← Chapters

နတ်ဘုရားလိပ်ကို ရေချိုးပေးခြင်း

Vol. 1 Ch. 6

နတ်ဘုရားလိပ်ကို ရေချိုးပေးခြင်း

Vol. 1 Ch. 6

"ဟေး... လိပ်ကြီး... မင်းက လူစကားတောင် ပြောတတ်တယ်ပေါ့... ကောင်းတယ်... သိပ်ကောင်းတယ်... ကြည့်ရတာ သိဉာဏ်ရှိသွားပြီနဲ့ တူတယ်..."

ချင်ထျန်းက လိပ်အိုကြီးကို မကာ အကဲခတ်လိုက်သည်။ သူ အံ့ဩခြင်း မရှိပေ။ ဤလောကတွင် မိစ္ဆာများနှင့် အခြားသော အသိဉာဏ်ရှိ သက်ရှိများစွာ ရှိနေသည် မဟုတ်ပါလော။

လက်ရှိတွင် သူ ပိုင်ဆိုင်ထားသော အထွက်အထိပ် သိုင်းပညာရှင် ခွန်အားဖြင့် ကျောက်ဆုံလောက်ကြီးသော လိပ်ကြီးကို မတင်လိုက်ရသည်မှာ အားစိုက်ထုတ်ရန်ပင် မလိုပေ။

"ငါ့ကို အောက်ချပေးစမ်း... ကောင်စုတ်လေး... ဒီဘိုးဘေးက ဘယ်သူလဲ ဆိုတာ မင်း သိရဲ့လား..."

လိပ်အိုကြီးမှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ချင်ထျန်း သူ့ကို မလိုက်သည့် အချိန်၌ သူ၏ ကျင့်ကြံခြင်း စွမ်းအားများ ချိပ်ပိတ်ခံလိုက်ရပြီး စကားပြောနိုင်ရုံ သက်သက်သာ ကျန်ရှိတော့သည်။

"ခင်ဗျား ဘယ်သူလဲ ဆိုတာ ကျွန်တော် ကောင်းကောင်း သိတာပေါ့..."

ချင်ထျန်းက ပြောပြောဆိုဆိုနှင့်ပင် လိပ်အိုကြီးကို ထပ်မံ လှုပ်ခါလိုက်ပြန်သည်။

"ဒါဆို ဘာလို့ ငါ့ကို အောက်မချသေးတာလဲ..."

"ခင်ဗျားက ရေမြောင်းပုပ်နံ့ထွက်နေတဲ့ လိပ်ညစ်ပတ်ကြီးပါကွာ... အခွံကို ကြည့်ပါဦး... ရေညှိတွေ ပေါင်းပင်တွေနဲ့ ဖုံးနေတာ... ကံကောင်းလို့ ဒီသခင်လေးက ဒီနေ့ ခင်ဗျားကို ပြောင်စင်အောင် ရေချိုးပေးမယ်"

ချင်ထျန်းက လိပ်အိုကြီးကို မလျက်သားဖြင့် ဝါးရုံအိမ်လေး အပြင်ဘက်သို့ ထွက်လာခဲ့သည်။

"ဟိုအရူးက ဘာလုပ်ပြန်ပြီလဲ... ဘာအကြောင်းမှ မရှိဘဲ လိပ်အိုကြီးကို သွားပြီး အနိုင်ကျင့်နေပြန်ပြီ"

"ဘယ်သူ သိမှာလဲ... သူ့ကို သွားမစတာ ကောင်းမယ်... သူက အထွတ်အထိပ်အဆင့် ပါရမီ ပိုင်ရှင်လေ... တစ်နေ့ကျရင် သေချာပေါက် မသေမျိုး နတ်ဘုရား ဖြစ်လာမယ့်သူ"

"ဟောက်ရန်ဂိုဏ်းက တကယ့်ကို ထူးခြားတာပဲ... မြင့်မြတ်နယ်မို့ ထူးချွန်တဲ့သူတွေ ပေါသလို... သာမန် လိပ်တစ်ကောင်တောင် စကားပြောတတ်တယ်"

လူတိုင်းက ချီးကျူး ပြောဆိုလိုက်ကြသည်။

လူစကား ပြောတတ်သော သားရဲများသည် ခြွင်းချက်မရှိ စွမ်းအားကြီးမားသော မိစ္ဆာကြီးများ ဖြစ်ကြသည်။

သို့သော် ဤလိပ်အိုကြီးမှာ ကျင့်ကြံခြင်းစွမ်းအား လုံးဝမရှိဘဲနှင့် စကားပြောနိုင်နေသည်။

"အဲဒီကောင်လေးက ဘယ်သူလဲ... သူ ရူးသွားပြီ ထင်တယ်... နတ်ဘုရားလိပ်ကို ဆွဲခေါ်သွားတယ်ဟ"

ဟောက်ရန်ဂိုဏ်း၊ ပင်မခန်းမဆောင်။

ဤအချိန်တွင် ဟောက်ရန်ဂိုဏ်း၏ အကြီးအကဲများ အားလုံး စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

ပါရမီ စမ်းသပ်မှု ပြီးဆုံးသွားပြီ ဖြစ်သဖြင့် အကြီးအကဲများ ကိုယ်ထင်ပြခွင့် ရရှိလာခြင်း ဖြစ်သည်။

အမှန်တကယ် စမ်းသပ်နေစဉ် ကာလအတွင်း သူတို့သည် ပုန်းအောင်းနေခဲ့ကြသည်။

ဤသည်မှာ ဟောက်ရန်ဂိုဏ်း၏ ထူးခြားချက်ပင်။ သူတို့သည် ပါရမီထက် ဉာဏ်ပညာနှင့် ကိုယ်ကျင့်တရားကို ပိုမို တန်ဖိုးထားကြသည်။

ထို့ကြောင့် အကြီးအကဲများ အနေဖြင့် တပည့် လက်ခံလိုပါက ဒုတိယနှင့် တတိယအဆင့် စမ်းသပ်မှုများ ဖြစ်သည့် ဉာဏ်ပညာနှင့် ကိုယ်ကျင့်တရား စမ်းသပ်မှုများကို အာရုံစိုက်ရမည် ဖြစ်သည်။

ဝါးရုံအိမ်လေး အတွင်းမှ မြင်ကွင်းတိုင်းကို ခန်းမဆောင်ကြီး အတွင်းသို့ ပုံရိပ် ထုတ်လွှင့်ပြသနေသည်။

လူတိုင်း ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်နေကြစဉ် ချင်ထျန်းက နတ်ဘုရားလိပ်ကြီး ဆီသို့ လျှောက်သွားပြီး မတင်လိုက်ရုံမက လှုပ်ပင် လှုပ်ခါလိုက်သေးသည်ကို တွေ့လိုက်ရသည်။

နတ်ဘုရားလိပ်သည် နှစ်ပေါင်း တစ်ထောင်ကျော် ရှင်သန်နေထိုင်ခဲ့ပြီး ဂိုဏ်း၏ အစောင့်အရှောက် မြင့်မြတ်သော သားရဲပင် ဖြစ်သည်။ ဂိုဏ်းချုပ် ကိုယ်တိုင်ပင်လျှင် ဤမျှ မလေးမစား ပြုမူရဲခြင်း မရှိပေ။

"ဂိုဏ်းချုပ်... ခင်ဗျားရဲ့ စိတ်ကူးပေါက်ကရတွေကြောင့် ဘာဖြစ်သွားပြီလဲ တွေ့ပြီလား... အခုတော့ နတ်ဘုရားလိပ်အရှက်ကွဲရပြီ"

မဟာအကြီးအကဲက ညည်းတွားလိုက်သည်။ ဤကောင်လေးက လွန်လွန်းနေပေသည်။

စကားပြောတတ်သော သားရဲတစ်ကောင် ဆိုသည်မှာ အနည်းဆုံးတော့ မိစ္ဆာအဆင့် ရှိပေသည်။

"ဒီကောင်လေး ရူးနေတာလား..."

"သူ့ကို သွားတားလိုက်ကြ... ဘိုးဘေး မျက်နှာ ပျက်အောင် လုပ်နေပြီ..."

"နေပါဦး..." ဂိုဏ်းချုပ် အဘိုးအိုက မျက်မှောင်ကြုတ်လိုက်သည်။ "ဘိုးဘေးရဲ့ စွမ်းအားက ခန့်မှန်းလို့ မရနိုင်ဘူး... ဒီကောင်လေးက သာမန် လူသားခွန်အားလောက်ပဲ ရှိတာ... ဘိုးဘေး ကိုယ်တိုင်က တမင် အလုပ်ခံနေတာ ဖြစ်မယ်..."

"ဘိုးဘေးက မျက်နှာကို အရမ်း တန်ဖိုးထားတဲ့သူပါ... သူက လူတိုင်းရဲ့ ဉာဏ်ပညာကို စမ်းသပ်ချင်လို့ သူ့ရဲ့ ကျင့်ကြံခြင်း စွမ်းအားကို တမင် ဖုံးကွယ်ပြီး ဘယ်သူက သူ့ရဲ့ ကြီးမြတ်မှုကို ရိပ်မိမလဲ ဆိုတာ စောင့်ကြည့်နေတာ ဖြစ်လောက်တယ်... မမေ့နဲ့ဦး... ဒါက ဒုတိယအဆင့် ဉာဏ်ပညာ စမ်းသပ်မှုလေ... ဘိုးဘေး ကိုယ်တိုင် စီမံတာ ဆိုတော့ အသေးစိတ်ကို ငါတို့လည်း မသိနိုင်ဘူး..."

"ဟုတ်သားပဲ... ဘိုးဘေးမှာ အကြံအစည် ရှိမှာပေါ့... မဟုတ်ဘူး... သူ သေချာပေါက် တမင် လုပ်တာပဲ... မဟုတ်ရင် ဒီကောင်လေးက သူ့ကို ဘယ်လိုလုပ် မနိုင်မှာလဲ... ဘိုးဘေးက နတ်ဘုရားလိပ်လေ... သူ့ခန္ဓာကိုယ် အလေးချိန်က တောင်ကုန်းတစ်လုံးထက်တောင် ပိုလေးတာ..."

"ဪ... ဒါကြောင့်ကိုး..."

ဂိုဏ်းချုပ်၏ ရှင်းပြချက်ကြောင့် လူတိုင်း သဘောပေါက်သွားကြသည်။

"ဒါပေမဲ့ အဲဒီကောင်လေးက သိပ်ပြီး မိုက်ရူးရဲ ဆန်လွန်းတယ်..."

"တကယ်ကြီး ဟုတ်လို့လား..."

မဟာအကြီးအကဲသည် ယက်ကန်ယက်ကန် ဖြစ်နေသော ခြေထောက်တိုတို လေးချောင်းကို ကြည့်လိုက်မိသည်။

ဟန်ဆောင်နေသည်နှင့် မတူပေ... ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေပုံ ပိုရသည်။

"ကောင်လေး... မင်း ဘာလုပ်တာလဲ... ငါ့ကို လွှတ်ပေးစမ်း..." လိပ်အိုကြီးမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် သူ၏ မှော်စွမ်းအားများ ပျောက်ဆုံးနေပြီး လုံးဝ အားကိုးရာမဲ့ ဖြစ်နေလေသည်။

"ဟောက်ရန်ဂိုဏ်းက သောက်ကောင်တွေ... ငါ မင်းတို့ကို နှစ်ပေါင်း တစ်ထောင်လောက် စောင့်ရှောက်ပေးခဲ့တာ... အခု ငါ အရှက်ကွဲနေတဲ့အချိန် တစ်ကောင်မှ လာမကူညီကြဘူးလား..."

လိပ်အိုကြီးမှာ ကျိန်ဆဲလိုက်ပြီး စိတ်နှလုံး နာကျင်သွားရသည်။

"ပွစိပွစိ လုပ်မနေနဲ့... ခင်ဗျားက လိပ်တစ်ကောင်ပဲဟာ..."

ချင်ထျန်းက လိပ်ကြီး၏ ခေါင်းကို အကြိမ်ရေ အတော်ကြာကြာ ရိုက်ချလိုက်ရာ လိပ်ကြီးမှာ မူးဝေသွားလေသည်။

"ဘိုးဘေးရဲ့ ပေးဆပ်မှုက ကြီးမားလိုက်တာ... ဂိုဏ်းသားတွေကို စမ်းသပ်ဖို့အတွက် ဒီလောက်ထိ လုပ်ရတယ်လို့..."

လိပ်အိုကြီး အရိုက်ခံနေရသည်ကို မြင်သောအခါ အကြီးအကဲများမှာ သူ၏ ကြီးမြတ်မှုကို လေးစားအားကျသွားကြသည်။ ထူးချွန်ထက်မြက်သော ဂိုဏ်းသားများကို ရွေးချယ်ရန်အတွက် သူ အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ယူဆလိုက်ကြ၏။

"ဒုတိယအဆင့်က ဉာဏ်ပညာ စမ်းသပ်မှု မဟုတ်ဘူးလား... ဘာလို့ ဘာမှ ဖြစ်မလာသေးတာလဲ..."

အခြားသော ဂိုဏ်းသားလောင်းများမှာ ချင်ထျန်း၏ ရက်စက်မှုကို အံ့ဩနေကြသော်လည်း ဝင်ရောက် စွက်ဖက်ရဲခြင်း မရှိကြပေ။

ရာနှင့်ချီသော လူများက ဘေးပတ်လည်ကို ဝေ့ဝဲကြည့်လိုက်ကြသော်လည်း ဟောက်ရန်ဂိုဏ်းသား တစ်ယောက်ကိုမျှ မတွေ့ရပေ။

"စနေပြီ ထင်တယ်... ဉာဏ်ပညာ စမ်းသပ်မှု ဆိုတော့ ငါတို့ရဲ့ လေ့လာနိုင်စွမ်းနဲ့ နားလည်နိုင်စွမ်းကို စမ်းသပ်တာ ဖြစ်လောက်တယ်... မေးခွန်းက ဒီဝါးရုံအိမ်လေးထဲမှာ ဝှက်ထားတာ နေမှာ..."

ရွှေရောင်ဆံပင်နှင့် လူငယ်က အမှန်တရားကို ရှာဖွေတွေ့ရှိသွားပြီဟု ယူဆကာ ကျေနပ်စွာ ပြောလိုက်သည်။

"ဖြစ်နိုင်တယ်..."

"ဂိုဏ်းက ငါတို့ကို ဒီသစ်သားအိမ်ထဲ အကြောင်းမဲ့ ပို့လိုက်တာတော့ မဖြစ်နိုင်ဘူး"

"ဟုတ်လို့လား..."

ကျန်းမိသားစုမှ အထွတ်အထိပ်အဆင့် ပါရမီရှင် ကျန်းရှီးယွဲ့သည် ဇဝေဇဝါ ဖြစ်နေသည်။

ကျင့်ကြံသူ မိသားစုမှ ဆင်းသက်လာသူ ဖြစ်သဖြင့် သူမသည် ဟောက်ရန်ဂိုဏ်း၏ စမ်းသပ်မှုများ အကြောင်း ကြားဖူးနားဝ ရှိလေသည်။

ဒုတိယအဆင့်သည် အမြဲတမ်း မေးခွန်းထုတ်လေ့ ရှိပြီး မှန်ကန်စွာ ဖြေဆိုနိုင်ပါက အောင်မြင်သည်ဟု သတ်မှတ်သည်။

ကျင့်ကြံသူ မိသားစုမှ အခြားသော လူငယ်အချို့လည်း ထိုအတိုင်း ကြားဖူးကြသော်လည်း ဟောက်ရန်ဂိုဏ်းသား တစ်ဦးတစ်ယောက်မျှ ပေါ်မလာသဖြင့် အားလုံးက ဝင်ရောက် ရှာဖွေလိုက်ကြသည်။

သူတို့ စမ်းတဝါးဝါး ရှာဖွေနေကြစဉ် ချင်ထျန်းသည် လိပ်ကြီးကို အပြင်ဘက်သို့ သယ်ဆောင်သွားပြီး ဖြစ်သည်။

ဝါးရုံအိမ်လေးကို ရေကန်ပေါ်တွင် ဆောက်လုပ်ထားသဖြင့် ရေရရှိရန် လွယ်ကူပေသည်။

"ခင်ဗျား ကံကောင်းတယ် မှတ်ပါ လိပ်အိုကြီး... ဒါ ငါ ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်ကို ရေချိုးပေးဖူးတာပဲ... တိရစ္ဆာန် ဆိုရင် ပိုလို့တောင် မလုပ်ဖူးသေးဘူး..."

သူက လိပ်ကြီးကို ရေထဲ နှစ်လိုက်သည်။

"အရင်ဆုံး စိုအောင် လုပ်ရမယ်... ဒါမှ ဂျေးချွတ်လို့ ရမှာ"

"ဟာ... ဘရပ်ရှ် မပါလာဘူး..."

လက်ဗလာ ဖြစ်နေပြီး လိပ်ခွံပေါ်တွင် ရေညှိများနှင့် မြက်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် လက်ဖြင့် တိုက်၍ အဆင်မပြေနိုင်မှန်း သိလိုက်သည်။

သူက လိပ်ကြီးကို မလျက် ဝါးရုံအိမ်လေး ပတ်လည် လျှောက်သွားလိုက်ရာ အိမ်သာအနီးတွင် တံမြက်စည်း (ဘရပ်ရှ်) တစ်ချောင်း တွေ့လိုက်ရသည်။

"ကျင်ငယ်ခွက် ဆေးတဲ့ ဘရပ်ရှ်ပဲ... ဒါပဲ သုံးလိုက်မယ်"

"ကောင်လေး... လူကြီးလူကောင်း ဆိုတာ အရှက်ကွဲခံရမယ့် အစား အသေခံတတ်တယ်ကွ...”

လိပ်အိုကြီးမှာ ချင်ထျန်းက အိမ်သာဆေးသည့် ဘရပ်ရှ်ကို အသုံးပြု၍ သူ့အခွံကို တိုက်တော့မည်ကို သိလိုက်ရသဖြင့် ရူးမတတ် အော်ဟစ်လိုက်လေသည်။

အကယ်၍ သူ့မိတ်ဆွေဟောင်းများသာ ကြားသွားပါက သူ ဘယ်တော့မှ ခေါင်းမော့ရဲတော့မည် မဟုတ်ပေ။

"ငြိမ်ငြိမ်နေစမ်း... မဟုတ်ရင် ဒီဟာနဲ့ ရိုက်ထည့်လိုက်မှာနော်..."

နံစော်နေသော ဘရပ်ရှ်ကြောင့် လိပ်ကြီးမှာ ကြောက်လန့်ပြီး တောင့်ခဲသွားလေသည်။

လိပ်ကြီး၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။ ရာစုနှစ်ပေါင်းများစွာ ဂိုဏ်းသားသစ်များကို နောက်ပြောင်ကျီစယ်ခဲ့ပြီးနောက် ယခုအခါ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေပြီ။

မလှုပ်ရဲတော့ပေ... ချင်ထျန်းက ခြိမ်းခြောက်ရုံ သက်သက် မဟုတ်မှန်း သူ သိ၏။ အိမ်သာဆေးသည့် ဘရပ်ရှ်နှင့် အရိုက်ခံရမည့်အစား သေလိုက်သည်ကမှ သာလွန်ပေလိမ့်မည်။

"ဘိုးဘေးက တကယ့်ကို လေးစားစရာ စံပြပဲ... ဂိုဏ်းသားတိုင်း သူ့ကို ကျေးဇူးတင်သင့်တယ်... နောက်ဆို ဘယ်သူမှ သူ့ကို လူသစ်တွေကို အငြိုးအတေးနဲ့ ကစားတတ်တယ်လို့ မပြောကြနဲ့တော့" ဂိုဏ်းချုပ်က တည်ကြည်လေးနက်စွာ ကြေညာလိုက်သည်။

သူသည် ယခင်က ဉာဏ်ပညာ စမ်းသပ်မှု ဆိုသည်မှာ ဘိုးဘေး ပျင်းနေ၍ လုပ်သော အရာဟုသာ ထင်မှတ်ခဲ့ဖူးသည်။

ယခုမှသာ ဘိုးဘေး၌ နက်နဲသော အဓိပ္ပာယ် ရှိကြောင်း သူ နားလည်လိုက်ရသည်။

သူ အမြင်တိမ်ခဲ့မိလေပြီ။

ခန်းမဆောင်ထဲရှိ အကြီးအကဲများမှာ ပြောစရာ စကားမဲ့နေကြသည်။

ချင်ထျန်းက ဘရပ်ရှ်ကို မြှောက်လိုက်ပြီး လိပ်ခွံပေါ်ရှိ ရေညှိများကို စတင် တိုက်ချွတ်လိုက်လေတော့သည်။

All Chapters