← Chapters

ဆက်ကံစမ်းမယ်

Vol. 4 Ch. 48

ဆက်ကံစမ်းမယ်

Vol. 4 Ch. 48

အခန်း (၄၈)   ဆက်ကံစမ်းမယ်

“ တင်း … ဒီကံစမ်းမဲက အမှတ် ၅၀ ကုန်ကျပါမယ်။ ကံစမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် တစ်မှတ် ရရှိပါတယ် ”

လုကျိုးက မျက်မှောင်ကြုတ်လိုက်မိသည်။

“ ငါ့ကံက မပြောင်းလာသေးဘူး။ ငါ ကံစမ်းမဲဆွဲတုန်း အနေအထားများ မှားနေတာလား ”

သူက ခြေထောက်အသာကြွကာ ကံစမ်းမဲ ဆက်ဆွဲလိုက်သော်လည်း လေးကြိမ်လုံးလုံး ရလဒ်အတူတူသာ ဖြစ်၏။

“ ဒါက နှပ်ချနေတာပဲ ”

သူ့အနေအထားနှင့် ရလဒ်ကား သက်ဆိုင်ပုံ မပေါ်ချေ။

သူက စိတ်ထဲတွင် ဆက်တိုက် ညည်းတွားနေသော်လည်း လုကျိုးက ခပ်တည်တည် အမူအရာကျန်ရှိနေဆဲ ဖြစ်သည်။

“ ကံကောင်းမှတ် ၆၆ မှတ် … သူတို့က ငါ့ကို ကံပိုကောင်းလာစေမှာလား ”

အမျိုးသမီးများတွင် အာရုံခြောက်ပါး ရှိကြသလိုမျိုး အမျိုးသားများတွင် အလိုလိုသိစိတ် ရှိကြသည်။ ဒီတစ်ကြိမ်တော့ သူ တစ်ခုခုရဖို့ ကျိန်းသေနေလေပြီ။

“ ကံစမ်းမဲ ”

“ တင် … ဒီကံစမ်းမဲက အမှတ် ၅၀နဲ့ ကံကောင်းမှတ် ၆၆ မှတ် ကုန်ကျပါမယ်။ အကြောင်းပြန်လှန်ကတ် တစ်ကတ် ရရှိပါတယ် ”

“…”

လုကျိုးက ဒေါသထွက်လုနီးပါး ဖြစ်နေလေပြီ။ သို့သော် သူက အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် မှောင်မည်းမည်း တစ်နေရာသို့ သူ့အိုမင်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ ဟူး ထားလိုက်ပါတော့ … ကျိန်ဆဲနေတာက မိစ္ဆာအိုကြီးရဲ့ ပုံစံ မဟုတ်သလို ငါ့အဆင့်အတန်းနဲ့လည်း မကိုက်ညီပါဘူး ”

ကုသိုလ်ရမှတ်များစွာနှင့် ကံကောင်းမှတ်များစွာ သုံးစွဲပြီးနောက် သူ့တွင် အကြောင်းပြန်လှန်ကတ် တစ်ကတ်သာ ရလိုက်သည်။ သူက ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ သူက စနစ်အကြောင်း မကျေမနပ် ပြောချင်သော်လည်း မည်သူ့ထံ ပြောရမည်နည်း။ သူက ယခင်က ဤမျှလောက် ဒေါသမထွက်ဖူးသလို ယခင်ဘဝ၌ အွန်လိုင်းဂိမ်းများတွင် လက်နက်ဖန်တီးထားသည့်အချိန်၌ပင် ယခုလောက် ဆက်တိုက် ကံမဆိုးဖူးပေ။

လုကျိုးက လက်ကျန်ကုသိုလ်ရမှတ်များကို တစ်ချက်ကြည့်လိုက်သည်။ သူ့တွင် ကုသိုလ်ရမှတ် ၁၀၉၀ သာ ကျန်ရှိတော့သည်။

ကြည့်ရသည်မှာ ကံစမ်းမဲက စိတ်မချရပေ။

သူ အမှတ်တချို့ ချန်ထားပြီး ဆက်မကစားဘဲ နေလိုက်ရမလား …

“ ကံစမ်းမဲ ”

“ တင် … ဒီကံစမ်းမဲက အမှတ် ၅၀ ကုန်ကျပါမယ်။ လက်နက် အမည်မဲ့၊ စီးတော်သားရဲသားရဲ ပိအန်းကို ရရှိပါမယ် ”

လုကျိုး “ … ”

ကံကောင်းမှတ် ၆၆ မှတ်ကျသင့်သော ကံစမ်းမဲက သူ့အား အကြောင်းပြန်လှန်ကတ် တစ်ကတ်သာ ပေးပြီး ကံကောင်းမှတ်သုညဖြင့် ဤကံစမ်းမဲကား လက်နက်တစ်ခု၊ စီးတော်သားရဲသားရဲတစ်ကောင် ပေးနေသည်။ လုကျိုးက ဘာပြောရမှန်းပင် မသိတော့ပေ။

“ အမည်မဲ့ ”

လက်နက်၏ နာမည်မှာ ထင်ရာမြင်ရာပေးထားသလို ဖြစ်နေသော်လည်း ကိစ္စမရှိပေ။ သူက ကုသိုလ်ရမှတ်များစွာ သုံးထားရသည် မဟုတ်ပါလော။ အနည်းဆုံးတော့ ဤလျှို့ဝှက်အခန်းတွင်းမှ သတ္တုအကြွင်းအကျန်ထက် ပိုကောင်းပေမည်။

လုကျိုးက နာမည်ကို ခေါ်လိုက်သည့်အခါ သူ့လက်ထဲ ပုံသဏ္ဌာန်မမှန် အနည်းငယ် လင်းနေသည့် အရာဝတ္ထုတစ်ခု ပေါ်လာသည်။ ထိုသည်မှာ ဝိုင်းစက်နေသလိုလို ဘဲဥပုံဖြစ်နေသလိုလို ဖြစ်နေသည်။

“ဒါက ဘာကြီးလဲ …” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက စနစ်ဆီမှ အရိပ်အမြွက်တောင်းရန် ကြိုးစားလိုက်သော်လည်း စနစ်က အဖက်မလုပ်ပေ။ သူက လက်ဝေ့လိုက်သည့်အခါ ထိုပစ္စည်းက ပျောက်ကွယ်သွားသည်။ ထို့နောက် စနစ်၏ စာရင်းထဲတွင် ကျောက်တုံးနက်လိုမျိုး ပစ္စည်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ သူက ထိုပစ္စည်းအောက်မှ စာတန်းအသေးလေးကို သေချာဖတ်ကြည့်လိုက်သည်။

“အမည်မဲ့က အတွေးပေါ် မူတည်ပြီး လက်နက်အဖြစ် ပြောင်းလဲနိုင်သည်။ ကျင့်ကြံဆင့် မြင့်လာလေလေ အားပိုကောင်းလာလေလေ ဖြစ်၏”

“…”

ဤအရာက ထူးခြားဟန်ပေါ်သောကြောင့် လုကျိုး၏ စိတ်ဝင်စားမှု မြင့်တက်လာသည်။ သူက ညာဘက်လက်ကို မြှောက်လိုက်သည့်အခါ လက်နက်က လက်ထဲ ပေါ်လာသည်။ ဤတစ်ကြိမ်၌ ဓားတစ်ချောင်း ဖြစ်ပြီး လက်ရာအနုစိတ်ဖော်ထားသည့် ဓားမြှောင်တစ်ချောင်းလို ဖြစ်သည်။ ထို့နောက် ဓားမော့၊ လှံ၊ တင်းပုတ်၊ ပုဆိန်လှံရှည်နှင့် အခြားလက်နက်များအဖြစ် ပြောင်းလဲသွားလေသည်။

“ အခုနားလည်သွားပြီ ” ဤသည်မှာ စိတ်ဆန္ဒအရ ပုံစံမျိုးစုံ ပြောင်းနိုင်သော လက်နက် ဖြစ်၏။ လက်နက်တစ်ခုတည်း ဖြစ်သော်လည်း လက်နက်ဆယ်ခုထက် ပိုကောင်းပေသည်။ သူ ဂွင်အကြီးကြီးမိလိုက်ခြင်း ဖြစ်၏။

“ စွမ်းအားလေး စမ်းကြည့်ကြတာပေါ့ ”

………

ထိုစဉ် မင်ရှစ်ရင်က ပြန်လည်သုံးသပ်ရေးဂူဆီ ရောက်ရှိလာသည်။ သူက ဝမ်းနည်းနေသည့် ယဲ့ထျန်းရှင်းကို မြင်လိုက်သည့်အခါ  “ ရှစ်မေ့ … မင်း ငါ့ရဲ့ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ကို ကြည့်ချင်လား ”

ယဲ့ထျန်းရှင်း  “ … ”

သူမက မျက်မှောင်ကြုတ်ကာ မင်ရှစ်ရင်အား စိုက်ကြည့်လိုက်သည်။

“ မိစ္ဆာအိုကြီးရဲ့ အမိန့်နဲ့ သတ်ဖို့ ရောက်လာတာဆိုလည်း သတ်လိုက် … လာကြွားမနေနဲ့ ”

မင်ရှစ်ရင်က ခေါင်းကုတ်ကာ ရှက်ရွံ့စွာ ပြောလိုက်သည်။

“ အဲ ငါ အဲလိုမရည်ရွယ်ပါဘူး ”

“ နှိပ်စက်စက် သတ်ပစ်ပစ် ဂရုမစိုက်ဘူး။ မြန်မြန်သာ လုပ် ” ယဲ့ထျန်းရှင်းက တစ်ဖက် လှည့်လိုက်သည်။

မင်ရှစ်ရင်က ခေါင်းခါကာ  “ ရှစ်မေ့ … ရှစ်စွင်းက မင်းကို သတ်ချင်မှတော့ လုပ်ပြီးလောက်ပြီးပေါ့”

“ ဘာလို့ ဒီကို လာတာလဲ ”

“ မဟုတ်ဘူး … ဒီကို ငါ့ဘာသာ လာတာ။ ဘာဖြစ်ဖြစ် မင်းက ငါ့ရှစ်မေ့ပဲလေ။ မင်း လမ်းမှားနေတာကို မသိချင်ယောင်မဆောင်ထားနိုင်ဘူး ” မင်ရှစ်ရင်က ပြောလိုက်သည်။

ယဲ့ထျန်းရှင်းက ရယ်လိုက်ကာ  “ လမ်းမှားနေတာတဲ့လား။ အစ်ကိုတို့ကမှ လမ်းမှားနေတာ  ”

“ အဲကိစ္စကြောင့် ရှစ်စွင်းအပေါ် အငြိုးတေး ထားနေတုန်းလား ”

ယဲ့ထျန်းရှင်းက သူ့ဆီမှ မျက်နှာလွဲလိုက်ပြန်သည်။ သူမ မျက်နှာနှင့် မျက်ဝန်းတို့မှာ အေးစက်လာလေ၏။ သူမက အတိတ်အကြောင်း မပြောလိုသည်မှာ သိသာလှသည်။ မင်ရှစ်ရင်က သူမဘေးနား လျှောက်လာကာ ထိုင်ချလိုက်သည်။ သူ လက်ဝေ့လိုက်သည်နှင့် ဂူက ချက်ချင်း လင်းလာသည်။

“ ငါက ဂိုဏ်းကို မင်းထက် အရင်ဝင်ခဲ့တာဆိုတော့ မင်းထက် ပိုခံစားခဲ့ရပါတယ်။ ငါဘာများ ညည်းတွားဖူးလို့လဲ ” မင်ရှစ်ရင်က ပြောလိုက်သည်။

“ ဟမ် …သူ့နောက်ကွယ်မှာ အကျိန်ဆဲဆုံးက ရှစ်ရှိုးပဲလေ ”

“ အဟွတ်ဟွတ် ” မင်ရှစ်ရင်က ဂူအပြင်ဘက်ကို အလောတကြီး ကြည့်လိုက်ပြီးနောက် ရှက်ရွံ့စွာ ပြောလိုက်သည်။

“ အချိန်က ပြောင်းလဲစေတယ်လေ။ ရှစ်စွင်းက အခုကြင်နာနေပါပြီ ”

“ကြင်နာတာတဲ့လား .. ရှစ်ရှိုး ဒီဟာသက မရယ်ရဘူးနော် ” ယဲ့ထျန်းရှင်းက သူမသွင်ပြင်ကို ငုံ့ကြည့်လိုက်ပြီးနောက် ခေါင်းခါရင်း ပြောလိုက်သည်။ သူမ ပြောချင်သည်မှာ သိသာပေသည်။

“ နောက်နေတာ မဟုတ်ဘူး ” မင်ရှစ်ရင်က မတ်တတ်ရပ်ကာ လက်နှစ်ဖက် နောက်ပစ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ အချိန်အကြာကြီးနေပြီးတော့ ရှစ်စွင်းရဲ့ အတွေးတွေက ပိုရှင်းလာတယ်။ ဒီနေ့ သူ့သဘောထားဆို အရင်ကနဲ့ လုံးလုံး မတူတော့ဘူး ”

“ အဲတော့ ဘာဖြစ်လဲ ”

“ ဘာလို့ ငါ့ကို နားမလည်နိုင်ရတာလဲ ” မင်ရှစ်ရင်က ဒေါသတကြီး ပြောလိုက်သည်။

“ ရှစ်စွင်းက ငါတို့လုပ်ထားတာတွေ စိတ်ထဲမထားဘူး ”

“ ဒါပေမဲ့ ကျွန်မ မှတ်ထားတယ်။ အဲဒီမိစ္ဆာအိုကြီး အသက်ရှင်နေသရွေ့ ကျွန်မ ဘယ်တော့မှ စိတ်အေးနိုင်မှာ မဟုတ်ဘူး ”

ဖြောင်း

မင်ရှစ်ရင်က လက်မြှောက်ကာ ယဲ့ထျန်းရှင်းအား ရုတ်ခြည်း ရိုက်ချလိုက်သည်။ သူက စွမ်းအား မထုတ်ထားဘဲ သာမာန်လူတစ်ယောက်လို ရိုက်ချလိုက်ခြင်း ဖြစ်၏။ ထိုရိုက်ချက်က ယဲ့ထျန်းရှင်းအား ထုံကျင်သွားစေသော်လည်း သူမက သူ့မျက်ဝန်းထဲ အလျှော့မပေးဘဲ ပြန်ကြည့်လိုက်သည်။

မင်ရှစ်ရင်က လက်တစ်ခါ ထပ်ရွယ်လိုက်သည်။

ဝှီး

ယဲ့ထျန်းရှင်းက မျက်လုံးမှိတ်ထားလိုက်သည်။

သို့သော်လည်း လက်ဝါးက သူမပါးနား ရပ်သွားပြီး မရိုက်လိုက်ပေ။ မင်ရှစ်ရင်က သက်ပြင်းချလိုက်ရင်း ခေါင်းခါကာ သူမပခုံးကို ပုတ်ပေးလိုက်၏။

“ မင်းဘာသာ ရှစ်စွင်းရှေ့မှာ မေးကြည့်သင့်တယ် … ငါ ဒါပဲ ပြောတော့မယ်။ အခု မင်းဘာသာ တစ်ယောက်တည်းပဲ ”

သူက သူမကို ဆက်ဖျောင်းဖျနေရန် မလိုတော့ကြောင်း ခံစားလာရသည်။ သူက လှည့်ထွက်သွားတော့မည့်ဆဲဆဲတွင် ယဲ့ထျန်းရှင်းက လှမ်းခေါ်လိုက်သည်။

“ ခဏ ”

“ဘာပြောချင်သေးလို့လဲ ”

“ လရောင်ဆွတ်နန်းဆောင်က ကျွန်မရဲ့ ညီအစ်မတွေက သေချာပေါက် ကျွန်မကို လာကယ်လိမ့်မယ်။ ဖြစ်နိုင်မယ်ဆိုရင် ရှစ်ရှိုး သူတို့အပေါ် သက်ညှာပေးပါ ” ယဲ့ထျန်းရှင်း၏ အသံမှာ တောင်းပန်နေသကဲ့သို့ တိုးဝင်သွားလေသည်။

မင်ရှစ်ရင်က ထိုအကြောင်းကြားလိုက်သည့်အခါ ရယ်လိုက်မိသည်။

“ မင်းက ကိုယ့်ဘာသာ အထင်ကြီးနေတာပဲ။ သူတို့ဘာသာ ဒုက္ခတွင်းထဲ ရောက်နေတာကို မင်းဆီ ဘယ်လိုလုပ် လာကယ်နိုင်မှာလဲ ”

“ အဲဒါ ဘာပြောတာလဲ ”

“ ယွင်ဂိုဏ်း၊ ထျန်းဂိုဏ်းနဲ့ လော့ဂိုဏ်းတို့က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူအများကြီး ဆုံးရှုံးသွားတယ်လေ။ အဲဒီကိစ္စကို သူတို့က ရှစ်စွင်းအပေါ် အပြစ်တင်မယ် ထင်နေတာလား။ မဟုတ်ဘူး … သူတို့ပထမ ပစ်မှတ်က မင်းရဲ့ လရောင်ဆွတ်နန်းဆောင်ပဲ ”

ထိုသို့ပြောပြီးနောက် သူ့ခန္ဓာကိုယ် အနည်းငယ် ဖျတ်ခနဲ လှုပ်ရှားသွားပြီး ပျောက်ကွယ်သွားတော့သည်။ ယဲ့ထျန်းရှင်းက ကြောင်အမ်းပြီး ကျန်နေခဲ့သည်။ ဂူထဲ အလင်းပြန်နေမှုများလည်း ဆိတ်ငြိမ်းသွားလေ၏။

………………

လုကျိုးက အမည်မဲ့ကို ထုတ်လိုက်စဉ် စနစ်မှ အချက်ပေးသံကို ကြားလိုက်ရသည်။

‘ တင် … ယဲ့ထျန်းရှင်းကို အပြစ်ပေးခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၀၀ ရရှိပါမယ် ’

သူက ထိုအရာကို မမျှော်လင့်ထားပေ။

“ သူမကို ဘယ်သူ သွားပြီး အပြစ်ပေးပေး အနည်းဆုံးတော့ ယဲ့ထျန်းရှင်းဆီမှာ တန်ဖိုးကျန်နေသေးတယ်ဆိုတာ သိရတာပေါ့ ”

သူက အမည်မဲ့ဓားကို ထိန်းချုပ်ကာ လက်ဖဝါးထဲ အမြန်အဆန် ဝှေ့ယမ်းလိုက်ပြီးနောက် ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။

“ငါ့ အသိအာရုံစုစည်းခြင်း နယ်ပယ်အဆင့်ကျင့်ကြံဆင့်လေးနဲ့ ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး”

ဓားက သူ့ဘေးရှိ လက်နက်စင်ပေါ်ရှိ ဓားမော့ကို ဖြတ်ချလိုက်သည်။

ချွမ်

နေရာတိုင်း၌ မီးပွားများ လွှင့်စင်သွားပြီး ဓားမော့က ပကတိအတိုင်း ကျန်ရှိနေသလို အမည်မဲ့ဓားလည်း ထို့နည်း၎င်း ဖြစ်၏။

ဤသည်မှာ ကံကောင်းမှတ် သုညဖြင့် ရရှိလာသော ကံစမ်းမဲ လက်ဆောင် ဖြစ်ပေသည်။

“ တကယ်ကို အမှိုက်ပဲ ”

All Chapters