← Chapters

အခန်း (၁၅၈၂-၁၅၈၄)

Vol. 106 Ch. 1582-1584

အခန်း (၁၅၈၂-၁၅၈၄)

Vol. 106 Ch. 1582-1584

အခန်း(၁၅၈၂) ဧကရာဇ်မြို့တော်ကို နှိမ်နင်းခြင်း

ချူးဟုန်ချိုင် ဝမ်းနည်းစွာ ငိုကြွေးလိုက်သည်။ ယခုတစ်ကြိမ်ကမူကွဲပြားသည်။ ပြီးခဲ့သည့်တစ်ကြိမ်တွင် ဝေ့ဝူကျီက သူတို့ကို ကယ်တင်ခဲ့သောကြောင့် ကြီးမားသော ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ရသော်လည်း အဆင်ပြေခဲ့သည်။ ယခုတစ်ကြိမ်တွင် ချူးမိသားစုတစ်ခုလုံးကို ကွပ်မျက်ခဲ့ပြီး သူတစ်ဦးတည်းသာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ချူးဟုန်ချိုင်သည် သူ၏ကိုယ်ပိုင်အစောင့်များ၏ကာကွယ်မှုအောက်တွင်သာ အသက်ဘေးမှလွတ်မြောက်နိုင်ခဲ့သည်။ ထိုအချိန်က ရှန်ဖေးယွင်သည် ဤသန်းပေါင်းများစွာသောတပ်မတော်ကို ဂရုမစိုက်ဘဲ ၎င်းတို့ကို လွှတ်ပေးခဲ့သည်။ အဆုံးစွန်အားဖြင့် လူတိုင်းသည် လက်ထဲတွင် နျူကလီးယားဗုံးကိုင်ဆောင်ထားသော ချူးယွင်ဖန်းကဲ့သို့ မဟုတ်ပေ။ စစ်သားတစ်သန်းရှိသော တပ်မတော်ကို ဖျက်ဆီးခြင်းနှင့် စစ်သားတစ်သန်းရှိသော တပ်မတော်ကို သတ်ခြင်းသည် ကွဲပြားသောအရာနှစ်ခုဖြစ်သည်။

လူထောင်ပေါင်းများစွာဆဆိုသည်မှာ သန်းပေါင်းများစွာသော လူတွေများ၏ လှိုင်းလုံးတစ်ခုဖြစ်သည်။ ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်တစ်ခုက ဤလူအားလုံးကို သတ်ချင်သည်ဆိုလျှင်ပင် အလွန် ခက်ခဲပေလိမ့်မည်။ ထိုကဲ့သို့အခြေအနေ၌ ချူးဟုန်ချိုင်ထွက်ပြေးနိုင်ခဲ့သော်လည်း မြို့တော်သို့ပြန်မရောက်ခင်၌ပင် ချူးမျိုးနွယ်စုတစ်ခုလုံးကွပ်မျက်ခံလိုက်ရရကြောင်း ကြားလိုက်ရသည်။ ထို့ကြောင့် သူသည် မြို့တ်ောသို့ ပြန်မသွားရဲခဲ့ပေ။

ယင်းအစား သူသည် ဤလျှို့ဝှက်ချိုင့်ဝှမ်းသို့ ရောက်ရှိလာခဲ့သည်။ ဧကရာဇ်နန်းတော်မှ စစ်ဆေးမေးမြန်းခံရပြီး အသတ်ခံရလုနီးပါးဖြစ်ပြီးနောက် ချူးမိသားစုသည် သတိထားနေခဲ့သည်။ ဝေ့ဝူကျီသည် ချူးမိသားစုအပေါ် အလွန်ယုံကြည်မှုရှိသော်လည်း သူ၏အတွေးများကို မည်သူမျှ အမှန်တကယ်မသိရှိခဲ့ကြပါ၊ အနာဂတ်ဧကရာဇ်က ချူးမိသားစုကို ထိုမျှလောက် မယုံကြည်နိုင်ကြောင်းကို ထည့်တွက်ရန်ပင်မလိုပေ။ ဆိုရိုးစကားအရ လိမ္မာပါးနပ်သော ယုန်တစ်ကောင်တွင် တွင်းသုံးတွင်းရှိသည်။ ထို့ကြောင့် ချူးမိသားစုသည် ဤတောအုပ်ထဲတွင် လျှို့ဝှက်စခန်းတစ်ခု တည်ထောင်ခဲ့သည်။ အပြင်ဘက်မှ မြင်ရန်ခက်ခဲသည်။

ချူးဟုန်ချိုင်က ချူးယွင်ဖန်းထံ မက်ဆေ့ချ်ပို့ပြီးနောက် ချူးယွင်ဖန်းပြန်လာသည်နှင့်သူ့ကိုရှာရန် ဤနေရာသို့လာမည်ကို သိသောကြောင့် ချူးယွင်ဖန်းကိုစောင့်နေရန် လျို့ဝှက်စခန်းသို့ ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း သူသည် ဤနေရာ၌ ချူးယွင်ဖန်းနှင့် တွေ့ဆုံခဲ့သည်။

"အရမ်းဝမ်းနည်းစရာကောင်းတာပဲ အစ်ကိုဖန်း ကျွန်တော် အသုံးမကျဘူး။ အဝေးကနေပဲ ကြည့်ရဲတယ်။ လူတိုင်းရဲ့ခေါင်းတွေကို မြို့ရိုးမှာ ချိတ်ဆွဲထားတယ်။" ချူးဟုန်ချိုင်၏ ပါးပြင်မှ မျက်ရည်တို့ ကျဆင်းလာသည်။

နှစ်အနည်းငယ်အတွင်း၌ပင် ချူးယွင်ဖန်းနှင့် ပထမဆုံးတွေ့ဆုံချိန်က ချူးဟုန်ချိုင်သည် ငယ်ရွယ်သော ကောင်လေးတစ်ယောက်မှ ခိုင်မာပြတ်သားသော လူငယ်တစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့သည်။ သူ၏ ကျင့်ကြံမှုက နတ်အဆင့်အစောပိုင်း အထွတ်အထိပ်ကို ရောက်ရှိခဲ့သည်။ သူ၏ တိုးတက်မှုက နှေးကွေးခြင်းမဟုတ်ပေ။ ချူးယွင်ဖန်း၏ လမ်းညွှန်မှုအပြင် ပိုအရေးကြီးသည်က ချူးမိသားစုက

ဝေ့ဝူကျီကြောင့် မိုးတိမ်များကို ဖြတ်ကျော်ကာ မြင့်တက်လာခြင်းဖြစ်သည်။

ချူးဟုန်ချိုင်သည် အရင်ကထက် အဆတစ်ရာ သို့မဟုတ် ထောင်ချီသော အရင်းအမြစ်များကို ခံစားနိုင်သည်။

အဆုံးတွင်မူ ကျင့်ကြံခြင်းဆိုသည်မှာ အရင်းအမြစ်များစုဆောင်းသည် လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။ ၎င်းတို့တွင် အရည်အချင်းနှင့် အရင်းအမြစ်များ တူညီသည့်အခြေအနေ၌ ၎င်းတို့၏ ကျင့်ကြံမှုအမြန်နှုန်းကို တစ်ပြိုင်နက်တည်း ပြော၍ မရတော့ပေ။ သို့သော် ယခု သူဆက်၍ မထိန်းထားနိုင်တော့ဘဲ ချူးယွင်ဖန်းရှေ့၌ ငိုကြွေးလိုက်တော့သည်။

"ငါ အသုံးမဝင်ဘူး အသုံးမဝင်ဘူး။ လူတိုင်းသေဆုံးသွားတာကို ငါကြည့်နေရုံပဲ တတ်နိုင်တယ်" ချူးဟုန်ချိုင် ငိုကြွေးလိုက်သည်။

"မင်းဘာလို့ငိုနေတာလဲ" ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။

"မင်းရဲ့မျက်ရည်တွေကိုသုတ်ပြီး ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားတွေလို့ထင်နေတဲ့ ဒီလူတွေအားလုံးကို သတ်ပစ်ရမယ်"

ချူးယွင်ဖန်း ဒေါသတကြီး တောက်လောင်နေသည်။ သူသည် ဤလူများ၏ နောက်ခံကို ဂရုမစိုက်တော့ပေ။ တစ်ဖက်လူက သူ့ကို လာရှာနေသည်မှာ ထင်ရှားနေသောကြောင့် သူသည် ကြောက်တတ်သူ မဟုတ်ပေ။ သူ့တွင် နျူကလီးယားဗုံးများ ရှိနေဆဲဖြစ်သောကြောင့် သူသည် ကြောက်ရွံ့ခြင်း မရှိပေ။

"ရှန်ဖေးယွင်ရဲ့ ခေါင်းကို မင်းကိုယ်တိုင် လက်နဲ့ ဖြတ်ခွင့်ပြုမယ်လို့ ငါကတိပေးတယ်" ချူးယွင်ဖန်းက အေးစက်စက်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုဖန်း" ချူးဟုန်ချိုင်သည် မျက်ရည်များကို သုတ်လိုက်သည်။

ချူးမိသားစုတွင် သူနှင့် ချူးယွင်ဖန်းတို့သာ ကျန်ရှိတော့သည်ဆိုသည်ကို သူသိသည်။ ချူးယွမ်ဖန်သည် ထူးခြားသောသူတစ်ယောက်ဖြစ်လာရန် ကံကြမ္မာရှိ၍ ဤလောကတွင် ကြာရှည်စွာ မနေနိုင်ပေ။ ယခုမှစ၍ ချူးမိသားစုသည် ကြီးပွားတိုးတက်ရန် သူ့အပေါ်တွင်သာ မှီခိုအားထားနိုင်တော့သည်။

"မင်းက ကလေးမဟုတ်တော့ဘူး။ ချူးမိသားစု ပြန်ရှင်သန်လာဖို့က မင်းအပေါ်မှာ မူတည်လိမ့်မယ်" ချူးယွင်ဖန်းက ပြောသည်။

"ဟုတ်ကဲ့၊ အစ်ကိုဖန်း" ချူးဟုန်ချိုင် ခေါင်းညိတ်လိုက်သည်။

"တစ်ဖက်လူက ဘယ်သူပဲဖြစ်ဖြစ်၊ ငါသူတို့ကို ပေးဆပ်စေမယ်လို့ ကတိပေးပါတယ်" ချူးယွင်ဖန်းက အံကြိတ်လိုက်သည်။

"အင်ပါယာမြို့တော်ကို သွားကြရအောင်။ သူဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါသွားကြည့်ချင်တယ်"

ချူးယွင်ဖန်းနှင့် ချူးဟုန်ချိုင်တို့သည် နန်းတော်သို့ ဦးတည်ပျံသန်းခဲ့ကြသည်။ ချူးယွင်ဖန်းသည် အလွန်မြန်ဆန်သည်။ နှစ်နာရီအတွင်းတွင်ပင် သူသည် နန်းတော်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကြီးမားသောတိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရသော ဧကရာဇ်မြို့တော်သည် ယခင်ကြွယ်ဝချမ်းသာမှုကို ပြန်လည်ရရှိခဲ့သည်။ သန်းနှင့်ချီသောတပ်မတော် ရှုံးနိမ့်ခဲ့သော်လည်း ထိခိုက်ကျဆုံးမှုမှာ သိန်းဂဏန်းအနည်းငယ်သာရှိသည်။ တဝေ၏ ဧကရာဇ်မြို့တော်သည် ဝိုင်းရံတိုက်ခိုက်မှုကို မကြုံတွေ့ရဘဲ လက်နက်ချခဲ့သည်။

ရှန်ဖေးယွင်၏ ဖိအားအောက်တွင် တဝေပြည်ကြီးတစ်ခုလုံးက ချူးယွင်ဖန်းကို ဦးညွတ်ခဲ့သကဲ့သို့ပင် ခေါင်းငုံ့ထားခဲ့ကြသည်။ အစွမ်းအစနှင့် ရင်ဆိုင်ရသောအခါ နိုင်ငံတစ်နိုင်ငံပင် ခေါင်းငုံ့ထားရသည်။ ဤကမ္ဘာက သိုင်းပညာ၏ အထွတ်အထိပ်အချိနဖြစ်သ်ည။ ပြည်ထောင်စုတွင်သာဆိုပါက မည်သည့် အာဏာရှင်မျှ ဤသို့ ရဲရဲဝံဝံ့မလုပ်ရဲပေ။

အာဏာအရှိဆုံးက ပြည်ထောင်စုအစိုးရဖြစ်သည်။ ၎င်းတို့သည် စွမ်းအားကြီးနတ်ဘုရားများကို ဖမ်းဆီး၍

ဧရာမသတ္တဝါကြီးကို အမြစ်ပြတ် ဖြုတ်ချနိုင်သည်။ မည်သူမျှ ပြည်ထောင်စု၏ အာဏာကိုရင်ဆိုင်ရဲခြင်းမရှိပေ။ ဤသည်က သာမန်လူများ၏‌ရွှေခေတ်ဖြစ်သည်။ ကျင့်ကြံသူများ မည်မျှပင် သြဇာအာဏာ ကြီးမားစေကာမူ ၎င်းတို့က ဥပဒေအောက်၌ ရှိနေရမည်။

ဒေါသနှင့်ပြည့်နှက်နေသော ဟိန်းဟောက်သံတစ်ခုသည် ဧကရာဇ်မြို့တော်ထက်တွင် ပေါက်ကွဲသွားသည်။

ခဏတာအတွင်း၌ ပုံရိပ်များ တစ်ခုပြီးတစ်ခု ပျံသန်နးလာကာ ကောင်းကင်သို့မော့ကြည့်လိုက်ကြသည်။ မည်သူဖြစ်ကြောင်း မြင်လိုက်ရချိန်၌ ချက်ချင်းကြောက်လန့်သွားကြသည်။ လေထဲတွင် ပျံသန်းနေသော လူနှစ်‌ေယောက်သည် ချူးဟုန်ချိုင်းနှင့် ချူးယွင်ဖန်းတို့ပင်ဖြစ်သည်။

ချူးယွင်ဖန်းသည် နှစ်ပေါင်းများစွာ စွမ်းအားများစွာ စုဆောင်းခဲ့သည်။ ရှန်ဖေးယွင်က သူ၏ ကျင့်ကြံမှုသည် အလွန်ကြောက်စရာကောင်းကြောင်း သက်သေပြခဲ့သော်လည်း ယခုအချိန်တွင် သူသည် ချူးယွင်ဖန်းကဲ့သို့ ကြောက်စရာကောင်းခြင်း မရှိပေ။

"သူပြန်လာပြီ။ သူတကယ်ပြန်လာတာပဲ”

"ဟုတ်တယ်။ ချူးယွင်ဖန်းရဲ့ စရိုက်နဲ့ဆိုရင် သူ ဒါကို အလွှတ်ပေးမှာမဟုတ်ဘူး။"

"မုန်တိုင်းတစ်ခု လာတော့မယ်”

"ဒါဆို ချူးယွင်ဖန်းက ရှန်ဖေးယွင်ကို အနိုင်ယူလိုက်ရင်ရော၊ တရှကနေ ကျွမ်းကျင်သူတွေ အရမ်းများလွန်းတယ်။ သူတစ်ယောက်တည်း သူတို့အားလုံးကို တိုက်ထုတ်လို့မရဘူး။"

ခဏတာအတွင်း လူတိုင်းက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ လူတိုင်းသည် ချူးယွင်ဖန်းနှင့် ချူးဟုန်ချိုင်ထံမှ ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ခံစားမိကြသည်။ ချူးဟုန်ချိုင်ဖြစ်လျှင် ကိစ္စမရှိသော်လည်း လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေသည်မှာ ချူးယွင်ဖန်း၏ အစွမ်းသတ္တိဖြစ်သည်။ သူ့ကို လျှော့တွက်ဝံ့ခြင်း မရှိပေ။

ဤအချိန်တွင်၊ ဧကရာဇ်မြို့တော်၏ အနက်ရှိုင်းဆုံးနေရာရှိ နန်းတော်တစ်ခုတွင်၊ တန်ဖိုးကြီးဝတ်စုံများဝတ်ဆင်ထားသော လူငယ်တစ်စုသည် စကားစမြည်ပြောဆိုကာ ရယ်မောနေကြသည်။

အခန်း(၁၅၈၃) မင်းခေါင်းကို ငါယူမယ်

ဤလူငယ်များသည် တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားကြသည်။ သူတို့တစ်ဦးစီသည် ယောက်ျားများကြားတွင် နဂါးများနှင့် ဖီးနစ်ငှက်များကဲ့သို့ ဂုဏ်သိက္ခာရှိကာ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များသည် မယုံနိုင်လောက်အောင် မြင့်မားသည်။ ဤလူများအပြင် လက်ရှိ တဝေဧကရာဇ် ဝေ့ရှင်းပန်လည်း သူတို့အား အစေခံအဖြစ် အမှုထမ်းနေသည်။ အခြားသူများက ၎င်းကိုမြင်လျှင် အံ့အားသင့်သွားကြမည်ဖြစ်သည်။

"ဒါက နယ်ခံတွေရဲ့ ကမ္ဘာတစ်ခုပါပဲ။ မိုးကြိုးခရမ်းဓားဂိုဏ်းမပါရင် ကျန်တာ နယ်ခံသာမန်လူတစ်စုပဲ”

အစိမ်းရောင်ဝတ်ထားသည့် ပိန်ပိန်ပါးပါးနှင့် ချောမောသော နောက်ထပ်လူငယ်တစ်ဦးကပြောသည်။

"မှန်တယ် သူတို့က အမှိုက်တစ်စုပဲ။ မိုးကြိုးခရမ်းဓားဂိုဏ်းမှာရှိတဲ့ နတ်ဆိုးတွေက အတော်လေး အစွမ်းထက်တယ်လို့ ကြားတယ်။ ငါ နတ်ဆိုးတချို့ကို သွားသတ်လိုက်ဦးမယ်" မာနထောင်လွှားသော မျက်နှာနှင့် တခြားလူငယ်တစ်ယောက်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ဤလူများသည် မိုးကြိုးခရမ်းဓားဂိုဏ်းအကြောင်း ရဲရဲဝံ့ဝံ့ဆွေးနွေးကာ အထင်သေးနေကြသည်။ ဝေ့ရှင်းပန်ကိုပင် အသိအမှတ်မပြုကြပေ။ ဝေ့ရှင်းပန်၏ မျက်နှာအမူအရာက မိုးကြိုးခရမ်းဓားနယ်မြေ၏ နယ်ခံမဟုတ်သကဲ့သို့ မပြောင်းလဲဘဲရှိနေသည်။ ဤလိမ္မာပါးနပ်မှုတစ်ခုတည်းနှင့်ပင် သူသည် တော်ဝင်မိသားစုတွင် မွေးဖွားလာသည်ကို ပြနေသည်။

"ဒါပေမယ့် အရေးကြီးဆုံးက မိုးကြိုးခရမ်းဓားဂိုဏ်းရဲ့ အခြေစိုက်စခန်းကို ရှာဖို့ပဲ။ အထဲမှာ အဆင့်မြင့် အမွေအနှစ်တစ်ခု ရှိတယ်လို့ ကြားတယ်" မျက်နှာလေးထောင့်နှင့်လူငယ်က ပြောလိုက်သည်။

အခြားသူများက ယင်းကို ကြားသောအခါ ၎င်းတို့၏ မျက်လုံးများ တောက်ပသွားသည်။

၎င်းတို့သည် မိုးကြိုးခရမ်းဓားနယ်မြေ၏ နယ်ခံများကို ဂရုမစိုက်သော်လည်း မိုးကြိုးခရမ်းဓားနယ်မြေက အံ့မခန်းဖြစ်သည်ကို ဝန်ခံရပေမည်။ ဤလူများ လာရောက်လည်ပတ်ရသည့် ရည်ရွယ်ချက်က မိုးကြိုးခရမ်းဓားဂိုဏ်း၏ အမွေအနှစ်ကို ရယူရန်ဖြစ်သည်။ သာမန်အင်အားစုများက ဖော်ထုတ်ထားသည့် အမွေအနှစ်များသည် ၎င်းတို့ကို မျက်တောင်ပတ်မခတ်စေနိုင်ပေ။

"ငါတို့ရနိုင်ရင် ငါတို့ရဲ့ကျင့်ကြံမှုက သိသိသာသာတိုးတက်လာလိမ့်မယ်။ အကယ်၍ ငါတို့သာ ‌ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ကို ငါတို့ ဂိုဏ်းအသီးသီးရဲ့ လက်ရွေးစင်တွေဖြစ်လာနိုင်တယ်"

"ဟုတ်တယ်။ ဒါက မြို့ဝန်တွေက ငါတို့အတွက် တိုက်ခိုက်ပေးခဲ့တဲ့ အခွင့်အရေးတစ်ခုပဲ။ မဟုတ်ရင် တပ်မတော်က မိုးကြိုးခရမ်းဓားနယ်မြေအတားအဆီးကို ဖြတ်ကျော်ပြီး ကျွမ်းကျင်သူအများအပြား ဝင်ရောက်လာတဲ့အခါ ငါတို့ အစွမ်းသတ္တိကို ဘယ်လိုပြသနိုင်မှာလဲ။" ရှန်ဖေးယွင်က ကောင်းကင်ကနေ ပျံသန်းရင်း ကျယ်လောင်စွာ ပြောလိုက်သည်။

ဤလူများကိုကြည့်နေသော သူ့မျက်လုံးများသည် လင်းယုန်တစ်ကောင်၏ မျက်လုံးများနှင့်တူသည်။

"ငါတို့က မြို့ဝန်ဆီက အကျိုးကျေးဇူးတွေ ရထားတဲ့အတွက် သူ့အတွက် အလုပ်လုပ်ပေးရမယ်။ မြို့ဝန်က တရှရဲ့ အငယ်ဆုံးမြို့ဝန်မို့ သူ့ရဲ့အနာဂတ်ကလည်း အကန့်အသတ်မရှိပါဘူး။ သူ့ကို အနီးကပ်လိုက်နာမှသာ ဒီကြီးမားတဲ့ ပဋိပက္ခကမ္ဘာမှာ အကျိုးကျေးဇူးတွေ ပိုမိုရရှိအောင် ငါတို့ တိုက်ပွဲဝင်နိုင်မှာ”

"အစ်ကိုရှန် ဒါကို အစ်ကိုပြောစရာမလိုပါဘူး။ မြို့ဝန်လေးက သုညကစတင်ခဲ့ပြီး အခု သူ့လူတွေကို စုဆောင်းနေတာ။ ကျွန်တော်တို့က သူ့ကို မှီခိုပြီး သူ့အတွက် အလုပ်လုပ်ပေးနေပါတယ်။ အနာဂတ်မှာ မြို့ဝန်က မိုးတိမ်တွေပေါ် တက်လာပြီး ဘုရင်တစ်ပါး ဖြစ်လာဖို့ အခွင့်အရေး ရလာနိုင်ပါတယ်။ အဲ့ကျရင် ကျွန်တော်တို့လည်း နာမည်ကြီးလာမှာပါ။" ကြွက်သားသန်မာသော အမျိုးသားတစ်ယောက်က ခေါင်းညိတ်ပြလိုက်သည်။

"မင်း ဘယ်သူ့ကို အခွင့်ကောင်းယူနေလဲဆိုတာ မင်းသိတာ ကောင်းပါတယ်။ မြို့ဝန်က ချူးယွင်ဖန်း သတ်လိုက်တာကို လိုချင်နေတာဆိုတော့ မင်းတို့အားလုံး ကြိုးစားအားထုတ်သင့်တယ်။ အချိန်တန်ရင် အဲ့လူကို ငါ ဆေးလုံးတွေ ဆုချမယ်။ ပြီးရင် အဲ့လူက ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နိုင်လိမ့်မယ်" ရှန်ဖေးယွင်က ပြောသည်။

၎င်းတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ လူတိုင်း၏ မျက်နှာအမူအရာများကလည်း အလားတူစိတ်လှုပ်ရှားနေကြသည်။ ဤလူများကို

မိုးကြိုးခရမ်းဓားဂိုဏ်းတွင် အံ့မခန်းဟုပြော၍ရသော်လည်း ၎င်းတို့၏ ဂိုဏ်းအသီးသီးတါင်မူ အောင်မြင်မှုများစွာရခဲ့သည်ဟု မယူဆနိုင်ပေ။ ယခု မြို့ဝန်၏ ပေါင်ကို ဖက်ထားရုံဖြင့်ပင် လေကို စီး၍ မြင့်တက်လာမည့် မြို့တော်ကို ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။

တရှ၏ မြို့ဝန်မျိုးဆက်များကို ပြန်တွေးကြည့်ပါက ၎င်းတို့ တစ်ဦးစီသည် တောက်ပသော ကြယ်တစ်ပွင့်ဖြစ်လာကာ ၎င်းတို့နောက်သို့လိုက်လာသည့် လူအားလုံးက ကောင်းကင်ဘုံကို တက်သွားကြနိုင်သည်။ အထူးသဖြင့် အဓိကအဆင့်ကို ရောက်ရန်ခက်ခဲ့သည်။ ကံမကောင်းစွာဖြင့်

ဆယ်စုနှစ်သို့မဟုတ် ရာစုနှစ်နှင့်ချီ၍ပင် ကြာနိုင်သည်။

ထိုသို့ဆိုပါက ၎င်းတို့ ရှေ့ဆက် တက်လှမ်းရန် အခွင့်အရေးမရှိပေ။ တရှအတွက် အဓိက အဆင့်ကိုရောက်ရန်က ပုံမှန်ပင်ဖြစ်သည်။

ဤအချိန်၌ ဝေ့ရှင်းပန်၏ မျက်နှာအမူအရာများ မပြောင်းလဲသော်လည်း သူ့ရင်ထဲတွင် စူးစမ်းချင်စိတ်တစ်ခု ရှိနေသည်။ ဤမြို့ဝန်က မည်သို့သောလူမျိုးဖြစ်သနည်း။

ရှန်ဖေးယွင်က သူသိသမျှထဲတွင် ကြောက်စရာအကောင်းဆုံးသတ္တဝါဖြစ်သည်။

ချူးယွင်ဖန်း၏အောင်ပွဲကပင် ရှန်ဖေးယွင်ထက် များစွာ နိမ့်ကျသည်။ သို့သော် ယခု ထိုရှန်ဖေးယွင်က မြို့ဝန်အတွက်အလုပ်လုပ်နေကာ သူ့အပေါ် သစ္စာရှိချင်သည်ဟုပင်ပြောခဲ့သည်။

မည်သို့ထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုမျိုးဖြစ်သနည်း။ ဝေ့ရှင်းပန်က ယင်းကို စိတ်ပင်မကူးရဲပေ။

သို့သော် သူက စပ်စုချင်စိတ်ရှိသော်လည်း မပြရဲပေ။ ဤလူများ၏ အမြင်တွင် သူသည် လက်ညှိုးနှင့် ဖိချေ၍ရသော ပုရွက်ဆိတ်တစ်ကောင်ဖြစ်ကြောင်း သူသိသည်။ သူ့တွင် ရပ်တည်ချက်မရှိပေ။

"ရှန်ဖေးယွင်၊ ခွေးသူခိုး မင်းရဲ့အဖေက မင်းတို့ရဲ့ သနားစရာဘဝကို နှုတ်ယူဖို့ ရောက်လာပြီ”

ရုတ်တရက် ကျယ်လောင်သော အော်သံတစ်ခုသည် ဧကရာဇ် မြို့တော်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အထူးသဖြင့် ရှန်ဖေးယွင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ၏ မျက်နှာအမူအရာက အနည်းငယ်အရုပ်ဆိုးသော်လည်း ဝမ်းသာအားရဖြစ်သွားသည်။

သူက အဝေးမှ လူနှစ်ဦးကို လက်ညှိုးထိုးလိုက်သည်။

“ချူးယွင်ဖန်းက အဲ့ထဲက တစ်‌ယောက်လား”

"သူပဲ" ရှန်ဖေးယွင်က လှောင်ပြောင်လိုက်သည်။

"သူ့ခေါင်းကို ငါယူဖို့ အချိန်ကိုက်ပဲ"

ရှန်ဖေးယွင်က သိုက်ရှို့ဝမ်ကို လှမ်းကြည့်၍ ပြောလိုက်သည်။

“ကောင်းပြီ၊ သူ့ခေါင်းကို သွားယူလိုက်။ အချိန်တန်ရင် ငါမြို့ဝန်ကို အကြောင်းကြားလိုက်မယ်”

ရှန်ဖေးယွင်က စဉ်းစား၍ ဘာမှမလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ဂုဏ်ပုဒ်ကို ရရှိပြီးဖြစ်သောကြောင့် အထိခိုက်ခံမည်မဟုတ်ပေ။

"အိုကေ၊ ငါသူ့ခေါင်းကိုယူလိုက်မယ် ဟားဟား" သိုက်ရှို့ဝမ်က ရယ်လိုက်သည်။

သူ့ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲတွင်ရှိသော လူနှစ်ယောက်ဆီသို့ အပြေးအလွှားသွားလိုက်သည်။

ချူးဟုန်ချိုင် အော်ဟစ်ပြီးသည်နှင့် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု သူ့ဆီသို့ တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

မျက်နှာလေးထောင့်နှင့် လူငယ်တစ်ယောက် ခုန်ပေါက်လာသည်။။

"ချူးယွင်ဖန်း၊ မျောက်ကောင် ငါမင်းရဲ့အသက်ကိုယူသွားတာကိုကြည့်။ ငါ သိုက်ရှို့ဝမ် မင်းကိုသတ်ပစ်မယ်”

သိုက်ရှို့ဝမ်က ဟိန်းဟောက်၍ ချူးယွင်ဖန်းဆီသို့ နတ်ဘုရားတောင်ကဲ့သို့ အပြေးအလွှားသွားသည်။ ဤသည်မှာ သူ့ဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သည်။ ၎င်းကို တောင်ရွေ့လျားခြင်းပညာရပ်ဟုခေါ်သည်။ ၎င်းသည် လူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံးကို နတ်ဘုရားတောင်အဖြစ်သို့ ပြောင်းလဲပေးသည်။ လူတစ်ယောက်၏ ကျင့်ကြံမှု ပိုမိုအားကောင်းလေ၊ နည်းစနစ်သည် ပိုမိုအစွမ်းထက်လေဖြစ်သည်။

အခန်း(၁၅၈၄) လက်ညှိုးတစ်ချောင်းကြောင့်သေဆုံးခြင်း

လူတစ်ယောက်၏ ကျင့်ကြံမှုက အထွတ်အထိပ်ကို ရောက်သွားပါက ဧရာမတောင်ကြီးတစ်လုံး ပြိုကျသွားသကဲ့သို့ပင်ဖြစ်သည်။ ခုခံရန် နည်းလမ်းမရှိပေ။ သိုက်ရှို့ဝမ်၏ ကျင့်ကြံမှုက ထိုအဆင့်သို့ မရောက်သေးသော်လည်း အလွန် ထိတ်လန့်ဖွယ်ကောင်းသည်ဟု ပြော၍ရသည်။ လွှမ်းမိုးသွားသည့် အရှိန်အဝါက ချူးဟုန်ချိုင်ကို လှုပ်ရှားရန်မဆိုနှင့် အသက်ရှူရန်ပင် ခက်ခဲစေသည်။

"နောက်ထပ်ရွှေအမတေပြီးပြည့်စုံခြင်းတစ်ဝက်အဆင့်"

ချူးယွင်ဖန်းက တရှ၏ အစွမ်းသတ္တိက မိုးကြိုးခရမ်းဓားနယ်မြေထက် အမှန်ပင် သာလွန်သည်ဟု ထင်ခဲ့သည်။ မိုးကြိုးခရမ်းဓားနယ်မြေတွင် ခြေလှမ်းဝစ်ဝက် ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်

ရှားပါးသည်။ သို့သော် တရှ၏ ပညာရှင်များကြားတွင် ယင်းက ထူးဆန်းသည့်ကိစ္စမဟုတ်ပေ။ ထို့အပြင် အားအနည်းဆုံးက ရွှေအမတေပုံစံအဆင့်၏ အထွတ်အထိပ်၌ရှိနေကာ သာမန်လူများသည်မူ ခြေလှမ်းတစ်ဝက် ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်၌ ရှိနေကြသည်။ အစွမ်းသတ္တိအရ မိုးကြိုးခရမ်းဓားနယ်မြေ သို့မဟုတ် ပြည်ထောင်စုက ယှဉ်နိုင်သည့်အရာမဟုတ်ပေ။

ချူးဟုန်ချိုင်က သူ့ကိုယ်သူ အသက်ရှူကြပ်၍ သေတော့မည်ဟု ခံစားလိုက်ရသည့်အချိန်၌ နူးညံ့သော အရှိန်အဝါတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။ အခုချက်ချင်း အသက်ရှူကြပ်အောင် လုပ်လိုက်သည့် အရှိန်အဝါက ပျောက်ကွယ်သွားသည်။ မည်သည့်အချိန်ကမှန်း သူမသိသော်လည်း

ချူးယွင်ဖန်းက သူ့ရှေ့တွင် ရပ်နေပြီဖြစ်သည်။ သူ ခြေတစ်လှမ်းသာ လှမ်းရသေးသော်လည်း သိုက်ရှို့ဝမ်၏ အရှိန်အဝါက ပျောက်ကွယ်သွားသည်။

ဤအချိန်တွင် ဧကရာဇ်မြို့တော်၌ လူငယ်တစ်စုသည် သိုက်ရှို့ဝမ်၏ လှုပ်ရှားမှုကို ကြည့်နေကြသည်။

"ဘယ်လောက်တောင် ကောင်းတဲ့ နည်းစနစ်လဲ။ ကျွတ်ကျွတ် တောင်ရွေ့လျားမှု ပညာရပ်က တောင်ရွေ့လျားမှုဂိုဏ်းရဲ့ အဓိက ကျွမ်းကျင်မှုတစ်ခုလို့ သတ်မှတ်ခံထားရတယ်။ သိုက်ရှို့ဝမ်က အဓိက တပည့်တစ်ယောက်တောင် မဟုတ်ပေမယ့် ဒီနည်းစနစ်ကို သူ သင်ယူပြီးသွားပြီ။"

" ကျွမ်းကျင်သူတစ်ယောက် ဒီနည်းစနစ်ကို သုံးတာ ကျွန်တော်တွေ့ဖူးတယ်။ အဆုံးမရှိတဲ့ မြေပြင်တစ်ခု ပြိုကျသွားသလိုပါပဲ။ သာမန်လူတွေဆို မတိုက်သေးရင်တောင် ကြောက်ချေးပါနေမှာ”

ဤငယ်ရွယ်သောတပည့်များသည် သိုက်ရှို့ဝမ်၏ တိုက်ခိုက်မှုကို ထိန်းမနိုင်သိမ်းမရ မှတ်ချက်ပေးနေကြသည်။ ချူးယွင်ဖန်းအတွက်မူ သူတို့၏အမြင်တွင် သူသည် သေလူတစ်ယောက်ဖြစ်၍ သူမည်မျှကြာကြာ အသက်ရှင်နိုင်မည်နည်းမှာ သူတို့အပေါ်တွင် မူတည်သည်။

၎င်းတို့က ချူးယွင်ဖန်းကို ကြိုတင်စုံစမ်းစစ်ဆေးခဲ့ခြင်း မဟုတ်ပေ။ ချူးယွင်ဖန်းတွင် ရွှေအမတေပုံစံအဆင့်၏ တိုက်ခိုက်ရေးအစွမ်းရှိကာ သာမန်လူများ၏အမြင်တွင် အလွန်ကြောက်စရာကောင်းသော်လည်း ၎င်းတို့အတွက် ရွှေအမတေပုံစံ အဆင့်သည် ဘာမှမဟုတ်ပေ။ သူသည် ၎င်းတို့နှင့် စကားပြောရန်ပင် အရည်အချင်းမပြည့်မီပေ။

ချူးယွင်ဖန်းက ၎င်းတို့ဆီသို့ ဦးတည်လာသော တောင်ကို ကြည့်လိုက်သည်။ သူက လှောင်ရယ်ကာ လက်ညှိုးဖြင့် ထိုးလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းသည် ထက်သော ဓားတစ်ချောင်းကဲ့သို့ တောင်ကို ချက်ချင်း နှစ်ခြမ်း ပိုင်းဖြတ်လိုက်သည်။

သိုက်ရှို့ဝမ်၏ ပုံသဏ္ဍာန် ထွက်ပေါ်လာခဲ့သည်။ ချူးယွင်ဖန်းဟာ သူ၏ အစစ်အမှန်ပုံသဏ္ဍာန်ကို ထုတ်ဖော်ပြသနိုင်လိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မမျှော်လင့်ခဲ့ပေ။ ချူးယွင်ဖန်းသည် သူ၏

နတ်ဘုရားစွမ်းအားကို ဖိအားပေး၍ ဖယ်ထုတ်ပစ်လိုက်သည်။

"မင်းငါ့ကို ချိုးဖျက်နိုင်မယ်လို့ ထင်နေတာလား။ အခုထိ အနိုင်ယူဖို့ အလှမ်းဝေးနေသေးတယ်ကွ”

သိုက်ရှို့ဝမ်ကကြုံးဝါးလိုက်သောအခါ

သူ့ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားက တစ်ဖန်ပြန်လည်လောင်ကျွမ်းသွားသည်။ ဤတစ်ကြိမ်တွင် သူက ချူးယွင်ဖန်းကို လွယ်လွယ်နှင့် မတုံ့ပြန်တော့ပေ။ ချူးယွင်ဖန်းက နယ်ခံတစ်ယောက်ဖြစ်သော်လည်း သူ့တွင် အရည်အချင်းတချို့ ရှိသည်။ ယင်းကိုစဉ်းစား၍

သူက ချိပ်စည်းတစ်ခုဖွဲ့စည်းလိုက်သည်။

"တောင်တန်းလိပ်ပြာပင်လယ်အော်”

ဤချိပ်စည်းက တောင်ရွေ့လျားပညာထက်ပင် ပို၍ တောက်ပသည်။ ရှေးဟောင်းနတ်ဘုရားတစ်ပါးက ရှေးဟောင်းနတ်ဘုရားတောင်ကို ကိုင်ထားကာ ချေမှုန်းနေသကဲ့သို့ဖြစ်သည်။ ဤ ကြောက်မက်ဖွယ် နည်းစနစ်က ချက်ချင်းပင် ပြိုင်ဘက်ကင်း ခွန်အားနှင့် ချေမှုန်းခံလိုက်ရသည်။ ဤနတ်ဘုရားစွမ်းအားက အမှန်ပင် အထင်ကြီးစရာကောင်းသည်။ ချူးယွင်ဖန်း၏ မျက်လုံးများပင် လေးစားမှုများနှင့် တောက်ပနေမိသည်။

"တောင်တန်းလိပ်ပြာဟုတ်လား ဖျက်ဆီး”

ချူးယွင်ဖန်းက အော်ဟစ်၍ သူ့လက်ချောင်းဖြင့် ညွှန်ပြလိုက်သည်။ ဤလက်ချောင်းသည် သာမန်ဖြစ်သော်လည်း အလွန်ကြောက်စရာကောင်းသည်။ ၎င်းက တောင်အပေါ်ယံအကာအကွယ်ကို ချက်ချင်းဆွဲဖြဲလိုက်ပြီး သိုက်ရှို့ဝမ်၏ ပုံရိပ်ကို ပေါ်လွင်စေသည်။

ဘမ်း

ဖောက်ထွင်းပြီးနောက် ချူးယွင်ဖန်းသည် သိုက်ရှို့ဝမ်ကို လက်ညှိုးထိုးလိုက်သည်။ ချူးယွင်ဖန်း၏ လက်ချောင်းထိပ်မှ ဓားစွမ်းအင်ကြောင့် သိုက်ရှို့ဝမ်၏ ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ခု ပေါ်လာသည်ကို လူတိုင်းမြင်လိုက်ရသည်။ သူဝတ်ဆင်ထားသော အတွင်းခံသံချပ်ကာနှင့် ကာကွယ်ရေးမှော်ပစ္စည်းများသည် ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။ တိတိကျကျပြောရလျှင် ချူးယွင်ဖန်းသည် ၎င်းတို့ကို ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

သူက ချူးယွင်ဖန်း၏ ရိုးရှင်းသော တိုက်ခိုက်မှုကိုပင် မတားဆီးနိုင်ခဲ့ပေလော။

ဘမ်း

လူတိုင်းက သိုက်ရှို့ဝမ်ကို ချူးယွင်ဖန်း ရိုက်နှက်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူက ကောင်းကင်မှ ကျောက်တုံးတစ်တုံးကဲ့သို့ ပြုတ်ကျကာ မြေပြင်ပေါ် ကျသွားသည်။

သူ သေဆုံးသွားပြီဖြစ်သည်။

"ဘာ..."

မြို့ထဲက ကျွမ်းကျင်သူအားလုံး အံ့အားသင့်သွားကြသည်။

ဧကရာဇ်မြို့တော်၏ အနက်ရှိုင်းဆုံးနေရာတွင် ချူးယွင်ဖန်းကို သတ်ပြီးပါက မည်သို့ ဆုလာဘ်များရမည်ကိုပြောနေကြသော

တရှ၏ ပညာရှင်များသည် ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။ ခဏတာလေးအတွင်း၌ပင် အဆက်မပြတ် အော်နေသည့် ဘဲတစ်ကောင်၏ လည်ပင်းကို ဆွဲခံလိုက်ရသကဲ့သို့ ချက်ချင်းပင် စကားမပြောနိုင်ကြတော့ပေ။

၎င်းတို့မြင်နေရသည်ကို မယုံနိုင်ကြပေ။

မည်သို့ပင်ဖြစ်စေကာမူ သိုက်ရှို့ဝမ်က ကျင့်ကြံမှုအဆင့်နှင့် နည်းစနစ်ပိုင်းတွင် မဆိုးပေ။ သူ၏ ကျင့်ကြံမှုက ခြေလှမ်းတစ်ဝက် ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်တွင်ဖြစ်သည်။ ၎င်းတို့ထဲတွင် အကောင်းဆုံးမဟုတ်သော်လည်း မဆိုးလှပေ။ ဤနယ်ပယ်တွင် သူ့ကိုအနိုင်ယူနိုင်သူ မရှိသင့်ပေ။

ဤ တရှကျွမ်းကျင်သူများသည် ဤနယ်ပယ်တစ်လျှောက် ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော အဖွဲ့များက ၎င်းတို့ထံ အပ်နှံခဲ့ကြသည်။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ မသေဆုံးခဲ့ဘဲ ဤသည်က ၎င်းတို့၏ မာနကို ပိုမိုမြင့်တက်စေခဲ့သည်။ ဤကမ္ဘာကြီးသည် သာမန်မျှသာဖြစ်၍ ဂရုစိုက်စရာ ဘာမှမရှိဟု သူတို့ ခံစားခဲ့ကြသည်။

သို့သော် သူတို့ အမာနအကြီးဆုံးအချိန်တွင် သိုက်ရှို့ဝမ်၏ သေဆုံးမှုက ၎င်းတို့ကို အရှက်ခွဲလိုက်မည်ဟု မည်သူက သိနိုင်မည်နည်း။ ချူးယွင်ဖန်းက တစ်ခုခုအစွမ်းထက်သော လှုပ်ရှားမှုကိုသုံးခဲ့လျှင် တော်သေးသည်။ သို့သော် ယင်းက ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

ရုတ်တရက် ၎င်းတို့၏ အတွင်းစိတ်တွင် သတိပေးခေါင်းလောင်းသံများ မြည်ဟိန်းသွားသည်။ ၎င်းတို့သည် မာနကြီးသော်လည်း မိုက်မဲတဲ့သူများမဟုတ်ကြပေ။

ချူးယွင်ဖန်းအပေါ် ၎င်းတို့၏ သုံးသပ်ချက်ကို ချက်ချင်း မြှင့်တင်လိုက်ကြသည်။

"သူက ရွှေအမတေပြီးပြည့်စုံခြင်းအဆင့် မဖြစ်နိုင်ဘူး မဟုတ်လား" လူတိုင်း တွေးလိုက်ကြသည်။

"ပြောပါဦး၊ မင်းက ငါတို့ကို တမင်လှည့်စားဖို့ ကြိုးစားနေတာလား။ မင်းရဲ့ အချက်အလက်တွေက တိကျမှုမရှိဘူး”

ကြွက်သားများပြည့်ဖြိုးသောလူသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူသည် ဝေ့ရှင်းပန်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်ရာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပုစွန်တစ်ကောင်ကဲ့သို့ ကွေးညွတ်သွားသည်။

All Chapters