← Chapters

အခန်း (၉၃-၉၄)

Vol. 9 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 9 Ch. 93-94

Chapter 93

လွန်ခဲ့သော တစ်နာရီခန့်၌။

လော့ရှီလင်သည် ကားထဲတွင်ရှိနေကာ သူမနှင့်ရှဲ့ကျစ်ရှင်း၏ ကောလဟလများအကြောင်း အွန်လိုင်းပေါ်တွင် ရှာဖွေနေခဲ့သည်။

မိန့်ဟောက်သည် ကားတံခါးအား ဖွင့်လိုက်ပြီး လော့ရှီလင် ဘေးတွင် ဝင်ထိုင်လိုက်သည်။

“မစ္စလော့ ကျွန်မတို့တွေ သတင်းထောက်တွေနဲ့ ပြောပြီးပါပြီ၊ သူတို့အကောင့်တွေအားလုံးက ကုမ္ပဏီနဲ့ အတော်လေးရင်းနှီးပါတယ်၊ အဲဒါကြောင့် သူတို့တွေ ကောလဟလတွေ ဖြန့်ကြမှာ မဟုတ်ပါဘူး”

လော့ရှီလင်သည် ကျေနပ်သွားကာ ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ကျွန်မနားမလည်တာက”

မိန့်ဟောက်မှ ဆက်ပြောလေသည်။

“အင်တာနက်သုံးစွဲသူတွေကို မစ္စနဲ့ ရှဲ့ကျစ်ရှင်းက အရင်တုန်းက တွဲဖူးတယ်လို့ ထင်အောင်လုပ်တာက ဘာကြောင့်လဲ”

မိန့်ဟောက်၏ အမြင်မှာမူ တျန်းရှန့် PR ၏ ရှုကျစ်ချင်းအတွက် လုပ်ဆောင်ချက်များအား ဝမ်ရှိန်မှ ကြိုးကိုင်ထားသည်ဟု ယုံကြည်စေပြီး ဝမ်ရှိန်အား အပြစ်ကင်းစေပြီး အနုပညာရှင်၏ ပရိတ်သတ်များအား ပျော်ရွှင်စေလေသည်။ လော့ရှီလင်နှင့် ရှဲ့ကျစ်ရှင်းမှာ နှစ်ဖက်စလုံး၏ အချစ်ဦးဖြစ်သည်ဟု လိမ်ညာခြင်းမှာ မလိုအပ်ပေ။

လော့ရှီလင်၏ မျက်နှာမှာ မဲမှောင်သွားခဲ့သည်။

မိန့်ဟောက် ဘာသိလို့လဲ။

သူမနှင့် ရှဲ့ကျစ်ရှင်းမှာ လိုက်ဖက်သည့် အတွဲပင်ဖြစ်သည်။ အထက်တန်းမှ ယခုအထိ အမြဲတမ်း လိုက်ဖက်ခဲ့သည်။

သူမသည် အင်တာနက်သုံးစွဲသူများအား သူမမှာ ရှဲ့ကျစ်ရှင်း၏ အချစ်ဦးဖြစ်ကာ သူ့နှလုံးသားထဲရှိ ပြီးပြည့်စုံသည့် အမျိုးသမီးဖြစ်သည်ဟု လှည့်စားကာ ထိုကဲ့သို့တွေးနေစေလေသည်။ သူမ မယုံကြည်နိုင်ပေ။ သူမနှင့် ရှဲ့ကျစ်ရှင်းအား အတူမြင်လျှင် ထိုငယ်ရွယ်သည့် မိတ်ကပ်ဆရာမလေးမှာ သိမ်ငယ်သည်ဟု ခံစားရမလား။ သူမ အရှုံးပေးသွားမလား။

ချမ်းသာကြွယ်ဝသည့် မိသားစုနှစ်ခုကြားရှိ ချစ်ခြင်းမေတ္တာမှာ ကြာရှည်ခံမည်လား။

ရယ်စရာကောင်းလှလေသည်။ လိုက်ဖက်သည့် မိသားစုနောက်ခံနှင့် တူညီသည့် စိတ်ဝင်စားမှုရှိမှသာ ကြာရှည်ခံနိုင်မည် ဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည် ငယ်ရွယ်သေးသည့် အချိန်မှာပင် ပထမမျိုးဆက် စွန့်ဦးတီထွင်သူ၏ အာဏာရှင် ကြွယ်ဝမှုကိုပင် ပိုင်ဆိုင်ထားသည့် ယောက်ျားမျိုးဖြစ်သည်။ ထို့အပြင် သူနှင့် လိုက်ဖက်သည့် အမျိုးသမီးမှာ သူမတစ်ဦးတည်းသာ ဖြစ်သည်။

သူမ၏ အသွင်အပြင်နှင့် မိသားစုနောက်ခံသာလျှင် လိုက်ဖက်ညီနေခြင်း မဟုတ်ဘဲ သူမသည် ရှဲ့ကျစ်ရှင်း၏ အသက်မွေးဝမ်းကြောင်း၌ပင် ကူညီပေးနိုင်လေသည်။

ငယ်ရွယ်သည့် မိတ်ကပ်ဆရာမလေးမှာ ဘာများလုပ်နိုင်မည်နည်း။

အချိန်ကျတော့မည် ဖြစ်၍ မိန့်ဟောက်သည် လော့ရှီလင်အား သတိပေးလိုက်ကာ သူတို့နှစ်ဦးသည် ကားထဲမှ ထွက်လာခဲ့သည်။

သူတို့၏ အရှေ့ရှိ အဆောက်အဦးမှာ တိမ်တွေကြားထဲသို့ တိုးဝင်နေပြီး မှန်များသည်လည်း တောက်ပသည့်အဖြူရောင် အလင်းအား ရောင်ပြန်ဟပ်နေလေသည်။ တိမ်ဖြူဖြူလေးများသည့် ကောင်းကင်တစ်ခွင် လွှင့်စင်သွားကာ တိမ်မျှင်လေးများအား ချန်ထားခဲ့လေသည်။

ဤသည်မှာ ရှဲ့လုပ်ငန်းစုဖြစ်သည်။ လော့ရှီလင်မှာ လော့လုပ်ငန်းစု၏ ကိုယ်စားပြုအနေနှင့် ရှဲ့လုပ်ငန်းစုနှင့် ပူးပေါင်းမှုတစ်ခုအား ဆွေးနွေးရန် ရောက်နေခြင်းဖြစ်သည်။

အနက်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်တို့ဖြင့် ဖွဲ့စည်းထားသည့် ရုံးခန်းအဆောက်အဦးမှာ သိမ်မွေ့ကာ ဂုဏ်သိက္ခာရှိသည့် လေထုနှင့် ပြည့်နှက်နေလေသည်။ ဧည့်ကြိုတစ်ဦးမှာ သူတို့နှစ်ယောက်အား ဓါတ်လှေကားဆီသို့ ဦးဆောင်ခေါ်သွားခဲ့ပြီး စီအီးအို၏ ဓါတ်လှေကားပေါ်သို့ တက်လိုက်လေသည်။ ဓါတ်လှေကားသည် လျင်မြန်စွာတက်သွားကာ 88ထပ်သို့ ရောက်ရန်အတွက် ဆယ်စက္ကန့်ကျော်ကျော်သာ ကြာမြင့်လေသည်။

အထူးလက်ထောက်ကျိုးမှာ ဓါတ်လှေကားတံခါး၌ ရပ်နေပြီး သူတို့နှစ်ဦးအား အနည်းငယ်ဦးညွတ်လိုက်လေသည်။

“ဟယ်လို ဥက္ကဋ္ဌလော့”

လော့ရှီလင်သည် အထူးလက်ထောက်ကျိုးအား ယဥ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ကာ ကျယ်ဝန်း တောက်ပသည့် အစည်းအဝေးခန်းထဲသို့ သူ့နောက်မှ လိုက်သွားခဲ့သည်။ သူမဘေးရှိ အတွင်းရေးမှူးမှာ အလျင်အမြန် လှုပ်ရှားနေလေသည်။ လော့ရှီလင်နှင့် မိန့်ဟောက် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အငွေ့ထွက်နေသည့် latte နှစ်ခွက်မှာ အသင့်ချထားပြီး ဖြစ်ကာ သန့်စင်သည့် ရေနှစ်ဘူးလည်း ချထားပေးလေသည်။

လော့ရှီလင်မှာ အတော်လေး စိတ်ကျေနပ်သွားခဲ့သည်။

ရှဲ့လုပ်ငန်းစုမှာ သူမတည်ရှိမှုအား အတော်လေး တန်ဖိုးထားလေသည်။ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအနေအထားမှာလည်း အတော်လေးကောင်းမွန်နေလေသည်။ အကယ်၍ မမျှော်လင့်ထားသည့် အရာများ မဖြစ်လာခဲ့လျှင် လုပ်ငန်းစုနှစ်ခုကြားရှိ ပူးပေါင်းမှုမှာ ချောချောမွေ့မွေ့ပင် ဖြစ်သွားမည်ဖြစ်သည်။

လော့ရှိလင်သည်လည်း သံပူနေတုန်း ရိုက်ချင်ကာ ရှဲ့ကျစ်ရှင်းအား ယနေ့ည Starlight ပွဲအား တက်ရောက်ဖို့ရာ ဖိတ်ကြားမည်ဖြစ်သည်။ သူ မငြင်းဆိုလောက်ပေ။

အထူးလက်ထောက်ကျိုးမှာ အဓိကထိုင်ခုံတွင် ထိုင်လိုက်ပြီး လော့ရှီလင်ထံ စာချုပ်တစ်ခု တွန်းပေးလိုက်လေသည်။

“မစ္စလော့ ဒါကဒီတစ်ယောက် ပူးပေါင်းမှုအတွက် စာချုပ်ပါ၊ ကျေးဇူးပြုပြီး တစ်ချက်လောက်ကြည့်ပေးပါဦး”

လော့ရှီလင်သည် စာချုပ်အား ဖွင့်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျစ်ရှင်း ဘယ်မှာလဲ”

အထူးလက်ထောက်ကျိုးသည် ယဥ်ကျေးစွာ ပြန်ပြောလေ၏။

“မစ္စတာရှဲ့မှာ လုပ်စရာရှိနေတာကြောင့်မလို့ ဒီဘက်ကို သိပ်ဂရုမစိုက်နိုင်လို့ပါ၊ မစ္စလော့မှာ စာချုပ်နဲ့ပတ်သက်ပြီး မေးစရာရှိလို့လား ကျွန်တော် ဖြေပေးနိုင်ပါတယ်”

“သူ့မှာ လုပ်စရာရှိ‌နေတယ်လား”

လော့ရှီလင်သည် စာချုပ်အား စားပွဲပေါ်သို့ အေးစက်စွာ ပစ်တင်လိုက်သည်။

“လော့နဲ့ရှဲ့ မိသားစုကြားက ပူးပေါင်းမှုထက် ဘာက ပိုပြီးအရေးကြီးတာလဲ၊ ဒါက ဘီလီယံနဲ့ချီတန်တဲ့ စီးပွားရေးလေ၊ သူဘယ်ဟာက ပိုပြီးအရေးကြီးတယ်ဆိုတာကို မပြောတတ်ဘူးလား ကျစ်ရှင်း”

“လုပ်ငန်းစုတွေ ပူးပေါင်းတာက တကယ်ကို အရေးကြီးပါတယ်”

အထူးလက်ထောက်ကျိုး တောင်းပန်လိုက်သည်။

“ဒါပေမဲ့ မစ္စရှဲ့က မစ္စရှရဲ့ကိစ္စတွေနဲ့ အလုပ်များနေတာကြောင့်ပါ၊ ကျွန်တော်ထင်တာတော့ မစ္စတာရှဲ့အတွက်ကတော့ ဘီလီယံနဲ့ချီတန်တဲ့ စီးပွားရေးတွေကတောင် သူရဲ့ကောင်မလေးနဲ့ နှိုင်းယှဥ်လို့ မရဘူးလို့ ထင်ပါတယ်”

လော့ရှီလင်၏ မျက်နှာမှာ သထိုစကားအား ကြားလိုက်သည်နှင့် မဲမှောင်သွားခဲ့သည်။

**

ထိုအချိန်တွင် ရှဲ့လုပ်ငန်းစု ဥက္ကဋ္ဌ၏ ရုံးခန်း၌

180 စင်တီမီတာကျော်လောက်မည့် အမျိုးသားနှစ်ဦးမှာ စားပွဲနောက်တွင် ထိုင်နေကြပြီး တစ်ဦးကိုတစ်ဦး ခွေးလေးများကဲ့သို့ စိုက်ကြည့်နေကြလေသည်။

ရှထျန်ဟွာ: “ငါ့ညီမလေးက ဒီလောက်တောင် ချစ်စရာကောင်းတာ သူသေချာပေါက် ပန်းရောင်ဂါဝန် ဝတ်မှာ”

ရှဲ့ကျစ်ရှင်း: “သူက အနက်ရောင်ဂါဝန် ဝတ်တာပိုများတယ်၊ အဲဒါကြောင့် အနက်ရောင်ကိုပဲ ပိုကြိုက်မှာ”

ရှထျန်ဟွာ: “သူမက သူမရဲ့ပရိတ်သတ်တွေကို ပျော်အောင်လုပ်ပေးဖို့ ကြိုးစားနေတာလေ ပြီးတော့ ငါနမူနာတောင်လုပ်ပြီးတော့ ချုပ်ဖို့အတွက် စက်ရုံကိုတောင် ပို့ပြီးသွားပြီ၊ အဲဒါကြောင့် မင်းရဲ့အမြင်က အသုံးမဝင်ဘူး”

ရှဲ့ကျစ်ရှင်းသည် ပြောစရာ စကား မဲ့သွားခဲ့ပြီး သူ့ မျက်လုံးအား လှိမ့်လိုက်လေသည်။

“အဲဒါဆိုရင် ခင်ဗျားဘာလို့ ကျွန်တော့်ကို မေးနေသေးတာလဲ”

ထိုအချိန်တွင် စားပွဲပေါ်တွင် ပါးလွှာသည့် ညအိပ်ဝတ်စုံလေးဝတ်ထားသည့် ရှချန်းချန်းနှင့် ပုံတူ ချည်ထိုးအရုပ်လေး ထိုင်နေလေသည်။ ရှဲ့ကျစ်ရှင်းနှင့် ရှထျန်ဟွာမှာ အရုပ်လေးဝတ်ဖို့ရန်အတွက် လွယ်ကူသည့် ဂါဝန်လေးအား ဆုံးဖြတ်ဖို့ရာ အခက်တွေ့နေကြခြင်းဖြစ်သည်။

လွန်ခဲ့သော ဆယ်မိနစ်က အထူးလက်ထောက်ကျိုးမှာ ရှထျန်ဟွာသည် ရှဲ့ကျစ်ရှင်းထံသို့ စိတ်လှုပ်ရှားကာ တိုးကပ်သွားသည်ကို မြင်ပြီး သူတို့နှစ်ဦးသည် ရှဲ့နှင့်ရှ လုပ်ငန်းစုနှစ်ခု၏ အနာဂတ်တိုးတက်ရေး အစီအစဥ်များအား ဆွေးနွေးနေကြသည်ဟု ထင်ခဲ့လေသည်။ အံ့ဩစွာဖြင့် သူတို့နှစ်ဦးမှာ ရှချန်းချန်း၏ ပရိတ်သတ်အဖွဲ့မှ မကြာခင် ထုတ်တော့မည့် ချည်ထိုးအရုပ်လေးအား မည်သည့် ဂါဝန်ဝတ်ပေးလျှင် အလှဆုံးဖြစ်မည်ကို ဆွေးနွေးနေကြခြင်းဖြစ်သည်။

ထိုအချိန်တွင် လော့ရှီလင်အား တစ်ဦးတည်း ရင်ဆိုင်နေရသည့် အထူးလက်ထောက်ကျိုးမှာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

တကယ်လို့ မင်းက အဲညီမရူးနဲ့ အချစ်ရူးရဲ့ အတွေးတွေကို နားမလည်နိုင်ဘူးဆိုရင် သူတို့က သာမန်လူတွေ မဟုတ်လို့ပဲ။

ရှဲ့ကျစ်ရှင်းသည် ရှထျန်ဟွာ ဒီဇိုင်းဆွဲထားသည့် ဝတ်စုံလေးအား သေချာစစ်ဆေးနေလေသည်။

သူသည် အနက်ရောင်အား ပို၍သဘောကျသော်ညား အရုပ်လေးပေါ်တွင် ပန်းရောင်လေးမှာ လှနေသည်ကိုလည်း ဝန်ခံရမည်ပင် ဖြစ်သည်။

ရှဲ့ကျစ်ရှင်း၏ မျက်လုံးမှာ အနည်းငယ် စိတ်လှုပ်ရှားမှုကို တွေ့လိုက်ရပြီး ရှထျန်ဟွာမှာ ဂုဏ်ယူစွာပြောလိုက်သည်။

“ငါမင်းကို ပြောသားပဲ ပန်းရောင်က ပိုလှပါတယ်ဆို ချစ်စရာလေးမလား”

ရှဲ့ကျစ်ရှင်းမှာ ပဟေဠိဖြစ်သွားခဲ့သည်။

“အနက်ရောင်ကလည်း စတိုင်တစ်မျိုးပဲလေ၊ ဘာပဲဖြစ်ဖြစ်အဲလောက် စျေးကြီးတာမှ မဟုတ်တာ ဘာလို့ နှစ်ခုမထုတ်ကြမှာလဲ၊ အဲဒါဆိုရင် ဝတ်စုံလည်း လဲလို့ရတယ်လေ”

ရှထျန်ဟွာ၏ မျက်လုံးမှာ လင်းလက်သွားခဲ့သည်။

သူဘာလို့ အဲဒါကို မတွေးမိခဲ့တာလဲ။ သူက သူညီမလေးရဲ့ ချည်ထိုးအရုပ်ကနေ ပိုက်ဆံရှာမှာမှ မဟုတ်တာ။ အဲဒါကြောင့် သူစက်ရုံကို အပိုဝတ်စုံလေးလုပ်ခိုင်းလို့ ရတာပဲလေ။ ဘာဖြစ်လို့ အရွယ်ရောက်ပြီးသား လူတစ်ယောက်က ရွေးချယ်မှုတွေ အများကြီး လုပ်နေရမှာလဲ။

ရှထျန်ဟွာသည် စက်ရုံအား အနက်ရောင်ဂါဝန်လည်း လုပ်ဖို့ရာ အမိန့်ပေးလိုက်သည်။

သူဂရုမစိုက်နေသည်ကို မြင်သောအခါ ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ ချစ်စဖွယ်ပုံစံအား အနက်ရောင်ဝတ်စုံသို့ တိတ်တဆိတ်လဲလိုက်လေသည်။

အနက်ရောင်ဂါဝန်လေးမှာ ပို၍ လှနေဆဲဖြစ်သည်။

သူ၏ ဇနီးလေးမှာ အလှဆုံးပင်ဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည် ကြည့်နေရင်း သူ၏ ပါးစပ်ထောင့်များမှာ မထိန်းနိုင်စွာ ကွေးညွတ်သွားခဲ့သည်။

“အဟမ်း”

ရှထျန်ဟွာသည် ချောင်းနှစ်ခါဆိုးလိုက်ပြီး သူ၏ လည်ချောင်းအား ရှင်းလိုက်လေသည်။

ရှဲ့ကျစ်ရှင်းသည် အရုပ်လေးအား အလျင်အမြန်ဘေးသို့ ချလိုက်ကာ ထိုအရုပ်လေးအား မကြိုက်သကဲ့သို့ ဟန်ဆောင်နေလေသည်။

ရှထျန်ဟွာသည် လှောင်ပြောင်လိုက်သည်။

သူ ဘယ်လိုဟန်ဆောင်ရမလဲ သိတာပဲ။

“အပြင်ဘက်က လော့လုပ်ငန်းစုကရော”

ရှဲ့ကျစ်ရှင်းသည် စင်္ကြန်လမ်းတစ်လျှောက်တွင် ဖုန်းသုံးနေခဲ့သော်ညား သူ့ မျက်လုံးထောင့်လေးမှတစ်ဆင့် အစည်းအဝေးအခန်းထဲ၌ ရှိနေသည့် လော့ရှီလင်အား တစ်ပိုင်းတစ်စ တွေ့လိုက်လေသည်။

“မင်း အင်တာနက်ပေါ်က ကောလဟလတွေကို မြင်ပြီးပြီမလား”

ရှဲ့ကျစ်ရှင်း ခေါင်းညိတ်လေသည်။

“လော့မိသားစုက အတော်လေး အမြစ်တွယ်နေတာ၊ ကျွန်တော် သူတို့နဲ့ ပူးပေါင်းဖို့ မစီစဥ်ထားဘူး”

“မင်းအတော်လေး စဥ်းစားတတ်တာပဲ” ရှထျန်ဟွာမှ ပြောလိုက်သည်။

အမှန်တကယ်မှာ ချည်ထိုးအရုပ်လေးအတွက် ဝတ်စုံရွေးချယ်ခြင်းမှာ အကြောင်းပြချက်ပင် ဖြစ်သည်။ ရှထျန်ဟွာသည် လော့လုပ်ငန်းစုမှာ ရှဲ့လုပ်ငန်းစုနှင့် ပူးပေါင်းဖို့ရာ စိတ်ဝင်စားနေသည်ဟု ကြားလေသည်။ သူသည် နိုင်ငံခြားစျေးကွက်များအား တာဝန်ယူခဲ့ရဖူးကာ လော့လုပ်ငန်းစုသည် မည်မျှပင် လှည့်စားနိုင်သည်ကို သိလေသည်။ ဤတစ်ခေါက်မှာ သူသည် ရှဲ့ကျစ်ရှင်းအား သတိပေးဖို့ရန် လာခဲ့ခြင်းဖြစ်သည်။

ရှဲ့ကျစ်ရှင်းသည် မတုံးအ,ပေ။ ထိုကြောင့် သူ၏ ယောက်ဖအနေနှင့် သူသည်လည်း အမှတ်တစ်မှတ် ရသွားနိုင်လေသည်။

“မင်းလိုင်းပေါ်က ကောလာဟလ တွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မှာလဲ”

ရှထျန်ဟွာ ထပ်မံမေးလိုက်သည်။

“ကျွန်တော် ဖြေရှင်းနိုင်ပါတယ်၊ ဒါပေမဲ့ သက်သေမရှိတဲ့ ထုတ်ပြန်ချက်ကြီးက ဒီတိုင်းဖုံးကွယ်ထားသလိုပဲ၊ အဲဒါကြောင့် ဒီထက်ပိုလုံလောက်တဲ့ ပြင်ဆင်ချက်တွေ လုပ်ထားဖို့လိုတယ်”

ရှထျန်ဟွာမှာ ခေါင်းညိတ်လိုက်၏။

မာနကြီးခြင်း သို့မဟုတ် စိတ်မရှည်ခြင်းမရှိပေ။ ဟမ်း အဲဒါအတွက် နောက်တစ်မှတ်။

ရှထျန်ဟွာ: “အပြင်ဘက်က စာချုပ်ကရော လော့ရှီလင်တကယ် လက်မှတ်ထိုးသွားရင် ဘယ်လိုလုပ်မလဲ”

ရှဲ့ကျစ်ရှင်းသည် သူ၏ ရွှေကိုင်းနှင့် မျက်မှန်အား ပင့်တင်လိုက်ပြီး ပါးနပ်စွာ ပြုံးလိုက်သည်။

“သူ လက်မှတ်ထိုးမှာ မဟုတ်ဘူး”

ဘေးရှိ အစည်းအဝေးအခန်း၌ လော့ရှီလင်သည် ဒေါသတကြီး စားပွဲအား ရိုက်ချလိုက်လေသည်။

“ရှဲ့ကျစ်ရှင်းက ဘာကိုဆိုလိုတာလဲ၊ ဒါကကျွန်မတို့ကြားက ဘီလီယံပေါင်းများစွာတန်တဲ့ စာချုပ်လေ၊ သူက ကုမ္ပဏီမှာ ရှိနေတာ အသိအသာကြီးကို ကျွန်မကို ဒီတိုင်း ထားထားတာပေါ့”

အထူးလက်ထောက်ကျိုးမှာ သူ၏ ဘောပင်အား တိတ်ဆိတ်စွာ အဖုံးဖုံးလိုက်သည်။ဥက္ကဋ္ဌရှဲ့ မှန်းထားသည့် အတိုင်းပင် ယနေ့စာချုပ်မှာ လက်မှတ်မထိုးဖြစ်လောက်ပေ။

“ဘော့စ်လော့ ကျွန်တော်တို့ တတ်နိုင်တာဘာမှ မရှိပါဘူး၊ ဒါက ဘော့စ်ရှဲ့ပြောတာပါပဲ၊ သူက သူအလုပ်များနေတယ်လို့ ပြောပြီးတော့ ကျွန်တော်တို့ကို သူ့ကို နှောင့်ယှက်ခွင့်ပေးမှာ မဟုတ်ပါဘူး”

“အဓိပ္ပါယ်မရှိတာတွေ၊ ကျွန်မအခုလေးတင် ရှထျန်ဟွာ သူ့ရုံးခန်းထဲကို ဝင်သွားတာမြင်လိုက်တယ်၊ သူဘာအကြောင်းတွေ ပြောနေတာလဲ၊ သူက သူ့ကောင်မလေးနဲ့ အလုပ်ရှုပ်နေတာလား၊ ရှင် ကျွန်မကို လာနောက်နေတာလား”

လော့ရှီလင် လှောင်ပြောင်လိုက်သည်။

“သူက ရှလုပ်ငန်းစုနဲ့ လက်တွဲလိုက်ပြီးတော့ နိုင်ငံခြားစျေးကွက်ကို ချဲ့ထွင်ချင်တာကြောင့်မလို့ သူက ကျွန်မတို့နဲ့ မပူးပေါင်းတော့တာလား”

အထူးလက်ထောက်ကျိုးသည် တိတ်ဆိတ်နေလေသည်။

“ဟုတ်တယ် ရှင်ကဒီတိုင်း လက်ထောက်လေးပဲဟာ ပြီးတော့ ဘာမှသိမှာမဟုတ်ဘူး၊ ကျွန်မ ကျစ်ရှင်းကို သွားမေးမယ်”

လော့ရှီလင်သည် လှည့်ထွက်ကာ ရှဲ့ကျစ်ရှင်း၏ ရုံးခန်းသို့ ဦးတည်လျှောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှဲ့ကျစ်ရှင်းသည်လည်း ထွက်လာခဲ့သည်။

ရှဲ့ကျစ်ရှင်းအား မြင်လိုက်ရသောကြောင့် လော့ရှီလင်သည် မျက်မှောင်ကြုတ်ထားရာမှ အနည်းငယ် ပြေလျော့သွားပြီး သူမ၏ ယဥ်ကျေးသိမ်မွေ့သော အပြုံးလေးမှာ ပြန်ရောက်လာလေသည်။ သူမသည် လှပစွာ ရှေ့တိုးသွားတော့မည့် အချိန်တွင် ရုတ်တရက် ရှဲ့ကျစ်ရှင်း၏ အနောက်မှ လိုက်လာသည့် ရှထျန်ဟွာအား တွေ့လိုက်ရသည်။

သူမ မျက်နှာမှာ မဲမှောင်သွားလေသည်။

သူမသည် ရှဲ့လုပ်ငန်းစုနှင့် ပူးပေါင်းဖို့ရာ လိုအပ်ပြီး ရှလုပ်ငန်းစုအား သူမကို ကျော်တက်သွားခွင့် မပေးနိုင်ပေ။

“ကျစ်ရှင်း”

လော့ရှီလင်သည် သန့်စင်ထားသည့် ရေဘူးတစ်ဘူးအား ဆွဲယူကာ ရှဲ့ကျစ်ရှင်းထံသို့ နှုတ်ဆက်ရန် သွားခဲ့သည်။ ရုတ်တရက် သူမ သတိမထားမိချိန်တွင် ရှဲ့ကျစ်ရှင်း ရင်ခွင်ထဲသို့ လဲကျသွားခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် ဥာဏ်ပြေးကာ ချက်ချင်းပင် ရှောင်ဖယ်လိုက်လေသည်။

လော့ရှီလင်မှာ ခြေလှမ်းပျက်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူမလက်ထဲရှိ ရေများမှာ ဖိတ်ကျသွား၍ တော်တော်များများမှာ ရှထျန်ဟွာပေါ်သို့ ဖိတ်စင်သွားခဲ့ပြီး ရှဲ့ကျစ်ရှင်း၏ အင်္ကျီပေါ်သို့ အနည်းငယ် စိုသွားစေခဲ့သည်။

ရှဲ့ကျစ်ရှင်း: “....”

ရှထျန်ဟွာ: “....”

လော့ရှီလင်မှာ အလျင်အမြန်ထလာပြီး စိတ်ပူချင်ယောင်ဆောင်ကာ ရှဲ့ကျစ်ရှင်းအား ရေကူသုတ်ဖို့ရန်အတွက် ဘေးမှ တစ်ရှူးအား ဆွဲယူလိုက်လေသည်။

“ကျစ်ရှင်း ရှင်အဆင်ပြေရဲ့လား”

ရှထျန်ဟွာ : “???”

အစ်မကြီးရေ ငါက ရေအစိုဆုံးဆိုတာ အသိအသာကြီးလေ။ မင်းကန်းနေတာလား။

လော့ရှီလင်သည် ရှထျန်ဟွာအား လျစ်လျူရှုထားလေသည်။

“ကျစ်ရှင်း ဒါအကုန် ကျွန်မအမှားတွေပါ၊ ကျွန်မရှင့်ကို အဝတ်တစ်ထည် အစားထိုး ပြန်ပေးမယ် ဆိုရင်ရော ဘယ်လိုလဲ”

“မလိုဘူး ကျွန်တော့်အတွက် အဝတ်အစားတွေမလိုဘူး”

ရှဲ့ကျစ်ရှင်းသည် လော့ရှီလင်အား အေးစက်စွာတွန်းပစ်လိုက်ပြီး သူအား မထိစေချင်ပေ။

“သေချာတာပေါ သေချာတာပေါ့၊ ရှင်ခဏနေရင် Starlight ပွဲတက်ရမှာဆိုတော့ ရှင်ဒီအဝတ်အစားတွေနဲ့ ပွဲတက်လို့တော့ မရဘူးလေ”

လော့ရှီလင်သည် စဥ်းစားပေးကာ ပြောလိုက်သည်။

“ပွဲအချိန်က နီးနေပြီ၊ ပြီးတော့ ကျွန်မလည်း ဂါဝန်လဲဝတ်ဖို့လိုသေးတယ်၊ ကျွန်မတို့ အတူသွားလို့ ရတယ်လေ”

“မစ္စတာရှဲ့ မစ္စတာမှာ အင်္ကျီတွေ ရွေးဖို့ လောက်ရဲ့လား”

အထူးလက်ထောက်ကျိုးသည် သူတို့နှစ်ဦးကြားသို့ အင်္ကျီအပြည့်နှင့် စင်တစ်စင်အား တွန်းပို့လိုက်လေသည်။

လော့ရှီလင်မှာ ဒီဇိုင်နာချုပ်ဝတ်စုံ အများအပြားအား ကြည့်ကာ အံ့ဩသွားခဲ့သည်။

အထူးလက်ထောက်ကျိုး ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်တို့ မစ္စတာရှဲ့က မကြာခဏ အချိန်ပိုဆင်းလေ့ ရှိတယ်လေ၊ ပြီးတော့ ကုမ္ပဏီမှာ စစ်မှန်တဲ့ ဒီဇိုင်နာချုပ်ဝတ်စုံတွေနဲ့ ရှပ်အင်္ကျီတွေ ပြင်ဆင်ထားပြီးသားပါ၊ အဲဒါကြောင့် မစ္စလော့ကို ဒုက္ခပေးဖို့ မလိုပါဘူး”

လော့ရှီလင်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး အပြာရောင်ပြောင်းသွားခဲ့သည်။

ရှဲ့ကျစ်ရှင်းမှာ ယဥ်ကျေးစွာ ပြောလေသည်။

“Starlight Gala ပွဲက မကြာခင်မှာ စတော့မယ်မလား၊ မစ္စလော့ ဘာလို့ အရင်ပြန်ပြီး မပြင်ရတာလဲ”

ဤသည်မှာ ထွက်သွားဖို့အတွက် အမိန့်ပေးနေ သကဲ့သို့ပင် ဖြစ်သည်။

လော့ရှီလင်မှာ ရွေးချယ်စရာမရှိပေ။ ပူးပေါင်းဖို့ရာ ညှိနှိုင်းမှုမှာ မအောင်မြင်သည့်အပြင် ရှဲ့ကျစ်ရှင်းအား ဆွဲဆောင်ရန် ကြိုးစားမှုမှာ ကျရှုံးသွားခဲ့သည်။ သို့သော်ညား သွားဖို့ လမ်းရှည်ကြီးကျန်နေသေးကာ အခြေအနေများ ပြောင်းလဲသွားမည် ဖြစ်သည်။

ရှဲ့ကျစ်ရှင်းနဲ့ သူရဲ့ကောင်မလေးကလား လက်ထပ်ထားကြတုန်းပဲလား။ အခု သူမပြန်ရောက်လာပြီဆိုတော့ ရှဲ့ကျစ်ရှင်းက မကြာခင်မှာ ငါတို့နှစ်ယောက်ကသာ လိုက်ဖက်တဲ့ အတွဲအဖက်ဆိုတာကို သဘောပေါက်သွားမှာပဲ။

လော့ရှီလင်သည် အထူးလက်ထောက်ကျိုးနှင့် ရှထျန်ဟွာအား ဒေါသတကြီး ကြည့်လိုက်ကာ လှည့်လိုက်ပြီး ရှဲ့လုပ်ငန်းစုမှ အေးစက်သည့် ပုံစံနှင့် ထွက်သွားခဲ့သည်။

ရှထျန်ဟွာသည် တစ်ဦးတည်းကျန်ခဲ့တာ သူ၏ စိုစွတ်နေသည့် အင်္ကျီအား ရေညှစ်နေပြီး သူ့မျက်နှာမှာ အပြစ်ကင်းစင်သည့် ပုံပေါ်နေလေသည်။

သူဘာလုပ်ခဲ့မိလို့လဲ။ ဘယ်လိုဖြစ်လို့ ဒီအမျိုးသမီးက ဒီလောက်တောင် ရက်စက်ရတာလဲ။

ရှထျန်ဟွာသည် ရှဲ့လုပ်ငန်းစု၌ ကြာကြာမနေခဲ့ပေ။ ရှဲ့ကျစ်ရှင်း၏ အင်္ကျီအား လဲဝတ်ပြီးနောက် သူထွက်သွားခဲ့သည်။

နာရီဝက်ကြာပြီးနောက် ရှချန်းချန်းသည် ရှဲ့လုပ်ငန်းစုသို့ ရောက်လာခဲ့သည်။

လာနေသည့် လမ်းတွင် ဟုန့်ပေါ်ချောင်သည် သူမအား ဆက်တိုက် ဖုန်းခေါ်ဆိုနေခဲ့သည်။ ယနေ့ညမှာ Starlight ပွဲ ညဖြစ်ကာ မိတ်ကပ်အဖွဲ့မှာ သူမအား မိတ်ကပ်ပြင်ပေးရန်အတွက် အင်ပါယာသစ်တောဥယျာဥ်သို့ သွားရမည် ဖြစ်သည်။

သို့ပေမဲ့ ယခုအချိန်မှာတော့ ရှချန်းချန်း၏ စိတ်မှာ ရှုပ်ထွေးနေလေသည်။

ဘယ်လို Starlight ပွဲမျိုးကို သူမ သွားရမှာလဲ။

သူမ သိရန်အတွက် ရှဲ့ကျစ်ရှင်းကိုသာ ရှာချင်နေခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် သူ့ ဝတ်စုံအား လဲလိုက်ကာ ရှထျန်ဟွာထံမှ ပထမဆုံး ချည်ထိုးအရုပ်လေးအား ဆွဲယူကာ အိမ်ပြန်ဖို့ ပြင်နေပြီး ရှချန်းချန်းအား စပရိုက်တိုက်ဖို့ရာ ပြင်နေလေသည်။

ဓါတ်လှေကား တံခါးမှာ ဖြေးဖြေးချင်းပွင့်လာကာ တစ်ချိန်တည်းမှာပင် ရှချန်းချန်းထွက်လာသည်ကို တွေ့လိုက်ရလေသည်။

“ချန်းချန်း မင်းဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”

ရှဲ့ကျစ်ရှင်းသည် အနည်းငယ် အံ့အားသင့်သွားကာ ချည်ထိုးရုပ်လေးပါသည့် စက္ကူအိတ်လေးအား သူ့အနောက်သို့ တိတ်တဆိတ် ဝှက်လိုက်လေသည်။

“မင်းအကုန်လုံး သိနေတာတော့ မဟုတ်ဘူးမလား”

ရှချန်းချန်း၏ မျက်နှာမှာ ထိုစကားအား ကြားပြီးနောက် ပို၍ပင် မဲမှောင်လာခဲ့သည်။

ကောင်းပြီ။ ကြည့်ရတာတော့ သူနဲ့ လော့ရှီလင်က အချင်းချင်းရဲ့ အချစ်ဦးတွေဆိုတာ အမှန်ပဲ ထင်တယ်။ သူရဲ့အပြုံးက အခုလေးတင် လော့ရှီလင်နဲ့ အချိန်ကောင်းတွေ ကုန်ဆုံးလိုက်ရသလိုမျိုး တောက်ပနေတာပဲ။

ရှချန်းချန်းသည် လှောင်ပြောင်သကဲ့သို့ ပြောလိုက်သည်။

“ရှင့်ကြည့်ရတာ ပြောနေကြသလိုပဲ ရှင်သူမကို တကယ်ကြိုက်တယ်ထင်တယ်”

ရှဲ့ကျစ်ရှင်းသည် အနည်းငယ် ရှက်ရွံ့ကာ ခေါင်းညိတ်ပြလိုက်လေသည်။

ရှချန်းချန်း နင်သွားခဲ့သည်။

ရှဲ့ကျစ်ရှင်း တကယ်ခေါင်းညိတ်ရဲတယ်ပေါ့။ သူတကယ်ပဲ ခေါင်းညိတ်ရဲတယ်ပေါ့။

ရှချန်းချန်းသည် အလွန်ပင်ဒေါသထွက်နေကာ သူမ၏ အဆုတ်များ ပေါက်ကွဲထွက်မတတ်ပင် ဖြစ်သည်။ သူမ မဝံ့မရဲမေးလိုက်သည်။

“သူမက လှလား”

ရှဲ့ကျစ်ရှင်းသည် တစ်ခဏမျှ တွေးလိုက်ကာ

“သူမက လှပါတယ် ချောမွတ်ပြီးတော့ လှပနူးညံ့တဲ့ မျက်နှာလေးရယ် မျက်လုံးဝိုင်းလေးတွေရယ် ပြီးတော့ ကိုင်လို့လည်း ကောင်းတယ်”

ရှချန်းချန်း: ????

ကိုင်တယ်။ သူ သူမကိုတကယ်ပဲ ကိုင်ခဲ့တာပေါ့။ သူ့မှာ ဇနီးတစ်ယောက်ရှိတာကို သတိမရဘူးလား။ ပြီးတော့ သူဘယ်လိုလုပ် သူမကို ထိရဲရတာလဲ။

ရှချန်းချန်းအော်လိုက်သည်။

“ရှင်သူမကို ထိခဲ့တယ်ပေါ့”

ရှဲ့ကျစ်ရှင်း: “ဟုတ်တယ်လေ ကိုယ်သူမရဲ့ အဝတ်အစားတွေကိုတောင် လဲပေးခဲ့သေးတယ်”

ချည်ထိုးအရုပ်လေးမှာ အောက်ခံအလွှာအား ဝတ်ဆင်ထားရသည်ဖြစ်၍ အင်္ကျီလဲပေးသည်မှာ အခြားအရုပ်လေးများကဲ့သို့ပင် ဖြစ်သည်။

ရှချန်းချန်း:???

ရှဲ့ကျစ်ရှင်းဘယ်လိုလုပ် ဒီလို ရှက်စရာကိစ္စတွေကို ပြောရဲရတာလဲ။

ဒေါသများဖြင့် တုန်ယင်နေကာ ရှချန်းချန်းသည် သူမ၏ မျက်လုံးများမှာ မီးတောက်လာတော့မည်ဟုပင် ခံစားလိုက်ရလေသည်။

ရှဲ့ကျစ်ရှင်းသည် စက္ကူအိတ်ထဲမှ ချည်ထိုးအရုပ်လေးအား ယူရန်အတွက် ငုံ့လိုက်လေသည်။

“မင်းဒီကိုရောက်လာတော့လည်း ကိုယ်မင်းကို ပြလိုက်မယ်”

“ကြည့်စမ်းပါဦး၊ ရှင့်ကိုရှင် ကြည့်လိုက်ပါဦး အကြံကြီးတဲ့ မကောင်းတဲ့လူကြီးရဲ့”

ရှချန်းချန်းသည် အံကြတ်လိုက်ကာ

“ကျွန်မ Starlight ပွဲ ကိုသွားမှာ၊ ကျွန်မရှင့်ရဲ့ အချစ်ဟောင်းတွေထဲက တစ်ယောက်မှ မတွေ့ချင်ဘူး ဟွန့်”

ထိုသို့ပြောပြီးနောက် သူမထွက်သွားခဲ့သည်။

ထိုအချိန်တွင် ရှဲ့ကျစ်ရှင်းမှာမူ ချည်ထိုးအရုပ်လေးအား ထုတ်ပြီးရုံသာရှိသေးလေသည်။ ချစ်စရာအရုပ်လေးအား ကိုင်ထားရင်း ရှချန်းချန်း ပျောက်ကွယ်သွားသည်ကို ကြည့်နေကို အံ့ဩသွားသည့် ပုံစံနှင့် ကြည့်နေခဲ့သည်။

သူက သူနဲ့ရှထျန်ဟွာ ဒီဇိုင်းဆွဲထားတဲ့ အရုပ်လေးကို ချန်းချန်းကို ပြချင်ခဲ့ရုံလေး မဟုတ်ဘူးလား။ သူမ ဘာလို့ ဒီလောက်တောင်စိတ်ဆိုးနေတာလဲ။

ရှဲ့ကျစ်ရှင်းသည် သူ၏ခေါင်းအား ခါယမ်းလိုက်သည်။

အမျိုးသမီးတစ်ဦးရဲ့ နှလုံးသား တကယ့်ကို ပင်လယ်ရေပြင်အောက်က တန်ဖိုးကြီးအရာလိုပဲ။

နေဝင်ချိန်၏ နေရောင်ခြည်အားလုံးကို ညကရှင်းထုတ်ပစ်လိုက်ကာ မီးများသည်လည်း စတင် လင်းလာခဲ့သည်။ နာမည်ကြီးများ တက်ရောက်သည့် အခမ်းအနား မြင်ကွင်းပုံစံမှာ နီယွန်မီးအရောင် ဖျော့ဖျော့လေးအား ထွန်းထားကြလေသည်။ နာမည်ကြီးများ တက်ရောက်သည့်မြင်ကွင်းမှာ ကောင်းကင်နှင့်အပြိုင်ပင် တောက်ပနေလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုသည် အဝင်ဝရှိ ကော်ဇောနီ နေရာ၌ ဆင်ထားပြီးဖြစ်သည်။ ကုမ္ပဏီ မျိုးစုံမှ အနုပညာရှင်များသည် တစ်ဦးပြီးတစ်ဦး တောင်ပြောင်သည့် ကော်ဇောနီကြီးကြီးပေါ်မှ ဖြတ်ကျော်လာကာ ကြီးမားသည့် ဆိုင်းဘုတ်ကြီး၌ လက်မှတ်ထိုးပေးကြလေသည်။

ပန်းရောင် Ferrari ထဲမှ ရှချန်းချန်းထွက်လာသည်နှင့် မီးအလင်းရောင်များမှာ သိပ်သည်းလွန်းကာ ကော်ဇောနီနေရာအား နေ့ဘက်အချိန်ကဲ့သို့ပင် လင်းလက်သွားစေခဲ့သည်။

ရှဲ့ကျစ်ရှင်း၏ အပြုအမူကြောင့် အတော်လေး ဒေါသထွက်နေသော်ညား သူမ ကော်ဇောနီပေါ်တွင် လျှောက်ရမည်ဖြစ်၍ ရှချန်းချန်းသည် ကော်ဇောနီပေါ်တွင် အလှဆုံး အမျိုးသမီးဖြစ်နေရမည်။

တောက်ပသည့် အဝါရောင် ရင်ပြတ်ဂါဝန်ရှည်မှာ မြင့်မားကာ ကျော့ရှင်းလေသည်။ခါးတွင် တောက်ပသည့် အနက်ရောင်စိတ်များနှင့် စီခြယ်ထားသည့် အနက်ရောင်ပိုးခါးပတ်အား ပတ်ထားလေသည်။ စကပ်မှာမူ တောက်ပသည့် အဝါရောင်ဖဲသားနှင့် ပြုလုပ်ထားပြီး မီးရောင်အောက်တွင် ကြယ်များကဲ့သို့ တောက်ပနေလေသည်။

မင်းဂိမ်းကို ရှုံးလို့ရတယ် ဒါပေမဲ့ တိုက်ပွဲကိုတော့ ရှုံးလို့ မဖြစ်ဘူး။

ရှဲ့ကျစ်ရှင်း၏ မျက်လုံးထဲတွင် လော့ရှီလင် မည်မျှပင် လှနေပါစေ ရှချန်းချန်းသည် အလှဆုံးပင်ဖြစ်သည်။

[အား ငါတို့နောက်ဆုံးတော့ ချန်းကျဲကို တွေ့ရပြီ၊ ချန်းကျဲရဲ့ ကော်ဇောနီပုံစံက တကယ်ကို အလှဆုံးပဲ]

[ရှချန်းချန်းမှာ ခုတလော ရိုက်ကူးရေးတွေသိပ်မရှိပေမဲ့ သူက ကော်ဇောနီပေါ်မှာတော့ မယှဥ်နိုင်စရာပဲ]

[ဝိုး ချန်းကျဲက လှလိုက်တာ၊ သူမက မော်ဒယ်ဝတ်တာတွေထက်ကို ပိုပြီးလှတယ်]

လုယန်ရုန်၊ မုန့်ရုယန်နှင့် ကျင်ရိဖန်မှာ ရှချန်းချန်းထက် ပိုစောရောက်ကြလေသည်။ ရှချန်းချန်းကော်ဇောနီပေါ် လျှောက်ပြီးသွားသည်ကို မြင်လိုက်သည်နှင့် သူတို့သည်သည် စိုးရိမ်မှုနှင့်အတူ အနားတိုးကပ်သွားကြလေသည်။

မုန့်ရုယန်: “ဘာတွေဖြစ်နေတာလဲ”

လုယန်ရန်: “ရှဲ့ကျစ်ရှင်း ရှင်းပြီးပြီလား”

ကျင်ရိဖန်: “မရီး မရီးတို့ ကွာရှင်းကြမှာတော့ မဟုတ်ဘူးမလား၊ မဖြစ်ဘူး..”

မုန့်ရုယန်နှင့် လုယန်ရန်နှစ်ဦးစလုံးမှ သူ၏ ခေါင်းအားရိုက်လိုက်၍ ကျင်ရိဖန်မှာ အပြီး မပြောလိုက်ရပေ။

လုယန်ရန်: “ယောက်ျားတွေက ထူးဆန်းလွန်းတယ် သူတို့ကို နားမထောင်နေနဲ့၊ တကယ်လို့ သမီးကွာရှင်းချင်တယ်ဆို ကွာရှင်းလိုက်၊ ဆက်ဆွဲထားမနေနဲ့”

မုန့်ရုယန်: “ရှဲ့ကျစ်ရှင်းက မဆိုးပါဘူး၊ ကျဲက အဆင်မပြေတဲ့သူကို ကူညီနေတာပဲ နှိုးထပါတော့”

လုယန်ရုန်: “အဲဒါအမှန်ပဲ၊ ခြေနှစ်ချောင်းနဲ့ မိန်းမတွေက ရှာရခက်ပေမဲ့ ခြေနှစ်ချောင်နဲ့ယောက်ျားတွေကတော့ နေရာတိုင်းမှာပဲ”

ကျင်ရိဖန်: “....”

သနားစရာ ဝမ်းကွဲ။ သူ သူ့ရဲ့ ဇနီးကိုနောက်ဆုံးတော့ လိုက်နိုင်ခဲ့ပေမဲ့ အခုတော့ သူရဲ့ဇနီးကို လူသေရုံအထိ လိုက်ရတော့မှာပါလား။

[N/ ပြောချင်တာက ကွာရှင်းတော့မှာဆိုတော့ သေတဲ့အထိ မျှော်လင့်ချက်မရှိတော့ဘူး]

ရှချန်းချန်းသည် တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာမှာ သူမတို့အား မရိုက်ကူးနိုင်သည်ကို တွေ့မှ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

သူမသည် ယနေ့တွင် အတော်လေးဒေါသထွက်နေကာ ရှဲ့လုပ်ငန်းစုသို့ သွား၍ ရှဲ့ကျစ်ရှင်းအား သွားရှာခဲ့သည်။ သို့ပေမဲ့ အိမ်ပြန်ရောက်ကာ မိတ်ကပ်လိမ်းဖို့ လုပ်နေချိန်တွင် ရှချန်းချန်း တစ်ခါပြန်တွေးလိုက်ကာ ရှဲ့ကျစ်ရှင်း၏ အဖြေများမှာ မှားနေသည်ဟု ခံစားရလေသည်။

အကယ်၍ လော့ရှီလင်သာ ရှဲ့ကျစ်ရှင်းရဲ့ အမှန်တကယ် အချစ်ဦးဆိုရင် သူတို့နှစ်ဦး ပြန်တွေ့ချိန်ကျ ရှဲ့ကျစ်ရှင်းက ငါ့ကို ပွင့်ပွင့်လင်းလင်းနဲ့ အားတက်သရောပြောလောက်တယ်မလား။

အခု ဖောက်ပြန်တာတွေက အဲလောက်တောင် ပေါ်ပေါ်ထင်ထင်လုပ်လို့ ရနေပြီလား။

ပြီးလျှင် အွန်လိုင်းမှတ်ချက်များ ရှိလေသည်။ ရှချန်းချန်းသည် မှတ်ချက်များအား သေချာခွဲခြမ်းစိတ်ဖြာကြည့်ပြီး ဤသည်မှာ သတင်းမှားလျှောက်ဖြန့်သည့် အဖွဲ့မှ လုပ်ထားသည့် အရာများပင်ဖြစ်သည်။

ဘယ်သူလုပ်တာလဲ။ လော့ရှီလင်လား။

သူမ ဘာလို့အဲလိုလုပ်ရတာလဲ။ သူမကို တမင်သက်သက် စိတ်တိုစေပြီး ငါနဲ့ ရှဲ့ကျစ်ရှင်းကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိစေချင်တာလား။

ရှချန်းချန်းသည် လော့ရှီလင်အား ကြည့်မိသွားလေသည်။

မီဒီယာမိတ်ဆွေအများစုမှာ သူမဘေးတွင် ဝန်းရံနေကြပြီး အင်တာဗျူးနေကြလေသည်။

ယနေ့တွင် အင်တာနက်မှာ လော့ရှီလင်၏ မှတ်ချက်များနှင့် ပြည့်နေပြီး သူမအား နာမည်ကြီးတစ်ယောက်ဖြစ်ဖို့ ထိုက်တန်သည့် ပုံစံမျိုးရှိခြင်း၊ သူမ၏ မိသားစုနောက်ခံနှင့် ဝမ်ရှိန်၏ စီအီးအိုတစ်ယောက်ဖြစ်သည့် သူမ၏ အထင်ကြီးဖွယ်ရာကောင်းသည့် အလုပ်အကိုင်များကြောင့် ချီးကျူးနေကြလေသည်။

တခြားဘယ်သူ့ကို သူတို့ အင်တာဗျူးသင့်တာလဲ။

ကင်မရာနဲ့ ရင်ဆိုင်ရချိန်တွင် လော့ရှီလင်မှာ တည်ငြိမ်နေလေသည်။

“ဒီတစ်ခေါက် ကျစ်ချင်းရဲ့အခြေအနေအတွက် တျန်းရှန့်ရဲ့ အကူအညီအပေါ် ကျွန်မအတော်လေး ကျေးဇူးတင်မိပါတယ်၊ ဝမ်ရှိန်မှာ ပြင်ဆင်စရာတွေ ပြင်ထားပြီးပေမဲ့ ကျစ်ရှင်းက ဝင်စွက်ဖက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ”

သတင်းထောက်၏ မျက်လုံးများမှာ လင်းလက်သွားပြံး လော့ရှီလင် ချလိုက်သည့် ထောက်ချောက်မှာ မိသွားလေသည်။

“အဲဒါဆိုရင် ဝမ်ရှိန်က တျန်းရှန့် PR ကို ကူညီပေးဖို့ တောင်းဆိုခဲ့တာ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ ရှဲ့ကျစ်ရှင်းဘက်က စပြီးကူညီပေးခဲ့တာပေါ့”

လော့ရှီလင်သည် မသိမသာလေး ခေါင်းညိတ်လေသည်။

သတင်းထောက်မှ ထပ်မေးလိုက်သည်။

“ဆိုတော့ မစ္စ သရုပ်ဆောင်ရှဲ့ကို ကျစ်ရှင်းလို့ခေါ်တယ်ဆိုတော့ မစ္စတို့ နှစ်ဦးကအတော်လေး ရင်းနှီးတယ်လို့ ဆိုလိုတာပေါ့၊ ထူးထူးခြားခြား ဆက်ဆံရေးများလား”

လော့ရှီလင် ပြုံးလိုက်ကာ “ကျွန်မတို့တွေ အထက်တန်းတူတူတက်ခဲ့ကြပြီးတော့ သိခဲ့ကြတာ နှစ်ပေါင်းတော်တော်ကြာပါပြီ”

သတင်းထောက် ထပ်မေးလိုက်သည်။

“အဲဒါဆိုရင် မစ္စတို့က အချင်းချင်းရဲ့ အချစ်ဦးတွေဆိုတဲ့ အင်တာနက် ကောလာဟလတွေက အမှန်ပဲပေါ့၊ ရှဲ့ကျစ်ရှင်းက လူလွတ်ဖြစ်နေတာ နှစ်ပေါင်းများစွာကြာနေပြီ၊ ကြည့်ရတာတော့ သူမစ္စကို လက်မလွတ်နိုင်သေးဘူးထင်တယ်”

လော့ရှီလင်သည် ပြန်မဖြေခဲ့သော်ညား သူမ၏ ပါးပြင်များမှာ နီမြန်းလာခဲ့ကာ မျက်လုံးထောင့်တွင် မိန်းကလေးဆန်သည့် ရှက်ရွံမှုသဲလွန်စလေး ပေါ်လာခဲ့သည်။

[ဒါကတကယ့်ကို လရောင်ဖြူဇာတ်လမ်းပဲ၊ ငါကတော့ စိတ်လှုပ်ရှားနေပြီ]

[ဒီလူနှစ်ယောက်ကို ဒီလိုမြင်ရတာက မျက်လုံးထဲမှာ အတော်လေး ကြည့်လို့ကောင်းနေတာပဲ၊ သူတို့တွေက နတ်ဖက်တဲ့ စုံတွဲပဲ]

[ဘာက ကြည့်လို့ကောင်းနေတာလဲ၊ ရှဲ့ကျစ်ရှင်းက နည်းနည်း လူရှုပ်လူပွေဆန်တယ်လို့ ထင်နေတာ ငါတစ်ယောက်တည်းလား၊ ဘာလရောင်ဖြူလေးလဲ ရှရှကရော ဘယ်လိုလုပ်မလဲ]

[ရှရှနဲ့ ရှဲ့ကျစ်ရှင်းက ဘယ်တုန်းကမှ အတူမရှိသင့်ဘူး၊ တကယ်လို့ ငါသာ ရှရှဆိုရင် ချက်ချင်း လမ်းခွဲပစ်မှာ၊ လူတွေက အသိလေးကပ်သင့်တယ်”

[ဘာပဲဖြစ်ဖြစ် ငါကတော့ လော့ရှီလင်နဲ့ ရှ့ကျစ်ရှင်း ဘက်ကပဲ၊ သူက သူမကို တကယ်ဂရုစိုက်တာပဲ အရမ်းချိုမြိန်တာပဲ]

မုန့်ရုယန်နှင့် လုယန်ရန်မှာ ရှချန်းချန်း၏ ဘေးတစ်ဖက်စီတွင် ရပ်နေကြလေသည်။

လုယန်ရန် သက်ပြင်းချလိုက်ကာ “ငါအခုလေးတင် သတင်းရတာ ဝမ်ရှိန်က Starlight ပွဲ ရဲ့ အကြီးမားဆုံး ရင်းနှီးမြုပ်နှံသူတဲ့၊ အဲဒါကြောင့် ပွဲစီစဥ်တဲ့သူတွေက လော့ရှီလင်နဲ့ ရှဲ့ကျစ်ရှင်းကို ဖွင့်ပွဲအက အတူကပေးဖို့ ဖိတ်ခေါ်ထားတယ်တဲ့”

မုန့်ရုယန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဘုရားရေ ရှဲ့ကျစ်ရှင်း သဘောမတူလိုက်ဘူးမလား”

လုယန်ရန်သည် အံကြိတ်လိုက်ကာ

“သူသာ သဘောတူရဲရင် ငါသူ့ကို သတ်ပစ်မယ်”

ကျင်ရိဖန်သည် သူမ၏ဘေးတွင် တုန်ယင်နေကာ စကားဝင်မပြောရဲပေ။

ရှချန်းချန်းသည်လည်း တိတ်ဆိတ်နေလေသည်။

မဝေးသည့် နေရာတစ်ခုတွင် ပရိတ်သတ်များသည် ကျယ်လှောင်စွာ အော်ဟစ်နေကြလေသည်။

ရှဲ့ကျစ်ရှင်း Golden Horse ဆုကြီး သုံးဆု၏ပိုင်ရှင်သည် သူ၏ နောက်ဆုံးဝင်ရောက်မှုအား ပြသခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာများမှာ သူ၏အနောက်သို့ စင်နောက်အထိ လိုက်ခဲ့လေသည်။ အချိန်ကိုက်ပင် စင်နောက်အကမှာလည်း စတင်ရုံလေးပဲ ရှိသေးကာ လော့ရှီလင်နှင့် ရှဲ့ကျစ်ရှင်းပေါ်သို့ မီးမောင်းနှစ်ခု ထိုးလာခဲ့သည်။

ထိုအချိန်တွင် အရာအားလုံး မဲမှောင်နေကာ သူတို့၏ အဖြူရောင်အလင်းသာလျှင် ၎င်းတို့အား အလင်းပေးထားပြီး ပျောက်ဆုံးသွားသည့် သူငယ်ချင်းနှစ်ယောက် ညဘက်တွင် ပြန်လည်ဆုံတွေ့ကြ သကဲ့သိုပင် ဖြစ်သည်။

Starlight ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အထူးဆွဲဆောင်မှုရှိနေလေသည်။ ကြီးမားသည့် ဖန်သားပြင်ပေါ်တွင် ယခင်ဆုရရှိသည့် နာမည်ကြီးများ၏ ဗီဒီယိုများပြနေသည်ရာမှ ရှဲ့ကျစ်ရှင်းပေါ်လာသည်နှင့် နှစ်ခုခွဲကာ သူနှင့် လော့ရှီလင်တို့ Starlight ပွဲတွင် ရှိနေသည့် ပုံရိပ်အား ပြောင်းလဲပြသလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသည့်သူများမှာ ပွက်လောရိုက်သွားကြလေသည်။

[အား ဘယ်လိုတောင်လိုက်ဖက်တဲ့ အတွဲလဲ၊ ဘယ်လိုတောင် လိုက်ဖက်တဲ့ အတွဲလဲ]

[အတူရှိလိုက်ကြတော့ အတူရှိလိုက်ကြတော့ အတူရှိလိုက်ကြတော့]

[ဟားဟားဟား ငယ်ရွယ်ပြီး ချမ်းသာတဲ့ အမျိုးသားနဲ့ အမျိုးသမီးလေး၊ ဘယ်လိုတောင် မျက်စိကျွေးစရာတွေလဲ]

[ငါသူတို့နှစ်ယောက် တူတူကတာ မြင်ချင်တယ်၊ ရှဲ့ကျစ်ရှင်း မြန်မြန် လော့ရှီလင်ကို အတူကဖို့ ခေါ်လိုက်လေ]

လော့ရှီလင်သည် သူမ၏ ရှည်လျားကာ ဖောင်းပွသည့် မင်္ဂလာဝတ်စုံကဲ့သို့ ဂါဝန်အား မကာ ရှဲ့ကျစ်ရှင်းဆီသို့ လျှောက်သွားခဲ့သည်။ သူမသည် သူမ၏ လက်အားဆန့်တန်းလိုက်ပြီး သူအား မျှော်လင့်တကြီးကြည့်နေလေသည်။

“မစ္စလော့”

ရှဲ့ကျစ်ရှင်း အေးစက်စွာ ပြောလိုက်သည်။

“ကျွန်တော့်ကို Starlight ပွဲ ရဲ့ အဖွင့်အကအတွက် ဖိတ်ကြားတာကို ကျွန်တော်ရှင်းရှင်းလင်းလင်း ငြင်းဆိုခဲ့တာ သေချာပါတယ်”

သူ၏ အသံမှာ တိုးကာ တိုက်ရိုက်ထုတ်လွှင့်မှု မိုက်ခရိုဖုန်းမှ မဖမ်းယူနိုင်သော်ညား လော့ရှီလင်နှင့် သူတို့ဘေးနားရှိ လူများ ကြားဖို့ရာ လုံလုံလောက်လောက်ကျယ်လေသည်။

လော့ရှီလင်၏ အမူအယာမှာ အေးခဲသွားကာ သူသည် ရှေ့သို့နှစ်လှမ်းတိုးလိုက်ပြီး ရှဲ့ကျစ်ရှင်းဘက်သို့ တိုးလိုက်ကာ တီးတိုးပြောလိုက်သည်။

“ဖြစ်နိုင်တာ ပွဲစီစဥ်သူတွေ အထင်မှားသွားတာများလား၊ ဒါပေမဲ့ အားလုံးကအခု ကျွန်မတို့ကို ကြည့်နေကြတာ မစ္စတာရှဲ့ ဒါကအကလေးပါပဲ၊ ကျွန်မတို့တွေ နောက်မှ အင်တာနက်သုံးစွဲသူတွေကို ရှင်းပြလိုက်လို့ရပါတယ်၊ အဲဒါကြောင့် အားလုံးကို အရှက်မခွဲပါနဲ့”

လော့ရှီသည် သူမဆိုလိုရင်းကို ရှဲ့ကျစ်ရှင်း နားလည်မည်ဟု ယုံကြည်လေသည်။ သူလုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ မီးများမှာ ဖွင့်ထားပြီဖြစ်ပြီး လူတိုင်းမှာ သူမတို့နှစ်ဦးအား ကြည့်နေကြလေသည်။ ရှဲ့ကျစ်ရှင်းကဲ့သို့ သူမျိုးမှာ ထိုကဲ့သို့ ကြီးမားသည့် ပွဲကြီး၌ ပြဿနာရှာလိမ်မည် မဟုတ်ဟု လော့ရှီလင် အခိုင်အမာ ယုံကြည်ထားလေသည်။

ကြွယ်ဝသည့် မိသားစုများအတွက် မျက်နှာမှာ အတော်လေးအရေးကြီးလေသည်။

ရှဲ့ကျစ်ရှင်းသည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင်တော့ ပူးပေါင်းပေးကာ လော့ရှီလင်ထံ သူ၏လက်အား ကမ်းပေးလိုက်လေသည်။

လော့ရှီလင်သည် အပျော်လွန်သွားပြီး ရှဲ့ကျစ်ရှင်း၏ လက်ပေါ် သူမ၏ လက်အားတင်ရန်အတွက် လက်ဆန့်ထုတ်လိုက်လေသည်။

နောက်တစ်စက္ကန့်တွင် ရှဲ့ကျစ်ရှင်း၏ မျက်နှာ ကောက်ကျစ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ သူသည် သူမအား လုံးဝပင်မတုံ့ဆိုင်းပဲ ဖြတ်ကျော်သွားပြီး သူမအနောက်ဘက်သို့ လျှောက်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် လူတိုင်းမှာ လန့်ဖြန့်သွားကြကာ ရှဲ့ကျစ်ရှင်းဘာလုပ်မည်ကို နားမလည်နိုင်ကြပေ။

မီးထိုးပေးသည့် ဆရာမှာလည်း မီးကိုသာ ဆက်လက်ထိန်းချုပ်ရုံသာ တတ်နိုင်ပြီး ရှဲ့ကျစ်ရှင်း၏ အနောက်သို့ မီးလိုက်ထိုးပေးနေခဲ့သည်။

Starlight ပွဲမှာ တိတ်ဆိတ်နေကာ လူတိုင်း အသက်အောင့်ထားကြပြီး ရှဲ့ကျစ်ရှင်းအား စိုက်ကြည့်နေကြလေသည်။ များသောအားဖြင့် ဆူညံနေတတ်သည့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာပင် တိတ်ဆိတ်နေပြီး ကြည့်ရှုသူများ အားလုံးကို ဖန်သားပြင်အား ကြည့်နေကြပြီး သူဘာလုပ်မည်ကို သိချင်နေကြလေသည်။

ရှဲ့ကျစ်ရှင်းသည် တုံ့ဆိုင်းမှု မရှိသကဲ့သို့ ပြန်လည်း လှည့်မကြည့်ဘဲ ရှချန်းချန်းဆီသို့ တစ်တန်းတည်း လျှောက်သွားခဲ့သည်။

အဖြူရောင်အလင်းဖျော့ဖျော့လေးမှာ သူတို့နှစ်ဦးအား ဖုံးလွှမ်းထားလေသည်။ တစ်ဦးမှာ ခေါင်းအစခြေအဆုံး သေချာ ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် တင်းမာသည့် ဘော့စ်ဖြစ်သည်။

တစ်ဦးမှာမူ အဝါရောင်တောက်တောက်ဂါဝန်အား ဝတ်ဆင်ထားသည့် နာမည်ကြီးအမျိုးသမီးကြယ်ပွင့်ပင်ဖြစ်ကာ တောက်ပကာ ထင်ပေါ်ပြီး လှပလွန်း၍ လူများအား အသက်ရှုဖို့ရန်ပင် မေ့စေသည် အထိပင် ဖြစ်သည်။

နှိုင်းယှဥ်မှုမရှိလျှင် ထိခိုက်မှု မရှိပေ။

ယခုလေးတင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ရှဲ့ကျစ်ရှင်းနှင့် လော့ရှီလင်မှာ ကောင်းမွန်သည့် အတွဲအဖက်ဖြစ်ကြောင်း ပြောခဲ့သည့်သူများမှာ CP ပရိတ်သတ်များ၏ ပွဲတော်တစ်ခုဖြစ်ပြီး ယခုရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်း အတူရပ်နေသည်ကို မြင်လိုက်ရချိန်တွင် သူတို့၏ မျက်နှာထား သဘောကျသူများအတွက် ပွဲတော်တစ်ခုပင်ဖြစ်သည်။

[အား သူတို့နှစ်ယောက် အရမ်းလိုက်တာပဲ၊ ရှဲ့ကျစ်ရှင်းနဲ့ လော့ရှီလင်က လိုက်တယ်လို့ ဘယ်သူပြောလဲ၊ သေချာပေါက် ချန်းကျဲနဲ့ လောင်ရှဲ့ကသာ ပိုလိုက်ဖက်တာ အသိအသာကြီးကို]

[သူတို့နှစ်ယောက်ကို အတူမြင်ရတာက မျက်လုံးထဲမှာ ကြည်နူးစရာပဲ၊ ဒါကမှ တကယ်ကို ချောမောတဲ့ အမျိုးသားနဲ့ လှပတဲ့ အမျိုးသမီးပဲ]

[ချန်းကျဲက လော့ရှီလင်ထက် ပိုသာတယ်၊ မိသားစုနောက်ခံမှာဆိုရင် ချန်းကျဲက ရှလုပ်ငန်းစုရဲ့ အကြီးဆုံးရှယ်ယာရှင်လေ၊ အင်အားအရဆိုရင်လည်း ချန်းကျဲရဲ့ ရင်းနှီးမြုပ်နှံတဲ့ အမြင်ကို မေးခွန်းထုတ်စရာတောင် လိုလို့လား၊ ပြီးတော့ အသွင်အပြင်မှာဆိုရင်လည်း သူမက လော့ရှီလင်ထက် အများကြီး ပိုသာတယ်]

[ဟားဟားဟား အပေါ်ဘက်က ခွဲခြမ်းစိတ်ဖြာမှုအရ ငါထင်တာတော့ လူအိုကြီးရှဲ့က ချန်းကျဲနဲ့ မတန်တာထင်တယ်၊ အနည်းဆုံးတော့ ချန်းကျဲက ရှင်းလင်းတဲ့အချစ်ရေး ရှိတယ်လေ၊ သူမက လူယုတ်မာ ဟန်ကျားလင်ကို ကြိုက်ခဲ့ဖူးပေမဲ့လည်း သူတို့နှစ်ယောက်က တွဲမှမတွဲခဲ့တာ၊ လူအိုကြီးရှဲ့မှာက ရည်းစားဟောင်းတွေ များလွန်းတယ်]

[ကိုယ်ကျင့်သီလက အမျိုးသားတွေအတွက် အကောင်းဆုံး ခန်းဝင်ပစ္စည်းပဲ]

[2333333 ဒါပေမဲ့ ကျေးဇူးပြုပြီး အပေါ်ကခေါင်းစဥ်ကနေ ချော်မသွားကြပါနဲ့၊ ဒါနဲ့ ရှဲ့ကျစ်ရှင်းက အဖွင့်အကကို လော့ရှီလင်နဲ့ အတူကရမှာ မဟုတ်ဘူးလား၊ သူဘာလို့ ချန်းကျဲဆီကို သွားနေတာလဲ]

ခေါင်းစဥ်မှာ ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းဘက်သို့ ပြန်ဦးတည်သွားခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ အရှေ့တွင် လေးနက်စွာ ရပ်နေခဲ့သည်။ သူသည် သူ၏ ဘယ်ဘက်လက်အား နောက်ကျောဘက်သို့ ထားလိုက်ပြီး ညာလက်နှင့် ဖိတ်ခေါ်သည့် အမူအယာအား လုပ်လိုက်လေသည်။ ပြီးနောက် သူ၏ ခန့်ညားသည့် မျက်နှာပေါ်တွင် အပြုံးယဲ့ယဲ့လေးပေါ်လာခဲ့သည်။

“မစ္စရှ ကျွန်တော်နဲ့အတူကပေးဖို့ ဖိတ်ခေါ်လို့ရမလား ခင်ဗျ”

Chapter 94

"Starlight ကလော့ရှီလင်နဲ့ ကဖို့ မမေးခဲ့ဘူးလား"

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းနှင့် လက်ချင်း ထပ်၍ အက‌မြေပြင်တွင်လှည့်ပတ်ကနေကြသည်။ တေးသံစဥ်၏ အထွတ်အထိပ်သို့ ရောက်သည်နှင့် ရှဲ့ကျစ်ရှင်းသမှာ သူ၏ အားကောင်းသော လက်မောင်းဖြင့် ရှချန်းချန်းအား ဆွဲလိုက်ပြီး သူ၏ ရင်ခွင်ထဲသို့ လဲကျသွားစေခဲ့သည်။

သူတို့သည် စုံတွဲအကကို လုံးဝ လေ့ကျင့်ထားခြင်း မရှိသော်လည်း ပထမဆုံးအကြိမ် ကြိုးစားမှုက အံ့သြစရာကောင်းလောက်အောင် သဟဇာတ ဖြစ်နေခဲ့သည်။

"ကိုယ်က starling ထိန်းချုပ်တာကို ခံရမဲ့သူလား"

ရှဲ့ကျစ်ရှင်းက ရယ်မောလိုက်သည်။

“ပြီးတော့ သူ့ကို သိတောင်မသိဘူး"

"ဪ ဒါဆို ရှင်က အခု သူ့ကို သိပြီလို့ ပြောနေတာလား"

ရှချန်းချန်းက သိမ်မွေ့စွာ မျက်လုံးလှန်ပြလိုက်သည်။

"အင်တာနက်မှာ ရှင်တို့နှစ်ယောက်က အချစ်ဦးတွေလို့ ပြောမထားဘူးလား၊ ကျွန်မက လော့ရှီလင်ရဲ့ အရန်လူသာသာပဲလား"

"မင်း အကုန်လုံး မြင်လိုက်ရတာလား"

ရှဲ့ကျစ်ရှင်းက ရှင်းပြရန် ကြံရွယ်လိုက်သော်လည်း ရှချန်းချန်း၏ ဒေါသထွက်နေသည့် မျက်နှာကို မြင်လိုက်ရသည့်အခါ သူ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ လှိုက်တက်လာခဲ့သည်။

"မင်း သဝန်တိုနေတာလား"

"တိုနေတာ ရှင်လေ"

ရှချန်းချန်းက ခေါင်းလှည့်၍ မာနထောင်လွှားကာ ပြောလိုက်သည်။

"ရှင့်မိသားစု တစ်စုလုံးကပဲ သဝန်တိုနေတာ"

ရှဲ့ကျစ်ရှင်း၏ အပြုံးမှာ ပို၍နက်ရှိုင်းလာခဲ့သည်။

တေးသံဖြင့် ယိမ်းနေစဉ် ရှဲ့ကျစ်ရှင်းသည် ရှချန်းချန်း၏ ခါးကို ရုတ်တရက် ဆွဲလိုက်ပြီး သူ့အား မျက်နှာချင်းဆိုင်စေလိုက်သည်။

သူ၏ နက်ရှိုင်းပြီး ဆွဲငင်ဖွယ် အသံသည် သူမ၏ နားထဲသို့ ဝင်ရောက်လာသည်။

“သူက ကျွန်တော့်ရဲ့ ပထမဆုံး အချစ်မဟုတ်ဘူး မဒမ်၊ ကျွန်တော့်ရဲ့ ပထမဆုံး အချစ်က ဘယ်သူလဲဆိုတာ မဒမ်မသိဘူးလား"

ထိုအသံက ရှချန်းချန်း၏ အာရုံများကို ဖမ်းစားလိုက်သည်။ ရှချန်းချန်းသည် သူမ၏ ခြေထောက်များ အားနည်းသွားသည်ကို ခံစားလိုက်ရပြီး ဟန်ချက်ပျက်လုနီးပါး ဖြစ်ခဲ့သော်လည်း ရှဲ့ကျစ်ရှင်းက သူမအား သူ၏ကိုယ်နှင့် တင်းကျပ်စွာ ထိန်းထားခဲ့သည်။

[အားးးးး ဘာတွေဖြစ်နေတာလဲ၊ ငါတော့ လိုင်းပြတ်နေတဲ့ ရွာရောက်နေသလိုပဲ၊ ရှဲ့ကျစ်ရှင်းက လော့ရှီလင်နဲ့ မဟုတ်ဘူးလား]

[မဟုတ်ဘူးမလား အင်တာနက်မှာ ဈေးကွက်ရှာတဲ့ အကောင့်တွေက ထင်မြင်ချက်တွေနဲ့ ကောလာဟလတွေပဲ ပြည့်နေတာ တကယ့်သက်သေမဟုတ်ဘူး၊ ရှဲ့ကျစ်ရှင်းနဲ့ လော့ရှီလင်က ဘာမှ တရားဝင် ကြေညာထားတာ မရှိသေးဘူး၊ လက်ရှိမှာ ရှဲ့ကျစ်ရှင်းရဲ့ တစ်ဦးတည်းသော တရားဝင် ကြေညာထားတဲ့ ရည်းစားက ရှရှဆိုတဲ့ မိတ်ကပ်ဆရာမ မဟုတ်ဘူးလား]

[အပေါ်ကလူတွေ နားမလည်ကြဘူးလား၊ ဝမ်ရှိန်က starlight ရဲ့ ရင်းနှီးမြှုပ်နှံသူလေ၊ သူတို့က လော့ရှီလင်နဲ့ ရှဲ့ကျစ်ရှင်းကို အဖွင့်အက ကစေချင်တာ ဒါပေမဲ့ ရှဲ့ကျစ်ရှင်းက ငြင်းလိုက်တာ၊ ဒါကြောင့် ရှဲ့ကျစ်ရှင်းက အခြေအနေကို အဖက်ဆယ်ဖို့အတွက် ချန်းကျဲကို ဆွဲခေါ်လာတာ]

[အိုး ဝိုး အဘိုးကြီးရှဲ့ရဲ့ သဘောထားက အရမ်း ရှင်းနေတာပဲ၊ သူက လော့ရှီလင်ကို ငြင်းနေတာ အရှင်းသားပဲ ပြီးတော့ တကယ့်ပထမဆုံးအချစ်က ဘာဖြစ်လဲ၊ သူမသာ တကယ့် အချစ်ဦးဆိုရင် ကဖို့ ဖိတ်တာကို ငြင်းမှာလား၊ အင်တာနက်က အရန်ကိုယ်ပွား ကိစ္စက အတုဖြစ်ရမယ်]

[လော့ရှီလင်ရဲ့ မကျေနပ်တဲ့ အကြည့်ကို မြင်လိုက်ရလား၊ ဟားဟားဟား၊ ခံစားလို့ အရမ်းကောင်းတာပဲ]

[လော့ရှီလင်ရေ၊ စိုက်ကြည့်တာ ရပ်လိုက်ပါတော့ သူက အရင်ကတည်းက ရုပ်ဆိုးနေတာကို စိုက်ကြည့်ရင် ပိုလို့တောင် ရုပ်ဆိုးသွားလိမ့်မယ်၊ သူမရဲ့ ပန်းသီးပါးထဲက ဟိုက်လယောနစ် အက်ဆစ် ဖြည့်ဆေးတွေတောင် ပေါက်ထွက်ကုန်တော့မယ်]

[လော့ရှီလင်ကို ဒီထဲ ဆွဲထည့်တာက အရမ်း ရှက်စရာကောင်းပြီး လူမှုရေးအရဆို ကြောင်တောင်တောင်ပဲ၊ ငါသာဆို ထွက်ပြေးတာ ကြာပြီ]

[ဒါဆို ချန်းကျဲက အခြေအနေကို ကယ်တင်ပေးနေတာပဲလား၊ ငါတော့ သူတို့နှစ်ယောက်က လိုက်ဖက်ညီတယ်လို့ ထင်တယ် အရမ်းချိုမြိန်တာပဲ၊ သူတို့ကို စားပစ်ချင်တယ်]

[အမှန်တရားက ဘာဖြစ်ဖြစ်၊ ငါတော့ ဒီလို ဒရာမာမျိုး မြင်ရတာကို သဘောကျတယ် လော့ရှီလင်က နောက်ကျ ရှချန်းချန်းကို ရန်တွေ့တော့မှာလား "လာပါ၊ ရန်ဖြစ်ကြရအောင်၊ ငါ ကြည့်ရတာ သဘောကျတယ်”]

တေးသံက ဆက်လက် ဖွင့်ထားပြီး ရိုက်ကွင်းပေါ်ရှိ အနုပညာရှင်များနှင့် ဝန်ထမ်းများက မျက်လုံးပြူးနေကြသည်။

သူတို့သည် ရှဲ့ကျစ်ရှင်းနှင့် လော့ရှီလင်တို့၏ အွန်လိုင်း ကောလာဟလများ အားလုံးကို ဖတ်ရှုခဲ့ကြပြီး သူတို့နှစ်ဦးကို ချိတ်ဆက်ထားသည့် သက်သေများကို မြင်ခဲ့ကြသည်။ ညဘက်၌ ဂျင်ကို သစ်ပင်များ၏ လှပသည့် ဓာတ်ပုံကို မြင်ဖူးသူတိုင်းသည် ဆက်နွှယ်မှု တစ်ခုခု ရှိသည်ဟု ယူဆမိကြမည်မှာ အသေအချာပင်။

ထို့ကြောင့် ဝန်ထမ်းများက နာမည်ကြီးများကို ကျော်ပြီး အေဂျင်စီ သူဌေးနှစ်ဦးကို အဖွင့် ကပွဲ ကရန် ရဲဝံ့စွာ ဖိတ်ကြားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ရှဲ့ကျစ်ရှင်းက တကယ် ငြင်းပယ်ခဲ့သည်။ ဒါ့အပြင် သူက အခြား အမျိုးသမီး နာမည်ကြီးတစ်ဦးကို ခေါ်ပြီးကဖို့ လုပ်ခဲ့တယ်တဲ့လား။

ကယ်ပါဦး။ ဒီလို ဒရာမာဆန်တာမျိုး ဘယ်လို ဖြစ်နိုင်တာလဲ။

"Host မင်းနဲ့ ရှဲ့ကျစ်ရှင်းရဲ့ စုံတွဲပို့စ်တွေ တစ်ဟုန်ထိုးတက်နေတာ ငါ တွေ့တယ်"

စနစ်သည် Starlight ပွဲကိုကြည့်ရှုနေရင်း အင်တာနက် ကောလာဟလများကို ပျော်ရွှင်စွာ ရှာဖွေနေသည်။

“လေကြောင်း စုံတွဲက စူပါခေါင်းစဉ်မှာ နံပါတ်ခြောက် နေရာကို ရောက်နေပြီ အရမ်းမိုက်တာပဲ"

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော အင်တာနက်အသုံးပြုသူများသည် ကပွဲအား ရှချန်းချန်း၏ အခြေအနေကို ကယ်တင်ခြင်းအဖြစ် အစပိုင်းတွင် ရှင်းပြခဲ့သော်လည်း ပိုမို နက်ရှိုင်းစွာ တူးဖော်ကြည့်သည့်အခါ မူရင်း ဇာတ်လမ်းကို တဖြည်းဖြည်း ဖော်ထုတ်နိုင်ခဲ့ကြသည်။

"တုန်ကျီ ငါ နင့်ကို တစ်ခု လုပ်ခိုင်းစရာရှိတယ်"

ရှချန်းချန်းက စနစ်အား သူမ၏ ခေါင်းထဲမှ ပြန်ဖြေလိုက်သည်။

"အဲ ဆောင်းပါးကို အခု ထုတ်ပြန်လို့ရပြီ"

စနစ်: !!!

"အိုး ဘုရားရေ နောက်ဆုံးတော့ ဒီနေ့ကို စောင့်ခဲ့ရတာ”

စနစ်၏ အသံက ပျော်ရွှင်မှုကြောင့် ခုန်ပေါက်သွားခဲ့သည်။

“ဟားဟားဟား၊ ဖျော်ဖြေရေး လောကကြီး တုန်လှုပ်စပြုနေပြီ ထင်တယ်"

အင်တာနက်အသုံးပြုသူများသည် Starlight ၏ အဖွင့်ကပွဲနှင့် ပတ်သက်၍ ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းတို့ကို စိတ်အားထက်သန်စွာ ဆွေးနွေးနေချိန်တွင် "လိမ်ညာသူများကို ဖော်ထုတ်သူ" ဟူသည့် ခေါင်းစဉ်သည် တစ်ဖန် ခေတ်စားရှာဖွေမှုများ၏ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

၎င်းသည် နက်နဲသော ဗုံးတစ်လုံးကဲ့သို့ တစ်ချိန်က နှစ်သက်ဖွယ် ဈေးကွက်ကို တုန်လှုပ်စေခဲ့သည်။

[ထိတ်လန့်စရာပဲဟေ့! သုံးကြိမ်တိုင်တိုင် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့တဲ့ မင်းသားက ခြောက်လကြာ လက်ထပ်ထားပြီး သူ့ရဲ့ လျှို့ဝှက်လက်ထပ်ခြင်းက သူမနဲ့ ဖြစ်နေတယ်]

ဆောင်းပါး၏ အကြောင်းအရာသည် လွန်ခဲ့သော လအနည်းငယ်က ဖော်ထုတ်ခဲ့သော လိမ်ညာသူများကို ဖော်ထုတ်သူ၏ ဆောင်းပါးကို ပုံတူကူးချခဲ့ပြီး ရှဲ့ကျစ်ရှင်း ထွက်မပြခဲ့ကြောင်း သက်သေပြခဲ့၏။ ပြည်တွင်း ထိပ်တန်း ဉာဏ်ရည်တု ဆယ်ခုကို အသိအမှတ်ပြုစနစ်၏ ခွဲခြမ်းစိတ်ဖြာချက်ကို သုံး၍ ရှချန်းချန်း၊ ရှရှ နှင့် သုန်သုန်တို့သည် ကိုယ်ခန္ဓာပုံသဏ္ဌာန်၊ လက်မောင်းနှင့် ခြေထောက် အရှည်၊ ကိုယ်ခန္ဓာပုံစံနှင့် လမ်းလျှောက်ပုံတို့က တူညီကြောင်း အတည်ပြုခဲ့သည်။ သူတို့သည် ၉၉ ရာခိုင်နှုန်း တူညီနေသည်။

ဆောင်းပါး၏ အဆုံးတွင် ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့၏ မင်္ဂလာလက်ထပ်စာချုပ်ကိုတင်ခဲ့ပြီး သုံးကြိမ်တိုင်တိုင် ရွှေဆံဆိပ်ဆု ရရှိခဲ့သည့် မင်းသားနှင့် ရေပန်းစားသည့် မင်းသမီးတို့သည် ခြောက်လကြာ လက်ထပ်ထားပြီ ဖြစ်ကြောင်း သက်သေပြခဲ့သည်။

[သောက်ကျိုးနည်း! သောက်ကျိုးနည်း! သောက်ကျိုးနည်း! ငါ ခုနလေးတင်ပဲ ဒီနှစ်ယောက် တွဲနေပါစေလို့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဆုတောင်းနေတာ၊ သူတို့ တကယ် တွဲနေပြီလား]

[ငါ စွဲလမ်းနေတဲ့ အတွဲက တကယ်ဖြစ်နေပြီ]

[ကျီကျီ ဒီသက်သေက အသစ်မဟုတ်တော့ဘူး၊ မင်း သူတို့ အတူတူ ရှိနေတာကို သိရဲ့သားနဲ့ ဘာမှ မပြောခဲ့ဘူးမလား၊ ဒါကတော့ လွန်လွန်းတယ်]

[ဒါကြောင့် ရှဲ့ကျစ်ရှင်းက ရှချန်းချန်းကို ကဖို့ ခေါ်တာကိုး၊ သူ ကမယ်ဆိုရင် သူ့ဇနီးနဲ့ ကသင့်တာပေါ့ အရမ်းချိုတာပဲ၊ ငါ စွဲလမ်းသွားပြီ]

[ဒါပေမဲ့ ရှရှက မိတ်ကပ်ဆရာမ မဟုတ်ဘူးလား၊ သူက ဘယ်လိုလုပ် ရှချန်းချန်း ဖြစ်သွားတာလဲ၊ နည်းနည်း ထူးဆန်းသလိုပဲ]

Starlight ရှိုးကို ကြည့်ရှုနေသော မုန့်ရုယန်နှင့် လုယန်ရန်တို့သည်လည်း အွန်လိုင်း ဖော်ထုတ်မှုများကို မြင်လိုက်ကြသည်။

မုန့်ရုယန်သည် ချက်ချင်းပင် စန်းနျန်းနျန်း တောင်ဟိုတယ်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံများပါဝင်သော Weibo ပို့စ်တစ်ခုကို တင်လိုက်သည်။ တစ်ပုံမှာ သူမနှင့် ရှချန်းချန်းနှင့်ဖြစ်ပြီး၊ နောက်တစ်ပုံမှာ သူမနှင့် မိတ်ကပ်ဆရာမ သုန်သုန်တို့ဖြစ်သည်။

လုယန်ရန်သည် ချက်ချင်းပင် ထိုပို့စ်ကို ပြန်လည်မျှဝေပြီး နှစ်သက်ကြောင်း ဖော်ပြကာ မှတ်ချက်ပေးလိုက်သည်။

“ချန်းချန်းရဲ့ မိတ်ကပ်ပညာက အံ့မခန်းပဲ"

[ဟင် ယန်ယန်က ဒီလို ပို့စ်တင်တာ ဘာအဓိပ္ပာယ်လဲ၊ လုယန်ရန်ကလည်း ဘာလို့ ပြန်မျှဝေတာတုန်း]

[ခွဲခြမ်းစိတ်ဖြာချက်- ယန်ယန်ရဲ့ ဓာတ်ပုံအောက်က အချိန်ဇယားက ‘Nihulu Strategy’ အဖွဲ့သားတွေ ရွှံ့မြေပြိုကျမှုနဲ့ ဈန်းနျန်းနျန်း တောင်ပေါ်ပိတ်မိနေတဲ့ အချိန်ကို ပြနေတာ၊ အဲအချိန်မှာ သုန်သုန်ရှိနေတာကို ငါတို့ အားလုံး သိကြပေမဲ့ ရှချန်းချန်းကရော ဘာလို့ ရှိနေတာလဲ ဒါက မဖြစ်နိုင်ဘူးမလား၊ ဒါကြောင့် ရှချန်းချန်းနဲ့ သုန်သုန်က တစ်ယောက်တည်း ဖြစ်ပြီး လုယန်ရန်ရဲ့ မှတ်ချက်က ဒါကို အတည်ပြုနေတာ]

[ဒါဆို ယန်ယန်နဲ့ မစ္စလုက သူတို့တွဲနေကြတာကို အရင်ကတည်းက သိခဲ့ကြတာလား၊ ဒီပို့စ်က ကျီကျီရဲ့ ကောလာဟလ မှန်ကန်ကြောင်း တကယ် သက်သေပြနေတာလား ဝိုး]

[ကျီကျီက ရှရှရော သုန်သုန်ရောက တကယ့် မျက်နှာတွေ မဟုတ်ဘူးလို့ ခွဲခြမ်းစိတ်ဖြာခဲ့တာ ကြာလှပြီ၊ သူက ပိုပြီး နက်နက်နဲနဲ တူးဖော်နေပုံရတယ် မမျှော်လင့်ဘဲ ဒီလို တုန်လှုပ်စရာ သတင်းကြီးကို ဖော်ထုတ်လိုက်တာပဲ၊ ငါ စွဲလမ်းနေတဲ့ စုံတွဲက တကယ်ဖြစ်နေပြီ ငါ စွဲလမ်းနေတဲ့ စုံတွဲက တကယ်ဖြစ်နေပြီ၊ ဒါဆိုရင် အစကနေ အဆုံးအထိ အဘိုးကြီးရှဲ့မှာ ရည်းစား တစ်ယောက်တည်းပဲ ရှိခဲ့တာ၊ ချန်းကျဲက လျှို့ဝှက် ဖောက်ပြန်သူ မဟုတ်ဘူး သူက ချန်းကျဲကို ကာကွယ်ဖို့အတွက် ဖောက်ပြန်သူဆိုတဲ့ အမည်းစက်ကို ဝန်ခံဖို့တောင် ဆန္ဒရှိနေတာ ဝူး ဝူး၊ ငါ ထပ်ပြီး မှန်သွားပြန်ပြီ]

[ကျီကျီရဲ့ ဖော်ထုတ်မှုတွေကို မြင်ပြီးတော့ လော့ရှီလင်နဲ့ ရှဲ့ကျစ်ရှင်းရဲ့ ကောလာဟလတွေကို ကြည့်လိုက်ရင် ရယ်စရာကောင်းတယ်၊ ရှရှက လော့ရှီလင်ရဲ့ အရန်လူဆိုရင် ရှချန်းချန်း က လော့ရှီလင်ရဲ့ အရန်လူ ဖြစ်တယ်လို့ ဆိုလိုတာလား၊ ရှဲ့ကျစ်ရှင်း က မျက်စိကန်းနေတာလား၊ အရန်လူက တကယ့်လူထက် ပိုလှနေတာလား]

[ငါ ဒါကို ပြောချင်နေတာ ကြာပြီ၊ ဒီနေ့ လူထုရဲ့ ထင်မြင်ချက်တွေက လော့ရှီလင် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်နေတာနဲ့ တူနေတာပဲ၊ ဒါပေမဲ့ သူက CP ကို အရှိန်မြှင့်တင်ဖို့အတွက် အရင်ကတည်းက လက်တွဲဖော်ရှိတဲ့ တစ်ယောက်ယောက်ကို ရှာရလောက်အောင် အဲလောက် မိုက်မဲတယ်လား]

[မှန်းကြည့်ရတာ လူတိုင်းက ရှရှကို အပြင်လူ၊ မိတ်ကပ်ဆရာမ၊ ရှဲ့ကျစ်ရှင်းနဲ့ မထိုက်တန်ဘူးလို့ ထင်နေကြတာ၊ လော့ရှီလင်က သူတို့နှစ်ယောက်ကြားက ကွာခြားချက်ကို ရှရှ မြင်ပြီး လက်လျှော့သွားအောင် ရည်ရွယ်ချက်ရှိရှိ ဈေးကွက်ရှာတာ ဖြစ်နိုင်မလား]

[ချီး၊ မင်း အမှန်တရားကို ဖော်ထုတ်လိုက်ပြီလို့ ငါ ထင်တယ် ဟားဟားဟား၊ သူက ရှရှက တကယ် ရှချန်းချန်း ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးပဲ ဒင်းတော့ နံရံထူကို ဝင်တိုက်မိသွားပြီ]

[သေချာပေါက် ချန်းကျဲက အရန်လူ မဟုတ်ဘူး၊ သူက အဆင့်မြင့် မော်ဒယ်ဆိုတာ အရှင်းသားပဲ၊ လော့ရှီလင် မျက်နှာက အရမ်းကြီးတာပဲ၊ ဟားဟားဟား]

…

အင်တာနက်ပေါ်တွင် "ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်း" စုံတွဲခေါင်းစဉ်သည် အရှိန်အဟုန်ဖြင့် တက်လာပြီး CP စူပါခေါင်းစဉ်နှင့် ထိပ်တန်း ခေတ်စားရှာဖွေမှုများ၏ ထိပ်ဆုံးသို့ လျင်မြန်စွာ ရောက်ရှိခဲ့သည်။

အင်တာနက်အသုံးပြုသူ အများစုသည် ထိုနှစ်ဦးအား ချီးကျူးထောပနာပြုကြပြီး ချိုမြိန်သော အရာများကို စားသုံးရန် ခုန်ပေါက်နေကြသည်။

သို့သော်လည်း အချို့သော "ရှဲ့ကျစ်ရှင်းနှင့် လော့ရှီလင်" ကို ထောက်ခံသူများက ထိုနှစ်ဦး လက်မှတ်ရေးထိုးထားသည့် မင်္ဂလာလက်ထပ်စာချုပ်ရှိသော်ငြား ရှချန်းချန်းသည် လော့ရှီလင်၏ အရန်လူ မဟုတ်သော်လည်း ရှဲ့ကျစ်ရှင်းနှင့် လော့ရှီလင် တို့သည် အထက်တန်းကျောင်းတုန်းက အတူတူရှိခဲ့ကြသည်ကို ငြင်း၍မရဟု ငြင်းခုန်ကြသည်။

ပထမဆုံး အချစ်၊ လရောင်ဖြူ သည် အကောင်းဆုံးဖြစ်သည်။

အထူးလက်ထောက်ကျိုးသည် ရှဲ့အုပ်စုတွင် အလုပ်လုပ်နေပြီး အွန်လိုင်းမှ သတင်းများကိုလည်း မြင်တွေ့ခဲ့ရ၏။ သူသည် လိမ်ညာသူများကို ဖော်ထုတ်သူ၏ ဖော်ထုတ်မှုများကို ကြည့်ပြီး ဝမ်းသာမျက်ရည်များ စီးကျလာသည်အထိ ငိုချင်စိတ် ပေါက်ခဲ့သည်။

သခင်မက မစ္စတာရှဲ့နှင့် သူမရဲ့ လက်ထပ်ခြင်းကို နောက်ဆုံးတော့ ဖော်ထုတ်လိုက်ပြီ။

သူ၏ မစ္စတာရှဲ့ သည် နောက်ဆုံးတွင် လက်ထပ်ခဲ့ပြီ။

အရမ်း ချိုမြိန်တာပဲ၊ အရမ်း ချိုမြိန်တာပဲ။ ဒီလိုမျိုး တကယ့်စုံတွဲမျိုးက စားရ အကောင်းဆုံးပဲ။

သို့သော် အထူးလက်ထောက်ကျိုးသည် အင်တာနက်ပေါ်ရှိ လော့ရှီလင် ပရိသတ်အချို့၏ မှတ်ချက်များကို မြင်လိုက်ရသည်။

ဘာ၊ ဘာ ပထမဆုံး အချစ်လဲ၊ လရောင်ဖြူလဲ။ မစ္စတာရှဲ့ နဲ့ လော့ရှီလင်မှာ ဘာဆက်ဆံရေး မရှိဘူးလေ။ ဘယ်လို အဓိပ္ပာယ်မရှိတာတွေလဲ။

သူ စားသုံးနေတဲ့ CP မှာ ဆူးတွေ ဘယ်လို ပါလာရတာလဲ။ သကြားစားပြီးမှ ဖန်ကွဲစများ စားရသည့် ခံစားချက်အား သူ မကြိုက်ပေ။

အထူးလက်ထောက်ကျိုးသည် ချက်ချင်းပင် ရှဲ့အုပ်စုအား လူထုဆက်ဆံရေး လုပ်ဆောင်ရန် တောင်းဆိုခဲ့ပြီး သူတို့ အချိန်အကြာကြီး ပြင်ဆင်ထားသည့် အချက်အလက်များကို ထုတ်ပြန်ခိုင်းခဲ့သည်။

ငါးမိနစ်ကြာပြီးနောက် နောက်ထပ် ဖော်ထုတ်မှုတစ်ခုသည် ရုတ်တရက် ခေတ်စားရှာဖွေမှုတစ်ခု ဖြစ်လာခဲ့သည်။

ထိုအချက်အလက်ကို ပေးပို့သူမှာ ဝမ်ဝူဟုခေါ်ပြီး ရှဲ့ကျစ်ရှင်းနှင့် လော့ရှီလင်တို့၏ ကျောင်းနေဖက် ဖြစ်သည်။

ဝမ်ဝူသည် တိုင်းမ်အလယ်တန်းကျောင်းတွင် ပညာသင်ယူခဲ့သည့် သူ၏ ကျောင်းဆင်းလက်မှတ်ကို ပြခဲ့ပြီး သူနှင့် ရှဲ့ကျစ်ရှင်းတို့သည် ကျောင်းနေဖက်များ ဖြစ်ကြောင်း သက်သေပြရန် အတန်းဓာတ်ပုံတစ်ခုကို တင်ခဲ့သည်။

"အင်တာနက်ပေါ်က အဘိုးကြီးရှဲ့နဲ့ လော့ရှီလင်တို့ အတူတူရှိခဲ့ကြတယ်ဆိုတဲ့ ကောလာဟလတွေ အားလုံးက ကောလာဟလတွေချည်းပဲ၊ ကျွန်တော်က အဘိုးကြီးရှဲ့ရဲ့ စားပွဲဖော် ဖြစ်ခဲ့ပြီး ဒါကို လုံးဝ သက်သေပြနိုင်တယ်၊ ကျွန်တော်က အဘိုးကြီးရှဲ့ရဲ့ စားပွဲဖော် အဖြစ် သုံးနှစ်ကြာ ထိုင်ခဲ့ပေမဲ့ သူနဲ့ လော့ရှီလင် စကားတစ်ခွန်းတောင် ပြောတာကို မမြင်ခဲ့ဖူးဘူး"

ဝမ်ဝူသည် အသံကျယ်ကျယ်ဖြင့် စိတ်လှုပ်ရှားစွာ ပြောသည်။

"အစောပိုင်းတုန်းကတော့ ကျောင်းမှာ အဘိုးကြီးရှဲ့နဲ့ လော့ရှီလင်တို့က လိုက်ဖက်တဲ့ အတွဲပါဆိုတဲ့ ကောလာဟလတစ်ခု ရှိခဲ့တာတော့ အမှန်ပဲ၊ အဘိုးကြီးရှဲ့က အဲလို ကောလာဟလတွေကို စိတ်မဝင်စားလို့ သိပ် ဂရုမစိုက်ခဲ့ဘူး၊ နောက်ပိုင်းကျတော့ နောက်တစ်တန်းက ကောင်မလေးတစ်ယောက်က အဘိုးကြီးရှဲ့ကို ဖွင့်ပြောတာကို သူက ငြင်းခဲ့တယ်"

"ကျောင်းသားတွေက အရမ်းစောစော ရည်းစားမထားသင့်ဘူးဆိုတော့ အဘိုးကြီးရှဲ့ငြင်းတာက ပုံမှန်ပါပဲ၊ ဒါပေမဲ့ ကျွန်တော်လုံးဝ မမျှော်လင့်ခဲ့တာက အဲကောင်မလေး ငြင်းခံရပြီးနောက် တစ်စုံတစ်ယောက်က နည်းမျိုးစုံနဲ့ အသရေဖျက်ခဲ့တာပဲ၊ အဲကောင်မလေးက မယားငယ်ဖြစ်ပြီး တခြားသူတွေရဲ့ ခံစားချက်တွေကို ဝင်စွက်ဖက်တယ်လို့ ပြောခဲ့ကြတာ"

"စနိုက်ကြော်တစ်ယောက် ပေါ်မလာခင် စုံတွဲတွေ ဆက်ဆံရေး တည်ဆောက်တာက ပုံမှန်ပါပဲ၊ ဒါပေမဲ့ ဒီတစ်ခါကျ လူထုရဲ့ ထင်မြင်ချက်က ပြောင်းပြန် ဖြစ်သွားတယ် အဲကောင်မလေးကို မယားငယ်လို့ စွပ်စွဲခံရတဲ့အတွက် လူတိုင်းက အဘိုးကြီးရှဲ့နဲ့ လော့ရှီလင်တို့က အတူတူ ရှိခဲ့ကြတယ်လို့ အလိုအလျောက် ယူဆသွားကြတာ၊ သူတို့သာ အတူတူ မရှိခဲ့ရင် ဘာလို့ လူတိုင်းက အဲကောင်မလေးကို မယားငယ်လို့ ခေါ်ကြမှာလဲ"

"အဘိုးကြီးရှဲ့က နောက်မှ အဖြစ်အပျက်ကို သိသွားပြီး အဲကောင်မလေးနဲ့ ပတ်သက်တဲ့ အွန်လိုင်း ကောလာဟလ အားလုံးကို ဖျက်ခိုင်းပြီး သူ့ကို တောင်းပန်ခဲ့တယ်၊ ကံဆိုးချင်တော့ အဲအချိန်မှာ အဘိုးကြီးရှဲ့ရဲ့ မိဘတွေက အကျပ်အတည်း ဖြစ်နေခဲ့တယ်၊ သူ့မိဘတွေရဲ့ အခြေအနေကို ဖြေရှင်းပြီးတဲ့ အချိန်ကျ အဲ ကောင်မလေးလည်း ကျောင်းပြောင်းသွားပြီး လော့ရှီလင်ကလည်း နိုင်ငံကနေ ထွက်ခွာသွားခဲ့တာ"

ရှဲ့ကျစ်ရှင်း၏ စားပွဲဖော် ဝမ်ဝူသည် ရှဲ့ကျစ်ရှင်း မှလွဲ၍ အမှန်တရားကို သိသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

ဝမ်ဝူ၏ ထုတ်ဖော်ပြောဆိုချက်ကို ထုတ်ပြန်ပြီးနောက် အထူးလက်ထောက်ကျိုးသည် ကား ကင်မရာ မှတ်တမ်း ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့သည်။

၎င်းတွင် ရှဲ့ကျစ်ရှင်းနှင့် လော့ရှီလင်တို့ ရဲစခန်း ကားပါကင်တွင် လက်ဆွဲနှုတ်ဆက်နေသည့် မြင်ကွင်းကို ပြသခဲ့သည်။

လော့ရှီလင်၏ ဓာတ်ပုံများနှင့် မတူဘဲ အထူးလက်ထောက်ကျိုးက ထုတ်ပြန်ခဲ့သော ဗီဒီယိုသည် မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး အင်တာနက်အသုံးပြုသူများက စကားနှစ်ခွန်းကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။

လော့ရှီလင်: "ကျစ်ရှင်း၊ မတွေ့ရတာ ကြာပြီ"

ရှဲ့ကျစ်ရှင်း: "မစ္စ၊ မင်းက ဘယ်သူလဲ"

[ဟားဟား...]

[ဟုတ်တယ်၊ ကြည့်လိုက် အဲကားကင်မရာ ဗီဒီယိုကို ကြည့်လိုက် အဘိုးကြီးရှဲ့က အဲလူကို သေချာပေါက် မသိဘူး၊ ပြီးတော့ သူ ဟန်ဆောင်ဖို့လည်း မလိုဘူး နောက်မှ သူ့လက်ထောက် ရှင်းပြဖို့ ရောက်လာတဲ့အခါကျ အဘိုးကြီးရှဲ့က ရုတ်တရက် နားလည်သွားတဲ့ အမူအရာကို ပြခဲ့တာ၊ သူ လော့ရှီလင်ရဲ့ နာမည်ကို ကြားဖူးကောင်း ကြားဖူးလိမ့်မယ်]

[လော့ရှီလင်က သိပ် စိတ်ပျက်စရာကောင်းလိုက်တာ၊ သူ အရင်က အဲကောင်မလေးကို အသရေဖျက်ဖို့ မယားငယ်ဆိုတဲ့ ကောလာဟလတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တာ၊ ပြီးတော့ အခုလည်း လရောင်ဖြူရဲ့ အရန်လူဆိုတဲ့ မှတ်ချက်တွေ ပေးနေတာ သူက ချန်းကျဲကို မောင်းထုတ်ဖို့ ကြိုးစားနေတာလား]

[အဲအင်တာနက်အသုံးပြုသူက အမှန်တရားကို ခုနလေးတင်ပဲ ဖော်ထုတ်လိုက်တာ လော့ရှီလင်က ဒါကို တမင်တကာ လုပ်ခဲ့တာ၊ လူတိုင်းကို ရှဲ့ကျစ်ရှင်းက သူ့လူ ဖြစ်ပြီး သူနဲ့ ပြိုင်ကြမှာ မဟုတ်ဘူးလို့ ထင်စေချင်တာ၊ အခုလည်း သူက ရှရှ (ချန်းကျဲ) ကို လက်လျှော့သွားအောင် လုပ်နေတာ]

[သူတို့နှစ်ယောက် လက်ထပ်ထားတာကိုတောင် မမျှော်လင့်ခဲ့ဘူး၊ ပြီးတော့ ရှရှက တကယ် ချန်းကျဲ ဖြစ်နေတာ ဟားဟားဟား၊ ဒါက မျက်နှာကို ရိုက်ချလိုက်တာပဲ]

[သူ့ကိုယ်သူ ရှဲ့ကျစ်ရှင်းနဲ့ လိုက်ဖက်တဲ့ အတွဲအဖြစ် ကိုယ့်ကိုယ်ကို ဈေးကွက်ရှာနေတုန်းပဲ၊ ကိုယ့်ကိုကိုယ် ဘယ်လိုပုံဖြစ်နေလဲဆိုတာတောင် မသိဘူး ရယ်စရာကောင်းလိုက်တာ]

[ဟုတ်တယ်၊ ဒါဆို အဘိုးကြီးရှဲ့က အမြဲတမ်း ချန်းကျဲကို ကြိုက်ခဲ့တာလား အားးးးးးးး၊ အရမ်း ပျော်တာပဲ ငါ ပျော်ပျော်ကြီး သကြားစားလို့ရပြီ]

အင်တာနက်သည် လျင်မြန်စွာ ပြောင်းလဲနေသော်လည်း လက်တွေ့တွင်မူ သီချင်းတစ်ပုဒ် ပြီးဆုံးသွားခြင်းမျှသာ ဖြစ်သည်။ Starlight ပွဲ၌နာမည်ကြီး ဧည့်သည်အချို့က ကခုန်နေကြသော်လည်း လူအများစုမှာ ဘေးမှ ကောလာဟလများ နားထောင်နေကြသည်။

လော့ရှီလင်သည် အဖက်လုပ်မခံရပြီး‌နောက် မိန့်ဟောင်၏ အတင်းအကျပ် တောင်းဆိုသဖြင့် ဝမ်ရှိန်မှ မင်းသားတစ်ဦး ရောက်လာပြီး လော့ရှီလင်တစ်ယောက် အရှက်ကွဲခြင်းမှ လွတ်မြောက်ခဲ့သည်။

သို့သော် သူမ ကခုန်နေစဉ်တစ်လျှောက်လုံး ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့ကို မကောင်းသည့် မျက်လုံးများဖြင့် အခါအားလျော်စွာ စိုက်ကြည့်နေခဲ့ခြင်းကြောင့် အင်တာနက်ပေါ်တွင် မည်သည်တို့ဖြစ်ပျက်နေမှန်း လုံးဝ မသိခဲ့ပေ။

ကပွဲ ပြီးဆုံးပြီးနောက် လော့ရှီလင်သည် သူမအား ကြည့်နေသော လူတိုင်း၏ မျက်လုံးများက သဘာဝမကျကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ လူတိုင်းသည် အင်တာနက်ပေါ်ရှိ လျှို့ဝှက်လက်ထပ်ခြင်း ဖရဲသီး အကြောင်းကို တီးတိုးပြောဆိုနေကြပြီး လော့ရှီလင်ကို ကြည့်ခြင်းမှာ လူပြက်တစ်ဦးကို ကြည့်နေသကဲ့သို့ပင်။

လုယန်ရန်သည် ဘေးမှ ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

“ရယ်စရာကောင်းလိုက်တာ ဘာ ပထမဆုံး အချစ်၊ ဘာ လရောင်ဖြူလဲ နောက်ဆုံးတော့ သူ့ကိုတောင် မသိဘူးတဲ့"

မုန့်ရုယန်သည် ကိတ်မုန့်လေးကို ဝါးရင်း ထပ်ပြောသည်။

"ဖြစ်ကောင်းဖြစ်နိုင်တာက စိတ်ကူးယဉ် ပထမဆုံး အချစ် ဖြစ်လိမ့်မယ်၊ ခုနက သတင်းထောက်နဲ့ အမေးဖြေ ကဏ္ဍတုန်းက သူ ဘယ်လောက် အတည်ပေါက် ပြောခဲ့လဲဆိုတာ မေ့သွားပြီလား"

အွန်လိုင်းတွင် မည်သည်တို့ ဖြစ်ပျက်နေသည်ကို မသိသော လော့ရှီလင်က ဆူပူကြိမ်းမောင်းလိုက်သည်။

“လုယန်ရန်၊ မုန့်ရုယန်၊ နင်တို့ ဘာလို့ အဲလောက် ခနဲ့နေကြတာလဲ"

လုယန်ရန်သည် မုန့်ရုယန်၏ လက်မောင်းကို အေးဆေးစွာ ဆွဲလိုက်သည်။

“လော့ရှီလင်၊ ရှရှက နင့်ရဲ့ အဆင့်နိမ့် ဗားရှင်းလို့ အွန်လိုင်း ဈေးကွက်ရှာဖွေတာကို သုံးပြီး ပြောနေတုန်းက ရှရှက တကယ်တမ်း ဘယ်သူလဲဆိုတာ မစဉ်းစားခဲ့ဘူးလား"

လော့ရှီလင်၏ နှလုံးက ခုန်သွားခဲ့သည်။

ရှရှ ဟူသည်ကား... သူမသည် အထူးပြု မိတ်ကပ်ဆရာမ တစ်ယောက်သာ မဟုတ်ဘူးလား။ သူမက တခြား ဘာ နောက်ခံ ရှိနိုင်ဦးမှာလဲ။ ရှိခဲ့ရင်တောင် သူမက လော့ရှီလင် ထက် ပိုကောင်းနိုင်ပါ့မလား။

"ရှရှက မိတ်ကပ်ဆရာမ တစ်ယောက်ပဲ မဟုတ်ဘူးလား"

လော့ရှီလင်က ပခုံးတွန့်ပြလိုက်သည်။

မုန့်ရုယန်နှင့် လုယန်ရန်တို့ ဝမ်းသာအားရ ဖြစ်သွားကြသည်။

“လော့ရှီလင်၊ နင် ဒီလောက်တောင် မသိနားမလည်တော့လည်း ငါတို့က ကြင်ကြင်နာနာ သတိပေးပါရစေ"

လုယန်ရန်က ကြင်နာစွာ ပြောလိုက်သည်။

"ရှရှရဲ့ နာမည်အရင်းက ရှချန်းချန်း”

လော့ရှီလင်၏ မျက်လုံးများက ပြူးကျယ်သွားပြီး လုယန်ရန်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

ကျန်းချန်မှ ချမ်းသာသော သူဋ္ဌေးသမီးများ၏ စာရင်းကို သတင်းထောက်များက အမှန်တကယ် စာရင်းပြုစုထားခဲ့ပြီး လော့ရှီလင်က အကောင်းဆုံး ဖြစ်သင့်သည်။

သို့သော် ဤသည် အစောပိုင်း ဗားရှင်း ဖြစ်ခဲ့သည်။

ရှချန်းချန်း၏ စီးပွားရေးနတ်ဘုရားမ ဂုဏ်သတ္တိများ ပေါ်ထွက်လာပြီးနောက် “Galaxy Girls” သည် အလွန်အောင်မြင်လာကာ "ရှန်းကျယ်” ဇာတ်လမ်းနမူနာ ထွက်လာသည့်အချိန်မှစ၍ လူတိုင်းသည် ယခုနှစ်၏ အလားအလာ အရှိဆုံး သူဋ္ဌေးသမီးမှာ ရှချန်းချန်း ဖြစ်သင့်သည်ဟု စတင် ထင်မြင်လာကြသည်။

သူမသည် ရုပ်ရည်ကောင်းသည်။ အရည်အချင်းရှိသည်။ နောက်ခံ အသိုင်းအဝိုင်းကောင်းလည်းရှိသည်။ ချန်းကျဲ၏ ဘယ်အချက်က မကောင်းသေးတာလဲ။

လော့ရှီလင်က ရှရှသည် သူမ၏ အဆင့်နိမ့် ဗားရှင်း၊ သူမ၏ အရန်လူ ဖြစ်သည်ဟု ပြောရဲသေးသည်။ ဆိုလိုသည်မှာ ရှချန်းချန်းသည် သူမ၏ အရန်လူ ဖြစ်သည်ဟု ပြောနေခြင်းပင် မဟုတ်လော။

လော့ရှီလင်က ရှချန်းချန်းကို ဘယ်နည်းနဲ့ နှိုင်းယှဉ်နိုင်မှာလဲ။

ပိုအရေးကြီးသည်မှာ…

လော့ရှီလင် ရုတ်တရက် သတိရလိုက်သည်မှာ ရှချန်းချန်းက ရှရှဖြစ်သည်ဆိုလျှင် သူမသည် တျန်းရှန့်နောက်ကွယ်မှ သူဌေးဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

လော့ရှီလင်သည် သူမ၏ ခေါင်းထဲ၌ တဝီဝီ မြည်နေသကဲ့သို့ ခံစားလိုက်ရသည်။

မြေကြီးထဲသို့ ခြေချောင်းများ တူးဝင်သွားလောက်သည်အထိ အရှက်ရမှု။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူမသည် ရှရှက ဘာမှ မရှိသည့် သာမန်လူတစ်ဦးသာ ဖြစ်သည်ဟု မူလက ထင်ခဲ့သည်။ ထို့ကြောင့်သာ သူမ ဤမျှလောက် ဆူပူဝေဖန်ဝံ့ခြင်း ဖြစ်၏။ သူမရှေ့တွင် ရှရှက ဘယ်တော့မှ ပြန်လည် တုံ့ပြန်နိုင်မည် မဟုတ်ဟု ယုံကြည်ခဲ့သည်။

သို့သော် ရှချန်းချန်းသာဆိုလျှင် ထိုသို့ ဖြစ်မည် မဟုတ်ချေ။

မိန့်ဟောင်သည် လော့ရှီလင်အနီးသို့ အလျင်အမြန် ပြေးလာပြီး အင်တာနက်ပေါ်တွင် ဖော်ထုတ်ထားသည့် "လိမ်ညာသူများကို ဖော်ထုတ်သူ" ဆောင်းပါးကို ပြသခဲ့သော်လည်း လော့ရှီလင်သည် သူမ၏ မျက်လုံးများ မှောင်မိုက်သွားသည်ကို ခံစားလိုက်ရပြီး ဘာမှ မမြင်နိုင်တော့ပေ။

မလှမ်းမကမ်းတွင် ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းနှင့် စကားပြော ရယ်မောနေဆဲသာ။ သူတို့ပတ်ဝန်းကျင်ရှိ နာမည်ကြီး မိတ်ဆွေများက သူတို့နှစ်ဦး၏ လက်ထပ်ခြင်းအတွက် ကောင်းချီးဆုမွန်များ ပေးပို့နေကြသော်လည်း လော့ရှီလင်တစ်ယောက်၏ ခေါင်းထဲ၌ တဆစ်ဆစ်နာကျင်လာပြီး ထွက်ပြေးရန် လှည့်လိုက်သည်။

သူမ အလွန်အမင်း ထိတ်လန့်နေရာ ရှန်ပိန်ခွက်ကို ကိုင်ဆောင်လာသည့် စားပွဲထိုးနှင့် ရုတ်တရက် တိုက်မိသွားသည်။ သူမ တစ်ကိုယ်လုံးသို့ ရှန်ပိန်များ ယိုဖိတ်ကျကာ စိုရွဲသွားခဲ့သည်။

မူလက ထည်ဝါပြီး တည်ကြည်သော နတ်သမီး ဟန်ပန်၊ ကိုယ်ဟန်မတ်မတ်ဖြင့် လော့ရှီလင်သည် ချက်ချင်းပင် စိုရွဲနေသည့် ကြွတ်စုတ် တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့သည်။

ပတ်ဝန်းကျင်မှ ဧည့်သည်များသည် တစ်ဦးနှင့်တစ်ဦး တိုးတိုးလေး ပြောဆိုနေကြသော်လည်း ဤမြင်ကွင်းကို မြင်သည့်အခါ ရယ်သံများ ထွက်ပေါ်လာသည်။

လော့ရှီလင်သည် လုံးဝ အရှက်ကွဲပြီး ထိတ်လန့်တကြား ထွက်ပြေးရုံမှတစ်ပါး အခြား ‌လွတ်လမ်းမရှိတော့ပေ။

သူမ Starlight ပွဲမှထွက်ခွာလာချိန်တွင် သူမ၏ ဖုန်းသည် ရုတ်တရက် တုန်ခါသွားခဲ့သည်။ သူမသည် အထူး Weibo နောက်လိုက်ရန် အကြောင်းကြားစာ တစ်ခု ရရှိခဲ့သည်။

ရှဲ့ကျစ်ရှင်းသည် သူ၏ အချစ်ကို ဖွင့်ပြောသည့် ညက ပင်လယ်ကမ်းစပ်မှ ဇီမ်ခံသင်္ဘောပေါ်ရှိ ဒရုန်းဖြင့် ရိုက်ထားသော ပုံပါဝင်သည့် Weibo ပို့စ်တစ်ခုကို ရုတ်တရက် တင်ခဲ့သည်။

ထိုပုံထဲတွင် ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်း သာမက ညကောင်းကင်ယံကို နောက်ခံထား၍ "ချစ်တယ်" ဟူသည့် စကားလုံးသုံးလုံး ပါဝင်သည်။

၎င်း၏ ဘေးတွင် ရှဲ့ကျစ်ရှင်း၏ စာတန်းထိုးလည်း ပါသေးသည်။

“မင်းပဲ၊ အစကနေ အဆုံးအထိ၊ မင်းတစ်ယောက်တည်းပဲ"

လော့ရှီလင်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူမ၏ ဖုန်းကို ဆုပ်ကိုင်ထားသော လက်ဖဝါးနောက်ဘက်ရှိ သွေးကြောများ ထောင်မတ်လာခဲ့သည်။

ခုနက လှောင်ပြောင်မှုများသည် ရက်စက်သော စစ်ဆေးမေးမြန်းမှုသာဖြစ်ပါက ရှဲ့ကျစ်ရှင်း၏ Weibo ပို့စ်က သူမ၏ ယခင် ဈေးကွက်ရှာဖွေ အားထုတ်မှုများကို သေဒဏ်ပေးလိုက်ခြင်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

လော့ရှီလင်သည် Starlight ပွဲ ရှိ လူတိုင်းကို ဒေါသတကြီး စိုက်ကြည့်ပြီး ထွက်ပြေးသွားခဲ့သည်။

အခြားတစ်နေရာတွင်၊ အချစ် ဘလော့ဂါ လင်လုသည် နေ့စဉ်နှင့်အမျှ ကုန်ကြမ်းရှားပါးမှုနှင့် ရုန်းကန်နေရသည်။

လွန်ခဲ့သည့် အချိန်အနည်းငယ်က သူမသည် ချမ်းသာသော စုံတွဲတစ်တွဲကို ခြေရာခံပြီး ၎င်းတို့ကို "ဇိမ်ခံသင်္ဘော CP" ဟု အမည်ပေးကာ ဒရုန်းကို အသုံးပြု၍ ချစ်ခြင်းကို ဖွင့်ပြောသည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

ရလဒ်များက အံ့မခန်း ဖြစ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ကြာရှည်မခံခဲ့ပေ။

လင်လုသည် "ဇီမ်ခံသင်္ဘော CP" ၏ တကယ့် အထောက်အထားများကို မည်သည့်အခါမှ မဖော်ထုတ်နိုင်ခဲ့ဘဲ နောက်ထပ် နောက်ဆက်တွဲ သတင်းများ မရှိတော့သဖြင့် စုံတွဲသည် အစပိုင်း၌ နှစ်ရက်ခန့်သာ ရေပန်းစားခဲ့ပြီး ပျောက်ကွယ်သွားခဲ့သည်။

ထို့ကြောင့် ယနေ့ လင်လုသည် သူမ၏ ပစ်မှတ်ကို ပြောင်းလဲခဲ့သည်။

ရှဲ့ကျစ်ရှင်းက ရှချန်းချန်းကို ကရန် ဖိတ်ခေါ်သည့်အခါ သူမသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့ပြီး ထို့နောက် လိမ်ညာသူများကိုဖော်ထုတ်သူမှ သူတို့ လက်ထပ်ထားကြောင်း ဖော်ထုတ်လိုက်သည်ကို မြင်ပြီးနောက် လင်လုသည် "ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်း" "ကျစ်ရှ CP" ကို ခြေရာခံရန် ဆုံးဖြတ်လိုက်သည်။

သုံးကြိမ်တိုင်တိုင် ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့သော မင်းသားနှင့် ချမ်းသာသော သူဋ္ဌေးမင်း၊ စီးပွားရေး နတ်ဘုရားမ ဟူသော နာမည်ပြောင်ရှိ လှပသည့် မင်းသမီးတို့သည် ရေပန်းစားသော ခေါင်းစဉ် ဖြစ်လာမည်မှာ အသေအချာပင်။

သို့သော် လင်လုသည် သူတို့နှင့်ပတ်သက်သည့် အချက်အလက်များကို တူးဖော်ရန် ပြင်ဆင်နေစဉ်တွင် ရှဲ့ကျစ်ရှင်း၏ တရားဝင် Weibo ပို့စ်ကို တွေ့လိုက်ရသည်။ ဓာတ်ပုံထဲတွင် ဒရုန်းများဖြင့် ဖန်တီးထားသော စကားလုံးသုံးလုံးက သူမ၏ မျက်လုံးများကို တောက်ပစေခဲ့သည်။

လင်လု: !!!

အို ဘုရားရေ! ဒါ သူရဲ့ ဇီမ်ခံသင်္ဘော CP မဟုတ်ဘူးလား ကျစ်ရှ CP ကသူမရဲ့ ဇီမ်ခံသင်္ဘော CP ဖြစ်နေတာပဲ။

ဘယ်လောက်များ ထူးခြားတဲ့ အချစ်ဇာတ်လမ်းလဲ။ ဒါက သူမရဲ့ ကံစီမံပေးတဲ့ CP ပဲ။

လင်လုသည် အချိန်ကိုက် လုပ်ဆောင်ရန်အတွက် ယခင် ဒရုန်း ချစ်ခြင်းဖွင့်ဆိုမှု ဗီဒီယိုနှစ်ခုကို ရှဲ့ကျစ်ရှင်း၏ တရားဝင် ကြေညာချက်နှင့် တည်းဖြတ်ကာ ရှဲ့ကျစ်ရှင်းနှင့် ရှချန်းချန်းတို့ကို တက်ဂ် လုပ်ပြီး ချက်ချင်း တင်လိုက်သည်။

ကျစ်ရှ CP ကို အားပေးထောက်ခံပြီး သူတို့၏ အတိတ်ကို တူးဖော်နေသော ပရိသတ်များက ရုတ်တရက် ဤဗီဒီယိုကို တွေ့လိုက်ကြသည်။

[!!!]

[အဘိုးကြီးရှဲ့ တင်ထားတဲ့ တရားဝင် ကြေညာချက် ဓာတ်ပုံကို ရင်းနှီးနေတယ်လို့ပဲ ငါ ထင်ခဲ့တာ၊ အဲဒါ ဇီမ်ခံသင်္ဘော CP ချစ်ခြင်းဖွင့်ဆိုတဲ့ မြင်ကွင်း ဖြစ်နေတာ]

[ဒါဆို ဇိမ်ခံသင်္ဘော CP က ကျစ်ရှ CP လား၊ အားးးး ငါ လိုက်နေတဲ့ CP မှာ နောက်ဆက်တွဲ ရှိနေပြီ၊ လုလုက အချိန်အတော်ကြာ အပ်ဒိတ် မလုပ်တော့ဘူး၊ သူတို့က အရင်ကတည်းက စုံတွဲဖြစ်နေပြီလို့ ငါထင်ခဲ့တာ]

[ငါ အဘိုးကြီးရှဲ့နဲ့ ချန်းကျဲကို တောင့်တနေတာ ကြာပြီ]

[အရမ်း ချိုမြိန်လိုက်တာ၊ အဘိုးကြီးရှဲ့နဲ့ ချန်းကျဲ အတူတူရှိနေတာ အစစ်မဟုတ်ဘူးလို့ ငါ ခုနလေးတင်ပဲ တွေးခဲ့တာ၊ ဒါပေမဲ့ လူတိုင်းက အသေးစိတ် အချက်အလက် အများကြီးကို တူးဖော်ခဲ့ကြတာ တကယ့် စုံတွဲတွေက တကယ် အချိုဆုံးပဲ]

[ဇီမ်ခံသင်္ဘော CP တုန်းက အမျိုးသားက အမျိုးသမီးကို ဗီလာတစ်လုံး၊ ရွက်လှေတစ်စီး၊ ကိုယ်ပိုင် ဂျက်လေယာဉ်တစ်စီးနဲ့ ကုမ္ပဏီတစ်ခု ပေးခဲ့တာကို ငါ မှတ်မိတယ် ခဏလေး အဲဒီ ကုမ္ပဏီက တျန်းရှန့် မဖြစ်နိုင်ဘူးလား]

[အပေါ်က လူ၊ မင်း အမှန်တရားကို သိသွားပြီလို့ ငါ ထင်တယ်]

[ဒါဆို တျန်းရှန့်ရဲ့ တကယ့် သူဌေးက စီးပွားရေး နတ်ဘုရားမရှရှလား]

[ဒါက အဓိပ္ပာယ်ရှိသားပဲ၊ တျန်းရှန့်က "ရှန်းကျယ်" ရဲ့ ထုတ်လုပ်သူလေ၊ ရှချန်းချန်းက အဲအချိန်တုန်းက ရှဲ့ကျစ်ရှင်းနဲ့ လက်ထပ်ထားပြီးသားဆိုတော့ သူက "ရှန်းကျယ်" ရဲ့ အမှုဆောင် ထုတ်လုပ်သူ ဖြစ်ခဲ့တာ အကုန်လုံးက အသေးစိတ် အချက်အလက်တွေ အသေးစိတ် အချက်အလက်တွေ အများကြီး]

[ငါ ပို ခွဲခြမ်းစိတ်ဖြာလေ ပိုချိုလေပဲ]

[ရှဲ့မိသားစု ညစာစားပွဲတုန်းကတည်းက ချန်းကျဲနဲ့ အဘိုးကြီးရှဲ့ကို တွဲပေးခဲ့တာ နောက်မှ ဇီမ်ခံသင်္ဘော စုံတွဲကိုလည်း တွဲပေးခဲ့တယ်၊ ငါ CP လုပ်ခဲ့တဲ့ စုံတွဲတွေ အားလုံး တကယ် တွဲဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး ဟားဟားဟား~]

[အတူတူ အတူတူ.. မဟုတ်ဘူး မင်္ဂလာပွဲ လုပ်ရအောင်၊ မင်္ဂလာပွဲ လုပ်ရအောင် လုပ်စမ်းပါ အဘိုးကြီးရှဲ့ ချန်းကျဲကို မင်္ဂလာပွဲ ဘာလို့ မလုပ်ပေးတာလဲ]

…

ညဆယ်နာရီတွင် Starlight ပွဲ ပြီးဆုံးသွားပြီး ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ လက်မောင်းကို တွဲကာ ပွဲထဲမှ ထွက်လာခဲ့သည်။

အတိတ်ကဆိုလျှင် ယခုကဲ့သို့ အချိန်မျိုး၌ နှစ်ယောက်သား လျှို့ဝှက်ချက် ပေါက်ကြားမည်ကို စိုးရိမ်၍ တသီးတခြား လမ်းခွဲခဲ့ကြသော်လည်း ဤတစ်ကြိမ်တွင်တော့ ပထမဆုံးအကြိမ် အတူတူ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

သူတို့နောက်တွင် လုယန်ရန်သည် မုန့်ရုယန်၏ လက်မောင်းကို ကိုင်လျက် ခေါင်းခါမိသည်။

"ပွဲကို မလာခင်တုန်းက ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးအတွက် ငါ စိုးရိမ်နေခဲ့တာ အခုတော့ ငါ ပြောချင်တာက..."

လုယန်ရန်က လည်ချောင်းသံဖြင့် ပြောသည်။

“အချစ်နံ့က အရမ်း ဆိုးလိုက်တာ အရမ်းချဉ်တာပဲ"

သူမသည် မုန့်ရုယန်ဖက်သို့ လှည့်ကြည့်ကာ

"ယန်ယန်၊ နင် ချန်းချန်းလိုမျိုး သစ္စာဖောက်ပြီး ငါ့ကို စွန့်ပစ်မှာ မဟုတ်ဘူးမလား"

မုန့်ရုယန်တစ်ယောက် ခေတ္တရပ်တန့်သွားပြီး ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။

တစ်ညနေလုံး သတိထားနေခဲ့သည့် ရီကျစ်ခိုင်သည် သူမ၏ အခြားတစ်ဖက်တွင် ရပ်နေသည်ကို မြင်သောအခါ လုယန်ရန်တစ်ယောက် ထိတ်လန့်သွားခဲ့သည်။

လုယန်ရန်: "..."

ရီကျစ်ခိုင်: "..."

ရီကျစ်ခိုင်လည်း စိတ်ဒုက္ခ ရောက်နေခဲ့သည်။ သူ့ဘက်မှ မကျေမနပ် ပြောချင်သော်လည်း သူ၏ ရည်းစား လက်ကိုလည်း ကိုင်ထားရသေးသည်။

အစပိုင်းတွင် မုန့်ရုယန်သည် ရှချန်းချန်းအတွက် စိုးရိမ်ခဲ့ပြီး သူမနှင့် လုယန်ရန်တို့သည် ဘုံရည်ရွယ်ချက်ရှိသည့် ရန်ငြိုးတစ်ခုကို ထားရှိခဲ့ကြသောကြောင့် သူသည် လက်ခံ၍ နှုတ်ပိတ်နေရုံသာ တတ်နိုင်ခဲ့သည်။

ယခု ရှချန်းချန်းနှင့် ရှဲ့ကျစ်ရှင်းတို့ နှစ်ဦးစလုံး ပျော်ရွှင်စရာ ဇာတ်သိမ်းကို ရသွားပြီ... ဘာလို့ လုယန်ရန်က သူ့ စီးကရက်ကို ပြန်မပေးတာလဲ။

မုန့်ရုယန်သည် ရီကျစ်ခိုင်၏ နာကျင်နေသည့် ပုံစံဖြင့် မျက်နှာကို မြင်လိုက်ရသည့်အခါ လုယန်ရန်၏ လက်ထဲမှ သူမ၏ လက်ကို ဂရုတစိုက် ပြန်ရုပ်လိုက်သည်။

လုယန်ရန်: "...?"

သူမက ဒေါသတကြီး အော်လိုက်သည်။

"မုန့်ရုယန် နင် လူလွတ်တွေကို အနိုင်ကျင့်နေတာဘဲ"

မုန့်ရုယန်နှင့် ရီကျစ်ခိုင်တို့သည် အပြစ်ရှိကြောင်း အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း သူတို့ တစ်ဦးနှင့်တစ်ဦးအား ကြည့်နေသည့် အကြည့်များက ဖိအားများ ရှိနေခဲ့သည်။

လုယန်ရန်: "..."

ငါ မလိုအပ်ဘဲ လုပ်မိတာပဲ။

ရုတ်တရက်ဆိုသလို အနောက်မှ ထူးဆန်းသည့်အသံ ထွက်ပေါ်လာသည်။

"ဝုတ် ဝုတ် ဝုတ်" ကျင်ရိဖန်က အော်လိုက်သည်။

"လုယန်ရန်၊ မင်း ကျွန်တော့်ကို ခေါ်တာလား"

တစ်သက်လုံး လူပျိုဖြစ်ခဲ့သည့် ကျင်ရိဖန် က သူမအား အပြစ်ကင်းစွာ ကြည့်လိုက်သည်။

လုယန်ရန်: ???

လုယန်ရန်က မျက်လုံးလှန်ပြပြီး "ထွက်သွား" ဟု ပြောလိုက်သည်။

Starlight ပွဲ ပြီးဆုံးပြီးနောက် လူတိုင်းသည် သဟဇာတဖြစ်သော စိတ်ခံစားချက်ဖြင့် ရှိနေကြသည်။ မည်သူက ပူပူနွေးနွေး ဟော့ပေါ့ စားရန် အကြံပြုသည်ကို မည်သူမှ မသိကြပေ။

လုယန်ရန်နှင့် မုန့်ရုယန်တို့ကတော့ ချက်ချင်း သဘောတူခဲ့ကြသည်။

Starlight ပွဲသို့တက်ရောက်ရန်နှင့် လှပသော အဆင့်မြင့်ဖက်ရှင်များ ဝတ်ဆင်နိုင်ရန်အတွက် အမျိုးသမီး ကြယ်ပွင့်များသည် တစ်ပတ်ကြို၍ ဟင်းသီးဟင်းရွက်များ စားခဲ့ရသည်။ ယခု၌ သူတို့ ဗိုက်ဆာနေလေပြီ။

ဟော့ပေါ့ထက် ပိုကောင်းတဲ့ ဘယ်အရာကများ သူတို့ကို ကုစားပေးနိုင်ဦးမှာလဲ။

မိန်းကလေးများသည် ချက်ချင်းဆိုသလို ကလေးထိန်းကားထဲသို့ ဝင်ရောက်ကာ ပေါ့ပေါ့ပါးပါး အဝတ်အစားများ လဲလှယ်ပြီး ဟော့ပေါ့ဆိုင်သို့ သွားရန် ပြင်ဆင်ကြသည်။

ရှချန်းချန်းသည် အပိုအဝတ်အစားများ ပြင်ဆင်လာခဲ့သောကြောင့် မုန့်ရုယန်၏ ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ငှားယူလိုက်သည်။ အဝတ်အစား လဲလှယ်ပြီး ကလေးထိန်း၏ ကားထဲမှ ထွက်လာသည်နှင့် သူမ၏ ဘေးတွင် သပ်ရပ်သော လိုင်းများဖြင့် အနက်ရောင် ကိုယ်ထည်ရှိ Porsche ကားတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။

ဟန်ကျားလင်သည် ကားထဲမှ လျင်မြန်စွာ ထွက်လာခဲ့၏။ သူ၏ မျက်နှာက တည်ကြည်နေပြီး မျက်ခုံးများမှာ ယင်ကောင်တစ်ကောင်ကို ဖမ်းသတ်နိုင်သည်အထိ တွန့်ချိုးနေခဲ့သည်။

ရှဲ့ကျစ်ရှင်းက ဟန်ကျားလင်ကို မြင်သောအခါ ချက်ချင်းပင် သတိချပ်၍ ရှချန်းချန်းကို သူ၏ နောက်တွင် ကွယ်ထားလိုက်သည်။

ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်း၏ အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်ပြီး ခေါင်းခါပြသည်။

သူမနှင့် ဟန်ကျားလင်တို့သည် ကိစ္စများကို ရှင်းရှင်းလင်းလင်း ရှင်းပြရမည် ဖြစ်သည်။

Starlight ပွဲ နှင့်မလှမ်းမကမ်းတွင် ဟော့ပေါ့ဆိုင်တစ်ခု ရှိသည်။ ရှချန်းချန်းသည် ရှဲ့ကျစ်ရှင်းနှင့် အခြားသူများကို စားသောက်ဆိုင်သို့ သွား၍ အစားအသောက်များ မှာရန် တောင်းဆိုခဲ့ပြီး ဟန်ကျားလင်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့သည်။

"ချန်းချန်း..."

ဟန်ကျားလင်၏ အသံက အနည်းငယ် နင်နေခဲ့သည်။

"မင်းနဲ့ ရှဲ့ကျစ်ရှင်းက... အတည်ကြီးလား"

သူသည် အင်တာနက်ပေါ်မှ သတင်းကို မြင်ပြီး ချက်ချင်း မောင်းလာခဲ့ခြင်းဖြစ်ကာ လမ်းတွင် မီးနီများစွာကို ဖြတ်မောင်းခဲ့သည်။

ရှချန်းချန်းက ခေါင်းညိတ်လိုက်သည်။

"ကျွန်မတို့ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က လက်ထပ်ခဲ့ကြတာ"

"ဘာလို့လဲ"

ဟန်ကျားလင်က အသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။

"မင်း ကြိုက်တဲ့သူက ကိုယ်ဆိုတာ ရှင်းနေတာပဲ၊ မင်း ဘယ်လိုလုပ် သူ့ကို လက်ထပ်နိုင်ရတာလဲ၊ ရှဲ့ကျစ်ရှင်းက မင်းကို အတင်းအကျပ် လက်ထပ်ခိုင်းတာဘဲ ဖြစ်ရမယ် ဟုတ်တယ်မလား ချန်းချန်း၊ ကိုယ့်ကို ပြော ကိုယ်မင်းကို ကာကွယ်ပေးနိုင်တယ်၊ ယဲ့ရှီဝမ်နဲ့ ကိုယ်က လုံးဝ ပြတ်သွားပြီ၊ ပြီးတော့ ကိုယ်တို့မှာ ကလေးလည်း မရှိဘူး၊ ကိုယ်တို့ တစ်ကနေ ပြန်စလို့ရတယ်"

ရှချန်းချန်းက သက်ပြင်းချလိုက်သည်။

“ဟန်ကျားလင်၊ ရှင်နဲ့ ယဲ့ရှီဝမ်ရဲ့ ကလေး မသေဘူးဆိုတာ ကျွန်မ သိတယ်"

ဟန်ကျားလင်က တောင့်တင်းသွားပြီး သူ၏ အမူအရာသည် ချက်ချင်း အေးခဲသွားခဲ့သည်။

"ဒါပေမဲ့ အဲဒါက ရှင့်ကို ကျွန်မငြင်းရတဲ့ အကြောင်းရင်း မဟုတ်ဘူး" ဟု ရှချန်းချန်းက ဆက်ပြောသည်။

"ဒါက ဘယ်သူနဲ့မှ မဆိုင်ဘူး ကျွန်မ ရှင့်ကို မကြိုက်ဘူး၊ ဒါပဲ"

"ဒါပေမဲ့ မင်း အရင်တုန်းက ကိုယ့်ကို အရမ်း ကြိုက်ခဲ့တာ ရှင်းနေတာပဲ..."

ဟန်ကျားလင်၏ အသံက စိတ်ပျက်အားငယ်နေသည်။

"ဒါပေမဲ့ ရှင့်ကို ကြိုက်ခဲ့တဲ့ ရှချန်းချန်းက သေသွားပြီ"

ရှချန်းချန်းက မျက်နှာသေဖြင့် ပြောလိုက်သည်။ သူမ၏ လေသံသည် အနည်းငယ် အေးစက်နေ၏။

“သူမက တစ်ချိန်တုန်းက ရှင့်ကို ကယ်ခဲ့တယ်၊ ရှင့်ကို ကြိုက်ခဲ့တယ်၊ ပြီးတော့ ရှင့်ကို သူ့နှလုံးသားထဲမှာ တစ်ဦးတည်းသောသူအဖြစ် သဘောထားခဲ့တယ်၊ ဒါပေမဲ့ ရှင်က အမြဲတမ်း သံသယများပြီး ရှင့်ရဲ့ စိတ်ထဲက လရောင်ဖြူကိုပဒ ကြိုက်ခဲ့ပြီး သူမကို တစ်စက်ကလေးမှ မကြည့်ခဲ့ဘူး"

"နောက်ဆုံးကျတော့ သူမက ရှင့်အပေါ် စိတ်ပျက်မှုနဲ့ ထွက်သွားရုံပဲ တတ်နိုင်ပြီး ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး"

"မဟုတ်ဘူး မဟုတ်ဘူး"

ဟန်ကျားလင်သည် ရှချန်းချန်း ၏ လက်မောင်းများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။

"ချန်းချန်း၊ မင်း ကိုယ့်ကို လိမ်နေတာ၊ ဒါတွေ အားလုံးက ကိုယ့်ကို ငြင်းဖို့ အကြောင်းပြချက်တွေပဲမလား"

နှစ်ဦးသား စကားမဲ့သွားပြီး ရှချန်းချန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

"သူမနဲ့ ကျွန်မက တစ်ယောက်တည်း ဟုတ်မဟုတ် ရှင်မခံစားနိုင်ဘူးလား" ရှချန်းချန်းက ရုတ်တရက် မေးလိုက်သည်။

သူမသည် ဟန်ကျားလင်တစ်ယောက် ဉာဏ်နည်းကြောင်း သိသော်လည်း ယခုလို ဖြစ်လာပြီးနောက် သူသတိဝင်သင့်ပြီ ဖြစ်သည်။

"အရင်နှစ်ဝက်တုန်းက၊ မင်း ကိုယ့်ထဲမှာ အဲလရောင်ဖြူကို မြင်ခဲ့ရတယ်မလား အဲဒါကြောင့်ပဲ အဲအချိန်တုန်းက မင်း ကိုယ့်ကို အရမ်းမုန်းခဲ့တာ၊ ဘာလို့လဲဆိုတော့ မင်းက ယဲ့ရှီဝမ်ကို မင်းရဲ့ လရောင်ဖြူလို့ အမြဲတမ်း အထင်မှားခဲ့ပြီးတော့ သူကို သစ္စာမဖောက်ချင်တဲ့အတွက် ကိုယ့်ကို အရမ်း ရက်စက်ခဲ့တာ"

"ဒါပေမဲ့ အခုရော၊ ရှင် အဲနှစ်က အရိပ်ကို မြင်နိုင်သေးလား"

ဟန်ကျားလင်က ရပ်တန့်သွားပြီး မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။

သူ မမြင်နိုင်တော့ချေ။ သူ မည်သည်ကိုမျှ မမြင်နိုင်တော့ချေ။

သူ့ ရှေ့ရှိ ရှချန်းချန်း သည် သူ့ကို မမြင်ဖူးသည့် သူစိမ်းတစ်ဦးကဲ့သို့ ထူးဆန်းသည်ဟုသာ ခံစားရစေသည်။

ထို ကြည်လင်သည့် မျက်လုံးများက ယခင်ကနှင့် တစ်ထပ်တည်း တူညီသော်လည်း သူ့အပေါ် ချစ်ခင်လေးစားသည့် အလင်းရောင် မရှိတော့ချေ။

ရှချန်းချန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

“ဟန်ကျားလင်၊ လက်လွှတ်လိုက်ပါ ရှင်နဲ့ ရှချန်းချန်းက လုံးဝ ပြီးသွားပြီ"

သူမသည် နောက်ဆုံး စကားကို ထားခဲ့ပြီး မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ လှည့်ထွက်သွားခဲ့သည်။

ကြယ်များဖြင့် တောက်ပနေခဲ့သည့် ကောင်းကင်သည် ရုတ်တရက် မည်းမှောင်သည့် တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားသည်။ တိမ်မည်းများ လှိမ့်ဝင်လာပြီး နေကို ကွယ်သွားကာ ကြယ်များနှင့် တောက်ပနေသည့် လတို့သည်လည်း အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။

ဟန်ကျားလင်သည် ရှချန်းချန်း၏ စကားများက အဓိပ္ပာယ်မရှိဟု အမြဲ ယူဆခဲ့သော်လည်း သူမ လှည့်ထွက်သွားသည့် အချိန်တွင် သူ့အား အင်မတန် ချစ်မြတ်နိုးခဲ့သည့် မိန်းကလေးက ထွက်သွားခဲ့ပြီဟု သူ အမှန်တကယ် ခံစားလိုက်ရသည်။ သူမသည် အလွန်ဝေးကွာသော နေရာတစ်ခုသို့ ထွက်ခွာသွားခဲ့ပြီး မည်သည့်အခါမျှ ပြန်လာတော့မည့်အလားပင်။ သူသည် သူမကို ထပ်မံ မြင်တွေ့ရတော့မည် မဟုတ်ချေ။

အနာဂတ်တွင် ရှချန်းချန်းကဲ့သို့ ဟန်ကျားလင်ကို ချစ်မည့်သူ မည်သူမျှ ရှိတော့မည် မဟုတ်ပေ။

All Chapters