← Chapters

ရာရာစစ

Vol. 4 Ch. 47

ရာရာစစ

Vol. 4 Ch. 47

အခန်း (၄၇) ရာရာစစ

လုကျိုးက ကောင်းကင် ကျမ်းစာ၏ စာမျက်နှာကို ဖွင့်လိုက်သည်။ သူ ဖတ်ခဲ့သည့် စကားများကို ဖျတ်ခနဲ ကြည့်လိုက်၏။ အရေအတွက် တိုးလာခြင်း မရှိ သူမဖတ်နိုင်သည့် စာများကလည်း မလျော့သွားပေ။ စာလိပ်၏ အရှေ့ပိုင်းတွင် ရှိသော အကြောင်းအရာများကို ထပ်ခါ ထပ်ခါ ဖတ်ပြီး သူတို့ထဲတွင် ပါဝင်သည့် အဓိပ္ပာယ်ကို နားလည် သဘောပေါက်ပြီးနောက် နောက်ပိုင်းတွင် သူ့အတွက် တဖြည်းဖြည်းချင်းဆီ ပေါ်လာလိမ့်မည်ဟု တွေးခဲ့တာ ဖြစ်သည်။ သူသည် အားလုံးကို အပြည့်အဝ နားမလည်သည့် အချိန်၌ နောက်ဆုံး အခေါက်က စကားလုံး အချို့ တိုးလာရခြင်းအကြောင်းကို သူ အံ့ဩနေမိသည်။

ကောင်းကင် ကျမ်းစာသည် နားလည် သဘောပေါက်နိုင်စွမ်း ရှိသော်လည်း အတော်လေး ခက်ခဲကြောင်း ပြသနေတာ ဖြစ်သည်။

အခန်းထဲရှိ အလင်းက မှိန်ဖြဖြ ရှိနေသေးသည်။ သို့သော် လုကျိုးက စာဖတ်ခြင်းထဲသာ နှစ်မြှုပ်ထားပြီး ကောင်းကင်ကျမ်းစာကို နားလည်သဘောပေါက်အောင် ဆင်ခြင်နေသည်။ အချိန်က တတိတိ ကုန်ဆုံးသွားပြီး အချိန် အတိုင်းအတာ တစ်ခုအတွင်း မှော်ဆန်သည့် မြင်ကွင်းကာ ထပ်မံ့ ပေါ်ပေါက်လာ၏။ အလင်းဖျော့ဖျော့လေးများက မှိန်ဖြဖြ အလင်းရင်းမြစ် တစ်ဝိုက်၌ တစ်ဖျတ်ဖျတ် ပေါ်လာတာကို မြင်တွေ့ရသည်။ သို့သော် လုကျိုးက ယင်းကို သတိ မပြုမိပေ။ သူက တင်ပျဉ်ခွေ ချိတ်ထိုင်ပြီးနောက် ဆက်လက် ဖက်ရှုနေ၏။ မကြာမီတွင် သုံးရက်သာ ကုန်ဆုံးသွားတော့သည်။

ရွှေနန်းဥယျာဉ်တောင်တွင် ကျိုးကျစ်ဖုန်းက ဓားသိုင်းကို ကျင့်ကြံနေစဉ် တွမ့်မူရှန်းက တသီးတခြားနေပြီး ဒဏ်ရာများကို ကုသနေ၏။ မင်ရှေ့ရင်ကမူ အဆင်ချိူးဖြတ်တက်ခြင်း၏ အရေးပါသည့် အခြေအနေတွင် ရှိနေသည်။ ရှောင်ယွမ်အာ တစ်ယောက်တည်း ဘာမှ လုပ်စရာမရှိ ဖြစ်နေသည်။ သူမက ပျင်းရိနေသော်ငြား တောင်ထဲမှ မထွက်သွားနိုင်ပေ။

ကံကောင်းသည်မှာ တောင်ကို အကာအရံက ကာကွယ်ပေးထား၏။ ထို့ကြောင့် သူမသည် ရန်သူများ ကျူးကျော်လာမှာကို စိုးရိမ်ပူပန်စရာ မလို စောင့်ကြပ်စရာ မလိုပေ။ စတုတ္ထမြောက်နေ့တွင် သူမ ခြံဝန်းထဲ ထပ်ရောက်လာသည့် အချိန်၌ သစ်သားများ အစုလိုက် အပြုံလိုက် ရှိနေသည့် နေရာတွင် လှုပ်ရှားမှုများ ရှိနေတာကို တွေ့လိုက်ရသည်။ သူမ အက်ကွဲသံ တစ်သံ ကြားလိုက်ရသည်ဟု တွေးမိလိုက်ချေသည်။ ခြံဝန်းထဲသို့ လျှပ်ပြက်သည့်အရှိန်ဖြင့် မြန်မြန်ဆန်ဆန် ဝင်သွားပြီးနောက် ပတ်ဝန်းကျင်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။

“စစ်ရှစ်ရှိုးလား”

သူမက ထိုသစ်သားပုံသည် တစ်လွှာပြီး တစ်လွှာ ပြန့်ကားလာပြီး မယုံနိုင်စရာ ကောင်းသည့် နှုန်းဖြင့် ကြီးထွားလာကာ ထူးဆန်းနေကြောင်း သတိပြုမိလိုက်၏။

“စတုတ္ထအစ်ကိုကြီးက ဒီအဆင့်ကို တက်လှမ်းနိုင်ဖို့ ခုနှစ်ရက်လောက် အချိန်ယူရမယ်လို့ ရှစ်စွင်း ပြောခဲ့တာ သူဘယ်လိုလုပ် ဒီလောက် မြန်နိုင်မှာလဲ”

သိပ်မကြာမီ၌ သစ်သားများသည် မိစ္ဆာဝေဟင် မျှော်နန်းနှင့် အမြင့် တူညီမှု နီးပါးဖြစ်လာခဲ့၏။ ရှောင်ယွမ်အာက ထိုသစ်သားသည် ခြံဝန်းတစ်ဝက်နီးပါး သိမ်းပိုက်လိုက်သောကြောင့် နောက်သို့ ဆုတ်လိုက်ရတော့၏။ သို့သော်ငြား သူမက ထွက်မသွားနိုင်ပေ။ ထို့ကြောင့် လေထဲသို့ ပျံတက်သွားပြီးနောက် လှည့်ပတ်ကြည့်ရှုလိုက်သည်။

“ဖုန်း”

ရုတ်တရက်တွင် သစ်သားက ပေါက်ကွဲသွားပြီးနောက် ကောင်းကင်ထဲသို့ ကျိုးပဲ့သည့် အစအနများ လွင့်ထွက်လာသည်။ ရှောင်ယွင်အာက သူမကို သစ်သားများ မထိမိစေအောင် စွမ်းအားများကို အမြန်ထုတ်ဖော်လိုက်ပြီးနောက် သစ်သားပုံများထဲမှ ပုံရိပ်တစ်ခု လွင့်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က စွမ်းအားလှိုင်းများ ဖြာထွက်နေပြီး ရေခဲကဲ့သို့ လေဟာနယ်ပုံ ဖြတ်လျက် လှိုင်းဂယက်များ ထလာစေ၏။ ရှောင်ယွမ်အာက လှိုင်းများကို ပိတ်ဆို့ရန်အတွက် နောက်သို့ ဆုတ်လိုက်သည်။ လှိုင်းများက မိစ္ဆာဝေဟင်မျှော်နန်းကိုတောင် လှုပ်ခါသွားစေတော့သည်။

စွမ်းအင်လေပွေက ခြံဝင်းထဲတွင် ဖွဲ့တည်သွားပြီးနောက် မင်ရှစ်ရင်က အလယ်တွင် မျောလွင့်လျက် လက်များကို ဆန့်တန်းလိုက်သည်။

“စစ်ရှစ်ရှိုး နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်ကို တက်လှမ်းနိုင်တဲ့အတွက် စစ်ရှစ်ရှိုးကို ဂုဏ်ပြုပါတယ်”

ရှောင်ယွမ်အာက ရွှင်ပြသည့် အသံဖြင့် ပြောလိုက်၏။

လျှို့ဝှက်အခန်းထဲတွင် ကောင်းကင်ကျမ်းစာကို လေ့လာနေသည့် လုကျိုးက နံရံ လှုပ်ခါသွားမှုကြောင့် သတိဝင်သွားသည်။ သူက စာဖတ်ခြင်းထဲ နစ်ဝင်နေစဉ် စာအုပ်စင်များ လက်နက်များနှင့် ကျန်သည့် ပစ္စည်းများက သူ့နားတစ်ဝိုက် ယိမ်းခါလာကာ ပြုတ်ကျလာပြီး သူ့ကို နက်နဲသည့် အတွေးများထဲမှ နိုးထစေခဲ့သည်။ ဤအခြေအနေကို မည်သူမျှ တိတိကျကျ သိလိမ့်မည် မဟုတ်ပေ။ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် တစ်စုံတစ်ယောက်က သူ့ကို နှိုးလိုက်သည့် ခံစားချက်မျိုး ဖြစ်နေ၏။

တပည့်ဆိုးများကို သူ မသွန်သင်ခဲ့တာ သုံးရက်မျှသာ ရှိသေးသည်။ ယခု သူတို့က ဆူညံပူညံများ ပြုလုပ်ခဲ့ရာ သူ့အမိုးတောင် လန်လုနီးပါး ဖြစ်သွားချေပြီ။

“ရာရာစစ”

လုကျိုးက အသံဖျော့ဖျော့ဖြင့် ကြိမ်းမောင်းလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ကာ ကောင်းကင် ကျမ်းစာကို ဆက်လက် ဖတ်ရှုတော့သည်။

ခြံဝန်းပေါ်ရှိလေထဲတွင် စွမ်းအင်လေပွေဖြင့် ထောက်ပံ့ပေးခြင်း ခံထားရသည့် မင်ရှစ်ရင်က အဆင့်သစ်သို့ ချိုးဖျက်တက်နိုင်မှုကြောင့် ပျော်ရွှင်နေသည်။ သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး မျက်လုံး မှိတ်ထားရာ သူသည် ကြင်နာသည့် အပြုံးဆင်ထားသည်။

“ဘာကြောင့် ဒီလောက် မြန်မြန် နိုးလာတာလဲ ရှစ်ရှိုး”

“နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ကို အဆင့်တက်ရတာ တကယ်ကောင်းတာပဲ။ အခုငါ့မှာ စိတ်ဝိညာဉ် သဏ္ဌာန်တစ်ခု ရှိနေပြီ။ ဒီလောကကြီးက မကြာခင်မှာ ငါ့အပိုင် ဖြစ်တော့မှာ”

“ရှစ်ရှိုးမှာ ဒုက္ခတစ်ရာ ရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် တစ်ခု ရှိနေပြီလား”

ရှောင်ယွမ်အာက အားကျစွာ မေးလိုက်၏။

မင်ရှစ်ယွင်၏ မျက်လုံးများက ပိတ်ထားဆဲ ဖြစ်သည်။ သူက ပေါ့ပေါ့ပါးပါး ဖြေလိုက်၏။

“မင်း ပြန်မလာခင်တုန်းက ငါမြေကြီးထဲမှာ အတော်ကြာ နေနေခဲ့ရတာလေ။ ဒီတော့ အဆင့် ချိုးဖျက်တက်ဖို့ ခုနှစ်ရက် မလိုဘူး။ သေချာကြည့်ထား ရှစ်မေ့”

ဘီး

သူသည် ဒုက္ခတစ်ရာ ရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်လွှတ်လိုက်သည့် အချိန်တွင် မိစ္ဆာဝေဟင် မျှော်နန်း၏ ထိပ်မှ အလင်းတန်းဖျော့ဖျော့ ပေါ်ထွက်လာတာကို တွေ့လိုက်ရပြီး တည်ကြည်လေးနက်သည့် အသံကို ကြားလိုက်ရ၏။

ရာရာစစ...

အသံက လေကို ခွင်းပြီး စွမ်းအင်လှိုင်းများဖြင့် ပွတ်တိုက်လျက် အလင်းတန်းဖျော့ဖျော့က ပေါ်ထွက်လာပြီး သူတို့ဆီ ရောက်သည့် အချိန်တွင် လျှပ်တပြက်သာ မြင်လိုက်ရသည်။

မင်ရှစ်ရင်ကို ထောက်ပံ့ပေးနေသည့် စွမ်းအင်လေပွေ မရှိတော့သည့် အချိန်တွင် မည်သို့ ဖြစ်သွားသနည်း။

ဖောက်

သူသည် မြေကြီးပေါ် တန်းပြုတ်ကျသွားတော့သည်။

“အု့စ်”

သူသည် ထပ်ပြီး ကြွားလုံး မထုတ်ရဲတော့ချေ။ အမြန်ပင် ရုန်းထလိုက်ပြီးနောက် မိစ္ဆာဝေဟင် မျှော်နန်းဖက်လှည့်ကာ ဒူးထောက်ပြီး ပြောလိုက်၏။

“တပည့်တောင်းပန်ပါတယ်။ ရှစ်စွင်း”

သူသည် ကြွားလုံးထုတ်ရန် ကျန်သည့် နေရာသို့ သွားသင့်သည်။ သူ၏ ဆရာအနားယူနေသည့် နေရာတွင် ပျံသန်းမနေသင့်ပင်။

မင်ရှင်ရင်က ထရပ်ရန် ကြောက်လန့်နေပြီးနောက် သူ့ဆရာ၏ အရည်အချင်းကိုလည်း မှင်သက်မိနေကာ သူအမြင်မှန်ရသည့် အတွက်လည်း ကျေးဇူးတင်နေမိ၏။

“အမ်... စစ်ရှစ်ရှိး ဒူးထောက်ဖို့အတွက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ဖို့ လိုအပ်တာလား”

ရှောင်ယွမ်အာက ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

“အဟွတ်ဟွတ်”

မင်ရှစ်ရင်က မိစ္ဆာဝေဟင် မျှော်နန်းမှ တုံ့ပြန်မှု ထပ်မရှိတော့တာကို သတိပြုမိသည့် အချိန်တွင် ရှက်ရွံ့စွာ ထရပ်လိုက်၏။ သူက လည်ချောင်းရှင်းကာ ဘာမှ မဖြစ်ခဲ့သည့် ပုံဖြင့် ပြောလိုက်သည်။

“ငါက နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ကို ရောက်သွားခါစလေ အသားမကျသေးဘူး။ ရှစ်စွင်း ဘယ်မှာလဲ”

ရှောင်ယွမ်အာက ပြီးခဲ့သည့် ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သူ့ကို ပြောပြခဲ့သည်။ ရှောင်ယွမ်အာက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲသည်များကို သူ့အား ပြောပြလိုက်သည်။

သူမပြောတာ နားထောင်ပြီးနောက် မင်ရှစ်ယွင်က မျက်မှောင် အနည်းငယ် ကျုံ့ကာ ပြောလိုက်၏။

“လျှိုရှစ်မေ့ရဲ့ ကျင့်ကြံဆင့်က ဖျက်ဆီးခံလိုက်ရပြီ။ သူက အခု တောင်အနောက်ဖက်မှာ အချုပ်ခံထားရတာလား”

“ဟုတ်တယ်”

“ငါ တစ်ချက် သွားကြည့်လိုက်ဦးမယ်။ တောင်ပေါ်က ကိစ္စတွေ အားလုံးကို ငါ့ဆီ လွှဲထားလိုက်၊ ထျန်းကျစ်မှာ အခြေစိုက် စခန်းရဲ့ အချက်အလက်တွေကို စုဆောင်းဖို့ မင်းကို လိုအပ်တယ်။ ရှစ်စွင်းက အပြင်ထွက်လာတဲ့ အချိန် သေချာပေါက် မေးမှာပဲ”

မင်ရှစ်ရင်က ပြော၏။

“စစ်ရှစ်ရှုံးက တကယ် တွေးတတ်တာပဲ။ ညီမ အခုသွားလိုက်မယ်”

ရှောင်ယွမ်အာက ပျော်ရွှင်စွာ ခုန်ပေါက်နေတော့သည်။

“ပြဿနာမရှာနဲ့”

ထိုသို့ ပြောပြီးနောက် မင်ရှစ်ရင်က ခေါင်းကုတ်လိုက်သည်။

သူ့အသံနှင့် မတူပေ။ အဘယ်ကြောင့် သူ့နှုတ်မှ ထွက်လာသနည်း။

“စိတ်မပူပါနဲ့ ညီမက သိပ်ကို ကြင်နာတတ်တဲ့ ကောင်မလေးတစ်ယောက်ပါ”

ရှောင်ယွမ်အာက ပြောပြီးနောက် အံ့ဩဖွယ်ကောင်းသည့် အရှိန်ဖြင့် တောင်အောက်သို့ ဆင်သွားတော့သည်။

မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်းဖက် လှည့်ကြည့်ပြီးနောက် တောင်အောက်သို့ ဆင်းသွားတော့သည်။

မင်ရှစ်ရင်က မိစ္ဆာဝေဟင် မျှော်နန်းဖက် လှည့်ကြည့်လိုက်သည်။

သူခုနတုန်းက သတိပေးသံကို ကြားသောအခါ မတုန်ယင်ဘဲ မနေနိုင်ချေ။ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်ထဲသို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် သူ စိတ်အေးသွားနိုင်ပြီဟု ထင်ခဲ့သည်။ သို့သော် သူ ရှေ့ဆက်ပြီး လျှောက်ရမည့် ခရီးက အရှည်ကြီး ရှိနေသေးပုံရသည်။

သူ ခြံဝန်းအပြင်သို့ လှမ်းလိုက်သည်မှာ ပုံရိပ်ယောင် တစ်ခုနှယ် ရွေ့လျားနေတော့သည်။ ယခင်က သူ၏ ခြေလှမ်းတိုင်းက သူ့ကို မီတာ တစ်ရာ အကွာဆီ ရောက်စေ၏။ သို့သော် ယခုမူ မီတာ သုံးရာအကွာအထိ ရောက်စေသည်။ မျက်တောင်တစ်ခတ်အတွင်း  သူတောင်အနောက်ဖက်သို့ ရောက်သွားတော့၏။

“အမ် မင်းလား”

မင်ရှစ်ရင်က ဓားတစ်လက်ဖြင့် လေ့ကျင့်နေသော ကျိုးကျစ်ဖုန်းကို တွေ့လိုက်ရသည်။

ကျိုးကျစ်ဖုန်းက ပုံရိပ်ရောင်ကဲ့သို့ မင်ရှစ်ရင်ကို မြင်သောအခါ ကြောက်လန့်သွား၏။ သူ့ဓားကို အမြန်ချပြီးနောက် လက်သီးနှစ်ဖက်ကို ဆုပ်ကာ မင်ရှစ်ရင်ကို အပြစ်ရှိသည့် ပုံဖြင့် ကြည့်လိုက်သည်။

“နှုတ်ဆက်ပါတယ် စစ်ရှစ်ရှိုး”

သူသည် မိစ္ဆာဝေဟင် မျှော်နန်း၏ တပည့်မဟုတ်ပေ။ ထို့ကြောင့် ထိုလူကို မည်သို့ ခေါ်သင့်ကြောင်း သူ မသိချေ။

မင်ရှစ်ရင်က အားပါးတရ ပြုံးပြီး ပြောလိုက်၏။

“မင်းက ကောင်းကင်ဓားဂိုဏ်းရဲ့ ရှားပါးတဲ့ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း ရှောင်ယွမ်အာ ပြောတာ ကြားထားတယ်”

“သူက ကျွန်တော်ကို ချီးကျူးလွန်းနေတာပါ။ ကျွန်တော် မထိုက်တန်ပါဘူး”

“ကောင်းပြီလေ မင်းငါ့ရဲ့ လေ့ကျင့်စရာ ပစ်မှတ် ဖြစ်နိုင်တာပဲ”

မင်ရှစ်ရင်က အကြောဆန့်လိုက်သည်။

“ဘာ…”

ကျိုးကျစ်ဖုန်းက သူဆိုလိုတာကို နားမလည်ပေ။

“ဘီး”

ဒုက္ခတစ်ရာ ရှုကွင်း

မီတာနှစ်ဆယ်ခန့် မြင့်ပြီး ငါးမီတာခန့် ကျယ်ဝန်းသော စိတ်ဝိညာဉ်သဏ္ဌာန်က မင်ရှစ်ရင်နောက်မှ ပေါ်လာ၏။

ကျိုးကျစ်ဖုန်းက ၎င်းကို ကြည့်ပြီး ရေရွတ်ပြောလိုက်သည်။

“ဒီလို သေးတဲ့ ဒုက္ခရှုကွင်းတစ်ရာ”

“မင်းဘာပြောလိုက်တာလဲ”

ဖောက်

ကျိုးကျစ်ဖုန်းက ဒူးထောက်ပြီးနောက် ခေါင်းမော့ကာ ပြောလိုက်၏။

“သိပ်သန်မာတာပဲ”

မင်ရှစ်ရင်က မျက်မှောင် အနည်းငယ် ကျုံ့လိုက်၏။ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်၏ စိတ်ဝိညာဉ်ဉာဏ်သဏ္ဌာန်က အမှန်တကယ် သန်မာနေခဲ့လျှင် သူ မတိုက်ခိုက်ရသေးခင် တစ်ဖက်ဘလူကို မေ့လဲသွားစေလိမ့်မည်ဟု သူတွေးနေမိသည်။

“ရှားပါးတဲ့ ပါရမီရှင်တဲ့လား။ မင်းက သာမန်ပါပဲ”

သူက လှည့်ထွက်သွားပြီးနောက် တောင်အနောက်ဖက်ရှိ ရောင်ပြန်ဂူဆီသို့ သွားလိုက်၏။

ကျိုးကျစ်ဖုန်းက မျက်လုံးကို ဂရုတစိုက် ဖွင့်လိုက်သည်။ သူ့ရင်ဘတ်သူ အသာပုတ်ကာ ဆူပွက်နေသော ချီနှင့် သွေးများကို တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှုလိုက်သည်။ သူအမှန်တကယ် ပုံပေါ်အောင် မလုပ်ခဲ့လျှင် ထိုကဲ့သို့ လူဆိုးတစ်ယောက်ကို သူလွယ်လွယ်ကူကူနှင့် လိမ်နိုင်မှာ မဟုတ်ပေ။ ကျန်သည့် သူများ အရိုက်ခံရခြင်းထက် သူ့ကိုယ်သူ နာကျင်အောင် လုပ်တာက တော်သေး၏။

မိစ္ဆာဝေဟင် မျှော်နန်းထဲတွင် သူက မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့သည်။ ပြီးနောက် အလင်း အရင်းအမြစ်နားရှိ အလင်းစက်များ ပျောက်ကွယ်သွားသည်။

ကောင်းကင်ကျမ်းစာကို ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကျမ်းစာကို ပိုနားလည် သဘောပေါက်လာခဲ့သည်။ အိပ်မက်ရှည်ကြီး မက်နေသလို ခံစားရပေ၏။ သို့သော် အဓိပ္ပာယ်များစွာက နားလည်ရ ခက်ခဲနေပြီး သူဆက်လက် လေ့လာရန် လိုအပ်သည်။

စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။

“ငါ့မှာ ကံကောင်းမှတ် ခြောက်ဆယ့်နှစ်မှတ် ရှိတယ်။ ကံစမ်းမယ်”

All Chapters