← Chapters

မိစ္ဆာကြီး ပြန်လာခြင်း

Vol. 3 Ch. 41

မိစ္ဆာကြီး ပြန်လာခြင်း

Vol. 3 Ch. 41

အခန်း (၄၁) မိစ္ဆာကြီး ပြန်လာခြင်း

အသံက ခြိမ်းခြောက်သံဖြစ်နေရာ အားလုံးက ထိတ်လန့်သွားကြသည်။ ပြောလိုက်သည့်သူက အဘိုးအိုတစ်ဦးဖြစ်ပြီး အသံတွင် ပါဝင်သော စွမ်းအားအရ ဆရာကြီးတစ်ဦးနှင့်မတူဟု သူတို့ ခန့်မှန်းမိကြသည်။ မည်သို့ပင်ဆိုစေကာမူ တောင်တစ်တောင်လုံး ပဲ့တင်သံထပ်စေရန် သန်မာပေသည်။

တောင်တစ်ဝိုက်ကို ဝန်းရံထားသည့် ကျင့်ကြံသူများ အားလုံးက တအံ့တဩ မော့ကြည့်လိုက်ရာ တိမ်တိုက်များ ကြားထဲတွင် နတ်ခြင်္သေ့ကို တွေ့လိုက်ရ၏။ ဒဏ္ဍာရီလာ စီးတော် သားရဲများက ရှားပါးလွန်းသည်။ မင်္ဂလာရောင်ဝါဖြင့် သားရဲဆိုလျှင် ပိုဆိုးသေး၏။

“ပြောတဲ့သူက ဘယ်သူလဲ”

မိစ္ဆာဝေဟင် မျှော်နန်းထဲတွင် ကြိုးတုတ်ခံထားရသော တွမ့်မူရှန်းက သူ့ဆရာ၏ အသံကို ပထမဆုံး မှတ်မိလိုက်တာ ဖြစ်သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ပြန်လာတာ ကြိုဆိုပါတယ် ရှစ်စွင်း”

သူ၏ အသံက မိုးကြိုးသံ သကဲ့သို့ ဟိန်းထွက်နေပြီး သမာသမတ် ကျင့်ကြံသူ အားလုံးကို ကြောက်လန့်သွားစေကာ သူတို့ကို ကြောက်လန့်တကြား တုန်တုန်ယင်ယင် ထွက်ပြေးသွားစေ၏။ မကြာမီ၌ တောင်တန်းပေါ်ရှိ ရှင်းလင်းသော ကွင်းပြင်များ ပေါ်တွင် ကျင့်ကြံသူများဖြင့် ပြည့်သွားတော့သည်။ တွမ့်မူရှန်းက ခပ်မတ်မတ် နေပြီးနောက် မိစ္ဆာဝေဟင် မျှော်နန်း အပြင်ကို ထွက်လိုက်သည်။ သူသည် ကောင်းကင်ထဲမှ လျင်မြန်စွာ ဆင်းသက်လာသည့် နတ်ခြင်္သေ့ကို တွေ့သောအခါ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်သို့ ရောက်သွားသည်။ ယခုအချိန်တွင် ဂုဏ်ယူ ဝင့်ကြွားမှုနှင့် ယုံကြည်ချက်တို့ ရှိလာတော့၏။

“မကောင်းတော့ဘူး။ မိစ္ဆာကြီးပဲ”

“မကြောက်ကြနဲ့ အတွင်းသတင်းတွေ အရ မိစ္ဆာကြီးက သူ့ရဲ့ ချည်ကြိုးက အဆုံးသတ်ကို ရောက်နေတာ ကြာနေပြီ။ သူက ရှေးဦးမိစ္ဆာရဲ့ လျှို့ဝှက်ဆေးကို မှီခိုထားတာတဲ့”

“အစီအရင် ဖွဲ့ကြ။ နတ်ဒေဝါ ဦးတည်နယ်ပယ် ကျွမ်းကျင်သူတွေ အားလုံး အခု ချက်ချင်း နတ်ဒေဝါ ဦးတည်နယ်ပယ်နဲ့ သူ့အထက်က လူတွေ အားလုံး အခု ချက်ချင်း စီတန်းကျ”

နတ်ဒေဝါ ဦးတည်နယ်ပယ် ကျင့်ကြံ့သူ တစ်ဒါဇင်ကျော်က မိစ္ဆာဝေဟင် မျှော်နန်းအထက်တွင် စုဝေးလာကြသည်။ ခဏအကြာ၌ ဖန်းရှင်းကျန်းနှင့် ကျူးကျစ်ဖုန်းတို့ကလည်း ရောက်လာသည်။ လူတိုင်းက မိစ္ဆာဝန်ဟွေ့ မျှော်နန်းအထက် ကောင်းကင်ထဲတွင် ရစ်ဝဲနေသော မင်္ဂလာရစ်ဝိုင်းကို မယုံနိုင်စရာ ကြည့်လိုက်ကြသည်။

လုကျိုးက နတ်ခြင်္သေ့၏ ကျောပေါ်တွင် မတ်တတ်ရပ်နေပြီး ရွှေနန်းဥယျာဉ်တောင် တစ်ခုလုံးကို ဖျတ်ခနဲကြည့်လိုက်သည်။ ယဲ့ထျန်းရှင်း ပြောသည့် အတိုင်းက ဤတောင်က မောက်မာ ထောင်လွှားသည့် ကျင့်ကြံသူ တစ်စု ကျူးကျော်တာ ခံနေရပြီ ဖြစ်သည်။

ယဲ့ထျန်းရှင်း၏ နှုတ်ခမ်းက အပြုံးတစ်ပွင့်အဖြစ် ကွေးတက်သွားသည်။ သူမ ရယ်ချင်သော်ငြား မရယ်နိုင်ပေ။ သူမ၏ စွမ်းအင်ဗဟိုချက် ပျက်စီးမှုမှ နာကျင်မှုကြီးက သူမ စကားပြောရန် အားမရှိစေတော့ပေ။ သူမ ယခုအချိန်အထိ သတိ ဝင်နေရသည့် အကြောင်းအရင်းကား ဤအခြေအနေကို မိစ္ဆာကြီး မည်သို့ မည်ပုံ ဖြေရှင်းမည်ဆိုတာကို မြင်နိုင်သောကြောင့် ဖြစ်သည်။

လုကျိုးက အခြေအနေကို ဖြေရှင်းရမည့်ပုံကို စဉ်းစားခဲ့ပြီး ဖြစ်သည်။ သူ၌ ရွေးချယ်စရာ နှစ်ခုရှိသည်။ ပထမ နည်းလမ်းက နောက်ဆုံး အထွတ်အထိပ် အသွင်ကတ်ကို အသုံးပြုရန် ဖြစ်သည်။ သို့သော် ယင်းက သူ၏ အကြီးမားဆုံး လျှို့ဝှက်ကတ် ဖြစ်ပြီး ထိုကတ်ကို အသုံးပြုပြီးနောက် သူ့ကိုယ် သူ ကာကွယ်ရန် အခြားနည်း မရှိပေ။ ဒုတိယ ရွေးချယ်မှုက ရွှေနန်းဥယျာဉ်တောင်ထဲမှ နတ်ခြင်္သေနှင့် ထွက်ပြေးသွားရန် ဖြစ်သည်။ ဆိုရလျှင် တွမ့်မူရှန်းနှင့် မင်းရှဲ့ယင်က တပည့်ဆိုးများဖြစ်ကြ၏။ သူတို့၏ သေခြင်းတရားက သူ့ကို အနှောင့်အယှက် မပေးနိုင်ပေ။

သူ နောက်ဆုံး အထွတ်အထိပ် အသွင် အတွေ့အကြုံကတ်ကို သုံးသင့်လား။ ထွက်ပြေးသင့်လား။

သူသည် အထွတ်အထိပ် အသွင် အတွေ့အကြံကတ်ကို အသုံးပြုပြီး ယဲ့ထျန်းရှင်းကို ဖမ်းခဲ့သည်ကပင် ဆုံးရှုံးနစ်နာစရာကောင်းသည်ဟု တွေးမိနေပြီး ဖြစ်သည်။ သူ့ကို တစ်ခုတည်းသော အားပေးနှစ်သိမ့်နိုင်သည်ကား သူသည် တိုက်ပွဲပြီးနောက် ကုသိုလ်မှတ်များစွာ ဆုရရှိတာပဲ ဖြစ်သည်။

ယဲ့ထျန်းရှင်းက လုကျိုး တွေးနေတာကို မြင်နိုင်၏။ထို့ကြောင့် သူမက ခက်ခက်ခဲခဲ ပြောလိုက်သည်။

“ကျွန်မကို လွှတ် ရှင့်မှာ လျှို့ဝှက်ကတ် ထပ်မရှိတော့ဘူး”

ရှောင်ယွမ်အာက ယဲ့ထျန်းရှင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီးနောက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“အိပ်မက်မက်နေလိုက်”

သမာသမတ်ဂိုဏ်း၏ ကျင့်ကြံသူများ စုဝေးနေပြီး ဖြုံလောက်သည့် ရန်သူကိုရင်ဆိုင်ရန် အသင့်ပြင်နေကြသည်။ မျက်မှောက်ပင်လယ်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများက ထိုသန်မာသည့် လူများတွင် ပုန်းနေရန် ပါးနပ်ကြပေ၏။

လုကျိုးက လူအုပ်ကြီးကို တစ်ချက် ကြည့်လိုက်သည်။ သူ့ဆီ ရန်လိုနေကြသည့် ကျင့်ကျင်သူများကို အမှန်တရား မျက်ဝန်းကနေ သူမြင်နိုင်သည်။

‘နေပါဦး အဲ့တာ ကျိုးကျစ်ဖုန်းမလား။ သူ့ သစ္စာရှိမှုက ဆယ့်ငါးရာခိုင်နှုန်းလား။ ကောင်းကင်ဓားဂိုဏ်းကနေ ထွက်သွားတဲ့ အချိန်နဲ့ ယှဉ်ရင် ငါးရာခိုင်နှုန်း တိုးလာတာလား’ လုကျိုးက နားမလည်နိုင်ပေ”

ဖန်ကျင်းရှန်က မော့ကြည့်ပြီး အေးတိအေးစက် အသံဖြင့် ပြောလိုက်၏။

“ဒီမှာ ရှိန်စရာ ကောင်းတဲ့ ရန်သူတချို့ ရှိမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ရွှေနန်းဥယျာဉ်တောင်ရဲ့ မိစ္ဆာကြီးပဲ ရှိတာကိုး၊ တွမ့်မူရှန်းကို ငါဖမ်းထားတယ်။ မင်ရှစ်ရင်က ငါတို့ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ။ ရွှေနန်းဥယျာဉ်တော်က အခုဆို သမာသမတ် ဂိုဏ်းအပိုင် ဖြစ်ပြီ။ သေခြင်းတရားကို ရင်ဆိုင်လိုက်တော့”

“ဆင်းလာခဲ့”

“ဆင်းလာခဲ့”

“ဆင်းလာခဲ့”

ဆိုရလျှင် သူတို့က ဒဏ္ဍာရီလာ စီးတော် သားရဲနှင့် ရင်ဆိုင်နေရတာ ဖြစ်ပြီး ယင်းက နတ်ဝိညာဉ် ဝဋ်ကြွေးခြွေ နယ်ပယ် ကျွမ်းကျင်သူများသာ ဖမ်းနိုင်တာ ဖြစ်သည်။ ဖန်ကျင်းရှင်းက လုကျိုးကို အောက်သို့ ဆင်းလာစေရန် တိုက်တွန်းနေသည်။ မိစ္ဆာကြီးသာ မြေပြင်ပေါ်သာ ဆင်းလာသ၍ သူတို့က သူ့ကို ဖမ်းရန် အခွင့်အရေး ရှိမှာ ဖြစ်သည်။

တကယ် ဆုံးဖြတ်ချက် ချဖို့ ခက်ခဲတာပဲ။ ငါက အထွတ်အထိပ် အသွင် အတွေ့အကြုံကတ်ကို သိမ်းထားနိုင်ဖို့ မျှော်လင့်နေတာ။

လုကျိုးက ခေါင်းခါပြီးနောက် နက်နဲသည့် အသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီ”

ဗန်း

ထိုစဉ် ကျိုးကျစ်ဖုန်းက လျှပ်စီးသဖွယ် လျှင်မြန်စွာ လှုပ်ရှားပြီး ဖန်ကျင်းရှန်ဆီကို ဓားအလင်းဖြင့် တိုက်ခိုက်လိုက်ပြီး မီးပွင့်များက အရပ်မျက်နှာ အနှံ့ ပြန်ထွက်သွားသည်။ အလင်းတန်းက ဖန်ကျင်းရှန်၏ နှလုံးသားကို စိုက်သွားသည့် အချိန်တွင် ထူးဆန်းသည့် အရာဝတ္ထုတစ်ခုဖြင့် ပိတ်ဆိုခံလိုက်ရ၏။ တစ်ချိန်တည်းတွင် ကြမ်းတမ်းသည့် ဖိအားက ကျိုးကျစ်ဖုန်းကို နောက်သို့ တွန်းလိုက်ပြီး သူ့လက်ကို ထုံကျဉ်သွားစေကာ သူ့ချီနှင့် သွေးများကို ဖရိုဖရဲ ဖြစ်သွားစေသည်။

“ဖန်ကျင်းရှန်က ဘာကြောင့် ဒီလောက်သန်မာရတာလဲ”

“မင်းဘာလုပ်တာလဲ ကျိုးကျစ်ဖုန်း”

တစ်စုံတစ်ယောက်က အထိတ်တလန့်အော်လိုက်၏။

ဖန်ကျင်းရှန်က  နောက်ကျောဓားနှင့် အထိုးခံလိုက်ရချိန် သေစေနိုင်လောက်သည့် ထိုးနှက်ချက်ကို ရှောင်ကြဉ်လိုက်သည်။ ပြီးနောက် ကျိုးကျစ်ဖုန်းကို ဒေါသတကြီး ကြည့်လိုက်၏။

“မင်း ငါ့ကို ဘာကြောင့် ဒီလို လုပ်တာလဲ"

ထိုမျှ နီးကပ်သည့် အကွာအဝေးတွင် လုပ်ကြံသတ်ဖြတ်တာ ကျရှုံးလိမ့်မည်ဟု ကျိုးကျစ်ဖုန်း မထင်ထားပေ။ ထိုစဉ် လုကျိုးက ကောင်းကင်ထဲတွင် ပျံဝဲလျက်ရှိနေသေးသည်။ စိတ်ဝင်တစား တအံ့တဩ ကြည့်နေ၏။

“ကျုပ်ရဲ့ တိုက်ကွက်ကို ခင်ဗျား ပိတ်ဆို့နိုင်လိမ့်မယ်လို့ မထင်ထားဘူး”

ကျိုးကျစ်ဖုန်းက ပြောသည်။

ဖန်ကျင်းရှန်က ရယ်မောလိုက်သည်။

“ကောင်းကင်အဆင့် လက်နက် ရှိတဲ့သူနဲ့ လက်နက်မရှိတဲ့ ကျင့်ကြံသူကြား ကွာဟချက်ကြီး ရှိတယ်ဆိုတာ မင်းကို ဘယ်သူမှ မပြောခဲ့ဖူးဘူးလား”

“ကောင်းကင်အဆင့် လက်နက်လား”

ကျိုးကျစ်ဖုန်းသည် တိုက်ခိုက်ရာတွင် အလွန် ယုံကြည်ချက် ရှိခဲ့သည်။ သူသာ လုံလောက်အောင် နီးကပ်နိုင်သ၍ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် ကျွမ်းကျင်သူများတစ်ဦးတောင် ယင်းကို ပိတ်ဆို့နိုင်မှာ မဟုတ်ပေ။ သို့သော် သူ၏ ပစ်မှတ်က ကောင်းကင် အဆင့် ရတနာရှိနေလိမ့်မည်ဟု သူမထင်ထားချေ။

“ဘယ်လိုရတနာမျိုးလဲ”

“ရွှေနန်းဥယျာဉ်တောင်ဆီကို ဂိုဏ်းခေါင်းဆောင်က ငါ နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်ကိုပဲ ဘာကြောင့် ပို့ခဲ့တာလို့ မင်းထင်လဲ”

ဖန်ကျင်းရှန်က နှာခေါင်းရှံ့လိုက်၏။

ရှောင်ယွမ်အာ၏ စိုးရိမ်ပူပန်မှုတို့က ကြီးထွားလာပြီး ကြည့်နေ၏။

“ရှစ်စွင်း သူတို့က ဒေါသထွက်စေတဲ့ နတ်ဒေဝါ ကျွမ်းကျင်နယ်ပယ် ဦးတည် ကျင့်ကြံသူ တစ်ဦးက ဒီလောက်ထိ စိတ်ရူးပေါက်ရာ လုပ်တက်လိမ့်မယ်လို့ မထင်ဘူး”

လုကျိုးက ခေါင်းခါက ဖန်ကျင်းရှန်ကို ကြည့်လိုက်သည်။

“နဂါးနှလုံးသားအကာအကွယ် ကောင်းကင်အဆင့်ရတနာလို့ သတ်မှတ်လို့ ရမယ် မထင်ဘူး”

ဖန်ကျင်းရှန်က ထိတ်လန့်သွားသည်။

“နဂါးနှလုံးသားအကာအကွယ်မှန်း ခင်ဗျား ဘယ်လိုလုပ် သိလဲ”

လုကျိုး၏ အမူအရာက မပြောင်းလဲပေ။ သူသည် အငယ်တစ်ယောက်နှင့် အငြင်းပွားစရာ မလို ယင်းက သူ့အဆင့်အတန်းကို ဆွဲချရာသာရောက်မှာပင်။

ရှောင်ယွမ်အာက နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။

“ဘာတွေ ထူးဆန်းလို့လဲ။ နင်က ရွှံ့တွေနဲ့ ဆော့ကစားတဲ့ အချိန်မှာ ငါ့ရဲ့ ရှစ်စွင်းက တစ်လောကလုံးကို ယိမ်းခါစေခဲ့ပြီးပြီ”

သူမက အမှန်တရားကို ပြောနေတာ ဖြစ်သည်။ ကျိထျန်းတောင်သည် လောကတစ်ဝိုက် နာမည်ကျော်ကြားသည့် အချိန်က လက်ရှိ လူများ တစ်ယောက်မှ မမွေးသေးပေ။ မိစ္ဆာကြီးနှင့် ရင်ဆိုင်လျှင် သူတို့က လောကကို မမြင်ဖူးသည့် မိုက်မဲသော ကလေးများသာ ဖြစ်သည်။

“မင်းကို အသက်ရှင်ခွင့်ပေးမယ်။ မင်းလက်ထဲက လက်နက်ကို ချပြီး ရွှေနန်းဥယျာဉ်တောင်ကို ထိခိုက်စေတာတွေ ပြန်ပြင်လိုက်။ ပြီးရင် တောင်မှာ သုံးနှစ် အလုပ်လုပ်။ မင်းသဘောတူရင် ဒီနေ့ ဖြစ်ခဲ့တာ အားလုံးကို ငါမေ့ပေးနိုင်တယ်”

သူက မနှေးလွန်း မမြန်လွန်းသည့် နှုန်းဖြင့် ပြောလိုက်ရာ သူ၏ အသံက ပေါ့ပါးပြီး တည်ငြိမ်နေသည်။

သူပြောတာကြားသောအခါ ဖန်ကျင်းရှန်က ရုတ်တရက် ရယ်မောလိုက်၏။ ပြီးနောက် သူ့ရှေ့ရှိ နတ်ဒေဝါ ဦးတည်နယ်ပယ် ကျင့်ကြံသူ ဆယ့်နှစ်ယောက်ကလည်း ရယ်မောလိုက်ကြသည်။ သူတို့သည် ကမ္ဘာပေါ်တွင် ရယ်စရာ အကောင်းဆုံး ပြက်လုံးကို ကြားနေရသည့် အလား ဖြစ်နေ၏။

“မိစ္ဆာကြီးက နောက်ဆုံးတော့ ဆိုးယုတ်တာကို လက်လျှော့ပြီး ကောင်းတာတွေ လုပ်တော့မှာပေါ့။ လူသတ်မဲ့အစား သူက လူတွေိကို အသက်ရှင်ခွင့် ပေးချင်တယ်။ ပြီးတော့ ရွှေနန်းဥယျာဉ်တောင်ကို ပြန်ပြင်ပြီး  သူ့ကို သုံးနှစ်ခစားရမယ်။ ဒါရယ်စရာ မကောင်းဘူးလား”

“သိပ်ကို ရယ်စရာကောင်းလွန်းတယ်”

“မင်းတို့ကို အခွင့်အရေး ပေးပြီးပြီ။ မင်းတို့က တန်ဖိုးမထားမှတော့ ဒီမှာပဲ တစ်သက်လုံး နေရတော့မှာပေါ့”

ထိုစဉ် ယဲ့ထျန်းရှင်းက လေးလံသည့် မျက်ခွံများကို ဖွင့်လိုက်ရာ ထိတ်လန့်ဖွယ် မြင်ကွင်းကို တွေ့လိုက်ရ၏။ မိစ္ဆာကြီး၏ ရောင်ဝါများက ထပ်မံ ပေါက်ကွဲသွားပြန်သည်။ သူမက ကောင်းကောင်း ကြည့်နိုင်ရန်အတွက် ခေါင်းအနည်းငယ် မော့ချင်ခဲ့သည်။ သို့သော် ကံဆိုးသည်မှာ သူမ သတိမလစ်ခင် မိစ္ဆာကြီးနားတွင် ပေါ်လာသော ပွင့်ချပ်ကိုးလွှာရွှေကြာကိုသာတွေ့လိုက်ရသည်။

ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာ ရှုခင်း စိတ်ဝိညာဉ် သဏ္ဌာန် ဖြစ်သည်။

လောကကြီး၏ အရောင်က ယခုအချိန်အတွင်း ပြောင်းလဲသွားပုံရသည်။ မျက်တောင် တစ်ခက်အတွင်း မိစ္ဆာဝေဟင် မျှော်နန်းအထက်ရှိ ကောင်းကင်က ရောင်စုံ စိတ်ဝိညာဉ်သဏ္ဌာန် တိုက်ခိုက် ခံလိုက်ရပြီး ကျင့်ကြံသူများ အားလုံးက အထိတ်တလန့် ငုံ့ကြည့်နေသည်။

သူ့ရဲ့ ပထမဆုံး သိုင်းကွက်က ဘာကြောင့် အစွမ်းထက်တဲ့ သိုင်းကွက် ဖြစ်နေရတာလဲ။ ဒါကို မသုံးခင် သာမန် သိုင်းကွက် အချို့နဲ့ တိုက်ခိုက်သင့်တယ် မဟုတ်ဘူးလား။

“ဆရာက လောကကြီးမှာ အစွမ်းဆောင်နိုင်ဆုံးလူပဲ”

တွမ့်မူရှန်း၏ မျက်နှာထက်တွင် လေးစားသည့် အကြည့်တို့ ‌ရှိနေသည်။ ထိုစဉ် ကျို့ကျစ်ဖုန်းက ချွေးစေးများ ပြန်နေ၏။ သူ့လက်ထဲရှိ ဓားကို အမြန် ဆွဲကောက်ကိုင်ပြီးနောက် ဒူးထောက်ကာ အော်လိုက်သည်။

“ချန်ပေ့က လောကကြီးမှာ စွမ်းဆောင်ရည် အရှိဆုံးလူပဲ"

လူနှစ်ယောက်လုံး၏ သစ္စာရှိမှုက တစ်ပြိုင်နက်တည်း ငါးရာခိုင်နှုန်းတိုးသွားသည်။

လုကျိုးက ထွက်ပြေးရန် မရွေးချယ်ခဲ့ပေ။ ထိုအစား သူသည် နောက်ဆုံးသော အထွတ်အထိပ် အသွင် အတွေ့အကြံကတ်ကို အသုံးပြုခဲ့၏။ သူအားနည်းသွားသည်နှင့် ခမ်းခြောက်နေသော ချီပင်လယ်က ပြည့်သွားပြီး ယခုအချိန်တွင် သူ အထွတ်အထိပ် ထပ်ရောက်သွားမှန်း သိလိုက်သည်။

All Chapters