← Chapters

နဂါးတိုင်းပြည်ကိုသွားရမည်တဲ့လား

Vol. 20 Ch. 278

နဂါးတိုင်းပြည်ကိုသွားရမည်တဲ့လား

Vol. 20 Ch. 278

အခန်း (၂၇၈) နဂါးတိုင်းပြည်ကိုသွားရမည်တဲ့လား

နေ့လည်ခင်းအချိန်။

ကျန်းလန် ရှောင်ယွိကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်ရှုတ်ထွေးသလို ခံစားလိုက်ရသည်။

သူမသည်လည်း အတော်လေး စိတ်ရှုတ်ထွေးနေဟန်ပင်။ အေးအေးဆေးဆေးပင် ထိုင်မနေနိုင်ဘဲ ဂဏာမငြိမ်ဖြစ်လျှက်ရှိသည်။

ယခုတော့ တတိယတောင်ထွတ်သို့သွားပြီး ယောက္ခမကို တွေ့ရန် အချိန်ကျပြီ ဖြစ်၏။

"သွားကြရအောင်လေ… ဂိုဏ်းတူအစ်မ"

ကျန်းလန်က သူမဆီသို့ လက်တစ်ဖက်ကို ကမ်းပေးရင်း ပြောလိုက်သည်။

ရှောင်ယွိက ဘာလုပ်ရမှန်းမသိဘဲ ကျန်းလန် ကမ်းပေးသည့်လက်ကို စိတ်ရှုတ်ထွေးစွာဖြင့် ကြည့်နေသည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မရဲ့လက် ကိုယ့်ဆီပေးလေ"

ကျန်းလန်စကားကိုကြားတော့မှ ရှောင်ယွိက သူမလက်လေးကို အသာပင့်မြှောက်ကာ ကျန်းလန်လက်ပေါ်သို့ တင်လိုက်သည်။

ရှောင်ယွိလက်လေးကို ထိတွေ့မိသည်နှင့် ကျန်းလန်က တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူမကို ဆွဲထူလိုက်သည်။ ထို့နောက် အတူတူ လမ်းလျှောက်ထွက်ခွာသွားကြလေသည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ… ဓားစီးပြီးသွားကြမလား ၊ ဒီအတိုင်းလမ်းလျှောက်သွားမလား"

ကျန်းလန်က သူမလက်ကိုကိုင်ကာ ဆွဲထူလိုက်သည့်အတွက် ရှောင်ယွိမှာ များစွာအံ့အားသင့်လျှက် ရှိသည်။

ဂိုဏ်းတူမောင်လေးက မလွှတ်တမ်း တင်းကျပ်စွာဆုပ်ကိုင်ထားလေသည့် သူမလက်လေးကို ရှောင်ယွိ ငုံ့ကြည့်လိုက်သည်။

ထို့နောက် သူမက ပြုံးလိုက်ရင်း…

"ဂိုဏ်းတူမောင်လေးရဲ့ဓားကို နှစ်ယောက်တူတူ စီးမယ်လေ ၊ ဒါပေမဲ့ ဓားကိုတော့ ကျွန်မကပဲ ထိန်းချုပ်မယ် ၊ ရှင်က ဓားပျံစီးရင်အရမ်းနှေးလွန်းလို့"

ထို့နောက် သူတို့ (၂)ယောက် လက်တွဲမဖြုတ်ကြဘဲ ဓားပေါ်သို့ ခုုန်တက်လိုက်ကြသည်။

ခဏအကြာတွင်တော့ တတိယတောင်ထွတ်သို့ ရောက်ရှိလာကြ၏။

လူသူကင်းရှင်းသည့် နေရာတစ်ခုအရောက်တွင် ရှောင်ယွိက လုန်ယွိပုံစံ အရွယ်ရောက်ပြီး မိန်းမပျိုပမာ အသွင်ပြောင်းလိုက်သည်။

သို့သော် သူမလက်ကိုတော့ ကျန်းလန်က ဆုပ်ကိုင်ထားဆဲပင်။

သူတို့ (၂)ယောက် စကားမဆိုကြဘဲ တတိယတောင်ထွတ်၏ တောင်တံခါးသို့ ရောက်ရှိလာကြသည်။

တောင်တံခါးတွင် မူလဝိညာဉ်အဆင့် ဂိုဏ်းတူညီမလေး (၂)ယောက် စောင့်နေကြသော်လည်း သူတို့ (၂)ယောက်ကို သတိထားမိကြဟန် မတူပေ။

လုန်ယွိက ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။

ကျန်းလန်၏မျက်နှာက တည်ငြိမ်နေပြီး အထီးကျန်မန္တန်ကို တိတ်တဆိတ်အသုံးပြုထားဟန် ရှိသည်။

လုန်ယွိက ဂိုဏ်းတူညီမလေး (၂)ယောက်ကို အရေးမစိုက်တော့ဘဲ ဧည့်သည်များနားနေဆောင်သို့ ကျန်းလန်နှင့်အတူ ဆက်လျှောက်လာခဲ့သည်။

ဧည့်သည်များနားနေဆောင်က အလွန်တရာလှပသည့် အဆောင်တစ်ခုဖြစ်ပြီး လောလောဆယ်တွင် နဂါးမျိုးနွယ်များ ယာယီတည်းခိုရာနေရာ ဖြစ်သည်။

နဂါးဧကရီ'ရန်ကျင်း'နှင့် အခြားသူများအတွက် တတိယတောင်ထွတ်တွင်နေထိုင်ရန် စီစဉ်ပေးထားသည် မဟုတ်ပါလား။

ဧည့်သည်နားနေဆောင်သို့မဝင်ခင် ကျန်းလန်က လုန်ယွိကို တစ်ချက် လှမ်းကြည့်လိုက်သည်။

သူမမျက်နှာကတည်ငြိမ်နေပြီး မျက်ဝန်းများကလည်း အေးစက်လျှက်ရှိသည်။ သူမပုံစံက လူတိုင်းနှင့် မိုင်ပေါင်းအသင်္ချေ ဝေးကွာနေသူတစ်ယောက်ပမာ စိမ်းသက်လွန်းလှသည်။

မိခင်ဖြစ်သူနှင့် တွေ့ဆုံရမည်ကိုလည်း သာမန်တွေ့ဆုံမှုတစ်ခုသို့သွားသည့်အလား စိတ်လှုပ်ရှားဟန် တစ်ချက်မှ မပြပေ။

သို့သော်လည်း…

ကျန်းလန်က သူမမျက်နှာလေးကို အသာငုံ့ကြည့်ပြီး လက်လေးကိုပိုမိုတင်းကျပ်စွာ ဖြစ်ညှစ်လိုက်သည်။ လုန်ယွိ စိတ်မသက်မသာဖြစ်နေကြောင်း သူ အသိဆုံး ဖြစ်လေသည်။

ပုံမှန်ဆိုလျှင် နှစ်ပေါင်းများစွာ မတွေ့ရသည်မှာ ကြာပြီဖြစ်သော မိခင်ရင်းနှင့် တွေ့ဆုံရန်မှာ ထိုမျှလောက် စိတ်ရှုတ်ထွေး မနေသင့်ပေ။

သို့သော်…

မိခင်က သူမကို စွန့်ပစ်ထားသည်ဟု ရှောင်ယွိက ခံယူထားဟန်ရှိသည်။ ထို့ကြောင့် သူမခံစားချက်များ ရှုတ်ထွေးနေခြင်း ဖြစ်၏။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ ၊ ခဏလောက် နားချင်သေးလား"

လုန်ယွိက ခေါင်းခါယမ်းလိုက်ပြီး…

"မနားတော့ဘူး ၊ အထဲဝင်ကြတာပေါ့"

လုန်ယွိနှင့် ကျန်းလန် ဘေးချင်းယှဉ်လျှက် ဧည့်ဆောင်အတွင်းသို့ ဝင်ခဲ့ကြသည်။

အဆောင်တံခါးဝတွင် နဂါးမျိုးနွယ်အစောင့် (၂)ယောက် စောင့်ကြပ်နေ၏။

သူတို့က ကျန်းလန်နှင့် လုန်ယွိကို တွေ့သည်နှင့် ဦးညွှတ်အရိုအသေပေးပြီး လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့က ကျန်းလန်ကို မသိကြသော်လည်း လုန်ယွိကိုတော့ နဂါးမင်းသမီးမှန်း သိရှိကြသည်။

ခန်းမဆောင်ထဲတွင် ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက် ခန့်ညားစွာ ထိုင်နေ၏။ သူမက နဂါးဧကရီ 'ရန်ကျင်း' ပင် ဖြစ်သည်။

လုန်ယွိက ရန်ကျင်းကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…

"အမေ…"

ဟု နှုတ်ဆက်လိုက်သည်။

ကျန်းလန်ကလည်း ရိုသေလေးစားစွာဖြင့်ပင်…

"နဂါးဧကရီကို နှုတ်ဆက်ပါတယ်"

သူမ၏ ကျင့်ကြံခြင်းအဆင့် မည်မျှရှိသည်ကို ကျန်းလန် မသိမြင်နိုင်ပေ။

မိုးကောင်းကင်အင်မော်တယ်ထက် အဆင့်မြင့်မားသူတစ်ယောက်ဖြစ်နိုင်ပြီး အလွန်တရာ တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်သည်။

"ငါက မင်းတို့ (၂)ယောက်ကို အနှောက်အယှက်ပေးသလိုတော့ မဖြစ်ဘူးမဟုတ်လား"

ရန်ကျင်းက ကျန်းလန်နှင့် လုန်ယွိကိုကြည့်ရင်း နူးညံ့သည့်လေသံဖြင့် ဆိုသည်။

သူမမျက်နှာထက်တွင်လည်း ညင်သာသည့် အပြုံးရိပ်များ ယှက်သမ်းလျှက် ရှိသည်။

"မဖြစ်ပါဘူးဗျာ"

ကျန်းလန်က ပြောလိုက်သည်။

လုန်ယွိကတော့ ကျန်းလန်၏နံဘေးတွင် ခေါင်းငုံ့လျှက် ရှိလေသည်။

ရန်ကျင်းက…

"ထိုင်ကြပါ"

ကျန်းလန်နှင့်လုန်ယွိက ဘေးဘက်တွင်ထိုင်လိုက်ကြပြီး မည်သည့်စကားမှ မပြောကြပေ။

ရန်ကျင်းက သူတို့ (၂)ယောက်ကို ကြည့်လိုက်ရင်း…

"ဒါနဲ့ လက်ထပ်ပြီးရင် မင်းတို့ ဘယ်လိုနေထိုင်ကြဖို့ စိတ်ကူးထားလဲ"

လုန်ယွိက ခေါင်းသာခါယမ်းပြလိုက်ပြီး တိတ်ဆိတ်နေဆဲပင်။

သူမ တကယ်လည်း အဖြေမပေးတတ်ပေ။ သူမနှင့်ကျန်းလန် လက်ထပ်ပြီးလျှင် မည်သို့ နေထိုင်ရမည်ကို သူမ တွေးမထားခဲ့ပေ။

ကျန်းလန်ကတော့ လက်ထပ်ပြီးလျှင်လည်း ဒီအတိုင်းပင် ဆက်ပြီးနေထိုင်သွားမည်ဟု တွေးထားသည်။ လုန်ယွိက ကျောက်စိမ်းရေကန်နှင့် နဝမတောင်ထွတ် အသွားအပြန်လုပ်နေမည်ဖြစ်ပြီး သူသည်လည်း ဆက်လက်ကျင့်ကြံနေမည် ဖြစ်သည်။

လုန်ယွိက ကျောက်စိမ်းရေကန်သို့ မပြန်လိုလျှင် နာမ်ဝိညာဉ်ခြံဝန်းထဲတွင် နေထိုင်နိုင်လေသည်။ သို့မှသာ မရဏအငွေ့အသက်များ သူမကို ထိခိုက်ခြင်းမှ ကင်းဝေးမည် ဖြစ်သည်။

ရန်ကျင်းက ကျန်းလန်နှင့် လုန်ယွိကို ကြည့်လိုက်ပြီး ရင်းနှီးခင်မင်သည့်လေသံဖြင့်…

"လက်မထပ်ခင် နဂါးနန်းတော်ကို အလည်အပတ် တစ်ခေါက်လောက်လာကြဖို့ မစဉ်းစားမိကြဘူးလား ၊ တကယ်တော့ မင်းတို့တွေရောက်လာရင် နေထိုင်ဖို့ နေရာတွေတောင် ပြင်ဆင်ထားပြီးသားပါ"

ထိုစကားကြားသည့်အခါ ကျန်းလန် ချက်ချင်း သတိအနေအထား ဖြစ်သွားသည်။

"နဂါးမျိုးနွယ်များဆီ သွားရောက်ရမည်တဲ့လား"

နဂါးတိုင်းပြည်က ခွန်လွန်တောင်နှင့် မတူညီပေ။

နဂါးမျိုးနွယ်များက သူ့အပေါ် မကျေနပ်ချက်များကို ဖုံးကွယ်ထားကြမည်ဆိုလျှင် မည်သို့ရှိမည်နည်း။

ကျန်းလန်က ချက်ချင်းပင် ရန်ကျင်းကို ဦးညွှတ်လိုက်ပြီး တောင်းပန်စကားဆိုလိုက်သည်။

"ဒီလိုဆိုရင်တော့ ကျွန်တော်တို့က နဂါးဧကရီကို စိတ်ပျက်စေမိပါပြီ"

သူတို့ နဂါးနန်းတော်သို့ လိုက်ပါနိုင်မည် မဟုတ်ပေ။ မလိုက်ပါနိုင်ရသည့် အကြောင်းပြချက်အတိအကျကိုတော့ ကျန်းလန်က ရှင်းပြမနေတော့ပေ။

ရန်ကျင်းက နားလည်သည့်အနေဖြင့် ခေါင်းညိတ်လိုက်ရင်း…

"ဒီလိုပဲပြောမယ်လို့ မျှော်လင့်ထားပြီးသားပါလေ ၊ လုန်ယွိကလည်း ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတော့ စိတ်ရှိတိုင်းလည်း ကျောက်စိမ်းရေကန်က ထွက်ခွာလို့ မရနိုင်ဘူး မဟုတ်လား"

ကျန်းလန်နှင့် လုန်ယွိက မည်သည့်စကားမှ မပြောဘဲ ခေါင်းညိတ်ပြလိုက်ကြသည်။

ရန်ကျင်းက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်…

"သြော်… ဒါနဲ့ ၊ လုန်ယွိမွေးတုန်းက သူနဲ့အတူ မှော်ဝင်ပစ္စည်းတစ်ခုလည်း အတူတူပါလာခဲ့တယ် ၊ သူ ခွန်လွန်တောင်ကို သွားတော့ အဲဒီမှော်ဝင်ပစ္စည်းက နဂါးနန်းတော်မှာ ကျန်ခဲ့တယ်လေ ၊ အဲဒီပစ္စည်းက လုန်ယွိကံတရားအတိုင်း ရရှိလာတဲ့ပစ္စည်းဆိုတော့ ကိုယ်တိုင်လိုက်ယူစေချင်ပေမယ့် သမီးက ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတော့ ခွန်လွန်တောင်အပြင်ဘက်ကို သွားလို့မရနိုင်ဘူး"

သူမက ကျန်းလန်ကို လှမ်းကြည့်လိုက်ပြီး…

"ဒီတော့ မင်းက သမီးရဲ့ ခင်ပွန်းလောင်းအနေနဲ့ အဲဒီမှော်ဝင်ပစ္စည်းကို သမီးလေးကိုယ်စား လိုက်ယူပေးပါလား"

စကားခဏနားပြီးနောက် ရန်ကျင်းက သိမ်မွေ့သည့်လေသံဖြင့် ဆက်ပြောသည်။

"လုန်မန် ပြောတာတော့ မင်းနဲ့သူနဲ့က အတော်လေး ခင်မင်ကြတယ်တဲ့လေ ၊ ဒီတော့ မင်း နဂါးနန်းတော်ကိုလာမယ်ဆိုရင် လုန်မန်ကို လိုက်ပို့ခိုင်းလိုက်မယ် ၊ ရက်သိပ်မကြာပါဘူး ၊ ခဏတဖြုတ်လောက်ပါပဲ"

ကျန်းလန် ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

နဂါးဧကရီ၏ အကြံအစီကိုလည်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။

လုန်ယွိ မလိုက်နိုင်လျှင်တောင်မှ ကျန်းလန်က နဂါးနန်းတော်သို့ သွားရောက်ရမည်ဖြစ်ပြီး လုန်မန်က သူ့ကို အဖော်ပြုကာ လိုက်ပို့ပေးမည် ဖြစ်သည်။

ဤအကြံအစီအားလုံးက လုန်မန်ကို ပြန်ခေါ်ရန်အတွက် ဦးတည်ခြင် ဖြစ်၏။

အမှန်တော့ လုန်ယွိမွေးဖွားစဉ်က သူမနှင့်အတူပါလာသည့် မှော်ဝင်ပစ္စည်းဆိုသည်မှာ တကယ် ရှိ မရှိ မသိနိုင်ပေ။ ထိုပစ္စည်းတကယ်မရှိလျှင်လည်း နဂါးမျိုးနွယ်များဘက်မှ လုပ်ဇာတ်ခင်း၍ ရလေသည်။

ချက်ချင်းပင် ယနေ့မနက်က ဆရာပြောခဲ့သည့်စကားများကို ကျန်းလန် နားလည်သွားသည်။

နဂါးဧကရီနှင့်တွေ့ဆုံရာတွင် သူ့အနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ပြီး မည်သည့်အရာကိုမှ အရေးစိုက်စရာမလိုဘဲ နဂါးဧကရီမေးသည့် မေးခွန်းများကို ဖြေကြားခဲ့ရန် ဆရာဖြစ်သူက မှာကြားလိုက်သည်။

သူသာ နဂါးဧကရီ၏စကားကို သဘောတူလိုက်မည်ဆိုပါက သူ့ကို နဂါးတိုင်းပြည်သို့ လိုက်ပို့ရန်အကြောင်းပြချက်ဖြင့် လုန်မန်ကို ခွန်လွန်တောင်မှ အလွယ်တကူ ခေါ်ထုတ်သွားနိုင်မည် ဖြစ်သည်။

ဆရာဖြစ်သူ မော့ကျန်းသုန့်၏ စိတ်ထားကတော့ တကယ့်ကို ဖြောင့်မတ်လွန်းသည်။

သို့သော် သူသာ နဂါးဧကရီ၏စကားကို သဘောတူလိုက်ပြီး လုန်မန်နှင့်အတူ နဂါးတိုင်းပြည်သို့ လိုက်သွားမည်ဆိုပါက အခြားတောင်သခင်များကရော သဘောတူပါမည်လား။

***

ခွန်လွန်တောင် အဓိကခန်းမဆောင်။

ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းက…

"နဂါးဧကရီက ကျန်းလန်ကို တွေ့ချင်တယ်ဆိုတာ သေချာပေါက် ရည်ရွယ်တစ်ခုခု ရှိရမယ်"

မြောင်ယွဲ့က …

"သေချာတာပေါ့ ၊ ဒါပေမဲ့…"

သူမက ထောင့်တစ်ထောင့်တွင်ထိုင်နေသည့် မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်သည်။

"ဂိုဏ်းတူအစ်ကိုမော့ကျန်းသုန့်က ဘယ်ကိစ္စမဆို ကျန်းလန်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ ပြောလိုက်ပုံတယ်"

ကျိုးကျုန်းထျန်းက…

"ဒါဖြင့် ကျန်းလန်တော့ နဂါးမျိုးနွယ်တွေ အသုံးချတာ ခံရတော့မှာပေါ့"

သို့သော် မည်သူမှ မော့ကျန်းသုန့်ကို အပြစ်မတင်ကြပေ။

မြောင်ယွဲ့က ရယ်သံစွက်လျှက်ဖြင့်…

"ရန်ကျင်းက နဂါးတိုင်းပြည်ကို လိုက်ခဲ့ဖို့ ကျန်းလန်ကို ဖိတ်ခေါ်မှာပဲလေ ၊ ဒီတော့ ကျန်းလန်က လိုက်သွားဖို့ သဘောတူမယ်ဆိုရင်လည်း ကျွန်မတို့က ဘာတတ်နိုင်မှာလဲ ၊ ဒါပေမဲ့…"

သူမက တောင်သခင်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး…

"ကျန်းလန်က အရမ်းဉာဏ်ကောင်းတယ် ၊ သူ ဉာဏ်မကောင်းလို့ ငတုံးဖြစ်နေရင်လည်း ကျွန်မတို့အတွက် ဘာပြဿနာမှ မရှိဘူး ၊ ဘာလို့လဲဆိုတော့ ဒီနှစ်တွေတစ်လျှောက်လုံး ခွန်လွန်တောင်က တစ်ဖဝါးမှ မခွာတဲ့ ကျန်းလန်က နဂါးတိုင်းပြည်ကို တစ်ယောက်တည်းလိုက်သွားမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား… အဟက်"

ထောင့်တစ်ထောင်းတွင် ငြိမ်နေသည့် မော့ကျန်းသုန့် : "……"

လျိုကျင်းက…

"ဒါဖြင့်လည်း တခြားကိစ္စ ဆက်ဆွေးနွေးကြတာပေါ့"

ထို့နောက် သူက စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီး…

"ဒီစာအုပ်က အရှေ့တံတားအောက်မှာ တွေ့ခဲ့တဲ့စာအုပ်ပဲ ၊ ကြည့်ရတာ နတ်မိစ္ဆာတွေ ပို့ထားတာ ဖြစ်နိုင်တယ် ၊ စာအုပ်ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေကို စစ်ဆေးကြည့်တော့ ကျုပ်တို့ခွန်လွန်တောင်ရဲ့ အကြောင်းတွေကို ဟုတ်တာတွေရော ၊ မဟုတ်တာတွေရော လျှောက်ရေးထားတယ် ၊ ကြည့်ရတာ သူတို့က ဟို လူထူးလူဆန်းကို ထောင်ချောက်ဆင်တာပဲ ဖြစ်ရမယ်"

ပထမတောင်ထွတ်၏တောင်သခင် ဖုန်းယီရှောက်က…

"သူတို့က အဲဒီလူထူးလူဆန်းကို ဒီစာအုပ်ပေးပြီး ခွန်လွန်တောင်က သံသယဝင်သွားအောင် လုပ်ချင်တာလေ"

အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။ ဤသည်က အမှန်ပဲ ဖြစ်၏။

သို့သော် လူထူးလူဆန်း၏ အပြုအမူက သူတို့ကို အံ့အားသင့်စေခဲ့ရုံသာမက ဧကရာဇ်ရှီးဟယ်ကိုပင် အတော်လေး အံ့အားသင့်သွားစေခဲ့သည်။

ထိုသူက ဧကရာဇ်ရှီးဟယ်ထံသို့ တိုက်ရိုက်ဆက်သွယ်သတင်းပို့ခဲ့သည် မဟုတ်ပါလား။

'လက်သီးနတ်ဘုရား' ဆိုသူက လေးစားစရာပင်။

လျိုကျင်းက…

"အရေးထဲ မြေအောက်နတ်ဆိုးတွေကလည်း ပြဿနာ ရှာသေးတယ်လေ ၊ တောအုပ်တစ်ခုလုံး သွေးနီရောင်ပြောင်းသွားတာ အဲဒီလူထူးလူဆန်း လက်ချက်ပဲ မဟုတ်လား"

သူက ဆက်ပြောသည်။

"လက်ကျန်တွေကိုဖမ်းပြီး စစ်ဆေးတော့ သူတို့က ကျုပ်တို့ခွန်လွန်တောင်နဲ့ နတ်လူသားမျိုးနွယ်တွေကို ရန်တိုက်ပေးချင်တာဆိုပဲ"

မြောင်ယွဲ့က သိမ်မွေ့သည့်လေသံဖြင့်…

"ကြည့်ရတာ အလယ်ပိုင်းလွင်ပြင်ဒေသမှာ သူတို့တွေ ခြေကုပ်မယူနိုင်ကြဘူးထင်တယ် ၊ ဒါနဲ့ပဲ ကျွန်မတို့ကိုပါ တိုက်ပွဲထဲ ဆွဲသွင်းချင်နေကြတယ်"

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း…

"ကျုပ် စုံစမ်းပြီးပြီ ၊ ခွန်လွန်တောင်ပတ်ဝန်းကျင်မှာရှိတဲ့ မြေအောက်နတ်ဆိုးတွေထဲမှာ တန်ခိုးစွမ်းအားမြင့်မားတဲ့သူ တစ်ယောက်မှ မရှိဘူး ၊ အဲဒီကိစ္စ အဋ္ဌမတောင်ထွတ်က ကျုပ်တပည့်တွေကို ရှင်းခိုင်းလိုက်မယ်"

မြောင်ယွဲ့က ရယ်မောလိုက်ရင်း…

"ကောင်းပြီလေ"

ခဏနားပြီးမှ သူမက စကားဆက်ပြောသည်။

"အဲဒီ နတ်ဆိုးတွေက တပည့်ရင်းတွေကို ပစ်မှတ်ထားနေတယ်လို့ ဒုတိယတောင်ထွတ်က စုံစမ်းသိရှိရတယ်လို့ ပြောတယ် ၊ ဆိုတော့ သူတို့တွေ အဲဒီလူထူးလူဆန်းနဲ့ တွေ့ကြတာဟာ အမှတ်မထင် ဆုံတွေ့တာတော့ မဖြစ်နိုင်ဘူး ၊ ဒုတိယတောင်ထွတ်က သတင်းသာမှန်ရင် အဲဒါက အဓိပ္ပါယ်တစ်ခု ရှိနေတယ်"

တောင်သခင်အားလုံးက မြောင်ယွဲ့ ကို လှမ်းကြည့်လိုက်ကြပြီး သူမ ဘာပြောမည်ကို စောင့်နေကြသည်။

မြောင်ယွဲ့က…

"အဲဒီ လူထူးလူဆန်းဟာ သေချာပေါက် တပည့်ရင်းတစ်ယောက်ပဲ ဖြစ်ရမယ်"

All Chapters