← Chapters

ငါက သူတို့ပဲ...

Vol. 24 Ch. 270

ငါက သူတို့ပဲ...

Vol. 24 Ch. 270

ထိုအချိန်မှာပင် ရှင်းဟွာဂိုဏ်းချုပ်ကြီးထံသို့ နောက်ထပ် ယင်နတ်ဘုရားအပါး ၂၀ ကျော်က လာရောက်အားဖြည့်လိုက်ကြ​၏။

၎င်းတို့အားလုံးသည် ယူထျန်းနယ်မြေ မှ ယင်နတ်ဘုရားများဖြစ်ကြပြီး၊ ရှင်းဟွာဂိုဏ်းချုပ်၏ ဦးဆောင်မှုအောက်တွင် အမှောင်နေမင်းထံ တိတ်တဆိတ် သစ္စာခံထားကြသူများဖြစ်သည်။

သူတို့သည် ကျိယွမ်ကို သေလူတစ်ယောက်ကဲ့သို့ ကြည့်နေကြ၏။

"ဒီလို ပါရမီကောင်းလွန်းတဲ့ မဟာအုပ်စိုးရှင်တစ်ယောက်ရဲ့ ကျဆုံးခန်းကို မျက်မြင်တွေ့ရဖို့ ငါတို့မှာ အခွင့်အရေးရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

"ခုတော့ ငါတို့လက်ချက်နဲ့ သေရတော့မယ်တဲ့ ၊ ဟားဟား ဟားဟားဟား"

၎င်းတို့သည် သာမန်အုပ်စိုးရှင်အတင့် ယင်နတ်ဘုရားများသာဖြစ်ပြီး၊ မဟာအုပ်စိုးရှင်တစ်ဦး၏ ရှေ့မှောက်တွင် အလွန်နိမ့်ကျလှသည်။

ယခု အမှောင်နေမင်း၏ ကြီးကြပ်သူများရှိနေသဖြင့် ၎င်းတို့သည် ပို၍ပင် နှိမ့်ချနေကြပြီး ဖားယားနေကြကုန်၏။

အားလုံးက ကျိယွမ်ကို လှောင်ပြောင်ရယ်မောနေသည်။

"ဒီလောက်နှစ်ပေါင်းများစွာ ကျင့်ကြံလာတာတောင် မင်းတို့ရဲ့စိတ်ဓာတ်က အောက်တန်းစား အညတရတစ်ယောက်လို သိမ်ငယ်နေတုန်းပဲ"

ကျိယွမ်က ရွံရှာသလို ပြန်လည်တုံ့ပြန်လိုက်ပြီး ၄င်းတို့အား လျစ်လျူရှုလိုက်သည်။

သူသည် နောက်ထပ် စကားများများမပြောတော့ဘဲ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

"ငါ့ရဲ့ရန်သူတွေ... ထွက်လာပြီး အသေခံကြစမ်း"

သူ၏အသံသည် မိုးကြိုးပစ်လိုက်သကဲ့ ဟိန်းထွက်သွားပြီး လေမုန်တိုင်းချိုင့်ဝှမ်းလျှို့ဝှက်နယ်မြေတစ်ခုလုံးကို တုန်ခါသွားစေသည်။ တုန်ခါမှုကြောင့် ချိုင့်ဝှမ်းတစ်ခုလုံး၏ ဟင်းလင်းပြင်ကိုယ်တိုင်ပင် ပုံပျက်သွားသလို လှိုင်းများထလာ၏။

ထိုအသံသည် တိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် အစွမ်းထက်လှသည်။

လှောင်ပြောင်နေကြသော ယင်နတ်ဘုရား၏ မျက်နှာများသည် လူသေများကဲ့သို့ ဖြူလျော့သွားကြ၏ ။ အဘယ်ကြောင့်ဆိုသော် ထိုအသံတစ်ခုတည်းကပင် သူတို့၏ ဝိညာဉ်များကို တုန်ခါစေပြီး နတ်ဘုရားစွမ်းအားများကို ယိမ်းယိုင်သွားစေသောကြောင့်ဖြစ်သည်။သူတို့သည် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေသည်နှင့်မတူဘဲ နတ်ဆိုးကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသလို ခံစားလိုက်ရ၏။

ရှင်းဟွာဂိုဏ်းချုပ်၏ မျက်နှာအမူအရာသည်လည်း သိသိသာသာ ပြောင်းလဲသွားသည်။

သူသည် မိမိနှင့် သွေးဝတ်စုံဓားနတ်ဘုရားအကြား စွမ်းအားကွာဟချက်ကို ခန့်မှန်းထားသော်လည်း ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဒါဆို... သွေးဝတ်စုံဓားနတ်ဘုရားက ဒဏ္ဍာရီအဆင့်ကို ရောက်တော့မှာလား။

"မင်းက ဒီလောက်တောင် သေချင်ဇော တက်နေတယ်ဆိုရင်လည်း မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးရမှာပေါ့"

သူက ကျယ်လောင်စွာဟိန်းဟောက်လိုက်ရာ သူ၏အထက်တွင် စက်ရုပ်ငှက်တစ်ကောင် ပေါ်လာသည်။

"မင်းက သန်မာပါတယ်၊ ဒါပေမဲ့ ငါ့မှာ လေ့မိသားစုရဲ့ စစ်သူကြီးလေးယောက်နဲ့ အဆင့်တူတဲ့ ရုပ်သေးရုပ် ၃၆ ရုပ် ရှိတယ်။ ထွက်လာကြစမ်း "

သူ၏ အမိန့်သံနှင့်အတူ ဖုန်းလေချိုင့်ဝှမ်း၏ မြေပြင်သည် တုန်ခါသွားပြီး အက်ကွဲကြောင်းများ ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကုန်၏။

ခေါင်းနှစ်လုံးပါသော လူတစ်ယောက်သည် ရွှေရောင်လှံကို ကိုင်ဆောင်ထားပြီး သူ၏မျက်လုံးများတွင် သူငယ်အိမ်မရှိပေ။ သူ၏ခန္ဓာကိုယ်တွင် ဟောင်းနွမ်းနေသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး နှစ်ပေါင်းသန်းချီ ကြာမြင့်နေပြီဖြစ်သောကြောင့် လုံးဝဆွေးမြည့်နေသည့်အလား ရှိနေသည်။

ဧရာမ နဂါးဆင်ကြီးတစ်ကောင်ကလည်း ဟိန်းဟောက်နေပြီး ၎င်း၏ခြေဖဝါးတစ်ခုစီသည် တောင်ငယ်တစ်ခုကဲ့သို့ ကြီးမားလှ၏။

ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ၎င်းတို့၏ အရှိန်အဝါသည် အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည်။

ကျိယွမ်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ လက်သွားပြီး ရုပ်သေးရုပ်တစ်ရုပ်ချင်းစီ၏ ပုံပန်းသဏ္ဌာန်ကို သူ၏မှတ်ဉာဏ်ထဲတွင် မှတ်သားထားလိုက်၏။။

ဤရုပ်သေးရုပ်များသည် သာမန်ကျင့်ကြံသူများ မဟုတ်ကြပါ ၊ တစ်ချိန်က မဟာကပ်ဘေးဆိုးကြီးကို ခုခံခဲ့ကြသည့် ဒဏ္ဍာရီအဆင့် စွမ်းအားရှင်များ ဖြစ်ကြသည်။ကန်းလန်၏ သူရဲကောင်းများပင် ။

သို့သော် ၎င်းတို့ သေဆုံးသွားပြီးနောက်တွင် ရုပ်သေးရုပ်များအဖြစ် အသွင်ပြောင်းခံရပြီး ကန်းလန်လောကကို ဖျက်ဆီးရန် အသုံးချခံနေရခြင်းကတော့ ရင်နာဖွယ်ရာ မဟုတ်ပါလား။

ယနေ့တွင် ၎င်းတို့ ကျဆုံးသွားပြီးနောက် ကမ္ဘာကြီးသည် ၎င်းတို့ကို မေ့လျော့သွားပေလိမ့်မည်။

"ဒီရုပ်သေးရုပ်တွေက မင်းကိုသတ်ဖို့ လုံလောက်ရဲ့လား"

ရှင်းဟွာဂိုဏ်းချုပ်က ရုပ်သေးများအားကိုးနှင့် အလွန်မောက်မာနေသည်။

ကောင်းကင်ဘုံသို့ ခြေခြောက်လှမ်းအဆင့်နှင့် တန်းတူညီသော ရုပ်သေး ၃၆ ရုပ်ဆိုသည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုဖြစ်၏။

အထက်ဘုံမှ အရှင်သခင်ကြီးများထံမှ သူသိရှိထားသည့်ဗဟုသုတအရဆိုလျှင် ထိုဘုံတွင်ပင် ကမ္ဘာတိုင်း၌ ဤကဲ့သို့ အင်အားစုမျိုး မရှိနိုင် ဟူ၏။

ဒဏ္ဍာရီအဆင့်ကျင့်ကြံသူသာ မရှိလျှင် မရှိလျှင် ဤ ရုပ်သေး ၃၆ ခုသည် ကမ္ဘာတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းရန်ပင် လုံလောက်လေသည်။

ဒဏ္ဍာရီအဆင့် ပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် အသက်ပေးတိုက်ခိုက်မည့် အဆင့် ၆ ရုပ်သေး ၃၆ ဦးနှင့် ရင်ဆိုင်ရပါက နောက်ဆုတ်သွားရပေမည်။

ကျိယွမ်က ရုပ်သေးများကို ကြည့်နေရင်းမှ ခေါင်းခါ၏။

"ပထမဆုံးအနေနဲ့ သူတို့က ရုပ်သေးရုပ်တွေ မဟုတ်ဘူး။ ဒုတိယအချက်က သူတို့က မလုံလောက်သေးဘူး။ နောက်ဆုံးအချက်က ငါ အရေးကြီးနေတယ်၊ ငါ့ရဲ့ကိုယ်ပိုင်စျာပနပွဲတော်ကို သွားပြီး ပျော်ပါးချင်လို့ မြန်မြန်လုပ်ကြစမ်း"

သူ၏ မူလမျိုးစေ့မှ ဖန်တီးထားသော ကိုယ်ပွားသည် ပျက်စီးတော့မည်ကို သူခံစားနေရသည်။

သူများ စျာပနပွဲတွေတော့ လိုက်စားနေပြီး ငါ့ရဲ့ ကိုယ်ပိုင်စျာပနပွဲတော်ကိုငါကိုယ်တိုင် မတက်နိုင်ဘူးဆိုရင် နှမြောစရာမကောင်းပေဘူးလား။

ထို့အပြင် သူ၏ အသုဘအခမ်းအနား ရှိမရှိ၊ သို့မဟုတ် မည်သူတက်ရောက်မည်ကိုပင် သူ မသိသေးချေ။

"ရူးနေတဲ့ကောင်"

ရှင်းဟွာဂိုဏ်းချုပ်က လှောင်ပြောင်လိုက်သည်။

"ဒါဆိုရင်လည်း မင်းကို ငါပို့ဆောင်ပေးရမှာပေါ့"

"ထွက်လာကြစမ်း... ကောင်းကင်စစ်သူကြီး လေးပါး"

အော်ဟစ်လိုက်သံနှင့်အတူ အကြီးအကဲ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွား၏။

ကောင်းကင်စစ်သူကြီး လေးပါးသည် သက်ရှိထင်ရှားရှိစဉ်က ယန်နတ်ဘုရား အဆင့်သို့ ရောက်ရှိရန် နီးစပ်နေသော အစွမ်းထက် ဒဏ္ဍာရီအဆင့်များဖြစ်သည်။

ထို့ကြောင့် ရုပ်သေးရုပ်များအဖြစ်ပင် ဒဏ္ဍာရီအဆင့် တိုက်ခိုက်ရေးစွမ်းအားကို ထိန်းသိမ်းထားနိုင်ကြလေသည်။

၎င်းတို့ လေးဦးသည် လေမုန်တိုင်းချိုင့်ဝှမ်း၏ အင်အားအကောင်းဆုံး ဝှက်ဖဲများလည်း ဖြစ်၏။

ကျိယွမ် ကြည့်နေစဥ်မှာပင် သူ၏ရှေ့ရှိ ဟင်းလင်းပြင်ကြီး တုန်ခါသွားသည်ကို တွေ့လိုက်ရသည်။

ဟင်းလင်းပြင်သည် နံရံတစ်ခုကဲ့သို့ ဖြစ်နေပြီး ပြတင်းပေါက်လေးခု ပွင့်ထွက်သွားကာ အစွမ်းထက်သော ပုံရိပ်လေးခု ပေါ်လာ၏။

ထိုလေးဦးကို မြင်လိုက်ရသောအခါ ကျိယွမ်၏မျက်လုံးများ အေးစက်သွားသည်။

၎င်းတို့ လေးဦးသည် လုံးဝ ကိုယ်လုံးတီးဖြစ်နေကြသည် မဟုတ်ပါလား။

အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ။ ကြေးနီရောင် သို့မဟုတ် ကျောက်ဖြူရောင် အသားအရေများ ရှိသော်လည်း အားလုံးတွင် ပျက်စီးနေသော အမှတ်အသားများ ရှိနေသည်။

၎င်းတို့ထဲမှ ဆံပင်ရှည်နှင့် အမျိုးသားတစ်ဦး၏ လည်ပင်းတွင် အပေါက်တစ်ခုရှိနေပြီး သတ္တုတစ်မျိုးမျိုးနှင့် ပိတ်ထားပုံရသော်လည်း သွေးများမှာ စီးကျနေဆဲရှိ၏။

အချို့မှာ ခြေလက်များ ကျိုးနေပြီး အပ်ချည်များဖြင့် အတင်းပြန်ချုပ်ထားကာ လက်ရှိပုံစံသို့ ပြန်လည် စုစည်းထားခြင်းဖြစ်သည်။

ရှင်းဟွာဂိုဏ်းချုပ်ကြီးသည် အားရကျေနပ်လွန်း၍ ရူးသွပ်သွားပုံရ၏။ သူသည် ဒဏ္ဍာရီအဆင့် ရုပ်သေးရုပ်တစ်ရုပ်၏ ပါးစပ်ထဲသို့ သူ၏လက်ညှိုးကို ထည့်လိုက်ပြီး ကမ္ဘာကြီးကို အုပ်စိုးနေသော နတ်ဘုရားတစ်ပါးကဲ့သို့ ဘဝင်ကျနေသည်။

ဒဏ္ဍာရီအဆင့်ရှိသူများကိုပင် သူ၏ကျွန်များအဖြစ် ပြုလုပ်ထားနိုင်ခဲ့လေပြီ ။

"ဒီဒဏ္ဍာရီလေးပါး ထွက်လာပြီဆိုရင် ကန်းလန်နယ်မြေ မှာ ငါ့ကို ဘယ်သူက အာခံဝံ့ဦးမှာလဲ ၊ ဟားဟား ဟားဟား "

ရူးသွပ်နေသောအမူအရာဖြင့် တဟားဟား အော်ရယ်နေပုံက သူကိုယ်တိုင်ပင် ဒဏ္ဍာရီတစ်ဦး ဖြစ်နေသည့်အလားပင်။

"ဟွန်း"

ကျိယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ရုတ်တရက် နတ်ဘုရားစွမ်းအားများ ပေါက်ကွဲထွက်လာ၏။

ချိုင့်ဝှမ်း တစ်ခုလုံးသည် ချက်ချင်းဆိုသလို ဟင်းလင်းပြင်နယ်မြေ တစ်ခုအတွင်းသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။

ရှင်းဟွာဂိုဏ်းချုပ်ကြီးသည် မအံ့သြသည့်အပြင် မောက်မာစွာဖြင့် "သတ်ကြစမ်း" ဟု အော်ဟစ်လိုက်၏။

သူ၏အမိန့်ရသည်နှင့် အဆင့် ၆ ရှိသော မဟာအုပ်စိုးရှင်ရုပ်သေး ၃၆ ရုပ်သည် ကျိယွမ်ထံသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

၎င်းတို့၏ မျက်လုံးများတွင် မည်သည့် ခံစားချက်မျှ မရှိပေ။

နတ်ဘုရားနယ်ပယ် ၃၆ ခုသည် ကျိယွမ်ကို ဦးတည်လျက် တစ်ပြိုင်နက်တည်း ပွင့်ထွက်လာကုန်၏။

နတ်ဘုရားနယ်ပယ် ၃၆ ခု၏ ပေါင်းစပ်ဖိအားသည် ဒဏ္ဍာရီအဆင့်တစ်ဦးကိုပင် ရှောင်တိမ်းထွက်ပြေးသွားစေရန် ဖိအားပေးနိုင်လောက်အောင် စွမ်းအားကြီးသည်။

"လေ့မိသားစုရဲ့ စစ်သူကြီးလေးယောက်ကို မင်းသတ်ခဲ့ရင်တောင် ဘာဖြစ်လဲ ၊ ဒီမှာ ဆဋ္ဌမအဆင့် ၃၆ ယောက်တောင် ရှိတယ်"

"ဟားဟား ဟားဟား ၊ တစ်ဖက်သတ်တိုက်ပွဲက အရမ်းပျင်းဖို့ကောင်းတယ်"

ရှင်းဟွာဂိုဏ်းချုပ်ကြီးက သိပ်အားမထုတ်ရသဖြင့် အားမရသလို လှောင်ပြောင်လိုက်သည်။

သွေးဝတ်စုံဓားနတ်ဘုရားသည် သူအမိန့်တစ်ချက်ပေးရုံနှင့် သေသွားရတော့မည် မဟုတ်ပါလား။

ကျိယွမ်က ရန်သူ၏စကားကို မမျှော်လင့်ဘဲ သဘောတူလိုက်သည်။

"အမှန်ပဲ၊ ပျင်းဖို့ကောင်းတယ်။ ဒါပေမဲ့ ဒါက မင်းရဲ့တစ်ဖက်သတ်တိုက်ပွဲ မဟုတ်ဘူး၊ ငါ့ရဲ့တစ်ဖက်သတ်တိုက်ပွဲပဲ"

ထိုအချိန်တွင် ကျိယွမ်၏လက်ထဲရှိ သွေးရောင်ဓားရှည်သည် တုန်ခါသွားလေ၏။

"နတ်ဘုရားနယ်ပယ် ဖွင့်လိုက်စမ်း"

သူက အော်ဟစ်လိုက်သည်။

ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်ငါးထောင်ကျော်သည် တစ်ပြိုင်နက်တည်း တုန်ခါသွားကြကုန်၏။

၄င်းတို့၏ နတ်ဘုရားနယ်ပယ်အားလုံးသည် ထိုအချိန်တွင် ပွင့်ထွက်လာတော့သည်။

ဤနယ်ပယ်များ ပေါင်းစပ်လိုက်သောအခါ သေးငယ်သော နယ်ပယ်တစ်ခု ဖြစ်ပေါ်လာ၏။

ဤနယ်ပယ်သည် စိတ်ဝိညာဉ်အားလုံး၏ စုစုပေါင်းဖြစ်ပြီး ဖန်ထုန်ကမ္ဘာရှိ ကျိယွမ်၏ နယ်ပယ်ပုံစံငယ်တစ်ခုဖြစ်သည်။

သူ၏နတ်ဘုရားနယ်ပယ် ပေါ်လာသည်နှင့်တပြိုင်နက် ကောင်းကင်နှင့် မြေကြီးတို့ ပြိုကြတော့မလို တုန်ခါသွားသည်။

ချိုင့်ဝှမ်း၏ ရှုခင်းအားလုံးသည်လည်း ထိုအချိန်တွင် သိသိသာသာ ပြောင်းလဲသွား၏။

"ဒါ... ဒါက ဘာလဲ"

ရှင်းဟွာဂိုဏ်းချုပ်ကြီး အံ့အားသင့်သွားသည်။

သူကလည်း မဟာအုပ်စိုးရှင် တစ်ယောက်ဖြစ်သည့်အတွက် နတ်ဘုရားနယ်ပယ်များ၏ သဘောသဘာဝကို ကောင်းကောင်းနားလည်၏။

သို့သော် သူ၏ရှေ့မှ နတ်ဘုရားနယ်ပယ်မှာမူ သူ၏နားလည်နိုင်စွမ်းကို ကျော်လွန်နေလေသည်။

လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီး... ကပ်ရောဂါ၊ အသက်ဇီဝ၊ ဘေးအန္တရာယ်.....

ဘာတွေလဲ၊ ဒါက ဘာတွေလဲ။

နတ်ဘုရားနယ်ပယ်တစ်ခုသည် အမြဲတမ်း စည်းမျဉ်း ဥပဒေသတစ်ခု၏ ရှေ့ပြေးပုံစံ ဖြစ်သည်။

မဟာအုပ်စိုးရှင်တစ်ဦးသည် ပုံမှန်အားဖြင့် နယ်ပယ်အမျိုးအစား တစ်ခုကိုသာ ထိန်းချုပ်နိုင်၏။

နယ်ပယ်အမျိုးအစားတစ်ခု တိုးလာတိုင်း တိုးတက်ရန် ခက်ခဲမှုသည်လည်း နှစ်ဆ တိုးလာသည်။

ရှင်းဟွာဂိုဏ်းချုပ်မှာ ကြက်သေသေနေမိ၏။

သွေးဝတ်စုံဓားနတ်ဘုရားရှေ့မှ နယ်ပယ်တွင် အမျိုးအစား မည်မျှရှိသနည်း။

အမျိုးအစား တစ်ဆယ်လား။

တစ်ရာလား။

တစ်ထောင်လား။

မရေတွက်နိုင်ဘူး ၊ တကယ်ကြီးရေတွက်လို့မရအောင် များနေတာ။

မဟာအုပ်စိုးရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုနတ်ဘုရားနယ်ပယ်မျိုးကို ပိုင်ဆိုင်နိုင်မှာလဲ။

သူ နားမလည်နိုင်သလို၊ စိတ်ပင် မကူးရဲပေ။

နယ်ပယ် ၂ ခု ၃ ခုဆိုလျှင်ပင် လက်မခံနိုင်လောက်အောင် ထူးဆန်းနေလေပြီ ၊ ယခုလို မရေမတွက်တတ်တော့လောက်အောင် များပြားနေသောအခါမှာတော့...။

"မင်းတို့ရဲ့ နယ်ပယ်တွေကို... ငါ့ရဲ့ကိုယ်ပိုင်နယ်ပယ်အဖြစ် ငါသိမ်းယူမယ်"

ကျိယွမ်က သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။

မဟာအုပ်စိုးရှင် ၃၆ ဦး၏ နယ်ပယ်များသည် ဤဓားချက်တစ်ချက်တည်းဖြင့် ယိမ်းယိုင်သွားပုံရ၏။

ကျိယွမ်၏ နတ်ဘုရားနယ်ပယ်သည် ရုပ်သေးရုပ်များ၏ နယ်ပယ်အားလုံးထဲသို့ စိမ့်ဝင်သွားသည်။

အားလုံးမျှော်လင့်ထားသလို နယ်ပယ်များအကြား တိုက်ခိုက်မှု ဖြစ်မလာခဲ့ပေ။

ကျိယွမ်၏ နတ်ဘုရားနယ်ပယ်သည် အမှောင်ထုထဲရှိ ကြောက်မက်ဖွယ် သားရဲတစ်ကောင်ကဲ့သို့ မဟာအုပ်စိုးရှင် ၃၆ ဦး၏ နယ်ပယ်များကို ဝါးမြိုနေသောကြောင့်ဖြစ်သည်။

ရှင်းဟွာဂိုဏ်းချုပ်ကြီးသည် ဤကဲ့သို့သောအရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

"မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ"

နယ်ပယ်တိုက်ပွဲဆိုသည်မှာ တိုက်ရိုက်ထိတွေ့မှုနှင့် ဖျက်ဆီးခြင်းသာ ဖြစ်သည်။

ဝါးမြိုခြင်းဆိုသည်မှာ မည်သို့ရှိနိုင်မည်နည်း။

နယ်ပယ်များကို ဝါးမြိုခြင်း... ထိုအရာသည် အားလုံး၏နားလည်နိုင်စွမ်းကို ကျော်လွန်နေသည် မဟုတ်ပါလား။

ပါရမီရှင်တစ်ယောက်ပင်လျှင် ကွဲပြားသော နယ်ပယ်အမျိုးအစား တစ်ခု သို့မဟုတ် နှစ်ခုကိုသာ ထိန်းချုပ်နိုင်သည်။ ကွဲပြားသော ဂုဏ်သတ္တိရှိသည့် နယ်ပယ်များကို မဆင်မခြင် ဝါးမြိုခြင်းသည် မိမိနယ်ပယ်ကို ပျက်စီးစေပြီး နတ်ဘုရားစွမ်းအားများကို ငြိမ်းသတ်သွားစေလိမ့်မည်။

သို့သော် ဤနေရာတွင် သွေးဝတ်စုံဝတ် ဓားနတ်ဘုရားသည် ၎င်းတို့ကို ဝါးမြိုနေ၏။

ကျိယွမ်၏ နတ်ဘုရားနယ်ပယ်သည် "တောက်တိကျမ်း" မှ ဆင်းသက်လာသော "တစ်ခုတည်းသော အရာ" ဖြစ်သည်။

သက်ရှိအားလုံးသည် ငါပင် ဖြစ်၏။

ဤရုပ်သေးရုပ်များသည် သူ၏ လက်အောက်ခံများ မဟုတ်သော်လည်း၊ မူလနတ်ဘုရားဝိညာဉ်များ မဟုတ်သော်လည်း ကျိယွမ်သည် ၎င်းတို့၏ နယ်ပယ်များကို စုပ်ယူဝါးမြိုနိုင်၏။

သူသည် အိမ်မက်ယောင်သလို ကြောင်တောင်တောင်ဖြစ်နေသော ရှင်းဟွာဂိုဏ်းချုပ်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။

"ငါက သူတို့ပဲ..."

ဂိုဏ်းချုပ်သည် ထိုအကြည့်ကြောင့် ထိတ်လန့်သွားပြီး သူ၏နှလုံးသားမှာ တုန်ခါသွား၏။

ဘာကြောင့်မှန်းမသိဘဲ ထိုရုပ်သေးရုပ် ၃၆ ရုပ်သည်လည်း သွေးဝတ်စုံဓားနတ်ဘုရားကဲ့သို့ပင် ပြုံးကာ သူ့ကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

မရေရာသော၊ ရှင်းပြ၍မရသော ကြောက်ရွံ့မှုတစ်ခု သူ၏နှလုံးသားထဲသို့ ရုတ်တရက် တိုးဝင်လာ၏။

ထိုအရာက မသိနားမလည်မှုအပေါ် ကြောက်ရွံ့ခြင်းပင်။

"ကောင်းကင်စစ်သူကြီး လေးပါး၊ တိုက်ခိုက်ကြစမ်း ၊ သူ့ကို သတ်"

သူက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

ကောင်းကင်စစ်သူကြီး လေးပါးကသာ သူ့ကို ဘေးကင်းမှု အနည်းငယ်ပေးနိုင်ပုံရ၏။

စစ်သူကြီးလေးဦးသည် အမိန့်ရသည်နှင့် ၎င်းတို့၏ ဧရာမခန္ဓာကိုယ်ကြီးများကို ကျိယွမ်ထံ လှည့်လိုက်ပြီး အဆုံးမဲ့ ဖျက်ဆီးခြင်းနှင့် သေခြင်းတရား အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။

၎င်းတို့ လေးဦးစီသည် သက်ရှိထင်ရှားရှိစဉ်က ယန်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်သည့် အလားအလာရှိသော တုနှိုင်းမရသည့် စွမ်းအားရှင်များ ဖြစ်ခဲ့၏။

ကံမကောင်းစွာဖြင့် ၎င်းတို့သည် မဟာကပ်ဘေးဆိုးကြီးကို ခုခံရင်း ကျဆုံးခဲ့ကြရသည်။

သေဆုံးပြီးနောက်တွင်ပင် ၎င်းတို့၏ ခန္ဓာကိုယ်များကို ရုပ်သေးရုပ်များအဖြစ် ပြုလုပ်ခြင်း ခံခဲ့ရကာ ယုတ်မာသူများ၏ စော်ကားမှုကို ခံနေရ၏။

ကောင်းကင်စစ်သူကြီး လေးပါးနှင့် ရင်ဆိုင်နေရသော်လည်း ကျိယွမ်သည် တည်ငြိမ်နေဆဲပင်။

"ဒီဓားနဲ့ မင်းတို့လေးယောက်ကို ငါ ချပ်ဝတ်ဆင်ပေးမယ်"

လေပြင်းများ တိုက်ခတ်လာပြီး ဓားတစ်လက် ထွက်ပေါ်လာကာ ချိုင့်ဝှမ်း တစ်ခုလုံးကို သွေးရောင်အလင်းများ လွှမ်းခြုံသွားစေသည်။

မူလက ကိုယ်လုံးတီးနှင့် ပျက်စီးနေသော စစ်သူကြီးလေးဦး၌ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် သွေးရောင် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်မိလျက်သား ဖြစ်သွားကြသည်။

၎င်းတို့၏ လှုပ်ရှားမှုများကတော့ သိသိသာသာ တောင့်တင်းသွားကြ၏။

ကျိယွမ်သည် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးကဲ့သို့ တည်ငြိမ်သော အေးစက်သောအမူအရာဖြင့် သွေးရောင်ဓားကို ကိုင်ဆောင်ထားသည်။

"တချို့လူတွေက အဝတ်အစားဝတ်ထား​ပြီး သေဖို့တောင် မထိုက်တန်ဘူး"

သူသည် ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်၏။

နယ်ပယ်၏ အားဖြည့်မှုဖြင့် ကျိယွမ်၏ ဓားသည် ဓားတစ်လက်မျှသာ မဟုတ်တော့ဘဲ နယ်ပယ်ဓားတစ်လက် ဖြစ်လာခဲ့သည်။

သူ ဝှေ့ယမ်းလိုက်သည်နှင့် ဟင်လင်းပြသ်ထဲ၌ တုန်ခါသံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာပြီး

ထိုနေရာရှိ ယင်နတ်ဘုရား နှစ်ဆယ်ကျော်သည် ၎င်းတို့၏ အဝတ်အစားများ ချက်ချင်း ပျက်စီးသွားသည်ကို ခံစားလိုက်ရသလို ၎င်းတို့၏ ခန္ဓာကိုယ်များပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာကုန်၏

ရှင်းဟွာဂိုဏ်းချုပ်သည်လည်း မလွတ်ကင်းခဲ့ပေ။

သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

"မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ"

မသိနားမလည်သောအရာများအတွက် သက်ရှိများသည် အမြဲတမ်း ကြောက်ရွံ့တတ်ကြ၏။

သွေးဝတ်စုံဓားနတ်ဘုရား၏ လုပ်ဆောင်ချက်များသည် သူ၏ နားလည်မှုအားလုံးကို ဆန့်ကျင်နေသည်။

ဒါက ဘယ်လိုနယ်ပယ်မျိုးလဲ။

ပြီးတော့ဘယ်လိုဓားမျိုးက ဒီလိုလုပ်နိုင်တာလဲ။

အဆိုးဝါးဆုံးမှာ ဒဏ္ဍာရီရုပ်သေးရုပ် လေးရုပ်သည် သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်တော့မည်ကို သူ ခံစားမိလိုက်ခြင်းပင်။

သို့သော် ကျိယွမ်က သူ၏မေးခွန်းကို ဂရုမစိုက်ပေ။

သူသည် ဓားကို အကြိမ်ကြိမ် ဝှေ့ယမ်းနေ၏။

သူ၏ နယ်ပယ်သည်လည်း စစ်သူကြီးလေးဦး၏ နယ်ပယ်များအတွင်းသို့ စဉ်ဆက်မပြတ် စိမ့်ဝင်ပျံ့နှံ့နေသည်။

"သူ့ကို တားကြစမ်း၊ မြန်မြန် သတ်လိုက်စမ်း"

ရှင်းဟွာဂိုဏ်းချုပ်က ရူးသွပ်စွာ အော်ဟစ်နေမိ၏။

သို့သော် ကောင်းကင်စစ်သူကြီး လေးပါး၏ နယ်ပယ်များသည် ကျိယွမ်၏ ကျူးကျော်မှုကို လုံးဝ မခုခံနိုင်ဘဲ စိတ်ကြိုက် ဝါးမြိုခွင့် ပေးထားသကဲ့သို့ ဖြစ်နေသည်။

သူ၏ တစ်ကိုယ်လုံးကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ကျိယွမ်က သူသည် ဤရုပ်သေးရုပ်များဖြစ်သည်ဟု ပြောခဲ့သည့် စကားကို ပြန်လည် သတိရလိုက်သောအခါ ကြောက်မက်ဖွယ် အတွေးတစ်ခု သူ၏စိတ်ထဲ ဖြတ်ပြေးသွား၏။

ဒါဆို... ကျိယွမ်က လူသားမဟုတ်ဘဲ ၊ ဒီအစွမ်းထက် ဝိညာဉ်တွေရဲ့ အကြွင်းအကျန်တွေ စုစည်းပြီးတော့ ဖြစ်ပေါ်လာတဲ့ သက်ရှိလား။

သူသည် ထိတ်လန့်နေသည့်ကြားမှ အတွေးပေါင်းစုံ တွေးနေမိသည်။

ကျိယွမ်၏ နတ်ဘုရားနယ်ပယ်သည် သုံးပါးတစ်ဆူ ၊ မူလဘူတဝိညာဉ်များနှင့် ဝါးမြိုခြင်း မူလခန္ဓာ တို့၏ ပေါင်းစပ်မှု ဖြစ်သည်ကို သူ မည်သို့သိနိုင်မည်နည်း။

ဤကြောက်မက်ဖွယ်ရာ သုံးခုစလုံးသည် ယန်နတ်ဘုရားများကိုပင် တုန်လှုပ်စေရန် လုံလောက်ပြီး ယနထနတ်ဘုရားများပင် တစ်မျိုးကို ပိုင်ဆိုင်ရန် မလွယ်ကူပါ ။

သို့သော် ကျိယွမ်ကတော့ ၃ မျိုးအထိပေါင်းက သူ၏ နယ်ပယ်ကို ဖွဲ့စည်းထား၏။

ထိုအရာကမှ ကြောက်စရာမကောင်းလျှင် မည်သည့်အရာက ကောင်းမည်နည်း။

"မဖြစ်နိုင်ဘူး... မင်းက မဟာကပ်ဘေးကြောင့် တစ်ခါ ပျက်စီးခဲ့ပြီးပြီ၊ အခု ဒုတိယအကြိမ် ထပ်ပြီး ပျက်စီးရလိမ့်မယ်"

ဂိုဏ်းချုပ်ကြီးက ထိတ်လန့်စွာအော်ဟစ်နေသော်လည်း ကျိယွမ်၏ နယ်ပယ်ကတော့ ဆက်လက် ဝါးမြိုနေ၏။

ဤသည်မှာ လုံးဝကို တစ်ဖက်သတ်တိုက်ပွဲ ဖြစ်သည်။

နောက်ဆုံးအချိန်နီးကပ်လာသည်နှင့်အမျှ သူဆက်လက် မခံစားနိုင်တော့ဘဲ အသက်ရှင်ရန် မျှော်လင့်ချက်ဖြင့် အချိန်ဆွဲရန် ကြိုးစား၏။

"ငါ့ကို အသက်ချမ်းသာပေးပါ၊ ဒီရုပ်သေးရုပ်တွေကို ထိန်းချုပ်တဲ့ နည်းလမ်းကို ငါမင်းကို ပေးပါ့မယ်။ အနာဂတ်မှာ မင်းမှာ ဒဏ္ဍာရီအဆင့် ကျွန်လေးယောက်နဲ့ ဆဋ္ဌမအဆင့် မဟာအုပ်စိုးရှင် ၃၆ ယောက် ရှိလာလိမ့်မယ်"

သူ့တွင် အမှန်တကယ် ထိန်းချုပ်သည့် နည်းလမ်းမရှိပါ။သူက လုပ်မိလုပ်ရာဖြင့် အသက်ရှင်ရန် အချိန်ဆွဲနေခြင်းသာ ဖြစ်သည်။

သူ၏စကားကြောင့် ကျိယွမ်က ရုပ်သေးရုပ်များကို ကြည့်ကာ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာ၏။

သို့သော် သူကချက်ချင်းခေါင်းခါသည်။

"သက်ရှိထင်ရှားရှိစဉ်က ဒီစီနီယာတွေဟာ ကန်းလန်နယ်မြေရဲ့ ကန့်သတ်မှုကို ငြင်းဆန်ပြီး လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့ကြတာ။ အခု သူတို့ သေသွားပြီးတောင် မနားရဘူး ၊ သူတို့ရဲ့ အလောင်းတွေကို ငါက ဘယ်လိုလုပ် ထိန်းချုပ်ပြီး သေပြီးတာတောင် အေးအေးချမ်းချမ်း မနေရအောင် လုပ်နိုင်မှာလဲ"

ကျိယွမ်သည် မိမိကိုယ်ကိုယ် ဖြောင့်မတ်သောသူ တစ်ဦးဟု ယူဆထားပြီး ဤကဲ့သို့သော လုပ်ရပ်သည် သူ၏ ထိပ်တန်းအဆင့်ကိုယ်ကျင့်တရားကို ဆန့်ကျင်နေ၏။

သူ၏စကားများကြောင့် ဂိုဏ်းချုပ်ကြီးမှာ မှင်တက်သွားသည်။

ဒီကောင်က ဟန်ဆောင်နေတာလား ၊ ဒါမှမဟုတ် အရူးလား။

နာမည်ဂုဏ်သတင်းအတွက် ဤမျှကြီးမားသော အကျိုးကျေးဇူးကို မည်သူက စွန့်လွှတ်မည်နည်း။

"စီနီယာ...တကယ်လို့ စီနီယာက ရုပ်သေးရုပ်တွေကို မထိန်းချုပ်ချင်ဘူးဆိုရင် ကျွန်တော်က စီနီယာကိုယ်စား သူတို့ကို ထိန်းချုပ်ပေးမယ့် လက်တစ်ဖက်အဖြစ် ဝမ်းမြောက်စွာ ဆောင်ရွက်ပေးပါ့မယ်"

ရှင်းဟွာဂိုဏ်းချုပ်ကြီးက အလျင်အမြန် ကမ်းလှမ်းလိုက်သည်။

ယခုအချိန်တွင် သူ၏အသက်ရှင်သန်ရေးထက် မည်သည့်အရာမှအရေးမကြီးတော့ပါ ။ အရှက်တရားနှင့် ဂုဏ်သိက္ခာများကို သူစွန့်လွှတ်လိုက်လေပြီ။

ကျိယွမ်သည် ဆန္ဒရှိနေသော်လည်း နာမည်ပျက်မှာကိုတွေးကာ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်ဟု သူထင်သောကြောင့် ညစ်ပတ်သောအလုပ်ကို သူကိုယ်တိုင် တာဝန်ယူမည်ဟု တွေးလိုက်၏။

"မင်းကို သတ်လိုက်ရင် ငါ့လက်တွေ ညစ်ပတ်သွားမှာကိုတောင် စိုးရိမ်ရတယ်"

ကျိယွမ်က ရှင်းဟွာဂိုဏ်းချုပ်ကို ရွံရှာစွာ ကြည့်ရင်း ပြောလိုက်သည်။

ရှင်းဟွာဂိုဏ်းချုပ်သည် ကျိယွမ်က သူ့ကို အသက်ချမ်းသာပေးမည်ဟု ထင်ကာ စိတ်အေးသွား၏။

သို့သော် ကျိယွမ်၏ နောက်ဆက်တွဲစကားများကို ကြားလိုက်ရသောအခါ သူမျက်လုံးပြူးသွားတော့သည်။

"ကံကောင်းတာက ငါက နေ့တိုင်း လက်ဆေးတတ်တယ်၊ ဒါကြောင့် အညစ်အကြေး နည်းနည်းပါးပါးကို ငါမကြောက်ဘူး"

"ဟင်.."

စကားဆုံးသည်နှင့် သွေးရောင်ဓားသည် လေမုန်တိုင်းချိုင့်ဝှမ်း၏ ကောင်းကင်ယံကို ဝှီးခနဲ ဖြတ်သန်းသွားလေ၏။

မည်သည့် ရုပ်သေးရုပ်ကမျှ ထိုဓားချကို မခုခံပေးဘဲ ဓားကို ရှင်းဟွာဂိုဏ်းချုပ်ထံသို့ ထိုးဖောက်သွားစေရန် ခွင့်ပြုပေးလိုက်ကြသည်။

အဝတ်အစားများစုတ်ပြဲကာ ခန္ဓာကိုယ်များအက်ကွဲနေသော ယင်နတ်ဘုရားများ ထိတ်လန့်တုန်လှုပ်ကာ အသည်းအသန် ထွက်ပြေးကြ၏။

သို့သော် ၎င်းတို့၏ အမြန်နှုန်းသည် ကျိယွမ်၏ ဓားအလင်း သို့မဟုတ် သူ၏ နယ်ပယ် ပျံ့နှံ့မှုကို မည်သို့မျှ မမှီနိုင်ပေ။

ယခင်က အလွန်အမင်း မောက်မာခဲ့ကြသော ယူထျန်းနယ်မြေမှ ယင်နတ်ဘုရားများသည် ညှောင့်ညှောင့်လေးပင် မအော်နိုင်ဘဲ ကျိယွမ်၏ နယ်ပယ်အတွင်း၌ တိတ်ဆိတ်စွာ ပျက်စီးသွားကြသည်။

ရှင်းဟွာဂိုဏ်းချုပ်ကြီးကတော့ ကျိယွမ်၏ဓားဖြင့် တိုက်ရိုက် အထိုးခံလိုက်ရသည်။

"မင်းရဲ့ နယ်ပယ်က အရမ်းညစ်ပတ်တယ်၊ ငါ ဝါးမြိုဖို့တောင် စိတ်မဝင်စားဘူး။ မင်းကို ဓားနဲ့ မွှေပေးလိုက်တာက ပိုပြီး သန့်ရှင်းသလို ခံစားရတယ်"

ပြောရင်းနှင့် ကျိယွမ်သည် သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ဂိုဏ်းချုပ်၏ ကိုယ်တွင်းကလီစာများကို ဓားဖြင့် မွှေနှောက်လိုက်သကဲ့သို့ နာရီလက်တံအတိုင်းနှင့် လက်တံပြောင်းပြန် ရက်ရက် စက်စက်လှည့်ပစ်၏။

"မင်း မင်း အား အ့ "

သူ၏ခန္ဓာကိုယ်သည် ချက်ချင်း ပျက်စီးသွားပြီး ဘာမျှမကျန်အောင် ပျောက်ကွယ်သွားတော့သည်။

ဂိုဏ်းချုပ်ကြီးသည် မယုံကြည်နိုင်သော အမူအရာဖြင့် ကျိယွမ်အား ငေးကြည့်ရင်း သေဆုံးသွား၏။

သူ့ကို သတ်ရန်အတွက် ဤမျှကြီးမားသော အကျိုးကျေးဇူးကို ကျိယွမ်က အဘယ်ကြောင့် စွန့်လွှတ်ရသည်ကို သူ မည်သို့မျှ နားမလည်နိုင်ခဲ့ပါ ။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ယူထျန်းနယ်မြေမှ ယင်နတ်ဘုရား အားလုံးသည် ကျိယွမ်၏လက်ထဲတွင် ကျဆုံးသွားကြသည်။

ကျိယွမ်သည် သူ၏ သွေးရောင်ဓားကို အေးအေးဆေးဆေးကိုင်ထားရင်းမှ မဟာအုပ်စိုးရှင် ၃၆ ဦးနှင့် ဒဏ္ဍာရီအဆင့် စွမ်းအားရှင် လေးဦးကို ကြည့်လိုက်၏။

သူ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ရှိနေဆဲပင်။

"ရှန်ကွမ်းဂိုဏ်းက ကျိယွမ်... ဒီနေ့မှာ လေးစားအပ်တဲ့ စီနီယာတို့ကို ခရီးလမ်းဆုံးအထိ ပို့ဆောင်ပေးဖို့ ရောက်ရှိလာပါတယ်"

သူက ဝမ်းနည်းစွာဆိုရင်း ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်တစ်ခုလုံး သွေးနီရောင် ပြောင်းသွားခဲ့သည်။

နီးစွေးစွေးကောင်းကင်ကြီးက မြင်ရသူများအထို့ သွေးထွက်နေသလို သို့မဟုတ် ငိုကြွေးနေသလို ခံစားရစေ၏။

ထူးခြားစွာပင် ရုပ်သေးရုပ် အားလုံးသည် မခုခံကြဘဲ ငြိမ်သက်စွာ ရပ်နေကြပြီး ဓားချက်ကို ခံယူလိုက်ကြသည်။

"ဒုတ်.."

"ဂျွပ်..."

"ဂျွပ်..."

၎င်းတို့သည် အပိုင်းပိုင်းအစစ ပွင့်ထွက်သွားကြကုန်၏။

သူတို့၏ ပျက်စီးနေသောခန္ဓာကိုယ်များသည် မည်သည့် အမှတ်အသားမျှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။

မြေမှုန့်သည် မြေမှုန့်ထံသို့၊ မြေကြီးသည် မြေကြီးထံသို့ ပြန်သွားကြပြီး အားလုံး ကန်းလန်နယ်မြေမှ အပြီးတိုင် ပျောက်ကွယ်သွားကြလေပြီ။

ကျိယွမ်၏ အကြည့်သည် ပိုမိုနက်ရှိုင်းသွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

"အခု... သူတို့ရဲ့ နယ်ပယ်တွေက ငါ့နယ်ပယ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပြီ။ ဒါဆိုရင် ကပ်ဘေးဆိုကြီးကို သတ်လိုက်တာက ငါက ငါ့ကိုယ်တိုင်အတွက် ကလဲ့စားချေပေးနေတာပေါ့"

ဤသို့ တွေးလိုက်သောအခါ ကျိယွမ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

သူသည် အမှန်တကယ်ပင် အလွန်အလုပ်ရှုပ်လှသည်။

သူ၏ ကိုယ်ပိုင်စျာပနပွဲတော်ကို တက်ရောက်ရန် အပြေးအလွှား သွားရရုံသာမက မိမိကိုယ်ကိုယ်အတွက် ကလဲ့စားချေရန်အတွက်လည်း အလုပ်ရှုပ်နေရသေးသည်။

ငါတစ်ယောက်တည်းနဲ့ကို အလုပ်တွေများနေရော ..

---------------

All Chapters