← Chapters

ငါက မင်းရဲ့ဇနီးထက် ဘာနိမ့်ကျလို့လဲ

Vol. 6 Ch. 74

ငါက မင်းရဲ့ဇနီးထက် ဘာနိမ့်ကျလို့လဲ

Vol. 6 Ch. 74

နောက်တစ်နေ့။

မြို့တော်ပြင်ပတွင် အရာရှိများ စုဝေးရောက်ရှိနေကြပြီး ကျင့်ကြံသူတစ်သန်းပါဝင်သော စစ်တပ်ကြီးမှာ အသင့်ဖြစ်နေပြီဖြစ်သည်။ ကောင်းကင်ယံ၌ ဧရာမ နတ်ဘုရားလေင်္ဘောကြီး (၁၀)စင်း ပျံဝဲနေပြီး မြေပြင်ပေါ်သို့ အရိပ်မည်းကြီးများ ကျရောက်နေသည်။ မြေပြင်ပေါ်တွင်မူ မီတာရာနှင့်ချီမြင့်သော သားရဲကြီးများ၊ တောင်တန်းကြီးများသဖွယ် ခိုင်ခံ့သော စစ်ဗျူဟာအစီအမံများနှင့် နေရာလွတ် အလွှာများကြားမှ ရွေ့လျားနေသော အရိပ်ကိုယ်ရံတော်များ...

မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် မြို့တော်အတွင်းမှ သယ်ထုတ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အစုလိုက်အပြုံလိုက်သတ် လက်နက်မျိုးစုံကို မြင်တွေ့ရပေမည်။

အရိပ်များကြားမှ အင်အားကြီး ပုဂ္ဂိုလ်များစွာမှာ တိတ်တဆိတ် စောင့်ကြည့်နေပြီး အံ့သြတုန်လှုပ်သံများ ထွက်ပေါ်နေသည်။

“ဒါ... ပျောက်ကွယ်သွားပြီလို့ ယူဆရတဲ့ ဧကရာဇ်အဆင့် စစ်ဗျူဟာ၊ “နတ်ဘုရားသတ်စစ်ဗျူဟာ” မဟုတ်လား။”

“မဟုတ်ဘူး။ ဒါက နတ်ဘုရားသတ်စစ်ဗျူဟာရဲ့ အကြွင်းအကျန် အစိတ်အပိုင်းတစ်ခုပဲ။ ဒါပေမဲ့ ဒါတောင် ဘယ်နတ်ဘုရားအဆင့် စစ်ဗျူဟာထက်မဆို အပြတ်အသတ် သာလွန်နေတုန်းပဲ...”

“လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူ ၃၀၊ ပင်လယ်လွှမ်းနယ်ပယ် ကျင့်ကြံသူ ရာနဲ့ချီ၊ ပြီးတော့ တောင်ရွှေ့နယ်ပယ် ကျင့်ကြံသူ ၁၀၀၀ကျော်... ဒီအင်အားစုအခြေခံကတော့ တကယ့်ကို မယုံနိုင်စရာပဲ။”

“ကျောက်ယွီဟွမ် ပုန်ကန်တုန်းကနဲ့ အင်အားစု(၇)ခု ဝိုင်းတိုက်တုန်းက ဧကရီ ဘာလို့ ဒီအင်အားတွေကို ထုတ်မသုံးခဲ့တာလဲ။”

“ဧကရီ ဒီနေ့ကိုပဲ စောင့်နေခဲ့တာ ဖြစ်မှာပေါ့။ ဒါမှမဟုတ် သူက ဒီမငြိမ်မသက်မှုတွေကို ကိုင်တွယ်နိုင်ပြီး ကျူးကျော်လာတဲ့ ရန်သူတွေကို သတ်ဖြတ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေလို့လည်း ဖြစ်နိုင်တာပဲ။”

...

တပ်မတော်(၃)ခု၏ စစ်သေနာပတိချုပ်အနေဖြင့် မုန့်ချင်ကျိုးက အရှိန်အဝါ အပြည့်ရှိနေပြီး ကျန်းစန်းဟိုင်၏ ပင်ကိုယ်ရတနာဖြစ်သော ဧကရာဇ်အဆင့် တောင်တန်းနှင့်မြစ်မြေပုံပေါ်သို့ တိုက်ရိုက် တက်လှမ်းလိုက်သည်။

ထိုမြေပုံမှာ အပြည့်အဝ ပွင့်ထွက်သွားပြီး တောင်တန်းများ၊ မြစ်များ၊ ပြဿဒ်များနှင့် နန်းတော်များ ပါဝင်သော ကုန်းမြေတစ်ခုလုံးအဖြစ် ပြောင်းလဲသွားသည်။

အချင်းမိုင်ပေါင်း သုံးသောင်းကျော် ကျယ်ဝန်းသော ဤမြေပုံကို မီတာထောင်နှင့်ချီမြင့်မားသော လရောင်ထွန်းလင်းနယ်ပယ် သားရဲကျွန်လေးကောင်က ထမ်းပိုးထားသည်။ မုန့်ချင်ကျိုးကိုယ်တိုင်က မြေပုံအတွင်းရှိ ဗဟိုနန်းတော်တွင် ထိုင်နေသည်။

“တပ်လှန့်စေ၊ စစ်ချီတက်မယ်...” မုန့်ချင်ကျိုးက မတ်မတ်ရပ်ကာ အမိန့်ပေးအာဏာကို ကိုယ်စားပြုသော ဓားရှည်ကို ဆွဲထုတ်လိုက်ရင်း အော်ဟစ်လိုက်သည်။

သူ့ဘေးနားတွင်ရှိသော ချင်းဖုန်းဟော်က ချက်ချင်းပင် သူ၏ နတ်ဘုရားစွမ်းအားကို သုံး၍ အသံကို ဟိန်းထွက်စေကာ တပ်မတော်(၃)ခုလုံး ကြားအောင် အသံလွှင့်လိုက်သည်။ “စစ်သေနာပတိချုပ် အမိန့်အရ... စစ်ချီစေ...”

ဒုန်း... ဒုန်း... ဒုန်း...

ဗုံသံ၊ မောင်းသံများ ပြိုင်တူထွက်ပေါ်လာပြီး စစ်တပ်အတွင်း၌ “ကျင်း”ဟူသော စာလုံးရေးထိုးထားသည့် အနက်ရောင် အလံတိုင်များ လေထဲတွင် လွင့်ပျံလာသည်။ အလံများပေါ်ရှိ စာလုံးများမှာ တောက်ပ၍ လာခဲ့ပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်မိကာ ကြီးမားသော စစ်ဗျူဟာတစ်ခု ဖြစ်ပေါ်လာသည်။

နတ်ဘုရားအဆင့် အမြန်နှုန်း စစ်ဗျူဟာ

နတ်ဘုရားအဆင့် ဝိညာဉ်စွမ်းအင် စုစည်းမှု အစီအရင်

ထိုစစ်ဗျူဟာများ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် နေရာလွတ် အထဲတွင် ပုန်းကွယ်နေသော နတ်ဘုရားလေင်္ဘော (၁၀)စင်းနှင့် အရိပ်ကိုယ်ရံတော်များ အပါအဝင် စစ်သည်အားလုံးမှာ နတ်ဘုရားများ ကူညီမစသကဲ့သို့ စွမ်းအားများ တက်လာသည်။ သူတို့၏ ချီတက်မှုနှုန်းမှာ အဆပေါင်း ရာနှင့်ချီ မြန်ဆန်သွားပြီး ဝိညာဉ်စွမ်းအင် ပြန်လည်ပြည့်ဖြိုးမှုနှုန်းမှာလည်း အံ့မခန်း မြန်ဆန်လာတော့သည်

ဝုန်း...

တပ်မတော်(၃၃)ခု စတင်ရွေ့လျားလိုက်သည်နှင့် မဟာကျင်း၏ စစ်အင်အား အပြည့်အစုံ ပေါ်ထွက်လာရာ အိမ်နီးချင်းတိုင်းပြည်များ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ အုပ်ချုပ်သူများစွာမှာ သူတို့၏ နိုင်ငံတံဆိပ်များကို ကိုင်ဆောင်ကာ စစ်တပ်သွားမည့် လမ်းပေါ်တွင် ဒူးထောက်စောင့်ဆိုင်း၍ လက်နက်ချ အညံ့ခံကြလေသည်။

“လူဦးရေ ၁.၃ သန်း၊ မြေဧက နှစ်သိန်း၊ အရာရှိဘွဲ့ (၁၀)ခုနဲ့ ကျင့်ကြံသူ တစ်သောင်းကျော် ရှိတဲ့ ကုလားအုတ်ခေါင်းလောင်းတိုင်းပြည်က မဟာကျင်းကို လက်နက်ချဖို့ ဆန္ဒရှိပါတယ်။ စစ်သေနာပတိချုပ် အနေနဲ့ ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါရန် မျှော်လင့်ပါတယ်။”

အုပ်ချုပ်သူတစ်ဦးမှာ ကြောက်လန့်တုန်ရီစွာဖြင့် သူ၏ ဝန်ကြီးများကို ဦးဆောင်ကာ မုန့်ချင်ကျိုးရှေ့တွင် ဒူးထောက်၍ နဖူးနှင့် ကြမ်းပြင်တိုက်ကာ ရှိခိုးနေသည်။

မဟာကျင်းတိုင်းပြည်၏ ရည်မှန်းချက်မှာ လူတိုင်းသိပြီးသားဖြစ်သည်။

ယခုအခါ မဟာကျင်းက ဖဲချပ်များကို အကုန်ထုတ်ပြပြီး မြောက်ဘက်သို့ စစ်ချီနေပြီဖြစ်ရာ လမ်းခရီး တစ်လျှောက် ရိက္ခာထောက်ပံ့မှုကို သူတို့ မည်သို့ ကိုင်တွယ်မည်နည်း။

မဟာကျင်း၏ အစဉ်အလာကို ပြန်စဉ်းစားကြည့်ပါ။

လမ်းမှာ ရိက္ခာပြတ်နေလား။ ပြဿနာမရှိဘူး။ တိုင်းပြည်အချို့ကို သတ်ဖြတ်ပြီး သူတို့ရဲ့ ဘဏ္ဍာတိုက်ကို သိမ်းလိုက်...

ဘာပြောတယ်။ စစ်သည်တွေ အသေအပျောက်များလို့ လူအင်အား လိုနေတာလား။ ဒါလည်း ပြဿနာမရှိဘူး နိုင်ငံအချို့ကို တိုက်ခိုက်ပြီး လူငယ်တွေကို ဖမ်း၊ စစ်မြေပြင်က အသားကြိတ်စက်ထဲ ပစ်ထည့်လိုက်ရုံပဲ...

ထို့ကြောင့် မဟာကျင်း၏ အခြေခံအင်အားများ ပေါ်လာပြီး ထိုမျှလောက် ကြောက်စရာကောင်းသော စစ်တပ်ကြီးကို မြင်လိုက်ရသောအခါ ယရင်က ဧကရီသည် ဒေါသထွက်၍ အင်အားစု (၇)ခုကို စစ်ကြေညာတာပါဆိုပြီး လှောင်ပြောင်ခဲ့သူများ ဆက်မရယ်နိုင်တော့ပေ...

“အမ်...” မုန့်ချင်ကျိုးက လက်ကို နောက်ပစ်ကာ အကြာကြီး စဉ်းစားနေသော်လည်း အတွင်းစိတ် အထဲမှာတော့ အော်ဟစ်နေမိသည်။ ”လခွမ်းတဲ့မှ...”

သူ့ရှေ့တွင် နိုင်ငံပေါင်း ဒါဇင်ချီသော အုပ်ချုပ်သူများက သူတို့၏ နိုင်ငံတံဆိပ်များကို ကိုင်ဆောင်ကာ စစ်ဆေးခံရန် တန်းစီနေကြသည်။

မျက်နှာဖုံးစွပ်ထားသော တုန်းဖန်လျူလီက မုန့်ချင်ကျိုး နောက်ကွယ်မှ တိုးတိုးလေး ပြောလိုက်သည်။

“မတ်မတ်နေ။ ဗိုလ်ချုပ်ကြီးချင်းကိုပဲ လက်ခံခိုင်းလိုက်။ ပြီးရင် သူတို့ကို ပြန်ခိုင်းလိုက်တော့။”

မုန့်ချင်ကျိုး ခေါင်းကို အနည်းငယ် စောင်းကြည့်လိုက်ရာ သူ၏ အမူအရာမှာ “ဟမ်။ မင်း နောက်နေတာလား...” ဟု ပြောနေသကဲ့သို့ အလွန်ပင် ကွက်ကွက်ကွင်းကွင်း ရှိလှသည်။

ဤသို့ဖြင့် လမ်းခရီးတစ်လျှောက်၌ ပတ်ဝန်းကျင်ရှိ တိုင်းပြည်ပေါင်း (၁၀၀)ကျော်ကို သိမ်းသွင်းခဲ့ရာ မဟာကျင်း၏ နယ်မြေမှာ နှစ်ဆတိုးသွားတော့သည်။

တောင်တန်းနှင့်မြစ်မြေပုံ အတွင်းရှိ ဗဟိုခန်းမ၌။

“ဒါတွေက အရေးမပါတဲ့ တိုင်းပြည်ငယ်လေးတွေပဲ။ တစ်ခုချင်းစီ လိုက်ကိုင်တွယ်နေရတာ စိတ်ရှုပ်စရာ ကောင်းပေမဲ့ သူတို့ကို ဒီတိုင်းလွှတ်ထားရင် တိုင်းပြည်အချင်းချင်း ဝါးမျိုကြပြီး ကျားကို အစာကျွေးသလို ဖြစ်နေလိမ့်မယ်...” တုန်းဖန်လျူလီက တည်ငြိမ်စွာ ပြောလိုက်သည်။

“ခြိမ်းခြောက်ပြီး လမ်းတစ်လျှောက်မှာရှိတဲ့ တိုင်းပြည်ငယ်တွေကို စုစည်းလိုက်တာက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။”

မုန့်ချင်ကျိုးက သူ၏ လက်ထဲရှိ နိုင်ငံတံဆိပ်တစ်ခုကို ပေါ့ပေါ့ပါးပါး ကစားနေရင်း အိတ်တစ်အိတ်ထဲ ပစ်ထည့်လိုက်သည်။ အိတ်ကို မပြီး လှုပ်ခါကြည့်လိုက်ရာ အတွင်းမှ တံဆိပ်များ ထိခတ်သံ တချွမ်းချွမ်း ထွက်ပေါ်လာသည်။

“ဒါက မင်းရဲ့ စိတ်ကူးလား၊ ဧကရီရဲ့ စိတ်ကူးလား။” မုန့်ချင်ကျိုးက အိတ်ကို ဘေးသို့ ပစ်လိုက်ရင်း မေးလိုက်သည်။

တုန်းဖန်လျူလီက ပြုံးပြီး ပြောလိုက်သည်။ “ဒါက ဧကရီမင်းမြတ်ရဲ့ စိတ်ကူးပေါ့။ ဒီလို ဗျူဟာမျိုးကို ပညာရှိပြီး အနှိုင်းမဲ့တဲ့ ဧကရီပဲ စဉ်းစားနိုင်တာလေ...”

“မင်းကိုယ်မင်း နှိမ့်ချပြီး ဧကရီကို ချီးကျူးပြီး ကိုယ့်ကို စမ်းသပ်နေတာလား။ ကိုယ့်နှလုံးသားထဲမှာတော့ ဧကရီက မိန်းမကို မမီပါဘူး...” မုန့်ချင်ကျိုးက ပြောလိုက်ရင်း တုန်းဖန်လျူလီ၏ သွယ်လျသော ခါးလေးကို ဖက်ကာ မေးစေ့ကိုမပြီး နှုတ်ခမ်းချင်း ထိတွေ့လိုက်ကြသည်။

ရက်အတော်ကြာ အလုပ်များပြီးနောက် သူတို့ နှစ်ယောက်တည်း အချိန်လေးတစ်ခု ခိုးယူနိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်မျက်နှာတွင် ရှိနေသော်လည်း သူတို့နှစ်ယောက်တည်း ရှိမည့် အခွင့်အရေးကို ရှာဖွေခဲ့သည်။

အသက်ရှူ မဝတော့လုနီးပါး ဖြစ်လာမှ တုန်းဖန်လျူလီ၏ မျက်နှာလေးမှာ နီမြန်းလာပြီး ကိုယ်လုံးလေးမှာ ပျော့ပျောင်းသွားသည်။ သူက မုန့်ချင်ကျိုး၏ ရင်ဘတ်ကို တွန်းထုတ်ရင်း ရှက်ကိုးရှက်ကန်း တိုးတိုးလေး ပြောလိုက်သည်။ “ဘာလုပ်နေတာလဲ။ ကျွန်မတို့တွေက စစ်တိုက်နေတာလေ။ တိုင်းပြည်ရဲ့ ကံကြမ္မာက အစွန်းတစ်ဖက်မှာ ရောက်နေတာကို... ရှင်ကတော့ ကျီစယ်ချင်တုန်းပဲ...”

“ဘယ်သူက မင်းကို အဲဒီလောက် သဝန်တိုခိုင်းလို့လဲ။ ကိုယ်က မင်း စိတ်အေးအောင် လုပ်ပေးရတာ...” မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ နှာခေါင်းလေးကို ဆွဲညှစ်ရင်း ပြောသည်။

မင်းရဲ့ ယောကျ်ားရှေ့မှာ တခြားမိန်းမကို အဲဒီလောက် ပြောင်ပြောင်တင်းတင်း ချီးကျူးနေတာ၊ ငါ မုန့်ချင်ကျိုးကို ငတုံးများ မှတ်နေလား။

သေချာပေါက် သဝန်တိုနေလို့ အရွဲ့တိုက်ပြီး ပြောနေတာပဲ။

တုန်းဖန်လျူလီ - “...”

ဘယ်သူက သဝန်တိုလို့လဲ...

ကျွန်မက အတည်ပြောနေတာပါနော်။

ငါက ငါ့ယောကျ်ားကို ဧကရီအပေါ် ချစ်မိသွားအောင် ဒီလောက်အထိ အားထုတ်နေရတာ... ငါက နာကျင်မှုကို နှစ်သက်နေတဲ့သူ ဖြစ်နေပြီလား။

သွယ်ဝိုက်တဲ့နည်းနဲ့ ငါ့ယောကျ်ားအတွက် တရားဝင် ဇနီးတစ်ယောက်နဲ့ ငါ့အတွက် ပြိုင်ဘက် တစ်ယောက်ကို ရှာပေးနေတာလား။

မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါကပဲ ဧကရီလေ။ ငါတို့က ဘယ်လိုလုပ် ခွဲခြားလို့ ရမှာလဲ...

တုန်းဖန်လျူလီမှာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲတော့မည့် အခြေအနေသို့ ရောက်နေသည်။ မုန့်ချင်ကျိုး၏ ဧကရီအပေါ် အမြင်စောင်းနေမှုကို ပြုပြင်ရန် ကြိုးစားနေရခြင်းမှာ တကယ့်ကို ခက်ခဲလွန်းလှသည်

ထိုအခိုက်အတန့်တွင်။

ရင်းနှီးပြီးသား အရှိန်အဝါပါသည့် အသံတစ်ခု ပဲ့တင်ထပ်လာပြီး မွှေးရနံ့ပါသော လေပြည်နှင့်အတူ ခန်းမအတွင်း၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

“ငါ ကြားတာ မမှားဘူးဆိုရင် ဝန်ကြီးမုန့်... ငါက မင်းရဲ့ဇနီးထက် မသာဘူးလို့ ပြောလိုက်တာလား။”

မုန့်ချင်ကျိုး ရုတ်တရက် မော့ကြည့်လိုက်ရာ ပါးစပ်လေး အနည်းငယ် ပွင့်သွား၏။

ဧကရီ။

ဘုရားရေ... သူ ဘာလို့ ဒီကို ရောက်နေတာလဲ။

ဧကရီက နတ်ဘုရားမတစ်ပါးကဲ့သို့ တောက်ပသော အရှိန်အဝါများဖြင့် လှပစွာ လမ်းလျှောက်လာသည်။ သူသည် တုန်းဖန်လျူလီ၏ ရှေ့မှောက်မှာတင် မုန့်ချင်ကျိုး၏ မေးစေ့ကို တိုက်ရိုက်ကိုင်မြှောက်လိုက်ရာ သူ၏ အသံမှာ ဆွဲဆောင်မှုရှိသလို အမိန့်ပေးသံလည်း ပါဝင်နေပြီး လူ၏ အရိုးများကိုပင် ကျဉ်တက်၍ သွားစေသည်။ “ပြောစမ်းပါဦး... ငါက မင်းရဲ့ဇနီးထက် ဘယ်နေရာမှာ နိမ့်ကျနေလို့လဲ။”

All Chapters