← Chapters

အသစ်ရောက်လာသူ

Vol. 4 Ch. 49

အသစ်ရောက်လာသူ

Vol. 4 Ch. 49

အခန်း (၄၉) အသစ်ရောက်လာသူ

အမည်မဲ့ဓားက လုကျိုး၏ လက်ဝါးပေါ် ပြန်ရောက်လာပြီး ၎င်း၏ အစွန်းတွင် အပြာဖျော့ဖျော့အလင်း ဖျတ်ခနဲ ပေါ်လာသည်။ သူက ဓားကို ထပ် စမ်းသပ်တော့မည့်အချိန်တွင် အခန်းအပြင်ဘက်မှ ခေါ်သံတစ်သံကို ကြားလိုက်ရသည်။

“ရှစ်စွင်း... ကျင့်မင်တာအိုဂိုဏ်းက ဖန်ကျုံးက ရှစ်စွင်းနဲ့ တွေ့ခွင့် တောင်းပါတယ်”

သူ့လက်ကို ကျစ်ကျစ်ဆုပ်လိုက်ရာ ဓား ပျောက်ကွယ်သွားသည်။

ကံစမ်းမဲနှိုက်ရန် ကြိုးပမ်းမှုများက ထိုမျှ မချောမွေ့သော်လည်း တစ်နည်းနည်းဖြင့် တစ်စုံတစ်ခု သူ ရခဲ့သည်။ လက်ရှိတွင် သူက အမည်မဲ့နှင့် မရင်းနှီးသေးပေ။ သူက ယင်းကို နားလည်ရန် အချိန်တချို့ ယူရမှာပဲဖြစ်သည်။ ထို့အပြင် သူ၏ အားနည်းသော ကျင့်ကြံခြင်း အခြေခံကြောင့် ၎င်း၏ စွမ်းအားကို အပြည့်အ၀ မထုတ်ဖော်နိုင်ပေ။

ပိအန်းအတွက်မူ သူ အချိန်ရမှာသာ လေ့လာနိုင်ပေမည်။

လုကျိုး အခန်းထဲမှ ထွက်သွားပြီးနောက် ဓား၏ အစွန်းတင် ထားသော လက်နက်စင်က အပြာရောင် ဖျော့ဖျော့အလင်း ဖျတ်ခနဲ ပေါ်လာပြီး အက်ကြောင်းလေး ထင်သွားတော့သည်။

သူ အပြင်ဘက်တွင် ရပ်နေချိန်တွင် လုကျိုးက သူ အပြင်မထွက်ဖြစ်တာ အတော်ကြာပြီမှန်း သဘောပေါက်သွားသည်။ အပြင်လောကက တောက်ပလွန်းနေရာ သူ ခဏတဖြုတ် မသက်မသာ ဖြစ်သွားသည်။ လူအချို့က မဟာခန်းမထဲတွင် သူ့ကို စောင့်နေကြ၏။

“ချန်ပေ့”

“လူကြီးမင်း”

အမျိုးသားနှစ်ဦးက လုကျိုးကို မြင်သောအခါ ဒူးထောက်လိုက်ကြသည်။

ရှောင်ယွမ်အာက သူ့ကို ကူတွဲပြီး ပြုံးကာ ပြောလိုက်၏။

“ရှစ်စွင်း အချက်အလက် စုဆောင်းဖို့ စခန်းကို သွားတဲ့အချိန် သူတို့နှစ်ယောက် အရံအတား အပြင်ဘက်မှာ ဒူးထောက်နေတာကို တပည့် တွေ့ခဲ့တာ၊ ဒါကြောင့် သူတို့ကို ခေါ်လာလိုက်တာ၊ ရှစ်စွင်း တပည့်ကို အပြစ်မတင်ဘူးမလား”

ဖန်ကျုံးက ဒူးထောက်နေစဉ်တွင် သူ့ရှေ့ရှိ အဘိုးအိုကို မျက်လုံးထောင့်ကနေ မကြာခဏ လှမ်းကြည့်နေသည်။ သာမန်ပုံပန်းသွင်ပြင်ဖြင့် ဤအဘိုးအိုသည် လောကကြီးက ကြောက်လန့်ရသည့် ရွှေနန်းဥယျာဉ်တောင်၏ မိစ္ဆာဂိုဏ်းချုပ်ဟူသည်ကို သူ စိတ်ကူးမိရန် ခက်ခဲနေသည်။ သူ့ဘေးရှိ မုရုန်ဟိုင်ကမူ တုန်ယင်ပြီး ခေါင်း မမော့ရဲပေ။

“မင်း စခန်းမှာ ပြဿနာ မရှာခဲ့ဘူးမလား၊ ရှာခဲ့လား” လုကျိုးက သူမ၏ ခေါင်းကို ခပ်သာသာ ခေါက်လိုက်သည်။

“မရှာပါဘူး၊ တပည့်မလုပ်... တပည့်က အချက်အလက်တွေ အများကြီး ရခဲ့တာ” ရှောင်ယွမ်အာက ပြောသည်။

လုကျိုးက ခေါင်းညိတ်လိုက်ပြီး ထိုလူနှစ်ယောက်ဘက်ကို လှည့်ကြည့်လိုက်သည်။

“ ထရပ်ပြီးပြော”

ဖန်ကျုံးက ပြဿနာမရှိဘဲ ထရပ်လိုက်သော်ငြား မုရုန်ဟိုင်ကမူ ထပ်ရပ်လိုက်ချိန်တွင် ပြန်လဲကျလုနီးပါး ဖြစ်သွားသည်။ သူ နောက်ဆုံးတွင် မတ်မတ် ရပ်နိုင်သည့်အခါ လုကျိုးနှင့် အကြည့်ချင်း ဆုံမိပြီး တုန်ယင်က ဒူးပြန်ထောက်လုနီးပါး ဖြစ်သွားသည်။

“သခင်ကြီး ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးမှာ၊ သခင်ကြီးလို ပုဂ္ဂိုလ်ကို မမှတ်မိခဲ့တာ ကျွန်တော် ကန်းနေတာပါ”

‘ငါ မင်းကို ဘာလုပ်ခဲ့လို့လဲ။ တစ်လျှောက်လုံး မင်းကို ကြင်ကြင်နာနာ ဆက်ဆံခဲ့တာလေ။ ဒါပေမဲ့ မင်းရဲ့တစ်မိသားစုလုံးကို ငါသတ်ခဲ့တဲ့ပုံမျိုး လေသံနဲ့ ဘာကြောင့် ပြောနေရတာလဲ’ လုကျိုးက သူ့ဘာသာ တွေးလိုက်သည်။ သို့သော် သူက တည်တည်ငြိမ်ငြိမ် မှင်သေသေပုံအတိုင်းသာ နေနေသည်။

“ယွမ်အာ” သူက ထူးမခြားနား လေသံဖြင့် ခေါ်လိုက်သည်။

“သူ့ကို အဝေး ပို့လိုက်တော့”

“တပည့်နားလည်ပါပြီရှစ်စွင်း”

မုရုန်ဟိုင်က တန့်သွားသည်။ သို့သော် သူ ဘာမှမပြောနိုင်သေးခင် ရှောင်ယွမ်အာက သူ့ကို ကြက်ကလေးတစ်ကောင်သဖွယ် မလိုက်ပြီး တောင်အောက်သို့ ပစ်ချလိုက်သည်။ ဖန်ကျုံးက ဆွံ့အသွားကာ တံတွေး မျိုချလိုက်ပြီး ရွှေနန်းဥယျာဉ်တောင်သို့ ဝင်ရန် သူ့အစီအစဉ်က ကောင်းကောင်း အဆုံးသတ်မည်မဟုတ်ဟု သူ တွေးမိလိုက်သည်။

“ဖန်ကျုံး” လုကျိုး၏ အကြည့်က သူ့ဆီရောက်သွားသည်။

တစ်ဖက်လူက တုန်တုန်ယင်ယင်ဖြင့် လက်သီးဆုပ်ကာ ဖြေလိုက်သည်။

“ချန်ပေ့”

လုကျိုးက စကားမပြောဘဲ ခုံတစ်လုံးဆွဲကာ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။

“မင်းက ငါ့ရွှေနန်းဥယျာဉ်တောင်ကို တကယ်ဝင်ချင်တာလား” လုကျိုး၏ မျက်ဝန်းက နက်ရှိုင်းကာ သူ့အသံသည် အိုမင်းနေသော်ငြား မာန်ပါပေ၏။

ဖောက်

ဖန်ကျုံးက ဒူးထောက်ကာ “ ဟုတ်ပါတယ်၊ ကျွန်တော် ရွှေနန်းဥယျာဉ်တောင်ကို ဝင်ချင်ပါတယ်၊ ကျေးဇူးပြုပြီး လက်ခံပေးပါ ချန်ပေ့”

လုကျိုးက သူ့မုတ်ဆိတ်မွေးကို ပွတ်လျက် ဖန်ကျုံး၏ မျက်ဝန်းကို ဖျတ်ခနဲ ကြည့်လိုက်သည်။

‘သူ ယင်သုံးပါးသိုင်းကို ကျင့်ကြံမှုကြောင့် သူ့ခန္ဓာကိုယ်ကို အေးစက်မှုတွေ ပြည့်နေစေတယ် ဆိုပေမဲ့ သူက တကယ် ပါရမီပါတဲ့ လူပဲ’

အကြမ်းဖျင်း တွေးပြီးနောက် သူသည် ခပ်ဖျော့ဖျော့ ပြောလိုက်သည်။

“တစ်လောကလုံးက လူတွေက ငါ့ကို ကြောက်ကြတယ်၊ တစ်လောကလုံးက သမာသမတ်ဂိုဏ်းတွေနဲ့ ကျင့်ကြံသူတွေက ငါ့ကို ဖယ်ရှားချင်ကြတယ်၊ ငါ့တပည့်တွေတောင် ငါ့ကိုသတ်ချင်နေတာ”

ထိုစကားကို ကြားသောအခါ ဖန်းကျုံးက ရင်တလှပ်လှပ် ခုန်သွာသည်။ လုကျိုး လုပ်နေသည့် အရာနှင့် ထိုသို့ပြောရခြင်း၏ ရည်ရွယ်ချက်ကို သူ မသိပေ။

“မင်း ရွှေနန်းဥယျာဉ်တောင်ကို ဝင်ပြီးရင် ငါမင်းကို ကာကွယ်ပေးမှာပဲ၊ ဒါပေမဲ့ တစ်နေ့ကျ...” လုကျိုးက စကားပြော ရပ်သွားသည်။

ဖန်ကျုံးက နောက်ဆုံးတော့ သဘောပေါက်သွားပြီး အမြန်အရိုအသေပေးကာ ပြောလိုက်သည်။

“တစ်နေ့ကျ ဆရာကြီးကို ဆန့်ကျင်လိုစိတ် ပေါ်လာခဲ့ရင် အရှင်လတ်လတ် အပိုင်းထောင်ချီ ပိုင်းဖြတ်ခံရပါစေ”

သူ၏ သစ္စာရှိမှုက တစ်ဆယ်ရာခိုင်နှုန်း ပိုမြင့်သွားသည်။

“သိပ်ကောင်းတယ်” လုကျိုးက သူ့မုတ်ဆိတ်ကို သပ်လျက် ပြောလိုက်သည်မှာ “ ငါက အမြဲတမ်း ကတိတည်တယ်၊ မင်း ထလို့၇ပြီ”

“ကျေးဇူးတင်ပါတယ် ချန်ပေ့” ဖန်ကျုံးက စိတ်ပူပန်စွာ ထရပ်လိုက်သည်။

ထိုစဉ် မင်ရှစ်ရင်က ခန်းမဆောင်ထဲ လျှောက်ဝင်လာသည်။ သူ့မျက်နှာတွင် အပြုံးတို့ ပြည့်နေပြီး သူ တက်ကြွနေသည်။

သူက လုကျိုးရှေ့တွင် ဒူးမထောက်ခင် ဖန်ကျုံးကို ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

“ရှစ်စွင်း ကျွန်တော် နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ကို အဆင့်တက်သွားပါပြီ”

ထိုစကားကို ကြားသောအခါ ဖန်ကျုံးက ထိတ်လန့်သွားသည်။ ထိုနယ်ပယ်ကို ရောက်နိုင်သည့် မည်သည့်ကျင့်ကြံသူမဆို ပညာရှင်တစ်ဦး ဖြစ်လာပြီး ရွှေနန်းဥယျာဉ်တော်က သူတို့ထဲမှ အချို့ကို ထုတ်ပေးခဲ့သည်။ ထို့ကြောင့် သူ မည်ကဲ့သို့ မထိတ်လန့်ဘဲ နေမည်နည်း။

လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ်ကို မင်း ရောက်တဲ့အချိန် ဒုက္ခတစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ရလိမ့်မယ်၊ မင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်က ပွင့်ချပ်တွေ ပွင့်လာရင် မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ကွဲပြားသွားလိမ့်မယ်၊ မှတ်ထား၊ မမောက်မာနဲ့ တခြားသူတွေကို အထင်မသေးနဲ့”

“ရှစ်စွင်း သင်ပေးတာကို တပည့် မှတ်သားထားပါ့မယ်” မင်ရှစ်ရင်က စိတ်နှစ်ကာ အရိုအသေ ပေးလိုက်သည်။

“တင်း... သင်သည် မင်ရှစ်ရင်ကို ဆုံးမသွန်သင်ပြီးပါပြီ၊ ကုသိုလ်အမှတ်တစ်ရာ ဆုရရှိမည်”

ဖန်ကျုံးက ကြည့်နေစဉ် ဇဝေဇဝါ ဖြစ်သွားသည်။ ရွှေနန်းဥယျာဉ်တောင်၏ မိစ္ဆာကြီးသည် လူသတ်လျှင် မျက်တောင် မခတ်ဘဲ အမြင်ကျဉ်းမြောင်းသူ၊ တပည့်များအပေါ် ရက်ရက်စက်စက် အကြင်နာမဲ့စွာ ဆက်ဆံသည်ဟု တခြားသူများ ပြောတာ သူ ကြားဖူးသည်။ သို့သော် သူ မျက်မြင်တွေ့ရသည်က အမြင်နှင့် တခြားစီ ဖြစ်နေလေသည်။ ထိုအစား ဤအကြီးအကဲကို ဆရာကောင်းတစ်ဦးဟု သူ ခံစားမိနေသည်။ သူသည် သမာသမတ်ဂိုဏ်းမှ အဘိုးကြီးများထက် ပိုကောင်းပေ၏။

“ရှစ်စွင်း ပြန်လည်သုံးသပ်ရေးဂူထဲမှာ ယဲ့ထျန်းရှင်း အပိတ်ခံထားရတယ်လို့ ကြားလို့ သူ့ကို ကျွန်တော် သင်ခန်းစာ ပေးလိုက်တာ” မင်ရှစ်ရင်က ပြောလိုက်သည်။

လုကျိုး၏ မျက်နှာက တည်ငြိမ်နေသည်။ ‘ဒီတော့ လောင်စစ်လက်ချက်ကိုး’

သို့သော် ယဲ့ထျန်းရှင်းကို အလျင်စလို ဖြေရှင်းရန် မသင့်တော်ဟု သူ တွေးမိသောကြောင့် သူက ပြောလိုက်သည်။

“ဂူထဲမှာ သူ့ဘာသာ သုံးသပ်နေပါစေ၊ စီမိသားစုကို ပြန်ပေးဆွဲတဲ့ကိစ္စမှာ လောင်၀ူနဲ့ လောင်ပါ့တို့လဲ ပါတယ်”

မင်ရှစ်ရင်က မျက်လုံးစွေကြည့်လိုက်ကာ “ ရှစ်စွင်း ကျွန်တော်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲ ရောက်ပြီးပြီဆိုတော့ တစ်ယောက်ယောက်နဲ့ ကျွန်တော့်ပညာတွေကို လေ့ကျင့်ဖို့ လိုနေတယ်။ လောင်ပါ့ကို ကျွန်တော် သွားဖမ်းလိုက်ရမလား၊ ဒီလိုဆို ရှစ်စွင်း သူ့ကို အပြစ်ပေးလို့ရတာပေါ့”

သူ၏ ၀ူရှစ်မေ့ (ပဉ္စမမြောက်ဆရာတူတပည့်)ကျောင်းယွဲ့အကြောင်း မပြောခဲ့ပေ။ အကြောင်းမှာ သူမ မည်သည့်နေရာသို့ သွားမှန်း မည်သူမှ မသိသောကြောင့် ဖြစ်သည်။

‘လောင်ပါ့က အားနည်းပေးမဲ့ သူ့နောက်မှာ လောင်ချီ(ခုနစ်ယောက်မြောက်) ရှိနေတာ၊ မင်ရှစ်ရင်က သူ့ကို ပြန်ခေါ်လာရင်တောင် အဆင်ပြေမှာ မဟုတ်ဘူး၊ လောင်ချီကို သတိပေးသလိုလဲ ဖြစ်သွားလိမ့်မယ်”

အတန်ငယ် တွေးတောပြီးနောက် လုကျိုးသည် လက်ကာပြကာ ပြောလိုက်သည်။

“သူ့ကို အခု တစ်ယောက်တည်း ထားလိုက်အုံး”

မင်ရှစ်ရင်က ဇဝေဇဝါ ဖြစ်သွားသော်ငြား သူက အရိုအသေးပေးကာ ပြောလိုက်၏။

“တပည့်နားလည်ပါပြီရှစ်စွင်း”

“ငါ ပင်ပန်းနေပြီ သွားကြတော့”

“ဟုတ်ကဲ့ ရှစ်စွင်း”

မင်ရှစ်ရင်က အံ့အားမင်သက်နေသော ဖန်ကျံးကို မျက်စိမှိတ်ပြလိုက်သည်။

“ရှစ်... ရှစ်ရှိုး”

သို့သော် မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်းထဲမှ သူ့ကို ဆွဲထုတ်လိုက်သည်။ သူတို့ အပြင်သို့ ရောက်ချိန်တွင် သူက စဉ်းလဲစွာ အားရပါးရ ပြုံးပြီး ပြောလိုက်သည်။

“မင်းက လူသစ်လား”

“နှုတ်ဆက်ပါတယ် စစ်... ရှောင်ရယ်(သခင်လေး)”

“ဟား ဟား ငါ သဘောကျတယ်၊ ဟေး ငါ့ရဲ့ ဒုက္ခတစ်ရာရှုကွင်း မိုင်တစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်ချင်လား”

ဖန်ကျုံး  “???”

ထိုစဥ် ရှောင်ယွမ်အာက တောင်ပေါ်တက်လာပြီး သူမ၏ နောက်တွင် ပုံရိပ်ယောင်များစွာ ချန်ရစ်ခဲ့သည်။

“စစ်ရှစ်ရှိုး”

“ရှောင်ရှစ်မေ့၊ မင်း ဒီကို အချိန်ကိုက် ရောက်လာတာပဲ၊ ငါ့ရဲ့ ဒုက္ခတစ်ရာရှုကွင်း မိုင်တစ်ရာကို တစ်ချက် လာကြည့်အုံး”

မင်ရှစ်ရင်က တစ်စုံတစ်ယောက်ကို ရိုက်တော့မည့်ပုံဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ရှောင်ယွမ်အာက အမောတကော ပြောလိုက်သည်။ “နောက်တစ်ခေါက်မှ ညီမ ကြည့်မယ် ရှစ်ရှိုး၊ တောင်ခြေမှာ ကျင့်ကြံသူတစ်စု ရောက်နေတယ်၊ ရွှေနန်းဥယျာဉ်တောင်ဆီ တစ်ယောက်ယောက် ထပ်ကျူးကျော်ဖို့ ကြိုးစားနေတာလို့ ညီမ သံသယ ဖြစ်မိတယ်”

ထိုစကားကို ကြားသောအခါ မင်ရှစ်ရင်က အပျော်လွန်သွားသည်။

“ကောင်းချက်ပဲ၊ ငါ အခု တစ်ချက်သွားကြည့်အုံးမယ်၊ ဒီလို အသေးအမွှားကိစ္စလေးနဲ့ ရှစ်စွင်းကို အနှောင့်အယှက်ပေးဖို့ မလိုဘူး၊ သူတို့အားလုံးကို ငါတစ်ယောက်တည်း သတ်နိုင်တယ်”

“ရှစ်ရှိုး သူတို့အားလုံးက လရောင်ဆွတ်နန်းတော်က ကျင့်ကြံသူတွေ”

သို့သော် သူမ ပြောတာ မပြီးသေးခင် မင်ရှစ်ရင်က ပျောက်သွားပြီဖြစ်သည်။ ဖန်ကျုံးက ဇဝေဇဝါ ဖြစ်နေပြီး သူ လိုက်သင့် မလိုက်သင့် တွေဝေနေသည်။ ရှောင်ယွမ်အာက ကူကယ်ရာမဲ့စွာ ခြေဆောင့်လိက်သည်။ သူမပြန်လှည့်လာပြီး သူ၏ တုံးအသော အကြည့်ကို မြင်သောအခါ သူမက ဒေါသတကြီး ပြောလိုက်သည်။

“နင် ဘာကြည့်တာလဲ၊ နင် ထပ်ကြည့်ရင် နင့်မျက်လုံးကို ဖောက်ထုတ်ပစ်မယ်”

ဖန်ကျုံး “…”

‘ဘယ် ဘယ်တုန်းကများ ငါ သူ့ကို ကြည့်မိလို့လဲ’

All Chapters