အခန်း (၃၇၇)
Vol. 26 Ch. 377
လောလောဆယ်တွင် သူတို့အုပ်စုမှာ အခြေမကျသေးပေ။ ရွာသူကြီး၏ အိမ်တွင် မြင်းရထားရှိသဖြင့် မြို့နယ်အတွင်းသို့ ပစ္စည်းသွားဝယ်ရန် အလွန် အဆင်ပြေလိမ့်မည်။
ယွီလင်းနှင့် ကျောက်ယွီယန်တို့မှာ ပြင်ပလောကနှင့် မရင်းနှီးသေးသလို၊ ရှောင်ကျူးမှာလည်း တစ်ယောက်တည်း အပြင်မထွက်ဖူးသဖြင့် သူတို့ဘာသာ အစားအသောက် ဝယ်ယူရန်မှာ ယခုလောလောဆယ်တွင် မဖြစ်နိုင်သေးပေ။ သို့သော် ပြင်ပလောကနှင့် ရင်းနှီးသွားပါက အဆင်ပြေသွားမည် ဖြစ်သည်။
ထို့ကြောင့် ဤကနဦးကာလတွင် ချင်းရှောင်းကောအနေဖြင့် ရွာသူကြီးကို အားနာနာနှင့်ပင် အကူအညီတောင်းရတော့မည် ဖြစ်သည်။
ရှောင်းကော၏ အတင်းအကျပ် တိုက်တွန်းမှုကို မြင်သောအခါ ရွာသူကြီးသည် သူ၏ဇနီးကို ဝေခွဲမရစွာ ကြည့်လိုက်သည်။ ဇနီးဖြစ်သူက လက်ခံရန် ခေါင်းငြိမ့်ပြသဖြင့် သူ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်တော် လက်ခံလိုက်ပါ့မယ်။ သခင်မ မစိုးရိမ်ပါနဲ့။ ကျောက်မိသားစုက သားအမိတွေ တံငါရွာကို ရောက်လာကတည်းက သူတို့ဟာ ရွာသားတွေပါပဲ။ ရွာသူကြီး တစ်ယောက်အနေနဲ့ သူတို့ကို သေသေချာချာ တာဝန်ယူ စောင့်ရှောက်ပေးပါ့မယ်။"
ရှောင်းကောက ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။ သူ၏ စကားကို သူမ လုံးဝ မသံသယဖြစ်ပေ။ ရွာရှိ မိဘမဲ့ကလေးကိုပင် ကိုယ်ဖိရင်ဖိ စောင့်ရှောက်ပေးသူဖြစ်ရာ သူသည် တကယ်ကို တာဝန်သိတတ်သူ တစ်ယောက် ဖြစ်သည်။
"အမှန်အတိုင်း ပြောရရင် ကျွန်မမှာ တောင်းဆိုစရာ အကူအညီ တစ်ခု ရှိပါသေးတယ်။"
"ပြောပါ။"
"သူတို့ရဲ့ အခြေအနေကိုလည်း တစ်ချက်လောက် စောင့်ကြည့်ပေးစေချင်ပါတယ်။ တစ်ခုခု ပြဿနာရှိရင် ကျွန်မကို အကြောင်းကြားပေးပါဦး။"
"အော်... ဟုတ်ကဲ့၊ ကျွန်တော် အကြောင်းကြားပါ့မယ်။"
ရွာသူကြီးက သူမ ဆိုလိုသည်ကို နားလည်သဖြင့် ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
ရှောင်းကောက ပြုံးလျက် "ကျွန်မက မက်မွန်ပွင့်ရွာမှာ နေတာပါ။ ကျွန်မ အမျိုးသားရဲ့ မျိုးရိုးအမည်ဖြစ်တဲ့ 'ကျန်း' မိသားစုလို့ မေးရင် ရှာရလွယ်ပါတယ်။"
ရွာသူကြီးက ချက်ချင်း သူ၏ဇနီးကို စက္ကူနှင့် ကလောင်ယူခိုင်းကာ အမည်ကို ရေးမှတ်ထားလိုက်သည်။ ရေးပြီးနောက် ရှောင်းကောကို ပြကာ အတည်ပြုချက်ရယူပြီးမှ စက္ကူလေးကို သေသေချာချာ သိမ်းဆည်းထားလိုက်သည်။
သူတို့ကို နှုတ်ဆက်ပြီးနောက် ရှောင်းကောသည် ရှောင်ကျူး၏ အိမ်ဘက်သို့ လျှောက်သွားရန် ပြင်စဉ် ကျွမ်းကျွမ်းက ရပ်လိုက်ပြီး ပင်လယ်ဘက်သို့ လက်ညှိုးထိုးပြခဲ့သည်။
"အမေ... ခဏလောက် ပင်လယ်ဘက် သွားကြမလား?"
"ကောင်းပြီလေ။"
ရှောင်းကောက ခေါင်းငြိမ့်ကာ ကျွမ်းကျွမ်း၏ လက်ကို ဆွဲပြီး သဲသောင်ပြင်ဘက်သို့ လျှောက်သွားကြသည်။
ကျွမ်းကျွမ်းသည် သူ၏ခြေထောက်အောက်မှ သဲများကို ငုံ့ကြည့်ကာ သဲများကို ကန်ကျောက်နေသည်။ သူ စပ်စုချင်နေသည်ကို ရှောင်းကော သိသဖြင့် ငုံ့ကြည့်ကာ မေးလိုက်သည်။
"ဖိနပ်ချွတ်ချင်လို့လား?"
"ဖိနပ်ချွတ်ပြီး ခြေဗလာနဲ့ သွားလို့ရမလား?"
ကျွမ်းကျွမ်းက ဝေခွဲမရစွာဖြင့် သူမ၏ မျက်လုံးများကို ကြည့်သည်။ ထို့နောက် သူမ၏ အားပေးသော အကြည့်ကြောင့် သူ ပြုံးကာ "အင်း!" ဟု ခေါင်းငြိမ့်ပြသည်။
ရှောင်းကောက ထိုင်ပြီး သူ၏ဖိနပ်ကို ချွတ်ပေးလိုက်စဉ် ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။
"ကျွမ်းကျွမ်းရဲ့ ခြေထောက်တွေ နည်းနည်း ပိုကြီးလာတာလား?"
ကျွမ်းကျွမ်း၏ ဖိနပ်များမှာ သူနှင့် နည်းနည်း သေးနေပြီဖြစ်ကြောင်း သူမ သတိပြုမိသွားသည်။ ကျွန်းသို့ မထွက်ခွာမီကမှ သူ၏ အတိုင်းအတာနှင့်အညီ ချုပ်ပေးထားခြင်း ဖြစ်သည်။ နှစ်လအတွင်းမှာတင် သူက ဖိနပ်ထက် ကြီးသွားပြီဖြစ်ရာ အလွန်ပင် လျင်မြန်လှသည်။
"ထင်တာပဲ။"
ကျွမ်းကျွမ်းမှာ သူ၏ခြေထောက် ကြီးလာခြင်းကို မသိသော်လည်း ဖိနပ်မှာ အနည်းငယ် ကျပ်နေသည်ကိုတော့ ခံစားရသည်။ သူက အိမ်ရောက်မှ အမေကို ပြောပြရန် ရည်ရွယ်ထားသော်လည်း အမေက အရင် သိသွားခြင်း ဖြစ်သည်။
"မြန်လိုက်တာ..."
ရှောင်းကောက ဖိနပ်များကို ချွတ်ကာ ဘေးတွင် ထားလိုက်သည်။ သူမသည် သူ၏ ခြေဖဝါးလေးများကို လက်နှစ်ဖက်ဖြင့် တိုင်းကြည့်ကာ လွမ်းဆွတ်တမ်းတမှုများဖြင့် ပွတ်သပ်ပေးနေသည်။ သူမ၏ အပြုအမူကြောင့် ကျွမ်းကျွမ်းက အကျယ်ကြီး ရယ်မောတော့သည်။
"အမေ... ကျွန်တော် ဘယ်လောက်ပဲ မြန်မြန် ကြီးလာပါစေ၊ အမေ့ရဲ့ သားပဲလေ။ အမေနဲ့ ဘယ်တော့မှ ခွဲမှာ မဟုတ်ဘူး!"
သူ၏ စကားမှာ မှန်ကန်လှသည်။ မိခင်နှင့် သားသမီးကြားမှ သံယောဇဉ်မှာ ဖြတ်တောက်၍ မရနိုင်ပေ။ ရှောင်းကော စိတ်မကောင်း ဖြစ်သည့်အခါတိုင်း ကျွမ်းကျွမ်းက ချက်ချင်း သိတတ်သည်။ ထို့နောက် ချိုသာသော စကားများဖြင့် သူမကို နှစ်သိမ့်တတ်သဖြင့် ရှောင်းကောမှာ သက်ပြင်းချရန်ပင် အချိန်မရတော့ပေ။
ထိုစဉ် ကျောက်ယွီယန်၊ ယွီလင်းနှင့် ရှောင်ကျူးတို့ ကမ်းခြေသို့ ရောက်လာကြသည်။
"ဟေး... ဟိုမှာ ကျွမ်းကျွမ်းနဲ့ အစ်မ ရှောင်းကော မဟုတ်လား?"
ရှောင်းကောမှာ နောက်ကျောပေးထားပြီး ကျွမ်းကျွမ်းမှာလည်း ခေါင်းငုံ့ထားသဖြင့် အဝေးမှနေ၍ သေသေချာချာ ခွဲခြားရ ခက်နေသည်။
ကျွမ်းကျွမ်းသည် သူ၏အမည်ကို ခေါ်သံကြားသဖြင့် ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။ ရှောင်ကျူးက ယွီလင်း၏ စကားကို ကြားသောအခါ ကျွမ်းကျွမ်း၏ မျက်နှာကို မြင်သွားပြီး "ကျွမ်းကျွမ်းနဲ့ အစ်မ ရှောင်းကောပဲ!" ဟု ဝမ်းသာအားရ ပြောကာ သူတို့ထံသို့ အပြေး လာခဲ့ကြသည်။
ရှောင်းကောက ကျွမ်းကျွမ်း၏ ဖိနပ်ကို ချွတ်ပေးနေသဖြင့် သတိမထားမိပေ။ ကျွမ်းကျွမ်းက သူမကို တို့ကာ သတိပေးလိုက်သည်။
"ဘာဖြစ်လို့လဲ?"
ရှောင်းကောက မော့ကြည့်လိုက်စဉ် သူမ၏ နောက်မှ အသံနှစ်သံကို ကြားလိုက်ရသည်။
"အစ်မ ရှောင်းကော..."
"အင်း။"
ရှောင်းကောက ဘယ်သူလဲဟု မကြည့်မီ အရင် ပြန်ထူးလိုက်သည်။ နောက်ပိုင်းတွင် သူမကို 'အစ်မ' ဟု ခေါ်သူများလွန်းလှသဖြင့် ယဉ်ပါးနေပြီ ဖြစ်သည်။
"ကျွန်မတို့ အစ်မကို လာရှာတာ။"
ရှောင်ကျူးက ပျော်ရွှင်စွာ ပြေးလာခဲ့သည်။
"ငါ့ကို ရှာနေတာလား?"
"ဟုတ်တယ်၊ ဟုတ်တယ်။ အိမ်ရှင်းရင်းနဲ့ သစ်သားလှေအသေးလေးတစ်စင်းနဲ့ ငါးဖမ်းပိုက်ကို တွေ့လို့။ မနက်ဖြန် ပင်လယ်မှာ ပစ္စည်းရှာပြီးရင် ပင်လယ်ထွက်ပြီး ပင်လယ်စာတွေ သွားဖမ်းကြမလားလို့"
ရှောင်းကောက ပြုံးလိုက်သည်။ ဒါဆိုရင်တော့ ကောင်းတာပေါ့။ သူမအနေဖြင့် ရနိုင်သမျှ ပင်လယ်စာများကို သယ်သွားချင်သည်။ များများဖမ်းနိုင်လေလေ၊ အိမ်နီးနားချင်းများကို ပိုဝေပေးနိုင်လေလေ ဖြစ်သည်။
သို့သော် ပင်လယ်ထွက်မည်ဆိုလျှင် အချိန်ပိုလိုပေလိမ့်မည်။ သူတို့က မနက်ဖြန် ပစ္စည်းရှာပြီးသည်နှင့် ချက်ချင်း ပြန်ကြမည် ဖြစ်သည်။ ထို့ကြောင့် ငါးဖမ်းရန် အချိန်မရနိုင်ပေ။ ငါးများများ ဖမ်းချင်လျှင် မိုးမလင်းမီကတည်းက ပင်လယ်ထွက်ရမည်ဖြစ်ရာ ဒါက အန္တရာယ်များလွန်းသည်။
"မနက်ဖြန်ဆိုရင်တော့ ပိုက်ချဖို့ နောက်ကျသွားပြီ။ ငါတို့ ပစ္စည်းရှာပြီးတာနဲ့ အိမ်ပြန်ကြမှာလေ။"
ရှောင်းကောက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"ရပါတယ်၊ အခုပဲ သွားလို့ရတာပဲ။"
ကျောက်ယွီယန်က သူတို့ကို ကြည့်ကာ "ဒီကလေးမလေးတွေ ဘာဖြစ်ကုန်တာလဲ၊ မနက်ဖြန်မှ သွားရမယ်လို့ ဘယ်သူပြောလဲ" ဟု ဆိုသည်။
"ဟုတ်သားပဲ!"
ရှောင်းကောက သူမ၏ခေါင်းကို ပုတ်ကာ ရယ်လိုက်သည်။ သူမ တကယ်ကို အူကြောင်ကြောင် ဖြစ်သွားခြင်း ဖြစ်သည်။
ရှောင်ကျူးနှင့် ယွီလင်းတို့မှာ ချက်ချင်း တက်ကြွသွားကာ "ဒါဆို လှေနဲ့ ပိုက် သွားယူလိုက်မယ်!" ဟု ပြိုင်တူ ပြောကြသည်။
"ကျွန်တော်လည်း ပိုက် သွားကူယူပေးမယ်!"
ကျွမ်းကျွမ်းကလည်း ကျန်ရစ်မနေခဲ့ပေ။
ရှောင်ကျူးက ရှောင်းကော၏ လက်ထဲမှ ဖိနပ်ကို ယူကာ ယွီလင်းနှင့်အတူ ကျွမ်းကျွမ်းကို ဖိနပ် ပြန်စီးပေးလိုက်သည်။ ကျွမ်းကျွမ်းက သူဘာသာ စီးနိုင်သည်ဟု ပြောရန်ပြင်သော်လည်း တက်ကြွနေသော မိန်းကလေးနှစ်ဦးကို ကြည့်ကာ ခေါင်းငြိမ့်ပြီး သူတို့နောက်သို့ လိုက်သွားတော့သည်။
သူ၏ ခြေတံတိုတိုလေးများဖြင့် အရွယ်ရောက်ပြီးသူများကို မမီနိုင်ပေ။ ထို့ကြောင့် ယွီလင်းနှင့် ရှောင်ကျူးတို့က ခဏပြေးပြီးနောက် ရပ်ကာ ကျွမ်းကျွမ်းကို စောင့်ကြသည်။ ထို့နောက် ကျွမ်းကျွမ်း၏ လက်နှစ်ဖက်ကို တစ်ဖက်တစ်ချက်စီမှ ကိုင်ကာ မြှောက်၍ အပြေးပြိုင်ကြတော့သည်။
ဤဟာသဆန်သော မြင်ကွင်းကို ကြည့်ပြီး ရှောင်းကောနှင့် ကျောက်ယွီယန်တို့မှာ ရယ်မော၍ပင် မဆုံးတော့ပေ။ အလယ်တွင် ပါသွားသော ကျွမ်းကျွမ်းမှာ ပြေးနေရသလိုလို၊ လွင့်နေရသလိုလို ဖြစ်နေသော်လည်း သူ၏ မျက်နှာလေးမှာတော့ အလွန်ပင် တည်ကြည်လေးနက်နေသဖြင့် ကြည့်ရသည်မှာ အလွန် ရယ်စရာကောင်းလှသည်။
အကြာကြီး ကြာပြီးနောက် သူတို့ သုံးဦးမှာ လှေကို အပင်ပန်းခံ တွန်းလာကြသည်။ ရှောင်းကောနှင့် ကျောက်ယွီယန်တို့က ကူညီပေးကြသဖြင့် သူတို့ အသက်ရှူနိုင်တော့သည်။
အားလုံး ဝိုင်းဝန်း တွန်းကြသဖြင့် လှေကလေးမှာ ပင်လယ်ထဲသို့ ရောက်သွားခဲ့သည်။ လှေဟောင်းလေး ဖြစ်သော်လည်း အက်ကြောင်းမရှိဘဲ တက်မများလည်း စုံစုံလင်လင် ရှိနေသေးသည်။ လှေမှာ အလွန်သေးငယ်သဖြင့် နှစ်ဦး သို့မဟုတ် သုံးဦးသာ ဆန့်သည်။
ရှောင်းကောက လှေလှော်တတ်သဖြင့် သူမ လိုက်ရမည် ဖြစ်သည်။ ရှောင်ကျူးနှင့် ယွီလင်းတို့ကလည်း လိုက်ချင်ကြသည်။ သူတို့မှာ ပိန်ပိန်ပါးပါးလေးများ ဖြစ်သဖြင့် သုံးယောက်လုံး လိုက်၍ ရသည်။
ယခုအခါ လှေပေါ်တွင် လူပြည့်သွားပြီ ဖြစ်သည်။ ကျောက်ယွီယန်မှာ စိတ်မပါသဖြင့် ကမ်းခြေမှာပဲ စောင့်နေရန် ဆုံးဖြတ်ခဲ့သည်။ ကျွမ်းကျွမ်းကတော့ သူမကို သနားစရာ အကြည့်လေးများဖြင့် ကြည့်ကာ လိုက်ချင်နေသည်။
ရှောင်းကောက သူတို့သုံးဦးကြားမှ နေရာလွတ်နှင့် ကျွမ်းကျွမ်း၏ ဝမ်းဗိုက်ကို ချိန်ကြည့်ကာ... "လာ... အတူတူ လိုက်ခဲ့တော့" ဟု ခေါ်လိုက်သည်။
ကျွမ်းကျွမ်းက ဝမ်းသာအားရ လက်ကမ်းပေးသော်လည်း၊ ရှောင်ကျူးနှင့် ယွီလင်းတို့က သူ့ကို လက်မှဆွဲကာ လှေပေါ် တင်ပေးလိုက်ကြသည်။ သူတို့နှစ်ဦးကြားတွင် အခိုင်အမာ ထိုင်လိုက်ရသောအခါ ကျွမ်းကျွမ်းသည် ရှောင်းကော၏ ကျောပြင်ကို ဝမ်းနည်းစွာ ကြည့်နေမိသည်။
ရှောင်းကောက ဒါကို သိသဖြင့် လှည့်မကြည့်ဘဲ ရှင်းပြလိုက်သည်။
"အမေက လှေလှော်ရမှာလေ။ သားကို ဂရုမစိုက်နိုင်လို့ အစ်မတို့ကြားမှာ ထိုင်ခိုင်းတာ။"
ထိုအခါမှ ကျွမ်းကျွမ်းက နားလည်စွာ ခေါင်းငြိမ့်လိုက်သည်။ ထိုသို့ဖြင့် လူသုံးယောက်ခွဲ (ကလေးတစ်ယောက်အပါအဝင်) သည် ပင်လယ်ထဲသို့ လှေလှော်ကာ ထွက်ခွာခဲ့ကြသည်။