← Chapters

မင်းဆီမှာ ရှိတာ အားလုံး ပြန်ယူမယ်

Vol. 3 Ch. 38

မင်းဆီမှာ ရှိတာ အားလုံး ပြန်ယူမယ်

Vol. 3 Ch. 38

အခန်း (၃၈) မင်းဆီမှာ ရှိတာ အားလုံး ပြန်ယူမယ်

ယဲ့ထျန်းရှင်း ယနေ့အထိ ဖြစ်လာစေဖို့ အားအထားခဲ့ရဆုံးအရာတစ်ခုမှာ ကောင်းကင်အဆင့် လက်နက်  မာယာကျော့ကွင်းဖြစ်၏။

မာယာကျော့ကွင်းသည် နာမည်အတိုင်း ကျော့ကွင်းတစ်ခု ဖြစ်သော်လည်း အချွန်များ ပါရှိပေသည်။ ကျင့်ကြံသူက စွမ်းအားများ သွန်းလောင်းလိုက်သည့်အခါ စွမ်းအားက ပို၍ ကြောက်ဖို့ ကောင်းလာသည်။ ထိုမာယာနာမည်မှာ ချစ်ခြင်းကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ အမုန်းတရားကို ဖြစ်၏။ ငြိယှက်မိသည်နှင့် ဘယ်တော့မှ မလွတ်တော့ပေ။

………….…

ယဲ့ထျန်းရှင်းက သူမကို နှစ်ဆယ်ချီကာ အဖော်ပြုပေးလာသော မာယာကျော့ကွင်းမှာ လုကျိုး၏ စွမ်းအားပြင်း မိစ္ဆာကိုယ်တော် လက်သင်္ကေတထဲ ရောက်နေသည်ကို ကြည့်ကာ မှေးမှိန်သွားလေသည်။

ဝုန်း

သူမက လက်နက်ကို ပြန်ယူချင်မိသည်။ အကယ်၍ သူမ ဆုံးရှုံးလိုက်ရပါက ယနေ့ ထွက်ပြေးနိုင်လျှင်ပင် သူမ စွမ်းအားသည် အတော်အတန် လျော့ကျသွားပေမည်။

လှိုင်းပြာကျင့်စဉ်၏ စွမ်းအားသည် သူမအနား ပေါက်ကွဲထွက်လာပြီး လုကျိုးဆီ လှိုင်းလုံးများသဖွယ် ဝင်ရောက်သွားလေသည်။ ကံဆိုးစွာဖြင့် သူမ ရင်ဆိုင်နေရသူမှာ လှိုင်းပြာကျင့်စဉ်ကို သူမထက် ပိုသိကျွမ်းထားသည့် သူမဆရာအဟောင်း မဟုတ်ပါလော။

“ ချိုးဖျက်စမ်း ”

သူမထက် အားကောင်းသော လှိုင်းလုံးများက လုကျိုးဆီမှ ပေါ်ထွက်လာကာ သူမဆီ ဝင်ရောက်သွားသည်။ သူတို့နှင့်ယှဉ်လိုက်လျှင် ယဲ့ထျန်းရှင်း၏ လှိုင်းလုံးများက စမ်းချောင်းသဖွယ် အသေးအမွှား ဖြစ်သွားသည်။ နောက်အခိုက်အတန့်လေး၌ သူမက ကောင်းကင်တခွင် ဆန်တက်သွားသော လှိုင်းလုံးများကြား နစ်မြုပ်သွားလေသည်။

ဘန်း

လှိုင်းလုံးတစ်လုံးက သူမရင်ဘတ်ဆီ ထိမှန်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ ထို့နောက် ကောင်းကင်မှ ပြုတ်ကျလာလေ၏။

“ဝိညာဉ်အမီဖမ်း ခြေကွက် ” လုကျိုး၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားကာ မျက်စိတစ်မှိတ်အတွင်း မြေပြင်ပေါ် ရောက်ရှိသွားသည်။

ယဲ့ထျန်းရှင်း၏ တစ်ကိုယ်လုံးမှာ ဆိုးဆိုးရွားရွား နာကျင်နေပြီး စိတ်လည်း ဗလာကျင်းနေသည်။ လှိုင်းလုံးများ သူမဆီ တိုးဝင်လာသည်နှင့် သူမ ရှုံးနိမ့်သွားကြောင်း တန်းသိလိုက်သည်။ သို့သော်လည်း သူမက လူအိုကြီးသည် သူမ ရှုံးနိမ့်ပြီးသည့်နောက်တွင်ပင် အဘယ်ကြောင့် ဝိညာဉ်အမီဖမ်း ခြေကွက် အသုံးပြုလည်း နားမလည်ပေ။

သူက စွမ်းအားထုတ်ပြဖို့ လုပ်နေတာလား …

တိုက်ကွက်တိုင်းကို နက်နက်နဲနဲ ကျွမ်းကျင်နေသည့် လုကျိုးနှင့် ရင်ဆိုင်ရသည့်အခါ သူမစိတ်နှလုံးသားက စိတ်ပျက်မှုဖြင့်သာ ပြည့်နှက်သွားတော့သည်။

‘ ဒီလူအိုကြီးက ဘာမျှော်လင့်ချက်မှကို မပေးဘူးပဲ ’

…………..…

လုကျိုးက ယဲ့ထျန်းရှင်းအား သေချာကြည့်လိုက်သည်။ တစ်ချိန်တည်းတွင် သူက မျက်လုံး၊ နားနှင့် စိတ်တို့ကို ဖွင့်ထားလိုက်သည်။ သူက တခြားသော တပည့်ဆိုးများ အနီး၌ ပုန်းအောင်းမနေသည်ကို သေချာအောင် လုပ်ဖို့ လိုအပ်သေး၏။

သူ့ စိတ်ဝိညာဉ် သဏ္ဌာန်က ထိုးထွင်းသိမြင်နိုင်စွမ်း ပေးထားသော်လည်း မည်သူ့ကိုမှ ရှာမတွေ့ခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ထူးဆန်းကြောင်း ထင်မှတ်သည်။ ယဲ့ထျန်းရှင်းသည် တစ်ယောက်တည်း လုပ်ဖို့ သတ္တိရှိမည် မဟုတ်ပေ။

သူက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ကာ ယဲ့ထျန်းရှင်း ခန္ဓာကိုယ် ပတ်လည်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလိုက်သည်။ သိပ်မကြာခင် သူမက သီးသန့်စွမ်းအားကြောင့် သူ့ရှေ့ ရောက်လာသည်။

“တင်း… ခြောက်ယောက်မြောက် တပည့်ဆိုးတစ်ယောက် ယဲ့ထျန်းရှင်းကို ဖမ်းမိပါပြီ။ အမှတ် တစ်ထောင် ဆုရရှိပါမယ် ”

သူတို့မျက်လုံးချင်း ဆုံသွားသည့်အခါ သူတို့ကြားတွင် နှစ်မီတာမျှသာ ကွာဝေးတော့၏။ ယဲ့ထျန်းရှင်း၏ မျက်ဝန်းများက အကြောက်တရား၊ တုန်လှုပ်မှုတို့နှင့် ပြည့်နှက်နေသည်။ သူမက အခုလောက် မကြောက်ခဲ့ဖူးပေ။ ရွှေနန်းဥယျာဉ်တောင်ထံ ကျိထျန်းတောက်ဆီမှ သင်ယူဖို့  ပထမဆုံး ရောက်ရှိလာစဉ်အခါကလည်း ထိုမျှလောက် မကြောက်ခဲ့ချေ။

သူတို့က တစ်ယောက်နှင့် တစ်ယောက် နီးကပ်သွားသည်။ သူမ နှလုံးသားက အပြင်းအထန် ခုန်ပေါက်လာပြီး အသက်ရှုနှုန်းတို့က မမှန်တော့ပေ။ ထိုစဉ် လုကျိုး၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။ သူ့အထွတ်အထိပ်သို့ ပြန်ရောက်နေသည့် ခံစားချက်က စိတ်ကို ရေပြင်သဖွယ် ငြိမ်သက်နေစေသည်။ စွမ်းအားရှိလာသည့်အခါ ယုံကြည်မှုနှင့် အားမာန်လည်း ရှိလာတတ်သည် မဟုတ်ပါလော။

“ယဲ့ထျန်းရှင်း ” သူက အသာပြောလိုက်သော်လည်း သူမနှလုံးသားထဲ မိုးကြိုးသွားသဖွယ် ဝင်ရောက်သွားသည်။

“ မင်းက ဂိုဏ်းကို စွန့်ခွာပြီးတော့ ငါ့ကို သစ္စာဖောက်ခဲ့တယ် ”

“ အဘိုးကြီး ဘာလိုချင်လို့လဲ ”

“ မင်းကို ပေးထားသမျှအရာအားလုံးကို ပြန်ယူမယ် ”

“ အာ ”

ယဲ့ထျန်းရှင်းက မျက်လုံးပြူးလာကာ တုန်တုန်ယင်ယင် ဖြစ်လာပြီး မျက်နှာမှာလည်း ဖြူဖျော့သွားတော့သည်။ သူမက သက်ညှာပေးဖို့ တောင်းဆိုချင်သော်လည်း သူမရှေ့ရှိ မိစ္ဆာအိုကြီးမှာ ဆွေးနွေးခွင့်မပေးဟန်ဖြင့် လက်မြှောက်လိုက်ကြောင်း မြင်လိုက်ရသည်။

လက်အိုအိုတစ်ဖက်က အားပြင်းပြင်း စွမ်းအားအလုံးကို ကိုင်ဆောင်ထားလေ၏။ ထိုအရာက မြင့်တက်လာကာ သူမစွမ်းအင်ဗဟိုချက်ထဲ ပစ်ခံလိုက်ရသည်။

သူမက စွမ်းအင်ဗဟိုချက်နံရံမှ အသံကို ကြားလိုက်ရသောကြောင့် ကြောင်အမ်းသွားလေသည်။ သူမ နှစ်များစွာ ကျင့်ကြံခဲ့ရသော စွမ်းအင်ဗဟိုချက်မှာ ဖန်တစ်ခုလိုမျိုး ကြေမွပျက်စီးသွားလေပြီ။ နောက်အခိုက်အတန့်လေး၌ ပူဖောင်းတစ်ခုလိုမျိုး တစစီ ဖြစ်သွားကာ အတွင်းမှ စွမ်းအားများလည်း ဘေးပတ်လည်သို့ ပျံ့နှံ့သွားသည်။

ဆိုလိုသည်မှာ သူမက ယခုသာမန်လူသားတစ်ယောက် ဖြစ်သွားလေပြီ။ သူမ၏ ကျင့်ကြံဆင့်ကို ဆုံးရှံးလိုက်ရပြီ ဖြစ်၏။ ကျင့်ကြံသူတစ်ယောက်အတွက် သူ/ သူမ၏ ကျင့်ကြံဆင့် ဖျက်ဆီးခံရခြင်းထက် ဆိုးရွားသည့်အရာ မရှိတော့ပေ။

ပို၍ အားကောင်းလာဖို့အတွက် ယဲ့ထျန်းရှင်းက ရွှေနန်းဥယျာဉ်တောင်ထံ အကြောက်တရားမရှိဘဲ ဝင်ရောက်ဖို့ လိုလားခဲ့သည်။ အခက်အခဲများစွာ ကျော်ဖြတ်ပြီးနောက် သူမက လက်ရှိအနေအထားနှင့် အောင်မြင်မှုများကို ရရှိခဲ့ခြင်း ဖြစ်၏။ သို့သော် အခု အရာအားလုံးက သူမ စွမ်းအင်ဗဟိုချက် ပျက်စီးသွားခြင်းနှင့်အတူ ပါသွားလေပြီ။

သူမက ခန္ဓာကိုယ်မှ နာကျင်မှုနှင့် မည်သို့တွေးရမည်ကို မေ့လောက်သည့်အထိ လုံးဝကို ကြောင်အမ်းအမ်း ဖြစ်နေသည်။ ခဏတာကြောင်အမ်းနေပြီးနောက် ဆိုးဆိုးရွားရွား နာကျင်မှုကြီးက သူမတစ်ကိုယ်လုံး ပျံ့နှံ့လာသည်။ မျက်စိတစ်မှိတ်အတွင်း သူမ နဖူးမှ ချွေးစေးများ ထွက်လာလေ၏။

ယဲ့ထျန်းရှင်းက ဝမ်းနည်းစွာ ပြုံးလိုက်ကာ ခေါင်းကို ခက်ခက်ခဲခဲ မော့လိုက်သည်။ ထိုစဉ် သူမဆီမှ အကြောက်တရားအားလုံး ပျောက်ကွယ်သွားလေပြီ။ သူမ မျက်နှာပေါ်မှ အမူအရာတို့က ငိုနေရသလို တစ်ချိန်တည်းတွင်လည်း ရယ်နေသလို ဖြစ်နေသည်။

“ လူ … လူအိုကြီး ကျွန်မကို သတ်လိုက်တော့ ဟားဟား ”

လုကျိုးက သူမ၏ ရန်လိုမုန်းတီးစိတ်မှာ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်နေသောကြောင့် သူ့စိတ်ထဲ တွေးမိသွားသည်။ ကျိထျန်းတောက်က ဒေါသကြီးကာ မိစ္ဆာဆန်ဆန်လုပ်ရပ်များ လုပ်ခဲ့ကာ တပည့်များကို ဆူငေါက်ရိုက်ပုတ်နေသော်လည်း ဤမျှလောက် မုန်းတီးရလောက်အောင်အထိ ဘယ်အရာမှ မလုပ်ခဲ့ဖူးချေ။

ယဲ့ထျန်းရှင်းက ကျိထျန်းတောက်ကို ဘာကြောင့်များ ဒီလောက်မုန်းတီးနေရတာလဲ …

မည်သို့ပင်ဆိုစေကာမူ ယခုမှ သိဖို့ရာ အဓိပ္ပါယ်မရှိတော့ချေ။ လုကျိုး လုပ်ခဲ့သမျှအရာအားလုံးက သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ဖြစ်၏။

“ မင်းက ခေါင်းမာလွန်းတယ် ”လုကျိုးက လက်တစ်ဖက်မြှောက်ကာ ပါးကို ရိုက်ချလိုက်သည်။ အကျိုးဆက်အနေနှင့် လက်ဖဝါးအရာကြီးက သူမဖြူဖျော့ဖျော့ ပါးပေါ် ထင်းကျန်ခဲ့လေသည်။

“ ရှင်က ကျွန်မကို နှိပ်စက်စက် သတ်ပစ်ပစ် ကိစ္စမရှိဘူး။ ဟားဟား ” ယဲ့ထျန်းရှင်းက မြေပြင်ကို ကြည့်ရင်း စူးစူးဝါးဝါး ရယ်လိုက်သည်။

“ စစ်ရှစ်ရှိုးနဲ့ စန်းရှစ်ရှိုးတို့တော့ သနားစရာပဲ။ သူတို့ ကပ်ဘေးကနေ လွတ်မြောက်သွားလောက်ပြီ။ ဘာလို့လဲ … ဒါတွေအားလုံးက ရှင့်အမှားတွေချည်းပဲ။ ရှင် သူတို့ကို သတ်လိုက်တာ။ ဒီနေ့ကစပြီး ဒီလောကမှာ ရွှေနန်းဥယျာဉ်တောင်ဆိုတာ မရှိတော့ဘူး ” သူမ စကားအဆုံးတွင် ထပ်မံ ရယ်လိုက်ပြန်သည်။ သူမက လုကျိုးအား တမင် ဒေါသထွက်အောင် လုပ်နေသကဲ့သို့ ဖြစ်၏။

သို့သော် လုကျိုးက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်သည်။ သူက စနစ်ထဲမှ အထွတ်အထိပ် သဏ္ဌာန်ကတ်၏ လက်ကျန်အချိန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ငါးမိနစ်သာ ကျန်ရှိကြောင်း တွေ့လိုက်ရသည်။ သူ ဝိညာဉ်အမီဖမ်း ခြေကွက် အသုံးပြုလျှင်ပင် အချိန်မီမည် မဟုတ်တော့ပေ။

သို့သော်လည်း စနစ်က သူ့အား တတိယတပည့်နှင့် စတုတ္တတပည့်တို့အကြောင်း ဘာအချက်အလက်မှ မပေးသောကြောင့် သူတို့ဘေးကင်းနေသည်ဟု ဆိုရပေမည်။

သူ့စတုတ္တတပည့်ကား ဉာဏ်မတုံးပေ။ သူ့အသက်ကို အဘယ်ကြောင့်များ စတေးမည်နည်း။

လုကျိုးက စကားတစ်လုံးတည်း ပြောလိုက်သည်။

“အရူး”

“ ကျွန်မကို ဆူနေတာလား ” ယဲ့ထျန်းရှင်းက ရပ်လိုက်သည်။ မိစ္ဆာအိုကြီး သူမကို ဆူခဲ့သည့် ပုံစံမျိုး မဟုတ်ချေ။

“ငါ အသက်ရှင်နေသရွေ့ ရွှေနန်းဥယျာဉ်တောင်ကို ဘယ်သူမှ အနိုင်မကျင့်ရဲဘူး ”

ယဲ့ထျန်းရှင်းက လုကျိုး၏ ယုံကြည်ချက်ရှိရှိ ပုံစံကို ကြည့်ကာ တံ့တွေးမျိုချမိလိုက်သည်။ သူမက ဝူရှစ်ကျဲ၏ စကားများကို ပြန်လည် အမှတ်ရလာသည်။

‘ ရှစ်စွင်းက အရင်နဲ့ မတူတော့ဘူး’

သို့သော်လည်း သူမအနေနှင့် သူက မှန်းဆလို့ရလောက်အောင်အထိ  ဖြစ်လာလိမ့်မည်ဟု မထင်ထားမိပေ။

လုကျိုးက လက်တစ်ဖက်ကို သူမပခုံးပေါ် တင်လိုက်သည်။ သူမက ငိုကြွေးကာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မျက်လုံးကိုသာ ပိတ်ထားလိုက်သည်။

ငါ အသက်ရှင်နေသေးတာလား …

သူမက မျက်လုံးပြန်ဖွင့်ကြည့်လိုက်သည့်အခါ သူတို့ ကောင်းကင်ယံထဲ ရောက်နေကြောင်း သိလိုက်ရသည်။ မမြင်နိုင်သည့်စွမ်းအားတချို့က သူတို့အား ရစ်ပတ်ထားပြီး လေပြင်းပြင်းကို တားဆီးပေးထားသည်။

ဝှီး

“ အာ ”

ဤသည်မှာ သူမရှစ်စွင်း၏ ဝိညာဉ်အမီဖမ်း ခြေကွက် ဖြစ်၏။

ဘာလို့လဲ … မိစ္ဆာအိုကြီးက ဝိညာဉ်အမီဖမ်းခြေကွက်ကို ဘယ်လိုလုပ် ဆက်တိုက် ထုတ်သုံးနိုင်တာလဲ … သူ စွမ်းအားစုစည်းဖို့ မလိုဘူးလား။ ဘယ်လိုများလုပ်နေတာလဲ …

ဤသည်မှာ ရှေးဦးမိစ္ဆာဆေးတို့၊ လျှို့ဝှက်ဆေးတို့ မဟုတ်ပေ။

သူမက ကျင့်ကြံဆင့်အားလုံး ပျောက်ဆုံးသွားသော်လည်း သူမအတွေ့အကြုံအရ လုကျိုးအားတွင် စွမ်းအားစုစည်းနေသည့် အရိပ်အယောင် မရှိကြောင်း ပြောနိုင်သေး၏။ သူ့ပုံစံမှာ လျှို့ဝှက်ဆေး သောက်သုံးထားသည့် လူတစ်ယောက်လိုမျိုး မဟုတ်နေပေ။

ဆိုလိုသည်မှာ စွမ်းအားအကုန်လုံးက သူ့ဆီမှ ထွက်ပေါ်လာခြင်းသာ ဖြစ်၏။

သို့သော်လည်း သူက အသက်ကြီးပြီ ဖြစ်၍ သူ့ခန္ဓာကိုယ်က အပိုစွမ်းအားများ မပါရှိနေတော့ကြောင်း ပေါ်လွင်လှသည်။

All Chapters