← Chapters

သူတို့ ပါးစပ်တွေကို ရိုက်ပစ်လိုက်

Vol. 2 Ch. 13

သူတို့ ပါးစပ်တွေကို ရိုက်ပစ်လိုက်

Vol. 2 Ch. 13

ဂိုဏ်းသားသစ် အများစုသည် သာမန် နောက်ခံမှ လာသူများ ဖြစ်သဖြင့် ချန်နီ အံ့ဩခြင်း မရှိပေ။

ဂိုဏ်းနှင့် ကျင့်ကြံခြင်း လမ်းစဉ်အပေါ် ဗဟုသုတ နည်းပါးကြသည်မှာ ဓမ္မတာပင်။

ဂိုဏ်းသားဟောင်းများက ဂိုဏ်းသားသစ်များကို လမ်းပြပေးရခြင်းမှာ သူတို့၏ မေးခွန်းများကို ဖြေကြားပေးရန်နှင့် သံသယများကို ဖြေရှင်းပေးရန်လည်း ပါဝင်သည်။

ချန်နီသည် လမ်းလျှောက်ရင်း ချင်ထျန်းကို ရှင်းပြလိုက်သည်... "ဟောက်ရန်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေကို အပြင်ဂိုဏ်းသား၊ အတွင်းဂိုဏ်းသားနဲ့ အဓိကဂိုဏ်းသား ဆိုပြီး ခွဲခြားထားပါတယ်... သူတို့အထက်မှာမှ တာဝန်ခံတွေ၊ အကြီးအကဲတွေ၊ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတွေ ရှိကြတာပါ... အဆင့်တစ်ခုချင်းစီရဲ့ ခံစားခွင့်နဲ့ ဆက်ဆံခံရမှုတွေက အရမ်း ကွာခြားပါတယ်... ဒါကြောင့် ဂိုဏ်းသား အများစုက ရာထူးတိုးဖို့ ကြိုးစားကြတယ်"

"ဂိုဏ်းသားသစ်တွေက ပါရမီ ဘယ်လောက်ကောင်းကောင်း အကုန်လုံး အပြင်ဂိုဏ်းသား အဖြစ်နဲ့ပဲ စရပါတယ်... ဒါက ဂိုဏ်းတည်ထောင်သူ ဘိုးဘေး ချမှတ်ခဲ့တဲ့ စည်းကမ်းလို့ ပြောကြတာပဲ"

ချင်ထျန်း ခေါင်းညိတ်လိုက်သည်။ "ငါ့အစ်ကိုကြီးလည်း အဲဒီအကြောင်း ပြောပြဖူးတယ်"

အစ်ကိုကြီးတဲ့လား...။

ချန်နီ အသက်ရှူ ခဏ ရပ်သွားသည်။

ဘိုးဘေးအကြီးအကဲ၏ ဒဏ္ဍာရီမှာ ဟောက်ရန်ဂိုဏ်း အတွင်း၌ ပျံ့နှံ့နေပြီး ဂိုဏ်းသို့ ရောက်နေသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသူများပင် ကြားဖူးကြသည်။ ကိုယ့်ထက် ငယ်ရွယ်သူ တစ်ယောက်က ထိုပုဂ္ဂိုလ်ကြီးကို "အစ်ကိုကြီး" ဟု ခေါ်ဝေါ်နေသည်ကို ကြားလိုက်ရသဖြင့် သူမ၏ စိတ်ထဲရှိ ကိုးကွယ်ရာ ရုပ်တုကြီး တစ်ခုသည် သာမန်လူ တစ်ယောက် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါဆို အတွင်းဂိုဏ်းသား ဘယ်လို ဖြစ်လာမလဲ... ကျင့်ကြံမှု အဆင့်နဲ့ ဆုံးဖြတ်တာလား" ချင်ထျန်းက ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် မေးလိုက်သည်။

ချန်နီ ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး... ဟောက်ရန်ဂိုဏ်းမှာ ရာထူးတိုးဖို့ ဆိုရင် သက်ဆိုင်ရာ မစ်ရှင် ဆယ်ခုကို ပြီးမြောက်အောင် လုပ်ရပါတယ်... အပြင်ဂိုဏ်းသား တစ်ယောက်က အပြင်ဂိုဏ်း မစ်ရှင် ဆယ်ခု လုပ်ပြီးရင် အတွင်းဂိုဏ်းသား အဖြစ် ရာထူးတိုးလို့ ရပါတယ်... အတွင်းဂိုဏ်းသား တစ်ယောက်က သက်ဆိုင်ရာ မစ်ရှင် ဆယ်ခု လုပ်ပြီးရင် အမြုတေဂိုဏ်းသား အဖြစ် ရာထူးတိုးလို့ ရပါတယ်..."

ချင်ထျန်း ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"ငါ သဘောပေါက်ပြီ... တော်တော် မျှတတာပဲ... အဆင့်အတန်းကို ပါရမီတို့၊ ကျင့်ကြံမှု အဆင့်တို့နဲ့ မဆုံးဖြတ်ဘဲ မစ်ရှင်တွေနဲ့ ဆုံးဖြတ်တာကိုး"

"ဒါဆို ရာထူးတိုးသွားတဲ့ ဂိုဏ်းသားတွေက အစွမ်းထက်ဆုံး ဖြစ်ချင်မှ ဖြစ်မှာပေါ့... ဒါမှမဟုတ် မစ်ရှင်တွေ ပြီးအောင် ကြိုးကြိုးစားစား လုပ်တဲ့ ဂိုဏ်းသားတွေ ဖြစ်နေနိုင်တာပေါ့..." ချင်ထျန်း မေးလိုက်သည်။

"မဟုတ်ပါဘူး... အဆင့်တူညီတဲ့ မစ်ရှင် ဆယ်ခုကို ပြီးမြောက်ဖို့ ဆိုတာက ပုံမှန်အားဖြင့် အဲဒီအဆင့်ထက် သာလွန်တဲ့ စွမ်းအား ရှိမှ ရတာပါ... ဒါကြောင့် ဟောက်ရန်ဂိုဏ်းမှာ ရာထူးတိုးနိုင်တဲ့ ဂိုဏ်းသားတွေဟာ ပါရမီနဲ့ ကျင့်ကြံမှု အဆင့်ကို ကြည့်ပြီး ရာထူးတိုးပေးတဲ့ တခြား ဂူအောင်းဂိုဏ်းတွေက ဂိုဏ်းသားတွေထက် အများကြီး ပိုစွမ်းအားကြီးကြပါတယ်"

ချန်နီက ခေါင်းခါလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် မစ်ရှင်များနှင့် ပတ်သက်၍ အားကိုးရာမဲ့ ဖြစ်နေပုံများ ပေါ်လာသည်။

"ဒါပေမဲ့ မစ်ရှင်တွေ ရှိနေလို့ပဲ ဟောက်ရန်ဂိုဏ်းမှာ အပြင်ဂိုဏ်းသား အရေအတွက်က အများဆုံး ဖြစ်နေတာပါ... တခြား ဂူအောင်းဂိုဏ်းတွေထက် အများကြီး ပိုများတယ်... ပြီးတော့ အပြင်ဂိုဏ်းသား အချင်းချင်း ကျင့်ကြံမှု အဆင့် ကွာခြားချက်ကလည်း အရမ်း ကြီးမားတယ်"

လူတိုင်းက မစ်ရှင်တွေကို စိတ်အားထက်သန်ကြသည် မဟုတ်ပေ။ ဂိုဏ်းသား အများစုအတွက်မူ ကျင့်ကြံခြင်းကသာ အဓိက ဖြစ်သည်။

"စိတ်ဝင်စားစရာပဲ... ကြည့်ရတာ မဟာအကြီးအကဲ ဖြစ်လာဖို့ ဆိုတာ တော်တော် ခက်ခဲမယ့်ပုံပဲ... မစ်ရှင် ဘယ်နှခုလောက် ပြီးအောင် လုပ်ရမှာလဲ..." ချင်ထျန်း ကိုယ့်ဘာသာ တွေးလိုက်မိသည်။

အပြင်ဂိုဏ်းမှနေ၍ အကြီးအကဲ ဖြစ်လာရန် ဆိုလျှင် မစ်ရှင် လေးဆယ် ပြီးမြောက်အောင် လုပ်ရမည်။

မစ်ရှင် အရေအတွက်က မနည်းလှပေ... သို့သော် စနစ် ရှိနေသဖြင့် ပြဿနာကြီးကြီးမားမား မဖြစ်လောက်ပေ။

သူတို့ နှစ်ဦးသည် သစ်သားအိမ်တန်း၏ အပြင်ဘက် လမ်းမပေါ်တွင် လျှောက်လာကြသည်။ သူ့ကဲ့သို့သော လူသစ် ရာဂဏန်းနီးပါး ရှိသော်လည်း အားလုံးက သူ့နောက်မှ လိုက်ပါလာကြခြင်း ဖြစ်သည်။

အပြင်ဂိုဏ်းသား သောင်းနှင့်ချီ ရှိသော ဟောက်ရန်ဂိုဏ်းသည် တောင်ခါးပန်းတွင် နေရာ အများအပြား ယူထားပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟူ၍ အပိုင်း လေးပိုင်း ခွဲခြားထားကာ အပိုင်း တစ်ခုစီသည် အလွန် ကျယ်ဝန်းလှသည်။

ချင်ထျန်း ရောက်ရှိနေသော နေရာသည် တောင်ပိုင်းနယ်မြေ ဖြစ်ပြီး တောင်ပေါ် လမ်းကြောင်း တည်ရှိရာ နေရာလည်း ဖြစ်သည်။

တောင်ပိုင်းနယ်မြေတွင် ဟောက်ရန်ဂိုဏ်းသား သောင်းနှင့်ချီ ရှိနေပြီး ယခု ရောက်ရှိလာသော လူသစ် ဦးရေမှာ တစ်ရာခန့်သာ ရှိသဖြင့် တောင်ပိုင်းနယ်မြေ အပေါ် ကြီးမားသော သက်ရောက်မှု မရှိလှပေ။

ဤအချိန်တွင် လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ဂိုဏ်းသား အများအပြား ရပ်နေကြသည်။ လူသစ်များကို ကြည့်ရှုခြင်းသည် သုံးနှစ်မှ တစ်ကြိမ်သာ ကြုံရသော "ပြဇာတ်" တစ်ခုပင်။

စီနီယာ တစ်ယောက် အနေဖြင့် လူသစ်များကို အနည်းငယ် "ပညာပြ" ရသည်မှာ သဘာဝပင် ဖြစ်သည်။

ဟောက်ရန်ဂိုဏ်းသည် ကွန်ဖြူးရှပ် ဂိုဏ်း တစ်ခု ဖြစ်သော်လည်း ဂိုဏ်းသား အများစုမှာ နူးညံ့သိမ်မွေ့ပြီး သဘောထား ပြည့်ဝကြသည်။

သို့သော် ဆိုရိုးစကား ရှိသည် မဟုတ်ပါလော... "တောကြီးရင် ငှက်မျိုးစုံ ရှိတယ်" တဲ့... စီနီယာ ဂိုက်ဖမ်းချင်သူများလည်း အများအပြား ရှိနေပေသည်။

"ကောင်မလေး... ကျင့်ကြံခြင်း အဆင့်တွေကို ဘယ်လို ခွဲခြားထားလဲ..." ချင်ထျန်းက ဤအချက်ကို ပို၍ စိတ်ဝင်စားနေသည်။

သူ ဘယ်အချိန်ကျမှ ဘိုးဘေးအကြီးအကဲ လိုမျိုး လွတ်လွတ်လပ်လပ် သွားလာနိုင်မလဲ ဆိုတာ သိချင်နေမိသည်။ ထိုစွမ်းရည်ကို သူ အတော်လေး သဘောကျနေသည်။ သူများပစ္စည်း ခိုးပြီးရင် ဘယ်သူမှ လိုက်မမီအောင် ထွက်ပြေးလို့ ရတာကိုး။

ချန်နီ ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ကွန်ဖြူးရှပ် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး နဖူးတွင် အစက်အပျောက်များနှင့် မသေမျိုးသွေးကြောမှတ်များ ရှိနေသော လူ ၇၊ ၈ ယောက်ခန့်သည် လူတိုင်း၏ ရှေ့ကို ပိတ်ရပ်လိုက်ကြသည်။

ထိုလူများ၏ မျက်လုံးများတွင် မာနများ ပြည့်နှက်နေပြီး ဂိုဏ်းထဲသို့ ဝင်ရောက်လာခါစ ဂိုဏ်းသားသစ်များကို ဘေးတိုက် ကြည့်လိုက်ကြသည်။ သူတို့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်ကာ မဲ့ပြုံး ပြုံးနေကြပြီး ဘာမှနားမလည်သော ကလေးငယ် တစ်သိုက်ကို ကြည့်နေသကဲ့သို့ ရှိသည်။

"ဒီနှစ် လူသစ်တွေက ဘာမှလည်း ထူးခြားမနေပါလား... ကြည့်ရတာ တုံးအပြီး ငတုံးတွေလိုပဲ... ငငန်းကြီးတွေ ကျနေတာပဲ." ခေါင်းဆောင် ဖြစ်သူ အပြာရောင် ပညာရှိ ဝတ်ရုံနှင့် အမျိုးသား ဂိုဏ်းသားက ယပ်တောင်ကို ခတ်ရင်း ခေါင်းခါလိုက်သည်။

"ချစ်ခင်လေးစားရတဲ့ စီနီယာအစ်ကိုကြီးတို့၊ အစ်မကြီးတို့... ဒါက ခင်ဗျားတို့ထဲက တစ်ယောက် မဟုတ်..."

"ဘာကို 'မဟုတ်' ရမှာလဲ... ငငန်းကြီးတွေ မဟုတ်လို့ ဘာလဲ..."

"ငါ့အမြင်တော့ ကြောင်တောင်တောင် ဖြစ်နေတဲ့ ငငန်းအုပ်ကြီးလိုပဲ"

"ဟုတ်ပါ့"

"ဒီလို ငတုံးတွေက ဟောက်ရန်ဂိုဏ်း ကွန်ဖြူးရှပ် ပညာရှင်တွေရဲ့ နက်နဲလှတဲ့ တာအိုလမ်းစဉ်ကို သင်ယူနိုင်ပါ့မလား..."

လူတစ်စုသည် လူသစ်များကို စတင် လှောင်ပြောင်ပြီး ဖိနှိပ်လာကြသည်။ ဤသည်မှာ အမြဲတမ်း ဖြစ်လေ့ဖြစ်ထ ရှိသော ဓလေ့တစ်ခုပင်။

ချင်ထျန်း လုံးဝ နားမလည်နိုင် ဖြစ်နေသည်။

ဒီလူတွေ စိတ်များ မမှန်ကြဘူးလား...။ လူသစ်တွေကို ဖိနှိပ်တယ် ဆိုတာ လူတွေကို အရူးတွေ၊ ငတုံးတွေလို ဆက်ဆံတာလား...။

ဟောက်ရန်ဂိုဏ်း အကြောင်း လမ်းခရီးမှာ အနည်းငယ် ကြားဖူးသော်လည်း ဒီလောက်ထိ ဆိုးရွားလိမ့်မည်ဟု ချင်ထျန်း ထင်မထားခဲ့ပေ။

သို့သော် ဤအခြေအနေက နေရာတိုင်းတွင် ရှိတတ်သော သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်သည်။ ကျောင်းသားကြီးက ကျောင်းသားသစ်ကို အနိုင်ကျင့်ခြင်း၊ ဝန်ထမ်းဟောင်းက ဝန်ထမ်းသစ်ကို အနိုင်ကျင့်ခြင်း၊ စစ်သားဟောင်းက စစ်သားသစ်ကို အနိုင်ကျင့်ခြင်း... ယင်း နေရာတိုင်းတွင် ဝါရင့်မှုကို ပြသလိုသူများ ရှိစမြဲပင်။

"ဟွန့်... မင်းတို့ လူသစ်တွေကို ကြည့်ရတာ" အပြာရောင် ဝတ်ရုံနှင့် ဂိုဏ်းသားဟောင်းက ကျယ်လောင်ခြင်း မရှိသော်လည်း မာနအပြည့် ပါဝင်သော လေသံဖြင့် စကားလုံးများကို တမင် ဆွဲငင် ပြောလိုက်သည်။ "ဒီဂိုဏ်းထဲ ရောက်လာရုံနဲ့ ထိပ်ဆုံးကို ရောက်ပြီလို့ ထင်နေကြတာလား..." ပြောပြောဆိုဆိုနှင့် သူက ဖြည်းညှင်းစွာ ခြေလှမ်း လှမ်းလိုက်ပြီး ချင်ထျန်းကို ကြည့်လိုက်သည်။

ထို့နောက် သူသည် ဂိုဏ်းသားသစ်များ၏ ပတ်လည်ကို လှည့်ပတ် လျှောက်သွားပြီး သူတို့၏ မျက်နှာများကို တစ်ယောက်ချင်းစီ လိုက်ကြည့်လေသည်။ သူ ကြည့်လိုက်သော ဂိုဏ်းသားသစ် တိုင်းသည် အလိုလိုနေရင်း နောက်သို့ တွန့်ဆုတ်သွားကြသည်။

"ဂိုဏ်းထဲက လူတွေရဲ့ နာမည်တွေကို မင်းတို့ မှတ်ထားရမယ်... ကိုယ့်ထက် ဝါရင့်တဲ့သူနဲ့ တွေ့ရင် မတ်တပ်ရပ်ပြီး စီနီယာအစ်ကိုကြီး သို့မဟုတ် စီနီယာအစ်မကြီးလို့ ခေါ်ရမယ်..."

အပြာရောင် ဝတ်ရုံနှင့် ဂိုဏ်းသားသည် ခေါင်းကို မော့ထားရာ မေးစေ့က ကောင်းကင်ကို ထိုးမတတ် ဖြစ်နေသည်။

"မင်းတို့တွေ ယဉ်ကျေးမှု ရှိရှိနဲ့ ကောင်းကောင်းမွန်မွန် နေကြ.. မဟုတ်ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်" သူက ပြောရင်းနှင့် စွမ်းအင်လှိုင်း တစ်ခုကို ထုတ်လွှတ်လိုက်ရာ လူအုပ်ကြီး တုန်လှုပ်သွားကြသည်။

ဤအခြေအနေက အပြာရောင် ဝတ်ရုံနှင့် ဂိုဏ်းသားကို စိတ်ကျေနပ်မှု ရရှိစေသည်။

အပြာရောင် ဝတ်ရုံနှင့် လူငယ်၏ အပြုအမူကို မကျေနပ်သူများ ရှိသော်လည်း စွမ်းအား ကွာခြားမှုကြောင့် မည်သူမျှ ဝင်ရောက် တားဆီးခြင်း မပြုကြပေ။

အစိမ်းရောင် ဝတ်ရုံနှင့် လူငယ်သည် တောင်ပိုင်းနယ်မြေ အပြင်ဂိုဏ်းသားများ အကြားတွင် ဗိုလ်ကျနေသူ တစ်ဦး ဖြစ်သည်။ သူ့နာမည်မှာ လီလင်းဖုန်းပင်။ ဂိုဏ်းထဲ ရောက်နေသည်မှာ ဆယ်စုနှစ်များစွာ ရှိပြီ ဖြစ်သော်လည်း ရာထူးတိုးရန် လိုအပ်သော မစ်ရှင်များကို မည်သည့်အခါမျှ ပြီးမြောက်အောင် မလုပ်နိုင်သဖြင့် အပြင်ဂိုဏ်းတွင် အချိန်အကြာကြီး သောင်တင်နေသူ ဖြစ်သည်။

"ခွီး..." ချင်ထျန်းက အထင်သေးစွာဖြင့် ရယ်လိုက်သည်။ ဒီကောင်တွေက တော်တော်အရည်အချင်း မရှိပါလား။ လူကိုတောင် ကောင်းကောင်း အနိုင်မကျင့်တတ်ကြဘူး။

"မင်းက မကျေနပ်တဲ့ပုံပဲ..." လီလင်းဖုန်းသည် ချင်ထျန်း၏ ရယ်သံကို ကြားလိုက်ရသောအခါ ချက်ချင်း မကျေမနပ် ဖြစ်သွားသည်။ မည်သည့် ဂိုဏ်းသားသစ်ကမှ သူ့ကို ဤကဲ့သို့ အထင်သေးသော ပုံစံဖြင့် မဆက်ဆံရဲခဲ့ဖူးပေ။

လီလင်းဖုန်း၏ မျက်နှာ မည်းမှောင်သွားသည်။ "ဒါဆို ဒီနေ့... စီနီယာအစ်ကိုကြီးက စည်းကမ်း ဆိုတာ ဘာလဲ မင်းကို သင်ပေးရသေးတာပေါ့..."

'သူက ပြဿနာကောင်လေး တစ်ကောင်ပဲ... မင်းကို ကိုင်တွယ်လိုက်ရင် ငါ့ရဲ့ တာအိုလမ်းစဉ် ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာ တွေ့ရလိမ့်မယ်။'

[ တင်... အားနည်းပြီး စာအုပ်ကြီးသမား ပညာရှင် တစ်သိုက် ]

[ မစ်ရှင် - သူတို့ ပါးစပ်တွေကို ရိုက်ပစ်လိုက် ]

[ ဆုလာဘ် - မသေမျိုးသွေးကြောမှတ် တစ်ခု ]

"ဖြောင်း..."

ချင်ထျန်း စကားတစ်ခွန်းမျှ မပြောဘဲ လက်ကို မြှောက်လိုက်ပြီး ထိုလူ၏ မျက််ခွက်ကို ဖြတ်ရိုက်ပစ်လိုက်သည်။

ချင်ထျန်းသည် အွက်အထိပ်သိုင်းပညာရှင် ခွန်အားကို ပိုင်ဆိုင်ထားပြီး နွားသိုးကိုးကောင်ခွန်အားလည်း ရှိနေသဖြင့် ဤပါးရိုက်ချက်ကြောင့် လီလင်းဖုန်း၏ မျက်လုံးများ ပြာဝေသွားလေသည်။

လီလင်းဖုန်းသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားသည်။

"ငတုံးကောင်... လူကိုတောင် ကောင်းကောင်း အနိုင်မကျင့်တတ်ဘူး..." ချင်ထျန်းက လက်ခုပ်တီးလိုက်ပြီး မျက်နှာပေါ်တွင် အထင်သေးမှုများ ပြည့်နှက်နေခဲ့သည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။

သူတို့နှင့်အတူ ဝင်ရောက်လာသော ဂိုဏ်းသားသစ်များသာ အံ့ဩနေကြသော်လည်း ဒါက ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စဟု ခံစားလိုက်ကြရသည်။

'ဒီလူက အငြိုးအတေးကြီးတဲ့ လူလေ... ရွေးချယ်စရာ လူတွေ အများကြီးထဲကမှ ဂိုဏ်းသားဟောင်းတွေက ချင်ထျန်းကို လာရွေးပြီး အနိုင်ကျင့်တယ်... ကံဆိုးတာပဲ။ ချင်ထျန်းက သူတို့ မျိုးဆက်ထဲမှာ နာမည် အဆိုးဆုံး လူပဲ။'

'လီလုံဖေး ဆိုရင် စကားနည်းနည်းလောက် ပြောမိရုံနဲ့ အသေနီးပါး အရိုက်ခံလိုက်ရတာ... ဒီကောင်တွေက သူ့ကို အနိုင်ကျင့်ရဲသေးတယ်... အကျိုးဆက်ကတော့ ခန့်မှန်းလို့ ရပြီးသားပဲ။'

ဘေးမှ ကြည့်နေကြသော ဂိုဏ်းသားဟောင်းများ အားလုံး မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။

All Chapters