← Chapters

အခန်း (၄၀၃)

Vol. 27 Ch. 403

အခန်း (၄၀၃)

Vol. 27 Ch. 403

ရှု့ပေါ်ထုန်က စကားပြောပြီးနောက် ရုတ်တရက် တုန်တက်သွားသည်။ ထို့နောက် တစ်ကိုယ်လုံး တုန်ရီလာပြီး သူ၏ အင်အားရှိသမျှကို သုံး၍ "သတ်မှတ်ချက်ကတော့... မင်းတို့ ငါ့ကို ငါ့ဘဝရဲ့ လက်ကျန်အချိန်တွေအထိ စောင့်ရှောက်ပေးရမယ်" ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် သူသည် ခေါင်းကို စားပွဲပေါ်သို့ ဘုန်းခနဲ ဆောင့်ချလိုက်တော့သည်။

"အမ်?"

သူ၏ ရုတ်တရက် အပြုအမူကြောင့် သူတို့နှစ်ဦးလုံး လန့်သွားကြသည်။

ကျန်းတန်းဟယ်သည် သူနှင့် အနီးဆုံးတွင် ရှိနေသဖြင့် သူ၏ လည်ပင်းကို စမ်းသပ်ကြည့်လိုက်သည်။ နှလုံးခုန်နေဆဲဖြစ်ကြောင်း အတည်ပြုပြီးနောက် ချင်းရှောင်းကောကို ခေါင်းညိတ်ပြလိုက်သည်။

ရှောင်းကော သက်ပြင်းတစ်ချက် ချနိုင်တော့သည်။ မသေသေးသရွေ့တော့ တော်သေးတာပေါ့။

သူ သေသွားပြီဟု သူမ ထင်လိုက်ခြင်း ဖြစ်သည်။ တကယ်ကို ကြောက်စရာ ကောင်းလှသည်။

ရှောင်းကော အမောမပြေခင်မှာပင် စားပွဲပေါ် မှောက်နေသော ထိုလူမှာ ချက်ချင်း ပြန်ထလာပြီး တက်ကြွစွာဖြင့် "မင်းတို့ ငါ့ဝမ်းကို ကြည့်ဦးမလို့လား?" ဟု မေးလိုက်ပြန်သည်။

ရှောင်းကောမှာ လည်ချောင်းထဲ သွေးဆူတက်လာသလို ခံစားလိုက်ရသည်။

သူမသည် မိမိကိုယ်ကို ဤသို့သာ အဖန်ဖန် သတိပေးနေမိသည် - "သူက လူနာတစ်ယောက်ပါ၊ သူက လူနာတစ်ယောက်ပါ၊ သူက လူနာတစ်ယောက်ပါ..."

ရှောင်းကောသည် အားတင်းကာ မျိုသိပ်လိုက်ပြီး ညင်သာစွာပင် "မကြည့်တော့ပါဘူး" ဟု ပြောလိုက်သည်။

ရှု့ပေါ်ထုန်မှာ အလွန် စိတ်ပျက်သွားသည်။ ဝမ်းသွားထားခြင်းကသာ သူ ဤနေရာတွင် နေထိုင်ကြောင်း သက်သေပြနိုင်သည့် တစ်ခုတည်းသော အထောက်အထား မဟုတ်လား။

"ငါ ဗိုက်ဆာတယ်..."

ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့ ထွက်ခွာတော့မည့် အချိန်မှာပင် ရှု့ပေါ်ထုန်က ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။

သူတို့နှစ်ဦးမှာ မတတ်သာသလို တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်...

ရှောင်းကောက မျက်တောင်ခတ်ပြီး ပြောလိုက်သည်။ "ထားလိုက်ပါတော့..."

မကြာမီတွင် သူတို့ သုံးဦးစလုံး လမ်းမပေါ်သို့ ရောက်လာကြသည်။

သူတို့ အနီးနားတွင်ပင် စားသောက်ရန် ကြံစည်ခဲ့သော်လည်း စားသောက်ဆိုင်က လူများမှာ သူတို့နှင့်အတူ ဤကဲ့သို့သော လူတစ်ယောက် ပါလာသည်ကို တွေ့သောအခါ ဆိုင်ထဲသို့ ပေးမဝင်ကြပေ။

ဤအကြောင်းကြောင့်ပင် သူတို့ သုံးဦးမှာ အချိန်အတော်ကြာသည်အထိ လမ်းပေါ်တွင် လှည့်လည်နေရခြင်း ဖြစ်သည်။

ရှု့ပေါ်ထုန်ကတော့ ကိစ္စမရှိပေ။ သူ၏ ဗိုက်ထဲတွင် ကင်ထားသော ကြက်နှစ်ကောင် ရှိနေသည် မဟုတ်လား။ သို့သော် ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့မှာမူ ဒုက္ခရောက်နေကြသည်။

ဘယ်စားသောက်ဆိုင်မှ ပေးမဝင်သဖြင့် လမ်းဘေးဆိုင်လေးများတွင် တစ်ခုခု ဝယ်စားရန် ဆုံးဖြတ်ခဲ့သော်လည်း ရှု့ပေါ်ထုန်က သဘောမတူပေ။ သူက စားသောက်ဆိုင်ထဲမှာပဲ စားမည်ဟု ဇွတ်တောင်းဆိုသည်။ အကယ်၍ လမ်းဘေးဆိုင်မှာ စားမည်ဆိုလျှင် သူ ငိုပစ်မည်ဟုပင် ခြိမ်းခြောက်နေသေးသည်။

သူသည် လူဆိုးတစ်ယောက်လို ပြုမူနေသော်လည်း ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့မှာ သူ့ကို စိတ်မဆိုးနိုင်ကြပေ။ အကြောင်းရင်း တစ်ခုခုကြောင့် သူ့ကို သနားနေမိကြသည်။

နောက်ဆုံးတွင် သူတို့ သုံးဦးမှာ ရူကျားအင်း ဆီသို့ သွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ဤအချိန်တွင် ဆိုင်၌ စီးပွားရေး အလွန်ကောင်းနေသည်။ ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့သည် ထူးဆန်းသော အနံ့အသက်များ ထွက်နေသည့် အမျိုးအမည်မသိသော အရာတစ်ခုနှင့်အတူ ခေါက်ဆွဲဆိုင်ရှေ့သို့ ရုတ်တရက် ရောက်လာသောအခါ ရူယီမှာ သူမ၏ လက်ထဲရှိ ယင်ကောင်ရိုက်တံဖြင့်ပင် ရိုက်ထုတ်တော့မတတ် ဖြစ်သွားသည်။

နောက်ဆုံးတွင် ရှောင်းကော၏ အပြုံးမျက်နှာကြောင့် ရူယီက သူတို့ သုံးဦးကို နောက်ဖေးတံခါးမှတစ်ဆင့် ဝင်ခွင့်ပြုပြီး အနောက်ဘက်ဝင်းထဲတွင် စားစေခဲ့သည်။

သူမက စိတ်နှလုံး မရှိတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီအရာကြီးသာ ဆိုင်ထဲဝင်လာရင် ဆိုင်မှာ ဖောက်သည် တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူးလေ။ ဟင်းရည်ရဲ့ မွှေးရနံ့ကတောင် သူ့ဆီက ထွက်နေတဲ့ အနံ့ဆိုးကို မဖုံးနိုင်ပေ။

ရူယီသည် ထိုအရာနှင့် တစ်နေရာတည်းတွင် မနေချင်သဖြင့် တစ်ခြားတစ်ယောက်ကို လွှတ်၍ အစားအသောက် ချပေးခိုင်းလိုက်သည်။

ရှောင်းကောက သူမကို နားလည်ပေးနိုင်သဖြင့် ဗိုက်ဆာနေသော စိတ်ကို ထိန်းကာ အစားအသောက်များ ရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။

ခေတ္တအကြာတွင် ချင်းအန်းမင် ရောက်လာခဲ့သည်။ သူ စိတ်ပြင်ဆင်ထားသော်လည်း တံခါးဖွင့်လိုက်သည်နှင့် ကြိုဆိုလိုက်သော အနံ့ဆိုးကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိသည်။

သူ၏လက်များမှာ အစားအသောက် လင်ဗန်းကို အလိုအလျောက် မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ခြေထောက်များမှာလည်း မြေကြီးမှာ ကပ်နေသလို ဖြစ်ကာ တစ်လှမ်းမှ မရွေ့နိုင်တော့ပေ။

နောက်ဆုံးတွင် ရှောင်းကောက အလိုက်တသိ ထရပ်လိုက်ပြီး သူ့ဆီမှ လင်ဗန်းကို လှမ်းယူပေးလိုက်သည်။

ချင်းအန်းမင်မှာ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသလို ခံစားလိုက်ရသည်။ သူသည် အလျင်အမြန်ပင် နှုတ်ဆက်ကာ ထွက်သွားတော့သည်။

သူ၏ အလျင်စလို ခြေလှမ်းများထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း နောက်ဆုံးတွင်တော့ မဖုံးနိုင်ခဲ့ပေ။

ရှောင်းကောသည် ဒီနေ့အတွက် (n) ကြိမ်မြောက်အဖြစ် ကျန်းတန်းဟယ်ကို ကြည့်ကာ သက်ပြင်းချမိပြန်သည်။

ရှု့ပေါ်ထုန်ကတော့ ဘာကိုမှ ဂရုမစိုက်ပေ။ မွှေးပျံ့သော ရနံ့ကို ရလိုက်သည်နှင့် သူ မစောင့်နိုင်တော့ပေ။ စားပွဲပေါ်သို့ ခေါက်ဆွဲပန်းကန် ချလိုက်သည်နှင့် အသက်လုစားသလို စတင်စားတော့သည်။ အစားအသောက်များ အေးသည်အထိပင် မစောင့်ပေ။

ရှောင်းကောတွင်မူ သူကဲ့သို့ သံမဏိလျှာမျိုး မရှိပေ။ သူမ အပူလောင်မှာကို ကြောက်သည်။ ဗိုက်မည်မျှဆာနေပါစေ အစားအသောက်ကို ချက်ချင်း မစားနိုင်ပေ။ အေးသွားမှသာ စားနိုင်သည်။

ကျန်းတန်းဟယ်လည်း ဗိုက်ဆာနေသော်လည်း အောင့်ထားနိုင်သေးသည်။

ထမင်းစားပွဲတွင် ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့သည် ယဉ်ကျေးစွာ စားသောက်ကြသည်။ ဗိုက်ဆာနေသော်လည်း အငမ်းမရ မစားကြပေ။ ဒါက ရှု့ပေါ်ထုန်၏ စည်းစနစ်မရှိသော စားသောက်ပုံနှင့် အလွန်ပင် ကွာခြားလှသည်။

သတိကပ်နေသော ရှု့ပေါ်ထုန်နှင့် ယခု ရှု့ပေါ်ထုန်၏ အပြုအမူကို ဆက်စပ်တွေးကြည့်ရန် အလွန်ပင် ခက်ခဲလှသည်။

တံခါးကြားမှ ချောင်းကြည့်နေသော ရူယီနှင့် ချင်းအန်းမင်တို့မှာ မျက်မှောင်ကြုတ်ကာ ရွံရှာသော အမူအရာဖြင့် မျက်နှာလွှဲလိုက်ကြသည်။

သူ၏ အထောက်အထားကို စပ်စုချင်သဖြင့် သူတို့နှစ်ဦးမှာ အမျိုးမျိုး ခန့်မှန်းနေကြသည်။ အစပိုင်းတွင် တိုးတိုးလေး ပြောနေကြသော်လည်း နောက်ပိုင်းတွင် စကားများမှာ ထိန်းမရတော့ဘဲ ရှောင်းကော၏ နားထဲသို့ ရောက်လာသည်။

သူတို့သည် ဤလူမှာ အသိအကျွမ်းလားဟု ခန့်မှန်းနေကြသည်။ ရှောင်းကော မိဘတွေရဲ့ သူငယ်ချင်းများလား၊ ဒါမှမဟုတ် သူစိမ်းတစ်ယောက်ကို သနားလို့ ကျွေးမွေးနေတာလား။ အဲဒါမှမဟုတ်ရင် အကြွေးရှင်လား၊ ဒါမှမဟုတ် ခြိမ်းခြောက်ငွေတောင်းနေတဲ့သူလား...?

သူတို့၏ ဆွေးနွေးမှုများမှာ ပို၍ ပို၍ ချဲ့ကားလာသဖြင့် ရှောင်းကောသည် တူကို ချလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

တံခါးနားက လူနှစ်ယောက်မှာ ခြေသံကြားသည်နှင့် ချက်ချင်း ထွက်ပြေးရန် ပြင်ကြသော်လည်း ရှောင်းကောက သူတို့ကို တခြားနေရာမှာ ဆက်ပြီး ခန့်မှန်းချက်တွေ မထုတ်စေရန် တားလိုက်သည်။

"ရပ်လိုက်!"

သူတို့နှစ်ဦး ကျောချမ်းသွားပြီး နေရာတွင်ပင် ကျောက်ရုပ်လို ရပ်တန့်သွားကြသည်။

ကျန်းတန်းဟယ်သည် ရှောင်းကော၏ ကျောပြင်ကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။ သူသည် သူမအတွက် ခေါက်ဆွဲများ အေးသွားအောင် ကူညီပေးရန် သူမ၏ ပန်းကန်ကို လှမ်းယူမည်အပြု၊ လှည့်ကြည့်လိုက်သောအခါ ခေါက်ဆွဲများ မရှိတော့သည်ကို တွေ့လိုက်ရသည်။ စားပွဲပေါ်တွင် အထီးကျန်နေသော တူတစ်စုံသာ ရှိတော့သည်။

သူသည် ခေါက်ဆွဲစုပ်သံ ကြားရာဘက်သို့ လှည့်ကြည့်လိုက်ရာ ရှောင်းကော စားလက်စ ခေါက်ဆွဲပန်းကန်မှာ ယခုအခါ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေပြီ ဖြစ်သည်။

ကျန်းတန်းဟယ် သူ့ကို ကြည့်နေသည်ကို ရှု့ပေါ်ထုန် မြင်သောအခါ သူ၏ လက်ထဲက ပန်းကန်ကို ချလိုက်ပြီး ရှေ့က ပန်းကန်ကို လုယူရန် လက်လှမ်းလိုက်သည်။ သို့သော် သူ မထိခင်မှာပင် ကျန်းတန်းဟယ်က ပန်းကန်ကို ဖယ်လိုက်သည်။

ဟာသပဲ။ သူက ဒီခေါက်ဆွဲပန်းကန် အေးသွားအောင် ခက်ခက်ခဲခဲ လုပ်ထားရတာလေ။ ဒီလူ့ကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ သူ နောက်ထပ် တစ်ပန်းကန် ထပ်မှာပြီး အေးအောင် ပြန်စောင့်နေလို့ မဖြစ်ဘူးလေ။

ရှောင်းကော ပြန်လာရင် သူ၏ ပန်းကန်ကိုပဲ ပေးလိုက်မည်။ အပူချိန်ကလည်း ကွက်တိဖြစ်နေမှာပဲ။ ဘာပဲဖြစ်ဖြစ် သူ အခုလောလောဆယ် သိပ်ပြီး ဗိုက်မဆာတော့ပေ။

ကျန်းတန်းဟယ်က သူ့ကို ဂရုမစိုက်သည်ကို မြင်သောအခါ ရှု့ပေါ်ထုန် နှုတ်ခမ်းစူလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားပြီး သူ့ကို ပြောလိုက်သည် - "ငါ ဆိုင်ထဲက ရေနီ (Red water) သောက်ချင်တယ်!"

"..."

"ငါ ရေနီ လိုချင်တယ်! ဆိုင်ထဲက လူတွေ သောက်နေတဲ့ အဲဒီဟာမျိုး!"

ကျန်းတန်းဟယ်က ရှောင်းကောလို စိတ်မရှည်တတ်ပေ။ ဒါ့အပြင် သူမလည်း ဒီမှာ မရှိသဖြင့် သူ မိမိကိုယ်ကို ထိန်းချုပ်မနေတော့ပေ။ သူသည် အေးစက်စွာ မျက်မှောင်ကြုတ်ကာ ရှု့ပေါ်ထုန်ကို စိုက်ကြည့်လိုက်သည်။ သူ၏လက်က အလိုအလျောက် ခါးဆီသို့ ရောက်သွားပြန်သည်။

ရှု့ပေါ်ထုန်မှာ တစ်ယောက်ယောက်က လည်ပင်းညှစ်ထားသလို ခံစားလိုက်ရသည်။ သူ ဘယ်လိုပဲ ကြိုးစားပါစေ စကားမပြောနိုင်တော့ပေ။ ကျန်းတန်းဟယ်၏ အကြည့်ကို မြင်သောအခါ အသက်ကိုပင် ပြင်းပြင်းမရှူရဲတော့ပေ။

ရှု့ပေါ်ထုန်က ကျန်းတန်းဟယ်ကို မကြည့်မိအောင် ဂရုစိုက်ကာ တံခါးဘက်သို့သာ စိုက်ကြည့်နေတော့သည်။

ထိုမိန်းမ ပြန်လာတာကို စောင့်ပြီး သူမကိုပဲ ရေနီ ဝယ်ခိုင်းတာက ပိုကောင်းပါလိမ့်မည်။

ခစအကြာတွင် ခေါက်ဆွဲများ လုံးဝ မအေးသွားခင်မှာပင် ရှောင်းကော နောက်ဆုံးတွင် ပြန်ရောက်လာသည်။ သူမ ဝင်လာသည်နှင့် ရှု့ပေါ်ထုန်မှာ အမောပင် မဖြေရသေးဘဲ သူမထံသို့ တိုးကပ်လာသည်။

"ငါ့ကို ရေနီ ဝယ်ပေး။"

သူမ ပြန်လာတာကို အကြာကြီး စောင့်နေရသဖြင့် ပုပိုထုံက ခေတ္တစဉ်းစားပြီး "ငါ အဲဒါကို နှစ်အိုး လိုချင်တယ်" ဟု ဆိုသည်။

ရှောင်းကော ထိုင်တော့မည့် အပြုတွင် လေထဲ၌ပင် တုံ့ခနဲ ဖြစ်သွားသည်။ နောက်တစ်စက္ကန့်တွင် သူမ ပြန်ထရပ်လိုက်ပြီး သူ့ကို ခေတ္တစောင့်ရန် အမူအရာပြလိုက်သည်။

သူမ ထွက်သွားတော့မည်ကို မြင်သောအခါ ကျန်းတန်းဟယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ တကယ်ပဲ သူ့အတွက် သွားဝယ်ပေးတော့မလို့လား?

"ရှင် အရင်စားနှင့်လေ။ ကျွန်မ သူ့အတွက် သွားယူပေးလိုက်မယ်။"

သူမ စကားမဆုံးခင်မှာပင် ကျန်းတန်းဟယ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူမ ဘာလုပ်မည်ကို သူ ရိပ်မိသွားပြီ ဖြစ်သည်။

ရှောင်းကောက သူ့ကို နားလည်မှုရှိသော အကြည့်တစ်ချက် ပေးကာ ထွက်သွားသည်။

ရှု့ပေါ်ထုန်မှာ အလွန်ပင် ဝမ်းသာနေပုံရသည်။ သူက ကျန်းတန်းဟယ်ကို မျက်စောင်းထိုးပြရန်ပင် မမေ့ပေ။ လူကပ်စေးနှဲကြီး!

မကြာမီမှာပင် ရှောင်းကောသည် လက်ထဲတွင် ဆီစိမ်စက္ကူ တစ်ရွက် ကိုင်ကာ ပြန်ရောက်လာသည်။

ရှု့ပေါ်ထုန်က ထိုအရာကို စပ်စုတကြီး အကြိမ်ကြိမ် ကြည့်နေသည်။ ဒီဆီစိမ်စက္ကူထဲမှာ ရေနီတွေ ပါနေတာလား?!

သူ၏ မျှော်လင့်ချက်ကို မြင်သောအခါ ရှောင်းကောက တည်ငြိမ်စွာပင် "ခဏစောင့်" ဟု ဆိုသည်။

သူမသည် ထိုဆီစိမ်စက္ကူကို ယူကာ သူ၏ ပါးတစ်ဖက်ပေါ်တွင် သေသေသပ်သပ် ကပ်လိုက်သည်။ ထို့နောက် ပစ်မှတ်ကို ချိန်ရွယ်ကာ ရိုက်ချလိုက်တော့သည်။

ဖြတ်ခနဲ တစ်ချက်တည်းပါပဲ။ အသံကလည်း စိုစိုတောက်တောက်၊ ကျယ်ကျယ်လောင်လောင်နှင့် အားရစရာ ကောင်းလှသည်!

"ကဲ... စားရအောင်။"

ကျန်းတန်းဟယ်က သူ၏ ပန်းကန်ကို သူမအား လှမ်းပေးလိုက်ပြီး သူ၏ တူကိုလည်း အလိုက်တသိ ပေးလိုက်သည်။

ခုနက ရှု့ပေါ်ထုန် ကြောက်လန့်တကြား လက်တွေ ဝေ့ယမ်းနေတုန်းက သူမ၏ တူကို မတော်တဆ ပုတ်ချလိုက်မိခြင်း ဖြစ်သည်။

ရှောင်းကော ထိုင်လိုက်ပြီး ထုံကျဉ်နေသော သူမ၏ လက်ဖဝါးကို ခါလိုက်ကာ တူကို ယူလိုက်သည်။

"ဒီည ပြန်ရောက်ရင် မင်းအတွက် အရသာရှိတဲ့ တစ်ခုခု လုပ်ပေးမယ်နော်။"

အချိန်က သူတို့ ထင်ထားတာထက် အတော်လေး နောက်ကျနေပြီ ဖြစ်သည်။ ရှု့ပေါ်ထုန်ကြောင့် နေ့လယ်ပိုင်းမှာ လုပ်စရာတွေ အများကြီး ကျန်နေသေးသည်။

သူတို့သည် မနက်ပိုင်းမှာ အားလုံး ပြီးစီးအောင် လုပ်ဆောင်ရမည် ဖြစ်သော်လည်း ယခုတော့ တစ်နေ့လုံး အချိန်ယူရတော့မည် ဖြစ်သည်။

အိမ်က ကလေး သုံးယောက်လည်း အခုဆိုရင် အတော်လေး စိတ်ပူနေကြလောက်ပြီ။ ရှောင်းကောသည် အမျိုးသမီးယန်ဆီကို သွားလည်မည်ဟုပင် ကတိပေးထားခဲ့သော်လည်း နောက်ဆုံးတွင် ဘာမှ မလုပ်နိုင်ခဲ့ပေ။ မနက်ခင်း တစ်ခုလုံးကို ရှု့ပေါ်ထုန် အတွက်နှင့် အချိန်ဖြုန်းလိုက်ရသည်။

ဤအကြောင်းကို တွေးမိသောအခါ ရှောင်းကော ခေါင်းဆွဲကို ပိုမြန်မြန် စားတော့သည်။

ဘေးတွင် ထိုင်နေသော ရှု့ပေါ်ထုန်မှာမူ နောက်ဆုံးတွင် ငြိမ်ငြိမ်လေး ဖြစ်သွားတော့သည်။ သူ၏ မျက်နှာတစ်ခုလုံးမှာ ထုံကျဉ်ပြီး နာကျင်နေဆဲ ဖြစ်သည်။

All Chapters