← Chapters

လက်စားချေဖို့ ညကူးလို့ မဖြစ်ဘူး

Vol. 2 Ch. 15

လက်စားချေဖို့ ညကူးလို့ မဖြစ်ဘူး

Vol. 2 Ch. 15

"ကျင့်ကြံခြင်း နယ်ပယ်ကို အဆင့် ခြောက်ဆင့် ခွဲခြားထားတယ်... မသေမျိုးသွေးကြောမှတ်၊ ချီပင်လယ်၊ ဖူယောင်၊ ခွန်လင်း၊ ပီလော့ နဲ့ ကျင်းကန်း ဆိုပြီးပဲ"

ဘိုးဘေးအကြီးအကဲ၏ အသံ ထွက်ပေါ်လာပြီး ဆံနွယ်နက်များနှင့် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ချင်ထျန်း၏ ရှေ့တွင် ပေါ်လာသည်။

"အဲဒီအထဲမှာ ဖူယောင် ဆိုတာ လေရဲ့ လှပတဲ့ အမည်နာမ ဖြစ်ပြီး လေအဆင့် လို့လည်း ခေါ်တယ်... ဖုန်ငှက်ကြီးက လေနှင့်အတူ တစ်ရက်တည်း အမြင့်သို့ ပျံတက်ပြီး မိုင်ကိုးသောင်းခရီးကို နှင်နိုင်သလိုမျိုး... ကျင့်ကြံခြင်း လမ်းစဉ်ကို တရားဝင် စတင် လျှောက်လှမ်းခြင်းပဲ"

"ခွန်လင်း ဆိုတာ မြေကြီးရဲ့ လှပတဲ့ အမည်နာမ ဖြစ်ပြီး မြေအဆင့် လို့လည်း ခေါ်တယ်... ကောင်းကင်နဲ့ မြေကြီးရဲ့ နက်နဲမှုကို နားလည်သဘောပေါက်ပြီး နေရာကျဉ်းကျဉ်းလေး အတွင်းမှာတင် မြင့်မြတ်တဲ့ စွမ်းရည်တွေကို ဖန်တီးနိုင်တာကို ဆိုလိုတယ်... ဒီအဆင့်မှာ ကျင့်စဉ်တွေကို စတင် ကျင့်ကြံနိုင်ပြီ"

"ပီလော့ ဆိုတာ ကောင်းကင်ရဲ့ လှပတဲ့ အမည်နာမ ဖြစ်ပြီး ကောင်းကင်အဆင့် လို့လည်း ခေါ်တယ်... အထက် ကောင်းကင်ပြာနဲ့ အောက် မြေကမ္ဘာကို ရိုက်ခတ်ပြီး အရပ်ရှစ်မျက်နှာကို လွှမ်းမိုးကာ အခက်အခဲ အားလုံးကို ကျော်လွှားနိုင်တာကို ဆိုလိုတယ်..."

"ကျင်းကန်း အဆင့်ကိုတော့ ကောင်းကင်လူသား လို့ ခေါ်ကြတယ်"

"အစ်ကိုကြီး... နောက်ဆုံးတော့ ရောက်လာပြီပဲ... ကျွန်တော့်ကို ကျင့်ကြံနည်း မသင်ပေးရသေးဘူးနော်..."

"ဘိုးဘေးအကြီးအကဲကို ဂါရဝပြုပါတယ်..." ချန်နီက ရိုသေစွာ ဦးညွတ်လိုက်သည်။ ဤပုဂ္ဂိုလ်သည် ဂိုဏ်းတွင် ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

"အင်း..." ဘိုးဘေးအကြီးအကဲက ခေါင်းညိတ်လိုက်သည်။

ယခင်က သူမ မြင်တွေ့ခဲလှသော ထူးခြားသော ပုဂ္ဂိုလ်ကြီးသည် ယခု သူမရှေ့တွင် ရောက်နေလေပြီ။

"ဟဟ... ညီငယ်လေး... စိတ်မလောပါနဲ့... ကျင့်ကြံခြင်း ဆိုတာ တစ်ရက်တည်းနဲ့ ပြီးမြောက်နိုင်တဲ့အရာ မဟုတ်ဘူး... မသေမျိုးသွေးကြောမှတ် ပွင့်ဖို့ ဆိုတာ ရက်အနည်းငယ်ကနေ နှစ်နဲ့ချီပြီး ကြာနိုင်တယ်..."

"နေပါဦး... နေပါဦး ညီငယ်လေး... မင်း ဘယ်တုန်းက မသေမျိုးသွေးကြောမှတ်ကို ကျင့်ကြံလိုက်တာလဲ..."

မဟာအကြီးအကဲ အံ့ဩသွားသည်။ ချင်ထျန်း၏ မသေမျိုးသွေးကြောမှတ်ကို သူ့မျက်လုံးအောက်တွင် ဖုံးကွယ်ထား၍ မရနိုင်ပေ။

"ဪ... ဒါလား... လမ်းမှာ လာရင်း လေ့ကျင့်လိုက်တာလေ" ချင်ထျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဘာ..." ဘိုးဘေးအကြီးအကဲ အာမေဋိတ် သံ ထွက်သွားသည်။ "မင်း ကျင့်ကြံခြင်းတောင် မစရသေးဘူး မဟုတ်လား"

လမ်းမှာ လာရင်းနဲ့ မသေမျိုးသွေးကြောမှတ်ကို ဖန်တီးလိုက်တယ် ဆိုတာ တကယ်ရောဟုတ်လို့လား။

မဟာအကြီးအကဲသည် သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ချင်ထျန်းကို စိုက်ကြည့်နေမိသည်။

ဒါက ဘိုးဘေးတွေထက် နားလည်နိုင်စွမ်း သာလွန်တဲ့ ကွန်ဖြူးရှပ် ပညာရှင် တစ်ယောက်ရဲ့ ထူးခြားချက်ပဲ... နားလည်နိုင်စွမ်း မြင့်မားရုံသာမက ကျင့်ကြံခြင်း ပါရမီလည်း ထူးကဲနေတာကိုး။

ချန်နီ၏ မျက်လုံးများ မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။

လမ်းတစ်လျှောက်လုံး ချင်ထျန်းက မေးခွန်းတွေပဲ မေးလာခဲ့ပြီး ဝိညာဉ်စွမ်းအင် အတက်အကျလည်း မရှိဘဲနဲ့... ဘယ်အချိန်တုန်းက မသေမျိုးသွေးကြောမှတ်ကို ကျင့်ကြံလိုက်တာလဲ။

"မင်း သွားလို့ ရပြီ..."

ဘိုးဘေးအကြီးအကဲက ချန်နီကို ပြန်ခိုင်းလိုက်သည်။ ချင်ထျန်းက ပါရမီ ထူးကဲလွန်းသဖြင့် သူ့ကို သေသေချာချာ သင်ကြားပေးချင်နေသည်။

"အစ်ကိုကြီး... ကျင့်ကြံခြင်း နယ်ပယ်က ငါးဆင့်ပဲ ရှိတာလား..." ချင်ထျန်းက မူလက ဆယ်ဆင့်ကျော်လောက် ရှိမည်ဟု ထင်ထားခဲ့သည်။

ဥပမာ - အဆင့် ၁ မှ ၉ အထိ၊ သို့မဟုတ် လယ်ဗယ် ၁ မှ ၁၀၀ အထိ ဆိုသလိုမျိုးလေ။

နည်းလွန်းတာပေါ့...။

"မဟုတ်ပါဘူး... ဖြည်းဖြည်းချင်း ရှင်းပြမယ်..."

"မသေမျိုးသွေးကြောမှတ်အဆင့် ဆိုတာ တကယ့် အဆင့်တစ်ခု မဟုတ်သေးဘူး... မသေမျိုးလမ်းစဉ်ရဲ့ အုတ်မြစ်ချတာနဲ့ တူတယ်... အိမ်ဆောက်ဖို့ အောက်ခြေ ဖောင်ဒေးရှင်း ချသလိုပေါ့"

"မသေမျိုးသွေးကြောမှတ်အဆင့် ဆိုတာ သွေးကြောမှတ် ကိုးခု ဖွင့်လှစ်နိုင်တဲ့ အဆင့်ကို ပြောတာ...သွေးကြောမှတ် တစ်ခု ပွင့်သွားတာနဲ့ ချီပင်လယ်အဆင့်ကို ဝင်ရောက်လို့ ရပြီ။''

"တစ်ခုတည်းနဲ့ ရပြီလား..."

'"ဒါဆို ချီပင်လယ်အဆင့် ဆိုတာ သိပ်မခက်ဘူးပဲ... ဒါကြောင့်လည်း လမ်းတစ်လျှောက် တွေ့ခဲ့ရတဲ့ အပြင်ဂိုဏ်းသား အများစုက မသေမျိုးသွေးကြောမှတ်အဆင့် ကျင့်ကြံသူတွေ ဖြစ်နေတာကိုး။''

"ဟုတ်တယ်... လူသားခန္ဓာကိုယ်က ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက် မသုံးစွဲနိုင်ဘူး... ခန္ဓာကိုယ်ထဲ စုပ်ယူပြီး အသွင်ပြောင်းလဲမှ သုံးလို့ ရတာ..."

"မသေမျိုးသွေးကြောမှတ် ဆိုတာ ဝိညာဉ်စွမ်းအင်ကို စုပ်ယူဖို့ သုံးရတာ... သွေးကြောမှတ် များများ ပွင့်လေ... ဝိညာဉ်စွမ်းအင် စုပ်ယူနှုန်း မြန်လေ... အနာဂတ် အောင်မြင်မှု ကြီးမားလေပဲ''

"သဘောပေါက်ပြီ..." ချင်ထျန်း ခေါင်းညိတ်လိုက်သည်။ မသေမျိုးသွေးကြောမှတ် ဆိုတာ အသွင်ပြောင်းစက်တစ်ခုလိုပဲ... များများ ရှိလေ စွမ်းဆောင်ရည် ကောင်းလေ... တိုက်ခိုက်စွမ်းအား မြင့်လေ... အနာဂတ် လမ်းကြောင်း ပိုကျယ်ပြန့်လေပေါ့။''

မဟာအကြီးအကဲက ချင်ထျန်းကို နာရီအတော်ကြာ ရှင်းပြပေးသည်။

မသေမျိုးသွေးကြောမှတ်နှင့် ချီပင်လယ် တို့သည် အခြေခံ အဆင့်များ ဖြစ်ပြီး လူသားအဆင့် ဟု ခေါ်သည်။

ဖူယောင်၊ ကွန်လင်း၊ ပီလော့နှင့် ကျင်းကန်း တို့ကိုတော့ အထူးအဆင့်ကြီးလေးဆင့် ဟု ခေါ်သည်။

ဤအဆင့်လေးဆင့်သည် သာမန်လူသားများ စိတ်ကူး၍ပင် မရနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

ဘိုးဘေးအကြီးအကဲ၏ ပြောစကားအရ အထက်တွင် နတ်ဘုရားအသွင်ကူးပြောင်းခြင်းအဆင့် ဆိုသည်ဟာ ရှိသေးသော်လည်း မည်သို့ ကျင့်ကြံရမည်ကို ချင်ထျန်းအား ရှင်းမပြခဲ့ပေ။

ချင်ထျန်းသည် ဘိုးဘေးအကြီးအကဲ ပေးထားသော "ဟောက်ရန်ဖြောင့်မတ်ခြင်း ကျမ်းစာ" ကို ဖြန့်ကြည့်လိုက်သော်လည်း လူသားအဆင့်နှင့် အထူးအဆင့် အခန်းကဏ္ဍများကိုသာ ပေးထားသည်။

၎င်းသည် ပထမမျိုးဆက်တွင် ဖန်တီးခဲ့သော ဟောက်ရန်ဂိုဏ်း၏ မြင့်မြတ်သော ကျမ်းစာ ဖြစ်သည်။

၎င်းကို ထုတ်သုံးလိုက်ပါက ဟောက်ရန်ဖြောင့်မတ်ခြင်း ချီစွမ်းအင်များ ပေါ်ထွက်လာမည် ဖြစ်ပြီး ၎င်းသည် မိစ္ဆာလမ်းစဉ်၏ သဘာဝ ရန်သူ ဖြစ်သည်။

"ကောင်းတယ်''

ချင်ထျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤကျမ်းစာသည် သူ၏ လူကြီးလူကောင်း ဆန်သော ဘဝနေထိုင်မှုပုံစံနှင့် အလွန် ကိုက်ညီပေသည်။

ဟောက်ရန်ဖြောင့်မတ်ခြင်း ချီစွမ်းအင် ပေါ်ထွက်လာသည်နှင့် ချင်ထျန်းသည် ဖြောင့်မတ်သော လမ်းစဉ်ကို လိုက်သူ ဖြစ်ကြောင်း လူတိုင်း သိကြပေလိမ့်မည်။

"ငါ မေ့တော့မလို့... အရေးကြီးတဲ့ ကိစ္စ တစ်ခု ရှိသေးတယ်..." ချင်ထျန်း ရုတ်တရက် ထရပ်လိုက်သည်။

အချိန်က နောက်ကျနေပြီ... အဲဒီ ဆံပင်ရွှေရောင်ကောင်ကို သင်ခန်းစာ မပေးရသေးရင် ဒီသခင်လေး ဒီည အိပ်ပျော်မှာ မဟုတ်ဘူး။

ချင်ထျန်းသည် ဂိုဏ်းသားများကို နေရာချပေးစဉ်က ထို ရွှေရောင်ဆံပင်နှင့် လူငယ် ဘယ်နေရာ ရောက်သွားသလဲ ဆိုတာကို အထူး ဂရုစိုက် ကြည့်ရှုခဲ့သည်။ ထိုကောင်သည် အနောက်ဘက် နယ်မြေသို့ ရောက်သွားပြီး သူ့နေရာနှင့် သိပ်မဝေးလှပေ။

ချင်ထျန်းသည် တတိယထပ်မှ ခုန်ချလိုက်သည်။

ညအမှောင်ထဲတွင် အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားသွားပြီး အနောက်ဘက် နယ်မြေသို့ ရောက်ရန် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။

တောင်ပိုင်းနယ်မြေနှင့် ကပ်လျက်တွင် တည်ရှိပြီး အနောက်ဘက် နယ်မြေ၏ ဂိုဏ်းသားသစ်များ နေထိုင်ရာ နေရာ ဖြစ်သည်။

"ဟိုကောင်စုတ် ဘယ်မှာ နေလဲ..."

"ဒုက္ခပဲ... သုံးထပ်တိုက်တွေက အများကြီး... ဆံပင်ရွှေရောင်ကောင် ဘယ်အိမ်မှာ နေမှန်း မသိဘူး..."

ချင်ထျန်း ခေတ္တမျှ စဉ်းစားခန်း ဝင်သွားသည်။

ရောက်မှတော့ ရောက်လာပြီ... သူ့ကို အရင်ဆုံး ကောင်းကောင်း ပညာပေးရမယ်။

ငါ့ကို ခြေထိုးခံရဲတယ်ပေါ့... ဒီသခင်လေး ဘယ်သူလဲ ဆိုတာ မသိဘူးလား...။

အရင်တုန်းက ဆိုရင် ဆံပင်ရွှေရောင် ကောင်လေးတွေကို အထူးတလည် ပစ်မှတ်ထားပြီး နှိပ်စက်လို့ နာမည်ကြီးခဲ့တာကွ။

ချင်ထျန်း လမ်းမပေါ် လျှောက်သွားနေစဉ် အမျိုးသား ဂိုဏ်းသား တစ်ဦး လျှောက်လာသည်။

ထိုဂိုဏ်းသားက ချင်ထျန်းကို တစ်ချက် ကြည့်လိုက်ရာ မျက်လုံးများထဲတွင် အထက်စီးဆန်သော အရိပ်အယောင်များ ပါနေသည်။

ချင်ထျန်း ဝတ်ဆင်ထားသော ဂိုဏ်းသားသစ် ဝတ်စုံကြောင့် ချက်ချင်း မှတ်မိလိုက်ခြင်း ဖြစ်သည်။

"ဟမ်..."

ချင်ထျန်း မျက်ခုံးပင့်လိုက်သည်။ ဘာအကြည့်လဲဟ...။

"ရပ်လိုက်စမ်း..."

"လူသစ်... ဘာ အမူအရာလဲ..." ဂိုဏ်းသားဟောင်းက လူသစ်တစ်ယောက်က သူ့ကို မလေးမစား လုပ်သည်ဟု ယူဆကာ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

အမူအရာတဲ့လား... ဒီကောင်က ငါ့ကို အမူအရာနဲ့ ပတ်သက်ပြီး ပြဿနာ ရှာချင်နေတာလား။

"ခင်ဗျားကရော ဘာ အမူအရာ လိုချင်သေးလို့လဲ..." ချင်ထျန်းက ပြန်ပက်လိုက်သည်။ "အစောက အကြည့်က ဘာသဘောလဲ..."

ဂိုဏ်းသားဟောင်းမှာ ကြောင်အမ်းသွားသည်။ ဒီကောင်က အကြည့်တစ်ချက်ကြောင့် သူ့ကို လာတားနေတာလား။

ပြောရမယ် ဆိုရင် ဒီနှစ် လူသစ်တွေက တကယ်ကို တစ်မျိုးပဲ...။

"ကောင်လေး... မင်း သင်ခန်းစာ မရဖူးသေးဘူးနဲ့ တူတယ်... ကောင်းပြီလေ... စီနီယာအစ်ကိုကြီးက မင်းဆန္ဒ ပြည့်ဝအောင် လုပ်ပေးရတာပေါ့..."

[ တင်... ယဉ်ကျေးမှု မရှိသော အားနည်းသည့် စာပေပညာရှင် တစ်ယောက် ]

[ မစ်ရှင် - သူ့ကို သုံးရက်လောက် မျက်လုံးဖွင့်မရအောင် လုပ်ပစ်လိုက် ]

[ ဆုလာဘ် - မသေမျိုးသွေးကြောမှတ် တစ်ခု ]

"ဟက်..." ချင်ထျန်း မရယ်ဘဲ မနေနိုင်တော့ပေ။ တိုက်ဆိုင်လိုက်တာ...။ "ဒီသခင်လေးကို အထက်စီးဆန်တဲ့ အကြည့်နဲ့ ကြည့်ရဲတယ်ပေါ့... ဒီနေ့ မင်းကို ပညာပေးရမယ်..."

"မောက်မာလိုက်တာ..." ဂိုဏ်းသားဟောင်း ဒေါသထွက်သွားသည်။ လူသစ်တစ်ယောက်ကို တမင်သက်သက် ဆူပူကြိမ်းမောင်းလေ့ မရှိသော်လည်း ဤမျှ မောက်မာနေသည်ကိုတော့ သည်းမခံနိုင်ပေ။

"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်ရောက်သွားတာလဲ..."

ဂိုဏ်းသားဟောင်း လှုပ်ရှားလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ် ပျော့ခွေသွားပြီး ချီပင်လယ် ပိတ်ဆို့ခံလိုက်ရကာ မသေမျိုးသွေးကြောမှတ်များပါ ဖုံးကွယ်ခံလိုက်ရသည်။

"မင်းမျက်လုံးကို ထိုးဖောက်ပေးမယ်..."

ချင်ထျန်းက လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ထိုဂိုဏ်းသားဟောင်း၏ မျက်လုံးထဲသို့ တည့်တည့် ထိုးထည့်လိုက်သည်။

သို့သော် ချင်ထျန်း အားလျှော့ထားလိုက်သည်။ ဂိုဏ်းတူတွေ ဖြစ်နေသည့်အပြင် သင်ခန်းစာ ပေးရုံဆိုရင် လုံလောက်ပြီလေ။

ဒါဆိုရင် သူ့ရှေ့မှာ ဘယ်တော့မှ အထက်စီးဆန်တဲ့ ပုံစံ လာမပြရဲတော့ဘူးပေါ့။

"အား..."

ကျင့်ကြံခြင်းစွမ်းအားများ ပျောက်ဆုံးပြီး သာမန် စာပေပညာရှင် တစ်ယောက် ဖြစ်သွားသော ဂိုဏ်းသားဟောင်းသည် မျက်လုံးများ အထိုးခံလိုက်ရသဖြင့် ဘာမှ မမြင်ရတော့ဘဲ အော်ဟစ်လိုက်သည်။

"ဘုန်း..." ချင်ထျန်းက သူ့ဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။ "မှတ်ထား... နောက်တစ်ခါ ငါ့ကို အဲဒီလိုကြည့်နဲ့ မကြည့်နဲ့..."

ဂိုဏ်းသားဟောင်းသည် ဗိုက်ကို နှိပ်ကာ မြေကြီးပေါ်တွင် ကွေးကွေးလေး ဖြစ်သွားသည်။ လက်သီးချက်ကြောင့် သူ့ကလီစာများ တုန်ခါသွားပြီး ဝိညာဉ်စွမ်းအား မရှိတော့သဖြင့် နာကျင်လွန်းလှရာ မျက်ရည်များ စီးကျလာသည်။

"ဒါနဲ့... ဒီအသုတ် လူသစ်တွေထဲက ဆံပင်ရွှေရောင်ကောင် ဘယ်မှာ နေလဲ..." ချင်ထျန်း မေးလိုက်သည်။ "မှားဖြေရင် ထပ်ထိုးမယ်..."

ဆံပင်ရွှေရောင်...။

သူတို့ အုပ်စုထဲတွင် ရွှေရောင်ဆံပင်နှင့် လူငယ် တစ်ယောက်သာ ပါသဖြင့် ဝေဝါးဝါး မှတ်မိနေသည်။

"နံပါတ် ၉၇၈၈..." ဂိုဏ်းသားဟောင်းက နာကျင်စွာ ဖြေလိုက်သည်။

သူသည် ဂိုဏ်းသားသစ်များ နေထိုင်ရာ အနီးတွင် နေထိုင်ပြီး ဂိုဏ်းသားဟောင်း အများအပြားသည် လမ်းတစ်လျှောက် လူသစ်များကို စနောက်ခဲ့ကြသဖြင့် တစ်ဦးတည်းသော ဆံပင်ရွှေရောင် ကောင်လေးကို မှတ်မိနေခြင်း ဖြစ်သည်။

သို့သော် မည်သူမျှ ထိုဆံပင်ရွှေရောင် ကောင်လေးကို အနိုင်မကျင့်ခဲ့ကြပေ။ သူ့ဝမ်းကွဲအစ်ကိုသည် လွန်ခဲ့သော ကိုးနှစ်က ဟောက်ရန်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သော ပါရမီရှင် ဖြစ်သည်။

အတွင်းဂိုဏ်းသား အဖြစ် ရာထူးတိုးရုံသာမက အဓိကဂိုဏ်းသား ဖြစ်လုနီးပါး ဖြစ်နေပြီ ဟူသော ကောလာဟလများ ရှိနေသဖြင့် မည်သူမျှ ထိုဆံပင်ရွှေရောင် ကောင်လေးကို ရိုင်းပျစွာ မဆက်ဆံရဲကြပေ။

"အေး..." ချင်ထျန်း ခေါင်းညိတ်လိုက်ပြီး ကန်မလို့ ပြင်လိုက်သော်လည်း ထိုလူ နာကျင်စွာ ရှုံ့မဲ့နေသည်ကို တွေ့လိုက်ရသဖြင့် မလုပ်တော့ဘဲ နေလိုက်သည်။

"မင်း ကံကောင်းတယ် မှတ်... ဂိုဏ်းတူတွေ မို့လို့ပေါ့" ပြောပြီးသည်နှင့် ချင်ထျန်းသည် နံပါတ် ၉၇၈၈ ဆီသို့ လျှောက်သွားလိုက်သည်။

ချင်ထျန်း၏ နဖူးပေါ်တွင် ဒုတိယမြောက် မသေမျိုးသွေးကြောမှတ် ပေါ်လာသည်။

လမ်းဘေးရှိ သုံးထပ်တိုက်များတွင် အိမ်နံပါတ်များ တပ်ဆင်ထားသဖြင့် ချင်ထျန်း သူ့ပစ်မှတ်ကို အလွယ်တကူ ရှာတွေ့လိုက်သည်။

တတိယထပ်တွင် မီးလင်းနေသည်။

"ငါ့ဝမ်းကွဲအစ်ကိုက တော်တော် နာမည်ကြီးတာပဲ... ဂိုဏ်းသားဟောင်းတွေ အများကြီး သူ့ကို မျက်နှာလိုမျက်နှာရ လာလုပ်ကြတယ်... ကြည့်ရတာ ဒီမှာ ငါတို့ ဘာမှ ကြောက်စရာ မလိုတော့ဘူး ထင်တယ်" လီလုံဖေး တစ်ယောက် စိတ်အခြေအနေ ကောင်းမွန်နေလေသည်။

All Chapters