အခန်း (၅၁၇-၅၁၈)
Vol. 52 Ch. 517-518
အခန်း ၅၁၇ - မြောက်ပိုင်းနက္ခတ် နှင့် ကောင်းကင်ဘုံ
ခရမ်းရောင်ဝတ်စုံနဲ့ လူငယ်ကတော့ အဖိုးကြီးကု ရဲ့ သတိပေးချက်ကို အရေးမစိုက်သလိုမျိုး ခပ်ဖွဖွ ရယ်လိုက်ပါတယ်။
"ကျုပ်က ဝိညာဉ်သန္ဓေသားအဆင့် တစ်ယောက်အနေနဲ့ သူတို့ကို လက်ဖျားနဲ့တောင် မတို့ပါဘူး ကျုပ်ရဲ့ လက်အောက်ငယ်သားတွေကလည်း အရည်အချင်း မမီကြတော့ ဘာမှလုပ်ဖို့ အစီအစဉ် မရှိပါဘူး"
"အဖိုးကြီးကု ခင်ဗျား ဘာမှ စိတ်မပူပါနဲ့ ကျုပ်တို့ကြောင့် ကြယ်စင်တံခါးဂိုဏ်း ရဲ့ စီးပွားရေး မပျက်စေရပါဘူး"
အဖိုးကြီးကု က ခေါင်းညိတ်ပြပါတယ်။ သူ့ဂိုဏ်းရဲ့ စီးပွားရေးကို မထိခိုက်သရွေ့တော့ ဘာမှမဖြစ်ပါဘူး။
လူငယ်က နတ်မိမယ်ယွီ ကို တစ်ချက်ကြည့်ပြီးနောက် ဖန့်ချန် ဘက်ကို အကြည့်ပြောင်းကာ ပြုံးလိုက်ပါတယ်။
"ညီလေး မင်းက ဘယ်က လာတာလဲ"
မြေခွေးဘုရင်မ နဲ့ တခြားသူတွေကတော့ အဲဒီလူငယ်ဆီက ထွက်ပေါ်နေတဲ့ ဖိအားကြောင့် တောင်ကြီးတစ်လုံးကို မော့ကြည့်နေရတဲ့ ပုရွက်ဆိတ်လေးတွေလို ခံစားနေရပါတယ်။
ဒီအရှိန်အဝါက ရွှေအမြုတေအဆင့် မဟုတ်တာ သေချာပါတယ်။
သူတို့ရှေ့က လူဟာ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရပါမယ်။
ဖန့်ချန် ကတော့ ခပ်အေးအေးပဲ ပြုံးပြီး
"မင်းက ကောင်းကင်ဘုရင်ကျန့် နန်းတော်ကလား"
လို့ မေးလိုက်ပါတယ်။
လူငယ်က ခေါင်းညိတ်ပြပါတယ်။
"ဒါဆိုရင် ငါက ဘာသောက်ကြောင်း ရှိလို့ ပြောရမှာလဲ"
လို့ ဖန့်ချန် က ပြောပြီး တယ်လီပို့ခတွေကို ပေးကာ အားလုံးကို အစီရင်ထဲ ခေါ်သွားပါတော့တယ်။
လူငယ်ကတော့ နည်းနည်း ကြောင်သွားပါတယ်။
ဖန့်ချန် က သူ့ရှေ့မှာ ဒီလောက်ထိ စကားကြမ်းလိမ့်မယ်လို့ သူ ထင်မထားခဲ့ပါဘူး။
'ဒီကောင်က ငါ ဝင်မတိုက်ရဲဘူးဆိုတာကို တကယ်ပဲ ယုံကြည်နေတာလား'
လို့ သူ တွေးနေမိပါတယ်။
တယ်လီပို့ အစီရင် က အလင်းဖြူတွေ လက်ခနဲ ဖြစ်သွားပြီးနောက်မှာတော့ ဖန့်ချန် တို့ရဲ့ အငွေ့အသက်တွေ လုံးဝ ပျောက်ကွယ်သွားပါတော့တယ်။
"သခင်လေးကျောက် ကျုပ်အမြင်အရတော့ ဒီကိစ္စမှာ အရမ်းကြီး နက်နက်ရှိုင်းရှိုင်း မပါတာ အကောင်းဆုံးပဲ"
လို့ အဖိုးကြီးကု က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။
"မိစ္ဆာမယွီ က ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား ကို ဖွဲ့စည်းထားတာဆိုတော့ အသက်ရှင်ဖို့ နှစ်အနည်းငယ်ပဲ လိုတော့တာ ပြီးတော့ သူမမှာ ဝိညာဉ်သန္ဓေသားအဆင့်ကို သတ်နိုင်တဲ့ အစွမ်းမရှိဘူးဆိုလိုတာက သူမဘေးက လူငယ်မှာလည်း မသေးတဲ့ နောက်ခံတစ်ခု ရှိနေမှာပဲ"
"ဒီကိစ္စမှာ ရန်ငြိုးတွေ အများကြီး ထားမိရင် မင်းရဲ့ ကျင့်ကြံမှုကိုပဲ ထိခိုက်ပါလိမ့်မယ်"
"အဖိုးကြီးကု ကျုပ်တို့က နန်းတော်ရဲ့ လူတွေပါအာဃာတတွေကို မကြောက်ပါဘူး ကျုပ်လည်း ခင်ဗျားလိုပဲ ဘာကိုမှ ဂရုမစိုက်ဘဲ အေးအေးဆေးဆေး နေချင်တာပေါ့"
" ဒါပေမဲ့ ကျင့်ကြံခြင်းလောကမှာ အရာအားလုံးက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာဘူးလေ"
လို့ ကျောက်ဝူကျိ က ပြောပြီး သူ့အဖွဲ့ကို အစီရင်ထဲ ခေါ်သွားပါတော့တယ်။
သူတို့ ထွက်သွားပြီးနောက်မှာတော့ အဖိုးကြီးတစ်ယောက်က အဖိုးကြီးကု ရဲ့ အနားကို လျှောက်လာပါတယ်။
"ညီလေးကု ကျေးဇူးပဲ"
"အားနာစရာ မလိုပါဘူး ကျုပ်တို့ ခင်ခဲ့တာ ကြာပြီပဲ ဒါက ကိစ္စအသေးအမွှားပါ ဒါနဲ့ အဲဒီလူငယ်ရဲ့ နောက်ခံက ဘာလဲဆိုတာ ငါ သိလို့ရမလား သူက ဘယ်လိုလုပ်ပြီး နတ်မျိုးစေ့တွေကို သတ်နိုင်တာလဲ"
အဲဒီအဖိုးကြီးက အသာအယာ ပြုံးပြီး ခေါင်းခါပြကာ တယ်လီပို့ အစီရင် ထဲကို ဝင်သွားပါတယ်။
"အရင်တုန်းက အရူးဖန့် တောင် ပေါ်လာပြီဆိုတော့ လူအများကြီး အိပ်ပျော်ဖို့ ခက်ဦးမှာပဲ"
လို့ အဖိုးကြီးကု က တီးတိုးရေရွတ်ရင်း သက်ပြင်းချလိုက်ပါတယ်။
"အို ငါလည်း အိုပါပြီ ငါသာ နောက်ထပ် နှစ်အနည်းငယ်လောက် ငယ်ဦးမယ်ဆိုရင် ဒီပွဲမှာ ပါဝင်ဆင်နွှဲမိဦးမှာပဲ"
နတ်ဘုရားနိုင်ငံတော် သန့်စင်မြေ ဆိုတာကတော့ အရင်က မသေမျိုးစစ်စစ် တစ်ယောက် ပေါ်ထွန်းခဲ့လို့ အဲဒီလို ခေါ်တာပါ။
အဲဒီ မသေမျိုးဟာ အထက်ဘုံကို မတက်ခင်မှာ ဒီနေရာမှာ တပည့်တွေကို နှစ်ပေါင်း တစ်ထောင်ကျော် သင်ကြားပြသပေးခဲ့ဖူးပါတယ်။
ဒီဒေသမှာ ကျင့်ကြံခြင်းဂိုဏ်းတွေ၊ မိသားစုတွေ အများကြီး ရှိပါတယ်။
အဲဒီထဲမှာ နင်မျိုးနွယ်စု က အကျော်ကြားဆုံးဖြစ်ပြီး ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင် ရှိပါတယ်။
ဂိုဏ်းတွေထဲမှာတော့ သစ်စိမ်းဂိုဏ်း က နာမည်အကြီးဆုံးပါ။
"မှန်လေး အလယ်ပိုင်းတိုက်ကြီးမှာ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ ရှိတဲ့ အဖွဲ့အစည်း ဘယ်လောက်ရှိလဲ"
လို့ ဖန့်ချန် က မေးလိုက်ပါတယ်။
"စုစုပေါင်း ၂၂ ဖွဲ့ ရှိတယ်"
လို့ စကြာဝဠာမှန် က ချက်ချင်း ဖြေပါတယ်။
"၂၂ ဖွဲ့ပဲလား"
ဖန့်ချန် အံ့သြသွားပါတယ်။ ဧကရာဇ်အဆင့် သတ်မှတ်ချက်မှာတောင် လူပေါင်း တစ်ရာကျော် ရှိတာ မဟုတ်လား။
မှန်လေးက ရှင်းပြပါတယ်။
"အစ်ကို ဒီလောကမှာ အလယ်ပိုင်းတိုက်ကြီးအပြင် မြောက်ပိုင်းနက္ခတ် နဲ့ ကောင်းကင်ဘုံ ဆိုတဲ့ တခြား အဆင့် ၁ အင်အားကြီး အင်ပါယာ နှစ်ခု ရှိသေးတယ်လေ"
"အလယ်ပိုင်းတိုက်ကြီးက သမိုင်းအရှည်ဆုံး ဖြစ်ပေမယ့် အခုတော့ ဆုတ်ယုတ်နေပြီ တခြား နှစ်ခုက ကျွမ်းကျင်သူ ပမာဏနဲ့ ယှဉ်ရင် အများကြီး နည်းသွားပြီ"
အဲဒီ နိုင်ငံတော် နှစ်ခုက အလယ်ပိုင်းတိုက်ကြီးနဲ့ မသေမျိုးမိစ္ဆာပင်လယ် ခြားနေတာပါ။ ဖန့်ချန် က အခုမှပဲ ဒါတွေကို သိရပါတော့တယ်။
"သခင်လေးဖန့် ရှေ့မှာ မြင်နေရတာ နတ်ဘုရားနိုင်ငံတော် သန့်စင်မြေ ပါပဲ အဲဒီကို ရောက်ရင် သစ်စိမ်းဂိုဏ်း ကို ရောက်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တယ်"
လို့ မြေခွေးဘုရင်မ က လှမ်းညွှန်ပြပါတယ်။
နတ်မိမယ်ယွီ ကတော့ စိုးရိမ်တကြီးနဲ့
"သခင်လေး ဒီနေရာက အထက်ပိုင်း သုံးဆင့် က ကျင့်ကြံသူတွေ တိုက်ရိုက် အုပ်ချုပ်တာပါ သူတို့နဲ့ ကောင်းကင်ဘုရင်ကျန့် နန်းတော်ကြားမှာ ပတ်သက်မှု ရှိနိုင်တယ် ဒီဒေသမှာက ကိုယ်ဖျောက်တဲ့ ကျင့်စဉ်တွေ သုံးလို့မရအောင် အစီရင်တွေ ခံထားတတ်တယ်နော်"
ဖန့်ချန် မျက်မှောင်ကြုတ်လိုက်ပါတယ်။
ရိပ်ခြေဗုဒ္ဓကျင့်စဉ် သုံးလို့မရရင် ကိစ္စတွေက ခက်ခဲကုန်မှာပါ။
"လမ်းကနေ ပတ်သွားရင်ကော ဘယ်လောက်ကြာမလဲ"
"နှစ်နဲ့ချီ ကြာသွားလိမ့်မယ်"
လို့ မြေခွေးဘုရင်မ က ဖြေပါတယ်။
"မရဘူး မဟာမူလအသီး မရရင် ငါတို့အတွက် ပြဿနာတွေက အမြဲ လိုက်နေမှာပဲ သွားကြစို့ ငါတို့လမ်းကို ပိတ်တဲ့သူ ရှိလာရင်လည်း ပေးဆပ်ရမယ့် တန်ဖိုးကို ပေးခိုင်းရမှာပဲ"
လို့ ဖန့်ချန် က အပြတ်အသတ် ပြောလိုက်ပါတယ်။
သူတို့ အဲဒီနယ်မြေထဲကို ဝင်လိုက်တာနဲ့ တကယ်ပဲ ဓားစီးတာ တိမ်စီးတာတွေ အားလုံးက အလုပ်မလုပ်တော့ပါဘူး။
ဖန့်ချန် ရဲ့ ရိပ်ခြေဗုဒ္ဓကျင့်စဉ်တွေလည်း သုံးလို့မရတော့သလို သူ့ရဲ့ ဝိညာဉ်အာရုံကိုတောင် အပြင်ကို ထုတ်လို့မရတော့ပါဘူး။
ရုတ်တရက် မြေခွေးဘုရင်မ က ထိတ်လန့်တကြား အော်လိုက်ပါတယ်။
"ဖန့်ချန် ဟိုဘက်ကို ကြည့်လိုက်ဦး"
ဖန့်ချန် တို့ မော့ကြည့်လိုက်တဲ့အခါ မြင့်မားတဲ့ နံရံကြီးတစ်ခုပေါ်မှာ ချိတ်ထားတဲ့ ဧရာမ ကြေးမှန်ကြီး တစ်ချပ်ကို တွေ့လိုက်ရပါတယ်။
အဲဒီမှန်ကြီးထဲမှာ ဖန့်ချန် တို့ရဲ့ လက်ရှိ ပုံရိပ်တွေ ပေါ်နေပြီး အနီးနားက ကျင့်ကြံသူတွေက သူတို့ကို ကြည့်ကာ တီးတိုး ပြောဆိုနေကြပါတော့တယ်။
အခန်း ၅၁၈ - ကောင်းကင်လျှို့ဝှက်ကြေးမှန်၏ ဖော်ထုတ်မှု
ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး
"ဒါက ကောင်းကင်ဘုရင်ကျန့် နန်းတော်ရဲ့ လက်ချက်ပေါ့"
သူတို့ ဒီလောက် ကြိုးစားပမ်းစား ခရီးနှင်လာခဲ့တာတောင် သူတို့ရဲ့ လှုပ်ရှားမှုတိုင်းက အမြဲတမ်း စောင့်ကြည့်ခံနေရတာလား
နတ်မိမယ်ယွီရဲ့ မျက်နှာကလည်း ပျက်ယွင်းနေပါတယ်။
"သခင်လေး ဒါက ကြယ်စင်သတင်းပို့အဆောင် နဲ့ ဆင်တူတဲ့ ကောင်းကင်လျှို့ဝှက်ကြေးမှန် ပဲ အလယ်ပိုင်းတိုက်ကြီးက ကျင့်ကြံသူ အတော်များများ ဒါကို ဝယ်ထားကြတယ်"
" ပုံမှန်ဆိုရင်တော့ အဆင့်သတ်မှတ်ချက် သတင်းတွေနဲ့ ဂိုဏ်းကြီးတွေ တင်တဲ့ အရေးကြီးသတင်းတွေကို ကြည့်ဖို့ သုံးကြတာ"
သူမက ဆက်ပြောပါတယ်။
"ကောင်းကင်ဘုရင်ကျန့် နန်းတော်က ကျမတို့ကို ဒီမှန်ပေါ်မှာ ဘယ်လိုတင်လိုက်လဲ မသိဘူး ကျမ ဘယ်သွားသွား လိုက်ရှာခံနေရတာ ဒါကြောင့်ကိုး သူတို့ တကယ်ကို ချမ်းသာတာပဲ"
"ချမ်းသာတယ်"
ဖန့်ချန်က အံ့သြသွားပါတယ်။
နတ်မိမယ်ယွီက ရှင်းပြပါတယ်။
"ဒီမှန်ကို သုံးရုံတင်ဆိုရင်တော့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးပဲ လိုတာပါ ဒါပေမဲ့ သတင်းတစ်ခု တင်ချင်ရင်တော့ အလယ်အလတ်အဆင့် ကျောက်တုံးတွေ သုံးရတယ်"
"အခုလို လူအများကြီး မြင်အောင် တင်ထားဖို့ဆိုရင်တော့ စက္ကန့်တိုင်းမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို မီးရှို့နေသလို သုံးနေရတာပဲ"
နတ်မိမယ်ယွီက ဒေါသထွက်နေပါတယ်။
သူမရဲ့ အမှတ်အသား ပေါ်သွားလို့တင်မကဘဲ သူမ မသိအောင် အမြဲတမ်း အချောင်းကြည့်ခံနေရတာကို စက်ဆုပ်နေတာပါ။
"ဒါဆို ငါ တောက်ပသောနတ်ဘုရားမျက်လုံး ကို ကျင့်နေတုန်းကလည်း သူတို့ မြင်သွားတာလား"
"မဟုတ်ဘူး သူတို့သာ ကျမတို့ကို အချိန်တိုင်း မြင်နေရရင် ရွှေအမြုတေအဆင့်တွေက အုပ်စုလိုက်ကြီး အသေခံဖို့ တစ်သုတ်ပြီး တစ်သုတ် လာနေမှာ မဟုတ်ဘူး"
ဖန့်ချန်က တစ်ခုခုကို စဉ်းစားမိသွားပြီး
"နည်းနည်း နောက်ဆုတ်ပြီး စမ်းကြည့်စမ်း"
လို့ ပြောလိုက်ပါတယ်။
နတ်မိမယ်ယွီက နောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်တဲ့အခါ ကြေးမှန်ထဲက ပုံရိပ်က သူမ ရွေ့လျားမှုအတိုင်း လိုက်ပြောင်းသွားပါတယ်။
အဲဒီပုံရိပ်က နတ်မိမယ်ယွီရဲ့ အမြင်ကနေ ပြနေတာပါ။
ဒါပေမဲ့ ဒါက အကုန်မြင်ရတာတော့ မဟုတ်ပါဘူး။
အနည်းဆုံးတော့ သူမ ခေါင်းပေါ်က မြင်ကွင်းကို မမြင်ရသလို၊ ဖန့်ချန် ဆေးရည်သောက်တာကို မြင်နိုင်ပေမယ့် ကောင်းကင်ယံက ဓားအစီရင်ကြီးကိုတော့ သူတို့ မြင်ရမှာ မဟုတ်ပါဘူး။
နတ်မျိုးစေ့ သုံးယောက်ကို သတ်ခဲ့တဲ့ မြင်ကွင်းကိုလည်း သူတို့ အတိအကျ မြင်ရမှာ မဟုတ်ဘဲ ခန့်မှန်းရုံပဲ ရှိပါလိမ့်မယ်။
"မေမေ မှန်ထဲမှာ လူတွေရှိတယ်"
လို့ ကလေးတစ်ယောက်က ဖန့်ချန်တို့ကို လက်ညှိုးထိုးပြီး အံ့သြတကြီး အော်ပါတယ်။
အမေဖြစ်သူက ကြောက်လန့်တကြားနဲ့ ကလေးပါးစပ်ကို ပိတ်ပြီး လူအုပ်ထဲ ပုန်းလိုက်ပါတော့တယ်။
ရုတ်တရက် စပ်စုချင်တဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က ဖန့်ချန်ကို လှမ်းအော်မေးပါတယ်။
"မိတ်ဆွေ နတ်မိမယ်ယွီကို ဝိညာဉ်သွေးဂိုဏ်း က ကောင်းကင်ဘုရင်ကျန့် နန်းတော်နဲ့ ရန်တိုက်ပေးဖို့ ကြံစည်ခဲ့တာလို့ ခင်ဗျား တကယ်ပဲ ယုံနေတာလား"
ဖန့်ချန် စိတ်ထဲကနေ သက်ပြင်းချလိုက်ပါတယ်။ သူနဲ့ နတ်မိမယ်ယွီ ပြောခဲ့တဲ့ စကားတွေထဲက အချို့ကို ဒီကြေးမှန်က ထုတ်လွှင့်ပြသခဲ့ပုံရပါတယ်။
ဒါက ကောင်းတဲ့အချက်ပါပဲ။
အနည်းဆုံးတော့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်း နဲ့ နန်းတော်တို့က ဒီကိစ္စကို ပြန်စုံစမ်းကြတော့မှာပေါ့။
ဖန့်ချန်က ခပ်အေးအေးပဲ ပြန်ဖြေလိုက်ပါတယ်။
"ငါ ပြောဖို့တောင် လိုဦးမလား ဝိညာဉ်သွေးဂိုဏ်းက မဟုတ်ရင် ဘယ်သူက ဒီလောက် အောက်တန်းကျတဲ့ နည်းလမ်းမျိုးကို သုံးမှာလဲ"
"ဒါပေမဲ့ သူတို့က လူရွေးမှန်သွားတယ်လို့ ပြောရမှာပဲ ကိုင်ဝူ သာ အောက်တန်းကျတဲ့ လူစားမျိုး မဟုတ်ရင် ဂိုဏ်းနှစ်ခုလုံးက အရုပ်တွေလို ကြိုးဆွဲခံရမှာ မဟုတ်ဘူး"
လူအုပ်ကြီးဆီကနေ အံ့သြတကြား အသံတွေ ထွက်ပေါ်လာပါတယ်။
ကိုင်ဝူ ကို အောက်တန်းကျသူ လို့ ဗြောင်ပြောလိုက်တာက နန်းတော်ကို တရားဝင် စိန်ခေါ်လိုက်တာပါပဲ။
အဝေးက လေဟာပြင် မဏ္ဍပ်တစ်ခုပေါ်မှာတော့ လူငယ်တစ်စု ရှိနေပါတယ်။
ခေါင်းဆောင်တွေကတော့ အိမ်ရှေ့မင်းသား ကိုင်ဟုန် နဲ့ ကိုင်ယွန်နော တို့ပါပဲ။
ဖန့်ချန်ရဲ့ စကားကို ကြားတော့ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြပါတယ်။
"ငါတို့ရဲ့ တတိယညီလေးရဲ့ နာမည်ကတော့ အဖတ်ဆယ်လို့ မရအောင် ပျက်စီးသွားပြီပဲ"
လို့ ကိုင်ဟုန်က ခပ်တိုးတိုး ရယ်ပါတယ်။
"သူ့အပြစ်နဲ့သူပဲလေ အရည်အချင်းမရှိတော့ နန်းတော်ရဲ့ ဂုဏ်သိက္ခာပါ ဆွဲချနေတာ"
လို့ ကိုင်ယွန်နောက ပြောပါတယ်။
အဲဒီအချိန်မှာ နတ်ဘီလူးဂိုဏ်းက ကိုယ်စားလှယ်က ဒေါသတကြီး ပြောပါတယ်။
"နတ်မိမယ်ယွီကတော့ အသက်ရှင်ဖို့ မကြာတော့ဘူး ထားပါတော့ ဒါပေမဲ့ သူမဘေးကလူက ငါတို့ဂိုဏ်းရဲ့ နတ်မျိုးစေ့ကို သတ်ခဲ့တာ ဒီကြွေးကိုတော့ မဖြစ်မနေ ဆပ်ရမယ်"
သူက ကိုင်ဟုန်ကို ကြည့်ပြီး
"မင်းတို့ နန်းတော်က ဘာလို့ ဝိညာဉ်သန္ဓေသားအဆင့်တွေကို လွှတ်ပြီး အဲဒီကောင်ကို မသတ်တာလဲ"
"ငါတို့ မလွှတ်ဘူးလို့ မင်းက ဘယ်လိုသိလဲ"
ကိုင်ဟုန်က ပြန်မေးလိုက်တဲ့အခါ အားလုံး အံ့သြသွားပါတယ်။
ကိုင်ယွန်နောက ရယ်ရင်း ပြောပြပါတယ်။
"ကိုင်ဝူရဲ့ အမေက သူမဘာသာ ခွင့်ပြုချက်မရှိဘဲ ဝိညာဉ်ခွဲဖြာခြင်းအဆင့် ၃ ယောက်၊ သိမြင်ခြင်းအဆင့် ၉ ယောက်နဲ့ ဝိညာဉ်သန္ဓေသားအဆင့် ၂၀ ကို လွှတ်ခဲ့တာ ဘာဖြစ်သွားလဲ သိလား အားလုံး သေကုန်ပြီ"
အားလုံး တိတ်ဆိတ်သွားပါတယ်။
ဝိညာဉ်သန္ဓေသားအဆင့် ၂၀ ကျော်ကို သတ်နိုင်တယ်ဆိုတာက မသေးပါဘူး။
"ဒီလူ့နောက်မှာလည်း အင်အားကြီးတဲ့ နောက်ခံရှိပုံပဲ"
လို့ နတ်ဘီလူးဂိုဏ်းက လူက မျက်မှောင်ကြုတ်လိုက်ပါတယ်။
"ငါ့အဖေကတော့ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး ဒါပေမဲ့ လောလောဆယ်တော့ ဝိညာဉ်သန္ဓေသားအဆင့်တွေ ဝင်မပါဖို့ သတင်းစကားတစ်ခု ရထားတယ်"
"ငါနဲ့ ယွန်နော က ဒီကို လာခဲ့တာက မျက်နှာပန်း ပြန်လှအောင် လုပ်ဖို့ပဲ တကယ်လို့ သူတို့ ဒီနေ့ နတ်ဘုရားနိုင်ငံတော် သန့်စင်မြေ ထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်ရင် ငါတို့ နန်းတော်က သူတို့ကို ထပ်မနှောင့်ယှက်တော့ဘူး"
"တကယ်လို့ မထွက်နိုင်ရင်ကော"
"ဒါဆိုရင်တော့ ဒီမှာပဲ သေရမှာပေါ့"
ကိုင်ဟုန်က ဖန့်ချန်ရဲ့ အသက်ကို ဂရုမစိုက်သလိုမျိုး အေးအေးဆေးဆေး ပြောလိုက်ပါတယ်။