← Chapters

အခန်း (၂၁၆)

Vol. 22 Ch. 216

အခန်း (၂၁၆)

Vol. 22 Ch. 216

မြေလျှိုးမိစ္ဆာများသည် မျက်စိရှင်ကြသဖြင့် မေးမြန်းခြင်းခံရသော မြေလျှိုးမိစ္ဆာလေးသည်လည်း ရှီမင်တို့အဖွဲ့၏ စွမ်းအားမနိမ့်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်လေသည်။

ထို့ကြောင့် သူသည် တိုက်ရိုက်ငြင်းပယ်ခြင်း မပြုလုပ်လိုက်ပေ။

"အရှင်တို့... ဒီကမိစ္ဆာငယ်လေးက မရောင်းချင်လို့ မဟုတ်ပါဘူး... ကျွန်တော့်မှာ စတုတ္ထအဆင့် နေရာကို ရောင်းချခွင့် အာဏာမရှိလို့ပါ..."

"ဒါပေမဲ့ အရှင်တို့ကို တာဝန်ခံလူကြီးမင်းနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်..."

"ကျွန်တော် သိသလောက်ဆိုရင် တာဝန်ခံလူကြီးမင်းမှာ စတုတ္ထအဆင့် ဖိတ်ကြားစာ ထုတ်ပေးနိုင်ခွင့် ရှိပါတယ်..."

လေပျံမိစ္ဆာသားရဲကို ထိန်းကျောင်းရင်း ရှီမင်၏ ရှေ့တွင် ဝပ်တွားနေသော ထိုမြေလျှိုးမိစ္ဆာလေးသည် သတိကြီးစွာဖြင့် လျှောက်တင်လေသည်။

"ကောင်းပြီ... ဒါဆို ငါတို့ကို တာဝန်ခံဆီ ခေါ်သွားပေး..."

ဤမြေလျှိုးမိစ္ဆာလေးသည် စကားပြောဆိုရာတွင် အလွန် ယဉ်ကျေးသိမ်မွေ့ပြီး ရိုင်းပျမှု အလျဉ်းမရှိသဖြင့် ရှီမင်အနေဖြင့် အပြစ်ရှာစရာ မလိုပေ။

ထို့နောက် သူ၏ သခင်ဖြစ်သူ ကျုံးရှန်ဘက်သို့ လှည့်ကာ တမင်တကာ ပြောလိုက်၏။

"ဒီမြေလျှိုးမိစ္ဆာလေးက ဖြတ်ထိုးဉာဏ်ကောင်းသားပဲ... ဆုချသင့်တယ်..."

ကျုံးရှန်သည် သဘောပေါက်လိုက်ပြီး သူ၏ ကြီးမားသော လက်ဝါးကြီးကို ဖြန့်လိုက်လျှင် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး တစ်တုံးပေါ်လာကာ မြေလျှိုးမိစ္ဆာလေး၏ ရှေ့သို့ ပစ်ပေးလိုက်သည်။

အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ထွက်ပေါ်လာသည်နှင့်တပြိုင်နက် မိစ္ဆာအလင်းတန်းပေါင်း သောင်းချီ၍ ဖြာထွက်လာပြီး အလွန်ပင် မျက်စိကျစရာ ကောင်းလှသည်။

မြေလျှိုးမိစ္ဆာလေးသည် အံ့သြဝမ်းသာဖြစ်သွားပြီး အလျင်အမြန်ပင် ထိုကျောက်တုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ကာ သိုသိုသိပ်သိပ်ပြန်လည်သိမ်းဆည်းလိုက်သည်။

ဤနတ်ဘုရားမိစ္ဆာကျောက်တုံး တစ်တုံးတည်းဖြင့် သူသည် သူတော်စင်တစ်ပိုင်းအဆင့် မိစ္ဆာ ဖြစ်လာသည်အထိ ကျင့်ကြံနိုင်သော အရင်းအမြစ်များကို လဲလှယ်နိုင်မည်ဖြစ်သည်။

မိစ္ဆာကျောက်တုံး ထွက်ပေါ်လာချိန်တွင် လောဘတကြီး ချောင်းမြောင်းကြည့်ရှုသော အကြည့်များစွာ ရောက်ရှိလာသော်လည်း ရှီမင်ကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်ဝိညာဉ်အာရုံများကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းသွားကြသည်။

"ဆုချတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်..."

မြေလျှိုးမိစ္ဆာလေးမှာ ပျော်ရွှင်လွန်းသဖြင့် အတိုင်းမသိ ဝမ်းသာနေသည်။

ဤမျှ ရက်ရောသော ဧည့်သည်မျိုးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး တစ်တုံးဆိုလျှင် စတုတ္ထအဆင့် နေရာအတွက် ဝင်ကြေးပေးဆောင်ရန် လုံလောက်နေပြီ ဖြစ်သည်။ သို့သော် သူ၏ရှေ့မှ အရှင်သခင်ကြီးအတွက်မူကား ယင်းသည် လက်ဖက်ရည်ဖိုး မျှသာ ဖြစ်နေသည်။

ဆုလာဘ်ရရှိပြီးနောက် မြေလျှိုးမိစ္ဆာလေးသည် အချိန်မဆွဲရဲတော့ဘဲ အားကြိုးမာန်တက်ဖြင့် လေလံအိမ်၏ အပြင်ဘက်ရှိ ခန်းမဆောင်တန်းဆီသို့ ဦးဆောင်၍ခေါ်ဆောင်သွားသည်။

ခန်းမဆောင်ထဲတွင် မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းပြီးနောက် ထိုမြေလျှိုးမိစ္ဆာလေးသည် အရပ်ပိုရှည်ပြီး သူတော်စင်အဆင့် ရှိသော မြေလျှိုးမိစ္ဆာတစ်ကောင်နှင့်အတူ ပြန်ထွက်လာသည်။

"အရှင်တို့... ဒီပုဂ္ဂိုလ်ကတော့ ကျောက်လေလံအိမ်ရဲ့ အထွေထွေတာဝန်ခံ နာတာ ပါ..."

မိတ်ဆက်ပေးခြင်းခံလိုက်ရသော သူတော်စင်အဆင့် မြေလျှိုးမိစ္ဆာကြီးသည် ရှေ့သို့ တစ်လှမ်းတိုးပြီး ခါးကို ကိုင်းညွတ်ကာ အရိုအသေပေးလိုက်သည်။

"အရှင်တို့က စတုတ္ထအဆင့် နေရာတစ်နေရာ လိုချင်တယ်လို့ ဒီမိစ္ဆာလေးက ပြောပါတယ်..."

ရှီမင်က ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်တယ်... နေရာသာ ရှိပါစေ... ပိုက်ဆံက ပြဿနာ မဟုတ်ဘူး..."

ထိုစကားကို ကြားသောအခါ မြေလျှိုးမိစ္ဆာအိုကြီး၏ မျက်လုံးများ အရောင်လက်သွားသည်။

"အရှင်တို့ လာတာ ကွက်တိပါပဲ..."

"ကျောက် မဟာမိစ္ဆာအရှင်သခင်ကြီးက ကျွန်တော့်ကို ဆုံးဖြတ်ခွင့်ပေးထားတဲ့ နေရာက ၁၀ နေရာပဲ ရှိတာပါ..."

"အခု တစ်နေရာပဲ ကျန်တော့တဲ့အတွက်... ဈေးနှုန်းကတော့ နည်းနည်းလေး ကြီးတယ်ဗျ..."

မြေလျှိုးမိစ္ဆာအိုကြီးသည် ပြောရင်းဆိုရင်း ဖြင့် ရှီမင်၏ မျက်နှာအမူအရာကို အကဲခတ်လိုက်သည်။

ရှီမင်၏ မျက်နှာထား တည်ငြိမ်နေသည်ကို တွေ့မှသာ သူက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။

"အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၀၀... ဈေးဆစ်လို့ မရပါဘူး..."

ထိုဈေးနှုန်းကို ကြားလိုက်သောအခါ လီလီဗီသည် လေအေးတစ်ချက် ရှိုက်သွင်းမိသွားသည်။

သာမန်အားဖြင့် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး တစ်တုံးသည် အထက်တန်းစား မိစ္ဆာကျောက်တုံး တစ်သန်းနှင့် ညီမျှသည်။

အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၀၀ ဆိုလျှင် အထက်တန်းစား မိစ္ဆာကျောက်တုံး သန်း ၁၀၀ နှင့် ညီမျှပေသည်။

ဤနေရာတွင် တတိယအဆင့် နေရာအတွက် အထက်တန်းစား မိစ္ဆာကျောက်တုံး ၁ သိန်းသာ ပေးရသည်ကို သတိပြုရမည်ဖြစ်ကာ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၀၀ဆိုသည်မှာ အဆတစ်ထောင် ကွာခြားနေခြင်းပင် ဖြစ်သည်။

မိန်းမော်မျိုးနွယ်၏ မင်းသမီး ဖြစ်သော သူမပင်လျှင် ဤဈေးနှုန်းကို ကြားသောအခါ အသက်ရှူ မြန်လာရသည်။

ဤပမာဏသည် သာမန် ငရဲအရှင်သခင်ငယ်တစ်ပါး အလွယ်တကူ ထုတ်ပေးနိုင်သော ပမာဏ မဟုတ်ပေ။

အထွတ်အထိပ်အဆင့် မိစ္ဆာကျောက်တုံး တစ်တုံးဖြင့် လဲလှယ်နိုင်သော အရင်းအမြစ်များသည် သူတော်စင်တစ်ပိုင်းအဆင့် မိစ္ဆာတစ်ကောင်ကို အလွယ်တကူ ပျိုးထောင်ပေးနိုင်သည်။

အတုံး ၁၀၀ ဆိုလျှင် သူတော်စင်တစ်ပိုင်းအဆင့် မိစ္ဆာ အကောင် ၁၀၀ နှင့် ညီမျှကာထိုအထဲမှ ထူးချွန်သူအချို့သည် သူတော်စင်အဆင့် မဟာမိစ္ဆာကြီးများ ဖြစ်လာနိုင်သည်။

ဤအင်အားစုသည် ငရဲဘုံငယ်တစ်ခု၏ အဆင့်မြင့် တိုက်ခိုက်ရေးအင်အားစုပင် ဖြစ်သည်။

"ရှောင်မို... ငွေသားထုတ်ပေးလိုက်..."

ရှီမင်သည် မျက်တောင်ပင် မခတ်ဘဲ အလွန် ပေါ့ပါးစွာ ပြောလိုက်သည်။

သူ၏ လေသံတွင် မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။

ကျုံးရှန်သည် ခေါင်းငြိမ့်လိုက်ပြီး သူ၏ မိစ္ဆာလက်ကြီးကို ရင်ဘတ်သံချပ်ကာထဲသို့ နှိုက်သယောင် ဟန်ဆောင်လိုက်သည်။

ထိုအခါ လက်ဝါးထဲတွင် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး အလုံး ၁၀၀ ပါလာပြီး မြေလျှိုးမိစ္ဆာအိုကြီး၏ ရှေ့တွင် အပုံလိုက်ချပေးလိုက်သည်။

မရေမတွက်နိုင်သော မိစ္ဆာအလင်းတန်းများသည် ခန်းမဆောင်ကြီးတစ်ခုလုံးကို ပြာဝေသွားစေသည်အထိ လင်းလက်တောက်ပသွားတော့သည်။

"ဟာ... အရှင်က တကယ့်ကို သဘောထားကြီးတာပဲ..."

မြေလျှိုးမိစ္ဆာအိုကြီး၏ မျက်လုံးများ တောက်ပသွားပြီး လက်တစ်ဖက် ဝှေ့ယမ်းကာ နတ်ဘုရားမိစ္ဆာကျောက်တုံးအားလုံးကို သူ၏ အင်္ကျီလက်မောင်းထဲသို့ သိမ်းယူလိုက်သည်။

ဤအရောင်းအဝယ်တွင် သူသည် အမြတ်ကြီးကြီးမားမား ရရှိလိုက်ပြီ ဖြစ်သည်။

မူလက သူသည် ဤဧည့်သည်များ တတ်နိုင်လျှင်ပင် ဈေးဆစ်ကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ဤမျှ လွယ်ကူလိမ့်မည်ဟု မထင်ခဲ့မိပေ။ ဈေးနည်းနည်း လျှော့ခေါ်မိလိုက်သလားဟုပင် နောင်တရချင်သလို ဖြစ်သွား၏။

ကျောက် မဟာမိစ္ဆာအရှင်သခင်ကြီး သတ်မှတ်ပေးထားသော ဈေးနှုန်းမှာ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၀ တုံးသာ ဖြစ်သည်။

၁၀ ဆ တင်ရောင်းလိုက်လျှင်ပင် မနည်းလှပြီဟု ယူဆနိုင်သည်။

သို့သော် ဤမြေလျှိုးမိစ္ဆာအိုကြီးမှာ ဝါရင့်နေသူ ဖြစ်သည်။ တစ်ခါတည်းဖြင့် အဆ ၁၀၀ တင်ရောင်းလိုက်ရာ အတုံး ၉၀ အမြတ်ထွက်သွားလေသည်။

သူသည် ခြောက်သွေ့နေသော လက်များကို ဝှေ့ယမ်းကာ စတုတ္ထအဆင့် ဝင်ခွင့်တံဆိပ်ပြားကို ထုတ်ပေးရန် ပြင်လိုက်သည်။

"နေဦး... ကျုပ် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၁၀ ပေးမယ်..."

ထောင်လွှားမောက်မာသော အသံတစ်သံ ထွက်ပေါ်လာပြီး မြေလျှိုးမိစ္ဆာအိုကြီး၏ လှုပ်ရှားမှုကို ချက်ချင်း တားဆီးလိုက်သည်။

အသံလာရာသို့ လှည့်ကြည့်လိုက်လျှင် တစ်ကိုယ်လုံးကို အမှောင်ထုဖြင့် လွှမ်းခြုံထားသော ပုံသဏ္ဌာန်မကွဲပြားသည့် မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရသည်။

သူ၏ နောက်တွင် အရွယ်အစား အမျိုးမျိုးရှိသော မိစ္ဆာမျိုးနွယ်စုပေါင်းစုံမှ နောက်လိုက် တစ်ဒါဇင်ကျော် လိုက်ပါလာသည်။ ထိုနောက်လိုက်များ၏ ကျင့်ကြံမှုအဆင့်သည် အနိမ့်ဆုံးပင်လျှင် သူတော်စင်အဆင့် ရှိကာ အချို့ဆိုလျှင် မင်ယွိနှင့် လီလီဗီတို့နှင့်ပင် ယှဉ်နိုင်စွမ်း ရှိကြ၏။

အသံပိုင်ရှင်ဖြစ်သည့် တစ်က်ိုယ်လုံးကို အမှောင်ထုဖြင့်ဖုံးအုပ်ထားသည့်ပုဂ္ဂိုလ်၏ ကျင့်ကြံမှုအဆင့်ကိုမူအာရုံခံ၍ မရပေ။ ထိုအမှောင်ထုသည် အခြားကမ္ဘာတစ်ခုမှ အတားအဆီးတစ်ခုကဲ့သို့ အရာအားလုံးကို ဖြတ်တောက်ထားသောကြောင့်ဖြစ်သည်။

ထိုအသံကို ကြားလိုက်သည်နှင့် လီလီဗီ၏ မျက်မှောင်များ ကြုတ်သွားသည်။

"အမှောင်နတ်ဘုရားငယ်..."

"ဒဏ္ဍာရီလာ ရှေးဟောင်း ငရဲဘုံ မဟာမိစ္ဆာအရှင်သခင်ကြီး သုံးပါးထဲက တစ်ပါးဖြစ်တဲ့ မဟာအမှောင်နတ်ဘုရားရဲ့ အမွေဆက်ခံသူ ကံတရားသားတော်..."

အမှောင်ထုဖြင့်လွှမ်းခြုံနေသည့်ပုဂ္ဂိုလ်သည် အလွန် မောက်မာဝင့်ကြွားစွာဖြင့် လမ်းလျှောက်လာကာ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၁၀ ကို ထုတ်ပေးလိုက်သည်။

"ယူထားလိုက်... ပြီးရင် ဝင်ခွင့်တံဆိပ်ပြားကို ငါ့ပေး..."

မဟာအမှောင်နတ်ဘုရားသည် ရှေးဟောင်း မဟာမိစ္ဆာအရှင်သခင်ကြီး သုံးပါးတွင် ကောင်းကင်တာအိုနှင့် ပေါင်းစည်းနိုင်ခဲ့သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။

တာအိုနှင့် ပေါင်းစည်းခြင်း ဆိုသည်မှာ မိမိ၏ ကျင့်ကြံမှုနှင့် ဖြစ်တည်မှု အားလုံးကို ကောင်းကင်တာအိုနှင့် ပေါင်းစပ်လိုက်ခြင်း ဖြစ်ပြီး ကောင်းကင်တာအို စည်းမျဉ်းများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခြင်း ဖြစ်သည်။

ယင်းသည် သွယ်ဝိုက်သောနည်းလမ်းဖြင့် ထာဝရရှင်သန်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိလိုက်ခြင်း ဖြစ်ကာ ရံဖန်ရံခါတွင် ကိုယ်ထင်ပြခြင်းများ ပြုလုပ်နိုင်သည်။

ယခုအခါ ငရဲဘုံရှိ အမှောင်တာအိုစည်းမျဉ်း အားလုံးသည် မဟာအမှောင်နတ်ဘုရား၏ အသွင်အပြင်များ ဖြစ်လာကြသည်။

အမှောင်တာအိုစည်းမျဉ်းကို ကျင့်ကြံသော မိစ္ဆာတိုင်းသည် နက်နဲသော အဆင့်တစ်ခုသို့ ရောက်ရှိပါက မဟာအမှောင်နတ်ဘုရား ဆင်းသက်လာပြီး ဉာဏ်အလင်းမျိုးစေ့ ချပေးသည်ကို ခံစားရရှိနိုင်မည်ဖြစ်သည်။

ဤအမှောင်နတ်ဘုရားငယ်ဆိုသူမှာ ကောင်းကင်တာအိုမှ စေလွှတ်လိုက်သော မဟာအမှောင်နတ်ဘုရား၏ အမွေဆက်ခံသူ ကံတရားအရှင်သခင် မိစ္ဆာတစ်ပါးပင် ဖြစ်သည်။

မဟာအမှောင်နတ်ဘုရားသည် ရှေးဟောင်း မဟာမိစ္ဆာအရှင်သခင်ကြီး သုံးပါးထဲမှ တစ်ပါးဖြစ်ပြီး ငရဲဘုံကမ္ဘာကြီးနှင့် တစ်ချိန်တည်း မွေးဖွားလာသူ ဖြစ်ရာ သူချန်ထားရစ်ခဲ့သော ပိုင်ဆိုင်မှုများသည် ခန့်မှန်း၍ပင် မရနိုင်ပေ။ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၁၀ ပေးနိုင်သည်မှာ သာမန်ကိစ္စတစ်ခုမျှသာ ဖြစ်သည်။

သို့သော် ကျုံးရှန်သည်လည်း လွယ်လွယ်ကူကူ နောက်ဆုတ်ပေးမည့်သူ မဟုတ်ချေ။

အမှောင်နတ်ဘုရားငယ် မဟုတ်ဘဲ မဟာအမှောင်နတ်ဘုရား ကိုယ်တိုင် ပြန်လည်ရှင်သန်လာလျှင်ပင် ကျုံးရှန်က ခြေတစ်လှမ်းမျှ ဆုတ်ပေးမည် မဟုတ်ပေ။

သို့ဖြစ်ရာ ရှီမင်လည်း ထပ်မံ အော်ပြောလိုက်သည်။

"အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၂၀၀..."

All Chapters