ရွှေရောင် ဘုရင်အဆင့် ပင်ကိုယ်စွမ်းရည် ရရှိခြင်း(၂)
Vol. 7 Ch. 64
...တစ်ချိန်တည်းမှာပင် နှင်းဝံပုလွေကျေးရွာလေးရှိ သစ်ပင်အိမ်လေးထဲတွင်...
အဝေးမှ ကြားနေရသော သေနတ်သံများနှင့် ပေါက်ကွဲသံများသည် အချိန်ကြာမြင့်စွာကတည်းက ရပ်တန့်သွားခဲ့ပြီး တောင်ကြားဘက်မှာ သေမင်းတမန်ကဲ့သို့ လုံး၀ တိတ်ဆိတ်သွားတော့သည်။ ဤရုတ်တရက် တိတ်ဆိတ်သွားမှုသည် အိမ်ထဲရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့ကို ပို၍ မသက်မသာဖြစ်စေခဲ့ပြီး စိုးရိမ်ပူပန်စေခဲ့လေသည်။
“ပြီးသွားပြီလား... ဘာလို့ အသံတစ်ခုမှမကြားရတော့တာလဲ...” ရှောင်လန်သည် သူမ၏ လက်သေးသေးလေးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ပင် စိုက်ဝင်လုနီးပါး ဖြစ်နေလေသည်။ “ဝံပုလွေဖေဖေ... ဘာလို့ ပြန်မလာသေးတာလဲ...”
“ပုံမှန်ဆိုရင် ဒီလိုတိတ်ဆိတ်သွားတယ်ဆိုတာ တစ်ဖက်ဖက်က လုံးဝကျဆုံးသွားတာကို ဆိုလိုတာပဲ...” ရှောင်ယင်း၏ နှလုံးသားသည်လည်း နစ်မြုပ်သွားပြီး၊ နိမိတ်မကောင်းသော ခံစားချက်တစ်ခုသည် အဆိပ်ရှိသော နွယ်ပင်များကဲ့သို့ သူမကို ရစ်ပတ်လာခဲ့သည်။ “ဖြစ်နိုင်တာက... ဝံပုလွေဖေဖေတို့များ...”
ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုသည် အထိန်းအကွပ်မဲ့စွာ ပေါ်ထွက်လာပြီး ဧကရီနှစ်ပါးလုံး၏ မျက်နှာများကို ချက်ချင်းပင် ပြာနှမ်းသွားစေခဲ့သည်။
ရှောင်လန်သည် အေးစက်သော လက်တစ်ဖက်က သူမ၏ နှလုံးသားကို ပြင်းထန်စွာ ဆွဲညစ်ခံလိုက်ရသကဲ့သို့ ခံစားနေရပြီး နှလုံးခုန်ရပ်သွားတော့မတတ် ဖြစ်နေလေတော့သည်။
၎င်းမှာ အစွမ်းထက်သော အားကိုးတစ်ခုကို ဆုံးရှုံးရနိုင်ခြေရှိရုံ မဟုတ်ချေ။ သူမကို အဆုံးမဲ့ နွေးထွေးမှုနှင့် အကာအကွယ်များပေးခဲ့သော ဖခင်တစ်ဦးကို ထာဝရ ဆုံးရှုံးရနိုင်ခြေ ရှိနေပေသည်။
ဖော်ပြ၍မရနိုင်သော ဝမ်းနည်းပူဆွေးမှုများနှင့် ကောင်းကင်ကိုပင် လောင်ကျွမ်းစေနိုင်လောက်သည့် ဒေါသတို့ သူမ၏ ကလေးခန္ဓာကိုယ်ထဲတွင် ဆူပွက်လာခဲ့သည်။
“တကယ်လို့သာ... ငါ့ရဲ့ စွမ်းအားတွေသာ ကျန်နေသေးရင်...” သူမ၏ ငယ်ရွယ်သော မျက်နှာလေးပေါ်တွင် ရှင်းလင်းပြီး နက်ရှိုင်းသော နာကျင်မှုနှင့် ကူကယ်ရာမဲ့မှု ခံစားချက်မျိုး ပထမဆုံးအကြိမ်အဖြစ် ပေါ်ထွက်လာခဲ့လေသည်။
ဘေးရှိ ရှောင်ယင်းသည်လည်း အအေးဓာတ်အျား အရိုးထဲထိ စိမ့်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အတိတ်ဘဝတွင် သူမသည် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော မိစ္ဆာဧကရီအဖြစ် လူသိများခဲ့သော်လည်း၊ ၎င်းမှာ သူမသည် လူသားများ၏ နှလုံးသားထဲရှိ အမှောင်ထုကို မြင်တွေ့ခဲ့ရပြီး ဟန်ဆောင်မှုများကို ငြီးငွေ့လာခဲ့သောကြောင့် ဖြစ်သည်။
ဤဘဝတွင် ဝံပုလွေဖေဖေ့ထံမှ သူမ ခံစားရသည်မှာ ခြွင်းချက်မရှိ၊ ရိုးအသော်လည်း စစ်မှန်သော အလိုလိုက်မှုနှင့် ဂရုစိုက်မှုတို့ပင် ဖြစ်သည်။ ထိုနွေးထွေးမှုသည် သူမ နှစ်ဘ၀တိုင်အောင် မမျှော်လင့်ဝံ့ခဲ့သော အဖိုးတန်ရတနာတစ်ခု ဖြစ်ပေသည်။
“ဖြစ်နိုင်တာက... အရာအားလုံးက အစပိုင်းမှာပဲ အဆုံးသတ်သွားတော့မှာလား...” သူမ၏ စိတ်ထဲတွင် ဗလာကျင်းသွားသကဲ့သို့ ခံစားနေရပြီး ယခင်က တစ်ခါမှမကြုံဖူးသော တွေဝေမှုများနှင့် ဝမ်းနည်းပူဆွေးမှုများက သူမကို လွှမ်းခြုံလာခဲ့သည်။
“ဝိညာဉ်ခေတ်ရဲ့ မှတ်တမ်းတွေအရ အရိပ်မီးတောက်ကျားသစ်ဘုရင်က အချိန်အကြာကြီး အသက်ရှင်ခဲ့တယ်လို့ ဆိုထားတယ်... ကျားသစ်ဘုရင်သာ သမိုင်းထဲကအတိုင်း အားကောင်းနေခဲ့ရင် နောက်ဆုံးမှာ ဝံပုလွေဖေဖေက...”
ဧကရီနှစ်ပါးကို အဆုံးမရှိသည့် မျှော်လင့်ချက်မဲ့မှုများက ဝါးမြိုသွားတော့မည့် အချိန်လေးတွင်...
“အာဝူး...”
အလွန် ရင်းနှီးကျွမ်းဝင်ပြီး ခမ်းနားထည်ဝါကာ အားကောင်းလှသော ဝံပုလွေဟိန်းဟောက်သံကြီးတစ်ခုက မှောင်မိုက်သော တိမ်တိုက်များကို ထိုးဖောက်သွားသည့် အလင်းတန်းတစ်ခုကဲ့သို့ တောင်ကြားထဲမဇ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာပြီး ညကောင်းကင်ယံကို ဖြတ်ကျော်ကာ သစ်ပင်အိမ်လေးဆီသို့ ရောက်ရှိလာခဲ့လေသည်။
“ဝံပုလွေဖေဖေပဲ... အဲဒါ ဝံပုလွေဖေဖေရဲ့ အသံပဲ...” ရှောင်လန် ရုတ်တရက် ခေါင်းမော့လာခဲ့ပြီး သူမ၏ မျက်လုံးများထဲရှိ မှိန်ဖျော့နေသော အလင်းများသည် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေသော အလင်းတန်းများဖြင့် ချက်ချင်းပင် အစားထိုးခံလိုက်ရလေသည်။ “ဖေဖေ မသေသေးဘူး... သူ အသက်ရှင်နေသေးတယ်...”
ရှောင်ယင်းသည်လည်း ခုန်ပေါက်လုနီးပါး ဖြစ်သွားပြီး ကြီးမားလှသော ခံစားချက် လှိုင်းလုံးကြီးကြောင့် သူမ၏ ခန္ဓာကိုယ်သေးသေးလေးမှာ အနည်းငယ် တုန်ရီသွားခဲ့သည်။
“ဖြစ်နိုင်တာက... တကယ့်ကို သမိုင်းကိုပါ ပြောင်းလဲသွားစေလောက်တဲ့ ကိစ္စတစ်ခုခု ဖြစ်သွားခဲ့တာလား...”
...တောင်ကြားစစ်တလင်းပေါ်တွင် အံ့ဖွယ်ဖြစ်ရက်တစ်ခု အမှန်တကယ် ဖြစ်ပေါ်ခဲ့သော်လည်း၊ ၎င်းမှာ အရိပ်မီးတောက်ကျားသစ်ဘုရင်အတွက် မဟုတ်ခဲ့ပေ။
ဝံပုလွေအုပ်စု၏ အနားမပေးသော ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ကျားသစ်ဘုရင်၏ ခုခံနိုင်စွမ်းမှာ ပိုမိုအားနည်းလာပြီး ဒဏ်ရာများမှာလည်း ပိုမိုများပြားလာခဲ့သည်။
နောက်ဆုံးတွင် ကျားသစ်ဘုရင်သည် သနားစရာကောင်းသော ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်ပြီး အင်အားအားလုံးကို အကုန်အစင် ထုတ်သုံးကာ ပျက်စီးသွားရမည်ဆိုလျှင်တောင်မှ တစ်ယောက်လောက်တော့ အပါခေါ်သွားချင်သဖြင့် တားမြစ်ကျင့်စဉ်ဖြစ်သော ပျက်သုဉ်းခြင်း ကို အသက်သွင်းရန် ကြိုးစားလိုက်လေသည်။
သို့သော်လည်း သူ၏ စွမ်းအားများ စုစည်းသွားသည့် အခိုက်အတန့်လေးမှာပင်...
သူ၏ ရည်ရွယ်ချက်ထက် ပိုမိုမြန်ဆန်သော အဖြူရောင် လျှပ်စီးတန်းတစ်ခု တိုး၀င်လာခဲ့သည်။
ထိုအလင်းတန်းမှာ ထျန်းပင်းပင် ဖြစ်လေသည်။ ထျန်းပင်းသည် အရိပ်မီးတောက်ကျားသစ်ဘုရင် အင်အားကုန်ခမ်းသွားမှုကြောင့် ဖြစ်ပေါ်လာသော အလွန်သေးငယ်သည့် ဟာကွက်လေးကို အရယူလိုက်ခြင်း ဖြစ်သည်။
ပြင်းထန်သော ရေခဲဝိညာဉ်၏ စွမ်းအားသည် အမြင့်ဆုံးအထိ လောင်ကျွမ်းသွားပြီး၊ သေမင်း၏ စီရင်ချက်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မေးရိုးများဖြင့် တိကျစွာ ကိုက်ချလိုက်လေတော့သည်။
“ဂျွတ်...”
အရိုးများ ကြေမွသွားဟန်ရသော စူးရှသည့် အသံတစ်သံသည် တိတ်ဆိတ်နေသော တောင်ကြားထဲတွင် ရှင်းလင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။
အရိပ်မီးတောက်ကျားသစ်ဘုရင်၏ ဧရာမခန္ဓာကိုယ်ကြီးသည် ရုတ်တရက် တောင့်တင်းသွားပြီး စုစည်းထားသော စွမ်းအားများသည်လည်း ချက်ချင်းပင် လွင့်စင်သွားခဲ့သည်။
မကျေနပ်မှုများနှင့် နာကြည်းချက်များ ပြည့်နှက်နေသော ကျားသစ်ဘုရင်၏ မျက်လုံးများသည် ပြူးကျယ်လာပြီးနောက် အလျင်အမြန် မှေးမှိန်သွားလေတော့သည်။
နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး ဖုန်မှုန့်များ လွင့်စင်သွားတော့သည်။
ဤအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံး အမှန်တကယ် တိတ်ဆိတ်သွားသကဲ့သို့ ထင်မှတ်ရလေသည်။
[ စနစ် အသိပေးချက်။ ။ ပိုင်ရှင်၏ လက်အောက်ရှိ နှင်းဝံပုလွေမျိုးနွယ်စုသည် ခြေလှမ်း၀က်ဘုရင်အဆင့် မိစ္ဆာသားရဲဖြစ်သော အရိပ်မီးတောက်ကျားသစ်ဘုရင်ကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့သည်။ ပိုင်ရှင်သည် အတွေ့အကြုံရမှတ် အမြောက်အမြား ရရှိပြီး အဆင့် ၂၂ သို့ တက်လှမ်းသွားသည်။ ကျဆင်းလာသော လက္ခဏာရပ်။ အကြွင်းမဲ့ အရိပ်သတ်ဖြတ်ခြင်း (ခရမ်းရောင်)။ စုပ်ယူမည်လား။ ]
【အကြွင်းမဲ့ အရိပ်သတ်ဖြတ်ခြင်း (ခရမ်းရောင်)။ ။ ရန်သူအား အသေသတ် တိုက်ခိုက်မှု ပြုလုပ်ရန်အတွက် ဝိညာဉ်စွမ်းအင်နှင့် အသက်စွမ်းအင်များကို လောင်ကျွမ်းစေသော သတ်ဖြတ်ခြင်း အမျိုးအစား ပင်ကိုစွမ်းရည်တစ်ခု ဖြစ်သည်။ အသက်သွင်းပြီးနောက် အချိန်တိုအတွင်း အမြန်နှုန်း အလွန်အမင်း တိုးတက်လာပြီး (အသံထက်အနည်းငယ်သာနှေးသော အမြန်နှုန်း ) တိုက်ခိုက်မှုတွင် ‘အကြွင်းမဲ့ ထိုးဖောက်ခြင်း’ ပါဝင်လာကာ ရန်သူ၏ ခုခံမှုတိုင်းကို လျစ်လျူရှုနိုင်မည့် အခွင့်အလမ်းကို များစွာတိုးစေသည်။】
“ခရမ်းရောင် ပင်ကိုစွမ်းရည်ပဲ... ပြီးတော့ ဒီလောက်တောင် အားကောင်းတဲ့ တိုက်စစ်အကျိုးသက်ရောက်မှုရှိတဲ့ စွမ်းရည်တဲ့လား...” လင်းထျန်းလုံသည် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။ “စုပ်ယူမယ်...”
သူ၏ အတွေးလှုပ်ရှားသွားသည်နှင့်အမျှ စနစ်၏ အသိပေးချက်သည် ထပ်မံထွက်ပေါ်လာခဲ့ပြီး ဤတစ်ကြိမ်တွင် သူ မမျှော်လင့်ထားသော အံ့အားသင့်စရာများကိုပါ ယူဆောင်လာခဲ့သည်။
[ စနစ် အသိပေးချက်။ ။ ပင်ကိုစွမ်းရည်အသစ် အကြွင်းမဲ့ အရိပ်သတ်ဖြတ်ခြင်း (ခရမ်းရောင်) သည် လက်ရှိ စွမ်းရည်များဖြစ်သော ခွန်အားပြင်း သံချပ်ကာခွဲလက်သည်း (ခရမ်းရောင်)၊ အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း (ခရမ်းရောင်) တို့နှင့် အလွန်လိုက်ဖက်ညီမှုရှိကြောင်း တွေ့ရှိရသည်။ ၎င်းတို့ သုံးခုလုံးကို ပေါင်းစပ်ရန် အသုံးပြုလိုပါသလား။ ]
“ပေါင်းစပ်ရမယ်ဟုတ်လား...” လင်းထျန်းလုံသည် ခဏတာ တွေဝေသွားပြီးနောက် တွန့်ဆုတ်ခြင်းမရှိဘဲ ရွေးချယ်လိုက်သည်။ “အင်း၊ လုပ်မယ်...”
[ စနစ် အသိပေးချက်။ ။ ပေါင်းစပ်မှု အောင်မြင်သည်။ အကြွင်းမဲ့ အရိပ်သတ်ဖြတ်ခြင်း (ခရမ်းရောင်)၊ ခွန်အားပြင်း သံချပ်ကာခွဲလက်သည်း (ခရမ်းရောင်) ] နှင့် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း (ခရမ်းရောင်)တို့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ရရှိသည့် ပင်ကိုယ်စွမ်းရည် မဟာဧကရာဇ်အရိပ်ပိုင်းခြားခြင်း (ရွှေရောင်) ဘုရင်အဆင့် ကို ရရှိခဲ့သည်။ ]
ဘုရင်အဆင့်လား
လင်းထျန်းလုံသည် သူ၏ အချက်အလက်ပြဘုတ်ပြားကို အလျင်အမြန် ကြည့်လိုက်သည်။ စွမ်းရည် ကဏ္ဍတွင် စွမ်းရည်အသစ်တစ်ခုသည် ထူးခြားသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေပြီး... ၎င်း၏ အရှိန်အဝါမှာ ခမ်းနားထည်ဝါသော ရွှေရောင်ဖြစ်သော်လည်း ရွှေရောင်အတွင်း၌ ဖော်ပြ၍မရနိုင်သော၊ နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်သည့် ခရမ်းရောင်ရင့်ရင့် အလင်းတန်းတစ်ခုက ခပ်ရေးရေး စီးဆင်းနေလေသည်။
[ မဟာဧကရာဇ်အရိပ်ပိုင်းခြားခြင်း (ရွှေရောင်) ဘုရင်အဆင့် ]။ ။ အမြင့်ဆုံး အမြန်နှုန်း၊ အကြွင်းမဲ့ ထက်ရှမှုနှင့် အဆုံးသတ် တိုက်ခိုက်မှု စိတ်ဆန္ဒတို့ကို ပေါင်းစပ်ထားသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းရည်တစ်ခု ဖြစ်သည်။ အသက်သွင်းလိုက်ချိန်တွင် ပုံရိပ်သည် အရိပ်များကိုပင် ဆုတ်ဖြဲသွားနိုင်သည့် လျှပ်စီးတန်းတစ်ခုကဲ့သို့ ရွေ့လျားသွားပြီး အချိန်တိုအတွင်း အသံထက်မြန်သော အမြန်နှုန်းသို့ မြင့်တက်သွားစေသည်။ ဤအခြေအနေတွင် ပထမဆုံး ပြုလုပ်သော တိုက်ခိုက်မှုသည် ပစ်မှတ်အပေါ်ရှိ အကာအကွယ်၊ ခုခံမှုအားလုံးကို လျစ်လျူရှုနိုင်ကာ ပျက်စီးဆုံးရှုံးမှု ကြီးမားသော တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်စေသည်။ ထိုစွမ်းအင်အတွက် ဝိညာဉ်စွမ်းအင် အမြောက်အမြားကို စားသုံးမည် ဖြစ်သည်။
“ဘုရားရေ... သုံးခုပေါင်းလို့ရလိုက်တဲ့ဟာက ဘုရင်အဆင့်ကြီးလေ...” လင်းထျန်းလုံ၏ စိတ်အတွင်းပိုင်းတွင် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ “ဒီအကျိုးသက်ရောက်မှုက... တကယ်ကို အားအရမ်းကောင်းလွန်းတယ်...”
တောက်ပသော ရွှေရောင်နှင့်ခရမ်းရောင် အလင်းတန်းများသည် သူ၏ မျက်လုံးများထဲတွင် စီးဆင်းနေပြီး စွမ်းရည်သစ်တစ်ခု ရောက်ရှိလာကြောင်း သက်သေပြနေလေတော့သည်။