် အခြေအနေနှစ်ခု ဖြစ်သော်ညား ရှုကျစ်ချင်းမှာ သူမ၏ ကမ္ဘာသည် ထပ်မံ အမှောင်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဖြစ်နိုင်သည်မှာ ဘယ်သောအခါမှ ထပ်လင်းလက်တော့မည် မဟုတ်ပေ။
ဥက္ကဋ္ဌဝမ်မှာ ပို၍ဆိုးဆိုးရွားရွား လုပ်တော့မည့်အချိန်တွင် သူ၏နားထဲတွင် ရုတ်တရက် ဘန်း ဆိုသည့်အသံကြားလိုက်ရသည်။ မှိန်ဖျော့နေသည့် အခန်းထဲသို့ တောက်ပသည့် အလင်းရောင်ဝင်လာကာ အလွန်တောက်ပလွန်း၍ လင်းလွန်းပြီး မျက်စိဖွင့်ဖို့ရာမှာ မဖြစ်နိုင်ပေ။
ထို့နောက် အခန်းတံခါးမှာ ကန်ကျောက်ကာ အဖွင့်ခံလိုက်ရပြီး ရဲဝန်ထမ်းဝတ်စုံးများနှင့် လုံခြုံရေးဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသားအများအပြား အခန်းထဲသို့ အလျင်အမြန်ဝင်လာခဲ့ကြသည်။
“ဘယ်သူလဲ၊ ဘယ်သူက ငါ့ရဲ့အချိန်ကောင်းလေးကို ဖျက်ဆီးရဲတာလဲ”
ဥက္ကဋ္ဌဝမ်မှာ ပျော်ရွှင်နေသော်ညား သူမော့ကြည့်လိုက်ချိန်တွင် သူ၏အရှေ့မှ မြင်ကွင်းကြောင့် လန့်ဖြန့်သွားခဲ့သည်။
ခေါင်းဆောင်မှာ ရဲအရာရှိနှစ်ဦးဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကာ သူ့အား လက်ကိုင်တုတ်များနှင့် ရွယ်ထားကြလေသည်။
ဥက္ကဋ္ဌဝမ်မှာ အလွန်ကြောက်လန့်သွားကာ သူသည် အလျင်အမြန် လက်မြောက်လိုက်ပြီး သနားညှာတာပေးဖို့ရာ တောင်းဆိုလေသည်။
“မစ္စရဲအရာရှိကြီး တစ်ခုခုအထင်လွဲစရာများ ရှိလို့လား”
ရှချန်းချန်းနှင့် စုန့်ယွီနင်မှ အရာရှိတင်းအနောက်မှ ပေါ်လာခဲ့သည်။ ရှုကျစ်ချင်း၏ စုတ်ပြဲနေသည့် အဝတ်များကို မြင်လိုက်သောအခါ စုန့်ယွီနင်သည် အလျင်အမြန်သွားကာ ထိုင်ခုံပေါ်ရှိ ကုတ်အင်္ကျီအား ရှုကျစ်ချင်းအပေါ် တင်ပေးလိုက်သည်။
အရာရှိတင်း အော်လိုက်ကာ “တစ်ယောက်ယောက်က မင်းကို ပြည့်တန်တာလုပ်ငန်းလုပ်နေတယ် ဆိုပြီး သတင်းပို့တယ်၊ အဲဒါကြောင့် ငါတို့တွေက စုံစမ်းစစ်ဆေးဖို့ ရောက်နေတာပဲ”
သူမသည် ရှုကျစ်ချင်းအား ကြည့်လိုက်ပြီး သူမတုန်ယင်နေသည်ကို မြင်လိုက်လေသည်။ သူမသည် နောက်ထပ်မေးခွန်းများ မေးဖို့မရဲတော့ကာ မစ္စတာဝမ်ဘက်သို့ လှည့်လိုက်သည်။
“ဘာဖြစ်လို့ဒီအခန်းက မင်းအတွက်ပဲ၊ စာရင်းသွင်းထားရတာလဲ မစ္စရှုအတွက်ကရော”
မစ္စတာဝမ်မှာ လန့်ဖြန့်သွားခဲ့သည်။
တစ်ယောက်ယောက်က သူ့ကို တိုင်ကြားခဲ့တယ်။ ဘယ်သူမှ သူ့ကိုတိုင်ကြားဖို့အတွက် သတ္တိရှိနေတာလဲ။
မစ္စတာဝမ်၏ စူးရှသည့်အကြည့်မှာ ရဲမေဘေးတွင် ရပ်နေသည့် ရှချန်းချန်းနှင့် စုန့်ယွီနင်အား တွေ့သွားခဲ့သည်။ သူ၏ မျက်နှာမှာ မဲမှောင်သွားသော်ညား သူသည် တည်ငြိမ်နေဆဲဖြစ်သည်။
“မစ္စတာရဲမှုး တစ်ခုခု အထင်လွဲနေတာ နေမှာပါ၊ မစ္စရှုနဲ့ ကျွန်တော်မှာ ပိုက်ဆံကိစ္စမရှိဘူးလေ၊ အဲဒါကြောင့် ကျွန်တော်ဘယ်လိုလုပ် ပြည့်တန်ဆာကိစ္စလုပ်နေတာ ဖြစ်နိုင်မှာလဲ”
“ဒါက သေချာပေါက် ပြည့်တန်ဆာကိစ္စမဟုတ်ပါဘူး”
စုန့်ယွီနင်သည် အရှေ့သို့တိုးလာခဲ့သည်။ သူမသည် ရှုကျစ်ချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ခုခံခြင်းမှ ရထားသည့် အညိုအမဲများအား တုံ့ဆိုင်းစွာကြီးလိုက်ပြီး သေချာပြောလိုက်သည်။
“ဒါက မုဒိမ်းမှုဆိုတာ အရှင်းကြီးပဲလေ”
ထိုနေရာ၌ ရှိနေသည့် ရဲဝန်ထမ်းများနှင့်လုံခြုံရေး ဝန်ထမ်းများ၏ အမူအယာမှာ ရုတ်တရက် လေးနက်လာခဲ့သည်။
မုဒိမ်းမှုသည် ပြည့်တန်ဆာအလုပ်ထက်ပင် ပို၍ ပြင်းထန်လေသည်။
အကယ်၍ မုဒိမ်းမှုသာ ဖြစ်ခဲ့မည်ဆိုလျှင် ထိုအမျိုးသားမှာ ပြဿနာအကြီးအကျယ်တက်ပြီ ဖြစ်သည်။
သို့ပေမဲ့ ပါးနပ်သည့်အကြည့်တစ်ချက် မစ္စဝါဝမ်၏ မျက်လုံးထဲတွင် ပေါ်လာကာ ငြင်းခုံလိုက်သည်။
“မုဒိမ်းမှုဆိုတာ ဘာကိုဆိုလိုတာလဲ၊ မစ္စရှုနဲ့ ကျွန်တော်က သမီးရည်းစားတွေလေ ဒါကကျွန်တော်တို့ နှစ်ယောက်လုံး သဘောတူညီချက်နဲ့ပါ၊ ဒါပေမဲ့ သူမက နာမည်ကြီးတစ်ယောက်မလို့ သူမကို ဟိုတယ်မှာ စာရင်းပေးသွင်းလို့ မရဘူးလေ၊ ဒါပါပဲ”
“လူယုတ်မာကောင်”
စုန့်ယွီနင်သည် စိုးရိမ်စိတ်ဖြင့် ဆဲလိုက်လေသည်။
“သမီးရည်းစားတွေဆိုတာ ဘာကိုဆိုလိုတာလဲ ပြီးတော့ နှစ်ယောက်သဘောတူတဲ့လား ရှင်က မထိုက်တန်ဘူး၊ ဘယ်လိုလုပ် ကျဲကျစ်ချင်းက ရှင့်ကို စိတ်ဝင်စားရမှာလဲ”
ရှုကျစ်ချင်းသည် မစ္စတာဝမ်အား မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။ ဤသည်မှာ သူ့ဘက်မှ တစ်ဖက်သတ် လိင်ပိုင်းဆိုင်ရာစိတ်ပါသည်မှာ ထင်ရှားလေသည်။ သူမတို့တွေက သမီးရည်းစားတွေလို့ ပြောရဲရတာလဲ။
ရှုကျစ်ချင်းမှာ ငြင်းပယ်တော့မည့် အချိန်တွင် မစ္စတာဝမ်မှာ သူများ စူးရှသည့် အကြည့်တစ်ချက်ပေးလိုက်သည်။ သူသည် ဘာမှမပြောသော်ညား ရှုကျစ်ချင်းမှာ ထိုအကြည့်မှတစ်ဆင့် တော်တော်များများအား နားလည်သဘောပေါက်သွားခဲ့သည်။
အကယ်၍ သူမငြင်းရဲမည်ဆိုလျှင် မစ္စတာဝမ်သည် ထိုပုံများနှင့် သူမနှင့်လန်ချူကျွင်း၏ ဗီဒီယိုအား လိုင်းပေါ်သို့ တင်ပစ်မည်ဖြစ်သည်။ အကယ်၍ သူသာ သူမအား မုဒိမ်းကျင့်ခြင်းကြောင့် ထောင်ကျသွားရမည်ဆိုလျှင် သူသည် သူမ၏ ဂုဏ်သိက္ခာအား လိင်ဆက်ဆံသည့် အရှုပ်အထွေးနှင့် ဖျက်ဆီးပစ်မည် ဖြစ်သည်။
အဆိုးဆုံးဖြစ်သွားနိုင်သည့်အရာမှာ သူတို့နှစ်ဦးစလုံး ပျက်စီးခြင်းပင်ဖြစ်သည်။ မစ္စဝါဝမ်သည် အဖမ်းခံထားရပြီဖြစ်ကာ ရှုကျစ်ချင်းအား လွယ်ကူသည့်အချိန် ပေးရှိမည်မဟုတ်ပေ။
အတူတူသေကြရုံသာ ရှိသည်။
ရှုကျစ်ချင်းသည် အေးခဲသွားခဲ့သည်။ သူမ မျက်လုံးထဲတွင် မျက်ရည်များဝဲလာသည်ကို သူမခံစားမိသော်ညား သူမ မျက်ရည်မကျရဲပေ။ သူမသည် မျက်လုံးမှိတ်လိုက်ရုံသာတတ်နိုင်ပြီး မျက်ရည်များအား ပြန်ဝင်ဖို့ရာသာ ဖိအားပေးနိုင်လေသည်။
အချိန်အတော်ကြာ ရပ်နေပြီးနောက် ရှုကျစ်ချင်းသည် သူမ၏ မျက်လုံးအား ဖွင့်လိုက်ကာ သူမ၏ အသံမှာ စိတ်ပျက်နေသည့်လေသံပေါက်သည်။
“သူပြောတာ အမှန်တွေပါ ကျွန်မတို့တွေက သမီးရည်းစားတွေပါ”
ထိုနေရာရှိ လူတိုင်းအေးခဲသွားကာ မစ္စတာဝမ်အား ချုပ်ထားသည့် ရဲအရာရှိနှစ်ဦးပင်လျှင် အနည်းငယ် လန့်ဖြန့်သွားခဲ့သည်။ မစ္စတာဝမ်သည် ရဲအရာရှိများ၏ ချုပ်ထားသည့် လက်ထဲမှ ရုန်းထွက်ရန် အခွင့်အရေးအား အရယူလိုက်ပြီး သူ၏ လည်ပင်းအား အကြောလျှော့လေသည်။
“ကျွန်တော် ခင်ဗျားတို့အားလုံးကို မပြောခဲ့ဘူးလား၊ ဒါက ကျွန်တော်တို့နှစ်ယောက်ကြားက ကိုယ်ရေးကိုယ်တာ ကိစ္စပါ၊ ဒါက ပြည့်တန်ဆာကိစ္စလည်း မဟုတ်သလို မုဒိမ်းမှုလည်း မဟုတ်ပါဘူး”
“ကျဲကျစ်ချင်း”
စုန့်ယွီနင်သည် သူမ၏ ခြေထောက်အား စိုးရိမ်တကြီး ဆောင့်နေလေသည်။
ချစ်သူရည်းစားတွေဆိုတာ ဘာကိုဆိုလိုတာလဲ။ဘာဖြစ်လို့ သူမက ကျဲကျစ်ချင်းအနားမှာ ဒီလိုလူမျိုးရှိနေတာကို မသိရတာလဲ။
“မစ္စရဲမေ အခု အထင်လွဲတာကိုလည်း ဖြေရှင်းပြီးသွားပြီ ဆိုတော့ ကျွန်တော်တို့တွေ ညကိုအတူ ကုန်ဆုံးလို့ရပြီလား”
မစ္စတာဝမ်၏ မျက်နှာမှာ အောင်ပွဲခံသည့် ပုံစံများနှင့် ပြည့်နှက်နေလေသည်။
ရဲဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများသည် အံ့ဩမှုအား အပြန်အလှန်ဖလှယ်ခဲ့ကြလေသည်။ ပါဝင်သည့်သူမှာ ထိုကဲ့သို့ ပြောနေမည်ဆိုလျှင် မစ္စတာဝမ်အား ဆက်လက်၍ အတင်းအကြပ်လုပ်နေစရာ အကြောင်းမရှိတော့ပေ။
အရာရှိတင်း၏ အမူအယာမှာ အလွန်ပင် ဆိုးရွားနေလေသည်။ သူမသည် ရှချန်းချန်း၏ တိုင်ကြားချက်အားရသည်နှင့် သူမနှင့်အတူ လူတစ်ဦးအား ခေါ်ခဲ့ကာ ကိစ္စရပ်တစ်ခုလုံးအား သိလေသည်။ သူတို့သည် ရှုကျစ်ချင်း၏ ထွက်ဆိုချက်အပေါ် အခြေခံ၍ မစ္စတာဝမ်အား “မုဒိမ်းမှု” ဟု စွပ်စွဲ၍ မရနိုင်လျှင် ပစ္စည်းသက်သေသုံး၍ ထိုအပြုအမူအား “ပြည့်တန်ဆာအမှု” ဟု သတ်မှတ်လိုက်ဖို့ရာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
သူတို့ မစ္စတာဝမ်အား လွတ်ပေးဖို့မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
အရာရှိတင်းသည် သူမ၏ လုပ်ဖော်ကိုင်ဖက်နှင့်အတူ ပြန်တော့မည်အချိန်တွင် ရုတ်တရက် ရှချန်းချန်းသည် ရှုကျစ်ချင်းနှင့် မစ္စတာဝမ် ကြားထဲသို့ ဝင်လိုက်ပြီး ရှုကျစ်ချင်းအား သူမ၏ အနောက်တွင် ကာကွယ်ထားလေသည်။
“ကျေးဇူးပြုပြီး မစ္စတာဝမ် ပြည့်တန်ဆာအမှုက ကျွန်မတို့ နားလည်မှုလွဲသွားတာ ဖြစ်နိုင်ပါတယ်၊ ပြီးတော့ မဒိမ်းမှုကလို့ ကျွန်မတို့ တစ်ဖက်သတ်စွပ်စွဲမိသွားတာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်မက နောက်ထပ်သက်သေလေး တစ်ခုရှိသေးတယ်၊ အဲဒါကြောင့်မလို့ မစ္စတာဝမ်ကို ရဲစခန်းကို လိုက်ခဲ့ပေးဖို့ ပြောချင်ပါတယ်”
မစ္စတာဝမ်သည် လန့်ဖြန့်သွားခဲ့သည်။
သူသည် ရှချန်းချန်း၏ မျက်လုံးအား စိုက်ကြည့်လိုက်သည်။ ထိုအမျိုးသမီးမှာ လှပကာ သူမ၏ မျက်လုံးမှာ လှပပြီး ညကောင်းကင်ယံထက်က ကြယ်များကဲ့သို့ တောက်ပလေသည်။ သို့ပေမဲ့ သူ့အတွက်မှာမူ အေးမြသည့် ရှေးဟောင်းရေတွင်းထဲမှ အအေးဓါတ်လိုမျိုးရှိနေကာ သူနားမလည်နိုင်ပေ။
“ဘာသက်သေလဲ”
မစ္စတာဝမ်သည် ပြင်းပြင်းထန်ထန် ပြောလိုက်သည်။
“ဥပမာ ပြောရရင်”
ရှချန်းချန်းသည် ပါးနပ်စွာ ပြုံးလိုက်ပြီး
“မြို့မြောက်ဘက်က ဂိမ်းဆိုင်နောက်မှာရှိတဲ့ ကာစီနိုလိုမျိုးပေါ့”
မစ္စတာဝမ်သည် ထိုစကားအား ကြားပြီးနောက် သူ၏ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။
အခန်းမှာ အပူချိန်မြင့်တက်လာကာ အရိုးထဲထိပင် ပူနွေးနေလေသည်။
ထိုအချိန်တွင် မစ္စတာဝမ်သည် သူ၏ ကျောအနောက်ဘက်မှ ချွေးအေးများကို ခံစားမိသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲမှသွေးနှင့် သူ၏ လက်ထိပ်လေးမှစ နှလုံးအထိ တဖြေးဖြေးချင်း အေးလာခဲ့သည်။
***
ချိန်ပေ့ဂိမ်းဆိုင်မှာ ပလက်တီနမ်ဟိုတယ်နှင့် သုံးလမ်းအကွာတွင် တည်ရှိလေသည်။
ကာစီနို၏ ညဘက်အချိန်မှာ ပိုက်ဆံဖြုန်းတီးခြင်းများ ဇိမ်ခံခြင်းများနှင့် ပြည့်နေလေသည်။
လန်ချူကျွင်းသည် လောင်ကစားဝိုင်းတွင် ထိုင်နေကာ ဒိုင်မှပေးသည့် ကဒ်များအား စိုက်ကြည့်နေပြီး သူလိုချင်သည့် နံပါတ်ရဖို့ရာ နှလုံးသားထဲမှကို ဆုတောင်းနေလေသည်။
“စိတ်မပူပါနဲ့ အေးဆေးလုပ်ပါ”
ရှုယန်သည် လန်ချူကျွင်း၏ ဘေးတွင်ထိုင်ကာ သူမ၏ လက်ချောင်းလေးများသည် သူ၏ အင်္ကျီထဲသို့ ဝင်သွားပြီး ရင်ဘတ်အား ပွတ်သပ်နေလေသည်။ သူသည် လောင်းကစားဝိုင်းပေါ်ရှိ ကဒ်များအား ကြည့်လိုက်ပြီး ဒိုင်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
လန်ချူကျွင်းသည် ရှုယန်နှင့် ဒိုင်ကြားရှိ လှုပ်ရှားမှုလေးအား သတိပြုမိလိုက်ပြီး သူ၏ မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ တောက်ပလာကာ သူသည် သူ၏ chips များအားလုံးအား ရက်ရောစွာပင် တွန်းပို့လိုက်ပြီး
“အကုန်ထည့်”
တစ်ခြားတစ်ဖက်ရှိ လောင်းကစားသမားမှာ ရင်ခုန်စိတ်လှုပ်ရှားနေသည့် အမူအယာနှင့် သူ၏ လက်ထဲရှိ ကဒ်အားပစ်ချလိုက်လေသည်။
“၁၉ မှတ်”
ထိုနံပါတ်မှာ blackjack ဂိမ်းတွင် အတော်လေးမြင့်နေသည့် နံပါတ်ပင်ဖြစ်လေသည်။ပြီးလျှင် ပွဲအနည်းငယ် ဆော့ကစားပြီးနောက် တစ်ဖက်ရှိ လောင်းကစားသမားမှာ လန်ချူကျွင်းသည် ပို၌ မြင့်သည့်ကဒ်အား ဆွဲနိုင်မည့် အခွင့်အရေးမှာ မရှိသလောက်ဖြစ်သည်ဟု တွက်ချက်လိုက်လေသည်။
သူသည် လောင်းပစ်လိုက်ဖို့ရာ ဆန္ဒရှိလေသည်။
မမျှော်လင့်ထားစွာပင် လန်ချူကျွင်းသည် သူထက်ပင်ပို၍ စိတ်လှုပ်ရှားနေကာ သူ၏ ကဒ်များအား ထပ်ကာထပ်ကာ လှန်နေလေသည်။
“နှစ်ဆယ်”
ဘုရင်နှစ်ကောင် နှစ်ဆယ်ကွက်တိပဲ။
တစ်ဖက်ရှိ လောင်းကစားသမားမှာ ကဒ်အား အနီးကပ်ကြည့်လိုက်ပြီး သူ၏ မျက်နှာမှာ မျက်မှောင်ကြုတ်နေလေသည်။ သူသည် သူ၏ chips ပြားများအား ဒေါသတကြီး တွန်းထုတ်ပစ်လိုက်ပြီး ထွက်သွားလေသည်။
တစ်ဖက်ရှိ လန်ချူကျွင်းမှာတော့ စားပွဲတွင်ထိုင်နေကာ လက်အပြည့် chips ပြားများအား ဆုပ်ကိုင်ကာ နားရွက်တက်ချိတ်မတတ် ပြုံးနေလေသည်။ သူသည် ဘယ်သောအခါမှ လောင်းကစားလုပ်လျှင် ကံမကောင်းခဲ့ပေ သို့သော် ယနေ့မှာ ထီပေါက်သကဲ့သို့ပင် ဖြစ်သည်။ chips တစ်သန်းထဲနှင့်ပင် ဆယ်သန်းအနိုင်ရခဲ့ပြီ ဖြစ်သည်။
ရှုယန်၏ အကူအညီမှာ အနိုင်ရခဲ့ခြင်း၏ ကြီးမားသည့် အထောက်အပံ့တစ်ခုဖြစ်သည်။
လန်ချူကျွင်း သဘောပေါက်သွားခဲ့သည်။ ဤသည်မှာ ဘော့စ်၏ အမိန့်ပင် ဖြစ်လောက်ပေမည်။
ဘော့စ်သည် သူလက်ဆောင်အနေနှင့်ပေးသည့် ရှုကျစ်ချင်းအား စိတ်ကျေနပ်နေခြင်းမှာ အသေအချာပင်ဖြစ်သည်။ သူဟာ ဆက်တော့နေမည်ဆိုလျှင် ပိုက်ဆံများ ပို၍ ရမည်ပင်ဖြစ်သည်။
လန်ချုကျွင်းသည် ရှုယန်၏အနောက်မှ ဧည့်ခန်းထဲသို့ လိုက်သွားကာ သူမသည် ဆိုဖာပေါ်တွင် ပက်လက်လှန်လှဲနေပြန်လေသည်။ မနေ့ကနှင့်ယှဥ်လျှင် သူမသည် ပို၍ချစ်ခင်စဖွယ်ကောင်းနေလေသည်။ သူမခန္ဓာကိုယ်ထဲရှိ ဆဲလ်အားလုံးမှာ တက်ကြွနေကာ ဆွဲဆောင်မှုရှိသည့် အမွှေးနံ့များထွက်လာပြီး အရာအားလုံးမှာ သူ့အား ဆွဲဆောင်နေသကဲ့သို့ပင် ဖြစ်သည်။
“လာခဲ့ မြန်မြန်လေး လာခဲ့”
လန်ချူကျွင်းသည် သူ၏ chips ပြားများအား အလျင်အမြန်ချကာ အပြေးသွားလိုက်သည်။
နွေဦး၏ညမှာ ရွှေတစ်ထောင်လောက်ပင် ထိုက်တန်လေသည်။ သူသည် သူ၏ လူများအား ပို့လိုက်ရသည် ထိုကြောင့် သူသည် သူဌေးထံမှ ဖြည့်စွက်စာလေး သေချာပေါက်ယူမည်ဖြစ်သည်။
နှစ်ဦးသားမှာ ပြင်းထန်သည့် လေ့ကျင့်ခန်းလုပ်နေချိန်မှာ ရုတ်တရက် အပြင်ဘက်မှ ပြင်းထန်သည့် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ရှုယန်သည် မျက်မှောင်ကြုတ်လိုက်ကာ သူမ၏ ရင်ဘတ်အား ကာဖို့ရန်အတွက် စကပ်အားဆွဲယူလိုက်လေသည်။
“ဘယ်ခွေးကောင်က ငါ့ရဲ့ကာစီနိုမှာ ပြဿနာလာရှာရဲတာလဲ”
သူမသည် ဒေါသကြီး ထွက်သွားသော်ညား သူမ ဧည့်ခန်း၏ တံခါးအားဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လန့်သွားခဲ့သည်။
ပြဿနာရှာနေသည့် သူများမှာ ဂိုဏ်းစတားများ မဟုတ်ပဲ ယူနီဖောင်းဝတ်ထားသည့် ရဲဝန်ထမ်းများပင်ဖြစ်သည်။
ရှချန်းချန်းသည် အရာရှိတင်းအား ဘိုလင်ဟိုတယ်သို့ ညစ်ညမ်းရုပ်ပုံများနှင့် တရားမဝင် ထုတ်ဝေမှုများအား နှိမ်နင်းဖို့ရာ ခေါ်ဆောင်သွားချိန်တွင် အရာရှိကျောက်မှာ ရှချန်းချန်း၏ သဲလွန်စများအား အခြေခံ၍ ဂိမ်းဆိုင်ထဲမှာ ဝှက်ထားသည့် ကာစီနိုအား ရှာဖွေတွေ့ရှိခဲ့လေသည်။
အယောင်ပြဂိမ်းဆိုင်မှလွဲ၍ အရာရှိကျောက်သည် ယခင်နေ့တွင် ရှချန်းချန်းဆီက အကြံပြုချက်တစ်ခုလက်ခံရရှိကာ တစ်ရက်လုံး စောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင်တော့ ကာစီနိုဝင်ပေါက်အား ရှာဖွေတွေ့ရှိခဲ့လေသည်။ ကာစီနို၏ ကြိုတင်ပြင်ဆင်ထားမှု မရှိခြင်းအား အခွင့်ကောင်းယူ၍ သူသည် လောင်းကစားနေရာတစ်ခုလုံးအား တစ်ချက်တည်း ဖြိုခွင်းလိုက်လေသည်။
ကြောက်ရွံ့နေသည့် ရှုယန်နှင့် လန်ချူကျွင်းမှာ ဧည့်ခန်းထဲရှိ ပိုက်ဆံအားလုံးအား ဆွဲယူကာ အနောက်ဘက်တံခါးမှတစ်ဆင့် ရုန်းထွက်ဖို့ရာ ကြိုးစားခဲ့သည်။ သို့ပေမဲ့ တစ်နေကုန်စောင့်ဆိုင်းနေခဲ့သည့် ရဲဝန်ထမ်းများမှာ ပြင်ဆင်ထားခဲ့ပြီး ဝင်ပေါက်များအားလုံးအား ပိတ်ဆို့ထားပြီးသား ဖြစ်သည်။
“ငါတို့တွေ အတော်လေးလျို့ဝှက်ထားတာကို ရဲတွေက ဘယ်လိုလုပ်ရှာတွေ့သွားတာလဲ” ရှုယန်သည် အံကြိတ်လိုက်သည်။
ပြီးနောက် ရှုယန်သည် ပလက်တီနမ်ဟိုတယ် အနီးရှိ သူမ၏ လက်အောက်ငယ်သားထံမှ ဖုန်းကောလ်လက်ခံရရှခဲ့သည်။
“ယန်ကျဲ မကောင်းတော့ဘူး၊ ဘော့စ်ကလည်း အဖမ်းခံလိုက်ရပြီ”
ရှုယန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ဘော့စ်ကဘယ်လိုလုပ် ပြဿနာဖြစ်သွားရတာလဲ၊ ဘယ်သူ သူ့ကို တိုင်ကြားလိုက်တာလဲ”
အခြားတစ်ဖက်မှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ရှုယန်အား သတင်းပေးသည့် လက်အောက်ငယ်သားမှာလည်း အဖမ်းခံလိုက်ရလေသည်။ ရှုယန်သည် သူမဘေးရှိ လန့်ဖြန်နေသည့် လန်ချူကျွင်းအား ကြည့်လိုက်ကာ တစ်ချိန်တည်းမှာပင် တစ်ခုခုအား သဘောပေါက်သွားခဲ့သည်။
ပလက်တီနမ်ဟိုတယ်မှ မတော်တဆမှုနှင့် ကာစီနိုကိစ္စများမှာ တစ်ပြိုင်နက်တည်း ဖြစ်သွားခြင်းဖြစ်သည်။
“အဲဒါ ရှုကျစ်ချင်းပဲ၊ ရှုကျစ်ချင်းပဲ ဖြစ်ရမယ် အဲခွေးမကတော့”
ရှုယန်သည် အလွန်ပင်ဒေါသထွက်နေကာ သူမ ရှုကျစ်ချင်းအား အပိုင်းပိုင်းပင် ဆုတ်ဖြဲချင်နေလေသည်။ သူမသည် လန်ချူကျွင်းဘက်သို့ လှည့်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။
“အဲဒါတွေအကုန် ရှင့်အမှားပဲ၊ ရှင်ပြောတော့ ရှုကျစ်ချင်းက ထိန်းချုပ်ဖို့ လွယ်တယ်ဆို သူမက ကျွန်မတို့ရဲ့ တည်နေရာကို ပေါက်ကြားအောင်လုပ်လိုက်တာပဲ ဖြစ်ရမယ်”
လန်ချူကျွင်းများလည်း ဒေါသထွက်နေလေသည်။
သူသည် ကာစီနိုတွင် ယခုလေးတင် ဆယ်သန်းနိုင်ခဲ့သည် ဖြစ်သည်။
ဆယ်သန်း သူထိုမျှလောက်များသည့် ပိုက်ဆံအား ဘယ်သောအခါမှ မမြင်ခဲ့ဘူးပေ။
သို့ပေမဲ့ သူ chips ပြားများအား မလဲလှယ်နိုင်ခင်မှာပင် ကာစီနိုသည် ရဲများမှ ဝင်စီးခံလိုက်ရကာ သူသည်လည်း အဖမ်းခံရတော့မည် ဖြစ်သည်။
ဤသည်မှာ ရှုကျစ်ချင်းဖြစ်သည် သူမသည် သူ၏အရာအားလုံးအား ဖျက်ဆီးပစ်ခဲ့လေသည်။
သူတို့နှစ်ဦးမှာ ထွက်ပြေးနေသော်ညား အခြားသွားစရာမရှိတော့ပေ။ သူတို့သည် အရာရှိကျောက်၏ လူများထံမှ အဖမ်းခံရတော့မည်ကို မြင်လိုက်ချိန်တွင် လန်ချူကျွန်းသည် ရုတ်တရက် သူ့ ဖုန်းအားထုတ်လိုက်လေသည်။
အကယ်၍ သူအဖမ်းခံလိုက်ရလျှင်ပင် ရှုကျစ်ချင်းအား ကောင်းကောင်းမနေစေရပေ။ သူလက်စားပြန်ချေချင်လေသည်။ သူသည် ရှုကျစ်ချင်းအား သူနှင့်အတူ ငရဲသို့ ဆွဲချသွားချင်လေသည်။
ဖုန်း၏ ဆက်သွယ်ရေး မျက်နှာပြင်မှာပွင့်လာကာ ရဲဝန်ထမ်းများသည် ဧည့်ခန်းထဲသို့ အလျင်အမြန်ဝင်လာကြပြီး လန်ချုကျွင်းနှင့်ရှုယန်အား ကြမ်းပြင်ပေါ်တွင် ချုပ်ထားကြလေသည်။
လန်ချူကျွင်းသည် အပြင်းအထန်ရုန်းကန်နေကာ သူ၏ ဖုန်းအား ဆွဲကိုင်ထားကာ ရဲများထံမှ လွတ်မြောက်ဖို့ရာ လုပ်နေလေသည်။ သို့ပေမဲ့ အရာရှိကျောက်မှာ လှပသည့်နောက်ပြန်ကန်ချက်ဖြင့် ကန်လိုက်ပြီး လန်ချူကျွင်းလက်ထဲမှ ဖုန်းအား ပြုတ်ကျသွားစေခဲ့သည်။
ဖုန်းသည် လေထဲတွင်ပျံဝဲပြီး ကြမ်းပြင်ပေါ်သို့ ကျသွားကာ ဖုန်းမျက်နှာပြင်မှာ ပွင့်လန်းနေသည့် ရေခဲပန်းလေးကဲ့သို့ ကွဲကြေသွားခဲ့သည်။
လန်ချူကျွင်း၏ နှလုံးမှာ ချက်ချင်းပင် ပြုတ်ကျသွားခဲ့သည်။ သူသည် လှောင်အိမ်ထဲမှ သားရဲတစ်ကောင်ကဲ့သို့ အော်လိုက်သော်ညား ရဲဝန်ထမ်းများသည် သူ့အား ချုပ်နှောင်ထားလေသည်။
ငယ်ရွယ်သည့် ရဲဝန်ထမ်းလေးတစ်ဦးမှာ အလျင်အမြန်ရောက်လာပြီး အရာရှိကျောက်အား သတင်းပို့လိုက်သည်။
“အရာရှိကျောက်၊ ကျွန်တော်တို့ ကာစီနိုထဲမှာ ရှိတဲ့သူအကုန်လုံးကို ဖမ်းဆီးပြီးသွားပါပြီ၊ ဘယ်သူမှ မလွတ်မြောက်သွားခဲ့ပါဘူး”
အရာရှိကျောက်သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ရဲဝန်ထမ်းများအားလုံးသည်လည်း အောင်ပွဲခံနေကြလေသည်။
လန်ချူကျွင်းသည် ကာစီနို၏ အပျက်အစီးများနှင့် အပြင်းအထန်စိတ်ညစ်နေကြသည့် လူအုပ်အားကြည့်၍ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေလေသည်။
ပြီးသွားပြီ အရာအားလုံး ပြီးသွားပြီဖြစ်သည်။
ထိုအချိနယ်တွင် ကြမ်းပြင်ပေါ်ရှိ ဖုန်း၏ မျက်နှာပြင်မှာ ရုတ်တရက် လင်းလာခဲ့သည်။
မပြုလုပ်ရသေးသည့် ဖုန်းခေါ်ဆိုမှုတစ်ခုမှာ လန်ချူကျွင်းတင်ပြထားသည့် အရာသည် ထူးဆန်းသည့် တိုက်ဆိုင်မှုကြောင့် ဆက်စပ်မိသွားလေသည်။
“ဟယ်လို ဒါက မစ္စလန်လားမသိဘူး၊ ကျွန်မတို့ကုမ္ပဏီက ရှင့်ရဲ့အချက်အလက်တွေကို လက်ခံရရှိပြီးတော့ ချက်ချင်း ထုတ်လွှင့်မှာပါ”
အရာရှိကျောက်၏ မျက်နှာမှာ ရုတ်တရက်ပြောင်းသွားကာ ကြမ်းပြင်ပေါ်ရှိ ဖုန်းအား အလျင်အမြန်ကောက်ကိုင်လိုက်သည်။
“ဘာတောင်းဆိုမှုလဲ၊ ရှင်းရှင်းလင်းလင်းရှင်းပြပေး ဟယ်လို ဟယ်လို”
သို့ပေမဲ့ ဖုန်းကောလ်မှာ ရုတ်တရက် အဆက်အသွယ်သွားကာ မအားသေးပါဆိုသည့် အသံသာ ထွက်လာနေခဲ့သည်။
လန်ချူကျွင်းသည် အရာအားလုံးအား ကြားလိုက်ကာ သူသည် လက်ထိပ်ခတ်ခံထားရသော်ညား သူသည် အောင်ပွဲခံကာ မသမာသကဲ့သို့ ရယ်မောနေလေသည်။
“ဟားဟားဟားဟားဟား ငါအောင်မြင်သွားပြီ ငါအောင်မြင်သွားပြီ၊ ရှုကျစ်ချင်း မင်းကများ ငါ့ကိုတိုင်ကြားရဲတယ်ပေါ့၊ မင်းငါ့ကို သစ္စာဖောက်ရဲတယ်နော် ငါမင်းတစ်ဘဝလုံး ဝမ်းနည်းနေရအောင် လုပ်ပစ်မယ်၊ ဟားဟားဟား တူတူသေကြတာပေါ့ ဟားဟားဟား”
လန်ချူကျွင်း၏ ဖုန်းမှာ သော့တစ်ချောင်းဖြစ်သည်။
ဖုန်းခေါ်ဆိုလာချိန်တွင် သော့မှာ ပန်ဒိုရာသတ္တာအား ဖွင့်လိုက်ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှုကျစ်ချင်း၏ Super Talk Square မှာ သူမ၏ သတင်းလား လွှင့်ခဲ့လေသည်။ လိင်ကိစ္စအရှုပ်အထွေး ဗီဒီယိုမှာ မူလအစက ပလက်တီနမ်ဟိုတယ်၌ ရှုကျစ်ချင်းနှင့် မစ္စတာဝမ်တို့၏ အရှေ့တွင်ပြသခြင်း ဖြစ်သော်ညား နောက်ဆုံးတွင်တော့ လူတိုင်းအား ပြသလိုက်လေသည်။