← Chapters

လင်းဟူအဖွဲ့အစည်း

Vol. 3 Ch. 31

လင်းဟူအဖွဲ့အစည်း

Vol. 3 Ch. 31

အခန်း(၃၁) လင်းဟူအဖွဲ့အစည်း

သူက ရှစ်စွင်းကို ဘယ်လိုလုပ် ဒီလို မြှောက်ပင့်နိုင်ရတာလဲ။

ရှောင်ယွမ်အာက မရယ်ဘဲ မနေနိုင်တော့ချေ။ သို့သော် သူမဆရာ၏ တည်ကြည်သော အကြည့်ကို မြင်သောအခါ အသံမြန်မြန်တိုးလိုက်သည်။ ပြီးနောက် သူမကို သူ ကြိမ်းမောင်းမှာကို ကြောက်ရွံ့သောကြောင့် တဖက်လှည့်ပြီး ပါးစပ်ကို လက်ဖြင့် ကာလိုက်၏။

မုရုန်ဟိုင်က ရှက်ရွံ့ပြီး ဇဝေဇဝါ ဖြစ်နေပုံပေါ်သည်။ ထိုလေးနက်သည့် အကြောင်းခေါင်းစဉ်က ရယ်နေရတာကို သူ နားမလည်နိုင် ဖြစ်နေသည်။

“မင်း သူ့ကို လျစ်လျူရှုထားလိုက် ဆက်ပြော ” လုကျိုးက တည်ငြိမ်စွာ ပြော၏။

မုရုန်ဟိုင်က ရှောင်ယွမ်အာ နှောင့်ယှက်တာ ခံရပြီးနောက် သူ၏ ရှိုက်သံကို မည်သို့ ထိန်းရမည်မှန်း မသိတော့ချေ။ ထို့ကြောင့် သာမန်အသံဖြင့် ပြော၏။

“လင်းဟူအဖွဲ့အစည်းက တကယ်တော့ မရှိတဲ့ ဂိုဏ်းတစ်ခုပဲ၊ သူတို့ စီမိသားစုကို ပြန်ပေးမဆွဲခင် နှစ်ရက်လောက်တုန်းက လူအယောက်သုံးဆယ်နဲ့ အန်းယန်ထဲ ရောက်နေတာ ”

“မင်း ဒါ ဘယ်လိုသိတာလဲ ”

“သူတို့က ဂိုဏ်းအတုလုပ်တယ်ဆိုရင် သူတို့က တခြားသူတွေကို မသိစေချင်ဘူးလို့ ရည်ရွယ်တာပေါ့၊ ဒီတော့ မုရုန်မိသားစုက ဘယ်လိုလုပ် သိတာလဲ ”

ယင်းက မုရုန်ဟိုင်ကို တစ်ချက် တိတ်သွားစေပြီးနောက် သူ၏ မျက်နှာပေါ်တွင် အနေရခက်သည့် အကြည့်ပေါ်လာသည်။

“ငါ့ကို ပြော ”

“တကယ်တော့ သူတို့ထဲက တချို့က ကျုပ်ရဲ့ မိသားစုထဲကပဲ ”

ရှောင်ယွမ်အာက ဒေါသတကြီးပြောလိုက်သည်။ လုကျိုးက လက်ကာ ပြကာ ပြောလိုက်သည်။

“ကောင်းတယ်၊ မင်းကောင်းကောင်း ဖြေခဲ့တာပဲ ”

“ကျေးဇူးပြုပြီး သက်ညှာပေးပါ သခင်ကြီး၊ အခုက စပြီး စီမိသားစုကို မဆန့်ကျင်တော့ဘူးလို့ ကတိပေးပါတယ် ”

မုရုန်ဟိုင်က ဦးညွတ်ကာ ပြောလိုက်၏။

လုကျိုးက သူ့ကို ဖြည်းဖြည်းချင်း နောက်ကျောပေးလိုက်သည်။ “နောက်ဆုံးမေးခွန်း... ဓားစာခံတွေကို ခြေရာခံနိုင်လား ”

ထိုစကားကို ကြားသောအခါ မုရုန်ဟိုင်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက အဲဒီအဖွဲ့ကို တကယ် ရန်စ ချင်နေတာပဲ။

“ဒါ ဒါက…”

“ရလား ”

“ရတယ်၊ ကျွန်တော် လုပ်နိုင်ပါတယ် ” မုရုန်ဟိုင်က ခေါင်းငုံ့ထားပြီး ရိုးရိုးသားသား ဖြေလိုက်၏။ ကျင့်ကြံဆင့် ချိတ်ပိတ်မှုက ကျင့်ကြံသူကြီးများ အသုံးမပြုသည့် ကြမ်းကြုတ်သော ခြေရာခံနည်းလမ်းတစ်ခု ဖြစ်သည်။ လင်းဟူအဖွဲ့အစည်းကို ဖြုံလောက်သည့် ကျင့်ကြံသူများဟု ခေါ်သည့် လူအချို့က ကျောထောက်နောက်ခံ ပြုထားသောကြောင့် သူတို့သည် ထိုလှည့်ကွက်လေးကို လျစ်လျူရှုမထားရဲချေ။ တစ်နည်းဆိုရလျှင် အချက်အလက်များ တမင်တကာ ထွက်လာတာပဲ ဖြစ်သည်။

တောင်ပေါ်ရှိ ဓားပြများက စီမိသားစုကို ပြန်ပေးဆွဲထားသည့် အချိန်က သူတို့ လိုချင်တာ ပိုက်ဆံသာ ဖြစ်ခဲ့သည်။ သို့သော် လင်းဟူအဖွဲ့အစည်းက ဘာကို လိုချင်သနည်း။

“ငါတို့ အခု ပြန်သွားသင့်ပြီ ” လုကျိုးက ပြော၏။

“ကူညီပေးပါရစေ အဘိုး” ရှောင်ယွမ်အာက သူ့ဘေးကို သွားလိုက်သည်။ နှစ်လှမ်းခန့်သွားပြီးနောက် လုကျိုးက ရပ်တန့်လိုက်ကာ မုဒုံဟိုင်ကို လက်ညှိုးထိုးလိုက်၏။

“သူ့ကိုပါ ငါတို့နဲ့ ခေါ်ခဲ့၊ တော်ဝင်တံဆိပ်တော်ကို မမေ့လိုက်နဲ့ ”

မုရုန်ဟိုင်က အံ့ဩဆွံ့အသွားပြီး သူသည် ဒူးထောက်ပြီး သက်ညှာပေးရန် တောင်းပန်ချင်သော်ငြား လုကျိုးက သူ့ကို ခေါ်သွားခြင်းသည် သူ၏မျှော်လင့်ချက်များကို တစစီဖြစ်သွားစေ၏။ သူကဲ့သို့ အားနည်းသည့်သူက ပြန်မတိုက်ခိုက်ရဲ၊ ထို့ကြောင့် ကြောက်ကြောက်ရွံရွံဖြင့် ဝမ်ဖူကွေ့ဘေးမှ လိုက်လာရုံသာ ရှိသည်။

“အဘိုး တော်ဝင်တံဆိပ်တော် ရှာတွေ့ပြီ ”

“သိမ်းထားလိုက် ”

“ဒီမှာ နဂါးပုံလှလှလေး ထွင်းထုထားတာပဲ ” ရှောင်ယွမ်အာက သူမ လက်ပေါ်ရှိအမိန့်ပြားကို လှည့်ကြည့်လိုက်သည်။

လုကျိုးက ပြုံးလိုက်၏။

“ဒါက တော်ဝင်တံဆိပ်တော်ရဲ့ တစ်မူထူးခြားတဲ့ နဂါးထွင်းထုခြင်းပဲ၊ အတုနဲ့ အစစ်ကို ခွဲပေးနိုင်တဲ့ တစ်ခုတည်းသော သင်္ကေတပေါ့၊ အခု သိမ်းထားလိုက်၊ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေ မရစေနဲ့ ”

ဖောက်...။ မုရုန်ဟိုင်က မြေကြီးပေါ် ပြုတ်ကျသွားပြီး ခြေထောက်များက အားနည်းကာ သူ၏ နဖူးသည်လည်း ချွေးများ စိုပြီး လက်များ တုန်ယင်နေတော့သည်။ ရှောင်ယွမ်အာက နောက်လှည့်ကြည့်ပြီး ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။ “နင် ဘာဖြစ်တာလဲ ”

“ဒါ ဒီတံဆိပ်တော်က အစစ်လား ”

“အစစ်ပေါ့ ”

ရှောင်ယွမ်အာက အမိန့်ပြားကို သူမ အိတ်ထဲထည့်ထားပြီး လုကျိုးနောက် လိုက်သွားသည့် အချိန်တွင် နောက်ကွယ်မှ ဝမ်ဖူကွေ့၏ အသံကို ကြားလိုက်ရ၏။

“ထတော့ မုရုန်ဟိုင် မင်းက ရွှံ့အိုင်ထဲ ထိုင်နေတာပဲ ”

လမ်းတစ်ဝက်တွင် လုကျိုးက ရုတ်တရက် ရပ်တန့်ပြီးနောက် ပြောလိုက်၏။

“ယွမ်အာ မင်းရဲ့ ရှစ်ရှုံးတွေဆီ စာတစ်စောင် ပို့လိုက်၊ ရွှေနန်းဥယျာဉ်တောင်နား ချဉ်းကပ်လာတဲ့ အမည်မသိ ကျင့်ကြံသူတွေကို မျက်စိဒေါက်ထောက် ကြည့်ထားဖို့ ပြောလိုက် ”

“ဟုတ်ကဲ့ ရှစ်စွင်း ” ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။

“မနက်ဖြန် မနက်ကျရင် မုရုန်ဟိုင်ကို ခေါ်ပြီး မင်းရဲ့ မိသားစုကို သွားကယ်မယ် ”

“ကျေးဇူးပါ ဘိုးဘိုး ”

သူတို့ စီမိသားစုနေအိမ်သို့ ရောက်သောအချိန် ညမှောင်နေပြီဖြစ်သည်။ ပုံမှန်တိုင်း လုကျိုးက စနစ်မျက်နှာပြင်ကို ဖွင့်ပြီး သူရရှိထားသည့် ကုသိုလ်အမှတ်များကို ကြည့်လိုက်၏။

“ကံစမ်းမဲ ”

“တင်း။ ဤကံစမ်းမဲသည် ကုသိုလ်အမှတ် ၅၀မှတ် ကျသင့်ပါတယ်။ သင်သည် အကြောင်းပြန်လှန်ကတ် ၃ကတ် ရရှိပါတယ် ”

“အကြောင်းပြန်လှန်ကတ်တွေက ဒီလောက် စျေးသက်သာတယ်လား ”

သူသည် စနစ် လှည့်စားတာခံလိုက်ရသည်ဟု ရုတ်တရက် ခံစားလာမိသည်။ သူသည် စျေးဝယ်ခြင်းထဲမှ ဝယ်ယူခဲ့ချိန်တွင် အကြောင်းပြန်လှန်ကတ်က သူ့ကို ကုသိုလ်မှတ် ၅၀၀ ကျသင့်စေခဲ့တာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ကုသိုလ်မှတ် အမှတ် ၅၀မျှဖြင့် ၃ကတ်ရခဲ့သည်။ ဒါက လိမ်တာ မဟုတ်ရင် ဘာလဲ။

“ကံစမ်းမဲ ”

“တင်း။ ဤကံစမ်းမဲသည် ကုသိုလ်အမှတ် ၅၀မှတ် ကျသင့်ပါတယ်။ သင်သည် အတိုက်အခိုက်ဒဏ်ပြင်း ပိတ်ဆို့ခြင်းကတ် ၅ ကတ် ရရှိပါတယ် ”

“ကံစမ်းမဲ”

“တင်း။ ဤကံစမ်းမဲသည် ကုသိုလ်အမှတ် ၅၀မှတ် ကျသင့်ပါတယ်။ ကြိုးစားခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းခြင်းအမှတ် ၁ မှတ် ရရှိပါတယ် ”

“ကံစမ်းမဲ”

“တင်း။ ဤကံစမ်းမဲသည် ကုသိုလ်အမှတ် ၅၀မှတ် ကျသင့်ပါတယ်။ ကြိုးစားခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းခြင်းအမှတ် ၁ မှတ် ရရှိပါတယ် ”

လုကျိုးက ခေါင်းခါလိုက်၏။

“ဒီဂိမ်းက တကယ် စွဲစေတာပဲ၊ ငါ တကယ် မရပ်နိုင်တော့ဘူး၊ မဟုတ်ဘူး၊ ငါ့ကိုယ်ငါ ထိန်းချုပ်ရမယ်၊ အခု ရပ်ရမယ် ”

သူက ၁၀ ကြိမ် ကြိုးစားပြီး အကြောင်းပြန်လှန်ကတ် တစ်ကတ်သာ မရခဲ့လျှင် သူ ရှုံးသွားမှာပဲ ဖြစ်သည်။

“ဒါတွေကို သုံးမယ် ”

သူသည် အကြောင်းပြန်လှန်ကတ် ၃ ကတ်ကို သုံးလိုက်၏။ ပြီးနောက် စနစ်မျက်နှာပြင်ကို ကြည့်ပြီး ကျန်ရှိသည့် သက်တမ်းက ၅၅၀၇ ရက် တိုးသွားတာကို တွေ့လိုက်ရ၏။

“အိုး… သုံးကတ်က ငါ့ကို ရက်တစ်ထောင် သက်တမ်း ပေးလိုက်တာပဲ ”

ပထမဆုံးအကြောင်းပြန်လှန်ကတ်သည် သူ့ကို ရက် ၃၁၀၊ နောက်ကတ်သည် ရက် ၃၀၀ ဝန်းကျင်ပေးတာကို သူမှတ်မိသေးသည်။ ထိုကတ် သုံးကတ်က သူ့ကို ရက် ၃၃၃ရက်ပေးတာကို သူ အံ့ဩနေမိ၏။

“စိတ်ဝင်စားစရာပဲ ”

သူ၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်က အတော်လေး သန်မာလာတာကို ခံစားမိသည်။ သူ၏ ကျင့်ကြံဆင့်က အားနည်းနေသေးသော်ငြား အနည်းဆုံး အသွေးသားများက ပိုသန်မာလာ၏။ သူ့အမြင်အာရုံလည်း သိသိသာသာ တိုးတက်လာပြီး သူ့မျက်လုံးထဲတွင် ပြတင်းပေါက်ကနေ ဖြတ်သန်းလာသော အလင်းရောင်များကို မြင်နိုင်ပြီး သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ် ဂယက်ထသကဲ့သို့ လှုပ်ရှားနေတာကို တွေ့နေရ၏။

“အမ်း ” သူက မျက်လုံးကို ပွတ်လိုက်သည်။ အရာအားလုံးက ရုတ်တရက် သာမန်အတိုင်း ပြန်ဖြစ်သွား၏။

“ဒါက ဘာလဲ၊ ကောင်းကင်ကျမ်းစာရဲ့ ထူးခြားတဲ့ စွမ်းအားများလား၊ ဒီလိုဆိုရင် ငါ ဘယ်လို အသုံးပြုရမှာလဲ၊ စနစ်က ပြောထားတာက ကောင်းကင်ကျမ်းစာကို ကျင့်တဲ့ ကျင့်စဉ်က ကျန်တဲ့ ကျင့်စဉ်တွေနဲ့ မတူဘူး၊ ရှိပြီးသား အတွေ့အကြုံတွေနဲ့ အမြင်အာရုံတွေက အသုံးမဝင်ဘူးလို့ ဆိုလိုတာပဲ၊ ငါ ကိုယ်ပိုင် နည်းလမ်းရှာရမယ်နဲ့ တူတယ် ”

ပြီးနောက် သူသည် ကောင်းကင်ကျမ်းစာကို ဖွင့်ပြီး ဆက်လက် လေ့လာတော့၏။

နောက်နေ့နံနက်တွင် လုကျိုး၊ ရှောင်ယွမ်အာ၊ မုရုန်ဟိုင်နှင့် ဝမ်ဖူကွေ့တို့က ခြံဝင်းထဲတွင် စုဝေးနေကြသည်။

“အဘိုး ပိုနုသွားပြန်ပြီ ”

“စကားများလိုက်တာ ”

ယင်းက ထိုကလေးမလေးတတ်သည့် တစ်ခုတည်းသော ချီးကျူးစကားများ ဖြစ်ပုံရသည်။

လုကျိုးက လက်နောက်ပစ်ထားပြီး ပြောလိုက်၏။ “မုရုန်ဟိုင် လမ်းပြ ”

မုရုန်ဟိုင်က ခေါင်းညိတ်ပြီးနောက် ရွတ်ဆိုသည့် လက်ဟန် ပြုလုပ်လိုက်သည်။ အားနည်းသည့် စွမ်းအင်လှိုင်းက သူ၏ လက်မောင်းတစ်ဝိုက်တွင် ရစ်ပတ်ပြီး ပြန့်ကားသွားကာ လေဟာနယ်ထဲတွင် ပျောက်ကွယ်သွား၏။

“မြောက်ဘက်ကို ဆယ်မိုင်လောက် ”

“ဒီနေ့ ဆယ်မိုင်ပဲ ဝေးကွာတာလား ” ကျင့်ကြံသူတစ်စုသည် ဓားစာခံများကို တစ်စုံတစ်ယောက် လာရောက်ကယ်တင်မှာကို မကြောက်ရွံပေ။

တကယ်ပဲ တပည့်ဆိုးတွေနဲ့ သက်ဆိုင်နေခဲ့တယ်ဆိုရင် ရှောင်ယွမ်အာကို သွားခိုင်းဖို့ မသင့်တော်ဘူး။ ငါတို့နည်းနည်း စောင့်နေသင့်လား။

“ဘာတွေ တွေးနေတာလဲ အဘိုး ”

“ဘာမှမဟုတ်ပါဘူး သွားကြရအောင် ”

“ကောင်းပြီလေ ”

ဝမ်ဖူကွေ့က ကျင့်ကြံသူမဟုတ်။ ထို့ကြောင့် သူသည် အိမ်တော်၌သာ စောင့်ရစ်ခဲ့သည်။

အန်းယန်၏ မြောက်ဘက် ဆယ်မိုင်အကွာတွင်  သူရိန်ပြာတောင်တန်းဟုခေါ်သည့် နေရာတစ်ခု ရှိသည်။

“ဒီနေရာ ဖြစ်လောက်တယ် ” မုရုန်ဟိုင်က သူ့ရှေ့ရှိတောင်ကို လက်ညှိုးထိုးပြလိုက်သည်။ သူတို့ သုံးယောက်က တောင်ခြေမှ မော့ကြည့်လိုက်တော့သည်။

“ဒါက သူရိန်ပြာတောင်တန်း၊ ချိတ်ပိတ်မှုက ကျုပ်တို့ကို ဒီနေရာဆီ ခေါ်လာတာ၊ ဒီတော့ လင်းဟူအဖွဲ့အစည်းရဲ့ ကျင့်ကြံသူတွေက တောင်ထဲမှာ ပုန်းနေလောက်တယ် ”

လုကျိုးက မုတ်ဆိတ်ကို ပွတ်သပ်ပြီး ပြောလိုက်သည်။

“ရှောင်ယွမ်အာ မင်းရဲ့ မိသားစုကို ကယ်တင်ဖို့အချိန် ရောက်ပြီ ”

“ငယ်ငယ်ရွယ်ရွယ်နဲ့ သူက ဗြဟ္မာ့ပင်လယ်နယ်ပယ်ရဲ့ ချီသွေးကြော ရှစ်ကြော ဖွင့်နိုင်ခဲ့တဲ့ တကယ် ရှားပါးတဲ့ ပါရမီရှင်ပဲ ” မုရုန်ဟိုင်က သူမ၏ ကျင့်ကြံဆင့်ကြောင့် ထိတ်လန့်နေသေးဆဲ ဖြစ်သည်။

ထိုစဉ် သူစိမ်းကျင့်ကြံသူများက သစ်တောထဲမှ ထွက်လာပြီး သူတို့၏ ဓားများကို ကိုင်ဆောင်ကာ ဤနေရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေသလိုပင် လေထဲ ပျံဝဲနေတော့၏။

ဝှစ် ဝှစ်။ မျက်တောင် တစ်ခတ်အတွင်း ကျင့်ကြံသူ ဆယ့်နှစ်ယောက်ခန့်က သူတို့ရှေ့၌ ပေါ်လာတော့သည်။

“ငါတို့ မင်းကို စောင့်နေတာ အတော်ကြာပြီ ”

All Chapters