← Chapters

မင်းတို့ယင်နတ်ဘုရားတွေက နာမည်ကြီးချင်ယုံ သပ်သပ်ပဲ

Vol. 24 Ch. 269

မင်းတို့ယင်နတ်ဘုရားတွေက နာမည်ကြီးချင်ယုံ သပ်သပ်ပဲ

Vol. 24 Ch. 269

ကျိယွမ်မှာ အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။

ဂိမ်းက စတောင် မစရသေးဘူးလေ၊ငါ့ဇာတ်ကောင်က သေသွားပြီတဲ့လား။

"ဒီ မူလမျိုးစေ့က တကယ်ကို အသုံးမကျတာပဲ။ သူ့ရဲ့ ဂိမ်းကစားတဲ့ စကေးက တော်တော်ဆိုးတာကိုး။ ကြေးအဆင့်လောက်ပဲ ရှိမှာလားမသိဘူး"

ကျိယွမ်က သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

ဖန်ထုန်နယ်မြေဂိမ်းမှရရှိသော ဆုလာဘ်မှာ အသံထွက်က အလွန်ခမ်းနားသော်လည်း လက်တွေ့တွင်တော့ အသုံးမဝင်ခဲ့ပေ။

ငါ့ဘာသာ ဝင်ဆော့တာကမှ ဟုတ်ဦးမယ်။

သူသည် သုံးပုံနှစ်ပုံခန့် တက်နေပြီဖြစ်သော ဂိမ်းအိုင်ကွန်ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။

"ဒီလောကရဲ့အချိန်စီးဆင်းမှုနဲ့ ကြည့်ရတာ၊ ငါဝင်ဖို့ စောင့်နေရင်း ငါ့အရိုးတွေတောင် ဖုန်မှုန့်ဖြစ်သွားနိုင်တယ်"

သူက စိတ်ပျက်လက်ပျက်သက်ပြင်းချရင်း အများကြီး ထပ်မတွေးတော့ဘဲ စစ်တုရင်ပွဲကိုသာ ဆက်ကစားရင်း အချိန်ပြည့်ရန် စောင့်နေခဲ့၏။

..........

မေပယ်တောအုပ်မြို့လေး သာမန်လူသားများနေထိုင်သော မြို့ငယ်လေးတစ်မြို့ ဖြစ်သည်။ ထိုဒေသတွင် မီးတောက်ကဲ့သို့ နီရဲနေသော မေပယ်ပင်များ ပေါများသောကြောင့် ချမ်းသာသော မိသားစုများမှ လူငယ်များသည် ရာသီအလိုက် လာရောက်အပန်းဖြေလည်ပတ်လေ့ ရှိကြသည်။

ထိုအချိန်တွင် မြင်းရထားပေါ်၌ပါလာသော ချန်ရှီးယွီသည် ကားလိပ်ကို မတင်လိုက်ရင်း သူမ၏ မျက်နှာတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်လာ၏။

"ပိုင်ယဲ့တောအုပ်ထဲမှာ ဝတ်ရုံနီနဲ့ ထူးဆန်းတဲ့လူတစ်ယောက် ပေါ်လာပြီး တောင်ပေါ်မှာ စစ်တုရင် ကစားနေတယ် ဟုတ်လား"

"ဟုတ်ကဲ့ သခင်မလေး။ ဖြတ်သွားတဲ့ ထင်းခုတ်သမားတချို့ မြင်ခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီလူရဲ့ ဝတ်စားဆင်ယင်ပုံက အရမ်းထူးဆန်းနေတော့ ဘယ်သူမှ အနားမကပ်ရဲကြဘူး"

အစေခံမလေးက ပြန်ဖြေသည်။

ချန်ရှီးယွီ၏ မျက်လုံးများ တောက်ပသွားပြီး ပို၍တတိကြွလာ၏။

"ရှောင်ရှီး၊ အဲ့ဒီလူက... ဒဏ္ဍာရီထဲက မသေမျိုးတစ်ယောက် ဖြစ်နိုင်မလား"

သာမန်လူများကြားတွင် မိုင်ထောင်ချီအတွင်း မသေမျိုးများအကြောင်း ကောလာဟလများ အမြဲရှိနေတတ်သော်လည်း ချန်ရှီးယွီမှာ တစ်ခါမျှ လက်တွေ့ မမြင်ဖူးခဲ့ပေ။ သူမသည် ငယ်စဉ်ကတည်းက တစ္ဆေပုံပြင်များနှင့် ထူးဆန်းသော ဇာတ်လမ်းများကို နှစ်သက်သူဖြစ်ရာ ထိုကဲ့သို့သော အကြောင်းအရာများကို အထူးစိတ်ဝင်စားလေသည်။

"မလုပ်ပါနဲ့ သခင်မလေး ၊ သူက လူဆိုးဆိုရင် ဘယ်လိုလုပ်မလဲ။ အခုတလော မြို့ထဲမှာ အရေခွံနွှာခံရတဲ့ အမှုတွေ အများကြီး ဖြစ်နေတာ။ တောနက်ထဲကို ဒီတိုင်း မသွားသင့်ဘူးလို့ ထင်ပါတယ်"

အစေခံမလေး ရှောင်ရှီးက အမြန်တားမြစ်လိုက်သည်။

မေပယ်တောအုပ်မြို့လေးသည် တစ်ခါမျှ အေးချမ်းခဲ့သည်မဟုတ်။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် နောက်ထပ် အရေခွံနွှာမှုတစ်ခု ဖြစ်ပွားခဲ့၏။ အနီးနားရှိ ရွာတစ်ရွာတွင် တစ်ညတည်းနှင့် အိမ်ထောင်စု နှစ်ရာခန့်ရှိသည့်အနက် ရွာသားထက်ဝက်ကျော်မှာ အိပ်ပျော်နေစဉ် အရေခွံနွှာသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

၎င်းမှာ အလွန်သွေးပျက်ထိတ်လန့်စရာ ကောင်းလှ၏။

မြို့သူမြို့သားများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ ဟွေ့ တိုင်းပြည်တွင် ဤကဲ့သို့သောအမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသောကြောင့် ဘုရင်ကြီးကပင် မိုင်ပေါင်းများစွာ ဝေးကွာသော အရပ်မှ နတ်ဆရာတစ်ဦးကို ငွေကုန်ကြေးကျခံ ပင့်ဖိတ်ခဲ့ဖူးသော်လည်း မထူးခြားခဲ့ပေ။

ချန်ရှီးယွီက ခေါင်းခါယမ်းကာ ခိုင်မာစွာဆို၏။

"ငါ ကိုယ်တိုင် သွားကြည့်ချင်တယ်"

အစောင့်အချို့နှင့်အတူ ချန်ရှီးယွီသည် ပိုင်ယဲ့တောအုပ်သို့ နှစ်နာရီခန့်ကြာသည်အထိ ဦးတည်ထွက်ခွာလာခဲ့သည်။ တောအုပ်ထဲတွင် ဆူးပင်ချုံနွယ်များ ထူထပ်နေသောကြောင့် အစောင့်များက ရှေ့မှလမ်းဖောက်ပေးနေသည့်တိုင် သူမ၏ လက်မောင်းဖြူဖြူများတွင် ရှရာအချို့ ရရှိခဲ့သည်။

သို့သော် သူမက စိတ်မပျက်ဘဲ အားတက်သရော ရှိနေဆဲပင်။

"သခင်မလေး၊ ဟိုမှာ ကြည့်ပါဦး"

ထိုအချိန်တွင် အစေခံမလေး ရှောင်ရှီးက ရှေ့သို့ ကမန်းကတန်းလက်ညှိုးထိုးပြလိုက်သဖြင့် ချန်ရှီးယွီ ကြည့်လိုက်ရာ တောနက်ထဲရှိ ကျောက်ခုံပေါ်တွင် ဝတ်ရုံနီဝတ်ထားသော အမျိုးသားတစ်ဦးသည် အေးချမ်းစွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူ၏ မျက်လုံးများကိုမှိတ်ထားသော်လည်း အလွန်ချောမောသော ရုပ်ရည်ကို အဝေးကပင်အထင်းသား မြင်တွေ့နိုင်၏။

"ဒီလောကမှာ တကယ်ပဲ ဒီလောက်ချောတဲ့သူ ရှိတာလား"

ချန်ရှီးယွီ သတိလက်လွတ် ငေးကြည့်မိသွားရသည်။

ဟွေ့တိုင်းပြည်တစ်ခုလုံးမှာ ဒီလောက်ချောမောတဲ့သူမရှိတာသေချာတယ် ၊ ရှိရင် သေချာပေါက် နာမည်ကြီးနေမှာပေါ့။

သူသည် သာမန်လူတစ်ယောက် မဖြစ်နိုင်ကြောင်း သူမ စိတ်ထဲက အလိုလို ယုံကြည်နေမိသည်။ သူမသည် အခြားသူများနှင့်မတူပါ ၊ သူမက မသေမျိုးဖြစ်မည့် ကံကြမ္မာကို ရှာဖွေလိုပြီး ရက်စက်လှသော အရေခွံနွှာလူသတ်သမားကိုလည်း ဖော်ထုတ်ချင်နေသည်။

"သခင်မလေး၊ အနားသွားပြီး မေးကြည့်ကြမလား"

ရှောင်ရှီးက တက်ကြွစွာအကြံပြုသည်။သူမသည် ယခင်ကအလွန်ကြောက်လန့်နေခဲ့သော်လည်း လူထူးဆန်း၏ ချောမောခန့်ညားသောရုပ်ရည်ကို မြင်ရသောခဏ၌ ကြောက်ရွံ့မှုများက သိသိသာသာလွင့်စင်သွား၏။ (မိန်းမတွေများ ...တရားရစရာတွေပါပဲ ပရိတ်သတ်)

ချန်ရှီးယွီက အမြန်ခေါင်းခါလိုက်ကာပြီး သတိပေးသည်။

"သူ မျက်လုံးမှိတ်ထားတာ မမြင်ဘူးလား၊ တစ်ခုခု အလုပ်ရှုပ်နေတာ ဖြစ်နိုင်တယ်၊ သူ့ကို သွားမနှောင့်ယှက်သင့်ဘူး"

ထို့သို့ဆိုကာ အဝေးမှသာ ကြည့်နေရန် ဆုံးဖြတ်လိုက်၏။

သို့သော် တစ်နာရီခန့် ကြာသည့်တိုင် ထိုလူမှာ မလှုပ်မယှက် ထိုင်နေပြီး ရံဖန်ရံခါမှသာ စစ်တုရင်ခုံပေါ်သို့ အမည်းရောင် ကျောက်တုံးတစ်ခု ချလိုက်၏။ ထိုလေးနက်သောအမူအရာက ချန်ရှီးယွီကို ထိုသူမှာ သာမန်လူမဟုတ်ကြောင်း ပို၍ ယုံကြည်သွားစေခဲ့သည်။

"ပြန်ကြရအောင်"

သေချာတွေးပြီးနောကိ ချန်ရှီးယွီ ဆုံးဖြတ်လိုက်သည်။ မသေမျိုးတစ်ဦးသည် သူမအား အလွယ်တကူ ကောင်းချီးပေးမည်မဟုတ်ကြောင်း သူမ သိပါသည်။

သူမသည် နှစ်ရှည်လများ စုဆောင်းထားသော ရွှေငွေရတနာများကို ယူဆောင်လာပြီး မသေမျိုးထံ ဆက်သကာ မသေမျိုးလမ်းစဉ်ကို တောင်းခံရန် ဆုံးဖြတ်လိုက်ခြင်းပင်။

"ကောင်းပါပြီ သခင်မလေး "

ဤသို့ဖြင့် ချန်ရှီးယွီသည် အိမ်သို့ပြန်ရောက်သည်နှင့် သူမ၏စိတ်ကူးအား အကောင်အထည်ဖော်တော့သည်။

သို့သော် သူမ၏ လုပ်ရပ်က မိသားစုဝင်များ၏သံသယကို ဖြစ်စေခဲ့၏။ သူမ၏ ဝမ်းကွဲအစ်မဖြစ်သူက သတင်းကြားသောအခါ မကျေမနပ်ဖြစ်ကာ ရန်တွေ့လေသည်။

"ဦးလေးအိမ်မှာ မရှိတုန်း၊ နင်က အိမ်က ရတနာတွေကို ဒီတိုင်း ပေးပစ်တော့မှာလား"

"ညီမလေး၊ ဒါက မငြိမ်သက်တဲ့ခေတ်ကာလတွေပဲ။ လိမ်လည်သူတွေရဲ့ လှည့်စားမှုကို မခံရစေနဲ့။ ဘယ်သူမဆို ဝတ်ကောင်းစားလှ ဝတ်ပြီး လူတွေကို လိမ်လို့ရတယ်"

ချန်ရှီးယွီကတော့ အများကြီး ရှင်းမပြပါ ။

"ဒါ ငါ့ပိုက်ဆံတွေပဲ ၊ နင်တို့နဲ့ ဘာမှမဆိုင်ဘူး ၊ ကိုယ့်ဟာကိုယ်ပဲ စိတ်ပူကြ "

ထိုမျှသာ ပြောကာ အလောတကြီး ပြန်လည်း ထွက်လာခဲ့သည်။

သူမ၏ ဝမ်းကွဲအစ်မကတော့ နှမြောတသစွာ ကြည့်ကျန်ရစ်၏။

"ညီမလေးက အရမ်းရိုးလွန်းသေးတယ်။ ဒီလောကမှာ မသေမျိုးတွေက ဒီလောက်အလွယ်တကူ ဘယ်ရှိပါ့မလဲ။ ရှိရင်တောင် သူတို့က အလွယ်တကူ ကောင်းချီးပေးမှာ မဟုတ်ဘူး"

ဤတိုင်းပြည်တွင် ထိုကဲ့သို့ အဖြစ်အပျက်များမှာ ထူးဆန်းသည်မဟုတ်။ မသေမျိုးနှင့် တွေ့သည်ဆိုကာ ပိုင်ဆိုင်မှုတစ်ဝက် ပေးအပ်သော်လည်း လိမ်လည်ခံရသူများစွာ ရှိခဲ့ဖူးသည်။

တစ်ဖက်တွင်မူ ချန်ရှီးယွီသည် ရတနာများကို သယ်ဆောင်ကာ ပိုင်ယဲ့တောအုပ်သို့ အပြေးအလွှား ပြန်လာခဲ့သည်။

သူမ၏ စိတ်ထဲတွင် စိုးရိမ်မှုများ ရှိသော်လည်း ရည်မှန်းချက်မရှိဘဲ မနေချင်ပေ။ ညရောက်သောအခါ သူမသည် စစ်တုရင်ခုံနှင့် ကိုက်အနည်းငယ် အကွာသို့ ရောက်ရှိလာ၏။ ထိုသူမှာ မျက်လုံးမှိတ် တရားထိုင်နေဆဲ ဖြစ်သဖြင့် သူမ မနှောင့်ယှက်ရဲပေ။

ဤသို့ဖြင့်ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။

နောက်ဆုံး လေးရက်မြောက်နေ့တွင်မှ ကျိယွမ်က မျက်လုံးပွင့်လာ၏။

"မြန်မြန်လုပ်ကြ.."

ချန်ရှီးယွီ စိတ်လှုပ်ရှားစွာဖြင့် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး အစောင့်များကို ရတနာသေတ္တာများ သယ်ခိုင်းကာ အနားသို့ ချဉ်းကပ်သွားသည်။

ကျိယွမ်က ကြောက်ရွံ့စွာ ချည်းကပ်လာသော သူမကို တိတ်ဆိတ်စွာ ကြည့်နေ၏။

လွန်ခဲ့သော ရက်များအတွင်း သူမ ရှိနေသည်ကို သူသိလေ၏။အရေးမကြီးသောကြောင့် ဂရုမစိုက်ခဲ့ခြင်းပင်။

ချန်ရှီးယွီက စိုးထိတ်နေသော်လည်း သတ္တိမွေးကာ အရိုအသေပေးလိုက်သည်။

"ဒီနိမ့်ပါးတဲ့ မိန်းကလေးဟာ ဆရာကြီးဆီက မသေမျိုးလမ်းစဉ်ကို ရဖို့အတွက် ရှိသမျှ အကုန်ပေးအပ်ဖို့ အသင့်ပါပဲ"

အစောင့်များက ရတနာသေတ္တာများကို ဖွင့်ပြလိုက်ရာ ရွှေငွေ ရတနာများနှင့် ထူးဆန်းသော ပစ္စည်းများစွာက တောက်ပစွာ ပေါ်ထွက်လာ၏။

ကျိယွမ်က ထိုပစ္စည်းများကို ကြည့်လိုက်ရာ ထိုအထဲတွင် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများအတွက် အသုံးဝင်မည့် ပစ္စည်းအချို့ပင် ပါဝင်နေသည်ကို တွေ့ရလေသည်။

"မင်း လွန်ခဲ့တဲ့ နှစ်ဝက်လောက်က လာခဲ့ရင် ဒါတွေက စိတ်ဝင်စားစရာ ကောင်းဦးမှာပဲ"

ကျိယွမ်က ခပ်ပြုံးပြုံး တုန့်ပြန်လိုက်သည်။ လွန်ခဲ့သော ခြောက်လခန့်ကဆိုလျှင် ဤပစ္စည်းများသည် သူ့အတွက် အသုံးဝင်ပေလိမ့်မည်။

ထို့နောက် ကျိယွမ်က ဆက်မေးသည် ။

"မင်း ဘာလို့ မသေမျိုးလမ်းစဉ်ကို လိုက်ချင်တာလဲ"

"ပိုပြီး သန်မာလာဖို့၊ ကိုယ့်ကံကြမ္မာကိုယ် ထိန်းချုပ်နိုင်ဖို့နဲ့ အရေခွံနွှာ လူသတ်သမားကို ရှာဖွေဖို့ပါ"

ချန်ရှီးယွီက ရိုးသားစွာ ဖြေဆို၏။

သူမ၏စကားကြောင့် ကျိယွမ်က ရှေ့ရှိ လေမုန်တိုင်းချိုင့်ဝှမ်းကို တစ်ချက်ကြည့်ကာ အသိပေးလိုက်သည်။

"အရေခွံနွှာလူသတ်သမားလား... မင်း တစ်သက်လုံး ကျင့်ကြံရင်တောင် သူတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

အရေခွံနွှာမှုများ၏ နောက်ကွယ်တွင် လေမုန်းတိုင်းချိုင်ဝှမ်းရှိနေသည်ကို ကျိယွမ် သိ၏။

ယူထျန်းနယ်မြေရှိ ယင်နတ်ဘုရားများ တောင်မှ နှုတ်ဆိတ်နေရသော အင်အားစုကို သာမန်လူတစ်ယောက်က ဘာလုပ်နိုင်မည်နည်း။

"မင်း ကျင့်ကြံသူ ဖြစ်လာရင်တောင် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ထပ်ပြီးစုံစမ်းနေရင် မင်းပါ သေသွားနိုင်တယ်။ ဒါတောင် စုံစမ်းချင်သေးလား"

"အားလုံးက နောက်ဆုံးမှာ သေရမှာပဲ။ သေမှာကြောက်လို့ မစုံစမ်းဘူးဆိုရင် မသေမျိုးလမ်းစဉ်ကို လိုက်နေလည်း ဘာထူးတော့မှာလဲ"

ချန်ရှီးယွီက ခိုင်မာစွာ ပြန်ဖြေလိုက်သည်။သူမက ယုံကြည်ရာအတွက် အသက်ကိုပင် စွန့်လွှတ်ရဲ၏။

"ဟားဟား ဟားဟား ၊ မင်းက မဆိုးဘူးပဲ "

ကျိယွမ်က သဘောကျစွာ ရယ်မောလိုက်ပြီး ရှေ့မှသေတ္တာထဲမှ ဓားတိုတစ်ချောင်းကို ကောက်ယူကာ သူမထံ ပစ်ပေးလိုက်သည်။

"အရေခွံနွှာလူသတ်မှုတွေရဲ့ တရားခံက ဒီစစ်တုရင်ခုံထဲမှာ ရှိတယ်။ ဒီဓားနဲ့ အဲ့ဒါကို ရိုက်ချိုးစမ်း၊ ဒါဆိုရင် မင်းကို ကောင်းချီးပေးမယ်"

ချန်ရှီးယွီသည် ကျိယွမ်အားတစ်ချက်မော့ကြည့်ပြီးနောက် ဓားကို တုန်တုန်ရင်ရင်ဖြင့် ဆုပ်ကိုင်ကာ စစ်တုရင်ခုံကို အားကုန်လွှဲရိုက်၏။

"ဒုတ်.."

ကျောက်သား၏တုံ့ပြန်မှုကြောင့် သူမ၏ လက်ကောက်ဝတ်များ နာကျင်သွားသော်လည်း အံသြဖွယ်ကောင်းစွာပင် စစ်တုရင်ခုံတွင် အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ကျိယွမ်က ဤမြင်ကွင်းကို ကြည့်ကာ ထပ်မံရယ်မောလိုက်သည်။

"ယင်နတ်ဘုရားတွေတောင် မလုပ်ရဲတာကို သာမန်မိန်းကလေးတစ်ယောက်က လုပ်ရဲတယ်၊ စိတ်ဝင်စားဖို့ကောင်းသားပဲ"

သူက လက်ညှိုးဖြင့် ခပ်ဖွဖွ တို့လိုက်ရာ အလင်းတန်းတစ်ခု ချန်ရှီးယွီ၏ ဦးနှောက်ထဲသို့ ဝင်သွားခဲ့သည်။

၎င်းတွင် ကျင့်စဉ်နည်းစနစ်များနှင့် လိုအပ်သောအတွေ့အကြုံများပါဝင်၏။

"ဒါ. ဒါက. "

ချန်ရှီးယွီသည် ခေတ္တမျှ ငေးငိုင်သွားပြီးမှ ဝမ်းသာအားရဖြင့် ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုသည်။

သို့သော် ကျိယွမ်က လက်ကာပြကာ တားမြစ်၏။

"ငါက တပည့်လက်ခံနေတာ မဟုတ်ဘူး။ မင်းက ငါ့ကို ရွှေငွေတွေ ပေးတယ်၊ စစ်တုရင်ခုံကို ဖျက်ဆီးပေးတယ်၊ ဒါကြောင့် ဒီနည်းစနစ်ကို ပြန်ပေးတာပဲ။ ငါတို့ အကြွေးကြေပြီ"

ချန်ရှီးယွီ အနည်းငယ် စိတ်ပျက်သွားသည်။ သူမသည် ဤကဲ့သို့ ချောမောပြီး ကြင်နာတတ်သော မသေမျိုး၏ တပည့် အလွန်ဖြစ်ချင်နေမိ၏။

"ကဲ၊ ငါ လူသွားသတ်ဖို့ ရှိသေးတယ်။ ဒီမှာပဲ ခွဲကြရအောင်"

စစ်တုရင်ခုံ ကွဲသွားပြီးနောက် ကောင်းကင်တွင် တံခါးတစ်ခု ပေါ်လာသည်။

ကျိယွမ်သည် အလင်းတန်းအဖြစ် ပြောင်းလဲကာ ထိုတံခါးထဲသို့ ဝင်သွားလေ၏။

ချန်ရှီးယွီမှာ ပို၍ပင် အံ့အားသင့်သွားခဲ့သည်။

"သူက ပျံသန်းနိုင်တယ်... သူက ဒဏ္ဍာရီထဲက အခြေတည်အဆင့် စီနီယာကြီးတစ်ယောက်လား"

(လူသားတိုင်းပြည်တွင် အခြေတည်အဆင့်ကိုပင် ရောက်ဖူးသူရှိဟန် မတူပေ)

အနားရှိ အစေခံမလေး ရှောင်ရှီးကလည်း အလွန် စိတ်လှုပ်ရှားနေသည်။ သူမသည် ဤအကြောင်းအရာကို စာအုပ်အဖြစ် ရေးသားရန်ပင် ဆုံးဖြတ်လိုက်၏။

ငါရဲ့စာအုပ်က နာမည်ကျော်သွားမှာ သေချာတယ်။

.........

ထိုအချိန်တွင် ​လေမုန်တိုင်းချိုင့်ဝှမ်းအတွင်း၌...

ဝတ်ရုံနီနှင့် လူငယ်တစ်ယောက်သည် သွေးရောင်ဓားကို ကိုင်ဆောင်ကာ ကောင်းကင်တွင် ရပ်နေ၏။ သူ့နောက်ကွယ်ရှိ ကောင်းကင်မှာလည်း သွေးပင်လယ်ကဲ့သို့ နီရဲနေခဲ့သည်။

"အမှောင်နေမင်းက လူတွေ၊ မင်းတို့ရဲ့ နာရေးကူညီသူ ရောက်လာပြီ ၊ ပွဲတော်လုပ်ဖို့ ပြင်ထားကြ "

သူ၏အသံမှာ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်သွားပြီး ချိုင့်ဝှမ်းတစ်ခုလုံး တုန်ခါသွား၏။ မြေပြင်များပင် အက်ကွဲကာ မီးတောက်နှင့် မိုးကြိုးများ လည်း ပျံ့နှံ့ကုန်သည်။

လျှပ်တပြတ်အတွင်း အလွန်မြင့်မားသော ရုပ်သေးရုပ်ကြီး ၃၀ ကျော် ပေါ်လာ၏။ ရုပ်သေးတစ်ခုချင်းစီမှာ တောင်ကြီးများကဲ့သို့ ထွားကျိုင်းကာ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည်။

ရုပ်သေးကြီးများကို မြင်သော်လည်း ကျိယွမ်၏ မျက်နှာမှာမူ မပြောင်းလဲသွားပါ။

"မဆိုးပါဘူး၊ အရေအတွက်က တော်တော်များသားပဲ"

"ဒီလောက် အရည်အသွေးမြင့်တဲ့ ပစ်မှတ်တွေ အများကြီး တစ်ပြိုင်တည်း ပေါ်လာတာ၊ ငါတောင် အားနာလာပြီ"

ထိုအချိန်တွင် ဝိညာဉ်အိုကြီးတစ်ဦး ပေါ်လာပြီး ကျိယွမ်ကို ကြည့်ကာ လှောင်ပြောင်သလို ရယ်ပြနေ၏။

"ဟဲဟဲ၊ သွေးဝတ်စုံဓားနတ်ဘုရား... မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့"

"မင်း... မင်းက ရှင်းဟွာဖိုရမ်ကို ထိန်းချုပ်နေတဲ့ခွေးပဲ"

ကျိယွမ်၏ မျက်လုံးများက ဒေါသဖြင့် ပို၍တောက်လောင်လာသည်။

"မင်းက ငါ့ကိုဘမ်းခဲ့တာပေါ့လေ"

ဘဝတွင် ပထမဆုံးအကြိမ် အဘမ်းခံရခြင်းကြောင့် ကျိယွမ်မှာ အလွန်ဒေါသထွက်နေ၏။

ရှင်းဟွာဂိုဏ်းချုပ်ကြီးက နှာခေါင်းရှုံ့သည်။

"မင်းကို ပိတ်ပင်လုပ်တာက အဖွဲ့ဝင်တွေကို ကာကွယ်ဖို့ပဲ။ မင်းက တကယ်ကို အမြော်အမြင်မရှိတဲ့ကောင်လေ။ ကျင့်စဉ်တွေ မှားယွင်းနေတာကို တခြားသူတွေလည်း သိကြတယ်၊ ဒါပေမဲ့ သူတို့က ငြိမ်နေကြတယ်။ မင်းကတော့ အကုန်လျှောက်ပြောနေတော့ အမှောင်နေမင်းက လူတွေကို သတ်ပစ်ဖို့ လှုံ့ဆော်သလို ဖြစ်သွားတာပေါ့"

သူ၏ အမြင်တွင် ကပ်ဘေးဒုက္ခကြီးက အလွန်အင်အားကြီးမားသဖြင့် မတွန်းလှန်ဘဲ နေခြင်းကသာ အချို့သောသူများ အသက်ရှင်နိုင်မည့် နည်းလမ်းဖြစ်သည်။ တွန်းလှန်လျှင် အားလုံး သေကြရပေလိမ့်မည်။

"တော်စမ်း.. မင်းလို နာမည်ကျော်ကြားမှု နောက်လိုက်နေတဲ့ ယင်နတ်ဘုရားတွေကြောင့် တခြားသူတွေပါ ဒုက္ခရောက်ကုန်တာ။ မင်းကတော့ ဒီနေ့ ဒီမှာပဲ သေရမှာပါ"

ကျိယွမ်က သူ့အား ရွံရှာစွာ ကြည့်လိုက်ပြီး ဆက်ပြော၏။

"မင်းက အလင်းနန်းတော်က လူတွေနဲ့ တစ်ပုံစံတည်းပဲ။ မင်းတို့က အမြဲတမ်း 'အများအကျိုး' လို့ အကြောင်းပြပြီး ကိုယ့်အကျိုးပဲ ကြည့်ကြတာ။ မင်းကို သူတို့ဆီ ပို့ပေးလိုက်မယ်"

ကျိယွမ်၏ စကားကို ကြားသောအခါ ရှင်းဟွာဂိုဏ်းချုပ်ကြီးက လှောင်သလို ရယ်မောလိုက်သည်။

"သွေးဝတ်စုံ ဓားနတ်ဘုရား၊ မင်းက အလင်းနန်းတော်ကို ဖျက်ဆီးနိုင်ပေမဲ့ ဒါက လေမုန်းတိုင်းချိုင့်ဝှမ်းပဲ။ မင်းထက် အဆင့်မြင့်တဲ့သူတောင် ဒီရောက်ရင် သေကုန်မှာ။ ဒီနေ့ မင်းရဲ့ သွေးနဲ့ ငါ့ရဲ့ အောင်မြင်မှုကို တည်ဆောက်ပြမယ်"

----------

All Chapters