← Chapters

အခန်း (၁၈၃၁-၁၈၃၂)

Vol. 184 Ch. 1831-1832

အခန်း (၁၈၃၁-၁၈၃၂)

Vol. 184 Ch. 1831-1832

အခန်း (၁၈၃၁) - အထွတ်အထိပ်အရိုး

အထွတ်အထိပ်အရိုး ဆိုသည့် စကားလုံး သုံးလုံးအပေါ် ဖန့်ချန်က အလွန်အမင်း အာရုံစိုက်မိသွားသည်။ ဤစကားလုံးက သူ့ကို မင်ရွှီခေတ် လူသားမျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်၌ နယ်မြေကိုးခုခေတ် လူသားမျိုးနွယ်စုဝင်များထက် 'အရိုးကိုးခု' ပိုမိုပါရှိနေခြင်းနှင့် ဆက်စပ်၍ တွေးတောမိစေသည်။

"လူကြီးမင်း နှစ်ဦးခင်ဗျာ... မီးနတ်ဘုရားမျိုးနွယ်စုက အရင်တုန်းက ပြောခဲ့ဖူးတာ ရှိပါတယ်။ တကယ်လို့ ကျွန်တော်တို့ မျိုးနွယ်စုထဲမှာ သူတော်စင်အဆင့် တက်လှမ်းနိုင်တဲ့ အစွမ်းထက်သူ ပေါ်ထွက်လာရင် နတ်ဆိုးမျိုးနွယ်စုမှာ အထွတ်အထိပ်အရိုး တစ်ခု ပိုတိုးလာမယ်လို့ပေါ့။ ဒီကိစ္စက တကယ်ပဲ..."

ဖူရွှန်းက ဖန့်တိန်နှင့် ဖန့်ချန်တို့ကို မျှော်လင့်ချက်ကြီးမားသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

ဖန့်တိန်က ညင်သာစွာ ခေါင်းညိတ်ပြလျက်

"ဒီအချက်ကိုတော့ မီးနတ်ဘုရားမျိုးနွယ်စုက မင်းတို့ကို လိမ်ညာခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ သေချာပေါက် အမှန်ပါပဲ"

"အထွတ်အထိပ်အရိုး ဆိုတာ မျိုးနွယ်စုတစ်ခုရဲ့ အားအင်၊ ကြီးပွားတိုးတက်မှုနဲ့ ဆုတ်ယုတ်မှုကို ကိုယ်စားပြုတာပါ။ သူတော်စင် တစ်ယောက် တိုးလာတိုင်း မျိုးနွယ်စုရဲ့ ကံကြမ္မာ အရှိန်အဟုန် မြင့်တက်လာပြီး အထွတ်အထိပ်အရိုး တစ်ခု ပိုတိုးလာတာမျိုးပေါ့"

"ငါတို့ လူသားမျိုးနွယ်ဆိုရင်လည်း အောက်ခြေက ကျွန်စစ်တပ်ဘဝကနေ ဒီနေ့အထိ လျှောက်လှမ်းလာခဲ့ကြရတာ။ မင်ရွှီနယ်မြေရဲ့ အကြီးကျယ်ဆုံးသော သူတော်စင် ကိုးပါး ကြောင့် ငါတို့ လူသားမျိုးနွယ်မှာ စုစုပေါင်း အထွတ်အထိပ်အရိုး (၉) ခု ရှိနေတာပါ။

အထွတ်အထိပ်အရိုး ရှိနေသရွေ့ ငါတို့ရဲ့ အခြေခံလက်ဝှေ့ကျင့်စဉ်ကို ကျင့်ကြံနိုင်စွမ်း ပါရမီဟာ မင်းတို့ နတ်ဆိုးမျိုးနွယ်စုထက် အဆပေါင်းများစွာ သာလွန်နေမှာပဲ။ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကလည်း မင်းတို့ထက် အများကြီး ပိုကြီးမားတယ်"

"မင်းတို့ နတ်ဆိုးမျိုးနွယ်စုမှာတော့ အထွတ်အထိပ်အရိုး မရှိတဲ့အတွက် အခြေခံလက်ဝှေ့ကျင့်စဉ်ကို ကျင့်ကြံနိုင်စွမ်း ရှိတဲ့သူဟာ တကယ်ကို ရှားပါးလှပါတယ်။ လူတစ်သိန်းမှာ တစ်ယောက်တောင် ရှိချင်မှ ရှိလိမ့်မယ်"

"အဲဒီတစ်ယောက်က အဆင့် ၈ နယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ရင်တောင် သူတော်စင်ကျမ်းစာဆီကနေ မိမိနဲ့ သင့်တော်တဲ့ လမ်းစဉ်ကို ရရှိဖို့က မသေချာဘူး။ နောက်ပိုင်းမှာ အဆင့် ၉၊ ကန့်သတ်ချက်ကျော်လွန်ခြင်း သုံးဆင့်၊ သူတော်စင်တစ်ပိုင်း အဆင့်တွေအထိ တက်လှမ်းဖို့ဆိုတာ ပိုပြီးတော့တောင် ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ အထွတ်အထိပ်အရိုး ရှိလာခဲ့ရင်တော့ ဒီအခက်အခဲများစွာဟာ သဘာဝကျကျပဲ ပြေလည်သွားလိမ့်မယ်"

"မင်းတို့က အသစ်တက်လာတဲ့ မျိုးနွယ်စု ဖြစ်နေလို့ ဒါတွေကို အလောတကြီး မဖြစ်ပါနဲ့ဦး။ ဖြည်းဖြည်းချင်းပဲ ပြင်ဆင်ပြီး အခြေခံကောင်းကောင်း ချခဲ့ပါ"

ဖူရွှန်းသည် ထိုစကားကို ကြားသောအခါ လူသားမျိုးနွယ်၏ လက်ရှိအခြေအနေကို အားကျမိသလို၊ နတ်ဆိုးမျိုးနွယ်စု၏ ခက်ခဲသော အခြေအနေအတွက်လည်း စိုးရိမ်မိသွားသည်။

နတ်ဆိုးမျိုးနွယ်စုအတွက်မူ လျှောက်လှမ်းရမည့် လမ်းမှာ အလွန်ဝေးကွာနေသေးသည်။ အနည်းဆုံးတော့ သူ၏ မျိုးဆက်တွင်မူ နတ်ဆိုးမျိုးနွယ်စုမှ သူတော်စင်တစ်ဦး ပေါ်ထွက်လာမည့်နေ့ကို မြင်တွေ့ရမည့် အခွင့်အရေး ရှိပုံမရပေ။

'ဒီလိုကိုး...'

ဖန့်ချန် စိတ်ထဲမှ တွေးတောမိရင်း အရိုးကိုးခု၏ ဇာစ်မြစ်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ နယ်မြေကိုးခုခေတ် လူသားမျိုးနွယ်တွင် သူတော်စင် မရှိသဖြင့် အထွတ်အထိပ်အရိုး (၉) ခု လျော့နည်းသွားခြင်းမှာ သဘာဝကျလှသည်။

'ဆိုလိုတာက... သူတော်စင် ကိုးပါး ပျက်စီးသွားလို့ လူသားမျိုးနွယ်မှာ အထွတ်အထိပ်အရိုး မရှိတော့တာလား'

ဖန့်ချန် မေးမြန်းရန် ပြင်ဆင်နေစဉ်မှာပင် ဖူရွှန်းက ဦးအောင် မေးမြန်းလိုက်သည်။

"လူကြီးမင်း... တကယ်လို့ ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်စုမှာ နောင်တစ်ချိန်မှာ သူတော်စင် တစ်ယောက် ပေါ်ထွက်လာခဲ့ပြီး မျိုးနွယ်စုတစ်ခုလုံးမှာ အထွတ်အထိပ်အရိုး တစ်ခု တိုးလာခဲ့မယ်ဆိုရင် အဲဒီသူတော်စင် သေဆုံးသွားတဲ့အခါ အထွတ်အထိပ်အရိုးက ပျောက်ကွယ်သွားမှာလား"

"ဒါကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ မဟုတ်ရင် တချို့သော သူတော်စင်မျိုးနွယ်စုတွေက ဘာလို့ ဒီလောက်တောင် အစွမ်းထက်ပြီး အခြေခံ ခိုင်မာနေကြတာလဲ စိတ်ကူးကြည့်လို့တောင် မရနိုင်လောက်အောင်ပဲ အကြောင်းရင်းကတော့ သူတို့ဟာ ကာလရှည်ကြာစွာ ရှင်သန်ခဲ့ကြပြီး အဲဒီအတောအတွင်းမှာ ရေတွက်လို့ မရနိုင်လောက်တဲ့ ပါရမီရှင်တွေ၊ သူတော်စင်တွေ ပေါ်ထွက်လာခဲ့ကြလို့ပဲ။

သူတို့ရဲ့ အထွတ်အထိပ်အရိုး အရေအတွက်ဟာ တကယ်ကို ထိတ်လန့်ဖွယ်ကောင်းလှသလို ၎င်းက သူတို့ရဲ့ ပါရမီကိုလည်း ခန့်မှန်းရခက်အောင် အစွမ်းထက်စေတာပေါ့"

ဖန့်တိန်က ရှင်းပြလိုက်သည်။

ဖူရွှန်း ချက်ချင်းပင် သက်ပြင်းချနိုင်သွားသည်။

ဒါဆိုရင်တော့ ကောင်းတာပေါ့။ သူ အကြောက်ဆုံးက နတ်ဆိုးမျိုးနွယ်စု အခက်အခဲပေါင်းစုံ ရင်ဆိုင်ပြီး သူတော်စင်တစ်ဦး ပေါ်ထွက်လာခဲ့ပေမယ့် အဲဒီသူတော်စင် သေဆုံးသွားတဲ့အခါ နတ်ဆိုးမျိုးနွယ်စုတစ်ခုလုံး မူလအခြေအနေကို ပြန်ရောက်သွားမှာကိုပင်။

'အထွတ်အထိပ်အရိုးက သူတော်စင် သေဆုံးသွားပေမယ့် ပျောက်ကွယ်မသွားဘူးဆိုရင်... ဘာလို့...'

ဖန့်ချန်၏ စိတ်အစဉ် လေးလံသွားခဲ့သည်။

ဖြစ်နိုင်သည်မှာ ဖန့်တိန်၏ ကျင့်စဉ်အဆင့် မလုံလောက်သဖြင့် အချို့သော အချက်အလက်များကို အသေအချာ မသိရှိခြင်း ဖြစ်ပေလိမ့်မည်။ အနည်းဆုံးတော့ သူ အသေအချာ ပြောနိုင်သည်မှာ နယ်မြေကိုးခုခေတ် လူသားမျိုးနွယ်တွင် အထွတ်အထိပ်အရိုး တည်ရှိခြင်း မရှိတော့ပေ။

အထွတ်အထိပ်အရိုး ပျောက်ဆုံးသွားခြင်းမှာ နောင်လာမည့် လမ်းစဉ်ကို လုံးဝ ပိတ်ဆို့လိုက်ခြင်း မဟုတ်သော်လည်း ဖန့်တိန်၏ အဆိုအရ အခြေခံလက်ဝှေ့ကျင့်စဉ်ကို ကျင့်ကြံနိုင်မည့်သူကို ရှာဖွေရန်မှာ အလွန်ပင် ရှားပါးလှပေလိမ့်မည်။

ရှာဖွေတွေ့ရှိခဲ့လျှင်ပင် နောင်တွင် အဆင့် ၈ နယ်ပယ်၌ အထွတ်အထိပ်အရိုး မရှိသဖြင့် အခက်အခဲများနှင့် ကြုံတွေ့ရနိုင်ပြီး သူတော်စင်ကျမ်းစာ နည်းစနစ်များကို ကျင့်ကြံနိုင်မည် မဟုတ်ပေ။

'ဒါကြောင့် လက်ရှိ နယ်မြေကိုးခု လူသားမျိုးနွယ်အတွက် ပိုပြီး လွယ်ကူရိုးရှင်းတဲ့ လမ်းစဉ်က... အဆင့် ၈ ကျင့်ကြံသူအားလုံးကို သူတော်စင်ကျမ်းစာကို ကိုယ်တိုင် လေ့လာဆည်းပူးခိုင်းပြီး အဲဒီလမ်းစဉ်အတိုင်း ဆက်လျှောက်နိုင်မယ့် အစွမ်းထက်သူ တစ်ယောက် ပေါ်ထွက်လာဖို့ပဲ'

'ဒါပေမဲ့ သူတော်စင်ကျမ်းစာကို အဲဒီဘက်ကို ဘယ်လိုမှ ယူသွားလို့ မရဘူး...'

'ဒါဆိုရင်တော့ အခြေခံလက်ဝှေ့ကျင့်စဉ် လမ်းစဉ်ကိုပဲ ဆက်လျှောက်ရမှာပဲ။ ဖြစ်နိုင်တာက လဲ့ဘိုးဘေးကြီး လက်ဝှေ့ကျင့်စဉ် ကို သာမန်လူတွေကြားထဲမှာ ပြန့်ပွားအောင် လုပ်ရမယ်'

"ဒါပေမဲ့ ဘယ်အရာမဆို အကြွင်းမဲ့တော့ မဟုတ်ပါဘူး"

ဖန့်တိန်က ရုတ်တရက် သက်ပြင်းချရင်း ဆက်ပြောသည်။

"အထွတ်အထိပ်အရိုး ဆိုတာလည်း ထာဝရ တည်တံ့နေတာမျိုးတော့ မဟုတ်ဘူး။ တကယ်လို့ သူတော်စင်အရေအတွက်က အထွတ်အထိပ်အရိုး အရေအတွက်ထက် ကာလရှည်ကြာစွာ လျော့နည်းနေမယ်ဆိုရင် အထွတ်အထိပ်အရိုးက တဖြည်းဖြည်း လျော့နည်းသွားပါလိမ့်မယ်။ လူသားမျိုးနွယ်မှာလည်း အရင်တုန်းက သူတော်စင်တွေ သေဆုံးခဲ့ဖူးပြီး အဲဒီလို အခြေအနေကြောင့် အထွတ်အထိပ်အရိုး အတော်များများ ဆုံးရှုံးခဲ့ဖူးတယ်"

ဖန့်ချန်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ ဤသို့ဆိုလျှင် နယ်မြေကိုးခုခေတ် လူသားမျိုးနွယ်မှာ သူတော်စင် လုံးဝ မရှိတော့သဖြင့် နောက်ဆုံးတွင် ဆုတ်ယုတ်ပျက်စီးကာ အထွတ်အထိပ်အရိုး (၉) ခုလုံး ဆုံးရှုံးသွားခြင်း ဖြစ်နိုင်ချေ အလွန်ကြီးမားလှသည်။

ဖူရွှန်း၏ မျက်နှာတွင် စိုးရိမ်ရိပ်များ တစ်ဖန် ပေါ်လာပြန်သည်။ ဤသည်မှာ သတင်းကောင်း မဟုတ်ပေ။

"ဖူရွှန်း... ငါတို့ရဲ့ ဖန့်သူတော်စင်တစ်ပိုင်းက နောက်ထပ် အချိန်အနည်းငယ် ကြာရင် ဒီနေရာမှာ သူတော်စင်အဆင့် တက်လှမ်းတော့မှာ။ မင်း ဒီမှာနေပြီး လေ့လာကြည့်ရှုချင်လား "

ဖန့်တိန်က ပြုံးလျက် မေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်း"

ဖူရွှန်း စိတ်ထဲ၌ ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်းပင် လက်အုပ်ချီလျက် ဂါရဝပြုလိုက်သည်။

သူ ဤအချိန်တွင် ဇန့်လုံမြို့သို့ ရောက်ရှိလာခြင်း၏ အဓိက အကြောင်းရင်းမှာ ဖန့်သူတော်စင်တစ်ပိုင်းသည် နောက်ထပ် နှစ်အနည်းငယ် ကြာလျှင် သူတော်စင်အဆင့်သို့ တက်လှမ်းတော့မည် ဖြစ်သောကြောင့်ပင်။

ထိုအချိန်ကျလျှင် နတ်ဆိုးမျိုးနွယ်စုအတွက် အစွမ်းထက်သော မဟာမိတ်တစ်ဦး ရရှိလာပေလိမ့်မည်။ နတ်ဆိုးမျိုးနွယ်စုသည် လူသားမျိုးနွယ်နှင့် မီးနတ်ဘုရားမျိုးနွယ်စု ကြားတွင် ဟန်ချက်ညီညီ ရှင်သန်နိုင်ပေလိမ့်မည်။

'တစ်နေ့ကျရင်... နတ်ဆိုးမျိုးနွယ်စုမှာလည်း ကိုယ်ပိုင် သူတော်စင် ပေါ်ထွက်လာပြီး နတ်ဘုရားနယ်မြေရဲ့ သူတော်စင်မျိုးနွယ်စု ဖြစ်လာမှာပါ။ ဘယ်သူ့ရဲ့ ကျွန်ဘဝကိုမှ ခံရမှာ မဟုတ်ဘူး'

ဖူရွှန်း လက်သီးကို တင်းတင်းဆုပ်ကာ စိတ်ပိုင်းဖြတ်လိုက်သည်။

ချောင်ရှန်းမျှော်စင်မှ ထွက်ခွာလာခဲ့ပြီးနောက် ဖန့်ချန်တို့ နှစ်ဦးသည် ရှဲ့ကျစ်ဌာနသို့ ပြန်ရောက်လာခဲ့ကြသည်။

"ဖန့်တိန်... ဒီနှစ်တွေအတွင်း ဝမ်မိသားစု၊ ရှီးမိသားစုတို့လို အုပ်စုတွေက အတွင်းအာရုံနယ်မြေထဲမှာပဲ ပုန်းနေကြတာလား "

ဖန့်ချန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒါကတော့ သဘာဝကျပါတယ်၊ အဲဒီလိုလုပ်မှပဲ လော့ရွှယ်မဟာမိတ်အဖွဲ့ရဲ့ လိုက်လံဖမ်းဆီးမှုကို ထိရောက်စွာ ရှောင်ရှားနိုင်မှာပေါ့။ အဲဒီ လော့ရွှယ်သူတော်စင်ကြီးဆိုရင် ဒီနှစ်တွေအတွင်း ဒေါသတွေ တလိပ်လိပ် ထွက်နေတာပဲ"

ဖန့်တိန်က ရယ်မောလျက် ဆိုလိုက်သည်။

"ဒါဆိုရင် လဲ့ဘိုးဘေးကြီး သူတော်စင်အဆင့် တက်လှမ်းမယ့်နေ့မှာ သူတို့ ကိုယ်ထင်ပြကြမှာလား "

ဖန့်ချန်က မေးလိုက်သည်။

"ပြကြမှာပေါ့၊ ဒီသူတော်စင်တစ်ပိုင်း မိသားစုတွေက ငါတို့ ဖန့်မိသားစုရဲ့ အဓိက ဒေါက်တိုင်တွေပဲ။ သူတို့ ရှိနေမှပဲ လဲ့ဘိုးဘေးကြီး သူတော်စင် ဖြစ်လာတာနဲ့ တစ်ပြိုင်နက် အကြီးကျယ်ဆုံးသော သူတော်စင် ဆယ်ပါး အဆင့်အတန်းကို ချက်ချင်း ရရှိမှာပါ။ လော့ရွှယ်မဟာမိတ်အဖွဲ့တို့ထက် မနိမ့်ကျတဲ့ အဆင့်အတန်းပေါ့"

ဖန့်တိန်က ဆိုသည်။

ဖန့်ချန် ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ခြံဝင်းအတွင်းသို့ ပြန်လာခဲ့သည်။ ခဏမျှ စဉ်းစားတွက်ချက်ပြီးနောက် ထိုက်ချူးကျန်းရူးကို သောက်သုံးရန် မရွေးချယ်ခဲ့ပေ။ မိမိ၏ ကျင့်စဉ်တက်လှမ်းမှုဖြစ်စဉ်မှာ ကြာရှည်သွားနိုင်ပြီး ထိုလဲ့ဘိုးဘေးကြီး သူတော်စင်အဆင့် တက်လှမ်းမည့်နေ့ကို လွတ်သွားမှာကို သူ စိုးရိမ်မိသည်။

'သူတော်စင်အရေအတွက်က အထွတ်အထိပ်အရိုး အရေအတွက်ကို ကိုယ်စားပြုတယ်ဆိုရင် လူသားမျိုးနွယ်ရဲ့ သူတော်စင်တွေဟာ လဲ့ဘိုးဘေးကြီး သူတော်စင်အဆင့် တက်လှမ်းတာကို တားဆီးမှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာ အဓိကအချက်က လဲ့ဘိုးဘေးကြီးဟာ သူတို့ကို ခြိမ်းခြောက်မှု မဖြစ်စေဖို့ပဲ'

'လော့ရွှယ်မဟာမိတ်အဖွဲ့ကတော့ ဆယ့်ရှစ်ထပ် ငရဲမျှော်စင် ကြောင့် တားဆီးဖို့ ကြိုးစားနိုင်ချေ ရှိတယ်'

'အခြားသော သူတော်စင်တွေနဲ့ ပူးပေါင်းပြီး ဖိအားပေးလာမလား ဆိုတာကိုတော့ မသေချာဘူး'

ဤသို့ တွေးမိသည်နှင့် ဖန့်ချန် ရုတ်တရက် ပြုံးလိုက်ကာ ဆက်မစဉ်းစားတော့ပေ။

ဤကိစ္စများကို ထိုလဲ့ဘိုးဘေးကြီး ကိုယ်တိုင် စဉ်းစားတွက်ချက်ထားပေလိမ့်မည်။ သူတော်စင်အဆင့် တက်လှမ်းမည့်နေ့သို့ ရောက်လျှင် မည်သို့သော အခြေအနေမျိုး ဖြစ်လာမည်ကို သိရှိရပေလိမ့်မည်။ သူ လုပ်နိုင်သည်မှာ အခြားသူများနည်းတူ ဤသူတော်စင်အဆင့် တက်လှမ်းပွဲကြီးကို စောင့်ကြည့်ရုံသာ ဖြစ်သည်။

အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ ဖန့်ချန်သည် ဖန့်မျိုးနွယ်စုဝင် အများအပြားနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။ ဤမျိုးနွယ်စုဝင်များသည် သွေးမျိုးဆက် သန့်စင်မှု အလွန်မြင့်မားသော ဤဘိုးဘေးကြီးမှာ စကားပြောရ အလွန်လွယ်ကူသည်ကို သိရှိသွားကြသဖြင့် ပုံမှန်တွေ့ဆုံသည့်အခါများတွင်လည်း ကြောက်ရွံ့ရိုသေမှု နည်းပါးသွားကာ ရင်းနှီးမှု ပိုမိုတိုးပွားလာခဲ့ကြသည်။

ထိုနေ့တွင် ဖန့်ချန်သည် သူတော်စင်မျှော်စင်အနီးသို့ မတော်တဆ ရောက်ရှိသွားရာ ဤနေရာတွင် ဖန့်မျိုးနွယ်စုဝင် အများအပြား ရပ်နေကြသည်ကို တွေ့လိုက်ရသည်။

"ဘိုးဘေးကြီး ဖန့်ချန်... လမ်းလျှောက်ထွက်လာတာလား"

မျိုးနွယ်စုဝင်တစ်ဦးက ဖန့်ချန်ကို မြင်သောအခါ ပြုံး၍ နှုတ်ဆက်လိုက်သည်။

"ဟုတ်တယ်၊ ဒီဘက်မှာ ဘာလို့ ဒီလောက်တောင် စည်ကားနေတာလဲ"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

"ဟိုမှာ ဖန့်ဟန်က သူတော်စင်မျှော်စင်ကနေ ဖယ်ထုတ်ခံလိုက်ရလို့လေ"

မျိုးနွယ်စုဝင်တစ်ဦးက မလှမ်းမကမ်းရှိ နေရာတစ်ခုသို့ ညွှန်ပြလျက် ဆိုလိုက်သည်။

ဖန့်ချန် လှမ်းကြည့်လိုက်ရာ လူငယ်လေးတစ်ဦးကို မျိုးဆက်သစ် မျိုးနွယ်စုဝင် အုပ်စုတစ်စုက ဝိုင်းဝန်းထားကြပြီး တရစပ် စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်လေး၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာ မဆန်းလှပေ၊ အဆင့် ၆ မသေမျိုးနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဖန့်ဟန်က ဒီတစ်ခါတော့ ဖယ်ထုတ်ခံလိုက်ရပေမယ့် သူတော်စင်မျှော်စင်ထဲမှာ အကျိုးကျေးဇူး အများကြီး ရရှိခဲ့ပြီး အဆင့် ၆ ကို တက်လှမ်းနိုင်ခဲ့တယ်"

မျိုးနွယ်စုဝင်တစ်ဦးက အားကျမိသော မျက်နှာဖြင့် ဆိုလိုက်သည်။

"သိပ်မကြာခင်မှာပဲ သူက ဖန့်တိန် ဦးလေးတို့လို အဆင့် ၉ မသေမျိုးနယ်ပယ်အထိ တက်လှမ်းနိုင်လိမ့်မယ်လို့ ထင်ရတယ်"

အဆင့် ၆ နယ်ပယ်သို့ ရောက်ရှိနေသည့် အခြားသော မျိုးနွယ်စုဝင်တစ်ဦးကလည်း အလွန်ပင် အားကျမိနေသည်။

"ဟားဟားဟား... ဖန့်ဟန်၊ မင်း သူတော်စင်မျှော်စင်ကနေ ဖယ်ထုတ်ခံလိုက်ရတယ်လို့ ကြားတယ်။ လာစမ်း၊ ဘိုးဘေးကြီး မင်းရဲ့ ကျင့်စဉ်အဆင့် ဘယ်လိုရှိလဲ ကြည့်ပါရစေဦး "

လေဟာနယ်အတွင်း၌ ရှဲ့ကျစ်တံခါးတစ်ခု ဖြည်းညှင်းစွာ ပွင့်လာပြီး လူကိုယ်တိုင် ပေါ်မလာသေးမီမှာပင် ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်တွင် တံခါးအတွင်းမှ ဝှီးချဲတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာတော့သည်။

အခန်း (၁၈၃၂) - ကောင်းကင်ဘုံ၏ ချန် ၊ ကိုးထပ်မြေအောက်ကမ္ဘာ၏ ယဲ့

လူအများမှာ ထိုဝှီးချဲကို မြင်လိုက်ရသည့်အခါ တစ်စုံတစ်ခုကို တွေးမိသွားကြပုံရပြီး အလောတကြီးပင် ရိုသေလေးစားသော အမူအရာများဖြင့် ခေါင်းများကို ငုံ့ထားကြတော့သည်။

သန်မာထွားကျိုင်းသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက ဝှီးချဲကို တွန်းလျက် ရှဲ့ကျစ်တံခါးအတွင်းမှ ထွက်လာကာ လူအများရှေ့သို့ ရောက်ရှိလာသည်။

ဒုတိယဦးလေးလား

ဖန့်ချန်သည် မလှမ်းမကမ်းတွင် ရပ်နေရင်း ထိုအမျိုးသား၏ ရုပ်ရည်ကို အထင်အရှား မြင်တွေ့လိုက်ရသည်။ သူ၏ ဒုတိယဦးလေး ဖြစ်သူ ဖန့်ချန်ယဲ့ နှင့် ပုံစံတူ တစ်ပုံစံတည်းပင်။ မျက်နှာပေါ်မှ အပြုံးမှစ၍ စကားပြောပုံ အမူအရာအဆုံး ဖန့်ချန်ယဲ့နှင့် ထပ်တူနီးပါး ကျနေသည်။

'ငါ့ရဲ့ သွေးမျိုးဆက်က ဘာကြောင့် ဒီလောက် သန့်စင်နေရတာလဲဆိုတာ အကြောင်းမဲ့တော့ မဟုတ်ဘူးပဲ...'

ဖန့်ချန် စိတ်ထဲ၌ အတန်ငယ် အံ့ဩတုန်လှုပ်သွားရသလို သူ၏ မျက်ဝန်းများထဲတွင်လည်း ပြုံးယောင်သန်းမှုနှင့် မျှော်လင့်ချက်အရိပ်အယောင်များ ပိုမိုထင်ဟပ်လာခဲ့သည်။ ဖန့်ချန်ယဲ့သည် ဤခေတ်ကာလတွင် သက်ရှိထင်ရှား ရှိနေသည်ဆိုလျှင် သူ၏ ဖခင်ဖြစ်သူ ဖန့်ချန်ဟိုင် နှင့် တတိယအဒေါ် ဖန့်ချန်ယွဲ့ တို့မှာလည်း ဤခေတ်တွင် ရှိနေပေလိမ့်မည်။

'ဝှီးချဲ...'

ဖန့်ချန်၏ အကြည့်မှာ ဖန့်ချန်ယဲ့ ထိုင်နေသော ဝှီးချဲပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။ သူ၏ စိတ်ထဲ၌ လျှပ်စီးတစ်ချက် လက်သွားသကဲ့သို့ တစ်စုံတစ်ခုကို သတိရမိသွားသည်။ ဟိုးယခင်က မဟာရှ နိုင်ငံတော်ကြီး ဆုတ်ယုတ်လာပြီး ဖန့်မိသားစု အခြေအနေ မကောင်းဖြစ်လာသည့်အခါ ဖန့်ချန်ယဲ့သည် တစ်နေ့တွင် ရုတ်တရက် ဝှီးချဲ စီးလာခဲ့ဖူးသည်။ ဤသည်မှာ တိုက်ဆိုင်မှုသက်သက် ဖြစ်နိုင်ပါ့မလား။

"ဘိုးဘေးကြီး..."

ဖန့်ဟန်သည် ရိုသေလေးစားသော အမူအရာဖြင့် ရှေ့သို့ တိုးလာကာ လက်အုပ်ချီလျက်

"ကျွန်တော်မျိုး အဆင့် ၆ ကို ချောမွေ့စွာ တက်လှမ်းနိုင်ခဲ့ပါပြီ"

"တကယ်ပဲ အဆင့် ၆ ဖြစ်သွားပြီပဲ "

လူအများမှာ အံ့ဩတသသ ရေရွတ်ကြသည်။

ဖန့်ချန်ယဲ့ က ချက်ချင်းပင် အားရပါးရ ရယ်မောလိုက်ပြီး

"ကောင်းတယ်... ကောင်းတယ်... မင်းရဲ့ ပါရမီက တကယ်ကို မဆိုးလှဘူး။ မင်း ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သူတော်စင်မျှော်စင်ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာလည်း မဆန်းပါဘူး"

"ငါကြည့်ရသလောက်တော့ မင်းမှာ ကန့်သတ်ချက်ကျော်လွန်သူ ဖြစ်လာဖို့ မျှော်လင့်ချက် ရှိတယ်။ အခု လာမယ့် သူတော်စင်ကျမ်းစာ မွေးနေ့ပွဲမှာ မင်းကပဲ ဖန့်မျိုးနွယ်ရဲ့ လူငယ်မျိုးဆက်ကို ဦးဆောင်ပြီး ဇန့်လုံမြို့ရဲ့ စနစ်တကျ ရှိမှုကို ထိန်းသိမ်းစောင့်ရှောက်လိုက်ပါ"

ထိုစကားကို ကြားသောအခါ လူငယ်မျိုးဆက်ဝင် အချင်းချင်းကြားတွင် အားကျသူ၊ မနာလိုသူများဖြင့် ဆူညံသွားကြသည်။ ဤသူတော်စင်ကျမ်းစာ မွေးနေ့ပွဲသည် လဲ့ဘိုးဘေးကြီး သူတော်စင်အဆင့် တက်လှမ်းမည့် အချိန်ဖြစ်ကြောင်း လူတိုင်း သိကြသည်။

တကယ်လို့ ဖန့်ဟန်ကသာ လူငယ်မျိုးဆက်ကို ဦးဆောင်ပြီး မြို့ရဲ့ လုံခြုံရေးကို တာဝန်ယူရမည်ဆိုလျှင် လူအများရှေ့၌ မျက်နှာပန်းလှလာမည် ဖြစ်သလို၊ ဖန့်ဟန်သည် ဖန့်မိသားစု နောင်တစ်ချိန်တွင် အထူးပြု မွေးမြူမည့် အမာခံ ပုဂ္ဂိုလ်၊ လူငယ်မျိုးဆက်၏ ခေါင်းဆောင် ဖြစ်လာမည်ဟု သွယ်ဝိုက်၍ ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

"ဘိုးဘေးကြီး... ဒီကိစ္စကို ကျွန်တော့်ကို တာဝန်ပေးတာလား"

ဖန့်ဟန် အနည်းငယ် တုံ့ဆိုင်းသွားသည်။

"ဘာကို ကြောက်နေတာလဲ မသိတာရှိရင် မင်းရဲ့ ဦးလေး၊ ဘကြီးတွေကို မေးမြန်းကြည့်ပေါ့"

ဖန့်ချန်ယဲ့က လက်ခါပြလိုက်ပြီးနောက် ဝှီးချဲကို ရုတ်တရက် လှည့်ကာ လူအုပ်အပြင်ဘက်ရှိ ဖန့်ချန်ကို ကြည့်လျက် အေးဆေးစွာ ပြောလိုက်သည်။

"ဟေ့ ကောင်လေး... မင်း ငါ့နောက် လိုက်ခဲ့ဦး"

ဤမြင်ကွင်းကို မြင်လိုက်ရသော လူအများ၏ အမူအရာမှာ ထူးဆန်းသွားကြသည်။

"ဒီလူက ဘယ်သူလဲ"

ဖန့်ဟန် အနည်းငယ် အံ့ဩသွားသည်။ သူသည် သူတော်စင်မျှော်စင်ထဲတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သဖြင့် ဖန့်ချန်၏ တည်ရှိမှုကို မသိရှိပေ။

ဖန့်ချန်လည်း အနည်းငယ် အံ့ဩသွားသော်လည်း ပြုံးလျက် ခေါင်းညိတ်ပြကာ ဖန့်ချန်ယဲ့နောက်သို့ လိုက်ပါသွားခဲ့သည်။ သူတို့နှစ်ဦး ဝေးရာသို့ ရောက်သွားသည့်အခါ ဖန့်ဟန်က ဘေးမှ လူများကို စပ်စုမေးမြန်းလိုက်သည်။

"အဲဒီပုဂ္ဂိုလ်က ဘယ်သူလဲ ဘာလို့ ဒီလောက်တောင် မျက်နှာစိမ်းနေရတာလဲ"

"အဲဒါ ချန် ဘိုးဘေးကြီးလေ။ သူ့ရဲ့ သွေးမျိုးဆက်က မယုံနိုင်လောက်အောင် သန့်စင်လွန်းလို့ တတိယမျိုးဆက် ဘိုးဘေး လို့တောင် ယူဆထားကြတာ"

တစ်ဦးက တိုးတိုးလေး ဖြေကြားလိုက်သည်။

"တတိယမျိုးဆက် ဘိုးဘေး "

ဖန့်ဟန် အနည်းငယ် တုန်လှုပ်သွားပြီး သူ၏ မျက်ဝန်းထဲတွင် ခန့်ညားရိုသေမှုများ ပိုလာခဲ့သော်လည်း စိတ်ထဲ၌ ပို၍ စပ်စုချင်လာသည။

"တတိယမျိုးဆက် ဘိုးဘေးတွေကို ကျွန်တော် မြင်ဖူးပါတယ်၊ ဒါပေမဲ့ ဘာလို့ ဒီဘိုးဘေးကြီးကို မမြင်ဖူးရတာလဲ "

"ကြားရသလောက်တော့ ဒီဘိုးဘေးကြီးက အပြင်မှာ ဒဏ်ရာရခဲ့လို့ မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတာတဲ့။ မင်း မမြင်ဖူးတာလည်း မဆန်းပါဘူး။ အိမ်က တခြား ဘိုးဘေးကြီးတွေတောင် မြင်ဖူးပုံမရဘူး။ ဒါပေမဲ့ သွေးမျိုးဆက်ကတော့ လိမ်လို့မရဘူး၊ သူက ငါတို့ ဖန့်မျိုးနွယ်စုဝင် အစစ်အမှန်ပဲ"

"ဒီလိုကိုး..."

ဖန့်ဟန် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကောင်လေး... တကယ် မမျှော်လင့်ထားဘူးပဲ။ ငါတို့ ဖန့်မျိုးနွယ်ထဲမှာ သံသရာမသေမျိုးဂိုဏ်း ရဲ့ မျက်စိကျခြင်း ခံရတဲ့သူ ရှိနေမယ်လို့"

ဖန့်ချန်ယဲ့က ရှေ့မှ ဝှီးချဲကို တွန်း၍ သွားနေပြီး ဖန့်ချန်က နောက်မှ တစ်ကိုယ်စာ အကွာအဝေးဖြင့် လိုက်ပါလာသည်။ သူတို့နှစ်ဦး အိုင်တစ်ခုအနီးသို့ ရောက်သောအခါ ဖန့်ချန်ယဲ့က ရုတ်တရက် သက်ပြင်းချရင်း ပြောလိုက်ခြင်း ဖြစ်သည်။

သံသရာမသေမျိုးဂိုဏ်း

ဖန့်ချန် ပြုံးလိုက်ကာ

"လူကြီးမင်း ဘာကို ပြောနေတာလဲဆိုတာ ကျွန်တော် မသိပါဘူး"

"မသိဘူး ဟုတ်လား ဒါဆိုရင် ဆယ့်ရှစ်ထပ် ငရဲမျှော်စင် ကိုကော မလိုချင်တော့ဘူးလား "

ဖန့်ချန်ယဲ့က ခေါင်းကို စောင်းလျက် ဖန့်ချန်ကို ပြုံးစစဖြင့် ကြည့်လိုက်သည်။

ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားကာ

"လူကြီးမင်းရဲ့ စကားက ဘာကို ဆိုလိုတာလဲ"

"ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ မင်း ဒီကို မရောက်ခင်ကတည်းက မင်း ရောက်လာမယ်ဆိုတာကို ငါ သိပြီးသား။ မင်းလို လူမျိုး တစ်ယောက် ရှိနေမယ်ဆိုတာလည်း ငါ သိတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ဟိုးအရင်တုန်းက သံသရာမသေမျိုးဂိုဏ်းက စီနီယာကြီးတစ်ယောက် ပြောခဲ့တာတွေပဲ"

"သူက ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို အဖိုးကြီး (လဲ့ဘိုးဘေး) ဆီကို လာပေးတုန်းက မှာခဲ့တာ။ အဖိုးကြီး သူတော်စင် ဖြစ်သွားပြီးရင် ဒီမျှော်စင်ကို ပြန်ပေးရမယ်၊ အဲဒီအချိန်ကျရင် ကောင်လေးတစ်ယောက်က လာယူသွားလိမ့်မယ်တဲ့"

"အဲဒီကောင်လေးက မင်း မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ "

ဖန့်ချန်ယဲ့က အေးဆေးစွာ ပြောလိုက်သည်။

"အဲဒီ သံသရာမသေမျိုးဂိုဏ်း က စီနီယာကြီးကို ဘယ်လို ခေါ်ဝေါ်ရမလဲဆိုတာ သိပါရစေ"

ဖန့်ချန်၏ မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအရာ ပေါ်လာသည်။

"ဘယ်လို ခေါ်လဲဆိုတာ... ဘယ်သူ သိမှာလဲ။ အဖိုးကြီး လူငယ်ဘဝတုန်းကတည်းက အဲဒီစီနီယာကြီးရဲ့ တန်ခိုးအစွမ်းက တကယ်ကို ကြောက်စရာကောင်းနေပြီ။ လက်ရှိခေတ်ရဲ့ သူတော်စင်တစ်ဦးဦး ဖြစ်နေမလားလို့ ငါ သံသယရှိမိတယ်။ ဒါပေမဲ့ နေရာအနှံ့ စုံစမ်းကြည့်တော့လည်း ဘယ်သူတော်စင်ရဲ့ လက်အောက်မှာမှ သံသရာမသေမျိုးဂိုဏ်း ဆိုတာ ရှိတယ်လို့ မကြားမိဘူး..."

ဖန့်ချန်ယဲ့က တီးတိုးရေရွတ်လိုက်ပြီးနောက် စိတ်မရှည်သလို ပြောလိုက်ပြန်သည်။

"အဖိုးကြီးက မင်းကို တစ်ခု ပြောခိုင်းလိုက်တယ်။ တကယ်တော့ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို မင်းတို့ဆီ ပြန်ပေးရမှာ။ ဒါပေမဲ့ သူက ခဏလောက် ထပ်ပြီး ငှားသုံးချင်သေးတယ်တဲ့။ သူ သူတော်စင် ဖြစ်သွားပြီးမှပဲ မင်းကို လွှဲပေးလိမ့်မယ်။ ပြဿနာ မရှိဘူး မဟုတ်လား "

"လူကြီးမင်း နောက်နေတာပဲ။ ကျွန်တော်က သံသရာမသေမျိုးဂိုဏ်း က မဟုတ်ပါဘူး"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

"စကားတွေ အကုန် ပွင့်လင်းသွားပြီကို မင်းက အခုထိ ဝန်မခံသေးဘူးလား ထားပါတော့... ဝန်မခံလည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ အကြောင်းကြားရမယ့် စကားကတော့ ရောက်သွားပြီ။ မင်းသာ စောင့်နေလိုက်တော့"

ဖန့်ချန်ယဲ့က ပြောပြီးသည်နှင့် ဝှီးချဲကို တွန်းကာ ရှေ့သို့ ဆက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ရှေ့၌ ရှဲ့ကျစ်တံခါးတစ်ခု ဖြည်းညှင်းစွာ ပွင့်လာသည်။

"လူကြီးမင်းကို ဘယ်လို ခေါ်ရမလဲဟင်"

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

"ဖန့်ချန်ယဲ့ အထက်ကောင်းကင်ဘုံ ရဲ့ ချန် ၊ ကိုးထပ်မြေအောက်ကမ္ဘာ ရဲ့ ယဲ့ "

ဖန့်ချန်ယဲ့သည် အားရပါးရ ရယ်မောလိုက်ပြီး ရှဲ့ကျစ်တံခါးအတွင်း၌ ပျောက်ကွယ်သွားတော့သည်။

ဖန့်ချန်သည် ထိုနေရာတွင် ခဏမျှ ရပ်တန့်၍ စဉ်းစားတွေးတောနေပြီးမှ လှည့်ပြန်လာခဲ့သည်။ ယနေ့ ဖန့်ချန်ယဲ့နှင့် တွေ့ဆုံရခြင်းမှာ မထင်မှတ်ထားသော ဆုလာဘ်တစ်ခု ဖြစ်သလို၊ ငရဲမျှော်စင်ကို ယူဆောင်သွားခွင့် ရမည်ကို သိလိုက်ရခြင်းမှာလည်း အလွန်ပင် မထင်မှတ်ထားသော ဝမ်းမြောက်ဖွယ်ရာပင်။

နှစ်အနည်းငယ် ကြာပြီးနောက်...

သူတော်စင်ကျမ်းစာ မွေးနေ့ပွဲနေ့တွင် ဇန့်လုံမြို့အတွင်း၌ အလွန်ပင် စည်ကားသိုက်မြိုက်နေသည်။ အရပ်ရပ်မှ သူတော်စင်တစ်ပိုင်း မိသားစုများသာမက သူတော်စင်မျိုးနွယ်စုဝင်များကိုပင် ဤနေရာ၌ တွေ့မြင်ရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

လော့ရွှယ်မဟာမိတ်အဖွဲ့၏ ဖမ်းဝရမ်း ထုတ်ခြင်းကို ခံထားရသော ဖန့်မျိုးနွယ်စုဝင်များသည်လည်း ယခုအခါ ဇန့်လုံမြို့အတွင်း၌ ဗြောင်ကျကျ လမ်းလျှောက်နေကြပြီ ဖြစ်သည်။ ဆယ်ယောက်တစ်ဖွဲ့ စုပေါင်း၍ မြို့၏ စနစ်တကျ ရှိမှုကို လှည့်လည် စောင့်ကြည့်နေကြသည်။

ယနေ့သည် သူတော်စင်ကျမ်းစာ မွေးနေ့ပွဲနေ့ ဖြစ်ရုံသာမက ဖန့်သူတော်စင်တစ်ပိုင်းက သူတော်စင်အဆင့် တက်လှမ်းမည်ဟု အများသိအောင် ကြေညာထားသည့် နေ့လည်း ဖြစ်သည်။

ဖန့်ချန်သည် ချောင်ရှန်းမျှော်စင်၏ အထက်ဆုံးတွင် ရပ်နေသည်။ ဤနေရာ၌ ဖန့်တိန်တို့ကဲ့သို့သော အဆင့် ၉ မသေမျိုး အစွမ်းထက်သူများဖြင့် ပြည့်နှက်နေသည်။

ဖန့်ချန်းရွှယ် အပါအဝင် ကန့်သတ်ချက်ကျော်လွန်သူ ဘိုးဘေးကြီး (၁၃) ဦးမှာလည်း ဤနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုမျှမက ဖန့်မိသားစုထံတွင် ခိုလှုံနေကြသော သူတော်စင်တစ်ပိုင်း မိသားစုများထံမှလည်း ကိုယ်စားလှယ်များ အသီးသီး ရောက်လာကြသော်လည်း သူတော်စင်တစ်ပိုင်းများ ကိုယ်တိုင်မူ ရောက်မလာကြသေးပေ။

ဥပမာအားဖြင့် ဝမ်ချုံစန်း သည် ယခုအခါ ထို ဝမ်ကျိလုံ ၏ နောက်ကွယ်တွင် လိုက်ပါလာသည်။ ဤသူတော်စင်တစ်ပိုင်း မိသားစုများမှ ကန့်သတ်ချက်ကျော်လွန်သူ အစွမ်းထက်သူများသည် ဖန့်ချန်းရွှယ်တို့နှင့် ရယ်မောမြူးထူးစွာ စကားပြောဆိုနေကြသည်။

ဖန့်ချန်သည် ထောင့်တစ်နေရာမှ ဤမြင်ကွင်းကို တိတ်တဆိတ် အကဲခတ်နေရင်း စိတ်ထဲ၌ သိချင်စိတ် ပြင်းပြနေဆဲပင်။ ဖန့်မိသားစုသည် မည်သည့်အရာကို အသုံးချ၍ ဤသူတော်စင်တစ်ပိုင်း မိသားစုများကို ဖျောင်းဖျနိုင်ခဲ့သနည်း သူတို့သည် လက်ရှိ သူတော်စင်ဖြစ်သော လော့ရွှယ်သူတော်စင်ကို စွန့်ခွာ၍ သူတော်စင် ဖြစ်၊ မဖြစ် မသေချာသေးသော ဖန့်သူတော်စင်တစ်ပိုင်းထံသို့ အဘယ်ကြောင့် လာရောက်ခိုလှုံကြသနည်း။

ထိုအချိန်တွင် မြို့လုံခြုံရေး တာဝန်ယူထားသော ဖန့်ဟန်သည် လေဟာနယ်ကို ဖြတ်၍ ရောက်ရှိလာကာ ဖန့်ချန်၏ ဘေးတွင် ဆင်းသက်လိုက်သည်။

ဖန့်ချန်က မြင်သောအခါ ပြုံး၍

"ဒီရက်ပိုင်းအတွင်း မင်း တကယ် ပင်ပန်းနေမှာပဲ"

"မပင်ပန်းပါဘူး... မိသားစုအတွက် အင်အားတစ်ရပ်အနေနဲ့ ပါဝင်ကူညီပေးနိုင်တာဟာ ကျွန်တော့်ရဲ့ ငယ်ဘဝ အိပ်မက်ပါပဲ"

ဖန့်ဟန်၏ မျက်နှာပေါ်တွင် ကျေနပ်ပီတိဖြစ်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။

ဖန့်ချန် စကားဆက်ရန် ပြင်လိုက်စဉ်မှာပင် မလှမ်းမကမ်းရှိ ဖန့်ချန်းရွှယ်တို့ အုပ်စုမှာ တစ်စုံတစ်ရာကို အာရုံစိုက်မိသွားဟန်ဖြင့် လားရာတစ်ခုသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာတွင် တိမ်တိုက်များ ဖုံးလွှမ်းနေပြီး လူရိပ်ပေါင်း ရာနှင့်ချီ၍ ဝိုးတဝါး ပေါ်ထွက်နေသည်။ ၎င်းမှာ ချောင်ရှန်းမျှော်စင်နှင့် မိုင်အနည်းငယ်ခန့် ဝေးကွာသည်။

ဘာကြောင့်မှန်းမသိ၊ ဖန့်ချန်သည် ထိုမြင်ကွင်းကို တစ်နေရာရာတွင် မြင်ဖူးသလိုလိုဖြင့် အလွန်ပင် ရင်းနှီးနေမိသော်လည်း အသေအချာကိုမူ ပြန်မစဉ်းစားနိုင်သေးပေ။

All Chapters