တံငါသည်လင်းထျန်းလုံ(၂)
Vol. 7 Ch. 62
သို့သော် ဓားသွားနှင့် ထိခိုက်လုနီးပါး အချိန်တိုလေးအတွင်း အရိပ်မီးတောက် ကျားသစ်ဘုရင်၏ ပုံရိပ်မှာ ရုတ်တရက် မှုန်ဝါးပြီး ပျောက်ကွယ်သွားလေတော့သည်။
အရိပ်မီးတောက်ကျားသစ်က ဗလာနယ်အရှိန်ကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ နေရာရွှေ့ပြောင်းခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ခဏတာ ပျောက်ကွယ်သွားခြင်း ဖြစ်ပေသည်။
လေးလံသောဓားကြီးသည် အတားအဆီးမရှိဘဲ မှုန်ဝါးဝါးပုံရိပ်ကို ဖြတ်ကျော်သွားကာ မြေပြင်ပေါ်ရှိ ကျောက်တုံးကို အပြင်းအထန် ခုတ်ချမိသွားပြီး မီးပွားများနှင့် ကျောက်စရစ်ခဲများ လွင့်စင်ထွက်လာလေသည်။
အားကုန်သုံး ရိုက်ချလိုက်ခြင်းဖြစ်သဖြင့် လူဝကြီး၏လက်မှာ တန်ပြန်အားကြောင့် ကွဲအက်သွားကာ သွေးများစီးကျလာပြီး သူ၏ လက်မောင်းတစ်ဖက်လုံး ထုံကျင်သွားလေတော့သည်။
“သေစမ်း...”
ဤအတွေးသည် လူဝကြီး၏ စိတ်ထဲတွင် ပေါ်လာရုံသာ ရှိသေးသည်။
“နောက်ကျောကို သတိထား...”
ဟော့ကျန်း၏ အလန့်တကြား အော်သံ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း နောက်ကျသွားခဲ့ချေပြီ။
နိမိတ်မကောင်းသော အရိပ်မီးတောက်များ ရစ်ပတ်နေသော ထက်ရှလှသည့် လက်သည်းတစ်ခုသည် အရိပ်များကြားမှ ထွက်ပေါ်လာသော သေမင်းတမန်၏တံစဉ်ကဲ့သို့ လူဝကြီး၏ ကျယ်ပြန့်သောကျောပြင်ကို အသံတိတ် ဖောက်ထွင်းဝင်ရောက်သွားပြီး သူ၏ ရင်ဘတ်မှတစ်ဆင့် ထွက်ပေါ်လာတော့သည်။
လူဝကြီးသည် သွေးများယိုကျနေသော လက်သည်းထိပ်ကို မယုံနိုင်စွာ ငုံ့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲရှိ လောဘနှင့် စိတ်လှုပ်ရှားမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ လေလွင့်သွားသော ပြာများအဖြစ် ပြောင်းလဲသွားလေတော့သည်။
အရိပ်မီးတောက်ကျားသစ်ဘုရင်သည် သူ၏ ထက်ရှသော လက်သည်းကို အေးစက်စွာ ရုပ်သိမ်းလိုက်ပြီးနောက် အရှိန်အဟုန်ဖြင့် လူဝကြီး၏ ဦးခေါင်းကို တစ်ချက်တည်း ရိုက်ခွဲပစ်လိုက်လေသည်။
အနီနှင့် အဖြူရောင် အစအနများ လွင့်စင်ထွက်သွားခဲ့သည်။
“…”
ဟော်ကျန်း၏ မျက်၀န်းများ ကျုံ့ဝင်သွားကာ သူ၏ မျက်နှာအမူအရာမှာ ပထမဆုံးအကြိမ်အဖြစ် ရုပ်ဆိုးအကျည်းတန်သွားလေသည်။ သာမန်လူတစ်ဦးသေဆုံးခြင်းမှာ အကြောင်းမဟုတ်သော်လည်း ဤလူဝကြီးမှာ သူ အရင်းအမြစ်များစွာ အသုံးပြု၍ ပျိုးထောင်ထားခဲ့သော အဓိကအင်အားစု၀င်တစ်ဦး ဖြစ်ပြီး ယခုကဲ့သို့ အလွယ်တကူ သေဆုံးသွားသည်ကို သူမယုံနိုင်အောင် ဖြစ်နေလေသည်။
“ခွေးကောင်... မင်းက သေချင်နေတာပဲ...”
ဟော်ကျန်းသည် လုံးဝဒေါသထွက်သွားပြီး သူ၏ ညာဘက်လက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။
“သူ့ကို ပစ်ထုတ်လိုက်စမ်း...”
အသက်ရှင်ကျန်ရစ်သူ အဖွဲ့ဝင်များ၊ အထူးသဖြင့် လူပိန်ကြီးသည် သူတို့ ယူဆောင်လာသော လောင်ချာများကို ချက်ချင်းပင် ပခုံးပေါ်တင်လိုက်ကြသည်။
ပစ်လွှတ်လိုက်သည်နှင့် ဒုံးကျည်အချို့သည် အမြီးဖျားတွင်မီးတန်းများနှင့်အတူ အရိပ်မီးတောက် ကျားသစ်ဘုရင်ဆီသို့ တိုး၀င်သွားတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံများသည် တောင်ကြားထဲတွင် ပဲ့တင်ထပ်သွားပြီး မီးတောက်များ ကောင်းကင်သို့ ထိုးတက်သွားလေသည်။
ဤတစ်ကြိမ် တိုက်ခိုက်မှုသည် အလုပ်ဖြစ်သွားခဲ့လေသည်။ မီးခိုးငွေ့များနှင့်ဖုန်မှုန့်များ အနည်းငယ် လွင့်စင်သွားချိန်တွင် အရိပ်မီးတောက်ကျားသစ်ဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ ရုပ်ဆိုးလှသော ဒဏ်ရာများကို မြင်တွေ့လိုက်ရလေသည်။
ဒဏ်ရာများမှာ မီးလောင်ကျွမ်းကာ မည်းနက်နေပြီး သွေးများ ပန်းထွက်နေလေသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ဟော်ကျန်းကို ကျောချမ်းသွားစေပြီး မွန်းကြပ်လုနီးပါး ဖြစ်သွားစေသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဒုံးကျည်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးရောင်အောက်တွင် သူသည် အရိပ်မီးတောက်ကျားသစ်ဘုရင်၏ ပခုံးပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ကြွက်သားများသည် အလိုလျောက် လှုပ်ရှားနေပြီး လူသားများ၏ အမြန်နှုန်းထက် ကျော်လွန်ကာ ကုသနေပြီး အသက်ရှုချိန် အနည်းငယ်အတွင်းမှာပင် ဒဏ်ရာ၏ ထက်ဝက်နီးပါးမှာ ပြန်လည်ကောင်းမွန်လာခဲ့လေသည်။
ထိုအားကောင်းလှသော ပြန်လည်ကုသနိုင်စွမ်းသည် အိပ်မက်ဆိုးတစ်ခုအတိုင်း လုံးဝ တူညီနေလေတော့သည်။
“ဒါက... ဒါက ဘယ်လိုမိစ္ဆာမျိုးလဲ...”
ဟော်ကျန်း၏ စိတ်သည် ကြောက်ရွံ့မှုများကြောင့် လုံးဝနစ်မွန်းသွားလုနီးပါး ဖြစ်သွားခဲ့သည်။
အသက်ရှင်သန်လိုစိတ်က အရာအားလုံးကို လွှမ်းမိုးသွားခဲ့လေသည်။ သူ၏ မျက်လုံးထဲတွင် ရက်စက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး သူသည် ရုတ်တရက် လက်လှမ်းကာ ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြီး နောက်ထပ် ဒုံးကျည်တစ်စင်းကို လောင်ချာထဲထည့်နေသော သာမန်အဖွဲ့ဝင်တစ်ဦးကို အတင်းဆွဲယူလိုက်သည်။
ထိုလူ၏ အံ့သြထိတ်လန့်ပြီး မျှော်လင့်ချက်မဲ့နေသော အကြည့်များအောက်တွင် သူသည် ဒဏ်ရာကုသနေဆဲဖြစ်သော အရိပ်မီးတောက်ကျားသစ်ဘုရင်ဆီသို့ အားကုန်ပစ်ပေါက်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ပါးလွှာသော မီးတန်းတစ်ခုကို ပစ်လွှတ်လိုက်ပြီး ထိုမီးတန်းမှာ အဖွဲ့ဝင်၏ ကျောပေါ်ရှိ ဒုံးကျည်၏ ထိပ်ဖူးကို တိကျစွာ ထိမှန်သွားလေသည်။
“ဘုန်း...”
အရိပ်မီးတောက်ကျားသစ်ဘုရင်၏ အရှေ့တွင် အလွန်နီးကပ်သော နောက်ထပ် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး လက်တလော ကုသနေသောဒဏ်ရာများကို ပြန်လည်ပွင့်ထွက်သွားစေကာ ပေါက်ကွဲမှုလှိုင်းကြောင့် ၎င်းသည် လွင့်စင်သွားလေသည်။
အဝေးတစ်နေရာရှိ နှင်းဝံပုလွေကျေးရွာလေးမှ သစ်ပင်အိမ်လေးထဲတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့သည် တောင်ဘက်မှလာသော ပိုမိုပြင်းထန်ပြီး သိပ်သည်းလာသည့် ပေါက်ကွဲသံများကိုနားထောင်ရင်း သူတို့၏ လက်သေးသေးလေးများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ကြသည်မှာ လက်ဖဝါးများတွင် အေးစက်သော ချွေးစေးများ ပျံလာခဲ့သည်အထိပင်။
ပေါက်ကွဲမှုတိုင်းသည် သူတို့၏ နှလုံးသားများကို တင်းကျပ်စေခဲ့လေသည်။
“ဝံပုလွေဖေဖေ... ဖေဖေ ဘယ်လိုတွေဖြစ်နေပြီလဲ... ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့...”
ဧကရီနှစ်ပါးသည် သူတို့၏နှလုံးသားထဲတွင် ယခင်က တစ်ခါမှမကြုံဖူးသော စိုးရိမ်ပူပန်မှုများကို ခံစားနေကြရသည်။
သူတို့ အလွန်အမင်း စိုးရိမ်ပူပန်နေရသူ လင်းထျန်းလုံမှာမူ ယခုအချိန်တွင် စစ်တလင်း၏ အစွန်အဖျားရှိ မြင့်မားသော နေရာတစ်ခုတွင် တိတ်တဆိတ် ပုန်းအောင်းနေပြီး သူ၏ ရေခဲပြာရောင် ဝံပုလွေမျက်လုံးများဖြင့် အောက်ဘက်တောင်ကြားထဲရှိ အလွန်ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်မှုများကို တည်ငြိမ်စွာ ကြည့်ရှုနေလေသည်။
“ချကြ၊ ပိုပြင်းပြင်း ချကြစမ်းပါ...”
သူ၏ နှလုံးသားသည် လုံးဝတုန်လှုပ်ခြင်းမရှိ၊ အောက်မှ တိုက်ခိုက်နေသူများအတွက် အားပေးချင်စိတ်ပင် ဖြစ်ပေါ်နေသည်။
“နှစ်ဖက်စလုံး အထိနာသွားရင် အကောင်းဆုံးပဲ၊ ငါ့အတွက် အလုပ်ရှုပ်သက်သာတာပေါ့...”
သူ ဦးဆောင်လာသော ဝံပုလွေအုပ်စုသည် တစ္ဆေများကဲ့သို့ လူစုခွဲထားပြီးဖြစ်ကာ ညအမှောင်ထုနှင့် မြေမျက်နှာသွင်ပြင်တို့၏ အကာအကွယ်အောက်တွင် သူတို့၏ တည်ရှိမှုကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားပြီး၊ တောင်ကြားထွက်ပေါက်နှင့် လူသားများဆုတ်ခွာနိုင်မည့် လမ်းကြောင်းမှန်သမျှကို လုံးဝပိတ်ဆို့ထားသည့် ဧရာမပိုက်ကွန်ပုံစံ နည်းဗျူဟာကို ချမှတ်ထားကြလေသည်။
အမဲလိုက်နှင်း၀ံပုလွေများသည် တိတ်ဆိတ်စွာ လှုပ်ရှားနေပြီး နောက်ဆုံးရ တိုက်ပွဲသတင်းများကို လင်းထျန်းလုံထံသို့ အစဉ်မပြတ် ပေးပို့နေကြသည်။ လုပ်ကြံသတ်ဖြတ်သူများသည် သူတို့၏ လက်သည်းများနှင့် သွားများကို သွေးကာ ဘုရင်ကြီးထံမှ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
အစောင့်၀ံပုလွေများသည် ပြင်ပနယ်နိမိတ်ကို သတိဝီရိယဖြင့် စောင့်ကြည့်နေပြီး မမျှော်လင့်ထားသော အနှောင့်အယှက်များ မဝင်လာစေရန် တားဆီးနေကြသည်။
ငှက်နှင့်ယောက်သွားတို့ တိုက်ခိုက်ကြသောအခါ တံငါသည်က အကျိုးအမြတ် ရရှိသည်။ မူလတန်းကျောင်း ဖတ်စာအုပ်ထဲမှ ပုံပြင်တစ်ပုဒ်ကို တစ်နေ့တွင် သူကိုယ်တိုင် ကြုံတွေ့ခံစားရလိမ့်မည်ဟု လင်းထျန်းလုံ တစ်ခါမှမတွေးထားခဲ့ဖူးသလို၊ သူသည် ကျန်ရစ်သော အကျိုးအမြတ်များကို ကောက်ယူရန် စောင့်ဆိုင်းနေသည့် ‘တံငါသည်’ ဖြစ်လာလိမ့်မည်ဟုလည်း မထင်ထားခဲ့ဖူးပေ။
အောက်ဘက်တွင် တိုက်ပွဲသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေချေပြီ။
အရိပ်မီးတောက် ကျားသစ်ဘုရင်သည် ကျည်ဆံဒဏ်ရာများ၊ မီးလောင်ကျွမ်းဒဏ်ရာများနှင့် သွေးများရောယှက်နေသော သူ၏ ခန္ဓာကိုယ်ကို ဒရွတ်ဆွဲကာ စစ်မြေပြင်တွင် မတ်မတ်ရပ်နေသေးသည့် တစ်ဦးတည်းသောသူ ဟော်ကျန်းဆီသို့ ယိုင်နဲ့နဲ့ဖြင့် သွားနေလေသည်။
ဟော်ကျန်းသည်လည်း ဒဏ်ရာ မနည်းလှပေ၊ သူ၏ လက်မောင်းတစ်ဖက်သည် ပုံမှန်မဟုတ်ဘဲ တွဲကျနေပြီး သူ၏ ပါးစပ်ထောင့်မှ သွေးများစိမ့်ထွက်နေကာ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် မကျေနပ်ဖြစ်မှုများဖြင့် ပြည့်နှက်နေလေသည်။
အရိပ်မီးတောက် ကျားသစ်ဘုရင်သည် ထက်ရှသော လက်သည်းကို မြှောက်ကာ ဤရွံရှာဖွယ်ကောင်းသော လူသားအား အသေသတ်တိုက်ခိုက်မှု ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင်...
၎င်း၏ ဘေးဘက်နှင့် အနောက်ဘက်မှ တစ်စုံတစ်ခုကို မျက်လုံးထောင့်မှ ရုတ်တရက် မြင်လိုက်ရသည်။
ရေခဲအကြေးခွံများ ဖုံးလွှမ်းနေသော ခမ်းနားထည်ဝါသည့် နှင်းဝံပုလွေတစ်ကောင်သည် လေးမှပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ပြင်းထန်သော အအေးဒဏ်များ လွှမ်းခြုံထားပြီး ကျားသစ်ဘုရင်ဆီသို့ အသံတိတ် ပြေးဝင်လာလေသည်။
အညိုးကြီးရန်သူများ ဆုံတွေ့လိုက်သည်နှင့် သူတို့၏ မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်လာကြသည်။
အရိပ်မီးတောက်ကျားသစ်ဘုရင်၏ အာရုံစိုက်မှုသည် ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ရပြီး ဝံပုလွေအုပ်စုအပေါ် သူ၏ ပြင်းထန်သော မုန်းတီးမှုသည် သူ့ရှေ့ရှိ လူသားကို အဆုံးသတ်လိုသော ဆန္ဒအား ချက်ချင်းပင် လွှမ်းမိုးသွားလေတော့သည်။
ကျားသစ်ဘုရင်သည် ခေါင်းကိုလှည့်ကာ ဤတိုး၀င်လာနေသောနှင်းဝံပုလွေကို အရင်ဆုံး စုတ်ဖြဲပစ်ရန် ပြင်ဆင်နေချိန်တွင် ပတ်ဝန်းကျင်ရှိ အရှိန်အဝါအများအပြားကို ခံစားလိုက်ရသည်။
“တစ်ကောင်တည်း မဟုတ်ဘူးပဲ...”
တောင်ကြားအထက်တွင်၊ ကျောက်တုံးများ အနောက်တွင်၊ သစ်ပင်များကြားတွင်... လရောင်အောက်တွင် ထူးဆန်းသော ရေခဲပြာရောင် အလင်းတန်းများ တောက်ပနေသည့် ဝံပုလွေမျက်လုံး တစ်စုံပြီးတစ်စုံ တိတ်တဆိတ် ပေါ်ထွက်လာကြလေသည်။
အလွန်များပြားလှပြီး အနည်းဆုံးဆယ်ဂဏန်းလောက် ရှိနိုင်လေသည်။
“သူတို့ဘယ်အချိန်ကတည်းက ဒီကို ရောက်နေကြတာလဲ..” နှင်းဝံပုလွေများရောက်ရှိလာသည်ကို သူ လုံးဝသတိမထားမိခဲ့ပေ။
အရိပ်မီးတောက် ကျားသစ်ဘုရင်၊ အဆင့် ၂၉၊ ခြေလှမ်း၀က်ဘုရင်အဆင့် မိစ္ဆာသားရဲတစ်ကောင်သည် သူကိုယ်တိုင်ပင် လုံးဝ သတိမထားမိလိုက်ဘဲ နှင်းဝံပုလွေအုပ်စုတစ်ခုလုံး၏ ဝိုင်းရံမှုကို ခံလိုက်ရချေပြီ။
မျက်စိတစ်မှိတ်အတွင်း အလွန်အမင်း တုန်လှုပ်မှုနှင့် ထောင်ချောက်အတွင်း ကြရောက်သွားသောကြောင့် ရှက်ရွံ့မှုတို့ သူ၏ နှလုံးသားကို လွှမ်းမိုးသွားကာ ဧရာမခန္ဓာကိုယ်ကြီးမှာ ခဏတာ ကြက်သေသေသွားခဲ့သည်။
ထိုသို့ အံ့အားသင့်ပြီး ရပ်တန့်သွားသော အချိန်လေးတွင်...
“အာဝူး...”
ခမ်းနားထည်ဝါပြီး အေးစက်သော ဝံပုလွေဟိန်းဟောက်သံကြီးနှင့်အတူ ဧရာမငွေရောင်ပုံရိပ်ကြီးသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ အမြင့်တစ်နေရာမှ ခုန်ဆင်းလာကာ တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ကျားသစ်ဘုရင်ဆီသို့ တည့်တည့် ပြေးဝင်လာလေတော့သည်။
တကယ့် တံငါသည်မှာ နောက်ဆုံးတော့ လှုပ်ရှားလာခဲ့ချေပြီ။