← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃) သူတို့က အစစ်အမှန်တွေပါ

ပြင်ပလောကကြီးတွင် တည်ငြိမ်မှုများ ပြန်လည်စတင်နေချိန်၌ လုံချန်းကမူ ဘုရားကျောင်းအတွင်း ကျင့်ကြံခြင်းထဲတွင် နစ်ဝင်နေခဲ့သည်။

တစ်ရက်အကြာတွင် အလောင်းများကို သင်္ဂြိုဟ်သည့် လုပ်ငန်းစဉ်များ ပြီးဆုံးသွားခဲ့ပြီး မျိုးနွယ်စုခေါင်းဆောင် အားလုံးသည်လည်း သူတို့၏ စစ်တပ်များနှင့်အတူ ပြန်လည်ထွက်ခွာသွားကြသည်။ ဒဏ်ရာရထားသော သူတို့၏ ခရီးစဉ် သက်သောင့်သက်သာရှိစေရန် သရဲမျိုးနွယ်စုက ဇိမ်ခံရထားလုံးများကို စီစဉ်ပေးခဲ့သည်။ ထို့အပြင် ဘေးအန္တရာယ်များ ကင်းစင်သွားပြီဖြစ်၍ မှင်စာ မျိုးနွယ်စု၏ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကိုလည်း ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ရန် သရဲမျိုးနွယ်စုက လူအင်အားဖြင့် ကူညီပေးခဲ့သည်။

လုံချန်း ကျောင်းတော်ထဲသို့ ဝင်သွားသည်ကို ဘုရင်မ သိရှိသော်လည်း ၎င်းကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် သူမ ဆုံးဖြတ်လိုက်သည်။ လုံချန်းသည် မကောင်းဆိုးဝါး ဧကရာဇ်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သူ ဖြစ်သောကြောင့် ဤလောကတွင် နတ်ဘုရားကဲ့သို့ တန်ခိုးရှင်ဖြစ်ကြောင်း သူမ သိထားသဖြင့် လုံချန်း စိတ်တိုင်းကျ လုပ်ခွင့်ပေးထားလိုက်ခြင်းပင် ဖြစ်သည်။

မကောင်းဆိုးဝါး မြို့တော်တွင်မူ ဧကရာဇ် ဘာလန်းသည် စစ်ပွဲရလဒ်နှင့် မကောင်းဆိုးဝါး စစ်တပ်၏ အရှက်ရဖွယ် ရှုံးနိမ့်မှုကို သိရှိသွားခဲ့သည်။ သူ ဘာမှမတတ်နိုင်တော့မှန်း သိသည်။ တာရပ်စ်နှင့် ရှန်တီးယားတို့၏ မိုက်မဲသော ဆုံးဖြတ်ချက်ကို မတားဆီးနိုင်ခဲ့သည့်အတွက် နောင်တရနေပြီးနောက် အနာဂတ်တွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် သူ တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

မကောင်းဆိုးဝါးများအား မည်သူမျှ မကောင်းဆိုးဝါးတောအုပ်မှ ထွက်ခွာခြင်း သို့မဟုတ် အခြားမျိုးနွယ်စုများနှင့် ဆက်သွယ်ခြင်း မပြုရဟု သူ အမိန့်ထုတ်ပြန်လိုက်သည်။ သူတို့သည် သူတို့၏ နယ်မြေအတွင်းမှာပင် ထာဝရ ငြိမ်းချမ်းစွာ နေထိုင်သွားရမည် ဖြစ်သည်။ ဤအမိန့်ကို မလိုက်နာသူ မည်သူမဆို မကောင်းဆိုးဝါး အားလုံးက ရက်စက်စွာ သတ်ဖြတ်ရမည်ဟု သတ်မှတ်လိုက်သည်။

ထို့အပြင် နောင်လာနောက်သားများ အနေဖြင့် သူတို့၏ ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သည့် ဤကဲ့သို့သော မိုက်မဲသည့် ဆုံးဖြတ်ချက်များ မချမိစေရန် သတိပေးချက်အဖြစ် ဤဝမ်းနည်းဖွယ် ဖြစ်ရပ်ကို စာအုပ်တစ်အုပ်တွင် မှတ်တမ်းတင်ရန် ဆုံးဖြတ်လိုက်သည်။ မကောင်းဆိုးဝါးတိုင်း အရွယ်ရောက်လာသည့်အခါ ဤစာအုပ်ကို မဖြစ်မနေ ဖတ်ရှုရမည်ဟု စည်းကမ်းသတ်မှတ်လိုက်သည်။

အရာအားလုံး ပြီးစီးပြီးနောက် ဧကရာဇ် ဘာလန်းသည် မကောင်းဆိုးဝါးတောအုပ်သို့ လျှောက်သွားကာ စောင့်ဆိုင်းနေတော့သည်။ ဘေးအန္တရာယ်တစ်ခု ဆိုက်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။

နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြန်သည်။

မှင်စာ မျိုးနွယ်စုအတွင်းမှာတော့ သင်္ဂြိုဟ်ခြင်း အခမ်းအနားတစ်ခု ကျင်းပနေသည်။ မျိုးနွယ်စု ဒုတိယခေါင်းဆောင်ရွှီ၏ သင်္ဂြိုဟ်ပွဲပင် ဖြစ်သည်။

ရှားသည် သေဆုံးသွားသော သူမ၏ ဖခင်ကို ကြည့်ကာ မျက်ရည်များ တဖြည်းဖြည်း ကျဆင်းနေခဲ့သည်။ သူမသည် စစ်တပ်ပြန်လာမည့် အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သူ ဖြစ်သည်။ စစ်တပ် ပြန်ရောက်လာပြီဟု ကြားရသောအခါ သူမ ဖခင်ကို လိုက်လံ ရှာဖွေခဲ့သည်။ သို့သော် ခေါင်းဆောင် တန်ရှာ က ရထားလုံးထဲမှ ဆင်းလာပြီး သူမကို ခေါ်လိုက်ချိန်တွင် သူမ၏ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လှန်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ရထားလုံးထဲတွင် လဲလျောင်းနေသော သူမ၏ ဖခင်ကို မြင်လိုက်ရသောအခါ ဤအရာသည် အမှန်တကယ် ဖြစ်ပျက်နေသည်ဟု သူမ မယုံကြည်နိုင်ခဲ့ပေ။

မကြာမီမှာပင် သင်္ဂြိုဟ်ရန် စီစဉ်လိုက်ကြသည်။

နာရီများစွာ ကြာသွားခဲ့သော်လည်း သူမ၏ မျက်ရည်များမှာ မရပ်တန့်ခဲ့ပေ။ ခေါင်းဆောင် တန်ရှာက သူမ၏ နောက်မှ လျှောက်လာပြီး သူမ၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။

"ဦးလေး တကယ် စိတ်မကောင်းပါဘူး ရှားလေးရယ်။ မင်းအဖေဟာ ဦးလေးကို ကာကွယ်ရင်း သေဆုံးခဲ့တာပါ။ ဒါကြောင့် တစ်နည်းအားဖြင့် ဦးလေးကပဲ သူ့ကို သေစေခဲ့တဲ့ တရားခံပေါ့။ ဦးလေးကို ခွင့်လွှတ်ပါ" သူက ဝမ်းနည်းဖွယ် အသံဖြင့် ဆိုသည်။

"ဒါ ဦးလေးတန်ရှာရဲ့ အမှားမဟုတ်ပါဘူး။ ဦးလေးကလည်း ကျွန်မတို့ မျိုးနွယ်စုအတွက် အသက်နဲ့ရင်းပြီး တိုက်ခဲ့တာပဲ၊ ကျွန်မအဖေလည်း အတူတူပါပဲ။ သူ လုပ်သင့်တယ် ထင်တာကို သူ လုပ်သွားတာပဲ၊ ဒါကြောင့် ဦးလေးကို အပြစ်မတင်ပါဘူး" ရှားက အက်ရှရှအသံဖြင့် ပြန်ပြောသည်။

"ဦးလေးရဲ့ အိမ်ကို ပြောင်းလာစေချင်တယ်။ အရာအားလုံး ဦးလေး စီစဉ်ပေးပါ့မယ်။ သူ နောက်ဆုံးစကားကို အဆုံးထိ မပြောနိုင်ခဲ့ပေမဲ့ သူ ဦးလေးကို ဘာမှာချင်လဲဆိုတာ ဦးလေး သိပါတယ်။ အဲဒါက မင်းကို စောင့်ရှောက်ဖို့ပါပဲ၊ ဦးလေး သူ့ရဲ့ နောက်ဆုံးဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းပေးမှာပါ" တန်ရှာက သင်္ဂြိုဟ်ပွဲကို ကြည့်ရင်း ဆိုသည်။

"ရပါတယ် ဦးလေးတန်ရှာ။ အဲလိုလုပ်ဖို့ မလိုပါဘူး။ ကျွန်မတို့ရဲ့ အိမ်ဟောင်းမှာပဲ ကျွန်မ ဆက်နေချင်ပါတယ်" ရှားက ငြင်းပယ်လိုက်သည်။

"အင်း... ကောင်းပါပြီ။ ဦးလေး မင်းရဲ့ ဆန္ဒကို လေးစားပါတယ်။ ဒါပေမဲ့ တစ်ခုခု လိုအပ်ရင် ဦးလေးကို အချိန်မရွေး ပြောပါ။ အရင်က ဦးလေးမှာ သားနှစ်ယောက်ပဲ ရှိခဲ့တာ၊ အခုတော့ မင်းကလည်း ဒီမိသားစုရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ" တန်ရှာက နူးညံ့စွာ ပြောပြီးနောက် သူမကို အေးဆေးစွာ နေနိုင်ရန် အနောက်သို့ ပြန်ဆုတ်ပေးလိုက်သည်။

တာရာသည်လည်း အနောက်တွင် ရပ်နေခဲ့ပြီး ဘာပြောရမှန်း မသိဘဲ ဖြစ်နေသည်။ သူ ရှေ့သို့ သွား၍ ရှာယကို နှစ်သိမ့်ပေးချင်သော်လည်း မည်သို့လုပ်ရမည်ကို မသိပေ။ သူမ ငြိမ်ငြိမ်လေး နေချင်နေချိန်တွင် မနှောင့်ယှက်ချင်သလို သူမကို တစ်ယောက်တည်းလည်း ပစ်မထားချင်ပေ။ သူ ဘာလုပ်ရမလဲဆိုသည်ကို တွေးတောရင်း ရပ်နေမိသည်။

မကြာမီမှာပင် သင်္ဂြိုဟ်ပွဲ ပြီးဆုံးသွားပြီး ဒုတိယခေါင်းဆောင်ရွှီ၏ အမှတ်တရများကို ပြောကြားပြီးနောက် လူတိုင်း ပြန်သွားကြတော့သည်။

သရဲမျိုးနွယ်စုအတွင်းရှိ ဘုရားကျောင်းသို့ ပြန်ကြည့်လျှင် နှစ်ရက်ကျော် ကျင့်ကြံပြီးနောက် လုံချန်းသည် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ မျက်လုံးများကို ဖွင့်လိုက်သည်။

"ရွှေအမြုတေ အဆင့် ၈ ရဲ့ အထွတ်အထိပ်ပဲ။ မယုံနိုင်စရာပဲ... ငါသာ ဒီမှာ ဆက်နေနိုင်ရင် ကျင့်ကြံခြင်းရဲ့ အထွတ်အထိပ်ကို အလွယ်တကူ ရောက်နိုင်မှာပဲ" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။

"ဟက်... အိပ်မက်မက်နေတာပဲ" အနီးနားမှ လှောင်ပြောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဘာလို့လဲ။ ငါ လုပ်နိုင်မယ်လို့ မင်း မထင်ဘူးလား" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"နင် ဒီအရှိန်အတိုင်း ဆက်သွားနိုင်ရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့... အချိန်ကွာခြားမှုကို နင် မေ့သွားပြီလား။ ပြီးတော့ အချိန်ကိစ္စ မရှိရင်တောင်မှ နင် ဘာမှ ဆက်လုပ်လို့ မရတော့ဘူး။ ဘာလို့လဲဆိုတော့ ရွှေအမြုတေအဆင့်ရဲ့ အထွတ်အထိပ်ကပဲ ဒီကမ္ဘာမှာ နင် ရောက်နိုင်မယ့် အမြင့်ဆုံး အဆင့်မို့လို့ပဲ" ရွှင်းက ရှင်းပြသည်။

"ဘာလို့လဲ" လုံချန်းက မေးသည်။

"ဒီကမ္ဘာက ဝိညာဉ်စွမ်းအင်တွေက မလုံလောက်လို့ပေါ့။ နင် ဒီမှာ အရှိန်အဟုန်နဲ့ ကျင့်ကြံနိုင်တယ် ဆိုပေမဲ့ ဒီကမ္ဘာရဲ့ စွမ်းအင်တွေ ကုန်ခမ်းလာတာနဲ့အမျှ အရှိန်က အများကြီး လျော့ကျသွားလိမ့်မယ်။ ဒီနေရာက စွမ်းအင်တွေ နေ့တိုင်း အများကြီး ထွက်ပေါ်နေတဲ့ နင့်ရဲ့ ကျင့်ကြံခြင်းကမ္ဘာလိုမျိုး မဟုတ်ဘူးလေ" ရွှင်းက ထပ်မံ ရှင်းပြသည်။

"ဒါက စမ်းသပ်မှုအတွက် ဖန်တီးထားတဲ့ စိတ်ကူးယဉ်ကမ္ဘာ မဟုတ်ဘူးလား။ ဘာလို့ စွမ်းအင်တွေက အကန့်အသတ်မရှိ မဖြစ်ရတာလဲ" လုံချန်းက ဇဝေဇဝါဖြင့် မေးသည်။

"ဘယ်သူက ဒါကို စိတ်ကူးယဉ်ကမ္ဘာလို့ ပြောလို့လဲ" ရွှင်းက နားမလည်ဟန်ဖြင့် မေးသည်။

"ဟို... မင်းလေ၊ မင်း ရတနာလုံးတွေ အကြောင်း ပြောတုန်းက စိတ်ကူးယဉ်လို့ ပြောခဲ့တယ် မဟုတ်လား" လုံချန်းက ထောက်ပြလိုက်သည်။

"အဟမ်း... ငါ ဘာပြောခဲ့လဲဆိုတာ ငါ မမှတ်မိတော့ဘူး၊ ဒါပေမဲ့ ငါက ရတနာလုံးတွေကို ပြောတာ၊ ဒီကမ္ဘာကြီးကို ပြောတာ မဟုတ်ဘူး" သူမက တစ်ချက် ချောင်းဟန့်ကာ ပြန်ပြောသည်။

"ဒါဆို ဒါက စစ်မှန်တဲ့ ကမ္ဘာပေါ့။ ငါ သတ်ခဲ့တဲ့ မကောင်းဆိုးဝါးတွေကော..." လုံချန်းက ရွှင်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"သူတို့ကလည်း တကယ်ရှိခဲ့တဲ့ သူတွေပေါ့" သူမက ပြုံးလျက် ပြောလိုက်ရာ လုံချန်း အကြီးအကျယ် ထိတ်လန့်သွားသည်။

"ဒါကို ဘာလို့ ငါ့ကို အရင်က မပြောခဲ့တာလဲ"

"အရင်က ဒီအကြောင်း မမေးခဲ့လို့ပေါ့" သူမက ပြန်ဖြေသည်။

"နေဦး... ငါ့ရဲ့ တကယ့်ကိုယ်ခန္ဓာက အပြင်မှာ ကျန်ခဲ့တာလေ၊ ငါ့ရဲ့ ဝိညာဉ်ခန္ဓာနဲ့ စစ်မှန်တဲ့ ကမ္ဘာက တကယ့်လူတွေနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်လို့ ရမှာလဲ" လုံချန်းမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။

အခန်း (၁၀၄) နှုတ်ဆက်ခြင်း

"နေဦး... ငါ့ရဲ့ တကယ့်ကိုယ်ခန္ဓာက အပြင်မှာ ကျန်ခဲ့တာလေ၊ ငါ့ရဲ့ ဝိညာဉ်ခန္ဓာနဲ့ စစ်မှန်တဲ့ ကမ္ဘာက တကယ့်လူတွေနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်လို့ ရမှာလဲ" လုံချန်းမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။

"အခု နင်အသုံးပြုနေတာက ဝိညာဉ်ခန္ဓာ မဟုတ်ပါဘူး။ နင့်ရဲ့ဝိညာဉ်က ပူးကပ်အသုံးချနေတဲ့ ကိုယ်ပွား တစ်ခုလို့ ပြောရင် ပိုမှန်လိမ့်မယ်။ ဒါက သွေးမျိုးဆက်ကျောင်းတော်ကနေ ဒီစမ်းသပ်မှုအတွက် သီးသန့်ဖန်တီးပေးထားတဲ့ ခန္ဓာကိုယ်ပဲ။ နင် ဒီကမ္ဘာကနေ ထွက်သွားတာနဲ့ ဒီခန္ဓာကိုယ်က ပျောက်ကွယ်သွားလိမ့်မယ်" ရွှင်းက သာမန်ကိစ္စတစ်ခုလိုပင် ပြန်ဖြေသည်။

"မင်း ဘာတွေပြောနေတာလဲ။ သွေးတစ်စက်တည်းနဲ့ ဒါတွေအားလုံး ဖြစ်လာနိုင်တယ်လို့လား။ ကိုယ်ပွားတွေ၊ စမ်းသပ်မှုတွေ၊ ကမ္ဘာသစ်တစ်ခုလုံးကိုလား" လုံချန်းက အံ့ဩတကြီး အော်ဟစ်လိုက်မိသည်။

"ဒီကမ္ဘာကြီးက နင်ထင်ထားတာထက် ပိုပြီး နက်နဲတယ် ကောင်လေးရဲ့။ ငါ့ရဲ့သခင်က ဒီလောကရဲ့ ထိပ်ဆုံးမှာ ရှိခဲ့တဲ့သူဆိုတော့ ဒါမျိုးတွေက ဖြစ်နိုင်တာပေါ့" ရွှင်းက ပြုံးလျက် ဆိုသည်။

"ထားပါတော့လေ... ငါ ဘာမှပြန်မပြောချင်တော့ဘူး" လုံချန်းသည် စကားဖြတ်လိုက်ကာ မြေပြင်ပေါ်တွင် လှဲချလိုက်သည်။

"နှစ်ရက်လုံးလုံး ထိုင်နေရတာ တကယ်ကို ပင်ပန်းတာပဲ" လုံချန်းက ဘုရားကျောင်း၏ အမိုးကို ကြည့်ရင်း ပြောလိုက်သည်။

"နန်းတော်ထဲသွားပြီး ခုတင်ပေါ်မှာ မအိပ်ဘူးလား" ရွှင်းက မေးသည်။

"ဒီမှာတင် အဆင်ပြေပါတယ်။ မကြာခင်မှာပဲ ငါ ထွက်သွားရတော့မှာပဲဟာ" လုံချန်းက ပြန်ဖြေလိုက်သည်။

"ဒါနဲ့... ငါ ဒီကမ္ဘာကနေ ထွက်ခွာဖို့ အချိန်ဘယ်လောက် လိုသေးလဲ" လုံချန်းက ရွှင်းကို ကြည့်ကာ မေးလိုက်သည်။

"တစ်နာရီပဲ" သူမက သူ့ကို ကြည့်ပြီး ဖြေသည်။

"ဟက်... အချိန်က သိပ်မကျန်တော့ဘူးပဲ။ ဒါဆိုရင် မထွက်သွားခင် တန်ရှာတို့ဆီသွားပြီး နောက်ဆုံးအကြိမ် နှုတ်ဆက်လိုက်ဦးမယ်" လုံချန်းက ရေရွတ်ရင်း မတ်တတ်ရပ်လိုက်သည်။

"ဟင်းလင်းပြင် ရတနာလုံးကနေ ရတဲ့ စွမ်းအားက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ကီလိုမီတာ တစ်ရာအတွင်းမှာ ဟင်းလင်းပြင်ကို ဖြတ်ပြီး သွားနိုင်တာက တကယ့်ကို မိုက်တယ်။ ကံဆိုးတာက ကန့်သတ်ချက်တွေ အရမ်းများနေတာပဲ"

"ဘာကန့်သတ်ချက်တွေလဲ။ နင်ပြောတာ နှစ်ခုပဲ ရှိသေးတာလေ။ ကီလိုမီတာ တစ်ရာအတွင်းပဲ သွားလို့ရတာရယ်၊ တစ်ရက်ကို တစ်ကြိမ်ပဲ သုံးလို့ရတာရယ်။ တခြား ဘာရှိသေးလို့လဲ" ရွှင်းက နားမလည်ဟန်ဖြင့် မေးသည်။

"နောက်ထပ် ကန့်သတ်ချက် တစ်ခုက... နင်သွားမယ့်နေရာဟာ နင်အရင်က ရောက်ဖူးတဲ့ နေရာဖြစ်ရမယ်။ နောက်တစ်ခုကတော့ ကန့်သတ်ချက်လို့ မခေါ်နိုင်ပေမဲ့ ငါ့အတွက်တော့ တော်တော်အခက်တွေ့စေတာပဲ။ အဲဒါက ဟင်းလင်းပြင်အက်ကွဲကြောင်းကနေ ထွက်လာမယ့်နေရာကို အတိအကျ ခန့်မှန်းလို့မရတာပဲ။ နင်သွားချင်တဲ့ နေရာနဲ့ အရမ်းနီးစပ်ပေမဲ့ အဲဒီပတ်ဝန်းကျင်က ဘယ်နေရာမှာမဆို ထွက်လာနိုင်တယ်။ နင်မရောက်ဖူးတဲ့ နေရာမှာတောင် ထွက်လာနိုင်တာမျိုးပေါ့" လုံချန်းက ရှင်းပြလိုက်သည်။

"လွန်ခဲ့တဲ့ တစ်ခါတုန်းကလိုပေါ့။ ငါက သရဲမျိုးနွယ်စုရဲ့ နယ်နိမိတ်ထဲကို သွားချင်တာ၊ ဒါပေမဲ့ ထွက်လာတော့ နယ်နိမိတ်အပြင်ဘက်က စစ်မြေပြင်ရဲ့ ကောင်းကင်ယံမှာ ဖြစ်နေတယ်။ အဲဒီတုန်းကတော့ ငါ့အတွက် အဆင်ပြေသွားတာပေါ့။ ဒါနဲ့... အဲဒီတုန်းက ငါ့ရဲ့ ပွဲထွက်ပုံက တော်တော်လေးကို ကြည့်ကောင်းတယ် မဟုတ်လား" လုံချန်းက ပြုံးစိစိဖြင့် မေးလိုက်သည်။

"အင်း... ကြည့်တော့ မကောင်းပါဘူး။ ဒါပေမဲ့ ဘာလို့ နောက်ကနေ အဲဒီစကားလုံး ထည့်တာလဲ။ အဲလောက်ကြီးတော့ မဆိုးပါဘူး ဟုတ်တယ်မလား" ရွှင်းက အပြစ်ကင်းစင်စွာ ပြန်မေးသည်။

"ဟို... အဲဒါက တော်တော်လေးကို မိုက်တယ်လို့ အဓိပ္ပာယ်ရတာ၊ ဆိုးတာ မဟုတ်ဘူး" လုံချန်းမှာ သူမစကားကြောင့် ချောင်းတဟဟ ဖြစ်သွားရသည်။

"ဪ... နင့်မှာ ဟင်းလင်းပြင် ဖြတ်သန်းခြင်းလိုမျိုး တော်တော်လေးမိုက်တဲ့... အဲ... ကြည့်ကောင်းတဲ့ စွမ်းရည်ရှိတာကိုပဲ ကျေးဇူးတင်သင့်ပါတယ်။ ကန့်သတ်ချက်တွေ ရှိနေရင်တောင်မှပေါ့" ရွှင်းက ပြုံးလျက် ပြန်ပြောသည်။

"မင်းပြောတာ မှန်ပါတယ်။ ဒါက တကယ့်ကို အသုံးဝင်တဲ့ စွမ်းရည်ပဲ။ ငါ သွားတော့မယ်" လုံချန်းက ပြောလိုက်ပြီး "ဟင်းလင်းပြင် ဖြတ်သန်းခြင်း " ဟု ရေရွတ်ကာ ဟင်းလင်းပြင်ထဲ လက်ဝှေ့ယမ်းလိုက်သည်။ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး လုံချန်းက ၎င်းကို ဖြဲ၍ ဝင်သွားခဲ့သည်။ မကြာမီမှာပင် ထိုအက်ကွဲကြောင်း ပျောက်ကွယ်သွားတော့သည်။

မှင်စာ မျိုးနွယ်စုအတွင်းမှာတော့ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ လုံချန်းက ထိုထဲမှ ထွက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း သူ မြင်လိုက်ရသည့်အရာကြောင့် မျက်လုံးများ ပြူးသွားရသည်။

'သွားပြီ' လုံချန်း စိတ်ထဲက ရေရွတ်လိုက်မိသည်။

သူသည် အခန်းတစ်ခုအတွင်း ရောက်နေပြီး သူ့ရှေ့တွင် မိန်းကလေးတစ်ဦးက ကျောပေးလျက် ရပ်နေသည်။ အဆိုးဆုံးမှာ ထိုမိန်းကလေးက ကိုယ်ပေါ်တွင် အဝတ်အစား တစ်ခုမျှ ဝတ်မထားခြင်းပင်။ သူမ၏ အချိုးအစားကျလှသော ခန္ဓာကိုယ်ကို မြင်နေရသော်လည်း လုံချန်းမှာ တွေးနေဖို့ အချိန်မရှိပေ။ သူ တကယ့်ကို ဒုက္ခရောက်နေပြီမှန်း သိလိုက်သည်။ တံခါးက မိန်းကလေး၏ အရှေ့တွင် ရှိနေသဖြင့် တံခါးမှ ထွက်ရန် မဖြစ်နိုင်သလို၊ ဟင်းလင်းပြင် ဖြတ်သန်းခြင်းကိုလည်း ယခုလေးတင် သုံးထားပြီးဖြစ်၍ ထပ်သုံး၍ မရတော့ပေ။

မိန်းကလေး၏ စိုစွတ်နေသော ကိုယ်လုံးလေးကို မြင်ရသောအခါ လုံချန်း၏ ရင်ခုန်သံများ မြန်လာသည်။ သူမ ရေချိုးပြီးခါစ ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။ ထိုအချိန်မှာပင် သူ့အနီး၌ တဘတ်တစ်ခု ချိတ်ထားသည်ကို မြင်လိုက်ရသဖြင့် လုံချန်း၏ မျက်နှာမှာ ပို၍ပင် ပျက်သွားသည်။ သူမသည် ထိုတဘတ်ကို ယူရန်အတွက် နောက်လှည့်လာတော့မည်ဖြစ်ရာ သူ၏ သိက္ခာများ အားလုံး မြောင်းထဲ ရောက်တော့မည်မှန်း သိလိုက်သည်။

သူ အကြောက်ဆုံးအရာက တကယ်ဖြစ်လာခဲ့သည်။ မိန်းကလေးက တဘတ်ကို လှမ်းယူရန် နောက်သို့ လှည့်လိုက်စဉ် သူမ၏ မျက်လုံးများ ပြူးသွားပြီး မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူမသည် လက်တစ်ဖက်ဖြင့် ရင်သားများကို ဖုံးကာ၊ နောက်လက်တစ်ဖက်ဖြင့် အောက်ပိုင်းကို ကာကွယ်လိုက်သည်။ သူမ အော်ဟစ်ရန် ပြင်လိုက်စဉ်မှာပင် လုံချန်းက သူမအနားသို့ အမြန်တိုးသွားပြီး ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။

"အင်... အင်..." သူမ ထိတ်လန့်သွားသော်လည်း ပါးစပ်ပိတ်ခံထားရသဖြင့် ဘာမှ မပြောနိုင်ပေ။

"ရှားလေး... ငါ... ငါ တောင်းပန်ပါတယ်။ ငါ ဒီအခန်းထဲကို မတော်တဆ ရောက်လာတာပါ။ ကျေးဇူးပြုပြီး မအော်ပါနဲ့။ ငါ စွမ်းရည်တစ်ခုကို စမ်းသပ်ရင်းနဲ့ မတော်တဆ ဒီနေရာမှာ ပေါ်လာတာပါ" လုံချန်းက သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ လုံချန်း အနားသို့ ကပ်လာသောအခါ ရှားသည် ရင်ခုန်သံများ ပိုမြန်လာပြီး မျက်နှာတစ်ခုလုံး နီမြန်းကာ အသက်ရှူသံများပင် ပြင်းလာခဲ့သည်။

သူမက ခေါင်းညိတ်ပြလိုက်သောအခါ လုံချန်းက သူမ၏ ပါးစပ်မှ လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်သော်လည်း နောက်သို့ ဆုတ်မသွားသေးပေ။

"စီနီယာ လုံချန်း... ကျွန်မ စီနီယာ့ကို ယုံပါတယ်။ စီနီယာက ဒီလိုမျိုး တမင်သက်သက် လုပ်မယ့်သူ မဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်" ရှားက ရှက်သွေးဖြာနေသော မျက်နှာဖြင့် တိုးတိုးလေး ဆိုသည်။

"မင်းရဲ့ မျက်လုံးတွေက... ငိုထားတာလား" သူမ၏ မျက်လုံးများ နီမြန်းနေသည်ကို မြင်သဖြင့် လုံချန်းက မေးလိုက်ရာ သူမက ခေါင်းညိတ်ပြသည်။

"မင်းရဲ့ အဖေကို မကာကွယ်ပေးနိုင်ခဲ့လို့ ငါ တောင်းပန်ပါတယ်။ ငါ ရောက်လာတာ နောက်ကျသွားခဲ့တယ်"

"စီနီယာ လုပ်နိုင်တာ ဘာမှမရှိခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကို သတ်ခဲ့တဲ့သူကော..." သူမက မေးသည်။

"သူကတော့ တကယ့်ကို ရက်စက်တဲ့ သေခြင်းတရားနဲ့ သေသွားပါပြီ။ ဒီစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ မကောင်းဆိုးဝါး အားလုံးကို အမြစ်ပြတ် သတ်ပစ်ခဲ့ပါတယ်" လုံချန်းက သူမ၏ မျက်လုံးများကို ကြည့်ကာ ဖြေလိုက်သည်။

"ကျေးဇူးတင်ပါတယ်" ထိုသို့ ပြောပြီး ရှားက လုံချန်းကို ဖက်လိုက်သည်။

"အာ... မင်း အဝတ်အစားတွေ ဝတ်လို့ရပြီနော်" လုံချန်းက တံခါးဘက်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

လုံချန်း သတိပေးမှသာ ရှားသည် သူမတွင် အဝတ်အစား မရှိသည်ကို သတိရပြီး လုံချန်းကို အမြန်တွန်းထုတ်ကာ တဘတ်ဖြင့် သူမ၏ ကိုယ်လုံးလေးကို ပတ်လိုက်တော့သည်။

လုံချန်းသည် နောက်လှည့်မကြည့်ဘဲ အခန်းပြင်သို့ အမြန်ထွက်သွားကာ အပြင်ခန်းရှိ ကုလားထိုင်တွင် ထိုင်ရင်း ရှား ထွက်လာသည်ကို စောင့်နေခဲ့သည်။

မကြာမီမှာပင် ရှားသည် အဝတ်အစားများကို သေသေသပ်သပ် ဝတ်ဆင်၍ ထွက်လာကာ လုံချန်း၏ ရှေ့တွင် ယဉ်ကျေးစွာ ထိုင်လိုက်သည်။

"ငါ မင်းကို နှုတ်ဆက်ဖို့ လာတာပါ။ ငါ ဒီနေရာကနေ ထွက်သွားတော့မယ်၊ နောက်တစ်ခါ မင်းနဲ့ ဘယ်တော့ ပြန်တွေ့ဦးမလဲဆိုတာ မသိတော့ဘူး။ မင်းတို့အားလုံး ငါ့ကို ကူညီခဲ့တာတွေအတွက် ကျေးဇူးတင်ချင်လို့ပါ" လုံချန်းက သူမ စကားမပြောမီ တိုက်ရိုက်ပင် ပြောလိုက်သည်။

"ဪ... ကောင်းပါပြီ။ စီနီယာ့ကို သိခွင့်ရတာ၊ ဒီကမ္ဘာက လူတွေကို ကယ်တင်ပေးခဲ့တာတွေအတွက် ကျွန်မတို့ကပဲ ကျေးဇူးတင်ရမှာပါ။ စီနီယာတို့လို လူသားတွေဟာ ဒီကမ္ဘာရဲ့ အစောင့်အရှောက် နတ်ဘုရားတွေလိုပါပဲ။ လွန်ခဲ့တဲ့ တစ်ချိန်က စီနီယာ ထျန်းရှန် ကယ်တင်ခဲ့သလို အခုလည်း စီနီယာက ကယ်တင်ခဲ့ပြန်ပြီ။ ကျွန်မတို့ကပဲ ကျေးဇူးတင်စကား ပြောရမှာပါ" ရှားက သူမ၏ စိတ်ထဲက ခံစားချက်များကို ဖုံးကွယ်ရင်း ပြုံးလျက် ဆိုလိုက်သည်။

All Chapters