← Chapters

အာနက်လက်ကျမ်း

Vol. 1 Ch. 8

အာနက်လက်ကျမ်း

Vol. 1 Ch. 8

ဝါးရုံအိမ်လေး အတွင်း၌ လူတိုင်းသည် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ သူတို့၏ နားလည်သဘောပေါက်မှုကို ဖော်ပြရန် ခေါင်းခြောက်အောင် စဉ်းစားနေကြသည်။

ချင်ထျန်းတစ်ယောက်သာ မနားမနေ ရေးသားနေလေသည်။

နှစ်နာရီ ဆိုသည့် အချိန်သည် ရှည်ကြာသည် မဟုတ်သလို တိုတောင်းသည်လည်း မဟုတ်ပေ။ သို့သော် အာနက်လက်ကျမ်းထဲတွင် စာလုံးရေ တစ်သောင်းကျော် ပါဝင်သဖြင့် ချင်ထျန်း အနေဖြင့် ရပ်နားနေ၍ မရပေ။

နဂါးတစ်ကောင် ပျံသန်းနေသကဲ့သို့ လှုပ်ရှားနေသော ချင်ထျန်း၏ စုတ်တံကို ကြည့်ရင်း လူအများအပြားမှာ မျက်လုံးပြူးနေကြသည်။ ကိုယ်ကျင့်တရား ဆိုသည်မှာ ဤမျှ စာလုံးရေ အများအပြား လိုအပ်သော အရာ ဟုတ်ပါလေစ။

စာလုံးရေ တစ်ရာခန့်သာ ရေးခြစ်ထားသော ဂိုဏ်းသားလောင်းများမှာ သူတို့ ရေးထားသည်များ နည်းလွန်းနေသလားဟု သံသယ ဝင်လာကြသည်။

'လူပျက်ပဲ။ ကိုယ်ကျင့်တရား ဆိုတာ စာတွေ အများကြီးနဲ့ ဟန်လုပ်လို့ ရတာမှ မဟုတ်တာ။'

ရွှေရောင်ဆံပင်နှင့် လူငယ်က စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။ ချင်ထျန်း၏ ရက်စက်ကြမ်းကြုတ်မှုကို ကြောက်ရွံ့သဖြင့် အသံထွက် ပြောရဲခြင်း မရှိပေ။

နှစ်နာရီ ကုန်ဆုံးသွားပြီ ဖြစ်သည်။

ချင်ထျန်းသည် လက်ကောက်ဝတ်ကို လှုပ်ခါလိုက်၏။ သူ၏ ခွန်အားသစ်သာ မရှိပါက ပြီးအောင် ရေးနိုင်မည် မဟုတ်ပေ။

ကိုယ်ကျင့်တရား ဆိုသည်ကို ကိုယ်တိုင် မည်သို့ ရှင်းပြရမည် မသိသဖြင့် အာနက်လက်ကျမ်း ကိုသာ တာဝန်လွှဲပေးလိုက်ခြင်း ဖြစ်သည်။

အများစုမှာ စာရွက်တစ်ရွက်သာ ကိုင်ထားကြပြီး အနည်းငယ်သော သူများသာ နှစ်ရွက်ခန့် ရှိကြသည်။ ချင်ထျန်း တစ်ယောက်တည်းသာ စာရွက်အထူကြီး တစ်ထပ် ကိုင်ဆောင်ထားလေသည်။

”ဒီကောင်လေးက ဘာမှတ်နေတာလဲ။ စာအုပ် ရေးနေတာများလား။”မဟာအကြီးအကဲမှာ မနေနိုင်ဘဲ ညည်းတွားလိုက်သည်။

”သူ့ရဲ့ နားလည်မှုက ပိုပြီး ကျယ်ပြန့်လို့ နေမှာပါ။” ဂိုဏ်းချုပ် အဘိုးအိုက ပြောလိုက်သည်။ ချင်ထျန်း အနေဖြင့် သူ့အတွေးများကို ရဲရဲဝံ့ဝံ့ ချရေးရဲသည်ကို သူ သဘောကျနေသည်။

အကြီးအကဲများ၏ နှုတ်ခမ်းများ တွန့်ကွေးသွားကြသည်။ သူတို့သည် စာစီစာကုံးပေါင်း များစွာကို ဖတ်ရှုခဲ့ဖူးသော်လည်း စာအုပ်တစ်အုပ် ဖြစ်လာသည် အထိ ရေးသားမှုကိုမူ တစ်ခါမျှ မကြုံဖူးခဲ့ပေ။

ဂိုဏ်းသားလောင်း လေးရာကျော်သည် နေရာမှ ပျောက်ကွယ်သွားပြီး ဟောက်ရန်ဂိုဏ်း၏ ခန်းမဆောင်ကြီး အတွင်းသို့ ပြန်လည် ရောက်ရှိလာကြသည်။

မူလက အကြီးအကဲများသည် ဒုတိယနှင့် တတိယအဆင့် စမ်းသပ်မှု ရလဒ်များအပေါ် မူတည်၍ တပည့်များကို ရွေးချယ်လေ့ ရှိကြသည်။

ယခုအခါ ဒုတိယအဆင့် စမ်းသပ်မှုကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သဖြင့် အရာအားလုံးသည် နောက်ဆုံး စမ်းသပ်မှု အပေါ်တွင်သာ မူတည်တော့သည်။

ဟောက်ရန်ဂိုဏ်းသည် ကွန်ဖြူးရှပ်သူတော်စင်၏ လမ်းစဉ်ကို ဆက်ခံထားခြင်း ဖြစ်ရာ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ထိုးထွင်းသိမြင်မှု ပိုမို နက်ရှိုင်းလေ ဂိုဏ်းနှင့် ပိုမို ကိုက်ညီလေ ဖြစ်သည်။

တတိယအဆင့်သည် စမ်းသပ်မှု ဖြစ်သကဲ့သို့ အကဲဖြတ်မှုလည်း ဖြစ်ရာ ထူးချွန်ကြောင်း ပြသနိုင်မည့် အခွင့်အရေးပင်။

ပါရမီသည် အရိုးတည်ဆောက်ပုံ အခြေခံကိုသာ ပြသနိုင်ပြီး နားလည်သဘောပေါက်နိုင်စွမ်းကိုမူ နေ့စဉ် အပြုအမူမှလွဲ၍ တိုင်းတာနိုင်ခြင်း မရှိပေ။

ဂိုဏ်းသား လေးရာခန့် ခန်းမဆောင်ထဲတွင် ပေါ်လာကြ၏။

ဂိုဏ်းချုပ်၊ ဒုတိယဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့ အပြင် အခြားသော အကြီးအကဲ ၁၉ ဦးတို့သည် ဟောက်ရန်ဂိုဏ်း၏ ကြီးကျယ်ခမ်းနားမှုကို ပြသသည့်အနေဖြင့် တည်ကြည်လေးနက်စွာ ထိုင်နေကြသည်။

”ကလေးတို့... ဒါက နောက်ဆုံး ဂိတ်တံခါးပဲ။ ဘယ်အကြီးအကဲရဲ့ တပည့် ဖြစ်လာမလဲ ဆိုတာ မင်းတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ရှင်းပြချက်အပေါ် မူတည်တယ်။”မဟာအကြီးအကဲက ကြေညာလိုက်သည်။

အကြီးအကဲ တစ်ဦး၏ ရွေးချယ်ခြင်းကို ခံရပါက ကိုယ်ပိုင်တပည့် ဖြစ်လာမည် ဖြစ်ပြီး ငါးကြင်းက နဂါးဂိတ်တံခါးကို ခုန်ကျော်သကဲ့သို့ အဆင့်အတန်း မြင့်မားသွားမည် ဖြစ်သည်။

အကယ်၍ မည်သည့် အကြီးအကဲကမှ မရွေးချယ်ပါက သက်ဆိုင်ရာ တောင်ထွတ်တစ်ခုသို့ တာဝန်ချထားပေးမည် ဖြစ်ပြီး ဂိုဏ်းတာဝန်ခံ သို့မဟုတ် စီနီယာ တစ်ဦး၏ လက်အောက်တွင် နေရမည် ဖြစ်သည်။

ထိုအဆင့်ကိုပင် မမီပါက ဂိုဏ်းမှ စီစဉ်သော အများတန်း သင်တန်းများတွင် တက်ရောက်ရမည် ဖြစ်သည်။

တာဝန်ခံများနှင့် အကြီးအကဲများက ပုံမှန် စာပေပို့ချပေးမည် ဖြစ်သော်လည်း ထိုမှတစ်ဆင့် အနာဂတ် ခရီးလမ်းသည် ကိုယ့်ကြိုးစားမှုအပေါ်တွင်သာ မူတည်တော့သည်။

ဂူအောင်းဂိုဏ်းကြီး ခြောက်ခုအနက် ဟောက်ရန်ဂိုဏ်း၏ ဂိုဏ်းသား ဦးရေမှာ အများဆုံး မဟုတ်သော်လည်း သောင်းနှင့်ချီ၍ ရှိပေသည်။

နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ရလဒ်ပင်။

မသေမျိုးသွေးကြောမှတ် ပွင့်သူများသည် နှစ်ပေါင်း နှစ်ရာခန့် အသက်ရှည်နိုင်သဖြင့် ဂိုဏ်းသား ဦးရေ တိုးပွားလာခြင်း ဖြစ်သည်။

ချင်ထျန်းသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်သည်။

အကြီးအကဲ အများစုသည် လူလတ်ပိုင်း အရွယ်များ ဖြစ်ကြသည်။ မသေမျိုးလမ်းစဉ်တွင် ရုပ်ရည်ကို ထိန်းသိမ်းထားရန် လွယ်ကူသော်လည်း သူတို့၏ မျက်နှာပေါ်မှ အရေးအကြောင်းများမှာ နက်ရှိုင်းနေပြီ ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ နေထိုင်လာပြီးနောက် မည်သူမျှ လူငယ် မျက်နှာထား မရှိကြတော့ပေ။

'ဂိုဏ်းချုပ်နဲ့ အကြီးအကဲများကို ဂါရဝပြုပါတယ်။' လောကအကြောင်း နားလည်သော လူငယ်အချို့က ဦးညွတ်လိုက်ရာ ကျန်လူများကလည်း လိုက်ပါ လုပ်ဆောင်ကြသည်။

'ကောင်းတယ်။ သင်ယူတတ်တဲ့ ကလေးတွေပဲ။' မဟာအကြီးအကဲက ခေါင်းညိတ်လိုက်သည်။ ဟောက်ရန်ဂိုဏ်းတွင် ယဉ်ကျေးသိမ်မွေ့မှုသည် အရေးကြီးသည်။

လူလေးရာ ဦးညွတ်နေစဉ် ချင်ထျန်းသည် စနစ်ကို အသုံးပြု၍ လူတိုင်း၏ ကျင့်ကြံမှု အဆင့်ကို စမ်းသပ်ရန် ကြိုးစားလိုက်သည်။

[ တင်... အိုမင်းမစွမ်း အဘိုးကြီးတစ်သိုက်... အားစိုက်ရကျိုး မနပ်ပါ ]

'ဘာ။'

ချင်ထျန်း မျက်တောင်ခတ်လိုက်မိသည်။ မဟာအကြီးအကဲ အပါအဝင် ဒီလူတွေ အကုန်လုံးက လူသားနတ်ဘုရား အဆင့်တွေလေ။ ဘယ်လိုလုပ် အိုမင်းမစွမ်း ဖြစ်နေရတာလဲ။

ဒီစနစ်စုတ်က ရေဝင်နေတာလား။

ဒါမှမဟုတ် သူတို့က အရမ်း စွမ်းအားကြီးလွန်းလို့ စနစ်က မဖတ်နိုင်တာများလား။

ဖြစ်နိုင်ချေ များတာက ဒုတိယအချက်ပဲ ဖြစ်မယ်။ ကျင့်ကြံခြင်း အဆင့်တွေကို သူ ဘာမှ မသိသေးဘူးလေ။

မဟာအကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။

ဒီကောင်စုတ် ယဉ်ကျေးမှု မရှိလိုက်တာ။ သူများတွေ ဂါရဝပြုနေချိန်မှာ သူက ငေးနေတာလား။

'လူငယ်လေး... မင်း အရင်လာခဲ့။ မင်းရဲ့... စာအုပ်ကို ယူလာခဲ့။' သူ ပြောလိုက်သည်။

'ဘာစာအုပ်လဲ။ ကျွန်တော် စာအုပ် မရေးပါဘူး။'

'အဲဒီ စာရွက်အထူကြီးလေ။ စာအုပ် မဟုတ်ရင် ဘာလဲ။ လာထားခဲ့။'

'တခြားသူတွေကို အရင် ပေးလုပ်လိုက်ပါ။ နှိမ့်ချခြင်းက ကိုယ်ကျင့်တရား တစ်ခုပဲလေ။' ချင်ထျန်း ရှောင်လွှဲရန် ကြိုးစားလိုက်သည်။ သူက အွန်လိုင်းတွင် ဖတ်ဖူးသမျှ အာနက်လက်ကျမ်း ကို အလွတ် ပြန်ကူးချထားခြင်းသာ ဖြစ်ပြီး ထက်ဝက်ခန့်ကို ရှင်းပြနိုင်ခြင်း မရှိပေ။

'လေးစားစရာပဲ။ သူက နှိမ့်ချတတ်တာကိုး။' ဒုတိယအကြီးအကဲ ယွီရှင်းရွှယ်က ချီးကျူးလိုက်သည်။ 'ကောင်းပြီလေ။ တခြားတစ်ယောက် အရင် စလိုက်ကြတာပေါ့။'

အကြီးအကဲများက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ ဒါက ကွန်ဖြူးရှပ်သူတော်စင်ရဲ့ လမ်းစဉ်နဲ့ ကိုက်ညီပေသည်။

မဟာအကြီးအကဲ၏ နှုတ်ခမ်းများမှာ နားရွက်အထိ ရောက်လုမတတ် တွန့်ကွေးသွားသည်။ သူ ပြန်ပြောမည့် စကားများကို မျိုချလိုက်ရပြီး ဆွံ့အသွားလေသည်။

အကယ်၍ ချင်ထျန်းသည် စကားတစ်ခွန်း မှားရုံဖြင့် လူတစ်ယောက်ကို သတ်လုနီးပါး ရိုက်နှက်ခဲ့သည်ကို သူတို့ သိသွားပါက မည်သို့ ထင်မြင်ကြမည်နည်း။

'ဘယ်သူ အရင်စချင်လဲ။' မဟာအကြီးအကဲက လူအုပ်ကြီးကို ကြည့်ရင်း မေးလိုက်သည်။

'ကျွန်တော် စပါမယ်။' ချန်းလန်ရှင်းက ရှေ့ထွက်လာသည်။ သူ၏ အနက်ရောင် ဝတ်ရုံနှင့် အေးစက်သော အမူအရာသည် မည်သူမျှ မချဉ်းကပ်ရဲသော ရေခဲတောင်ကြီး တစ်ခုအလား ဖြစ်နေသည်။

'ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ မင်းရဲ့ နားလည်မှုကို ပြောပြပါ။' မဟာအကြီးအကဲက ဖိတ်ခေါ်လိုက်သည်။

'အလုပ်အင်တာဗျူး ဖြေနေရသလိုပါပဲလား။' ချင်ထျန်း တွေးလိုက်မိသည်။ 'ငါ ရေးထားတာတွေ အများကြီးနဲ့... ဘယ်လို လုပ်ပြီး ဖတ်ပြရမှာလဲ။'

ငါဘာလို့ ဒီလောက် အများကြီး ရေးလိုက်မိတာလဲ။ အနှစ်ချုပ်လောက်ပဲ ရေးခဲ့သင့်တာ။ သူနှောင်တရမိသွား၏။

'ကိုယ်ကျင့်တရား ဆိုတာ အတွင်းစိတ်ကို မွမ်းမံခြင်းပါ။ ကြင်နာမှု၊ ဖြောင့်မတ်မှုနဲ့ သည်းခံခွင့်လွှတ်မှုတို့ ဖြစ်ပါတယ်။' ချန်းလန်ရှင်းက စကားတစ်ခွန်းတည်းဖြင့် ပြောလိုက်ရာ အကြီးအကဲများ အံ့အားသင့်သွားကြသည်။

မဟာအကြီးအကဲက ပြုံးလိုက်သည်။ 'ကောင်းလိုက်တဲ့ စကားလုံးတွေ။ ကိုယ်ကျင့်တရား ဆိုတာ ကြင်နာမှု၊ ဖြောင့်မတ်မှုနဲ့ သည်းခံခွင့်လွှတ်မှုပဲ။ အားကြီးသူက အားနည်းသူအပေါ် ကြင်နာရမယ်။ လူသားတွေက ဖြောင့်မတ်ပြီး သည်းခံခွင့်လွှတ်တတ်ရမယ်။'

'ဟုတ်ပါပေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ နက်နက်နဲနဲ နားလည်ထားတာပဲ။ ငါ့တပည့် လုပ်မလား' ဒုတိယအကြီးအကဲ ယွီရှင်းရွှယ်က ကမ်းလှမ်းလိုက်သည်။

'မဟုတ်တာ။ သူက ငါ့လမ်းစဉ်နဲ့ ပိုကိုက်ညီပါတယ်။' ပဉ္စမအကြီးအကဲက ကြားဖြတ် ပြောလိုက်သည်။

ဒီလို ထိုးထွင်းသိမြင်မှုမျိုးက အနာဂတ်မှာ ကြီးကျယ်သော အောင်မြင်မှုကို ကတိပေးနေသည်။ ပါရမီ အပိုင်းကတော့...

'ချန်းမိသားစုရဲ့ သွေးသားပဲ။ သူ့ပါရမီက ညံ့နေမှာ မဟုတ်ဘူး။' ပဉ္စမအကြီးအကဲ တွေးလိုက်သည်။

'ပဉ္စမအကြီးအကဲက အမြတ်မထွက်ရင် ဘယ်တော့မှ မလုပ်တတ်ဘူး။ ပါရမီရှိတဲ့ သူတွေကိုပဲ ရွေးတာ။ ဒီမှာ လှည့်ကွက် ရှိတယ်။' ဆဋ္ဌမအကြီးအကဲက ပြောလိုက်သည်။

'ငါ့ဆီပဲ လာခဲ့ပါ။'

'တော်ကြတော့။ စမ်းသပ်မှုတောင် မပြီးသေးဘူး။ ရန်ဖြစ်နေကြတာ မရှက်ကြဘူးလား။' ဒုတိယဂိုဏ်းချုပ်က ဝင်ဟန့်လိုက်သည်။

All Chapters