← Chapters

အခန်း (၂၁၇)

Vol. 22 Ch. 217

အခန်း (၂၁၇)

Vol. 22 Ch. 217

ရှီမင် ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျုံးရှန်သည်လည်း နောက်ထပ် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၀၀ ကို ထပ်မံ ထုတ်ပေးလိုက်သည်။

ဤသည်မှာ ထိပ်တိုက် တွေ့ဆုံခြင်းပင် ဖြစ်သည်။

မြေလျှိုးမိစ္ဆာအိုကြီး၏ မျက်လုံးများသည် လောဘများဖြင့် တောက်ပလာသည်။

သူသည် ရှီမင်ထံမှ ယခင်ရရှိထားသော ကျောက်တုံး ၁၀၀ နှင့် ယခု ထပ်မံရရှိသော ကျောက်တုံး ၁၀၀ ကို ပေါင်းစပ်ကာ တစ်ပုံတည်း စုပုံထားလိုက်သည်။ ထိုအပုံ၏ အောက်ခြေတွင် မိစ္ဆာစွမ်းအင်ဖြင့် ၂၀၀ ဟူသော ဂဏန်းကို ရေးထိုးလိုက်ကာအမှောင်နတ်ဘုရားငယ် ပေးထားသော ကျောက်တုံး ၁၁၀ ကိုမူ အခြားတစ်ဖက်တွင် ပုံထားပြီး အောက်ခြေ၌ ၁၁၀ဟူ၍ ရေးထိုးထားသည်။

"အရှင်တို့နှစ်ယောက်လုံးက ဒီစတုတ္ထအဆင့်နေရာကို လိုချင်နေကြမှတော့... ဈေးပြိုင်ခေါ်ကြတာပေါ့..."

မြေလျှိုးမိစ္ဆာအိုကြီးသည် လက်ဝါးချင်းပွတ်ကာ ပြောလိုက်သည်။ သူသည် လေလံအိမ်မှ ပျိုးထောင်ပေးထားသူတစ်ယောက်အနေဖြင့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွတ်ခံမည် မဟုတ်ပေ။

လေလံဆွဲသော နည်းလမ်းကို အသုံးပြုပြီး တတ်နိုင်သမျှ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံးများကို ညှစ်ထုတ်ယူရန် ကြံရွယ်ထားခြင်း ဖြစ်သည်။

အမှောင်နတ်ဘုရားငယ်၏ ခန္ဓာကိုယ်သည် မည်းနက်သော အရိပ်တစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားပြီး ရှီမင်၏ ဘေးပတ်လည်တွင် အကြိမ်ကြိမ် ဝဲပျံနေသည်။

မိမိနှင့် ယှဉ်ပြိုင်ရဲသူသည် မည်မျှအစွမ်းအစရှိသူနည်းဟု အကဲခတ်နေသည့်ပုံပေါ်နေလေသည်။

တစ်ဖက်ရှိ ရှီမင်သည် သူ့ကို လုံးဝ ဂရုမစိုက်ဘဲနေ၏။ ထိုအတုန့်ပြန်မှုသည် အစဉ်အမြဲဝင့်ကြွားနေလေ့ရှိသော အမှောင်နတ်ဘုရားငယ်ကို ဒေါသထွက်သွားစေသည်။

သို့သော် ရှီမင်၏ နောက်ခံအင်အားကို မသိရှိသေးသဖြင့် မဆင်မခြင် လှုပ်ရှားရဲခြင်းမရှိပေ။ ထို့ပြင် ဤနေရာသည် ကျောက်လေလံအိမ်၏ နယ်မြေဖြစ်သဖြင့် ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုများကို တင်းကျပ်စွာ တားမြစ်ထားသည်။

စည်းကမ်းဖောက်ဖျက်ပါက ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးသည် ငြိမ်နေမည် မဟုတ်ချေ။

ထို့ကြောင့် အမှောင်နတ်ဘုရားငယ်သည် သူ၏ မူလနေရာသို့ ပြန်သွားလိုက်သည်။

"အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၃၀၀..."

သူသည် အေးစက်စွာ ပြောလိုက်ကာ လက်ကို ဝှေ့ယမ်းပြီး နောက်ထပ် ကျောက်တုံး ၁၉၀ ကို ထပ်မံ ပစ်ပေးလိုက်သည်။

သူသည် မဟာအမှောင်နတ်ဘုရား၏ အမွေအနှစ်ကို ဆက်ခံထားရသူ ဖြစ်သော်လည်း ဤကျောက်တုံး ၃၀၀ ဟူသော ဈေးနှုန်းသည် သူ့အတွက် အသည်းနှလုံးကို လှီးဖြတ်လိုက်သကဲ့သို့ နာကျင်စေသည်။

မဟာအမှောင်နတ်ဘုရား ချန်ထားရစ်ခဲ့သော ပိုင်ဆိုင်မှုများမှာ ရေတွက်၍ မကုန်နိုင်အောင် များပြားသော်လည်း အများစုသည် ဆက်ခံသူ၏ စွမ်းအား အဆင့်တစ်ခုသို့ ရောက်ရှိမှသာ ပွင့်လာမည့်အရာများ ဖြစ်သည်။ လက်ရှိအချိန်တွင် အမှောင်နတ်ဘုရားငယ် လက်ဝယ်ပိုင်ဆိုင်ထားသည်မှာ စုစုပေါင်း အမွေအနှစ်၏ ဆယ်ပုံတစ်ပုံမျှသာ ရှိသေးသည်။

ယခု ကိစ္စသည် ဝင်ခွင့်လက်မှတ်တစ်ခု အတွက်သာ ဖြစ်သည်။

ဤကျောက်တုံး ၃၀၀ ရှိပါက ကျင့်ကြံမှုအဆင့် မဆိုးလှသော ရုပ်ရည်ချောမောသည့် မိန်းမော်မျိုးနွယ် အစေခံ တစ်အုပ်ကြီးကို ဝယ်ယူနိုင်ပေသည်။ ဤနေရာတွင် လာရောက်၍ လေလံဆွဲနေခြင်းမှာ အကျိုးမရှိလှပေ။

သို့သော် အမှောင်နတ်ဘုရားငယ်သည် ဈေးနှုန်းကို ၃၀၀ အထိ တိုးမြှင့်လိုက်ပြီ ဖြစ်ရာ ဤကိစ္စပြီးသည် ဖြစ်စေ၊ မပြီးသည် ဖြစ်စေ ရန်ငြိုးဖွဲ့လိုက်ပြီ ဖြစ်သည်။

ရှီမင်သည် တည်ငြိမ်စွာဖြင့်ပင် ရှိနေဆဲ ဖြစ်သည်။

"ရှောင်မို... အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၅၀၀ထုတ်ပေးလိုက်..."

သူ၏ အနောက်တွင် ရပ်နေသော ဆိတ်ချိုမိစ္ဆာကျုံးရှန်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ်ငယ်လေး တစ်လုံးသည် မြေလျှိုးမိစ္ဆာအိုကြီး၏ လက်ထဲသို့ ကျရောက်သွားသည်။

မြေလျှိုးမိစ္ဆာအိုကြီးသည် သိုလှောင်အိတ်ကို လှမ်းဖမ်းလိုက်ပြီး အတွင်းထဲသို့ အာရုံခံကြည့်လိုက်ရာ ချက်ချင်းပင် ပါးစပ်စေ့မရအောင် ပြုံးဖြီးသွားတော့သည်။

"ဒီဘက်က အရှင်သခင်က အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၅၀၀ ပေးလိုက်ပါပြီ..."

"အမှောင်နတ်ဘုရားငယ်... ထပ်လိုက်ဦးမလား..."

အမှောင်နတ်ဘုရားငယ် ကြောင်အသွားကာအမှောင်ထု လွှမ်းခြုံထားသော သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ဒေါသကြောင့် သူ၏ အရှိန်အဝါကိုပင် မထိန်းချုပ်နိုင်တော့ပေ။

ရုတ်တရက်ကြီးမားကျယ်ပြန့်သော အမှောင်ထုကြီးသည် ရွှံ့နွံမိစ္ဆာမြို့တော်ပေါ်သို့ ဆင်းသက်လာကာ အရာအားလုံးကို ဝါးမြိုပစ်မည့် ချောက်နက်ကြီး၏ ပါးစပ်ပေါက်သဖွယ် ဖြစ်နေသည်။

ဤအမှောင်ထုကြီးသာ အမှန်တကယ်ဆင်းသက်လာပါက မြို့ထဲရှိ အရာအားလုံးသည် အမှောင်ထု၏ ဝါးမြိုခြင်းကို ခံရပြီး အမှောင်ထု၏ အစိတ်အပိုင်းများ ဖြစ်သွားကြပေလိမ့်မည်။

"ဟမ့်... ရွှံ့နွံမိစ္ဆာမြို့တော်မှာ ပြဿနာရှာရဲတယ်ပေါ့... သေချင်နေကြတာပဲ..."

ထိုအချိန်တွင် ကြမ်းတမ်းအက်ကွဲသော အသံကြီးတစ်သံသည် မြို့တော်တစ်ခုလုံးကို ဟိန်းထွက်သွားသည်။

ရုတ်တရက် မြို့လယ်ခေါင်တွင် ကြီးမားသော လေဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီး ကောင်းကင်မှ ဆင်းသက်လာတော့မည့် အမှောင်ထု အားလုံးကို စုပ်ယူပစ်လိုက်သည်။

ထိုအမှောင်ထုသည် အသန့်စင်ဆုံးသော အမှောင်စွမ်းအင်များ ဖြစ်ကြသော်လည်း လေဝဲကြီးသည် ချက်ချင်း စုပ်ယူဝါးမြိုပစ်လိုက်နိုင်လေသည်။

"ပထမဆုံးအကြိမ်မို့လို့ ခွင့်လွှတ်ပေးလိုက်မယ်... နောက်တစ်ခါ ထပ်လုပ်ရင် မဟာအမှောင်နတ်ဘုရား ကိုယ်တိုင်ရောက်လာရင်တောင် မင်းကို ငါဝါးမြိုပစ်မယ်..."

ထိုအသံကို ကြားလိုက်ရသဖြင့် အမှောင်နတ်ဘုရားငယ် ထိတ်လန့်တုန်လှုပ်သွားသည်။

ဤသည်မှာ ရွှံ့နွံမိစ္ဆာမြို့တော်၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီး ဖြစ်ပြီးရွှံ့နွံမိစ္ဆာမျိုးနွယ်စု တစ်ခုလုံး၏ ခေါင်းဆောင်လည်း ဖြစ်သည်။

သူ၏ စွမ်းအားသည် ငရဲဘုံကမ္ဘာကြီး၏ ထိပ်ဆုံးအဆင့်ဖြစ်သော အဆင့် ၃ အစစ်အမှန်မိစ္ဆာနတ်ဘုရား အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်သည်။

ရွှံ့နွံမိစ္ဆာများသည် နေရာအနှံ့အပြားတွင် ပျံ့နှံ့နေထိုင်ကြပြီး သီအိုရီအရ မည်သည့် ရွှံ့နွံအိုင်တွင်မဆို မွေးဖွားလာနိုင်ကြသည်။

သို့သော် ငရဲဘုံ ကိုးထပ်၏ ပင်မကမ္ဘာများထဲမှ စတုတ္ထအထပ် ကုန်းမြေတိုက်တွင်သာ ရွှံ့နွံမိစ္ဆာများ သီးသန့်ပိုင်ဆိုင်သော ကမ္ဘာတစ်ခု ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးက ဤနေရာတွင် ထိုင်ပြီး စီမံအုပ်ချုပ်နေခြင်းသည် အံ့သြစရာ မဟုတ်ပေ။

အမှောင်နတ်ဘုရားငယ်၏ ဒေါသအလျောက် အမှောင်စွမ်းအင်များကို မတော်တဆ ထုတ်ဖော်မိလိုက်ခြင်းသည်ပျားအုံကို တုတ်နှင့် ထိုးမိလိုက်သလို ဖြစ်သွားသည်။

ကံကောင်းထောက်မစွာဖြင့် ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးက အပြစ်မယူဘဲ ခွင့်လွှတ်လိုက်သဖြင့်သာ ဖြေသာသွားလေသည်။ သို့မဟုတ်ပါက ယနေ့တွင် သူသည် သေဒဏ်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

"ဒီစတုတ္ထအဆင့် နေရာကို ငါ မယူတော့ဘူး... သွားမယ်..."

အမှောင်နတ်ဘုရားငယ်သည် လက်ကို ဝှေ့ယမ်းကာ သူထုတ်ပေးထားသော အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံးများကို ပြန်လည်သိမ်းယူလိုက်ပြီး နောက်လိုက်များနှင့်အတူ ချက်ချင်း ထွက်ခွာသွားလေသည်။

တတိယအဆင့် နေရာကိုမူ မည်သည့် မြေလျှိုးမိစ္ဆာဆီမှာမဆို ဝယ်ယူနိုင်သဖြင့် ဤနေရာတွင် ဆက်လက်ပြီး အရှက်ကွဲခံနေစရာ အကြောင်းမရှိတော့ပေ။

မြေလျှိုးမိစ္ဆာအိုကြီးသည် ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီး ကိုယ်တိုင် ဝင်ရောက်စွက်ဖက်သည်ကို တွေ့လိုက်ရသဖြင့် စိုးရိမ်စိတ် ဝင်သွားသည်။

သို့သော် အရှင်သခင်ကြီးသည် အမှောင်ထုကို ဝါးမြိုပြီးနောက် မည်သည့်စကားမျှ ထပ်မဆိုတော့ပေ။

ဆိုလိုသည်မှာ မြေလျှိုးမိစ္ဆာအိုကြီး၏ ဘေးပေါက်ဝင်ငွေရှာခြင်းနှင့် ဈေးပြိုင်ခေါ်ခြင်း ကိစ္စကို မျက်ကွယ်ပြုထားခြင်း ဖြစ်နိုင်သည်။ ကျောက်ဘူးလေလံအိမ်သည် နေ့စဉ် ရွှေအိုးကြီးများ ဝင်နေသော နေရာဖြစ်သည်။

လေလံပွဲတိုင်း ရောင်းချရသော ဝင်ခွင့်လက်မှတ်ခ တစ်ခုတည်းကပင် ကြီးမားသော ပမာဏ ဖြစ်ရာပစ္စည်းရောင်းချမှုမှ အမြတ်အစွန်းသည်အနည်းငယ်သာဖြစ်၏။

လေလံပွဲ အကြိမ်ရေ နှစ်သောင်းကျော် ကျင်းပခဲ့ပြီး ဖြစ်သဖြင့် ကျောက်လေလံအိမ်၌စုဆောင်းမိသော ပိုင်ဆိုင်မှုနှင့် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ပမာဏကို တွေးကြည့်ရန်ပင် ခက်ခဲလှသည်။

ထို့ကြောင့် ယခုရရှိသော ကျောက်တုံး ရာဂဏန်းလောက်ကို အရှင်သခင်ကြီးအနေဖြင့် မျက်လုံးထဲပင် ထည့်မည် မဟုတ်ပေ။

မြေလျှိုးမိစ္ဆာအိုကြီးသည် အကျိုးအမြတ် လုံလောက်စွာ ရရှိသွားပြီ ဖြစ်သဖြင့် ရှီမင်တို့ကို ကြည့်သောအခါ သူ၏ အမူအရာသည် ယခင်ကထက် ပိုမို ရိုကျိုးလာကာထပ်မံ၍ ဈေးခေါ်ခြင်းများ မလုပ်တော့ပေ။

သူသည် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၅၀၀ ကို အိတ်ကပ်ထဲသို့ အလျင်အမြန် ထည့်လိုက်ပြီး တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်ကာ ရှီမင်၏ လက်ထဲသို့ ရိုသေစွာ ထည့်ပေးလိုက်သည်။

"အရှင်... ဒါက စတုတ္ထအဆင့် ဝင်ခွင့်တံဆိပ်ပြားဖြစ်ပြီး...သီးသန့် ဘုံကမ္ဘာကို ဖွင့်လှစ်နိုင်တဲ့ သော့လည်း ဖြစ်ပါတယ်..."

"အရှင်တို့ အခုပဲ ဒီတံဆိပ်ပြားကို ကိုင်ပြီး ကြိုတင်ဝင်ရောက်နိုင်ပါတယ်... ဘုံကမ္ဘာထဲမှာ အရှင်တို့ကို ပြုစုဖို့ သီးသန့် အစေခံတွေ ရှိပါတယ်... ခဏနေရင် ဒီတစ်ခေါက် လေလံပွဲရဲ့ အသေးစိတ် စာရင်း ရောက်လာပါလိမ့်မယ်..."

"အဲဒီစာရင်းထဲမှာ လေလံပစ္စည်းတွေရဲ့ မိတ်ဆက်နဲ့ ကြမ်းခင်းဈေးတွေ ပါဝင်မှာပါ..."

ရှီမင်သည် ခေါင်းငြိမ့်ပြလိုက်ပြီး ဘာမျှ ထပ်မပြောတော့ဘဲ တံဆိပ်ပြားကို ယူကာ ပေါ့ပေါ့ပါးပါးပင်ထွက်ခွာသွားသည်။

စစ်မှန်သော မိစ္ဆာနတ်ဘုရားများတွင်ပင် ပိုင်ဆိုင်မှု အနည်းအများ ကွာခြားချက်ရှိကြသည်။ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၅၀၀ ဆိုသည်မှာ သာမန် စစ်မှန်သော မိစ္ဆာနတ်ဘုရားတစ်ပါးပင် ထုတ်ပေးနိုင်ရန် မသေချာသော ပမာဏပင်ဖြစ်သည်။

ထို့သို့တွေးမိသောအခါ လီလီဗီ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသော တုန်လှုပ်မှုကို စကားဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။

ရှီမင်၏ စိတ်ထဲတွင်လည်း ကျေနပ်အားရမှုများ ပြည့်နှက်နေသည်။ သူ၏ သခင်သည် အရာရာကို တတ်စွမ်းနိုင်သော ကြီးမြတ်သူတစ်ဦး ဖြစ်ကြောင်း သိထားသော်လည်း ဤတစ်ကြိမ်တွင်မူ သူ့ကိုပါ တုန်လှုပ်သွားစေခဲ့သည်။

သူ့သခင်သည် အရာရာကို တတ်စွမ်းနိုင်သူဟူသော စကားလုံးထက် နက်နဲ၍ ခန့်မှန်းရခက်သူ ဟူသော စကားလုံးနှင့် ပိုမို ကိုက်ညီပေသည်။

အစောပိုင်းက ဈေးပြိုင်ခေါ်နေစဉ် အချိန်တွင် သူသည်လည်း စိုးရိမ်ပူပန်နေခဲ့မိသည်။

သို့သော် ကျုံးရှန်သည် မူလနတ်ဘုရားသန္ဓေသားမှတစ်ဆင့် ပုံရိပ်တစ်ခုကို ပြသလိုက်မှသာ စိတ်အေးသွားရသည်။

ထိုပုံရိပ်သည် ပေတစ်သောင်းမြင့်မားသော တောင်ကြီးတစ်လုံး ဖြစ်ပြီး တိတိကျကျ ပြောရလျှင် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံးများဖြင့် တည်ဆောက်ထားသော တောင်ကြီးတစ်လုံး ပင်ဖြစ်သည်။

ဤပိုင်ဆိုင်မှု ပမာဏသည် ငရဲဘုံတွင် ထိပ်တန်းအဆင့် ဖြစ်နေပြီဖြစ်၏။

အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၅၀၀ သည် အခြားမိစ္ဆာများအတွက် ကြီးမားသော ပိုင်ဆိုင်မှု ဖြစ်သော်လည်း သူ့သခင်အတွက်မူကား သဲကန္တာရထဲမှ သဲတစ်ပွင့်မျှသာ ဖြစ်သည်။

ဤသည်မှာ ရှီမင်အား ရွှေကို ရေလို သုံးရခြင်း၏ အရသာကို နားလည်သဘောပေါက်သွားစေခဲ့သည်။

All Chapters