← Chapters

ယဲ့ထျန်းရှင်းရဲ့ အစီအစဉ်လား

Vol. 3 Ch. 39

ယဲ့ထျန်းရှင်းရဲ့ အစီအစဉ်လား

Vol. 3 Ch. 39

အခန်း (၃၉) ယဲ့ထျန်းရှင်းရဲ့ အစီအစဉ်လား

ယင်းက အလွန်ထူးဆန်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။

ကျင့်ကြံသူများသည် သာမန်လူများထက် ပိုအသက်ရှည်ရှည်နေနိုင်သော်ငြား သူတို့မသေဆုံးမီ ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်အတွင်း သူတို့၏ ကျင့်ကြံဆင့်က လျော့ကျသွားမှာ ဖြစ်သည်။

ခန္ဓာကိုယ်တည်ဖွဲ့ခြင်းအဆင့်မှ စတင်ကာ ခန္ဓာကိုယ်သည် ကျင့်ကြံသူများ၏ အောင်မြင်မှုအတွက် သော့ချက် ဖြစ်လာသည်။ စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်း၊ အာရုံခံသိပ်သည်းခြင်းနှင့် ဗြဟ္မာ့ပင်လယ်တို့က ခန္ဓာကိုယ်များနှင့် သက်ဆိုင်နေသည်။

ခန္ဓာကိုယ်က ကြီးပြင်းလာသည့်အချိန်တွင် ချီသွေးကြောများ၊ စွမ်းအင်ဗဟိုချက်နှင့် ချီပင်လယ်က သူတို့၏ အသက်ဓာတ်ဆုံးရှုံးသွားမည် ဖြစ်ကာ ဆက်လက်ပြန့်ကားရန် အလားအလာများ လျော့နည်းသွားပြီး ကျင့်ကြံဆင့်၏ သာသည့် အခြေအနေကို ရလာမှာ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် တိုက်ပွဲအတွေ့အကြုံ၊ ဘဝအတွေ့အကြုံ၊ အကောက်ကြံမှုများ၊ ဉာဏ်နီဉာဏ်နက်များ၊ ပြင်ပအားများက ကျင့်ကြံသူတစ်ဦးအဖို့ ထိုလူ၏ ခွန်အားကို ထိန်းသိမ်းထားနိုင်ရန် သော့ချက်များ ဖြစ်လာသည်။

ပြဿနာက ကျိထျန်းတောက်သည် အလွန်အိုမင်းလာပြီ ဖြစ်သည်။ သို့သော် အဘယ်ကြောင့် ယခင်ကထက် ပိုသန်မာလာရသနည်း။

ယဲ့ထျန်းရှင်းက သူမ ဦးနှောက်ခြောက်အောင် မည်မျှတွေးစေကာမူ အကြောင်းပြချက်ကို မရှာနိုင်ဖြစ်နေသည်။

“ဘာကြောင့်လဲ ” သူမ ခေါင်းမော့ပြီးနောက် သတ္တိမွေးကာ ယုံကြည်မှုရှိပုံပေါ်ပြီး တည်ငြိမ်နေသည့် လုကျိုးကို တင်းမာစွာ ကြည့်လိုက်သည်။

“ကျွန်မ ရှင့်ကို မှားယွင်းအကဲဖြတ်မိတယ်ဆိုတာ ဝန်ခံတယ်၊ ဒါပေမဲ့ ကျွန်မကို ဖမ်းပြီးရင် ရှင် ခက်ခဲတဲ့အချိန် ရှိလာလိမ့်မယ် ”

ထိုနည်းဖြင့် သူတို့ တောင်တန်းများ၊ မြစ်များနှင့် တောအုပ်များကို ပျံသန်းဖြတ်ကျော်လာ၏။

“မင်း ပြောလို့ ဝပြီလား ”

“အာ ” လုကျိုးက စွမ်းအင်ဒိုင်းကို ရုပ်သိမ်းလိုက်ကာ သူ့ရှေ့ရှိ အပိုင်းကို ချန်ထားလိုက်သည်။

ဝှစ်...။

လေက ယဲ့ထျန်းရှင်း၏ မျက်နှာကို ချက်ချင်း ဖြတ်တိုက်သွားရာ သူမကို မျက်လုံးမဖွင့်နိုင်ဖြစ်စေပြီး သူမ၏ အရေပြားကို ထက်ရှသော ဓားများဖြင့် ပိုင်းဖြတ်နေသည့်အလား နာကျင်မှုများ ပြည့်နေစေတော့၏။

ထိုစဉ် အမျိုးအမည်မသိ တောအုပ်၏ ထောင့်စွန်းတွင် ...

အဋ္ဌမတပည့် ကျူးဟုန်ကုန်းက မြေပြင်ဆီကျလာပြီး သူ့မျက်နှာထက်မှ ချွေးများကို သုတ်လိုက်၏။ သူ့ရှေ့တွင် ရပ်နေသည့်သူက စူးရှသည့် မျက်ဝန်းတစ်စုံ၊ လက်ထဲတွင် ငှက်မွေးယပ်တောင်တစ်ခုရှိ၏။

“အချိန်မီရောက်လာတာ ကောင်းတယ်၊ ချီရှစ်ရှိုး မဟုတ်ရင် ကျုပ်တော့ အမြှောက်စာဖြစ်ပြီပဲ ”

အဋ္ဌမတပည့်က ရင်ထဲတွင် ကြောက်လန့်မှုဖြင့် ပြောလိုက်၏။

ချောမောခံ့ညားပြီး ကျက်သရေရှိသည့်လူက ကျိထျန်းတောက်၏ သတ္တမတပည့် စီးဝူယာ့ ဖြစ်သည်။

“လောင်ပါ့ မင်းက အမြဲတမ်း ငါ့ရဲ့ အကြံကို နားထောင်ခဲ့တာပဲ၊ ရုတ်တရက်ကြီး လျိုရှစ်ကျဲနဲ့ ဘာကြောင့် ပူးပေါင်းလိုက်တာလဲ ” စီးဝူယာ့က ခေါင်းခါပြီး မေးလိုက်တော့သည်။

ကျူးဟုန်ကုန်းက သက်ပြင်းချကာ ပြောလိုက်သည်။

“လတ်တလောမှာ ဆရာကျုပ်ကို ရိုက်တဲ့အကြောင်း အိပ်မက်ဆိုးတွေ မက်နေတယ်၊ ကျုပ်ကြောက်လို့ ”

“မင်း ဘယ်လိုကြောင့် ဒီလောက် သူရဲဘောကြောင်နေရတာလဲ ”

“ကျုပ်ရဲ့ ကျားတောင်ရိုးဂိုဏ်းကို အစ်ကိုကြီးရဲ့ ပုန်းကွယ်နဂါးမှောင်ခိုကွန်ယက်နဲ့ ပေါင်းလိုက်ရင်ရော ” အဋ္ဌမတပည့်က သူ့ပေါင်ကို ရိုက်လိုက်သည်။

စီးဝူယာ့က သူ့ကို မကြည့်၊ ငှက်မွေးယပ်တောင်ကိုသာ အသာဝှေ့ယမ်းလျက်ပြောလိုက်သည်။

“ထားလိုက်တော့၊ မင်းရဲ့ဂိုဏ်းလေးကိုပဲ ဂရုစိုက်တာ ပိုကောင်းမယ် ”

“ဘာကြောင့်လဲ၊ ရှစ်ရှိုးလည်း ရှစ်စွင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို တွေ့တာပဲ၊ လျိုရှစ်ကျဲက ကျုပ်ကို သေချာပေါက် ရောင်းစားထားမှာ၊ ကျုပ်တော့ အပြီးသတ်ပြီပဲ ” ကျူးဟုန်ကုန်းက ဝမ်းနည်းပက်လက်မျက်နှာ ပေါ်လာ၏။

“ယဲ့ထျန်းရှင်းက ဒီနတ်ဒေဝါဦးတည်နယ်ပယ်ကျွမ်းကျင်သူတစ်စုနဲ့ ရှစ်စွင်းရဲ့ လျှို့ဝှက်ကတ်တွေကို ရှာနိုင်မယ်လို့ ထင်နေတာ၊ ရူးမိုက်တဲ့ အိပ်မက်တစ်ခုပဲ၊ ရှစ်စွင်းက တကယ်ကို အားနည်းလာရင် သူမက သူ့ကို တိုက်ခိုက်ဖို့ အလှည့်တောင် ရောက်မှာ မဟုတ်ဘူး ”

ရွှေနန်းဥယျာဉ်တောင်ကို စောင့်ကြည့်နေသည့် လူက ဤကမ္ဘာပေါ်တွင် သူမတစ်ယောက်တည်း မဟုတ်ပေ။

“ချီရှစ်ရှိုး ရှစ်စွင်းက နတ်ဒေဝါဦးတည်နယ်ပယ်ကျွမ်းကျင်သူ ဆယ့်ငါးယောက်ကို သတ်ဖို့ ဘယ်နှကွက် သုံးလိုက်လဲဆိုတာ တွေ့လိုက်လား ” အဋ္ဌမတပည့်က တံတွေးမျိုချပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါ မသိဘူး ”

“ဘာကြောင့်လဲ၊ ခင်ဗျား ဒီလောက်ထိတော်နေတာကို ”

“တော်တော့၊ မင်းကိုယ်မင်း မိစ္ဆာဘုရင်လို့ ခေါ်တယ်၊ ဒါတောင် မင်း မသိသေးဘူးမလား ”

အမှန်တိုင်း ဆိုရလျှင် ကောင်းကင်ထဲ၌ နဝသစ်ရွက်ဝိညာဉ်သဏ္ဌာန် ပေါ်ပေါက်လာသည့်အချိန်တွင် မည်သူမှ မချဉ်းကပ်ရဲချေ။

“ကောင်းပြီ၊ ကျုပ်ရဲ့ ဘွဲ့အမည်နဲ့ တခြားသူတွေကို ခြိမ်းခြောက်နိုင်တယ်၊ ဒါပေမဲ့ ကျုပ်ရဲ့ အစ်ကိုကြီးတွေ ရှေ့မှာတော့ ကြွားလုံးမထုတ်ရဲပါဘူး ” ကျူးဟုန်ကုန်းက ပြော၏။

စီးဝူယာ့က ခေါင်းကို ကူကယ်ယာမဲ့စွာ ခါလိုက်၏။ သူသည် ကျူးဟုန်ကုန်းကို ရွှေနန်းဥယျာဉ်တောင်မှ ထွက်လာရန် ဖြောင်းဖြခဲ့မိသည့်အတွက် အနည်းငယ်နောင်တရလာပြီ ဖြစ်သည်။ ဤအရူးက ထိုကဲ့သို့ တရွတ်တိုက်ဆွဲနေတာပဲ ဖြစ်သည်။

နောက်ကျနေပြီမှန်း သိလိုက်ရသည့်အချိန်တွင် သူက ပြော၏။ “အခုက စပြီး မင်း လရောင်ဆွတ်နန်းတော်နဲ့ ပြင်းပြင်းထန်ထန် ချည်နှောင်ထားရမှာ ”

“အမ် ဘာကြောင့်လဲ ”

“ယဲ့ထျန်းရှင်းက သမာသမတ်ကျင့်ကြံသူတွေကို ရှစ်စွင်းကို တိုက်ခိုက်ခိုင်းခဲ့တာ၊ သူက ဆိုးဆိုးဝါးဝါးကျရှုံးခဲ့တယ်၊ ဒါပေမဲ့ လရောင်ဆွတ်နန်းတော်က ဘယ်သူ့ကိုမှ ခေါ်မလာခဲ့ဘူး၊ ဒီကျင့်ကြံသူတွေ နောက်က စွမ်းအားစုက ဒါကို ဘယ်လိုတွေးမယ်လို့ ထင်လဲ ”

ကျူးဟုန်ကုန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ကျုပ် အခု နားလည်သွားပြီ ”

စီးဝူယာ့က သက်ပြင်းချကာ ဆက်ပြောသည်။ “ရှစ်စွင်းက လျိုရှစ်ကျဲကို ဖြောင်းဖြတဲ့အချိန်တုန်းက သူမ အစီအရင်တစ်ခု ချလိုက်တယ်ဆိုတာ ငါ သံသယဖြစ်မိတယ်၊ အစီအရင်ရဲ့ ပုံသဏ္ဌာန်က တစ်ခုခု မှားနေတာကို တွေ့လိုက်ရတယ် ”

“ပုံသဏ္ဌာန်က ဘာမှားလို့လဲ ”

“ကျုပ်ထင်တာ မှန်မယ်ဆိုရင် ရှစ်ကျဲကျောင်းယွဲ့ကတော့ ကြောက်နေတော့မယ်ထင်တယ် ” စီးဝူယာ့က ပြော၏။

“ရှစ်ကျဲကျောင်းယွဲ့က အဆင်ပြေလား ”

စီးဝူယာ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “သူ ရွှေနန်းဥယျာဉ်တောင်က ထွက်လာတဲ့ အချိန် ငါ သတင်းရပြီးသား လရောင်ဆွတ် နန်းတော်ကို သူသွားတာ လျိုရှစ်ကျဲရဲ့ စိတ်သဘောနဲ့ဆို ဝူရှစ်ကျဲကို သူမဘက်ရောက်အောင် ဆွဲခေါ်မှာပဲ၊ ရှစ်ကျဲကျောင်းယွဲ့က အစီအရင်ကို ထိန်းချုပ်ဖို့အတွက် အကောင်းဆုံးယှဉ်ပြိုင်သူပဲ ”

အဋ္ဌမတပည့်သည် ထိုစကားကို ကြားသောအခါ မင်သက်သွား၏။

“ပြီးတော့ ဖန်ကျုံးက ကျင့်မင်ဂိုဏ်းကနေ ပြေးလာတဲ့သူပဲလေ၊ သူက ယင်သုံးပါးပုံစံကို လေ့လာပြီး ခန္ဓာကိုယ်ထဲမှာ ပြည့်နေတဲ့ ခါးသီးတဲ့ အအေးဓာတ်ကို ခံစားနေရတာ၊ လျိုရှစ်ကျဲက ငါတို့ရဲ့ အငယ်ဆုံးညီမကို မျှားခေါ်ဖို့ ငါးစားအဖြစ်သုံးခဲ့တယ်၊ ဒါက ကြည်လင်ပြတ်သားခြင်းဂိုဏ်းကို မကျေမနပ်ဖြစ်စေမှာပဲ ”

“ဝမ်ဖူကွေ့ကရော ” ကျူးဟုန်ကုန်းက မေးလိုက်သည်။

စီးဝူယာ့က ရယ်မောလိုက်သည်။

“အဲဒါက လျိုရှစ်ကျဲရဲ့ ပါးနပ်တဲ့ အကွက်ပေါ့၊ ဝမ်ဖူကွေ့ရဲ့ နာမည်အစစ်က ရှန်ယွမ်၊ သူက မဟာယန်ဧကရာဇ်ရဲ့ ကိုယ်လုပ်တော် ကျောက်စိမ်းမိန်းမပျိုရဲ့လက်အောက်က ကျွမ်းကျင်သူပဲ၊ ကျောက်စိမ်းမိန်းမပျိုက ဧကရာဇ်နဲ့ လက်ဆက်ထားတဲ့ အနောက်ရပ်က မင်းသမီးရဲ့ ညီမငယ်ပဲ ”

“ဒါက ” အဋ္ဌမတပည့်က ယခုအချိန်တွင် အားလုံးကို သိသွားပြီဖြစ်သည်။ အနောက်အရပ်၏ မင်းသမီးက သူတို့၏ဆရာတူအစ်ကို သတ်တာခံခဲ့ရသည်။ သို့သော် အားလုံးက သူတို့ဆရာဆီသာ အပြစ်ပုံချခဲ့၏။

“ရှစ်စွင်းက မဟာယန်ရဲ့ဧကရာဇ်ကို မကျေမနပ် ဖြစ်စေခဲ့ရင် ပြည်နယ်နှစ်ခုကြား အငြင်းပွားမှုတောင် ဖြစ်လာပြီး စစ်ပွဲတောင် စနိုင်တယ်၊ လူတချို့ကြားက မကျေမချမ်း အငြိုးအတေးတွေကြောင့် လူတွေ ဝေဒနာခံစားရမှာ ” စီးဝူယာ့က ပြော၏။

“ဒါ့အပြင် မဟာယန်ရဲ့ တောင်ပိုင်းဒေသထဲက ကွဲပြားတဲ့ ဂိုဏ်းသုံးခုကနေ နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူ ဆယ့်ငါးယောက် ရောက်လာခဲ့တာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သူတို့ဂိုဏ်းရဲ့ ကမ္ဘာအဆင့်နှစ်အောက်က လက်နက်တွေကို ဆရာ့ရဲ့ ကောင်းကင်အဆင့်လက်နက် ဖျက်ဆီးတာ ခံခဲ့ရတာ၊ သူတို့ ဘယ်တော့မှ လက်စားမချေနိုင်ခဲ့ဘူး၊ အခု သူတို့ရဲ့ ကျွမ်းကျင်သူတွေ အသတ်ခံလိုက်ရပြီ၊ ဒါက အမုန်းတရားအသစ်လေ၊ အဲဒီ ဂိုဏ်းသုံးဂိုဏ်းကို ဘာလုပ်မယ်လို့ ထင်လဲ ”

“ဒါတွေ အားလုံးက လျိုရှစ်ကျဲရဲ့ အစီအစဉ်တွေပဲလား ” ကျူးဟုန်ကုန်းက သူသည်တောင် အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာကို ယုံကြည်ရန် ခက်ခဲနေ၏။

စီးဝူယာ့က ကူကယ်ရာမဲ့စွာ ခေါင်းခါပြီး “ကံဆိုးတာက အကြံအစည်က ဘယ်လောက်ပဲကောင်းကောင်း အကြွင်းမဲ့စွမ်းအားရှေ့မှာဆို ဘာမှ အသုံးမဝင်ဘူး၊ ရှစ်စွင်းက ဝိညာဉ်အမှီဖမ်းခြေကွက် အသုံးပြုနိုင်လိမ့်မယ်လို့ ယဲ့ထျန်းရှင်း မထင်ထားဘူး၊ သူ့ရဲ့ ကြေးသွေးရထားလုံးပျံက အခြေတည်စ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျွမ်းကျင်သူတစ်ယောက် အရှိန်အပြည့်ပျံတာထက်တောင် မြန်တယ်လို့ ပြောကြတယ်၊ ဒါ ဟုတ်မဟုတ်ဆိုတာ သိချင်မိတယ် ”

လုကျိုးက ဝိညာဉ်အမှီဖမ်းခြေကွက်ကို ဆက်တိုက်အသုံးပြုနေသည်က သူ၏ တွေးထင်ထားချက်ကို ပြောင်းပြန်ဖြစ်သွားစေသည်။ သူ့ကို ပိုတောင် ဇဝေဇဝါဖြစ်သွားစေသည်က သူ့တိုက်ခိုက်မှုပုံစံက ပိုမြန်လွန်းနေရာ ယင်းသည် ယဲ့ထျန်းရှင်းကို သူမ၏ အစီအစဉ်များအားလုံးထုတ်ရန် အခွင့်အရေး နည်းပါးသွားစေ၏။

အဋ္ဌမတပည့်က ရုတ်တရက်ပြောလိုက်၏။ “မရဘူး၊ ကျုပ် ထပ်ပြီး ဂိုဏ်းခေါင်းဆောင် မဖြစ်ချင်တော့ဘူး၊ ကျုပ်ရဲ့ အိမ်ကိုပဲ ပြန်တော့မယ်၊ ကျုပ်က အခုလိုမျိုး ကစားသမားကောင်း မဟုတ်ဘူး၊ ဒါပေမဲ့ အမြဲတမ်းပုန်းနေနိုင်တယ် ”

“သူ့ကို စောင့်ကြည့်ထား ” လုကျိုးက ယဲ့ထျန်းရှင်းကို ရှောင်ယွမ်အာရှေ့ တွန်းပို့လိုက်သည်။

“တပည့် နားလည်ပါပြီ ရှစ်စွင်း ”

အချိန်ကိုက် ဖြစ်သည်။ သူမက သူ့ကို တွန်းထုတ်လိုက်သည်နှင့် အထွတ်အထိပ် အသွင်ကတ်၏ အာနိသင်က ပျောက်သွား၏။

လုကျိုးက တည်ငြိမ်နေပြီး သူ၏ လက်ရှိအခြေအနေကို အမြန်ထိန်းညှိလိုက်၏။ သူမကို ညွှန်ကြားချက်တချို့ပေးခဲ့သောကြောင့် ဖြစ်ဟန်တူသည်။ ယဲ့ထျန်းရှင်းက နှာခေါင်းရှုံ့လိုက်၏။ “စွမ်းဆောင်ရည်ရှိတဲ့ အဘိုးကြီးမှာ ဒီလို သနားစရာ အခိုက်အတန့်ရှိလိမ့်လို့ တစ်ခါမှ မထင်ထားဘူး ”

ရှောင်ယွမ်အာက ပြန်ပက်လိုက်၏။

“နင် ဘာမှ မသိဘူး၊ ရှစ်စွင်းက အသက်ကြီးလာပြီ၊ အနားယူလို့ မရဘူးလား ” ပြီးနောက် သူမ ထိုသို့မပြောသင့်မှန်း သဘောပေါက်သွားကာ နှုတ်ခမ်းတင်းတင်းစေ့ပြီး ပြောလိုက်၏။

“ရှစ်စွင်း တပည့် မရည်ရွယ် ”

လုကျိုးက လက်ကာပြကာ ပြောလိုက်၏။

“ကိစ္စမရှိဘူး ”

ယဲ့ထျန်ရှင်းက ရယ်မောပြီး ပြောလိုက်သည်။ “ကျွန်မသာ ရှင်ဆိုရင် ရွှေနန်းဥယျာဉ်တောင်ကို တစ်ခါထဲ ပြန်သွားမှာ ရှင်အသက်ရှင်နေသရွေ့ ရွှေနန်းဥယျာဉ်တောင်ကို ဘယ်သူမှ အနိုင်မကျင့်ရဲဘူးလို့ မပြောခဲ့ဘူးလား၊ ဟားဟား ကံဆိုးချင်တော့ ရွှေနန်းဥယျာဉ်တောင်က ဒီနေ့ ပိုင်ရှင်ပြောင်းမှာပဲ ”

“အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ ” ရှောင်ယွမ်အာက ဒေါသတကြီး စကားဆိုသည်။

“ပြီးတော့ ရှင်သတ်ခဲ့တဲ့ ဝမ်ဖူကွေ့က ကျောက်စိမ်းမိန်းမပျို လက်အောက်က ကျွမ်းကျင်သူတစ်ယောက်ပဲ၊ နတ်ဒေဝါဦးတည်နယ်ပယ်ကျွမ်းကျင်သူ ဆယ့်ငါးယောက်က မဟာယန်ရဲ့ တောင်ပိုင်းထဲက ဂိုဏ်းသုံးခုက တပည့်တွေပဲ၊ ရှစ်စွင်း ကျွန်မကို တိုက်ခိုက်မိတာအတွက် နောင်တရနေပြီးမလား၊ လရောင်ဆွတ်နန်းတော်မှာ ညီအစ်မထောင်ချီရှိနေသေးတယ်ဆိုတာ မမေ့လိုက်နဲ့၊ ကျွန်မ ပြန်မရောက်ခဲ့ရင် သူတို့တွေက တော်ဝင်အိမ်တော်ဂိုဏ်းသုံးဂိုဏ်းနဲ့ သေချာပေါက်ပူးပေါင်းပြီး ရွှေနန်းဥယျာဉ်တောင်ကို တိုက်ခိုက်လိမ့်မယ် ”

ယဲ့ထျန်းရှင်းက လုကျိုးကို အရာအားလုံးကို ပြောပြီးနောက် နေထိုင်ရ ပိုကောင်းလာသည်။

သူမ၏အသံက အလွန်ပေါ့ပါးသော်ငြား မျက်ဝန်းထဲရှိ အကြည့်က မာကြောသည်။ “အခု နောင်တရရင် ကျွန်မကို လွှတ်လိုက်၊ ကျွန်မက လရောင်ဆွတ်နန်းတော်ရဲ့ သခင်ဖြစ်နေသေးတယ် ”

All Chapters