မိစ္ဆာတပည့်
Vol. 3 Ch. 37
အခန်း (၃၇) မိစ္ဆာတပည့်
ယဲ့ထျန်းရှင်းက နောက်ဆုတ်သွားပြီး သူမ၏ ရင်ထဲ ကြောက်လန့်မှုတို့ လျင်မြန်စွာ ကြီးစိုးလာသည်။ သူမသည် အကြောက်တရား မရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သို့သော် ယနေ့တွင် ထိုခံစားချက် ထပ်ပေါ်လာ၏။ ထို့ကြောင့် သူမ၏ အစီအစဉ်ကို လုံး၀ မေ့လျော့သွားခဲ့သည်။
လုကျိုးက ဗြဟ္မာပင်လယ်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများကို ကြည့်တောင် မကြည့်ပေ။ ရုန်းကန်နေသည့် နတ်ဒေဝါဦးတည်နယ်ပယ်ကျွမ်းကျင်သူများ အတွက်မူ သူတို့ ရှုံးနိမ့်ဖို့က အချိန်အတိုင်းအတာ တစ်ခုသာ လိုတာ ဖြစ်သည်။ သူကို မြင်ချိန်တွင် နတ်ဝိညာဉ်ဝဋ်ကြွေးချေထိပ်သီးဆရာကြီး ဆယ်ဦးတောင် ထွက်ပြေးခဲ့ရသည်။ နတ်ဒေဝါဦးတည်နယ်ပယ်တစ်စုဆို ပြောနေရန်တောင် မလိုတော့ချေ။
သူ့အကြည့်က ယဲ့ထျန်းရှင်းဆီ ရောက်သွားစဉ် လက်တစ်ဖက်ကို အသာ မြှောက်လိုက်သည်။ ပြီးနောက် လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားတစ်ခုက ဝမ်ဖူကွေ့ကို ဧရာမလက်ကြီးသဖွယ် ဆွဲယူလိုက်သည်။
“အား...”
ဝမ်ဖူကွေ့က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ လုကျိုး၏ လက်တွင်း ဇက်က ဆုပ်ကိုင်ခံလိုက်ုတော့သည်။
“တော်ဝင်တံဆိပ်တော်အကြောင်း တစ်လောကလုံးက လူအားလုံး သိတယ်၊ ဒီတော့ မုရုန်ဟိုင်က အဲဒါကို ဘယ်လိုလုပ် မစစ်ဆေးဘဲနေမှာလဲ၊ မင်း အဲဒီနည်းထဲ ဝင်မပါသင့်ဘူး”
ထိုလူက စီမိသားစု၏ အိမ်တော်တွင် ယဲ့ထျန်းရှင်း ထားထားသည့် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦး ဖြစ်သည်။ သူက လုကျိုးနှင့် ရှောင်ယွမ်အာကို ပထမဆုံးအကြိမ် မြင်သည့်အချိန်တွင် သူတို့က ရွှေနန်းဥယျာဉ်တောင်၏ မိစ္ဆာဂိုဏ်းချုပ် ဟုတ်မဟုတ် သူ သေချာမသိပေ။ သို့သော် တံဆိပ်တော်ကို ရသည့်အချိန်တွင် သူက အားလုံးကို အတည်ပြုပြီးဖြစ်ကာ ယဲ့ထျန်းရှင်း၏ အစီအစဉ်အတိုင်း ဆက်သွားတော့သည်။ ညသန်းခေါင်တွင် လုကျိုးကို လုပ်ကြံရန် သူ တွေးခဲ့သည်။ သို့သော် ထိုအဘိုးကြီးက ရွှေနန်းဥယျာဉ်တောင်၏ ဂိုဏ်းချုပ်မဟုတ်ဟု သူ အမြဲတမ်း ခံစားမိနေသည်။ သူက မိစ္ဆာဂိုဏ်းချုပ်ကို ကြောက်ရွံ့ပြီး ယဲ့ထျန်းရှင်း၏ အစီအစဉ်ကို ဖျက်ဆီးမိမှာကိုလည်း စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ မလုပ်ကြံခဲ့ပေ။
ဝမ်ဖူကွေ့၏ ခြေထောက်က မြေပြင်ပေါ်မှ ကွာသွားပြီး နောက်ဆုံးတွင် သူ အသက်မရှူတော့ဘဲ သူ့မျက်နှာက နီရဲလာတော့သည်။
“ခင် ခင်ဗျား ကျုပ်ကို .. မသတ်နိုင်”
နတ်ဒေဝါဦးတည်နယ်ပယ် ကျွမ်းကျင်သူတိုင်းက အနည်းဆုံး တစ်ကွက်၊ နှစ်ကွက် ချန်ထားကြသည်။ သို့သော် ယင်းက မည်သည့်အရေးနည်း။ လောကကြီးထဲတွင် မိစ္ဆာဂိုဏ်းချုပ်ကို ကြောက်လန့်စေနိုင်သော မည်သည့် စွမ်းအား ရှိသနည်း။
ဂျွတ်
လုကျိုးက ထူးမခြားနား အမူအရာဖြင့် လက်ချောင်းများကို စေ့လိုက်သည်။ ဝမ်ဖူကွေ့၏ ခေါင်းက စောင်းကျသွားပြီး မျက်လုံးက အထက်သို့ လည်တက်သွားကာ ဇက်ကျိုးသွားတော့သည်။
“တင်း သင်က နတ်ဒေဝါဦးတည် လူဆိုးတစ်ယောက်ကို သတ်ခဲ့ပါပြီ၊ ကုသိုလ်အမှတ် နှစ်ရာ ဆုရရှိပါတယ်”
ဆုက ကြွယ်လိုက်တာ။
သတ်ဖြတ်မှုက ယဲ့ထျန်းရှင်း၏ ခြေလှမ်းများကို လျင်မြန်စွာ လှုပ်ရှားသွားစေပြီး ကြေးသွေးရောင် ရထားလုံးပျံက ကောင်းကင်ထဲမှ ရုတ်တရက် ဝိုက်ဆင်းလာတော့သည်။ သူမက ထိတ်လန့်နေတာကို ထိန်းပြီး အင်္ကျီလက်ကို ဝှေ့ကာ ပြောလိုက်သည်။
“သူ ကြာကြာ မခံနိုင်ပါဘူး၊ မကြောက်နဲ့”
သူမက ထိုသို့ပြောခဲ့သည့်တိုင် ရထားလုံးပျံပေါ် တက်သွားပြီး လှည့်ပတ်ကာ အရှိန်တင်ပြီး ထွက်သွားတော့သည်။
လုကျိုးက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရာ နတ်ဒေဝါဦးတည်နယ်ပယ် ကျွမ်းကျင်သူ ဆယ့်ငါးယောက်ခန့်ကို တွေ့လိုက်ရသည်။ ကျန်သည့် ကျင့်ကြံသူ အယောက်တစ်ရာခန့်ကာ ဗြဟ္မာပင်လယ်ကျင့်ကြံသူများ ဖြစ်ကြသည်။
“ဖန်ကျုံး ငါ မင်းကို အခွင့်အရေး တစ်ခု ပေးနေတာ”
“အာ...” ဖန်ကျုံးက ကြောက်လန့်သွားသည်။ သူက တုန်တုန်ယင်ယင် ပြောလိုက်၏။
“ချန်ပေ့(စီနီယာ) ကျုပ်က အမိန့်ကို လိုက်နာခဲ့ရုံပဲ၊ ချန်ပေ့ရဲ့ ရန်သူ ဖြစ်လိုစိတ် မရှိပါဘူး၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ ချန်ပေ့”
ထိုမျှ ခွန်အားကြီးသော ဆရာကြီးထံမှ သူ လွတ်မြောက်ရန်က မဖြစ်နိုင်မှန်း ဖန်ကျုံး သိနေသည်။ ထိုမိစ္ဆာကြီးသည် မျက်တောင် မခတ် လူသတ်မှန်း သူ သိသည့်တိုင် သက်ညှာပေးရန် တောင်းပန်ခဲ့လျှင် သူ အသက်ရှင်ရန် အခွင့်အရေး ရှိနိုင်သည်။
“ဗြဟ္မာပင်လယ်ကျင့်ကြံသူတွေအားလုံးကို သတ်လိုက်၊ မင်းကို ယန်ခြောက်ပါးသိုင်းပေးမယ်” လုကျိုးက ပေါ့ပေါ့ပါးပါးပြောသည်။
“သေမလား၊ ရှင်မလား ရွေးဖို့က မင်းပေါ် မူတည်နေတယ်”
လုကျိုးက လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ကောင်းကင်ထဲမှ နတ်ခြင်္သေ့က ဆင်းသက်လာသည်မှာ ကြယ်အလင်းရောင်တို့ ခွေနေသလိုပင်။
“ဒဏ္ဍာရီလာစီးတော်သားရဲ” ဖန်ကျုံးက ကြောက်လန့်သွားသည်။ ရွှေနန်းဥယျာဉ်တောင်၏ မိစ္ဆာဂိုဏ်းချုပ်က ကမ္ဘာတစ်ဝှမ်းကို နှစ်တစ်ထောင်နီးပါး မွှေနှောက်ပြီး မရေမတွက်နိုင်သည့် ရတနာများ၊ ကျင့်စဉ်များ၊ လက်နက်များ ပိုင်ဆိုင်သည်ဟု ဆိုကြသည်။ ယခုအချိန်တွင် ယင်းတို့က ကောလာဟလမျှ ဟုတ်ပုံမရပေ။
“ယွမ်အာ မင်းရဲ့ အဖေကို ခေါ်သွားပြီး သူရိန်ပြာတောင်တန်းမှာ ငါ ပြန်လာမှာကို စောင့်နေ့”
“တပည့်နားလည်ပါပြီ ရှစ်စွင်း”
ရှောင်ယွမ်အာက သူမ၏ ဖခင်ကို နတ်ခြင်္သေ့ကျော်ပေါ် တင်လိုက်သည်။ စီးတော်သားရဲက တစ်ချက် ဟစ်ပြီးနောက် မင်္ဂလာတိမ်တိုက်များကို နင်းလျက် အားလုံးမျက်စိရှေ့မှောက်တွင် ကောင်းကင်ထဲ ပျောက်ကွယ်သွားတော့သည်။
ထိုစဉ် ဖန်ကျုံးက သူ့စိတ်ကို ချက်ချင်း ပြင်ဆင်လိုက်သည်။ သူက ဒူးထောက်ပြီး လက်သီးနှစ်ဖက်ဆုပ်လျက် ပြောလိုက်သည်။
“ချန်ပေ့ကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်”
“တင်း သင်သည် လက်အောက်ငယ်သားတစ်ဦး ရရှိပါတယ်၊ ကုသိုလ်အမှတ်တစ်ရာ ဆုရရှိသည်”
“ဖန်ကျုံး၊ နတ်ဒေဝါဦးတည်နယ်ပယ်၊ သစ္စာရှိမှု ငါးရာခိုင်နှုန်း၊ ကျင့်စဉ်။ ။ ယင်သုံးပါးပုံစံ”
…
“သိပ်ကောင်းတယ်” လုကျိုးက မြေကြီးကို ကန်ကာ ကောင်းကင်ထဲ ခုန်တက်ပြီး သူ၏ ရောင်ဝါက ကြမ်းတမ်းသော မုန်တိုင်းတစ်ခုသဖွယ် ပေါက်ကွဲထွက်လာသည်။ ကျန်သည့် နတ်ဒေဝါဦးတည်နယ်ပယ် ကျွမ်းကျင်သူများက ကောင်းကင်ကို ကြောက်လန့်တကြား မော့ကြည့်ကြတော့သည်။
“ယဲ့ထျန်းရှင်း ပြေးသွားပြီ သောက်ခွပဲ”
“ပြန်ဆုတ်ကြ”
“ယဲ့ထျန်းရှင်းက ငါတို့ကို ထိခိုက်အောင် လုပ်သွားတာပဲ၊ သူငါတို့ကို ဘယ်လိုလုပ် ဒါမျိုး လုပ်နိုင်ရတာလဲ”
အသက်ရှူစာ အနည်းငယ်ကြာပြီးနောက် ကြေးသွေးရောင် ရထားလုံးပျံက ခပ်ဝေးဝေးသို့ ပျံသန်းပြီးဖြစ်နေတာကို သူတို့ မြင်လိုက်ရသည်။
ယခုအချိန်တွင် လုကျိုး သယ်ဆောင်လာသည့် ဖိအားကို ခုခံရန် သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်များကို မြန်မြန် ထုတ်လိုက်ကြသည်။ ကံဆိုးသည်မှာ နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံဆင့်ဖြင့် သူတို့ ထုတ်နိုင်သည့် အသန်မာဆုံး စိတ်ဝိညာဉ်သဏ္ဌာန်က လောကဆယ်ပါးစိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်ပြီး သစ်ရွက်တစ်ရွက် ဖွင့်ရန်တောင် အခွင့်အရေး မရှိချေ။ လုကျိုး၏ ပေါက်ကွဲစွမ်းအားကို ခုခံနိုင်ရန် နည်းမရှိချေ။
“စိတ်ဝိညာဉ်သဏ္ဌာန် ဒုက္ခတစ်ရာ ရှုကွင်း”
စိတ်ဝိညာဉ်သဏ္ဌာန်က မီတာတစ်ရာခန့် မြင့်ပြီး မီတာ နှစ်ဆယ်ခန့် ကျယ်သည်။ အစွမ်းထက်သော ဖိအားကို အာရုံခံမိသောအခါ ဆယ်မိုင်အတွင်းရှိ တိရစ္ဆာန်များနှင့် ငှက်များအားလုံး ကြောက်လန့်တကြား ထွက်ပြေးကုန်သည်။ ထိုစဉ် လုကျိုးက သူ့လက်ချောင်းများကို ဓားတစ်လက်နှယ် ညွှန်လိုက်ပြီး ဓားအလင်းတန်းများ စပေါ်လာတော့သည်။
‘သူက သိပ်သန်မာတာပဲ’ ဖန်ကျုံးသည် လုကျိုး၏ အင်မတိအင်မတန်ကြီးမားသော ခွန်အားကြောင့် အပြည့်အ၀ လွှမ်းမိုးခံလိုက်ရသည်။
‘အခွင့်အရေးတစ်ခုရှိတယ်ဆိုမှတော့ ငါက ဘာကြောင့် မဖမ်းဆုပ်ရမှာလဲ၊ လူဆိုးကြီး... မဟုတ် ချန်ပေ့ရဲ့ ကျင့်ကြံဆင့်က သိပ်သန်မာတာပဲ၊ သူ ငါ့ကို ဘာကြောင့် လိမ်မှာလဲ’
ဖန်ကျုံးက ယုံကြည်ချက်ရှိလာပြီး ယခင်က ဖြစ်ပျက်ခဲ့တာကို သူ တွေးမိသောအခါ ရယ်မောလိုက်သည်။
‘ငါ မိစ္ဆာဖြစ်လာတာအတွက် လောကကြီးက ငါ့ကို ရယ်နေမှတော့ ငါက မိစ္ဆာ ဖြစ်လာရမှာပေါ့”
ရယ်မောပြီးနောက် သူ၏ မျက်လုံးများက ရုတ်တရက် အကြင်နာ မဲ့သွားက သူ၏ ယင်သုံးပါးပုံစံစွမ်းအားက ပေါက်ကွဲသွားတော့သည်။
“မင်းတို့အားလုံး သေလိုက်တော့”
သူသည် နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် လုကျိုး၏ စွမ်းအားလှိုင်း ရိုက်ခတ်ခံရသည့် ဗြဟ္မာ့ပင်လယ်နယ်ပယ် ကျွမ်းကျင်သူများကို ဖြေရှင်းရတာ သူ့အတွက် အလွန်လွယ်ကူသည်။ ယင်းက လင်းယုန်တစ်ကောင်သည် မြေပြင်ပေါ်ရှိ ကြက်ပေါက်လေးများကို ဖမ်းသကဲ့သို့ပင်။
အချိန်အတိုင်းအတာ တစ်ခုအတွက် စိတ်ပျက်အားငယ်စွာ အော်သံများနှင့် စီခနဲ အသံများက အတောမသတ် ဖြစ်နေသည်။ ဗြဟ္မာပင်ဘယ်ကျင့်ကြံသူများ၏ မျက်လုံးများက ပြူးကျယ်လာပြီး အကြောက်တရားက အရိုးထဲ စိမ့်ဝင်လာတော့သည်။ သူတို့က မိစ္ဆာကြီး၏ ရန်သူဖြစ်သော နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူတစ်ဦး သူတို့ကို ရုတ်တရက် ထတိုက်ရသည့် အကြောင်းအရင်းကို နားမလည်နိုင် ဖြစ်နေသည်။
အသွေးအသားများက နေရာအနှံ့လွင့်စဉ်သွားပြီး ခြေကျိုး လက်ကျိုးများက မြေကြီးပေါ် ပြန့်ကျဲနေသည်။ သွေးနံ့ပြင်းပြင်းက ဖန်ကျုံး၏ နှာခေါင်းပေါက်နှင့် အာရုံကြောများဆီ ဝင်လာသည်။
နတ်ဒေဝါ ဦးတည်နယ်ပယ် ကျင့်ကြံသူများက သူတို့၏ အဖော်အပေါင်းများကို ကူညီရန် အချိန်မရဘဲ နောက်လှည့် ပြေးကြတော့သည်။ သူတို့စိတ်ထဲတွင် ‘ငါ အသက်ရှင်ဖို့လိုတယ်’ဟူသော အတွေးတစ်ခုသာ ရှိသည်။
“မပြည့်စုံသော နတ်ဒေဝါ ဖျန်ဖြေခြင်း နတ်ဒေဝါထိပ်သီးနည်း နိသာယ:
လုကျိုး၏ သိုင်းကွက်ကို ကျင့်ကြံသူတစ်ဦးက သတိပြုမိသွားည်။ ရွှေနန်းဥယျာဉ်တောင်ကို သမာသမတ်ဂိုဏ်းများ သွားဝိုင်းစဉ်က မြင်ကွင်းတစ်ခုနှင့် အလွန်ဆင်တူသည်။
“ပြေးကြ”
“ပြေးဟေ့”
အော်သံများနှင့် ငိုသံများက ပတ်ဝန်းကျင်တွင် ပဲ့တင်သံ ထပ်သွားသည်။
လုကျိုးက ဓားအလင်းတန်းများကို လွှတ်လိုက်သည့်အချိန်တွင် သူတို့က ရုတ်တရက် မဲသွားပြီး တိမ်ဆိုင်တိမ်မည်းများ ကောင်းကင်တွင်း လှိမ့်တက်လာကြသည်။
“ဓားနတ်ဆိုးရဲ့ ကံကြမ္မာ”
ယင်းက ရွှေနန်းဥယျာဉ်တောင်၏ လူဆိုးများထဲမှ တစ်ဦးဖြစ်သည့် ယွီရှန်းရုန်၏ ကျော်ကြားသော သိုင်းကွက်ဖြစ်သည့် ကွေ့ယွမ်ဓားကျင့်စဉ် ဖြစ်သည်။
ကံဆိုးသည်မှာ ယင်းကို သဘောပေါက်သည့်အချိန်က နောက်ကျသွားပြီ ဖြစ်သည်။ အနက်ရောင်ဓားအလင်းများက မြန်လွန်းသည်။ သတို့က ရုတ်တရက် ရွာသွန်းကျလာသလိုပင်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ ကျွမ်းကျင်သူများတောင် ထိုတိုက်ကွက်အောက်တွင် မရှင်နိုင်ပေ။
အော်သံမရှိ၊ ပြန်တိုက်ခိုက်မှုမရှိ အခြေအနေကို ပြန်လှည့်နိုင်စရာ အကြောင်းမရှိပေ။ အနက်ရောင် ဓားအလင်းမိုးက သူတို့၏ ရင်ဘတ်ကို မြားများနှယ် ဖောက်သွားသည်။
အကြွင်းမဲ့ စွမ်းအားနှင့် ရင်ဆိုင်ရာတွင် လှည့်ကွက်များနှင့် အကောက်ကြံမှုများ အားလုံးက အသုံးမဝင်ကြောင်း လုကျိုးက ပြီးပြည့်စုံစွာ သရုပ်ပြသွားခဲ့သည်။
“တင်း သင်သည် နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူ ဆယ်ယောက်ကို သတ်ခဲ့ပါတယ်။ ကုသိုလ်အမှတ် သုံးထောင် ရရှိပါတယ်”
လုကျိုး၏ မျက်နှာက တည်ငြိမ်နေသည်။ သူတို့၏ သေခြင်းတရားကို စစ်ဆေးနေရန် မလိုပေ။ စစ်ဆေးစရာ အကြောင်းမရှိချေ။
သူက ရှေ့သို့ ကြည့်ပြီး သူ့အရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီးနောက် ဧရာမ စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။ ယင်းက သူ၏ မဟာနတ်ဒေဝါ အရည်အချင်းများထဲမှ တစ်ခုဖြစ်သည့် ဝိညာဉ်အမီဖမ်းခြေကွက် ဖြစ်သည်။
…
ယဲ့ထျန်းရှင်းက မျက်မှောင်ကြုတ်ကာ သူမ၏ စွမ်းအင်အားလုံးကို ရထားလုံးပျံ ရွေ့လျားရန် သုံးလိုက်သည်။ အရှိန်အပြည့်ဖြင့် ပျံသန်းနေသည့် ရထားလုံးပျံကို အမီလိုက်နိုင်သူက ဤလောကထဲတွင် အနည်းငယ်သာ ရှိသည်။ သူတို့က မဟာနတ်ဒေဝါ အရည်အချင်းများကို သိသူများအတွက် ဖြစ်သည်။
သို့သော် ယဲ့ထျန်းရှင်က သာမန်ကျင့်ကြံသူ မဟုတ်ပေ။ သူမက လရောင်ဆွတ်နန်းတော်သခင်ဖြစ်ပြီး ခေါင်းဆောင်ဖြစ်သည်။ သူမအဆင့်အတန်းဖြင့် နောက်ခံအစီအစဉ်တစ်ခု အမြဲတမ်း ရှိသည်ပင်။
“အဲဒီအဘိုးကြီးက ဘာကြောင့်များ သူ့အထွတ်အထိပ်အချိန်ကထက် ပိုသန်မာနေရတာလဲ” သူမ မဖော်ထုတ်နိုင် ဖြစ်နေသည်။
လေက နားထဲ ဝင်နေပြီး သူမ၏ မျက်နှာက ရဲလာသည်။ သူမက စွမ်းအားဒိုင်းကို ဖယ်လိုက်သည်။ သို့မှသာ ရထားလုံးပျံက အရှိန်အပြည့်ဖြင့် ပျံနိုင်မှာ ဖြစ်သည်။ သူမက စိတ်ပူပန်စွာ ခေါင်းလှည့်ကြည့်လိုက်သည်။ သူမ မြင်တွေ့သမျှက ရှင်းလင်းနေသည့် ကောင်းကင်ပြာသာ ဖြစ်သည်။
“အဲဒီအဘိုးကြီးက ခုနကပဲ သူ့ဒုက္ခတစ်ရာရှုကွင်းကို ထုတ်သုံးခဲ့တာ” ယဲ့ထျန်းရှင်းက ပြုံးလိုက်သည်။ “ အချိန်ရှိသေးတယ်”
သူမက ရထားလုံးပျံကို အောက်သို့ ဆင်းခိုင်းမည့်အချိန်တွင် ဘီးခနဲ ဆူညံသံ ကြားလိုက်ရသည်။ ယင်းက မဟာစွမ်းအား၏ အရေးပေါ် ထုတ်လိုက်သည့် ပဲ့တင်သံဖြစ်သည်။
“အဲဒီမှာ ဘယ်သူလဲ”
ယဲ့ထျန်းရှင်းက လှည့်ကြည့်လိုက်သည်။ ရထားလုံးပျံက ပျောက်ကွယ်သွားပြီး စွမ်းအားလှိုင်းက သူမကို ရေကဲ့သို့ ရစ်ပတ်သွားသည်။
လုကျိုး၏ ဒုက္ခတစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က သူမ၏ ရှေ့တွင် မီတာ တစ်ရာခန့်မြင့်ပြီး မီတာနှစ်ဆယ်ခန့် ကျယ်ကာ သစ်ရွက်ရှစ်ရွက်... မဟုတ် ကိုးရွက် ရှိနေသည်။ န၀မမြောက် သစ်ရွက်က ဖူးပွင့်နေပြီဖြစ်သည်။
“မင်းက ဆိုးယုတ်တဲ့ တပည့်ပဲ” လုကျိုးက ဂါထာရွတ်ဆိုသည့် လက်ဟန် လုပ်လိုက်သည်။
“ရှစ် ရှစ်စွင်း” ယဲ့ထျန်းရှင်း၏ မျက်လုံးက မယုံနိုင်စွာ ပြူးကျယ်လာတော့သည်။
စိတ်ဝိညာဉ်သဏ္ဌာန်၏ ဖိအားအောက်တွင် လုကျိုး၏ လက်ချိတ်ပိတ်မှုက တောက်ပသည့် လှောင်ချိုင့်တစ်ခုအဖြစ် ပြောင်းလဲသွားက ယဲ့ထျန်းရှင်းပေါ် ကျသွားတော့သည်။
“မိစ္ဆာကိုယ်တော်၏ လက်ချုပ်နှောင်ခြင်း”
ယဲ့ထျန်းရှင်းက စိတ်ပျက်အားငယ်သွားသည်။
‘ဒီအဘိုးကြီးက ခွန်အားဘယ်လောက် ဖုံးကွယ်ထားတာလဲ၊ သူက ငါတွေ့ဖူးတဲ့ ဆရာကြီးတွေထက် ပိုသန်မာတယ်’
သူ၏ ပထမဆုံးတိုက်ကွက်က အသန်မာဆုံးအကွက် ဖြစ်နေပြီးသားပင်။
“မာယာကျော့ကွင်း” ယဲ့ထျန်းရှင်း၏ အနိုင်မခံ အရှုံးမပေးသော စိတ်က သူမကို ပြန်တိုက်ခိုက်အောင် စေ့ဆော်နေပြီး စန္ဒာကဲ့သို့ လက်နက်တစ်ခု ပေါ်လာသည်။
လုကျိုးက ခပ်ယဲ့ယဲ့ ပြောလိုက်သည်။
“မင်းကို ငါ လက်နက် ပေးခဲ့တာ၊ ပြီးတော့ ငါလိုချင်တဲ့အချိန် ငါ ပြန်ယူနိုင်တယ်”
မိစ္ဆာကိုယ်တော်၏ လက်ချုပ်နှောင်ခြင်းက ၎င်း၏ သဘောတရား ပြောင်းလဲသွားည်။ ယဲ့ထျန်းရှင်းက သူ့ပစ်မှတ် မဟုတ်ပေ။
“ပြန်လာခဲ့”
“မဟုတ်ဘူး” ယဲ့ထျန်းရှင်းက အော်လိုက်သည်။