ဤကမ္ဘာတွင် သိုင်းပညာနှင့် ကျင့်ကြံခြင်း ဟူ၍ လမ်းစဥ်နှစ်မျိုး ရှိသည်။ ဖန့်ချန်သည် မဟာရှအင်ပါယာ၏ အထွတ်အထိပ် စွမ်းအားရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် အစွမ်းထက်သော ချီအမြုတေအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး စစ်သည်တော် ခြောက်သိန်းကို ဦးဆောင်ခဲ့သူဖြစ်သည်။ သို့သော်လည်း ချင်စုန်း အင်ပါယာ၏ အကွက်ဆင်မှုကို ခံလိုက်ရပြီး သုံးလောကတောင်တန်း တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ရသည်။ သူ၏စစ်တပ် ချေမှုန်းခံရကာ သူ၏မျက်လုံးများ ကန်းသွား ခဲ့ရပြီး သူ၏ ချီပင်လယ် မှာလည်း အဖျက်ဆီးခံလိုက်ရသဖြင့် ဒုက္ခိတ ဘဝသို့ ရောက်ရှိသွားခဲ့သည်။ သူ၏ နောက်ဆုံးအသိစိတ် ကပ်နေချိန်တွင် မသေမျိုးတစ်ပါး၏ ပုံရိပ်သည် သူ၏စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။ ရှုံးနိမ့်သွားသော စစ်သူကြီးသည် အဆုံးမရှိသော အရှက်ခွဲမှုများကို ရင်ဆိုင်ရန် မြို့တော်သို့ ပြန်လာခဲ့သည်။ သို့သော် သူရှုံးနိမ့်ခဲ့သောနေ့မှာပင် ထူးခြားမှုတစ်ခု ဖြစ်ပေါ်ခဲ့သည် ၄င်းမှာ ဖန့်ချန်၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာပြီး ကမ္ဘာအနှံ့ လှည့်လည်နိုင်ခြင်းပင် ဖြစ်သည်။ ငါးနှစ်တိုင်တိုင် သူသည် လှောင်ပြောင်မှုနှင့် စော်ကားမှုများကို သည်းခံခဲ့သည်။ ငါးနှစ်တိုင်တိုင် သူသည် မည်သူမျှမသိစေဘဲ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စောင့်ကြည့်လေ့လာခဲ့သည်။ ငါးနှစ်ဆိုသည်မှာ အချိန်တိုသည်မဟုတ်သလို ရှည်လျားလှသည်လည်း မဟုတ်ပေ။ သို့သော် သူ ထိုးထွင်းသိမြင်မူ့ ရရှိရန်အတွက်မူ လုံလောက်သော အချိန်ဖြစ်သည်။ “အို... ဒီလောက် သေးငယ်တဲ့ အင်ပါယာလေးထဲမှာ ဒီလို ထိုးထွင်းသိမြင်မှုမျိုး ရရှိတဲ့ တာအိုမိတ်ဆွေတစ်ယောက် ရှိနေတာပဲ” တာအိုဆရာ ယွမ်ဟဲ၊ အလယ်ပိုင်းတိုက်ကြီး အင်ပါယာ။ တာအိုဆရာ ယွမ်ဟဲသည် လက်ကိုမြှောက်ကာ ဖန့်ချန်၏ နဖူးဆီသို့ ဝိညာဉ်အလင်းတန်းတစ်ခု ပို့လွှတ်လိုက်သည်။ ထိုအသိဉာဏ်မှတ်ဉာဏ်များသည် အစဉ်မပြတ် ပေါင်းစည်းသွားကြပြီး [တာအိုသုံးထောင် အခြေခံမိတ်ဆက်ကျမ်း] ဟုခေါ်သော ရွှေရောင်တောက်ပသည့် ကျမ်းစာတစ်စောင် ဖြစ်လာတော့သည်။ ဖန့်ချန်၏ လမ်းစဉ်မှာ မည်သို့ပြောင်းလဲသွားမည်နည်း။ မည်ကဲ့သို့ စိတ်လှုပ်ရှားဖွယ် ကောင်းသော စွန့်စားခန်းများ စောင့်ကြိုနေမည်နည်း။ ဘုံကိုးပါး၏ မသေမျိုးတစ်ပါး ဖြစ်လာမည့် ဖန့်ချန်၏ ကျင့်ကြံခြင်းလမ်းစဉ်ကို အတူတူ လိုက်ပါကြည့်ရှုလိုက်ကြပါစို့။

