လျှို့ဝှက်ကတ်တွေ မရှိဘဲ ဘာလုပ်မှာလဲ
Vol. 3 Ch. 43
အခန်း (၄၃) လျှို့ဝှက်ကတ်တွေ မရှိဘဲ ဘာလုပ်မှာလဲ
ကျိုးကျစ်ဖုန်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အကန့်အသတ်မဲ့ စွမ်းအားများကြောင့် ထိတ်လန့်သွားသည်။ ယခင်က သူသည် ကျန်သည့် ကျင့်ကြံသူများကို ဦးဆောင်ပြီး အကာအရံကို ဖျက်ဆီးကာ ခွန်အားကုန် အသုံးပြုခဲ့သည်။ ထိုသို့တိုင် ယင်းက တုတ်တုတ်မျှ မလျောပေ။ ကျိထျန်းတောက် တစ်ယောက်တည်း ယင်းကို ပြင်နိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။
ယခုအချိန်တွင် လုကျိုးက မရပ်တန့်ဘဲ စွမ်းအင်များ ဆက်လက် ထည့်ပေးနေသည်။ အကာအရံက အမှန်တကယ် မပြင်ရသေးခင် သူက ကွဲပြားခြားနားသည့် နေရာများ ထဲတွင် အစီအရင်ဖြင့် မျက်လုံးကို ဆက်သွယ်ရန်သာ လိုအပ်သည်။ သူတို့က ဆက်တိုက် ဆက်နွယ်မှု တစ်ခုကို ဖွဲ့တည်သည့် အချိန်တွင် အနှောက်အယက် အဟန့်အတားမရှိ အကာအရံတစ်ခုလုံး စွမ်းအင်များ စီးဆင်းစေနိုင်မှာပဲ ဖြစ်သည်။
အမှန်အတိုင်း ဆိုရလျှင် လုကျိုးကိုယ်တိုင်လည်း အထိပ် အထိပ် အသွင် ကတ်ကြောင့် အံ့ဩသွားမိသည်။ ယင်းက သူ့ကို အကန့်အသတ် စွမ်းအားများ ထောက်ပံ့ပေးနိုင်၏။ အချိန် အကန့်အသတ် ကြောင့်သာ မဟုတ်လျှင် ဤကတ်က အမှန်တကယ် ယှဉ်ပြိုင်ဖက် ကင်းမဲ့နေသည်။ ထိုအချက်ဖြင့် သူ၏ ကျင့်ကြံဆင့်ကို တိုးမြှင်ရန် မလိုတော့ချေ။ သူ၏ စွမ်းအင် ဗဟိုချက်ထဲ အကြိမ်မည်မျှ ရှင်းလင်းသွားမှန်း သူ မရေတွက်နိုင်တော့ချေ။ အကြောင်းမှာ ယင်းသို့ ဖြစ်ပျက်သွားသည့် အချိန်၌ ချက်ချင်း ပြန်ပြည့်လာသောကြောင့် ဖြစ်၏။
အကာအရံကို ပြင်ဆင်ရန်အတွက် စုစုပေါင်း နှစ်ဆယ့်ငါးမိနစ် အချိန် ယူခဲ့ရသည်။ နောက်ဆုံးတွင် တည်ငြိမ်သွားတော့သည်။ အကာအရံကို ထိမိသည့် အချိန်တွင် သူက သမုဒ္ဒရာပေါ်ရှိ လှိုင်းများကဲ့သို့ပင် တောက်ပပြီး တုန်လှုပ်ဖွယ် ကြိမ်နှုန်းများ လှိုင်းဂယက်ငယ်များ ပြန့်ကားနေတာကို တွေ့လိုက်ရသည်။
လုကျိုးက အသက်ပြင်းပြင်း တစ်ချက်ရှုပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ကာ စနစ်ဇယားကို ကြည့်လိုက်သည်။ သူ့တွင် အချိန် သုံးမိနစ်ရှိနေသေး၏။
ရှောင်ယွမ်အာ တစ်ယောက်တည်းဖြင့် သူတို့ကို ဖြေရှင်းရန် လုံလောက်သည်။ သူကိုယ်တိုင် တိုက်ခိုက်နေစရာ မလိုပေ။
“တပည့်နားလည်ပါပြီ ရှစ်စွင်း”
ဖန်ကျင်းရှန်က မျက်မှောင်ကျုံ့လိုက်၏။ နတ်ဒေဝါ ဦးတည်နယ်ပယ် ကျင့်ကြံသူများ ကြားထဲတွင် အသန်မာဆုံးက ကျောက်ထိန်းချုပ်ခြင်း အဆင့်တွင်သာ ရှိသေးသည်။
နတ်ဒေဝါ ဦးတည်နယ်ပယ်ကို အဆင့်သုံးဆင့် ခွဲခြားနိုင်၏။ တောက်သဏ္ဌာန်၊ တောက်ထိန်းချုပ်ခြင်းနှင့် တောက်အသွင်ပြောင်းခြင်း ဖြစ်သည်။ အဆင့်တစ်ဆင့်နှင့် တစ်ဆင့်ကြား ကွာဟချက်ကြီး ရှိနေပြီး တန်ဖိုးကြီးရတနာရှိ သူနှင့်ရတနာ မရှိသူကြား ကွာဟချက်ထက် ပိုကြီးမားပေ၏။ သို့သော် ထိုကျင့်ကြံသူများ၏ ကျင့်ကြံဆင့်က တပည့်များနှင့် အဆင့်တူတွင် ရှိနေလျှင်တောင် ရွှေနန်းဥယျာဉ်တောင် တပည့်များနှင့် ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ချေ။
ယခုအချိန်တွင် ရှောင်ယွမ်အာက သူမ၏ ဒေါသကို နောက်ဆုံး၌ ပေါက်ကွဲ ပစ်တော့သည်။
သူမသည် တာရာခုနစ်စင်း မိုးတိမ်နင်းခြေလှမ်းကို အသုံးပြုပြီး ဗြဟ္မာပင်လယ် ကျင့်ကြံသူတိုင်းကို သတ်ဖြတ်နေပြီး နတ်ဒေဝါ ဦးတည်နယ်ပယ် ကျင့်ကြံသူများက သူမ လိုက်လံ သတ်ဖြတ်မှု၏ ပစ်မှတ် ဖြစ်လာခဲ့သည်။
ရွှေနန်းဥယျာဉ်တောင်၏ လူဆိုးတစ်ဦးက လူအများကို သတ်ဖြတ်ခြင်းထက် မပိုပေ။ အချို့သော ကြောက်လန့်သည့် ကျင့်ကြံသူများက သူမ၏ တိုက်ခိုက်မှုကို ခုခံကြသည်။ သို့သော် ယင်းက ယာယီသာ ဖြစ်၏။ သူတို့သည် အသတ်ခံရမှာကို လှောင်ချိုင့်ထဲတွင် စောင့်ဆိုင်းနေသည့် သိုးများကဲ့သို့ ဖြစ်နေသည်။ ရှောင်ယွမ်အာက လက်ထဲတွင် ဓားတစ်လက်ဖြင့် မုဆိုးကဲ့သို့ ဖြစ်နေ၏။
စိတ်ပျက်အားငယ် ကြောက်လန့်မှုတို့က လေထဲ ကြီးစိုးလာသည်။
လုကျိုးက တိုက်ပွဲထဲ ဝင်မပါခဲ့ပေ။ လက်တစ်ချက် ဝှေ့ယမ်းမှုဖြင့် ဧရာမ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားပြီး သူသည် မိစ္ဆာဝေဟင် မျှော်နန်းထဲသို့ ပျံသန်းသွားတော့သည်။
“ရှစ်စစ်” တွမ့်မူရှန်း၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။ သူ ထပ်မတောင့်ခံနိုင်သောကြောင့် ဖြစ်၏။
လုကျိုးက သူ့ကို ဖျတ်ခနဲကြည့်လိုက်ရာ သူ၏ သစ္စာရှိမှု ရှစ်ဆယ်ရာခိုင်နှုန်း ရောက်နေတာကို မြင်သောအခါ သူအံ့ဩသွားတော့သည်။ သူ့တပည့်ကို နတ်ဒေဝါ ထပ်သီး နည်းနိဿယကိုသာ သင်ကြားပေးခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သစ္စာရှိသည့် တပည့်တစ်ယောက် ပိုရလာခြင်းက ကိစ္စကောင်း တစ်ရပ် ဖြစ်သည်။
သူ၏ ဒဏ်ရာသည် သမာသမတ်ဂိုဏ်း၏ တုသာ့ဖန်နှင့် တိုက်ပွဲကြောင့် ဖြစ်လာတာပင်။ ထိုမျှ ကြာရှည် သည်းခံနိုင်ခဲ့သည်ကား အံ့ဩစရာ ကောင်းလှပေ၏။ ယင်းက အတိတ်တုန်းက ကျိထျန်းတောက်၏ ညှဉ်းပမ်းနှိပ်စက်မှုများကြောင့် ယနေ့ သူ ထိုမျှ သန်မာလာတာ ဖြစ်သည်။ သာမန် ကျင့်ကြံသူ တစ်ဦးဆိုလျှင် ယခုအချိန်၌ မြေပြင်ပေါ် လဲကျနေမှာပဲ ဖြစ်သည်။
“လောင်စစ်က ဘယ်မှာလဲ”
လုကျိုးက မေးလိုက်သည်။
“စစ်ရှစ်တိက ဖန်ရှင်းကျန်းနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲ ဆင်နွှဲခဲ့တာ။ သူက တစ်ဖက် အရေအတွက် များလွန်းနေတာကြောင့် သူ့ကို ဒဏ်ရာ ရစေပြီးတဲ့ နောက်ဆုံးမှာ ထွက်ပြေးသွားခဲ့တယ်”
သူ့စကားပြော ခဏရပ်ပြီးနောက် အမြန်ပြောလိုက်သည်။
“အခုအချိန်မှာ သူ ဘယ်နေရာမှာ ရှိလဲဆိုတာ တပည့်မသိပါဘူး”
လုကျိုးက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ လက်ဟန် တစ်ခုဖြင့် သတိမေ့နေသော ယဲ့ထျန်းရှင်းကိုသယ်လာသည့် နတ်ခြင်္သေ့က မိစ္ဆာဝေဟင် မျှော်နန်းထဲရှိ ဥယျာဉ်ခြံဝန်းထဲ့သို့ ဆင်းသက်လာသည်။ သူမကို မြေပြင်ပေါ် ချပေးပြီးနောက် ယင်းက လေထဲသို့ ထပ်မံ ပြန်တက်သွားပြီး ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
“လျိုရှစ်မေ့”
တွမ့်မူရှန်းက အံ့ဩသွားသည်။
ယဲ့ထျန်းရှင်းသည် မာယာကျော့ကွင်း ကောင်းကင်အဆင့် လက်နက်ကို ပိုင်ဆိုင်ထားပြီး ပေနက်လွှာတွင်အဆင့်ကိုး ဖြစ်၏။ ထိုသို့တိုင် သူမ ဒဏ်ရာ ဆိုးဆိုးဝါးဝါးရနေသည်က သူ ယုံနိုင်ရန် ခဲယဉ်းသည့်ကိစ္စရပ် တစ်ခု ဖြစ်နေသည်။
ယခုအချိန်တွင် အကျင့်ယုတ်သည့် ဝံပုလွေကဲ့သို့ ကျင့်ကြံသူများကို သတ်ဖြတ်နေသော ရှောင်ယွမ်အာမှ အပ တပည့်အားလုံးသည် ဒဏ်ရာများ ရနေတော့သည်။ လုကျိုး၏ နားထဲ အသိပေးသံများ ပြည့်နေရာ သူရရှိသည့် ကုသိုလ်အမှတ်များကို သတင်းပို့နေတာပဲ ဖြစ်သည်။
လုကျိုးက ဖြည်းဖြည်းချင်း လှည့်လာပြီး ကျိုးကျစ်ဖုန်းက တုန်ယင်သွားကာ သူနှင့် မလှမ်းမကမ်းသို့ လျှောက်လာ၏။ ပြီးနောက် ငါးမီတာ အကွာခန့်တွင် ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်သည်။
“ကျုပ်ရွှေနန်းဥယျာဉ်တောင်ထဲ ဝင်ပြီး ဆရာကြီးကို ခစားလိုစိတ်ရှိပါတယ်”
“တင်း သင်က လက်အောက်ငယ်သား တစ်ယောက် ဖြစ်တဲ့ ကျိုးကျစ်ဖုန်း၊ နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်ရပါတယ်။ ကုသိုလ်မှတ် တစ်ရာ ဆုရရှိပါတယ်”
လုကျိုးက ဖြည်းဖြည်းချင်း လှမ်းလိုက်ပြီး သူ့ကို ဘေးတိုက် ကြည့်လိုက်သည်။ သူက ခေါင်းမခါ ခေါင်းမညိတ်ဘဲ ခပ်ဖျော့ဖျော့ လေသံဖြင့်သာ ပြောလိုက်၏။
“နေရာကို ရှင်းလိုက်”
သူသည် ကျိုးကျစ်ဖုန်း၏ ရှင်းပြချက်ကို နားထောင်ရန် အချိန်မရှိပေ။ ။ သူ ကောင်းကင်ဓားဂိုဏ်းမှ ထွက်လာပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို သူမသိချင်ပေ။ ထို့ကြောင့် အမိန့်တစ်ခုသာ ပေးလိုက်တာ ဖြစ်၏။
“ဟုတ်ကဲ့ ချန်ပေ့”
ကျိုးကျစ်ဖုန်းက အပျော်လွန်သွားပြီး ဓားကို ဆွဲထုတ်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အကြည့်တို့ ရှိနေကာ ထိုထွက်ပြေးနေသော ဗြဟ္မာပင်လယ် ကျင့်ကြံသူများဆီ ခုန်ဝင်သွားတော့သည်။ ပြီးနောက် လုကျိုးက လှည့်ထွက်သွားပြီး မိစ္ဆာဝေဟင် မျှော်နန်းထဲသို့ လျှောက်ဝင်သွားတော့၏။
မျှော်နန်း၏ အတွင်းပိုင်းက ကျိချန်းတောက်ကိုယ်တိုင် တည်ဆောက်ထားပြီး သီးခြား ကျင့်ကြံခြင်း ခန်းမပင် ဖြစ်သည်။ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် ကျင်ကြံသူ တစ်ဦးတောင် ယင်းကို ဖိအားဖြင့် ဖြိုခွင်းရန် အချိန် အတော်ကြာ အသုံးပြုရမှာပဲ ဖြစ်သည်။
လုကျိုးက လျှို့ဝှက်ခလုတ်ကို ဖိလိုက်ရာ ဗီးခနဲ မြည်သံဖြင့် တံခါးက ဘေးဖက်သို့ ပွင့်ထွက်သွားသည်။ သူက အထဲသို့ ဝင်ပြီး ထပ်ခါ ထပ်ခါ ကြည့်လိုက်၏။ တလောကလုံး တိတ်ဆိတ်နေပြီး တစ်ချိန်တည်းတွင် အထွတ်အထိပ် သဏ္ဌာန်ကတ်၏ အာနိသင် မြင့်တက်သွားတာ ဖြစ်သည်။ သူ၏ စွမ်းအင်ဗဟိုချက်ထဲရှိ စွမ်းအင်များစွာက ဒီရေအလား ချက်ချင်းပင် လျော့ကျသွားတော့သည်။ မည်သည့်နည်းနှင့် မဆို လုကျိုးက အတော်လေး တည်ငြိမ်နေ၏။
“မျှော်စင် အတွင်းပိုင်းက မှိန်ဖြဖြ လင်းနေပြီး မျက်နှာကျက်မှ မှိန်ဖျော့ဖျော့ အလင်းသာ တစ်ခုသာ တောက်ပနေသည်။ ဤနေရာက ကျင့်ကြံခြင်းအတွက် အမှန်တကယ် သင့်တော်သည်။
လုကျိုးက အမှန်တကယ် ဖြစ်ပျက်နေတာကို အာရုံ ထပ်မစိုက်တော့ချေ။ သူ၏ အတွေးများကို ဖြေရှင်းရန် လိုအပ်ပြီး ယခုအချိန်တွင် လျှို့ဝှက်ကတ်များ ပြန်စုစည်းရန် လိုအပ်၏။
အမည်။ ။ လုကျိုး
မျိုးနွယ်။ ။လူသား
ကျင့်ကြံဆင့်။ ။ အာရုံခံ သိပ်သည်းခြင်း နယ်ပယ်၏ ဝိညာဉ်ဖွဲ့တည်ခြင်း အဆင့်
ကုသိုလ်အမှတ်။ ။ ၆၆၇၄
စိတ်ဝိညာဉ်သက်တမ်း။ ။ သုံးပါးသိပ်သည်းခြင်း ပန်းပွင့်
ကျန်ရှိသည့် သက်တမ်း။ ။ ၅၅၄၅၆ရက်
အသုံးပစ္စည်း။ ။ အတိုက်အခိုက် ဒဏ်ပြင်း ပိတ်ဆို့သည့်ကတ် (အလိုအလျောက် အသုံးပြုခြင်း) ၇ကတ်
ကျင့်ကြံခြင်း နည်းစနစ်။ ။ကောင်းကင်ကျမ်းစနစ် စာလိပ် သုံးပါး
လက်နက်- မာယာကျော့ကွင်း
ပိုင်ရှင်- ယဲ့ထျန်းရှင်း ( ၎င်းကို အသုံးမပြုခင် ထပ်မံ သန့်စင်ရန် လိုအပ်သည်။)
အထွတ်အထိပ် အတွင်းကတ်က အမှန်တကယ် ကုန်သွားပြီး ဖြစ်ရာ သူ့တိုင် အတိုက်အခိုက် ဒဏ်ပြင်၊ ပိတ်ဆို့သည့်ကတ် ခုနှစ်ကတ်သာ ကျန်တော့သည်။ အစွမ်းထက်သည့် ရန်သူက အသက်တစ်ရှိုက်ရှုစာအတွင်း သူ့ကို ဆယ်ကြိမ် သို့မဟုတ် အကြိမ်တစ်ရာတောင် တိုက်ခိုက်နိုင်လောက်သည်။ ထို့ကြောင့် ခုနှစ်ကြိမ် ပိတ်ဆို့နိုင်ခြင်းက ဘာမှ မဟုတ်ပေ။
ယခုတွင် သူ့တွင် လျှို့ဝှက်ကတ်များ မရှိတော့။ သူဘာလုပ်သင့်သနည်း။ ရွှေနန်းတော်၏ အကြီးဆုံးမိစ္ဆာကြီး တစ်ဦးအနေဖြင့် သူသည် အပြင်လောကရှိကျင့်ကြံသူများစွာ၏ ပစ်မှတ် ဖြစ်သည်။
လုကျိုးက မှိန်ဖျော့ဖျော့ အလင်းများ ကြားထဲတွင် တင်ပျဉ်ခွေ ချိတ်ထားပြီးနောက် အတွေးနစ်နေတော့သည်။
အကာအရံ ပြင်ဆင်ပြီးသွားပြီ ဖြစ်ရာ ယင်းသည် ဆယ်ရက်မှ လဝက်ခန့်အတွင်း အင်အားကြီး ရန်သူများကို ဟန့်တားနိုင်မှာ ဖြစ်သည်။ ထို့အပြင် အထွတ် အထိပ် အသွင်ကတ်နှစ်ကတ် တစ်ခါတည်း အသုံးပြုပြီး လုကျိုးက သမာသမက် ကျင့်ကြံသူများကို ထိတ်လန့်စေခဲ့ပြီး ဖြစ်၏။ ထိုလူများ မည်မျှ တုံးအစေကာမူ ရွှေနန်းဥယျာဉ်တောင်ကို ယခုကဲ့သို့ ထပ်မံ ကျူးကျော်ရဲမှာ မဟုတ်တော့ချေ။
ယခုအခေါက် အန်းယန်သို့ ခရီးစဉ်က သူ့အတွက် ကုသိုလ်အမှတ် ခြောက်ထောင်ကျော် ယူဆောင်လာပေးသည်။ လမ်းစဉ်တစ်လျှောက်သူသည် စနစ်အသိပေးသံများ ကြားနေရပြီး ကုသိုလ်အမှတ်များစွာ စုဆောင်းနိုင်ခဲ့တာပဲ ဖြစ်သည်။ စီမိသားစု၏ ပြန်ပေးဆွဲ ခံရမှု ဖန်ကျုံး၏ အညံ့ခံမှု ယဲ့ထျန်းရှင်း ဖမ်းမိမှုတို့ ထိုအရာအားလုံးက သူ့ကို ကုသိုလ် အမှတ်များ ပေးနေ၏။ သူသတ်ခဲ့သည့် လူများအတွက်မူ ရေတွက်တောင် စိတ်ကူးတောင် မရှိပေ။
လက်နက် အကြောင်းဆိုလျှင်တောင် လုကျိုးက သူ့တပည့်ထံမှ သိမ်းယူလာခဲ့သော ကောင်းကင် အဆင့် လက်နက်ကို ထပ်အသုံးပြု၍ ရမည်ဟုမထင်ထားချေ။ သို့သော် ကောင်းကင် အဆင့် ရတနာကို သန့်စင်ရန် မလွယ်ကူ။ အကြောင်းမှာ သခင်အဖြစ် အသိအမှတ်ပြုပြီးနောက် ၎င်းကို ပြောင်းလဲရန် အင်မတန် ခက်ခဲသောကြောင့် ဖြစ်သည်။ အမှန်တကယ်တွင် ယင်းက လူတစ်ယောက်၏ စိတ်ကို ပြောင်းလဲရခြင်းထက် ပိုတောင် ခက်ခဲပေသည်။
“တင်း နတ်ဒေဝါ ဦးတည်နယ်ပယ် ကျင့်ကြံသူ တစ်ယောက် အသတ်ခံရပါတယ်။ သင်ကုသိုလ် အမှတ် တစ်ရာ ဆုရရှိပါတယ်”
“တင်း ဗြဟ္မာ ပင်လယ် ကျင့်ကြံသူ တစ်ယောက် အသတ်ခံလိုက်ရပါတယ်။ သင် ကုသိုလ် အမှတ်ဆယ်မှတ် ရရှိပါတယ်”
လုကျိုးက ခေါင်းခါပြီးနောက် ပြောလိုက်သည်။ သူတို့သည့် နယ်ပယ် တစ်ခုသာ ခြားသော်ငြား ဆုကြေးက ဆယ်ဆ ကွာဟနေသည်။
ယခု သူ့တွင် ကုသိုလ် အမှတ်များစွာ ရှိနေပြီး ဖြစ်ရာ သူတို့ကို အသုံးပြုရမည့်နည်း သူတွေးရန် လိုအပ်သည်။ သူကံစမ်းသင့်လား။ သူ့အဖို့ ယင်းက လောင်းကစားကဲ့သို့ ဖြစ်သည်။ ကံစမ်းမဲမှ ကုသိုလ်အမှတ်များ စုဆောင်းနိုင်သော်ငြား ကံကောင်းသည့် အမှတ်သာ ရနေပြီး ဆက်တိုက် ဆုံးရှုံးနေလျှင် မည်သို့လုပ်ရမည်နည်း။
ရှောင်ယွမ်အာနှင့် ကျိုးကျစ်ဖုန်းတို့ ကျန်သည့် ကျင့်ကြံသူများကို သတ်ပြီး အချိန်ထိ သူစောင့်သင့်သည်ဟု တွေးမိလိုက်သည်။ ထိုသို့ တွေးပြီးနောက် သူခြေချကာ လှည့်ကြည့်လိုက်တော့၏။ သူသည် လျှို့ဝှက်အခန်းထဲသို့ မဝင်တာ အချိန် အတော်ကြာ ရှိပြီ ဖြစ်ပုံပေါ်သည်။ ထို့ကြောင့် ဤနေရာတွင် ပစ္စည်းများစွာ ကျန်ရစ်နေနိုင်သည်။ အခန်းက မှိန်ပျပျသာ လင်းနေသော်ငြား ပစ္စည်းများကို အကြမ်းဖျင်း မြင်နိုင်သေး၏။
သမာသမတ် ဂိုဏ်း၏ ကျင့်စဉ် အများစုကို ဤနေရာတွင် ထိန်းသိမ်းထား၏။ ရှေးဓားတစ်လက် ကျင့်စဉ်၊ ငြိမ်သက်အေးချမ်းခြင်း ဂါထာ၊ တောက်နှလုံးသားမန္တာန်နှင့် ကျန်သည့် အရာများ ဖြစ်သည်။ သူသိသလောက်က ထိုကျန်သိုင်းကျမ်းများကို သူ့တပည့်များ မလေ့ကျင့်ထားပေ။ အကြောင်းပြချက်ကို နားလည်နိုင်ပေ၏။ ထိုကျင့်စဉ်များသည် စနစ်ကပေးသည့် ကျင့်စဉ်များလောက် မကောင်းသောကြောင့် ဖြစ်သည်။
ကျင့်စဉ်များ အပြင် လက်နက် အချို့လည်း ရှိပေ၏။ အများဆုံးက စိတ်နက်နဲမှု အဆင့်နှင့် အဝါရောင် အဆင့်တို့သာ ရှိသေးရာ ယင်းတို့က နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ အမြင်တွင် အလွန်နိမ့်ကျသည့် လက်နက်များ ဖြစ်သည်။ လုကျိုး အတွက်လည်း တူညီပေ၏။ သူသည် သူတို့ကို အကြမ်းဖျင်း ကြည့်ပြီးနောက် စိတ်ဝင်စားမှု မရှိတော့ပေ။ သူတို့ အားလုံးက ဖုန်တောထဲတွင် ရှိနေသည်ကား အချိန်အတော်ကြာ မထိထားဟု မဆိုလိုတာပဲ ဖြစ်သည်။ အများစုက ဟောင်းနွမ်းနေပြီ ဖြစ်ရာ လုကျိုးသည် သူတို့မည်သည့် နေရာမှ လာကြောင်း မည်သို့ အသုံးပြုရမလဲဆိုတာကို မမှတ်မိတော့ချေ။
ထိုစဉ် မိစ္ဆာဝေဟင် မျှော်နန်းထဲရှိ ခြံဝင်းထဲတွင် ယျဲ့ထျန်းရှင်းက သူမ ဝမ်းဗိုက်ထဲမှ အင်မတန် နာကျင်မှုကြောင့် နိုးထလာသည်။ သူမက မျက်လုံးကို ခဲရာ ခဲဆစ် ဖွင့်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
“ဒါက မိစ္ဆာဝေဟင် မျှော်နန်းလား”
သူမ ဂိုဏ်းထဲသို့ ဝင်ပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အခမ်းအနား ကျင်းပသည့် နေရာဖြစ်သည်။ သူမ တစ်ချက် ကြည့်ရုံနှင့် မှတ်မိ၏။ ဤနေရာရှိ အရာအားလုံးက သူမနှင် ရင်းနှီးနေသည်။ အပင်တိုင်း၊ နံရံတိုင်း နံရံပေါ်ရှိ မျဉ်းများတောင် ရင်းနှီးနေ၏။ ထိုစဉ် အတော်လေး အားနည်းသည့် အသံတစ်သံ ပေါ်ထွက်လာသည်။
“လျို့ရှစ်မေ့”
ယဲ့ထျန်းရှင်းက ထိတ်လန့်သွားသည်။ သူမ၏ အသံလာရာဖက်ကို ကြည့်လိုက်ရာ မင်ရှစ်ရင် ဝင်လာတာကို တွေ့လိုက်ရပြီး ဆံပင်များက မသေမသပ် ဖြစ်နေပြီး မျက်နှာက ညစ်ပေကာ ရင်ဖက်တွင် သွေးများ စွန်းထင်းနေ၏။
“စစ်ရှစ်ရှိုးလား”
မင်ရှစ်ရင်က သူမဘေးတွင် ထိုင်ပြီး နွမ်းနွယ်သည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။
“ရှစ်မေ့ ပြန်လာတာကောင်းတယ်”
ဘာ
ယဲ့ထျန်းရှင်းက မျက်မှောင် အနည်းငယ် ကျုံ့လိုက်သည်။ သူဆိုလိုတာကို သူမ နားမလည်နိုင်ချေ။
“အသားကျအောင်သာနေ။ ဒါတွေ အားလုံးက လှည့်ကွက်တွေပဲ အဟွတ်အဟွတ်”
မင်ရှစ်ရင်က ချောင်းဆိုးလိုက်ပြီးနောက် သူ့နှုတ်ခမ်းမှ သွေးများကို အနက်ရောင်လက်ဖြင် သုတ်လိုက်တော့သည်။