တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု
Vol. 3 Ch. 45
အခန်း (၄၅) တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု
လုကျိုးက ခေါင်းခါကာ ရှေ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။
“စင်းလုံးချောကတ်လား”
စင်းလုံးချောကတ်= ထိခိုက်မှုများအားလုံးကို ၁၀ စက္ကန့်တာ ပပျောက်စေသည်။ ကုသိုလ်အမှတ် ( ၅၀၀)
“ဒီကတ်က မဆိုးဘူးပဲ၊ လွှမ်းမိုးနိုင်စွမ်းရှိလုနီးပါးပဲ၊ ဒါပေမဲ့ ၁၀ စက္ကန့်က တိုတောင်းလွန်းတယ်၊ ပြီးရင် ခြိမ်းခြောက်ခံနေရဦးမှာပဲ၊ ကောင်းမွန်တဲ့တန်ပြန်တိုက်ခိုက်မှု မရှိခဲ့ရင် ကတ်ကိုသုံးတာထက် ငါထွက်ပြေးနိုင်မဲ့ ကတ်ကိုပဲ သုံးလိုက်မှာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကတ်ကောင်းတစ်ကတ် ဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ အခြေအနေမှန်ပေါ် မူတည်ပြီး သုံးရမှာ”
လုကျိုးသည် ယင်းကိုဝယ်ရန် အလျင်မလိုဘဲ ကျန်သည့်ကတ်များကို ဆက်ကြည့်လိုက်၏။
အသေရိုက်ချက်ကတ် - ပစ်မှတ်ဆီသို့ သေစေနိုင်လောက်သည့် ထိုးနှက်ချက်တစ်ခုကို ပို့ပေးနိုင်သည့် ပြောမပြနိုင်သော စွမ်းအားတစ်ခုရှိသည်။ ကုသိုလ်အမှတ် ( ၅၀၀ )
လုကျိုးက ထိုကတ်၏အညွှန်းကို ဂရုတစိုက်ကြည့်လိုက်သည်။
သူ ယခင်ဘဝက အွန်လိုင်းဂိမ်းဆော့သူအနေဖြင့် သူသည် မိစ္ဆာသားရဲတစ်ကောင်ကို သတ်ဖြတ်ခြင်းမှ ရလာသည့် အသုံးပစ္စည်းတစ်ခုသည် အသေရိုက်ချက် အရည်အချင်းမျိုး ရှိနေခဲ့လျှင် အရေးကြီးသည့် အခြေအနေ၌ အသုံးပြုနိုင်ရန် အင်မတန်နည်းပါးသည့် အခွင့်အရေးတစ်ခုရှိသည်။ သို့သော် ဤကတ်က ထိုကဲ့သို့သော ကန့်သတ်မှုမျိုး မရှိပေ။
သူက ဘယ်ညာကြည့်ပြီးနောက် ကျန်သည့် အညွှန်းများ၊ ကန့်သတ်ချက်များ မတွေ့တော့ပေ။
“ပြောမပြနိုင်တဲ့စွမ်းအား၊ ဘာကိုဆိုလိုတာလဲ” လုကျိုးက အတွေးနစ်သွား၏။
"ဘယ်လိုစွမ်းအားမျိုးပဲဖြစ်ဖြစ် ဒီကတ်က အညွှန်းကအတိုင်းမဟုတ်လောက်ဘူး၊ နောက်မှဝယ်ရမယ်”
ထိပ်တန်းအဆင့်ခုခံခြင်းကတ်= ထိခိုက်မှုကို ၃၀ စက္ကန့်သာ ၉၀ ရာခိုင်နှုန်း လျှော့ချပေးသည်။ ကုသိုလ်အမှတ် ( ၅၀၀)
ဒုတိယအဆင့် ခုခံခြင်းကတ် = ထိခိုက်မှုကို ၃၀ စက္ကန့်သာ ၆၀ ရာခိုင်နှုန်း လျှော့ချပေးသည်။ ကုသိုလ်အမှတ် ( ၃၀၀ )
ခုခံမှုကတ်အားလုံး ရပြီးနောက် ကတ်တစ်ဒါဇင်ကျော်ပေ၏။ လုကျိုး၏လက်ရှိ ကျင့်ကြံစဉ်က အာရုံခံသိပ်သည်းခြင်းနယ်ပယ်တွင်သာ ရှိသေးရာ သူတို့က သူ့အတွက် အသုံးမဝင်ပေ။ ဆိုရလျှင် ထိခိုက်မှု ၉၀ ရာခိုင်နှုန်း လျှော့ချခံရပြီးသည့်တိုင် ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းက သူ့ကိုသတ်ရန် လုံလောက်တာထက် ပိုနေသေး၏။
သူ ခေါင်းခါလိုက်သည်။
“ဒီကတ်တွေက စင်းလုံးချောကတ်လောက်တောင် အသုံးမဝင်ဘူး၊ နေပါဦး အများစုက ဘာကြောင့် ခုခံမှုကတ်ဖြစ်နေတာလဲ၊ စနစ်က ငါ့ကို သူရဲဘောကြောင်တဲ့သူ တစ်ယောက်ဖြစ်အောင် လုပ်နေတာလား၊ ငါ့ကို ပြန်မတိုက်ခိုက်ပဲ လက်ဝေ့အိတ်လို တခြားသူတွေ ရိုက်တာခံစေချင်တာလား၊ ဒါက မိစ္ဆာဂိုဏ်းချုပ်ရဲ့ တိုက်ခိုက်မှု ပုံစံ မဟုတ်ဘူးလေ”
သူက အောက်ကိုဆက်ကြည့်လိုက်သည်။ မေးခွန်းအမှတ်အသားများပါပြီး အညွှန်းတောင်မရှိသည့် ကတ်အနည်းငယ်အချို့သာ ရှိသည်။ စနစ်က ထောင်ချီနယ်ပယ်လေပွေနှင့် အသင်ခြေအထွတ်အထိပ်တို့ ကဲ့သို့ပင် သူတို့၏အညွှန်းများနှင့် ဈေးနှုန်းများကို ဖုံးကွယ်ထားတာ ဖြစ်ရမည်ဟု သူ ခန့်မှန်းလိုက်သည်။ အွန်လိုင်းဂိမ်းဆော့ရတာ နှစ်ခြိုက်သည့်သူများက သူတို့၌သာလွန်သည့် အစွမ်းထက်မှုရှိတာကို သိကြ၏။
ကတ်များအားလုံးကို ကြည့်ပြီးနောက် လုကျိုးသည် စင်းလုံးချောကတ် ၃ ကတ်နှင့် အသေရိုက်ချက်ကတ် ၃ ကတ်ကို ရွေးချယ်လိုက်သည်။ ပေါင်းစည်းမှုက သူ့ကို ခုခံမှုနှင့် တိုက်ခိုက်မှုကို ပေးစွမ်း၏။ ရုတ်တရက် သူက ဆိုးရွားသည့်အကြံ တစ်ခု ရလာသည်။ သူသည် စင်းလုံးချောကတ်နှင့် အသေရိုက်ချက်ကတ်ကို အသုံးပြုခဲ့လျှင် မည်သို့ဖြစ်လာနိုင်သနည်း။ ယင်းသည် အသန်မာဆုံးလှံနှင့် အသန်မာဆုံးဓား၏ ပုံပြင်နှင့်တူနေမည်လား။ သူ မည်ကဲ့သို့ ကြိုးစားနိုင်မည်နည်း။ တွေးမိသောအခါ အနည်းငယ်ရှက်လာမိ၏။
မည်သည့်နည်းဖြင့်မဆို တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု ဖြစ်သောကြောင့် သူသည် ကျန်သည့်ခုခံခြင်း ကတ်များအားလုံးကို လျစ်လျူရှုထားရန် ရွေးချယ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း သူက ကုသိုလ်အမှတ် (၃၀၀၀) သုံးစွဲလိုက်ပြီဖြစ်သည်။ သို့သော် ထိုကတ်များက တန်ကြေးရှိပေ၏။ ထို့ကြောင့် အငြင်းပွားနေစရာ မလိုပေ။
“ကျန်တဲ့ ကုသိုလ်အမှတ် (၄၅၄၀) ကို ဘယ်လိုသုံးသင့်လဲ၊ ငါ့ သက်တမ်းကို တိုးမြှင့်ဖို့အတွက် အကြောင်းပြန်လှန်ကတ်တချို့ကို ဝယ်သင့်လား”
သူ၏ခန္ဓာကိုယ်က ကျင့်ကြံခြင်း ပြန်ကောင်းရန်အတွက် အဓိကသော့ချက်ဖြစ်သည်။ သို့သော် ကျန်ရှိသည့် ကုသိုလ်အမှတ်များက အကြောင်းပြန်လှန်ကတ် ၉ ကတ် ဝယ်ရန်သာလုံလောက်ပြီး သူ့ကို ရက်(၂၇၀၀) သက်တမ်းသာပေးနိုင်မှာဖြစ်သည်။ ယင်းက သူ ယခင်သက်တမ်းဖြစ်သော နှစ်တစ်ထောင်ထက် တိုနေသည်။
အကြောင်းပြန်လှန်ကတ်က အကြောင်းပြန်လှန်ခြင်းသာ အာရုံပြုထားရာ ထိုက်တန်ပေ၏။ ဆိုလိုသည်မှာ ယင်းသည် အကြောင်းပြန်လှန်မှုကို တိုးမြင့်စေသော်လည်း သူ၏ခန္ဓာကိုယ် အိုကြီးဆီသို့ သက်တမ်းအပိုဆောင်း မထည့်ပေးပေ။
“ကံစမ်းမဲတွေရော” သူခေါင်းထဲ ဘာဖြစ်နေသည်မသိ ကံစမ်းမဲဟူသော စကားလုံးများက ရုတ်တရက် ပေါ်လာသည်။ ယခင် ကံစမ်းမဲ၏ အတွေ့အကြုံဖြင့် လုကျိုးက ဂိမ်းသည် သူ၏ ကုသိုလ်အမှတ်များ အားလုံးကို ဝါးမျိုပြီး သူ့ကို ဘာမှမရှိသည့် ကံကောင်းသည့် အမှတ်များသာ ပေးမှန်း သူကြိုသိနေ၏။
“ငါ့ရဲ့ကျင့်ကြံစဉ်တိုးမြင့်ဖို့အတွက် ကုသိုလ်အမှတ်တွေကို သုံးသင့်တယ်၊ ဘာလို့လဲဆိုတော့ ဒါက အားလုံးရဲ့ အုတ်မြစ်ပဲလေ”
သူ ဒုက္ခတစ်ရာ ရှုကွင်း စိတ်ဝိညာဉ်သဏ္ဍန်ကို နောက်ဆုံးအခေါက် အသုံးပြုခဲ့သည့် မြင်ကွင်းကို တွေးကြည့်လိုက်သည်။ ပွင့်ချပ် ၈လွှာ ရွှေကြာက ပွင့်ချပ် ၉လွှာ ဆီသို့ ပြောင်းလဲသွားတာကို သူသတိပြုမိခဲ့၏။ သူသည် အထွတ်အထိပ်အသွင်ကတ် အချို့ကိုသာ အသုံးပြုခဲ့တာဖြစ်ပြီး သူတို့အားလုံးက တူညီပေသည်။ ထိုသို့ဆိုလျှင် ရလဒ်က အဘယ်ကြောင့် ကွာခြားနေရသနည်း။
“ကောင်းကင်ကျမ်းစာကြောင့်လား” ယင်းက မည်ကဲ့သို့သော ကျင့်စဉ်ဖြစ်ကြောင်း သိချင်မိသည်။ ယင်းက သူ၏မှတ်ဉာဏ်ထဲတွင်ရှိသည့် မည်သည့်နည်းစနစ်များနဲ့မတူ ကွဲပြားနေပေ၏။ အမှန်တကယ် လှုပ်ရှားမှု မရှိ၊ အသက်ရှူရှိက်သည့် နည်းလမ်းမရှိ၊ စွမ်းအင်ကို ထိန်းချုပ်ရန် မူ မရှိပေ။
“ကောင်းပြီ ငါ့ရဲ့ ကျင့်စဉ်က အရာအားလုံးရဲ့ အုတ်မြစ်ပဲ၊ ဒါပေမဲ့ ဒီဟာမတိုင်ခင် ကံစမ်းမဲတချို့တော့ စမ်းကြည့်တာပေါ့”
...
မဟာယန်၏ အနောက်ပိုင်းတွင်ရှိသော ခရိုင်တစ်ခုထဲရှိ ယွီ၏မြောက်ဘက် ဖျင်ထူတောင်တန်းပေါ်တွင် ငရဲဂိုဏ်း၏ အဖွဲ့ချုပ် ရှိပေသည်။
ငရဲဂိုဏ်း၏ မဟာခန်းမထဲတွင်
“အရှင် ကျွန်တော် အရာအားလုံးကို ရှာတွေ့ပါပြီ၊ ဂိုဏ်းချုပ်က လရောင်ဆွတ်နန်းတော် သခင်ကို ဖမ်းထားပြီး ရွှေနန်းဥယျာဉ်တောင်ကို ကျူးကျော်တဲ့ထဲ ပါခဲ့ကြတဲ့ သမာသမတ်ဂိုဏ်းနဲ့ ကောင်းကင်ဓားဂိုဏ်းက သူတွေအားလုံး ဘယ်သူမှ မရှင်တော့ပါဘူး”
ပြောလိုက်သူ၏ရှေ့တွင် ပုလ္လင်တစ်ခု ရှိနေပြီး အနက်ရောင်မြူတိမ်တိုက်များ လွှမ်းနေကာ မြင်ကွင်းကိုပိတ်ဆို့ထား၏။
“ငါသိပြီ” မြူထဲမှ ရှတတအသံ ထွက်ပေါ်လာသည်။
“အရှင် လရောင်ဆွတ်နန်းတော်ရဲ့ နန်းတော်သခင်က အရှင်ရဲ့ဆရာတူ ညီမပါ၊ သူက ဂိုဏ်းချုပ်ကို သမာသမတ်ဂိုဏ်းသားတွေနဲ့အတူ ပူးပေါင်းကြံစည်တာ ကျရှုံးခဲ့တယ်၊ ယွမ်ဂိုဏ်း၊ ထျန်းဂိုဏ်း၊ လော့ဂိုဏ်းတို့က ဒေါသထွက်နေပြီး လရောင်ဆွတ်နန်းတော်ထဲက လူတိုင်းကို သတ်မယ်လို့ ကြွေးကြော်ထားကြတယ်၊ သူတို့ရဲ့ သေသွားတဲ့ တပည့်တွေအတွက် ကလဲ့စားချေတဲ့ အနေနဲ့ပေါ့၊ ကျွန်တော်တို့တွေ သူ့ကို ကူညီနိုင်မည်လို့ထင်လား၊ ကူညီဖို့လိုတယ်ထင်လား”
မဟာခန်းမက တိတ်ဆိတ်သွားသည်။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် မြူထဲမှ အသံထွက်ပေါ်လာ၏။
“သူခံသင့်တယ်၊ ငါတို့ ဘာမှလုပ်စရာမလိုဘူး”
“နားလည်ပါပြီ ကျွန်ုပ်ရဲ့အရှင်”
ထိုလူက လက်သီးဆုတ်လျက် ဆက်ပြောလိုက်သည်။
“ကိစ္စတစ်ခု ရှိပါသေးတယ်”
“ပြော”
“တော်ဝင်အိမ်တော်မှာ လွှတ်ထားတဲ့ သူလျှိုပြောတာက ကျောက်စိမ်းမိန်းမပျိုက ရွှေနန်းဥယျာဉ်တောင်ကို သုတ်သင်ရှင်းလင်းဖို့ ကြံစည်နေတယ်တဲ့၊ သူက တော်ဝင်တပ်ဖွဲ့ကို လှုပ်ရှားဖို့ ဧကရာဇ်ကိုတောင် ဖျောင်းဖျနေတယ်”
“ပြီးတော့ရော”
“ဧကရာဇ်က သူမခန်းဆောင်ကနေ ၃လ လောက် မထွက်သွားအောင်လို့ တားမြစ်ပြီး အပြစ်ပေးထားတယ်”
မြူများ၏နောက်ကွယ်မှ စကားပြောသည့်သူသည် တစ်စုံတစ်ခုကို တွေးတောနေသည့်ပုံဖြင့် အနက်ရောင်မြူက တိတ်ဆိတ်နေသည်။ အတန်ကြာပြီးနောက် အသံကပြောလိုက်သည်။
“မဟာရန်က အမြဲတန်း စစ်ဖြစ်နေတာ တော်ဝင်တပ်ဖွဲ့က တော်ဝင်မြို့တော်ကို စောင့်ကြပ်ရမယ်, ဘယ်လိုလုပ်အလွယ်တကူ ရွှေ့ပြောင်းနိုင်မှာလဲ၊ ကျောက်စိမ်းမိန်းမပျိုက ဒီအချိန်ကြီးကြမှ သွားတာကို၊ ဒါပေမဲ့” စကားသံက ရပ်တန့်သွားပြီးနောက် ဆက်ပြောသည်။
“သူက အနောက်ပိုင်းဒေသကနေ လာတာ၊ ငါတို့တွေက လူမဟုတ်ဘူး၊ သူ့ကိုစောင့်ကြည့်ထား”
“အမိန့်အတိုင်း နာခံလျက်ပါ အရှင်”
“ပြီးတော့”
“ဓားရူးတွေက တခြားသူတွေကို စိန်ခေါ်ဖို့ နှစ်သက်ကြတယ်၊ ကျင့်မင်ဂိုဏ်းက ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်ဆိုတော့ သူ့ကို ဒီလွှတ်လိုက်မှ၊ ဓားမိစ္ဆာကို ရှောင်ဖို့ သူ့ကို ပြောလိုက်”
“ကျွန်တော် အခုပဲလုပ်လိုက်ပါ့မယ်”
တွမ့်မူရှန်း၊ ရှောင်ယွမ်အာနှင့် ကျန်သည့်သူများက ခြံဝန်းထဲတွင် စိတ်ပူပန်စွာ စောင့်ဆိုင်းနေသည်။ နေဝင်နေပြီ ဖြစ်သော်လည်း သူတို့၏ဆရာက ကိုယ်ထင်မပြသေးပေ။
“တိုက်ပွဲတစ်ပွဲပြီးတဲ့နောက် အားပြန်ဖြည့်ပြီး တည်ငြိမ်အောင်လုပ်တာ ရှစ်စွင်းအတွက် ပုံမှန်ပဲလေ၊ ရှစ်မေ့ လမ်းလျှောက်နေတာ ရပ်လိုက်တော့ မင်းငါ့ကို ခေါင်းမူးအောင်လုပ်နေတယ်” တွမ့်မူရှန်းက နားထင်ကို လက်မဖြင့် ဖိပွတ်ပြီးနောက် ပြောလိုက်သည်။
ထိုစဉ် ကျိုးကျစ်ဖုန်းက တလေးတစားပြော၏။
“ချန်ပေ့(ဆရာကြီး)က စွမ်းဆောင်ရည်ရှိတဲ့သူ တစ်ယောက်ပဲ၊ သူ အဆင်ပြေမှာပါ, ဒီအတိုင်း ဘယ်လောက်တောက်ပနေလဲ ဆိုတာကြည့်လေ”
ရှောင်ယွမ်အာက သူ့ကို စိမ်းစိမ်းဝါးဝါးကြည့်ပြီး ပြောလိုက်၏။
“အရူး”
ယဲ့ထျန်းရှင်းက ထိုသို့မထင်ပေ။ သူမက အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ငါသာ နင်ဆိုရင် အထဲတစ်ချက်သွားကြည့်မှာပဲ၊ သူက သိပ်အသက်ကြီးနေပြီလေ သူတစ်ခုခု ဖြစ်သွားနိုင်တာ”
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းထဲမှ လျှို့ဝှက်တံခါး ပွင့်သည့်အသံ ပေါ်လာပြီးနောက် သူတို့နှင့် အလွန်ရင်းနှီးနေသည့် အသံ ပေါ်ထွက်လာတော့၏။
“အားလုံးဝင်လာခဲ့ကြ”
ယဲ့ထျန်းရှင်းအပါအဝင် အားလုံးက တုန်လှုပ်သွားကြပြီး ယခုအချိန်တွင် သူတို့၏ ခြောက်ခြားမှု ပျောက်ကွယ်သွားပုံရ၏။
ရှောင်ယွမ်အာက ယဲ့ထျန်းရှင်း၏ ပခုံးကိုဆုတ်ကိုင်လျက် ပြုံးကာ လျှောက်သွားလိုက်သည်။
“ရှစ်စွင်း နင့်ကို ဘယ်လိုအပြစ်ပေးမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
လုကျိုးသည် လျှို့ဝှက်အခန်းထဲမှ ထွက်လာပြီးနောက် လက်နောက်ပစ်ထားကာ ရပ်နေသည်။
“ရှစ်စွင်းကို နှုတ်ဆက်ပါတယ်”
“ချန်ပေ့ကို နှုတ်ဆက်ပါတယ်”
ယဲ့ထျန်းရှင်းက မြေကြီးပေါ် ပစ်ချခံလိုက်ရသည်။ သူမက ခေါင်းမော့ပြီး အဖိုးအို၏ မျက်နှာကို မော့ကြည့်ချင်ခဲ့သည်။ သို့သော် သူ၏နောက်ကျောကိုသာ တွေ့ရ၏။
လုကျိုးက သူတို့ကို မဖြေပေ။ ထိုအစား ဘယ်ညာလျှောက်နေပြီး သူ့မုတ်ဆိတ်ကို ပွတ်သပ်လိုက်၏။
“ရှစ်စွင်း” ရှောင်ယွမ်အာက ခေါ်လိုက်၏။ထိုစဉ် လုကျိုး ရေရွတ်စွာပြောတာကို ကြားလိုက်ရသည်။
“ငါ ဘာကြောင့် ဆုတစ်ခုတောင် မဆွဲမိရတာလဲ”
“အမ်”