← Chapters

ခရမ်းရောင်နန်းတော်အဆင့်ဆိုတာ ကျင့်ကြံသူတွေအတွက် ဂူ ပဲ

Vol. 24 Ch. 275

ခရမ်းရောင်နန်းတော်အဆင့်ဆိုတာ ကျင့်ကြံသူတွေအတွက် ဂူ ပဲ

Vol. 24 Ch. 275

လမ်းစဥ်ရှာဖွေးရေး နန်းတော်အတွင်း၌ဖြစ်သည်။

အစီအရင်များစွာဖြင့် ထူထပ်စွာ ဝန်းရံထားသော ကျယ်ဝန်းလှသည့် ခန်းမကြီးတစ်ခုမှာ ဖုံးကွယ်ထားသော အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေ၏။

အစွမ်းထက်သော ယင်နတ်ဘုရားတစ်ပါးပင်လျှင် အတွင်း၌ ဘာဖြစ်နေသည်ကို အာရုံခံနိုင်ခြင်း သို့မဟုတ် ထောက်လှမ်းနိုင်ခြင်း မရှိပေ။

ထိုအစီအရင်အတွင်း ထိုင်နေသော ကျိယွမ်၏ အမူအရာမှာ တည်ကြည်နေသည်။ သူသည် လက်ထဲရှိ ကျောက်စိမ်းပြားကို ဝှေ့ယမ်းလိုက်၏။

ပါးစပ်မှလည်း တိုးတိုးလေး ရေရွတ်လေသည်။

"တောက်ပပြီးလှပတဲ့ စိတ်ဝိညာဥ်လေးတွေ မူလဒန်ထျန်ထဲက ထွက်ပေါ်လာပြီး ငါ့အမိန့်ကို နာခံစေ ၊ စိတ်ဝိညာဉ်ပျိုဖြူလေး ကို ကူညီကြစမ်း"

ချက်ချင်းပင် တုန်လှုပ်ချောက်ချားဖွယ်ရာ အရှိန်အဝါတစ်ခုက ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

"ကျွန်တော်မျိုးတို့ နာခံပါမယ်"

"အရှင်မြတ်ရဲ့ အမိန့်အတိုင်း လိုက်နာလျက်ပါ"

စိတ်ဝိညာဥ်ပေါင်း ၄,၇၅၀ လုံး တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကြကုန်၏။

အကယ်၍ ဤကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုသာ အပြင်သို့ ပေါက်ကြားသွားပါက ကန်းလန်လောကကြီး တစ်ခုလုံး မြေကမ္ဘာပင်တုန်ဟည်းသွားမည့် ထိတ်လန့်မှုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။

ကပ်ဘေးကြီး၏ နောက်ကွယ်တွင်ရှိသော ထိုက်ဟွမ် နန်းတော်ပင်လျှင် ကျိယွမ်ကို အမြစ်ပြတ်ချေမှုန်းရန် ယန်နတ်ဘုရားတစ်ပါးကို ချက်ချင်း စေလွှတ်ကောင်း စေလွှတ်နိုင်၏။

ကျိယွမ်က မျက်မှောင်ကြုတ်ကာ စိတ်ဝိညာဥ်များကို တည်ကြည်သော အမူအရာဖြင့် ကြည့်နေသည်။

"မြန်မြန် အကောင့်တွေဖွင့်ပြီး ငါ့ညီမလေးကို အားပေးကူညီကြ"

သူက ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်၏။

ချက်ချင်းပင် စိတ်ဝိညာဥ် များသည် သူ၏ ညွှန်ကြားချက်အတိုင်း လိုက်နာကာ ရှင်းဟွာအဖွဲ့ဖိုရမ်ပေါ်တွင် ကျန်းလင်းစုအတွက် အားပေးကူညီမှုများ ပြုလုပ်ကြတော့သည်။

ကျိယွမ်သည် သူ၏စိတ်ဝိညာများကို ကြည့်နေရင်းမှ ထူးခြားမှုအချို့ကို သတိထားမိကာ ​တွေးမိ၏။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ထျန်းခွန်းရှေးဟောင်းမှန်က တကယ်ကို အသုံးဝင်တာကိုး။ သူတို့ရဲ့ အခြေအနေက အတော်လေး တိုးတက်လာပြီ။ ဒါပေမဲ့ အကုန်လုံးနိုးကြားလာပြီး အမှတ်တရတွေ ပြန်ရဖို့ကတော့ အဝေးကြီး လိုသေးတယ်"

"သူတို့ ဘယ်တော့များမှ အပြည့်အဝ နိုးကြားလာပြီး အရင်က အမှတ်တရတွေကို ပြန်ရမလဲ၊ သူတို့ဘာသာ ကျင့်ကြံနိုင်မယ့် အခြေအနေကို ရောက်နိုင်မလားဆိုတာ သိချင်မိတယ်"

ဤစိတ်ဝိညာဥ် များသည် ကြီးမားသော အလားအလာရှိသူများပင် ။ တစ်ခုချင်းစီသည် ယန်နတ်ဘုရားဖြစ်လာနိုင်ကြ​၏။ သို့သော် လောလောဆယ်တွင်မူ သူတို့သည် အိပ်မောကျနေသည့် အခြေအနေတွင်သာ ရှိနေသေးသည်။

"နောက်ထပ်ရောက်မယ့် ကမ္ဘာက ပိုပြီး အစွမ်းထက်ပါစေလို့ မျှော်လင့်ရတာပဲ၊ ဒါမှ သူတို့အားလုံးကို နိုးထစေဖို့ ရတနာအချို့ ရှာနိုင်မှာ။ အဲဒီလိုသာ ဖြစ်လာရင် ကပ်ဘေးဆိုးကြီးကို ရင်ဆိုင်ရတဲ့အခါ သူကပဲ အကူအညီခေါ်နိုင်မလား ၊ ငါကပဲ အကူအညီခေါ်နိုင်မလား သိသွားစေရမယ်"

"ယန်နတ်ဘုရား လေးထောင်ကျော်သာ လှုပ်ရှားလိုက်ရင် သူတို့ ဘယ်လိုဖြစ်နေမလဲ သိလိုက်ချင်သေးတယ်။"

ကျိယွမ် တွေးတောနေစဉ်မှာပင် စိတ်ဝိညာဥ်များသည် ကျန်းလင်းစုအား ကူညီပေးခြင်းပြီးစီးသွားသောကြောင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြ၏။

ထိုအခါမှသာ အခန်းထဲမှ ကမ္ဘာတုန်ဖွယ် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပျောက်ကွယ်သွားတော့သည်။

ကျိယွမ်က အစီအရင်ကို ရုတ်သိမ်းကာ အခန်းထဲမှ ထွက်သွားလေ၏။

အမွှေးတိုင်တစ်ဝက်စာခန့် အချိန်ကုန်လွန်သွားသောအခါ ရင်းနှီးနေသော ပုံရိပ်တစ်ခု နန်းတော်ခန်းမထဲသို့ ဝင်လာသည်။

" ဟားဟား ဟားဟား ၊ မဟာဉာဏ်ပညာရှိ ၊ မတွေ့ရတာ ကြာပြီနော်။"

ထိုသူကို မြင်သောအခါ ကျိယွမ်က သဘောကျစွာရယ်မောလျက် နွေးထွေးစွာ နှုတ်ဆက်လေ၏။

စစ်မှန်မဟာဉာဏ်ပညာရှိမှာ သူ၏ သူငယ်ချင်းဖြစ်ပြီး သူ့ကို အတော်လေး ကူညီပေးခဲ့ဖူးသူ မဟုတ်ပါလား ။

သူက မည်သို့ မေ့ပစ်နိုင်မည်နည်း။

ကျိယွမ်ကို မြင်သောအခါ မဟာဉာဏ်ပညာရှိ၏ မျက်လုံးများမှာ ဝမ်းသာအားရ တောက်ပသွားပြီး ကြမ်းပြင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်သည်။

"မင်း စိတ်ဝိညာဥ်အဆင့်ကို ရောက်သွားပြီလား"

"ဟုတ်တယ်၊ ဒါပေမဲ့ ခရမ်းရောင်နန်းတော်အဆင့်ဆီကို သွားမယ့် လမ်းကြောင်းနဲ့ ပတ်သက်ပြီး ငါ အတော်လေး ဇဝေဇဝါ ဖြစ်နေလို့ မင်းရဲ့ အမြင်တွေကို ငှားချင်လို့ပါ"

ကျိယွမ်က သူ၏ရည်ရွယ်ချက်ကို စိတ်ရင်းဖြင့် ပွင့်လင်းစွာတုန့်ပြန်လိုက်သည်။

အစွမ်းထက်သော ယင်နတ်ဘုရားများနှင့် စကားများစွာပြောဖူးပါသည်။ သို့သော် သူတို့ထံမှ ရရှိခဲ့သော အတွေးအခေါ်များမှာ သူ၏သူငယ်ချင်း စစ်မှန်မဟာဉာဏ်ပညာရှိထံမှ ရရှိသော အမြင်များကို မည်သို့မှ မနှိုင်းယှဥ်သာပေ။

"ခရမ်းရောင်နန်းတော် လမ်းကြောင်းက... တကယ်ကို ခက်ခဲတယ်"

စစ်မှန်မဟာဉာဏ်ပညာရှိ ၏ မျက်လုံးများက ဉာဏ်ပညာအလင်းများဖြင့် ပြည့်လာပြီး ကျိယွမ်အား တစ်ချက်ထောက်လိုက်သည်။

"စိတ်ဝိညာဥ် ဟာ ယင်နတ်ဘုရား အတွက် အခြေခံအုတ်မြစ် ဖြစ်တယ်လို့ ငါမင်းကို ပြောခဲ့တာ မှတ်မိလား"

ကျိယွမ်က ခေါင်းငြိမ့်ပြသည်။

"မင်းပြောတာ မှန်တယ်ကွ ၊ နယ်ပယ်နှစ်ခုလုံးမှာ ဝိညာဥ်ဆိုတဲ့ စကားလုံး ပါဝင်နေတာက သူတို့ကြားမှာ ရှင်းလင်းတဲ့ ဆက်နွယ်မှု ရှိနေတာကို ပြနေတာပဲ။"

သူနှင့်အရင်တစ်ခါ ဆွေးနွေးစဥ်က မဟာဉာဏ်ပညာရှိသည် မူလဝိညာဉ် ဆိုသည်မှာ စိတ်ဝိညာဥ်၏ အသွင်ပြောင်းလဲမှုဖြစ်ကြောင်း၊ ထို့ကြောင့် စိတ်ဝိညာဥ်သည် ယင််နတ်ဘုရား ၏ အခြေခံဖြစ်ကြောင်း ခန့်မှန်းခဲ့ဖူးသည်။

[ ထိုဆွေးနွေးမှုကို မေ့နေပါက အခန်း - ၁၅၄ တွင်ပြန်လည်ဖတ်ရှုနိုင်ပါသည်]

"တကယ်လို့ စိတ်ဝိညာဥ်က ယင်နတ်ဘုရားအတွက် အခြေခံဆိုရင်၊ ခရမ်းရောင်နန်းတော်ကလည်း ယန်နတ်ဘုရားအတွက် အခြေခံဖြစ်တယ်လို့ ယူဆတာက ယုတ္တိမရှိဘူးလား"

စစ်မှန်မဟာဉာဏ်ပညာရှိက သူ၏အယူအဆအသစ်ကို စတင် ပြောလိုက်သည်။

ကျိယွမ် ခဏမျှ မှင်တက်သွားလေ၏။

ဤယုတ္တိမှာ ခိုင်လုံပုံရသည်။

ယန်နတ်ဘုရားသည် ယင်နတ်ဘုရားထက် တစ်ဆင့်မြင့်သည်။ ခရမ်းရောင်နန်းတော်အဆင့်သည်လည်း စိတ်ဝိညာဥ်အဆင့်ထက် တစ်ဆင့်မြင့်သည်။ ၎င်းက အဓိပ္ပာယ်ရှိ၏။

"ဒါပေမဲ့ မင်းရဲ့ အရင်သီအိုရီအရဆိုရင် စိတ်ဝိညာဥ် နဲ့ ယန်နတ်ဘုရားကလည်း ဆက်စပ်နေသင့်တာ မဟုတ်ဘူးလား"

ကျိယွမ်က သေချာစဥ်းစားကြည့်ပြီး နားမလည်နိုင်စွာ မေးလိုက်သည်။

"အဟမ်း... ဒါက အရဲစွန့်ပြီး ခန့်မှန်းကြည့်တာပါ"

မဟာဉာဏ်ပညာရှိ က ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဟန့်လိုက်သည်။

ပြီးမှ သူ၏ခံယူချက်ကို ခိုင်မာစွာ ရေရွတ်၏။

"ကျင့်ကြံခြင်းဆိုတာ အရဲစွန့်ပြီး ခန့်မှန်းရခြင်းပဲမဟုတ်လား"

"ရဲရဲဝံ့ဝံ့ ခန့်မှန်းပါ"

"ထို့နောက် လုပ်ဆောင်ရန် သတ္တိရှိပါ"

" အောင်မြင်သွားပါက သင်သည် ထူးခြားသူဖြစ်လာမည်။ ရှုံးနိမ့်သွားပါကလည်း ဝမ်နည်းစရာမရှိပါ ၊ နောက်ဘဝရှိသေးသည် မဟုတ်ပါလားတဲ့"

ကျိယွမ်၏ မျက်လုံးများဝင်းလက်သွားသည်။

"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ငါက အရမ်း ရှေးရိုးစွဲဆန်နေတာပဲ"

သူက အသစ်အဆန်းတစ်ခု သင်ယူလိုက်ရသလို ခံစားချက်ဖြင့် အားရကျေနပ်စွာဝန်ခံလိုက်၏။

သူ၏ပညာဉာဏ်မှာ မဟာဉာဏ်ပညာရှိကို လုံးဝမမီသေးပေ။

အကြောင်းမှာ သူသည် ရမ်းသန်းခန့်မှန်းရန် မဝံ့ရဲသောကြောင့် ဖြစ်သည်။

သူသည် လက်တွေ့ကျသော အရှိတရားများအပေါ်တွင်သာ အခြေခံကာ လုပ်ဆောင်လိုပြီး မှားယွင်းမှုကြောင့် ကျရှုံးမှာကို ကြောက်​တတ်၏။

ငါက စစ်မှန်မဟာဉာဏ်ပညာရှိရဲ့ နားလည်မှုအဆင့်ကိုရောက်ဖို့ အဝေးကြီးလိုနေသေးတာပဲ။

ကျိယွမ် အားငယ်စွာ သက်ပြင်းချလိုက်သည်။

"ဒါကြောင့် ခရမ်းရောင်နန်းတော်အဆင့်ကို နားလည်ဖို့ဆိုရင် အရင်ဆုံး ယန်နတ်ဘုရား အကြောင်းကို နားလည်ရမယ်လို့ ငါထင်တယ်"

မဟာဉာဏ်ပညာရှိက စိတ်လှုပ်ရှားစွာ ဆိုသည်။

ဤစကားက ကျိယွမ်ကို ထပ်မံ ရပ်တန့်သွားစေ၏။

မဟာဉာဏ်ပညာရှိ၏ စကားများသည် ဖခင်တစ်ယောက်က သားကို ဆုံးမသကဲ့သို့ ပညာရှိလှသည်။

"မင်းက ယန်နတ်ဘုရားနယ်ပယ်အကြောင်း သိတာလား"

ကျိယွမ်က အံ့သြတကြီး မေးလိုက်သည်။

သူသည် အစွမ်းထက်သော ပုဂ္ဂိုလ်များစွာနှင့် တွေ့ဆုံဖူးသော်လည်း သူသတ်ဖြတ်ခဲ့သော သွေးနေမင်းသူတော်စင်သားအဖမှလွဲ၍ ကျန်သူများမှာ ယန်နတ်ဘုရားနယ်ပယ်အကြောင်း မသိကြချေ။ အစားရှောင် ဝူရှီမယ်တော်ပင် မသိခဲ့ပါ။

ယခု စိတ်ဝိညာဥ်အဆင့်သာရှိသော မဟာဉာဏ်ပညာရှိက ထိုနယ်ပယ်ကို သိနေသည်မှာ အမှန်ပင် အထင်ကြီးစရာပင်။

"ငါ တစ်ခါက အိပ်မက်ထဲမှာ ယန်နတ်ဘုရားလမ်းစဥ်အကြောင်း မှတ်တမ်းတင်ထားတဲ့ စာအုပ်တစ်အုပ်ကို တွေ့ခဲ့ဖူးတယ်။"

"မြန်မြန်ပြောပြပါဦး"

ကျိယွမ်သည် ယန်နတ်ဘုရားလမ်းစဥ်အကြောင်းကို အထူးပင် စိတ်ဝင်စားနေသည်။

"ယန်နတ်ဘုရား နယ်ပယ်မှာ အဆင့် ၅ ဆင့် ရှိတယ်၊ ဒါပေမဲ့ ငါက အဲဒီထဲက ၂ ဆင့်အကြောင်းပဲ တွေ့ခဲ့ရတယ်။ အဲဒီ ၂ ဆင့်ကတော့ ကောင်းကင်ဘုံ၌နေရာယူခြင်းနယ်ပယ် နဲ့ မူလသဘောတရားနယ်ပယ်တို့ပဲ။"

(ယင်နတ်ဘုရားအဆင့်များ အားလုံးသည် ကောင်းကင်ဘုံသို့ ခြေလှမ်းခြင်း အဆင့်များဖြစ်၏။ ကောင်းကင်ဘုံသို့ ခြေလှမ်း ၇ လှမ်းတတ်ပြီးလျှင် ယန်နတ်ဘုရားနယ်ပယ်ဖြစ်သော ကောင်းကင်ဘုံ၌နေရာယူခြင်း နယ်ပယ်သို့ရောက်၏။ အိမ်အပေါ်ထပ်သို့ ရောက်ရန် လှေကားထစ်များကို တတ်သကဲ့သို့ပင်)

"ကောင်းကင်ဘုံ၌နေရာယူခြင်းနယ်ပယ်ဆိုတာကို အခြေခံစည်းမျဉ်းတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်တာလို့ ငါကတော့ နားလည်ထားတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် မီးကို ထိန်းချုပ်နိုင်တာ၊ ဒါမှမဟုတ် ရေကို ထိန်းချုပ်နိုင်တာ၊ ကံကြမ္မာကိုတောင် ထိန်းချုပ်နိုင်တာမျိုးပေါ့။ အဲဒီ စည်းမျဉ်းတွေကို ဘယ်လောက်အထိ နားလည်သလဲဆိုတဲ့အပေါ် မူတည်ပြီး မူလသဘောတရားနယ်ပယ်ကို အဓိက နဲ့ သာမညဆိုပြီး ထပ်ခွဲထားတယ်။"

"ဒါက ကောင်းကင်ဘုံအာဏာစက် နဲ့ အတော်လေး တူတာပဲ"

ကျိယွမ် မျက်မှောင်ကျုံ့ကာ တွေးနေသည်။

မဟာအုပ်စိုးရှင်များသည် နတ်ဘုရားနယ်ပယ်များကို ထိန်းချုပ်နိုင်ကြသည်။ နတ်ဘုရားနယ်ပယ်အတွင်းရှိ အရာများသည် စည်းမျဉ်းများ၏ ရှေးဦးပုံစံနှင့် အနည်းငယ်တူညီ၏။ ကျိယွမ် လေ့လာခဲ့ဖူးသော နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ထဲရှိ နတ်ဘုရား အများစုမှာလည်း ကောင်းကင်ဘုံအာဏာစက်များ ရှိကြသည်။

ဤ ကောင်းကင်ဘုံအာဏာစက်များသည် စည်းမျဉ်းများပင် ဖြစ်နေမလား။

ကျိယွမ်စဥ်းစားနေသည်ကို မြင်သောအခါ မဟာပညာရှိက ဆက်ပြော၏။

"ကောင်ကင်းဘုံ၌နေရာယူခြင်းနယ်ပယ် ရဲ့ အထက်မှာကတော့ မူလသဘောတရားနယ်ပယ်ရှိတယ်၊ ဒါက ယန်နတ်ဘုရား ရဲ့ ဒုတိယအဆင့်ပေါ့"

"ငါတို့နှစ်ယောက် ဝမ်ယုကုန်းမြေတိုက်ကြီးကို အတူတူသွားခဲ့တာ မှတ်မိလား၊ အဲဒီက စည်းမျဉ်းတွေက ကန်းလန် လောကနဲ့ မတူဘူး ၊ ဟုတ်တယ်နော် "

"ဟုတ်တယ်"

ကျိယွမ် ခေါင်းငြိမ့်လိုက်သည်။

"ကမ္ဘာတစ်ခုနဲ့တစ်ခု စည်းမျဉ်းမတူတဲ့အတွက် ယန်နတ်ဘုရား တစ်ပါးဟာ မရင်းနှီးတဲ့ ကမ္ဘာတစ်ခုထဲကို ဝင်သွားရင် သူ့ရဲ့ အစွမ်းက သိသိသာသာ လျော့ကျသွားလိမ့်မယ်။ ဥပမာ ကောင်းကင်ဘုံ၌နေရာယူခြင်း အဆင့်ရှိတဲ့ ယန်နတ်ဘုရားတစ်ပါးက မရင်းနှီးတဲ့ကမ္ဘာထဲကိုဝင်ရင် ဒဏ္ဍာရီအဆင့် အစွမ်းလောက်ပဲ ရှိတော့မယ်။"

ကျိယွမ်က သဘောတူသည့်အနေဖြင့် ထပ်မံခေါင်းငြိမ့်သည်။ သူ၏အမြင်အရဆိုလျှင် ဤသည်မှာ ကမ္ဘာလောက၏ ကာကွယ်ရေးစနစ်တစ်ခုပင် ။

"ဒါပေမဲ့ မူလသဘောတရားနယ်ပယ်ကို ရောက်သွားတဲ့ ယန်နတ်ဘုရားကတော့ အဲဒီလို ကန့်သတ်ချက်တွေ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စည်းမျဉ်းတွေက အမြင့်ဆုံးမူလသဘောတရားအဆင့်ကို ရောက်သွားလို့ ကမ္ဘာတိုင်းမှာအကျုံးဝင်သွားပြီ။ မူလသဘောတရားနယ်ပယ်ကို ကိုလည်း အဓိက နဲ့ သာမညဆိုပြီး ထပ်ခွဲထားသေးတယ်။"

" မူလသဘောတရားနယ်ပယ် သာမညအဆင့်ကို ရောက်နေတဲ့ ယန်နတ်ဘုရားတစ်ပါးဟာ တခြားကမ္ဘာကို သွားရင် အစွမ်းနည်းနည်း လျော့သွားပြီး ကောင်းကင်ဘုံ၌နေရာယူခြင်းနယ်ပယ်ရဲ့ အဓိကအဆင့်လောက်ပဲ ရှိနေလိမ့်မယ်။ ဒါပေမဲ့ မူလသဘောတရားနယ်ပယ်ရဲ့ အဓိကအဆင့်ရောက်နေတဲ့ ယန်နတ်ဘုရားကတော့ သူ့ရဲ့ အစွမ်းအားလုံးကို အပြည့်အဝ ထိန်းထားနိုင်တယ်။"

ထိုစကားကို ကြားသောအခါ ကျိယွမ်၏ သံသယများစွာ ရှင်းလင်းသွားသည်။

သူသည် ကမ္ဘာအသီးသီးရှိ စည်းမျဉ်းများ ကွဲပြားခြားနားမှုကို အမှန်တကယ် ကြုံတွေ့ခဲ့ဖူး၏။

ဝမ်ယုကုန်းမြေတိုက်ကြီး၌ ဖြစ်စေ၊ ဖန်ထုန် လောက၌ဖြစ်စေ၊ လျူဖုန်းလောကဖြစ်စေ ထိုကမ္ဘာများမှ ကျင့်စဉ်နည်းစနစ်များသည် သူ့အတွက် အသုံးမဝင်ခဲ့ပေ။

ထိုသို့ဖြစ်ရခြင်းမှာ သူ၏ကျင့်ကြံမှုအဆင့် နိမ့်ပါးသောကြောင့် ဖြစ်သည်။ အကယ်၍ သူသာ အမြင့်ဆုံး မူလသဘောတရားများကို နားလည်သွားပါက သူ၏ စည်းမျဉ်းများသည် မည်သည့်ကမ္ဘာတွင်မဆို အကျုံးဝင်သွားပေလိမ့်မည်။

ထိုသို့သာဆိုလျှင် အခြားကမ္ဘာများမှ ကျင့်စဉ်များကိုလည်း "ကျိယွမ်ကျမ်းစာ" ကို ပြီးပြည့်စုံစေရန် အသုံးပြုနိုင်ပေလိမ့်မည်။

သို့သော် ဤအချိန်တွင် သူ့စိတ်ထဲ၌ နောက်ထပ် မေးခွန်းတစ်ခု ပေါ်လာသည်။

"တကယ်လို့ ငါက အမြင့်ဆုံး မူလသဘောတရားတွေကို နားလည်သွားရင်၊ အဲဒါတွေက တခြား စကြဝဠာ တွေမှာရော အကျုံးဝင်မှာလား"

ကျိယွမ်က မေးခွန်းတစ်ခု မေးလိုက်၏။

အမြင့်ဆုံးမူလသဘောတရားများသည် ကမ္ဘာလောကများအပေါ်တွင်သာ အကျုံးဝင်သည်။ ဥပမာ - ကြယ်စုတစ်ခုတည်းအောက်ရှိ ကမ္ဘာအားလုံးတွင် ဖြစ်သည်။

သို့သော် မတူညီသော စကြဝဠာဖြစ်နေလျှင် ထိုသဘောတရားများက အလုပ်ဖြစ်နေဦးမည်လား ။ မဖြစ်တော့ဘူးလား ။

သူ၏ကြယ်အမြုတေမှာ ကန်းလန်လောကနှင့် မတူညီသော အခြားစကြဝဠာတစ်ခုတွင် တည်ရှိနေ၏။အကယ်၍ အမြင့်ဆုံးမူလသဘောတရားက စကြဝဠာတစ်ခုထဲမှ ကမ္ဘာများပေါ်တွင်သာ အလုပ်လုပ်မည်ဆိုလျှင် သူအခက်တွေ့သွားမည် မဟုတ်ပါလား။

"စကြဝဠာဆိုတာ ဘာကြီးလဲ"

ယခုအခါမှာတော့ မဟာဉာဏ်ပညာရှိက နားမလည်ဟန်ဖြင့် ကြည့်နေသည်။

သူသည် စကြဝဠာဆိုသည့် အယူအဆကို မသိပါ။

​မဟာဉာဏ်ပညာရှိ၏ တုန့်ပြန်ပုံကိုမြင်သည်နှင့် ကျိယွမ်က အဖြေကို နားလည်သွားလေ၏။

မူလသဘောတရားနယ်ပယ်သည် စကြဝဠာတစ်ခုတည်းအတွင်းရှိ ကမ္ဘာများအတွက်သာ အကျုံးဝင်ပုံရသည်။

အကယ်၍ စကြဝဠာ ပြောင်းသွားပါက ထိုသဘောတရားများမှာ အသုံးမဝင်တော့ပေ။ မတူညီသော ကမ္ဘာများကြား စည်းမျဉ်းများ ကွဲပြားသကဲ့သို့ မတူညီသော စကြဝဠာများကြားတွင်လည်း စည်းမျဉ်းများ ကွဲပြားပေလိမ့်မည်။

ကျိယွမ် ဘာမှပြန်မပြောဘဲ စဥ်းစားနေသည်ကို မြင်သောအခါ မဟာဉာဏ်ပညာရှိက ဆက်ပြော၏။

"ယန်နတ်ဘုရားနယ်ပယ်ရဲ့ စည်းမျဉ်းတွေနဲ့ အမြင့်ဆုံးမူလသဘောတရားတွေဟာ မူလစွမ်းအား တွေရဲ့ နောက်ဆက်တွဲတွေလို့ ငါယုံကြည်တယ်။ ဒါကြောင့် ခရမ်းရောင်နန်းတော်အဆင့်နယ်ပယ်ကို ဖြတ်ကျော်ဖို့ဆိုရင် အရင်ဆုံး သင့်တော်တဲ့ မူလစွမ်းအားတစ်ခုကို စဉ်းစားရမယ်။"

"ငါ့မှာ မူလစွမ်းအား ရှိနေပြီးသားဆိုရင်ကော"

ကျိယွမ်က မေးလိုက်သည်။ သူ့တွင် ဟင်းလင်းပြင်နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်းနှင့် မဟာမေ့လျော့ခြင်းစိတ်ကျမ်းဟူသော မူလစွမ်းအား နှစ်ခုရှိသည်။

"မင်းမှာ ရှိနေပြီသားလား"

မဟာဉာဏ်ပညာရှိ၏ မျက်လုံးများ တောက်ပသွားသည်။

"ဒါဆိုရင် မင်းရဲ့ မူလစွမ်းအားကို အသုံးပြုပြီး မင်းရဲ့ ကိုယ်ပိုင်ဂူနန်းတော်ကို တည်ဆောက်လိုက်ရုံပဲ ၊ ခရမ်းရောင်နန်းတော်အဆင့်ဆိုတာ တကယ်တော့ ကျင့်ကြံသူတစ်ယောက်ရဲ့ ဂူနန်းတော်ပဲလေ "

"ဂူလား.."

"မင်းပြောတာက အဓိပ္ပာယ်ရှိသလိုလိုပဲ။"

ကျိယွမ်က မရေမရာ ပြောလိုက်သည်။

ထို့နောက် ခဏမျှ သူ တွေဝေသွားပြီး ထိုဘောတရားကို သေချာစဥ်းစားနေ၏။

ထိုစဉ် ကျိယွမ်၏ မျက်လုံးများ ရုတ်တရက် လှုပ်ရှားသွားသည်။

မူလက တိတ်ဆိတ်နေသော ခန်းမအတွင်း၌ တံခါးပေါက်တစ်ခု၏ ပုံရိပ်ယောင် ရုတ်တရက် ပေါ်လာသောကြောင့်ဖြစ်သည်။

ထိုတံခါးကို မြင်သောအခါ ကျိယွမ်၏ မျက်လုံးများတွင် အံ့သြမှုများ ဖြတ်ပြေးသွားသည်။

"အနန္တအသွင်ကူးပြောင်း တံခါးလား"

"ဒါပေမဲ့.."

ခန်းမထဲတွင် ရုတ်တရက်ပေါ်လာသော တံခါးမှာ လျူဖုန်းလောကတွင် သူတွေ့ခဲ့ဖူးသော အနန္တအသွင်ကူးပြောင်းတံခါးနှင့် အလွန်တူသော်လည်း သေချာကြည့်လျှင် အနည်းငယ် ကွဲပြားနေသည်ကို သတိထားမိလိုက်၏။

ထိုအချိန်တွင် အလွန်စူးရှသော ငှက်အော်သံတစ်ခုကလည်း ခန်းမထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။ ထိုငှက်အော်သံမှာ နားမခံသာလောက်အောင်ပင် စူးရှလှပြီး ကြားရသူတိုင်းကို ကယောင်ခြောက်ခြားဖြစ်ကာ ရူးသွပ်သွားစေနိုင်၏။

ခြံဝင်းတစ်ခုအတွင်း၌ ရှီရူလန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေသည် ။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်မှာတော့ အလွန်အားနည်းလာနေသည်။

" ကသောင်းကနင်းငှက်ပေါ်လာပြီ ၊ ဟားဟား ဟား ..သွေးဝတ်စုံဓားနတ်ဘုရားလို ဒဏ္ဍာရီအဆင့်တစ်ယောက်တောင် သေချာပေါက် ရူးသွပ်သွားတော့မှာ ၊ကန်းလန် လောက လွတ်မြောက်ပြီ"

ရှီရူရှန်းသည် သူ၏ညီမကို နာကျင်နေသော အမူအရာဖြင့် ကြည့်နေပြီး သူ၏ မျက်နှာမှာလည်း သေလူကဲ့သို့ ဖြူလျော်နေသည်။

"သွေးဝတ်စုံဓားနတ်ဘုရားက ရူးသွားတော့မှာပဲ။ ငါတို့ မြန်မြန်ထွက်သွားရအောင်"

ရှီရူရှန်းက တိုးတိုးလေး သက်ပြင်းချလိုက်၏။

"အခု ငါတို့ တာဝန်ပြီးသွားပြီ၊ ငါတို့သက်တမ်းကလည်း ၁၀ နှစ်ပဲ ကျန်တော့တယ်၊အခုကစပြီး ငါတို့ ကိုယ့်အတွက်ကိုယ်ပဲ ရှင်သန်ကြရအောင်။"

ရှီရူလန်က ခေါင်းငြိမ့်ပြသည်။ သူမ၏ သက်တမ်းများ​ကို ပေးဆပ်လိုက်ရသော်လည်း မျက်လုံးများမှာတော့ ကျေနပ်အားရမှုများဖြင့် ပြည့်နေ၏။

"ငါတို့က လောကကြီးရဲ့ ကယ်တင်ရှင်တွေပဲ"

ဤကျေနပ်မှုသည် သူမအား မည်သည့်အရာထက်မဆို ပို၍ ပျော်ရွှင်စေသည်။

"သူရူးသွားတာကို ငါ့မျက်စိနဲ့ တပ်အပ် မြင်ချင်သေးတယ်"

ရှီရူလန်က အားနည်းနေသည့်ကြားမှ တည်ငြိမ်စွာ ပြောလိုက်သည်။

ရှီရူရှန်းက ခေါင်းငြိမ့်ကာ ယုံကြည်မှုရှိသော အမူအရာဖြင့် ထောက်ခံ၏။

"ကံကြမ္မာရဲ့ လမ်းကြောင်းကို ဘယ်သူမှ ပြောင်းလဲလို့ မရဘူး"

တစ်ဖက်တွင်မူ ကျိယွမ်တို့၏ ခန်းမကြီးအတွင်း၌ ကသောင်းကနင်းငှက်မှာ တောင်ပံတဖျတ်ဖျတ်ခတ်ကာ အော်ဟစ်နေသည်။

၎င်း၏ အော်သံကို ကြားရသူ သို့မဟုတ် ၎င်း၏ပုံသဏ္ဌာန်ကို မြင်ရသူတိုင်းမှာ ရူးသွပ်သွားကာ စိတ်လွင့်စဉ်သွားစေသော စွမ်းအားရှိ၏။

မဟာဉာဏ်ပညာရှိသည် ထိုထူးဆန်းသောပုံစံရှိသည့် ငှက်ကို ကြည့်ကာ ကျိယွမ်အား မေးလိုက်သည်။

"မင်း ဗိုက်ဆာလား"

ကျိယွမ်က သူ၏ ဗိုက်ကို ပွတ်လိုက်ရင်းမှ ခေါင်းညိတ်၏။

"နည်းနည်းတော့ ဆာတယ်ကွ ၊ ဉာဏ်ပညာကို အမြင့်ဆုံးသုံးရတာကလည်း ပင်ပန်းစေတယ်"

"ဒီငှက်မှာ ပိုင်ရှင်ရှိတယ်လို့ မင်းထင်လား"

မဟာဉာဏ်ပညာရှိက အခန်းထဲတွင် ဟိုပျံဒီပျံလုပ်ကာ အသံဆိုးကြီးနှင့် အော်နေသောငှက်ကို လိုက်ကြည့်နေရင်းမှ စမ်းတဝါးဝါး မေးလိုက်သည်။

ဘာကြောင့်ရယ်မသိ၊ ဒီနေ့ သူ အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။ အရင်ကဆိုလျှင် သူသည် အစားအသောက်နှင့် ပတ်သက်လျှင် အရသာ၊ အနံ့နှင့် အပြင်အဆင်တို့ကို အလွန်စိစစ်တတ်သူ ဖြစ်သည်။တွေ့လေရာအစားအစာ မစားတတ်ပါ။

သို့သော် အခုမူ ဤထူးဆန်းပြီး ပိန်လှီသောငှက်ကို မြင်ကာ အကြောင်းပြချက်မရှိဘဲ စားချင်စိတ် ပေါ်နေမိ၏။

ထူးဆန်းလိုက်လေခြင်း။

"မင်း စားချင်လို့လား"

ကျိယွမ်က မရပ်မနားအော်နေသော ကသောင်းကနင်းငှက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ငှက်ပိန်ကလေးမှာ ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ မျက်နှာမှာ ဒေါသတကြီးဖြင့် တွန့်လိမ်သွားလေ၏။

၎င်းသည် အသည်းအသန် ရုန်းကန်သော်လည်း ကျိယွမ်က အခွင့်အရေး မပေးဘဲ ဖမ်းယူမိသည်နှင့် အမွေးအားလုံးကို ချက်ချင်းပင် နုတ်ပစ်လိုက်သည်။

ကျိယွမ်၏ လက်ချောင်းများကြားတွင် မီးလျှံတစ်ခု ပေါ်လာပြီးနောက် ချက်ချင်းလိုလိုပင် ကသောင်းကနင်းငှက်မှာ ငှက်ဘုရင်ဘဝမှ ငှက်ကင်ဘဝသို့ ပြောင်းလဲသွားတော့သည်။

ထူးဆန်းသည်မှာ ငှက်ကင်၏အနံ့မှာ အလွန်ပြင်းထန်လှပြီး အနံ့ရသူတိုင်းကို ရူးသွပ်စေနိုင်သည့် အနံ့မျိုးပင်။

သို့သော် မဟာဉာဏ်ပညာရှိနှင့် ကျိယွမ်တို့မှာမူ ထိုအနံ့ကြောင့်အကြောင်းပြချက်မရှိဘဲ ပို၍ ဗိုက်ဆာလာကြသည်။

"ဒီငှက်က အသားသိပ်မရှိဘူး၊ သွားကြားတောင် ညပ်မှာ မဟုတ်ဘူး။ ငါမင်းကို ဝိညာဉ်ကျောက်တုံး တစ်တုံးပေးမယ်၊ ဒီငှက်ကို ငါပဲ စားလိုက်မယ်လေ"

ကျိယွမ်က အကြံပြုလိုက်သည်။

ငှက်ကို အတူတူ တွေ့ခဲ့ကြသည် ဖြစ်ရာ တစ်ယောက်တည်း အကုန်စားလိုက်လျှင် မတရားရာ ကျပေလိမ့်မည်။

မဟာဉာဏ်ပညာရှိမှာ ခဏမျှ တုံ့ဆိုင်းသွားကာ စိုးရိမ်ပြီး နှမြောတသဖြစ်နေသော ပုံစံပေါ်လာ၏။ သူသည် အမှန်တကယ် ဗိုက်ဆာနေပြီး အတော်လေးလည်း စားချင်နေသည်။

သို့သော် သူသည် ယဉ်ကျေးသိမ်မွေ့သော လူသားတစ်ယောက် ဖြစ်၏။

ဒီငှက်ကင်က တူးနေပြီ။

"မင်းပဲ စားလိုက်ပါတော့။ ငါ မစားတော့ဘူး၊ အဲဒါက အကျက်လွန်နေပြီဆိုတော့ တူးခါးနေပြီ ၊ အရသာ ရှိမှာ မဟုတ်ဘူး။"

မဟာဉာဏ်ပညာရှိက ထိုသို့ပြောကာ ရင်နာနာနှင့် မျက်နှာလွှဲပြီး ငှက်ကင်အားမကြည့်မိစေရန် အားတင်းနေရသည်။

စားချင်လိုက်တာကွာ ၊ အရမ်းကောင်းမှာ သေချာတယ် ။

---------------------

​ခရီးသွားစရာလေးရှိလို့ နောက်စာစဥ်တစ်အုပ် နည်းနည်းနောက်ကျပါမယ်ခင်​ဗျာ

All Chapters