← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

​အခန်း (၁၅) - သာမန်လူတွေက အရှင်နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ

​

ယူလုံချန်းသည် အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။

​မကြာမီမှာပင် လူရိပ်တစ်ခုသည် ဖန့်ချန် ၏ ဘေးတွင် တိတ်ဆိတ်စွာ ပေါ်လာသည်။

​ထိုသူမှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ မျက်မှောင်များမှာ အနည်းငယ် ကြုတ်နေပြီး စိုးရိမ်ပူပန်နေပုံရသည်။

သူမသည် ဖန့်ချန်၏ အနောက်သို့ လှမ်းသွားကာ လက်ကိုဆန့်ထုတ်၍ သူ၏ ပုခုံးများကို စတင်နှိပ်နယ်ပေးလေသည်။

​"အရှင် ရဲ့ချင်ဟဲ က ရှောင်းအန်း ကို ဝှက်ထားပေးတယ်။ သူက ရှောင်းအန်းကို ချင်စုန်းအင်ပါယာရဲ့ ဒေါသကို ပြေလျော့စေမယ့် အသုံးချပစ္စည်းတစ်ခုအဖြစ် သုံးဖို့ စီစဉ်နေပုံရတယ်"

"ပြီးတော့ ဒီကိစ္စကို သုံးပြီး အရှင့်ကိုလည်း ဒုက္ခပေးဖို့ ကြံစည်နေတယ်"

​"မင်းကိုယ်တိုင် လာစရာမလိုပါဘူး ဒီသတင်းကို ငါကြားထားတာ ကြာပါပြီ ဒါနဲ့ မဟာရှရဲ့ ပြည်သူတွေသာ မင်းကို ငါနဲ့အတူတူ တွေ့သွားရင် သူတို့ရဲ့ အကြည့်တွေနဲ့တင် ငါ့ကို အပိုင်းပိုင်း ဆွဲဖြတ်ကြလိမ့်မယ်"

ဟု ဖန့်ချန်က ရယ်မောရင်း ပြောလိုက်သည်။

​အမျိုးသမီး၏ မျက်နှာပေါ်တွင် ရှက်သွေးဖြန်းသွားသည်။

"ဘာတွေ ပြောနေတာလဲ အရှင်ရယ်"

​"နတ်သမီးယွီ မင်းကို စွဲလမ်းနေတဲ့သူတွေသာ တန်းစီလိုက်ရင် ဒီကနေ ချင်စုန်းက ရှောင်းမိသားစုအိမ်အထိတောင် ရောက်သွားနိုင်တယ်"

ဟု ဖန့်ချန်က နောက်ပြောင်လိုက်သည်။

​"အရှင်ရယ် အဲဒီသာမန်လူတွေကို အရှင်နဲ့ ဘယ်လိုလုပ် သွားယှဉ်လို့ ရမှာလဲ"

နတ်သမီးယွီက နှာခေါင်းရှုံ့လိုက်သည်။

"အရှင် ထျယ်မ တောင် ပြန်ခွင့်ရပြီ ကျွန်မရဲ့ တာဝန်ကရော ဘယ်တော့မှ ပြီးမှာလဲ အရေးကြီးဆုံးက ကျွန်မ အရှင့်ဘေးကို ဘယ်တော့ ပြန်လာရမှာလဲ"

​"အဲဒီ နှာဘူးကောင်တွေကို ပြုံးပြပြီး ဟန်ဆောင်နေရတာထက်စာရင် အရှင့်ရဲ့ အစေခံလုပ်ပြီး ကြောနှိပ်ပေးတာ၊ ခြေထောက်ဆေးပေးတာကမှ ပိုကောင်းဦးမယ်"

​"အဲဒီနေ့ ရောက်ဖို့ မဝေးတော့ပါဘူး"

ဖန့်ချန်က ပြုံးလျက် သူမအား ဝိရဇိန် အဆောင် နှင့် ခွန်အား အဆောင် တစ်ခုစီ ကမ်းပေးလိုက်သည်။

"မင်းရဲ့ ကျင့်ကြံခြင်းက ချီပေါက်ကွဲခြင်းနယ်ပယ်ကို မရောက်သေးဘူး ဒီလို မငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာ အန္တရာယ်နဲ့ တွေ့ရင် မင်းရဲ့ အတွင်းချီ ကို ဒီအဆောင်တွေထဲ ထည့်သွင်းလိုက်ပါ ဒါက မင်းရဲ့ အင်အားကို အဆမတန် တိုးလာစေလိမ့်မယ်။"

​ပုံမှန်အားဖြင့် သိုင်းပညာရှင်တစ်ဦး၏ အတွင်းချီသည် အဆောင်များကို အသက်မသွင်းနိုင်သော်လည်း၊ ဖန့်ချန်သည် ၎င်းတို့အတွင်းသို့ မိမိ၏ ဝိညာဉ်ချီကို ကြိုတင်ထည့်သွင်းထားသောကြောင့် အခြားသူများအနေဖြင့် ၎င်းတို့၏ အတွင်းချီဖြင့် အသုံးပြုနိုင်ခြင်းဖြစ်သည်။

​"ဒါက ဘာလဲ"

နတ်သမီးယွီ၏ မျက်လုံးများမှာ စူးစမ်းလိုစိတ်ဖြင့် တောက်ပသွားသည်။

​"ဒါတွေက အဆောင်တွေပါ အခု ငါ့ရဲ့ ကျင့်ကြံခြင်းက အောင်မြင်မှုအချို့ ရနေပြီဆိုတော့ ဒါက လမ်းစဉ်အသစ်တစ်ခုပေါ့"

ဟု ဖန့်ချန်က ပြုံးကာ ပြောလိုက်သည်။ ရုတ်တရက် သူ၏ အပြုံးများ ပျောက်ကွယ်သွားပြီး ခဏမျှ တိတ်သွားသည်။

"တစ်ယောက်ယောက် လာနေပြီ မင်း သွားတော့"

​"ကောင်းပါပြီ ကျွန်မ သွားတော့မယ်"

နတ်သမီးယွီသည် အဆောင် များကို သိမ်းဆည်းကာ တိတ်ဆိတ်စွာ ထွက်ခွာသွားသည် သူမ၏ ကျင့်ကြံခြင်း အဆင့်အတန်း နိမ့်သော်လည်း ကိုယ်ဟန်ပြောင်းလဲမှု မှာမူ ထူးကဲလှသည်။

​အဝေးမှနေ၍ ရွှယ်ကော သည် ဝှီးချဲကို တွန်းရင်း ချဉ်းကပ်လာသည်။

​နေမင်း တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ လာရောက်ကြည့်ရှုသူ လူအုပ်ကြီးမှာလည်း တဖြည်းဖြည်း များပြားလာသည်။

ဖန့်ချန်သည် အပျက်အစီးများကြားတွင် ရှိနေဆဲဖြစ်သည်ကို မြင်သောအခါ လူများက ဇဝေဇဝါ ဖြစ်နေကြသည်။

​"ဖန့်အာ မင်း ဘယ်သူ့ကို စောင့်နေတာလဲ"

ဖန့်ချန်၏ ဦးလေးဖြစ်သူ ဖန့်ချန်းယူ က ခပ်ပြုံးပြုံး မေးလိုက်သည်။

​မနေ့က မိဖုရားခေါင်ကြီးသည် ဖန့်အိမ်တော်သို့ ရောက်ရှိလာခဲ့ပြီး ဖန့်ချန်၏ ကျင့်ကြံခြင်း ပြန်လည်ကောင်းမွန်လာသည့် အကြောင်းကို မိသားစုတစ်ခုလုံး သိရှိသွားကြပြီဖြစ်သည်။

သူသည် နတ်သမီးရှောင်းကိုပင် မြို့တော်မှ မောင်းထုတ်နိုင်ခဲ့သည် မဟုတ်ပါလား

​ထို့ပြင် ဖန့်ချန်သည် မြို့ထဲရှိ ချင်စုန်းသိုင်းပညာရှင် အားလုံးကို ရှင်းလင်းသည့် စစ်ဆင်ရေးကို ဦးဆောင်နေကြောင်း သိထားကြသဖြင့် ဖန့်မိသားစုမှာ တစ်ညလုံး အလုပ်ရှုပ်နေခဲ့ကြသည်။

ဖန့်ချန်းယူ သည်လည်း အိမ်ပြန်ရန် အချိန်မရှိခဲ့ပေ။ အလုပ်ပြီးသွားချိန်တွင်မူ သူသည် ရွှယ်ကောကို သူ့အား ဖန့်ချန်ရှိရာသို့ ခေါ်သွားပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

​"ရွှယ်ကော ဘာလို့ ဒုတိယဦးလေးကို ဒီကို ခေါ်လာတာလဲ"

ဖန့်ချန် မျက်မှောင်ကြုတ်သွားသည်။

"သူ့ကို အိမ်တော်ကို ပြန်ပို့လိုက်"

​"ဟုတ်ကဲ့"

ရွှယ်ကောသည် စကားတစ်ခွန်းမှ ထပ်မပြောဘဲ လှည့်ထွက်ကာ ဖန့်ချန်းယူကို တွန်း၍ ပြန်ခေါ်သွားတော့သည်။

​“နေဦးလေ”

ဖန့်ချန်းယူက ရပ်ရန် အော်ဟစ်သော်လည်း ရွှယ်ကောမှာ ဖန့်ချန်၏ စကားကိုသာ နားထောင်သူ ဖြစ်သည်။

​"ဖန့်အာ ငါ့စကား ဆုံးအောင် အရင်နားထောင်ပါဦး"

ဟု ဖန့်ချန်းယူက အော်ဟစ်လိုက်သည်။

​"ခဏနေဦး ရွှယ်ကော"

ဖန့်ချန်၏ စကားကြောင့် ရွှယ်ကော ချက်ချင်း ရပ်တန့်သွားကာ ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။

ဖန့်ချန်က သူ၏ ဦးလေးမျက်နှာကို ကြည့်ကာ

"ဟုတ်ကဲ့ ဒုတိယဦးလေး ပြောပါဦး" ဟု ဆိုသည်။

​"ငါ့မှာ မဟာတောက်ပမှုဗျူရို နဲ့ အဆက်အသွယ်တွေ ရှိတယ် အရင်က ငါ အဲဒီမှာ အလုပ်လုပ်ခဲ့တာပဲ မဟာတောက်ပမှုဗျူရိုက လူတွေ ရောက်လာတဲ့အထိ ငါ မင်းနဲ့အတူ စောင့်ပေးမယ်"

ဟု ဖန့်ချန်းယူက လေးနက်သော အသံဖြင့် ပြောသည်။

"ငါ ဒီမှာ ရှိနေသရွေ့ သူတို့တွေ ရမ်းကားရဲမှာ မဟုတ်ဘူး"

​သူသည် ဖန့်ချန် မည်သူ့ကို စောင့်နေသည်ကို သိထားသည်ဟု ယုံကြည်နေသည်။

​ယခုဖြစ်ရပ်နောက်ပိုင်း နန်းတော်အတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ တုံ့ပြန်မှုများ မရှိသေးသော်လည်း တိတ်တဆိတ် အားပြိုင်မှုများမှာ စတင်နေပြီ ဖြစ်သည်။

​ဖန့်ချန်မှာမူ အားလုံး၏ အာရုံစိုက်မှုကို ခံနေရမည်မှာ အသေအချာပင်။

​"ရွှယ်ကော ဒုတိယဦးလေးကို အိမ်ပြန်ပို့လိုက်ပါ"

ဖန့်ချန်က အေးအေးဆေးဆေးပင် ပြုံးကာ ပြောလိုက်သည်။

​ဖန့်ချန်းယူမှာ တူဖြစ်သူ၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားတော့သည်။

သို့သော် သူ မည်မျှပင် ဆဲဆိုအော်ဟစ်နေပါစေ ရွှယ်ကောမှာမူ နားမကြားချင်ယောင်ဆောင်ကာ သူ့ကို တွန်းထုတ်သွားတော့သည်။

​မကြာမီမှာပင် မဟာတောက်ပမှုဗျူရိုမှ အင်အားစုများ ရောက်ရှိလာပြီး ပျက်စီးနေသော ချင်စုန်းအဆင့်မြင့်သိုင်းသင်တန်းကျောင်းကို ဝိုင်းရံလိုက်ကြသည်။

​အနက်ရောင် ဝတ်စုံဝတ်ကာ ဓားများ ကိုင်ဆောင်ထားသော အစောင့်အကြပ်များ အစီအရီ ရပ်နေကြသည်။ ဗျူရိုမှ အရာရှိတစ်ဦးသည် အစောင့်အချို့နှင့်အတူ ဖန့်ချန်ထံသို့ ချဉ်းကပ်လာသည်။

​အရာရှိက ရိုသေစွာ ဦးညွှတ်လိုက်သည်။

"စစ်သူကြီးဖန့်"

​"ဒါက ငါ့ဆီမှာ ရှိတဲ့ စာရင်းပဲ ဒီမှာပါတဲ့ နာမည်တိုင်းဟာ သေပြီးသား လူတွေရဲ့ နာမည်တွေပဲ မင်းတို့ ဘာသာပဲ စစ်ဆေးကြည့်လိုက်တော့"

ဖန့်ချန်က သူ အဆောင် လုပ်ရင်း အားလပ်ချိန်တွင် ရေးထားသော စာရွက်ကို ကမ်းပေးလိုက်သည်။

​ထျယ်မ၏ နာမည်ကိုမူ စာရင်းမှ ပယ်ဖျက်ထားသည်။

​မဟာတောက်ပမှုဗျူရိုမှ အရာရှိသည် စာရင်းကို ကြည့်လိုက်ရာ မျက်နှာမှာ သွေးဆုတ်သွားပြီး သူ့ဘေးရှိ အစောင့်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ဖန့်ချန်ကို လေးစားကြောက်ရွံ့သော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

​"ချင်စုန်းအင်ပါယာက သိုင်းပညာရှင် တစ်ထောင်ထဲမှာ တစ်ယောက်ပဲ အသက်ရှင်ကျန်တော့တာလား"

အရာရှိက ခါးသက်စွာ ရယ်မောလိုက်သည်။

"စစ်သူကြီးဖန့် ကျွန်တော့်ကို ခက်အောင် လုပ်နေပြီပဲ ကျွန်တော့်မှာ စစ်သူကြီးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့အတွက် မဟာတောက်ပမှုဗျူရိုကို ခေါ်သွားရမယ်ဆိုတဲ့ အမိန့် ရှိပါတယ်"

​မဟာတောက်ပမှုဗျူရို ဆိုသည်မှာ မဟာရှ၏ တရားရေးဌာနဖြစ်ပြီး တရားရေးဝန်ကြီးဌာနနှင့် မရောထွေးသင့်ပေ။

ထိုဗျူရိုသည် ရာထူးကြီးသူများကိုသာ သီးသန့်ကိုင်တွယ်ခြင်း ဖြစ်သည်။ ဗျူရို၏ အကြီးအကဲကို အမြဲတမ်း နန်းတွင်းမိသားစုထဲမှသာ ရွေးချယ်လေ့ရှိသည်။

​လက်ရှိ မဟာတောက်ပမှုဗျူရို၏ အကြီးအကဲမှာ လက်ရှိ မဟာရှဧကရာဇ်၏ ညီတော် ပဉ္စမမြောက်မင်းသား ပင် ဖြစ်သည်။

​"သတ်ဖို့ လူတစ်ယောက် ကျန်သေးတယ်"

ဖန့်ချန်က အေးအေးဆေးဆေး ပြုံးလိုက်သည်။

"သူ သေသွားပြီးတာနဲ့ မင်းတို့နောက်ကို လိုက်ခဲ့ပါ့မယ်"

​အရာရှိမှာ မတတ်သာဘဲ ရယ်လိုက်မိသည်။

"စစ်သူကြီးဖန့်ရယ် ကျွန်တော့်ကို ဒီထက်ပိုပြီး အကျပ်မရိုက်ပါနဲ့တော့ ဒီနေ့ စစ်သူကြီးကို ဖမ်းမသွားနိုင်ရင် ကျွန်တော်ပဲ တာဝန်ခံရမှာပါ"

​ဖန့်ချန်က ခပ်ဖွဖွ ရယ်ကာ

"ဗျူရိုအကြီးအကဲက အချိန်အတိအကျ သတ်မှတ်ပေးလိုက်လို့လား"

ဟု မေးလိုက်သည်။

​"အဲဒါက..."

အရာရှိမှာ အနည်းငယ် ကြောင်သွားသည်။ ပြန်စဉ်းစားကြည့်တော့လည်း ထိုသို့ အချိန်ကန့်သတ်ချက် မပါရှိပေ။

​"သူ ဘာမှ မပြောဘူး မဟုတ်လား ကောင်းပြီ ဒီနေ့ မကုန်ခင် ငါ မင်းတို့နဲ့အတူ ပြန်လိုက်ခဲ့မယ် ငါ ထွက်ပြေးမှာ စိုးရိမ်ရင်တော့ ငါ့နောက်က လိုက်ခဲ့နိုင်ပါတယ်"

ဖန့်ချန်သည် မတ်တပ်ရပ်ကာ ထွက်ခွာသွားတော့သည်။

​"အခု... အခု ဘာဆက်လုပ်ကြမလဲ"

ဟု အစောင့်တစ်ဦးက ဖန့်ချန်၏ ကျောပြင်ကို ကြည့်ကာ တိုးတိုးလေး မေးသည်။

​"ငါကတော့ စစ်သူကြီးဖန့်ကို အတင်းအကျပ် ဖမ်းဖို့ မဝံ့ရဲဘူး ဒါပေမဲ့ သူကိစ္စပြီးရင် လိုက်ခဲ့မယ်လို့ ပြောတာပဲ သည်းခံပြီး စောင့်ကြည့်ရအောင်"

ဟု အရာရှိက တိုးတိုးလေး ပြန်ပြောလိုက်သည်။

​မကြာမီမှာပင် အစောင့်တစ်ဦးမှာ အပြေးအလွှား ရောက်လာသည်။

"ဆရာ မြို့စားမင်း လီရဲ့ သား လီဟွမ်လည်း ဒီသင်တန်းကျောင်းထဲမှာ ရှိနေခဲ့တာပါ သူလည်း အသတ်ခံလိုက်ရပြီ ထင်ပါတယ်"

​"ဒါက .. ကိစ္စတွေကို ပိုရှုပ်အောင် လုပ်လိုက်တာပဲ"

အရာရှိက ညည်းတွားလိုက်ရင်း ဖန့်ချန်နောက်သို့ အမီလိုက်ရန် လူများကို အမိန့်ပေးလိုက်သည်။

​သူတို့ ဖန့်ချန်နောက်သို့ လိုက်လေလေ ပတ်ဝန်းကျင်မှာ ရင်းနှီးလာလေလေ ဖြစ်သည်။

​ရုတ်တရက် ဖန့်ချန်သည် အိမ်တော်ကြီးတစ်ခု၏ တံခါးရှေ့တွင် ရပ်လိုက်သည်။

​"ဒါက...ဒါက စစ်ဝန်ကြီးရဲ့ အိမ်တော် မဟုတ်လား"

အရာရှိမှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

​သူ သတိပြန်ဝင်လာချိန်တွင် ဖန့်ချန်မှာ တံခါးကို ခေါက်နေပြီ ဖြစ်သည်။

​ထိုအချိန်တွင် အိမ်တော်အတွင်း၌ မိသားစုဝင်များ မနက်စာ စားနေကြပြီး စစ်ဝန်ကြီး ရဲ့တုံးမင် က ဝိုင်း၏ ထိပ်ဆုံးတွင် ထိုင်နေသည်။

ထမင်းစားလျှင် စကားမပြောရဟူသော စည်းကမ်းအတိုင်း အားလုံး တိတ်ဆိတ်စွာ စားနေကြသည်။

​"သခင်ကြီး... စ-စစ်သူကြီးဖန့် တံခါးဝကို ရောက်နေပါတယ်..."

အစေခံအိုကြီးတစ်ဦးမှာ အလွန်အမင်း ထိတ်လန့်နေပုံရကာ ခန်းမအတွင်းသို့ အပြေးအလွှား ဝင်လာသည်။

​‘ဂလောက်’

ပန်းကန်အချို့မှာ တိုက်မိသွားပြီး စားပွဲပေါ်ရှိ အစားအစာများပင် ဖိတ်စင်လုနီးပါး ဖြစ်သွားသည်။ အားလုံးက ရုတ်တရက် ရဲ့တုံးမင်ကို ဝိုင်းကြည့်လိုက်ကြသည်။

​ဖန့်ချန်က ဒီကို ဘာလာလုပ်တာလဲ သူ မနေ့ညက ချင်စုန်းသိုင်းပညာရှင်တွေကို လိုက်သတ်နေတာ မဟုတ်ဘူးလား ငါ့အိမ်တော်ကို လာစရာ အကြောင်းရင်း ရှိလို့လား အရင်က ကိစ္စတွေကြောင့်လား

​ရဲ့ချင်ဟဲက တည်ငြိမ်ယောင်ဆောင်ကာ သူ၏ဖခင် ရဲ့တုံးမင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"အဖေ ကျွန်တော်တို့ သူ့ကို သွားတွေ့ကြမလား"

​"သူ ဘာလို့ ဒီကို ရောက်လာတာလဲ"

ရဲ့တုံးမင် မျက်မှောင်ကြုတ်သွားသည်။ ခဏမျှ စဉ်းစားပြီးနောက် သူ မတ်တပ်ရပ်လိုက်သည်။

"ငါ အပြင်ထွက်ပြီး သွားကြည့်လိုက်မယ်"

​

​အခန်း (၁၆) - မရေတွက်နိုင်သော အတားအဆီးများ

​

"ဖန့်ချန် က စစ်ဝန်ကြီးရဲ့ အိမ်တော်ကို သွားတယ်ဟုတ်လား"

​"သူက လွန်ခဲ့တဲ့ နှစ်တွေက ကိစ္စအတွက် အငြိုးအတေး ထားနေတုန်းလား အဲဒီတုန်းက ကိစ္စအတွက် ရဲ့တုံးမင် ကို တကယ်တော့ အပြစ်တင်လို့ မရဘူး သူ့ရဲ့ လက်အောက်ငယ်သားက ဖန့်ချန်ရဲ့ စစ်ရိက္ခာတွေကို တခြားနေရာကို မှားပို့လိုက်လို့ ဖြစ်ခဲ့တဲ့ အမှားပဲလေ"

​"ဧကရာဇ်ဆီက အခုထိ ဘာသတင်းမှ မရသေးဘူးလား မဟာတောက်ပမှုဗျူရို က လူတွေက ဘာလို့ ဖန့်ချန်ကို အခုထိ ဖမ်းမသွားသေးတာလဲ "

​လက်ရှိတွင် မြို့တော်ရှိ အထက်တန်းလွှာများသည် ဖန့်ချန်၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေကြသည်။

အဖွဲ့အစည်း အသီးသီးသည် ဖန့်ချန်နှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းများကို ရရှိရန်အတွက် လူလွှတ်၍ စုံစမ်းနေကြသည်။

​

​စစ်ဝန်ကြီး၏ အိမ်တော်။

​အိမ်တော်၏ တံခါးကြီးများမှာ ဖြည်းဖြည်းချင်း ပွင့်လာပြီး ရဲ့တုံးမင်သည် သူ၏ မိသားစုဝင်များနှင့်အတူ ထွက်လာကာ ဖန့်ချန်ကို တည်ငြိမ်သော အမူရာဖြင့် တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

​"စစ်သူကြီးဖန့်က ရှောင်းအန်း ကို စစ်ဝန်ကြီးအိမ်တော်ထဲမှာ ဝှက်ထားတယ်လို့ သံသယဝင်နေတာလား"

မဟာတောက်ပမှုဗျူရိုမှ အရာရှိ၏ မျက်လုံးထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။

​ယုတ္တိဗေဒအရ ပြောရလျှင် စစ်ဝန်ကြီးအနေဖြင့် ချင်စုန်း မှ ကျန်ရှိနေသော သိုင်းပညာရှင်များကို ဝှက်ထားစရာ အကြောင်းမရှိပေ။

အကြောင်းမှာ ဖန့်ချန်က သူတို့ကို လိုက်လံနှိမ်နင်းနေခြင်း ဖြစ်သည်။

သူတို့ကို ခိုလှုံခွင့်ပေးခြင်းမှာ ကြီးမြတ်လှသော စစ်သူကြီးဖန့်ကို ဆန့်ကျင်ရန် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေလိမ့်မည်

​ဖန့်ချန်နှင့် ရဲ့တုံးမင်တို့သည် ခဏမျှ တိတ်ဆိတ်စွာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။

​ရဲ့တုံးမင်က စတင်၍ စကားပြောလိုက်သည်

"စစ်သူကြီးဖန့် မတွေ့ရတာ ကြာပြီပဲ စစ်သူကြီး ညီလာခံကို မတက်တော့ကတည်းက ကျွန်တော့်မှာ စစ်သူကြီးနဲ့ တွေ့ခွင့်မရခဲ့ဘူး ဒါပေမဲ့ မကြာခင်မှာ ညီလာခံမှာ ပြန်တွေ့ရတော့မှာပဲလေ ဒီနေ့ ကျွန်တော့်အိမ်တော်ကို လာရတဲ့ အကြောင်းရင်းလေး သိပါရစေ"

​ရဲ့မိသားစုဝင်များသည်လည်း ဖန့်ချန်ကို တိတ်ဆိတ်စွာ အကဲခတ်နေကြသည်။

​စစ်သူကြီးသည် အရင်က ကဲ့သို့ ထက်မြက်မှုနှင့် ခွန်အားများ ဆုံးရှုံးသွားပုံရသည်ကို သတိပြုမိသောအခါ သူတို့ သက်ပြင်းချလိုက်ကြသည်။

သူသည် အတိတ်က ပုံရိပ်ဟောင်းတစ်ခုမျှသာ ဖြစ်နေပြီး သူ၏ ရှေ့တွင် ရပ်နေရုံနှင့် ခံစားရတတ်သော ဖိအားမျိုးနှင့် ကြောက်ရွံ့မှုမျိုးမှာ မရှိတော့ပေ။

​"ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ညီလာခံကိစ္စတွေကို ငါ အကြိမ်ကြိမ် တွေးတောခဲ့ပြီးပြီ အခုကစပြီး အဲဒီကိစ္စတွေမှာ ငါ မပါဝင်တော့ဖို့ ဆုံးဖြတ်လိုက်တယ်"

ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းရင်း ပြုံးလိုက်သည်

"ဒါကြောင့် နောင်မှာ ငါတို့ ညီလာခံမှာ တွေ့ရဖို့ မရှိတော့ဘူးလို့ ထင်တယ်"

​ဘာလဲ

လူတိုင်း၏ မျက်နှာပေါ်တွင် အံ့သြမှုများ ပေါ်လာသည်။

​ရဲ့မိသားစုဝင်များသာမက မဟာတောက်ပမှုဗျူရိုမှ လူများပါ မှင်တက်သွားကြသည်။

အနီးအနားတွင် ကြည့်နေကြသော သာမန်ပြည်သူများ၊ ပညာရှိများနှင့် သိုင်းပညာရှင်များအားလုံး သူပြောလိုက်သော စကားကြောင့် မယုံကြည်နိုင်ဖြစ်သွားကြသည်။

​စစ်သူကြီးဖန့်က ညီလာခံကိစ္စတွေမှာ ဝင်မပါတော့ဘူး ဟုတ်လား

​ဒါဆို သူ နောင်မှာ စစ်တပ်ကို ဦးဆောင်တော့မှာ မဟုတ်ဘူးလို့ ဆိုလိုတာလား

​ရဲ့ချင်ဟဲ သည် ဖန့်ချန်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း အသက်ရှူသံများ ပြင်းထန်လာသည်။

သူ ယခုအချိန်တွင် အလိုချင်ဆုံးအရာမှာ ဖန့်ချန် ပြောလိုက်သည့် စကား၏ အမှန်တရားကို အတည်ပြုရန်ပင်။

​"စစ်သူကြီးဖန့် ကျွန်တော့်ကို နောက်နေတာပဲ ဖြစ်ရမယ် အခု စစ်သူကြီးရဲ့ ကျင့်ကြံခြင်းက ပြန်ကောင်းလာပြီဆိုတော့ ချင်စုန်းအင်ပါယာရဲ့ လှုပ်ရှားမှုတွေကို တားဆီးဖို့အတွက် အရှင်မင်းကြီးက မကြာခင်မှာ စစ်သူကြီးကို စစ်တပ်တစ်ခု ပေးအပ်တော့မှာပါ"

ဟု ရဲ့တုံးမင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

​"မင်း အဲဒီလို ယုံကြည်နေတယ်ဆိုရင်လည်း ငါပြောတာတွေကို ဟာသတစ်ခုလိုပဲ သဘောထားလိုက်ပါ"

ဟု ဖန့်ချန်က ရယ်မောလိုက်သည်။

​ရဲ့တုံးမင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်

"ဒါဆို ဒီနေ့ ဘာကိစ္စနဲ့ လာတာလဲ စစ်သူကြီးဖန့်"

​"လူတစ်ယောက် လာရှာတာပါ မင်း သူ့ကို ငါ့လက်ထဲ အပ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ဟု ဖန့်ချန်က ဆိုသည်။

​လူတစ်ယောက် လာရှာတာ အပ်ပေးရမယ် ရဲ့တုံးမင်၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားသည်။ ကျန်ရှိနေသော လူများလည်း ထိုနည်းတူပင်။

​ရဲ့မိသားစုထဲမှာ ဖန့်ချန်ကိုယ်တိုင် လာရှာရလောက်အောင် အရေးကြီးတဲ့သူ ရှိလို့လား

​ထိုစကားကို ကြားလိုက်ရချိန်တွင် ရဲ့ချင်ဟဲ၏ မျက်လုံးများတွင်သာ ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသည်။

ရှောင်းအန်း ရဲ့အိမ်တော်မှာ ရှိနေတာကို ဖန့်ချန် သိနေတာကို သူ မယုံကြည်နိုင်ဖြစ်နေသည်။

​တစ်ယောက်ယောက်က သတင်းပေးလိုက်တာလား

​သူ့ဦးနှောက်ထဲတွင် အတွေးများစွာ လည်ပတ်နေပြီး စိတ်တိုမှုနှင့် သစ္စာဖောက်ခံရမှုတို့ကို ခံစားလာရသည်။ အဲဒီက ဖျော်ဖြေရေးမယ်တွေက သူ့နောက်ခံကို သိသိကြီးနဲ့ သတင်းဖြန့်ရဲမှာ မဟုတ်ဘူးလို့ သူ ယုံကြည်သည်။

ဒါဆို နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်၊ အဲဒါက သူ ဖိတ်ထားတဲ့ တခြားသခင်လေးတွေထဲက တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်။

​သူ တိတ်ဆိတ်စွာ စဉ်းစားနေရင်း တစ်ယောက်ပြီးတစ်ယောက် မျက်နှာများကို ဖော်ထုတ်နေမိသည်။

ဘယ်သူ ဖြစ်နိုင်မလဲ

​"စစ်သူကြီးဖန့် ကျွန်တော့်ရဲ့ ရဲ့အိမ်တော်မှာ စစ်သူကြီး စိတ်ဝင်စားလောက်တဲ့လူ ရှိလို့လား ဖြစ်နိုင်ရင် စစ်သူကြီး နေရာမှားလာတာ ထင်ပါရဲ့"

ဟု ရဲ့တုံးမင်က ပြုံးယောင်သန်းလျက် ပြောလိုက်ပြီး မဟာတောက်ပမှုဗျူရိုမှ အရာရှိကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

​"ရှောင်းထျန်းချီရဲ့ သား ရှောင်အန်းက အခု မင်းရဲ့ အိမ်တော်ထဲမှာ ရှိနေတယ် ဝန်ကြီးရဲ့ မင်း သူ့ကို ငါ့လက်ထဲ အပ်ပေးဖို့ပဲ လိုတယ်"

ဟု ဖန့်ချန်က ပြုံးလျက် ဆိုသည်။

​"ခဏလေး"

ရဲ့တုံးမင်၏ မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ပေါ်လာသည်

"ရှောင်းထျန်းချီရဲ့ သား ရှောင်းအန်း ဟုတ်လား စစ်သူကြီးဖန့် ကျေးဇူးပြုပြီး မနောက်ပါနဲ့ အထောက်အထား မရှိဘဲ လူတွေကို စွပ်စွဲလို့ မရဘူးလေ အဲဒီလို လူမျိုးကို ငါက ဘာလို့ ဝှက်ထားရမှာလဲ"

ဟု သူက ပြန်လှန် ချေပလိုက်သည်။

​အဲဒါက ချင်စုန်းအင်ပါယာက သိုင်းပညာရှင်တစ်ယောက်ပဲ ပိုဆိုးတာက သူက ချင်စုန်းအဆင့်မြင့်သိုင်းသင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး ရှောင်းထျန်းချီရဲ့ သားလေ

​သူက အဲဒီလို လူမျိုးကို ဧည့်ခံကျွေးမွေးနေတယ်ဆိုတဲ့ သတင်းသာ ပြန့်သွားရင် သူ့အပေါ် အပြစ်တင်စကားတွေ ရှိလာတော့မှာပဲ ဒါတင်မကဘူး သူ လမ်းပေါ်ထွက်တိုင်း တိုက်ခိုက်ခံရနိုင်ပြီး အင်ပါယာရဲ့ ပြည်သူတွေက သူ့ကို ကြက်ဥပုပ်တွေနဲ့ ဝိုင်းထုတာ ဒါမှမဟုတ် ခဲနဲ့ ဝိုင်းပေါက်ပြီး သတ်ပစ်ကြမှာ သေချာတယ်

​အမှန်တကယ်ပင် ဖန့်ချန်က ထိုစကားများကို ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တွင် ပြောဆိုသံများ ဆူညံသွားတော့သည်။

ပြည်သူများက လက်ညှိုးထိုးကာ တိုးတိုးတိုးတိုး ပြောနေကြပြီး၊ ပညာရှိများကလည်း သူတို့၏ ထင်မြင်ချက်များကို ပို၍ ကျယ်လောင်စွာ ပြောဆိုလာကြသည်။

ပိုဆိုးသည်မှာ သိုင်းပညာရှင်အချို့က အကျီင်္ လက်စများကို စတင် လိပ်တင်နေကြခြင်းပင်

​မဟာတောက်ပမှုဗျူရိုက လူတွေက ရှောင်းအန်းအတွက် ရောက်နေတာလား ဖန့်ချန်က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ငါ့ကို တကယ်ပဲ တိုင်တောထားတာလား။

ဒါပေမဲ့ သူ ငါ့ကို ဘာလို့ ဒီလိုလုပ်ရတာလဲ ရှောင်းအန်း ငါ့အိမ်မှာ ရှိတယ်လို့ သူ ဘာလို့ ပြောရတာလဲ... ရဲ့တုံးမင်၏ အတွေးများ ရှုပ်ထွေးနေသည်။

​ယခုအချိန်တွင် ရဲ့ချင်ဟဲ၏ အမူအရာမှာ စတင် ပျက်ယွင်းလာပြီး နဖူးပေါ်တွင် ချွေးများပြန်နေ လေသည်။

​ရှောင်းအန်း ရှိနေတဲ့နေရာကို ဖန့်ချန် ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ သူ ထင်ထားခဲ့တာ။

ဒါပေမဲ့ ဖန့်ချန်က တစ်ညတည်းနဲ့ သူ့အိမ်ရှေ့အထိ ရောက်လာခဲ့တယ် အခြေအနေက တကယ်ကို ဆိုးရွားသွားပြီဖြစ်ပြီး သူ ဒါကို ကိုင်တွယ်ဖို့ အဆင်သင့် မဖြစ်သေးပေ။

​"သခင်ကြီးရဲ့ ဒီကိစ္စကို မင်းရဲ့ သားကိုပဲ မေးကြည့်သင့်တယ် ထင်တယ်"

ဖန့်ချန်က ပုံမှန်အတိုင်း တည်ငြိမ်သော အပြုံးဖြင့် ပြောလိုက်သည်။

​ရဲ့တုံးမင်သည် ရဲ့ချင်ဟဲကို ဒေါသနှင့် အံ့သြမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်

"ချင်ဟဲ... မင်း ရှောင်းအန်းကို တွေ့ခဲ့လား စစ်သူကြီးဖန့်ကို သူ ငါတို့အိမ်မှာ မရှိဘူးလို့ မြန်မြန် ပြောလိုက်စမ်း"

​"အဖေ ကျွန်တော် ရှောင်းအန်းကို တစ်ခါမှတောင် မတွေ့ဖူးပါဘူး"

ရဲ့ချင်ဟဲက ခေါင်းကို အသာအယာ ခါယမ်းရင်း ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။ လက်နှစ်ဖက်ကို ဆုပ်၍

"ညီအစ်ကိုဖန့် မင်း ဒီသတင်းကို ဘယ်က ရခဲ့လဲတော့ ကျွန်တော် မသိဘူး ဒါပေမဲ့ ဒါဟာ အထင်လွဲနေတာပဲ ဖြစ်ရမယ်"

ဟု ပြောလိုက်သည်။

​"ဟုတ်ပါလိမ့်မယ် စစ်သူကြီးဖန့် တစ်ခုခု အထင်မှားနေတာ ဖြစ်နိုင်မလား"

​"စစ်ဝန်ကြီးက ချင်စုန်းအင်ပါယာက သိုင်းပညာရှင်ကို ဘယ်တော့မှ ဝှက်ထားမှာ မဟုတ်ပါဘူး"

​"စစ်သူကြီးဖန့်က နတ်ဘုရားမှ မဟုတ်တာ သူ အရာအားလုံးကို ဘယ်လိုလုပ် သိနိုင်မှာလဲ အခု စဉ်းစားကြည့်တော့ အတိတ်တုန်းက စစ်ဝန်ကြီးနဲ့ စစ်သူကြီးဖန့်ကြားမှာ ပဋိပက္ခအချို့ ရှိခဲ့ဖူးတယ်လို့ ငါ ကြားဖူးသားပဲ"

​"စစ်သူကြီးဖန့်က အရင်က ရန်ငြိုးဟောင်းတွေကို ပြန်ဆပ်ဖို့အတွက် ဒီကိစ္စကို တမင် သုံးနေတာ ဖြစ်နိုင်မလား"

​ပတ်ဝန်းကျင်တွင် တီးတိုးစကားသံများ ပဲ့တင်ထပ်နေသည်။

​ထိုစကားများကို ကြားရသောအခါ ရဲ့တုံးမင်၏ အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေသည်။

သူသည် ဖန့်ချန်ကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်

"စစ်သူကြီးဖန့် အဲဒီတုန်းက ငါ့ရဲ့ တာဝန်ကို ပျက်ကွက်ခဲ့တာ အမှန်ပဲ ဒါပေမဲ့ အရှင်မင်းကြီးက အဲဒီကိစ္စကို ကိုင်တွယ်ပြီးပြီ၊ အဲဒါက ပြီးသွားပြီလေ ငါ အဲဒီတုန်းက ပြစ်ဒဏ်ကို လက်ခံခဲ့ပြီးပြီ ငါတို့ အဲဒီမှာတင် ရပ်သင့်တယ် ငါ့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် မဟုတ်ကဟုတ်က စွပ်စွဲချက်တွေနဲ့ မင်း လာလုပ်လို့ မရဘူး"

​"ဝန်ကြီးရဲ့ ငါ အိမ်တော်ထဲကို ဝင်ပြီး ရှာဖွေခွင့် ရမလား"

ဖန့်ချန်က ပြန်မေးလိုက်သည်။ သူသည် ဝန်ကြီး၏ စကားများကို ဂရုစိုက်ပုံ မရပေ။

​"ဖန့်ချန် မင်း အတိုင်းအထက် အလွန် မလုပ်နဲ့ ဒါက ဝန်ကြီးရဲ့ အိမ်တော်ပဲ မင်း စိတ်ကြိုက် ဝင်ချင်တိုင်း ဝင်လို့ မရဘူး မင်း ကိုယ့်ကိုယ်ကိုယ် ငါတို့ မဟာရှရဲ့ စစ်သူကြီးလို့ ထင်နေတုန်းလား မင်းက ညီလာခံကို ဝင်ဖို့တောင် အရည်အချင်းမရှိတဲ့ သာမန် အရပ်သားတစ်ယောက်ပဲ "

ရဲ့ချင်ဟဲက အောဟစ်လိုက်သည်။

​ထိုသို့ ပြောလိုက်လျှင် သူ၏ဖခင်က ဖန့်ချန်၏ ရှာဖွေမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိမ့်မည်ဟု ရဲ့ချင်ဟဲ ထင်ထားသော်လည်း မမျှော်လင့်ဘဲ ရဲ့တုံးမင်က သူ့ကို တိတ်တိတ်နေရန် အမူအရာ ပြလိုက်သည်။

​ရဲ့တုံးမင်သည် ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်

"စစ်သူကြီးဖန့် ငါ့အိမ်တော်က သိပ်မကြီးပါဘူး၊ မင်း စိတ်တိုင်းကျ ရှာဖွေနိုင်ပါတယ် ဒါပေမဲ့ မင်း ရှောင်းအန်းရဲ့ အစအနကို ရှာမတွေ့ခဲ့ရင် မင်း ငါ့ကို သင့်တော်တဲ့ ရှင်းပြချက်တစ်ခု ပေးနိုင်မလား"

​"ငါ ရှာမတွေ့ခဲ့ရင်လား အဲဒီလိုဆိုရင် ငါ မဟာတောက်ပမှုဗျူရိုကို ပြန်လိုက်သွားပြီး အဖမ်းခံပါ့မယ် ဒါထက် ဘယ်လို ရှင်းပြချက်မျိုးကို မင်း လိုချင်သေးလဲ"

ဖန့်ချန်က သူ့ဘေးရှိ မဟာတောက်ပမှုဗျူရို အရာရှိကို ညွှန်ပြလိုက်သည်။

​ထိုအခါမှသာ ရဲ့တုံးမင်သည် မဟာတောက်ပမှုဗျူရိုက ဖန့်ချန်ကို ဖမ်းဆီးရန် ရောက်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူ ဒီကိစ္စကို အရမ်းကြီး တွေးပူနေခဲ့မိခြင်းပင်။

​သူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

​"ကောင်းပါပြီ စစ်သူကြီးဖန့်၊ ကြွပါ"

ရဲ့တုံးမင်က ခေါင်းကို အသာညိတ်ရင်း သဘောတူလိုက်သည်။

​"အဖေ"

ရဲ့ချင်ဟဲ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပေါ်လာသည်။

​"သူတို့ လုပ်ချင်တာ လုပ်ပါစေ ဘာပဲဖြစ်ဖြစ် ကောင်းကင်ကြီးက ငါတို့ကို အမြဲ စောင့်ကြည့်နေတာပဲ ငါတို့ ဘာမှ အမှားမလုပ်ထားရင် ဘာလို့ ကြောက်နေရမှာလဲ"

ရဲ့တုံးမင်က နှာခေါင်းရှုံ့လိုက်သည်။

​ရဲ့ချင်ဟဲ တိတ်ဆိတ်သွားသည် စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်နေတော့သည်။

သူ နောက်ထပ် တစ်ခွန်းပြောမိလျှင် သူကိုယ်တိုင် ဖော်ကောင်လုပ်သလို ဖြစ်သွားတော့မည်

​ဖန့်ချန် အိမ်တော်ထဲကို ဝင်တော့မည့် အချိန်မှာပင် မြင်းစီးလာသော လူတစ်စု လျင်မြန်စွာ ရောက်ရှိလာသည်။

​ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူသည် မြင်းပေါ်မှ ဆင်းကာ ဖန့်ချန်ကို အေးစက်စွာ ကြည့်လိုက်သည်

"ဖန့်ချန် မင်း စစ်ဝန်ကြီးရဲ့ အိမ်တော်ထဲကို ဝင်လို့ မရဘူး။"

​"အိမ်ရှေ့မင်းသား "

ထိုသူ ရုတ်တရက် ပေါ်လာခြင်းကြောင့် ရဲ့တုံးမင် မှင်တက်သွားပြီး အလျင်အမြန် ဦးညွှတ်လိုက်သည်

"အရှင်မင်းသား"

​ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့အားသင့်သွားကြသည်။ အိမ်ရှေ့မင်းသားကိုယ်တိုင် ပေါ်လာခဲ့ပြီ

All Chapters