← Chapters

အခန်း (၁၅၈၅-၁၅၈၇)

Vol. 106 Ch. 1585-1587

အခန်း (၁၅၈၅-၁၅၈၇)

Vol. 106 Ch. 1585-1587

အခန်း(၁၅၈၅) ပြီးပြည့်စုံတဲ့ ရွှေအမတေကိုတစ်ချက်တည်းသတ်ခြင်း

ဝေ့ရှင်းပန်လည်း အံ့အားသင့်သွားသည်။ သူစုဆောင်းရရှိသော အချက်အလက်များသည် အဘယ်ကြောင့် မမှန်ကန်ကြောင်း သူနားမလည်ပေ။ တစ်နှစ်သာရှိသေးပြီး တစ်နှစ်သည် ရွှေအမတေအဆင့်အတွက် ဘာမှမဟုတ်ပေ။ ထို့အပြင် ချူးယွင်ဖန်းသည် ဤလေ့ကျင့်မှုအဆင့်သို့ လွန်ခဲ့သော တစ်နှစ်ကမှ ဝင်ရောက်ခဲ့သည်။ သူ မည်သို့ အဆင့်ထပ်မံတက်နိုင်မည်နည်း။

ဝေ့ရှင်းပန်လည်း သူပေးသော အချက်အလက်များသည် မှားယွင်းသည်ဟု မထင်ခဲ့ပေ။ ထို့အပြင် သူသည် တရှ၏ ဤကျွမ်းကျင်သူများနှင့် တစ်လှေတည်းစီးနေသည်။ သူတို့ကို လှည့်စားရန် မလိုအပ်သလို ဖြစ်နိုင်ချေလည်း မရှိပေ။

"တိုက်ခိုက်တာ ရပ်လိုက်ပါ" မာနကြီးသော လူငယ်က မတ်တပ်ရပ်ရင်း ပြောလိုက်သည်။

"သူ့ကို ရိုက်နှက်တာက ဘာအသုံးဝင်မှာလဲ။ သူက ပုရွက်ဆိတ်တစ်ကောင်ပဲ"

လူငယ်လေးက ကောင်းကင်၌ ပျံသန်းနေသော ချူးယွင်ဖန်းနှင့် ချူးဟုန်ချိုင်ကို လှမ်းကြည့်လိုက်သည်။ ချူးယွင်ဖန်းက အဝေး၌ ရှိနေသော်လည်း သူ့မျက်စိက ကောင်းသည်။ အနက်ရောင်ဝတ်ထားသည့် လူငယ်က ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည်ကို သူမြင်နိုင်သည်။

သူ့မျက်လုံးထဲတွင် မကျေနပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"သူ သိုက်ရှို့ဝမ်ကို သတ်ခဲ့တာ။ ငါသတ်မယ်"

"ဝမ်ဖေးဟန် သတိထား။ ဒီချူးယွင်ဖန်းက နည်းနည်းထူးဆန်းတယ်" ရှန်ဖေးယွင်က တည်ကြည်သောအမူအရာဖြင့် ပြောလိုက်သည်။

ချူးယွင်ဖန်းက ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု

သူမထင်သော်လည်း ချူးယွမ်ဖန်ကို ယခင်ကကဲ့သို့ အထင်သေးခြင်းမျိုးမဟုတ်တော့ပေ။

မြို့ဝန်က သတ်ရန် ကိုယ်တိုင်ညွှန်ကြားခဲ့သည့် ဤနယ်ခံတွင် အရည်အချင်းအချို့ရှိကာ ပေါ့ပေါ့တန်တန်ဆက်ဆံရမည့်သူမျိုးမဟုတ်ပေ။

မာနကြီးသော လူငယ် ဝမ်ဖေးဟန်က လှောင်ပြောင်လိုက်သည်။

"သူ ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်မှာ ရှိတော့ရော ဘာဖြစ်လဲ။ မိုးကြိုးခရမ်းဓားနယ်မြေမှာ အထင်ကြီးလောက်စရာ အမွေဆက်ခံမှုမရှိဘူး။ ငါ သူ့ဆယ်ယောက်ကို အနိုင်ယူနိုင်တယ်"

တရှ၏ တခြားပညာရှင်များအားလုံး ခေါင်းညိတ်ကြသည်။ ၎င်းတို့အတွက် ယင်းက အလွန်ပုံမှန်သာဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်၌ ရှိနေသော်လည်း ဂုဏ်သိက္ခာရှိသော မိသားစု၏ တပည့်တစ်ယောက်နှင့် အမွေမရှိသော ထူးခြားသည့် လူတစ်ယောက်ကမူ လုံးဝကွဲပြားသည့် အရာနှစ်ခုဖြစ်သည်။

ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ရှိ လှည့်လည်လေ့ကျင့်သူများသည် ကောင်းမွန်သော အမွေအနှစ်များ ရှိလေ့ရှိထမရှိပေ။ သူတို့တွင် အစွမ်းထက်သော နတ်ဘုရားစွမ်းအားများနှင့် သိုင်းပညာများ ချို့တဲ့နေကြသည်။ ၎င်းတို့ကို လုံးဝစိုးရိမ်ရန်မလိုပေ။ ဂိုဏ်းကြီးများ၏ တပည့်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ ခွန်အားမှာ အလွန်ကွာခြားလွန်းသည်။

ဝမ်ဖေးဟန်က အလင်းတန်းတစ်ခုပေါ် နင်းလိုက်ရင်း ပြုံးလိုက်ပြီး ချူးယွင်ဖန်းနှင့် ချူးဟုန်ချိုင်တို့ရှေ့သို့ ရောက်ရှိလာခဲ့သည်။

"နောက်ထပ်တစ်ယောက် သေရတော့မယ်။ ရှန်ဖေးယွင် ဘယ်မှာလဲ။ သူ ထွက်မလာရဲဘူးလား" ချူးယွင်ဖန်းက ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

"မင်းက စကားကြီးစကားကျယ်ပြောတယ်" ဝမ်ဖေးဟန်က အေးစက်စက်အပြုံးဖြင့် ပြောလိုက်သည်။

အစောပိုင်းက ချူးယွင်ဖန်းကို သူ အနည်းငယ်ကြောက်နေသေးသော်လည်း ယခုအခါ ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။

"မင်းက ငါ့နဲ့ ယှဉ်နိုင်စရာ မရှိဘူး။ မင်း မသေချင်ရင် ထွက်သွား" ချူးယွင်ဖန်းက အမူအရာမဲ့စွာ ဆက်ပြောသည်။

"ဘယ်လောက်တောင် မာနကြီးလိုက်လဲ။ မင်းငါ့ကို မသတ်ချင်ပေမယ့် ငါကတော့ မင်းရဲ့ခေါင်းကိုသုံးပြီး ဆုလာဘ်ယူချင်တယ်" ဝမ်ဖေးဟန်က လှောင်ပြောင်လိုက်သည်။

သူချက်ချင်းတိုက်ခိုက်လိုက်သည်။ သူ့လက်ထဲတွင် ရတနာဓားတစ်ချောင်းပေါ်လာပြီးနောက် ကြောက်စရာကောင်းသည့် ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ မိုးသည်းထန်စွာရွာသွန်းကဲ့သို့ဖြစ်သွားသည်။

ချူးယွင်ဖန်းလည်း သူ့လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။ သူသည် စည်းချိပ်တစ်ခုကိုပြုလုပ်နေစဉ် မရေမတွက်နိုင်အောင်များပြားလှသည့် နတ်ဘုရားစွမ်းအားများ သူ့ပတ်လည်တွင် ဆူပွက်လာသည်။ နတ်ဘုရားတစ်ပါး၏ ပုံရိပ်သည် သူ့ရှေ့တွင် ပေါ်လာသည်။ ထို့နောက် ၎င်းသည် ကြီးမားသော နတ်ဘုရားတောင်ကြီးကို ပတ်ပတ်လည်အုပ်လိုက်ပြီး ကောင်းကင်ပြည့်နေသည့် အလင်းရောင်ကို ဖိနှိပ်လိုက်သည်။

"အဲ့တာဘာလဲ အဲ့တာ တောင်တန်းလိပ်စည်းချိပ်မဟုတ်ဘူးလား" လူတိုင်း မှင်သက်သွားကြသည်။

သိုက်ရှို့ဝမ်၏ ချိပ်စည်းက လူတိုင်းကို အံ့အားသင့်စေခဲ့သော်လည်း ချူးယွင်ဖန်းနှင့်

ယှဉ်လျှင် မှိန်ဖျော့နေသည်။ ချူးယွင်ဖန်းက ထိုချိပ်စည်းကိုပြသောအခါ နတ်ဘုရားတစ်ပါးက နတ်ဘုရားတောင်ကို ကိုင်ထားသကဲ့သို့ပင်ဖြစ်သည်။

အကြောက်ဆုံးအရာက ယင်းက နတ်ဘုရား၏ စွမ်းရည်တစ်ခုဖြစ်နေခြင်းဖြစ်၏

"သူ ဘယ်လိုလုပ်ပြီး ချိပ်စည်းကို သင်ယူနိုင်ခဲ့တာလဲ"

တရှမှ ပညာရှင်များ အံ့အားသင့်သွားကြသည်။ တောင်ရွေ့လျားသူများကို ထိပ်တန်းဂိုဏ်း သို့မဟုတ် အမွေအနှစ်အဖြစ် မသတ်မှတ်သော်လည်း တောင်ထုပ်ပိုးချိပ်စည်းနှင့် တောင်ရွေ့လျားပညာရပ်များမှာမူ ထူးခြားသည်။ ဤနည်းစနစ်များကို အထွတ်အထိပ်အထိ လေ့ကျင့်ပါက ကမ္ဘာကျော်ကျွမ်းကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်။

ယခုမူ ချူးယွင်ဖန်းသည် ၎င်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်လွယ်ကူစွာ သင်ယူနိုင်ခဲ့သည်။

သိုက်ရှို့ဝမ်သညိ တောင်ထုပ်ပိုးချိပ်စည်းကို တစ်ကြိမ်သာသုံးဖူးသည်။ ယင်းက

မည်သို့ ထိတ်လန့်စရာကောင်းသော သင်ယူနိုင်စွမ်းမျိုးနည်း။

မှန်သည်။ တောင်ထုပ်ပိုးချိပ်စည်းကို သင်ယူရသည်က လွယ်ကူသည်ဟု ၎င်းတို့ မထင်ခဲ့ကြပေ။

ဤချိပ်စည်းက သင်ယူရ လွယ်ကူပါက ကမ္ဘာပေါ်ရှိလူတိုင်း သင်ယူပြီးသားဖြစ်ပေမည်။ လျှို့ဝှက်လက်စွဲစာအုပ်တစ်အုပ် ပေးလျှင်ပင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုနှင့် နေ့ရောညပါ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်က ၎င်းတို့ကို လမ်းညွှန်မပေးဘဲ ဤချိပ်စည်းကို ကျွမ်းကျင်အောင် လုပ်ရန် ခက်ခဲပါလိမ့်မည်။

ချူးယွင်ဖန်းသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုချိပ်စည်းကို သင်ယူခဲ့သည်။ ဤသည်မှာ မည်သို့သော အံ့အားသင့်ဖွယ်စွမ်းရည်မျိုးနည်း။

မရေမတွက်နိုင်အောင်များပြားလှသော ဓားအလင်းများသည် တောင်ထုပ်ပိုးချိပ်စည်းကို ခုတ်ပိုင်းခဲ့သည်။ သိုက်ရှို့ဝမ် အစောပိုင်းက မပြသနိုင်ခဲ့သော စွမ်းအားကို လုံးဝထုတ်လွှတ်ခဲ့သည်။ ၎င်းသည် ဤဓားအလင်းများကို ချေမှုန်းပြီးနောက် ဝမ်ဖေးဟန်ထံသို့ မိုးကြိုးအလျင်ဖြင့် ကျရောက်လာသည်။

ဝမ်ဖေးဟန်၏ မျက်နှာအမူအရာသည် သေမင်း၏ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်နှယ်ဖြစ်သွားသည်။ သူအော်ဟစ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ရှိ ရွှေအမတေမှ အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားများသည် ထွက်ပေါ်လာပြီး သူ့လက်ထဲမှ ရတနာဓားထဲသို့ လက်မောင်းမှတစ်ဆင့် ဝင်ရောက်လာသည်။

"ချိုးဖျက်လိုက်”

ဝမ်ဖေးဟန် အော်လိုက်သည်။

သူ၏ဓားဖြင့် ခုတ်လိုက်သည်နှင့် ကမ္ဘာကြီး ပြင်းထန်စွာ တုန်ခါသွားသည်။ ဓားက သက်ဆင်းလာသောအခါ ကမ္ဘာကြီး ပြိုကွဲသွားသည်။

ဘမ်း

သို့သော် ဤဓားအလင်းသည် တောင်ထုပ်ပိုးချိပ်စည်းသို့ ကျရောက်သောအခါတွင် ၎င်းသည် အမှန်တကယ် ပြန်လည်ခုန်ထွက်သွားခဲ့သည်။ ချိပ်စည်းက ဆက်လက်ကျဆင်းနေသည်။ ဤအချိန်တွင် ချူးယွင်ဖန်းပြသခဲ့သော ချိပ်စည်းအစွမ်းက သိုက်ရှို့ဝမ်ပြခဲ့သည့် ချိပ်စည်းနှင့် လုံးဝကွဲပြားသည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည်။

ချိပ်စည်းက နတ်ဘုရားတောင်မှ ဆက်လက်ဆင်းသက်လာသည်နှင့်အမျှ ၎င်း၏စွမ်းအားသည် ဆက်လက်တိုးပွားလာခဲ့သည်။ ဤသည်မှာ သိုက်ရှို့ဝမ်ပင် မလုပ်နိုင်သောအရာဖြစ်သည်။ ဤသည်က ချူးယွင်ဖန်း၏ တောင်ထုပ်ပိုးချိပ်စည်းအပေါ် နားလည်မှုသည် သိုက်ရှို့ဝမ်ထက် ပိုမိုအားကောင်းကြောင်း သက်သေပြခဲ့သည်။

"ချိုးဖျက် ချိုးဖျက် ချိုးဖျက်"

ဝမ်ဖေးဟန်က အသာစီးရချင်ခြင်းမျိုးမရှိပေ။

သူ၏ ရွှေအမတေကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။ ရွှေအမတေပပေါ်၌ မီးလုံးကြီးတစ်လုံး ဖြစ်ပေါ်လာပြီး နတ်ဘုရားတောင်ပေါ်ကို တက်သွားသကဲ့သို့ မရေမတွက်နိုင်အောင်များပြားသည့် နတ်ဘုရားစွမ်းအားများ လောင်ကျွမ်းနေသည်။

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသော်လည်း ချူးယွင်ဖန်း၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ ရှိနေသည်။ သူသည် ပေါ့ပေါ့တန်တန် ဖိချလိုက်ရာ တောင်ထုပ်ပိုးချိပ်စည်းသည် ဝမ်ဖေးဟန်၏ ရွှေအမတေကို ချိုးဖဲ့လိုက်သည်။ ၎င်းသည် စွမ်းအင်မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ပေါက်ကွဲသွားသည်။

ထို့နောက်တွင် ချူးယွင်ဖန်း၏ တောင်ထုပ်ပိုးချိပ်စည်းသည် အရှိန်အဟုန်မလျော့ဘဲ ဝမ်ဖေးဟန်အပေါ်သို့ ကျရောက်သွားသည်။

“အား”

ဝမ်ဖေးဟန်သည် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားသည်နှင့်အမျှ အော်ဟစ်လိုက်သည်။

ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ရှိသူတစ်ဦးသည် လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ဆိုးရွားစွာ ကျဆုံးသွားခဲ့သည်။

အခန်း(၁၅၈၆) လူတိုင်းထိတ်လန့်သွားခြင်း

လူတိုင်းက တောင်ထုပ်ပိုးချိပ်စည်းကြောင့် ခန္ဓာကိုယ်ကွဲအက်သွားသော ဝမ်ဖေးဟန်ကို ကြည့်လိုက်ကြပြီး သရဲတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် အသက်ရှူမဝဖြစ်နေကြသည်။ ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်၌ ရှိနေသော သိုက်ရှို့ဝမ်ကို ချူးယွင်ဖန်းက လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်လိုက်သည်။ ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ရှိ ဝမ်ဖေးဟန်သည်လည်း ထူးမခြားနားပင်ဖြစ်သည်။

သူသည် လှုပ်ရှားမှုတစ်ခုတည်းနှင့် သေဆုံးသွားခဲ့သည်။

ထို့အပြင် ချူးယွင်ဖန်းသည် သိုက်ရှို့ဝမ်၏ မြင့်မြတ်သော အနုပညာကို အသုံးပြုခဲ့သည်။

"ဟင်-သူက ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ”

" ကြောက်စရာကောင်းလိုက်တာ။ သူက တောင်ထုပ်ပိုးချိပ်စည်းကို ဒီလောက်တိုတောင်းတဲ့အချိန်အတွင်းမှာ သင်ယူနိုင်ခဲ့တယ်ပေါ့”

"ဒီကောင်က နတ်ဆိုးလား”

ဤအချိန်တွင် ချူးယွင်ဖန်းကို အထင်သေးခဲ့သော တရှ၏ ပညာရှင်များပင်လျှင် လုံးဝအံ့အားသင့်သွားကြသည်။ ရှုထောင့်အားလုံးမှကြည့်လျှင် သူပြသခဲ့သော ခွန်အားသည် လွှမ်းမိုးနေသည်။ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်ခမ်းနားသည်ဟု ထင်မြင်ယူဆသော တရှ၏ တပည့်များကို သူ မရှုံးခဲ့ပေ။ ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဝမ်ဖေးဟန်ပင် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ဘဲ တစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့သည်။ ဤအရာက ၎င်းတို့ကို မည်မျှ အံ့အားသင့်စေကာ ၎င်းတို့၏ ကမ္ဘာ့အမြင်ကို လုံးဝပြောင်းလဲစေခဲ့သည်ကို မြင်ယောင်ကြည့်နိုင်သည်။

"သူက နတ်ဆိုးတစ်ကောင်ပဲ... ဒီလိုလူမျိုးကို ငါတို့ အနိုင်ယူနိုင်ပါ့မလား"

မူလက ယုံကြည်မှုရှိသော ကျွမ်းကျင်သူများသည် ချူးယွင်ဖန်းကို အနိုင်ယူနိုင်မလားဟု မေးခွန်းထုတ်လာကြသည်။ မြို့တော်ရှိ တပ်ဖွဲ့အမျိုးမျိုးအတွက် ဤသည်မှာ ကြီးမားသော အံ့အားသင့်စရာတစ်ခု ဖြစ်ခဲ့သည်မှာ သံသယဖြစ်စရာမလိုပေ။ ရှန်ဖေးယွင်နှင့် အခြားသူများ ပေါ်လာသောအခါ ချူးယွင်ဖန်း ခေတ်ကုန်သွားပြီဟု သူတို့ထင်မြင်ခဲ့ကြသည်။ သူယခင်က ပြသခဲ့သော အစွမ်းသတ္တိမှာ ရွှေအမတေပုံစံအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိသည်။ ရှန်ဖေးယွင်နှင့် အခြားသူများသည် ထိုထက် များစွာပို၍ အစွမ်းထက်ကြသည်။

၎င်းတို့သည် သိုင်းပညာ အထွတ်အထိပ်၌ရှိသော တရှမှဖြစ်ကြသည်။ ဤတရှကျွမ်းကျင်သူများသည် ၎င်းတို့ထက် များစွာ ပိုအစွမ်းထက်သည်ကို ယခု ၎င်းတို့တကယ်နားလည်သွားပြီဖြစ်သည်။

သို့သော် ယခု ချူးယွင်ဖန်း၏ ခေတ်က မကုန်ဆုံးသေးကြောင်း

၎င်းတို့ တကယ်နားလည်သွားပြီဖြစ်သည်။

၎င်းတို့က ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို လုံးဝနားမလည်နိုင်ကြပေ။ ၎င်းတို့မသိလိုက်ခင်၌ပင် သူသည် အင်အားကြီးရန်သူအားလုံးကို ချေမှုန်းနိုင်သည့် အဆင့်ကို ရောက်နေပြီဖြစ်သည်။ သူသည် တရှ၏

ဤပညာရှင်များနှင့် ရင်ဆိုင်နေရသော်လည်း ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်က မဆိုးလှပေ။

"သူက အရမ်းစွမ်းလွန်းတယ်။ ဧကရာဇ်အကြံပေး က

မျှော်လင့်ထားတဲ့အတိုင်းပဲ

"ဟားဟား၊ ဒီလူတွေက မာနကြီးပြီး ငါတို့ကို လူသားတွေလို မဆက်ဆံတော့ရော ဘာဖြစ်လဲ"

"ဟုတ်တယ်။ သူတို့ ငါတို့ကို ပုရွက်ဆိတ်တွေလို ဆက်ဆံခဲ့ပေမယ့် ဧကရာဇ်အကြံပေးက တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာပဲ"

"သူတို့ကို အံ့သြစရာကောင်းတယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် အခုတော့ သူတို့က ဒီလောက်ပါပဲ"

"သူတို့ကို လျှော့မတွက်နဲ့။ သူတို့ အင်အားမလုံလောက်ဘူးလို့ မဆိုလိုပါဘူး။ သူတို့ထဲက ဘယ်သူမဆို အင်ပါယာမြို့တော်ရဲ့ ခံစစ်ကို ဖောက်ထွက်နိုင်တယ်။ ထိပ်တန်းတပ်သား တစ်သန်းတောင် သူတို့အတွက် ဘာမှမဟုတ်ဘူးကွ”

"ကမ္ဘာ့နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ် ဧကရာဇ် အကြံပေးပုဂ္ဂိုလ်ရဲ့ ရာထူးဟာ ဟန်ဆောင်ရုံသက်သက် မဟုတ်ဘူးလေကွာ"

မြို့တော်ရှိ အဓိကတပ်ဖွဲ့များသည် စကားမပြောရဲသည်အထိ နှိမ်နင်းခံခဲ့ရသည်။ မသမာသောလုပ်ရပ်များပြုလုပ်ပြီး ပုရွက်ဆိတ်များကဲ့သို့ ဆက်ဆံသော ဤလူများနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်းပင် ထိုမျှအထိ မလုပ်ဆောင်ခဲ့ပေ။ သူတို့သည် သဘာဝအတိုင်း ချူးယွင်ဖန်းဘက်တွင် ပိုမိုရပ်တည်လိုကြသည်။

“ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်။ နံပါတ်တစ်ဆိုတာ ဒါပဲလေ" တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။

ဤလှုပ်ရှားမှုကြောင့် အားလုံး အံ့အားသင့်သွားသည့်အချိန်၌ ချူးယွင်ဖန်းက အေးစက်စက် လှန်ကြည့်လိုက်သည်။

"ရှန်ဖေးယွင်၊ မင်းက ဆက်ပြီး ငကြောက်ဖြစ်နေဦးမှာလား။ မင်းငါ့ကို မင်းအိမ်တံခါးဝကို လာဖို့ အတင်းအကျပ် လုပ်ဖို့အတွက် ငါ့မိသားစုတစ်ခုလုံးကို သတ်ခဲ့တာ မဟုတ်ဘူးလား။ အခု ငါဒီကိုရောက်ပြီဆိုတော့ မင်း ပေါ်လာရဲလား"

စစ်မှန်သော တိုက်ပွဲလာတော့မည်ကို သိနေသည့်အတွက် လူတိုင်း၏ စိတ်ဓာတ်များ တုန်လှုပ်သွားသည်။ ယင်းက မကြုံစဖူးတိုက်ပွဲတစ်ခုဖြစ်သည်။ မကြုံစဖူး ကြောက်စရာကောင်းသော ခွန်အားကို ပြသခဲ့သည့် ချူးယွင်ဖန်းသည် တိုက်ပွဲတွင် လူတိုင်းမမျှော်လင့်ထားသော အပြောင်းအလဲများ များစွာဖြစ်ပေါ်စေခဲ့သည်။

"ကောင်းပြီ။ ချူးယွင်ဖန်း၊ မင်းက သေမင်းကို ဖိတ်နေတာပဲ"

ရှန်ဖေးယွင်က လှောင်ပြောင်၍ ထွက်လာသည်။ သူ့မျက်နှာက ဖြူဖျော့နေကာ အဆုတ်များလည်း ပေါက်ကွဲထွက်တော့မတတ်ဖြစ်နေသည်။ သူ့မျက်နှာက ခံစားချက်မဲ့နေသော်လည်း ချူးယွင်ဖန်းကြောင့် သူ အလွန်ဒေါသထွက်နေသည်။

ချူးယွင်ဖန်းက သူ့မျက်နှာတည့်တည့်ကိုဖြတ်ရိုက်နေခြင်းဖြစ်သည်။ သူ့လူများကို သူ့ရှေ့၌ပင် သတ်လိုက်ခြင်း။

ယင်းက သူ့ကို မလေးမစားပြုခြင်းမဟုတ်ပေလော။

"မင်းက ငါ့ရှေ့မှာ တစ်ယောက်ယောက်ကို သတ်ရဲတယ်။ မင်း တကယ်ကို သေချင်နေတဲ့ပုံပဲ”

ရှန်ဖေးယွင် ပျံထွက်သွားပြီး လူငယ်တစ်စုက သူ့နောက်မှ လိုက်လာကြသည်။ ဤလူငယ်တစ်ဦးစီသည် ခမ်းနားထည်ဝါသော အသွင်အပြင်ရှိပြီး လူသားများကြားတွင် နဂါးများနှင့် ဖီးနစ်ငှက်များကဲ့သို့ ထင်ရကြသည်။ သူတို့တစ်ဦးစီသည် အခြားသူများနှင့် မတူညီပေ။

ဤလူများ စုပေါင်း၍ ထွက်သွားကြသည်။ ဖိအားတစ်ခုတည်းနှင့် သာမန်လူများ ကြောက်လန့်သွားလောက်အောင် လုံလောက်သည်။

"ကွမ်ယီက ဘယ်သူလဲ" ချူယွင်ဖန်းက ဤလူများကို လှမ်းကြည့်လိုက်ပြီး ရှန်ဖေးယွင်ကိုပင် ဂရုမစိုက်ပေ။

ချူးယွင်ဖန်း၏ စကားကို ကြားသောအခါ တရှ၏

ကျွမ်းကျင်သူများအားလုံးသည် မျက်နှာလေးထောင့် လူငယ်တစ်ဦးထံ အာရုံစိုက်လိုက်ကြသည်။ ထိုလူငယ်သည် သူ၏ မိုက်မဲသော အသင်းဖော်များကို ကျိန်ဆဲလိုက်သည်။ ဤသည်က ချူးယွင်ဖန်းအား သူ့ကိုယ်သူ ဖော်ထုတ်နေခြင်း မဟုတ်လော။

ယင်းမတိုင်ခင်က ချူးယွင်ဖန်းအကြောင်း မည်သည့်အရာကိုမျှမတွေးခဲ့သောကြောင့် သူဂရုမစိုက်ခဲ့ပေ။ သို့သော် ယခု

လူနှစ်ယောက်ဆက်တိုက်သတ်ခဲ့သော ချူးယွင်ဖန်းက သူ့ကို ဖိအားများ များစွာပေးခဲ့သည်။

"ကျွန်တော်က ကွမ်ယီပဲ ဘာလိုချင်လို့လဲ" မျက်နှာလေးထောင့်နှင့် လူငယ်က အော်ပြောလိုက်သည်။ သူ့အသံက နက်ရှိုင်းသော်လည်း မသိလိုက်ဘဲ အပြစ်ရှိသကဲ့သို့ ခံစားချက်များ ပါနေသည်။

ချူးယွင်ဖန်း၏ အကြည့်သည် သူ့ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ထက်မြက်သော ဓားတစ်ချောင်းကဲ့သို့ ဖြစ်နေသည်။

"ငါ့မိသားစုရဲ့ ဦးခေါင်းတွေကို မြို့ရိုးပေါ် ချိတ်ဆွဲထားဖို့က မင်းအကြံပေးတယ်လို့ ငါကြားတယ်" သူက အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ရှူး"

ကွမ်ယီသည် အေးစက်သော ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းသားရဲတစ်ကောင်၏ ပစ်မှတ်ထားခံရသည့်နှယ် ချက်ချင်းခံစားလိုက်ရသည်။ ယခင်က သူဤသို့မခံစားရဖူးသော်လည်း သူ၏ဗီဇကို ယုံကြည်ခဲ့သည်။ ၎င်းသည် သေတော့မည့်ခံစားချက်တစ်ခုဖြစ်သည်။ သူသည် အလိုအလျောက် အလင်းတန်းတစ်ခုပေါ်သို့ နင်းပြီး အဝေးသို့ ထွက်ပြေးသွားသည်။

"ထွက်သွားဖို့ ကြိုးစားနေတာလား။ တကယ့်ဟာသပဲ"

ချူးယွင်ဖန်း၏ ခန္ဓာကိုယ် အနည်းငယ် ယိမ်းထိုးသွားပြီး သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွားသည်။

"အို မဟုတ်ဘူး"

ရှန်ဖေးယွင်သည် ချူးယွင်ဖန်း ဘာလုပ်မည်ကို ချက်ချင်းသဘောပေါက်လိုက်သည်။ သူသည် ချူးယွင်ဖန်းကို တားရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏အမြန်နှုန်းဖြင့် ချူးယွင်ဖန်းကို မည်သို့ရပ်တန့်နိုင်မည်နည်း။

မည်သည့်အချိန်ကတည်းကမှန်းမသိလိုက်ဘဲ ချူးယွင်ဖန်းက ကွမ်ယီရှေ့ကိုရောက်ကာ သူ့ကို အေးစက်စက်အပြုံးနှင့်ကြည့်နေပြီဖြစ်သည်။

"ဟာ”

ကွမ်ယီက ကြုံးဝါးလိုက်သည်။ သူသည် အခြေအနေဆိုးရွားစွာဖြင့် ချူးယွင်ဖန်းကို လက်ဖဝါးဖြင့် ရိုက်လိုက်သည်။ ဤလက်ဖဝါးတိုက်ခိုက်မှုသည် မြေကြီးကို တုန်လှုပ်စေပြီး ကြီးမားသော စွမ်းအားရှိသည်။ လက်ဖဝါးတိုက်ခိုက်မှု ကျရောက်သည်နှင့် ကွမ်ယီ၏ မျက်နှာသည် ဖြူဖျော့သွားသည်။ ဤတိုက်ခိုက်မှုကို လွှတ်တင်ရန် သူ၏ အသက်ဓာတ်ကို လောင်ကျွမ်းစေခဲ့သည်။

အခန်း(၁၅၈၇) ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုတွင် နတ်ဘုရားများပင် ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်

သူ့ဗီဇအတိုင်း သူချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။ ဤသို့မလုပ်ပါက သေလိမ့်မည်ဟု သူ့ဗီဇက ပြောနေသည်။ ကွမ်ယီက ချက်ချင်းပင် သူ့အသက်ဓာတ်ကို လောင်ကျွမ်းစေပြီး ချူးယွင်ဖန်းကို တိုက်ခိုက်လိုက်သည်။

ဘမ်း

လက်ဖဝါးသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ကွမ်ယီ၏ မျက်နှာက ပျော်ရွှင်မှုများနှင့် တောက်ပနေသော်လည်း သူ စဉ်းစား၍ပင်မရခင်၌ လက်ဖဝါး တိုက်ခိုက်မှုက တဖြည်းဖြည်း ကျိုးပဲ့သွားသည်။ ချူးယွင်ဖန်းပေါ်ကို ကျရောက်သွားသော်လည်း သူ့ကို ဘာမှ မလုပ်နိုင်ပေ။ သူ့ကို နည်းနည်းလေးပင် ထိခိုက်အောင် မလုပ်နိုင်ပေ။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ" ကွမ်ယီ၏ မျက်နှာက မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ကျင့်ကြံမှုဖြင့် သူ၏အသက်ဓာတ်ကို လောင်ကျွမ်းစေပြီး သူ၏အစွမ်းကုန်တိုက်ခိုက်ခဲ့သော်လည်း ချူးယွင်ဖန်း၏ခုခံမှုကိုပင် မဖောက်ထွက်နိုင်ခဲ့ပေ။

ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။ သူ၏ ဧကရာဇ်ခန္ဓာကိုယ်က မည်သို့ သာမန်ဖြစ်နိုင်မည်နည်း။ ဤအဆင့်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါ သူသည် မျက်မှောင်ကြုတ်မည်မဟုတ်ပေ။

"သူ့ခန္ဓာကိုယ်က ဘယ်လောက်သန်မာလဲ" ကွမ်ယီက ကြောက်လန့်တကြား ဖြူဖျော့သွားသည်။ သူ ထွက်ပြေးချင်သော်လည်း အချိန်မရှိပေ။

ချူးယွင်ဖန်းက သူ့လှုပ်ရှားမှုကို ပြုလုပ်ပြီးဖြစ်သည်။ ၎င်းသည် ရိုးရှင်းသော ရိုက်ချက်တစ်ခုသာ ဖြစ်သည်။ ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုကဲ့သို့ ထင်ရပြီး ၎င်းတွင် အရှိန်အဝါ မရှိပေ။ လက်ဖဝါးရိုက်ချက်သည် နှေးကွေးသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် မြန်ဆန်သည်။ ချက်ချင်းပင် ၎င်းသည် ကွမ်ယီရှေ့သို့ ရောက်ရှိလာပြီး သူ့ရင်ဘတ်ကို ထိမှန်သွားခဲ့ပြီ ဖြစ်သည်။

ဘမ်း

ကွမ်ယီသည် ဝမ်းနည်းစွာ အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် သွေးမိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နောက်ထပ် တစ်ဝက်ခြေလှမ်းရှိသော ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သည် ဝမ်းနည်းဖွယ်ကောင်းစွာ သေဆုံးသွားခဲ့သည်။

လူတိုင်းက ရယ်စရာကောင်းလောက်အောင် ကြောက်ရွံ့နေကြသည်။ အထူးသဖြင့် မြို့တော်က အင်အားစုအမျိုးမျိုးက ဤမြင်ကွင်းကို မြင်သောအခါ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ ချူးယွင်ဖန်း ပေါ်လာပြီး မကြာခင်၌ပင် ရွှေအမတေပြီးပြည့်စုံခြင်းထက်ဝက်အဆင့်နှစ်ဦးနှင့်

ရွှေအမတေပြီးပြည့်စုခြင်း အဆင့်တစ်ဦးကို သတ်ပစ်လိုက်သည်။ ဤအဆင့်ရှိ ကျွမ်းကျင်သူတိုင်းက မိုးကြိုးခရမ်းဓားနယ်မြေတွင် အင်အားကြီးသော အင်အားစုတစ်ခုကို အလွယ်တကူ တည်ထောင်နိုင်သော်လည်း ယခုမူ ချူးယွင်ဖန်းက ၎င်းတို့ကို ပုရွက်ဆိတ်များနှယ် သတ်ပစ်လိုက်ပြီဖြစ်သည်။

လူများစွာက မည်သို့ဖြစ်သွားသည်ကို မသိလိုက်ကြပေ။ တရှ၏ ပညာရှင်သုံးယောက် ဆက်တိုက်သေဆုံးသွားကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် တစ်ချက်တည်းသော ထိုးနှက်ချက်ကို မခံနိုင်ခြင်းဆိုသည်က ဘာကိုဆိုလိုကြောင်း နားလည်သွားကြသည်။ ယင်းက ထိုးနှက်ချက်တစ်ခုတည်းကို မခံနိုင်ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။

"လက်ရှိခေတ်မှာ ပြိုင်ဘက်ကင်း... ဧကရာဇ်အကြံပေးက လက်ရှိခေတ်မှာ ပြိုင်ဘက်ကင်းပဲ တရှက ဒီလူတွေကို ရင်ဆိုင်ရရင်တောင်မှ သူက အားနည်းချက်မရှိဘူး"

မြို့တော်ရှိ လူအချို့သည် ချူးယွင်ဖန်း၏ ခွန်အားကို စိတ်လှုပ်ရှားခဲ့ကြသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ခွန်အားကြောင့် စိုးရိမ်ပူပန်နေသူအချို့လည်း ရှိခဲ့သည်။ သူတို့သည် ချူးယွင်ဖန်းကို သစ္စာဖောက်ခဲ့ကြပြီး၊ ဧကရာဇ် ဝေ့ဝူကျီကို သစ္စာဖောက်ခဲ့ကာ ရှန်ဖေးယွင်နှင့် အခြားသူများနှင့် ပူးပေါင်းခဲ့ကြသည်။ ချူးယွင်ဖန်းသည် ပိုမိုအစွမ်းထက်လေ၊ ၎င်းတို့အတွက် ပိုမိုကြောက်စရာကောင်းလေဖြစ်သည်။ ချူးယွင်ဖန်း၏ ခွန်အားကြောင့် ၎င်းတို့သည် အပြစ်ပေးခံရနိုင်သည်ဟု ဆိုလိုသည်။

"ဒါဘယ်လိုဖြစ်နိုင်တာလဲ။ မင်းဘယ်လိုဒီလောက်အားကောင်းတာလဲ" ဝေ့ရှင်းပန်က သူ့ဗိုက်ကိုဖိလျက် သူ့နှုတ်ခမ်းထောင့်တွင် သွေးစက်များစီးကျလာသည်။ ယင်းက ဝမ်ဖေးဟန်၏ ကန်ချက်ကြောင့်ဖြစ်သည်။ သူက လေထဲရှိ ချူးယွင်ဖန်းကို စိုက်ကြည့်၍ ချူးယွင်ဖန်းကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်မိသာ်။ သို့သော်

သူဤသို့လုပ်၍ မရနိုင်ကြောင်း သူသိသည်။ သူ့တွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပေ။

ဝေ့ရှင်းပန်၏ နှလုံးသားက ထိတ်လန့်တုန်လှုပ်မှုများစွာ ပြည့်နှက်နေခဲ့သည်။ သူသည် ဝေ့ဝူကျီကို သစ္စာဖောက်ခဲ့ကာ ချူးမိသားစုက လူတိုင်းကို တစ်ယောက်တည်း ဖမ်းဆီးပြီး ကွပ်မျက်ခဲ့သူလည်း ဖြစ်သည်။ အခု ချူးယွင်ဖန်း ပြန်ရောက်လာပြီဆိုသောကြောင့် ချူးယွင်ဖန်းက သူ့ကို ဤအတိုင်း လွှတ်မပေးတော့မည်မှာ သေချာသည်။ ယင်းကို စဉ်းစားရင်း သူ့ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည်။

"မင်းက ဘယ်လိုလုပ် ဒီလောက် သန်မာနေတာလဲ။ ဘာလို့ မသေတာလဲ"

မှန်သည်။ ဝေ့ရှင်းပန်၏ ဆူငေါက်မှုက ချူးယွင်ဖန်းကို လုံးဝမထိခိုက်စေနိုင်ပေ။ ကွမ်ယီကို

တစ်ချက်တည်းနှင့် သတ်ပြီးတဲ့နောက်တွင် သူ့ရဲ့အကြည့်က ရှန်ဖေးယွင်နှင့် တခြားသူများဘက်သို့ လှည့်သွားသည်။ ချူးယွင်ဖန်း၏ စဉ်ဆက်မပြတ်တိုက်ခိုက်မှုများသည် ဤကောင်းကင်သားများ၏ မာနထောင်လွှားမှုကို လုံးဝဖျက်ဆီးပစ်ခဲ့သည်။ ၎င်းတို့၏ မျက်လုံးများထဲတွင် သူတို့ကိုယ်တိုင်ပင် သတိမထားမိသော ကြောက်ရွံ့မှုအရိပ်အယောင်များ ရှိနေခဲ့သည်။

"နောက်တစ်လှည့်က မင်းအလှည့်ပဲ။ တစ်ယောက်ပြီးတစ်ယောက်ပဲ။"

ချူးယွင်ဖန်းက ဖြည်းညှင်းစွာ လျှောက်လာသည်။ သူလှမ်းလိုက်သော ခြေလှမ်းတိုင်းသည် သူတို့၏နှလုံးသားပေါ်သို့ နင်းခြေနေသယောင်ထင်ရသည်။

"မင်းက ငတုံးနယ်ခံပဲ" ရှန်ဖေးယွင်က ဟိန်းဟောက်လိုက်သည်။

"မင်းဘယ်လောက်ကြီးမားတဲ့ အမှားကြီး ကျူးလွန်ခဲ့လဲဆိုတာ ငါပြမယ် ဒီနေ့ မင်းက တရှလူမျိုးတွေကို သတ်ခဲ့တယ်။ အနာဂတ်မှာ မင်းရဲ့ မာနအတွက် မင်းရဲ့သွေးကိုသုံးပြီး မိုးကြိုးခရမ်းဓားဒေသကို သွေးနဲ့ ဆေးခြယ်မယ်"

ရှန်ဖေးယွင်၏ မျက်လုံးများသည် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် လက်လက်တောက်ပနေသည်။ စွမ်းအင်အငွေ့အသက်များသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ဒီရေလှိုင်းကဲ့သို့ ပျံ့နှံ့သွားပြီး မိုးကြိုးပစ်သံများ ထွက်ပေါ်လာသည်။

ချူးယွင်ဖန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးပြီး သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် တရှပညာရှင်ထံသို့ သတ်ဖြတ်ဝင်ရောက်သွားသည်။

ချူးယွင်ဖန်း သူရှိရာနေရာမှ ပျောက်ကွယ်သွားသည်ကို လျင်မြန်စွာ တုံ့ပြန်လိုက်သော တစ်စုံတစ်ယောက်က မြင်လိုက်ရသည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူချက်ချင်းသိလိုက်ပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။ သို့သော် နောက်ကျသွားပြီ။ ချူးယွင်ဖန်းသည် သူ့ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ ဓားအလင်းတန်းတစ်ခု ချူးယွင်ဖန်း၏ လက်ချောင်းထိပ်မှ ဖြာထွက်ကာ သူ့ခေါင်းကို ဖြတ်သွားသည်။

ချူးယွင်ဖန်း၏ မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များနှင့် တောက်ပနေသည်။ သူဤနေရာသို့မရောက်ခင် ချူးဟုန်ချိုင်က သူ့ကို အပြည့်အဝနားလည်ပြီးသားဖြစ်သည်။ ဤလူများအားလုံးက ချူးမိသားစု၏ အဖြစ်ဆိုးတွင် ပါဝင်ပတ်သက်နေကြသည်။ ၎င်းတို့က စီမံကိန်းရေးဆွဲခြင်းဖြစ်စေ စစ်ဆင်ရေး၌ဖြစ်စေ ပါဝင်ပတ်သက်ခဲ့ကြသည်။ ခြွင်းချက်လည်း မရှိပေ။ ဒီလူများသည် ရှန်ဖေးယွင်နှင့် မဟာမိတ်ဖွဲ့ထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။

နယ်ခံတချို့ကိုသတ်သောကြောင့် သူတို့ဒုက္ခရောက်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ကြပေ။ ၎င်းတို့သည် မိုးကြိုးခရမ်းဓားနယ်မြေက လူများကို ဂရုမစိုက်သကဲ့သို့ လူသားများနှယ်လည်း မဆက်ဆံကြပေ။

ချူးယွင်ဖန်း ထွက်လာရန် ချူးမိသားစုတစ်ခုလုံးကို သတ်ပစ်ခြင်းက သူတို့အမြင်တွင် အလွန်အမင်း ပုံမှန်ဖြစ်သည်။ ၎င်းတို့၏ မြို့ဝန်၏

ညွှန်ကြားချက်များမရှိပါက ဤသို့လုပ်ရန် စိတ်မဝင်စားကြပေ။ ၎င်းတို့အမြင်တွင်

ချူးယွင်ဖန်းက ပုရွက်ဆိတ်တစ်ကောင်ပင်ဖြစ်သည်။

သို့သော် ယခု ချူးယွင်ဖန်း၏ ရုတ်တရက်တိုက်ခိုက်မှုက ၎င်းတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ နတ်ဘုရားများကဲ့သို့ ထင်နေသော ဤလူများသည် ကြောက်စရာကောင်းသော သတ်ဖြတ်မှုများကြား၌ နတ်ဘုရားများပင် ကြောက်ရွံ့ထိတ်လန့်ရမည်ဆိုသည်မှာ သဘောပေါက်လာကြသည်။

ချူးယွင်ဖန်း၏ လှုပ်ရှားမှုများသည် မြန်ဆန်ပြီး ရက်စက်ကြမ်းကြုတ်ကာ သူသည် စိတ်အေးလက်အေးရှိသည်။ တိုက်ခိုက်မှုအမျိုးမျိုးသည် ပြဒါးကဲ့သို့ ပျံ့နှံ့သွားပြီး ၎င်းတို့ထဲမှ တစ်ခုခုသည် လူတစ်ဦးကို သတ်ဖြတ်နိုင်သည်။ ခဏလေးအတွင်းမှာပင် ကြွားဝါပြီး ချူးယွင်ဖန်း၏ ဦးခေါင်းကို ယူ၍ ဂုဏ်ယူဝင့်ကြွားလိုသူများအားလုံး သေဆုံးသွားကြသည်။

ရှန်ဖေးယွင်တစ်ယောက်တည်း ကျန်ခဲ့သည်။

All Chapters