EQ နိမ့်သော ကျန်းလင်းစု
Vol. 24 Ch. 272
"ဒါက... ဆရာတူအစ်ကိုအစ်ကိုကြီးရဲ့ အကောင့်ပဲ..."
ပို့စ်တင်ထားသူ၏အမည်မှာ တခြားသူမဟုတ်ပါ ၊ မူလနတ်ဘုရားအကောင့်ပင် ဖြစ်သည်။
အစ်ကိုကြီးက ဘာတွေရေးတင်ထားတာပါလိမ့်။
ကျန်းလင်းစုက ကျိယွမ်တင်ထားသော အကြောင်းအရာများကို စိတ်ဝင်တစားဖတ်လေတော့သည်။
သို့သော် ဖတ်ရင်းဖတ်ရင်းမှ ဒေါသထွက်လာပြီး သွားများပင် ကြိတ်မိ၏။
"စီနီယာအစ်မ ရှန်းရှန်းရဲ့ ပစ်ပယ်ခြင်းကိုခံရလို့ ကျောက်စိမ်းအဆင့် ကျင့်စဉ်တစ်ခုနဲ့ လဲလှယ်ခဲ့တယ်။ ဒါပေမဲ့ ရင်သားထွားတဲ့ ဂျူနီယာညီမလေးက ဒါကို မတော်တဆ သိသွားတယ်လေ ၊ ဂျူနီယာညီမလေးက ငါ့ကိုများ အချိန်ပြည့် ခိုးကြည့်နေတာလား ၊ လက်ဖက်ရည် ငှဲ့ပေးချင်တာလား ၊ ပုခုံးနှိပ်ပေးချင်နေတာများလား "
ကျန်းလင်းစုမှာ ဖတ်နေရင်းမှ အမှတ်တမဲ့ မိမိကိုယ်မိမိ ပြန်ငုံ့ကြည့်လိုက်မိပြီး မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။
"ဆရာတူအစ်ကိုကြီး... အစ်ကိုကြီး ဘာတွေလုပ်နေတာလဲ"
သူမသည် ချက်ချင်းပင် ကျောက်စိမ်းပြားမှတစ်ဆင့် စာပို့ကာ ရှင်းပြချက်တောင်းဆိုလိုက်၏။
မကြာမီမှာပင် ကျိယွမ်ထံမှ ပြန်စာရောက်လာသည်။
"ငါ စားပွဲသောက်ပွဲတစ်ခု ရောက်နေတယ်လေ။ ဟူး.. ငါနဲ့သွေးအရမ်းနီးနဲ့ဆွေမျိုးတစ်ယောက် ဆုံးသွားလို့ သူ့ရဲ့ ရက်လည်ဆွမ်းကျွေးပွဲကို တက်နေရတာ။"
ထိုအချိန်တွင် ကျိယွမ်သည် ဖုန်းချန်မြို့ရှိ ချန်မိသားစု၏ စားပွဲသောက်ပွဲတွင် ရောက်ရှိနေခြင်းဖြစ်သည်။ လေမုန်တိုင်းချိုင့်ဝှမ်းမှ ထွက်လာပြီးနောက် ချန်းရှီယွီသည် သူ့ကို အပြင်မှာ စောင့်နေဆဲဖြစ်သည်ကို သတိပြုမိ၏။
မူလက သူ သိပ်ဂရုမစိုက်ရန် စိတ်ကူးထားသော်လည်း ဂိမ်းထဲမှ သူ၏ဂိမ်းဇာတ်ကောင်မှာ သေဆုံးသွားခဲ့ပြီး မိမိ၏ ရက်လည်ပွဲကိုပင် မတက်ခဲ့ရသည်ကို သတိရသွားသည်။
ထို့ကြောင့် သူသည် ချန်းရှီယွီ၏ ဖိတ်ကြားချက်ကို လက်ခံကာ ချန်းမိသားစုအား စားပွဲသောက်ပွဲ ပြင်ဆင်ခိုင်းလိုက်ခြင်းပင်။
ယခုအခါ သူသည် သူကိုယ်တိုင်၏ စျာပနရက်လည်ပွဲကို ပျော်ရွှင်စွာ တက်ရောက်နေခြင်း ဖြစ်၏။
အခြားတစ်ဖက်တွင်မူ ဆရာတူအစ်ကိုကြီး၏ အဖြေကို မြင်လိုက်ရသောအခါ ကျန်းလင်းစု ရင်ထဲ မွန်းကျပ်သွား၏။ စောစောက ခံစားခဲ့ရသော ဒေါသများမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။
'အစ်ကိုကြီးရဲ့ လူသားလောကက ဆွေမျိုးတစ်ယောက် ဆုံးသွားတာများလား၊ ဒါပေမဲ့ အစ်ကိုကြီးက သူ့နောက်ခံအကြောင်း တစ်ခါမှ မပြောဖူးပါဘူး။'
သူမသည် အမြန်ပင် ပြန်လည်နှစ်သိမ့်လိုက်သည်။
"အစ်ကိုကြီး... သိပ်ပြီး မဝမ်းနည်းပါနဲ့။ အစ်ကို့မှာ ကျိစယ်တောင်ထိပ်ရှိပါသေးတယ်၊ ပြီးတော့ ညီမလေးလည်း ရှိသေးတာပဲ။ အစ်ကို အခု ဘယ်မှာလဲ ၊ ညီမလေး လာခဲ့ရမလား"
"အမှန်အတိုင်းပြောရရင် ငါက အစက မဝမ်းနည်းပါဘူး။ ဒါပေမဲ့ ညီမလေး ပြောတာကြားပြီးမှ ငါ နည်းနည်းလောက် ပိုပြီး ဝမ်းနည်းသင့်တယ်လို့ ခံစားလိုက်ရတယ်။ အား... ကျိယွမ်... မင်း သေရတာ သိပ်နှမြောဖို့ ကောင်းတာပဲ။ ညီမလေး... ဒီနေ့ များများစားနော်၊ ငါ့ရဲ့ ရက်လည်ပွဲမှာ လူစည်ကားပြီး သက်ဝင်လှုပ်ရှားနေအောင်လို့။"
ဆိုရိုးစကားအတိုင်း လူစည်ကားလေလေ ကွယ်လွန်သူ၏ ဘဝက ပိုမို ဂုဏ်သိက္ခာရှိလေလေ ဖြစ်သည်။ ထို့ကြောင့် ကျိယွမ်က ညီမလေးကို များများစားရန် တိုက်တွန်းလိုက်၏။
"ဘာ...ရှင် ဘယ်သူလဲ"
ကျန်းလင်းစု အံ့အားသင့်သွားပြီး သွေးများ ဦးနှောက်ထဲ တိုးဝင်ကာ ရင်ဘတ်ထဲက ပြင်းပြင်းထန်ထန် နာကျင်လာသည်။
"ကျွန်မရဲ့ စီနီယာအစ်ကိုကြီးကို ဘာလုပ်လိုက်တာလဲ ၊ သူ့ကို တစ်ခုခုဖြစ်အောင် လုပ်ရင် ကျန်းလင်းစုဆိုတဲ့ ကျွန်မက ရှင့်ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"
"ပြောစမ်း..ရှင်ဘယ်သူလဲ"
တစ်ဖက်လူက ကျိယွမ်၏ရက်လည်ပွဲကို တက်ရောက်နေသည်ဟု ပြောလ်ုက်သောအခါ ကျန်းလင်းစုပြာယာခပ်သွားသည်။
သူမ၏ ဆရာတူအစ်ကိုကြီး တစ်ခုခုဖြစ်သွားပြီး အခြားလူဆိုးတစ်ယောက်က တစ်ဖက်မှ စကားပြောနေသည်လားဟု သူမ စိုးရိမ်သွားလေ၏။
"ငါက မင်းရဲ့ ဆရာတူအစ်ကိုကြီးပါပဲ။ ညီမလေး... လျှောက်မတွေးပါနဲ့"
ကျိယွမ်းက ချက်ချင်း ပြန်ပြောလိုက်သည်။ ထို့အတူ ကျန်းလင်းစု၏ စိုးရိမ်မှုကို နားလည်မိပြီး ရင်ထဲ၌ နွေးထွေးသွားရသည်။ သူ့ကို ဂရုစိုက်ပေးမည့်သူ ကမ္ဘာပေါ်မှာ ရှိနေသေးသည် မဟုတ်ပါလား။
"ငါက ငါ့ရဲ့ ဂိမ်းထဲက ဇာတ်ကောင် ရက်လည်ပွဲကို တက်နေတာ။သနားစရာပဲ... သူက ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရရှာတာ။"
"ဂိမ်းထဲက ဇာတ်ကောင်"
ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းလင်းစု အတန်ကြာ မှင်တက်သွားပြီး သူမ၏ကမ္ဘာကြီး ပျက်စီးတော့မည့် ခံစားချက်မှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူမက ရင်ဘတ်ကို ဖိကာ ကျောက်စိမ်းပြားကို မျက်စောင်းထိုး၏။
ဒီလူကြီးကတော့....
သူက အေးစက်စက် အပြုံးလေး ပြုံးလိုက်မိသည်။
'ဒါဆို သူက ဂိမ်းထဲက ဇာတ်ကောင်ရဲ့ ရက်လည်ပွဲကို တက်နေတာပေါ့'
ထိုသို့သော စကားပြောပုံမျိုးက သူမ၏ ဆရာတူအစ်ကိုကြီး အစစ်ပင်။ သူမ၏ စိုးရိမ်မှုများ ပျောက်ကွယ်သွားသောအခါ ဒေါသက ပြန်ဝင်လာ၏။
သူမက သူ့ကို ဆက်သွယ်ရသည့် အဓိက အကြောင်းရင်းကို ပြန်သတိရသွားသည်။
"ဆရာတူအစ်ကိုကြီး...ရှင်းဟွာအဖွဲ့ ဖိုရမ်မှာ ရေးထားတာ ဘာအဓိပ္ပာယ်လဲ၊ ရင်သားထွားတဲ့ ဂျူနီယာညီမလေးက အစ်ကို့ကြီးကို ခိုးကြည့်နေတယ် ဟုတ်လား "
ဆရာတူအစ်ကိုကြီး၏ ကုသမှုကို ခံယူသည့်နေ့က ဝမ်းသာလွန်ပြီး ပါးလွှာသော ပိတ်စလေး တစ်ထည်တည်းသာပတ်ကာ ရေချိုးခန်းမှ ထွက်လာခဲ့မိသည်ကို သူမ ပြန်သတိရသွားသည်။ ကုသမှုကြောင့် သူမ၏ဝတ်စားဆင်ယင်မှုမှာ ပေါ့ပါးနေခဲ့၏။
အပြာရောင်ရင်စည်းဖြင့် တင်းကြပ်စွာ စည်းထားသော်လည်း ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ရင်အစုံ၏ သုံးပုံနှစ်ပုံကိုသာ ဖုံးကွယ်ထားနိုင်ပြီး သူမ လမ်းလျှောက်လိုက်တိုင်း တုန်ခါနေခဲ့သည်။
'ဒါကြောင့်ပဲ အစ်ကိုကြီးက ငါ့ကို "ရင်သားထွားတဲ့ ဂျူနီယာညီမလေး" လို့ ခေါ်တာနေမှာ'
ကျန်းလင်းစု၏ မျက်နှာလေး နီးမြန်းသွား၏။
"အဟမ်း... ငါ ဒါကို လုပ်ကြံရေးလိုက်တာပါ"
ကျိယွမ်က ရိုးသားသလို ဖြေလိုက်သည်။
"ဂျူနီယာညီမလေး ဇာတ်ကောင်ကို ဖော်ပြတဲ့နေရာမှာ နင့်ဆီက အချက်အလက်တချို့ ငှားသုံးခဲ့ပေမဲ့ ငါ လုံးဝ ခိုးချတာ မဟုတ်ဘူးနော် ၊ ညီမလေး... ဒါကို အရေးယူချင်တယ်ဆိုရင် ငါ မူပိုင်ခွင့်ကြေးအဖြစ် ဝိညာဉ်ကျောက်တုံး ၃၀၀ ပေးဖို့ အဆင်သင့်ပဲ"
"ဒါက... ဝိညာဉ်ကျောက်တုံး ကိစ္စလား
"
ကျန်းလင်းစု သူမ၏အစ်ကိုကြီးကို ကန်ပစ်ချင်စိတ် ပေါက်သွားသည်။
"နင် အထင်မှားနေပြီ။ စုစုပေါင်း ၃၀၀ မဟုတ်ဘူး၊ တစ်လကို ၃၀၀ ပေးမှာ"
ကျိယွမ်သည် မိမိကိုယ်မိမိ အလွန်တော်လွန်းသည်ဟု ချီးမွမ်းလိုက်မိ၏။
အဘယ်ကြောင့်ဆိုသော် သူသည် ထိုဇာတ်ကောင်ကို တစ်လခန့်သာ သုံးရန် အစီအစဉ်ရှိသောကြောင့် ဖြစ်သည်။
"ဟွန့်"
ကျန်းလင်းစု နှာခေါင်းရှုံ့လိုက်၏။
"လူတွေဆီက အကူအညီရအောင် အစ်ကိုကြီး လျှောက်လုပ်နေတာမှန်း ကျွန်မ သိပါတယ်။ ထားပါတော့... နောက်တစ်ခါ အဲဒီ ရင်သားထွားတဲ့ ညီမလေးအကြောင်း ရေးရင် ပိုပြီး ကောင်းမွန်တဲ့ ပုံစံမျိုးနဲ့ ရေးပေးပါ"
"စိတ်မပူနဲ့၊ ပြဿနာ မရှိဘူး"
ကျိယွမ်က ချက်ချင်း ပြန်ဖြေသည်။ ဤအရာသည် အသေးအဖွဲလေးသာ ဖြစ်၏။
"ငါ ကျိစယ်တောင်ထွတ်ကို ပြန်ရောက်ရင် ဝိညာဉ်ကျောက်တုံးတွေ သေချာပေါက် ပြန်ပေးပါ့မယ်။ ဒါနဲ့ ညီမလေး... ငါ မရှိတုန်း နေရထိုင်ရတာ အဆင်မပြေရင် ငါ့အိမ်မှာ လာနေလို့ရတယ်နော်"
ကျိယွမ်က သဘောမနောကောင်းစွာပြောလိုက်သည်။
ညီမလေး၏အိမ်မှာ သူ့အိမ်လောက် မကောင်းပေ။ သူမ၏အိမ်က သစ်သားအိမ်လေးသာဖြစ်ပြီး သူ၏အိမ်မှာ ကွန်ကရစ်ဘန်ဂလို အိမ်ဖြစ်သောကြောင့် အဆင့်အတန်း နှစ်ဆင့်မျှ ပိုမြင့်သည်။
ပျော်ရွှင်မှုဆိုသည်မှာ နှိုင်းယှဉ်မှုမှ လာခြင်းမဟုတ်ပါလား ။
ညီမလေးသည် သူမ၏သစ်သားအိမ်တစ်လုံးတည်းသာ မြင်နေရပါက ဘာမှ မခံစားရသော်လည်း ဘေးနားရှိ ကွန်ကရစ်ဘန်ဂလိုကို မြင်ပါက အလိုလို ရှုံးနိမ့်သောခံစားချက် ဖြစ်ပေါ်လာလိမ့်မည်။
အလင်းရောင်ကို မမြင်ဖူးသူသည် အမှောင်ထုကို သည်းခံနိုင်သော်လည်း အလင်းကို မြင်ဖူးသွားလျှင်မူ မည်သို့ သည်းခံနိုင်တော့မည်နည်း။
ထို့ကြောင့် သူသည် မြင့်မားသော EQ ကို အသုံးချကာ ညီမလေးကို သူ၏ကွန်ကရစ်အိမ်တွင် လာနေရန် ဖိတ်ခေါ်လိုက်၏။ ဤသည်မှာ သူ၏ "လိမ်လည်မှု" အတွက် လျော်ကြေးပေးခြင်းလည်း ဖြစ်သည်။
သို့သော် သူ၏ စကားလုံးများသည် ကျန်းလင်းစု၏ နားထဲတွင်တော့ အခြားအဓိပ္ပာယ် ဖြစ်သွားကြောင်း ကျိယွမ်မသိလိုက်ရှာပါ။
'ဒါ..ဒါက ဆရာတူအစ်ကိုကြီးက ငါ့ကို... လွမ်းနေတယ်လို့ ဆိုလိုတာလား'
"အစ်ကိုကြီးပဲ နေရထိုင်ရတာ အဆင်မပြေဖြစ်နေတာ။ ကျွန်မက ဘာလို့ အစ်ကိုကြီးအိမ်မှာ သွားနေရမှာလဲ ၊ ကျွန်မက အစ်ကိုကြီးကို အဲဒီလောက်တောင် လွမ်းနေမယ် ထင်လို့လား၊ ပစ္စည်းတွေကို ကြည့်ပြီး လူကို အလွမ်းဖြေရအောင် ကျွန်မ ကျန်းလင်းစုက အဲဒီလိုလူမျိုး မဟုတ်ဘူး"
ကျန်းလင်းစုသည် အမြီးနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ ခုန်ပေါက်နေတော့သည်။
ကျိယွမ် အံ့အားသင့်သွား၏။ သူ၏ မြင့်မားသော EQ က ညီမလေးထံမှ ဤမျှ ပြင်းထန်သော တုံ့ပြန်မှု ရလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ညီမလေး၏ EQ မှာ အလွန်နိမ့်ပါးနေပုံရပြီး သူ၏ မြင့်မားသော EQ ကို နားမလည်နိုင်ရှာပေ။
"ညီမလေး... မင်း လွမ်းသည်ဖြစ်စေ၊ မလွမ်းသည်ဖြစ်စေ အဲဒီ ဝိညာဉ်ကျောက်တုံး ၃၀၀ ကို ငါ ပေးမှာပါ၊ စိတ်မပူနဲ့"
ကျိယွမ်က EQ မြင့်မားစွာ ပြန်ဖြေလိုက်သည်။ သူ၏ ညီမလေး စိတ်ဆိုးနေခြင်းမှာ ဝိညာဉ်ကျောက်တုံး မရမှာကို စိုးရိမ်နေသောကြောင့်ဟု သူသေချာပေါက် သိနေသည်။
"တော်လိုက်တော့"
ကျန်းလင်းစုမှာ စကားပြောနိုင်စွမ်း များပင် ပျောက်ဆုံးသွားရသည်။
အတန်ကြာထိ ငြိမ်နေပြီးမှ အရေးကြီးသောကိစ္စကို သတိရ၏။
"အစ်ကိုကြီး... ကျွန်မ ပေးထားတဲ့ နည်းစနစ်တွေကို ရှင်းဟွာအဖွဲ့ဆီ တင်လိုက်ပြီလား"
နည်းစနစ်တစ်ခုကို တစ်ကြိမ်သာ တင်ခွင့်ရှိသည်။ အကယ်၍ ဆရာတူအစ်ကိုကြီး တင်ပြီးသားဖြစ်ပါက သူမ တင်၍ ရတော့မည်မဟုတ်ပေ။
"မတင်ရသေးဘူး၊ ညီမလေး စိတ်ကြိုက်တင်လို့ရတယ်"
ကျိယွမ်က ပြန်ဖြေနေရင်းမှ ဂိုဏ်းချုပ်၏ ကျောက်စိမ်းပြားကို ထုတ်ယူ၍ ညီမလေးအား အထူးအခွင့်အရေးများ ပေးလိုက်သည်။
သူမ တင်လိုက်သော နည်းစနစ်များက တင်ပြီးသားဖြစ်နေလျှင်ပင် သူမ၏ ကိုယ်ပိုင် တိုးတက်မှုဘားတန်းမှာ တိုးတက်နေပေလိမ့်မည်။
ကျန်းလင်းစုသည် သူ၏ ချစ်လှစွာသော ဂျူနီယာညီမလေး ဖြစ်သောကြောင့် အခွင့်ထူးများ ပေးရမည် မဟုတ်ပါလား။
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
ကျန်းလင်းစု ဝမ်းသာသွားသည်။ သူမသည် ဆုလာဘ်များ ထုတ်ယူရန်အတွက် ကျင့်စဉ်များ တင်ရန်စိတ်ကူးထား၏။သူမ အောင်မြင်သွားလျှင် ရရှိလာမည်ဆုလာဘ်ကိုတွေးကာ အလွန်စိတ်အားထက်သန်နေသည်။
ထို့နောက် ကျန်းလင်စုက နောက်ထပ်အရေးကြီးသောကိစ္စကို ထပ်မံသတိရသွားပြန်သည်။
"ဒါနဲ့ အစ်ကိုကြီး... ကျွန်မအဖေက မကြာခင် ကျိစယ်ကို ရောက်လာလိမ့်မယ်။ အရေးမကြီးရင် အစ်ကိုကြီး အခုလောလောဆယ် ပြန်မလာတာ ပိုကောင်းမယ်"
မိဘများအကြောင်း မသိသော သားသမီးဟူ၍ မရှိပေ။ မသိချင်၍ တမင်ဥပေက္ခာပြုထားသူသာ ရှိ၏။
သူမ၏ အဖေ ဘာတွေးနေသည်ကို သူမ ခန့်မှန်း၍ ရပါသည်။ အဖေက သူမအား ကျိယွမ်ကို အရူးအမူး စွဲလမ်းနေသည်ဟု ထင်နေမှာ သေချာ၏။ သူမကတော့ မိမိကိုယ်မိမိ အချစ်ရူးမလေးတစ်ယောက်ဟု မယူဆထားပေ။
ငါက အစ်ကိုကြီးအပေါ် ရိုးသားတာကို ။
"ဟမ်..နင့်အဖေ လာမှာလား ၊ ဒါပေမဲ့ အဲဒါနဲ့ ငါပြန်လာတာနဲ့ ဘာဆိုင်လို့လဲ၊ ထူးဆန်းလိုက်တာ... မင်းအစ်မလည်း လာသွားပြီးပြီ၊ အခု မင်းအဖေ လာမယ်၊ နောက်တစ်ခါကျရင် မင်းအဘွားပါ လာဦးမှာလား ၊ ခရီးတွေ ဒီလောက်ဝေးတာကို တစ်ကူးတစ်က လာနေကြတာ... အပင်ပန်းခံမနေနဲ့။ ငါ့အမြင်တော့ မင်းတို့ ကျန်းမိသားစုတစ်ခုလုံး ရှန်ကွမ်းဂိုဏ်းအနီးအနားကို ပြောင်းလာကြတာ ပိုကောင်းမယ်"
ကျိယွမ်က စေတနာဖြင့်အကြံပြုလိုက်သည်။ သို့မှသာ ခရီးစရိတ်များ သက်သာမည် မဟုတ်ပါလား။
ကျန်းလင်းစု မှင်တက်သွားပြီး စိတ်ထဲ ရှုပ်ထွေးသွားရသည်။
"ဆရာတူအစ်ကိုကြီး... အစ်ကိုက ကျန်းမိသားစုကို တကယ်ပဲ ဒီဘက်ကိုပြောင်းလာစေချင်တာလား"
"တကယ်ပေါ့... ခရီးစရိတ်တွေ အများကြီး သက်သာသွားမှာလေ"
ကျိယွမ်က ရိုးသားစွာ ဖြေလိုက်၏။
သို့နှင့် ခေတ္တမျှ စကားပြောပြီးနောက် ကျန်းလင်းစုက သူမ၏ တိုးတက်မှုနှုန်းကို မြှင့်ကူပေးရန် တောင်းဆိုသဖြင့် ကျိယွမ်က ကူညီပေးကာ စကားစဖြတ်လိုက်ကြသည်။
ထိုအချိန်တွင် မေပယ်ရွက်မြို့လေး၌ ခကျိယွမ်သည် အသားများကို မြိန်ယှက်စွာ စားနေခဲ့၏။ စားပွဲသောက်ပွဲတွင် ချန်းမိသားစု ခေါင်းဆောင်မှာ အလွန်ပင် ရိုသေကိုင်းရှိုင်းနေပြီး အခြားဧည့်သည်များကလည်း ကျိယွမ်ကို ရိုသေသော လေးစားသော ကြောက်ရွံ့သော အကြည့်များဖြင့် သတိထားနေကြကုန်၏။
ကျိယွမ်သည် ပျံသန်းနိုင်သော ဒဏ္ဍာရီလာ အခြေတည်အဆင့်ရှိ နတ်ဘုရားတစ်ပါး မဟုတ်ပါလား။
အခြားသူများမကပ်ရဲသော်လည်း ချန်းရှီယွီကတော့ ကျိယွမ်၏ဘေးတွင် ရိုသေစွာ ထိုင်နေပြီး လိုအပ်သည်များကိုဖြည့်ဆည်းပေးနေသည်။ သူမ၏ ဝမ်းကွဲအစ်မသည် ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းငုံ့သွားပြီး နောင်တများဖြင့် ပြည့်နှက်နေ၏။
ချန်းရှီယွီသည် ဤကဲ့သို့သော နတ်ဘုရားနှင့် ဆုံဆည်းခွင့် ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။သူမက အလိမ်အညာဟုပင် စွပ်စွဲခဲ့သေးသည် ။
စားပွဲသောက်ပွဲပြီးဆုံးသွားသောအခါ ကျိယွမ်လည်း ဗိုက်ပြည့်အင့်စွာဖြင့် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုအခါ ချန်းမိသားစုခေါင်းဆောင်က အရဲစွန့်ကာ ရှေ့တိုးလာ၏။
"ဆရာသခင်... ကျွန်တော်မျိုးတို့ လက်ဆောင်လေးတစ်ခု ပြင်ဆင်ထားပါတယ်..."
သူက ပြောရင်း သေတ္တာတစ်လုံးကို ဖွင့်ပြလိုက်ရာ သေတ္တာထဲတွင် ရွှေငွေရတနာများ ပြည့်နှက်နေသည်။
ကျိယွမ်ကတော့ ထိုရတနာများကို ကြည့်ကာ သမ်းဝေလိုက်၏။
သို့သော် သူ၏အကြည့်သည် ဟောင်းနွမ်းနေသော စာအုပ်တစ်အုပ်ပေါ်တွင် ရပ်တန့်သွားသည်။
"ဒါက ဘာလဲ"
သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ စာအုပ်သည် သူ့လက်ထဲသို့ ပျံဝင်လာ၏။ စာအုပ်ပေါ်တွင် "သိမ်းငှက်လက်သည်း ၁၈ ကွက်" ဟု ရေးထားသည်ကို မြင်လိုက်ရသည်။
"ဒါက သိုင်းပညာစာအုပ်ပါ၊ ကျွန်တော်တို့ မိသားစု အမွေအနှစ်ပေါ့။ အစောင့်တွေကို လေ့ကျင့်ပေးဖို့ သုံးတာပါ"
ချန်းမိသားစုခေါင်းဆောင်က ရိုသေစွာရှင်းပြသည်။
"သိုင်းပညာလား"
ကျိယွမ် အံ့အားသင့်သွားသည်။ သူသည် ရှန်ကွမ်းဂိုဏ်းသို့ ရောက်ကတည်းက လူသားလောကသို့ ထွက်ခဲသည်။ လူသားများကြားတွင် သိုင်းပညာရှိသည်ဟု သူ ကြားဖူးသော်လည်း ၎င်းတို့သည် ကျင့်ကြံသူများကို ယှဉ်နိုင်လိမ့်မည်ဟုတော့ သူ မထင်ခဲ့ပေ။
သို့သော် ဤသိုင်းကျမ်းကို ကြည့်လိုက်သောအခါ သူ သတိမမူမိခဲ့သော အချက်တစ်ခုကို တွေ့လိုက်ရ၏။
ဤသိုင်းကျမ်းသည် အခြေခံမျှသာ ဖြစ်သော်လည်း သူသာ ၎င်းကို အပြည့်အဝ နားလည်အောင် လုပ်ဆောင်နိုင်ပါက ရရှိမည့် အကျိုးကျေးဇူးမှာ အလယ်အလတ်အဆင့်နည်းစနစ်တစ်ခုနှင့် ညီမျှနေခြင်းပင်။
"ဒီလို သိုင်းကျမ်းတွေ နောက်ထပ် ရှိသေးလား ၊ ငါ စိတ်ဝင်စားတယ်"
ကျိယွမ်က စာအုပ်ကိုလှန်လှောကြည့်ရင်းမှ မေးလိုက်သည်။
မကြာမီမှာပင် အိမ်စေတစ်ဦးက နောက်ထပ် သိုင်းကျမ်း ၁၃ အုပ်ကို ယူဆောင်လာပေး၏။ ကျိယွမ်သည် ၎င်းတို့ကို စစ်ဆေးကြည့်ရာ အားလုံးမှာ သူ၏နည်းစနစ်ဖန်တီးမှုအတွက် အသုံးဝင်နေသည်ကို အံ့သြဖွယ် တွေ့ရသည်။
'စိတ်ဝင်စားဖို့ကောင်းတယ်... တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်။'
ဤရှာဖွေတွေ့ရှိမှုသည် ကျိယွမ်ကို အလွန်ပင် ဝမ်းမြောက်စေခဲ့သည်။
သူသည် သိုင်းကျမ်းများကို ကြည့်ရင်းအတွေးနက်သွား၏။
'ဒီလောကက ကျင့်စဉ်တွေနဲ့ သိုင်းကျမ်းတွေ အားလုံးက ကောင်းကင်ဘုံတာအိုတွေနဲ့ ဆက်စပ်နေတာလား'
အကယ်၍ ကောင်းကင်ဘုံတာအိုသည် အောက်ဆီဂျင်နှင့် တူပါက ကျင့်စဉ်များနှင့် သိုင်းကျမ်းများသည် အောက်ဆိုဒ်များနှင့် တူပေလိမ့်မည်။
ကျိယွမ် လုပ်ဆောင်နေသည်မှာ ၎င်းတို့ထဲမှ အောက်ဆီဂျင်ကို ထုတ်ယူနေခြင်း ပင် ဖြစ်သည်။
မကြာခင်မှာပင် ခရမ်းရောင်နန်းတော် အဆင့် ကျင့်ကြံသူတစ်ဦး ချန်းအိမ်တော်ထဲ၌ ပေါ်လာ၏။
"နောက်ထပ် နတ်ဘုရားတစ်ပါးလား "
ချန်းအိမ်တော်မှ လူသားများအတွက် ယနေ့သည် အံ့သြဘနန်းဆန်းကြယ်လှသော နေ့တစ်နေ့ဖြစ်သွားသည်။
သူတို့ အံ့သြတုန်လှုပ်စွာကြည့်နေစဥ်မှာပင် နတ်ဘုရားအသစ်က ကျိယွမ်အား ရိုသေစွာ ဂါရဝပြုလိုက်သည်ကို မြင်လိုက်ရ၏။
ချန်းရှီယွီရဲ့ ဆရာက နတ်ဘုရားကိုတောင်မှ အဆင့်မြင့်နတ်ဘုရားပဲ ။ငါတို့ ကံကောင်းလိုက်တာ။
"နှုတ်ခွန်းဆက်သပါတယ် ဓားနတ်ဘုရား"
ကျိယွမ်က ထိုသူအား လိုရင်းကိုပြောလိုက်သည်။
"မင်း အချိန်ကိုက် ရောက်လာတာပဲ။ ငါ့ကို အကူအညီတစ်ခု ပေးစမ်းပါ။ မင်းရဲ့ တိုးတက်မှုနှုန်းကို ၈၀% အထိ မြှင့်ပေးမယ်"
ထိုသူမှာ အလွန်ပင် ဝမ်းသာသွား၏။
"ခိုင်းစေတော်မူပါ စီနီယာ"
"ငါ့အတွက် လူသားလောကက သိုင်းကျမ်းတွေကို တတ်နိုင်သမျှ များများ စုဆောင်းပေးပါ။ သတိထားရမှာက လူတွေကို ဒုက္ခမပေးဘဲ မျှမျှတတလုပ်ဖို့ပဲ ၊ အဲဒါကိုလုံးဝ မမေ့ပါနဲ့ "
ကျိယွမ်က အထူးမှာကြားလိုက်သည်။
ငါက တရားဥပဒေကို လေးစားသူတစ်
ယောက်ပဲ ၊ မတရားတာမျိုး လုံးဝမလုပ်ဘူး ။
---------------