← Chapters

အခန်း (၂၅၆၉-၂၅၇၀)

Vol. 257 Ch. 2569-2570

အခန်း (၂၅၆၉-၂၅၇၀)

Vol. 257 Ch. 2569-2570

အခန်း (၂၅၆၉) - ရေရှည်နာကျင်ရမည့်အစား ခေတ္တမျှသာ နာကျင်ခြင်းက ပိုမြတ်၏

“မင်း… ဖန့်မျိုးနွယ်၊ မင်းက အသက်စွမ်းအင် သူတော်စင်အဆင့်ကို တက်လှမ်းသွားခဲ့တာလား။”

နှစ်ဦးနှစ်ဖက်လုံးမှာ တစ်ယောက်ကိုတစ်ယောက် စူးစမ်းကြည့်ရှုလျက် တိတ်ဆိတ်နေကြစဉ်တွင်၊ ချီထျန်းမျိုးနွယ်စုမှ အသက်စွမ်းအင် ကျောင်းသားတစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွဲကာ လှမ်းမေးလိုက်သည်။

ဖန့်ချန်က တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ပြီး -

“ဟုတ်တယ်၊ မင်း နဲ့ ဘာဆိုင်လို့လဲ။”

စီကုရှန့်ရိ မှာ ခေတ္တမျှ မှင်တက်သွားခဲ့ရပြီး၊ သူ၏ မျက်ဝန်းများမှာ မည်းမှောင်သွားခဲ့ရသည်။

“အသက်စွမ်းအင် သူတော်စင်အဆင့်ကို ခြေချရုံတင် ရှိသေးတာ၊ ဒီလောက်အထိ ရိုင်းစိုင်းရဲတယ်ပေါ့လေ။ ဒီနယ်ပယ်ကို ရောက်လာရင် ငါတို့တွေက မင်းကို ကြောက်နေဦးမယ်လို့ တကယ်ကြီး ထင်နေတာလား။”

“စီီကုရှန့်ရိ ပြောတာ မှန်တယ်၊ ငါတို့တွေက အသက်နဲ့ ရင်းပြီး တိုက်မယ်ဆိုရင်တောင် မင်းကို အသေ သတ်ပစ်လို့ရတယ်။

မင်းရဲ့ အသက်စွမ်းအင်တွေ ဘယ်လောက်ပဲ များများ၊ ငါတို့တွေ အားလုံး လက်တွဲလိုက်ရင် ရှိမယ့် အရေအတွက်ကို ယှဉ်နိုင်ပါ့မလား။”

အခြားသော အသက်စွမ်းအင် ကျောင်းသားတစ်ဦးကလည်း စကားဆိုလာခဲ့သည်၊ သူက သိသာထင်ရှားစွာပင် စီီကုရှန့်ရိ ဘက်က ရပ်တည်နေခြင်းဖြစ်ပြီး ဖန့်ချန်အပေါ် မုန်းတီးမှုများဖြင့် ပြည့်နှက်လို့နေခဲ့သည်။

ဖန့်ချန်က ထိုသူအား တစ်ချက်ကြည့်ရုံဖြင့် ပိလော့မဟာမိတ် ၏ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်ကြောင်း မှတ်မိလိုက်သည်။

“မင်းကကော ဘယ်သူလဲ။”

“လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုက ဖန်ရုကန်း။”

ဖန်ရုကန်းက တည်ငြိမ်စွာ ဆိုလိုက်သည်

“အတိတ်တုန်းက သွေးရွာခန်းမ မှာ၊ ဖန်ကျီး က မင်းရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာ မဟုတ်လား။”

“မင်းက ငါ့ကို ‘ဝူရှီ’ လို့ ပြောချင်တာလား။”

“မဟုတ်လို့လား။ ဒီနှစ်တွေထဲမှာ ငါတို့ လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုက နေရာအနှံ့ စုံစမ်းစစ်ဆေးခဲ့ပေမဲ့ ‘ဝူရှီ’ ရဲ့ နောက်ကြောင်းကို ရှာမတွေ့ခဲ့ဘူး။

မင်းတစ်ယောက်တည်းသာ သူဖြစ်ဖို့ ရာခိုင်နှုန်း အများဆုံးပဲ။”

ဖန်ရုကန်းက အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

“အခု မင်းက သူဟုတ်ဟုတ် မဟုတ်ဟုတ်၊ ငါတို့ကတော့ မင်းလို့ပဲ သတ်မှတ်လိုက်ပြီ။

ဖန်ကျီီီး ရဲ့ ရန်ငြိုးကို ငါတို့ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုက ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။”

“မင်းက ဘယ်နှစ်ဆင့်မြောက်မှာ ရှိလို့လဲ။”

ဖန့်ချန်က မျက်မှောင်ကုတ်လျက် မေးလိုက်သည်။

ဖန်ရုကန်းမှာ စိတ်ထဲတွင် ကြောက်ရွံ့နေသော်လည်း အပြင်ပန်းတွင် ကြုံးဝါးလိုက်သည်။

“ဒါကို ဘာလို့ မေးတာလဲ။ ဒါက မင်းနဲ့ မဆိုင်ဘူး၊ မင်းက လက်ရှိမှာ ငါနဲ့ လက်ရည်ယှဉ်ဖို့ အရည်အချင်း မပြည့်သေးဘူး။”

ဖန့်ချန်က စကားထပ်ဆိုရန် ပြင်လိုက်စဉ်တွင်၊ လူရိပ်အနည်းငယ် လှမ်း၍ လျှောက်လာခဲ့ကြသည်ကို မြင်တွေ့လိုက်ရသည်။

၎င်းတို့အထဲတွင် ယန်တန်းမျိုးနွယ်စု၊ ကောင်းကင်စစ်သည်မျိုးနွယ်စု၊ ရှီးမျိုးနွယ်စုတို့ ပါဝင်နေကြသော်လည်း၊ သူတို့သည် ရာခိုင်နှုန်း အတော်များများကတော့ တန်လင်ကျောင်းတော်မှ ဖြစ်ကြပြီး ရွှေဟွေးကျောင်းတော်မှ ဆင်းသက်လာသူများ မဟုတ်ကြချေ။

“တော်ကြစို့၊ မျိုးဆက်သစ်တွေကြားက ကိစ္စတွေကို မင်းတို့တွေက ဘာလို့ ဝင်ပါနေကြတာလဲ။ ပြီးတော့ မင်းတို့ ချီထျန်းမျိုးနွယ်စုက အထိနာခဲ့ရတာ မဝသေးဘူးလား။

မင်းတို့ ချန်ယောင်ကျောင်းတော်ရဲ့ ကျောင်းတော်အုပ်ချုပ်သူ တောင်မှ ဖန့်ချန်ကို မသတ်နိုင်ခဲ့တာ၊ မင်းလို သာမန် စီီကုရှန့်ရိ တစ်ယောက်တည်းနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ။”

ယန်တန်းမျိုးနွယ်စုမှ ဆင်းသက်လာသည့် ထိုသူက မျက်မှောင်ကုတ်လျက် ဆိုလိုက်သည်။

“အားလုံးက အတူတူ နေမင်းခုနစ်ပါး ကျောင်းသားတွေပဲ၊ တူညီတာတွေကို ရှာဖွေပြီး မတူညီတာတွေကို ဘေးဖယ်ထားကာ မိမိကိုယ်ကိုယ် လေ့ကျင့်ဖို့ပဲ မဟုတ်လား၊ ဒီနေရာမှာ ဘာဖြစ်လို့ သေကျေပျက်စီးအောင်အထိ လုယှက်နေရမှာလဲ။

အခြေအနေတွေကို ဒီလောက်အထိ အရုပ်ဆိုးအကျည်းတန်အောင် လုပ်နေတာက စိတ်ဝင်စားဖို့ကောင်းလို့လား။

တကယ်လို့ တိုက်ခိုက်ချင်တယ်ဆိုရင်လည်း၊ နောင်တစ်ချိန် နေမင်းခုနစ်ပါးခန်းမကနေ ထွက်ခွာပြီး ကိုယ့်ရဲ့ မဟာမိတ်အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်တဲ့အခါကျမှ…

အဲဒီအချိန်ကျလို့ ဆုံတွေ့ရင် သေလဲတိုက်ပွဲ ဆင်နွှဲရင်လည်း မနောက်ကျပါဘူး။”

“ဆွေ့ကျန့်ယွဲ့… ဒီကိစ္စက မင်း နဲ့ မဆိုင်ဘူး မဟုတ်လား။ မင်းက ဘာကိစ္စ ဆရာကြီးလုပ်ပြီး ထွက်လာရတာလဲ၊ တစ်ဖက်ကို လစ်လိုက်စမ်း။”

စီီကုရှန့်ရိ က လှောင်ပြောင် သရော်လိုက်သည်

“အခုအချိန်မှာ လင်ယောင် က မင်းတို့ ချင်းမင် နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုက်ရုံနဲ့… လင်ယောင် ဘက်က ရှုံးနိမ့်သွားပြီလို့ မထင်လိုက်နဲ့ဦး၊ ဒီလို ဘဝင်ခိုင်နေတဲ့ ပုံစံမျိုးကို ဘယ်သူ့ကို လာပြနေတာလဲ။”

“မင်းက ငါ့ကို တစ်ဖက်ကို လစ်ခိုင်းတယ် ဟုတ်လား။ ကောင်းပြီလေ၊ ဒီကိစ္စကို ငါတို့တွေ ဝင်မပါတော့ဘူး။”

ဆွေ့ကျန့်ယွဲ့ က အခြားသော လူများကို လက်ဟန်ပြလိုက်ပြီးနောက်၊ ဖန့်ချန်ကို လှည့်ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“ဖန့်ချန်… သူတို့ကို ရိုက်သတ်ပစ်လိုက်စမ်းပါ။”

ဖန့်ချန်က ခပ်သာသာလေး ခေါင်းညိတ်ပြလိုက်သည်။

“အခွင့်အရေး ရှိမယ်ဆိုရင်တော့… သေချာပေါက် လုပ်မှာပါ။”

“ငါတို့ကို ရိုက်သတ်မယ် ဟုတ်လား။ ငါ စီီကုရှန့်ရိ က အဆင့် နှစ်ဆယ့်ငါး နေရာမှာ ရှိနေတာ၊ ဖန်ရုကန်း ကလည်း အဆင့် နှစ်ဆယ့်သုံး နေရာမှာ ရှိနေတာ။

သူ ဖန့်မျိုးနွယ်က နေမင်းခုနစ်ပါးခန်းမကို ခြေချရုံတင် ရှိသေးတာ၊ ငါတို့ကို ရိုက်သတ်ပစ်ဖို့ ဘာ အရည်အချင်း ရှိလို့လဲ။ တကယ့် ရယ်စရာပဲ။”

စီီကုရှန့်ရိ က ဆက်တိုက်ဆိုသလို လှောင်ရယ်လိုက်ပြီးနောက်၊ ဖန့်ချန်ကို ရွှတ်နောက်နောက် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ဆိုလိုက်သည်။

“မင်း တကယ် စွမ်းဆောင်ရည် ရှိရင် ငါ့ကို ရိုက်သတ်ပစ်လိုက်လေ၊ နှစ်ပေါင်း တစ်ရာမှာ ဆယ်ပွဲပဲ တိုက်ရတာဆိုတော့… နောက်ထပ် နှစ်ပေါင်း ခုနစ်ရာ ရှစ်ရာလောက် တိုက်ပြီးမှ မင်း ငါနဲ့ ဆုံနိုင်လိမ့်မယ်။

ဒါပေမဲ့ စိတ်မကောင်းစရာပဲ၊ ငါက ဒီတစ်ကြိမ် ကောင်းကင်ငါးပါး စစ်မြေပြင် ပြီးဆုံးတာနဲ့ အသက်စွမ်းအင် အလယ်အလတ်အဆင့်ကို တက်လှမ်းတော့မှာ၊ နင် ငါ့ကို လာပြီး တိုက်ခိုက်လေဦးမလား ဟားဟား ”

လင်ယောင် မှ ဆင်းသက်လာကြသည့် ကျောင်းသားများမှာ ပြိုင်တူ ရယ်မောလိုက်ကြပြီး၊ ဖန့်ချန်ကို ကြည့်ကာ သူတစ်ပါး ဘေးဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေသည့် မျက်နှာအမူအရာမျိုး ပြသနေကြတော့သည်။

“အခွင့်အရေး ရှိလာမှာပါ၊ မလောပါနဲ့။”

ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလျက် ဆိုလိုက်သည်

“စီီကုရှန့်ရိ ဟုတ်လား…မင်းတို့ ချီထျန်းမျိုးနွယ်စုကတော့ အထိနာရင် နာသလောက် မှတ်ဉာဏ်မရှိကြဘူးပဲ။”

“ဖန့်ချန်… ချီထျန်းမျိုးနွယ်စု တစ်ခုလုံးကို ဆွဲမထည့်နဲ့၊ ချီထျန်းမျိုးနွယ်စုမှာ မျိုးနွယ်စုကြီး လေးခု ရှိတာ၊ အခု မင်း နဲ့ ရန်ငြိုးရန်စ ရှိနေတာက စီီကုမျိုးနွယ်စု တစ်ခုတည်းသာ ရှိတာ။”

မျက်နှာအမူအရာ အေးစက်လှသော အသက်စွမ်းအင် ကျောင်းသားတစ်ဦးက စကားဆိုလာခဲ့သည်။

ထိုစကား ထွက်ပေါ်လာသည်နှင့် စီီကုရှန့်ရိ မှာ ချက်ချင်းပင် အလွန်တရာ ဒေါသထွက်သွားရသည်။

“တန်စုန့်ကျိ… အားလုံးက အတူတူ ချီထျန်းမျိုးနွယ်စုပဲ၊ မင်းက အခုလို ပတ်သက်မှုကို ဖြတ်တောက်နေတာလား။

အသက်စွမ်းအင်နယ်ပယ်ကို ခြေချရုံတင် ရှိသေးတဲ့ မျိုးဆက်သစ်တစ်ယောက်ကြောင့် ဒီလောက် ထိတ်လန့်သွားရတာ… မင်းမှာ မျက်နှာ ရှိသေးရဲ့လား။”

တန်စုန့်ကျိ က အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

“ငါ သူ့ကို မကြောက်ဘူး၊ ထိတ်လန့်သွားတာမျိုးလည်း မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့ စီီကုမျိုးနွယ်စုရဲ့ ကိစ္စတွေထဲမှာ… အခြား မျိုးနွယ်စု သုံးခုကို ဆွဲမထည့်ဖို့ တွေးထားလိုက်ပါ။

စီီကုပေ့ ရဲ့ မျက်နှာက… အရှက်ကွဲလို့ မဝသေးဘူးလား။”

စီီကုရှန့်ရိ ၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွားခဲ့ရပြီးနောက်၊ ဝေးကွာလှသော နေရာတစ်ခုတွင် တစ်ဦးတည်း အထီးကျန်စွာ ရပ်တန့်နေပြီး တစ်ချက်ကလေးမျှ စကားမဆိုဖူးသေးသော အသက်စွမ်းအင် ကျောင်းသားတစ်ဦးဆီသို့ ဝုန်းခနဲ လှမ်းကြည့်ကာ ဆိုလိုက်သည်။

“စီီကုကျိုလီ… မင်းက စကားတစ်ခွန်းလောက် ထွက်ပြီး ပြောပေးစမ်းပါ။”

“စီီကုကျိုလီ က အသက်စွမ်းအင် အစောပိုင်းအဆင့်ရဲ့ နံပါတ်တစ် သူတော်စင်ပဲ။”

ဆွေ့ကျန့်ယွဲ့ ၏ အသံမှာ ဖန့်ချန် ၏ နားထဲသို့ တိုးတိုးလေး ဝင်ရောက်လာခဲ့သည်။

အသက်စွမ်းအင် အစောပိုင်းအဆင့်ရဲ့ နံပါတ်တစ် သူတော်စင် ဟုတ်လား။

ဖန့်ချန်က တွေးတောဆင်ခြင်သကဲ့သို့ စီီကုကျိုလီ ကို လှမ်းကြည့်လိုက်သည်။

တစ်ဖက်လူကို ကြည့်ရသည်မှာ သေချာပေါက်ပင် နံပါတ်တစ် သူတော်စင်တစ်ဦး၏ ခန့်ညားလှသော အရှိန်အဝါမျိုး ခန္ဓာကိုယ်ပေါ်တွင် ရှိနေခဲ့ပေသည်။

သူ စတင်၍ ပုံပေါ်လာခဲ့သည့် အချိန်တုန်းကပင် ထိုပုဂ္ဂိုလ်ကို သတိပြုမိထားခဲ့ပြီး ဖြစ်သည်။

ကွင်းပြင်ရှိ အသက်စွမ်းအင် ကျောင်းသားများမှာလည်း ရံဖန်ရံခါတွင် ဤပုဂ္ဂိုလ်ကို လှမ်းကြည့်သည့် မျက်ဝန်းများထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများ အနည်းနှင့်အများ ပါဝင်နေသည်ကို သတိပြုမိလိုက်သည်။

“တရားမျှတတဲ့ စကား ဟုတ်လား။”

စီီကုကျိုလီ က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက်၊ မျက်နှာအမူအရာ မရှိဘဲ တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါက ပါးစပ်နဲ့ စကားပြောတာထက်… လက်သီးနဲ့ စကားပြောရတာကို ပိုပြီး သဘောကျတယ်။

မူလကတော့ နောက်တစ်ကြိမ် ကောင်းကင်ငါးပါး စစ်မြေပြင်ကျရင် ငါ အသက်စွမ်းအင် အလယ်အလတ်အဆင့်ကို တက်လှမ်းဖို့ ရွေးချယ်ထားတာ။ အခုတော့… ငါ မင်းကို စောင့်နေမယ်။”

ပြောပြီးသည်နှင့် သူက ဖန့်ချန်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်၊ မျက်လုံးများကို မှိတ်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလျက် အိပ်ချင်ယောင်ဆောင်နေလိုက်တော့သည်။

စီီကုရှန့်ရိ က ထိုအခြေအနေကို မြင်သောအခါ၊ ဖန့်ချန်ကို လက်ညှိုးထိုးပြလျက် ဆက်တိုက် လှောင်ရယ်လိုက်တော့သည်။

“စီီကုကျိုလီ က ကောင်းကင်ငါးပါး စစ်မြေပြင်ရဲ့ အသက်စွမ်းအင် အစောပိုင်းအဆင့် နံပါတ်တစ် သူတော်စင်ပဲ။

သူက လက်သီးနဲ့ စကားပြောမယ်လို့ ပြောတာက… မင်းကို မစင်တွေ ထွက်လာအောင်အထိ ရိုက်နှက်ပစ်မယ်လို့ ပြောတာပဲ။

ကောင်းကင်ဘုံရဲ့ ကံကြမ္မာက လည်ပတ်နေတာဆိုတော့… ဒီတစ်ကြိမ်တော့ မင်းကို ဘယ်လိုမှ လွှတ်ပေးမှာ မဟုတ်ဘူး ”

ကျောင်းသားအမြောက်အမြား၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ကြီးစွာဖြင့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ကြသည်။

သူတို့သည် စီီကုကျိုလီ နှင့် ဖန့်ချန်တို့ လက်ရည်ယှဉ် တိုက်ခိုက်ကြမည့် အခြေအနေမှာ မည်ကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်လာမည်ကို အလွန်အမင်း မြင်တွေ့လိုနေကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ထက်၌ ရုတ်တရက် ဝေဝါးလှသော ပုံရိပ်အနည်းငယ် ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ငါးပါး စစ်မြေပြင်အတွင်းရှိ ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြခြင်းကို ချက်ချင်းပင် ရပ်တန့်လိုက်ကြပြီး၊ ပြိုင်တူပင် ခေါင်းကို မော့၍ လှမ်းကြည့်လိုက်ကြတော့သည်။

“ကောင်းကင်ငါးပါးရဲ့ ကောင်းကင်အရှင် အနည်းငယ်က အမိန့်ထုတ်ပြန်လိုက်ပြီ၊ ချင်းမင် မဟာမိတ်အဖွဲ့ ရွှေဟွေးကျောင်းတော်ကြီး လူသားမျိုးနွယ်စုကျောင်းဆောင် ကရုဏာတောင်ကုန်းက ဖန့်ချန်မှာ… တာဝန်ကင်းလွတ် စိန်ခေါ်ခွင့် ရရှိထားတယ်လို့ သတ်မှတ်လိုက်တယ်။

ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူးတွေအနေနဲ့… ဖန့်ချန်ရဲ့ အဆင့်သတ်မှတ်ချက် ကိစ္စရပ်တွေမှာ ဝင်ရောက် စွက်ဖက်ခြင်း မပြုရဘူး။”

ခန့်ညားထည်ဝါလှသော ဟိန်းဟောက်သံကြီးမှာ ကောင်းကင်ငါးပါး စစ်မြေပြင်တစ်ခုလုံး၌ ဟည်းထွက်သွားခဲ့တော့သည်။

သူတော်စင်တစ်ဦးချင်းစီမှာ အစပိုင်းတွင် ဇဝေဇဝါ ဖြစ်သွားခဲ့ကြရပြီး၊ စကားလုံးများ၏ နောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်နိုင်ကြသေးပုံ ရသော်လည်း၊ ၎င်း၏ နောက်ကွယ်က ဆိုလိုရင်းကို ရုတ်တရက် သဘောပေါက်သွားကြသည့် အချိန်တွင်မူ… သူတို့အားလုံးသည် အသက်ကို ပြင်းပြင်းရှူလိုက်မိကြပြီး မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့ကြရတော့သည်။

နေမင်းခုနစ်ပါး ကဏ္ဍအတွင်း၌၊ အောက်ခြေက ယူဝမ်ရှန်း၊ ထိုက်ဟောင်ကျန့် တို့မှစ၍၊ အထက်ဘက်က ဆွေ့ထျန်းဟွမ်၊ ရှန်းရှိုယွမ် နှင့် ဖန်ရွှေ တို့ကဲ့သို့သော လူမျိုးများအထိ… အားလုံးပင် မှင်တက်အံ့အားသင့်သွားကြရတော့သည်။

သူတို့ စွမ်းအင်စုစည်းခြင်း ကျောင်းသားအုပ်စုကြီးတစ်ခုလုံး နားကြားမှားတာမျိုး မဟုတ်ပါဘူးနော်။

တာဝန်ကင်းလွတ် စိန်ခေါ်ခွင့် ဟုတ်လား

ထိုအချိန်တွင် ဟင်းလင်းပြင်ထဲ၌ ဤသတင်းစကားကို ကြေညာပြီးသွားခဲ့သည့် ကြီးကြပ်ကွပ်ကဲရေးမှူးသည် လင်ယောင်မှ ထိုပုဂ္ဂိုလ်က မိမိကို စိုက်ကြည့်နေသည်ကို မြင်သောအခါ၊ မနေနိုင်တော့ဘဲ ဆိုလိုက်သည်။

“လော်ထျန်း… မင်းတို့ လင်ယောင်ရဲ့ ကောင်းကင်အရှင်တွေလည်း ဒါကို သဘောတူညီခဲ့ကြတာပဲ၊ သူတို့က ပြောတယ် ရေရှည်နာကျင်ရမည့်အစား ခေတ္တမျှသာ နာကျင်ခြင်းက ပိုမြတ်တယ်တဲ့၊ ဖန့်ချန်ကို အမြန်ဆုံး ဒီကနေ ပို့ဆောင်ပစ်လိုက်တာက ပိုကောင်းလိမ့်မယ်တဲ့။

တကယ်လို့ သူကသာ ကောင်းကင်ငါးပါး စစ်မြေပြင်ထဲမှာ အမြဲတမ်း ရှိနေမယ်ဆိုရင်…မင်းတို့ရဲ့ ဆုံးရှုံးမှုက ပိုပြီးတော့တောင် ပြင်းထန်လိမ့်ဦးမယ်။”

လော်ထျန်း ၏ မျက်နှာမှာ အလွန်တရာ အကျည်းတန်သွားခဲ့ရပြီး၊ နောက်ဆုံးတွင်မူ ရှည်လျားလှသော သက်ပြင်းချသံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

သူလည်း သိရှိထားခဲ့သည်၊ ကောင်းကင်ငါးပါး ကောင်းကင်အရှင်များ၏ ယခုတစ်ကြိမ် ဆုံးဖြတ်ချက်မှာ သံသယဖြစ်ဖွယ်မရှိဘဲ အတည်ဖြစ်ကြောင်းကိုပေါ့။

ယခုအချိန်တွင် ကြည့်ရမည်မှာ ခေတ္တမျှ နာကျင်ခြင်း ဆိုသည်မှာ… မည်မျှလောက်အထိ နာကျင်ရမည်နည်း ဆိုသည်ကိုသာ ဖြစ်ပေသည်။

……

……

စီီကုရှန့်ရိ က ဖန်ရုကန်း ကို လှည့်ကြည့်လိုက်သည် -

“ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူး ပြောတဲ့ ဆိုလိုရင်းက ဘာလဲ။”

ဖန်ရုကန်း ၏ မျက်နှာမှာ အနည်းငယ် အကျည်းတန်နေခဲ့ပြီး၊ တစ်ချက်ကလေးမျှ စကားပြန်မဆိုခဲ့ချေ။

ဆွေ့ကျန့်ယွဲ့ တို့အုပ်စုက အရင်ဦးဆုံး သဘောပေါက်သွားခဲ့ကြရပြီး၊ မျက်နှာထက်တွင် ထိတ်လန့်အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ကြသည်။

အိပ်ချင်ယောင်ဆောင်နေခဲ့သော စီီကုကျိုလီ မှာလည်း ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး၊ သူ၏ မျက်ဝန်းများသည် ဖန့်ချန် ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

“မင်း ငါ့ကို တိုက်ရိုက် စိန်ခေါ်လိုက်ပါ၊ ငါတို့ တစ်ပွဲ တိုက်ကြရအောင်။”

“မလောပါနဲ့၊ တစ်ယောက်ချင်းစီ လာရမှာပေါ့။”

ဖန့်ချန်က လက်ခါပြလိုက်ပြီးနောက်၊ စီီကုရှန့်ရိ ကို လှမ်းကြည့်လိုက်သည်။

“မင်း အရင် လာခဲ့လိုက်ပါ။”

အခန်း (၂၅၇၀) - မင်း အူဟောင်းတွေ ပြောင်နေလို့ပဲ မှတ်လိုက်

စီကုရှန့်ရိ ၏ မျက်နှာအမူအရာမှာ ဝုန်းခနဲ ပျက်ယွင်းသွားခဲ့ရပြီး၊ မသိစိတ်အရ အခြားသော ကျောင်းသားများထံသို့ လှမ်း၍ ကြည့်ရှုလိုက်မိသည်။

ထိုကျောင်းသားများမှာမူ တိတ်ဆိတ်ငြိမ်သက်နေကြပြီး၊ ချီထျန်းမျိုးနွယ်စုမှ ဆင်းသက်လာကြသည့် ကျောင်းသားများပင်လျှင် ယခုအချိန်တွင် စိတ်မလုံသဖြင့် မျက်ဝန်းများကို ဘေးသို့ လွှဲဖယ်လိုက်ကြတော့သည်။

“မင်းက ငါ့ကို စိန်ခေါ်မလို့လား။ ငါက အဆင့် နှစ်ဆယ့်ငါး နေရာမှာ ရှိနေတာ၊ မင်းမှာ ငါ့ကို စိန်ခေါ်ဖို့ အရည်အချင်း မရှိဘူး။”

စီကုရှန့်ရိ က စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်နေသော်လည်း အပြင်ပန်းတွင် ကြုံးဝါးလိုက်သည်။

“စောစောတုန်းက ကောင်းကင်ငါးပါး ကြီးကြပ်ကွဲကဲရေးမှူး ပြောသွားတာကို မင်း မကြားလိုက်ဘူးလား၊ လူသားမျိုးနွယ်စုက ဖန့်ချန်ဟာ တာဝန်ကင်းလွတ် စိန်ခေါ်ခွင့် ရှိတယ်ဆိုတာလေ။”

ဖန့်ချန်က ဆိုလိုက်သည်

“ဒီဖန့်ချန် ဆိုတာ… ငါ့ကို ပြောတာ ဖြစ်ရမယ် မဟုတ်လား။”

စီကုရှန့်ရိ က အလျင်စလိုပင် ဟင်းလင်းပြင်ဆီသို့ လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး -

“ကြီးကြပ်ကွပ်ကဲရေးမှူး အသီးသီးတို့ခင်ဗျာ… ထင်ရှားပြတ်သားစွာ ညွှန်ကြားပေးပါဦး၊ ဒီမျိုးဆက်သစ်က တကယ်ပဲ……”

ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာခဲ့ပြီး၊ တစ်ခဏချင်းအတွင်းမှာပင် စီကုရှန့်ရိ ကို ခေါ်ဆောင်သွားခဲ့တော့သည်။

ထိုနည်းတူစွာပင်၊ ဖန့်ချန်သည်လည်း ရွှေရောင်အလင်းတန်း၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။

ဟင်းလင်းပြင်ထဲတွင် စီကုရှန့်ရိ ၏ မျက်နှာအမူအရာမှာ အနည်းငယ် ရက်စက်ကြမ်းကြုတ်လို့ နေခဲ့သည်။

သူသည် ယခုတစ်ကြိမ် ကောင်းကင်ငါးပါး စစ်မြေပြင်တွင် ဤကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်ပျက်လာလိမ့်မည်ဟု လုံးဝ ထည့်မတွက်ထားခဲ့မိချေ။

ဘာဖြစ်လို့လဲ ဘာဖြစ်လို့ နေမင်းခုနစ်ပါးခန်းမက မျက်စိရှေ့က ဒီကောင်စုတ်ကို ဤမျှလောက်အထိ အခွင့်အရေး ပေးနေရတာလဲ။

အရပ်ရပ်က သူတော်စင်များမှာလည်း အချိန်မီပင် တိုက်ပွဲကို လှမ်း၍ စောင့်ကြည့်ရန် ရွေးချယ်လိုက်ကြသည်။

ဟင်းလင်းပြင်ထဲတွင် အတွင်းကမ္ဘာများ တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာခဲ့ကြသည်။

ကောင်းကင်ငါးပါးမှ ဆင်းသက်လာကြသည့် ဤသူတော်စင်များသည်... အောက်ခြေက တစ်ပိုင်းသူတော်စင်များမှစ၍ အထက်ဘက်က ကမ္ဘာတည်ဆောက်ခြင်းအဆင့် များအထိ အားလုံးပင် ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူးများ၏ ရုတ်တရက် ကျဆင်းလာသော ဆုံးဖြတ်ချက်ကြောင့် တုန်လှုပ်အံ့အားသင့်သွားကြရတော့သည်။

“ဝမ်အစ်ကို… ဒီကိစ္စကို မင်း ဘယ်လို မြင်လဲ။”

ချန်ဖေးဖေး နှင့် အခြားသော လူများသည် ဝမ်ချုံစန်း ၏ ဘေးတွင် ဝိုင်းရံလျက် စူးစမ်းလိုစိတ် ပြင်းပြနေသည့် မျက်နှာများဖြင့် မေးမြန်းလိုက်ကြသည်။

“ငါ ခံစားရသလောက်တော့… အထက်က လူတွေက ဖန့်စီနီယာအစ်ကိုကြီး ကို ဒီကနေ စောစောစီးစီး မောင်းထုတ်ချင်နေကြပုံပဲ၊ ဖန့်စီနီယာအစ်ကိုကြီးကောင်းကင်ငါးပါး စစ်မြေပြင်မှာ ဆက်ပြီး ရှိနေမှာကို မလိုလားကြဘူး။”

“မင်းတို့ မှတ်မိသေးလား၊ အတိတ်တုန်းက နေမင်းခုနစ်ပါးခန်းမက စင်ကြယ်သော ဗောဓိသီး ဆုလာဘ်ကို ဖျက်သိမ်းလိုက်တာလေ။ အဲဒီအချိန်ကတည်းက အရိပ်အယောင်တွေ ပြနေခဲ့တာ။”

ဝမ်ချုံစန်း က တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ဆိုလိုက်သည်။

လူတိုင်းမှာ ချက်ချင်းပင် သဘောပေါက်သွားကြရပြီး၊ မူလက ဤကဲ့သို့သော ဆိုလိုရင်း ဖြစ်နေပါလားဟု တွေးလိုက်ကြသည်။

“ဖန့်ချန်က အသက်စွမ်းအင်နယ်ပယ်ကို ခြေချရုံတင် ရှိသေးတာ၊ အဲဒီ စီကုရှန့်ရိ က အလျင်စလိုနဲ့ သေတွင်းထဲကို တိုးဝင်လာခဲ့တာပဲ။”

ရှန်းရှိုယွမ် က သက်ပြင်းချလျက် ဆိုလိုက်သည်။

“ပြောရခက်တယ်၊ စီကုရှန့်ရိ က အသက်စွမ်းအင် အစောပိုင်းအဆင့်မှာ နေလာခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်လို့ အခြေခံအုတ်မြစ်က ထူထပ်လွန်းတယ်၊ ဖန့်ချန်က အခုမှ တက်လှမ်းတာဆိုတော့… သူ့ကို တကယ်ပဲ ဖိနှိပ်နိုင်ပါ့မလား မသေချာဘူး။”

ဖူယွမ်ဖေး က ဆိုလိုက်သည်။

“တော်စမ်းပါကွာ စီကုရှန့်ရိ ကတော့ ဒီတစ်ကြိမ် သေချာပေါက် ကံဆိုးတော့မှာ။”

ဖန်ရွှေ က ခေါင်းကို ခါယမ်းလိုက်ပြီး၊ အလွန်တရာ အသေအချာ ဆိုလိုက်သည်။

ထိုအချိန်တွင် ရုတ်တရက် လင်ယောင် မဟာမိတ်အဖွဲ့မှ သူတော်စင်များက စတင်၍ ဟစ်အော် အားပေးကြတော့သည်။

“စီနီယာအစ်ကို… ကျေးဇူးပြုပြီး ငါတို့ လင်ယောင်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးပါ ”

“စီနီယာအစ်ကို… ကျေးဇူးပြုပြီး ငါတို့ လင်ယောင်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးပါ ”

တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာသော ဟစ်အော်သံကြီးမှာ ပိုမိုကျယ်လောင်လာခဲ့ပြီး၊ စတင်ကာစ ရေလှိုင်းငယ်လေးတစ်ခုကဲ့သို့ ရာစုအလိုက် လှိုင်းတံပိုးကြီးများအသွင် ပြောင်းလဲသွားခဲ့တော့သည်။

မူလက စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေခဲ့သော စီကုရှန့်ရိ သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ တဖြည်းဖြည်း ချောင်းချောင်းတောက် ပွက်ပွက်ဆူလာခဲ့ရသည်။

သူက ပတ်ပတ်လည်သို့ လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး -

“ကျောင်းသားအသီးသီးတို့ခင်ဗျာ… ငါ စီကုရှန့်ရိ အနေနဲ့ သေလဲတိုက်ပွဲ ဆင်နွှဲသွားပါမယ် ”

ထို့နောက်တွင်၊ သူက ဖန့်ချန်ကို လှည့်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ရသည်။

“ဖန့်ချန်… မင်းရဲ့ အသက်စွမ်းအင် သူတော်စင်အဆင့်ရဲ့ စွမ်းဆောင်ရည်တွေကို ငါ့ကို ပြသခွင့်ပြုပါဦး။”

တစ်ခဏချင်းအတွင်းမှာပင် စီကုရှန့်ရိ ၏ အရှိန်အဝါမှာ အဆက်မပြတ် မြင့်တက်လာခဲ့တော့သည်။

“ကောင်းပြီလေ။”

ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး၊ နတ်ဘုရားရိုက်နှက်ခြင်းနှင်တံ ကို တိုက်ရိုက် ထုတ်ယူကာ စီကုရှန့်ရိ ထံသို့ ပြင်းထန်စွာ ရိုက်နှက်ပစ်လိုက်သည်။

နတ်ဘုရားရိုက်နှက်ခြင်းနှင်တံ ပေါ်တွင် စိမ်းပြာရောင် လျှပ်စီးအာဏာစွမ်းအင်များ ပါ ပူးတွဲ ပါရှိနေခဲ့သည်။

နှင်တံတစ်ချက် ရိုက်ရုံတင် ရှိသေးသည်၊ စီကုရှန့်ရိ ၏ အတွင်းကမ္ဘာ တံခါးဝကြီးမှာ အက်ကွဲကြောင်းများ ပေါ်ထွက်သွားခဲ့ရတော့သည်။

အရပ်ရပ်က ကျောင်းသားများသည် ထိုပုဂ္ဂိုလ်နှစ်ဦးမှာ ဤမျှလောက်အထိ လျင်မြန်စွာ လက်ရည်ယှဉ်ကြလိမ့်မည်ဟု မထင်ထားခဲ့ကြသဖြင့်၊ အသေးစိတ် အချက်အလက်တစ်ခုကိုမျှ လွတ်သွားမည်ကို စိုးရိမ်တကြီးဖြင့် အမြန်ပင် အာရုံစိုက် စိုက်ကြည့်လိုက်ကြတော့သည်။

စီကုရှန့်ရိ မှာမူ ပျာယာခတ်သွားခြင်း မရှိဘဲ၊ ချီထျန်းမျိုးနွယ်စု၏ ကံကြမ္မာစွမ်းအား နတ်ဘုရားကျမ်းစာဖြစ်သော ‘ချီထျန်းကျောက်စာမှတ်တမ်း’ ကို ထုတ်ဖော်လိုက်သည်။

ဖန့်ချန်၏ တိုက်ခိုက်မှု အားလုံးကို သူက ပြန်လည်၍ ခုခံကာကွယ်လိုက်နိုင်ခဲ့သည်။

ဖန့်ချန်က ထိုအခြေအနေကို မြင်သောအခါ၊ နတ်ဘုရားရိုက်နှက်ခြင်းနှင်တံ ပေါ်တွင် ‘လောကလူသားစွမ်းအင်’ ကို အနည်းငယ် ထပ်မံ ထည့်သွင်းလိုက်သည်။

ဖျန်း

စူးရှလှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

စီကုရှန့်ရိ ၏ အတွင်းကမ္ဘာမှာ တစ်ခဏချင်းအတွင်းမှာပင် တစိစီ ကွဲကြေပျက်စီးသွားခဲ့ရပြီး၊ သူ၏ လူတစ်ကိုယ်လုံးမှာလည်း ထိုနေရာမှ လွင့်စင်၍ ထွက်ကျလာခဲ့တော့သည်။

“မကောင်းတော့ဘူး ”

လင်ယောင် မဟာမိတ်အဖွဲ့၏ သူတော်စင်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ စိတ်ထဲတွင် နိမိတ်မကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့ကြရသည်။

ထိုမြင်ကွင်းက... မည်မျှလောက်အထိ ရင်းနှီးကျွမ်းဝင်နေခဲ့ပါသနည်း။

စီကုကျိုလီ ၏ မျက်နှာအမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်သွားခဲ့ရသည်။

ထို့ပြင် ဤတိုက်ပွဲကို အမြဲတမ်း အာရုံစိုက် စောင့်ကြည့်နေကြသော ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူး ငါးဦးတို့သည်လည်း တစ်ယောက်ကိုတစ်ယောက် လှမ်း၍ ကြည့်လိုက်ကြမိသည်။

၎င်းတို့အထဲတွင် လော်ထျန်း ၏ မျက်နှာမှာ အဆိုးရွားဆုံး ဖြစ်နေခဲ့သည်။

“ဖန့်ချန်… ခဏလောက် နေဦး ”

စီကုရှန့်ရိ က အလျင်စလိုပင် လက်ခါပြလျက် ဆိုလိုက်သည်။

“ငါ့မှာ ပြောစရာ စကားရှိသေးတယ် ”

အတွင်းကမ္ဘာ ကွဲကြေသွားသည်နှင့် သူ ချက်ချင်းပင် သဘောပေါက်သွားခဲ့ရသည်။ မိမိသည် တစ်ဖက်လူ၏ ပြိုင်ဘက် လုံးဝ မဟုတ်နိုင်ပါချေ။

“ပြီးမှ ပြော။”

ဖန့်ချန်က နှင်တံကို ဝေ့ယမ်း၍ ရိုက်နှက်လိုက်ပြန်သည်။

လျှပ်စီးများ လက်ခနဲ ဖြစ်သွားပြီး မိုးခြိမ်းသံများ ဟိန်းထွက်သွားကာ၊ ‘လောကလူသားစွမ်းအင်’ ပါဝင်နေသော နှင်တံမှာ တစ်ခဏချင်းအတွင်းမှာပင် စီကုရှန့်ရိ ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့တော့သည်။

စီကုရှန့်ရိ မှာ ဟင်းလင်းပြင်ထဲတွင် ခန္ဓာကိုယ်ကြီး တောင့်တင်းသွားအောင်အထိ ရိုက်နှက်ခြင်း ခံလိုက်ရပြီး၊ ထိုကဲ့သို့ နှလုံးသားထဲအထိ စူးအောင့်သွားရသော နာကျင်မှုကြောင့် သူသည် မအောင့်အီးနိုင်တော့ဘဲ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်မိတော့သည်။

“မင်းတို့တွေ ဆက်ပြီး ဟစ်အော်ကြဦးလေ။”

ချင်းမင် ကျောင်းသားအချို့သည် ထိုမြင်ကွင်းကို မြင်သောအခါ၊ ထိုလင်ယောင် ကျောင်းသားများကို လှောင်ပြောင် သရော်သည့် လေသံဖြင့် မနေနိုင်ဘဲ ဆိုလိုက်ကြသည်။

“ဂုဏ်သိက္ခာကို ပြန်ဆယ်ဦးမလို့လား။ မတွေးပါနဲ့တော့ ဖန့်ချန် နေမင်းခုနစ်ပါးခန်းမမှာ ရှိနေသရွေ့တော့… မင်းတို့ လင်ယောင်တွေ ဂုဏ်သိက္ခာ ပြန်ဆယ်ဖို့ လုံးဝ မတွေးနဲ့ ”

“ဟားဟားဟား ”

လင်ယောင် ဘက်က ကျောင်းသားများမှာမူ ရင်ထဲတွင် ဒေါသတရားများကို အောင့်အီးထားကြရပြီး၊ တစ်ချက်ကလေးမျှ စကားပြန်မဆိုနိုင်ကြတော့ချေ။

မူလကတော့ ယခုတစ်ကြိမ် ဖန့်ချန်သည် အသက်စွမ်းအင်နယ်ပယ်သို့ အသစ်တက်လှမ်းလာခြင်းဖြစ်ပြီး၊ စီကုရှန့်ရိ မှာမူ အသက်စွမ်းအင် အစောပိုင်းအဆင့်တွင် အဆင့် နှစ်ဆယ့်ငါး နေရာ၌ ရှိနေသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ဖြစ်နိုင်ခြေအရ အခွင့်အရေး အနည်းငယ် ရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း၊ မည်သူက ထင်ထားခဲ့မည်နည်း... လက်ရည်ယှဉ်ရုံတင် ရှိသေးသည်၊ ထိုကဲ့သို့သော ပုံစံမျိုးအသွင် ပြောင်းလဲသွားလိမ့်မည်ဟုပေါ့။

နတ်ဘုရားရိုက်နှက်ခြင်းနှင်တံမှာ စီကုရှန့်ရိ ၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ကျရောက်လို့ နေခဲ့သည်။

ဖန်ရုကန်း နှင့် အခြားသော အသက်စွမ်းအင် အစောပိုင်းအဆင့် ကျောင်းသားများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။

“ဖန်ရုကန်း… မင်းမှာ သေချာမှု ရှိလား။ စီကုရှန့်ရိ ကတော့ သေချာပေါက် ရှုံးတော့မှာ၊ ဒီတစ်ပွဲ ပြီးရင်… ဖြစ်နိုင်တာက ဖန့်ချန်က မင်းကို စိန်ခေါ်တော့မှာ။”

ကျောင်းသားတစ်ဦးက တိုးတိုးလေး စိတ်အာရုံချင်း ဆက်သွယ်၍ လှမ်းမေးလိုက်သည်။

ဖန်ရုကန်း ၏ မျက်နှာအမူအရာမှာ အနည်းငယ် အကျည်းတန်နေခဲ့ပြီး၊ တစ်ဖက်လူကို အရေးမလုပ်ခဲ့ချေ။

ထိုအချိန်တွင်၊ စီကုရှန့်ရိ မှာ နှင်တံအချက်ပေါင်း ရာချီ၍ ရိုက်နှက်ခြင်း ခံထားခဲ့ရပြီး ဖြစ်သည်။

သူ၏ တစ်ကိုယ်လုံးတွင် ချွေးစေးများ အဆက်မပြတ် ထွက်ပေါ်နေခဲ့ကာ၊ လည်ချောင်းမှာလည်း အော်ဟစ်လွန်းသဖြင့် အသံပင် ဝင်နေခဲ့ချေပြီ။

အမြောက်အမြားလှသော လင်ယောင် ကျောင်းသားများသည် တိတ်တဆိတ် ချွေးစေးများ ပြန်နေခဲ့ကြရပြီး၊ သူတို့၏ စိတ်ခံစားမှုမှာ စီကုရှန့်ရိ ထက်ပင် ပိုမို တုန်လှုပ်ခြောက်ခြားလို့ နေခဲ့သည်။

သူတို့ ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။

အလွန်အမင်း ကြောက်ရွံ့နေကြခြင်း ဖြစ်သည်

ဖန့်ချန်က မျက်မှောင်ကို အနည်းငယ် ကုတ်လိုက်ပြီး၊ နောက်ထပ် အနည်းငယ် ထပ်မံ ရိုက်နှက်လိုက်ရာ၊ စီကုရှန့်ရိ မှာ နောက်ဆုံးတွင် ဆက်လက်၍ မတောင့်ခံနိုင်တော့ဘဲ မျက်ဝန်းထဲရှိ သက်စောင့်စွမ်းအင်များမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ရတော့သည်။

နောက်ဆုံးတွင်မူ၊ အေးစက်လှသော အလောင်းကောင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

“မစင်တွေ ထွက်မလာဘူးလား။”

ဖန့်ချန်က မဲ့ပြလိုက်ပြီး -

“မင်း အူဟောင်းတွေ ပြောင်နေလို့ပဲ မှတ်လိုက်။”

ဟင်းလင်းပြင်တစ်ခုလုံးမှာ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်လို့ နေခဲ့သည်။

စီကုရှန့်ရိ နောက်ဆုံးတွင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါမှသာ၊ လင်ယောင် ကျောင်းသားများသည် သက်ပြင်းချနိုင်ကြတော့ပြီး ရင်ထဲက အပူလုံးကြီးလည်း နောက်ဆုံးတွင် ကျဆင်းသွားခဲ့ရတော့သည်။

သူတို့ အကြောက်ရွံ့ဆုံးသော ကိစ္စရပ်ကြီးမှာမူ ဖြစ်ပျက်မလာခဲ့ပါချေ။

“ဖန့်ချန် က ဒီတစ်ကြိမ်တော့ အစွမ်းကုန် ကြိုးစားခဲ့တာပဲ အာ။”

“နှမြောစရာကောင်းလိုက်တာ။”

ချင်းမင် ကျောင်းသားများသည် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြပြီး၊ သက်ပြင်းကို ပြိုင်တူ ချလိုက်ကြတော့သည်။

ထိုအချိန်တွင်၊ စီကုကျိုလီ က ဒုတိယအကြိမ် နှုတ်ထွက်စကား ဆိုလာခဲ့သည်။

“ဖန့်ချန်… မင်း ငါ့ကို တိုက်ရိုက် စိန်ခေါ်လိုက်စမ်းပါ။”

ဖန့်ချန်က သူ့ကို အဖတ်မလုပ်ဘဲ၊ ဖန်ရုကန်း ကို လှည့်ကြည့်လိုက်သည်။

“လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုက ဖန်ရုကန်း… မင်းရဲ့ အလှည့် ရောက်ပြီ။”

“ဖန့်ချန်… ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းကို မမှီပါဘူး၊ ဒီပွဲကို မတိုက်ရင်လည်း ရပါတယ်၊ ငါ အရှုံးပေးပါတယ်။”

ဖန်ရုကန်း က လက်ခါပြလိုက်သည်။

“အရှုံးပေးချင်ရင်လည်း စစ်မြေပြင်ထဲကို ရောက်မှ အရှုံးပေးလို့ရမယ်၊ စစ်မြေပြင်အပြင်ဘက်က အရှုံးပေးတာက အသုံးမဝင်ဘူး။”

ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။

ဖန်ရုကန်း ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အကြီးအကျယ် ပြောင်းလဲသွားခဲ့ရပြီး၊ ထို့နောက်တွင် ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာကာ သူ့ကို စစ်မြေပြင်အတွင်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့တော့သည်။

အရပ်ရပ်က ကျောင်းသားများသည် တစ်ခုခု မမှန်ကန်ကြောင်းကို ချက်ချင်းပင် ရိပ်မိလိုက်ကြသည်။

ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူးတွေက ဘာဖြစ်လို့ ဤမျှလောက်အထိ အလျင်စလို ဖြစ်နေကြရတာလဲ။

“ငါ……”

ဖန်ရုကန်း က စကားစတင်၍ ဆိုရန် ပြင်လိုက်ရုံတင် ရှိသေးသည်၊ ‘လောကလူသားစွမ်းအင်’ ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်များ ပျောက်ကွယ်သွားခဲ့ရပြီး၊ တစ်ကိုယ်လုံးမှာလည်း ပိတ်ပင်တားဆီးခြင်း ကို ခံလိုက်ရတော့သည်။

ပိလော့ ကျောင်းသားများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မှင်တက်သွားကြရပြီး၊ မျက်ဝန်းထဲတွင် အံ့အားသင့်တုန်လှုပ်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ကြသည်။

“ဖန်ရုကန်း ဒီကောင်ကလည်း… ဖန့်ချန်ကို ပြစ်မှားမိထားတာလား။”

ဖန်ရွှေ ၏ မျက်နှာအမူအရာမှာ ဝုန်းခနဲ ပြောင်းလဲသွားခဲ့ရပြီး၊ အလျင်စလိုပင် လှမ်း၍ အော်ပြောလိုက်သည်။

“ဖန့်အစ်ကိုကြီး… ငါ့ကို မျက်နှာတစ်ခုလောက် ပေးပါဦး၊ သူ့ကို မစင်တွေ ထွက်လာအောင်အထိတော့ မရိုက်ပါနဲ့ ”

ဖန့်ချန်က ဖန်ရွှေ ကို တစ်ချက်ကြည့်လိုက်ပြီး၊ ခြေလှမ်းကို တုံ့ဆိုင်းလျက် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက်၊ ဖန်ရုကန်း ၏ ခန္ဓာကိုယ်ပေါ်ရှိ ပိတ်ပင်တားဆီးမှုများကို ဖြေလျှော့ပေးလိုက်သည်။

“မင်း အရှုံးပေးလိုက်တော့။”

ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်

“ဖန်ရွှေ က ငါ့ဆီမှာ… အတိုင်းအတာတစ်ခုအထိတော့ မျက်နှာရှိတယ်၊ မဟုတ်လို့ကတော့ မင်းရဲ့ အဆုံးသတ်ကလည်း စီကုရှန့်ရိ နဲ့ ထူးခြားမှု ရှိမှာ မဟုတ်ဘူး။”

ဖန်ရုကန်း သည် ဘဝသစ်တစ်ခုကို ပြန်လည်ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရပြီး၊ အစောဆုံး အချိန်မှာတင် အလျင်အမြန်ပင် အရှုံးပေးလိုက်တော့သည်။

ဖန်ရွှေ သည်လည်း မိမိ၏ မျက်နှာမှာ ဤမျှလောက်အထိ ကြီးမားလိမ့်မည်ဟု မထင်ထားခဲ့မိသဖြင့်၊ ပတ်ပတ်လည်ရှိ ကျောင်းသားများထံမှ အံ့အားသင့်ခြင်းနှင့် အားကျမနာလိုခြင်း မျက်ဝန်းများ ကျရောက်လာသည်ကို မြင်သောအခါ၊ သူက မနေနိုင်ဘဲ တဟဲဟဲ ဟု ရယ်မောလိုက်တော့သည်။

စီကုကျိုလီ က ထိုအခြေအနေကို မြင်သောအခါ၊ ဆက်လက်၍ အော်ဟစ်လိုက်ပြန်သည်။

“ငါ့ကို စိန်ခေါ်စမ်း ”

ဖန့်ချန်ကမူ သူ့ကို ဆက်လက်၍ အရေးမစိုက်ဘဲ၊ ကျန်ရှိနေသည့် အခြားသော ချီထျန်းမျိုးနွယ်စု သူတော်စင်များကို လှမ်း၍ ကြည့်လိုက်သည်။

လင်ယောင် ကျောင်းသားများသည် စိတ်ထဲတွင် အနည်းငယ် ချမ်းစိမ့်သွားကြရပြီး၊ သူတို့ ယခုအချိန်တွင် သေချာပေါက် ရိပ်မိလိုက်ကြပြီ ဖြစ်သည်။

ဖန့်ချန်သည် အတိတ်တုန်းက ယဲ့ထျန်းကု ၏ အရှင်လတ်လတ် ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ကိစ္စအတွက်... ယခုအချိန်တွင် လာရောက် လက်စားချေနေခြင်း ဖြစ်ပါလားဟူ၍ပင်။

All Chapters