← Chapters

စုပေါင်း ဉာဏ်အလင်းပွင့်ခြင်း

Vol. 2 Ch. 11

စုပေါင်း ဉာဏ်အလင်းပွင့်ခြင်း

Vol. 2 Ch. 11

"ဂိုဏ်းချုပ်..."

အကြီးအကဲ တစ်သိုက်သည် အဘိုးအို ဂိုဏ်းချုပ်ထံ အာရုံရောက်သွားကြသည်။

"ဂိုဏ်းချုပ်... ဘာလို့ ရုတ်တရက်ကြီး ဉာဏ်အလင်းပွင့်သွားရတာလဲ..." အကြီးအကဲ ယွီရှင်းရွှယ်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။

ယွီရှင်းရွှယ်၏ အမြင်တွင် ဂိုဏ်းချုပ်သည် သူ့ရှေ့ရှိ စာရွက်ကို စူးစိုက်ကြည့်နေပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

"ဒီစာရွက်ထဲက အကြောင်းအရာတွေကြောင့်များလား..." ယွီရှင်းရွှယ်က မယုံနိုင်စွာ ပြောလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." မဟာအကြီးအကဲက မယုံကြည်နိုင်စွာဖြင့် စာရွက်ဆီသို့ အကြည့်လွှဲလိုက်သည်။

"မိမိမလိုလားသောအရာကို သူတစ်ပါးအား မပြုလုပ်နှင့်" (Do not do to others what you would not have them do to you)

မဟာအကြီးအကဲမှာ အံ့ဩမှင်သက်လျက် ငေးကြည့်နေမိသည်။

ကွန်ဖြူးရှပ်သူတော်စင်၏ တာအိုလမ်းစဉ်ကို နက်နက်နဲနဲ လေ့လာထားသူ ဖြစ်သဖြင့် ဤစာကြောင်းတိုလေး အတွင်း၌ ပါဝင်သော ကွန်ဖြူးရှပ်သူတော်စင်၏ နက်ရှိုင်းသော နားလည်သဘောပေါက်မှုကို သူ သဘာဝကျကျပင် ပိုင်းခြားသိမြင်လိုက်သည်။ ဒါက တာအိုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ နက်ရှိုင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုပင်။

ဒါက လက်တွေ့အားဖြင့် သူတော်စင် တစ်ပါး၏ ဆိုမိန့်စကားတစ်ခွန်းပင်။

ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့၏ အပြုအမူသည် အခြားသော အကြီးအကဲများ၏ စူးစမ်းလိုစိတ်ကို နှိုးဆွလိုက်သဖြင့် အားလုံး စာရွက်ဆီသို့ အာရုံရောက်သွားကြသည်။

"ဒါက ကိုယ်ကျင့်တရား၊ မေတ္တာတရား၊ တရားမျှတမှု၊ ရိုသေမှု၊ ဉာဏ်ပညာနဲ့ ယုံကြည်မှုတို့ အကြောင်း လက်တွေ့ကျတဲ့ အမှန်တရားတွေနဲ့ ရှင်းပြထားတာပဲ..."

"ဒါက... ကွန်ဖြူးရှပ်လမ်းစဉ် မြင့်မြတ်သောကျမ်းစာပဲ..."

အကြီးအကဲများမှာ ထိတ်လန့်အံ့ဩစွာဖြင့် အသက်ရှူမှားသွားကြပြီး မြင်တွေ့နေရသည်ကို မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားကြသည်။

ဟောက်ရန်ဂိုဏ်း၏ ကွန်ဖြူးရှပ်သူတော်စင် ဘိုးဘေးများပင်လျှင် ကွန်ဖြူးရှပ်ဝါဒနှင့် ပတ်သက်၍ ဤကဲ့သို့ နားလည်မှု အဆင့်အတန်းမျိုး မရောက်ရှိခဲ့ကြပေ။

အကြီးအကဲ အများအပြားသည် သူတို့လက်ထဲရှိ ရတနာကို မြင်လိုက်ရပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ဉာဏ်အလင်းပွင့်သွားကြလေသည်။

ခန်းမဆောင် အတွင်းတွင် ကွန်ဖြူးရှပ် ပညာရှိ အရှိန်အဝါများ ပြည့်နှက်သွားပြီး ပါဝင်သော တာအိုမူဝါဒများမှာ ရိုးရှင်း၍ နားလည်လွယ်သဖြင့် သူတို့၏ ကွန်ဖြူးရှပ် တာအိုကျင့်ကြံမှုကို များစွာ တိုးတက်လာစေသည်။

အားလုံး တစ်ပြိုင်နက်တည်း စုပေါင်း ဉာဏ်အလင်းပွင့်ခြင်း ဆိုသည်မှာ ရှေးယခင်ကရော ယခုခေတ်မှာပါ အလွန် ရှားပါးလှသော ဖြစ်ရပ်ပင်။

ဂိုဏ်းသား လေးရာကျော်မှာ လုံးဝ ကြက်သေသေနေကြသည်။ ဟောက်ရန်ဂိုဏ်း၏ အကြီးအကဲများ တစ်ပြိုင်နက်တည်း ဉာဏ်အလင်းပွင့်ပြီး ကျင့်ကြံမှု တိုးတက်လာသည့် မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ကြပေ။

ဤမြင်ကွင်းသည် ချင်ထျန်း၏ ကိုယ်ကျင့်တရားဆိုင်ရာ ရှင်းပြချက် တစ်ခုတည်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အားလုံးက ချင်ထျန်း ရေးသားထားသည်ကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။

ချင်ထျန်း ဇဝေဇဝါ ဖြစ်နေသည်။ ကွန်ဖြူးရှပ်၏ အဆုံးအမများက ဤအဘိုးကြီးများအပေါ် ဤမျှ နက်ရှိုင်းသော လွှမ်းမိုးမှု ရှိလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

"နာလိုက်တာ... နာလိုက်တာကွာ..." ချင်ထျန်း နောင်တတွေ ရနေသည်။ အကယ်၍ ဒီတာအိုက ဒီလောက်ထိ အစွမ်းထက်မှန်း သိခဲ့လျှင် သူ နည်းနည်းချင်းစီပဲ ထုတ်ရေးခဲ့မှာပင်...။

ဒါဆိုရင် ဂိုဏ်းဆီကနေ အကျိုးအမြတ်တွေ အများကြီး ရနိုင်မှာလေ။

ဘယ်တော့မှ အရှုံးမခံဖူးသော သူသည် ယနေ့တွင် နားလည်မှု လွဲမှားခြင်းကြောင့် အရှုံးပေါ်ခဲ့ရလေပြီ။ သူသည် အာနက်လက်ကျမ်း ၏ တန်ဖိုးကို မသိဘဲ နိုင်ငံတော် ရတနာ တစ်ခုကို ဂေါ်ဖီထုပ် ဈေးဖြင့် ရောင်းလိုက်မိသကဲ့သို့ ဖြစ်သွားသည်။

ခန်းမဆောင်ကြီး အတွင်း၌ ကြွယ်ဝသော ကွန်ဖြူးရှပ် အငွေ့အသက်များ ပြည့်နှက်နေပြီး ထို ချီစွမ်းအင် အချက်ပြမှုသည် ဟောက်ရန်ဂိုဏ်းသား အားလုံးထံသို့ ချက်ချင်း ပဲ့တင်ထပ်သွားရာ အားလုံးက ဂိုဏ်းခန်းမဆောင်ကြီးဆီသို့ လှမ်းကြည့်လိုက်ကြသည်။

"အားကောင်းလိုက်တဲ့ ကွန်ဖြူးရှပ် တာအိုဝိညာဉ်ပဲ... အကြီးအကဲ တစ်ယောက်ယောက်များ အဆင့်တက်သွားတာလား..."

"ငါ အကြီးအကဲတွေ အဆင့်တက်တာ မြင်ဖူးပါတယ်... ဒါပေမဲ့ ဒီနေ့လောက် ဆယ်ပုံတစ်ပုံတောင် မရှိဘူး... ဒီကွန်ဖြူးရှပ် ဝိညာဉ်က အရမ်း အားကောင်းလွန်းတယ်... ငါတို့ ဘိုးဘေးတွေနဲ့တောင် ယှဉ်နိုင်လောက်တယ်..."

ဂိုဏ်းသား အများအပြားသည် မည်သည့် တာအိုပညာရှင်ကများ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကွန်ဖြူးရှပ် တာအိုချီစွမ်းအင်ကို ထုတ်လွှတ်နေသနည်း ဟူ၍ ခန့်မှန်း ပြောဆိုနေကြသည်။

"ဂိုဏ်းချုပ်များလား..."

ဟောက်ရန်ဂိုဏ်း၏ တောင်ထိပ်ရှိ ရိုးရှင်းသော သစ်သားအိမ်လေး တစ်လုံး အတွင်းတွင် မီးခိုးရောင် ပညာရှိ ဝတ်ရုံကို ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် အဘိုးအို တစ်ဦးသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

"တစ်ယောက်ယောက်က ဘိုးဘေးတွေရဲ့ တာအိုကို သဘောပေါက်သွားတာလား..." နောက်တစ်ခဏတွင် ထိုပညာရှိ အဘိုးအိုသည် ပျောက်ကွယ်သွားပြီး ခန်းမဆောင် အတွင်း၌ ပြန်လည် ပေါ်ထွက်လာသည်။

အဘိုးအို၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏ နူးညံ့သိမ်မွေ့သော အမူအရာမှာ ခေတ္တမျှ တောင့်ခဲသွားသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်မှုများက လှိုင်းဂယက်များသဖွယ် ပျံ့နှံ့သွားကာ နှုတ်ခမ်းများ အနည်းငယ် တုန်ယင်နေသည်။

သူ့ရှေ့မှ ဤယုံနိုင်ဖွယ်ရာ မရှိသော မြင်ကွင်းသည် ထက်ရှသော ဓားတစ်လက်ကဲ့သို့ သူ၏ မူလ နားလည်မှု ကမ္ဘာကြီးကို ပိုင်းဖြတ်လိုက်သကဲ့သို့ ရှိသည်။

စုပေါင်း ဉာဏ်အလင်းပွင့်ခြင်း ဆိုသည်မှာ ကြားဖူးနားဝပင် မရှိသော အရာ ဖြစ်ပြီး ရှေးဟောင်း ကျမ်းစာများတွင်ပင် အလွန် ရှားပါးသည်ဟု ဆိုသည်။

မှတ်တမ်းတင်ထားသော ဖြစ်ရပ် အနည်းငယ်မျှသည်လည်း သဘာဝတရား၏ ထူးခြားသော အဖြစ်အပျက်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဉာဏ်အလင်းပွင့်ခြင်း ဆိုသည်မှာ ရှားပါးသော အခွင့်အရေး တစ်ခု ဖြစ်ပြီး ဉာဏ်အလင်းပွင့်သည့် အကြိမ်တိုင်းတွင် ကျင့်ကြံမှု အဆင့်ကို များစွာ တိုးတက်စေနိုင်သည်။

အဘိုးအိုသည် လူအုပ်ကြီးကို အနှောင့်အယှက် မပေးဘဲ တိတ်ဆိတ်စွာ စောင့်ကြပ်နေလိုက်သည်။

ဒါက ဟောက်ရန်ဂိုဏ်းအတွက် ကောင်းချီးမင်္ဂလာ တစ်ပါး... ဟောက်ရန်ဂိုဏ်းအတွက် အခွင့်အရေး တစ်ရပ်ပင်။

"ဘယ်အရာကများ ဒီလို ထူးဆန်းတဲ့ ဖြစ်စဉ်ကို ဖြစ်စေတာလဲ..." အဘိုးအိုက ဆက်လက် စုံစမ်းကြည့်လိုက်သည်။

နောက်ဆုံးတွင် လူတိုင်း လက်ထဲ၌ စာရွက် အနည်းငယ်စီ ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

"ဒီစာရွက်ထဲက အကြောင်းအရာတွေကြောင့်များလား..." အဘိုးအိုမှာ မျှော်လင့်ချက်များ ပြည့်နှက်နေပြီး စာရွက်ပေါ်တွင် ဘာပါသလဲ ဆိုသည်ကို ကြည့်ချင်နေသော်လည်း အကြီးအကဲများ၏ နားလည်သဘောပေါက်မှုကို အနှောင့်အယှက် မဖြစ်စေလိုသဖြင့် ဝင်မစွက်ဖက်ဘဲ နေလိုက်သည်။

ဤအချိန်တွင် ဟောက်ရန်ဂိုဏ်း၏ အထက် ကောင်းကင်ယံ၌ ကွန်ဖြူးရှပ်ဝါဒ၏ အရှိန်အဝါများ ပြည့်နှက်နေပြီး ငြိမ်းချမ်းမှုနှင့် တည်ငြိမ်အေးချမ်းမှုများကို ထုတ်လွှတ်နေကာ ရွတ်ဖတ်သံများကဲ့သို့သော မှိန်ဖျဖျ ကောင်းကင်ဘုံ တေးသံများလည်း ထွက်ပေါ်နေသည်။

"ဒါက...!"

အဘိုးအိုမှာ ကြောင်အမ်းသွားပြီး ခန္ဓာကိုယ် စတင် တုန်ယင်လာသည်။

သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ် ပြင်းထန်စွာ လှုပ်ခါသွားပြီးနောက် တောင့်ခဲသွားလေသည်။ မျက်လုံးများမှာ မျက်တွင်းထဲမှ ထွက်ကျတော့မတတ် ပြူးကျယ်နေပြီး မယုံကြည်နိုင်မှုနှင့် နက်ရှိုင်းသော ထိတ်လန့်မှုတို့ ရောယှက်နေသည်။

သူ့ပါးစပ် အဟောင်းသား ပွင့်နေသော်လည်း အသံတစ်ခွန်းမျှ ထွက်မလာပေ။ သူ့လည်ချောင်းကို တစ်စုံတစ်ခုက ညှစ်ထားသကဲ့သို့ ခံစားနေရ၏။ သူသည် ကောင်းကင်ယံမှ စိတ်ကူး၍ပင် မရနိုင်သော မြင်ကွင်းကိုသာ ငေးမောကြည့်နေမိသည်။

မြင့်မြတ်ကျမ်းတစ်စောင် မွေးဖွားလာကြောင်းနှင့် မြင့်မြတ်သော စကားလုံးများ စေလွှတ်လိုက်ကြောင်း ကောင်းကင်တာအိုက အာရုံခံမိလိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ ဟောက်ရန်ဂိုဏ်း ဘိုးဘေးများ၏ တစ်သက်တာ ရည်မှန်းချက် ဖြစ်ပြီး ယခုအခါ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

ဟောက်ရန်ဂိုဏ်း၏ ဘိုးဘေးသည် မြင့်မြတ်ကျမ်းတစ်စောင် ပြုစုရန် ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ကြသည်။

ကံမကောင်းစွာဖြင့် မဟာတာအို၏ အသိအမှတ်ပြုမှုကို မရရှိခဲ့သလို မြင့်မြတ်သော စကားလုံးကိုလည်း လက်ခံရရှိခြင်း မရှိခဲ့ပေ။

အခုတော့ အဲဒါက တကယ်ကြီး ပေါ်လာခဲ့ပြီ။

ဘာလို့လဲ...။

မြင့်မြတ်ကျမ်းက ဘယ်က ရောက်လာတာလဲ...။

အဘိုးအိုမှာ လုံးဝ ဇဝေဇဝါ ဖြစ်နေသည်။ သူ တံခါးပိတ် ကျင့်ကြံနေသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်... သူ မသိလိုက်ဘဲ ဘာတွေ ဖြစ်သွားတာလဲ...။

"ဘယ်သူလဲဟ... ရုတ်တရက်ကြီး ပေါ်လာတာ..." ချင်ထျန်းက သူ့ဘေးနားမှ အဘိုးအိုကို ကြည့်လိုက်သည်။

[ တင်... စာပေပညာရှင် အဘိုးအို တစ်ဦး... ဒီအဘိုးကြီး တစ်သိုက်ထက် နည်းနည်း ပိုတော်သည် ]

"ဟောက်ရန်ဂိုဏ်းက ပုန်းကွယ်တဲ့ကျွမ်းကျင်သူ တစ်ယောက်လား..." ချင်ထျန်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"ရုတ်တရက် ပေါ်လာပုံထောက်ရင် တော်တော် စွမ်းအားကြီးပုံပဲ..."

ကံမကောင်းစွာဖြင့် မစ်ရှင် ပွင့်မလာပေ။

ဒီမစ်ရှင်ကို ဘယ်လိုများ ဖွင့်ရပါလိမ့်...။

ချင်ထျန်း နားမလည်သေးပေ... ပုံစံခွက်ကို ဖြည်းဖြည်းချင်း ရှာဖွေရုံသာ ရှိတော့သည်။

လူတိုင်း တိတ်ဆိတ်နေကြသည်။ ဤအချိန်တွင် မည်သူမျှ စကားမပြောရဲကြပေ... အကြီးအကဲများ၏ ဉာဏ်အလင်းပွင့်မှုကို နှောင့်နှေးစေခြင်း၏ အကျိုးဆက်သည် ခံနိုင်ရည် ရှိမည် မဟုတ်သောကြောင့်ပင်။

တစ်နာရီခန့် ကြာပြီးနောက်...။

လူများ ဉာဏ်အလင်းပွင့်ခြင်း အခြေအနေမှ ဖြည်းဖြည်းချင်း ပြန်ထွက်လာကြသည်။

"ဂါရဝပြုပါတယ်... ဘိုးဘေးအကြီးအကဲ..."

အားလုံးက သူတို့ရှေ့မှ အဘိုးအိုကို ဦးညွတ် ဂါရဝပြုလိုက်ကြသည်။

"ဒီလို အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး..."

"မင်းတို့ အားလုံး တကယ်ကြီး တစ်ပြိုင်နက်တည်း ဉာဏ်အလင်းပွင့်သွားကြတာပဲ... မင်းတို့ လက်ထဲက အရာကြောင့်များလား..." ဘိုးဘေးအကြီးအကဲမှာ ဆက်မစောင့်နိုင်တော့ဘဲ ကပျာကယာ မေးလိုက်သည်။

သူ အများစုကို ခန့်မှန်းမိပြီး ဖြစ်သော်လည်း ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်သန်းနေဆဲပင်။

"ဟုတ်ပါတယ်..." လူအုပ်ကြီးက ပြန်ဖြေလိုက်သည်။

"ငါ့ကို ပြစမ်း..."

အကြီးအကဲများက မငြင်းဆန်ကြပေ။ ထိုစာအုပ်သည် ကွန်ဖြူးရှပ်လမ်းစဉ် မြင့်မြတ်သောကျမ်းစာ ဖြစ်လာမည့် အရာပင်။ သူတို့ တစ်ယောက်စီသည် တစ်စိတ်တစ်ပိုင်းကိုသာ ဖတ်ရှုရသေးပြီး ဉာဏ်အလင်းပွင့်ခြင်း ဈာန်ဝင်သွားခဲ့ကြခြင်း ဖြစ်သည်။

"ဝုန်း..."

ဘိုးဘေးအကြီးအကဲ၏ ကွန်ဖြူးရှပ်ဝါဒ နားလည်မှုသည် အခြား အကြီးအကဲများထက် များစွာ သာလွန်ပြီး အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအချိန်တွင် သူသည် အာနက်လက်ကျမ်း ၏ စာသား အပြည့်အစုံကို မြင်လိုက်ရလေသည်။

စုစည်းနေသော ကွန်ဖြူးရှပ် ထိုးထွင်းသိမြင်မှုများသည် ဤအချိန်တွင် ရေလွှမ်းမိုးသကဲ့သို့ ဒလဟော စီးဆင်းလာသည်။

မြင့်မြတ်သော အသံသည် ဟောက်ရန်ဂိုဏ်း၏ အထက်တွင် ထပ်မံ ပဲ့တင်ထပ်လာပြီး ယခုတစ်ကြိမ်တွင် ပိုမို ရှင်းလင်းပြတ်သားနေသည်။

မြင့်မြတ်သော အသံသည် တာအိုနှင့် အတူတူပင် ဖြစ်သည်။ ဤအချိန်တွင် အရှေ့ပိုင်း မြေရိုင်းဒေသရှိ မရေမတွက်နိုင်သော ကျွမ်းကျင်သူများသည် မဟာတာအို၏ ဟိန်းဟောက်သံနှင့် မြင့်မြတ်သော အသံ ဆင်းသက်လာမှုကို ခံစားလိုက်ကြရသည်။

နောက်ထပ် ကျမ်းမြတ်တစ်စောင် မွေးဖွားလာပြန်ပြီလား...။

အရှေ့ပိုင်း မြေရိုင်းဒေသ၏ တောင်တန်းများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူ တစ်ဦးက အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

အတိုင်းအဆမဲ့သော သဲကန္တာရ၏ အောက်တွင် နန်းတော်များ အစုလိုက်အပြုံလိုက် တည်ရှိနေပြီး ၎င်းတို့၏ ထိပ်တွင် လူတစ်ဦးက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်... "မြင့်မြတ်ကျမ်း

မကို ဘယ်သူ ပြုစုလိုက်တာလဲ မသိဘူး..."

ကွယ်လွန်သွားပြီဟု လောကကြီးက ထင်မှတ်ထားသော အဘိုးအို တစ်ဦးသည် အဝေးသို့ လှမ်းကြည့်လိုက်သည်။

မြင့်မြတ်ကျမ်းတစ်စောင် ပေါ်ထွက်လာခဲ့ပြီ။

မကြာမီ ၎င်းသည် အရှေ့ပိုင်း မြေရိုင်းဒေသ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ကာယကံရှင် ဖြစ်သော ချင်ထျန်းမှာ ညည်းညူမနေဘဲ မနေနိုင်တော့ပေ။

"ဟိုလူ ဉာဏ်အလင်းပွင့်လိုက်... ဒီလူ ဉာဏ်အလင်းပွင့်လိုက်နဲ့... အချိန်တွေ ကြာမနေဘူးလား... ငါ ဂိုဏ်းဝင်ပြီးရင် ဟိုဆံပင်ရွှေရောင် ကောင်လေးကို သင်ခန်းစာ ပေးဖို့ စောင့်နေရသေးတာ..." ချင်ထျန်း တွေးလိုက်မိသည်။

"ဒီကိစ္စကို ညကူးလို့ မဖြစ်ဘူး... မဟုတ်ရင် ငါစိတ်မကောင်းဖြစ်ပြီး အိပ်ပျော်မှာ မဟုတ်ဘူး"

နောက်ဆုံးတွင် တစ်နာရီခန့် ကြာပြီးနောက် ဘိုးဘေးအကြီးအကဲ၏ ဉာဏ်အလင်းပွင့်ခြင်း ပြီးဆုံးသွားခဲ့သည်။

ဘိုးဘေးအကြီးအကဲ၏ မျက်လုံးများ တောက်ပနေပြီး သူ၏ ချီစွမ်းအင်မှာ ပိုမို နက်ရှိုင်း ဆန်းကြယ်လာသည်။

လွန်ခဲ့သော ခဏက ဆံပင်ဖြူများနှင့် မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေသော အဘိုးအို ဖြစ်သော်လည်း ယခုအခါ သူ၏ ဆံနွယ်နက်များက ရေတံခွန်ကဲ့သို့ ဖြာကျနေပြီး ခံ့ညားထည်ဝါ၍ နူးညံ့သိမ်မွေ့သော လူလတ်ပိုင်း အရွယ်အဖြစ် ပြောင်းလဲသွားလေသည်။

"ဟဟ... ငါ တာအိုကို လေ့လာခဲ့တာ နှစ်ပေါင်း ရာချီနေပြီ... ဒီနေ့မှပဲ နောက်ဆုံးတော့ တစ်ခုခု ရလိုက်မယ်လို့ ထင်မထားခဲ့မိဘူး..."

ဒီစာအုပ်ကို ဖတ်ပြီးနောက် ငါ့မှာ ရှိခဲ့သမျှ မေးခွန်းတွေ အားလုံး ရှင်းလင်းသွားပြီ... တောက်ပတဲ့ အနာဂတ်က ငါ့လက်ထဲ ရောက်နေပြီပဲ...။

ဘိုးဘေးအကြီးအကဲသည် မုတ်ဆိတ်မွေးကို သပ်ရင်း အားရပါးရ ရယ်မောလိုက်ကာ မေးလိုက်သည်... "ဒီမြင့်မြတ်ကျမ်းက ဘယ်က ရောက်လာတာလဲ..."

All Chapters